Popular Posts!

Saturday, March 31, 2012

ကြားဖြတ်ရွေးကောက်ပွဲ ကို အင်တာနက် ကနေ Up To Date ကြည့်နှိုင်ပြီ ….။ (TV CHANNEL )


အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြား ရောက်နေသူမြန်မာများ ကြားဖြတ်ရွေးကောက်ပွဲကို အင်တာနက်မှ တိုက်ရိုက်ကြည့်ရှုနှိုင်ပြီလို့ စကိုင်းနက် မီဒီယာ မှ ဆိုပါတယ်..။
စကိုင်းနက် Up to Date Channel ဟာ ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအား မြန်မာစံတော်ချိန် မနက် ၇ နာရီမှ စတင်ပြီး တိုက်ရိုက်ထုတ်လွှင့်ပေးနေမှာဖြစ်ပြီး အင်တာနက်မှလဲ တိုက်ရိုက်ကြည့်ရှုနှိုင်အောင် ဆောင်ရွက်ထားပါတယ်လို့ ဆိုပါတယ်.။
ကြည့်ရှုရန်အတွက် TVU Player Software ကို ဒေါင်းလော့ချ အင်စတော့လုပ်ရပါမယ်။ TVU Player လို့ Address bar မှာ ရိုက်ထည့်လိုက်ရုံနဲ့ ဒေါင်းလော့ချလို့ရတဲ့ website ကို တန်းရောက်သွားပါလိမ့်မယ် .. မရရင်တော့ ဒေါင်းလော့ ချပါ။ဖိုင်ဆိုက်က 5.379 Mb ရှိပါလိမ့်မယ် ..။နိုင်ငံခြားကွန်နက်ရှင်နဲ့ဆိုရင်တော့ အေးဆေးလေးပေါ့ ..။
ပြီးရင် အင်စတောလုပ် Channel Name ကို 99221 ဒါမှမဟုတ် UP TO DATE လို့ ရိုက်ထည့်လိုက်ရင် ရပြီလို့တော့ စကိုင်းနက်က ပြောနေပါတယ်..။ မြန်မာ့ ကွန်နက်ရှင်နဲ့ ရမရ / နောက် စကိုင်းနက်က လွှင့်နေတဲ့ တခြားလိုင်းတွေကို ဖမ်းကြည့်လို့ ရမရကတော့ ကျွန်တော် အခုလောလောဆယ် စမ်းနေဆဲမို့လို့ မပြောနှိုင်သေးပါဘူး..။။ နောက်မှ Up Date ထပ်လုပ်ပေးပ့ါမယ်..။
သူကြီးတို့ ၊ ဦးကြောင်တို့ ဂီဂီတို့ ကြားဖြတ်ရွေးကောက်ပွဲကို တိုက်ရိုက်ကြည့်နှိုင်လောက်ပြီ ထင်တယ်…။အခြေအနေလေးကိုလဲ ကွန်မန်းပေးခဲ့ကြပါဦး

Information Technology Professional Examination Council (ITPEC) ဆိုတာ ဘာလဲ-

 manawphyulay

၁။ ITPEC ဆိုတာ ဘာလဲ?
 ITPEC = Information Technology Professional Examination Council မြန်မာနိုင်ငံ အပါအ၀င် အဖွဲ့ဝင် (၇) နိုင်ငံပါဝင်တဲ့ IT Professional ဆိုင်ရာ Skill များ သတ်မှတ်ပြီး စာမေးပွဲများ စစ်ဆေးပေးတဲ့ အဖွဲ့အစည်းပါ။
ITPEC မှာ မြန်မာနိုင်ငံက MCF (မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်)၊ မလေးရှားက (METEOR)၊ မွန်ဂိုလီးယားက (NITP)၊ ထိုင်းက (NECTEC)၊ ဂျပန်က(IPA)၊ ဗီယက်နမ်က (VITEC)၊ ဖိလစ်ပိုင်က (PhiINITS) စတဲ့ အဖွဲ့တွေပါဝင်ပါတယ်။

၂။ ITPEC Exam ဆိုတာ ဘာလဲ?
ITPEC က စစ်ဆေးတဲ့ စာမေးပွဲတွေပါ။ Exam Category (၁၄) မျိုး ရှိပါတယ်။
1) An: Systems Analyst Examination
2) PM: Project Manager Examination
3) AE: Application Systems Engineer Examination
4) SW: Software Design & Development Engineer Examination
5) NW: Network Systems Engineer Examination
6) DB: Database Systems Engineer Examination
7) SM: Systems Management Engineer Examination
8) ES: Embedded Systems Development Engineer Examination
9) SV: Information Security Engineer Examination
10) SU: Information Systems Security Administrator Examination
11) SD: Senior Systems Administrator Examination
12) AD: Systems Administrator Examination
13) AU: Systems Auditor Examination
14) FE: Fundamental Information Technology Engineer Examination
မြန်မာနိုင်ငံမှာ ကျင်းပပေးတဲ့ စာမေးပွဲက FE (Fundamental InformationTechnology Engineer) ဖြစ်ပါတယ်။ တစ်နှစ်လျှင် နှစ်ကြိမ်အဖွဲ့ဝင်နိုင်ငံအားလုံးမှာ တစ်ပြိုင်နက် စာမေးပွဲကျင်းပစစ်ဆေးပါတယ်။
နှစ်စဉ် April နှင့် October လတွေမှာ စစ်ဆေးပါတယ်။ FE စာမေးပွဲစစ်ဆေးချိန်က စုစုပေါင်း (၅) နာရီဖြစ်ပါတယ်။ နံနက်ပိုင်းမေးခွန်းက (၂)နာရီ (၃၀) မိနစ်။ ညနေပိုင်း မေးခွန်းက (၂) နာရီ (၃၀) မိနစ်။
မေးခွန်းအားလုံး MUltiple Choice Question တွေပဲ ဖြစ်ပါတယ်။
၃။ စာမေးပွဲဖြေဆို အောင်မြင်ပြီး လက်မှတ်ရရင် ဘယ်လိုအကျိုးရှိမှာလဲ?
(၁) မိမိ၏ အိုင်တီဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်မှုကို စစ်ဆေးမှတ်ကျောက်တင်ပြီးသား ဖြစ်ခြင်း။
ဂျပန်နိုင်ငံမှာ IPA (Information-technology Promotion Agency)ဆိုတဲ့အဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့အောက်မှာ JITEC က ITEE (Information-Technology Engineers Examination) တွေကို စစ်ဆေးနိုင်ဖို့ Standard Skill များ ပြုစုခြင်းမှ အစ ဆောင်ရွက်ပေးပါတယ်။
အဲဒီစာမေးပွဲတွေနဲ့ လက်မှတ်တွေကို အထက်တွင် ဖော်ပြထားသော ITPEC အဖွဲ့ဝင်နိုင်ငံများအပြင် ကျန်ကမ္ဘာ့နိုင်ငံတော်တော်များများကလည်းသဘောကျလက်ခံကြပြီးသူတို့နဲ ပူးပေါင်းဆောင်ရွက် နေကြပါတယ်။ ဒါကြောင့် ITPEC-(FE) စာမေးပွဲအောင်ပြီး လက်မှတ်ကိုင်ထားနိုင်ရင် မိမိ၏အိုင်တီဆိုင်ရာ အခြေခံအဆင့် အရည်အချင်းကို နိုင်ငံတကာ ‘စံ’တစ်ခုနဲ့ မှတ်ကျောက်တင်ပြီးသား ဖြစ်ပါမယ်။
(၂) အဖွဲ့ဝင်နိုင်ငံများ၏ Cross Certification ဖြစ်ခြင်း မြန်မာနိုင်ငံမှာ ဖြေဆိုအောင်မြင်တဲ့ ITPECFE စာမေးပွဲအောင်လက်မှတ်ကိုကျန်နိုင်ငံများကပါ အသိအမှတ်ပြုတဲ့အတွက် အဲဒီနိုင်ငံတွေမှာ အိုင်တီအလုပ်တွေ၊ အိုင်တီဆိုင်ရာ ပညာသင်ယူမှုတွေ၊ အိုင်တီဆိုင်ရာScholarship လျှောက်တာ တွေစတဲ့ ကိစ္စတွေမှာ များစွာ အထောက်အကူပြုမှာဖြစ်ပါတယ်
၎။ ITEPC စာမေးပွဲဖြေဆိုရန် အရည်အချင်းကန့်သတ်ချက်ရှိပါသလားအရည်အချင်း ကန့်သတ်မှုမရှိပါ။ သို့သော်လည်း အနိမ့်ဆုံးအားဖြင့်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသူများ ဖြေဆိုရန် အကြံပြုပါသည်။ ITPECကို IT ဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသူများ၊ ကွန်ပျူတာနှင့်နည်းပညာတက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရလိုသူများ ဖြေဆိုခြင်းဖြင့်အကျိုးအများဆုံး
ရရှိနိုင်ပါသည်။
၅။ စာမေးပွဲဖြေဖို့ ဘာတွေလေ့လာထားရမလဲ…..
1) Computer System
2) Information Processing and Security
3) System Development
4) System Operations and Maintenance
5) Internal Design and Programming
6) Network Technology
7) Database Technlogy 8) Current IT Topics (Applications) စသည့် ဘာသာရပ်များကိုကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာထားရပါမည်။ စာမေးပွဲကို Englishဘာသာဖြင့် စစ်ဆေးပါမည်။
၆။ စာမေးပွဲဖြေဆိုရန် မည်သို့ ဆက်သွယ်ဖြေဆိုရမည်နည်း?
မြန်မာနိုင်ငံတွင် ကွန်ပျူတာအသင်းချုပ်ကို ဆက်သွယ်ရပါမည်။ ရန်ကုန်မှဖြေဆိုသူများအတွက် စာစစ်ဌာနကို မြန်မာအင်ဖိုတက်ခ်တွင် စစ်ဆေးမည်ဖြစ်ပြီးပြည်နယ်နှင့်တိုင်းများမှ ဖြေဆိုသူများကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ကွန်ပျူတာအသင်းများမှ စီစဉ်ဆောင်ရွက်စစ်ဆေးပါမည်။ စာမေးပွဲကြေးမှာ
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ဧပြီလ (၄) ရက်နေ့ တနင်္ဂနွေနေ့တွင် ဖြေရသောစာမေးပွဲကြေး ကတော့ ၁၀၀၀၀ိ/- ကျပ်ဟု သိရပါသည်။
၇။ ၀င်ရောက်လေ့လာဖတ်ရှုသင့်သော ၀က်ဘ်ဆိုက်များမှာ -
ITPEC(http://www.itpec.org)Offical Website
PhiNITS(the Philippines) (http://www.philnits.org)
METEOR(Malaysia)(http://www.mitpe.meteor.com.my)
NITP(Mongolia)(http://www.itpark.mn)
MCF(Myanmar)(http://www.mcf.org.mm)
NECTEC (Thailand) (http://www.ite.nectec.or.th)
VITEC(Vietnam)(http://www.vitec.org.vn)
တို့တွင် လေ့လာနိုင်ပါတယ်။ သိရသလောက် ပြန်လည်ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါတော့တယ်။
Ref:madalaygazette

မြန်မာ့သစ်မွှေးရတနာ (1)

 
စာရေးသူသည် သစ်မွှေးနှင့် မစိမ်းပါ။ ၁၉၆၉-၇ဝ က စာရေးသူတို့၏ ဇာတိ အိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့တွင် တစ်ဘက်နိုင်ငံသို့ မှောင်ခို သစ်မွှေးရောင်းဝယ်မှု အလွန်ကြီး ထွားခဲ့ပါသည်။ သစ်မွှေးနှင့် ကြီးပွား သွားကြသူများလည်း ရှိသလို သစ်မွှေးဖြင့် ဘဝပျက်သွားကြသူများလည်း တွေ့မြင်ခဲ့ရပါသည်။

မြန်မာ့သစ်မွှေးသည် ယနေ့ ကာလတွင်လည်း ရတနာတစ်မျိုး ဖြစ်နေပါသည်။ မြန်မာ့သစ်မွှေးသည် ကမ္ဘာ့ ဈေးကွက်သို့ ခြေဆန့်နေပါသည်။ သစ်မွှေးပင်ကို သုံးမျိုးသုံးစား ခွဲခြားနိုင်ပါသည်။ သစ်ပင်တစ်ပင်တည်းမှ ပင်ခွဲလိုက်လျှင် သစ်ကြောလိုက် အကန့်၊ အကန့်လုပ်ပြီး ထွင်းယူရသည့် အသားပိုင်းက တစ်မျိုး၊ အဆီခဲကတစ်မျိုးနှင့် ကျန်တစ်ပင်လုံးက တစ်မျိုးဟူ၍ ကွဲပြားသွားပါသည်။

မြန်မာ့ သစ်မွှေးရတနာဟု ဆိုရသည်မှာ ကာလပေါက်ဈေးက သက်သေခံနေပါသည်။ ထွင်းယူသော သစ်ကြောပိုင်းက တစ်ပိဿာလျှင် တစ်သိန်းမှ ဆယ်သိန်း။ အဆီခဲမှာ တစ်ပိဿာလျှင် ဆယ်သိန်းမှ ၁၅ သိန်း။ သစ်ပင်တစ်ပင်လုံးကို တစ်ပိဿာလျှင် တစ်သောင်းမှ တစ်သိန်းအထိ ဖြစ်နေပါသည်။ ကမ္ဘာ့ပေါက်ဈေးမှာ အကောင်းဆုံး သစ်မွှေးအမျိုးအစားသည် အမေရိကန် ဒေါ်လာ ၂ဝဝဝဝ ခန့်အထိရှိပါသည်။    အဆီဆိုလျှင် တစ်ကီလိုကို ဒေါ်လာ   ၄ဝဝဝဝ အထိရှိသည်ဟု ဆိုပါသည်။

သစ်မွှေးဟူသည်

သစ်မွှေးကို ယခင်က အကျော်ဟုလည်း ခေါ်ဝေါ်ခဲ့ကြပါသည်။ သို့သော်လည်း စီးပွားရေး လောကတွင် သစ်မွှေးဟူ၍သာ ကျော်ကြားထင် ရှားခဲ့ပါသည်။ သစ်မွှေးသည် ဒက်ဖနီ ရေမွှေးပန်းမျိုးရင်းဝင် Thymelae-aleae မျိုးရင်းတစ်ခုဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၃ဝဝဝ ကျော်ကတည်းကပင် အိန္ဒိယနိုင်ငံရှိ ရှေးဟောင်း အာရိယန် လူမျိုးများက စတင်အသုံး ပြုခဲ့ကြောင်း ခိုင်လုံသော အာယုဗေဒ ဆေးကျမ်း အထောက်အထားများ ရှိသည်။ သစ်မွှေးကို အာရိယန်လူမျိုးများက အာဂါ သို့မဟုတ် မဟာဂါဟု ခေါ်ပြီး ဟိန္ဒူဘာသာအရ Agal ဟုခေါ်၍ သက္ကဋဘာသာအရ Agarn ဟုခေါ်ကာ ပါဠိဘာသာအရ Timiza ဟုခေါ်ပါသည်။ ရုက္ခဗေဒ အမည်အားဖြင့် Agnilaria Agalocha Roxb, Aquilariva Malaceensis, အင်္ဂလိပ် အမည်အားဖြင့် ဗါမေတသသိယ Agarwood, Egel-wood or Aloewood ဟုခေါ်၍ ရှေးဟောင်း ဟီးဘရူးတို့၏ သမ္မာကျမ်းစာတွင် Aohra ဟု ခေါ်ခဲ့ကြပါသည်။ တီးတိန် ချင်းတိုင်းရင်းသားများက Houon Noyai ကရင်တိုင်းရင်းသားများက Halow, ကချင်တိုင်းရင်းသားများက Hpum Sou Pum ဟူ၍လည်း ကောင်း၊ မူးရာ Mura ဟူ၍ လည်းကောင်း၊ လီဆူးတို့က Chit Poung ဟုလည်းကောင်း အမျိုးမျိုး ခေါ်ဝေါ်ကြကြောင်း လေ့လာ တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ၌ ဒေသအမျိုး မျိုးကိုလိုက်၍ အမည်အမျိုးမျိုး ခေါ်ဝေါ်ခဲ့ကြပါသည်။ သို့ရာတွင် အထက်၌ ဖော်ပြခဲ့သည့်အတိုင်း သစ်မွှေးဟူ၍ ကျော်ကြားထင်ရှားပါသည်။

သစ်မွှေးပင်သည် အမြင့်ပေ ၄ဝ ခန့်ရှိပြီး လုံးပတ် ၁ဝ ပေခန့်ရှိတတ် ပါသည်။ ပညာရှင်များ လေ့လာတွေ့ ရှိချက်အရ သစ်မွှေးပင်အမျိုးအစား ၁၁ မျိုးခန့်ရှိသော်လည်း Aquilaria, Crossnar နှင့် Aquilaria Malauenis အမျိုးအစားနှစ်မျိုးမှာ အကောင်းဆုံး ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းတို့ကို တနင်္သာရီတိုင်းနှင့် ကချင် ပြည်နယ်တို့တွင် တွေ့ရှိရပါသည်။

ပေါက်ရောက်ရာ ဒေသများ

 သစ်မွှေးပင်ပေါက်ရောက်ရာ ဒေသများမှာ အရှေ့တောင်အာရှနှင့် အာရှ ပစိဖိတ်ဒေသများဖြစ်ကြသည်။ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ မြန်မာ၊ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ပါပူးဝါး နယူးဂီနီနှင့် သြစတြေးလျကျွန်းစု အချို့တွင် သဘာဝအတိုင်း ပေါက် ရောက်ကြသည်။ မြန်မာနိုင်ငံတွင် Aquilaria Agalocha Roxb နှင့် Aquilaria Malaccer Lam တို့ကို မှတ်တမ်းတင်ထားပါသည်။ မြန်မာနိုင်ငံတွင် သစ်မွှေးပေါက်ရောက်ရာ ဒေသများမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယား ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့ ဖြစ်ကြပါသည်။

ဈေးကွက်ဝင်လာပုံနှင့် သမိုင်းကြောင်း 

 သစ်မွှေးကို အာရပ်လူမျိုးများက ပိုမိုကြိုက်နှစ်သက်ကြပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်ခန့်မှ စတင်အသုံးပြုခဲ့ပြီး အာရိယန် လူမျိုးများက စတင်အသုံးပြုကာ အာဂါဟု ခေါ်ကြသည်။ အီဂျစ်လူမျိုးများ အနေဖြင့် မံမီရုပ်အလောင်းများ စီစဉ်သည့်အခါတွင် သစ်မွှေးအဆီခဲအား အဓိက ကုန်ကြမ်းအဖြစ် အသုံးပြုကြောင်း မှတ်သားရဖူးပါသည်။ အာရပ်လူမျိုးတို့သည် သစ်မွှေးကို ဘာသာရေးပွဲတော်မှအစ မိသားစုပိုင်းအထိ မီးထွန်းညှိပြီး မွှေးကြိုင်သည့်ရနံ့ကို ရှူရှိုက်ရင်း အပန်းဖြေကြပြီး ရေမွှေးစသည့် ပစ္စည်းများကို အနံ့ကြာရှည် ခံနိုင်အောင် အသုံးပြုသည်ဟု ဆိုပါသည်။ သစ်မွှေးကို ခရစ်ယာန် သမ္မာကျမ်းစာတွင် ခရစ်တော် မွေးဖွားစဉ်က အရှေ့ဘက်နိုင်ငံမှ ပညာရှင်သုံးဦး ရောက်ရှိလာပြီး ခရစ်တော်အား ပူဇော်ရာတွင် လက်ဆောင်ပစ္စည်းသုံးမျိုးပါ ရှိသည်။ လက်ဆောင်တစ်မျိုးမှာ မူးရာ - Mura ဟုခေါ်သည့် သစ်မွှေး ဖြစ်ပါသည်။ သို့ဖြစ်၍ သစ်မွှေးကို အထွတ်အမြတ် အဖြစ်ပူဇော်ရာတွင် ခရစ်တော် လက်ထက်ကပင် အသုံးပြုခဲ့ကြောင်း သိရှိရပါသည်။ ထို့ကြောင့် ခရစ်ယာန် ဘာသာဝင် အများစုဖြစ်သော ကချင်တိုင်းရင်းသားများက သမ္မာကျမ်းစာအတိုင်းမူးရာဟုလည်း ခေါ်ဝေါ်ခဲ့ကြပါသည်။

သစ်မွှေးသည် ၁၉၆၉ ခုနှစ် နောက်ပိုင်းတွင် ဈေးကောင်းရရှိလာသည်။ ယင်းအချိန်က ပထမတန်း စား တစ်ပိဿာလျှင် ကျပ်တစ် သောင်းဈေး၊ ဒုတိယတန်းစား တစ် ပိဿာလျှင် ၂၅ဝ ကျပ်နှုန်းမှ နောက် ပိုင်းတွင် ပထမတန်းစား တစ်ပိဿာ ကျပ်ငါးသောင်း၊ ဒုတိယတန်းစား တစ်ပိဿာကျပ် နှစ်သောင်းငါးထောင်၊ ရောနှောအတန်းအစား ကျပ်ငါးထောင်အထိ မှောင်ခိုစီးပွားရေး လောကတွင် မြင့်တက်လာခဲ့သည်။ အထက်တွင် တင်ပြခဲ့သည့် အတိုင်း အိန္ဒိယ-မြန်မာ နယ်စပ်တမူးမြို့တွင် ယင်း အချိန်ကာလက သစ်မွှေးနှင့် ကြီးပွားချမ်းသာသွားကြသူများရှိ သလို သစ်မွှေးနှင့် ဘဝပျက်သွား ကြသူများလည်းရှိခဲ့ပါသည်။

သစ်မွှေးဈေးကွက် ချဲ့လာပုံမှာ ဤသို့ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ မဏိပူရပြည်နယ် သစ်မွှေးကုန်သည်၊ သစ်မွှေးစုဆောင်းခွင့်ရသူ အင်ဖာလံမြို့မှ မစ္စတာ အိုဘိုဒင်က အခွန်ပေးဆောင်၍ ပေါက်ဈေးနှင့် ဝယ်ယူစုဆောင်းခဲ့သည်။ လမ်းပန်း ဆက်သွယ်မှု အခက်အခဲများကြောင့် တမူးမြို့မှတစ်ဆင့် မိုးရေးမြို့တွင် မြန်မာပြည်မှ အပြီးပြန်သူတို့ထံ အရောင်းအဝယ်လုပ်သည်။ ဝယ်ယူ သိုလှောင်ခြင်း၊ ပြန်လည် ရောင်းချခြင်းများ ပြုလုပ်ခဲ့သည်။ အာသံ ပြည်နယ်က ကုန်သည်ကြီးများက ယင်းကာလတွင် မြန်မာနိုင်ငံအစိုးရ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်ထံ သစ်မွှေးဝယ်ယူ လိုကြောင်း ဆက်သွယ်ခဲ့သည်ဟု သိရပါသည်။ ဆက်သွယ်သူများထဲမှ အာသံပြည်နယ်၊ ဒူဟာဘီမြို့နေ မစ္စတာ ဒီလစ်ပဒပတာဆိုသူ ပါဝင်သည်။ သူက မြန်မာပြည်က သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာပြီး မြန်မာတောင်သူများကို သစ်မွှေးပညာသင်ပေးပါမည်ဟု ဆို ပြီး သစ်တောဦးစီးဌာနသို့ တင်ပြ တောင်းဆိုခဲ့သည်ဟု သိရပါသည်။

ကသည်းလူမျိုးတို့သည် သစ်မွှေး စုဆောင်းရေး အတတ်ပညာ၊ ထုတ်ယူနည်းအတတ်ပညာ ကျွမ်းကျင်ပါသည်။ မြန်မာ-အိန္ဒိယ နယ်စပ်နေ တိုင်းရင်းသားများကိုကသည်း လူမျိုးတို့က သစ်မွှေးထုတ်ယူရေး အတတ်ပညာသင်ကြားပေးပြီး ရှာဖွေ စုဆောင်းကြသည်။ သစ်မွှေးများကို မြန်မာပြည် အရပ်ရပ်မှတစ်ဆင့် အင်ဖာ၊ အာသံ၊ ကာလကတ္တားအထိ သစ်မွှေးအဆီ ထုတ်လုပ်ငန်းရှင်များထံ တင်ပို့ခဲ့ကြသည်။ ထိုမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အာရပ် နိုင်ငံများနှင့် အစ္စရေးနိုင်ငံများသို့ ပို့ပြီး ရောင်းချခဲ့ကြသည်။ အာရပ်နိုင်ငံများသည် ရေနံကြောင့် ချမ်းသာ ကြွယ်ဝလျက်ရှိကြသဖြင့် သစ်မွှေးကို ဈေးကောင်းပေးပြီး ဝယ်ယူခဲ့ကြပါသည်။

အသုံးဝင်မှု

  အထက်တွင် တင်ပြခဲ့သည့်အတိုင်း သစ်မွှေးကို လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်ခန့်မှ စတင် အသုံးပြုခဲ့ကြပြီး အာရိယန် လူမျိုးများက စတင် အသုံးပြုကာ အာဂါဟု ခေါ်ခဲ့ကြသည်။ အီဂျစ်လူမျိုးများ အနေဖြင့် မံမီရုပ်အလောင်းများ စီရင်သည့်အခါတွင် သစ်မွှေးအဆီခဲအား အဓိကအသုံးပြုခဲ့ကြောင်းမှတ်သား ဖူးပါသည်။ သစ်မွှေးကို တိုင်းရင်း ဆေးဝါးများ ပြုလုပ်ရာတွင်လည်း အသုံးပြုလေ့ရှိသည်။ အသည်းခြောက်ရောဂါ၊ လေဖြတ်ရောဂါ၊ သွေးကင်ဆာရောဂါ၊ အသည်းရောင် အသားဝါ၊ အေအိုင်ဒီအက်စ် ရောဂါများအတွက် အထူးသင့်လျော်သည်။ ရေမွှေးနှင့် အလှကုန်များ ပြုလုပ်ရာတွင်လည်း အဓိကကုန်ကြမ်းအဖြစ် အသုံးပြု သည်။ ကချင်ပြည်နယ်ဒေသခံ တိုင်း ရင်းသားများက ရိုးရာဆေးဝါးအဖြစ် အသုံးပြုလေ့ရှိသည်။

ဆေးကျမ်းအလိုအရ သစ်မွှေးသည် အေး၏။ အပူကိုနိုင်စေ၏။ ချောင်းဆိုး ရောဂါ၊ နူနာတို့ကို နိုင်စေ၏။ ခါးသောအရသာရှိ၏။ ကြေညက် လွယ်၏။ ဝဖြိုးစေ၏။ အစာမကြေ ရောဂါ၊ မျက်စိရောဂါ၊ နားရောဂါတို့ ကို ပျောက်ကင်းစေ၏။ ဆီးရွှင်စေ၏။ အသည်းနှင့် အူတွင်း၌ ဖြစ်သော ရောဂါများကို ပျောက်ကင်းစေ၏။ ခံတွင်းအနံ့မကောင်းခြင်းကို ပယ်၏ ဟု ဆိုထားပါသည်။

နိုင်ငံတကာတွင် တိုင်းရင်းဆေး အမွှေးနံ့သာ၊ အလှကုန်ပစ္စည်းများ၊ အမွှေးတိုင်၊ အဓိက ကုန်ကြမ်းများအဖြစ် ဘာသာရေးဆိုင်ရာများတွင် ပူဇော်ရန် သုံးစွဲကြပြီး အာရပ်လူမျိုးများရှိရာ နိုင်ငံတိုင်း၌ အိမ်တိုင်းတွင် သုံးစွဲကြသည်။ သစ်မွှေးများကို အမှုန့် ပြုလုပ်ပြီး အမွှေးတိုင်များ ပြုလုပ်၍ ထွန်းညှိပူဇော်ခြင်း၊ အမှုန့်အား မီးရှို့၍ အနံ့ကို ရှူရှိုက်ခြင်းများဖြင့် စိတ်ချမ်းမြေ့ခြင်းနှင့် စိတ်ကြည်လင် မှုများဖြစ်စေနိုင်သောကြောင့် အလွန် တန်ဖိုးထားကြခြင်းဖြစ်ပါသည်။

စွန့်စားရှာဖွေခဲ့ကြသည့်အတွက် မျိုးတုံးလုနီးပါးဖြစ်ခဲ့

သစ်မွှေးမှောင်ခိုဈေးကွက် ကျယ် ပြန့်လာသည့် ၁၉၆၉-၇ဝ နောက်ပိုင်းတွင် လူငယ် လူရွယ်များသည် စိတ်တူ သဘောတူ ငါးယောက်နှင့် အထက် အဖွဲ့ဖွဲ့၍ ချင်းတွင်းမြစ်တစ်လျှောက် တောတောင်များ၊ မူးမြစ်ရိုးတစ်လျှောက် တောတောင်များ၊ နာဂတောင်တန်း အရောက်ရောက်၊ ကချင်ပြည်နယ် တောနက်ကြီးများ၊ တနင်္သာရီတိုင်း တောတောင်များ၊ မဟာမြိုင် တောလည်းမကျန်၊ ဆင်မကြောက်၊ ကျားမကြောက်၊ သူပုန်မကြောက် နေရာအနှံ့ ကျောပိုးအိတ် တစ်လုံးစီဖြင့် သစ်မွှေးအရှာ ထွက်ခဲ့ကြသည်။ အချို့လည်း စွန့်စားရကျိုး၊ အပင်ပန်းခံရ ကျိုးနပ်ခဲ့ကြသည်။ အချို့လည်း ငှက်ဖျားဒဏ်၊ ပင်ပန်းမှုဒဏ်များသာ အဖတ် တင်ခဲ့ကြသည်။ ဤမျှအထိ သစ်မွှေးလောဘ၊ သစ်မွှေးရတနာက ဂုဏ်ကြီးခဲ့သည်။ ဤမျှတန်ဖိုးကြီးသော၊ ဂုဏ်ကြီးသော သစ်မွှေးပင်များကို အလွန်အမင်း စည်းမဲ့ကမ်း မဲ့ ခုတ်ယူခဲ့ကြသောကြောင့် မျိုးတုံး လုနီးပါး အခြေအနေဖြစ်ပေါ်ခဲ့ရ သည်။

အပင်တွေ့သော်လည်း အဆီတွေ့ချင်မှ တွေ့သည်။ သဘာဝ သစ်မွှေးပင်များတွင် ပျမ်းမျှခြင်းအားဖြင့် ဆယ်ပင်မှာ တစ်ပင်နှုန်းလောက်သာ အဆီတွေ့ရသည်ဟု သိရှိရပါသည်။ သည်တော့ ရတနာဟူသည် ထိုက်တန်သောသူမှ ခံစားရသည်ဟူသော စကားလည်း မှန်နေသည်။ အဖွဲ့တစ်ဖွဲ့က ဤတောဤတောင်တွင် နှံ့နှံ့စပ်စပ် ရှာဖွေခဲ့သော်လည်း သစ်မွှေးပင်ကို တွေ့ချင်မှတွေ့သည်။ သို့သော် ကံထိုက်သော နောက်တစ်ဖွဲ့က ဤ တောဤတောင်ကို ထပ်မံရောက်ရှိ ရှာဖွေသော် အဆီပြည့်နေသော တန်ဖိုးကြီး သစ်မွှေးပင်ကို တွေ့ရတတ်သည်။ ရတနာဟူသည် နတ်ကြီးလှသည်။ သစ်မွှေးပင်ဟု ဆိုသော်လည်း သာမန်အားဖြင့်မမွှေးဘဲ အပင်များတွင် မှိုစွဲကပ်နေမှသာလျှင် သစ်မွှေး ရရှိပါသည်။ အဆိုပါ သစ်မွှေးရရှိမှသာ တန်ဖိုးကြီးမားသည်။ သို့သော်လည်း သစ်မွှေးရှာအဖွဲ့တို့သည် တွေ့သမျှ သစ်မွှေးပင်ဟူသရွေ့ ခုတ်လှဲ ဖြတ်တောက် အဆီရှာဖွေခဲ့ကြသဖြင့် သဘာဝ တောတောင်များတွင် သစ်မွှေးပင်များ ရှားပါးလာခဲ့သည်။ ဤုသို့ စည်းမဲ့ကမ်းမဲ့ ခုတ်လှဲဖြတ်တောက် ရှာဖွေခဲ့ကြသဖြင့် သစ်မွှေးပင်များသည် မျိုးတုံးလုနီးပါး အခြေအနေ သို့ ရောက်ရှိခဲ့ပါသည်။

သစ်မွှေးဆီဖြစ်ပေါ်စေသော ဆေးသွင်းနည်းတွေ့ရှိ

 သစ်မွှေး၏ အဓိက ဇာတ်ဆောင်မှာ သစ်မွှေးပိုး သို့မဟုတ် ကပ်ပါးမှို Fungus ဖြစ်ပြီး ရောဂါ တစ်မျိုးမျိုး အပင်အား ထိခိုက်ခံရမှုကြောင့် ယင်းရောဂါပိုးကို အပင်က ပြန်လည်ခုခံ နိုင်ရန်အတွက် လိုအပ်သောအရည်ကို ထုတ်ပေးလာပြီး ထိုရည်အနှစ်မှ သစ်မွှေးဆီအဖြစ် ပြောင်းလဲဖြစ်ပေါ်ခြင်းဖြစ်ကာ သစ်မွှေးပင်၏ သစ်သားရောင်မှာ အဖြူရောင်မှ တဖြည်းဖြည်း အနက်ရောင်သို့ ပြောင်းလဲဖြစ်ပေါ်ပြီး အနံ့မှာလည်း မွှေးရနံ့ထွက်ပေါ်လာ ကြောင်းသိရပါသည်။ သဘာဝ သစ်မွှေးပင်၏ သဘောသဘာဝများကို လေ့လာဖော်ထုတ်ရန် သစ်မွှေးဆီ ဖြစ်ပေါ်မှု အခြေခံ သုတေသန ပြုချက်များအပေါ် အသုံးချလျက် လူတို့ ဖန်တီးစိုက်ပျိုးရရှိသည့် သစ်မွှေးပင်အား သစ်မွှေးဆီ ဖြစ်ပေါ်စေသော မှိုများမွေးမြူကာ ဆေးထိုးသွင်းခြင်းဖြင့် သစ်မွှေးဆီ ထွက်ရှိသည့် အပင်ရရှိနိုင် ကြောင်းသိရပါသည်။ အကောင်းဆုံး သစ်မွှေးမှာ အနက်ဖြစ်ပြီး ရေတွင် ထည့်ကြည့်ပါက နစ်မြုပ်သွားကြောင်း။ ဒေသအလိုက် သစ်မွှေး အတန်းအစား ကွဲပြားနိုင်ပြီး သစ်မွှေး ဆီပါဝင်မှု ရနံ့နှင့် သိပ်သည်းဆတို့ ကွဲပြားမှုအပေါ် တန်ဖိုးကွာခြားကြောင်း သိရှိရပါသည်။

အပင်သက်တမ်း လေးနှစ်မှ ခြောက်နှစ်အရွယ် မေလနောက်ဆုံးပတ်နှင့် ဇွန်လအတွင်း မှိုမျိုးထည့် သွင်းရန်သင့်လျော်သည်။ မှိုသွင်းပြီး တစ်နှစ်ကြာပါက သစ်မွှေးထုတ် ယူနိုင်ပြီ ဖြစ်ပါသည်။ သစ်မွှေးတစ်ပင်လျှင် သစ်မွှေးဆီ ကီလို ၂ဝ မှ ၄ဝ အထိ ရရှိနိုင်ကြောင်း သိရှိရပါသည်။ သစ်မွှေးကို မတ်လမှ မေလအတွင်း ထုတ်ယူပါက အသင့်တော်ဆုံး ဖြစ်သည်။ သစ်မွှေးအတန်းအစား ခွဲခြားရာ၌ အထက်တွင် တင်ပြခဲ့သည့်အတိုင်း သစ်မွှေးတုံးသည် အနက်ရောင်ရှိပြီး ရေတွင်နစ်မြုပ်ပါက ပထမတန်းစားဟု သတ်မှတ်ပြီး ရေတွင်ပေါ်ပါက ဒုတိယတန်းစားဟု သတ်မှတ်ပါသည်။

သစ်မွှေးပင်ကောင်းဖြစ်ရန် မှိုမျိုးသန့်သန့် သွင်းပေးရန် လိုအပ်ပါသည်။ ထိုင်းနိုင်ငံ၌ ပင်စည်အခေါက်ကို ငါးစင်တီမီတာ အကျယ်၊ ၃၇ စင်တီမီ တာ အရှည်ခွာ၍ အပေါက်ဖောက်ပြီး မျိုးသွင်းရသည်။ သစ်မွှေးဖြစ်ရန် လိုအပ်သော Phaeoacrvmonium Parqsiaica မှိုမျိုးသန့်သန့်ဖြစ်ရန် လိုအပ်ကြောင်း သိရှိရပါသည်။

ယခုအခါ ပြည်တွင်းရှိ ကုမ္ပဏီ များသည်လည်း ဆေးသွင်းနည်းကို ဆောင်ရွက်နိုင်ပြီဖြစ်၍ စီးပွားဖြစ် စိုက်ပျိုးရေးကို ကုမ္ပဏီများရော တစ်ဦးချင်းပါ အကောင်အထည် ဖော်နေကြပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သစ်မွှေးပင် စိုက်ပျိုးရေးကို စီးပွားဖြစ် စိုက်ပျိုးရန်အတွက် ပြည်ပ ကုမ္ပဏီ များ စိတ်ဝင်စားမှုရှိလာပြီး အကျိုး တူပူးပေါင်းဆောင်ရွက်ရန် လာရောက် ကြမည်ဟု သိရပါသည်။

မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ပြည်ပ ကုမ္ပဏီများမှာ စင်ကာပူ၊ တရုတ်၊ ထိုင်းနှင့် အင်ဒိုနီးရှား စသည့်နိုင်ငံများမှ အခြေစိုက် ကုမ္ပဏီ များဖြစ်ပြီး ပြည်တွင်း ယူနီဗာဆယ် ဂျနရယ်ထရိတ်ဒင်း ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်ဟု သိရပါသည်။

တရုတ်နိုင်ငံ၊ ဟိုင်နန်ကျွန်း တွင်လည်း မြန်မာနိုင်ငံ၊ ကချင်ပြည် နယ်မှ မျိုးစေ့များ ယူဆောင် စိုက်ပျိုး ၍ ဖြစ်ထွန်းအောင်မြင်လျက်ရှိ ကြောင်း သိရှိရပါသည်။

တစ်ခေတ်ဆန်းသစ်လာတော့မည့် မြန်မာ့သစ်မွှေး

 မြန်မာနိုင်ငံရှိ မည်သည့်နေရာ ဒေသမဆို သစ်မွှေးကို စနစ်တကျ ပြုစုပျိုးထောင်စိုက်ပျိုးပါက ဖြစ်ထွန်း အောင်မြင်လျက်ရှိပြီး အကျိုးရလဒ် ကြီးမားလှပါသည်။ သဘာဝ တောများတွင် ပေါက်ရောက်သော သစ်မွှေး ပင်များသည် ဆယ်ပင်လျှင် တစ်ပင်သာ သစ်မွှေးဆီ ရှိသည်။ ယခုအခါ ခေတ်မီနည်းအရ အပင်တိုင်းကို ဆေးသွင်းအဆီ ထုတ်ယူနိုင်သည်ဖြစ်၍ တိုင်းနယ်ပြည်နယ်အသီးသီး၊ နိုင်ငံအနှံ့ စိုက်ပျိုးမှုများ ရှိနေကြပြီ ဖြစ်ပါသည်။ အထူးသဖြင့် ယခုအခါ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် နေပြည် တော်တို့တွင် စီးပွားဖြစ်ရော တစ်နိုင်တစ်ပိုင်ပါ စိုက်ပျိုးနေကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် နောင်တွင် သစ်မွှေး စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းသည် မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးသည့် စီးပွားရေး လုပ်ငန်းကြီးတစ်ခု ဖြစ်လာတော့မည် ဖြစ်ပါသည်။ မြန်မာ့သစ်မွှေး တစ်ခေတ် ဆန်းသစ်လာတော့မည်ဖြစ်ပါသည်။ 
မောင်နွယ်သန်း
Ref:myanmarmarket

နိုင်ငံခြားဝင်ငွေ ရရှိနိုင်ရန် သစ်မွှေးကို အလေးထားစိုက်ပျိုး (2)

စိုးစန္ဒာဦးနှင့် နေလင်းအောင်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၉၄)

အလုပ်သမတစ်ဦးက သစ်မွှေးပျိုးပင်ပေါက်ဥယျာဉ်တစ်ခု၌ အောင်မြင်ဖြစ်ထွန်းမည့် ပျိုးပင်တစ်ပင်ကို ပြနေစဉ်။
   သစ်မွှေးစိုက်ပျိုးခြင်းသည် နိုင်ငံခြား ၀င်ငွေရရှိရန် အခွင့်အလမ်းကောင်း တစ်ခုဖြစ်သောကြောင့် လုပ်ငန်းရှင်ကြီးများနှင့် တောင်သူများကသစ်မွှေး စိုက်ပျိုးခြင်းကို ပိုမိုစိတ်ဝင်စားလာကြ သည်။
"သစ်မွှေးက လောလောဆယ် ပြည်တွင်းထုတ်လုပ်အား နည်းနေပါသေး တယ်။အရှေ့အလယ်ပိုင်းဒေသ စော်ဘွား နိုင်ငံတွေကတော့ သစ်မွှေးကို အဆီထုတ်ပြီးဆေးဝါးနဲ့အမွှေးအကြိုင် ပြုလုပ်တဲ့နေရာမှာ သုံးကြတယ်" ဟု သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပို ရေးရှင်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
၂၀၀၃ ခုနှစ်မှစ၍ အဆိုပါ ကော်ပိုရေးရှင်းက အပင် ၆၀ စမ်းသပ်စိုက်ပျိုး ခဲ့ရာယခုအခါတွင်အပင်ပေါင်း ၂,၀၀၀စိုက်ပျိုးထားကြောင်း၊ သစ်မွှေးမှာ သာမန်အပင်တွင် မမွှေးဘဲမှိုစွဲကပ်ရောဂါဝင်ပြီး အပင်အနာရမှသာလျှင် အမွှေးနံ့ဝင်ကာ သစ်မွှေးဖြစ်လာပြီးအပင် လုံးပတ် ၁၀ လက်မ ခန့်အရွယ် တွင် မှိုဆေးသွင်းနိုင်ကြောင်းသိရသည်။
ထိုင်းနိုင်ငံတွင် အပင်သက်ငါးနှစ်၊ ခြောက်နှစ်ခန့်အရွယ်တွင် ဆေးထိုး၍ သစ်မွှေးပြုလုပ်ရာ ယခုအခါအောင်မြင်နေပြီး ပြည်ပဈေးကွက် သို့ တင်ပို့နိုင်ပြီ ဖြစ်သည်။
"သစ်မွှေးကအမြဲစိမ်းသစ်တော အမျိုးစားထဲမှာပါတော့ မြန်မာနိုင်ငံ အောက်ပိုင်းမှာ စိုက်လို့ဖြစ်ပေမယ့် စိုက်ပျိုးစရိတ်ကြီးတယ်။ မူရင်း ဒေသဖြစ်တဲ့ ကချင်ပြည်နယ်တို့လို နေရာမျိုးမှာစိုက်ရင်မျိုးက ဈေးကြီးတော့ တော ခုတ်၊ မြေယာပြုပြင်တဲ့အချိန်က စပြီး အပင်ပေါက် တဲ့အထိဆိုရင် တစ်ဧက ကို သိန်း ၂၀ ကနေ ၃၀ ကြားလောက် စရိတ်ရှိတော့ တောင်သူက ရင်းနှီးဖို့ တော်တော်စဉ်းစားမယ်။ ပျိုးတစ် ပင်ကို ကျပ် ၁,၅၀၀၊ ၂,၀၀၀ လောက် ရှိတော့ တောင်သူက မြန်မြန်ကြီးပြီး မြန်မြန် ငွေပေါ်မယ့် အပင်မျိုးကိုပဲ စိုက်ချင်ကြ တယ်"ဟု ၎င်းက ပြောကြားသည်။
သစ်မွှေးတစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၈၀၀ မှ ၁၀,၀၀၀ ကျော် တန်ထိရှိသည်။ ပြီးခဲ့သော သုံးလေးနှစ် ခန့်မှစ၍ ပြန်လည် ခေတ်စားလာခြင်း ဖြစ်သည်။
မျိုးတုံးအန္တရာယ် ကျရောက်နေသည့် သစ်ပင်မျိုးနွယ်အဖြစ် သတ်မှတ်၍ ရောင်းဝယ်ဖောက်ကားမှုကို ထိန်းချုပ် ထားသော သစ်မွှေး မျိုးစိတ်ပေါင်း ၁၅ မျိုးခန့်ရှိရာ မြန်မာပြည်တွင် မျိုးစိတ် နှစ်မျိုးရှိကြောင်း သိရသည်။
"စိုက်နိုင်ရင်တော့ နိုင်ငံခြားဝင်ငွေ ရရှိဖို့အတွက် အတော်ကောင်းပါတယ်။ တောင်သူတွေလည်း တစ်ပိုင်တစ်နိုင် အနေနဲ့ တစ်အိမ်ကို လေး၊ ငါးဆယ်ပင် လောက် စိုက်ပြီး အောင်သွားတော့ လည်း အကျိုး ရှိတာပေါ့။ လောလော ဆယ်တော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ စိုက်နေတယ်"ဟု ၎င်းက ပြောသည်။
"သစ်မွှေးကို ၂၀၀၉ ခုနှစ် အစော ပိုင်းလောက်ကစပြီး စိုက်ထားတာ။ အခုဆို အပင်က တစ်နှစ်သားလောက် ရှိပြီ။ အခု ခြောက်ဧက စိုက်ပျိုးထားပါ တယ်။ သစ်မွှေးပင်တွေဟာ မြန်မာနိုင်ငံ အနှံမှာ ပေါက်နိုင်ပြီး အပူပိုင်းဒေသတွေ မှာစိုက်ပျိုးရင် မေလကနေ ဇွန်လ အထိ နှစ်လအတွင်း အပြီးစိုက်ပျိုးရတယ်"ဟု မြစ်ကြီးနားမြို့နယ်တွင် သစ်မွှေးစိုက်ပျိုး သူ တစ်ဦးက ပြောသည်။
မိုးဦး၊ မိုးလယ်နှင့် မိုးနှောင်းကာလ သုံးကြိမ်တွင်သာ မြေဩဇာ ထည့်သွင်း ရကြောင်း၊ အပင်သက်တမ်း သုံးနှစ်ပြည့် သောအခါ အပင် ဖျားမှအရင်းအထိ ပင်စည်အတွင်းသို့ လွန်ဖြင့် အပေါက် ငယ်များဖောက်ပြီး ဆေးထည့်ရကြောင်း ၎င်းက ပြောသည်။
သစ်မွှေးပင်သည်သဘာဝအားဖြင့် အမွှေးနံ့မရှိကြောင်း၊ဆေးထည့်ပြီးလေးလအကြာ၌ ပေါင်းဆီထုတ်နိုင်သော်လည်း အပင်သက်တမ်း ငါးနှစ်ခြောက်နှစ်သားများတွင် အပင်ကို ခုတ် လှဲပြီး ပေါင်းခံကြောင်း မြစ်ကြီးနား မြို့နယ်တွင် သစ်မွှေးစီးပွားဖြစ် စိုက်ပျိုး သူက ရှင်းပြ သည်။
"သစ်မွှေးကို ၂၀၀၈ ခုနှစ်က စတင် စိုက်ပျိုးထားပြီး တစ်ဧကကို အပင် ၆၅၀ နှုန်းနဲ့ ဧကပေါင်း ၆၀ စိုက်ပျိုးထား ပါတယ်။ အစေ့ကို ပျိုး ပြီးတစ်နှစ်သား အရွယ်ရောက်မှတစ်ပေခွဲပတ်လည် အနက်ကျင်းတူးပြီး ပြောင်းရွှေ့ စိုက်ပျိုး တာပါ။ တစ်ပင်ကို ရှစ်ပေခြား စိုက်ပျိုး ပါ တယ်။ အခုဆို အပင်သက်တမ်းက သုံးနှစ်နီးပါးရှိပြီ"ဟု ၎င်းက ပြောသည်။
"အပင်ပေါင်းခံတဲ့အခါမှာတစ်ပင်ကို ပေါင်းအိုးနဲ့သုံးကြိမ်လောက် ပေါင်းခံရပြီးတော့ တစ်အိုးကို ပင်နီစလင် ပုလင်း နှစ်ပုလင်းလောက် ရတယ်။ တစ်ပုလင်း ကို ငွေသုံးသိန်းဝန်းကျင် ဈေးရပြီးတော့ အပင်တစ်ပင်ကို ပင်နီစလင် ပုလင်း ကိုးပုလင်းလောက် ထွက်တယ်။ တန်ဖိုး အနေနဲ့ကတော့ တစ်ပင်ကို ငွေကျပ် ၂၇ သိန်း ၀န်းကျင်ရတယ်"ဟု ၎င်းက ရှင်းပြသည်။
သစ်မွှေးစိုက်ပျိုးရာတွင် တစ်ဧက လျှင် ကျပ် ၆၅ သိန်းခန့် ကုန်ကျပြီး တစ်ပင်လျှင် ၁၅ သိန်းခန့် အမြတ်ရရှိ ကြောင်း၊ ထိုင်းနိုင်ငံထုတ် မှိုဆေးကို အသုံးပြုပါက အထွက်နှုန်းပိုပြီး ကုန်ကျ စရိတ်မှာလည်း မူလထက် လေးဆခန့်ပို မိုကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
သစ် မွှေးကို တိုင်းရင်းဆေးဝါး ထုတ်လုပ်သည့် လုပ်ငန်းများ၊ ရေမွှေး ထုတ်လုပ်ငန်းများတွင် မပါမဖြစ် အသုံး ပြုကြကြောင်း သိရသည်။
Ref:mmtime

ယနေ့ ရွေးကောက်ပွဲနဲ့ မနက်ဖန် အလားအလာ

| ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၀၇ ခုနှစ် ၂၃ နာရီ ၃၉ မိနစ်



ဆယ်စုနှစ်တခုမက ကြာအောင် ကျင်းပခဲ့တဲ့ အမျိုးသား ညီလာခံဟာ အခုအချိန်မှာ ဆက်လက် ကျင်းပနေဆဲလည်း ဖြစ်သလို မကြာခင် အဆုံးသတ်တော့မယ်လို့လည်း ပြောသံများ ကြားရပါတယ်။ အမျိုးသား ညီလာခံနဲ့ ပတ်သက်လို့ ပြည်တွင်းက နိုင်ငံရေး အင်အားစုတွေရဲ့ တောက်လျှောက် တုံ့ပြန်တဲ့ အခြေအနေကတော့ ညီလာခံဟာ စစ်အစိုးရ အလိုကျ သူတို့ အကျိုးအတွက် တဖက်သတ်ဆန်ဆန် ကျင်းပနေတာကြောင့် လက်မခံနိုင်ဘူး ဆိုတဲ့ အသံတွေပါ။ အထူးသဖြင့် ၈၈ ကျောင်းသားတွေ၊ ၀ါရင့် နိုင်ငံရေး သမားကြီးတွေ၊ တိုင်းရင်းသား အုပ်စုများစွာ၊ စီအာပီပီနဲ့ အမတ်များစွာတို့ရဲ့ အသံတွေ ဖြစ်ပါတယ်။ ဒါဟာလည်း အင်မတန် သဘာဝကျပါတယ်။ အာဏာရှိသူကလည်း ငါ အာဏာရှိတုန်း အသာစီးရတုန်း ကိုယ့်ဘက် ကိုယ်ယက်ပြီး လုပ်လိုတာ အကုန်လုပ်သလို အဖိနှိပ်ခံတွေ ဘက်ကလည်း နိုင်သလောက် ကန့်ကွက်ရမှာ ဖြစ်ပါတယ်။ စစ်အစိုးရဟာ အမျိုးသား ညီလာခံကို တကယ်တမ်း အဆုံးသတ်မယ် ဆိုရင်တော့ အရပ်သား အစိုးရတခု ပေါ်ပေါက်ရေးကို ဦးတည်တဲ့ နိုင်ငံရေး လမ်းကြောင်း တခုကို ဖော်နေပြီလို့ ဆိုရပါမယ်။


အာဏာ ကုလားထိုင်မှာ အဓိက ကျတာက အန်အယ်ဒီ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဦးဆောင် နိုင်ငံရေး ပါတီဖြစ်တဲ့ အန်အယ်ဒီ ကတော့ ဒေါ်စု အပါအ၀င် ခေါင်းဆောင်တွေကို လွှတ်ပေးဖို့၊ ပြီးရင် အမျိုးသား ညီလာခံရဲ့ ပြင်ပမှာ စကားဝိုင်းထိုင် ညှိနှိုင်းဖို့ကိုပဲ အစဉ်တစိုက် တောင်းဆိုနေပါတယ်။ ဒီတောင်းဆိုချက်ဟာ လက်တွေ့မှာ ဖြစ်နိုင်ချေ မရှိသေးပါဘူး။ သို့သော် အန်အယ်ဒီဟာ တခုတည်းသော ရွေးကောက်ပွဲ အနိုင်ရ ပါတီကြီးတခုဖြစ်တယ်။ တပြည်လုံး အတိုင်းအတာအရ အဆင့်ဆင့် ဖွဲ့စည်း တည်ဆောက်ထားတဲ့ အင်အားကြီးသော တရားဝင် အဖွဲ့အစည်းကြီး တခုလည်း ဖြစ်တယ်။ ဒီတော့ စစ်အစိုးရကလည်း သတိထား ကိုင်တွယ်နေသလို အန်အယ်ဒီ ခေါင်းဆောင်ပိုင်းကလည်း အမှားမခံဘဲ နောက်ဆုံး အခြေအနေကို ရောက်ရင် အရေးကြီးတဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ပေးရတော့မှာ ဖြစ်ပါတယ်။


အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် (စီအီးစီ) အနေနဲ့ လက်ရှိ လုပ်ကိုင်နေပုံအရ လူငယ်ထုကို ပိုမို ကျစ်လစ်အောင် စုဆောင်းနေပုံကိုက နောက်ဆုံးတနေ့မှာ ထိပ်တိုက် ရင်ဆိုင်ရမယ်လို့ ယူဆရပါတယ်။ ဒေါ်စု ပြောခဲ့တဲ့ စကားတခွန်း အရ စစ်ခေါင်းဆောင်တွေရွေးတဲ့ လမ်းကြောင်း ဖြစ်တဲ့အတွက် တွေ့ဆုံ ဆွေးနွေးရေးကို လက်မခံရင် ထိပ်တိုက် ရင်ဆိုင်ရေး လမ်းကို လျှောက်ကြဖို့ပဲ ရှိပါတယ်။


ပြည်ပက အယူအဆတွေကို လေ့လာကြည့်တဲ့အခါ ကိုမိုးသီးဇွန်၊ ကိုဘိုဘိုကျော်ငြိမ်းတို့ ဦးဆောင်တဲ့ ပညာရှင်ဆန်ဆန် သုံးသပ် လေ့လာချက်များ ကတော့ အမေရိကန်၊ တရုတ် အပါအ၀င် နိုင်ငံတကာ အကူအညီနဲ့ စစ်အစိုးရကို ဖျောင်းဖျ နားချကာ အရပ်သားနဲ့ စစ်အုပ်စုတို့ အာဏာခွဲဝေပေးတဲ့ အခြေအနေ တရပ်ကို ဦးတည်တဲ့ လှုပ်ရှားမှုကို ဇောင်းပေးနေပါတယ်။


လတ်တလောမှာ အမေရိကန် အကြံပေးချက်အရ ပါကစ္စတန်မှာလည်း စစ်ဦးစီးချုပ် ကိုယ်တိုင် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ စစ်တပ်တို့ အာဏာခွဲဝေရေးကို စတင်နေပြီ ဖြစ်တော့ ဒါဟာလည်း နည်းလမ်းတခုလို့ ဆိုရမှာပါ။ သို့သော် ပါကစ္စတန်မှာ စစ်ဦးစီးချုပ်ကို ကျောချမ်းသွားစေတဲ့ သူ့ကို လုပ်ကြံမှုတွေ၊ အသေခံ ဗုံးခွဲမှုတွေ ဆိုတာ အရေးကြီးတဲ့ ကိစ္စရပ်တွေပါ။ စစ်ခေါင်းဆောင်တွေ နားလည်နိုင်မယ့် ဝေါဟာရတွေထဲမှာ အသေခံ ပြောက်ကျားနည်း ကွန်မန်ဒို ချောင်းမြောင်း လုပ်ကြံမှု ဆိုတာတွေဟာ အရေးပါ ပါတယ်။


ကွန်မြူနစ်ပါတီ ရဲ့ အယူအဆနဲ့ လမ်းစဉ်ကတော့ စစ်အစိုးရ ဖော်ဆောင်နေတဲ့ ရွေးကောက်ပွဲ ပေါ်ပေါက်တဲ့ အထိ အဆင့်ဆင့် ခြေလှမ်းတွေ၊ အခြေအနေတွေ၊ လုပ်ငန်းစဉ်တွေမှာ ပြည်သူလူထုကို မြေအောက် ယူဂျီတွေကတဆင့် စည်းရုံးပြီး ပြည်သူလူထု တရပ်လုံး ပါဝင်နိုင်မယ့် လူထုအုံကြွမှု ပေါ်ပေါက်ရေးအထိ ဦးတည်ကာ စစ်အာဏာရှင် အမြစ်ဖြတ်ရေး လမ်းစဉ်ကို ကြိုးပမ်းမယ်လို့ ယူဆရပါတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေဟာ ဒီလို ဖြစ်လာမယ့် နိုင်ငံရေး ရေချိန်တရပ်၊ နိုင်ငံရေး အနေအထား တရပ်အထိ ရောက်လာမှာ မလွဲမသွေဘဲလို့လည်း တွက်ထားပါတယ်။


ဒီလိုဆိုရင် ပြည်သူလူထုရဲ့ အမြင်နဲ့ ခံစားချက်ကတော့ ဘယ်လို နေပါလိမ့်မလဲ ဆိုတာကတော့ အရေးကြီးတဲ့ အပိုင်းအဖြစ် စဉ်းစားရပါမယ်။ ဦးနု ကတော့ သူ့ရဲ့ တာတေ စနေသားမှာ “ဒို့လူထုကြီးဟာ ခံစားချက်ကို ပိုမို ဦးစားပေးတယ်။ ဦးနှောက်က စဉ်းစားတာထက် နှလုံးသား ခံစားတာက ပိုများတယ်” လို့ ကိုယ်နဲ့နှိုင်းကာ သုံးသပ်ပါတယ်။ ကွန်မြူနစ် ပါတီရဲ့ အယူအဆကတော့ “ကျနော်တို့ လူထုကြီးဟာ နိုင်ငံရေး အတွေ့အကြုံတွေ လွန်စွာ ရင့်ကျက်တယ်” လို့ သုံးသပ်ပါတယ်။ ဖဆပလ ကို စဖွဲ့လိုက်တော့ လူထုဟာ ပါလာတဲ့ စိန်ရွှေ လက်ဝတ် ရတနာတွေကိုတောင် ဖဆပလ ရန်ပုံငွေ အတွက် ချွတ်လှူခဲ့တဲ့ ကျနော်တို့ လူထုဟာ အခုအချိန်မှာ စားစရာတောင် မရှိအောင် ငတ်ပြတ်ဆင်းရဲ၊ ပညာမတတ်၊ ရောဂါ အမျိုးမျိုးနဲ့ အလွန် ခံစားနေရတဲ့ အခြေအနေ ဖြစ်တော့ကာ ချွတ်လှူစရာ ရွှေငွေနတ္ထိ အခြေအနေ ဖြစ်ပါတယ်။ ဒီနေရာမှာ လူထုအမြင် ဆိုတာနဲ့ ပတ်သက်လို့ ရှေးကာလက ဖြစ်ရပ်တခုကို ပြန်ပြောင်း တင်ပြလိုပါတယ်။


မင်းတုန်းမင်း နန်းတက်ခါစမှာ ညီတော် အိမ်ရှေ့စံ ကနောင်မင်းသားဟာ သာမန် ဆင်းရဲသားအသွင်နဲ့ ရုပ်ဖျက်ကာ မြို့ပြင်ထွက်ပြီး စနည်းနာတော်မူပါတယ်။ အဲဒီအခါ ကျေးလက်က မြို့တက်ပြီး ဈေးရောင်းဈေးဝယ် လာတဲ့ ကုန်သည်တွေ အုပ်စုထဲမှာ ပါလာတဲ့ သက်ရွယ်ကြီးရင့်တဲ့ အဖိုးအို တယောက်ကို ချဉ်းကပ်မိပါတယ်။ အဖိုးအိုဟာ မင်း ၅ ဆက်ကို သိမှီလိုက်ပါသတဲ့။ ဒီတော့ ကနောင်မင်းသားလည်း အဖိုးအိုထံ စုံစမ်းတဲ့ အနေနဲ့ မေးလိုက်ပုံက ‘အဖိုး … ဘယ်မင်းလက်ထက်မှာ အကောင်းဆုံးပါလဲ’ လို့ စကားစလိုက်တော့ အဖိုးအိုက ‘ဘယ် မအေ --- တက်တက် ဘာမှ မထူးပါဘူးကွာ’ လို့ ပြန်ဖြေပါသတဲ့။


အဓိပ္ပာယ်ကတော့ သက်ဦးဆံပိုင် ဘုရင်လက်ထက်မှာ ကျေးလက်တောရွာ ဆင်းရဲသူ ဆင်းရဲသား၊ လက်လုပ်လက်စား ပြည်သူတွေအဖို့ ဘယ်သူတက်တက် ဘာမှမထူးခြားဘဲ နီးရာသူကြီး၊ ဆယ်အိမ်ခေါင်း၊ ရွာစိုး စတဲ့ အာဏာပိုင်တွေ အနိုင်ကျင့်တာခံရတဲ့ ဘ၀ဖြစ်လို့ပါပဲ။ ပဒေသရာဇ် ခေတ်ရဲ့ ပြယုဂ် ဖြစ်ပါတယ်။ မင်းတုန်းမင်း ခေတ်နှောင်းပိုင်းနဲ့ သီပေါမင်း လက်ထက်တို့မှာ ၀န်ကြီးတွေကစပြီး အထက်ပိုင်းမှသည် အောက်ခြေ အဆင့်ဆင့် အာဏာပိုင် များစွာတို့ရဲ့ ဓားထက်လှစွာဖြင့် မတရား ညှဉ်းဆဲမှု၊ အနိုင်ကျင့်မှုတွေဟာ အလွန်ဆိုးဝါးတဲ့ အတွက် ဆင်းရဲတွေနဲ့ လူလတ်တန်းစားတွေဟာ မခံမရပ် နိုင်လွန်းတော့ အောက်ပြေအောက်ရွာ အင်္ဂလိပ်မင်း လက်အောက် သွားရောက် နေရတာကမှ သက်သာသေးတယ် ဆိုကာ အမြောက်အမြား ပြောင်းရွှေ့ကုန်ကြကြောင်း မှတ်သား တွေ့ရှိပါတယ်။ ဒါကို ကျွန်စိတ်ပေါက်တယ်လို့ အပြစ်တင်လို့ မရပါဘူး။ သာမန် ပြည်သူတွေအဖို့ ကိုယ့်ဘုရင် အုပ်ချုပ်တဲ့ ဘ၀ထက် အင်္ဂလိပ် အုပ်ချုပ်တာက ပိုပြီး သက်သာသေးတယ် ဆိုတဲ့ ဘ၀အမြင် တရပ်၊ အခြေအနေ တရပ်ကို စဉ်းစားဆင်ခြင် သင့်ပါတယ်။


ဒီအခြေအနေဟာ တကယ်တော့ သာမန် ပြည်သူတွေရဲ့ အဲဒီကာလက ဖြစ်နေတဲ့ ဖြစ်ရပ်တခုပါ။ ဒီဖြစ်ရပ်ကို ကျနော်တို့ဟာ ဆိုးဆိုး၊ ကောင်းကောင်း အမှန်အတိုင်း သမိုင်းတင်ပြီး သင်ခန်းစာယူဖို့ လိုပါတယ်။ ကျနော်တို့ သမိုင်းဖြစ်စဉ်တွေကို ဖော်ပြ ရေးသားကြရာမှာ အုပ်ချုပ်သူနဲ့တကွ အုပ်ချုပ်သူကို တော်လှန် ပုန်ကန်တဲ့ အာဏာလုဘက်၊ ပြိုင်ဘက် နိုင်ငံရေး ဖြစ်စဉ်တွေကိုတော့ ဖော်ပြပါရဲ့။ သာမန် ပြည်သူလူထုရဲ့ အခြေအနေ၊ အမြင်၊ ခံစားချက်၊ ရပ်တည်ချက်ကိုတော့ အရေးတယူ ဖော်ပြခဲ့တာ နည်းပါးလှတာကို တွေ့ရလို့ပါပဲ။


ဦးနေ၀င်းရဲ့ ၂၆ နှစ်တာကာလကို အကျဉ်းချုပ်လိုက်ရင် လူတွေကို ဆင်းရဲ စုတ်ပြတ်အောင် လုပ်ထားပြီး လူထုအင်အား ချိနဲ့ပါမှ စစ်အာဏာရှင် တပါတီ အာဏာရှင် စနစ်ကို စိတ်ကြိုက် ထူထောင် အုပ်ချုပ်လို့ ရမယ်လို့ ယူဆတယ်။ ဒီတော့ လူတွေကို မွဲနေအောင်၊ မွဲလွန်းလို့ မခံနိုင်တော့ဘူး ထင်ရင် နဲနဲ ထွက်ပေါက်လေး ပေးလိုက်တယ်။ ဒီလိုချော့လိုက်၊ ချောက်လိုက်၊ ပေးလိုက်၊ ညှဉ်းဆဲလိုက် လုပ်ထားကာ ၂၆ နှစ်ကို ဆွဲဆန့်ခဲ့ရပါတယ်။ ကွန်မြူနစ်၊ စစ်အေးတိုက်ပွဲ ခေတ်ကို ဖြတ်သန်းခဲ့တဲ့ ဦးနေ၀င်းရဲ့ လက်ထက်မှာ တိုင်းပြည်ဟာ ဘာမျှော်လင့်ချက်မှ မရှိနိုင်ခဲ့ပါဘူး။ နိုင်ငံတကာ အမြင်လည်း မရှိခဲ့ပါဘူး။


စစ်အာဏာရှင် စနစ် သက်ဆိုးရှည်ဖို့ အတွက် လူတွေ ပင်ပန်း ဆင်းရဲနေဖို့ လိုတယ်ဆိုတဲ့ ဒီအတွေးအခေါ်ဟာ ဘယ်လောက်ထိ မှန်သလဲ ဆိုတာ ဒီကနေ့ခေတ်မှာ မသေချာတော့ပါဘူး။ ဒီကနေ့ခေတ်ဟာ အရာရာ ပွင့်လင်း လွတ်လပ်လာတဲ့ ခေတ်ဖြစ်ပါတယ်။ အင်တာနက်၊ ကွန်ပြူတာနဲ့ လက်ကိုင်ဖုန်းတွေ ကိုင်ပြီး ဈေးကွက် စီးပွားရေးကို လှုပ်ရှားနေကြတဲ့ ခေတ်ဖြစ်ပါတယ်။ ဒီလိုခေတ်မှာ လူထုဟာ ထွက်ပေါက် မရှိရင် ရှာကြံပြီးတော့ စီးပွားရေးနဲ့ ဘ၀ အဆင်ပြေရေး တို့ကို ဖြစ်တဲ့နည်းနဲ့ ဖြစ်သလို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။


ဦးနေ၀င်းရဲ့ ဆိုးမွေခံ ဗိုလ်ချုပ်ကြီးတွေ လက်ထက် ဒီကနေ့ အခြေအနေကို ကြည့်ရင် လူထုကြီးဟာ မကြုံစဖူး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အကျပ်အတည်း များစွာတွေနဲ့ နေ့စဉ် ရင်ဆိုင် ဖြေရှင်းနေရတော့ အပြောင်းအလဲ တခုခုကို တောင်းတ မျှော်ကိုးနေတာ ဖြစ်ပါတယ်။ ဒေါ်စုကို ပြန်လွှတ် ပေးလိုက်တဲ့ ၂၀၀၂ ခုနှစ်တုန်းကလည်း ဘာပဲဖြစ်ဖြစ် လူထုဟာ ဖြစ်လာမယ့် အပြောင်းအလဲကို မြင်ချင်လှပါပြီ။

ပိုဆိုးရင်လည်း ဆိုးပါစေတော့။ လက်ရှိ အခြေအနေအတိုင်း ဒီလိုမျိုးချည်းတော့ ဆက်လက် မနေလိုတော့တာပါ။ ဒါကြောင့် အပြောင်းအလဲကို ဖြစ်အောင် အတတ်နိုင်ဆုံး လုပ်ပေးမယ့်သူဟာ ဒေါ်စု တဦးတည်းသာ ဖြစ်နိုင်မယ်ဆိုတဲ့ ခံစားချက်နဲ့ လူထုဟာ ဒေါ်စုအပေါ် ဘာပဲဖြစ်ဖြစ် ပုံအောထားခဲ့ပါတယ်။ စစ်အစိုးရကလည်း လူထုရဲ့ ဒီစိတ်ဓာတ်ကို သွေးလန့်ဟန်တူပါတယ်။ ဒေါ်စုမှတပါး တခြားသူ တစုံတဦးကို ဒီကနေ့ထိ လူထုအနေနဲ့ မမြင်နိုင်သေးတာကလည်း မြန်မာပြည် နိုင်ငံရေးရဲ့ ထူးဆန်းမှု တခုလို့ ဆိုရမှာပါ။


စစ်အစိုးရ အနေနဲ့ကတော့ လက်ရှိ အခြေအနေကို မဖြစ်မနေ ဆွဲလို့ ရသလောက် ဆွဲနေချင်အုံးမှာ။ အချိန်ဆွဲဆန့် နိုင်သလောက် ဆွဲနေရမှာ ဖြစ်ပါတယ်။ ဆက်ပြီး ဆွဲဆန့်ထားလို့ ရသေးလား ဆိုတာကတော့ အသေးစိတ် လေ့လာဖို့ လိုပါမယ်။ ဆွဲဆန့်လို့ မရတာကတော့ ထိပ်ပိုင်း စစ်ခေါင်းဆောင် ၂ ဦးရဲ့ ဇရာနဲ့ ကျန်းမာရေး ဖြစ်ပါတယ်။ အနားမယူ မဖြစ်ဆိုတဲ့ ကာလဟာလည်း နီးကပ်လာပါတယ်။ နောက်ပိုင်းလူတွေကို လွှဲပြောင်းပေးဖို့ ညင်သာ ချောမွေ့တဲ့ အပြောင်းအလဲ တခု ဖြစ်ဖို့ဆိုတာ လက်ရှိ ခေါင်းဆောင် ၂ ဦးအနေနဲ့ ဦးနေ၀င်းရဲ့ ဖြစ်စဉ်ကို နမူနာယူပြီး ဖြစ်နေပါလိမ့်မယ်။


အချိန်ကို ဆွဲဆန့်ရာမှာ အထောက်အကူ ဖြစ်စေတဲ့ လမ်းတွေဖောက်၊ တံတားတွေဆောက်၊ ဆည်တွေတည် လုပ်ထားတော့ ဆက်သွယ်ရေး လမ်းကြောင်းကတော့ အရင်ထက်စာရင် ပိုမို တိုးတက်လာပါရဲ့။ သို့ပေမဲ့ စီးပွားရေး အခြေအနေဟာ ပြောင်းလဲ တိုးတက်လာတာကို အရိပ်အယောင်မျှ မတွေ့ရသေးပါဘူး။ တိုင်းပြည်ကို ထိန်းထားနိုင်မယ့် နောက်ပိုင်း မျိုးဆက်၊ တပည့်၊ လက်သား လူငယ် ဗိုလ်ချုပ်တွေရဲ့ အရည်အချင်းကလည်း လူကြီးတွေ မျက်စေ့ ကျလောက်အောင် လုပ်ပြနိုင်သူ ရှိဟန်မတူပါဘူး။ ပြောရရင် စီးပွားရေး ကဏ္ဍမှာ တခြား တေဇ တွေ စစ်အုပ်စုအဖို့ ရှားပါးနေဟန် တူပါတယ်။ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်လောက်တောင် အမျိုးသား စီးပွားရေး လုပ်ငန်းရှင်တွေကို မွေးထုတ်ပေးနိုင်မယ့် အခြေအနေမျိုး မတွေ့ရသေးပါဘူး။ ဒါကြောင့် လိုအပ်ရင် ဗိုလ်ချုပ်ကြီးတွေ အနေနဲ့ ဗိုလ်ခင်ညွန့်ကို လာမယ့် ရွေးကောက်ပွဲမှာ ပါတီတခုရဲ့ ခေါင်းဆောင်အဖြစ် မြင်ကြည့်နေပြီလား ဆိုတာ တွေးစရာပါ။


လတ်တလော ကျင်းပနေတဲ့ အမျိုးသား ညီလာခံဟာ အနှစ်သာရ အားဖြင့် စစ်အစိုးရ အလိုကျ အရပ်သား အစိုးရတခု ထွက်ပေါ်ရေး ဖြစ်ပါတယ်။ ဒီနေရာမှာ ဦးနေ၀င်း လုပ်ခဲ့တဲ့ မဆလပါတီ၊ မဆလအစိုးရနဲ့ အခြေအနေချင်း များစွာ ကွာခြားသွားလေတော့ သိပ်ပြီး လွယ်ကူဟန် မတူတဲ့အတွက် အချိန်များစွာ ယူခဲ့ရသလို အတိုက်အခံ အနှောင့်အယှက် များစွာကိုလည်း ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။


တိုင်းပြည် ခေါင်းဆောင်တွေရဲ့ အရည်အချင်းတွေကို လေ့လာကြည့်တဲ့အခါ အာဏာကို ထိန်းထားတဲ့ အရည်အချင်း၊ လူထုကို စည်းရုံးနိုင်တဲ့ အရည်အချင်း၊ အုပ်ချုပ်ရေး ယန္တရားကို ထိန်းချုပ် လည်ပတ်စေနိုင်တဲ့ အရည်အချင်း စတဲ့ အမျိုးမျိုးသော အရည်အချင်းတွေထဲမှာ စစ်အုပ်စု အနေနဲ့ သူတို့စိတ်ကြိုက် အရည်အချင်း ရှိသူတွေ စစ်အစိုးရဘက်မှာ အလုံအလောက် ရထားပြီးရင်တော့ သူတို့ရဲ့ အမျိုးသား ညီလာခံကို အဆုံးသတ်ကာ သူတို့ ရေရှည်သွားလို့ရမယ့် လမ်းကြောင်းတခုကို ဖော်ဖို့ အချိန်တန်ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။


ဒီတော့ ပြည်သူလူထုရဲ့ စိတ်ထဲမှာ ဘယ်လိုရှိပါမလဲ ဆိုတဲ့ စကားအစကို ပြန်ကောက်ရရင် ကနောင်မင်းသား မေးခွန်းကို ဖြေသွားတဲ့ အဖိုးအို စကားလို ဘယ်သူတက်တက် မထူးပါဘူး။ သို့သော် ထူးတာက စစ်ဗိုလ်၊ စစ်ဗိုလ်လူထွက်တွေ တက်ရင်တော့ ထူးမယ်လို့ လူထုက ခံစားမှာ ဖြစ်ပါတယ်။ ဘာထူးမလဲ ဆိုတော့ ကိုသာဆိုး တို့ တက်လာတယ်ဆိုတဲ့ အမြင်နဲ့ ပိုမိုဆိုးဝါးတဲ့ ဖိနှိပ်မှုကို လုပ်တော့မှာပဲလို့ ခံစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ မလုပ်ရင်လည်းပဲ ခဲမှန်ဖူးတဲ့ စာသူငယ်လို၊ ဗိုလ်နေ၀င်း ၂၆ နှစ်နဲ့ န၀တ၊ နအဖ နှစ် ၂၀ တို့ကို ကောင်းကောင်း သဘောပေါက်နေပြီး ဖြစ်လို့ပါပဲ။


စစ်ခေါင်းဆောင်တို့ ညစ်တတ်ပုံကို ဥပမာတခု အနေနဲ့ ပြောရရင် ကြေးမုံ ဦးသောင်း ရေးခဲ့တဲ့ ပြဇာတ်ဆန်ဆန် တကယ့် ဖြစ်ရပ်တခု ရှိခဲ့ဘူးပါတယ်။ ဖဆပလ နှစ်ခြမ်းကွဲတော့ ဗိုလ်နေ၀င်းက စစ်အရာရှိကြီးတွေ ဖြစ်တဲ့ အောင်ကြီး၊ မောင်မောင်၊ တင်ဖေ တို့ကို ဦးနုရဲ့ ၀န်ကြီးချုပ်အိမ်ကို လွှတ်ကာ အာဏာ အပ်ခိုင်းပါတယ်။ ကံအားလျော်စွာ သက်သေ ဖြစ်ချင်တော့ ဂါးဒီးယမ်း ဦးစိန်ဝင်းနဲ့ ကြေးမုံ ဦးသောင်းတို့ကလည်း ဦးနုရဲ့အိမ်မှာ ရောက်နေခိုက်ပါ။ သူတို့ နှစ်ဦးရှေ့မှာပဲ ဦးနုက ရွေးကောက်ပွဲလုပ်ပေးဖို့ ခံဝန်ချက်နဲ့ တရားဝင် အာဏာအပ်မယ်လို့ ဆိုခဲ့ပါသတဲ့။ ဒါပေမဲ့ ဗိုလ်နေ၀င်း ကလည်း လူပါးပဲ။ ရွေးကောက်ပွဲမှာ ဦးကျော်ငြိမ်းတို့ တည်မြဲအုပ်စုက နိုင်သွားရင် တည်မြဲထံကနေ အာဏာကို ပြန်သိမ်းဖို့ မလွယ်ဘူးလေ။ ဒီတော့ တည်မြဲကို ပြည်သူက ပိုပြီး ချဉ်ဖတ် ဖြစ်စေရမယ်။ ဒီလိုလုပ်ဖို့ အဲဒီတုန်းက လူထုမုန်းနေတဲ့ စစ်တပ်က တည်မြဲအတွက်ကို စစ်အာဏာ သုံးကာ မဲဆွယ်ပေးခဲ့တယ်။ ဒီလို လုပ်လိုက်တော့ လူထုက တည်မြဲကို ပိုမိုမုန်းတီးကာ ရွေးကောက်ပွဲမှာ ဦးနုက ၇၅ ရာနှုန်းနဲ့ ကျန် ၂၅ ရာနှုန်းကို ပမညတ ကရပြီး ဦးနု နိုင်တယ်။ ပြီးတော့ မကြာခင် အာဏာ သိမ်းတယ်။ ဒီလိုမျိုး သမိုင်းကြောင်းကလည်း ရွေးကောက်ပွဲ ခွင်မှာ ဗိုလ်နေ၀င်း ဆင်ခဲ့၊ ကခဲ့၊ ညစ်ခဲ့တဲ့ ဖြစ်ရပ်တခုအဖြစ် သမိုင်းသက်သေ ပူပူနွေးနွေး ရှိနေဆဲပါ။ ဒါကိုကြည့်ပြီး ဗိုလ်နေ၀င်း တပည့်တွေဟာ ဗိုလ်နေ၀င်းထက် ပိုမို လက်စောင်းထက်မယ်လို့ တွက်လို့ ရပါတယ်။


နိဂုံးချူပ် အနေနဲ့ ပြောရရင် စစ်အစိုးရဟာ လက်ရှိ တိုင်းပြည် အခြေအနေကို အလွန်ဆုံး ဆွဲဆန့်ထားနိုင်ရင် ၂ နှစ် အလွန်ဆုံးပါ။ နောက်ဆုံး တိကျတဲ့ အဖြေတခု ပေးရဖို့ ဖြစ်ပါတယ်။ ရှေ့ဆက်တိုးကာ အန်အယ်ဒီနဲ့ သွေးချောင်းစီး ဇာတ်လမ်းကို ဆက်ကမယ် ဆိုရင်တော့ ကွန်မြူနစ် ပါတီက ပြင်ဆင်ထားတဲ့၊ မျှော်လင့်ထားတဲ့ ဖြစ်ရပ်မျိုးတွေနဲ့ လူထုအုံကြွမှု ဆိုတာ မလွဲမသွေ ရင်ဆိုင်ရဖို့ဖြစ်ကြောင်း ထင်မြင်မိပါတယ်။


တင်ဝင်းသိန်း

သြဂုတ်လ ၁၁ ရက်၊ ၂၀၀၇


(ဆောင်းပါးပါ အချက်အလက်များကို ထောက်ပံ့ ဝေဖန် ဆွေးနွေး၊ ဦးနှောက်သွေးပေးသော ဆေးတက္ကသိုလ်မှ သူငယ်ချင်းကို ကျေးဇူးတင်ကြောင်း မှတ်တမ်းပြုပါသည်။)


REF;MIZZIMABURMESE

ဇာဂနာ ရဲ့ လတ်တလော နိုင်ငံရေး ပြက်လုံးများ

ကျော်ခ | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၇ မိနစ် 

အောက်တိုဘာ ၁၂ ရက်နေ့က မြစ်ကြီးနား အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် မီဒီယာများတွင် ပြောကြား ခဲ့သော နိုင်ငံကျော် လူရွှင်တော် ဇာဂနာ၏ နိုင်ငံရေး ပျက်လုံးများကို စုစည်း တင်ပြလိုက်ပါသည်။

မီးဖိုမှာချက်တယ်

“နောက်အင်တာနက်ပုဒ်မ အားလုံး အင်တာနက် သုံးတဲ့သူတွေပါ။ ဒီအင်တာနက် ပုဒ်မမှာ ကျနော့်ကို အမိန့်ချတဲ့ တရားသူကြီးက အင်တာနက်ဆိုတာ မသိဘူး။ ရယ်စရာ ဘယ်လောက်ကောင်းလဲဆို ခင်ဗျား မိုးသီးဇွန်တို့၊
အောင်ဒင်တို့နဲ့ ဘယ်မှာချက်လဲဆိုတော့ မီးဖိုမှာ ချက်တယ်လို့ ပြောတယ်။ စိတ်ဆိုးတယ်။ Meebo ဆိုတဲ့
ဝက်ဆိုက်က နာမည်လို့ ပြောတာ၊ ညနေမှ ကျနော်မသိလို့ပြောမိတာတဲ့။ ကွန်ပျူတာတောင် မကိုင်ဘူးတဲ့
အဲလိုလူက အမိန့်ချတာ”

Gmail မဟုတ် Email

“အစိုးရရှေ့နေက တရားရုံးမှာ ကိုဇာဂနာ ရှင့် Email ပြောတဲ့။ thura61@gmail.com ဤ အီးလေးလိပ်စာသည် spambots များရန်မှ ကာကွယ်ထားသည်။ ဤသည်ကို ကြည့်ရှုရန် သင့် JavaScript ဖွင့်ရန် လိုအပ်သည်။ ပေးတော့ ကျမ ပြောနေတာ အီးမေးလ် နော် … ဂျီမေးလ် မဟုတ်ဘူးတဲ့။ အဲလို ဘာမဟုတ်တဲ့ အမှုတွေအတွက် ကျနော်သုံးနှစ်ကျော်နေရတာ များတောင် များသေးတယ်”

Yangon Press International အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်



ရောင်စုံဘောလုံး လေးဖြူဆိုသလို

“သမ္မတလည်း ပြောထားတဲ့စကားရှိတယ်လေ။ အဲဒီပြောထားတဲ့ စကားတွေထဲမှာ အမျိုးသားရင်ကြား ပြန်စေ့ရေးတို့၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့ ဆိုပြီး ပြောပြီးတော့ အခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့ အခါကြတော့ ဘာနဲ့တူသလဲဆိုတော့ လေးဖြူကို ရောင်စုံဘောလုံး သီချင်းဆိုခိုင်းသလိုဖြစ်သွားတယ်။ လေဖြတ်နေတဲ့ မယ်ကြီး
အိုကြီးကို မိတ်ကပ်လိမ်း လွှတ်လိုက်သလိုပဲဗျာ။ ဘာမှကို ခံစားချက်က ပြောရမှန်းကို မသိလောက်အောင် ဆိုးတယ်”

BBC- မြန်မာပိုင်းအစီအစဉ် - အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်


မုန်တိုင်းကို ခဏရပ်ခိုင်းဖို့

“ကျနော့်ကိုချတော့ Video Act ဆိုတာပါတယ်။ အဲဒီ Video Act က ဘာလို့ သုံး နှစ်ချလဲလို့ ကျနော်မေးတော့
နာဂစ် မုန်တိုင်း ဓါတ်ပုံပါလို့တဲ့။ မုန်တိုင်းတိုက်တာနေတာ ဘာလို့လဲ။ ဆင်ဆာမတင်လို့တဲ့။ မုန်တိုင်း တိုက်တာ
ကို ဆင်ဆာ တင်ရဦးမှာလား။ ကျနော်ပြောတာ မုန်တိုင်းတိုက်တဲ့ အလုပ်ကို ခဏရပ်ထားဦး ရိုက်ကူးရေး သွားတင် ပါရစေဦးလို့ ပြောလို့မရဘူးလေ”

Yangon Press International အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်



ဆိုမာလီဓါးပြလို

“စောစောပိုင်းကတော့ ရှိတယ်ဗျ။ ဒီနေ့လွတ်တဲ့ အပေါ်မှာ မူတည်ပြီးတော့ မရှိတော့ဘူး။ သိပ်ပြီးတော့ အားမရဘူး။ သိတဲ့အတိုင်းပဲလေ။ တို့တိတို့တိနဲ့ လုပ်တာ ကျနော်တို့က ဆိုမာလီ ဓါးပြတွေ အဖမ်းခံရတဲ့လူလို ဖြစ်နေတယ်။ ကျနော်တို့ကို ဘာနဲ့ပြန်ရွေးရမလဲ အဲလိုဖြစ်သွားပြီ။”

မဇ္ဈိမ - အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်


အတိုးနှုန်းပြောင်းတဲ့ လွတ်ငြိမ်းချမ်းသာခွင့်

“သမ္မတကြီးရဲ့ မေတ္တာစေတနာနဲ့ တနှစ် လျော့သွားတော့ ၃၄ နှစ်ပေါ့။ အခု သုံး နှစ် ငါး လ နေရတော့ Ten Percent ပေါ့၊ ဘဏ်က အခု အတိုးနှုန်း ပြောင်းသွားတယ်မို့လား Ten percent ။ အဲဒီထဲ ကျနော် ပါသွားတာပေါ့”

RFA - မြန်မာပိုင်း အောက်တိုဘာ ၁၂ ရက်


အသီးပုပ်များနှင့် ဂေါ်ပြား

“အသီးနှစ်သီးရော ဂေါ်ပြားရော ရှိတယ်။ နှစ်သီးလုံးက ပုပ်နေတော့ ဂေါ်ပြားပေါ်တာပေါ့။ ဒီသဘောပါပဲ။ ကျနော် သူတို့နဲ့လည်း မဆွေးနွေးရသေးဘူး။ တခြားလူတွေနဲ့သာ စကားပြောနေ ရတာ။ သူတို့ကိုလည်း ပွင့်ပွင့်လင်းလင်း
မေးစရာရှိတာမေးရဦးမယ်။ ကျနော်မကြိုက်ဆုံးစကားက သူတို့ရဲ့ အင်တာဗျူးထဲမှာ ပါတဲ့ ပြည်ပမှာရှိတဲ့ နိုင်ငံရေး သမားတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ပြော တဲ့စကားကို ကျနော် မကြိုက်ဆုံးပဲ။ အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ကို ပွင့်ပွင့်လင်းလင်း မေးရမယ်။ ကျနော့်စိတ်ထဲမှာ မကျေနပ်ရင်လည်း သူတို့ကို အမွေဖြတ်ဖို့ ဝန်မလေးပါဘူး။”

DVB - အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်


“ပြက်လုံးတော့ မပြောဘူးဗျို့။ သီးလေးသီးတွေ ခိုးချသွားမှာ ကြောက်လို့။”

RFA- မြန်မာပိုင်း၊ အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်


အားထားဖွယ်ရာ စတုတ္ထမဏ္ဍိုင်

“ပြောရေးဆိုခွင့် ရတယ်ပြောတာပဲ သတင်းစာတွေ၊ ဂျာနယ်တွေထဲမှတွေ့တာတော့ စတုတ္ထမဏ္ဍိုင်၊ စတုတ္ထမဏ္ဍိုင် လို့ပြောတာပဲ။ ကျနော်သိသလောက်တော့ အဲဒီ့ စတုတ္ထမဏ္ဍိုင်ဆိုတာ ဘာလဲလို့ လေ့လာတော့ စတုတ္ထမဏ္ဍိုင် ဆိုတာ ပြန်ကြားရေး ဝန်ကြီး ဖြစ်နေတာကိုးဗျ”

BBC- မြန်မာပိုင်း၊ အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်


မြန်မာ့ လွှတ်တော်အမတ်

"အိုင်စတိုင်းနဲ့ လူ လေးယောက်နဲ့ တွေ့တယ်။ တွေ့တဲ့အခါကျတော့ တယောက်က စပြောတယ်။ ဟာ ... အိုင်စတိုင်း
ရေ၊ ကျနော်ကတော့ ကျနော့်ရဲ့အိုင်ကျူက ၁၈ဝ ရှိတယ်ဗျတဲ့။ အဲဒီတော့ အိုင်စတိုင်းက လက်ဆွဲနှုတ်ဆက်ပြီး
ကောင်းပါပြီ မိတ်ဆွေ၊ ခင်ဗျားနဲ့ကျနော်နဲ့တော့ Quantum Physics (ကွမ်တန်သီအိုရီ ရူပဗေဒ) အကြောင်း ကျနော်တို့ ဆွေးနွေးကြတာပေါ့တဲ့။”

“နောက်တယောက်က ကျနော်ကတော့ အိုင်ကျူ ၁၅ဝ ပဲရှိတယ်၊ အိုင်စတိုင်းဆိုတော့၊ ဟာ ... ကောင်းပြီဗျာတဲ့၊ ခင်ဗျားနဲ့ကျနော်တို့ နောက်ဆုံးပေါ် သင်္ချာသီအိုရီတွေ ဆွေးနွေးကြတာပေါ့တဲ့။ နောက်တယောက် ထပ်ပြောတယ်။ ကျနော်ကတော့ ၁၂ဝ ပဲရှိတယ်ဗျတဲ့။ ဟာ ... ခင်ဗျားနဲ့ကျနော်နဲ့ ရုပ်ရှင်အကြောင်း ဆွေးနွေးမယ်တဲ့။”

“နောက်ဆုံးလူကကျတော့ ထပြောတယ်။ မျက်နှာလေးက ပျက်လို့။ အိုင်စတိုင်းရေတဲ့၊ ကျနော်ကတော့ အိုင်ကျူ
၅ဝ ပဲ ရှိပါတယ်ဗျားတဲ့။ ဟား ... ဝမ်းသာသွားတယ် အိုင်စတိုင်းက။ အဆင်ပြေလိုက်တာဗျာ၊ ခင်ဗျား လွှတ်တော်
ထဲမှာ ဘာတွေတင်ပြခဲ့သလဲတဲ့”

VOA မြန်မာပိုင်း၊ အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်


နေတိုး မလုပ်နဲ့ ပြေတီဦးလုပ်

“တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သက်သူတွေအားလုံးကို တခုတော့ ပြောချင်တယ်ဗျာ။ အဲဒါကတော့ ‘နေတိုး’ တွေ မလုပ်ကြပါနဲ့၊ ‘ပြေတီဦး’ တွေ လုပ်ကြပါလို့၊ အဲဒါ ပြောချင်တယ်။ ‘နေတိုး’ ဆိုတာ NATO ‘No Action- Talk Only’ စကားတွေချည်းပဲ ပြောပြီး ဘာအလုပ်မှ မလုပ်တဲ့ ဟာတွေ မလုပ်ကြပါနဲ့။ ‘ပြေတည်ဦး’ တွေ လုပ်ကြပါ။ တိုင်းပြည် တည်ထောင်ဖို့အတွက်ကို ကျနော်တို့ ဦးခေါင်းထဲ ထည့်ပြီး ဦးတိုက်လုပ်ကြပါ၊ အဲဒါ ပြောချင်ပါတယ်။”

RFA မြန်မာပိုင်း အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်
Ref:Mizzimabirese

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်း စုကြည် ၏ ဟောပြောချက် အစီ အစဉ်

ဒီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြောင်း ကလစ်လုပ်ပြီးဖတ်လို့ရပါတယ်...

(၁)
လာခဲ့စမ်း ငါ့စီကို တန်းတန်းသာလာခဲ့
ဘာကိုမှ မကြောက်တက်အောင် အမေရှိတယ်
အမေပေးခဲ့တဲ့ သတ္တိတွေ အပြည့်နဲ့
အမေ့သားလေ။
လူတွေလား
ရတယ်လေ သူလဲလူ ကိုယ်လဲလူ
လောကဓံ တဲ့လား ဘာမှမမှု
သူလဲ လောကထဲက ကိုယ်လဲလောကထဲက
လောကအပြင်ဘက်ကိုထွက်လိုက်ပေါ့
ဘယ်သူ ဘာလဲဆိုတာ သိပါလိမ့်
(၂)
အဖေ့ ရဲ့ ခေါင်းမာတက်တဲ့အကျင့်တွေပြည့်နှက်။
ကံကြမ္မာ တဲ့လား.....
သွားစမ်းပါ
ကိုယ်လုပ်ရင် ကိုယ်ခံရမှာပေါ့
ကိုယ်စံရမှာပေါ့ ဘာတွေးစရာလိုလဲ။
သေခြင်းတရား ဟုတ်လား.......
အော် မသေသေးခင် နေရမှာပေါ့
သေရင် မနေ နဲ့ပေါ့ ဒါပဲရှိတယ်။
အင်း ခပ်ပါးပါးလေး တွေးပြီးသွေးအေးစွာမိုက်ကြည့်တယ်။
မနက်ဖန်ဆိုတာ ငါရဲ့အိမ်မက်ပဲ
ဒီနေ့ ပစ္စုပ္ပန်မှာ ငါနေကြည့်တာပါ။
ပြီးခဲ့တာကို လှည့်မကြည့်ချင်ဘူး
တူတူ ပျော်နေရရင် ပြီးတာပဲ ငါနဲ့ထပ်တူ
ငါ့စိတ်နဲ့ ထပ်တူသူရှိရင်
မနက်ဖန်ဆိုတာ အားပါးပါး ပျော်စရာအိပ်မက်ပဲ။
မကြောက်ဘူးဟေ့ မနက်ဖန်လို့ အမေကြားအောင် အော်လိုက်မယ်။
မကြောက်ဘူးဟေ့ မနက်ဖန်။
နိုင်းစစ်နိုင်း (စစ်ကိုင်း)

E-visa စနစ်ဖြင့် ပြည်ဝင်ခွင့် visa ချထားပေးမှုကို ၅ ရက်အတွင်း ရရှိအောင် ဆောင်ရွက် ပေးမည်

    ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ဆောင်ရွက် သွားမယ့် Online E-visa စနစ်မှာ ပြည်ဝင်ခွင့် Tour visa ချထားပေးမှုကို ၅ ရက် အတွင်း ရရှိအောင် ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ E-visa စနစ်ဟာ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ၀င်ပါက်မှ တစ်ဆင့် ၀င်ရောက်လာတဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စတဲ့ နိုင်ငံ ၃ နိုင်ငံမှ နိုင်ငံခြားသား ခရီးသွား တွေနဲ့ စတင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အဆိုပါ E-visa စနစ်ကို လျှောက်ထား လိုပါက online မှတစ်ဆင့် http://www.myanmarvisa.com/ မှာ ၀င်ရောက် လျှောက်ထားရမှာ ဖြစ်ပါတယ်။

အဆိုပါ လျှောက်ထားတဲ့ visa ကိုတော့ ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီး ဌာန၊ ပြည်ထဲရေး ၀န်ကြီး ဌာန အပါအ၀င် တာဝန်ရှိ သူများမှ လိုအပ်တဲ့ စစ်ဆေးမှုများ ပြုလုပ်ပြီး visa ပြန်လည် အကြောင်းပြန် ချထားပေးမှု ကိုတော့ ၅ ရက် အတွင်း ရရှိအောင် ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပြည်ဝင်ခွင့် Evisa အတွက် ကျသင့်တဲ့ ငွေကြေး ကိုတော့ တာဝန်ရှိ သူတွေမှ ပြည်တွင်းရှိ ဘဏ်တစ်ခုနဲ့ ချိတ်ဆက် ဆောင်ရွက် မှာဖြစ်ပြီး visa လျှောက်ထားတဲ့ ပြည်ပခရီးသွား တွေဟာ အဆိုပါ ဘဏ်ကို online မှတစ်ဆင့် visa ကြေးငွေ ပေးချေရမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref:MRTV4

ဒီမိုကရေစီနဲ့ ကြွယ်ဝမှု အဆင့်များ

Written by အတ္တကျော်
Wednesday, 28 March 2012 13:57
သိပ်သေးငယ်လွန်းတဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံလေးတွေမပါဘဲနဲ့ကို ကမ္ဘာမှာ နိုင်ငံပေါင်း ၁၆၇ နိုင်ငံ ရှိနေပါတယ်။ အဲဒီ့ ၁၆၇ နိုင်ငံမှာ ဒီမိုကရေစီ အပြည့်အ၀ရှိတယ်လို့ သတ်မှတ်ခံရတဲ့ နိုင်ငံ(full democracies)က ၂၅ နိုင်ငံသာ ရှိတယ်။ ၅၃ နိုင်ငံက အနာအဆာပါတဲ့ ဒီမိုကရေစီနိုင်ငံ (flawed democracies) တွေတဲ့။ အဲတော့ ခြုံပြောရင် အနာအဆာပါသည်ဖြစ်စေ၊ စင်းလုံးချောသည်ဖြစ်စေ ဒီမိုကရေစီနိုင်ငံလို့ အသတ် မှတ်ခံရ တဲ့နိုင်ငံက စုစုပေါင်း ၇၈ နိုင်ငံရှိသပေါ့။ ကျန်တဲ့ ၈၉ နိုင်ငံထဲမှာ ၃၇ နိုင်ငံက ရောကျော်အစိုးရ (hybrid regimes) စနစ်နဲ့ သွားနေတဲ့ နိုင်ငံတွေဖြစ်ပြီး ကျန်တဲ့ ၅၂ နိုင်ငံကတော့ အာဏာရှင်ဆန်တဲ့ အစိုးရ စနစ် (authoritarian regimes)နဲ့ သွားနေတာပါ။

ရာခိုင်နှုန်းနဲ့ ပြောရင် စင်းလုံးချော ဒီမိုကရေစီနိုင်ငံက ၁၅ ရာခိုင်နှုန်း၊ အနာအဆာပါတဲ့ ဒီမိုကရေစီနိုင်ငံက ၃၁ ဒသမ ၇ ရာခိုင်နှုန်း၊ ရောကျော်စနစ်နဲ့က ၂၂ ဒသမ ၂ ရာခိုင်နှုန်းနဲ့ အာဏာရှင်ဆန်တဲ့ စနစ်နဲ့က ၃၁ ဒသမ ၁ ရာခိုင်နှုန်း ရှိနေပါတယ်။ စင်းလုံးချောပဲဖြစ်ဖြစ်၊ အနာအဆာနဲ့ပဲဖြစ်ဖြစ် ကမ္ဘာမှာ ဒီမိုကရေစီနိုင်ငံ ရာခိုင်နှုန်းက ၄၆ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံက ၅၃ ဒသမ ၃ ရာခိုင်နှုန်း ရှိနေဆဲပါ။ ဒါဟာ လွန်ခဲ့တဲ့ လေးလကျော် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလဆန်းအထိ ပြုလုပ်ထားတဲ့ စစ်တမ်းတစ်ခုအရ တွေ့ရှိထားရတဲ့ ကိန်းဂဏန်းတွေပါပဲ။ (စာညွှန်းကိုအဆုံးမှာ ဖော်ပြပေးထားပါတယ်။)
ဒါဖြင့် ဒီမိုကရေစီကို ဘာနဲ့ တိုင်းခဲ့သလဲလို့ မေးစရာရှိပါတယ်။ စစ်တမ်းမှာက မေးခွန်း ၆၀ ပါဝင်ပါတယ်။ အဲဒီ့မေးခွန်းတွေကို အနှစ်ချုပ်လိုက်ပြီး ဒီမိုကရေစီ ပေတံတွေကို ဖော်ပြရမယ်ဆိုရင်တော့ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲများနဲ့ အများပြည်သူတို့ရဲ့ လွတ် လွတ်လပ်လပ် လုပ်ပိုင်နိုင်ခွင့်များဟာ ဒီမိုကရေစီအတွက် လိုအပ်ချက်များ ဖြစ်နေလင့်ကစား အဲလောက်နဲ့ ဒီမိုကရေစီပြည့်ဝပြီလို့ မသတ်မှတ်နိုင်သေးဘူးလို့ ဆိုပါတယ်။ ပွင့်လင်းမြင်သာမှုလည်းရှိ အနည်းအကျဉ်းလေးလောက်ပဲဖြစ်ဖြစ် ခရီးပေါက်အောင် ဆောင်ရွက်ပေးနိုင်စွမ်းရှိတဲ့ အစိုးရ၊ နိုင်ငံရေးမှာ အများရဲ့ ပါဝင်နိုင်မှု လုံလုံလောက်လောက် ရှိနေတာ၊ ဖေးမပေးနိုင်စွမ်းရှိတဲ့ ဒီမိုကရေစီ အစဉ်အလာ စတာတွေလည်း ရှိနေမှသာ ဒီမိုကရေစီအပြည့်နဲ့ နိုင်ငံလို့ သတ်မှတ်နိုင်တယ်ဆိုပဲ။ အဲဒီ့စာတမ်းထဲက မှတ်သားမိတဲ့ စကားတစ်ခွန်းကတော့ ဒီမိုကရေစီစနစ် အရှည်တည်တံ့ခဲ့တဲ့ တိုင်းပြည်တွေမှာတောင်မှ ပြုစုပျိုးထောင်မှု မရှိ၊ ကာကွယ်စောင့်ရှောက်မှု မရှိရင် ဒီမိုကရေစီဟာ ပျက်စီးယိုယွင်း သွားနိုင်သေးတယ်ဆိုတဲ့ အချက်ပါပဲ။
အိုအီးစီဒီလို့ ခေါ်တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုး တက်မှုအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံ ၃၄ နိုင်ငံထဲက ၁၉ နိုင်ငံက ဒီမိုကရေစီ အပြည့်ရှိတဲ့ နိုင်ငံစာရင်းထဲမှာ အရေအတွက်အများဆုံး ဝေစုကို ယူထားပါတယ်။ ကျန်ခြောက်နိုင်ငံကတော့ လက်တင်အမေရိကနိုင်ငံ နှစ်နိုင်ငံ (ယူရာ့ဂွိုင်းနဲ့ ခေါ့စထာရီးခါး)၊ အရှေ့ဥရောပက တစ်နိုင်ငံ (ချက်သမ္မတနိုင်ငံ)၊ အာဖရိကက တစ်နိုင်ငံ [မောရစ်ရှပ်(စ်)]နဲ့ အာရှက နှစ်နိုင်ငံ (ဂျပန်နဲ့ တောင်ကိုရီးယား)တို့ ဖြစ်ပါတယ်။
အဲဒီ့ ၂၅ နိုင်ငံမှာပဲ အထက်က ပြောခဲ့တာတွေနဲ့ ချိန်ထိုးလိုက်ပြီး ဒီမိုကရေစီ ရမှတ်ကို ၁၀ မှတ်ပေး တယ်ဆိုရင် စုစုပေါင်း ၉ ဒသမ ၈၀ နဲ့ ဒီမိုကရေစီ အပြည့်ဝဆုံး နိုင်ငံအဖြစ် ပထမရတာက နော်ဝေနိုင်ငံဖြစ်ပြီး စပိန်နိုင်ငံကတော့ စုစုပေါင်း ၈.၀၂ မှတ်နဲ့ ၂၅ နိုင်ငံစာရင်းမှာ နောက်ဆုံးနေရာကို ယူထားတာ တွေ့ရတယ်။ စိတ်ဝင်စားစရာ ကောင်းတာကတော့ အဲသလိုအမှတ်နဲ့ အဆင့်သတ်မှတ်တဲ့အခါမှာ ကျွန်တော်တို့တွေက ဒီမိုကရေစီ ဘိုးအေကြီးတွေလို့ အထင်ရှိတဲ့ ဗြိတိန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ၈ ဒသမ ၁၆ မှတ်နဲ့ ၈ ဒသမ ၁၁ မှတ်အသီးသီးနဲ့ ဒီမိုကရေစီ ပြည့်ဝမှု အဆင့်အရ အမှတ်စဉ် ၁၈ နဲ့ ၁၉ ဆိုတဲ့ အောက်တန်းမှာ ရောက်နေတာပါပဲ။ သူတို့အောက်မှာမှ ဂျပန်က အမှတ်ပေါင်း ၈ ဒသမ ၀၈ နဲ့ အဆင့် ၂၀၊ တောင်ကိုရီးယားက ၈ ဒသမ ၀၆ နဲ့ အဆင့် ၂၁ တို့မှာ ရှိနေပါတယ်။
သည်ထဲမှာ ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ အမေရိကန်ပြည်ထောင်စုဟာ ၂၀၁၀ ပြည့်နှစ်တုန်းက အမှတ်ပေါင်း ၈ ဒသမ ၁၈ နဲ့ အဆင့် ၁၇ မှာ ရှိခဲ့ရာ က တစ်နှစ်အကြာမှာ အမှတ်လည်း လျော့၊ အဆင့်လည်း နှစ်ဆင့်တောင် အောက်ကိုကျသွားတာပါပဲ။ ဗြိတိန် ကတော့ ၂၀၁၀ ပြည့်နှစ်တုန်းကလည်း သည်အမှတ်နဲ့ပေမယ့် အဆင့် ၁၉ ရှိခဲ့ရာက ၂၀၁၁ ခုနှစ်မှာ တစ်ဆင့်တက်လာတာ တွေ့ရပါတယ်။
တောင်အာဖရိက(အဆင့် ၂၈)၊ ပြင်သစ် (အဆင့် ၂၉)၊ အီတလီ (အဆင့် ၃၁)၊ အိန္ဒိယ အဆင့် (၃၉)၊ ထိုင်း (အဆင့် ၉၈)၊ အင်ဒိုနီးရှား (အဆင့် ၆၀)၊ မလေးရှား (အဆင့် ၇၁)၊ ဖိလစ်ပိုင် (အဆင့် ၇၅) တို့ဟာ အနာအဆာ ပါတဲ့ ဒီမိုကရေစီနိုင်ငံတွေထဲက ကျွန်တော်တို့အတွက် ကြားဖူးနားဝများပြီး ယဉ်ပါးနေတဲ့ နိုင်ငံတွေပါပဲ။ ပြင်သစ်လို၊ အီတလီလို ဥရောပနိုင်ငံတွေတောင်မှ အနာအဆာပါတဲ့ ဒီမိုကရေစီနိုင်ငံများ စာရင်းဝင်နေတာ စိတ်ဝင်စားစရာ အချက်တစ်ချက်ဖြစ်သလို ထိုင်းမှသည် ဖိလစ်ပိုင်အထိ အာရှ နိုင်ငံလေးနိုင်ငံဟာလည်းပဲသည် စာရင်းထဲမှာ ပါနေပါတယ်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ၂၀၁၀ ပြည့်နှစ် ပြည်တွင်း အသားတင်ထုတ်လုပ်မှုနဲ့ ချိန်ထိုးထားတဲ့ နိုင်ငံအသီးသီးရဲ့ ကြွယ်ဝမှုအဆင့်နဲ့ စောစောက နိုင်ငံရေးအရ ဒီမိုကရေစီ ဘယ်လောက်ထွန်းကားသလဲဆိုတဲ့ အဆင့်များကို နှိုင်းယှဉ်ကြည့်မိတဲ့အခါမှာ ..
ရောကျော်အစိုးရတွေထဲမှာတော့ ဟောင်ကောင် (အဆင့် ၈၀)၊ စင်္ကာပူ (အဆင့် ၈၁) တို့က ဒီမိုကရေစီအရာမှာ တခြား ရောကျော်အစိုးရများထက် အဆင့်မြင့်ပြီး တတိယနဲ့ စတုတ္ထနေရာကို ချိတ်ထားတယ်လို့ ဆိုနိုင်ပါ တယ်။ အိမ်နီးချင်း ဘင်္ဂလားဒေ့(ရှ်)နိုင်ငံတောင် (အဆင့် ၈၃)နဲ့ ရောကျော်တွေထဲမှာ ဆဋ္ဌမနေရာမှာ ရှိတာတွေ့ရပြန်တယ်။ ကမ္ဘောဒီးယားက ကမ္ဘာ့ဒီမိုကရေစီအဆင့်မှာ ၁၀၁ နေရာမှာ ရှိနေပြီး သူ့အောက် ၁၀၅ ဆိုတဲ့အဆင့်မှာတော့ ပါကစ္စတန်ရှိနေပါတယ်။ အီရတ်က အဆင့် ၁၁၂ နဲ့ ရောကျော်များထဲမှာ စတုတ္ထ နောက်ဆုံးအဆင့်မှာ ရှိနေပြီး ရောကျော်များထဲက နောက်ပိတ်ဆုံးကတော့ အဆင့် ၁၁၅ သတ်မှတ်ခံရတဲ့ အီဂျစ်နိုင်ငံပါပဲ။
အာဏာရှင်ဆန်တဲ့ အစိုးရ နိုင်ငံများထဲမှာ ရုရှက ကမ္ဘာ့အဆင့် ၁၁၇၊ ဒီမိုကရေစီ ရမှတ် ၃ ဒသမ ၉၂ နဲ့ ဒုတိယနေရာမှာ ယူထားတယ်။ တရုတ်က ကမ္ဘာ့အဆင့် ၁၄၁ မှာရှိပြီး ဒီမိုကရေစီ ရမှတ် ၃ ဒသမ ၁၄ ရှိပါတယ်။ ဗီယက်နမ်က သူ့အောက်တစ်ဆင့်ကျော် ကမ္ဘာ့အဆင့် ၁၄၃ မှာရှိနေပြီး ရမှတ်က ၂ ဒသမ ၉၆ ပါ။ အာဖဂန်နစ္စတန်က ရမှတ် ၂ ဒသမ ၄၈ နဲ့ အဆင့် ၁၅၂ မှာ ရှိပါတယ်။ လာအိုနိုင်ငံက ရမှတ် ၂ ဒသမ ၁၀၊ အဆင့် ၁၅၆။ ဆော်ဒီအာရေဗျ၊ အီကွေတာပေါ်က ဂီနီနိုင်ငံနဲ့ မြန်မာတို့က ရမှတ် ၁ ဒသမ ၇၇ အညီအမျှနဲ့ အဆင့် ၁၆၁ ပါ။ ၁၆၇ နိုင်ငံထဲမှာ အမှတ်အနည်းဆုံးက ၁ ဒသမ ၀၈ ဖြစ်ပြီး မြောက်ကိုးရီးယားနိုင်ငံပါ။
ဒါတွေထက် ပိုစိတ်ဝင်စားဖို့ ကောင်းသွားတာကတော့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ၂၀၁၀ ပြည့်နှစ် ပြည်တွင်းအသား တင်ထုတ်လုပ်မှုနဲ့ ချိန်ထိုးထားတဲ့ နိုင်ငံအသီးသီးရဲ့ ကြွယ်ဝမှုအဆင့်နဲ့ စောစောက နိုင်ငံရေးအရ ဒီမိုကရေစီ ဘယ်လောက်ထွန်းကားသလဲဆိုတဲ့ အဆင့်များကို နှိုင်းယှဉ်ကြည့်မိတဲ့ အခါမှာပါပဲ။
အကြွယ်ဝဆုံး အဆင့် ၁ က အမေရိကန်နိုင်ငံ၊ ဒုတိယ လိုက်တာက တရုတ်၊ တတိယက ဂျပန်၊ ပဉ္စမက ပြင်သစ်၊ ဆဋ္ဌမက ဗြိတိန်၊ အဋ္ဌမက အီတလီ၊ န၀မက အိန္ဒိယ၊ အဆင့် ၁၁ က ရုရှ၊ အဆင့် ၁၂ က စပိန်၊ ၁၅ က တောင်ကိုရီး ယား၊ ၁၈ က အင်ဒိုနီးရှား၊ ၂၅ ကျတော့မှ နော်ဝေ၊ ၃၇ မှာ မလေး ရှား၊ ၃၉ မှာ စင်္ကာပူ၊ ၄၅ မှာ ဖိလစ်ပိုင်၊ ၅၇ ဘင်္ဂလား ဒေ့(ရှ်)၊ ၅၈ ဗီယက်နမ်၊ ၇၆ မြန်မာ၊ ၁၀၇ အာဖဂန်နစ္စတန်၊ ၁၂၁ ကမ္ဘောဒီး ယား၊ ၁၃၇ လာအို အစရှိသဖြင့် တွေ့လိုက်ရ ပြန်ပါတယ်။ ကိန်းဂဏန်းတွေ၊ အဆင့် သတ်မှတ်ချက်တွေချည်းသက်သက်ကိုသာ ကျွန်တော်စပ်စပ်စုစု ဖတ်မိသွားတဲ့ အထဲက ကောက်နုတ်တင်ပြလိုက်ခြင်းသာ ဖြစ်ပါတယ်။
အားလုံးတွေးဆဆင်ခြင်ကြည့်နိုင်ကြပါစေ။
စာညွှန်း -
(1) http://www.eiu.com/democracyindex2011
(2) http://en.wikipedia.org/wiki/List_of_countries_by_GDP_% 28nominal%29

Ref:weeklyeleven

လက်နက်အများဆုံး တင်သွင်းသည့် အာရှနိုင်ငံများ

(အေအက်ဖ်ပီ)ဖြိုးဝင်းကိုကို ဘာသာပြန်သည်။ အတွဲ ၂၉ ၊ အမှတ် ၅၆၂ (၂၃ - ၂၉ ၊ ၃၊ ၂၀၁၂)
     စတော့ဟုမ်း- ကမ္ဘာပေါ်တွင် လက်နက် တင်သွင်းရာ၌ အာရှတိုက်သည် ထိပ်ဆုံးအဆင့်ရှိကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေ သန အဖွဲ့ (SIPRI) က မတ်လ ၁၉ ရက် နေ့က ကြေညာခဲ့သည်။
    လွန်ခဲ့သောငါးနှစ်အတွင်း အာရှနှင့် သမုဒ္ဒရာကျွန်းနိုင်ငံများသည် ကမ္ဘာ့ သမားရိုးကျ လက်နက်တင်သွင်း မှု၏ ၄၄ ရာခိုင်နှုန်းရှိခဲ့သည်ဟု ၎င်း အဖွဲ့ကဆိုသည်။
ဥရောပတွင် ၁၉ ရာခိုင်နှုန်း၊ အရှေ့ အလယ်ပိုင်းတွင် ၁၇ ရာခိုင်နှုန်း၊ မြောက်နှင့် တောင်အမေရိကတွင် ၁၁ ရာခိုင်နှုန်းနှင့် အာဖရိကတွင် ကိုးရာခိုင် နှုန်းအသီးသီးနှင့် နှိုင်းယှဉ်ကြည့်နိုင် ပါသည်။
၎င်းအချိန်ကာလအတွင်း အိန္ဒိယ သည် ကမ္ဘာ့ပထမဆုံး လက်နက် တင်သွင်း သူဖြစ်ခဲ့ပြီး ၁၀ ရာခိုင်နှုန်းရှိသည်။
၎င်းနောက်တွင် တောင်ကိုရီးယားက ခြောက်ရာခိုင်နှုန်း၊ တရုတ်နှင့် ပါကစ္စ တန်က ငါးရာခိုင်နှုန်းအသီးသီးနှင့် စင်ကာပူက လေး ရာခိုင် နှုန်းရှိသည်ဟု လက်နက်ထိန်းချုပ်ရေးနှင့် ဖျက်သိမ်း ရေးကိစ္စရပ်များကို လေ့လာသော လွတ်လပ်သည့် ယင်းအဖွဲ့အစည်းက ဆိုသည်။
ဤငါးနိုင်ငံက နိုင်ငံတကာ လက်နက်တင်သွင်းမှု၏ ၃၀ ရာခိုင်နှုန်း ခန့်ကို ရရှိထားသည်။
အိန္ဒိယ၏ အဓိက လက်နက်တင် သွင်းမှုသည် ၂၀၀၂-၂၀၀၆ မှ ၂၀၀၇-၂၀၁၁ အတွင်း ၃၈ ရာခိုင်နှုန်း မြင့်တက် ခဲ့သည်။
အိန္ဒိယက ကမ္ဘာ့အကြီးဆုံး လက်နက်တင်သွင်းသူ ဖြစ်ခဲ့သော်လည်း ၎င်း၏အိမ်နီးချင်း နိုင်ငံဖြစ်ပြီး ရန်သူ လည်းဖြစ်သော ပါကစ္စတန်က ကမ္ဘာ့ တတိယအကြီးဆုံး ဖြစ်ခဲ့သည်။
အာရှတိုက်၏ အဓိကလက်နက် တင်သွင်းသော နိုင်ငံများသည် ၎င်းတို့ ကိုယ်ပိုင် လက်နက်ထုတ်လုပ်ရေး လုပ်ငန်းကို လုပ်ဆောင်ပြီး ပြင်ပမှ တင်သွင်းရမှုကို လျှော့ချရန် ကြိုးပမ်း နေကြသည်ဟု ၎င်းအဖွဲ့၏ အထက်တန်း သုတေသနပညာရှင်က ဆိုသည်။
တရုတ်နိုင်ငံသည် ၂၀၀၆ နှင့် ၂၀၀၇ ခုနှစ်တွင် ကမ္ဘာ့ထိပ်ဆုံး လက်နက် တင်သွင်းသူဖြစ်ခဲ့ပြီး ယခုတွင် စတုတ္ထ အဆင့်သို့ ကျဆင်းသွားသည်။
၎င်းမှာ တရုတ်နိုင်ငံ၏ လက်နက်ထုတ်လုပ်ရေး လုပ်ငန်းများ တိုးတက်လာခြင်းနှင့် လက်နက်တင်ပို့မှု တိုးပွားလာခြင်းနှင့် တိုက်ဆိုင် နေပါသည်။
တရုတ်နိုင်ငံ လက်နက်တင်ပို့မှု တိုးမြှင့်လာခြင်းမှာ ပါကစ္စတန်က တရုတ်နိုင်ငံမှ လက်နက်အများအပြား ၀ယ်ယူမှု တစ်ခုတည်း ကြောင့်သာ ဖြစ်သည်။
တရုတ်နိုင်ငံသည် လက်နက် တင်ပို့မှုတွင် အခြားဈေးကွက် သိသိ သာသာမရှိသေးပေ။ သို့သော်လည်း တရုတ်နိုင်ငံသည် အမေရိကန်၊ ရုရှား၊ ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်တို့နောက် ဆဋ္ဌမနေရာတွင် ရှိနေသည်။
ဥရောပတွင် ဂရိနိုင်ငံသည် ၂၀၀၇ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တွင် အများဆုံး တင်သွင်းဖြစ်ခဲ့သည်။ ၂၀၀၂ မှ ၂၀၁၁ ခုနှစ်တွင် ဆီးရီးယား နိုင်ငံသည် ၎င်း၏ လက်နက် တင်သွင်းမှုကို ၅၈၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံကလည်း ၎င်း အချိန်ကာလမှာပင် လက်နက် တင်သွင်းမှု ၅၅၅ ရာခိုင်နှုန်း တိုးလာ ခဲ့သည်။
မော်ရိုကိုနိုင်ငံကလည်း လက်နက် တင်သွင်းမှု ၄၄၃ ရာခိုင်နှုန်း တိုးလာ ခဲ့သည်။
နိုင်ငံတကာ အဓိက သမားရိုးကျ လက်နက်လွှဲပြောင်းမှုသည် ၂၀၀၇- ၂၀၁၁ တွင် ၂၀၀၂-၂၀၀၆ ကာလ ကထက် ၂၄ ရာခိုင်နှုန်း တိုးလာခဲ့ သည်။
Ref:mmtime

မြန်မာ့ ရင်းနှီးမြုပ်နှံမှုအတွက် စိမ်ခေါ်မှုများ

တနင်္လာ, 12 ဒီဇင်ဘာ 2011
မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ ၀င်လာနိုင်ဖို့ အလားအလာတွေ ရှိနေပေမဲ့ သတိထားစရာတွေလည်း ရှိနေပါတယ်။
 
ဓာတ်ပုံ - အေပီ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာခရီးစဉ် သတင်းနဲ့အတူ ရင်းနှီးမြုပ်နှံမှုတွေ ၀င်လာမယ့် မျှော်လင့်ချက်တွေလည်း ထွက်ပေါ်လာပါတယ်။

"အခြေအနေ အနေအထားက ကောင်းလာနိုင်တယ် ဆိုပြီးတော့၊ ပြည်ပအရင်းအနှီးတွေ ၀င်လာနိုင်တယ်၊ ဖွံ့ဖြိုးမှုတွေ ရှိလာနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ...."
မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေး အပြောင်းအလဲတွေနဲ့အတူ ရင်းနှီးမြုပ်နှံ လုပ်ကိုင်လိုသူတွေလည်း အရင်ထက်ပိုပြီး စိတ်ဝင်စား လာနေကြပါတယ်။ အစိုးရကိုယ်တိုင်က ရင်းနှီးမြုပ်နှံမှုတွေကို အားပေးတဲ့ အစီအစဉ်တွေ ထွက်ပေါ်လာနေတာကြောင့် လုပ်ငန်းရှင်တွေ စိတ်ဝင်စားလာနေကြတဲ့ တချိန်တည်းမှာပဲ၊ တခြားဆိုးကျိုးတွေလည်း အတူပါလာနိုင်တဲ့ အလားအလာတွေ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးနေကြတာပါ။ စီးပွားရေး ဖွံ့ဖြိုးမှုအလားအလာတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေမှာ သတိထားရမယ့် ကိစ္စတွေရှိနေတာကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
စီးပွားရေး တိုးတက်ဖို့ဟာ ဦးစားပေး ရည်မှန်းချက် တခုအဖြစ် ပြောဆိုထားတဲ့ အစိုးရ လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတချို့ ရှိလာတာနဲ့အမျှ ရင်းနှီးမြုပ်နှံလိုသူတွေလည်း တနေ့တခြား တိုးပွားလာနေပါတယ်။ အထူးသဖြင့် ဒေသတွင်း တိုင်းပြည်တွေက မြန်မာနိုင်ငံက အခြေအနေတွေကို လာရောက် စနည်းနာကြ၊ အကဲခတ်ကြတာတွေလည်း ထင်ထင်ရှားရှား တွေ့လာရတာပါ။ အထူးသဖြင့်ကတော့ မကြာသေးခင်လတွေအတွင်း ပြည်တွင်း နိုင်ငံရေး အခြေအနေတွေမှာ အပြောင်းအလဲတွေ ထွက်ပေါ် လာခဲ့သလို၊ နိုင်ငံတကာ အသိုင်းအ၀န်းနဲ့ သံတမန် ဆက်ဆံရေး တိုးတက်လာတာတွေက စီးပွားရေး လုပ်ငန်းရှင်တွေကြား အားတက်လာကြတဲ့ လက္ခဏာ တခုအဖြစ်နဲ့ အိမ်တွေ၊ မြေတွေကို ဈေးကောင်းပေး ၀ယ်ယူတဲ့အထိ ဖြစ်လာကြတယ်လို့ ရန်ကုန်မြို့က မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးသန်းဦး ကပြောပါတယ်။
ဒီလိုပဲ ဒေသတွင်း ရင်းနှီးမြုပ်နှံမှုတွေမှာ ပိုမိုစိတ်ချရမယ့် နေရာတခု အဖြစ်နဲ့လည်း မြန်မာနိုင်ငံကို မျက်စေ့ကျလာကြတယ်လို့ သူကပြောပါတယ်။
“ကျနော်တို့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ NLD က ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ အစည်းအဝေး ဆုံးဖြတ်ချက်က ထွက်လာတယ်။ မကြာခင်မှာပဲတခါ ကျနော်တို့ အာဆီယံ အစည်းအဝေးမှာက တကယ့် ထိပ်သီး Super Power နိုင်ငံကြီးတွေနဲ့ ဆုံတဲ့အခါမှာ သမ္မတ အနေနဲ့ ကောင်းတဲ့ ဆက်ဆံရေး အလားအလာတွေနဲ့ ကြုံတွေ့ရတယ်။ ပြီးတော့လည်း အမေရိကန် သမ္မတ ကိုယ်တိုင်ကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဆက်ဆံတဲ့ပုံစံ တမျိုးတမည်ဖြစ်မယ် ဆိုတဲ့ အနေအထားမျိုးနဲ့ ဟီလာရီ ကလင်တန် (Hilary Clinton) ပေါ့လေ၊ နိုင်ငံခြားရေးဝန်ကြီး လွှတ်မယ်ဆိုတဲ့ သတင်းတွေ ကြားလာရတဲ့ အခါကျတော့ အခြေအနေ အနေအထားက ကောင်းလာနိုင်တယ် ဆိုပြီးတော့၊ ပြည်ပအရင်းအနှီးတွေ ၀င်လာနိုင်တယ်၊ ဖွံ့ဖြိုးမှုတွေ ရှိလာနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေလည်း အပါအ၀င်၊ ကြိုပြီးတော့ ရင်းနှီးမြုပ်နှံတဲ့ အပိုင်းနဲ့ အလုအယက် ၀ယ်ကြတဲ့ အပိုင်းနဲ့ အရှိန်က ပိုပြီး တက်သွားတာပေါ့။

ဓာတ်ပုံ - အေပီ
NLD ပါတီ နိုင်ငံရေးမှာ တကျော့ပြန်ဝင်ဖို့ ဆုံးဖြတ်ချက်ဟာလည်း လုပ်ငန်းရှင်တွေအတွက် တိုင်းပြည်မှာ တည်ငြိမ်မှုတွေ ရလာတော့မလား အားတက်စရာ ဖြစ်ခဲ့ရတာပါ။

တချိန်တည်းမှာပဲ နိုဝင်ဘာလလယ်လောက်မှာ တခါ အရှေ့တောင်အာရှ၊ အထူးသဖြင့် ထိုင်းနိုင်ငံမှာ ရေလွှမ်းမိုးတဲ့ အခါကျတော့ အဲဒီမှာ အခြေစိုက်ထားတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေက နှစ်စဉ်သာ ရေလွှမ်းမိုး နေမယ်ဆိုရင် ဆုံးရှုံးမှုတွေများမယ်။ အဲဒီတော့ ရေလွတ်တဲ့နေရာနဲ့ စီးပွားရေး အလားအလာကောင်းမယ့် နေရာကို ကြည့်တဲ့ အခါကျတော့ သိပ်ဝေးဝေး ကြည့်စရာ မလိုဘူး။ ဘေးနားလေးတင် ကျနော်တို့ မြန်မာနိုင်ငံ သွားတွေ့တဲ့ အခါကျတော့ အဲဒီမှာတင် လုပ်ငန်း ၃၀ လောက်က လာရောက် ဆွေးနွေးတယ်ဆိုတဲ့ သတင်းတွေက ထွက်လာပြန်တယ်။”
အစိုးရကတော့ ရင်းနှီးမြုပ်နှံသူတွေအတွက် အဟန့်အတား ဖြစ်နေရတဲ့ လုပ်ထုံးလုပ်နည်းတွေကို ဖယ်ရှားတာ၊ ပြင်ဆင်တာတွေ စတင်လုပ်ဆောင် လာနေတာပါ။ ဘဏ္ဍာရေး ကဏ္ဍမှာဆိုရင် အမေရိကန် ၁ ဒေါ်လာကို အရင်က တရားဝင် ၆ ကျပ်နှုန်း တ၀ိုက်နဲ့ သတ်မှတ်ထားတာကို အခုအခါ ပြည်ပလုပ်ငန်းတွေအတွက် ဈေးကွက်ပေါက်ဈေးအတိုင်း လဲလှယ်သုံးစွဲခွင့် ပေးလိုက်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေကို အထူးအခွင့်အရေးအဖြစ် လုပ်ငန်းတွေ စတင်ချိန်ကစလို့ အခွန်ကင်းလွတ်ခွင့် ၃ နှစ် ပေးထားရာကနေ ၅ နှစ်အထိ တိုးမြှင့်ပေးလိုက်တာပါ။။
ဒီလိုပဲ ပြည်ပက လုပ်ငန်းရှင်တွေအတွက် အိမ်၊ မြေငှားရမ်းခွင့် ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်လိုက်ပြီလို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ကုန်သည်များ အသင်းချုပ် က တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးနှင်းဦး ကပြောပါတယ်။
“အရင်တုန်းက ဆိုလို့ရှိရင် နိုင်ငံခြားကနေ ရင်းနှီးမြုပ်နှံမယ့် ပုဂ္ဂိုလ်သော်လည်းကောင်း ကုမ္ပဏီသော်လည်းကောင်း၊ အဖွဲ့အစည်း သော်လည်းကောင်း တခုခုက မြေငှားချင်လို့ရှိရင် အစိုးရဆီမှာ ငှားရတယ်။ အစိုးရဆီကလွဲလို့ ဘယ်မြေမှ ငှားလို့မရဘူး။ ဒါပေမဲ့ အခုကတော့ အဲဒါကို ပြင်ပေးလိုက်တာက ပုဂ္ဂလိက မည်သူ့ထံမှမဆို မြေကို ငှားလို့ရပါတယ်လို့ ခွင့်ပေးထားပါတယ်။ ကျန်တာက အသေးစိတ်ကတော့ အစိုးရ၀န်ကြီးဌာနက ညှိပေးမှာပေါ့နော်။ ငှားခွင့်တော့ ရသွားတယ်။ အရင်တုန်းက ငှားခွင့်မရှိဘူး၊ အခုက ငှားခွင့်ရသွားတယ်၊ ဒါကတချက်ပါ။”

Source: ADB
မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုဟာ ၅% ကျော်ရှိမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားပါတယ်။

နိုင်ငံခြား ကုမ္ပဏီတွေကို ဆွဲဆောင်ဖို့ ကြိုးပမ်းရင်း ကန့်သတ်ချက်တွေကို ဖယ်ရှားရာက ပြည်တွင်းက စီးပွားရေးသမားတွေ အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်းမှာ ပိုမို မြုပ်နှံ လုပ်ကိုင်ဖို့ တွန်းအားတခု ဖြစ်လာနေတာပါ။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဒီလိုပြည်တွင်း အိမ်ခြံမြေ ဈေးနှုန်းတွေ မကြုံဖူးလောက်အောင် တက်လာတာက ရင်းနှီးမြုပ်နှံသူတွေအတွက် ၀န်ထုပ်ဝန်ပိုး တခုအဖြစ် လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ အဟန့်အတား ဖြစ်စရာ အခြေအနေတွေကို ဦးတည်နေပြန်တယ်လို့ အိမ်ခြံမြေ လုပ်ငန်းမှာ ၁၅ နှစ်နီးပါး လုပ်ကိုင်နေတဲ့ မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းက ဦးသန်းဦး ကပြောပါတယ်။
“အများကတော့ ပြောနေကြတာက ကျနော်တို့ဆီမှာ မြေတွေရဲ့ တန်ဘိုးက မြင့်နေတယ်။ မြင့်တဲ့အခါကျတော့ ပြည်ပရင်းနှီးမြုပ်နှံမှုတွေ ၀င်တဲ့အခါမှာ အရင်းအနှီး တန်ဘိုးရဲ့ တော်တော်များများလောက်က မြေနဲ့တင် မြုပ်နှံမှုက များနေတယ်။ ပမာဏက ကြီးနေတယ်ဆိုတဲ့ သတင်းတွေက ထွက်လာတဲ့ အခါကျတော့ တော်ရုံတန်ရုံ မြုပ်နှံမယ့် ကိစ္စအပိုင်းမှာ နည်းနည်း စဉ်းစားတဲ့ အပိုင်းတွေ ရှိမယ်လို့ ယူဆလို့ ရတာပေါ့လေ။ ဒါကတော့ ကျနော်တို့ရဲ့ အဓိက အားနည်းချက်ပါပဲ။ ဒါကြောင့်မို့လည်း အခုအချိန်မှာ ဆွေးနွေးတယ်လို့သာ ပြောနေတယ်၊ တကယ်တမ်း တိကျတဲ့ အနေအထား ဖြစ်တယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်တွေက သိပ်မတွေ့ရသေးဘူးလေ။”
အစိုးရကတော့ ရင်းနှီးမြုပ်နှံသူတွေ အထူးသဖြင့်၊ ပြည်ပလုပ်ငန်းရှင်တွေကို ဆွဲဆောင်ဖို့ ကြိုးပမ်းတဲ့ နေရာမှာ ၁၉၈၈ ခုနှစ်ကစလို့ ပြဋ္ဌာန်းထားတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကို ပြန်လည်ပြင်ဆင်ပြီး လွှတ်တော်မှာ တင်သွင်းထားတာလည်း ဖြစ်ပါတယ်။ ဒီလို စီးပွားရေး စီမံခန့်ခွဲမှုတွေက အပြောင်းအလဲတွေနဲ့အတူ ရင်းနှီးမြုပ်နှံမှုတွေ ၀င်ရောက်လာမယ့် အလားအလာတွေ သိသိသာသာ တွေ့မြင်လာနေရတဲ့ တချိန်တည်းမှာပဲ ဆယ်စုနှစ်တွေနဲ့ချီပြီး အစိုးရက ဗဟိုကနေ ထိန်းချုပ်လာတဲ့ စီးပွားရေးကို လွတ်လပ်ခွင့် ပေးရာမှာ စိမ်ခေါ်မှုတွေလည်း ရှိနေတာပါ။
စီးပွားရေး လုပ်ငန်းတွေမှာ အတွေ့အကြုံရင့်ကျတ်ပြီး စံချိန်စံညွှန်းနဲ့အညီ လုပ်ကိုင်တတ်တဲ့ အင်အားကြီး တိုင်းပြည်တွေက ရင်းနှီးမြုပ်နှံမှုတွေ ၀င်လာတဲ့တိုင်အောင် သတိထားစရာ အများအပြား ရှိနေဆဲ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံမှာရှိတဲ့ လန်ဒန် စီးပွားရေး တက္ကသိုလ်က ဒေါက်တာဇာနည် ကပြောပါတယ်။
“အာရှတိုက် တလွှားမှာရှိတဲ့ ရင်းနှီးမြုပ်နှံတဲ့ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ အထူးသဖြင့် အာရှတိုက်မှာရှိတဲ့ ကုမ္ပဏီ အများစုက သူတို့နိုင်ငံမှာလည်း သူတို့လူထုကို ဂရုစိုက်ပြီးတော့ ပြည်သူ့ကျန်းမာရေး ထိခိုက်တဲ့ ကိစ္စတို့၊ ပတ်ဝန်းကျင် ညစ်ညမ်းတဲ့ ကိစ္စတွေ ဒါတွေကို သူတို့နိုင်ငံတွေမှာလည်း စံနှုန်းထားပြီးလုပ်တဲ့ နိုင်ငံတွေ မဟုတ်ဘူး။ အဲဒီလို နိုင်ငံတွေက ကုမ္ပဏီတွေ ၀င်လာတော့ ကျနော်တို့အတွက် ထိခိုက်တာပေါ့လေ။ တခုရှိတာက အနောက်နိုင်ငံတွေက ကုမ္ပဏီတွေ ဥရောပတိုက်တို့ အမေရိကန် နိုင်ငံတို့ က ကုမ္ပဏီတွေ ၀င်လာမယ် ဆိုရင်လည်း ပြဿနာက သူတို့နိုင်ငံမှာတော့ စံနှုန်းမြင့်မြင့်နဲ့ အလုပ်လုပ်တဲ့ နေရာမှာ ပြုမူပေမဲ့ မွဲတဲ့နိုင်ငံ၊ နိုင်ငံရေးစနစ် မခိုင်မာတဲ့ နိုင်ငံတွေမှာ ရောက်လာတဲ့ အခါကျ စံနှုန်းမထားတဲ့ သဘောနဲ့ လုပ်တာတွေရှိတယ်။ အဲဒီတော့ အနောက်နိုင်ငံတွေက ၀င်လာမယ်ဆိုရင် ပိုကောင်းဖို့ အလားအလာ ရှိသော်လည်း၊ အဲဒီကုမ္ပဏီတွေကို ထိန်းချုပ်နိုင်မယ့် မူတွေ၊ စံတွေ၊ ဥပဒေတွေ မရှိဘူး ဆိုရင်လည်း ကျနော်တို့အတွက်က ဒီလောက် အကျိုးရှိမှာ မဟုတ်ဘူး။ အဲဒီတော့ ၂ ဘက် အစွန်းမရောက်ဖို့ပေါ့နော်။”

ဓာတ်ပုံ - အေပီ
ပြည်ပရင်းနှီးမြုပ်နှံမှု ဥပဒေကို ပြင်ဆင်ပြီး လွှတ်တော်တွင်းမှာလည်း တင်သွင်းထားပါတယ်။

ဒါပေမဲ့လည်း စီးပွားရေး အင်အားကောင်းတဲ့ အနောက်နိုင်ငံတွေ အနေနဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေ ဒီမိုကရေစီ အခြေခံတွေ ရှိနေတာမို့ ကျင့်ဝတ်နဲ့မညီတဲ့ လုပ်ရပ်တွေ ရှိလာမယ်ဆိုရင်တောင် သက်ဆိုင်ရာ တိုင်းပြည်တွေမှာ ဖိအားပေး ပြောဆိုနိုင်တဲ့ အခွင့်အလန်း ရှိနေတာကတော့ တခြားအာရှဒေသ နိုင်ငံတွေနဲ့ မတူတဲ့ အားသာချက် တခုအဖြစ်နဲ့လည်း စီးပွားရေး ဆန်းစစ်သူတွေက ထောက်ပြထားကြတာပါ။
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုအုံကြွမှုတွေကို သွေးထွက်သံယို နှိမ်နင်းပြီး တိုင်းပြည်အာဏာကို ချုပ်ကိုင်ခဲ့တဲ့ စစ်တပ်ကတော့ ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးမယ်ဆိုပြီး ပြည်ပရင်းနှီးမြုပ်နှံမှုတွေကို လက်ခံခဲ့တဲ့နောက် အနောက်နိုင်ငံတွေက ကုမ္ပဏီတွေလည်း ၀င်ရောက်လုပ်ကိုင် လာကြပါတယ်။ ဒါပေမဲ့လည်း ဒီအထဲက အမေရိကန် အခြေစိုက် Unocal ပြင်သစ်နိုင်ငံက Total ကုမ္ပဏီတွေရဲ့ မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ တက်ကြွ လှုပ်ရှားသူတွေရဲ့ ဖိအားပေး ပြစ်တင်ဝေဖန်မှုတွေကို ခံခဲ့ရတာလည်း ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။
Ref:VOA

မြန်မာ့နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေ

တနင်္လာ, 19 မတ် 2012
နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းကို လတ်တလော လွှတ်တော်တွင်း တင်သွင်းထားပါတယ်။
 
ဓာတ်ပုံ ရိုက်တာစ်

"ပြည်တွင်းရဲ့ စီးပွားရေးကို ပြန်ထောင်တက်ဖို့က နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုက အင်မတန် အရေးကြီးပါတယ်။"
မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးလာစေဖို့အတွက် ရည်ရွယ်ထားတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု
ဥပဒေသစ်တရပ် မကြာခင် ထွက်ပေါ်လာဖို့ ရှိနေပါတယ်။ လွှတ်တော်တွင်း တင်သွင်းထားတဲ့ မူကြမ်းမှာတော့ ပြည်ပက လုပ်ငန်းရှင်တွေကို မက်လုံးပေး ဆွဲဆောင်ပြီး စီးပွားရေးကို ကျားကန်ပေးသွားဖို့ စီစဉ်ထားတာပါ။ ရေးဆွဲနေဆဲ ဥပဒေသစ်နဲ့ မြန်မာ့စီးပွားရေးအပေါ် အကျိုးသက်ရောက်နိုင်မယ့် အလားအလာတွေ ဘာတွေ ရှိနိုင်မလဲ ဆိုတာကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းက ပြည်ပက စီးပွားရေး လုပ်ငန်းရှင်တွေကို အခွင့်အရေးတွေ ပိုပေးတဲ့ အနေနဲ့ အရင်ကလို မြန်မာနိုင်ငံသားတွေနဲ့ ဖက်စပ် လုပ်ကိုင်ခွင့် သာမက ကိုယ်ပိုင် လုပ်ကိုင်ခွင့်တွေပါ ပေးသွားဖို့အထိ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အစိုးရပဲဖြစ်ဖြစ် ပုဂ္ဂလိကနဲ့ပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားတွေနဲ့ ဖက်စပ်လုပ်ငန်းတွေ လုပ်မယ် ဆိုရင်တော့ နိုင်ငံခြားက လုပ်ငန်းရှင်တွေ အနေနဲ့ အနည်းဆုံး ၃၅ ရာခိုင်နှုန်း ရင်းနှီး စိုက်ထုတ်ရမှာပါ။ ပြည်ပလုပ်ငန်းတွေ အနေနဲ့ အစိုးရဆီကပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကဆီကပဲဖြစ်ဖြစ် မြေငှားရမ်းခွင့်လည်း ရှိတော့မှာဖြစ်ပြီး၊ လုပ်ငန်း အရွယ်အစားပေါ်လိုက်လို့ အစပိုင်းမှာ နှစ်ပေါင်း ၃၀ အထိ ငှားရမ်းခွင့်နဲ့ နောက်ပိုင်းမှာလည်း ၁၅ နှစ်တကြိမ် သက်တမ်း တိုးခွင့်ရှိမှာ ဖြစ်ပါတယ်။

IMF

လွှတ်တော်တွင်း တင်သွင်းထားတဲ့ ဥပဒေကြမ်း အတည်မပြုမီမှာလည်း နောက်ထပ် လုပ်ပိုင်ခွင့်တွေ ပိုပြီး တိုးပေးသင့်မသင့် ဆိုတာကို လွှတ်တော် ကိုယ်စားလှယ်တွေကြား စဉ်းစားနေကြတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဒေါက်တာ အေးမောင် ကပြောပါတယ်။
“အခွန်ကင်းလွတ်ခွင့်ကို ၅ နှစ် ပေးထားတယ်၊ နောက် မြေငှားဂရံကို နှစ် ၃၀ ပေးထားတယ်။ လုပ်ငန်းရဲ့ အောင်မြင်မှုနဲ့ အကျိုးပြမှုအပေါ် မူတည်ပြီးကာမှ ထပ်ပြီးလျှောက်လို့ရှိရင် နောက် ၁၅ နှစ်စီ ၂ ကြိမ်ပေးထားပါတယ်။ အဲဒီတော့ နှစ် ၆၀ အထိ လုပ်ငန်းအပေါ်မှာ ဒီဖက်က ဂရံပေးတဲ့သဘော ဖြစ်သွားတာပေါ့။ ကျနော်တို့ဖက်က ဆွေးနွေးတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ၅ နှစ်ဆိုရင် နည်းမလားပေါ့နော်၊ ၅ နှစ်ကနေ ၁၀ နှစ်လောက်အထိ အခွန်ကင်းလွတ်ခွင့် ပေးလိုက်လို့ရှိရင် နိုင်ငံခြားက ရင်းနှီးမြုပ်နှံတဲ့ ပုဂ္ဂိုလ်တွေက ပိုမို ၀င်လာနိုင်တယ်လေ။ မြန်မြန်ပေါ့နော် ပြည်တွင်းရဲ့ စီးပွားရေးကို ပြန်ထောင်တက်ဖို့က နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုက အင်မတန် အရေးကြီးပါတယ်။ အဲဒါကြောင့် ကျနော်တို့ ပြည်တွင်းကို တိုင်းပြည် အေးချမ်းတည်ငြိမ် လာပြီဆိုရင် ၀င်ရောက်လာမယ့် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေကို အမြန်ဆုံး လာနိုင်အောင် ခုနလို နှစ် ၃၀ အစား နှစ် ၅၀ တိုးပေးတာမျိုးပေါ့ဗျာ၊ နောက် ၁၅ နှစ် ၁၅ နှစ်ကို ပေါင်းမယ့်အစားပေါ့နော်။”
တကယ်တော့ ၁၉၈၈ ခုနှစ်ကစလို့ စတင်ကျင့်သုံးလာခဲ့တဲ့ ဥပဒေကနေ သိသိသာသာ လမ်းခွဲပြီး နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံ အနေနဲ့ ပြည်ပက လုပ်ငန်းရှင်တွေအတွက် မျက်စေ့ကျစရာတွေလည်း ရှိနှင့်နေပြီးသားလို့ ဆိုရမှာပါ။ ကမ္ဘာတ၀ှမ်း ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေအတွက် အကောင်းအဆိုး အခြေအနေတွေကို ဆန်းစစ်တွက်ချက် ပေးနေတဲ့ ဗြိတိန်နိုင်ငံ အခြေစိုက် Maplecroft ကတော့ မြန်မာနိုင်ငံမှာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္ထုတူးဖော်ရေး၊ စိုက်ပျိုးရေးနဲ့ ခရီးသွား လုပ်ငန်းတွေမှာ ၀င်ရောက် လုပ်ကိုင်နိုင်တဲ့ အခွင့်အလန်းကောင်းတွေ ရှိနေတယ်လို့ ပြောပါတယ်။ ဒီလိုပဲ လုပ်သားအင်အား ကြီးကြီးမားမား ရှိနေပြီး ဈေးသက်သာတာမို့၊ ပြည်ပက စီးပွားရေး သမားတွေ ကုန်ထုတ်လုပ်ငန်းတွေကို လုပ်နိုင်တဲ့ အလားအလာတွေ အများအပြား ရှိနေတယ်လို့ သုံးသပ်ထားတာပါ။

ဓာတ်ပုံ - အေပီ

ဒီလို ပြည်ပလုပ်ငန်းတွေက အခွင့်အလန်းတွေ ရနိုင်တဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံသားတွေ အတွက်လည်း အမြတ်ထွက်နိုင်ဖို့ အသစ်ရေးဆွဲထားတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းက ရည်ရွယ်ထားတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် ကပြောပါတယ်။
“ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းကလည်း ပညာရှင်တွေနဲ့ ရေးထားတယ်လို့ သိရပါတယ်။ တော်တော်လေးလည်း ပြည့်စုံပါတယ်။ ဟိုတုန်းက ရင်းနှီးမြုပ်နှံမှု ဥပဒေမျိုးထက်ကိုပေါ့။ အဓိကကတော့ တိုင်းပြည်တွင်းမှာ ရင်းနှီးမြုပ်နှံမှုကိုလည်း ဖိတ်ခေါ်ချင်တာရယ်၊ ရင်းနှီးမြုပ်နှံမယ့် လူတွေကလည်း ၀င်ရောက်လာနိုင်တဲ့ အခွင့်အလန်းတွေကိုလည်း ပေးချင်တာပေါ့။ နောက် ကိုယ့်တိုင်းပြည်က လုပ်သားအင်အားကိုလည်း ကျွမ်းကျင်လုပ်သားအဖြစ် ပြောင်းလဲစေချင်တယ်၊ နည်းပညာလည်း ရချင်တယ်။ အဲဒီတော့ နည်းပညာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေက ပထမပိုင်းမှာ ပြည်တွင်းလုပ်သားတွေနဲ့ တွဲတွဲလုပ်သွားမယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ နည်းပညာတွေကို ကျနော်တို့ ဒီဖက်က နိုင်ငံသားတွေက ရလာတဲ့ ကာလမှာ နိုင်ငံခြားက ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေကို တဖြည်းဖြည်းနဲ့ လျှော့သွားမယ်၊ ပြည်တွင်းက ပုဂ္ဂိုလ်တွေနဲ့ အစားထိုးသွားခြင်းအားဖြင့်ပေါ့ ဒီလုပ်ငန်းတွေကို တဖြည်းဖြည်းနဲ့ နှစ်ပေါင်း ၃၀ လောက် ကြာလာတဲ့အခါမှာ ကျနော်တို့ တိုင်းပြည်တွင်းက ကျွမ်းကျင်လုပ်သားတွေနဲ့ မောင်းနှင်နိုင်တဲ့အထိပေါ့နော်။”
ဥပဒေကြမ်းထဲမှာတော့ နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့ ကျွမ်းကျင်မှု မရှိတဲ့ အလုပ်သမားတွေကို ခန့်ထားခွင့်ရှိမှာ မဟုတ်ပဲ၊ ၅ နှစ်ပြည့်တဲ့အခါမှာလည်း ကျွမ်းကျင်လုပ်သား ဦးရေရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသားတွေကို ခန့်ထားသွားရမှာဖြစ်ပြီး ဒီအတွက် လိုအပ်ရင် လေ့ကျင့်သင်ကြား ပေးရမှာပါ။ နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံသား ကျွမ်းကျင်လုပ်သား အရေအတွက်ကို ၁၀ နှစ်ကြာတဲ့အခါ အနည်းဆုံး ၅၀ ရာခိုင်နှုန်းနဲ့ ၁၅ နှစ် ကြာတဲ့ အခါမှာတော့ ၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရမှာ ဖြစ်ပါတယ်။ ပြည်ပက ရင်းနှီးမြုပ်နှံသူတွေကို အာမခံ ပေးတဲ့ အနေနဲ့ သဘောတူ စာချုပ်ထားတဲ့ သက်တမ်းအတွင်း ပြည်သူပိုင် သိမ်းဆည်းတာမျိုး မလုပ်ဖို့နဲ့ လူထုအကျိုးစီးပွားအတွက် လိုအပ်လို့ ပြည်သူပိုင်အဖြစ် ပြောင်းလဲတဲ့ အခါမျိုးမှာ ဈေးကွက် ပေါက်ဈေးအတိုင်း တန်ဘိုးဖြတ် လျော်ကြေး ပေးရမယ်လို့ ဥပဒေကြမ်းမှာ ထည့်သွင်း ထားတာပါ။
ဒါပေမဲ့လည်း မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ သက်တမ်း နုနယ်သလို၊ ဒီမိုကရေစီ ထွန်းကားတဲ့ တိုင်းပြည်တခု ဖြစ်လာဖို့ အတွက်လည်း အချိန်ယူရဦးမှာမို့ ရင်းနှီးမြုပ်နှံ လုပ်ငန်းတွေလုပ်ဖို့ အန္တာရာယ်တွေလည်း ရှိနေတုန်းပဲလို့ Maplecroft ရဲ့ ဖေဖော်ဝါရီလထဲ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆန်းစစ်ချက် အစီရင်ခံစာထဲမှာ သတိပေး ထားပါတယ်။

VOA
လတ်တလော နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အများစုကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းမှာပါ။

မြန်မာ့စီးပွားရေး အခြေအနေတွေကို လေ့လာ အကဲခတ်နေတဲ့ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင် တာနဲလ် (Sean Turnell) ကလည်း ရင်းနှီးမြုပ်နှံ လိုသူတွေအတွက် စိတ်ချရမယ့် အခြေအနေတွေ ဖန်တီးဖို့ လိုနေသေးတယ်လို့ ပြောပါတယ်။
“မြန်မာ့စီးပွားရေးအတွက် အခြေခံကျကျ ပြင်ဆင်ရမယ့် ကိစ္စတွေ အများအပြား ရှိနေဆဲပါ။ ဥပမာ ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့်လို၊ သေချာရေရာမှု ရှိအောင် လုပ်ဖို့လိုပါတယ်။ ဒါတွေကို စီးပွားရေး လုပ်ငန်းတွေကို နောက်ပြန်ဆွဲနေတာပါ။ အဂတိလိုက်စားမှုလို တခြား ပြဿနာတွေဟာလည်း မြန်မာ့စီးပွားရေးမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပါတယ်။”
လတ်တလော မြန်မာနိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုတွေမှာတော့ အိမ်နီးချင်းတွေနဲ့ ဒေသတွင်း နိုင်ငံတွေကသာ အဓိက ၀င်ရောက် လုပ်ကိုင် နေကြတာ ဖြစ်သလို၊ အများစုကတော့ အရင်းအမြစ်နဲ့ ကုန်ကြမ်း ထုတ်လုပ်မှုတွေမှာသာ ဖြစ်ပါတယ်။ ပြည်ပက လုပ်ငန်းတွေကို စတင်ခွင့်ပြုခဲ့တဲ့ ၁၉၈၈ ခုနှစ်ကစလို့ ဒီနှစ် ဇန်န၀ါရီလအထိဆိုရင် စီမံကိန်းပေါင်း ၄၅၈ ခုမှာ ရင်းနှီးမြုပ်နှံမှု ပမာဏဟာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၀,၀၀၀ ကျော်အထိ ရှိနေပြီး အများစုကတော့ သန်းပေါင်း ၁၄,၀၀၀ လောက်နဲ့ တရုတ်နိုင်ငံက ဦးဆောင် နေတယ်လို့လည်း တရားဝင် ကိန်းဂဏန်းတွေကို ကိုးကားပြီး တရုတ်အစိုးရပိုင် ရှင်ဟွာ သတင်းက ဖော်ပြခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် တနှစ်ထဲမှာပဲ ပြည်ပရင်းနှီးမြုပ်နှံမှုဟာ ဒေါ်လာသန်းပေါင်း ၈,၀၀၀ ကျော် ရှိခဲ့သလို၊ ဒီအထဲက ထက်ဝက်ကျော်ဟာ ဆိုရင်လည်း ပြီးခဲ့တဲ့နှစ် မတ်လကုန်မှာ အစိုးရသစ် တက်လာပြီးနောက် ၀င်ရောက်လာတာလို့ ဆိုပါတယ်။ ဆန်းစစ်သူတွေနဲ့ စီးပွားရေး လုပ်ငန်းရှင် အသိုင်းအ၀ိုင်းကတော့ လွှတ်တော်မှာ တင်သွင်းထားတဲ့ ရင်းနှီးမြုပ်နှံမှု ဥပဒေ ထွက်ပေါ်လာတဲ့အခါ နောက်ထပ် ပြည်ပက ၀င်ရောက်လုပ်ကိုင် လိုသူတွေလည်း ပိုတိုးလာနိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ခိုင်ခိုင်မာမာ ကျင့်သုံးလာမယ်၊ တချိန်တည်းမှာပဲ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေလည်း လျော့ပါး လာမယ်ဆိုရင် ပြည်ပက လုပ်ငန်းရှင်တွေ ဒီထက်ပို ၀င်ရောက်လာနိုင်တယ်လို့ ခန့်မှန်းနေကြတာလည်း ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။
Ref;:VOA

လစာ တစ်သိန်းကျော်သော မည်သည့် ၀န်ထမ်းမဆို ၀င်ငွေခွန် ဆောင်ရတော့မည်

By Popular News 
လစာ တစ်သန်းကျော်သော မည်သည့် ၀န်ထမ်းမဆို ၀င်ငွေခွန် ဆောင်ရတော့မည်    ကျပ်တစ်သိန်း နှစ်သောင်း နှင့်အထက် လစာရရှိသော အစိုးရဝန်ထမ်း အပါအဝင် ပုဂ္ဂလိက ဝန်ထမ်း များအားလုံး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်မှ စ၍ လစာနှုန်းထား များအလိုက် နိုင်ငံတော်သို့ အခွန်ပေးဆောင် ရတော့မည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိ သူက ပြောသည်။
”ဧပြီ ၁ ရက်နေ့က စပြီးတော့ အကျုံးဝင်မယ်။ ကျပ် တစ်သိန်း ကနေ ကျပ် ငါးသိန်းအထိ လစာ ရရင် တစ်ရာခိုင်နှုန်းအခွန်ဆောင် ရမယ်။ ဒီ့ထက်ကျော်ရင် ရာခိုင်နှုန်း တက်ပြီး အခွန်ဆောင်သွားရမယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
       ဧပြီလ ၁ ရက်နေ့မှ စတင် ပြောင်းလဲလိုက်သော ဝင်ငွေခွန် သတ်မှတ်မှုအရ ဖြစ်ပြီး တစ်ဦးချင်း ဝင်ငွေ တစ်သိန်းနှစ်သောင်းနှင့် စီး ပွားရေးလုပ်ငန်းများ တစ်လဝင်ငွေ ကျပ် တစ်သိန်းရရှိပါက အကျုံးဝင် မည်ဟု သိရသည်။ ထိုသို့ အခွန်ကောက်ခံရာတွင် လည်း အိမ်ထောင်ရှိမှု၊ သားသမီး ရှိမှုများအပေါ် လိုက်ကာ အခွန် သက်သာမှုများရှိနိုင်မည်ဟု ၄င်းက ဆက်လက်ပြောသည်။
ဝင်ငွေကျပ် တစ်သိန်း သုံး သောင်းရရှိသော အိမ်ေ ထာင်မရှိ သူတစ်ဦးအနေဖြင့် တစ်လ ဝင်ငွေခွန် ကျပ် ၁၈၇ဝ ပေးဆောင် ရတော့မည်ဖြစ်ပြီး၊ ၄င်းအပေါ် ကုမ္ပဏီဝန်ထမ်းအချို့က ”တစ်လ ကျပ်နှစ်ထောင်ဆိုတာက မများ ပါ ဘူး။ဒါပေမဲ့ ဒီနှစ်ထောင်နဲ့က အိမ် အသုံးစရိတ်တစ်ခုခုကာ မိတတ်ပါ တယ်။ ဒါပေမဲ့ ဒီငွေနဲ့ တိုင်း ပြည်ဖွံ့ဖြိုးမှုကို အထောက်အကူပြု ပေးနေရင်တော့ ကောင်းပါတယ်” ဟု သုံးသပ်စကားဆိုသည်။လမ်းမတော်မြို့နယ်မှ ဆန်စပါး လုပ်ငန်းလုပ်ကိုင်နေသူ လုပ်ငန်းရှင် တစ်ဦးက ”အခုတလော ကြားရ သလောက် အခွန်တိုးကောက်ဖို့ တွေက များလာသလားလို့၊ အခြေ ခံလူတန်းစားတွေ အလုပ်လက်မဲ့ ဖြစ်နေတာကို အရင်ဖြေရှင်းပြီးမှ လုပ်ခလစာကို မူလထက်တိုးမြှင့်ရရှိ သွားမှ ကောက်မယ်ဆို ပိုကောင်း မလားလို့တော့ ထင်မိပါတယ်”ဟု မှတ်ချက်ပြုသည်။
မင်းသုအောင်၊ ဧပရယ်ဦး-popularnews journal
Ref;yoyalay

အမဲခြောက်ချင်းထောင်း

သဲသဲထွေး -အတွဲ ၂၉ ၊ အမှတ် ၅၆၃ (၃၀၊၃ - ၅၊၄၊ ၂၀၁၂)

ဒီဟင်းလျာကို စမ်းချောင်းမြို့နယ်၊ ကျွန်းတော လမ်းထိပ်က ဂျိန်းဖော့မြေ ကချင်ရိုးရာ စားသောက် ဆိုင်က ပံ့ပိုးပေး ထားပါတယ်။
အမဲသား ကြိုက်သူတွေလျှာလည်သွားမယ့် ကချင် အမဲခြောက် ဂျင်းထောင်း လုပ်စားကြမယ်။
ပါဝင်ပစ္စည်းများ
အမဲသား၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဖက်ဖယ်၊ နံနံပင်၊ မဂရမ့်၊ မကျန်စီ။ ပြုလုပ်နည်း သန့်စင်ထားတဲ့ အမဲသားကို အရွယ်တော်လေး တွေ လှီး၊ ဆားနဲ့နယ်ပြီး အခြောက်လှန်းပါ။
အမဲခြောက်ရပြီဆိုရင် မီးဖုတ်ပြီး အမျှင်အသေးလေး တွေဖဲ့ပြီး ထွင်ပါ။
ချင်းနဲ့ ကြက်သွန်ဖြူကို အခွံသင် လှီးပြီး ငရုတ်သီးစိမ်းနဲ့ရောကာ ထောင်းပါ။
ညက်ပြီ ဆိုမှ မဂရမ့်၊ မကျန် စိ၊ ဖက်ဖယ်နဲ့ နံနံပင်တွေထည့်ပြီး မညက်တညက် ထပ်ထောင်းပါ။
နောက်ဆုံးမှ ဆား အနည်းငယ်နဲ့ ထွင်ထားတဲ့ အမဲခြောက်တွေထည့်ပြီး ရောထောင်းပါမယ်။
ဒါဆိုရင်တော့ ချင်းနံ့မွှေးမွှေး လေးနဲ့ အမဲခြောက်ချင်းထောင်းရပါပြီ။
 Ref;myanmartime

တက်ဆဲ၊ မြတ်ဆဲ အိမ်ခြံမြေ

Photo         “လက်ရှိအိမ်ခြံမြေသည်  ဂျော်နီဝေါ်ကာ
ကြော်ငြာလိုပဲ၊ Still Going Strong ” ယခုနှစ်ပိုင်းအတွင်း တန်ဖိုး များ ဆက်တိုက်နီးပါး တက်နေပြီး အထူးသဖြင့် တန်ဖိုးကြီးမြေကွက် နှင့် အိမ်များ အရောင်းအ၀ယ် ကောင်းနေသည့် အိမ်ခြံမြေဈေး ကွက်၏ လက်ရှိအခြေအနေကို အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း အတွေ့အကြုံ ၁၂နှစ်ရှိပြီဖြစ်သော ဦးသန်းဦးက အထက်ပါအတိုင်း ပြောကြားသည်။ ဦးသန်းဦးမှာ မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သည်။
        သူက အိမ်ခြံမြေလုပ် ငန်းမှာ ကောင်းနေဆဲ၊ ဆက်လက် ကောင်းနေဦးမည်ကို ဂျော်နီဝေါ် ကာနှင့် နှိုင်းယှဉ်၍ပြောခြင်းဖြစ် ၏။ ပြည်တွင်း၌ ကာလတိုစီးပွား ရေးလုပ်ကိုင်သူများအဓိကလုပ် ကိုင်သည့် လုပ်ငန်းလေးမျိုးရှိခဲ့ သည်။ လူအများစုသိထားသည့် အတိုင်း ကား၊ ဒေါ်လာ၊ ရွှေနှင့် အိမ်ခြံမြေတို့၌ ရင်းနှီးမြှုပ်နှံကြ ခြင်းဖြစ်ပါသည်။ သို့သော် ကားလောကမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်မှ စတင်၍ အစိုးရမှ ကားလေလံများ ဆက်တိုက်ပစ် ခြင်း၊ ပြည်ပမှ ဇိမ်ခံကားများ တင်သွင်းခွင့်ပြုခြင်း၊ လိုင်စင်မဲ့ ကားများကိုအခွန်ပေးဆောင် စေ၍ တရားဝင်လိုင်စင်ထုတ်ပေး ခဲ့ခြင်း၊ အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် တရုတ်နိုင်ငံမှ ဈေးသက် သာသည့် ကားများစွာ ၀င်ရောက် လာခြင်း စသောဖြစ်စဉ်များကြောင့် ကားဈေးနှုန်းများ ပြုတ်ကျပြီး အရောင်းအ၀ယ်များလည်း အေး စက်ခဲ့သည်။ ထိုအခြေအနေတွင် ကားဝယ်ထားပြီး ပြန်ရောင်းသော စီးပွားရေးလုပ်သူများမှာ အခြား စီးပွားရေးလုပ်ငန်းများသို့ ပြောင်းကုန်သည်။ အမေရိကန်ဒေါ်လာ၊ အက်ဖ် အီးစီနှင့် ပို့ကုန်ရငွေတို့မှာလည်း ပြီးခဲ့သည့် ၂၀၁၀ မှစတင်၍ အခြေအနေမဟန်ဘဲ တန်ဖိုးမှာ ပြုတ်ကျနေသည်။
     ယခုနောက်ဆုံးဒေါ်လာတန်ဖိုးနှင့် နိုင်ငံတကာရွှေဈေးနှုန်း ကျ ဆင်းလာခြင်းနှင့် အစိုးရမှ ရွှေများ ထုတ်ရောင်းနေခြင်းတို့ကြောင့် ရွှေ ဈေးများ ကျဆင်းနေပြန် သည်။ ထိုအခြေအနေတွင် ရွှေနှင့် ဒေါ် လာတို့၌ ရင်းနှီးမြှုပ်နှံထားသူများ မှာလည်း မျက်ခုံးလှုပ်နေသည်။ အခြားလုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံရမည်လားစဉ်းစား နေရ ပြီ ဖြစ်သည်။
     ထိုသို့ မြန်မာလူထု အများ ဆုံးရင်းနှီးမြှုပ်နှံသော လုပ်ငန်းသုံးခု ယိမ်းယိုင်နေချိန်တွင် အိမ်ခြံမြေ လုပ်ငန်းမှာ အခြေအနေကောင်း နေဆဲဖြစ်ကြောင်း ဈေးကွက်ကျွမ်း ကျင်သူများကဆိုသည်။ “အိမ်ခြံ မြေက နောက်နှစ်နှစ်၊ သုံးနှစ် အထိလည်း ကောင်းနေဦးမှာပဲ။ ဘာကြောင့်လဲဆိုတော့ သူက Limit (ကန့်သတ်ပစ္စည်း)ဖြစ်နေ လို့ပဲ။ ဒါကြောင့် ကားဈေးကွက် လို ပေါက်ကွဲပြီး မကျနိုင်ဘူး၊ ရွှေ လိုလည်း တက်လိုက်၊ ကျလိုက် မဖြစ်နိုင်ဘူး။ အိမ်ခြံမြေလုပ်ငန်းရဲ့ သဘာဝနဲ့ ကန့်သတ်ပစ္စည်းဖြစ်နေ လို့ပဲ”ဟု ဦးသန်းဦးက သူ၏ အမြင်ကိုပြောကြားသည်။
      တန်ဖိုးများ ဆက်တိုက်မြင့် တက်နေပြီး ၀ယ်ယူရင်းနှီးမြှုပ်နှံ ထားလျှင် အရှုံးမရှိဘဲ အမြတ် အနည်း၊ အများသာရှိသည်အထိ အလုပ်ကောင်း၍ အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံသူများ တိုး၍တိုး၍ လာသည်။ မြေတန်ဖိုးတိုးလာသည်ကိုဥပမာပြရလျှင် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ပေ ၈၀ ပတ်လည်မြေကွက်တစ်ကွက်ကို လွန်ခဲ့သည့်နှစ်အနည်းငယ်ကသိန်းရှစ်ထောင့် ငါးရာဖြင့် လုပ်ငန်းရှင်တစ်ဦးက ၀ယ်သည်။ ထိုမြေကို နှစ်အနည်းငယ်အကြာတွင် သိန်းတစ်သောင်းနှစ်ထောင်ဖြင့် ပြန်ရောင်းခဲ့ပြီး ယခုနောက်ဆုံး ထိုမြေကွက်မှာ သိန်းတစ်သောင်းခုနစ်ထောင် ဈေးဖွင့်နေပြီဖြစ်သည်။ ထိုနည်းအတိုင်းစီးပွားရေးလုပ်ငန်းရှင်များ မျက်စိကျသည့်နေရာများမှာ ခုန်ပျံဈေးတက်နေသည်။လုပ်ငန်းပေါင်းစုံမှ ရင်းနှီးမြှုပ်နှံသူ များလာခြင်းမှာလည်း အိမ်ခြံမြေတန်ဖိုးများမှာ မြင့်တက်နေခြင်း၏အကြောင်းရင်းတစ်ခုဖြစ် သည်။ “လက်ရှိ စီးပွားရေး အနေ အထားနဲ့ဆို အခုဈေးနှုန်းတွေက အမြင့်ဆုံးပဲ”ဟု ယူနတီအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေ ဂျာဦးဇော်ဇော်ကလည်း လက်ရှိ ဈေးကွက်အခြေအနေကို သုံးသပ်သည်။
     မန္တလေးမြို့မှ ၀ါရင့်အိမ်ခြံ မြေအကျိုးဆောင်ကြီးတစ်ဦးဖြစ်သော ဦးကျော်ဝင်းကလည်း သူ၏မြို့မှ အိမ်ခြံမြေဈေးကွက်အလား အလာကို အောက်ပါအတိုင်း ခန့်မှန်းသည်။ “မြေဈေးက ဒီ့ထက်ပဲ ပိုကောင်းဖို့ရှိတယ်။ မန္တလေးမှာ ဌာနပိုင်မြေမရှိဘူး။ ဒါက တစ်ပိုင်းပေါ့။ နောက် မန္တလေးမြို့က နီ၊ စိမ်း၊ပြာသမား(ကျောက်စိမ်း၊ ပတ္တမြား၊ နီလာစသော ကျောက်စိမ်းလုပ်ငန်းရှင်များ)တွေရဲ့ စုဝေးရာ ဒီနောက်ပိုင်း အစိမ်းတင်မကဘူး၊ အနီ သမားတွေလည်း ၀င်လာပြီ။ မန္တလေး မှာ မြေနဲ့ကားပဲ ရင်းနှီးမြှုပ် နှံကြတာ။ ကားက အလုပ်မဖြစ် တော့ မြေကိုပဲ ပိုရင်းနှီးမြှုပ်နှံလာ ကြလို့”
     ထိုကဲ့သို့ အိမ်ခြံမြေလုပ်ငန်းများ ကောင်းလာခြင်းမှာ ၀င်ငွေ ရလမ်း ဖော်ပြစရာမလိုဘဲ ၀ယ် သူက ၁၅ရာခိုင်နှုန်း အခွန်ဆောင် ပါက တရားဝင် ၀ယ်ယူနိုင်သော ၀ယ်သူအထူးသက်သာခွင့်စနစ် ကို စတင်လိုက်သည့် ၂၀၀၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းမှဖြစ်သည်။ ထိုအချိန်မှစ၍ တန်ဖိုးကြီးမြေ ကွက်နှင့် အိမ်အရောင်းအ၀ယ် များမှာလည်း ယခင်ကထက် ပိုမို အရောင်းအ၀ယ်ဖြစ်ခဲ့သည်။
      “အရင်က ငွေဖြူမပြနိုင်ရင် ၅၀ ရာခိုင်နှုန်း အခွန်ဆောင်ရတယ်။ အဲဒါကို ၀င်ငွေရလမ်းဖော်ပြစရာ မလိုဘဲ ၁၅ ရာခိုင်နှုန်းပဲ ဆောင်ရတယ်။ နယ်မှာဆိုရင် ပိုသက်သာ တယ်။ ၁၂ ရာခိုင်နှုန်းလောက်ပဲ ဆောင်ရတယ်။ အဲဒီ့စနစ်ကြောင့် လည်း ပါတယ်”ဟု ဦးဇော်ဇော်က သူ၏ အတွေ့အကြုံကိုပြောသည်။
ထို့အပြင် ယခင်က စီးပွား ရေးမြို့တော် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင်သာ အိမ်ခြံ မြေလုပ်ငန်းများ ကောင်းခဲ့သော် လည်း ယခုနောက်ပိုင်းတွင် စီမံ ကိန်းများကြောင့် တစ်နိုင်ငံလုံးနီး ပါး ပြန့်ကျဲ၍ အိမ်ခြံမြေများ တန် ဖိုးတက်နေသည်။
      ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်း၊ ရတနာပုံမြို့ သစ်စီမံကိန်း၊ မြစ်ကြီးနားအနီးရှိ လီဒိုလမ်းမစီမံကိန်း၊ စစ်တွေရေ နက်ဆိပ်ကမ်းစီမံကိန်း စသောစီမံ ကိန်းများကြောင့် အဆိုပါဒေသ များရှိ မြေဈေးနှုန်းများမှာ ရက် ပိုင်း၊ လပိုင်းအတွင်း တန်ဖိုးများ သိသိသာသာပြောင်းကုန်သည်။
     စီမံကိန်းများရှိသည့် ဒေသ တွင် ခြံမြေဈေးများ တက်နေချိန် ၌ ရန်ကုန်၊ မန္တလေး၊ နေပြည် တော်တို့တွင်လည်း ကျသည်မရှိ ဘဲ ခေါ်ဈေးများမှာ တိုး၍သာ လာသည်။ ထို့ကြောင့် ရန်ကုန်မြို့ ရှိ မြေဈေးနှုန်းများမှာ သာမန်လူ များကို အံ့သြစေနိုင်သည်။
     သင့်တွင် ငွေဆယ်သိန်းခန့်ရှိ ပြီး မြေ၀ယ်လိုလျှင် ရန်ကုန်မြို့ လယ်ဆိုပါက မတ်တတ်ရပ်ရုံသာ အကျယ်ရှိသည့်မြေကို ရနိုင် သည်။ အကြောင်းမှာ ရန်ကုန်မြို့လယ်ရှိ မြို့တွင်းခြောက်မြို့နယ်တွင် တစ် ပေပတ်လည် မြေဈေးမှာ ကျပ် ခုနစ်သိန်းမှ ရှစ်သိန်းအထိရှိ နေ ၍ဖြစ်သည်။ သို့သော် ပေါက်ဈေးသာရှိပြီး ရောင်းလို သူနည်းပါးလွန်း၍ ငွေရှိလျှင်ပင် ၀ယ်ရရန်မသေချာပေ။ ယခုနောက်ဆုံးမြို့တွင်းခြောက် မြို့နယ်တွင် တစ်ပေပတ်လည် ဆယ့်ငါးသိန်းအထိ ဈေးခေါ်သောနေရာ များပင် ရှိလာပြီဖြစ်သည်။
    မြို့တွင်းခြောက်မြို့နယ်အ ပြင် မြေဈေးကြီးသည့် အခြားနေ ရာများမှာ ပြည်လမ်းမတစ်လျှောက်၊ ဗဟန်းမြို့နယ်ရှိ အင်းလျား လမ်း ကမ္ဘာအေးဘုရား လမ်းတစ်လျှောက်၊ ဓမ္မစေတီလမ်းတစ် လျှောက် စသောနေရာများဖြစ် သည်။ ပြည်လမ်းမတစ်လျှောက် တွင် တစ်ပေပတ်လည် ကျပ်လေး သိန်းနှင့်အထက်၊ အင်းလျားလမ်းတွင် တစ်ပေပတ်လည် လေးသိန်းနှင့်အထက်၊ ကမ္ဘာအေးနှင့် ဓမ္မစေ တီလမ်းတစ်လျှောက်တွင် တစ်ပေ ပတ်လည် သုံးသိန်းနှင့်အထက် ဈေးခေါ် နေသည်။ ထိုဈေးနှုန်း များမှာ လွန်ခဲ့သည့်သုံးနှစ်ကနှင့် ယှဉ်လျှင် ဈေးနှုန်းများ ထက်ဝက်ခန့် မြင့်တက်ကုန်ခြင်းဖြစ်သည်။
     မြေဈေးများ ကောင်းလာ သည့်အတွက် ကျပ်ငွေသောင်း၊ သိန်းရှိသော မြေကွက်အရောင်း အ၀ယ်များမှာလည်း ယခုနောက် ပိုင်းနှစ်များတွင် အဖြစ်များလာ သည်။ ကျပ်သိန်းထောင်ဂဏန်းမှ တစ်သောင်းဝန်းကျင်အထိ မြေ ကွက်များမှာမူ အရောင်းအ၀ယ် ခပ်စိပ်စိပ်ဖြစ်နေသည်။ ထိုသို့ တန်ဖိုးကြီးမြေကွက်များ အရောင်း အ၀ယ် ကောင်းနေသည့်အတွက် လူလတ်တန်းစားနှင့် အခြေခံလူ တန်းစားများ အမှန်တကယ်နေ ထိုင်ရန် ၀ယ်ယူသည့် တန်ဖိုးနှင့် တိုက်ခန်းနှင့် မြေကွက်များမှာပါ ဈေးနှုန်းများ တရိပ်ရိပ်တိုးနေ သည်။ 
   ထို့ကြောင့် လူလတ်တန်းစားနှင့် အခြေခံလူတန်းစားများ နေအိမ်တိုက်ခန်းပိုင်ရေးမှာ ပိုမိုခက်ခဲလာကြောင်းလည်း အိမ်ခြံမြေဈေးကွက်ကျွမ်းကျင်သူများ က ပြောသည်။ ထိုအခြေအနေကို အခြားနိုင်ငံများကဲ့သို့ အစိုးရနှင့် ဆောက်လုပ်ရေးလုပ်ငန်းများမှ တန်ဖိုးနည်းအိမ်ရာများ ဆောက် လုပ်၍ အရစ်ကျနှင့် ရောင်းချ ပေးမည်ဆိုပါက ပြေလည်မည် ဖြစ် ကြောင်း အထက်ပါပုဂ္ဂိုလ်များက သုံးသပ်ပြောကြားသည်။
     လက်ရှိ မြန်မာနိုင်ငံ၏ စီး ပွားရေးအခြေအနေအရ အခြား အလုပ်အကိုင်အခွင့်အလမ်းနည်း ပါးနေချိန်တွင် ရင်းနှီးမြှုပ်နှံထား ပါက အမြတ်သေချာသလောက် ရှိနေသော အိမ်ခြံမြေမှာတန်ဖိုးကျ ရန်ထက် တက်ရန်သာရှိနေသည်။ အိမ်ခြံမြေကဲ့သို့ လုပ်ငန်းမျိုးတွင် လုပ်ငန်းအများအပြားမှ ရင်းနှီး မြှုပ်နှံနေခြင်းမှာ စီးပွားရေးလုပ် ငန်းများ တုံ့ဆိုင်းနေမှု၏ ပြယုဂ် ဖြစ်ပြီး ကောင်းသည့်အခြေအနေ မဟုတ်ကြောင်း စီးပွားရေးပညာ ရှင်အချို့ကသုံးသပ်သည်။
     “လောလောဆယ်တော့ အိမ် ခြံမြေဈေးတွေက အရမ်းကြီးတက် သွားတယ်။ အခုလောလောဆယ် မှာတော့ ဘောဂဗေဒသီအိုရီ တွေ နဲ့ဖြစ်လေ့ရှိတာတွေရဲ့အခြေ အနေအရ ဈေးတွေက ကျဖို့မရှိသေးဘူး။ အိမ်ခြံမြေဆိုတာက ကန့်သတ်ပစ္စည်းလည်းဖြစ်တယ်။
       Demand နဲ့ Supply မှာ Demand က များနေတယ်။ ဒါကြောင့် တက်တာရပ်ဖို့ဆိုရင် Supply က တိုးရင်တိုး၊ မတိုးရင် Demand ရပ်မှ။ တခြား ရင်းနှီးမြှုပ်နှံမှုတွေ ပေါ်လာရင်လည်း Demand က ရပ်သွားနိုင်တယ်။ ဒါ့ကြောင့် စီးပွားရေးထ လာတဲ့အချိန်မှာ လျော့သွားပါလိမ့် မယ်။ ဒါကြောင့် ပူဖောင်းကြီး ပေါက်သကဲ့သို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ စီးပွားရေး ပြန်ကောင်းလာရင်တော့ ပူဖောင်း ရှုံ့သလိုဖြည်းဖြည်း ချင်းတော့ ကျလာနိုင်တယ်” ဟု စီးပွားရေးပညာရှင်တစ်ဦးဖြစ်သော ပါမောက္ခ ဒေါ်လှမြင့်က ပြည်တွင်းအိမ်ခြံမြေ ဈေးကွက်အနေအထားကို သုံးသပ်သည်။
      လုပ်ငန်းမျိုးစုံသို့ ပြည်ပရင်း နှီးမြှုပ်နှံမှု များစွာဝင်မလာသေး သည့်ကာလမှာပင် အိမ်ခြံမြေ မှာ ကောင်းနေ၍ ပြည်ပရင်းနှီးမြှုပ်နှံမှု များစွာဝင်လာလျှင် ယခုထက်ပင် ပိုကောင်းလိမ့်မည် ဟု ဦးဇော်ဇော်က အောက်ပါအ တိုင်းပြောသည်။ “ဒါတောင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ အများကြီးဝင်မလာ သေးလို့”။
Ref:7daynesjournal

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!