Popular Posts!
Showing posts with label ထူးဆန်းအံ့ဘွယ်များ. Show all posts
Showing posts with label ထူးဆန်းအံ့ဘွယ်များ. Show all posts
Tuesday, March 19, 2019
ဗျတ္တ ပန်းဆက်လမ်း ကို ကမ္ဘာ့ အရှည် ဆုံး သူတောင်း စားလမ်း မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?
ဗျတ္တပန်းဆက်လမ်းကို ကမ္ဘာ့အရှည်ဆုံး သူတောင်းစားလမ်းမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?
နံမည်ေ လးကတော့ ဗျတ္တပန်းဆက်လမ်းတဲ့။ ပုဂံခေတ်က ကိုဗျတ္တဟာ ပုပ္ပါးက ပန်းတွေကိုခူးပြီး အနော်ရထာနန်းရှိရာ ပုဂံရာမမြို့ကို ပန်းဆက်ခဲ့ရာလမ်းလေးပေါ့။
တစ်ကယ့်ကို ဒဏ္ဏာရီထဲကလွမ်းမောဘွယ်ရာ လမ်းလေးပေါ့။အခုတော့ ပြည်တွင်း Hijet ပစ်ကပ် ဘုရားဖူးကားတွေရဲ့ ကောင်းမှုကြောင့် ကမ္ဘာ့အရှည်ဆုံး သူတောင်းစားများလမ်းလို့ အမည်တွင်တော့မှာပေါ့။
လွန်ခဲ့ တဲ့ ဆယ်နှစ်စီလောက်ကအထိတော့ တောင်းစားတဲ့သူတွေ အရမ်းမများသေးပါဘူး။ အခုတော့ ညောင်ဦး ဗျတ္တလမ်းခွဲကစပြီး
ပုပ္ပါးရောက်ခါနီးအထိကီလိုမီတာ ၃၀ နီးနီး တောင်းရမ်းသူတွေနဲ့ပြည့်လာတဲ့လမ်းဖြစ်နေပါပေါ့။
ရွာမှာသက်ကြီးရွယ်အိုဒီလောက်မများနိုင်ဘူး..နောက်ကွယ်မှာဆိုင်ကယ်တွေနဲ့ခေါ်လာပြီး..ဂိုဏ်းဖွဲ့လုပ်နေသလားလို့…တောင်းနေတဲ့လူတန်းလည်းကုန်ရော..တောင်တော်မြတ်ဇာတ်လမ်းလည်းစ..အမိုက်ပုံတွေဟီးထနေတဲ့တောင်တော်မြတ်တောင်တက်လမ်းရောက်ရော…အမိုက်ပစ်စရာနေရာရှားပါးလားမသိ..
တစ်ချို့တွေများ ဆိုင်ကယ်လေးတွေတောင် သစ်ပင်ရိပ်မှာရပ်ထားပြီး အပျော်လာယတောင်းနေသလား ထင်ရတယ်။ ဟိုးအရင်တုန်းကတော့
ဒီနေရာတွေမှာ ရေမရှိလို့ လယ်လုပ်မရလို့ စတဲ့အကြောင်းပြချက်တွေနဲ့ တစ်ချို့သော ဝမ်းရေးအဆင်မပြေတဲ့သူတွေ သက်ကြီး ရွယ်အိုတွေထွက်တောင်းကြတယ်ပေါ့။
နောက်တော့ ဘိုးဘိုးအောင်ထွက်ပွဲ ပုပ္ပါးမယ်တော်ဆက်ပွဲစသဖြင့် နတ်ပွဲပေါင်းစုံကျင်းပကြ ။ အဲဒီနတ်ပွဲတွေကို အကြောင်းအမျိးမျိုးကြောင့် လာရောက်ပွဲဆက်သူ တွေကအပြန်မှာ ရွှေမိုး ငွေမိုး ရွာတယ်ဆိုပြီး ကားပေါ်ကနေ
ငွေစက္ကူ အကြွေအချို့ စပြစ်ချရာကနေ တစ်ဆငိ့နားတစ်ဆငိ့်ကြားနဲ့ ပထမတော့ အပျော်ကောက်ကြရာကနေ အခုတော့ ရွာစဉ်နီးနီး ထွက်ကောက်ကြရာကနေ မမျှော်လင့်ပဲ သူတောင်းစားလမ်းရှည်ကြီးလို့ ထင်ဖို့ရာတွေ ဖြစ်လာတော့တာပါပဲ။
အခုလို ပစ်ကပ်မျိုးစုံနဲ့ မိသားစုဘုရားဖူး ထွက်လါတဲ့သူတွေကပါ ပိုက်ဆံ ချိုချဉ် စသဖြင့်ကြဲချနေကြတော့ တစ်နေ့ တစ်နေ့ ပွဲတော်ကြီးအလားပေါ့။ နေရင်းထိုင်ရင်း ကမ္ဘာ့အရှည်ဆုံး သူတောင်းစားလမ်းကြီးလို့ နိုင်ငံတကာခရီးသွားတွေက
သတ်မှတ်ကြပြီပေါ့။ဘယ်လိုကာကွယ်ကြမတုံးတဲ့။ ပုဂံဒေသမှာရှိတဲ့ ဧည့်လမ်းညွှန်များကလည်းစုပေါင်းလို့ ကားပေါ်ကငွေ မုန့် ချိုချဉ် အစရှိသဖြင့် ပြစ်မချကြဖို့ ပန်းဖလက်တွေရိုက်ပြီး ဗျတ္တပန်းဆကိလမ်းအဝင်ကနေ
ကမ်းခဲ့ကြဖူးပါတယ် ။ ဒါပေမယိ့ ပေးတဲ့သုတွေကရှိမြဲ တောင်းတဲသူတွေကလည်းရှိမြဲ ၊ ခုဆိုပိုတောင်များလာသေး။
အဲ့တော့ဖြစ်နိုင်ရင် နိုင်ငံတော်အဆင့်အနေနဲ့ သေချာထိန်းချုပ်စေချင်ပါတယ်
တောင်းစားတဲ့သုတွေကို တောင်းစားလို့ဆိုပြီး ရဲစခန်းခေါ် ဖမ်းချုပ်ထားဖို့ကလည်း မဖြစ်လေတော့ နိုင်ငံတော်ပိုင် မြန်မာ့ရုပ်မြင်သံကြား ( ဖြစ်နိုင်ရင် MRTV 4 ,
CHENNAL 7 ) တို့ကနေ မြန်မာဘုရားဖူးခရီးသွားများကို ကားပေါ်ကနေ ငွေစက္ကူ ၊ မုန့် ၊ သကြားလုံး စသဖြင့်ပြစ်မချကြဖို့ ပြစ်ချခဲ့လို့ တွေ့ရှိခဲ့ရင် အပြစ်ဒဏ်ပြင်းပြင်း ထန်ထန်ချမှတ်မှာဖြစ်ကြောင်း ကြေငြာပေးစေချင်ပါတယ်။
ကြေငြာပြီးရင်လည်း ထိထိရောက်ရောက်လိုက်လံအရေးယူ စေချင်ပါတယ်။ တစ်ဖက်ကလည်း သက်ဆိုင်ရာ မြို့နယ် ကျေးရွာ ရပ်မိရပ်ဖ များပေါင်းလို့ မိမိတို့ရင်သွေးငယ်များ မရည်ရွယ်ပဲ သူတောင်းစားမဖြစ်သွားစေရေး
လိုက်လံပညာပေး နှိုးဆော်ပေးကြပါဦး။ တစ်ကယ်လို့ ပေးမယ့်သူသာမရှိတော့ရင် တောင်းတဲ့သူတွေလည်း တဖြည်းဖြည်းလျော့နည်းပပျောက်သွား လိမ့်မယ်ထင်မြင်မိပါကြောင်း။
Wallace Thaung Win Tun
Comment...
လွှမ်းဝေ...
မန့်တွေဖတ်ရတာ တော်တော်ဗဟုသုတနည်းတဲ့သူတွေပဲ! တောင်းစားနေတဲ့သူတွေရဲ့နောက်ကြောင်းရာဇဝင်ကိုအရင်ဆုံးစမ်းကြည့်ပါ။
 သူတို့ဘယ်လိုအဆင့်တန်းနဲ့နေနေသလည်း အနည်းဆုံးတော့ ခုမန့်နေတဲ့သူတွေရဲ့အဆင့်တန်းထက်တောါလူနေမှု့မြင့်မားတယ် ။ပိုက်ဆံရှိတယ်ချမ်းသာကြတယ်
သူတို့တွေရဲ့နောက်ကြောင်းရာဇဝင်အမှန်က ဒီလိုမတောင်းစားရရင် ခန္ဓာကိုယ်ယားယံမှု့တွေဖြစ်ပေါ်လာတယ် ကျိန်စာမိထားတဲ့သူတွေအဖြစ်နဲ့ပါ။
ရွာတွေရှိပါတယ် မတောင်းစားရင်မရလို့တောင်းစားနေရတဲ့ရွာတွေရှိတယ် လေ့လာကြည့်ပါ။
တောင်းတိုင်းသူတောင်းစားလို့မထင်နဲ့ဗျ। ပုဂံမှာအဲ့လိုရွာတွေရှိတယ်။ ဒါပေမယ့်အများစုကချမ်းသာကြတယ်။
Ye Yint Thwe
ဟုတ်တယ်ဗျာ! ပုပ္ပါးဘက်သွားရင်းတွေ့ခဲ့တယ်..တော်တော်များတယ်ဗျာ....
အစကတော့တစ်ယောက်နှစ်ယောက်ပါဘဲလေဆိုပီးစိတ်ထဲထင်ခဲ့မိတာ ခနနေတော့တစ်ယောက်နဲ့တစ်ယောက်ကိုဆက်နေကြတာဗျ।အဲ့လိုတေတောင်းရမ်းနေတော့စိတ်ထဲတော့မကောင်းဖစ်မိတယ်।ဒါပေမဲ့တစ်ချို့လူတေဆိုရင်အသက်လတ်ပိုင်းသန်သန်မာမာကြီးတေဗျ...
အဲ့တော့စိတ်ထဲသွားပီးတစ်ခုတွေးမိတယ်...တောင်ပြုံးဒေသလိုကျိန်စာများမိသလားပေါ့...ဒေသအကြောင်းသိတဲ့သူတစ်ယောက်ကိုမေးကြည့်တယ်။ ဒီဘက်ဒေသမှာတော့ အဲ့လိုတောင်းရမ်းစားသောက်ရမယ်ဆိုတဲ့ကျိန်စာတေတော့မရှိဘူးတဲ့।ဒါဆိုနောက်တစ်ခုထပ်ပီးစဉ်းစားမိပြန်တယ်।လုပ်ငန်းမရှိလို့လားပေါ့အဲ့လိုလဲမဖစ်နိုင်ပြန်ဘူးလေ। ပိုဆိုးတာကသူတို့စိတ်ထဲမှာ အဲ့လိုလေးတောင်းယုံနဲ့ပိုက်ဆံလွယ်လွယ်ရတယ်ဆိုပီးစိတ်ထဲမှာ.တွေးထားကြတာဘဲ!
တစ်ချိုကြပြန်တော့လဲအိမ်မှာရှိတဲ့အဖိုးအဖွားတေကိုတောင်းရမ်းခိုင်းကြပြန်တယ်.....ခရီးသွားတွေကလဲတောင်းတဲ့သူရှိရင်တော့လှူကြတာဘဲလေ...ပိုဆိုးတာကပုဂံပုပ္ပါးဆိုတာကကမ္ဘာအနှံကခရီးသွားတေအများဆုံးလာတဲ့နေရဆိုတော့လဲခက်သားဗျ...
.ဖြစ်စေချင်တာကတော့ဒေသသက်ဆိုင်ရာအုပ်ချုပ်သူတေကသူတို့ကိုအကျိုးအကြောင်းလေးကောင်းကောင်မွန်မွန်ရှင်းပြပြီး .မဖြစ်သင့်တာမဖြစ်ဖို့ကိုထိန်းသိမ်းစေချင်တယ်။သူတို့ကတော့ဥပဒေတေထုတ်ထားပါရဲ့ကိုယ်တိုင်မထိန်းသိမ်းဘူးဆိုရင်ဘာသက်ရောက်မှုရှိမှာလဲမဟုတ်ဘူးလေ।...
ဟုက်ကဲ့ပါဗျ...ကျေးဇူးပါ..အခုလိုတင်ပေးတဲ့အက်ထမင်ယော☺.ကျွန်တော်ဘာကောင်မှတော့မဟုတ်ပါဘူးအကြံပေးယုံပါ...
Ref:https://www.facebook.com/480651228657570/posts/2241362552586420?sfns=mo
Wednesday, March 6, 2019
မက်ဇူကာဘတ်'ကို ကျော်ပြီး စံချိန်တင်သွားတဲ့ အသက်အငယ်ဆုံးဘီလီယံနာမလေး 'ခယ်ရ်လီဂျန်နာ’
☀️'မက်ဇူကာဘတ်'ကို ကျော်ပြီး စံချိန်တင်သွားတဲ့ အသက်အငယ်ဆုံးဘီလီယံနာမလေး 'ခယ်ရ်လီဂျန်နာ'☀️
      အသက် ၂၁ သာ ရှိသေးသည့် Kylie Jenner သည် ယခုအခါမှာ အမေရိကန် ဒေါ်လာ ၁ ဘီလီယံပမာဏ ချမ်းသာသော အသက်အငယ်ဆုံး အမျိုးသမီးဘီလီယံနာ ဖြစ်လာပါသည်။ ၁၉၈၇ ခုနှစ်တုန်းက မိုက်ခရိုဆော့ဖ် ကုမ္ပဏီကို တည်ထောင်သူ ဘီလ်ဂိတ်သည် အသက် ၃၁ နှစ်ဖြင့် ဘီလီယံနာ ဖြစ်လာသူအဖြစ်စံချိန်တင်နိုင်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင်တော့ ဖေ့စ်ဘွတ် ကို တည်ထောင် သူ မက်ဇူကာဘတ် သည် အသက် ၂၃ နှစ်ဖြင့် အသက်အငယ်ဆုံးဘီလီယံနာ အဖြစ်စံချိန်တင်ခဲ့သည်။ ယခုအခါမှာတော့ ခယ်ရ်လီ သည် အထက်ပါ ပုဂ္ဂိုလ် နှစ်ဦးကို ကျော်လွန်ပြီး အသက် ၂၁ ဖြင့် ဘီလီယံနာ ဖြစ်လာသူအဖြစ် စံချိန်တင်သွားပြီ ဖြစ်သည်။ 
      ဖို့ဘ်စ် မဂ္ဂဇင်း၏ ခန့်မှန်းထားချက်အရ Jenner ကုမ္ပဏီ၏ ပိုင်ဆိုင်မှု တန်ဖိုးမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၉၀၀ မီလီယံ ပမာဏရှိနေပြီး ၄င်း ကုမ္ပဏီကို ခယ်ရ်လီ ကိုယ်တိုင် ၁၀၀ ရာခိုင်နုန်း ပိုင်ဆိုင်သည်ဟု ဖော်ပြထားသည်။ ကုမ္ပဏီမှ ထုတ်လုပ်ရောင်းချသည့် အလှကုန်များမှ အမြတ်ရရှိမည့် ဒေါ်လာ ၁၀၀ မီလီယံ ထည့်ပေါင်းပါက ၁ ဘီလီယံတန်းကို ရောက်ရှိနေပြီ ဖြစ်သည်။ 
       ခယ်ရ်လီ့ကို ကိုယ်ထူးကိုယ်ချွန်ဖြင့် ဘီလီယံနာ ဖြစ်လာသူ အဖြစ် စာရင်းတင်သွင်းလိုက်ပြီ ဖြစ်ကြောင်း မတ်လ ၅ ရက်နေ့ အင်္ဂါနေ့တွင် ဖို့ဘ်စ် မဂ္ဂဇင်း၌ ဖော်ပြထားသည်။ သို့သော်လည်း သူမ သည် ချမ်းသာသောမိသားစုတွင် မွေးဖွားလာသူဖြစ်သောကြောင့် ကိုယ်ထူးကိုယ်ချွန်ဟု ခေါင်းစဉ်တပ်ခြင်း အပေါ် ဝေဖန်ခံနေရသည်များလည်း ရှိနေပါသည်။ Jenner - Kardashian မိသားစုသည် ချမ်းသာသော မိသားစု ဖြစ်သည့်အပြင် ခယ်ရ်လီ၏ အမေတူ အဖေကွဲ အမဖြစ်သူ Kim Kardashian West သည်လည်း ဒေါ်လာ ၃၅၀ သန်းချမ်းသာသူတစ်ဦးဖြစ်သည်။ 
       ကိုယ်ထူးကိုယ်ချွန်ဟု ဆိုထိုက်စွာပင် ခယ်ရ်လီ၏ စွန့်ဦးတီထွင်ဘဝမှာ အထင်ကြီးလောက်စရာ အောင်မြင်မှုများ ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တုန်းက ခယ်ရ်လီ အသက် ၁၄ နှစ် အရွယ်သာရှိသေးချိန်တွင် သူမ၏ အမ ဖြစ်သူ Kendall နှင့် အတူ 'PacSun' အမည်ဖြင့် အထည်လုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့သည်။ ၄င်း ကို ပြန်လည် ဆန်းသစ်ပြီး 'Kendall & Kylie' ဟူသော အမည်ဖြင့် အဝတ်အထည် ဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့သည်။ 
       ၂၀၁၅ ရောက်ရှိလာသည့် အခါ 'Kylie Lip Kits' အမည်ဖြင့် ကိုယ်ပိုင် အလှကုန် ထုတ်လုပ်ရောင်းချခဲ့ပြီး သိပ်မကြာခင်မှာ 'Kylie Cosmetics' ဟု အမည်ပြောင်းတပ်ခဲ့သည်။ ၄င်း အလှကုန်မှာ စတင်ရောင်းချခဲ့ပြီး ချိန်မှ စ၍ ၁၈ လ အတွင်း ဒေါ်လာ ၄၂၀ မီလီယံပမာဏဖိုး ရောင်းချနိုင်ခဲ့သည်။ ထို့အပြင် အက်ပလီကေးရှင်း(app) လည်း ထုတ်ခဲ့ပြီး သူမ၏ app သည်  iTunes App Store တွင် နံပါတ် တစ် ချိတ်ခဲ့သေးသည်။ ၄င်း app မှ ဝင်ငွေ မြောက်များစွာရရှိခဲ့သည်ဟု ဆိုသည်။ ၂၀၁၆ ခုနှစ် နွေရာသီကုန်ပစ္စည်း ထုတ်ရောင်းရချိန် မှာတော့ ခယ်ရ်လီ၏ တစ်ရက်တာဝင်ငွေ မှာ ဒေါ်လာ ၁၉ သန်း အထိ ရှိလာခဲ့သည်။ 
         ၂၀၁၆ တုန်းက Complex မဂ္ဂဇင်း၏ အင်တာဗျူး၌ ခယ်ရ်လီက 'I want to be as big as the other (cosmetic) brands' ဟု ပြောထားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ခယ်ရ်လီ ဟာ ငယ်ရွယ်သော်လည်း စိတ်အားထက်သန်ပြီး အမျှော်အမြင်ကြီးသော မိန်းကလေးဖြစ်ကြောင်း သိမြင်နိုင်ပါသည်။ ခယ်လ်လီက သူမ၏ အလှကုန်များကို အွန်လိုင်းပေါ်ကနေသာ ကျယ်ကျယ်ပြန့်ပြန့်ရောင်းချခဲ့သည်။ အင်စတာဂရမ် တွင် သူမ၏ Followers ၁၂၈ သန်းခန့်ရှိနေပြီး တွစ်တာပေါ်တွင် ၂၆.၇ သန်းခန့် ရှိနေသည်။ ခယ်ရ်လီက လူမှုကွန်ယက်၏ အကျိုးကျေးဇူးဖြင့် အောင်မြင်ကြောင်း ဖို့ဘ်စ်မဂ္ဂဇင်း သို့ ဖြေကြားထားသည်။ 
           ၂၀၁၆ ခုနှစ်တုန်းက တိုင်းမ် မဂ္ဂဇင်းတွင် သြဇာလွှမ်းမိုးမှုရှိကြသော ဆယ်ကျော်သက်များစာရင်း၌ ခယ်ရ်လီ့ အမည်သည် ထိပ်ဆုံးတွင် ဖော်ပြခံခဲ့ရသည်။  ၂၀၁၇ ခုနှစ်တုန်းက ဖို့ဘ်စ် မဂ္ဂဇင်း၏ အောင်မြင်ကျော်ကြားသူ အယောက် ၁၀၀ စာရင်းတွင် ခယ်ရ်လီသည် ဂျက်စတင် ဘီဘာ၊ တေလာဆွစ်တို့ နှင့် အတူ စာရင်းသွင်းဖော်ပြခံခဲ့ရသည်။ ၂၀၁၈ နှစ်မှာလည်း ဖို့ဘ်စ် မဂ္ဂဇင်းတွင်ပင် အမေရိကန်၏ အချမ်းသာဆုံး အမျိုးသမီးစာရင်းတွင် ထည့်သွင်းဖော်ပြခံခဲ့ရသည်။ 
         ၂၀၁၄ ခုနှစ်တွင် ဖို့ဘ်စ် မဂ္ဂဇင်းမှ ကိုယ်ထူးကိုယ်ချွန်အောင်မြင်သူများကို တိုင်းတာရန် အဆင့် သတ်မှတ်ခဲ့သည်။ မိဘ ဆွေမျိုးများထံမှ အမွေဆက်ခံပြီး ချမ်းသာသူဖြစ်လျှင် ၁ အဆင့် သတ်မှတ်ပြီး လုံးဝဥဿုံ ကိုယ်ထူးကိုယ်ချွန်၍ ချမ်းသာလာသူဆိုလျှင် အဆင့် ၁၀ သတ်မှတ်သည်။ ဥပမာ - အော်ပရာဝင်းဖရီ ဆိုလျှင် ဆင်းရဲပြီး တစ်ကိုယ်တော် အမေ၏ ပြုစုပျိုးထောင်ပေးမှုဖြင့် ကြီးပြင်းခဲ့ရသူဖြစ်ပြီး ကိုယ်ထူးကိုယ်ချွန် အောင်မြင်သူဖြစ်သောကြောင့် အဆင့် ၁၀ ဖြစ်သည်။ အင်္ဂလန်ဘဏ်ကို ဖြို ခွဲသူဟု နာမည်ကျော်သော ဟန်ဂေရီ နိုင်ငံသား ဂျော့ခ်ျ ဆိုးရောစ့် ဆိုလျှင် နာဇီ အုပ်ချုပ်မှု အောက်မှ အသက်ရှင်ကျန်ရစ်သူ ဖြစ်သည်။ ထို့နောက် အင်္ဂလန်သို့ ထွက်ပြေးကာ မီးရထားတွဲစောင့်၊ စားပွဲထိုး အဖြစ်မှ လန်ဒန်စီးပွားရေးတက္ကသိုလ် ကို တက်ရောက်နိုင်ပြီး အောင်မြင်သောရင်းနှီးမြုပ်နှံ သူ တစ်ဦးဖြစ်လာသောကြောင့် ဖို့ဘ်စ်က အဆင့် ၁၀ ပေးထားသည်။ 
         ချမ်းသာသောမိသားစုတွင် မွေးဖွား၍ အမွေ ဆက်ခံ သူဖြစ်သော Walmart တည်ထောင်သူ၏ သမီး အဲလက်စ် ဝေါလ်တန် ဆိုလျှင် အဆင့် ၁ ဖြစ်ပြီး Apple CEO စတိဂျော့ ၏ ဇနီး လောရင်ပေါဝဲလ်ဂျော့ သည်လည်း အဆင့် ၁ ဖြစ်သည်။ 
       ခယ်ရ်လီ အဆင့် ဘယ်လောက်မှာ ရှိမည်နည်း? အဖြေကတော့ အဆင့် ၇ ဖြစ်ပါသည်။ အဆင့် ၈ တွင် ရှိနေသော မက်ဇူကာဘတ် ၊ ဝါရင်ဘတ်ဖက် နှင့် ဂျက်ဖ်ဘီဇိုစ် တို့ ၏ အောက် တစ်ဆင့်တွင် ရှိနေပါသည်။ အဆင့် ၇ တွင် ebay ၏ CEO ဖြစ်ခဲ့သော မတ်ဝှစ်မန် နှင့် ဖေ့စ်ဘွတ်၏ chief operating officer ဖြစ်သူ ရှယ်ရယ်ဆန်ဘတ် တို့ ရှိနေပါသည်။ 
       ဖို့ဘ်စ် မှ ဖော်ပြချက်အရ ခယ်ရ်လီသည် လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ထက်တောင် ကိုယ်ထူးကိုယ်ချွန် အောင်မြင်သူ ဖြစ်ကြောင်း သိရသည်။ သမ္မတ ထရမ့်ကတော့ အဆင့် ၄ နေရာ တွင်သာ ရှိနေပါသည်။ ဖို့ဘ်စ် မဂ္ဂဇင်း၏ တိုင်းတာမှု အဆင့် အရ ခယ်ရ်လီ ၏ ချမ်းသာကြွယ်ဝမှုအားလုံးပေါင်း၏ ၃၀ % မှာ မိဘ အမွေ ဖြစ်ပြီး ကျန် ၇၀ % ကတော့ ကိုယ်ပိုင် ဖန်တီးယူခြင်း ဖြစ်သည်ဟု ယူဆ ရပါသည်။ 
#NangKhamThiriOo FB
Thursday, February 21, 2019
အသက်(၅၀)ဆိုပေမယ့် ဆယ်ကျော်သက်မလေးလို လှသွေးကြွယ်နေဆဲ အမျိုးသမီး ပြောတဲ့ “မအိုဆေးနည်း”
Unicode
လက်ရှိအချိန်မှာ အသက်(၅၀)ကျော်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ သားသမီး(၃)ယောက် မွေးပြီးလို့ သွေးဆုံးချိန် ရောက်နေတာတောင်မှ အလှမပျက်သေးဘဲ ဆယ်ကျော်သက်မလေးတွေလို လှသွေးကြွယ်နေဆဲ ဖြစ်ပါတယ်။ သူမရဲ့အမည်ကတော့ Puspa Dewi ဖြစ်ပါတတယ်။ လူမှုကွန်ရက်မှာတော့ သူမရဲ့ အရွယ်တင်မှုကို အံ့မခန်း ဖြစ်နေကြပါတယ်။
သူမဟာ မကြာသေးမီက အသက်(၅၀)နှစ်ပြည့် အထိမ်းအမှတ်ကို ဆင်နွှဲခဲ့တာဖြစ်ပြီး၊ သူမရဲ့ အသက်အရွယ်ကို လူတွေက အံ့သြနေကြပါတယ်။ ရွယ်တူတန်းတူတွေနဲ့ ယှဉ်တဲ့အခါတိုင်း Puspa ဟာ ဒီအသက်အရွယ်လို့ ဘယ်သူကမှ ထင်ကြမှာမဟုတ်ပါဘူး။ သူမရဲ့အသက်ကို အကြောင်းအရင်း မသိတဲ့သူတွေကို ခန့်မှန်းခိုင်းပါက အလွန်ဆုံး (၂၅)ပေါ့လို့ ဖြေကြပါတယ်။
သူမရဲ့ သားကြီးတွေနဲ့ တွဲသွားတဲ့အခါတိုင်း ရည်းစားလို့တောင် ထင်ခံရပါတယ်တဲ့။ Puspa ဟာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အစားအစာတွေ ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းကို လုပ်ပါတယ်။ ဒီအချက်ကပဲ သူမကို တစ်ခြားအမျိုးသမီးတွေထက် ပိုပြီး ကျန်းမာစေတာလား။ Puspa ဟာ တစ်ရက်ကို အချိန်တစ်နာရီပေးပြီး ကာယလေ့ကျင့်ခန်း အမြဲလုပ်ပါတယ်။
အစားအစာကို တမင်ရှောင်စားတာမျိုးတော့ မရှိပေမယ့်၊ ကျန်းမာရေးနဲ့ ညီညွှတ်စွာ၊ အသီးအရွက် မျှတစွာ စားပါတယ်။ ဒါပေမယ့် ပင်ကိုယ်ကတည်းက အသားစား နည်းပါးသူဖြစ်တာကလည်း သူမကို ဒီလို သူများနဲ့မတူတဲ့ အရွယ်တင်မှုကို ပေးစွမ်းနေတာလားဆိုတာ စိတ်ဝင်စားစရာပါ။ သူမဟာ အစားစားတိုင်း ဘယ်တော့မှ ဗိုက်တင်းကားအောင် မစားပါဘူးတဲ့။
နေ့စဉ်နေ့တိုင်း စောစောက ယောဂကျင့်ပြီး၊ အိမ်မှုကိစ္စတွေကိုလည်း မလစ်လပ်အောင် ဆောင်ရွက်ရပါသေးတယ်။ ခင်ပွန်းသည်နဲ့ သူနဲ့ကလည်း အသက်အရွယ် အများကြီး မကွာပေမယ့်၊ နှစ်ယောက် အပြင်တွဲသွားတဲ့အခါတိုင်း သူမကို ခင်ပွန်းသည်ဖြစ်သူရဲ့ သမီး သို့မဟုတ် တူမလေးလို့ ထင်ကြသူတွေလည်း ရှိပါတယ်တဲ့။ အသက်ရှည်၊ နုပျိုချင်ရင်တော့ အစားနဲ့လေ့ကျင့်ခန်း မျှတနေဖို့ လိုပါတယ်။
source : elitereaders.com နတ်သူကြီး (SearchMyanmar)
(www.nalonetardiary.com) :https://www.nalonetardiary.com/9220/
Monday, February 11, 2019
မြန်မာနိုင်ငံတောတောင်များရှိ တန်ဖိုးကြီးမားသည့် အရာများ
မြန်မာနိုင်ငံတောတောင်များရှိ တန်ဖိုးကြီးမားသည့် အရာများ
 (ထက်မြတ်အောင် )
ညောင်နီပင်….
မြန်မာ နိုင်ငံ မှာ ရှိတဲ့ တောထဲ တွင်ရံဖန်ရံခါ တွေ ရ်လေ့ ရှိသောညောင်ပင်နီဖြစ်သည်။သစ်ပင် ကိုင်းအား ဓါး ဖြင့် ခုတ်လျှင် လူကဲ့သို့ သွေးများထွက်သည်။တရုတ် နိုင်ငံမှ အဓိကထား ဝယ်သည်ဟုသိရသည်။
1968ခုနှစ် တွင် ပဲခူးရိုးမ တွင် ကွန်မြူ နစ် ခေါင်းဆောင်တစ်ဦးမှ ထိုအပင်ကိုတွေ့ရှိ ၍ အပင်လိုက်ခုတ်ကာ တရုတ်နိုင်ငံသို့ ရောင်းချခဲ့သည်ဟုသိရသည်။
ယခု ခေတ်တွင်တွင်လည်း ထိုအပင် ကို လိုက်လံရှာဖွေ ဝယ်ယူနေသောထိုင်းလူမိုးအခို့နှင်တရုတ်လူမိုးတို့ကို တွေ့ဖူးသည်။ဒေသခံအခို့ တွေ့ဖူးလျှင် လမ်းပြကြေးပေးကာ လိုက်လံ ရှာဖွေတက်ကြသည်။
ထိုအပင်သည်ကျောက်မျက်အတုလုပ်သည့် လုပ်ငန်းနှင့် ဆေးဝါး ဖော်စပ်သည့် နေရာတွင်အလွန်အသုံးဝင်သည်ဟု ကြားဖူးသည်။ယခု အခါ ထိုအပင်မှာ မရှိသလောက်ရှားပါးသွားသည်။
ကျွန်းနက်
မြန်မာနိုင်ငံရှိ ရေနံမြေနှင့်ဆက်စပ်နေသောဒေသအခို့တွင် ပေါက်ရောက်သည်။ကျွန်းနက်သည်မူလအစက ကျွန်းဖိုပင် ဖြစ်သော်လည်း ရေနံမြေ၏ အောက်ခံမြေဆီလွာနှင့် ကျောက်အလွာကြောင့် သက်တမ်းရင့်လာသည့်အခါကျွန်းနက် အဖြစ်သို့ပြောင်းလဲသွားသည်။
ကျွန်းနက်အား အဂ္ဂရိတ် ထိုးသည့်နေရာတွင် အလွန်အသုံးဝင်သည်။ကျွန်းနက် အား အဆီအနှစ် ထုတ်ကာအဂ္ဂရိတ်ပညာဖြင့် သံလုံး ရအောင် လုပ်သည်။ကျွန်းနက်၏ မူလအသားမှာလဲမီးရို့၍ ပြာချလျှင် သံလိုက် သယောင်ရှိသည်။
အဂ္ဂရိတ်ပညာဖြင့် ဓါတ်လုံးရအောင် ထိုးနိုင်လျှင် ပီယသီဒ္စီ၊ ကာယသိဒွီ တို့၌ အလွန်ထူးခြားသည်။ဂမ္ဘီရအနွယ်ဝင် သစ်ပင် ဖြစ်သောကြောင့် တော်ရုံတန်ရုံ တွေ့ရှိဖို့ မလွယ်ကူသလို တွေ့ရှိသည့် ကျွန်းနက်ပင်အခို့မှာလဲ ဘုရားဆင်းထု ထုပ်လုပ်ရန်သာအသုံးဝင်သည်။
ကျွန်းနက် သားအစစ်အား ပိသာချိန်ဖြင့် ချိန်တွယ်ကာသိန်းဂဏန်း ကျပ်ဖြင့် ဝယ်ယူကြောင်း သိရသည်။
ဝါးအမြူ တေ
ဝါးအမြူ တေသည် ဝါးတောများထဲတွင်တစ်ပင်တည်းထူးခြားစွာပေါက်သည်။ဝါးများထဲ တွင်သန္ဓေ တည်သည်။ပုံစုံမှာ အလုံးသို့မဟုတ်နွယ်ပင်ကဲ့သို့ ပုံစံ မိုးဖြစ်သည်။
ဝါးအမတေ သည် လပြည့် လကွယ် ည များတွင် ထိုဝါးထဲ မှ စကားပြောသံများသီချင်းဆိုသံများ ဝါးကြိတ်သံများ ကြားရတက်သည်။ပုဂံခေတ်ကဝါးထဲ မှ မွေးဖွား၍ ဘုရင့်မိဖုရား ဖြစ်သွားသော​ဝေဠုဝတီ မိဖုရားသည် ထိုအမတေမှ ပေါက်ဖွားသည့်ဟု ကြားဖူးသည်။
ထိုဝါးအမြူ တေအားအိမ်၌ ဆောင်ထားလျှင် စီးပွားတက်ခြင်း ၊လာဒ်လာဘ ပွင့်ခြင်း၊စသည့်အကိုးကျေး ဇူးများ ရရှိသည်။
အထူးသဖြင့် စုန်း ကဝေ အောက်လမ်းတို့ မပြု စားနိုင်သောကြောင့် စုန်းယုံကြည်သော အာရှနိုင်ငံအခို့နှင့်အာဖရိက နိုင်ငံအခို့က ဈေးကောင်းပေး၍ ဝယ်တက်သည်။
သစ်ကွင်း
တောကြီးတောင်ကြီး များတွင်သာ တွေ့ရတက်သည်။ပုံပါ သစ်ကွင်းများကို အိမ်၌ ဆောင်ထားလျှင် မီးကွင်းသည် လူနတ်ချစ်ခင်သည် စုန်း အောက်လမ်းတို့ပြု စားခြင်း ကင်းလွတ်သည်။
စုန်းယုံကြည်သော မြန်မာလူမိုးများနှင့်ထိုင်းလူမိုး ၊မလေးလူမိုးတို့ကဈေးကောင်းပေး၍ ဝယ်တက်သည်။
သံစားကျောက်
ရှေးဟောင်းပစ္စည်းပွဲစားများနှင့်​ထိုင်းလူမိုးများ အလွန်လို ချင်နေသော ကျောက်တစ်မိုးဖြစ်သည်။ထိုကျောက်ကို ရေတံခွန်များပေါများရာဒေသနှင့် မီးတောင်များရှိရာဒေသတို့တွင်သာတွေ့ရတက်သည်။
ထိုကျောက်၏ ကာလပေါက်ဈေး တန်ဖိုးမှာသိန်းတစ်ထောင်အောက်သာ ဖြစ်သည်။ထိုကျောက်သည်မိုးရေ ၊အောက်ဆီဂျင် နှင့် အိုင်းယွန်းဆာလဖူ ရစ် တို့နှင့် ထိတွေ့ပြီးဓါတ်ပြုကာ အက်ဆစ် ဓါတ် ဖြစ်ပေါ်သောကြောင့် သံ အရည် ပျော်ခြင်ုးဖြစ်သည်။
အရည်ပျော်သည် မှာလဲ ချက်ချင်းပျော်သွား ခြင်းမဟုတ်ဘဲနှစ်ရက် သုံးရက် ခန့်မှသာ အရည်ပျော်ခြင်း ဖြစ်သည်။
ခြသံ
အဂ္ဂရိတ်ပညာရှင်များ တောထဲရှိ ခြတောင်ပို့များအား ဖြို၍ ရှာသော ကျောက်တစ်မိုးဖြစ်သည်။ခြသံ စစ်လျှင် ကျောက်ပျဉ် ၌ သွေးလျှင် နို့ကဲ့သိုအဖြူ ရောင် အရည်များထွက်တက်သည်။
ပုဂံခေတ် ရှင်အဇ္ဇဂေါဏ၏ မုဆိုးမဘုရားတည်နိုင်သော ရွေဖြစ်ငွေဖြစ်လမ်းစဉ် အောင်မြင်ရခြင်းသည် ခြသံ၏ အရေးပါမူ ကြောင့်လဲ ဖြစ်သည်။
ကျောက်လိပ် ၊​ကျောက်​ခရုနှင့်​​ကျောက်​ငါး
ထို ကျောက်ဖြစ်နေသော ရေနေသတ္တဝါများအား ကျောက်ဆောင် ထူထပ်၍ ရေနှင့်နီးသည့် နေရာများတွင်တွေ့ရတက်သည်။
ထိုကျောက်သတ္တဝါ များ၏ အသုံးဝင် ပုံမှာရေဖလားထဲ တွင်ထည့်၍ ပြဒါး ကျွေးထားလျှင် ရက်အတန်ကြာသည့်အခါ ထိုကျောက်သတ္တဝါ များ စွန်ပစ်သော အညစ်ကြေးမှာ ရွေဖြစ်နေတက်သည် ဟု ကြားဖူးသည်
Ref:https://thadinyatkwat.com/archives/19117
Friday, January 18, 2019
စလုံး Page
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
••• စင်္ကာပူက လွမ်းမောဖွယ် ရွာလေးတစ်ရွာ (သို့) အူဘင်ကျွန်းပေါ်က ဧရာမ ရေကန်ကြီးများ •••
စင်္ကာပူကို လာရောက်လည်ပတ်သူတိုင်း အဲဒီကျွန်းလေးကို တစ်ခါတစ်ခေါက်တော့ အရောက်သွားဖြစ်ကြတာများပါတယ်။ Pulau Ubin ဆိုတာ ဂျာဗားနီးစ်ဘာသာစကားက ဆင်းသက်လာတာဖြစ်ပြီး Pulau က ကျွန်းလို့ အဓိပ္ပာယ်ဆောင်ပြီး Ubin ကတော့ လေးထောင်းပုံကျောက်တုံးလို့ အဓိပ္ပာယ်ရပါတယ်။ ဒါဆို လေးထောင့်ပုံကျောက်တုန်းသဏ္ဍာန်ရှိသောကျွန်းပေါ့။ အဲဒီကျွန်းလေးကတော့ စင်္ကာပူရဲ့ အရှေ့မြောက် ကမ်းရိုးတန်းအရပ်မှာ တည်ရှိပြီး စင်္ကာပူရဲ့ တစ်ခုတည်းကျန်ရှိသော ကျွန်းရွာလေး တစ်ရွာပဲဖြစ်ပါတယ်။
ဟိုးတစ်ချိန်တစ်ခါက နှမ်းဖက်ကျောက် တူးဖော်ခြင်းလုပ်ငန်းဟာ အူဘင်ကျွန်းရဲ့ အဓိက စက်မှုလုပ်ငန်းတစ်ခု ဖြစ်ခဲ့ပါတယ်။  ပထမဆုံး ကျောက်မိုင်းကို လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော် ၁၈၀၀ နှစ်လွန်နှစ်များကတည်းက စတင်တူးဖော်ခဲ့ကြတာပါ။  အူဘင်က ထွက်တဲ့ ကျောက်တွေဟာ အရည်အသွေးကောင်းလွန်းပြီး ၁၈၅၁ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ Horsburgh မီးပြတိုက်နှင့် ၁၈၅၅ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ Raffles မီးပြတိုက်တွေ ဆောက်လုပ်ရာမှာ အသုံးပြုခဲ့ကြပါတယ်။ Horsburgh မီးပြတိုက်ဟာ စင်္ကာပူရေလက်ကြားရဲ့ အရှေ့ဘက်ဝင်ပေါက်က Pedra Branca ကျွန်းပေါ်မှာ တည်ရှိပြီး Raffles မီးပြတိုက်ဟာတော့ စင်္ကာပူကျွန်းမကြီး၏ တောင်ဘက်အရပ်မှာရှိတဲ့ Satumu ကျွန်းပေါ်မှာ တည်ရှိပါတယ်။ အဲဒီ မီးပြတိုက်နှစ်ခုစလုံးဟာ စင်္ကာပူနယ်မြေရဲ့ အလွန့်အလွန်အရေးပါသော  ထိပ်ဖျားနေရာများမှ တည်ရှိကြပါတယ်။
၁၉၉၀ နှစ်လွန် နှစ်များမှာAik Hwa  နှမ်းဖတ်ကျောက် ထုတ်လုပ်ရေး ကျောက်မိုင်းတွင်းကနေ စင်္ကာပူနိုင်ငံရဲ့ ကျောက်လိုအပ်မှုကို ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ အူဘင်က ထွက်နဲ့ နှမ်းဖက်ကျောက်တွေကို ကွန်ဂရစ်ပြုလုပ်ပြီး စင်္ကာပူနိုင်ငံ၏ မြေသားတိုးချဲ့မှု (ပင်လယ်ထဲမှာ မြေဖို့ခြင်းများ) တွေမှာ အသုံးပြုခဲ့ကြပါတယ်။ အဲဒီအချိန်က ကျေက်ထုတ်လုပ်မှုလုပ်ငန်းဟာ အူဘင်ကျွန်းရဲ့ အဓိက စီးပွားရေးလုပ်ငန်းတစ်ခုလို့တောင် ဆိုရမလိုဖြစ်ခဲ့ပြီး Aik Hwa ကျောက်မိုင်းမှ အလုပ်သမား ၁၀၀ ခန့်အထိ ခန့်ထားခဲ့ရပါတယ်။ အဲဒီအလုပ်သမားအများစုဟာ အူဘင်ကျွန်းပေါ်မှာပဲ နေထိုင်ခဲ့ကြပါတယ်။
အူဘင်ကျွန်းပေါ်က  ကျောက်မိုင်းခွဲထုတ်လုပ်မှုတွေဟာ သဘာဝသယံဇာတတွေကို ပျက်စီးစေရုံသာမက ပင်လယ်ရေမျက်နှာပြင်ကိုလည်း နိမ့်ကျစေတယ်ဆိုပြီး သဘာဝသယံဇာတအရင်းအမြစ် ဖွံ့ဖြိုးမှု ကော်ပိုရေးရှင်း အဖွဲ့အစည်းကြီးမှ ကျောက်ထုတ်လုပ်မှုတွေကို ၁၉၉၉ ခုနှစ်မှာ ပိတ်ပစ်ခဲ့ပါတော့တယ်။ Aik Hwa ကျောက်မိုင်းဟာ နောက်ဆုံးကျောက်မိုင်း ဖြစ်ခဲ့ပြီး အူဘင်ကျွန်းပေါ်မှ လူများလည်း ရေကြည်ရာ မျက်နုရာရွှေ့ပြောင်းကုန်ပါတော့တယ်။ ၁၉၈၀ ခုနှစ်တွင် အူဘင်ကျွန်းပေါ်မှာ လူပေါင်း ၁၂၀၀ ခန့်ရှိခဲ့ပြီး ၁၉၉၅ ခုနှစ်မှာတော့ လူပေါင်း ၄၀၀ သာ ကျန်ရှိခဲ့ပါတော့တယ်။
အူဘင်ကျွန်းပေါ်မှာ စွန့်ပစ်ခဲ့တဲ့ ကျောက်မ်ိုင်းများဟာ ယခုအခါ မိုးရေများနှင့် ပြည့်လျှံနေသော ရေကန်ကြီးများဖြစ်နေကြပြီး သဘာ၀ပေါက်ပင်များဖုံးလွှမ်း၍ ပဏာရနေပါတော့တယ်။ ရေကန်ထဲမှာ အလိုအလျောက်ပေါက်ဖွားလာတဲ့ ငါးတွေ၊ ငါးများကို လာရောက်ရှာဖွေစားသောက်တဲ့ ငဟစ်ငှက်တွေနဲ့ သာယာလှပနေပါတယ်။
ရေကန်ကြီးတွေဟာ သဘာဝပသာဒတွေနဲ့ လှပနေသော်လည်း လူများအတွက် အန္တရာယ်ရှိတဲ့ နေရာများအဖြစ် သက်မှတ်ထားစဲပါ။ ရေကန်ကြီးတွေထဲမှာ ရေကူးခြင်းနှင့် အဲဒီအနီးအနားမှာ အခြားသော လှုပ်ရှားမှုများကို မပြုလုပ်ဘဲ ရှောင်ကြဉ်ကြဖို့လည်း သတိပေးထားပါတယ်။
တစ်ခါတုန်းက အရမ်းစည်ကားခဲ့တဲ့ အဲဒီကျွန်းရွာလေးဟာ ယနေ့ အချိန်မှာတော့ သက်ကြီးရွယ်အို ရွာသား ၃၀ ယောက်လောက်သာ ကျန်ရှိပါတော့တယ်။ ဟိုအရင် အစည်ကားဆုံးအချိန်က ရွာသား နှစ်ထောင်လောက်နေထိုင်လုပ်ကိုင်ခဲ့ကြပါတယ်။
"လူတွေဟာ ရေကြည့်ရာ မြက်နုရာ ရှာဖွေရင်း အလုပ်အကိုင် အခွင့်အလမ်းပေါများတဲ့ စင်္ကာပူ နဲ့ မလေးရှားကို ထွက်ခွာသွားကြတယ်လေ" လို့ အူဘင်ကျွန်းရွာလေးရဲ့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ရွာသူကြီးရဲ့ ချွေးမဖြစ်သူ မဒမ်တန် က ပြန်ပြောင်း ပြောပြပါတယ်။
ဒီနေ့ ဒီရက်တွေမှာတော့.. မဒမ်တန်ကို သူမရဲ့ နှစ်ထပ်အိမ်လေး အရှေ့ရှိ ဆင်ဝင်လေးအောက်မှာ တစ်ယောက်ထဲ ထိုင်နေတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ သူမရဲ့ အချိန်တွေကို ကောက်ပဲသီးနှံတွေစိုက်ပျိုးရင်း၊ အိမ်ကလေးကို သန့်ရှင်းရေးလုပ်ရင်း၊ သူမရဲ့ခွေးလေနဲ့ ဆော့ကစားရင်းနဲ့ပဲ ကုန်လွန်စေပါတော့တယ်။
စနေ့ ၊ တနင်္ဂနွေရုံးပိတ်ရက်တွေမှာတော့... သူမရဲ့ သား ၃ ယောက်နဲ့ သမီး ၂ ယောက် သူမဆီကို လာရောက်လည်ပတ်တတ်ကြပါတယ်။
"ကလေးတွေ လာရောက်လည်ပတ်တဲ့အချိန်တိုင်း.... သူတို့နဲ့ အတူလိုက်နေဖို့ ကျွန်မကို အမြဲတောင်းဆိုကြပါတယ်။ ဒါပေမယ့် ကျွန်မကတော့ သားသမီးတွေရဲ့ တောင်းဆိုမှုကို အမြဲ လစ်လျူ ရှုပြီး ဒီရွာမှာပဲ နေထိုင်ပါတယ်" လို့ သူမက ဆိုပါတယ်။
"ကျွန်မ ဒီရွာမှာနေရတာကို ကြိုက်တယ်။ ဘာကြောင့်လဲဆိုတော့ လူရှင်းတယ်လေ။ ပြီးတော့...ကျောက်မိုင်း တူးဖော်တာတွေလည်း ပိတ်လိုက်ပြီ။ လူတွေလည်း အရင်ကလို တောမီးရှို့တာတွေလဲ မရှိတော့ လေကောင်းလေသန့်လဲရပါတယ်" လို့ ဆိုပါတယ်။
အသက် ၇၆ နှစ် အရွယ် မဒမ်တန်ဟာ အသက် ၁၅ နှစ်အရွယ်ကတည်းက အူဘင်ရွာသူကြီးရဲ့ အကြီးဆုံးသားနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ " ကျွန်မရဲ့ ယောက်ျားမှာ ညီအစ်ကို ၈ ယောက်တောင်ရှိပါတယ်။ အဲဒါကြောင့်. ကျွန်မဟာ လူ ၁၀ ယောက်စာလောက်ရဲ့ အိမ်မှုကိစ္စ အဝ၀ ကို လုပ်ပေးခဲ့ရပါတယ်။ ကြက်၊ဝက်တွေလဲ စောင့်ရှောက်ခဲ့ရပါတယ်။ ပြီးတော့ ကျွန်မ ယောက်ခထီးရဲ့ စားနပ်ရိက္ခထောက်ပံ့ပေးတဲ့ဆိုင်မှာလည်း ကူညီလုပ်ကိုင်ပေးခဲ့ရပါတယ်" လို့ ဂုဏ်ယူစွာ ပြောပါသေးတယ်။ "အဲလို လုပ်ကိုင်ပေးခဲ့ရတာကို ကျေနပ်ပီတိဖြစ်ရပါတယ်။ တကယ်လို့ မကျေနပ်ခဲ့ဘူးဆိုရင် ဟိုး..လွန်ခဲ့တဲ့ နှစ်တွေကတည်း ဒီရွာက ထွက်ခွာသွားခဲ့မှာပေါ့လို့လဲ " ရယ်ရွှင်စွာ အရွှမ်းဖောက်ပါသေးတယ်။
ယနေ့ အူဘင်ကျွန်းပေါ်က ရွာသားအများစုဟာ တောင်ယာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ခြင်း (သို့) ငါးဖမ်းခြင်း (သို့) အူဘင်ကျွန်းရွာလေးပေါ်လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးတဲ့ အခကြေးငွေဖြင့် စက်ဘီးငှါးရမ်းပေးခြင်း၊ အစားအသောက်ရောင်းချခြင်း စသော စီးပွားရေးတွေကို လုပ်ကိုင်စားသောက်ကြပါတယ်။
အူဘင်ကျွန်းရွာလေးကို မရောက်ဖူးသေးရင်တော့ တစ်ခါတစ်ခေါက်တော့ သွားရောက်လေ့လာလိုက်ကြပါဦးလို့ စလုံး Page မှ တိုက်တွန်းနှိုးဆော်လိုက်ရပါတော့တယ်။
***Paulau Ubin ကျွန်းကို သွားချင်ရင်တော့ လွယ်လွယ်လေးပါ။
MRT စီးပြီး အစိမ်းလိုင်းမှာရှိတဲ့ Tanah Merah MRT Station (EW4) ရထားဘူတာမှာ ဆင်းပါ။ အဲဒီကနေ Bus No. 2 ကို စီးရင် Changi Village bus interchange ကိုရောက်ပါလိမ့်မယ်။ Changi Village bus interchange ကိုရောက်ရင် Changi Point jetty ကိုသွားပါ။ မသိရင် အဲဒီမှာ မေးလို့ရပါတယ်။ Changi Point Jetty ကနေ bumboat စက်လှေလေးစီးပြီး Paulau Ubin ဆိုတဲ့ ရွာလေးကိုရောက်ပါတယ်။ အရင်တုန်းကတော့ စက်လှေ လက်မှတ်ခ တစ်ကြောင်းစာ ၂ ဒေါ်လာပါ။
စလုံး Page
(စင်္ကာပူနှင့် ပတ်သက်သော အကြောင်းအရာများ စုစည်းတင်ပြမှု)
www.facebook.com/SaloneCollection
Tuesday, January 15, 2019
ရှားတောင့်ရှားခဲ အမျိုးသမီး ဖန်ထည်ဖန်တီးသူ
အမျိုးသမီးတွေ လုပ်ဖို့ မလွယ်တဲ့ ဖန်ထည် ဖန်တီးတဲ့ အလုပ်ကို အင်္ဂလန်တောင်ပိုင်းက အသက် ၂၀ အရွယ် မိန်းမပျိုလေးတဦး လုပ်ဆောင်နေပါတယ်။
သူဟာ ဗြိတိန်တလွှား အမျိုးသမီး ဖန်ထည်ဖန်တီးသူ လက်တဆုပ်စာထဲမှာ တဦးအပါအဝင်ပါ။
သူဘာကြောင့် ဒီအလုပ်ကို လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါလဲ။ ဆက်ရှုစားကြည့်ကြရအောင်ပါ။
Wednesday, January 2, 2019
ကမ္ဘာကိုခြိမ်းခြောက်လာအုံးမယ့် တရုတ်ရဲ့ဆီလီကွန်လက်နက်
ကမ္ဘာကိုခြိမ်းခြောက်လာအုံးမယ့် တရုတ်ရဲ့ဆီလီကွန်လက်နက်
ဟောင်ကောင်တွင် Asia Adult Expo (AAE) ဆိုသည့် ကုန်စည်ပြပွဲကို ယမန်နှစ်က ကျင်းပခဲ့သည်။ ရှန်ကျန်းနှင့် တုံးဂွမ်ဒေသများရှိ စက်ရုံထွက်ပစ္စည်းများကို ပြပွဲတွင် လာရောက်ပြသနေသလို ကမ္ဘာ့ထုတ်ကုန် များကိုလည်း ပူးပေါင်းပြသခဲ့ကြသည်။ ကုန်စည်ပြပွဲအမည်က “လူကြီးပွဲ” ဖြစ်သည်။ ဟောင်ကောင်ကွန်ဗင်းရှင်း ပြပွဲစင်တာတွင် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဝါသနာအိုးတွေကို သီးသန့်ဖိတ်ခေါ်သည့် ပွဲဖြစ်နေသည်။ သာမန် လူတွေမသွားနိုင်သည့် ထိုပွဲတွင်ဆီလီကွန် အရုပ်များနှင့် ပစ္စည်းစုံကို ပြသထားသဖြင့်လည်း ထူးခြားသည့် ပွဲတစ်ပွဲဟု ဆိုရမည်ဖြစ်သည်။
ကုန်စည်ပြပွဲက လိင်ဖျော်ဖြေမှုဆိုင်ရာ အရုပ်နှင့် ပစ္စည်းများပြပွဲဟုဆိုထားသဖြင့် ဟောင်ကောင်တွင် ထူးဆန်းသည့် ပွဲတစ်ပွဲလည်း ဖြစ်နေသည်။ ဂျပန်ပြခန်းတွင် တကယ့်လူနှင့်မခြား အဆင့်မြင့်အရုပ်တွေကို ပြထားသည်။ တန်ဖိုးကလည်း ဟောင်ကောင် ဒေါ်လာတစ်သိန်းခန့်တန်ဖိုးရှိသည်။ ထိုအရုပ်တွေကို ကွမ်ကျိုးသို့ တစ်လလျှင် အနည်းဆုံးနှစ်ရုပ်ရောင်းချ ပေးနေရသည်ဟုဆိုသည်။ ပြပွဲတွင် ပြသထားသည့် အရုပ်များထဲတွင် ဟောင်ကောင် ဒေါ်လာ နှစ်သိန်း (အမေရိကန်ဒေါ်လာ ၂၅၀၀) ခန့်တန်သည့် အရုပ်များလည်း ပါသည်။ သို့သော် ဂျပန်နှင့်ပြိုင်နေသည်မှာ တရုတ်ဖြစ်သည်။ တရုတ်ထုတ် အရုပ်တွေက ဟောင်ကောင် ဒေါ်လာ ၂၀၀၀ ခန့်နှင့် ပြပွဲတွင် ပြသထားသည်။
အခမ်းအနားတွင် မနားတမ်း ကြေညာနေသည်က “အနာဂတ်အတွက် အနှိုင်းမဲ့ပျော်ရွှင်မှု”ဆိုသည့် စကားလုံးဖြစ်သည်။ လူကြီးတွေ VR ခေါ် သရုပ်မှန် မျက်မှန်တပ်ပြီး အစွမ်းကုန် စမ်းသပ်အာရုံခံနေကြသည်ကိုလည်း တွေ့နိုင်သည်။ ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီအချို့ကလည်း အနာဂတ်တွင် အမြင်သာမက လက်တွေ့ အာရုံဖြင့် အရသာကို ခံစားနိုင်မည့် ဗီဒီယိုများပေါ်ထွက်လာရေးအတွက် သူတို့တီထွင်ထားသည်များကို ပြသနေကြသည်။ နည်းပညာအဆင့်မြင့် တိုးတက်လာမှုများက အနာဂတ်အတွက် လူသားတို့၏ အိမ်ထောင်သားမွေးကိစ္စများကို ဖျက်ဆီးကောင်း ဖျက်ဆီးလာနိုင်သည်။ ယခုလို အနေအထားမျိုးမှာပင် အိမ်ထောင်ရေးကို စိတ်ကုန်နေကြသည့် လူငယ်များအတွက် တီထွင်မှုအသစ်များက တစ်နည်းတစ်ဖုံ ပြောင်းလဲသွားရန် လမ်းစဖော်နေပြီဖြစ်သည်။
VR (Virtual Reality) ခေါ် လက်တွေ့ဘဝနှင့် အနီးစပ်ဆုံး အာရုံခံစားနိုင်သည့် မြင်ကွင်းကြည့် မျက်မှန်များ ပေါ်လာခြင်းသည် အဆိုးအကောင်းရှိ နိုင်ပါသည်။ ထိုပွဲတွင် အဆိုးဘက်ကရှိသည် ဆိုစေ ပညာရေးအတွက် လိင်ပညာပေး အစီအစဉ်များကို ကြည့်ရှုသင်ကြားနိုင်မည့် အစီအစဉ်ကို ပြသထားခြင်းကလည်း စိတ်ဝင်စားစရာ ဖြစ်သည်။ ပြပွဲသို့ရောက်လာသည့် ပုရိသအများစုကတော့ အားလုံးကို စူးစမ်းလေ့လာကြည့်နေကြသည်။
AAE ပြပွဲက ပေါက်မြောက်သွားသည်ဟု ဆိုရမည်။ သုံးရက်အတွင်း ဝယ်ယူသူပေါင်း ၅၀၀၀ ရှိသွားသည်။ ယမန်နှစ်ပြပွဲတွင် ၄၄၀၀ ခန့်သာရောင်းချခဲ့ရသည်ဆိုခြင်းကြောင့် စံချိန်ချိုးပြီး အောင်မြင်သွားသည်ဟု ဆိုရမည်။ ပြပွဲကို နိုင်ငံပေါင်း ၄၀ ကျော်က လာရောက်ကြည့်ရှုလေ့လာကြသည်။ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်၊ ဂျာမနီနိုင်ငံတို့ကလည်း လာရောက်ကြည့်ရှုလေ့လာကြသည်။
ပြပွဲတွင် အများဆုံးကြီးစိုးထားသည်မှာ ပြည်တွင်း ထုတ်လုပ်သူများဖြစ်သည်။ ပြည်တွင်းထုတ်လုပ်သူတွေက ရောင်းသူတွေကို တိုက်ရိုက်ရောင်းချပေးနေကြသည်။ သူတို့၏ ဈေးပေါပေါထုတ်လုပ်နိုင်ခြင်းများကြောင့် နိုင်ငံတကာပွဲများတွင် တရုတ်ပါဝင်ပြသခွင့်များကို ပိတ်ပင်ထားခြင်း ခံနေရသည်။ ထို့ကြောင့် ဈေးနှုန်း သက်သာစွာဖြင့် လိုချင်သူတွေက ဟောင်ကောင်ကို တိုက်ရိုက်ဆင်းလာကြသည်။
ဤပွဲမျိုးမှာ တရုတ်နိုင်ငံတွင် ပြသခွင့်ရရန် မလွယ်ပေ။ သို့သော် ဟောင်ကောင်တွင် လွတ်လပ်စွာဖြင့် လိင်ဖျော်ဖြေရေးဆိုင်ရာ အရုပ်တွေကို ပြသနေကြသည်။ ထူးဆန်းသည်မှာ ဤပွဲကို ရောက်လာပြီး အရုပ်များကို ဝယ်ယူကြသူ လေးပုံသုံးပုံမှာ တရုတ်နိုင်ငံကလာသော သူများဖြစ်နေခြင်းပင်။ ပြပွဲက အရွယ်ရောက်ပြီးသည့် လူကြီးများကိုသာ ဝင်ခွင့်ပြုသည်။
တရုတ်နိုင်ငံအတွင်း လူကြီးကြိုက်အရုပ်များကို တီထွင်ထုတ်လုပ်နေသော စက်ရုံပေါင်း ၁၀၀၀၀ ကျော်ရှိသည်။ နှစ်စဉ် ၃၀ ရာခိုင်နှုန်းခန့်တိုးတက်နေပြီး မကြာမီ ကမ္ဘာ့နိုင်ငံများသို့ ပို့ကုန်တစ်ခုအဖြစ် အများဆုံး ထုတ်လုပ်နိုင်ရန် ရည်ရွယ်နေကြသည်။ တရုတ်ထုံးစံ အတိုင်းဈေးကို သူများတွေ မယှဉ်နိုင်အောင် လျှော့ချပေးနေကြသည်။
တရုတ်က စက်ဘီး၊ ထီး၊ ဘတ်စ်ကက်ဘောတွေအပြင် အိမ်ထောင်ရေးကိစ္စများအတွက်ပါ အရုပ်တွေကို ပေါပေါများများထုတ်ပြီး ဈေးကွက်ကိုလက်ဦးမှု ရယူရန် စီစဉ်နေကြသည်။ လိင်ဖျော်ဖြေရေးဆိုင်ရာ အရုပ်များကို တရုတ်တို့က ပုံစံအမျိုးမျိုးထုတ်နေသည်။ နိုင်ငံတကာအကြိုက် တရုတ်၊ ကိုရီးယား၊ ရုရှား ပုံစံတွေအပြင် အမေဇုန်အကြိုက် ကြမ်းကြမ်းရမ်းရမ်း မိန်းမအရုပ်တွေကိုပင် ဓားနှင့်ဒိုင်းကိုင်ခိုင်းထားပြီး ထုတ်လုပ်ပေးနေသည်။ ထို့ပြင် မိမိတို့စိတ်ကြိုက်ပုံစံ၊ အသားအရောင်၊ အရွယ်အစားတို့ကို ဖုန်းနှင့်မှာလိုက်ရုံဖြင့် တစ်ပတ်အတွင်း ရရှိစေရမည်ဆိုသော အာမခံချက်များကိုလည်း ပေးထားသည်ကိုတွေ့နေရသည်။
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ရှီအန်မင်မြို့တွင် အရုပ်များနှင့် ပြည့်တန်ဆာခန်းဖွင့်ထားသော ဇိမ်ခန်းများကိုပင် ထူထောင်လာကြသည်။ အရုပ်မလေးများနှင့် တွေ့ဆုံခက တစ်ည ၂၉၈ ယွမ် (၄၅ ဒေါ်လာ) ဖြစ်သည်။ ထိုအရုပ်မတွေက တကယ့်လူနှင့်မခြား ပြုစုခံစားမှုများပေးနိုင်သည်ဟုဆိုသည်။ ကိုယ်ခန္ဓာအရွယ် အစားကအစ လူအတိုင်းဖြစ်နေပြီး ဖန်တီးထည့်သွင်းထားသည့် စက်ပစ္စည်းနှင့် စနစ်များကလည်း စွဲမက်စရာဖြစ်သွားစေရမည်ဟု အာမခံထားသည်။
တရုတ်တွင် လူသားအရွယ်တူပုံစံ ဖျော်ဖြေရေး ဆီလီကွန်အရုပ်တစ်ရုပ်မှ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၅၀၀) ခန့်ပေးလျှင် ရနိုင်သည်။ ထို့ပြင် နေ့စဉ်အသုံးအတွက် ငှားရမ်းမည်ဆိုလျှင် ၂၉၈ ယွမ်ဖြင့် အိမ်ကိုငှားနိုင်သည်။ သို့သော် အပေါင်ငွေ ယွမ် ၈၀၀၀ တင်ခဲ့ရသည်။ Touch ဆိုသည့် ကုမ္ပဏီကလည်း အရုပ်ငှားအလုပ်ကို အွန်လိုင်းပေါ်ကပါ ကြော်ငြာပြီး လုပ်ဆောင်နေသည်။
Touch ဝန်ဆောင်မှုကို ဖွင့်လှစ်ထားခြင်းနှင့် ပတ်သက်ပြီး အွန်လိုင်းပေါ်တွင် ဝေဖန်မှုတွေ ဖောင်းပွနေသည်။ ကြိုက်သူတွေကထောက်ခံ၊ မကြိုက်သူတွေက ဆဲကြသည်။ လူ့ဘောင်လောကကြီး ပျက်စီးတော့မည်ဟု ဝေဖန် ပြစ်တင်သူများပင်ရှိလာကြသည်။ ဒေသဆိုင်ရာ ရဲတွေကလည်း ဆင့်ခေါ်ပြီး စစ်ဆေးမည့် သဘောတွေ ပြဆိုလာကြသည်။ ရဲတွေကတော့ အောက်တန်းကျသည့် ရိုင်းပျသော လုပ်ရပ်ဟုဝေဖန်ကြသည်။ ကုမ္ပဏီကလည်း သူတို့အရုပ်တွေကို ဖော်ထုတ်ပြပြီး ဒီအရုပ်တွေကို အောက်တန်းကျတယ်ဆိုရင် ဘယ်နေရာက အောက်တန်းကျသလဲဆိုပြောပြစမ်းပါဟု တုံ့ပြန်သည်။
ဟောင်ကောင်တွင် ပထမဆုံး အရုပ်ပြည့်တန်ဆာခန်းကို ဖွင့်လှစ်စဉ်ကလည်း ရဲများကဝင်ဖမ်းပြီး ပိတ်ခိုင်းခဲ့သည်။ ယခုနှစ်မေလအတွင်းက ကွမ်တုံရှိ စက်ရုံအဆောက်အအုံတစ်ခုတွင် ဖွင့်လှစ်ထားသော ပြည့်တန်ဆာခန်းကို ရဲများက ဝင်စီးပြီး လူ ၃၀ ခန့်ကို ဖမ်းဆီး အရေးယူခဲ့သည်။
ရဲများဝင်ဖမ်းစဉ်က အခန်းများထဲတွင် အရုပ်များနှင့်အတူ အပြာကားများကြည့်နေသည့်သူများကို ပူးတွဲဖမ်းဆီးခြင်းဖြစ်သည်။ သို့သော် သူတို့ကို အရေးယူနိုင်မည့် ဥပဒေမရှိသဖြင့် နောက်တစ်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီး ရုံးချိန်းကို တစ်လချိန်းလိုက်ရသည်။
Mary ဟုအမည်ပေးထားသော ထိုပြည့်တန်ဆာခန်းတွင် ဆီလီကွန်အရုပ်မများနှင့် တစ်နာရီပျော်ပါးခမှာ ဟောင်ကောင်ဒေါ်လာ ၄၈၀ ဖြစ်သည်။ အကယ်၍ သမီးရည်းစားနှစ်ယောက်က အရုပ်နှင့်အတူ ပျော်ပါးချင်လျှင် မိနစ် ၉၀ ကို ဟောင်ကောင်ဒေါ်လာ ၈၆၀ ယူသည်။ ထိုအရုပ်မျိုးများ၏ ရောင်းဈေးက အမေရိကန်ဒေါ်လာ ၂၃၀၀ မှ ၃၈၀၀ အတွင်းရှိသည်။
Rex ဆိုသည့်ဆိုင်ကလည်း စက်တင်ဘာလက အရုပ်ရောင်းသည့်ဆိုင်ကို စတင်ဖွင့်ခဲ့သည်။ သူတို့ သူငယ်ချင်းတွေ စုပေါင်းဖွင့်သည့်ဆိုင်မှာ စီးပွားရေး အလွန်ကောင်းလာသည်။ ရဲတွေက ထိုဆိုင်ကို ဝင်ဖမ်းသည်။ သူတို့က အရုပ်တွေကို လမ်းဘေးတွင် တန်းစီပြထားပြီး ရောင်းချနေသောကြောင့်ဖြစ်သည်။ သို့သော် သူတို့ကို ဆိုင်အတွင်း အပြာကားများ ရောင်းချမှု၊ ပြည်သူများကို စိတ်အနှောင့်အယှက်ဖြစ်စေမှု၊ တရားဝင်လိုင်စင်မရှိဘဲ ရောင်းချမှုများဖြင့် ဖမ်းဆီးအရေးယူရန် ပြင်ဆင်နေသည်။ သို့သော် တရုတ်တွင် ၂၈ ရက် တိတိ လိုင်စင်မယူဘဲပစ္စည်းများကို ရောင်းချခွင့်ရှိသည်။
တရုတ်နိုင်ငံ ဘေဂျင်းတွင် AI ဟုခေါ်သည့် လူသားတို့အတိုင်း တုပနိုင်သည့် ဉာဏ်ရည်တုနည်း ပညာများကို တီထွင်ထုတ်လုပ်မှုအပိုင်းသည် တိုးတက်ဖွံ့ဖြိုးလျက်ရှိသည်။ တရုတ်နိုင်ငံတွင် WMDOLL ဆိုသည့် ကုမ္ပဏီသည် အကြီးမားဆုံးသော လူသားအတိုင်း တုပနိုင်သည့် လိင်ဖျော်ဖြေရေးဆီလီကွန်အရုပ်များကို ထုတ်လုပ်ပေးနေသည့် စက်ရုံကြီးတစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဂွမ်ဒေါင်း ပြည်နယ်တွင်ရှိသည်။ AI ဆီလီကွန်အရုပ်မယ်များကို ၂၀၁၆ ခုနှစ်ကတည်းက ထုတ်နေခြင်းဖြစ်သည်။ ထိုအရုပ်များသည် မျက်လုံးလေးတွေကို ပုတ်ခတ်နိုင်သည်။ လက်နှင့် သိုင်းဖက်နိုင်သည်။ ရင်သားများကို လှုပ်ခတ်နိုင်သည်။ အရုပ်များကို အရပ်၊ အရွယ်၊ အရောင်၊ ဆံပင်၊ မျက်လုံး စိတ်ကြိုက်မှာယူနိုင်သည်။
စကားပြောစရာမရှိ အဖော်မဲ့နေသူများအတွက် ချစ်ဖွယ်သော အသံလေးများဖြင့် တုံ့ပြန်ပေးနိုင်သည်။ ဘာသာစကားစုံဖြင့် ထုတ်လုပ်ပေးနိုင်ရန် စီစဉ်နေကြသည်။ အရုပ်တွေ စကားပြောဆိုနိုင်ရန်နှင့် မေးသမျှကို ပြန်လည်ဖြေကြားနိုင်ရန် Baidu ဆိုသည့် အွန်လိုင်းမှ ဒေတာစနစ်များနှင့် တိုက်ရိုက်ချိတ်သုံးနိုင်ရန် ပြင်ဆင်နေသည်။ ယခုတော့ မေးတစ်ခွန်း ဖြေတစ်ခွန်း အကန့်အသတ်ဖြင့်သာ ပြောဆိုနိုင်သေးသည်။
AI နည်းပညာကို လူကြီးများအတွက် အရုပ်ထုတ်လုပ်ရန် တရုတ်တို့ စိုင်းပြင်းကြံဆောင်နေကြသည်။ အနာဂတ်ဈေးကွက်ကို ကြိုမြင်သည့်တရုတ်တို့သည် မိမိတို့တိုင်းပြည်အတွင်း သုံးစွဲလျှင် အရေးယူသယောင် ဟန်ပြနေသော်လည်း ကမ္ဘာကိုဖြန့်ရန် ဈေးကွက်ကို အခိုင်အမာတည်ဆောက်နေကြသည်။
WMDOLL ကုမ္ပဏီမှ ထုတ်လုပ်မှု မန်နေဂျာ လျူတင်းက မိမိတို့အနေနှင့် လူသားအတိုင်း အတိအကျ တူနိုင်မည့် ဆီလီကွန် AI အရုပ်များကို ထုတ်လုပ်ရန် မရည်ရွယ်ပါကြောင်း၊ သို့သော် နည်းပညာကို အစွမ်းရှိသလောက်ထုတ်ဖော်ပြသနိုင်မည့် အခွင့်အရေးပေးလိုကြောင်း၊ အသားအရေများကို လူသားအတိုင်း အထိအတွေ့၊ အလှုပ်အခတ်များ ဖြစ်လာသည်အထိ တီထွင်သွားရန် ရည်ရွယ်ထားကြောင်း ပြောပြသည်။
ထိုကုမ္ပဏီအနေနှင့် လူသားအတိုင်းပုံစံတု အရုပ်ပေါင်း ၂၀ ကို တီထွင်ထားပြီးဖြစ်သည်။ ဈေးနှုန်းကိုလည်း ယွမ် ၁၀၀၀၀ မှ ၅၀၀၀၀ အထိရောင်းချရန် ပြင်ဆင်ထားကြသည်။ အမေရိကန်ဒေါ်လာ ၁၄၇၀ မှ ၇၃၅၀ အတွင်းဖြစ်သည်။ တစ်နှစ်ကို AI ဆီလီကွန် အရုပ်ပေါင်း ၂၀၀၀၀ ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း လျူတင်းက ပြောကြားသည်။
တရုတ်ကတော့ရှင်းပါသည် ပြည်တွင်းထက် ပြည်ပဈေးကွက်ကို ရည်ရွယ်ကာ ထုတ်လုပ်နေခြင်း ဖြစ်သည်ဟု ဆိုထားသည်။ သူတို့အရောင်း၏ ၈၀ ရာခိုင်နှုန်းကို အမေရိကန်ပြည်ထောင်စုကိုပို့ရန် မျှော်မှန်းထားသည်ဟုလည်း သိရသည်။
တရုတ်သည် စက်ဘီးခေတ်က စက်ဘီးဈေးကွက်ကိုပျက်အောင် ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။ ဖုန်းတွေကိုလည်း အကုန်ရအောင်ထုတ်လုပ်ဖြန့်ချိနိုင်ခဲ့သည်။ ယခုအနာဂတ် ပစ်မှတ်က ဆီလီကွန်အရုပ်တွေဖြစ်လာနိုင်သည်။ တရုတ်က ဘာထုတ်ထုတ် ဈေးကို အပေါဆုံးထုတ်သည်။ တရုတ်စက်သည် တစ်ရက်နှင့်စုတ် သွားကောင်း စုတ်သွားနိုင်သည်။ သို့သော် အမြင်ကောင်းသည်။ အပြကောင်းသည်။ စွဲမက်စရာကောင်းသည်။ မည်သို့ဆိုစေ ကမ္ဘာကသူ့ကို မယှဉ်နိုင်အောင် ဈေးနှုန်းပြိုင်ဆိုင်ထုတ်လုပ်ပြီး Made in China လမ်းစဉ်အတိုင်း အကောင်အထည်ဖော်နေသည်မှာ ကမ္ဘာကို ခြိမ်းခြောက်စရာတစ်ခုဖြစ်လာသည်ကိုတော့ သတိထားကြရပေလိမ့်မည်။
(Ref: South China Morning Post)
Ref:http://swalsonenews.com/international-news/%E1%80%80%E1%80%99%E1%81%BB%E1%80%AC%E1%80%80%E1%80%AD%E1%80%AF%E1%81%BF%E1%80%81%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%BB%E1%80%81%E1%80%AC%E1%80%80%E1%80%B9%E1%80%9C%E1%80%AC%E1%80%A1/
Sunday, December 30, 2018
တရုတ်နိုင်ငံတွင် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်းရွှေသေတ္တာကြီးထဲမှ အရိုးစုသည် ဗုဒ္ဓဓာတ်တော်မွေတော်များဖြစ်နိုင်သည်ဟု ဆို
၂၀၁၀ ပြည့်နှစ်က တရုတ်နိုင်ငံ၊နန် ကျင်းမြို့ရှိ ဗုဒ္ဓဘာသာဘုရားကျောင်းတစ် ခုတွင် တူးဖော်မှုများပြုလုပ်စဉ် ရှေးဟောင်းသုတေသနပညာရှင်များက သက် တမ်းနှစ်ပေါင်း ၁၀၀၀ ရှိသော ရှေးဟောင်း ရွှေသေတ္တာကြီးကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ယခုအခါ ရွှေသေတ္တာကြီးအတွင်းမှ အရိုးအပိုင်းအစများသည် ဗုဒ္ဓ၏ဓာတ် တော်မွေတော်များဖြစ်နိုင်သည်ဟု ဆိုလာခဲ့ကြသည်။ ၎င်းတို့၏အဆိုအရသေတ္တာထဲတွင် ရဟန္တာများ၏ အရိုးစုများလည်း ရောနှောပါဝင်နေပြီး ဦးခေါင်းခွံအစိတ်အ ပိုင်းတစ်ခုမှာ ဂေါတမမြတ်စွာဘုရား၏ ဓာတ်တော်မွေတော်ဖြစ်နိုင်သည်ဟု သိရသည်။
ရှေးဟောင်းသုတေသနပညာရှင်များက ဘုရားကျောင်းအောက်ဘက်ရှိ မြေအောက်ခန်းထဲမှ ကျောက်သေတ္တာတစ် ခုကိုဖွင့်လိုက်သည့်အခါ ရွှေသေတ္တာလးကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသေတ္တာသည် လေးပေရှည်၍ တစ်ပေခွဲ အကျယ်ရှိကာ စန်္ဒကူးသားနှင့်ပြုလုပ်ထား သည်။ ရွှေ၊ ငွေနှင့်ကျောက်မျက်ရတနာများ ထည့်သွင်းလုပ်ဆောင်ထားသောသေတ္တာ ထဲတွင် အရိုးများကိုတွေ့ရှိခဲ့သည်။ သေတ္တာတွင် 1000 CE ခန့်က လုပ် ဆောင်ခဲ့သည့် သေတ်္တာဖြစ်ကြောင်းနှင့် ဘုရားကျောင်းကို တည်ထောင်ခဲ့သူတို့၏အမည်များအပြင် ဓာတ်တော်မွေတော်တို့ ၏ပိုင်ရှင်များကိုလည်း ရေးသားထားသည်။ ကျောက်သေတ္တာထဲတွင် ရွှေကြုတ်၊ ရွှေ ကြုတ်ထဲတွင် ငွေသေတ္တာနှင့် ငွေသေတ္တာထဲတွင် ရွှေသေတ္တာတို့ကို အဆင့်ဆင့်မြင် တွေ့ရပြီးမှ ဓာတ်တော်မွေတော်များကို တွေ့ရခြင်းဖြစ်သည်။
သေတ္တာပေါ်တွင် ရေးသားထားသည့်စာထဲ၌ ဗုဒ်္ဓ၏ဦးခေါင်း ခွံလည်းပါရှိသည်ဟု ဆိုထားသည်။ ဗုဒ္ဒ၏ ဓာတ်တော်မွေတော်များသည် အစုပေါင်း ထောင်နှင့်ချီ ကွဲပြားသွားခဲ့ပြီးနောက် ၎င်းတို့ထဲမှ ၁၉ စုမှာ တရုတ်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်ဟု တရုတ်တွင် အဆို ရှိခဲ့ဖူးသည်။ အခြားရဟန္တာများ၏ဓာတ် တော်များနှင့်အတူ တရုတ်သို့သယ်ဆောင်လာရာတွင် အချိန်ကြာမြင့်ခြင်း၊ ထိုအချိန်က ဆူပူမှုများကြောင့် ဓာတ်တော်များ ထားမည့်နေရာ ဖျက်ဆီးခံရခြင်းတို့ဖြစ် ပေါ်ခဲ့ဖူးသည်။ ၁၁ ရာစုတွင် ဧကရာဇ် Zhenzongက ဓာတ်တော်မွေတော်များကိုမြှုပ်နှံ၍ ဘုရားကျောင်းကိုပြန်လည် ပြုပြင်တည်ဆောက်ခဲ့သည်ဟု သိရသည်။
Friday, March 9, 2018
လေးစားဖို့ ကောင်းတဲ့သူရဲ့ ကိုယ်ကျိုးမဖက် လုပ်ရပ်တစ်ခု။ 😍😢
... လေးစားဖို့ ကောင်းတဲ့သူရဲ့ ကိုယ်ကျိုးမဖက် လုပ်ရပ်တစ်ခု။ 😍😢 လူ တစ်သန်းခွဲကျော်ကြည့်ထားတဲ့ သင့်လက်မလွှတ်သင့်တဲ့၊ ကြည့်မိလို့ နောင်တမရမယ့် Video လေးတစ်ခုပါ။ လက်ဆင့်ကမ်း ဝေမျှပေးပါ။ 🙏🏽
Ref:
Paragonia PLUS +
Saturday, December 17, 2016
Narilatha flowers in Himalayas - The flowers in shape of a woman ခေါ် သူယောင်မယ်အသီး
Google translate.....
ဒါဟာ yore ကာလအတွင်နက်ရှိုင်းသောတရားထိုင်လုပ်နေတာရသေ့နှင့် Sage ရဲ့အာရုံစူးစိုက်မှုက ဤအမျိုးသမီး၏အသွင်သဏ္ဌာန်ပန်းများများမျက်မှောက်မှာပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်ဟုယုံကြည်ကြ သည်။
အဆိုပါ Narilatha သို့မဟုတ် Liyathambara ပန်းများ အမျိုးသမီး၏အသွင်သဏ္ဌာန်၌ဖြစ်ဖို့ကို ကမ္ဘာ့ပန်းအရှိဆုံးအံ့သြဖွယ်များနှင့်အရှားပါးဆုံးထဲကတစ်ခုဟုယူဆနေကြသည်ဟုပြောသည်။
သို့သော်ထိုသို့ဟုတ်မှန်တကယ်ဖြစ်ပါသည်လော့ ? 
အဘယ်သူသည် ဖမ်းမိ သို့မဟုတ် ဖန်ဆင်းသလော?
 Ref: ABN Andhrajyothy, 
It is said that Narilatha flower plants grow in the Himalayan region in India and they bloom at 20-year intervals. The trance of hermits is said to be shattered at the sight of these flowers which are in the shape of women .This flower was in the shape of a naked woman, and said to be as a rare flower.
It is believed that in times of yore the concentration of hermits and sages doing deep meditation would be shattered at the sight of these lady-shaped flowers. The Narilatha or Liyathambara flowers said to be in the shape of a women are considered one of the most wonderful and rarest of flowers in the world.
But is it really true???? Who captured or made this?
Watch ABN Andhrajyothy, the no 1 Telugu news channel, a 24/7 LIVE news channel dedicated to live reports, exclusive interviews, breaking news, sport, weather, entertainment, business updates and current affairs.
For more latest hot and happening news follow us @
Ref:www.abnandhrajyothy.com
ဤသည်ပင် Himmapan အဘယ်မှာရှိအမျိုးသမီးသီးအပွတစ်ဒဏ္ဍဍာရီသစ်တောမှာပေါက်ဒါဟာ yore ကာလအတွင်နက်ရှိုင်းသောတရားထိုင်လုပ်နေတာရသေ့နှင့် Sage ရဲ့အာရုံစူးစိုက်မှုက ဤအမျိုးသမီးအသွင်သဏ္ဌာန်ပန်းများများမျက်မှောက်မှာပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်ဟုယုံကြည်ကြ သည်။
အဆိုပါ Narilatha သို့မဟုတ် Liyathambara ပန်းများ အမျိုးသမီး၏အသွင်သဏ္ဌာန်၌ဖြစ်ဖို့ကို ကမ္ဘာ့ပန်းအရှိဆုံးအံ့သြဖွယ်များနှင့်အရှားပါးဆုံးထဲကတစ်ခုဟုယူဆနေကြသည်ဟုပြောသည်။
သို့သော်ထိုသို့ဟုတ်မှန်တကယ်ဖြစ်ပါသည် လော့? 
အဘယ်သူသည်ဖမ်းမိသို့မဟုတ်ဤဖန်ဆင်းသလော့?
ဤသည်ပင် Himmapan အဘယ်မှာရှိအမျိုးသမီးသီးအပွတစ်ဒဏ္ဍဍဍာရီသစ်တောမှာပေါက်နေသည်။ တစ်ဦးကထူးဆန်းပင်လည်းရှိ၏။ 
'' အမျိုးသမီးတွေရဲ့အသွင်သဏ္ဌာန်အတွက်အသီးကိုသီး '' 
ဒါပေမဲ့များသောအစိမ်းရောင်အသီးကိုသီး၏ပုံသဏ္ဍဍဍာန်အားဖြင့်တအံ့တသြနေစဉ်, အခြားသူများ ရှုပ်ထွေး ရိုက်ကူးခြင်းဖြင့်လျော့နည်းယုံကြည်တယ်ဖြစ်ကြောင်း နက်နဲသောအရာဖြစ်ပေပင်လည်းရှိ၏။  
မိန်းကလေး၏အသွင်သဏ္ဌာန်အတွက်အသီးအပွဆောင်သောအဆိုပါအပင်ကိုစစ်မှန်တဲ့ရှိပါသလဲ ..
ဗုဒ္ဓဘာသာဒဏ္ဍဍဍာရီထဲမှာ, Nariphon အဖြစ်လူသိများသစ်ပင်တပင်ကို နုပျိုအမျိုးသမီးတသတ္တဝါ၏ အသီးကိုသီးခြင်းနှင့် Himaphan လို့ခေါ်တဲ့ဒဏ္ဍဍဍာရီသစ်တောကြီးပွားဖို့ဆိုပါတယ်။ စိတ်ဝိညာဉ်သို့မဟုတ်ဝိညာဉ်ကိုသူတို့အအတွင်း၌နေထိုင်ခဲ့ယုံကြည်သည်။
လူငယ်တစ်ဦးအမြိုးသမီး၏အတိအကျကိုအသွင်သဏ္ဌာန်အတွက်အသီးကိုသီးပုံ - ကအင်တာနက်ကို baffling ဖြစ်ပါတယ်။
များသောအစိမ်းရောင်အသီးကိုသီး၏ပုံသဏ္ဍဍဍာန်အားဖြင့်တအံ့တသြနေစဉ်သို့သော်အခြားသူများရှုပ်ထွေးရိုက်ကူးခြင်းဖြင့်လျော့နည်းယုံကြည်တယ်ဖြစ်ကြသည်။
ဗုဒ္ဓဘာသာဒဏ္ဍဍဍာရီထဲမှာ, Nariphon အဖြစ်လူသိများသစ်ပင်တပင်ကိုနုပျိုအမျိုးသမီးတသတ္တဝါ၏ အသီးကိုသီးခြင်းနှင့် Himaphan လို့ခေါ်တဲ့ဒဏ္ဍဍဍာရီသစ်တောကြီးပွားဖို့ဆိုပါတယ်။
ဇာတ်လမ်းကဗုဒ္ဓဘာသာဘုရားသခင့ Indra သူ့ဇနီး Vessantara နှင့်သူ၏ကလေးနှစ်ယောက် အဘို့အတော၌နေအိမ်ဝင် ...
ဒဏ္ဍဍဍာရီသစ်တောသတ္တဝါတွေရဲ့ယုံကြည်ချက်အပေါ်အခြေခံမိန်းကလေးများအပင်၏အသွင်သဏ္ဌာန်အတွက်အသီးအပွသည်းခံခြင်းပင်လည်းရှိ၏။ အဆိုပါစက်ရုံတစ်စမတ်မိန်းကလေးဖြစ်ပါတယ်။ ရတဲ့အခါမှ ည့်သော,  အရေပြားနှင့်ငယ်ရွယ် gandharvas ကောင်းကင်တမန်ဂီတပညာရှင် copulate ယူ။
MYSTERY Tree That 'Bears Fruit In The Shape Of WOMEN' Found Growing In Thailand   
MYSTERY Tree That 'Bears Fruit In The Shape Of WOMEN' Found Growing In Thailand
A strange tree growing in Thailand appears to bear fruit in the exact shape of a young woman - and it's baffling the internet.
But while many are amazed by the shape of the green fruits, others are less convinced by the confusing footage. Are the trees real or fake?
'' ထိုင်းတွင် ပေါက်ရောက်နေကြာင်းတွေ့ရှိရ သူယောင်မယ်အသီး ''  
ထိုင်းတွင် ပေါက်ရောက်နေကြောင်းတွေ့ရှိ..
ထိုင်းကြီးထွားလာတစ်ဦးကထူးဆန်းတဲ့အပင်ကိုလူငယ်တစ်ဦးအမျိုးသမီး၏အတိအကျကိုအသွင်သဏ္ဌာန်အတွက်အသီးကိုသီးပုံ - ကအင်တာနက်ကို baffling ဖြစ်ပါတယ်။
များသောအစိမ်းရောင်အသီးကိုသီး၏ပုံသဏ္ဍဍာန်အားဖြင့်တအံ့တသြနေစဉ်သို့သော်အခြားသူများရှုပ်ထွေးရိုက်ကူးခြင်းဖြင့်လျော့နည်းယုံကြည်တယ်ဖြစ်ကြသည်။
သစ်ပင်များကိုမှန်ကန် သို့မဟုတ် အတုဖြစ်ပါသလား?
*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***
ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!