Popular Posts!

Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

Thursday, May 9, 2019

ရာသီဥတုပူပြင်းတဲ့အချိန်မှာ သတိထားသင့်တဲ့ မျက်စိနာရောဂါ (သို့) မျက်မြှေးရောင်ရောဂါ

ရာသီဥတုပူပြင်းတဲ့အချိန်မှာ သတိထားသင့်တဲ့ မျက်စိနာရောဂါ (သို့) မျက်မြှေးရောင်ရောဂါ


 


အချိန်အခါမရွေး ဖြစ်ပွားနိုင်ပေမယ့် ရာသီဥတုအပြောင်းအလဲဖြစ်တဲ့အချိန်နဲ့ ရာသီဥတုပူပြင်းတဲ့ အချိန်တွေမှာဆိုရင်တော့ ဖြစ်ပွားမှုပိုများတယ်လို့ မျက်စိအထူးကုဆရာဝန်ကြီးတွေက ဆိုပါတယ်။မျက်စိနာရောဂါနဲ့ပတ်သက်လို့ ပြည်သူတွေ သတိပြုကာကွယ်နိုင်ဖို့ရည်ရွယ်ပြီး ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးနဲ့ ဆေးတက္ကသိုလ်(၁)၊မျက်စိရောဂါပညာဌာနက မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ခင်ဥမ္မာခိုင်ကို မြန်မာတိုင်း(မ်)က တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

မျက်စိနာရောဂါ(သို့) မျက်မြှေးရောင်ရောဂါ(Conjunctivitis) ဆိုတာ Adeno ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များတယ်လို့ မျက်စိအထူးကု ဆရာဝန်ကြီးတွေက မှတ်ချက်ပေးကြပါတယ်။အကြမ်းဖျင်းအားဖြင့် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ကြောင့်ဆိုပြီး မျက်စိနာဖြစ်တာ နှစ်မျိုးရှိပြီးဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ မျက်စိနာရောဂါ (Viral Conjunctivitis)က ၈ဝ ရာခိုင်နှုန်းအထိရှိတယ်လို့ သိရပါတယ်။

Q-မျက်စိနာရောဂါဖြစ်ပွားနိုင်တဲ့ အကြောင်းရင်းတွေကို ပထမဦးစွာ သိရှိလိုပါတယ်?

A-ပူတဲ့ရာသီနဲ့ရာသီဥတုအပြောင်းအလဲဆိုရင် ဗိုင်းရပ်စ်တွေကကြွတတ်တယ်။ အဲဒီအခါ မျက်စိနာတာအဖြစ်များပါတယ်။ ဆေးပညာအခေါ်ဆိုရင်တော့ မျက် မြှေး ရောင် တယ်ပေါ့။ မျက်စိနာတာက ဘက်တီးရီးယားကြောင့်ဖြစ်တာက ခပ်နည်းနည်း၊ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာက ပိုများပါတယ်။များသောအားဖြင့် ဗိုင်းရပ်စ်တွေကတော့ ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာရှိနေပေမဲ့ အဓိကကတော့ ကျွန်မတို့က အရာဝတ္ထုတွေကို လက်နဲ့ကိုင်တွယ်တဲ့အခါမှာမျက်စိနာတဲ့သူတွေရဲ့ရောဂါပိုးတွေက အဲဒီကနေတစ်ဆင့်ကူးတတ်ပါတယ်။ မျက်စိကနေ မျက်စိကို မကူးတတ်ဘူး။ ကိုယ့်လက်ကနေ မျက်စိကိုသွားထိတဲ့ ကိစ္စက အရေးကြီး တယ်။ ဒါကြောင့် လက်ကိုခဏခဏဆေးဖို့လိုတယ်။ ကိုယ်က မျက်စိမနာပေမဲ့ လက်နဲ့မျက်စိကိုထိခဲ့ရင် ကိုယ့်လက်ကနေ ရောဂါပိုးကူးတတ်ပါတယ်။ မျက်စိယားလို့ လက်နဲ့ပွတ်တာတွေက မကောင်းပါဘူး။ မျက်စိနာတဲ့အထဲမှာ Viral Conjunctivitis က အရမ်းကူးစက်လွယ်တယ်။ မျက်လုံးတစ်ဖက်တည်း ဖြစ်ချင်ဖြစ်မယ်၊ နှစ်ဖက်စလုံးလည်းဖြစ်တတ်တယ်။ ဒီလိုဖြစ်လာပြီဆိုလို့ရှိရင် ကိုယ့်ဘေးနာကလူတွေကို ကူးလွယ်တယ်။ နောက်တစ်ခုက အိမ်တွေမှာ မျက်နှာသုတ်ပဝါတွေကို မျှဝေသုံးစွဲတာတွေရှိပါတယ်။ အဲဒီလိုတူတူသုံး တယ်ဆိုလို့ရှိရင် နောက်တစ်ယောက်ကို ကူးမှာပဲ။ ဒါ့ပြင် Eye makeup စတဲ့ အလှကုန်အသုံး အဆောင်တွေကိုအတူတူသုံးတာကနေလည်းတစ်ဆင့် ကူးတာတွေရှိပါတယ်။နောက်တစ်ခုက ရေကူးကန်တွေပေါ့။ နွေရာသီကျောင်းပိတ်ရက်ဆိုရင် ရေကူးကြတာတွေလည်းများတယ်။ ကလိုရင်းသေချာခပ်ထားတဲ့ ရေကူးကန်တွေကတော့ အကြောင်းမဟုတ်ဘူး။ အဲဒါကြောင့် ကိုယ့်ကလေးမျက်စိနာနေရင် မလွှတ်ပါနဲ့လို့ ကျွန်မတို့ပြောတာတွေရှိပါတယ်။ အများနဲ့ထိတွေ့တော့ ဒီရေကူးကန်တွေကလည်း ကူးစက်နိုင်ပါတယ်။

Q-မျက်စိနာဖြစ်ရင်တွေ့ရမယ့် ရောဂါလက္ခဏာတွေကို သိပါရစေ?

A-မျက်စိနာတာက စစချင်းတော့ မျက်လုံးထဲမှာ ခိုးလိုးခုလုဖြစ်သလိုရှိတယ်။ မျက်စိကအောင့်သလိုနဲ့ နေရထိုင်ရခက်တော့ မျက်လုံးကို ပွတ်တာတွေ ရှိတယ်။ ပွတ်တဲ့အခါမျက်စိကနီရဲလာတယ်။မျက်ခွံလေးတွေ နည်းနည်းဖောင်းလာတယ်။ မျက်ဝတ်လေးတွေ ထွက်လာတယ်။ မျက်ဝတ်က အရောင်ဝါဝါကြီးတွေ မထွက်ဘူး။ Viral Conjunctivitis က မျက်ဝတ်မထွက်ဘဲ မျက်ရည်ကျတယ်။ မျက်ဝတ်ထွက်တယ်ဆိုရင်လည်း အရမ်းဝါထိန်တာမျိုးမဟုတ်ဘဲ ခပ်ကြည်ကြည်ပဲ။ မျက်ဝတ်ဆိုတာက ခန္ဓာကိုယ်မှာမျက်စိက နေရထိုင်ရခက်ရင် ကိုယ်ခန္ဓာကိုယ်တိုင်က မျက်ဝတ်ကို ထုတ်ပေးရတာဖြစ်ပါတယ်။

Q-မျက်စိနာရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ အမြင်အာရုံကို ကျစေလားဆိုတာ သိလိုပါတယ်?

A-မျက်စိနာတာဟာ ပုံမှန်ဆိုရင်တော့ အမြင်အားမကျပါဘူး။ တော်ရုံတန်ရုံ မျက်စိနာတာအစပိုင်းဆိုလို့ရှိရင် မျက်ဝတ်လေးရှိလို့ မျက်ရည်လေးကျလို့ ကြည့်ရခက်တာပဲ ရှိပါတယ်။ အမြင်အားကတော့ အပြည့်ကောင်းတယ်။ တချို့ကျတော့ ဗိုင်းရပ်စ်ရောဂါကြောင့် မျက်မြှေးရောင်တာတင်မကတော့ဘဲနဲ့ တစ်ပတ်၊ နှစ်ပတ် လောက်ကြာတဲ့အခါ မျက်ကြည်လွှာပေါ်မှာ အစက် အပြောက်လေးတွေဖြစ်တတ်တယ်။ အဲဒီအခါကျရင်တော့ အမြင်အားကျပါတယ်။ ကြည့်ရတာ ဝါးတားတားဖြစ်နေတယ်။ နေရောင်ထဲထွက်ရင် မခံနိုင်ဘူး။

Q-မျက်စိနာရင် ပျောက်ကင်းဖို့အချိန်ဘယ်လောက်ထိ ကြာတတ်ပါလဲ?

A-မျက်စိနာတာကတော့ ဘက်တီးရီးယားကြောင့်နဲ့ ဗိုင်းရပ်စ်ကြောင့်နာတာဆိုပြီး အကြမ်းဖျင်းနှစ်မျိုးရှိတယ်။ ဘက်တီးရီးယားကြောင့် မျက်စိနာတာကတော့ ငါးရက်ကနေ ခုနစ်ရက်လောက်ဆို ကောင်းတာပဲ။ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရင်တော့ သူ့ထက်ပိုကြာနိုင်ပြိး နှစ်ပတ်ကနေ သုံးပတ်အတွင်း ကြာနိုင်တယ်။မျက်စိနာတာက အချိန်မရွေးဖြစ်တယ်။ ဒါပေမဲ့လူအများစုဖြစ်တတ်တဲ့ ကာလလေးတွေတော့ရှိတာပေါ့။ ရာသီဥတုအပြောင်းအလဲနဲ့ အခုလိုနွေရာသီဆို ပိုဖြစ်တယ်။ ဒီရောဂါက တစ်နှစ်မှာနှစ်ကြိမ်၊ သုံးကြိမ်လောက်ဖြစ်နိုင်တယ်။ ရာသီဥတုပူပြင်းရင်တော့ ပိုများတာပေါ့။

Q-ဘယ်လို အသက်အရွယ်မျိုးတွေမှာ ပိုဖြစ်တာတွေ့ရလဲဆိုတာ သိရှိလိုပါတယ်?

A-များသောအားဖြင့် ဗိုင်းရပ်စ်ကြောင့်မျက်စိနာတာ ကတော့ လူလတ်နဲ့ လူငယ်ပိုင်းတွေမှာဖြစ်တာ များတယ်။ အိမ်ထဲမှာပဲနေတဲ့ သက်ကြီးဘိုးဘွားတွေထက် စာရင် အပြင်နဲ့အထိအတွေ့များတဲ့သူတွေက ပိုဖြစ်တယ်။ကလေးနဲ့လူကြီးဆိုရင် ကလေးတွေရဲ့ကိုယ်ခံအားက လူကြီးလောက်မကောင်းတော့ ကလေးတွေမျက်စိနာရင် တော်တော်ဆိုးတယ်။ မျက်ခွံတွေကဖောင်းရောင်ပြီး တော့ နှစ်ဖက်စလုံးလည်းဖြစ်တတ်တယ်။ မျက်စိကလည်း ရဲတွက်နေတတ်ပါတယ်။

Q-မျက်စိနာရောဂါကို ဘယ်လိုကုသရပါသလဲဆိုတာ သိပါရစေ?

A-တကယ်တမ်းပြောရရင် မျက်စိနာတာဟာ ဆေးကုကု၊မကုကု သူ့ဘာသာသူ ကောင်းပါတယ်။ သူ့အလိုလိုပြန်ကောင်းတဲ့ရောဂါထဲမှာပါတယ်။ ဆေးခပ်ခပ်၊ မခပ်ခပ် ကောင်းတယ်။ ဒါပေမဲ့ တချို့မျက်စိနာတာက ဘက်တီးရီးယားကြောင့်နာပြီး သုံးရက်ထက်ပိုလာမယ်၊ မျက်ဝတ်တွေလည်း အများကြီးထွက်လာပြီး မျက်စိနာတာလည်း ဆိုးလာဆိုရင်တော့ ဆေးခတ်ဖို့လိုပါတယ်။ဗိုင်းရပ်စ်ကြောင့်ဆိုလို့ရှိရင်လည်း သူ့ဘာသာသူ ကောင်းလေ့ရှိတယ် ။ မျက်စိနာတဲ့ ကာလအတွင်းမှာဗိုင်းရပ်စ်ကိုကုနိုင်တဲ့ဆေးဆိုတာလည်း မရှိဘူး။ ဘက်တီးရီးယားမှာတော့ ရှိတယ်။ ပဋိဇီဝဆေး ( antibiotic) တွေနဲ့ ဘက်တီးရီးယားတွေကိုကုတယ်။ symptomatic treatment လို့ခေါ်တဲ့ သက်သာအောင်၊ နေသာအောင် ကုတဲ့ကုထုံးတွေနဲ့လည်း ကုတယ်။ဥပမာ မျက်ခွံကြီးတွေက ရောင်ပြီးတော့ရဲနေတယ်ဆိုရင် ရေခဲအုပ်တာမျိုးပေါ့။ အအေးဓာတ်ပေးတယ်။ ရေခဲအုပ်ခြင်းအားဖြင့် သွေးကြောတွေက ကျုံ့တဲ့အခါကျတော့ ရောင်တာလည်း သက်သာတယ်။ နီတာလည်း သက်သာတယ်။ နာတာလည်း သက်သာတယ်။နောက်တစ်ခုက မျက်ရည်အတုပေါ့။ မျက်စိက နေရခက်တဲ့အခါကျရင် မျက်စဉ်းလေးခတ်လိုက်ရင် ဖြေသာတယ်။ မျက်ရည်တုတွေက လူတွေကို အန္တရာယ် လည်းမရှိဘူး။ လူကိုနေသာအောင် ခတ်တာဆိုတော့ မျက်ရည်တုဆေးတွေ သုံးလို့ရပါတယ်။တကယ်လို့များ တချို့ဗိုင်းရပ်စ်တွေက သိပ်ပြင်းပြီးတော့ မျက်စိရောင်လွန်းရင်တော့ ကျွန်မတို့က အရောင်ကျတဲ့ဆေး (စတီးရွိုက်)တွေ ပေးရတယ်။ viral ကြောင့်ဖြစ်တဲ့ မျက်စိနာတဲ့ဟာဆိုရင် ဘက်တီးရီးယားပါ ကာကွယ်တဲ့အနေနဲ့ စတီးရွိုက် သတ်သတ်မပေးဘဲ စတီးရွိုက်နဲ့ ပဋိဇီဝဆေးကိုပါတွဲပြီးပေးတယ်။ မျက်ကြည်လွှာပေါ်မှာ အစက်အပြောက်လေးတွေဖြစ်လာရင်တော့ စတီးရွိုက်ကိုသုံးဖို့လိုအပ်ပါတယ်။ ဒီလိုပေးခြင်းအားဖြင့် စတီးရွိုက်ရဲ့အာနိသင်ကြောင့် ရောင်ယမ်းတာတွေသက်သာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗိုင်းရပ်စ်က နှစ်ပတ်ကနေ သုံးပတ်အထိကြာနိုင်ပါတယ်။

Q-မျက်စိနာမဖြစ်အောင် ဘယ်လိုပြုမူနေထိုင်သင့်ပါသလဲ?

A-ရိုးရိုး Viral Conjunctivitis ကတော့ စိတ်ပူစရာမရှိပေမဲ့ အခြားအခြားသော အကြောင်းတွေဆိုရင်တော့ သတိထားရမှာတွေတော့ ရှိပါတယ်။ အဓိကကတော့ ကိုယ့်အနီးအနားမှာ မျက်စိနာတဲ့သူရှိနေရင် ကိုယ့်လက်နဲ့မျက်စိကိုမထိဖို့ဘဲ။ သူ့မျက်စိကနေ သူ့လက်၊ သူ့လက်ကနေအခြားလူကိုကူးနိုင်တော့ ကာယကံရှင်က လက်ကိုခဏခဏဆေးဖို့လိုပါတယ်။ ဒါ့ကြောင့် လက်ဆေးတဲ့ကိစ္စက အဓိကပါပဲ။ရာသီဥတုရဲ့အပူဒဏ်က သိပ်များရင်ကျန်းမာတဲ့သူဖြစ်ပစေ ကိုယ်ခံအားက ကျသွားတတ်ပါတယ်။ ဒါ့ကြောင့်အပူဒဏ်ကို ကာကွယ်တဲ့နေထိုင်တာတွေလည်း လုပ်သင့်တယ်။ ဒီလိုအချိန်တွေမှာဆိုရင် ရောဂါကအရမ်းကူးလွယ်လို့ သတိထားရပါမယ်။

Q-ဖြည့်စွက်ပြောစရာရှိရင်လည်း ပြောပေးစေလိုပါတယ်?

A-အဓိကကတော့ ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာ မျက်စိနာတယ်ဆိုရင် ဒါအဖြစ်များတဲ့ ကာလလို့ပဲ သတ်မှတ်ရမှာပေါ့။ ကိုယ့်အနီးအနားမှာ မျက်စိနာတယ် ဆိုတာ တော်တော်များများဖြစ်လို့သာ နာတာလေ။ အကုန်လုံးမှာ ကာကွယ်ရေးက အဓိကပဲဖြစ်တော့ လက်ဆေးမယ့်ကိစ္စတွေကိုပဲ အဓိကပြောချင်ပါတယ်။နောက်တစ်ခုက လူနာတွေကိုအဓိကနားလည်အောင်ပြောရတာက မျက်စိနာဖြစ်ရင် သူသူကိုယ်ကိုယ် ချက်ချင်းကောင်းချင်တယ်။ အဲဒီတော့အရမ်းမျှော်လင့်ကြပါတယ်။ဆေးခန်းတစ်ခု၊ ဆေးရုံတစ်ခုကိုသွားပြရင် သူတို့က ပုံမှန်ဆေးထည့်လိုက်ရင် တစ်ရက်၊ နှစ်ရက်ဆို ကောင်းမယ်လို့ထင်ကြတယ်။ သူတို့ကြိုပြီးတော့ မျှော်လင့်တဲ့ ကိစ္စတွေကိုကျွန်မတို့က သူရဲ့သဘာဝအတိုင်းမျှော်လင့်ဖို့ သတိပေးရတယ်။ဒါမျိုးက နှစ်ပတ်(သို့မဟုတ်)သုံးပတ်အထိကြာတတ်တယ်။ မျက်ကြည်လွှာမထိရင် အမြင်ကတော့မဝါးဘူး။ တကယ်လို့များ အမြင်ဝါးလာတယ်၊ နေရောင်စူးလာတယ်ဆိုရင်လည်း သက်ဆိုင်ရာမျက်စိဆရာဝန်ကြီးတွေဆီမှာ ပြသဖို့ လိုပါတယ်။နောက်တစ်ခုက မျက်စိအရမ်းနာရင် မျက်လုံးအတွင်းက သွေးကြောတွေရောင်ပြီး မျက်ရည်တွေက သွေးရည်ကြည်လိုမျိုး မျက်ရည်တွေကျတတ်ပါတယ်။ သွေးရောင်လေးတွေ ထွက်တတ်တယ်။ ဒါကို လူတွေက အရမ်းကြောက်တတ်ပါတယ်။ ဒါလည်း အမြင်အားကောင်းနေရင် အရမ်းကြီးမစိုးရိမ်ရပါဘူး။ နောက်တစ်ခုမှာ ချင်တာက မျက်စိနဲ့ပတ်သက်တဲ့ဆေးတွေဆိုရင် ကိုယ်ဘာသာကိုယ် မဝယ်ဘဲ ဆရာဝန်တွေရဲ့ အကြံပြုချက်နဲ့သာ ဝယ်သင့်၊သုံးသင့်ပါတယ်။

==========

Wednesday, May 8, 2019

ဆောက်ပါလို့လည်းမပြောဘုး မဆောက်နဲ့လို့လည်းမပြောဘူး! သဘာဝပတ်ဝန်းကျင်မဟုတ်ရင် စဉ်းစားသင့်တဲ့အချက်တချက်!

ဆောက်ပါလို့လည်းမပြောဘုး မဆောက်နဲ့လို့လည်းမပြောဘူး! 

သဘာဝပတ်ဝန်းကျင်မဟုတ်ရင် စဉ်းစားသင့်တဲ့အချက်တချက်!






မန္တလေး စစ်ကိုင်း အလယ်ပိုင်းရေလွှမ်းသွားမယ်။ ဧရာဝတီအထိတောင် ရေလွှမ်းမယ် ဆိုပြီး ပြောတယ်။ မြစ်ဆုံရဲ့ ရေလှောင် မျက်နှာပြင်က ၁၇၃ စတုရန်းမိုင်ရှိပြီး ကချင်ပြည်နယ်အကျယ် ၃၄၃၇၉ စတုရန်းမိုင် ရှိတယ်။ အဆ ၂၀၀နီးပါး ကွာနေတယ်။ မြစ်ဆုံထဲက ရေအကုန်ထုတ်ပြီး ဖြန့်ခင်းလိုက်တာတောင် ကချင်ပြည်နယ် တစ်ခုလုံး ၁ ပေကျော်ပဲ တက်နိုင်မယ်။ ဒါတောင် နက်ရှိုင်းလှတဲ့ ဂျောက်တွေထဲ ရေတွေ ပျောက်သွားမှာ ထည့်မတွက်ထားသလို မြစ်ဆုံဆည်ထဲက ရေလဲ အကုန် မထွက်နိုင်ဘူး။ ပေရာချီထုရှိတဲ့ အောက်ခြေပိုင်းကတော့ ရေထွက်ဖို့ မလွယ်ဘူး။ (သက်တမ်းကုန်လို့ ပြန်ဖျက်တဲ့ ရေကာတာတွေတောင် ဆည်ရေ အကုန်ဖောက်ထုတ်ဖို့ မတတ်နိုင်ဘူး။ အောက်ခြေထုက အရမ်းကြီးမား တာကိုး)
ဒါကို မန္တလေးထိရောက်မယ် မြစ်ဝကျွန်းပေါ်ရောက်မယ် ဘယ်လို တွက်ကြလဲတော့ မသိဘူး။
မြစ်ကြီးနားနဲ့ မြစ်ဆုံက ၂၈ မိုင်ကွာဝေးတယ်။ စက္ကန့် ၂၀ အတွင်းဆိုတော့ တစက္ကန့် ၁.၄ မိုင် တနာရီ ၅၀၄၀ မိုင်တောင် ပြေးနေတာပါ။ အသံရဲ့ အလျင်တောင်မှ တနာရီ ၇၆၈ မိုင်ပဲပြေးတယ်။ အသံထက် ၅ ဆမြန်တဲ့ hypersonic တိုက်လေယာဉ်တွေထက်တောင် မြန်နေတာပဲ။ ဒီလို ကြောက်မက်ဖွယ်ကောင်းအောင် ခြောက်ပြီး ဝါဒဖြန့်ချက်မျိုး ယုံနေတဲ့ သူတွေလဲ ရှိနေတယ်။
မြစ်ကြီးနားထက် ပိုနီးတဲ့ IS တွေ လက်ထဲကျရောက်နေတဲ့ မိုဆူးလ်ဆည် ဖောက်ခွဲခဲ့တောင် ၁၈ မိုင် ဝေးပြီး လူ သန်းနဲ့ချီရှိတဲ့ မိုဆူးလ်မြို့ကို တစ်နာရီ အတွင်း မရောက်နိုင်ဘူးဆိုပြီး US Army က တွက်ထားတယ်။ ရွှေ့ပြောင်းချိန် ရှိတာပေါ့။ ဒီထက် ပိုဝေးတဲ့ မြစ်ကြီးနားကို စက္ကန့် ၂၀ အတွင်းရောက်မယ်ပြောတာ လူထုခြောက်ခြားအောင် ခြောက်လန့်နည်းပဲပေါ့။
ရေကာတာပြိုတယ်ဆို စစချင်း ရေစိမ့်ထွက်တာက စပါမယ်။ ပြီး တဖြေးဖြေး အရှိန်ကောင်းလာမယ်။ ၁၇၃ စတုရန်းမိုင်ရှိတဲ့ ရေထုကြီး အားလုံး ဝေါကနဲ မြို့ပေါ်ဗြုန်းကနဲ ရောက်လာတာမဟုတ်ဘူး။ အရှိန်ဘယ်လောက်နဲ့ ပေါက်ထွက်လဲ။ ရှေ့ဆင့် နောက်ဆင့် ဆည်ပေါက်တဲ့ နေရာကနေ တိုးထွက်ကြမယ်။ အလယ်ပိုင်းက ဆည်ရေတွေ ထွက်ချိန်မှာ ရှေ့ပိုင်းကဆည်ရေတွေ အရပ်ရှစ်မျက်နှာ အဝေးရောက်နေပြီ။
အခုနောက်ပိုင်း ရေကာတာကြီးတွေမှာ ဆင်ဆာပေါင်းများစွာတပ်လာကြပြီ။ အနည်းငယ်လောက် ရေစိမ့်မှုများ ရှိနေချိန်တောင် auto သတိပေးကြတဲ့အတွက် ရွှေ့ပြောင်းချိန် များစွာရပြီး အသေအပျောက် အရမ်းနည်းကြပါတယ်။
ရေကာတာ အများဆုံးဒုက္ခပေးခဲ့တာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ မိုးရေချိန်မျိုးရွာချတဲ့ အခါမျိုး ဖြစ်တတ်တယ်။ တစ်နှစ်လုံးရွာတဲ့ မိုးရေချိန်ကို တရက်တည်း ရွာချလိုက်တာမျိုးပေါ့။ ဒါကြောင့် ဒီဇိုင်းတွေကို အနှစ် တစ်သောင်းမှာ ရွာတတ်တဲ့ မိုးရေချိန်မျိုး ခံနိုင်ရည်ရှိအောင်၊ အနှစ် တသောင်းမှာ ဒီဒေသရဲ့ လှုပ်နိုင်တဲ့ အကြီးဆုံးငလျင် ပမာဏကို ခံနိုင်ရည်ရှိအောင် ထည့်သွင်း စဉ်းစားပြီး တည်ဆောက်လာကြတယ်။ (ငလျင်ကို ဝါဒဖြန့်သူတွေ ခြိမ်းခြောက်တာ အများဆုံး ဖြစ်ပေမယ့် ငလျင်ကြောင့် ဆည်ပြို လူသေ ယနေ့ထိ တယောက်မှ မရှိဘူးသေးပါဘူး)


ဝါဒဖြန့်သူတွေကတော့ ရေကာတာကြီးဟာ မှော်တန်ခိုးနဲ့ လုပ်သလိုမျိုး “ဒန့် ဒန် ဒန်” ဆိုပြီး ပျောက်ကွယ်သွားပြီး ပေ ၄၅၀ ကျော်မြင့်တဲ့ ရေတွေ ဝေါကနဲ ကိုယ့်ဆီ တန်းရောက်လာမယ်ပုံ ခြိမ်းခြောက်ကြတယ်။ ကိုယ့်ရည်ရွယ်ချက် အောင်မြင်အောင်ပေါ့။ တိုင်းပြည် လျှပ်စစ်မီးမရ မတိုးတက်တာ သူတို့ ဂရုစိုက်စရာမလိုဘူးလေ... ကိုယ့် တဘို့ပဲ ကြည့်ကြတာကိုး...


credit to Ko Moe Hein

(picture: a dam with 1/2 work quantity of Myitsone, Myitsone dam bottom width is more than 3000 feet)

Monday, May 6, 2019

စင်ကာပူမှာ WP ကို ဘယ်လို ခွင့်ပြုသလဲ?

စင်ကာပူမှာ WP ကို ဘယ်လို ခွင့်ပြုသလဲ?


အခုရက်ပိုင်းထဲမှာ စင်ကာပူက စက်ရုံမှာ မြန်မာတွေ ခန့်မယ်ဆိုတဲ့ အလုပ်ကြော်ငြာတစ်ခု ဖေ့စ်ဘွတ်ခ်မှာ ဖတ်လိုက်ရတာနဲ့ စိတ်ဝင်စားသူတွေ တွေးတတ်အောင်လို့ အခုပို့စ်ကို ရေးလိုက်ပါတယ်။ ကျွန်တော်ရေးသားမှုဟာ လက်ရှိ MOM  ရဲ့ ဥပဒေအရ ကိုးကားပြီးရေးထားသလို့ လက်ရှိ အချို့သူတွေကို ခြွင်းချက်အရ WP ဘယ်လိုရထားတယ်ဆိုတာတော့ ရှိကြပါတယ်။ ဒါတွေက အငြင်းပွားစရာ မလိုပါ။ ဥပမာ သန့်ရှင်းရေးလုပ်ငန်းတွေအတွက် စမ်းသပ်ကာလအနေနဲ့ အမျိုးသမီးတွေ ခန့်နေပါတယ်။
(၁) စင်ကာပူမှာ WP ကို မြန်မာတွေအတွက် စက်ရုံ (manufacturing) နဲ့ ဝန်ဆောင်မှု (service) အတွက် ချမပေးပါဘူး။ တင်ထားတဲ့ MOM က screen shot ကိုသာ ကြည့်ကြပါ။

(၂) ဒါပေမယ့် Special Case အနေမျိုးနဲ့ WP ကို မြန်မာတွေအတွက် စက်ရုံ (manufacturing) နဲ့ ဝန်ဆောင်မှု (service) မှာ ချပေးတာတော့ တွေ့ဖူးပါတယ်။ အင်မတန်ရှားပါတယ်။ အမ်အိုအမ်မှာ အလုပ်ရှင်နဲ့ အမှုရင်ဆိုင်နေရစဉ် အမှုကာလရှည်ကြာတဲ့အတွက် အလုပ်သမား စားဝတ်နေရေးအဆင်ပြေစေဖို့  စက်ရုံ (manufacturing) မှာ WP ကို (၆) လ သက်တမ်းမျိုးနဲ့ အမှုပြီးတဲ့အထိ ထုတ်ပေးထာ တွေဖူးသလို၊ ဝန်ဆောင်မှု (service) အောက်မှာ သတ်မှတ်ထားတဲ့ ဘာသာရေးအဖွဲ့အစည်းတွေက ဘုန်ကြီးတွေကို WP ချပေးတာလည်း ရှိနေဆဲပါ။ ဒါပေမယ့် ဘာသာရေးအဖွဲ့အစည်းအတွက် သီးသန့်လို့သာ သိရပါတယ်။

(၃) မြန်မာတွေကို WP ထုတ်ပေးတဲ့ အလုပ်တွေက ဆောက်လုပ်ရေးနဲ့ သဘောင်္ကျင်းအပါအဝင် ရေနံ ဓာတု (process) လုပ်ငန်းတွေဖြစ်ပါတယ်။

(၄) စင်ကာပူက စီးပွားရေး အဓိကကဏ္ဍ (၅) ရပ်အတွက် (၃) ရပ်မှာသာ မြန်မာတွေအတွက် WP ချပေးတာပါ။ ဒီအထဲမှာ စက်ရုံနဲ့ ဝန်ဆောင်မှုမပါဝင်ပါ။

(၅) အကယ်၍ WP မဟုတ်ဘဲ S Pass နဲ့ ဒီစက်ရုံ အလုပ်ကို မြန်မာတွေ ရာဂဏာန်းနဲ့ ခန့်ဖို့ဆိုတာ အတော့ကို ကုန်ကျစရိတ်များပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ကိုတာနဲ့ လဲးဗီးတွေကြောင့်ပါ။

(၆) အကယ်၍ မြန်မာ ဝန်ထမ်း ၁၀၀ ကို စက်ရုံမှာ S pass နဲ့ ခန့်မယ်ဆိုရင် နိုင်ငံသားနဲ့ ပီအာ အနည်းဆုံး ၅၀၀ ရှိမှ ကိုတာ ပြည့်ပါလိမ့်မယ်။

(၆) အကယ်၍ မြန်မာ ဝန်ထမ်း ၁၀၀ ကို ဝန်ဆောင်မှု လုပ်ငန်းမှာ S pass နဲ့ ခန့်မယ်ဆိုရင် နိုင်ငံသားနဲ့ ပီအာ အနည်းဆုံး  ၆၇၀ ရှိမှ ကိုတာ ပြည့်ပါလိမ့်မယ်။

(၇) ဒါတောင် ပထမအဆင့် ကိုတာနဲ့ ခန့်တာမို့ လဲးဗီးက ပုံမှန်နှုန်းနဲ့ ပေးရတာပါ။ အကယ်၍ ဒုတိယအဆင့်ဆိုရင် လဲးဗီးနှုန်းဟာ ပုံမှန်ထက် ၁ ဆ ခွဲ လောက် တက်သွားပါတယ်။ တတိယအဆင့်ဆိုရင် ၂ ဆ တက်ပါတယ်။

(၈) ဒါကြောင့် ဒီလောက် ဈေးကြီးတဲ့ S pass ကို ပုံမှန်အားဖြင့် မရှိမဖြစ်လိုအပ်တဲ့ နေရာတွေမှာသာ ခန့်ကြတာပါ။ အကယ်၍ စက်ရုံတွေမှာ ဒီလူ ၁၀၀ ကို S pass နဲ့ ခန့်မယ်ဆိုရင်လည်း ဥပဒေအရ သတ်မှတ်ထားတဲ့ လစာအတိုင်း အကျုံးဝင်အောင် မမှန်မကန် ဖြည့်စွက်ရမှာပေါ့။


ဒါကြောင့် စဉ်းစားကြပါ။ ရှယ်နေတဲ့သူတွေလည်း ကိုယ် ဘာတွေ ရှယ်နေတာ သဘောပေါက်ကြပါစေ။



စင်ကာပူမှာ WP ကို မြန်မာတွေအတွက် စက်ရုံ (manufacturing) နဲ့ ဝန်ဆောင်မှု (service) အတွက် ချမပေးပါဘူး။ တင်ထားတဲ့ MOM က screen shot ကိုသာ ကြည့်ကြပါ။



အကယ်၍ မြန်မာ ဝန်ထမ်း ၁၀၀ ကို စက်ရုံမှာ S pass နဲ့ ခန့်မယ်ဆိုရင် နိုင်ငံသားနဲ့ ပီအာ အနည်းဆုံး ၅၀၀ ရှိမှ ကိုတာ ပြည့်ပါလိမ့်မယ်။


အကယ်၍ မြန်မာ ဝန်ထမ်း ၁၀၀ ကို ဝန်ဆောင်မှု လုပ်ငန်းမှာ S pass နဲ့ ခန့်မယ်ဆိုရင် နိုင်ငံသားနဲ့ ပီအာ အနည်းဆုံး  ၆၇၀ ရှိမှ ကိုတာ ပြည့်ပါလိမ့်မယ်။

စင်ကာပူသံရုံးနှင့် မြန်မာအစိုးရတို့ ပူးပေါင်းပြီး ဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်းပညာ (အခမဲ့ )သင်တန်း


စင်ကာပူသံရုံးနှင့် မြန်မာအစိုးရတို့ ပူးပေါင်းပြီး ဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်းပညာ   (အခမဲ့ )သင်တန်း 
    


V



အောက်ဖော်ပြပါ ဘာသာရပ်များကို ဖွင့်လှစ်သွားမည်
Courses For Hospitality and Tourism
1. Front Office Operations
2. HouseKeeping Operations
3. Restaurant Operations
4. Retail Operations

Courses for Engineering
1. Electronics ( Computer Networking)
2. Electrical Technology (Electrical Installations)
3. Residental Air Conditioning
4. Building Fixtures and Equipments
5. General Welding
6. Mechatronics (Basic Services)

Singapore နိုင်ငံ ITE College အသိအမှတ်ပြုသင်ရိုးများ အတိုင်း လက်တွေ့ ကျွမ်းကျင်စေရန်  ဦးစားပေးသင်ကြားမည်။
သင်တန်းကာလ လကို အချိန်ပြည့် တက်ေ၇ာက်ရမည်

၁၀ တန်းအောင် ပြီး အသက် ၁၆ နှစ်ပြည့်သော မည်သူမဆိုတက်ရောက်နိုင်သည်။

သင်တန်းကြေးပေးရန် မလိုပါ

သင်တန်းပြီးဆုံးပါက Singapore Myanmar ပူးပေါင်းအသိအမှတ်ပြု ကျွမ်းကျင်လက်မှတ် (SMVTI Certificate) ပေးအပ်မည်။

အောက်ပါအစီအစဉ်အတိုင်းဖွင့်လှစ်မည်
School of Hospilitality and Tourism : စက်တင်ဘာလ (၁၄ ) ရက် တနင်္လာနေ
သင်တန်းချိန်မှာ နံနက် နာရီမှ ညနေ နာရီ                                    
School of Engineering : အောက်တိုဘာလ (၂၆) ရက် တနင်္လာနေ
သင်တန်းချိန်မှာ နံနက် နာရီမှ ညနေ နာရီ 

ကျောင်းဝင်ခွင့်ပုံစံများကို ဇွန်လ (၂၃ ) ရက် အဂ်ါနေ့ မှ စတင်ပြီး လူကိုယ်တိုင်ထုတ်ယူနိင်ပါတယ် ဇူလိုင်လ ၁၅ ရက်နေ ညနေ နာရီ နောက်ဆုံးထား ပေးပို့ ရမည်ဖြစ်ပါတယ်။

Singapore- Myanmar Vocational Training Institute
အမှတ် (၁၂၃) နတ်မောက်လမ်း ဗဟန်းမြို့ နယ် ရန်ကုန်မြို့ ၊





စင်ကာပူမှာ အလုပ်ရချင်တာလား?

 သူနာပြု သွားလုပ်လေဆိုတဲ့ စကားတွေ ကြားနေရတဲ့ အတွက် ပြင်ဆင်ခွင့်လေးတော့ ပြုပါ!

     မြန်မာပြည်ကနေ စလုံးမှာ အလုပ်လာလုပ်နေကြတဲ့သူတွေ သူနာပြု အကူတွေ ရှိပါတယ်။ မြန်မာပြည်မှာ
အောင်ချမ်းမြေ့ အစရှိတဲ့ သူနာပြု အကူသင်တန်းတွေ တက်ပြီး စင်ကာပူမှာ အလုပ်လာလုပ်ကြတဲ့ အမတွေကို မြင်ဖူးပါတယ်။ ဒါပေမဲ့ နှုတ်ကနေ လွယ်လွယ်ကူကူ ပြောထွက်တိုင်း သူနာပြု ဆိုပြီး အလွယ် မပြောပါနဲ့ လား သူနာပြု အကူတွေ အလုပ်ရပါတယ်။
     စင်ကာပူမှာ Nursing Home အများစုမှာ လုပ်ရင်လုပ်မလုပ်ရင် Care Giver Training ဆိုပြီး MOH က တရားဝင်သတ်မှတ်ထားတဲ့ သင်တန်းတွေတက်ပြီး Patient Home Care ဆိုပြီး Basic Care ပေးတဲ့ အလုပ်တွေ ရကြပါ တယ်။ ဒါပေမဲ့ စင်ကာပူမှာ Registered Nurse တစ်ယောက်ဖြစ်ဖို Singapore Nursing Board က သတ်မှတ်ထားတဲ့ အချက်တွေ ပြည့်စုံရပါတယ်။ စလုံးမှာ သူနာပြု ဒီပလိုမာ ဒါမှမဟုတ် သူနာပြု ဒီဂရီဘွဲ့ ရရင်တော့ RN တစ်ယောက်တန်းဖြစ်ပါတယ်။RN တွေမှာလည်း မြန်မာ ဖိလစ်ပိုင် တရုတ်မလေးရှား နိုင်ငံပေါင်းစုံက သူနာပြု ဒီဂရီဘွဲ့ ရခဲ့တာတောင်မှ SNB က သတ်မှတ်ထားတဲ့ စာမေးပွဲကို သတ်မှတ်ပြီး မှာ MEDICATION serve လို့ ရတဲ့ RN ဖြစ်ပါတယ်။
      စလုံးမှာ ITE ပြီးရင်တောင် Enrolled Nurse ပဲ ဖြစ်ပါတယ်။ RN, EN, HCA ဆိုပြီး အဆင့်ဆင့်ရှိတာပါ EN ဆိုသည်မှာလည်း သူနာပြုပါပဲ ဒါပေမဲ့ ဆေးဝါးတွေ Complicated Procedure တွေ လုပ်ခွင့်မရှိပါဘူး ဒါပေမဲ့ မြန်မာတစ်ချို EN တွေ အရမ်းကိုတော်ပါတယ် သူတို့ တွေက မြန်မာပြည်မှာ သူနာပြု တက္ကသိုလ်ဘွဲ့ ၎နှစ်ရထားတဲ့ သူတွေ များပါတယ် SNB Rules ကြောင့်သာ EN တွေ ဖြစ်နေရတာပါ ခုနက ပြောခဲ့တဲ့ အောင်ချမ်းမြေ့ တို့ က ပြီးလာရင် HCA လို့ ခေါ်တဲ့ Healthcare Assistant တောင် မသေချာနိုင်သေးပါဘူး HCA မှာလည်း Competency တွေ ကြည့်ပါသေးတယ် ဆိုလိုချင်တာက ကိုယ့်နှုတ်ဖျားက ထွက်လိုက်တဲ့ စကားတစ်ခွန်း က ကိုယ့်ကိုယ်ကို ကာကွယ်ဖို သိက္ခာကျမှာ စိုးရိမ်နေတာလား သူများကို ထိခိုက်စေပါတယ်။
    သူနာပြုဆိုတာ အဘိုးကြီးတွေ အဖွားကြီးတွေ ပြုစုရတာလေ စလုံးမှာ အဲလို အသံတွေကို ကြားနေရတော့ နည်းနည်းတော့ ခံပြင်းလာတယ် သူနာပြု တစ်ယောက် ဖြစ်ဖို့ တစ်နှစ်စီပဲ လိုင်စင်ပေးတဲ့ တင်းကျပ်လှတဲ့ SNB နဲ အရမ်းကို STRUGGLE လုပ်ရတဲ့ Clinical setting , JCI လို့ ခေါ်တဲ့ Joint Commission Accreditation အတွက် ဘယ်လိုတွေ ပြင်ဆင်ထားရလဲ? ဘယ်လိုတွေ Professional ကျကျ Knowledge ရှိရှိ နေရမလဲ? ဘယ်လို ရုံးကန်ရမလဲ Career Tract အတွက် ဘယ်လို ပြင်ဆင်ပြီး ဘယ်လို update တွေ လုပ်နေရလဲဆိုတာ မသိဘဲနဲ့ တော့ သူနာပြုလား လွယ်လွယ်လေးပါကွာ။
      ဟုတ်ကဲ့ စလုံးမှာ Head to Toes Holistic Care ပါရှင့် Every entry/ signature/ action is legal ပါရှင့် အချိန်တိုင်း မျက်စိဖွင့် နားစွင့် နေရပါတယ်။ Punctuality အတွက် ဘယ်လောက် Training တွေ လုပ်ထားလဲ Honesty အတွက် ဘယ်လို စိတ်ဓာတ်တွေ ရိုက်ထည့်ပေးထားလဲ?  If I were patient ဆိုတဲ့ စိတ်ချင်းစာနာမှုတွေ စလုံးမှာ Training လုပ်ထားတဲ့ သူနာပြုတွေ စိတ်ထဲမှာ 100% မရှိရင်တောင် 80% ကတော့ ရှိနေတယ်။ မြင်မြင်လာသမျှ ဘယ်အရပ် ဘယ်ဌာနေက သူနာပြုတွေ မြင်လာလဲတော့ မသိဘူး မပုတ်ခတ်ပါနဲ့ ရှင် ပင်ပန်းပါတယ်။
 Service Excellent ဆိုတဲ့ စိတ်ကို ကျောင်းသားဘဝမှာတည်း က ရိုက်သွင်းထားခဲ့တယ် Attendance တစ်ယောက်မှ မရှိပါဘူး Service ကို အပြည့်ပေး Complain ဆိုတာ မရှိအောင် Serve , လူနာလည်း Customer, ဒေါက်တာလည်း Customer ဆိုတဲ့ စိတ်နဲ Customer Service ကို ဘယ်လောက်ပေးနေရလဲ? အားလုံးက Nurse ဆိုတာခေါ်လိုက်တာ လွယ်လွယ်လေးပါ ဒါပေမဲ့ သူနာပြု လို့ ပြောတဲ့ စကားရဲ့ အပေါ်မှာ တစ်ခွန်းလေညက်တော့ မေးခွင့်ပြုပါ ဘာသူနာပြုလဲဟင်လို ဟုတ်ပါတယ် သူနာပြုဆိုတာ လူနာကို ပြုစုရတာပါ
ဘယ်လို ပြုစုရတဲ့ သူနာပြုလဲဆိုတာလေးတော့ မေးခွင့်ပြုပါလို ......

Ref:Jessica FB: https://www.facebook.com/groups/myanmarsingapore/permalink/897550366962122?sfns=mo





The Singapore Nursing Board Registered Nurse Licensure Examination! 


Nanyang Polytechnic (NYP), School of Health Sciences(SHS), has been appointed by the Singapore Nursing Board (SNB) since 1999 to be the official body to conduct the Registered Nurse (RN) Licensure Examination.
The Licensure Examinations are conducted locally and overseas from January to October annually for nurses seeking registration with the Board. The Licensure Examinations reflect competencies for safe and current practice in Singapore and serve as a means for SNB to determine if the applicants can be registered for practice in Singapore.

Please log-in to SNB website for more details:
http://www.healthprofessionals.gov.sg/snb/registration-enrolment/application-for-registration-enrolment/snb-licensure-examinations

Professional Registration For Nurses

Nurses, midwives and Advanced Practice Nurses are required to have a valid practising certificate issued by the Singapore Nursing Board (SNB) to practice nursing or midwifery in Singapore. 
The SNB is a statutory board established under the Nurses and Midwives Act (Chapter 209) to register and enrol nurses, register midwives and certify Advanced Practice Nurses (APNs). It also regulates the standards of education, professional conduct and ethics, and scope of practice of nurses and registered midwives in Singapore.
For more information on registration procedures, please visit the Singapore Nursing Board website or contact them at :
Tel : +65 6478 5400/01/02/03/06/10
For enquiries on continuing nursing education (CNE), please call: +65 6478 5405

  • https://www.moh.gov.sg/hpp/nurses/career-practices/CareerNPracticesDetails/professional-registration-for-nurses

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!