Popular Posts!
Sunday, March 31, 2019
ထိုင်းရေနံနဲ့သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေးကုမ္ပဏီ PTT Exploration and Production (PTTEP) အနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိစီမံကိန်းခုနစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၉ ခုနှစ်ကတည်းက စတင်ဝင်ရောက်လုပ်ကိုင် လျက်ရှိတဲ့ PTTEP အနေနဲ့ လက်ရှိအချိန်ထိဆိုရင် နှစ်ပေါင်း ၃၀ ထဲရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် PTTEP Myanmar Asset ရဲ့ General Manager Mr.Piya Sukumpanumet ကို လက်ရှိ မြန်မနိုင်ငံအတွင်း လုပ်ကိုင်လျက်ရှိတဲ့ စီမံကိန်းတွေ၊ ကမ္ဘာတစ်ဝန်း အရှေ့တောင်အာရှဒေသတွင်းက လုပ်ငန်းချဲ့ထွင်လုပ်ကိုင်နေမှုတွေ၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းအပေါ်အမြင်နဲ့ နိုင်ငံတွင်းက CSR လှုပ်ရှားမှုတွေ စသဖြင့် မေးမြန်းဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ PTTEP လက်ရှိလုပ်ကိုင်နေတဲ့ စီမံကိန်းတွေက
ထိုင်းရေနံနဲ့သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေးကုမ္ပဏီ PTT Exploration and Production (PTTEP) အနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိစီမံကိန်းခုနစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ 
စီမံကိန်းငါးခုကိုတော့ Operator အနေနဲ့ လုပ်ကိုင်လျက်ရှိပါတယ်။ အဲဒီက သုံးခုဖြစ်တဲ့ MOGE 3 ၊ M11 နဲ့ MD-7 က ရှာဖွေဆဲအဆင့်ပဲရှိသေးပြီး M3 ကတော့ တည်ဆောက်ဆဲ အနေအထားဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုဖြစ်တဲ့ ဇောတိကကတော့ သဘာဝဓာတ်ငွေ့ထုတ်လုပ်တဲ့အနေအထားကို ရောက်နေပြီဖြစ်ပါတယ်။ ဇောတိကစီမံကိန်းကတော့ မြန်မာနိုင်ငံက စီမံကိန်းတွေအားလုံးထဲက အကြီးဆုံးဖြစ်ပြီး အစိုးရနဲ့ထုတ်လုပ်မှုမျဝေတဲ့ စာချုပ်နဲ့လုပ်ကိုင်နေပြီး တစ်ရက်ကိုသဘာဝဓာတ်ငွေ့ ကုဗပေ ၃၄၅ သန်း (Million Standard Cubic Feet per Day - MMSCFD) ထုတ်လုပ်ပေးလျက်ရှိပါတယ်။   
တခြားစီမံကိန်းနှစ်ခုဖြစ်တဲ့ ရတနာ (M-5 ၊ M-6) နဲ့ ရဲတံခွန် (M-12 ၊ M-13 ၊ M-14 ) သဘာဝဓာတ်ငွေ့ စီမံကိန်းတွေကိုတော့ Joint-Venture  အနေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒီစီမံကိန်းနှစ်ခုစလုံးကလည်း ထုတ်လုပ်ရေးအဆင့်မှာရှိနေပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီဟာ ၁၉၈၉ ခုနှစ်မှာ မြန်မာနိုင်ငံကိုစတင်ရောက်ရှိ လုပ်ငန်းလုပ်ကိုင်ခဲ့တာဖြစ်ပြီး နိုင်ငံအတွင်းက Active အဖြစ်ဆုံး ရေနံနဲ့သဘာဝ ဓာတ်ငွေ့ကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်။ 
ပင်မကုမ္ပဏီအနေနဲ့ အရှေ့တောင်အာရှနဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာ ရင်းနှီးမြှုပ်နှံမှုပိုင်းအနေအထား
၂၀၁၈ ခုနှစ်အတွက် PTTEP ကုမ္ပဏီရဲ့ ကမ္ဘာတစ်ဝန်း အသုံးစရိတ် အမေရိကန်ဒေါ်လာ  ၃,၁၂၃ သန်း ၊ ရင်းနှီးငွေ အသုံးစရိတ် (CAPEX) အမေရိကန်ဒေါ်လာ ၁,၈၀၁ သန်း နဲ့ လုပ်ငန်းလည်ပတ်ငွေအသုံးစရိတ် (OPEX)   ၁,၃၂၂ သန်းရှိပါတယ်။ ရင်းနှီးငွေအသုံးစရိတ်ထဲက ၈၃ ရာခိုင်နှုန်း က အရှေ့တောင်အာရှဒေသအတွက် လျာထားအသုံးပြုခဲ့ တာဖြစ်ပါတယ်။  
 မြန်မာပြည်ဟာ PTTEP အတွက် လုပ်ငန်းအနေအထားအရ မဟာဗျူဟာကျတဲ့နိုင်ငံဖြစ်ပါတယ်။ PTTEP ရဲ့ ထိုင်းနိုင်ငံ ပြင်ပစီမံကိန်းအများစုက မြန်မာနိုင်ငံမှာရှိနေတာပါ။ အဲဒီထဲမှာ ဇောတိကစီမံကိန်းနဲ့ ရတနာစီမံကိန်းရဲ့ ထုတ်လုပ်မှုပမာဏတွေကို ဆက်လက်ထိန်းထား နိုင်ဖို့နဲ့ ရှာဖွေဆဲအဆင့်ဖြစ်တဲ့ MOGE 3 နဲ့ M11 စီမံကိန်းတွေလို အဓိကျတာတွေပါပင်ပါတယ်။  
မြန်မာပြည်မှာ ရှေ့ဆက်လုပ်ကိုင်မယ့် အနာဂတ်အစီအစဉ်နဲ့ အသုံးစရိတ်များ . . .
မြန်မာနိုင်ငံအတွက် အနာဂတ်အသုံးစရိတ်နဲ့ပတ်သက်ပြီး ခုချိန်မှာ ဖွင့်ပြောဖို့ မဖြစ်နိုင်သေးပါဘူး။ မြန်မာပြည်ကို PTTEP ၀င်ရောက်လာတာ အနှစ် ၃၀ နီးပါးရှိနေပြီမို့ PTTEP ရဲ့ လုပ်ငန်းတွေကို ရှေ့ဆက်တိုးချဲ့လုပ်ကိုင်ဖို့စိတ်ဝင်စားပါတယ်။ MOGE ဘက်က လုပ်ငန်းတိုးချဲ့လုပ်ကိုင်ဖို့နဲ့ တွင်းသစ်ရှာဖွေရေး တင်ဒါတွေခေါ်လာရင်လည်း သင့်တော်ရာစီမံကိန်းတွေကို PTTEP အနေနဲ့ ပါဝင်လျောက်ထားဦးမှာပါ။ 
PTTEP မြန်မာရဲ့ကုမ္ပဏီ Culture နဲ့ ၀န်ထမ်းစီမံခန့်ခွဲမှု
မြန်မာပြည်မှာ စတင်လုပ်ကိုင်တဲ့အချိန်ကတည်းက  ကုမ္ပဏီမှာအလုပ်ဝင်နေတဲ့ ဒေသခံတွေကို လုပ်ငန်းခွင်တိုးတက်အောင်မြင်မှုအခွင့်အလမ်းတွေ ပံ့ပိုးပေးနိုင်ဖို့ အာရုံစိုက်လာခဲ့ပါတယ်။ ၀န်ထမ်းတစ်ဦးချင်းအလိုက် စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေဖို့ IDP လို့ခေါ်တဲ့ Individual Development Program တွေ လုပ်ပေးတယ်။ IDP ဆိုတာ ကတော့ လုပ်ငန်းကျွမ်းကျင်အောင် သင်ကြားပေးတဲ့ On-Job Training ကိုပြောတာဖြစ်ပြီး၊ ၀န်ထမ်းတွေကို ထိုင်းနိုင်ငံက ကုမ္ပဏီရုံးချုပ်ကိုခေါ်ပြီး လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။  မြန်မာပြည်မှာလုပ်ကိုင်နေတဲ့ ကုမ္ပဏီဖြစ်တာကြောင့် မြန်မာဓလေ့နဲ့ အစဉ်အလာတွေကို အလေးထားတယ်၊ မြန်မာ့ရိုးရာပွဲတော်တွေမှာလည်း ဒေသခံဝန်ထမ်းတွေနဲ့အတူ ပါဝင်ဆင်နွှဲလေ့ရှိတယ်။ မြန်မာလူမျိုးတွေကို အလေးထားကြောင်းပြတဲ့အနေနဲ့ ကုမ္ပဏီမှာ ဗုဒ္ဓဟူးနေ့တိုင်း ဗမာလိုဝတ်ရပါတယ်။   PTTEP မြန်မာအနေနဲ့ CSR အစီအစဉ်တွေလည်း အများကြီးရှိပါတယ်။ အထူးသဖြင့် ကုမ္ပဏီလုပ်ငန်း လည်ပတ်လုပ်ကိုင်ရာ ဒေသတစ်ဝိုက်မှာ CSR လှုပ်ရှားမှု တွေလုပ်ပါတယ်။ ကျွန်တော်တို့ အဓိကထားတဲ့ ကဏ္ဍတွေကတော့ စားဝတ်နေရေး၊ ပညာရေး၊ သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ယဉ်ကျေးမှု စတဲ့ ကဏ္ဍတွေ  ဖြစ်ပါတယ်။  
PTTEP အနေနဲ့ မြန်မာပြည်သူတွေအပေါ် ဂရုတစိုက် တလေးတစားရှိမှုနဲ့အတူ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို  တိုးတက်ရာတိုးတက်ကြောင်း အခွင့်အလမ်းတွေဖန်တီးပေးခြင်းအားဖြင့် သစ္စာရှိပြီး၊ တည်ငြိမ်ခိုင်မာတဲ့ Team တစ်ခုအဖြစ် ရေရှည်ထိန်းသိမ်း လာနိုင်ခဲ့ပါတယ်။
ပွင့်လင်းစပြုလာတဲ့ မြန်မာပြည်ဈေးကွက်နဲ့ ဖွံ့ဖြိုးပြီးဈေးကွက် 
ဘာတွေကွာခြားလဲ။ မြန်မာပြည်မှာကြုံတွေ့ရတဲ့ Challenge
 တွေက . . . 
ပွင့်လင်းစဈေးကွက်နဲ့ ဖွံ့ဖြိုးပြီးဈေးကွက် ကွာခြားချက်ဆိုတာက ပေါ်လစီတွေ၊ ဥပဒေတွေပေါ်မူတည်ပါတယ်။ မြန်မာပြည်လို ပွင့်လင်းစဈေးကွက်မှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ Rules & Regulations အပါအ၀င် တိုင်းပြည်ရဲ့ပေါ်လစီ အပြောင်းအလဲပေါ်မူတည်ပြီး ကိုင်တွယ်ဖြေရှင်းလုပ်ငန်းလုပ်တတ်ဖို့ အသင့်ဖြစ်ရပါမယ်။
လက်ရှိမြန်မာပြည်စီးပွားရေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ် ငန်းအခြေအနေနဲ့ အနာဂတ်အပေါ် သုံးသပ်ချက်
အခုလက်ရှိမြန်မာပြည်ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေ၊ MOGE  ကုန်းတွင်းလုပ်ကွက်စတဲ့  စီမံကိန်းငါးခုက ထုတ်လုပ်ရေးအဆင့်မှာ လုပ်ငန်းလည်ပတ်နေပါတယ်။ ဇောတိက၊ ရတနာနဲ့ ရဲတံ ခွန်စီမံကိန်းတွေကိုတော့ PTTEP က ပါဝင်လုပ်ကိုင်နေတာဖြစ်ပြီး၊ ဒီလုပ်ကွက်တွေကနေ စုစုပေါင်း တစ်နေ့ သဘာဝဓာတ်ငွေ့ ကုဗပေသန်းနှစ်ထောင်ခန့် ထုတ်လုပ်ပေးလျက်ရှိပါတယ်။ 
ကုန်ထုတ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနဲ့ ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျ လာမယ့်ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့လိုအပ်ချက်မြင့်တက်လာမယ်လို့ အသုံးပြုသူဈေးကွက်ခန့်မှန်းချက်တွေအရ သိရပါတယ်။ အဲဒီအချိန်ဟာ အခုလက်ရှိထုတ်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့တွင်းတွေ ထုတ်လုပ်မှုစတင်ကျဆင်းလာမယ့် အချိန်နဲ့လည်း တိုက်ဆိုင်နေတာကြောင့် Upstream Operator တွေအနေနဲ့ ပြည်တွင်းပြည်ပ ဈေးကွက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့မှာ စိန်ခေါ်မှုတွေ ရှိလာမှာဖြစ်ပါတယ်။ 
 (Upstream Operator (exploration and production) - ဆိုတာက မြေအောက်/ ရေအောက်ကနေ ရေနံနဲ့သဘာဝဓာတ်ငွေကို ရှာဖွေ၊ တူးယူ၊ ဖော်ထုတ်တဲ့လုပ်ငန်းတွေဖြစ်ပါတယ်။)    
 ဒီလို တိုးတက်လာတဲ့ ပြည်တွင်းပြည်ပစွမ်းအင် ကဏ္ဍလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ပါတယ်။ အဲဒီဘက်အပိုင်းမှာလည် PTTEP ကုမ္ပဏီအနေနဲ့ကလည်း ထုတ်လုပ်မှုစံချိန် ထိန်းထားနိုင်ဖို့ ဇောတိကသဘာဝဓာတ်ငွေ့တူးဖော်ရေး စီမံကိန်းလုပ်ကွက်သစ်တွေမှာ အစဉ်တစိုက်ရင်းနှီးမြှုပ်နှံ လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍ အလားအလာကောင်းတွေရှိတဲ့အတွက်  PTTEP အနေနဲ့လည်း ဆက်လက်တိုးချဲ့လုပ်ငန်းလုပ်ကိုင်သွားဖို့ရည်ရွယ်ထားပါတယ်။ 
ကုမ္ပဏီရဲ့ CSR လှုပ်ရှားမှုအထက်မှာပြောခဲ့ပြီးသလိုပဲ အဓိကလုပ်ဆောင်နေတဲ့ ကဏ္ဍလေးရပ်ရှိပါတယ်။ စားဝတ်နေရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ယဉ်ကျေးမှုစတဲ့ ကဏ္ဍတွေမှာ PTTEP က ပံ့ပိုးကူညီပေးနေပါတယ်။ ကျွန်တော်တို့ကုမ္ပဏီရဲ့ အစီအစဉ်တွေက ရည်ရွယ်ရာလူမှုအသိုင်းအ၀ိုင်းအတွက် ပြောင်းလဲအကျိုး ပြုနိုင်ဖို့၊ ရေရှည်အကျိုးဖြစ်ထွန်းမှုတွေရရှိစေဖို့ အဓိကထားပါတယ်။  
 PTTEP အဓိကလုပ်ဆောင်နေတာကတော့  ကပ်ပါး (သန်ကောင်) ပိုးမွှားကင်းစင်ရေးကျောင်းစီမံကိန်း Parasite Free School  ဖြစ်ပါတယ်။  အထူးသဖြင့် PTTEP တည်ရှိရာ အနီးတစ်ဝိုက်က စာသင်ကျောင်းတွေမှာ ၂၀၁၀ ပြည့်နှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းနေအရွယ်ကလေးတွေအတွက် ကျန်းမာရေးအသိပညာပေး အစီအစဉ်တွေ၊ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကူညီပံ့ပိုးပေးမှုကြောင့် ကပ်ပါးပိုးကြောင့်ဖြစ်ပေါ်လာတဲ့ အူလမ်းကြောင်းရောဂါ ဖြစ်ပွားမှုနှုန်းဟာ ၂၀၁၀ ပြည့်နှစ်မှာ ၄၁.၅ ရာခိုင်နှုန်း ရှိနေရာက ၂၀၁၇ ခုနှစ်အရောက်မှာ ၅.၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ 
 လက်ရှိမှာလည်း  ဒေသခံရွာတွေမှာ လယ်ယာစိုက်ပျိုးရေးကထွက်တဲ့ အော်ဂင်းနစ်စွန့်ပစ်ပစ္စည်းများမှ ဇီဝစွမ်းအင်အဖြစ် ထုတ်လုပ်တဲ့စီမံကိန်းကို  စမ်းသပ်လုပ်ဆောင်နေပါတယ်။ ဒေသခံရွာတွေမှာ သဘာဝစွမ်းအင် တစ်ခုတည်းကိုသာ မှီခိုအားထားနေရပြီး၊ ညအခါ အလင်းရောင်မရသလို၊ လောင်စာနဲ့ မီးသွေးမီးဖိုတွေကို သာ အသုံးပြုကြရပါတယ်။ ဒေသခံရွာတွေ စွမ်းအင်ရရှိရေးနဲ့ စီးပွားရေးပိုမိုလုပ်ကိုင်နိုင်အောင် ရည်ရွယ်တာဖြစ်ပါတယ်။ PTTEP အနေနဲ့ ဒီလိုစီမံကိန်းတွေကို ထိုင်းနိုင်ငံမှာလည်း အောင်အောင်မြင်မြင် လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ အလားတူ ဒီမှာလည်း အောင်မြင်အောင်လုပ်နိုင်မယ်လို့ မျော်လင့်ပါတယ်။ ကျွန်တော်တို့ မှာရှိတဲ့ နည်းပညာနဲ့ မြန်မာပြည်သူတွေကို ကူညီပံ့ပိုးပေးလိုပါတယ်။ 
 စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးမှာ ပညာရေးက အဓိကဖြစ်တာကြောင့် ပညာရေးကဏ္ဍ အကျိုးပြု လုပ်ငန်းတွေလည်း အများကြီးလုပ်ပေးပါတယ်။ PTTEP အဓိကလုပ်နေတဲ့ ပညာရေးနဲ့ပတ်သက်တဲ့ CSR လုပ်ငန်းနှစ် ခုရှိပြီး တစ်ခုက ကျောင်းသားတွေအတွက် အဆင့်မြင့်အသက်မွေးဝမ်းကျောင်းပညာ ဒီပလိုမာပညာသင်ဆု High Vocational Diploma Scholarship Programme (HVD)   ဖြစ်ပါတယ်။ ဒီဆုကတော့ အစိုးရစက်မှုလက်မှုသိပ္ပံ AGTI  (Association of Government Technical Institute ) မြန်မာကျောင်းသားတွေကို PPT Group  က ပေးတာဖြစ်ပါတယ်။ ဒီအစီအစဉ်အရ အရွေးချယ်ခံရတဲ့ ကျောင်းသားဟာ ထိုင်းနိုင်ငံ IRPC Technological College  မှာ လေးနှစ်သွားရောက် ပညာသင်ကြားခွင့်ရတာဖြစ်ပါတယ်။ HVD ပညာသင်ဆုဟာ Full Scholar ပေးတာဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ မြန်မာပြည်အတွက် HVD ပညာသင်ဆု ၁၅၀ ကျော် ပေးအပ်ခဲ့ပြီး၊ ကျောင်းသားဦးရေ ၆၈ ဦးအထိ တက်ရောက် အောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။ 
နောက်ထပ် ပညာသင်ဆုတစ်ခုဖြစ်တဲ့ နည်းပညာကျွမ်းကျင်မှုဆိုင်ရာ ပညာသင်ဆု Technical Capability Building and Development Program  ကတော့ ၂၀၁၅ ခုနှစ်မှာ စတင်ပေးအပ်ခဲ့ပါတယ်။ အဲဒီပညာသင်ဆုအစီအစဉ်အတွက် MOGE  ၊  Ministry of Labour ၊ Immigration and Population ၊ National Skills Training Centre  တို့နဲ့အတူ PTTEP Myanmar Asset က ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။  
ပညာသင်ဆုအစီအစဉ်အရ ပဏာမအဆင့် (၂၀၁၅-၂၀၁၇) အရ မြန်မာနိုင်ငံသားပေါင်း  ခုနစ်ရာကျော်ကို ဂဟေဆော်ခြင်းသင်တန်း၊ လေအေးပေးစက် တပ်ဆင်ပြုပြင်ခြင်းသင်တန်း၊ လေအေးပေးစက်အလုပ်ရုံ၊ လျပ်စစ်ပိုင်းဆိုင်ရာသင်တန်းပေးခြင်းနဲ့ ကျွမ်းကျင်မှုဆန်းစစ်ချင်းတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ 
 အဲဒီအတောအတွင်း ကုမ္ပဏီအနေနဲ့ အမေရိကန်ဒေါ်လာ ၁၆၀,၀၀၀ ကျော်အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။ ဒီငွေကြေးကို National Skills Training Centre  ရဲ့ ဂဟေဆော်ခြင်းနှင့် လေအေးပေးစက်အလုပ်ရုံသင်တန်းတို့ အတွက် ကိရိယာပစ္စည်းများ အသစ်ဝယ်ယူခြင်းတွေနဲ့ သင်တန်းတက်ရောက်ခြင်းနဲ့ သင်တန်းသားတွေအတွက် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်း (NSSA Assessment Fee) အတွက် အခကြေး ငွေပေးသွင်းခြင်းတွေအတွက် အသုံးပြုခဲ့တာဖြစ်ပါတယ်။ 
ဒီနှစ် ဖေဖော်ဝါရီလအတွင်းမှာတော့ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ဒီအစီအစဉ်အတွက် ပဏာမအဆင့်မှာသုံးခဲ့တဲ့ ငွေကြေးရဲ့ နှစ်ဆကျော်ပမာဏဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၃၈၀,၀၀၀ ကျော်ကို သုံးစွဲဖို့ လျာထားခဲ့ပါတယ်။ ဒီရန်ပုံငွေတွေကို ပြည်တွင်းကျွမ်းကျင် လုပ်သားတွေဖွံ့ဖြိုးတိုးပွားလာအောင်လုပ်ဖို့နဲ့ National Skills Training Centre  ကို ၂၀၁၈-၂၀၂၂ အထိ ငါးနှစ်တာကာလအတွင်း အဆင့်မြှင့်တင်ဖို့ အသုံးပြုသွားမှာပဲဖြစ်ပါတယ်။ 
၂၀၁၉ ခုနှစ်မှာ PTTEP မြန်မာနိုင်ငံကို ရောက်လာတာ အနှစ် ၃၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့လည်း လုပ်ငန်းပါတနာတွေနဲ့အတူ မြန်မာပြည်သူတွေကို  ကျွန်တော်တို့သိထားသမျ အသိပညာနဲ့ အတွေ့အကြုံတွေကို ဝေမျပေးပြီး၊ ပိုမိုခိုင်မာအားကောင်းတဲ့ လူမှုအဖွဲ့အစည်းဖြစ်လာအောင် ဆက်လက်စွမ်းဆောင် ထောက်ပံ့သွားဖို့ ရည်ရွယ်ထားပါတယ်။ ဒီတစ်နှစ်လုံးမှာလည်း အထူးလှုပ်ရှားမှုအစီအစဉ်တွေကို ဆက်တိုက်လုပ် ဆောင်သွားမှာဖြစ်ပါတယ်။
Credit 
#CEO_Business_and_Management_Magazine
#PTTEP_Myanmar_Asset
#Issue_March2019 
#CEO_Myanmar
Heat Stoke
Heat stroke အပူရှပ်တဲ့ လက္ခဏာများ..
* ခန္ဓာကိုယ်အပူချိန်မြင့်မယ် 
* အသားအရေ နီပြီး ခြောက်သွေ့နေမယ်
* အော့အန်မယ်
* မူးဝေမယ် ခေါင်းကိုက်မယ်
* ချွေးမထွက်ဖူး
* နှလုံးခုန်နှုန်းမြန်မယ်
* ကြောင်တောင်တောင်ဖြစ်ပြီး အာရုံစိုက်မရ ကယောင်ကတမ်းဖြစ်မယ်
* သတိမေ့လဲကျမယ် တက်မယ်
အဲဒီလက္ခဏာတွေတွေ့ရင် လူနာကို
* အရိပ်ထဲကိုသယ်ပါ
* အဝတ်တွေချွတ်ပစ်ပါ
* ရေအေးနဲ့ ရေပတ်တိုက်ပါ ဖြန်းပါ (ဂျိုင်း နဲ့ ဂွကြားတွေကို ရေခဲကပ်ပါ)
* လဲလျောင်းခိုင်းပြီး ပန်ကာဖွင့်ပါ အဲကွန်းဖွင့်ပါ
* ရေ ဒါမှမဟုတ် 100plus လို အချိုရည်တွေတိုက်ပါ
* နီးစပ်ရာ ဆေးရုံ ဆေးခန်းအမြန်ဆုံးပို့ပါ
အပူဒဏ် ရှောင်နိုင်ရန်အလို့ငှာ -
* နေပြင်းပြင်းပူသော အချိန်များတွင် အပြင်ထွက်ပါက ဦးထုပ်၊ ထီး စသည့် အကာအကွယ်များ မဖြစ်မနေဆောင်ပါ။
* အပြင်မှ ပြန်လာလျှင် ချက်ချင်းရေချိုးခြင်း၊ ရေလောင်းခြင်းများ ရှောင်ပါ။
* နေပြင်းပြင်းပူသော နေ့လည်ပိုင်းများတွင် ရေချိုးခြင်း သတိပြုပါ။
* အပူစုပ်စေသော အမည်းရောင်၊ အညိုရောင်၊ အပြာရောင် စသည့် အရောင်ရင့်ရင့် အဝတ်အစားများ၊ နိုင်လွန်၊ ပိုးချည် အဝတ်အစားများ ရှောင်ပါ။
* အပူမစုပ်ဘဲ အေးစေသော ချည်ထည်၊ အဖြူကဲ့သို့ အရောင်လွင်လွင်၊ ပွပွချောင်ချောင် အဝတ်အစားများ ဝတ်ဆင်ပါ။
* အရက်သေစာ အလွန်အကျွံသောက်သုံးခြင်းများ ရှောင်ပါ။
* အပူဒဏ်ပြင်းလွန်းနေသော အချိန်တွင် ရေခဲရေ သောက်သုံးမှုများ သတိပြုပါ။
အမေရိကားမှာ နှစ်စဉ် လူ ခြောက်ရာကျော်ခန့် အပူရှပ်လို့သေဆုံးရပါတယ်။ သတိရှိကြပါခဗျား
Naing Tun
ဝမ်းချုပ်တတ်သူများ အတွက်
(၂) သံပရာသီးကလည်း ဝမ်းချုပ်ခြင်းမှ သက်သာစေလို့ နံနက်အိပ်ရာထ အစာမစားခင်မှာ ရေနွေး တစ်ဖန်ခွက်ထဲကို သံပရာသီးတစ်လုံး ညှစ်ပြီး၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဆားအနည်းငယ် ဖျော်၍ သောက်ပါ။
(၃) ပဲသီး၊ ဟင်းနုနယ် စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနဲ့ လိမ္မော်သီး၊ သစ်တော်သီးကဲ့သို့ အရည်ရွှမ်းပြီး အမျှင်များတဲ့ သစ်သီးများ စားပါ။
(၆) နံနက်စောစော ၁၅-မိနစ်ခန့် လမ်းသွက်သွက် လျှောက်ခြင်းက အူများကို လှုပ်ရှားကာ ဝမ်းသွားစေပါတယ်။
(၁၁) အရွက်မှာ အမွေးလေးတွေပါတဲ့ ကုလားမြင်းခွာရွက်ပင်၏ အပွင့်ကို သကြားနဲ့ ကြိတ်၍စားပါ။
(၁၃) ကြက်ဟင်းခါးသီးကို ရေနံဆီဖြင့် စိမ်၍ ဝမ်းဗိုက်ကို လိမ်းပေးပါ။
(၁၄) ကြိတ်မှန်ရွက် ၂၅-ကျပ်သားကို ထန်းလျက် ၁၀-ကျပ်သား၊ အရည်ညှစ်ပြီးသော ရှောက်သီးဖတ် ၁၀- ကျပ်သား၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ၁၀-ကျပ်သား၊ စမုံမျိုးငါးပါးကို အမှုန့်နှစ်ပဲ၊ စားဆီတို့ဖြင့် ရောချက်ထားသော ကြိတ်မှန်ရွက်ယိုကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် တစ်နေ့သုံးကြိမ် စားပေးပါ။
Credit : ပေါက်ပေါက်
Unicode
(၁) နံနက်အိပ်ရာထ သောက်ရေ နှစ်​ခွက် ဆက်တိုက် သောက်ပေးခြင်းက အူူတွေကို အလုပ်လုပ်စေလို့ ဝမ်းသွားစေပါတယ်။ (နေ့စဉ် ရေရှစ်ခွက်မှ ၁၀-ခွက်အထိ သောက်တဲ့အကျင့်ကို မွေးမြူပါ)
(၂) သံပရာသီးကလည်း ဝမ်းချုပ်ခြင်းမှ သက်သာစေလိို့ နံနက်အိပ်ရာထ အစာမစားခင်မှာ ရေနွေး တစ်ဖန်ခွက်ထဲကို သံပရာသီးတစ်လုံး ညှစ်ပြီး၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဆားအနည်းငယ် ဖျော်၍ သောက်ပါ။
(၃) ပဲသီး၊ ဟင်းနုနယ် စတဲ့ အစိမ်း်ရောင် ဟင်းသီးဟင်းရွက်များနဲ့ လိမ္မော်သီး၊ သစ်တော်သီးကဲ့သို့ အရည်ရွှမ်းပြီး အမျှင်များတဲ့ သစ်သီးများ စားပါ။
(၄) အမျှင်ဓာတ် ပေါများသော ဂုန်လျှော်စေ့က အစာကြေစေပြီး ဝမ်းချုပ်ခြင်းကို သက်သာ ပျောက်ကင်းစေပါတယ်။
(၅) နွားနို့ပူပူ သောက်ခြင်းက အူမကြီးကို ကောင်းစွာ လှုံ့ဆော်ပေးတာကြောင့် ဝမ်းမချုပ်စေတော့ပါဘူး (သို့မဟုတ်) ညအိပ်ရာဝင်ခါနီး နွားနို့ပူပူထဲမှာ ထောပတ်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်း ပမာဏ ခပ်၍ သောက်ခြင်းဖြင့် နံနက်ပိုင်း ရှောရှောရှုရ ဝမ်းသက်စေပါတယ်။
(၆) နံနက်စောစော ၁၅-မိနစ်ခန့် လမ်းသွက်သွက် လျှောက်ခြင်းက အူများကိို လှုပ်ရှားကာ ဝမ်းသွားစေပါတယ်။
(၇) သဖန်းသီး၊ ပဲကတ္တီပါ၊ မြေပဲ၊ စွန်ပလွန်သီး၊ ပဲပင်ပေါက် စားပေးပါ။ (၈) မာလကာသီး (အူနီ) အမှည့်ကလည်း ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။
(၈) ကြံရည်၊ ခရမ်းချဉ်သီးနဲ့ beet root (ခေါ်) သကြား မုန်လာဥ (ခေါ်) သွေးရောင်ကဲ့သို့ မုန်လာဥနီ အလုံးတို့ကလည်း ဝမ်းသက်စေလို့ စားပေးပါ။
(၉) နံနက်တိုင်း သင်္ဘောသီးမှည့်မှည့် စားပါ။
(၁၀) ပန်းသီးကလည်း ဝမ်းချုပ်ခြင်းကို ကောင်းကျိုးပြုတဲ့ အတွက် တစ်နေ့နှစ်လုံး မှန်မှန် စားသင့်ပါတယ်။
(၁၁) အရွက်မှာ အမွေးလေးတွေပါတဲဲ့ ကုလားမြင်းခွာရွက်ပင်၏ အပွင့်ကို သကြားနဲ့ ကြိတ်၍စားပါ။
(၁၂) ကြက်ဟင်းခါးသီးကို သောက်ရေ၊ ဆားတို့နဲ့ စိမ်ပြီး သောက်ပါ။
(၁၃) ကြက်ဟင်းခါးသီးကို ရေနံဆီဖြင့် စိမ်၍ ဝမ်းဗိုက််ကို လိမ်းပေးပါ။
(၁၄) ကြိတ်မှန်ရွက် ၂၅-ကျပ်သားကို ထန်းလျက်် ၁၀-ကျပ်သား၊ အရည်ညှစ်ပြီးသော ရှောက်သီးဖတ် ၁၀- ကျပ်သား၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ၁၀-ကျပ်သား၊ စမုံမျိုးငါးပါးကို အမှုန့်နှစ်ပဲ၊ စားဆီတို့ဖြင့် ရောချက်ထားသော ကြိတ်မှန်ရွက်ယိုကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် တစ်နေ့သုံးကြိမ် စားပေးပါ။
Credit : ပေါက်ပေါက်
ရေနှင့် ရေဆိုးအတွက် အကျိုးပြု ဘက်တီးရီးယားများ
ရေနှင့် ရေဆိုးအတွက် အကျိုးပြု ဘက်တီးရီးယားများ 
"ဘက်တီးရီးယား'' လို့ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် ကျနော်တို့ဟာ ရောဂါ ဖြစ်ပွားစေတဲ့ အကောင်များ လို့ ယေဘူယျ မှတ်ယူထားလေ့ရှိကြပါတယ် ။ 
အမှန်တော့ ဒီလို မဟုတ်ပါဘူး ။ ဘက်တီးရီးယားတွေဟာ သဘာဝပတ်ဝန်းကျင် အတွက် အရေးကြီးတဲ့ အဏုဇီဝ ပိုးအမျိုးအစားတွေက အုပ်စုတစ်စု ဖြစ်ပါတယ် ။ ( အုပ်စုတစ်စုဆိုတော့ ဘယ်အုပ်စုတွေ ကျန်သေးလဲ ကိုစည် လို့ ဆိုလာခဲ့ရင်)ရှင်းပြပါမယ် ။ 
ဇီဝပိုးတွေကို အကြမ်းဖျဉ်းအားဖြင့် သရုပ်ခွဲပြရရင်
  • Macroorganisms ( မက်ခရို အော်ဂနစ်ဆင်မ်  ) သာမန်မျက်စိဖြင့် မြင်နိုင်သော ပိုးမွှား 
  • Microorganisms ( မိုက်ခရို အော်ဂနစ်ဆင်မ် ) သာမန်မျက်စိဖြင့် မမြင်နိုင်သော ပိုးမွှားများ ဆိုပြီး နှစ်မျိုးရှိသတဲ့ ။ 
  • ထပ်ပြီး သူတို့ကိုပဲ Eukaryotes နဲ့ Prokaryotes ဆိုပြီး ထပ်ခွဲသေးတယ် ။ 
Macroorganisms တွေဟာ 
-Animals 
-Plants တွေ ဖြစ်ပြီး 
Microorganisms တွေကတော့ 
- Algae 
- Fungi 
- Protozoa 
- Archaea ( prokayotes) 
- Bacteria ( prokayotes )
ဆိုပြီး ယေဘူယျ သတ်မှတ်ထားတယ် ။ 
Bacteria ( ဘက်တီးရီးယား) 
ဘက်တီးရီးယားတွေဟာ ဆဲလ်တစ်ခုတည်းနဲ့ ဖွဲ့စည်းထားတဲ့ prokayotes တွေဖြစ်တယ် ။ သဘာဝပတ်ကျင်ရဲ့ နေရာတိုင်းမှာ အဏုဇီဝပိုးတွေ ရှိကြပေမယ့် ရေနှင့် ရေဆိုးတွေထဲမှာ အများဆုံး ပါဝင်တည်ရှိနေတဲ့ အဏုဇီဝပိုးတွေဟာ ''ဘက်တီးရီးယား'' တွေပဲ ဖြစ်တယ် ။ သူတို့ထဲက အချို့တွေဟာ လူနဲ့ တိရစ္ဆာန် တွေကို ရောဂါ ဖြစ်ပွားစေတဲ့ pathogens ( ပက်သိုဂျင် ) လို့ အမည်ရတဲ့ ဘက်တီးရီးယားတွေ ဖြစ်တယ် ။
Pathogenic bacteria တွေကြောင့်
  • Salmonellosis ( အစာအဆိပ်သင့် )
  • Cholera ( ကာလဝမ်းရောဂါ  )
  • typhoid fever ( အူရောင်ငန်းဖျား)
  • legionaires ( အဆုတ်ယောင်ရောဂါ )
  • စတာတွေကို ဖြစ်ပွားစေနိုင်တယ် ။ 
၂၀၁၅ ၊ ၂၀၁၆ ရေဘေး ဖြစ်ပွားတုန်းက အရေးပေါ် ရေသန့်စင်နည်း ဆိုပြီး ရေသန့်ဘူးခွံထဲမှာ မီးသွေး ၊ သဲ ၊ ကျောက်စရစ် စတာတွေကို အဆင့်လိုက်ထည့်ပြီး ဖြတ်သန်းထားတဲ့ရေကို သောက်ဖို့ Online Media မှာ လူတော်တော်များများ shared ခဲ့ကြပါတယ် ။ အဲ့ဒီအလွယ်နည်းဟာ pathogen လိုကောင်မျိုးကို မဖယ်ရှားနိုင်ပါဘူး ။ 
သည့်အတွက် မသုံးသောက်ကြဖို့ ၊ ရေသန့်ဘူးကိုသာ သောက်ကြဖို့ လက်လှမ်းမီသလောက် ပြောခဲ့ပါသေးတယ် ။ 
 သောက်ရေသန့်စက်ရုံတွေက RO သုံးပါတယ် ၊ Nano သုံးပါတယ်ဆိုတာ ဒါကြောင့်ပေါ့ ။ 
ဘယ်လို Filtration ကို ဘယ်လို Microorganisms တွေ မဖြတ်သန်းနိုင်ဘူးလဲ ဆိုတာကတော့ နောက်မှ အာလူး ဖုတ်ပါဦးမယ် ။ ( ဤကား စကားချပ် ) 
လူ့ပတ်ဝန်းကျင် မှာ ကောင်းသူ ၊ ဆိုးသူ ဒွန်တွဲ ရှိနေသလိုပဲ ဘက်တီးရီးယားလောက မှာလည်း ဆိုးတဲ့ကောင် ၊ ကောင်းတဲ့ကောင် ဆိုပြီး ရှိနေပြန်တယ် ။ ( ဘက်တီးရီးယား ရဲတွေ မရှိဘူးလား မမေးရ ) 
ဆိုလိုချင်တာက pathogenic လို ရောဂါဖြစ်ပွားစေတဲ့ကောင်တွေရှိသလို လူတွေအတွက် ကောင်းကျိုးပြုတဲ့ ချစ်စရာ ဘက်တီးရီးယား လေးတွေလည်း ရှိနေပြန်သေးတယ် ။ ဘယ်လိုကောင်တွေလဲဆိုတော့ 
-ရေဆိုးသန့်စင်စနစ်တွေမှာ အသုံးပြုတဲ့ ကောင်တွေ 
-ရေကန် နဲ့ စမ်းချောင်းတွေမှာ သဘာဝသန့်ရှင်းရေးကောင်လို့ ခေါ်တဲ့ကောင်တွေ 
-မြေကြီးထဲက အော်ဂဲနစ်တွေကို ဆွေးမြေ့စေတဲ့ decomposer လိုကောင်တွေ ပေါ့ ။ 
Decompose ဆိုတာ ပုပ်သိုး (သို့) ဆွေးမြေ့တာကို ခေါ်တာပါ ။ 
Decomposers ဆိုတာကတော့ Microorganism တွေကို ခေါ်တာပါ ။ အထူးသဖြင့် Fungi နဲ့ Bacteria တွေပေါ့ဗျာ ။ သူတို့က Decaying matters တွေဖြစ်တဲ့ သစ်ပင်အသေတွေ ၊ တိရစ္ဆာန်အသေတွေကို စားသုံးကြပါတယ် ( decompose လုပ်တယ်ပေါ့ဗျာ ) ။ အဲ့လို decompose လုပ်တဲ့အခါ Nutrients တွေနဲ့ Mineral salts တွေကို မြေဆီလွှာထဲကို ပြန်ထုတ်ပေးပါတယ် ။ အဲ့ဒီဟာတွေကိုတော့ သစ်ပင်တွေက ပြန်လည်အသုံးပြုကြပါတယ် ။ ဒါကြောင့်မို့ ဘက်တီးရီးယားထဲမှာလည်း ကောင်းကျိုးပြု ဘက်တီးရီးယား ပါတယ်လို့ ပြောတာပေါ့ ။
ဒီကောင်တွေ သေရင် ဘက်တီးရီးယား နတ်ပြည် ရောက်မယ့် ကောင်တွေ ။ 
ရေနဲ့ ရေဆိုးထဲမှာ အရေးကြီးတဲ့နေရာက ရပ်တည်နေတဲ့ ကောင်တွေကို ဖော်ပြပါဆိုရင် 
1) Nitrifying Bacteria 
ဒီကောင်က Nitrosomonas Nitrobacter ဆိုတဲ့ မျိုးနွယ်စုက ဆင်းသက်လာတယ် ။ ဘာကောင်းကျိုးပြုသလဲ ဆိုတော့ Oxidize ( အောက်စီဂျင်နဲ့ ဓာတ်ပေါင်း ) လုပ်ပြီး Ammonia ကနေ Nitrates တွေအဖြစ် ပြောင်းပေးနိုင်တယ် ။ 
2) Denitrifying Bacteria 
ဒီကောင်မျိုးနွယ်စုက pseudomonas ( စူဒိုမိုးနက်စ်)  တဲ့ ။ Nitrite ( နိုက်ထရိုက်)  နဲ့ Nitrate ( နိုက်ထရိတ်)  တွေကို Nitrogen Gas အဖြစ် လျော့ချပေးတယ် ။ 
နိုက်ထရိုဂျင်နဲ့ ပတ်သတ်တဲ့ ဘက်တီးရီးယား တွေ ရှိသလိုပဲ ၊ Iron နဲ့ ဆက်နွယ်တဲ့ ဘက်တီးရီးယား တွေရှိတယ် ။ 
3) ဓာတ်တိုးခြင်းဖြင့် ferrous iron ကို ferric iron အဖြစ် ပြောင်းပေးတဲ့ကောင်ကို Iron Bacteria လို့ခေါ်တယ် ။ 
အလားတူပဲ 
4) Sulfur Bacteria 
5) Photosynthesis bacteria တွေဟာ ကောင်းကျိုးပြု ဘက်တီးရီးယား တွေ ဖြစ်ကြတယ် ဆိုတာ ပြောရင်း 
ခဏနားကြပါစို့ ။ 
Crdt : Si Thu
Saturday, March 30, 2019
[Zawgyi]
[Unicode]
အခြေခံလူတန်းစားကို မထိခိုက်ဖို့လိုတဲ့ လျှပ်စစ်မီတာခ နှုန်းထားသစ်
ပြည်တွင်း လျှပ်စစ်ဓာတ်အားခနှုန်းထားများ ကောက်ခံမှုကို ကြည့်လျှင် အိမ်သုံးဖြစ်ပါက ၁ ယူနစ်မှ ယူနစ် ၁၀ဝ အထိ ၃၅ ကျပ်နှင့် ယူနစ် ၂၀ဝ ကျော်လျှင် ကျပ် ၅၀ ဖြစ်သည်။  စက်မှုလုပ်ငန်းသုံးဆိုလျှင် ၁ ယူနစ်မှ ယူနစ် ၅၀ဝ အထိ ၇၅ ကျပ်ကောက်ခံပြီး သုံးစွဲမှုတိုးလာသည်နှင့်အမျှ တိုးမြှင့်ကောက်ခံပြီး အများဆုံး တစ်ယူနစ် ကျပ် ၁၅၀ အထိရှိသည်။
လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်ဖြင့် ထုတ်လုပ် လျှင် ဖြန့်ဖြူးမှုစရိတ်အပါအဝင် တစ်ယူနစ်ကို ၈၉ ကျပ်ကုန်ကျသည်။ သဘာဝဓာတ်ငွေ့ဖြင့် ထုတ်လုပ်လျှင် ဖြန့်ဖြူးမှုစရိတ်အပါအဝင် ၁၇၈ ကျပ် ကုန်ကျသည်။
လက်ရှိကောက်ခံနေသည့် တစ်ယူနစ် ဓာတ်အားခနှုန်း ထားသည် ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုကုန်ကျစရိတ်ထက် နည်းနေရာ နိုင်ငံတော်က နှစ်စဉ် ကျပ်သန်းပေါင်း ရာချီ၍ အရှုံးခံ စိုက်ထုတ်ဖြန့်ဖြူးပေးနေရသည်။ ၂၀၁၈-၁၉  ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၅၀ဝ ကျော် အရှုံးခံ စိုက်ထုတ်ရနိုင်သည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ခန့်မှန်းထားသည်။
လျှပ်စစ်ဓာတ်အားရရှိမှုသည် တစ်တိုင်းပြည်လုံး၏ ၄၃ ရာခိုင်နှုန်းကို ဖြန့်ကြက်ထားနိုင်ပြီဖြစ်ပြီး ၂၀၁၉ နှစ်ကုန်တွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိရန် လျာထားသည်။ ထိုသို့ရရှိရန်လည်း ဓာတ်အားခွဲရုံသစ်များ၊လိုင်းသစ်များ၊ ဓာတ်အားပေးစနစ်သစ်များ ယခုနှစ်ထဲတွင် ပြီးစီးမည်ဖြစ်ရာ ထုတ်လုပ်မှုအပေါ်မူတည်၍  နိုင်ငံတော်က အရှုံးခံစိုက်ထုတ်ရမှု ပိုလာမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
စက်မှုဇုန်များ ထွန်းကားရာ ရန်ကုန်၊ မန္တလေးတွင် ပြည်သူလူထုနှင့် စက်မှုဇုန် လုပ်ငန်းရှင်များသည် စီးပွားရေးအကျိုးအမြတ် ရရှိနေသော်လည်း နိုင်ငံတော်က လျှပ်စစ်ဖြန့်ဖြူးမှုအတွက် အရှုံးခံ စိုက်ထုတ်ပေးနေသော ငွေများသည် တစ်နိုင်ငံလုံးရှိ ပြည်သူများထံမှ ကောက်ခံရရှိသည့် အခွန်ဘဏ္ဍာငွေထဲမှ ပေးနေရခြင်းဖြစ်သည်။
"အခွန်ငွေကို ပေးရချင်းအတူတူ နယ်ကျေးလက်ဒေသ တွေက ကိုယ့်အိတ်ထဲက စိုက်ပြီး ကိုယ်တိုင်မီးလင်းရေးလုပ်နေရတယ်။ ဖြစ်သင့်သလား။ ကျေးလက်ပြည်သူတွေ ခါးစည်းခံပြီး ဒုက္ခရောက်နေချိန်မှာ ကျေးလက်ပြည်သူတွေကပေးတဲ့ ဝင်ငွေတွေကို မြို့ပေါ်ကလူတွေကသာသာယာယာနဲ့ အိတ်ထဲကောက်ထည့်နေတာ"ဟု ၎င်းအရာရှိက ပြောသည်။
ထိုသို့ ဈေးပေါပေါဖြင့် ရရှိထားသည့် ဓာတ်အားကို သုံးစွဲရာတွင် စည်းကမ်းမဲ့ သုံးစွဲနေသည်ဟု ဆိုသည်။
နိုင်ငံတော်က အရှုံးခံ စိုက်ထုတ်နေရမှု အခြေအနေကို ပြန်ကာမိစေရန် လျှပ်စစ်ဓာတ်အားခနှုန်းထား ပြောင်းလဲ ကောက်ခံမည်ဟု သက်ဆိုင်ရာဝန်ကြီးဌာနက တရားဝင်ထုတ်ဖော်ပြောဆိုထားပြီး နယ်ပယ်ကဏ္ဍ အသီးသီးအလိုက် လေ့လာစမ်းစစ်မှုများ ပြုလုပ်ကာ ကောက်ခံမည့်ပုံစံကို  မူကြမ်းရေးဆွဲပြီးဖြစ်သည်။
စက်မှုဇုန်များ၊ ပြည်နယ်၊ တိုင်းအစိုးရများနှင့် လွှတ်တော်သို့ ရှင်းပြထားပြီး သဘောထားမှတ်ချက် တောင်းခံမှုများ ဆောင်ရွက်ပြီးပြီဖြစ်သည်။ ၂၀၁၉ ခုနှစ်အတွင်း မီတာခနှုန်းထားသစ် ပြောင်းလဲကောက်ခံမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။
မီတာခနှုန်းထား တိုးမြှင့်ကောက်ခံရေးကိစ္စသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တစ်ခုတည်း၏ ဆုံးဖြတ်ချက်ဖြင့်မရဘဲ နိုင်ငံတော်အစိုးရအဖွဲ့ ခွင့်ပြုချက်၊ လွှတ်တော်အသီးသီး၏ ထောက်ခံချက်များဖြင့် ဆောင်ရွက်မည်ဟု ဝန်ကြီးဌာန အဆင့်မြင့်အရာရှိက ဆိုသည်။
"မီတာခကို အောက်ခြေပြည်သူလူထု ဝင်ငွေနည်းပါးတဲ့  ဆင်းရဲချို့တဲ့နေတဲ့ ပြည်သူတွေကို လုံးဝထိခိုက်မှုမရှိ အောင် အဓိကထားတဲ့ မီတာခကောက်ခံနှုန်းထား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို လုပ်မှာပါ။ ချမ်းသာပြီး အရမ်း သုံးနေတဲ့သူတွေကတော့ ကျွန်တော်တို့ရဲ့ ကုန်ကျစရိတ်ကို အခြေခံထားပြီး အရင်းတိုင်းပေးရမယ်။  အဲဒီအယူအဆကို အခြေခံထားပြီး မီတာခပြောင်းလဲရေးလုပ်မှာ"ဟု ၎င်းက ဆိုသည်။ 
လျှပ်စစ်သုံးစွဲမှုတွင် အမှန်တကယ်ထုတ်လုပ်မှု ကုန်ကျစရိတ်အတိုင်းပေးပါက နိုင်ငံအတွင်း အရှုံးခံ စိုက်ထုတ် နေရသည့်ငွေများကို ကျေးရွာပေါင်း မြောက်မြားစွာကိုလျှပ်စစ်မီး ပေးဝေနိုင်မည်ဖြစ်သည်။
"လျှပ်စစ်မပေးနိုင်တော့ အကျိုးဆက်က ရေသန့်မရဘူး။ အဝီစိတွင်း မတူးနိုင်ဘူး။ ပညာကောင်းကောင်း မသင်နိုင်ဘူး။ လမ်းကောင်းမရှိဘူး။ အဲဒါတွေကို မျက်ကွယ်ပြုပြီး လျှပ်စစ်ရတဲ့သူတွေက မီတာခတက်တာနဲ့ ဒို့အရေး ထလုပ်ရင် ကျန်တဲ့သူတွေ၊ တောသူတောင်သားတွေ၊ တောင်တန်းဒေသမှာရှိတဲ့ တိုင်းရင်းသားတွေ ချို့ချို့တဲ့တဲ့နဲ့ နေနေရတဲ့ သူတွေကို သစ္စာဖောက်ရာ ရောက်တယ်။ ဒါကို စဉ်းစားပြီး ကိုယ်ချင်းစာတရားရှိဖို့ ကောင်းတယ်"ဟု ၎င်းက ပြောသည်။
လျှပ်စစ်မီတာခနှုန်းထား တိုးမြှင့်ကောက်ခံရေးသည် စီးပွားရေးတင်မကဘဲ နိုင်ငံရေးနှင့်ပါ သက်ဆိုင်နေသည်။  
၂၀၁၇ ခုနှစ်အတွင်း အင်န်အယ်လ်ဒီအစိုးရ ထိပ်ပိုင်း ခေါင်းဆောင်အချို့က မီတာခတိုးမြှင့်ရေး ထုတ်ဖော်    ပြောဆိုခဲ့ပြီး ပြည်သူအချို့နှင့် စီးပွားရေးလုပ်ငန်းရှင် အချို့၏ ကန့်ကွက်သံများ ထွက်လာပြီးနောက်တွင် ပြန်လည်အသံတိတ်သွားခဲ့သည်။
စွမ်းအင်အသိုင်းအဝိုင်းကမူ နိုင်ငံတော်အနေဖြင့် အရှုံးခံစိုက်ထုတ်နေရမှုမှ ရုန်းထွက်ချိန်တန်ပြီဖြစ်ပြီး မီတာခနှုန်းထား အမြန်တိုးမြှင့်ကောက်ခံရေးကို ထောက်ပြခဲ့ကြသည်။ အခြေခံလူတန်းစားကို မထိခိုက်သော ကောက်ခံမည့်အစိုးရမူနှင့် နိုင်ငံတော်က နှစ်စဉ်အရှုံးခံ စိုက်ထုတ်နေရမှု အခြေအနေများကို ပြည်သူကို အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် တိုက်တွန်းပြောဆိုကြသည်။
"ဓာတ်အားခတက်ဖို့လိုပါတယ်။ သို့သော် အောက်ခြေလူတန်းစားကိုမထိဘဲ တက်ဖို့လိုပါတယ်။ မီတာခနှုန်းထား မြန်မြန်ပြောင်းဖို့ အရေးကြီးပါတယ်။ ဆုံးဖြတ်ချက်ချပါ။ ဒီအစိုးရ အခုမပြောင်းရင် နောင်နှစ်နှစ်၊ သုံးနှစ်နေရင် ပြောင်းမရဘူး"ဟု Smart group  ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင် ပြောသည်။
နိုင်ငံတော်က မီတာခနှုန်းထားများ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်နှင့် ပတ်သက်၍ စက်မှုဇုန် ၂၉ ဇုန်မှ ကိုယ်စားလှယ်ခြောက်ဦးကို ခေါ်ယူ၍ ချပြဆွေးနွေးခဲ့ရာ နှုန်းထား သစ်များကို စက်မှုဇုန်များဘက်က လက်ခံခဲ့ကြောင်း ဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် စက်မှုဇုန်ကိုယ်စားလှယ်တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
"ဈေးတက်တာကို ကျွန်တော်တို့ဘက်က ကန့်ကွက်ရန် မရှိပါဘူး။ ဒါပေမဲ့ တည်ငြိမ်ပြီး မီအားပြည့်တဲ့ လျှပ်စစ်ကိုတော့ လိုချင်ပါတယ်။ ပျက်လိုက်လာလိုက်ဆိုရင် စက်မှုဇုန်က အလုပ်လုပ်လို့မရဘူး"ဟု ၎င်းက ပြောသည်။
ဝန်ကြီးဌာနဘက်ကလည်း တည်ငြိမ်သော ဓာတ်အားနှင့် လိုအပ်သလောက် လျှပ်စစ် ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု ဆိုသည်။
မီတာခနှုန်းထား တက်မှုကို စက်မှုလုပ်ငန်းရှင်များသာ ကျခံရမည်ဆိုပါက သဘာဝ မကျဘဲ လျှပ်စစ်မီးသုံးစွဲသူတိုင်း တာဝန်ရှိရာ လျှပ်စစ်မီးကို ချွေတာသုံးစွဲရန်၊ ခေတ်မီလျှပ်စစ်ပစ္စည်းများ သုံးစွဲရန်နှင့် လျှပ်စစ်ခိုးယူသုံးစွဲမှုများကို ထိထိရောက်ရောက် အရေး ယူရန် ဝန်ကြီးဌာနသို့ အကြံပြုခဲ့သည်ဟု အဆိုပါစက်မှုဇုန်ကိုယ်စားလှယ်က ပြောသည်။
"အသေးစိတ်နှုန်းထားတွေ ကျွန်တော်တို့ကို အသိပေးထားပြီးပါပြီ။ကျွန်တော်တို့ လက်ခံနိုင်တဲ့ နှုန်းထားဖြစ်တဲ့အတွက်ကြောင့် မငြင်းခဲ့ပါဘူး။ ၃၅ ကျပ်လည်းပါမယ်။၁၅၀ လည်းပါမယ်။ အရင်က တစ်မျိုး၊ နှစ်မျိုးနှုန်းကနေ လေး၊ ငါး၊ ခြောက်မျိုးလည်း ဖြစ်ချင်ဖြစ်သွားမယ်။ ရှင်းလင်းလွယ်ကူတဲ့ နည်းလမ်းတွေနဲ့  လုပ်နေတာတွေ့ရတဲ့အတွက် ဝမ်းသာကြိုဆိုတယ်"ဟု ၎င်းက ပြောသည်။
လက်ရှိဓာတ်အားထုတ်လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၃,၈၀ဝ ခန့်သာရှိပြီး ဓာတ်အား လိုအပ်ချက်မှာ တစ်နှစ်လျှင် မဂ္ဂါဝပ် ၃၀ဝ မှ ၅၀ဝ ကြား (၁၉ ရာခိုင်နှုန်းခန့်) တိုးတက် လိုအပ်လာနေရာ နောက် သုံးနှစ်အတွင်း မဂ္ဂါဝပ် ၃,ဝ၀ဝ ခန့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)  အရ ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ဦးစားပေးဆောင်ရွက်နေသည်။ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော်နေသည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက်အရ မွန်၊ ကရင်၊ ဧရာ-ဝတီ၊ မန္တလေး၊ ရန်ကုန် စသည့် တိုင်းနှင့် ပြည်နယ် များ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၅,ဝ၀ဝ ကျော် ယခုနှစ်အတွင်း အမျိုးသားဓာတ်အားပေးစနစ်မှ လျှပ်စစ်မီးရရှိမည်ဖြစ်သည်။
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့အတွက် တည်ဆောက်ရေးလုပ်ငန်း တင်ဒါနှစ်ခုကို တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီများကို ယခုရက်ပိုင်းအတွင်း ရွေးချယ်ခဲ့ပြီး ယင်းမှ  ကျေးရွာ ၈၇၀ လျှပ်စစ်မီးရရှိမည်ဖြစ်ပြီး ထပ်မံ၍လည်း တိုးချဲ့ဖြန့်ဖြူးရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်သည်။
မီတာခနှုန်းထားများ တိုးမြှင့်ကောက်ခံနိုင်မှသာ နိုင်ငံဖွံ့ဖြိုးမှုအတွက် လိုအပ်နေသော လျှပ်စစ်ကို ဖြည့်ဆည်းနိုင်မည် ဖြစ်သကဲ့သို့ လျှပ်စစ်မီးမရရှိသေးသည့် ကျေးလက်နေပြည်သူများနှင့်  တောင်တန်းဒေသများသို့ပေးမည့် လျှပ်စစ်မီး လျာထားချက်ကိုလည်း အမြန် ရောက်ရှိနိုင်မည်ဖြစ်သည်။
“အမျိုးသားများအတွက် အူကျရောဂါပျောက်သော ဆေးနည်း”
“အမျိုးသားများအတွက် အူကျရောဂါပျောက်သော ဆေးနည်း”
ဆေးနည်းမှာ------
ရွှေဖရုံသီး၏ အညှာကို နေလှန်းပြီး အညှာအခြောက်နှင့် ဆန်ဆေးရည် သွေးကာ အူကျစဖြစ်နေ၍ ရောင်ရမ်းလာသော ကပ်ပယ်အိတ်တစ်ခုလုံးကိုလိမ်းပေးခြင်းပင် ဖြစ်ပါသည်။ 
ဤသို့ မကြာခဏ လိမ်းပေးခြင်းဖြင့် အူကျရောဂါ သက်သာပျောက်ကင်းစေပါသည်။  
နောက်တစ်နည်း-----
ဇာတိပ္ဖိုလ်သီး အဆန်ကို ကြက်ဥအကာရည်(အလယ်အဝါနှစ်မပါ)နှင့် ကျောက်ပျဉ်တွင်သွေး၍  တစ်နေ့ (၃)ကြိမ် လိမ်းပေးပါက အူကျရောဂါ  သက်သာ ပျောက်ကင်းစေပါသည်။
နောက်တနည်း......
မုတ်ခါးနဲ့သံပုရာရည် ရောလိမ်းပါ။
မုတ်ခါးကို တိုင်းရင်းဆေးဆိုင်များမှာဝယ်ယူနိုင်ပါတယ်။
မရနိုင်ပါက တစောင်းလက်ပက်ကို ဓားနဲ့ဖြတ် ထွက်လာတဲ့အစေးကို သံပုရာရည် နဲ့သွေးလိမ်းပါ။
Credit #မေသတင်းရပ်ကွက်လေး
" အူကျရောဂါ ( HERNIA) ပျောက်ဆေး "
၁။ အူကျရောဂါ ( HERNIA) ဆိုသည်မှာ
        အူကျရောဂါသည် အသက်ကြီးငယ်မရွေး ယောက်ျားများတွင် ဖြစ်တတ်ပါသည်။ အထူးသဖြင့် ပြေးလွှားလှုပ်ရှားကစားနေရသည့် အားကစားသမားများတွင် ပိုမိုအဖြစ်များပါသည်။ အူကျရောဂါဖြစ်ပါက ခွဲစိတ်ကုသရန် ကုန်ကျစရိတ်များပြားလှပါသည်။ငွေကြေးချို့တဲ့သူများအနေနှင့်  ကုသရန်မလွယ်ကူပါ။ 
          ယခုကျွန်တော် တင်ပြမည့် ဆေးနည်းမှာ အလွန်လွယ်ကူပြီး အမြန်ဆုံးပျောက်ကင်းသောဆေးနည်း ဖြစ်ပါသည်။
၂။  ဆေးလိမ်းရာတွင် ပါဝင်မုန့်ပစ္စည်း ၂ မျိုး
         ( ၁)  ဂမုန်းတိမ်ပြာဥ
         ( ၂) ဆန်ဆေးရည်
       မှတ်ချက် - ဂမုန်းတိမ်ပြာပင်သည် ပုံတွင်ဖော်ပြထားသည့်  အတိုင်းအပင်၏ အရွက်များတွင် အပြာစင်းများပါရှိရမည်။
                    - ဂမုန်းတိမ်ပြာဥကိုခွဲကြည့်ပါက ပုံတွင်ဖော်ပြထားသည့်အတိုင်း အပြာရောင်ဖြစ်ရပါမည်။
၃။ ဆေးလိမ်းနည်း
   (၁) ဂမုန်းတိမ်ပြာဥကိုဆန်ဆေးရည်ဖြင့် ကျောက်ပျဉ်ပေါ်တွင် ခပ်ပျစ်ပျစ်သွေးပါ။
  ( ၂)  ပက်လက်အနေအထားဖြင့် ဒူး၂ ဘက်ဒေါင်လျက် ကပ္ပာယ်အိတ် ၂ဖက်စလုံးအား အောက်မှအထက်သို့ ဆေးရည်ဖြင့် လိမ်းပေးပါ ( ကပ္ပာယ်အိတ်အောက်သို့ ဆေးရည်ဖြင့်ဆွဲချခြင်း လုံးဝမလုပါရန်သတိပြုပါ)  
   (၃) ဆေးလိမ်းထားစဉ်အတွင်း အနည်းဆုံး ၁၅ မိနစ်ခန့် ပက်လက်အနေအထားဖြင့်ငြိမ်နေပါ။ လိမ်းထားသောဆေးရည်များ မြန်မြန်ခြောက်စေရန် ယပ်ခတ်ပေးပါက ပိုကောင်းပါ၏။
    (၄)  ဆေးကို တစ်နေ့ ၂ ကြိမ်( နံနက်/ ည) လိမ်းပေးပါ။
၎။ အထူးအာမခံချက်
     (၁) အူကျဝေဒနာဖြစ်ခါစ (အနည်းဆုံး၁၀ ရက်ခန့်) ဆိုပါက ၃ ရက်အတွင်းပျောက်ကင်းပါသည်။ 
     ( ၂)  အူကျဝေဒနာကာလ ကြာရှည်သူများမှာ ၁လအတွင်းပျောက်ကသ်းပါသည်။
၅။ အထူးသတိပြုရန်
          ဂမုန်းတိမ်ပြာဥကိုသွေးရာတွင် ရိုးရိုးရေနှင့်မသွေးပဲ ဆန်ဆေးရည်နှင့်သွေးရခြင်းမှာ ဂမုန်းတိမ်ပြာဥသည် အနည်းငယ်ပူသော သဘောရှိခြင်းကြောင့် ဆန်ဆေးရည်ဖြင့် သွေးလိမ်းရခြင်းဖြစ်ပါသည်။
Ref: မြန်မာ့ဆေးမြီးတို
Friday, March 29, 2019
မြန်မာပြည်ရှိ တရုတ်လူမျိုး
မြန်မာပြည်ရှိ တရုတ်လူမျိုးများသည် မြန်မာနိုင်ငံတွင် မွေးဖွားသည့် သို့မဟုတ် ကြီးပျင်းသည့် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများ ဖြစ်သည်။ တရုတ်အစိုးရမှ တရားဝင်ထုတ်ပြန်ထားသည့် စာရင်းအရ မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများသည် လူဦးရေ စုစုပေါင်း၏ ၃ % ခန့်ရှိသည်ဟု သိရသည်။ လက်တွေ့တွင်မူ ဤအရေအတွက်ထက် ပိုမိုများပြားနိုင်သည်ဟု ခန့်မှန်းကြသည်။ ခွဲခြား ဆက်ဆံခြင်းခံရမည်ကို စိုးရိမ်၍ မိမိကိုယ်ကို ဗမာဟု ပြောဆိုနေသူများ၊ ကပြားများ၊ ၁၉၉၀ ပြည့်လွန်နှစ်နောက်ပိုင်း အထက်မြန်မာပြည်အတွင်းသို့ အလုံးအရင်းအလိုက် တရားမဝင် ပြောင်းရွှေ့လာသူများသည် စာရင်းတွင်ထဲတွင် ပါဝင်ခြင်း မရှိဟု ခန့်မှန်းရသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများကို စစ်ဘက်အာဏာပိုင်များနှင့် အစုအစပ် လုပ်ကိုင်နေသည် ဆိုဦးတော့ စီးပွားရေး လုပ်ငန်းအများစုကို မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများ ပိုင်ဆိုင်ကြသည်ဟု ဆိုနိုင်သည်။ ထို့အပြင် မြန်မာနိုင်ငံရှိ တရုတ်လူမျိုး အများစုသည် ပညာရေးကို အလေးထားသဖြင့် အဆင့်မြင့် ပညာရေး (တက္ကသိုလ် ပညာရေး) အထိ ဆည်းပူးသင်ယူကြသဖြင့် မြန်မာနိုင်ငံ၏ ပညာတတ် လူတန်းစားတွင်လည်း တရုတ်လူမျိုး အတော်များသည်။
လူဦးရေ
ယေဘုယျအားဖြင့် အောက်မြန်မာပြည်တွင် တရုတ်လူမျိုး အုပ်စု (၃)စုနေထိုင်ကြသည်။
ဖူကျန့်ပြည်နယ်မှ ဟုတ်ကင်လူမျိုး (အင်္ကျီရှည်၊ လက်ရှည်)
ကွမ်တုန်းပြည်နယ်မှ ကွမ်းတုန်လူမျိုး (အင်္ကျီတို၊ လက်တို)
ဖူကျန့်နှင့် ကွမ်တုန်းပြည်နယ်မှ ဟတ်ကားလူမျိုး (စက)
မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများအနက် ဟုတ်ကင်နှင့် ကွမ်တုန်းတို့မှာ ၄၅ % ခန့်ရှိသည်။ ဟတ်ကားလူမျိုးများကိုမူ ၎င်းတို့၏ မူလဌာနေကို အစွဲပြု၍ ဖူကျန့် (福建省) မှလာသူကို အင်္ကျီရှည် ဟတ်ကားနှင့် ကွမ်တုန်း (廣東省) မှလာသူကို အင်္ကျီတို ဟတ်ကားဟု ထပ်မံခွဲခြားထားသည်။ မြန်မာရှိ တရုတ်များအနက် ကွမ်းတုန်လူမျိုးများသည် အဆင်းရဲဆုံး၊ အစိုးရဝန်ထမ်းများနှင့် အချိတ်အဆက်ကောင်းသည့် ဟုတ်ကင်များသည် အချမ်းသာဆုံးဟု မြန်မာများအကြားတွင် ရှေးရိုးစွဲအမြင်များ ရှိသည်။
အထက်မြန်မာပြည်နှင့် ရှမ်းကုန်းပြင်မြင့်ဒေသတွင် အခြေချသည့် တရုတ်လူမျိုးအများစုမှာ ယူနန်ပြည်နယ်ဘက်မှ လာသည့် ယူနန်လူမျိုး၊ ပန်းသေးများနှင့် ကိုးကန့်လူမျိုးများ အဓိကဖြစ်သည်။ တောင်တန်းဒေသများတွင် တောင်ယာလုပ်ငန်းနှင့် အသက်မွေးသည့် ကိုးကန့်လူမျိုးများမှာ မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် ရှမ်းပြည်နယ် တိုင်းရင်းသားလူမျိုး တစ်မျိုးဖြစ်သည်။ လက်တွေ့တွင်မူ ကိုးကန့်တို့သည် ရှမ်းများနှင့် ဘာသာစကား အပိုင်းမှာရော၊ မျိုးရိုးအပိုင်းမှာပါ ဆက်စပ်မှု မရှိချေ။ အစ္စလာမ်ဘာသာကို ကိုးကွယ်ယုံကြည်သည့် အရောင်းအဝယ် လုပ်ငန်းဖြင့် အသက်မွေးကြသူ မူဆလင် ပန်းသေးများကိုလည်း ဒေသခံများအဖြစ် ယူဆထားသည်မှာလည်း အချိန်ကာလ အတော်လေး ကြာမြင့်ပြီဖြစ်သည်။ ကိုးကန့်နှင့် ပန်းသေးများမှာ မြန်မာရှိ တရုတ်လူဦးရေ၏ ၂၁ % ခန့်ရှိသည်။ ကျန်တရုတ်လူမျိုးများမှာ တရုတ် မြန်မာ ‘ကပြား’များ ဖြစ်ကြသည်။
ယဉ်ကျေးမှု।
ဘာသာစကား
မြန်မာရှိ တရုတ်များသည် များသောအားဖြင့် ဗမာစကားအား မိခင်ဘာသာစကားအဖြစ် ပြောဆို အသုံးပြုကြသည်။ တရုတ်ကျောင်းတက်သူများလည်း ရှိသောကြောင့် တရုတ်လို အလောတော် သို့မဟုတ် ကျွမ်းကျင်စွာ ပြောဆိုနိုင်သူလည်း မနည်းပါ။ ဖူထုန်းဟွ (အင်္ဂလိပ်လို Mandarin) ခေါ် ရုံးသုံး တရုတ်စကားအပြင် အခြား ဒေသန္တရ ဘာသာစကားများ ဖြစ်သည့် ဟုတ်ကင် (မင်နန်) စကားကို အောက်မြန်မာပြည်တွင်လည်းကောင်း ထိုင်ဆန်းကွမ်းတုန်စကားနှင့် ယူနန်စကားကို အထက်မြန်မာပြည်တွင်လည်းကောင်း ပြောဆို အသုံးပြုကြသည်ကိုလည်း တွေ့ရှိနိုင်သည်။
ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် (၁၉၆၂-၁၉၈၈)အကြားတွင် တရုတ်ကျောင်းများအား ပိတ်ပင်ခဲ့သောကြောင့် တရုတ်စကား ပြောတတ်သူ လျော့နည်းခဲ့သည်။ သို့သော်လည်း ယနေ့ခေတ် ကမ္ဘာအဝှမ်းတွင် တရုတ်စာ၊ တရုတ်စကား အရေးပါလာသောကြောင့် မြန်မာနိုင်ငံတွင်လည်း တရုတ်ကျောင်း အရေအတွက် တိုးပွားလျက်ရှိသည်။ ယင်း တရုတ်ကျောင်းများတွင် တရုတ်လူမျိုးများသာမက ဗမာနှင့် အခြားတိုင်းရင်းသား လူမျိုးများပင် တက်ရောက်သင်ယူကြောင်း တွေ့ရှိရသည်။
ကိုးကွယ်ယုံကြည်မှု
မြန်မာရှိ တရုတ်အများစုမှာ တာအိုဘာသာ၊ မဟာယာနဗုဒ္ဓဘာသာ ရောယှက်လျှက်ရှိသည့် ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသည်။ ကွမ်ယင်မယ်တော်အား ကိုးကွယ်ခြင်းမှာ သိသာထင်ရှားသည့် သာဓက တစ်ခုဖြစ်သည်။ တရုတ်နှစ်ကူး ကဲ့သို့သော တရုတ်ရိုးရာ ပွဲတော်များကိုလည်း ဘုံကျောင်းများတွင် ကျင်းပလေ့ရှိသည်။ ဘုံကျောင်းများသည်လည်း မြန်မာရှိ တရုတ်များ စုဝေးရာ၊ မိမိတို့၏ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများအား ထိန်းသိမ်းရာ နေရာ ဖြစ်သည်။ ပန်းသေးများမှာမူ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။
အမည်
မြန်မာရှိ တရုတ်အများစုသည် မြန်မာအမည်ရော တရုတ်အမည်ပါ ရှိတတ်ကြသည်။ အချို့မှာ တရုတ်အမည်နှင့် အသံထွက် ဆင်တူသည့် မြန်မာအမည် မည့်တတ်ကြသည်။ ဥပမာ မြန်မာအမည် ‘ခင်အောင်’ဟု ခေါ်သည့် တရုတ်တစ်ဦး၏ တရုတ်အမည်မှာ 慶豐 (ချင့်ဖုန်း) ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဤကဲ့သို့ တရုတ် မြန်မာ ခပ်ဆင်ဆင် အမည် မမည့်သည့် တရုတ်လည်း အများအပြား ရှိသည်။
တရုတ်တို့၏ ဓလေ့အရ မျိုးဆက်သစ်များအား ကင်မွန်းတပ်ရာတွင် မျိုးရိုးအမည်ကို ပထမဆုံး စာလုံးအဖြစ် ပေးလေ့ရှိသည်။ ရန်ကုန်မြို့ရှိ ဘုံကျောင်းတာဝန်ခံတစ်ဦး၏ အဆိုအရ ရန်ကုန်တွင် အတွေ့များသည့် မျိုးရိုးအမည်များမှာ အောက်ပါအတိုင်းဖြစ်သည်။
လီ (李)
ဖုန် (彭)
ရှီ (時)
တုန် (董)
မင် (閔)
နျို (牛)
ပျဲန်း (邊)
ရှင်း (辛)
ကွမ်း (關)
ရွှီ (徐)
ပညာရေး
မြန်မာရှိ တရုတ်များ ပညာရေးအား အလေးထားပုံကို ဆေးပညာ၊ အင်ဂျင်နီယာနှင့် ပါရဂူဘွဲ့ရသူ လူတန်းစားတွင် တရုတ်တို့၏ အချိုးအဆ များပြားသည့် အချက်မှ တွေ့ရှိနိုင်သည်။ အကယ်၍ မြန်မာနိုင်ငံ၏ နိုင်ငံသားစိစစ်ရေးကဒ် (တိုင်းရင်းသား မှတ်ပုံတင်ကဒ်) မရှိသူ အက်ဖ်အာစီကဒ် ကိုင်ဆောင်သူ တရုတ်များ တက္ကသိုလ်တွင် ဆေး၊ အင်ဂျင်နီယာကဲ့သို့ အသက်မွေးဝမ်းကျောင်း လိုင်းမတက်ရဟု ကာလကြာမြင့်စွာ ပိတ်ပင်ထားခြင်း မရှိလျှင် အဆင့်မြင့် ပညာအရည်အချင်းဘွဲ့များ ရရှိသူ တရုတ်ဦးရေ အခုထက် ပိုမိုများပြားနိုင်ခြေ ရှိသည်။ ယနေ့တွင် ပြည်တွင်း ကန့်သတ်ချက်များကြောင့် ငွေကြေးတတ်နိုင်သည့် တရုတ်လူမျိုး မိဘများသည် မိမိတို့၏ သားသမီးများအား ထိုင်း၊ မလေး၊ စင်္ကာပူ သို့မဟုတ် အမေရိက စသည့် နိုင်ငံခြားတိုင်းပြည်များသို့ ပို့ဆောင်ကာ တက္ကသိုလ် ပညာကို ဆက်လက် ဆည်းပူးစေသည်။
သမိုင်း
သမိုင်းမှတ်တမ်းများအရ တရုတ်လူမျိုးများ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်သည့် အစောဆုံးကာလမှာ တရုတ် ဆုန့်မင်းဆက် (အေဒီ ၉၆၀ မှ ၁၂၇၉)၊ ပုဂံခေတ်ကာလ ဝန်းကျင်တွင် ဖြစ်သည်။ ၁၈ ရာစုနှစ်ပိုင်းတွင် မင်မင်းဆက်မှ သမီးတော်တစ်ဦးသည် လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကိုးကန့်ဒေသတွင် အခြေချခဲ့သည်။ တရုတ်ကုန်သည်များမှာမူ ဧရာဝတီမြစ်ဝှမ်းရှိ ဗန်းမော်မြို့အထိ သွားရောက် ကူးသန်းရောင်းဝယ်ကြသည်။ ထိုစဉ်က မြို့တော် အမရပူရမြို့တွင် အခြေချ နေထိုင်လာကြသည်။ ၁၈၅၉ ခုနှစ် မင်းတုန်းမင်းက မြို့တော်ကို အမရပူရမြို့မှ မန္တလေးမြို့သို့ ပြောင်းရွှေ့ချိန်တွင် တရုတ်ရပ်ကွက်သာလျှင် အမရပူရတွင်ပင် နေရစ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
၎င်းတို့၏ နောက်လာနောက်သားများသည် ဒေသခံများနှင့် စုလျားရစ်ပတ်ကြကာ အမရပူရမြို့ခံ ဖြစ်လာတော့သည်။ မြန်မာနိုင်ငံသို့ အလုံးအရင်းလိုက် ပြောင်းရွှေ့သည့် တရုတ်လူမျိုး နောက်တစ်သုတ်မှာ ၁၈၀၀ ပြည့်နှစ် နောက်ပိုင်း ဗြိတိသျှ ကိုလိုနီခေတ်တွင် ဖြစ်သည်။ ဗြိတိသျှ ကိုလိုနီအစိုးရက တရုတ်နှင့် အိန္ဒိယနိုင်ငံသားများ မြန်မာသို့ ပြောင်းရွှေ့ နေထိုင်ရေးကို အားပေးသည်။ ထို့အပြင် ကြီးပွားချမ်းနိုင်သည့် အခွင့်အလမ်းများလည်း ရှိသောကြောင့် တရုတ်လူမျိုး အမြောက်အမြား မြန်မာပြည်သို့ ရောက်လာကြသည်။ တချို့မှာ မလေးရှားနိုင်ငံမှ တစ်ဆင့် ရောက်လာကြသည်။
ထို့နောက်တွင် အမြတ်အစွန်းများသည့် ဆန်စပါးနှင့် ကျောက်မျက် ရောင်းဝယ်ရေး လုပ်ငန်းများတွင် တရုတ်တို့ ဝင်ရောက်လာသည်။ နောက်ပိုင်းတွင် ကုန်သည်ကြီးများ ဖြစ်လာသည့် အပြင် လက်လီ၊ လက္ကား လုပ်ငန်းရှင်းကြီးများ ဖြစ်လာကြသည်။ ၎င်းတို့၏ အောင်မြင်ပုံကို ငွေကို တရုတ်လိုရှာ၊ ကုလားလိုစု၊ ဗမာလို မဖြုန်းနဲ့ ဟူသည့် အဆိုတွင် ထင်ဟပ်ပြသ နေသည်။ မြန်မာပြည်ရောက် တရုတ်များသည် ဒေသခံများနှင့် ဆက်ဆံရေး ကောင်းမွန်သည်ကိုလည်း တရုတ်တို့အား မြန်မာတို့၏အခေါ် ပေါက်ဖော် ဆိုသည့် ဝေါဟာရမှ သိရှိနိုင်သည်။
၁၉၄၉ ခုနှစ် တရုတ်ကွန်မြူနစ်တို့က ကွန်မင်တန်ပါတီနှင့် တိုက်ခိုက်သည့် ပြည်တွင်းစစ်ပွဲကို အနိုင်ရကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်စဉ် မြန်မာနိုင်ငံသည် တရုတ်ကွန်မြူနစ်အား ပထမဦးဆုံး အသိအမှတ်ပြုသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ သို့သော်လည်း ထိုစဉ်က မြန်မာအစိုးရသည် မြန်မာပြည်တွင်းရှိ တရုတ်များအား နိုင်ငံခြားသားများ အဖြစ် ဆက်ဆံခဲ့သည်။ မြန်မာပြည်ရှိ တရုတ်လူမျိုးများအား နိုင်ငံခြားသားကတ်(FRCကတ်) များ ထုတ်ပေးပြီး တရုတ်နိုင်ငံသားဟု သတ်မှတ်ကာ အခွင့်အရေး အမျိုးမျိုးကို ကန့်သတ် ထားသည်။ မြန်မာပြည်ရောက် ကုလား (အိန္ဒိယနိုင်ငံသား) များကိုလည်း အလားတူပင် ပြု မူ ဆက်ဆံခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ အကြီးအကဲ ဖြစ်လာသည်။ သူကိုယ်၌က တရုတ်သွေးစပ်သည့် ကပြား ဖြစ်သော်လည်း မြန်မာပြည်တွင်း၌ တရုတ်စာ သင်ကြားမှုကို ပိတ်ပင်ခဲ့သည်။ တရုတ်များ မြန်မာပြည်မှ ထွက်ခွာသွားရန် နည်းအမျိုးအမျိုးဖြင့် ကြံစီခဲ့သည်။ ထိုစဉ်အခါက ဖြစ်ပွားခဲ့သည့် တရုတ် – ဗမာ လူမျိုးရေး အဓိကရုဏ်းကို နေဝင်းအစိုးရက ကန့်လန့်ကာနောက်ကွယ်မှ အားပေးအားမြောက်ပြုသည်ဟု အများက ယုံကြည်ထားကြသည်။တရုတ်ကွန်မြူနစ်ပါတီက ဗမာပြည်ကွန်မြူနစ်ပါတီကို အားပေးထောက်ပံ့ကြောင့် တန်ပြန်ခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။ ပြည်သူလူထုမှာ လူသုံးကုန်ပစ္စည်းရှားပါးခြင်း၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်ခြင်း၊ ငွေကြေးဖောင်းပွခြင်း စသည့် ပြဿနာများမှ လူမျိုးရေး အဓိကရုဏ်းဘက်သို့ အာရုံပြောင်းသွားကြသည်။
ဗိုလ်ချုပ်နေဝင်းက မြန်မာပြည်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ကျင့်သုံးခဲ့ပြီး အရပ်သားပိုင် ပစ္စည်းဥစ္စာများနှင့် လုပ်ငန်းများကို ပြည်သူပိုင်သိမ်းခဲ့သည်။ တရုတ်ကျောင်းများအပါအဝင် ကျောင်းအားလုံး ပြည်သူပိုင် အသိမ်းခံရသည်။ တရုတ်ပိုင် လုပ်ငန်းများ အသိမ်းခံရပြီးနောက် တရုတ်လူမျိုး ၁ သိန်းခန့်သည် မြန်မာပြည်ကို စွန့်ခွာကာ အခြားတိုင်းပြည်များသို့ ရွှေ့ပြောင်း သွားကြသည်။ ဗိုလ်ချုပ်နေဝင်းလက်ထက်တွင် ဤကဲ့သို့ ခွဲခြားဆက်ဆံမှုများအပြင် စီးပွားရေး ချွတ်ခြုံကျလာသောကြောင့် တရုတ်အတော်များများသည့် တိုင်းတစ်ပါးသို့ ပြောင်းရွှေ့ကုန်ကြသည်။
ယနေ့ မြန်မာပြည်တွင် ကျန်ရစ်နေသည့် တရုတ်များသည် အများအားဖြင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပဲခူး စသည့် မြို့ကြီးများနှင့် အနီးတစ်ဝိုက်တွင် နေထိုင်ကြသည်။ Global Witness ၏ စာရင်းအရ မန္တလေးမြို့လူဦးရေ၏ ၃၀ % ခန့်မှာ တရုတ်လူမျိုးများ ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံမှာ ထင်ရှားခဲ့တဲ့ မြန်မာပြည်ဖွား တရုတ်လူမျိုးများမှာ( ဝီကီပီဒီယာမှာ ဖော်ပြချက်)
နိုင်ငံရေးနှင့် အစိုးရ
————————–
● နေဝင်း (ခ) ရှုမောင် (ဟတ်ကား) နိုင်ငံ့ခေါင်းဆောင် ၊ ၁၉၆၂-၁၉၈၈
● အောင်ကြီး (ဟုတ်ကင်) စစ်ရေးခေါင်းဆောင်၊ နေဝင်း၏ လက်ထောက်ဟောင်း၊ ၆၂ စစ်အာဏာသိမ်းခေါင်းဆောင်တဦး
● စန်းယု (ဟတ်ကား) နိုင်ငံတော်သမတ ( ၁၉၈၁-၁၉၈၈ )
● ခင်ညွန့် (ဟတ်ကား) ဝန်ကြီးချုပ် (၂၀၀၃-၂၀၀၄)၊ ထောက်လှန်းရေးအကြီးအကဲ (၁၉၈၃-၂၀၀၄)
● ကက်စိန် ၊ ကျန်းမာရေးဝန်ကြီးဟောင်း
● ကျော်မြင့် ၊ ကျန်းမာရေးဝန်ကြီး
● ဖုန်ကြားရှင် (ယူနန်)၊ ကိုးကန့်အထူးဒေသခေါင်းဆောင်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ခေါင်းဆောင်
● ကျော်ဘ (ယူနန်) ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဟောင်း
စီးပွားရေး
—————
● အော်ဘွန်းဟော် (ဟတ်ကား) ကျားဘမ်းပုရုပ်ဆီ တီတွင်သူ
● အော်ဘွန်းပါး (ဟတ်ကား) အော်ဘွန်းဟော့၏ ညီ
● ကျော်မြင့်၊ မြန်မာမေဖလားဝါးဘဏ် တည်ထောင်သူ
● ပီတာချူး (ခ) ဝင်းသန်း (ခ) ကျိုးယုံမင် (ယူနန်)၊ HTC ဖုန်းကုမ္ပဏီရဲ့ CEO ဥက္ကဋ္ဌ
● ဇွန်ဟောင် (ဟတ်ကား) ပရဟိတနှင့်ပညာပေး
● ထွန်းမြင့်နိုင် (ကိုးကန့်), စီးပွားရေးသူဌေးကြီး
● ကျော်ဝင်း ..Sky Net & ရွှေသံလွင်ကုမ္ပဏီ
အခြားသူများ
—————-
● အက်ဒွပ်မိုက်ကယ် လောရုံ ၊ မြန်မာသတင်းစာဆရာ၊ သည်နေးရှင်း သတင်းစာတိုက် တည်ထောင်သူ
● ခွန်ဆာ (ကိုးကန့်)၊ အရှေ့တောင်အာရှမူးယစ်ဘုရင်
● လော်စစ်ဟန် (ကိုးကန့်)၊ အရှေ့တောင်အာရှမူးယစ်ဘုရင်
● ငွေကိုင် ၊ အလင်္ကာကျော်စွာဘွဲ့ရ ပန်းချီဆရာကြီး
● တော်စိန်ခို (ဟုတ်ကင်) ရှေးဟောင်းသုတေသနဌာန၏ ထင်ရှားသော ညွန်ကြားရေးမှူးချုပ် (၁၉၀၁-၁၉၁၅)
● မိုးစက်ဝိုင် (ခ) ရန်ရှင်းရုံ (ယူနန်)၊ Miss Universe မြန်မာ ၂၀၁၃
● သော်ကောင်း, မြန်မာသမိုင်းပညာရှင်
ယနေ့ခေတ် အချိန်အခါတွင်မူ ပြည်မ တရုတ်နိုင်ငံနှင့် အဆင်မပြေမှုများကြောင့် တရုတ်ဆိုသည်နှင့် ပြည်မက တရုတ်လူမျိုးများနှင့် တွဲမမြင့်သင့်ပေ။ မြန်မာနိုင်ငံ၌ နေထိုင်သော တရုတ်လူမျိုးများသည် မြန်မာနိုင်ငံသားများ ဖြစ်ကြပေရာ လူမျိုးနှင့် နိုင်ငံသား ဖြစ်တည်မှုမှာ မတူညီပေ။ လူမျိုးနှင့် နိုင်ငံသား ကွဲပြားမြင်သင့်ပေသည်။ စင်္ကာပူ၌ နေထိုင်သော တရုတ်များသည်လည်း စင်္ကာနိုင်ငံအတွက်သာ ကြိုးစားကြပေသည်။ ကမ္ဘာ့နံပါတ် ၁ ကြက်တောင်ကစားသမား လီချူံဝေ သည်လည်း မလေးရှားနိုင်ငံသား တရုတ်လူမျိုးပင် ဖြစ်ပေသည်။ နိုင်ငံရပ်ခြားမှ တရုတ်လူမျိုးများသည်လည်း သူ့နည်သူဟန်ဖြင့် နိုင်ငံသားအဖြစ် ခံယူထားသော နိုင်ငံများကို အကျိုးပြုလျက် ရှိပေရာ တရုတ်ချင်းတူသော်လည်း ခံယူထားသော နိုင်ငံသားချင်း မတူညီပေ။
 ထို့ကြောင့် မြန်မာနိုင်ငံ၌ နေထိုင်သော တရုတ်လူမျိုးတို့တွင် ကောင်းသောသူလည်း ရှိလိမ့်မည် ဆိုးသောသူလည်း ရှိလိမ့်မည်။ သို့သော် တစ်ဦးတစ်ယောက်ချင်း၏ ဗီဇလက္ခာသည် တမျိုးသားလုံးကို ကိုယ်စားမပြုသည်ကို ဂရုပြုသင့်ပေသည်။ မြန်မာပြည်ဖွား တရုတ်လူမျိုးတိုင်းသည်လည်း မြန်မာနိုင်ငံကို ချစ်မြတ်နိုးတတ်ကြသည်။ မြန်မာဘောလုံးအသင်း ရှုံးလျှင်လည်း ဝမ်းနည်းတတ်ကြသည်။ နိုင်လည်း ဝမ်းသာတတ်ကြသည်။ မြန်မာမကောင်းကြောင်း ပြောလျှင်လည်း ချေပတတ်ကြသည်။ ဤသည်ကား မျိုးချစ်စိတ်ဓာတ်ထက် အမြင်ကျယ်သော နိုင်ငံချစ်စိတ်ဓာတ်ပင် ဖြစ်ပေသည်။ သစုန့်ခေတ် စစ်သူကြီး ယွဲဖေးပြောခဲ့သည့် စကားအတိုင်း 盡忠報國 နိုင်ငံတော်အပေါ် သစ္စာရှိစွာ အလုပ်အကျွေး ပြုရပေမည်။
Ref:http://www.lwinpyin.com/2017/04/in-myanmar-cheness.html
၂၀၁၉ ခုနှစ်အတွင်း လျှပ်စစ်မီတာခ ပြောင်းလဲကောက်ခံမည်
၂၀၁၉ ခုနှစ်အတွင်း လျှပ်စစ်မီတာခ ပြောင်းလဲကောက်ခံမည်
Myanmar Business Directory
  • ပြည်တွင်း လျှပ်စစ်ဓာတ်အားခ နှုန်းထားတွေ ကောက်ခံမှုကို ကြည့်ရင် အိမ်သုံးဖြစ်ပါက ၁ ယူနစ်မှ ယူနစ် ၁၀ဝ အထိ ၃၅ ကျပ်နဲ့ ယူနစ် ၂၀ဝ ကျော်ရင် ကျပ် ၅၀ ဖြစ်ပါတယ်။ 
  • စက်မှုလုပ်ငန်းသုံးဆိုရင် ၁ ယူနစ်မှ ယူနစ် ၅၀ဝ အထိ ၇၅ ကျပ်ကောက်ခံပြီး သုံးစွဲမှုတိုးလာတာနဲ့အမျှ တိုးမြှင့်ကောက်ခံပြီး အများဆုံး တစ်ယူနစ် ကျပ် ၁၅၀ အထိရှိပါတယ်။
  • လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်နဲ့ ထုတ်လုပ်ရင် ဖြန့်ဖြူးမှုစရိတ်အပါအဝင် တစ်ယူနစ်ကို ၈၉ ကျပ်ကုန်ကျပြီး သဘာဝဓာတ်ငွေ့နဲ့ ထုတ်လုပ်ရင် ဖြန့်ဖြူးမှုစရိတ်အပါအဝင် ၁၇၈ ကျပ်ကုန်ကျပါတယ်။
  • လက်ရှိကောက်ခံနေတဲ့ တစ်ယူနစ် ဓာတ်အားခနှုန်းထားဟာ ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုကုန်ကျစရိတ်ထက် နည်းနေရာ နိုင်ငံတော်က နှစ်စဉ် ကျပ်သန်းပေါင်းရာချီပြီး အရှုံးခံ စိုက်ထုတ်ဖြန့်ဖြူးပေးနေရပါတယ်။ ၂၀၁၈-၁၉  ဘဏ္ဍာနှစ်မှာ ကျပ်သန်း ၅၀ဝ ကျော် အရှုံးခံစိုက်ထုတ်ရနိုင်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။
တစ်တိုင်းပြည်လုံးရဲ့ ၄၃ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အား ဖြန့်ကြက်ထားနိုင်ပြီဖြစ်ပြီး ၂၀၁၉ နှစ်ကုန်ရင်တော့ တစ်နိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိဖို့ လျာထားပါတယ်။ ဒီလိုရရှိအောင်လည်း ဓာတ်အားခွဲရုံသစ်များ၊ လိုင်းသစ်များ၊ ဓာတ်အားပေးစနစ်သစ်များ အခုနှစ်ထဲမှာ ပြီးစီးမှာဖြစ်ရာ ထုတ်လုပ်မှုအပေါ်မူတည်ပြီး နိုင်ငံတော်က အရှုံးခံစိုက်ထုတ်ရမှု ပိုလာမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောပါတယ်။
နိုင်ငံတော်က အရှုံးခံစိုက်ထုတ်နေရမှု အခြေအနေကို ပြန်ကာမိစေဖို့ ၂၀၁၉ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားခနှုန်းထား ပြောင်းလဲကောက်ခံမယ်လို့ သက်ဆိုင်ရာဝန်ကြီးဌာနက တရားဝင်ထုတ်ဖော်ပြောဆိုထားပြီး နယ်ပယ်ကဏ္ဍ အသီးသီးအလိုက် လေ့လာစမ်းစစ်မှုတွေ ပြုလုပ်ကာ ကောက်ခံမယ့်ပုံစံကို  မူကြမ်းရေးဆွဲပြီးဖြစ်ပါတယ်။
မီတာခနှုန်းထား တိုးမြှင့်ကောက်ခံရေးကိစ္စဟာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန တစ်ခုတည်းရဲ့ ဆုံးဖြတ်ချက်နဲ့မရဘဲ နိုင်ငံတော်အစိုးရအဖွဲ့ ခွင့်ပြုချက်၊ လွှတ်တော်အသီးသီးရဲ့ ထောက်ခံချက်များနဲ့ ဆောင်ရွက်မယ်လို့ ဝန်ကြီးဌာန အဆင့်မြင့်အရာရှိက ပြောပါတယ်။
လျှပ်စစ်သုံးစွဲမှုမှာ အမှန်တကယ်ထုတ်လုပ်မှု ကုန်ကျစရိတ်အတိုင်းပေးပါက နိုင်ငံအတွင်း အရှုံးခံစိုက်ထုတ်နေရတဲ့ ငွေတွေကို ကျေးရွာပေါင်း မြောက်မြားစွာစီ လျှပ်စစ်မီး ပေးဝေနိုင်မှာဖြစ်ပါတယ်။
နိုင်ငံတော်က မီတာခနှုန်းထားတွေ တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး စက်မှုဇုန် ၂၉ ဇုန်မှ ကိုယ်စားလှယ်ခြောက်ဦးကို ခေါ်ယူကာ ချပြဆွေးနွေးခဲ့ရာ နှုန်းထားသစ်တွေကို စက်မှုဇုန်များဘက်က လက်ခံခဲ့ကြောင်း ဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့ စက်မှုဇုန်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)  အရ ၂၀၂၁ ခုနှစ်မှာ တစ်နိုင်ငံလုံးရဲ့ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၆ ခုနှစ်မှာ ၇၅ ရာခိုင်နှုန်းအထက်နဲ့ ၂၀၃၀ ပြည့်နှစ်မှာတော့ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ဦးစားပေးဆောင်ရွက်နေပါတယ်။
ဒါ့ပြင် ကမ္ဘာ့ဘဏ်ချေးငွေနဲ့ အကောင်အထည်ဖော်နေတဲ့ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်အရ မွန်၊ ကရင်၊ ဧရာဝတီ၊ မန္တလေး၊ ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၅,ဝ၀ဝ ကျော်မှာ အခုနှစ်အတွင်း အမျိုးသားဓာတ်အားပေးစနစ်မှ လျှပ်စစ်မီးရရှိမှာဖြစ်ပါတယ်။
မီတာခနှုန်းထားတွေ တိုးမြှင့်ကောက်ခံနိုင်မှသာ နိုင်ငံဖွံ့ဖြိုးမှုအတွက် လိုအပ်နေတဲ့လျှပ်စစ်ကို ဖြည့်ဆည်းနိုင်မှာဖြစ်သလို လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးလက်နေပြည်သူတွေနဲ့  တောင်တန်းဒေသတွေကို ပေးမယ့်လျှပ်စစ်မီး လျာထားချက်ကိုလည်း အမြန်ရောက်ရှိနိုင်မှာဖြစ်ပါတယ်။
Source: The Myanmar Times
မြန်မာပြည် Hakka တရုတ်တွေများ
Hakka people
တရုတ်ကြီး ဦးနေဝင်း၊ တရုတ်မြေး အေးနေဝင်း(မိဘဘိုးဘွား ဇာတိမှန်ကို ဖုံးကွယ်ခြင်းသည် ကျေးဇူးကန်းခြင်း၊ ကျေးဇူးတရားကို မသိခြင်း ဖြစ်၏။)
ဦးနေ၀င်း၏ မိဘများကို စာအုပ်အသီးသီး၌ ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဟု ဖော်ပြနေသော်လည်း ဖခင် ဦးဖိုးခမှာ တရုတ်နိုင်ငံ၊ ကွမ်တုန်းပြည်နယ်နှင့် ဖူကျန်းပြည်နယ် ဟတ်ကား (Hakka) (စက) လူမျိုး ဖြစ်ပြီး၊ ၀က်ကုန်သည်ဟု ၀ါရင့် နိုင်ငံရေးသမားကြီးနှင့် ဗဟိုတရားရုံးချုပ် ရှေ့နေကြီး နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်ရ မွန်ဦးဖိုးချိုက စာရေးသူအား ပြောပြဖူးသည်။
ဤနေရာ၌ အနည်းငယ် ရှင်းပြလိုပါသည်။ ယေဘုယျအားဖြင့် မြန်မာပြည်တွင် တရုတ်လူမျိုး အုပ်စုသုံးစု ၀င်ရောက်နေထိုင်လာကြသည်။ (၁) ဖူကျန့်ပြည်နယ်မှ ဟုတ်ကင်လူမျိုး (အင်္ကျီလက်ရှည်၊ လက်ရှည်)၊ (၂)ကွမ်တုန်းပြည်နယ်မှ ကွမ်တုန်းလူမျိုး(အင်္ကျီလက်တို၊ လက်တို)နှင့် (၃) ဖူးကျန့်နှင့် ကွမ်တုန်ပြည်နယ်မှ ဟတ်ကားလူမျိုး (စက)တို့ ဖြစ်ကြသည်။ ဦးနေ၀င်း၏ဖခင် ဦးဖိုးခသည် အရှည်လည်း မဟုတ်သလို အတိုလည်း မဟုတ်သည့် လက်စကလူမျိုးဖြစ်သည်။
မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများအနက် “ဟုတ်ကင်” နှင့် “ကွမ်တုန်” တို့မှာ ၄၅ ရာခိုင်နှုန်းခန့် ရှိသည်။ “ဟတ်ကား” လူမျိုးများကိုမူ ၄င်းတို့၏ မူလဌာနေကို အစွဲပြု၍ ဖူကျန့်မှလာသူကို အင်္ကျီရှည် ဟတ်ကားနှင့် ကွမ်တုန်မှလာသူကို အင်္ကျီတို ဟတ်ကားဟု ထပ်မံခွဲခြားထားသည်။ မြန်မာပြည်ရှိ တရုတ်များအနက် ကွမ်တုန် လူမျိုးများသည် အဆင်းရဲဆုံး၊ အစိုးရ၀န်ထမ်းများနှင့် အချိတ်အဆက် ကောင်းသည့် ဟုတ်ကင်များသည် အချမ်းသာဆုံးဟု မြန်မာများ အကြားတွင် ရှေးရိုးစွဲ အမြင်များရှိသည်။
အထက်မြန်မာပြည်နှင့် ရှမ်းကုန်းပြင်မြင့် ဒေသတွင် အခြေချသည့် တရုတ်လူမျိုး အများစုမှာ ယူနန်ပြည်နယ်ဘက်မှ လာသည့် ယူနန်လူမျိုး၊ ပန်းသေးများနှင့် ကိုးကန့်လူမျိုးများသည် အဓိက ဖြစ်သည်။ ကိုးကန့်နှင့် ပန်းသေးများမှာ မြန်မာပြည်ရှိ တရုတ်လူမျိုးဦးရေ၏ ၂၁ ရာခိုင်နှုန်းခန့် ရှိသည်။ ကျန်တရုတ်များမှာ တရုတ် မြန်မာကပြားများ ဖြစ်ကြသည်။
ဦးနေ၀င်းသည် တရုတ်သွေးပါသော်လည်း ၄င်းသည် တရုတ်သွေး လုံးဝမပါဟု အခါအခွင့်သင့်တိုင်း ငြင်းချက်ထုတ်လေ့ရှိသည်။ ဒေါက်တာမောင်မောင် ရေးသားခဲ့သော “မြန်မာ့နိုင်ငံရေး ခရီးနှင့် ဗိုလ်ချုပ်ကြီးနေ၀င်း”စာအုပ် စာမျက်နှာ ၄၃၇ ၌ပင် ဦးနေ၀င်းက
“ဒီတော့ ကျွန်တော်တစ်ခုပဲ ပြောချင်တယ်။ ကြုံတုန်းကို ကျွန်တော့်ဘိုးဘီ၊ ကျွန်တော် မှတ်မိသလောက်ပေါ့။ သုံးဆက်လေးဆက်ရှိအောင် ကျွန်တော်တို့မှာ နိုင်ငံခြားသွေး တစ်သွေးမှ မပါပါဘူး။ ဘာသွေးမှမပါဘူး။ ဟုတ်လား။ အဲဒီတော့ ဒီသွေးပါတယ် မပါဘူးဆိုတာ ဗမာအယူအဆ၊ ဗမာအတွေးအခေါ်။ ဒါကလေး ကျွန်တော် နည်းနည်း ပြောပြချင်တယ်။ ဒီဗမာလည်း နတ်တင်တယ်။ တရုတ်လည်း နတ်တင်တယ်။ ဟုတ်လား အဲဒီတော့ ဗမာတင်တဲ့နတ်နဲ့ တရုတ်တင်တဲ့နတ်ဟာ တူသလားဗျာ။ သူတို့က ကျစ်ဆံနီတို့ ဘာတို့ပေါ့။ ကျွန်တော်သိသလောက် ဒီ့အပြင် ဘာတွေ မသိတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ တစ်တွေဟာ ကျွန်တော့် မိဘဘိုးဘွား၊ ဒီတလိုင်းနတ် သူတို့ပြောတာပါပဲ။ ဒါဘယ်လောက်မှန်သလဲတော့ မပြောတတ်ဘူး။ တလိုင်းနတ်ထဲတောင်မှ ခပ်ညံ့ညံ့ပါဗျာ။ ငါးရံ့နဖားကြိုး ထိုးတဲ့နတ်။ အဲဒါ ငါးရံ့နဖားကြိုး ထိုးပြီး တင်ရတယ်။ နတ်တင်တဲ့ အမျိုး ဘယ့်နှယ်လုပ်ပြီး တရုတ်ဖြစ်မလဲဗျ” ဟူ၍ ငြင်းချက်ထုတ်ခဲ့သည်။
ဦးနေ၀င်း တရုတ်မဟုတ်ကြောင်း သိသိချည်းနှင့် ဗြောင်လိမ်ပေးခဲ့သူမှာ ဦးညိုမြဖြစ်သည်။ သူသည် အိုးဝေဂျာနယ် အမှတ် ၁၇ (၁၉၆၉ ဧပြီလ ၁၅ရက်) ထုတ်၌ မောင်သုမန ကလောင်ကွဲဖြင့် “ဗိုလ်ချုပ်ကြီးနေ၀င်း တရုတ်ဆိုသူ အဖေမှာ ထိုးကွင်းကြီးနဲ့ ခေါင်းစဉ်တပ်ရေးသားကာ ဓာတ်ပုံနှင့်တကွ ဖော်ပြ၍ အမှန်တရားကို ဖုံးဖိပေးခဲ့သည်။ ယင်းအတွက် ဦးညိုမြအား ဦးနေ၀င်းက ကျေးဇူးဆပ်သည့် အနေဖြင့် ဆိပ်ကမ်းသာလမ်း (အရှေ့)၌ တိုက်ခန်းတစ်ခန်း ၀ယ်ပေးခဲ့သည်။
အမှန်မှာ ဦးညိုမြ၏ အိုးဝေဂျာနယ်၌ ရိုက်ကူးဖော်ပြခဲ့သော ဦးဖိုးခ ခါးတောင်းကျိုက် ဓာတ်ပုံမှာ ဘာထိုးကွင်းမှ မပါရှိပေ။ ထိုစဉ်က အိုးဝေဂျာနယ်တွင် သတင်းထောက် ၀င်ရောက်လုပ်ကိုင်နေသော စာရေးဆရာကြီး တက္ကသိုလ်စိန်တင်က ဦးညိုမြခိုင်း၍ သူကိုယ်တိုင်ဓာတ်ပုံတွင် မင်ဖြင့် ထိုးကွင်းပုံများ ရေးဆွဲပေးခဲ့ရကြောင်း စာရေးသူအား ပြောပြခဲ့ပါသည်။ မယုံလျှင် ယနေ့တိုင် တက္ကသိုလ်စိန်တင်သည် သက်ရှိထင်ရှား ရှိနေသေး၍ မေးမြန်းစုံစမ်းနိုင်ပါသည်။ (စကားချပ်)
သန်းဝင်းလှိုင်
ပဲနွယ်ကုန်းမြို့မှ ကွယ်လွန်သူ ဦးအန်းကူက ဦးနေဝင်းရဲ့ မိဘနှစ်ပါးလုံးဟာ တရုတ်စစ်စစ်တွေဖြစ်ကြောင်းနဲ့ သူတို့နေတဲ့ တရုတ်ပြည်က ရွာအမည်၊ အဖေ၊ အမေနဲ့ ဦးနေဝင်းတို့ရဲ့ တရုတ်အမည်တွေအားလုံးကို ကျနော့ကို ပြောပြခဲ့ပါတယ်။ ကျနော်က ရေးမှတ်မထားခဲ့မိဘူး။ 
ဦးနေဝင်းရဲ့ လက်စွဲတော်တစ်ဦးဖြစ်တဲ့ ဦးချစ်လှိုင်ကလည်း ဦးနေဝင်းက သူတို့မိသားစုတွေဟာ ကနောင်မင်းဆက်ဖြစ်တယ်လို့ ပြောခဲ့ကြောင်း ရေးခဲ့ပြန်တယ်။
အောင်တင်
TIGER BALM HISTORY AND TIM CHIN TSONG PALACE HISTORY IN MYANMAR!
https://www.academia.edu/31998133/TIGER_BALM_HISTORY_AND_TIM_CHIN_TSONG_PALACE_HISTORY_IN_MYANMAR
Prominent political leaders
My grandfather is Hakka. The origin of Hakka is found in the central plains. The Hakka Cultural Center opens at the Zhengdong Economic Center. I will reveal a statue of my grandfather in the cultural center to promote the Hakka spirit. - Sun Huifang, granddaughter of Sun Yat-sen, founding father of modern China (2003) [112]
  • Lee Kuan Yew, founding father of modern Singapore; first Prime Minister of Singapore, 1959–1990
  • Lee Hsien Loong, Prime Minister of Singapore, 2004–present
  • Yap Ah Loy, founder, modern Kuala Lumpur, capital of Malaysia, 1860s
  • Leong Fee, first Chinese member, Federal Legislative Council, Malaysia, 1909[97]
  • Low Fang Pak, founder and President, Hakka Republic of Lanfang in West Kalimantan, Indonesia, 1777–1795; the republic lasted for 107 years from 1777 to 1884 and had twelve presidents who are all Meixian Hakkas
  • Basuki Tjahaja Purnama (Chung Ban Hok), first ethnic Chinese Governor of Jakarta, capital of Indonesia, which is considered to be the third most powerful position in Indonesia serving from 2014–2017 (after he was charged for blasphemy and his defeat in the gubernatorial elections)[98][99]
  • Hasan Karman, first Chinese Mayor in Indonesia, 2007–2012
  • Sok An,[100] Deputy Prime Minister, Cambodia, 2004–present
Tiger balm
https://www.academia.edu/31998133/TIGER_BALM_HISTORY_AND_TIM_CHIN_TSONG_PALACE_HISTORY_IN_MYANMAR
Aw Boon Haw
Aw Boon-Haw (Chinese: 胡文虎; pinyin: Hú Wénhǔ; Pe̍h-ōe-jī: Ô͘ Bûn-hó͘; 1882 in Rangoon, British Burma – 1954 in Hawaii), OBE, was a Burmese Chinese entrepreneur and philanthropist best known as founder of Tiger Balm. He was a son of Hakka herbalist Aw Chu-Kin, with his ancestral home in Yongding County, Fujian Province, China.
Career
In 1926, Aw migrated to Malaysia,[citation needed] where he began the business of Tiger Red Balm with his brother, Aw Boon-Par. Aw also founded several newspapers, including Sin Chew Jit Poh in Singapore and Sin Pin Jit Poh in Penang (both currently based in Malaysia); and Sing Tao Daily (which dates back to 1938 and is currently based in Hong Kong). Aw moved to Hong Kong during the Japanese occupation of Singapore[citation needed] and managed the business from there, while his brother stayed in Singapore until he closed down the factory and went to Rangoon. Aw returned to Singapore[citation needed] after the end of World War II and re-established his business.
Hakka community
The Hakka community is the fourth-largest Chinese dialect group in Singapore. According to the 2010 Singapore census, the Hakkas made up about 8 percent of the Chinese resident population.1 Originating from southern China, the Hakkas were already in Singapore by the early 19th century.2 A famous Singapore-born Hakka was the late Minister Mentor Lee Kuan Yew, who is credited as instrumental in transforming Singapore from third-world country to a thriving metropolis.3
Background
At the time of Singapore’s founding in 1819, there were only about 30 Chinese among a population of 150. By 1827, the Chinese had become the largest group of inhabitants, outnumbering even the Malays. The Chinese population, by 1840, was large enough for at least four dialect groups to be identified, and the Hakka was one of them.4
The ancestors of the Hakkas originated from the provinces of Henan and Shanxi in north China, migrating south during the Yuan (1279–1368) and Ming (1368–1644) dynasties. The name “Hakka”, or Khek, which the community is also known as, literally means “guest people”.5 They were associated with this name during the Ming dynasty when the provinces where they finally settled in classified them as “guest inhabitants” to distinguish them from the local residents.6 Their migration to Singapore was an extension of their southward movement within China, which had resulted in large populations of Hakkas in the southern provinces of Fujian and Guangdong.7
The community in Singapore was once concentrated in areas like South Bridge Road, North Bridge Road and Lorong Tai Seng (in Paya Lebar). However, like the other Chinese dialect groups, they are now spread all over the island.8
Trades
The Hakka immigrants were involved in agriculture when they first arrived in Singapore, especially in the cultivation of pepper and gambier.9 They also ventured into, and later dominated, the Chinese medicine business. It has been said that in the 1920s, the largest Chinese medicine halls were owned by Hakkas.10 A famous Hakka in the Chinese medicine business was the late Aw Boon Haw, an eminent philanthropist and community leader who was also known as the “Tiger Balm King”, after the brand of Chinese medicated balm that he founded together with his brother Aw Boon Par.11 
Another trade in which the Hakkas dominated was pawn broking. A Hakka by the name of Lan Qiushan (蓝秋山) is considered a pioneer in the local pawn broking industry. In 1872, Lan set up a pawn broking business with his friend at Silat Road. The Hakkas continued to dominate the industry in the 20th century, mainly because of the preference towards Hakkas when existing operators chose their business partners and employees, and the fact that their network consisted primarily of the Hakkas.12
Hakka women are noted for their resilience and independent nature.13 In the early days, many Hakka women worked in construction sites and wore head gear similar to those of the samsui women. However, unlike the samsui women who wore red head gear, the Hakka women wore head gear in blue or grey colours or with floral patterns.14
Temples and associations
The Fook Tet Soo Khek Temple, built by the first Hakka immigrants for the deity Tua Pek Kong, is believed to have existed since the founding of Singapore by Sir Stamford Raffles in 1819.15 This makes it possibly the oldest Taoist temple here. Better known as the Wang Hai Da Bo Gong Miao (望海大伯公庙), it is located at the foot of the former Mount Palmer off Shenton Way.16 Another early temple built by the Hakkas was the Fuk Tak Chi Temple (福德祠) at Telok Ayer Street. This was established together with the Cantonese community in the early 1820s and was also dedicated to Tua Pek Kong.17 It has since been converted into a museum.18
One of the oldest Hakka clan associations in Singapore is Ying Fo Fui Kun (应和会馆), established in 1822.19 Ying Fo Fui Kun began as a temple serving the needs of Hakka immigrants, but its founder Liu Runde (刘润德) had envisaged it as a public institution that would not only provide welfare services – the conventional role of a clan association – but also act as a kinship bridge between Hakka communities in Singapore and China.20
Ying Fo Fui Kun looked after the welfare of its members, including making funeral arrangements for deceased members.21 In 1905, it opened the Yin Sin School, which was then considered a modern Chinese school, to provide education for the children.22 The clan house has undergone major renovations several times, but has remained at its original site in Telok Ayer. It was restored extensively from 1997 to 1998 and gazetted as a national monument in 1998.23 The house features inscriptions and carvings from the 19th century; the oldest artefact which can be dated is an 1841 inscribed couplet.24 In 2010, it was reported that the building was affected by the construction of the Mass Rapid Transit’s Downtown Line, and cracks on the building were visible.25 The building was closed in 2013 for repair works and scheduled to re-open as a free public gallery in 2016.26
Practices
Hakka dishes traditionally reflect the lifestyle of the ancestors. Being migrants, they were constantly on the move, so they used salt to preserve their food, hence salt features strongly in Hakka dishes.27 An example of such a dish is salt-baked chicken.28 Rice wine is another common ingredient in Hakka food. Rice wine was a popular beverage of the community in ancient days as it helped them fight the cold of the north. Hakka cuisine also features many meat dishes. This reflects the farming background of many Hakkas, who ate a lot of meat to provide nourishment and bolster their strength for the back-breaking farm work.29
Certain dishes are specific to the province that the Hakka immigrants came from. For example, suan pan zi (算盘子) or “abacus seeds” – a dish consisting of flattened pieces of yam fried with tiny pieces of shrimp, mushrooms, bean curd strips and minced pork – originated from Dapu in southeast China.30 This and other traditional Hakka dishes would often be served at the Chinese New Year reunion dinner.31
The dish yong tau fu (酿豆腐), in particular, is a staple reunion dinner dish. This is because the ancestors of the Hakkas came from north China, where dumplings were often served during Chinese New Year. Upon migrating to south China where wheat was not grown, they could not produce flour to make dumplings. Thus, they made yong tau fu as a replacement.3
*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***
ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!