Popular Posts!

Tuesday, November 23, 2010

16,000 benefits traning!

Some 16,000 low-wage workers (LWWs) have benefited from the Workfare Training Support scheme since it was introduced in July. This includes LWWs given the Training Commitment Award for completing their training since July last year. About $3.2 million has been disbursed, the Manpower Ministry disclosed after Member of Parliament Halimah Yacob (Jurong) sought updates. The majority of beneficiaries are aged from 40 to 59. There are more females than males, and most have up to secondary education. About 1,500 workers have enrolled in Workfare-Skill Up, which includes motivational workshops to help LWWs overcome training barriers, while other courses LWWs attend include employability skills, food and beverage, service excellence and generic manufacturing programmes. The scheme complements the Workfare Income Supplement (WIS) scheme, which had 317,000 beneficiaries last year. But another 18,000 self-employed persons did not receive their WIS, as they have yet to make their Medisave contributions. They have until Dec 31 next year to do so, Manpower Minister Gan Kim Yong said in a written reply to Non-Constituency MP Sylvia Lim. ESTHER NG

Saturday, November 20, 2010

ရင်သားကင်ဆာအကြောင်း




ရင်သားကင်ဆာအကြောင်း
Wednesday, 17 November 2010 23:46 |  


ရင်သားကင်ဆာဟာ အမျိုးသမီးအားလုံးက ကြောက်ရွံ့ကြတဲ့ ရောဂါတစ်ခုပါ။ အမျိုးသမီးတွေမှာ ဒုတိယအဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပါတယ်။ ဒါပေမဲ့ အရင်ကထက်စာရင် အခုနောက်ပိုင်းမှာ ရောဂါရှာဖွေစစ်ဆေးမှု နည်းလမ်းတွေနဲ့ ကုသတဲ့နည်းလမ်းတွေ တိုးတက်လာပြီး အမျိုးသမီးတွေအကြားမှာလည်း ရင်သားကင်ဆာရောဂါကို ပိုသတိပြုမိ လာကြတဲ့အတွက် ရောဂါဖြစ်ပြီးနောက် အသက်ရှင်သန်မှုနှုန်းက တဖြည်းဖြည်း တိုးလာနေပါတယ်။
ရင်သားတစ်သျှူးထဲမှာ ပုံမမှန်ဆဲလ်တွေ စတင်ဖြစ်ပေါ်လာတဲ့အခါ ရင်သားကင်ဆာရောဂါ ဖြစ်လာပါတယ်။ ဒီလို ပုံမမှန်ဆဲလ်တွေရဲ့ ကြီးထွားမှုဟာ ရင်သားထဲမှာသာ ဖြစ်နေတာမျိုးရှိသလို ခန္ဓာကိုယ်တခြားနေရာတွေကို ပျံ့နှံ့သွားတာမျိုးလည်း ရှိပါတယ်။
ရင်သားကင်ဆာအမျိုးအစားများ
အများဆုံးဖြစ်လေ့ရှိတာကတော့ ကင်ဆာဆဲလ်တွေဟာ နို့ပြွန်ထဲမှာ စတင်ဖြစ်ပေါ်တာပါ။ နို့ထုတ်လုပ်တဲ့ အိတ်သေးသေးလေးတွေထဲမှာလည်း စတင်ဖြစ်နိုင်ပါတယ်။ ရင်သားရဲ့ တခြားတစ်သျှူးတွေမှာလည်း ပုံမမှန်ဆဲလ်တွေ ကြီးထွားမှုဖြစ်နိုင်ပါတယ်။ ရင်သားကင်ဆာကို စောစောစီးစီး ရှာဖွေတွေ့ရှိရင် ခန္ဓာကိုယ် တခြားအင်္ဂါ အစိတ်အပိုင်းတွေကို မပျံ့နှံ့သေးတဲ့ Noninvasive breast Cancer ပုံစံမျိုး ရှိတတ်ပါတယ်။ ဒီလို ကင်ဆာပုံစံမှာ နှစ်မျိုးရှိပါတယ်။ ပုံမမှန်ဆဲလ်တွေဟာ နို့ပြွန်အတွင်းမျက်နှာပြင်မှာ စတင်ဖြစ်ပေါ်တာ (DCIS) နဲ့ နို့အိတ်အတွင်းမျက်နှာပြင်မှာ စတင်ဖြစ်ပေါ်တာ (LCIS) ပါ။ ကင်ဆာဆဲလ်တွေဟာ နို့ပြွန် ဒါမှမဟုတ် နို့အိတ်ကနေ စတင်ဖြစ်ပေါ်ပြီး အနီးဝန်းကျင်က တစ်သျှူးတွေဆီကိုပါ ပျံ့နှံ့သွားရင်တော့ Invasive breast cancer လို့ ခေါ်ပါတယ်။ Metastatic breast cancer ကတော့ ကင်ဆာဟာ ရင်သားထဲမှာ စတင်ဖြစ်ပေါ်ပြီး သွေးထဲကို ဒါမှမဟုတ် ရင်သားအပြင်ဘက်က ပြန်ရည်ကြောစနစ်ထဲကို ပျံ့နှံ့ ရောက်ရှိသွားတာပါ။

ရင်သားကင်ဆာလက္ခဏာ
ရင်သားကင်ဆာဟာ အစောပိုင်းအဆင့်မှာ ဘယ်လိုနာကျင်မှုမျိုးမှ မခံစားရပါဘူး။ ဘယ်လိုလက္ခဏာမှလည်း မပြပါဘူး။ ကင်ဆာဆဲလ်တွေ ဖွံ့ဖြိုးလာမှ တချို့လက္ခဏာတွေ စတင်ဖြစ်ပေါ်လာပါတယ်။ ရင်သား ဒါမှမဟုတ် ချိုင်းအောက်မှာ အကျိတ်ဖြစ်တာ၊ ရင်သားအရွယ်အစား ဒါမှမဟုတ် ပုံသဏ္ဌာန်ပြောင်းလဲတာ၊ နို့သီးခေါင်းမှ အရည်ထွက်တာ ဒါမှမဟုတ် နာကျင်တာတွေ ဖြစ်နိုင်ပါတယ်။ ရင်သားအရေပြားကလည်း ထိတွေ့ခံစားမှုမှာ အရင်နဲ့မတူတာမျိုး ဖြစ်နိုင်ပါတယ်။

ရင်သားကင်ဆာကုသမှု
ရင်သားကင်ဆာဖြစ်တဲ့ပုံစံဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့အတွက် ရောဂါဖြစ်သူ တစ်ယောက်ချင်းအလိုက် လိုအပ်တဲ့ကုသမှုကို ရွေးချယ်လုပ်ဆောင် ရပါတယ်။ ရင်သားကင်ဆာကုသမှုမှာ ဓာတုဆေးသွင်းကုသမှု၊ ဟော်မုန်းကုသမှု၊ ဓာတ်ကင်ခြင်းနဲ့ ခွဲစိတ်ကုသမှုတွေ ပါဝင်ပါတယ်။ ဓာတ်ကင်ခြင်းနဲ့ ခွဲစိတ်ကုသမှုတွေက ကင်ဆာဆဲလ်တွေရှိတဲ့နေရာကို ဖျက်ဆီးဖယ်ရှားပစ်တာပါ။ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေတဲ့ ကင်ဆာဆဲလ်တွေအတွက်တော့ ဓာတုဆေးသွင်းကုသမှုတွေလုပ်ဖို့ လိုအပ်နိုင်ပါတယ်။

Ref: Good Health

Saturday, November 13, 2010

Aung san suu kyi

ခိုင်မာမှန်ကန်သည့် စင်ကာပူပုဂ္ဂလိကကျောင်းများ၏ သတင်းအချက်အလက်ကို လွယ်လင့်တကူရယူနိုင်



   




Friday, 12 November 2010


စင်ကာပူနိုင်ငံတွင် သွားရောက်ပညာသင်ကြားကြမည့် မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများအနေဖြင့် စင်ကာပူနိုင်ငံရှိ ပုဂ္ဂလိကကျောင်းများထဲမှ ခိုင်မာမှန်ကန်သောကျောင်းများ၏

သတင်းအချက်အလက်ကို လွယ်လင့်တကူရယူနိုင်ကြောင်း ပြည်တွင်းနိုင်ငံတကာပညာရေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုမှသိရသည်။ စင်ကာပူနိုင်ငံတွင် ပုဂ္ဂလိကကျောင်း ၅၀၀ ခန့် ပိတ်သိမ်းရဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လာမှုကြောင့် မြန်မာနိုင်ငံမှကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများ စိုးရိမ်မကင်းဖြစ်လာနိုင်ရာ စင်ကာပူပုဂ္ဂလိကကျောင်းများ၏ အရည်အသွေးအဆင့်သတ်မှတ်ချက်ကို စစ်ဆေးသတ်မှတ်လျက်ရှိသော Council for Private Education ၏၀က်ဘ်ဆိုက်စာမျက်နှာတွင် သတင်းအချက်အလက်အတိအကျနှင့် ကျောင်းစာရင်းများကို ရှာဖွေရယူနိုင်ကြောင်းသိရသည်။ ထိုကဲ့သို့ သတင်းထွက်ပေါ်လာသည့် အခြေခံအကြောင်းအရင်းမှာ အောက်တိုဘာလ ၂၃ ရက်နေ့ထုတ် Asia one တွင်ဖော်ပြထားသောသတင်းအရဖြစ်ကြောင်း၊ ၎င်းသတင်းဖော်ပြချက်တွင် စင်ကာပူနိုင်ငံ၏ ပုဂ္ဂလိကကျောင်းများ၏ အရည်အသွေးအဆင့်သတ်မှတ်ချက်ကို စစ်ဆေးလျက်ရှိသော Council for Private Education မှထုတ်ပြန်သည့် ကိန်းဂဏန်းများအရဖြစ်သည်ဟု အဆိုပါသတင်းဖော်ပြချက်တွင် ပါရှိသည်။ "တရားဝင်ခိုင်မာမှန်ကန်တဲ့ကျောင်းတွေရဲ့ သတင်းအချက်အလက်တွေ၊ စာရင်းတွေကို Council for Private Education က အွန်လိုင်းမှာ update တင်ပေးနေပါတယ်။ မြန်မာနိုင်ငံက ကျောင်းသားအများစု အခုသွားရောက်လေ့လာကြမယ့် ကျောင်းတွေကလည်း ခိုင်မာမှန်ကန်တဲ့ ကျောင်းစာရင်းထဲမှာပါပြီးသားဖြစ်ပါတယ်။ တချို့ကျောင်းကြီးတွေက နိုင်ငံတကာကျောင်းခွဲတွေ ဖွင့်လှစ်ထားတဲ့အတွက် စစ်ဆေးတဲ့နေရာမှာ ကြန့်ကြာနေတာလည်း ပါပါတယ်။ အားလုံးတိတိကျကျကိုတော့ လာမယ့်ဇွန်မှာပဲ သေချာသိနိုင်ပါတယ်" ဟု စင်ကာပူပညာရေးကျွမ်းကျင်သူတစ်ဦးက အင်တာနက်ဂျာနယ်သို့ ရှင်းပြခဲ့သည်။ မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူအများစု သွားရောက်လေ့လာသင်ယူကြမည့် စင်ကာပူပုဂ္ဂလိကကျောင်းအများစုမှာ တရားဝင်ခိုင်မာမှန်ကန်သည့် ကျောင်းစာရင်းတွင် ပါဝင်နေခြင်းကြောင့် စိုးရိမ်ဖွယ်ရာမရှိကြောင်း၊ တရားဝင်ခိုင်မာမှန်ကန်သည့် ကျောင်းများ၏ သတင်းအချက်အလက်များကို www.cpe.gov.sg တွင် အလွယ်တကူရှာဖွေရယူနိုင် ကြောင်းသိရသည်။

ရေးသားသူ - စိုးမြင့်ထွန်း

ဝက်အူမ ကြံမဆိုင်အကြွပ်ကြော်


သဲသဲထွေး
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၉၁)


ဒီဟင်းလျာအတွက် ကန်တော်ကြီးဥယျာဉ်ထဲမှာ ဖွင့်လှစ်ထားတဲ့
White Rice Restaurant က ပံ့ပိုးပေးထားပါတယ်။

ဒီတစ်ပတ်တော့ ၀က်အူမကြီးနဲ့ ကြံမဆိုင် ကြွပ်ကြွပ်လေးကြော်ထားတာ
ကို မြည်းကြည့်ကြရအောင်။

ပါဝင်ပစ္စည်းများ

ဝက်အူမကြီး၊ ကြံမဆိုင်၊ မြေပဲ၊ နှမ်း၊ ဆီမွှေး၊ ပန်းအရက်။

ဝက်အူမကြီးကို အနေတော်လှီးပြီး ရေနွေးဖြောပါ။

ရေစစ်အောင် ခဏ ထားပြီးရင် ဆီပူပူမှာထည့်ပြီး အကြွပ်ကြော်ထားပါ။

ကြံမဆိုင်ကိုလည်း အရွယ်တော်လှီးပြီး ဆီပူထဲမှာ ကြွပ်နေအောင် ကြော်ပါ။

ကြော်ပြီးသား ၀က်အူမကြီးနဲ့ ကြံ မဆိုင်တွေကို ဆီမွှေးနဲ့ ပန်းအရက်
အနည်းငယ်စီထည့်ပြီး အချိုအငန် ကိုယ့်စိတ်ကြိုက်ထည့်ကြော် လိုက်ရင်တော့ အူမကြီးရဲ့ ခပ်ဆိမ့်ဆိမ့်အရသာနဲ့ အချဉ်ဘက်ကဲတဲ့ ကြံမဆိုင်အရသာကို တွဲစားလို့ရပြီပေါ့။

ကြော်ပြီးသားတွေကို အစေ့လိုက်ကြော်ထားတဲ့မြေပဲနဲ့ နှမ်းကို အပေါ်ကဖြူးပြီး သုံးဆောင်လို့ရပါပြီ။

Friday, November 5, 2010

အရေပြားကင်ဆာကို LED ဖြင့်ကုသနိုင်တော့မည်လော







Friday, 29 October 2010
အလင်းရောင်ထိခြင်းဖြင့် အရေပြားကင်ဆာများ ပြန့်ပွားနိုင်သည်ဟုယူဆကြသော်လည်း ကယ်လီဖိုးနီးယားတက္ကသိုလ် (UC) မှသုတေသီများက LED များအသုံးပြုပြီး

အရေပြားကင်ဆာကို ထိန်းချုပ်ကုသရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ယင်း LED ဖြင့် ကုသသည့်နည်းပညာကို Photodynamic Therapy (PDT) ဟုခေါ်ပြီး အစားအစားနှင့် ဆေးဝါးဌာနမှ အစာရေပြွန်နှင့် လည်ချောင်းကင်ဆာများကိုကုသရန် ထောက်ခံချက်ပေးထားကြောင်း သိရသည်။ အလင်းစုပ်ယူထားသည့် ဓာတုပစ္စည်းများကို ကင်ဆာဆဲလ်များနှင့်ထိတွေ့ကာ အလင်းထိစေခြင်းဖြင့် ယင်းဓာတုပစ္စည်းများက အောက်ဆီဂျင်အဖြစ်ပြောင်းလဲပြီး ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်းဖြစ်သည်။ ယခုနည်းပညာသည် သာမန်အခြေခံကျသော ဆဲလ်များကိုသာကုသနိုင်ပြီး သမားတော်ကြီးများက ကုထုံး၏အကျိုးသက်ရောက်မှုကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။ UC မှသုတေသီများကမူ အရောင်ငါးမျိုးပါဝင်သော LED ပစ္စည်းသစ်တစ်မျိုးကိုတီထွင်ခဲ့ပြီး တစ်သျှုးအမျိုးအစားနှင့် ရောင်ခြယ်ပေါ်မူတည်ပြီး ထိရောက်မှုကွာခြားကြောင်း သိရသည်။ ထိုစနစ်ကို စမ်းသပ်ရန်အတွက် အရေပြားကင်ဆာဝေဒနာရှင်အချို့ကို ရောဂါလက္ခဏာများခွဲခြားရန်အတွက် စမ်းသပ်ကုသမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။ ကုသစဉ်အတွင်း ပုံရိပ်ပေါ်လာရန်အတွက် ၅ စက္ကန့်မှ ၁၀ စက္ကန့်အထိ ကြာမြင့်မည်ဖြစ်ပြီး ဒုတိယအဆင့်အဖြစ် PDT ကုသနေစဉ်အတွင်း တစ်သျှုးများ၏ပြောင်းလဲမှုကို စောင့်ကြည့်ရမည်ဖြစ်သည်။ ထိုပြောင်းလဲမှုများဖြင့် တစ်သျှုးများအတွင်း ထိရောက်မှုနှုန်းနှင့်                                    ဆေးဝါးများ၏စွမ်းရည်ကိုစမ်းသပ်နိုင်ကြောင်း သုတေသီတစ်ဦးဖြစ်သူ Rolf Saager ကပြောကြားခဲ့သည်။

ရေးသားသူ - ဟေမာ

Diabeltes






ဆီးချိုရောဂါ ဟာ ကမ္ဘာမှာ ဖြေရှင်းရခက်နေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ တကယ်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံရှိသူတွေဟာ ဆီးချိုရောဂါကို အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာ တားဆီးနိုင်တာကို တွေ့ရပါတယ်။ ကိုယ်စိုက်ပျိုးတာပဲ ရိတ်သိမ်းရတယ်ဆိုတဲ့စကားပုံဟာ ဆီးချို ရောဂါရှင်တော်တော်များများအတွက် ရေးထားတဲ့ စကားပုံလို့တောင် ပြောလို့ရပါတယ်။
Tell me what you eat, I will tell you what you are လို့ Jean Anthelme Brillat-Savarin ဆိုသူကပြောခဲ့ပါတယ်။
စားတဲ့ အစားအစာကို သူ့ကိုပြောပြရင် အဲဒီလူ ဘယ်လိုလူလဲဆိုတာ သူပြောနိုင်ပါသတဲ့။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေပုံထိုင်ပုံ စားသောက်ပုံကြောင့် ရေရှည်မှာ ရောဂါစွဲကပ်လာပြီး ဘ၀ဟာ ပျော်စရာမကောင်းတော့ပါဘူး။ အထူးသဖြင့် ဆီးချိုရောဂါလို မဖြစ်သင့်တဲ့ရောဂါ မဖြစ်အောင်ဘယ်လိုနေထိုင်ပြီး ဘယ်လိုစားသောက်ကြမလဲ ဆိုတာက စဉ်းစားစရာကောင်းတဲ့ ကိစ္စတစ်ခုပါပဲ။

ဆီးချို
ဆီးချိုရောဂါ ဆိုတာ ကိုယ်ခန္ဓာက အင်ဆူလင် လုံလုံလောက်လောက် ထုတ်မပေးတဲ့အခါမှာ ဖြစ်တဲ့ရောဂါလို့ အကြမ်းဖျင်းမှတ်သားနိုင်ပါတယ်။ အင်ဆူလင်ဆိုတာ ကျောက်ကပ်မှာရှိတဲ့ ပန်ကရိယကနေထုတ်ပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ အင်ဆူလင်ဟာ သကြားဓာတ်နဲ့ တခြား အစာတွေကို စွမ်းအင်အဖြစ်ပြောင်းပေးဖို့ လိုအပ်တဲ့ ဟော်မုန်းဖြစ်ပါတယ်။ ဆီးချိုဖြစ်တဲ့အခါ ခန္ဓာကိုယ်က အင်ဆူလင်ထုတ်မပေးနိုင်တော့ဘူး၊ နဂိုရှိနေတဲ့ အင်ဆူလင်ကိုလည်း သုံးလို့မရဖြစ်စေပါတယ်။ အဲဒီလိုဖြစ်တဲ့ အခါမှာ သကြားတွေဟာ သွေးထဲမှာ စုပြီး မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေကို ဖြစ်စေပါတော့တယ်။
အမေရိကားမှာရှိတဲ့ ဆီးချိုလေ့လာတဲ့ အဖွဲ့ အစည်းက ၂၀၀၉ ခုနစ်မှာ ထုတ်ပြန်ကြေငြာတဲ့ ကြေငြာချက်အရ တိုင်းပြည်လူဦးရေရဲ့ ၇.၈ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၂၃.၆ သန်းမှာ ဆီးချိုရောဂါ ရှိနေတယ်လို့ သိရပါတယ်။ အဲဒီဝေဒနာရှင်တွေထဲမှာ ၅.၇ သန်းလောက်က သူတို့ကိုယ်သူတို့ ရောဂါရှိမှန်းမသိကြဘူးလို့ဆိုပါတယ်။
ဆီးချိုရောဂါ ဖြစ်နိုင်ဖွယ်ရှိတဲ့ အခြေအနေ(Pre-diabetes) ရောက်နေသူတွေဟာ ပျောက်ကင်းအောင် ကုသနိုင်တယ်လို့ဆိုပါတယ်။ ဒီအခြေအနေဟာ ဆီးချိုရောဂါဖြစ်ဖို့ အစပျိုးချိန်ဖြစ်တဲ့ အတွက် တကယ်လို့ လစ်လျူရှုမိမယ်ဆိုရင် ဆီးချို ရောဂါ မျိုးကွဲ ၂ ဖြစ်သွားဖို့ရှိပါတယ်။ တကယ်လို့ ဂရုစိုက်ပြီး စားသောက်ပုံပြောင်းလဲခြင်း နဲ့ လေ့ကျင့်ခန်းကို တွဲဖက်လုပ်မယ်ဆိုရင်တော့ အဲဒီလို ဆီးချိုဖြစ်သွားမယ့်ဘေးကို ရှောင်ရှားနိုင်ပါလိမ့်မယ်။ သွေးထဲမှာ သကြားပါဝင်မှုဟာ ပုံမှန်နှုန်းကိုတောင်မှ ပြန်ရောက်သွားနိုင်ပါတယ်။
ဆေးကုသမှုဟာ ဆီးချိုရောဂါ ဖြစ်လာမှာကို နှေးအောင်ပဲ ဆောင်ရွက်နိုင်ပြီး အစားအသောက် နဲ့ လေ့ကျင့်ခန်းကသာ ပိုပြီး ကာကွယ်တာဆီးနိုင်တယ်လို့ဆိုပါတယ် မိနစ်သုံးဆယ်လောက် ပုံမှန်လေ့ကျင့်ခန်းတစ်ခုခုလုပ်ပြီး ကိုယ်ခန္ဓာ အလေးချိန်ကို ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိလောက်လျှော့ချနိုင်မယ်ဆိုရင် ဆီးချိုဖြစ်နှုန်းမှာ ၅၈ ရာခိုင်နှုန်းနည်းသွားနိုင်တယ်လို့ အထောက်အထားတွေ့ရှိရပါတယ်။ ဒီလိုလေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ကျန်းမာရေးနဲ့သင့်တော်တာတွေ စားသောက်ပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေရှိနေရာကနေ ပုံမှန်ပြန်ဖြစ်သွားဖို့ကြိုးစားတာအောင်မြင်လာနေတာကို တွေ့ရတယ်လို့ အမေရိကန်ဆိုင်ရာ ဆီးချို အသင်းက ထုတ်ပြန်ပါတယ်။

ကျန်းမာရေးနှင့်ကိုက်ညီသော အစားအသောက်များ
• ဟင်းရွက်နဲ့ သစ်သီးများများစားပါ။ သက်တံရောင်မှာပါတဲ့ အရောင်တွေလို အရောင်စုံအောင် အသီးအနှံ အမျိုးမျိုးစားသောက်ပါ။ ကစီဓာတ်မပါတဲ့ မုန်လာဥနီ၊ ဂေါ်ဖီပန်းပွင့်၊ ဟင်းနုနွယ်၊ နဲ့ အစိမ်းရောင်ရှိတဲ့ ပဲအမျိုးမျိုးစားပါ။
• ဆန်လုံးညိုလို အရောင်မချွတ်ထားတဲ့ သဘာဝကျတဲ့အစေ့အဆန်တွေကိုစားပါ။ အနံ့တွေဖြည့်ထား၊ အလွန်အကျွံ အရောင်ချွတ်ထားတာတွေမစားပါနဲ့။
• တစ်ပတ်မှာ ငါးနှစ်ကြိမ်စားပေးပါ။
• ကုလားပဲ၊ ပဲနီလေး စတဲ့ပဲတွေ (dried beans) စားပါ။
• အမဲသား ၀က်သားမှာ ပေါင်သားလို အဆီသိပ်မများတဲ့နေရာက အသားကိုစားပါ။ ကြက်နဲ့ ကြက်ဆင်တွေဆိုရင် အရေခွံမစားပါနဲ့။
• နို့ထွက်ပစည်းတွေမှာဆို အဆီမပါတာတွေရွေးပါ အဆီမပါနဲ့ နွားနို့၊ အဆီမပါတဲ့ ဒိန်ချဉ်၊ အဆီမပါတဲ့ ဒိန်ခဲ။
• ရေဆာပြေသောက်တဲ့အခါ ရေကိုပဲသောက်နိုင်ဖို့ကြိုးစားပါ။ အချိုရည်ဗူးတွေကိုမသောက်ပါနဲ့။ အချိုရည်သောက်ချင်ရင်တောင် ကယ်လိုရီမပါတဲ့ diet drinks တွေပဲသောက်ပါ။
• ဆီမှာဆိုရင် ပဲဆီ နှမ်းဆီလောက်ပဲသုံးပါ။ ပြောင်းလဲဆီ (trans fat) ပါတာတွေမသုံးပါနဲ့။
• အချိုပွဲတွေဆို ကယ်လိုရီများတဲ့ ကွတ်ကီးတွေ၊ ကိတ်မုန့်တွေ၊ အဆီအပြည့်ပါတဲ့ ရေခဲမုန့်တွေကို ဖြတ်ပါ။
• ကျန်းမာရေးနဲ့ညီညွတ်တာတွေကိုလည်း အလွန်အကျွံစားရင် ၀လာပါလိမ့်မယ်။ စားမယ့်ပမာဏကိုပါ ထိန်းသိမ်းပါ။
• အစာကို တစ်နေ့မှာ ၅ ကြိမ်၊ ၆ ကြိမ်စားပါ။ တစ်ခါတည်း အများကြီးမစားပါနဲ့
• မနက်စာကို ၀၀လင်လင်စားပေးပါ။ မနက်စာမစားရင် ပိုဝလာနိုင်ပါတယ်။
ဆီးချိုရောဂါအတွက် လေ့ကျင့်ခန်း
သာမန်လူကောင်းတစ်ယောက် လေ့ကျင့်ခန်းအနေနဲ့ ကြိုက်ရာလုပ်လို့ရပါတယ်။ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ရေကူးတာစသဖြင့် မိမိနဲ့ သင့်တော်ရာလုပ်နိုင်ပါတယ်။ ဆီးချိုရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပါ။ တခြားရောဂါရှိနေသူများလည်း ဆရာဝန်နဲ့တိုင်ပင်ပြီးမှ မိမိနဲ့သင့်တော်တာကိုလုပ်ပါ။
• ဆီးချိုရှိသူများ နဲ့သွေးထဲမှာ သကြားဓာတ်များနေသူများဟာ လေ့ကျင့်ခန်း လုပ်ခါနီးနဲ့ လုပ်နေစဉ်မှာ သတိထားဖို့လိုပါတယ်။ ခန္ဓာကိုယ်က သိပ်မောပန်းလာပြီး မူးဝေရင် နားဖို့လိုပါတယ်။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို လုပ်လို့မရပါဘူး။
• တစ်ချို့လေ့ကျင့်ခန်းတွေကိုလည်း တဖြည်းဖြည်းချင်းပဲတိုးပြီးလုပ်သွားဖို့ကြိုးစားရ ပါမယ်။
• လေ့ကျင့်ခန်းလုပ်နေတဲ့အခါ ဖိနပ်နဲ့ခြေအိတ်တွေကို မိမိနဲ့အဆင်ပြေတာ ရွေးချယ်ဖို့လိုပါမယ်။
• အရည်များများသောက်ပေးရပါမယ်။
• လေ့ကျင့်ခန်း (သို့) အားကစား တစ်ခုခုမလုပ်ခင် သွေးပူလေ့ကျင့်ခန်း (warm up) လုပ်ပြီး ပြီးဆုံးချိန်မှာ သွေးအေးလေ့ကျင့်ခန်း (cool down) လုပ်ပေးရပါမယ်။ သွေးအေးလေ့ကျင့်ခန်းဆိုတာက ချွေးထွက်အောင်မလုပ်တော့ပဲ တင်းနေတဲ့ အကြောတွေကို ဖြေလျှော့ပေးတာကို ဆိုလိုပါတယ်။
• သကြားဓာတ်ရုတ်တရတ်လျော့နည်းကျဆင်းတာကို ကာကွယ်ဖို့ သရေစာတစ်ခုခုကိုလည်း ဆောင်ထားရပါမယ်။
ကာကွယ်လို့ရနိုင်တဲ့ ဆီးချိုရောဂါကို တတ်နိုင်သလောက် ကာကွယ်ခြင်းဟာ လူသားတိုင်းဂရုပြုသင့်တဲ့ တာဝန်တစ်ခုလည်းဖြစ်ပါတယ်။
"A journey of a thousand miles begins with a single step."
(Confucius)
ပညာရှင် ကွန်ဖြူးရှပ်ပြောခဲ့သလိုပါပဲ။ မိုင်ထောင်ချီခရီးတွေကို ပထမဆုံးခြေတစ်လှမ်းနဲ့ပဲစကြရတာပါပဲ။ ဒီဆီးချိုရောဂါ ကင်းဝေးခြင်းခရီးကလည်း ဒီနေ့စပြီး လျှောက်လိုက်မှ ရောက်နိုင်တဲ့ခရီးတစ်ခုပဲဖြစ်ပါတယ်။ ရောက်နိုင်တဲ့ခရီးအတွက် ခြေလှမ်းတစ်လှမ်းစကြပါစို့ ....။ ။
Xanthos

 

Hypertension





သွေးတိုး(သို့)အသံတိတ်လူသတ်သမား

သွေးတိုးရောဂါဟာ ရောဂါလက္ခဏာ ထူးခြားသိသာမှုသိပ်မရှိတဲ့အတွက် တိတ်တဆိတ် သတ်ဖြတ်နေတဲ့ အသံတိတ်လူသတ်သမား (silent killer) တစ်ယောက်လိုပါပဲ။ သွေးတိုးရောဂါဟာ heart attack၊ kidney failure (ကျောက်ကပ်အလုပ်မလုပ်နိုင်တော့တာမျိုး)ကို ဖြစ်စေနိုင်သလို မျက်စိကွယ်ခြင်းနဲ့ အသည်းရောဂါနဲ့ တခြား အသက်အန္တရာယ်ဖြစ်စေတဲ့ရောဂါတော်တော်များများကို သယ်ဆောင်လာတဲ့ လာခြင်းမကောင်းသော ရောဂါတစ်ခုပဲဖြစ်ပါတယ်။

သွေးတိုးရောဂါရဲ့ အခြေခံ ရောဂါလက္ခဏာတွေကတော့

၁။ နှာခေါင်းသွေးလျှံခြင်း
၂။ ခေါင်းကိုက်ခြင်း
၃။ မအီမသာ မောပန်းနွမ်းနယ်ခြင်း
တွေဖြစ်နိုင်ပါတယ်။ ပြင်းထန်တဲ့ လက္ခဏာရပ်တွေမှာတော့
၁။အော့အန်ခြင်း
၂။အသက်ရှူခက်ခြင်း
၃။အလွန်အမင်း အိပ်ငိုက်ခြင်း
၎။ဂနာမငြိမ်ဖြစ်ခြင်း
၅။ဆီးထဲမှာ သွေးပါခြင်း
၆။ရင်ဘတ်အောင့်ခြင်း
၇။အမြင်အာရုံချို့တဲ့ခြင်း
အစရှိတာတွေဖြစ်နိုင်ပါတယ်။

သွေးတိုးရောဂါကို ဆေးဝါးမပါဘဲ ထိန်းချုပ်ခြင်း ၁၀နည်း

သွေးတိုးရောဂါအတွက် ဆေးဝါးနဲ့ထိန်းချုပ်နိုင်သလို ဆေးဝါးမပါဘဲ သွေးတိုးထိန်းနိုင်တဲ့နည်းလမ်းလေးတွေလည်းရှိပါတယ်။ မိမိတို့ရဲ့နေထိုင်စားသောက်မှုပုံစံ(lifestyle) ကို ပြင်ဆင်လိုက်မယ်ဆိုရင် ဆေးအများကြီးသောက်ရတဲ့သူတွေဟာ ဆေးကို လျှော့သောက်လာနိုင်မယ်။ ဆေးနည်းနည်းသောက်နေရသူတွေဟာ ဆေးသောက်စရာမလိုတော့ဘဲဖြစ်လာမယ်။ အထူးသဖြင့် ဆေးဝါးတွေကြောင့် ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချလာနိုင်ပါလိမ့်မယ်။
ဆေးဝါးကုသမှုဟာ သွေးတိုးထိန်းချုပ်ဖို့အတွက် အရေးအပါဆုံး အချက်လို့မယူဆထားသင့်ပါဘူး။ မိမိရဲ့နေထိုင်စားသောက်မှု(lifestyle) ဟာလည်း သွေးတိုးရောဂါ ကုသရေးအတွက် အင်မတန်အရေးပါပါတယ်။ တကယ်လို့ သင်ဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို တည်ဆောက်နိုင်မယ်ဆိုရင် သွေးတိုးရောဂါ အတွက် ဆေးကုသမှုလိုအပ်ချက်ကို နည်းနိုင်သမျှနည်းအောင်၊ အနုစားအဆင့်တွေမှာဆိုရင် ဆေးကုသမှုလုံးဝမလိုအပ်တော့အောင် လျှော့ချနိုင်ပါလိမ့်မယ်။ သွေးတိုးရောဂါ ကာကွယ်ရေးအတွက် ရှိသင့်ရှိထိုက်တဲ့ lifestyle ၁၀ခုက ဒီလိုပါ။

၁။ ပေါင်ပိုတွေကိုလျှော့ချပြီး ၀မ်းဗိုက်အဆီစုပုံမှုတွေကို သတိပြုပါ

လူက အလေးချိန်များလာတာနဲ့အမျှ သွေးဖိအားတိုးလာလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် ၁၀ ပေါင်လောက်လျော့သွားရုံနဲ့ သွေးဖိအားကို သိသိသာသာ လျော့စေပါတယ်။ ယေဘုယျပြောရရင်တော့ ကိုယ်အလေးချိန် နည်းသွားရင် သွေးဖိအားနည်းပြီး သွေးဖိအား အတွက်ဆေးကုသမှုတွေကို ပိုပြီး ထိရောက်သွားစေနိုင်တယ်။
ကိုယ်အလေးချိန်ကို လျှော့ချရုံနဲ့လည်းမပြီးသေးပါဘူး။ ခါးပတ်လည်မှာရှိတဲ့ အဆီစုပုံမှု၊ ၀မ်းဗိုက်အဆီစုံပုံမှုတွေကိုလည်း ဂရုတစိုက်စောင့်ကြည့်ရပါတယ်။ ခါးနားမှာ အလေးချိန်သိပ်များနေရင် သွေးတိုးဖို့ အန္တရာယ် အနေအထားပါပဲ။ အထူသဖြင့် ခါးက အမျိုးသားတွေမှာ လက်မ ၄၀ ထက်ပိုလာပြီဆိုရင် သတိထားပြီးလျှော့ချဖို့လိုနေပါပြီ။ အမျိုးသမီးတွေမှာဆို ၃၅ လက်မထက်မပိုသင့်ပါဘူး။ ဒါပေမယ့် အာရှက အမျိုးသားတွေအတွက်တော့ ခါး ၃၆ ဆိုတာ အန္တရာယ် အမှတ်အသားပါပဲ။ အာရှသူတွေအတွက်တော့ ခါး ၃၂ ဟာ စိုးရိမ်ရေမှတ်ပါပဲ။
ဆရာဝန်နဲ့တိုင်ပင်ပြီး ဘယ်နှစ်လအတွင်းမှာ ဘယ်လောက် အလေးချိန်လျော့ချမယ်ဆိုတာကို သတ်မှတ်သင့်ပါတယ်။ သင့်ဆရာဝန်ဟာ သင့်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာဘယ်လိုစားပြီး ဘယ်လို လေ့ကျင့်ခန်းမျိုးက သင့်တော်သလဲဆိုတာကို အကြံပေးနိုင်ပါတယ်။
အထူးသဖြင့် ညဉ့်နက်မှ သရေစာစားတာမျိုးနဲ့ တခါတည်း အများကြီးစားတာမျိုးကိုတော့ ထိထိရောက်ရောက် ရှောင်ကြဉ်ဖို့အကြံပြုပါတယ်။

၂။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

လေ့ကျင့်ခန်းကို ပုံမှန်လုပ်ရပါမယ်။ အနည်းဆုံး တပါတ်မှာ သုံးလေးကြိမ်၊ တစ်ကြိမ်မှာ မိနစ် ၃၀ ကနေ ၁ နာရီလောက်အထိ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ဒီလိုပုံမှန်လေ့ကျင့်ခန်းလုပ်တာဟာ သင့် သွေးဖိအားကို ၄ မီလီမီတာ မာကျူရီ ကနေ ၉ မီလီမီတာ မာကျူရီ ကြားကျဆင်းစေနိုင်ပါတယ်။ ဒါဟာ သိပ်ကြာကြာမစောင့်ရတဲ့ အကျိုးကျေးဇူးပါပဲ။ တကယ်လို့သင်ဟာ ပုံမှန် အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ရက်သတ္တပါတ် အနည်းငယ်အတွင်းမှာပဲသိသိသာသာ အကျိုးရနိုင်ပါတယ်။
သွေးတိုးဖြစ်လာနိုင်ဖွယ်ရှိသူတွေဟာ လေ့ကျင့်ခန်းပုံမှန် လုပ်ခြင်းအားဖြင့် သွေးတိုးရောဂါ ဖြစ်ခြင်းကနေ ကာကွယ်နိုင်ပြီး၊ သွေးတိုးရောဂါရှိသူတွေကလည်း လေ့ကျင့်ခန်းပုံမှန်လုပ်မယ်ရင် သွေးတိုးကို စိတ်ချရတဲ့ အခြေအနေတစ်ခုမှာထိန်းထားနိုင်ပါတယ်။
ပုံမှန်လမ်းလျှောက်တဲ့လေ့ကျင့်ခန်းတွေကိုပဲ ဆယ်မိနစ် ဆက်တိုက်လျှောက် ခဏနား၊ ဆယ်မိနစ်ဆက်လျှောက်နဲ့ သက်သက်သာသာလုပ်သွားတာတောင်မှ သွေးတိုးရောဂါအတွက် ထိရောက်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်နိုင်ပါတယ်။
အထူးသဖြင့် စနေ၊ တနင်္ဂနွေလို နားရက်မှာလည်း မပျက်မကွက်လေ့ကျင့်ခန်းလုပ်ပေးပါ။ လေ့ကျင့်ခန်းကို ပုံမှန်လေးလုပ်သွားတာက ပိုပြီးထိရောက်ပါတယ်။ မိမိနဲ့ကိုက်ညီတဲ့လေ့ကျင့်ခန်းကိုပဲ နိုင်သလောက်စလုပ်သွားဖို့လိုပါတယ်။

၃။ ကျန်းမာရေးနဲ့ညီညွတ်တာတွေစားပါ

အခု တကမ္ဘာလုံးမှာ အစိမ်းရောင် တွေ များများစားလာကြပါပြီ။ အသားကိုလျော့စားပြီး ဟင်းသီးဟင်းရွက်ကိုများများစားတာမျိုးပါ။ အသီးအအနှံပေါတဲ့ မြန်မာပြည်မှာတော့ အသီးအနှံကို များများစားပေးဖို့လွယ်ကူပါတယ်။ သွေးတိုးရောဂါအတွက် ထိရောက်တဲ့နည်းတစ်ခုပါပဲ။ အသီးအနှံတွေကိုလည်း ပြုပြင်ထားတဲ့ အသီး အကြီးကြီးတွေစားတာက တခြားမလိုလားအပ်တဲ့ရောဂါတွေဖြစ်လာနိုင်တဲ့အတွက် သဘာဝကျတဲ့ အသီးအနှံ နဲ့ ပိုးသတ်ဆေးသိပ်မသုံးထားတဲ့ အရွက်တွေကိုစားသုံးသင့်ပါတယ်။

လမ်းညွှန်ထားတာကတော့

• တနေ့တနေ့စားသောက်တာတွေကို မှတ်စုလေးလုပ်ထားပါ။

• ပိုတက်စ်စီယမ်တွေကို ပိုတိုးပြီးစားပေးပါ။ အမေရိကန်တွေဟာ ဆိုဒီယမ်ပါတဲ့ အစာတွေစားတာများကြလို့ သွေးပိုတိုးကြပါတယ်။ ဒါကြောင့် အသီးအနံတွေ အရွက်တွေလို ပိုတက်စ်စီယမ်များတဲ့ အစားအစာတွေပိုစားပေးကြပါတယ်။

• အသိဉာဏ်ရှိတဲ့စားသုံးသူဖြစ်ပါ။ ဈေးသွားမ၀ယ်ခင် ၀ယ်သင့်တာတွေမ၀ယ်မိဖို့ စာရင်းနဲ့ပဲသွားပါ။ စားသမျှတွေဟာ ကျန်းမာဖို့အတွက်စားပါ။ စားကောင်းပြီး ကျန်းမာရေးအတွက် အကျိုးမရှိတာ၊ ကျန်းမာရေးကိုပါထိခိုက်နိုင်တာတွေကို မစားမိအောင်သတိထားပါ။

စားသောက်ပူံစနစ်ဟာ တစ်သက်လုံးစားသောက်သွားဖို့ စနစ်တကျပြင်ဆင်ထားရမှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကိုစားသောက်ဖြစ်အောင် သတိထားပြီးလုပ်သွားကြရမှာပါ။ ဒါပေမယ့် ကိုယ်ကြိုက်တာတွေကို အားလုံးဖြတ်ပစ်လိုက်ဖို့တော့မလိုပါဘူး။ ကျန်းမာရေးကို မထိခိုက်စေတဲ့ အချိုးအဆနဲ့နည်းနည်းစီ ပြင်သွားရပါမယ်။ အထူးသဖြင့် အချိုတွေ အဆီများတာတွေကို မစားမိအောင် သတိထားသင့်ပါတယ်။ ဆီမသန့်နိုင်တဲ့အစာတွေကိုလည်း သတိထားပြီးရှောင်ကြဉ်ဖို့လိုပါတယ်။

၎။ဆိုဒီယမ်လျော့စားပါ

စားတဲ့အစားအသောက်တွေမှာ ဆိုဒီယမ်မပါတာ နည်းနည်းလျော့စားလိုက်ရုံနဲ့ သွေးဖိအားကို ၂ မီလီမီတာမာကျူရီကနေ ၈ မီလီမီတာမာကျူရီကြား လျော့နည်းစေပါတယ်။ များများလျော့စားရင်ပိုပြီးသိသိသာသာ သွေးတိုးကျပါတယ်။

• ဆိုဒီယမ် စားသောက်မှုကို တွက်ပါ။ အစားအသောက် ဒိုင်ယာရီလေးလုပ်ထားပြီး တနေ့မှာ ဆိုဒီယမ် ဘယ်လောက်စားသလဲဆိုတာကို ခန့်မှန်းတွက်ချက်ပါ။ ကျန်းမာတဲ့ လူငယ်တွေဟာ တစ်နေ့မှာ ဆိုဒီယမ် ၁၅၀၀ မီလီဂရမ် ကနေ ၂၄၀၀ မီလီဂရမ် အထိ လိုအပ်ပါတယ်။ အသက် ငါးဆယ်အရွယ် သွေးတိုးဝေဒနာရှင်အတွက်ကတော့ ၁၅၀၀ အောက်မှာပဲ အမြဲရှိသင့်ပါတယ်။ တကယ်လို့ အဲဒီထက်ပိုလာမယ်ဆိုရင် သွေးတိုးနဲ့ဆက်စပ်ရောဂါတွေကို ပိုပြီး အခြေအနေဆိုးသွားစေနိုင်ပါတယ်။

• အစားအစာတွေရဲ့တံဆိပ်တွေကိုဖတ်ပါ။ အစားအစာတွေဝယ်တဲ့အခါ ဆိုဒီယမ် ဘယ်လောက်ပါတယ်ဆိုတာကို မ၀ယ်ခင်မှာသေချာရွေးချယ်ပါ။ ဖြစ်နိုင်ရင် ဆိုဒီယမ် လျော့ထားတာတွေကို ရွေးချယ်ဝယ်ယူပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သစ်သီးဖျော်ရည်လိုမျိုးမှာတောင် ဆိုဒီယမ်များနေလား သတိထားပြီးကြည့်ပါ။

• အသင့်စားအစာတွေကို လျော့စားပါ။ အာလူးကြော်၊ အေးခဲထားတဲ့ ညစာတွေ၊ အသားဗူးတွေ၊ အသင့်စားနေ့လည်စာတွေ မှာ ဆိုဒီယမ်များတတ်ပါတယ်။ အဲဒါတွေကိုလျော့စားဖို့လိုပါတယ်။

• ဆားထပ်မထည့်နဲ့။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းဟာ ဆိုဒီယမ် ၂၃၀၀ မီလီဂရမ်ပါပါတယ်။ ဆားအစားတခြား ဟင်းခတ်အမွှေးအကြိုင်တွေ၊ မဆလာတွေသုံးပါ။ တကယ်လို့ ဆားများများစားတာကို အကျင့်ပါနေရင် တဖြည်းဖြည်းလျော့ချပါ။

• ပိုပြီးလတ်ဆတ်တဲ့အစာတွေကိုစားပါ။ အသီးအနှံတွေနဲ့ အသင့်စားမဟုတ်တဲ့ ပဲတွေ ကိုစားပေးပါ။ အဲဒီအစားတွေမှာ ဆိုဒီယမ်နည်းနည်းပဲပါပါတယ်။

• ရေကိုစစ်ဆေးပါ။ အိမ်မှာ သုံးစွဲနေတဲ့ ရေမှာ ဆိုဒီယမ် ဘယ်လောက်ပါလဲသိထားဖို့လိုပါတယ်။ ရေမှာပါတဲ့ ဆိုဒီယမ်ကိုလည်းထည့်သွင်းတွက်ချက်မှသာ တနေ့မှာ ဆိုဒီယမ် ဘယ်လောက် သုံးစွဲနေတယ်ဆိုတာကို ပိုပြီးတိတိကျကျသိနိုင်ပါလိမ့်မယ်။

၅။အရက်သောက်သုံးမှုကိုဆင်ခြင်ပါ။

အရက်ဟာ ကျန်းမာရေးအတွက် အကောင်းရော အဆိုးပါဖြစ်စေပါတယ်။ အရက်အနည်းငယ်သောက်သုံးခြင်းဟာ နှလုံးခုန်ရပ်ခြင်း (heart attack) ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်သလို သွေးဖိအားကို ၂.၅ မီလီလီတာ မာကျူရီကနေ ၄ မီလီမီတာ မာကျူရီအထိ လျော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် အရက်များများသောက်တာကတော့ သွေးတိုးရောဂါကို ပိုပြီးဆိုးရွားစေနိုင်ပါတယ်။ အရက်မသောက်ပဲမနေနိုင်ရင်တော့ လျော့သောက်ပါ။ အလွန်အကျွံမသောက်မိအောင်သတိထားပါ။

၆။ဆေးရွက်ကြီးထွက်ကုန်တွေကိုရှောင်ကြဉ်ပါ။

ဆေးလိပ်သောက်ခြင်းရဲ့တခြားဆိုးကျိုးတွေကို ထည့်မတွက်ရင်တောင် ဆေးရွက်မှာပါတဲ့ နီကိုတင်းဟာ ဆေးလိပ်သောက်ပြီးနောက်တစ်နာရီအထိ သွေးဖိအားကို ၁၀ မီလီမီတာ မာကျူရီ တက်စေပါတယ်။ တစ်နေကုန်သောက်နေမယ်ဆိုရင် သွေးဖိအားဟာ တစ်နေကုန်မြင့်နေပါလိမ့်မယ်။ ဒါကြောင့်ဆေးလိပ်သောက်တာကိုရှောင်ကြဉ်ဖို့လိုပါတယ်။ ဆေးလိပ်သောက်နေတဲ့သူတွေနားမှာ မနေဖြစ်အောင်လည်းသတိထားဖို့လိုပါလိမ့်မယ်။

၇။ကဖိန်းဓာတ်ကိုလျော့ချပါ။

ကဖိန်းဟာ သွေးတိုးရောဂါအတွက် အငြင်းပွားဖွယ်အနေအထားမှာပဲရှိနေပါသေးတယ်။ တစ်ချို့လူတွေမှာ ကော်ဖီသောက်လို့ ကဖိန်းဓာတ်မြင့်လာတဲ့အခါ သွေးတိုးပေမယ့် တစ်ချို့ကတော့ ပုံမှန်ပါပဲ ။ ဒါကြောင့် ကော်ဖီကို အလွန်အကျွံမသောက်ဖို့နဲ့ သိပ်ပြင်းတဲ့ကော်ဖီတွေကို ရှောင်ဖို့ပဲတိုက်တွန်းပါတယ်။ ကော်ဖီအမှုန့်တွေဟာ ပြုပြင်ထားတဲ့ကော်ဖီတွေနဲ့ယှဉ်ရင် အရသာလည်းပိုကောင်းသလို ကျန်းမာရေးနဲ့လည်းပိုညီညွတ်ပါတယ်။ သွေးတိုးဝေဒနာရှင်တွေ ကော်ဖီသောက်တဲ့အခါ ကဖိန်းဓာတ် ၂၀၀ မီလီဂရမ်(ကော်ဖီနှစ်ခွက်စာ) ထက်မပိုဖို့ဂရုစိုက်ပါ။

၈။ စိတ်ဖိစီးမှုကိုလျော့ချပါ။

ကဖိန်းဓာတ်လိုပဲ စိတ်ဖိစီးမှုနဲ့ သွေးတိုးရဲ့ဆက်နွယ်မှုဟာ အတိအကျ အထောက်အထားမပြနိုင်သေးပါဘူး။ ဒါပေမယ့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကဟာ သွေးဖိအားကိုခဏတော့ မြင့်စေတတ်ပါတယ်။
စိတ်ဖိစီးမှုကို မလျော့ချခင် ဘယ်လိုနေရာမှာ ကိုယ်စိတ်ဖိစီးတတ်သလဲဆိုတာကို အတိအကျလေ့လာဖို့လိုပါလိမ့်မယ်။ အလုပ်မှာ စိတ်ဖိစီးတယ်ဆိုရင် ဘယ်လိုအချိန်မှာသိသာသလဲဆိုတာကိုသေချာကိုမှတ်သားထားရပါမယ်။ စိတ်ကိုသက်သက်သာသာ အမြဲထားတတ်အောင် ကြိုးစားရပါမယ်။ စိတ်ကို ဖြတ်လတ်စေတဲ့ အပြုအမူမျိုးနဲ့ လေ့ကျင့်ခန်းတစ်မျိုးမျိုး(သို့) အားကစားတမျိုးမျိုးကို ပုံမှန်လုပ်သင့်ပါတယ်။ တရားနာခြင်း၊ တရားရှုမှတ်ခြင်း၊ ယောဂကျင့်စဉ်၊ ထိုက်ချိ ၊ သီချင်းနားထောင်ခြင်း ၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း အစရှိတာတွေဟာလည်း စိတ်ဖိစီးမှုအတွက် အထောက်အကူကောင်းတွေပါပဲ။
စိတ်အေးချမ်းအောင်နေပြီး သောကဖြစ်တဲ့အခါ အကြံဉာဏ်ပေးတတ်တဲ့ နားလည်စာနာတဲ့ မိတ်ဆွေမျိုးတွေနဲ့ တိုင်ပင်သင့်ပါတယ်။ တစ်ယောက်တည်းမနေဘဲ စိတ်တူကိုယ်တူ သူငယ်ချင်းမိတ်ဆွေတွေရှိမယ်ဆိုရင် စိတ်ဖိစီးမှုဟာ သက်သာဖို့ပိုမိုလွယ်ကူပါတယ်။

၉။ကျန်းမာရေးစောင့်ရှောက်မှုကို ပုံမှန်လုပ်ပါ။

သွေးတိုးရောဂါရှိသူတွေဟာ မကြာမကြာ သွေးပေါင်ချိန်ပေးဖို့လိုပါမယ်။ လစဉ် ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။ ကိုယ့်ဘာသာကိုယ်လည်း ကိုယ်ခန္ဓာကို သတိထားပြီး အပြောင်းအလဲတွေဘာတွေဖြစ်လဲဆိုတာကို သိအောင်ကြိုးစားရပါမယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး သွေးတိုးရောဂါကုသမှုကို ဂရုတစိုက်ဆောင်ရွက်သင့်ပါတယ်။ ပေါ့ဆလို့မရပါဘူး။ ဆေးကိုလည်းညွှန်ကြားချက်အတိုင်းပုံမှန် သောက်သင့်ပါတယ်။
၁၀။ ဖေးမကူညီမှုစနစ်တစ်ခုတည်ထောင်ထားပါ။
မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေဟာ ကျန်းမာရေးတိုးတက်လာရာမှာ အထောက်အကူကောင်းတွေဖြစ်ပါတယ်။ သူတို့ဟာ သင့်ကို အားပေးနိုင်တယ်။ ဆရာဝန်ဆီပို့ပေးနိုင်တယ်။ လေ့ကျင့်ခန်းအတူလိုက်လုပ်ပေးနိုင်တယ်။ သွေးပေါင်ချိန်ကျဖို့အတွက် တတ်နိုင်တဲ့နည်းတွေနဲ့ ၀ိုင်းဝန်းကူညီနိုင်တယ်။
မိသားစုဝင်တွေနဲ့ အချိန်ပေးပြီးစကားပြောပါ။ သွေးတိုးရောဂါအကြောင်းကိုလည်း လက်ဆင့်ကမ်းပြီးပြောပြပါ။ သူတို့တွေလည်းနားလည်တဲ့အခါ သူတို့အတွက်လည်းအကျိုးရှိစေသလို ကိုယ့်အတွက်လည်း အထောက်အကူဖြစ်ပါတယ်။ သွေးတိုးရောဂါကို တွန်းလှန်ဖို့လိုအပ်တဲ့ နေထိုင်စားသောက်မှုပုံစံကို အတူတကွပြောင်းလဲနိုင်ပါတယ်။ သွေးတိုးရောဂါ ဖြစ်စေနိုင်တဲ့ နေထိုင်စားသောက်မှုပုံစံကိုလည်း အတူတကွ တွန်းလှန်နိုင်ပါတယ်။


လူအများစု ဟာ သွေးတိုးရောဂါကာကွယ်ရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ နေထိုင်စားသောက်မှုပုံစံကို မလုပ်ဖြစ်ကြပါဘူး။ အဲဒါကြောင့်ပဲ သွေးတိုးရောဂါဆိုတဲ့ အသံတိတ်လူသတ်သမားဟာ ၂၁ ရာစုရဲ့ ရောဂါတော်တော်များများမှာ ဆက်စပ်ပါဝင်လာတာဖြစ်ပါတယ်။ တကယ်တော့ ကျန်းမာရေးတဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံလေး ၁၀ ခုလောက်ကို ဂရုတစိုက်လိုက်နာသွားရုံနဲ့ သွေးတိုးရောဂါကို အောင်မြင်စွာခုခံတွန်းလှန်နိုင်မှာဖြစ်ပါတယ်။

ခေါင်းကိုက်တာ ချက်ချင်းသက်သာလိုလျှင်










မိုင်ဂရိန်းခေါ် ခေါင်းတခြမ်း ထိုးကိုက်လာလျှင် ပန်းသီးအစိမ်းရောင် တစ်လုံးကို စားလိုက် ပါလားတဲ့။ မယုံကြည်နိုင်လောက်အောင်ပဲ ခေါင်းကိုက်တာ ချက်ချင်း ပြေလျော့သွား တာကို တွေ့ ရပါလိမ့်မယ်တဲ့။ အမေရိက သုတေသီများရဲ့ လေ့လာလချက်အရ အခွံစိမ်း စိမ်းလေးနဲ့  လှပတဲ့ ပန်းသီးတစ်လုံး စားရုံဖြင့် ထိုပန်းသီးရဲ့ မွှေးရနံ့ က ခေါင်းကိုက်နေတဲ့ လူတွေ၊ စိတ်ဖိစီးမှုများနေတဲ့ လူတွေကို ပျော်ရွှင် လန်းဆန်းစေပါသတဲ့။ ဘာကြောင့်လဲ ဆိုတော့ ထိုပန်းသီးရဲ့ မွှေးရနံ့ က ခေါင်းကိုက် နာကျင်ခြင်းကို ဖြစ်ပေါ်စေတဲ့ ဦးနှောက် ပတ်ပတ်လည်ရှိ ကြွက်သားနှင့် သွေးကြောများ ကျုံ့ ခြင်းကို လျော့ပါးသွားစေတာကြောင့်လို့ တွေ့ ရှိခဲ့ကြပါတယ်။

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!