Popular Posts!
Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts
Thursday, May 9, 2019
ရာသီဥတုပူပြင်းတဲ့အချိန်မှာ သတိထားသင့်တဲ့ မျက်စိနာရောဂါ (သို့) မျက်မြှေးရောင်ရောဂါ
ရာသီဥတုပူပြင်းတဲ့အချိန်မှာ သတိထားသင့်တဲ့ မျက်စိနာရောဂါ (သို့) မျက်မြှေးရောင်ရောဂါ
အချိန်အခါမရွေး ဖြစ်ပွားနိုင်ပေမယ့် ရာသီဥတုအပြောင်းအလဲဖြစ်တဲ့အချိန်နဲ့ ရာသီဥတုပူပြင်းတဲ့ အချိန်တွေမှာဆိုရင်တော့ ဖြစ်ပွားမှုပိုများတယ်လို့ မျက်စိအထူးကုဆရာဝန်ကြီးတွေက ဆိုပါတယ်။မျက်စိနာရောဂါနဲ့ပတ်သက်လို့ ပြည်သူတွေ သတိပြုကာကွယ်နိုင်ဖို့ရည်ရွယ်ပြီး ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးနဲ့ ဆေးတက္ကသိုလ်(၁)၊မျက်စိရောဂါပညာဌာနက မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ခင်ဥမ္မာခိုင်ကို မြန်မာတိုင်း(မ်)က တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
မျက်စိနာရောဂါ(သို့) မျက်မြှေးရောင်ရောဂါ(Conjunctivitis) ဆိုတာ Adeno ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များတယ်လို့ မျက်စိအထူးကု ဆရာဝန်ကြီးတွေက မှတ်ချက်ပေးကြပါတယ်။အကြမ်းဖျင်းအားဖြင့် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ကြောင့်ဆိုပြီး မျက်စိနာဖြစ်တာ နှစ်မျိုးရှိပြီးဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ မျက်စိနာရောဂါ (Viral Conjunctivitis)က ၈ဝ ရာခိုင်နှုန်းအထိရှိတယ်လို့ သိရပါတယ်။
Q-မျက်စိနာရောဂါဖြစ်ပွားနိုင်တဲ့ အကြောင်းရင်းတွေကို ပထမဦးစွာ သိရှိလိုပါတယ်?
A-ပူတဲ့ရာသီနဲ့ရာသီဥတုအပြောင်းအလဲဆိုရင် ဗိုင်းရပ်စ်တွေကကြွတတ်တယ်။ အဲဒီအခါ မျက်စိနာတာအဖြစ်များပါတယ်။ ဆေးပညာအခေါ်ဆိုရင်တော့ မျက် မြှေး ရောင် တယ်ပေါ့။ မျက်စိနာတာက ဘက်တီးရီးယားကြောင့်ဖြစ်တာက ခပ်နည်းနည်း၊ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာက ပိုများပါတယ်။များသောအားဖြင့် ဗိုင်းရပ်စ်တွေကတော့ ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာရှိနေပေမဲ့ အဓိကကတော့ ကျွန်မတို့က အရာဝတ္ထုတွေကို လက်နဲ့ကိုင်တွယ်တဲ့အခါမှာမျက်စိနာတဲ့သူတွေရဲ့ရောဂါပိုးတွေက အဲဒီကနေတစ်ဆင့်ကူးတတ်ပါတယ်။ မျက်စိကနေ မျက်စိကို မကူးတတ်ဘူး။ ကိုယ့်လက်ကနေ မျက်စိကိုသွားထိတဲ့ ကိစ္စက အရေးကြီး တယ်။ ဒါကြောင့် လက်ကိုခဏခဏဆေးဖို့လိုတယ်။ ကိုယ်က မျက်စိမနာပေမဲ့ လက်နဲ့မျက်စိကိုထိခဲ့ရင် ကိုယ့်လက်ကနေ ရောဂါပိုးကူးတတ်ပါတယ်။ မျက်စိယားလို့ လက်နဲ့ပွတ်တာတွေက မကောင်းပါဘူး။ မျက်စိနာတဲ့အထဲမှာ Viral Conjunctivitis က အရမ်းကူးစက်လွယ်တယ်။ မျက်လုံးတစ်ဖက်တည်း ဖြစ်ချင်ဖြစ်မယ်၊ နှစ်ဖက်စလုံးလည်းဖြစ်တတ်တယ်။ ဒီလိုဖြစ်လာပြီဆိုလို့ရှိရင် ကိုယ့်ဘေးနာကလူတွေကို ကူးလွယ်တယ်။ နောက်တစ်ခုက အိမ်တွေမှာ မျက်နှာသုတ်ပဝါတွေကို မျှဝေသုံးစွဲတာတွေရှိပါတယ်။ အဲဒီလိုတူတူသုံး တယ်ဆိုလို့ရှိရင် နောက်တစ်ယောက်ကို ကူးမှာပဲ။ ဒါ့ပြင် Eye makeup စတဲ့ အလှကုန်အသုံး အဆောင်တွေကိုအတူတူသုံးတာကနေလည်းတစ်ဆင့် ကူးတာတွေရှိပါတယ်။နောက်တစ်ခုက ရေကူးကန်တွေပေါ့။ နွေရာသီကျောင်းပိတ်ရက်ဆိုရင် ရေကူးကြတာတွေလည်းများတယ်။ ကလိုရင်းသေချာခပ်ထားတဲ့ ရေကူးကန်တွေကတော့ အကြောင်းမဟုတ်ဘူး။ အဲဒါကြောင့် ကိုယ့်ကလေးမျက်စိနာနေရင် မလွှတ်ပါနဲ့လို့ ကျွန်မတို့ပြောတာတွေရှိပါတယ်။ အများနဲ့ထိတွေ့တော့ ဒီရေကူးကန်တွေကလည်း ကူးစက်နိုင်ပါတယ်။
Q-မျက်စိနာဖြစ်ရင်တွေ့ရမယ့် ရောဂါလက္ခဏာတွေကို သိပါရစေ?
A-မျက်စိနာတာက စစချင်းတော့ မျက်လုံးထဲမှာ ခိုးလိုးခုလုဖြစ်သလိုရှိတယ်။ မျက်စိကအောင့်သလိုနဲ့ နေရထိုင်ရခက်တော့ မျက်လုံးကို ပွတ်တာတွေ ရှိတယ်။ ပွတ်တဲ့အခါမျက်စိကနီရဲလာတယ်။မျက်ခွံလေးတွေ နည်းနည်းဖောင်းလာတယ်။ မျက်ဝတ်လေးတွေ ထွက်လာတယ်။ မျက်ဝတ်က အရောင်ဝါဝါကြီးတွေ မထွက်ဘူး။ Viral Conjunctivitis က မျက်ဝတ်မထွက်ဘဲ မျက်ရည်ကျတယ်။ မျက်ဝတ်ထွက်တယ်ဆိုရင်လည်း အရမ်းဝါထိန်တာမျိုးမဟုတ်ဘဲ ခပ်ကြည်ကြည်ပဲ။ မျက်ဝတ်ဆိုတာက ခန္ဓာကိုယ်မှာမျက်စိက နေရထိုင်ရခက်ရင် ကိုယ်ခန္ဓာကိုယ်တိုင်က မျက်ဝတ်ကို ထုတ်ပေးရတာဖြစ်ပါတယ်။
Q-မျက်စိနာရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ အမြင်အာရုံကို ကျစေလားဆိုတာ သိလိုပါတယ်?
A-မျက်စိနာတာဟာ ပုံမှန်ဆိုရင်တော့ အမြင်အားမကျပါဘူး။ တော်ရုံတန်ရုံ မျက်စိနာတာအစပိုင်းဆိုလို့ရှိရင် မျက်ဝတ်လေးရှိလို့ မျက်ရည်လေးကျလို့ ကြည့်ရခက်တာပဲ ရှိပါတယ်။ အမြင်အားကတော့ အပြည့်ကောင်းတယ်။ တချို့ကျတော့ ဗိုင်းရပ်စ်ရောဂါကြောင့် မျက်မြှေးရောင်တာတင်မကတော့ဘဲနဲ့ တစ်ပတ်၊ နှစ်ပတ် လောက်ကြာတဲ့အခါ မျက်ကြည်လွှာပေါ်မှာ အစက် အပြောက်လေးတွေဖြစ်တတ်တယ်။ အဲဒီအခါကျရင်တော့ အမြင်အားကျပါတယ်။ ကြည့်ရတာ ဝါးတားတားဖြစ်နေတယ်။ နေရောင်ထဲထွက်ရင် မခံနိုင်ဘူး။
Q-မျက်စိနာရင် ပျောက်ကင်းဖို့အချိန်ဘယ်လောက်ထိ ကြာတတ်ပါလဲ?
A-မျက်စိနာတာကတော့ ဘက်တီးရီးယားကြောင့်နဲ့ ဗိုင်းရပ်စ်ကြောင့်နာတာဆိုပြီး အကြမ်းဖျင်းနှစ်မျိုးရှိတယ်။ ဘက်တီးရီးယားကြောင့် မျက်စိနာတာကတော့ ငါးရက်ကနေ ခုနစ်ရက်လောက်ဆို ကောင်းတာပဲ။ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရင်တော့ သူ့ထက်ပိုကြာနိုင်ပြိး နှစ်ပတ်ကနေ သုံးပတ်အတွင်း ကြာနိုင်တယ်။မျက်စိနာတာက အချိန်မရွေးဖြစ်တယ်။ ဒါပေမဲ့လူအများစုဖြစ်တတ်တဲ့ ကာလလေးတွေတော့ရှိတာပေါ့။ ရာသီဥတုအပြောင်းအလဲနဲ့ အခုလိုနွေရာသီဆို ပိုဖြစ်တယ်။ ဒီရောဂါက တစ်နှစ်မှာနှစ်ကြိမ်၊ သုံးကြိမ်လောက်ဖြစ်နိုင်တယ်။ ရာသီဥတုပူပြင်းရင်တော့ ပိုများတာပေါ့။
Q-ဘယ်လို အသက်အရွယ်မျိုးတွေမှာ ပိုဖြစ်တာတွေ့ရလဲဆိုတာ သိရှိလိုပါတယ်?
A-များသောအားဖြင့် ဗိုင်းရပ်စ်ကြောင့်မျက်စိနာတာ ကတော့ လူလတ်နဲ့ လူငယ်ပိုင်းတွေမှာဖြစ်တာ များတယ်။ အိမ်ထဲမှာပဲနေတဲ့ သက်ကြီးဘိုးဘွားတွေထက် စာရင် အပြင်နဲ့အထိအတွေ့များတဲ့သူတွေက ပိုဖြစ်တယ်။ကလေးနဲ့လူကြီးဆိုရင် ကလေးတွေရဲ့ကိုယ်ခံအားက လူကြီးလောက်မကောင်းတော့ ကလေးတွေမျက်စိနာရင် တော်တော်ဆိုးတယ်။ မျက်ခွံတွေကဖောင်းရောင်ပြီး တော့ နှစ်ဖက်စလုံးလည်းဖြစ်တတ်တယ်။ မျက်စိကလည်း ရဲတွက်နေတတ်ပါတယ်။
Q-မျက်စိနာရောဂါကို ဘယ်လိုကုသရပါသလဲဆိုတာ သိပါရစေ?
A-တကယ်တမ်းပြောရရင် မျက်စိနာတာဟာ ဆေးကုကု၊မကုကု သူ့ဘာသာသူ ကောင်းပါတယ်။ သူ့အလိုလိုပြန်ကောင်းတဲ့ရောဂါထဲမှာပါတယ်။ ဆေးခပ်ခပ်၊ မခပ်ခပ် ကောင်းတယ်။ ဒါပေမဲ့ တချို့မျက်စိနာတာက ဘက်တီးရီးယားကြောင့်နာပြီး သုံးရက်ထက်ပိုလာမယ်၊ မျက်ဝတ်တွေလည်း အများကြီးထွက်လာပြီး မျက်စိနာတာလည်း ဆိုးလာဆိုရင်တော့ ဆေးခတ်ဖို့လိုပါတယ်။ဗိုင်းရပ်စ်ကြောင့်ဆိုလို့ရှိရင်လည်း သူ့ဘာသာသူ ကောင်းလေ့ရှိတယ် ။ မျက်စိနာတဲ့ ကာလအတွင်းမှာဗိုင်းရပ်စ်ကိုကုနိုင်တဲ့ဆေးဆိုတာလည်း မရှိဘူး။ ဘက်တီးရီးယားမှာတော့ ရှိတယ်။ ပဋိဇီဝဆေး ( antibiotic) တွေနဲ့ ဘက်တီးရီးယားတွေကိုကုတယ်။ symptomatic treatment လို့ခေါ်တဲ့ သက်သာအောင်၊ နေသာအောင် ကုတဲ့ကုထုံးတွေနဲ့လည်း ကုတယ်။ဥပမာ မျက်ခွံကြီးတွေက ရောင်ပြီးတော့ရဲနေတယ်ဆိုရင် ရေခဲအုပ်တာမျိုးပေါ့။ အအေးဓာတ်ပေးတယ်။ ရေခဲအုပ်ခြင်းအားဖြင့် သွေးကြောတွေက ကျုံ့တဲ့အခါကျတော့ ရောင်တာလည်း သက်သာတယ်။ နီတာလည်း သက်သာတယ်။ နာတာလည်း သက်သာတယ်။နောက်တစ်ခုက မျက်ရည်အတုပေါ့။ မျက်စိက နေရခက်တဲ့အခါကျရင် မျက်စဉ်းလေးခတ်လိုက်ရင် ဖြေသာတယ်။ မျက်ရည်တုတွေက လူတွေကို အန္တရာယ် လည်းမရှိဘူး။ လူကိုနေသာအောင် ခတ်တာဆိုတော့ မျက်ရည်တုဆေးတွေ သုံးလို့ရပါတယ်။တကယ်လို့များ တချို့ဗိုင်းရပ်စ်တွေက သိပ်ပြင်းပြီးတော့ မျက်စိရောင်လွန်းရင်တော့ ကျွန်မတို့က အရောင်ကျတဲ့ဆေး (စတီးရွိုက်)တွေ ပေးရတယ်။ viral ကြောင့်ဖြစ်တဲ့ မျက်စိနာတဲ့ဟာဆိုရင် ဘက်တီးရီးယားပါ ကာကွယ်တဲ့အနေနဲ့ စတီးရွိုက် သတ်သတ်မပေးဘဲ စတီးရွိုက်နဲ့ ပဋိဇီဝဆေးကိုပါတွဲပြီးပေးတယ်။ မျက်ကြည်လွှာပေါ်မှာ အစက်အပြောက်လေးတွေဖြစ်လာရင်တော့ စတီးရွိုက်ကိုသုံးဖို့လိုအပ်ပါတယ်။ ဒီလိုပေးခြင်းအားဖြင့် စတီးရွိုက်ရဲ့အာနိသင်ကြောင့် ရောင်ယမ်းတာတွေသက်သာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗိုင်းရပ်စ်က နှစ်ပတ်ကနေ သုံးပတ်အထိကြာနိုင်ပါတယ်။
Q-မျက်စိနာမဖြစ်အောင် ဘယ်လိုပြုမူနေထိုင်သင့်ပါသလဲ?
A-ရိုးရိုး Viral Conjunctivitis ကတော့ စိတ်ပူစရာမရှိပေမဲ့ အခြားအခြားသော အကြောင်းတွေဆိုရင်တော့ သတိထားရမှာတွေတော့ ရှိပါတယ်။ အဓိကကတော့ ကိုယ့်အနီးအနားမှာ မျက်စိနာတဲ့သူရှိနေရင် ကိုယ့်လက်နဲ့မျက်စိကိုမထိဖို့ဘဲ။ သူ့မျက်စိကနေ သူ့လက်၊ သူ့လက်ကနေအခြားလူကိုကူးနိုင်တော့ ကာယကံရှင်က လက်ကိုခဏခဏဆေးဖို့လိုပါတယ်။ ဒါ့ကြောင့် လက်ဆေးတဲ့ကိစ္စက အဓိကပါပဲ။ရာသီဥတုရဲ့အပူဒဏ်က သိပ်များရင်ကျန်းမာတဲ့သူဖြစ်ပစေ ကိုယ်ခံအားက ကျသွားတတ်ပါတယ်။ ဒါ့ကြောင့်အပူဒဏ်ကို ကာကွယ်တဲ့နေထိုင်တာတွေလည်း လုပ်သင့်တယ်။ ဒီလိုအချိန်တွေမှာဆိုရင် ရောဂါကအရမ်းကူးလွယ်လို့ သတိထားရပါမယ်။
Q-ဖြည့်စွက်ပြောစရာရှိရင်လည်း ပြောပေးစေလိုပါတယ်?
A-အဓိကကတော့ ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာ မျက်စိနာတယ်ဆိုရင် ဒါအဖြစ်များတဲ့ ကာလလို့ပဲ သတ်မှတ်ရမှာပေါ့။ ကိုယ့်အနီးအနားမှာ မျက်စိနာတယ် ဆိုတာ တော်တော်များများဖြစ်လို့သာ နာတာလေ။ အကုန်လုံးမှာ ကာကွယ်ရေးက အဓိကပဲဖြစ်တော့ လက်ဆေးမယ့်ကိစ္စတွေကိုပဲ အဓိကပြောချင်ပါတယ်။နောက်တစ်ခုက လူနာတွေကိုအဓိကနားလည်အောင်ပြောရတာက မျက်စိနာဖြစ်ရင် သူသူကိုယ်ကိုယ် ချက်ချင်းကောင်းချင်တယ်။ အဲဒီတော့အရမ်းမျှော်လင့်ကြပါတယ်။ဆေးခန်းတစ်ခု၊ ဆေးရုံတစ်ခုကိုသွားပြရင် သူတို့က ပုံမှန်ဆေးထည့်လိုက်ရင် တစ်ရက်၊ နှစ်ရက်ဆို ကောင်းမယ်လို့ထင်ကြတယ်။ သူတို့ကြိုပြီးတော့ မျှော်လင့်တဲ့ ကိစ္စတွေကိုကျွန်မတို့က သူရဲ့သဘာဝအတိုင်းမျှော်လင့်ဖို့ သတိပေးရတယ်။ဒါမျိုးက နှစ်ပတ်(သို့မဟုတ်)သုံးပတ်အထိကြာတတ်တယ်။ မျက်ကြည်လွှာမထိရင် အမြင်ကတော့မဝါးဘူး။ တကယ်လို့များ အမြင်ဝါးလာတယ်၊ နေရောင်စူးလာတယ်ဆိုရင်လည်း သက်ဆိုင်ရာမျက်စိဆရာဝန်ကြီးတွေဆီမှာ ပြသဖို့ လိုပါတယ်။နောက်တစ်ခုက မျက်စိအရမ်းနာရင် မျက်လုံးအတွင်းက သွေးကြောတွေရောင်ပြီး မျက်ရည်တွေက သွေးရည်ကြည်လိုမျိုး မျက်ရည်တွေကျတတ်ပါတယ်။ သွေးရောင်လေးတွေ ထွက်တတ်တယ်။ ဒါကို လူတွေက အရမ်းကြောက်တတ်ပါတယ်။ ဒါလည်း အမြင်အားကောင်းနေရင် အရမ်းကြီးမစိုးရိမ်ရပါဘူး။ နောက်တစ်ခုမှာ ချင်တာက မျက်စိနဲ့ပတ်သက်တဲ့ဆေးတွေဆိုရင် ကိုယ်ဘာသာကိုယ် မဝယ်ဘဲ ဆရာဝန်တွေရဲ့ အကြံပြုချက်နဲ့သာ ဝယ်သင့်၊သုံးသင့်ပါတယ်။
==========
အန္တရာယ်ကင်းဝေး အလှကုန်ဆေး
NCBI လို့ခေါ်တဲ့ US National Center of Biotechnology Information က မြန်မာပြည်က migrant ခလေးတွေ ရဲ့သွေးမှာ ခဲအဆိပ် ပါဝင်မူ့မြင့်မားနေတဲ့အတွက် ခလေးတွေလိမ်းတဲ့ သနပ်ခါးတွေကိုစမ်းသပ်တဲ့အခါ ခဲ ပါဝင်မူ့ မြင့်မားနေတာတွေ့ရှိခဲ့ပါတယ်। သနပ်ခါးမှာ ပါဝင်တဲ့ ခဲအဆိပ်တွေ အရည်ပြား pore တွေကနေစိမ့်ဝင်ပြီး ဖြစ်ပွားမူ့ပါ ဒါပေမဲ့ သနပ်ခါးအခေါက်ကနေ ခဲအဆိပ်ဖြစ်တာမဟုတ်နိုင်ပဲ ready made သနပ်ခါးလုပ်ရာမှာ သုံးတဲ့ kaolin powder, borax, ဒါတွေကနေ ခဲအဆိပ်ပါဝင်တာဖြစ်ဖို့များပါတယ်। ဒီအဆင့်ကိုတော့ မြန်မာပြည်က ပညာရှင်တွေ ရှာဖွေသက်သေပြသင့်ပါတယ်။  ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ ဘယ်သနပ်ခါးလုပ်ငန်းရှင်မှ cosmetic grade ကုန်ကြမ်းမသုံးပါဘူး သနပ်ခါးအမှူန့်ခလေးတွေကို အလွယ်လိမ်းပေးကြတာ အန္တရာယ်ရှိပါတယ် beautiful poision ဆိုပြီး NCBI အောက်မှာရှိပါတယ်။
#မြန်မာဆေး
နိုင်ငံရေးဒုက္ခသည်တွေ မြန်မာပြည်ကနေကမ္ဘာတစ်လွားပြန့်သွားချိနိမှာ မြန်မာဆေးအစွမ်းကို ကမ္ဘာတစ်လွားကသိသွားကြတယ် ဒေါ်ကြင်တို့ ထက်လင်းတို့ ထိပ်ပြောင်ကြီးတို့ တံဆိပ်မျိုးစုံခင်ဗျ နာမည်ကောင်းနဲ့သိတာတော့မဟုတ်ဘူး နာမည်ဆိုးနဲ့သိတာပါ immigrants တွေရဲ့ ကျန်းမာရေးကို အထူးပြုလေ့လာတဲ့ Australia က သုတေသနအဖွဲ့တစ်ခုကဘ၂၀၁၂ ထဲက ထုတ်ပြန်ထားတာရှိသလို မီဒီယာတွေမှာလဲကြိုကြားကြိုကြားပေါ်လာတတ်တယ် အဓိက heavy metal တွေဖြစ်တဲ့ မာကြူရီ  ခဲ ပြဒါး ဒါတွေ ပါနေကြပါတယ် heavy metal ဆိုတာကလဲ သီချင်းသာ လေးလေးကြီးနဲ့ နားထောင်လို့ကောင်းတာ metal ကျ တော့ ခန္တာကိုယ်ထဲဝင်ပြီးပြန်မထွက်ပဲ bio accumulation ဖြစ်တော့အတော်ကိုကြောက်စရာကောင်းပါတယ် ဒီမှာလူအတော်များများ ပေါ့ပေါ့ဆဆ တွက်တဲ့ အချက်နှစ်ချက် stupid taboo ရှိတယ် နွယ်မြစ်သစ်ပင်ဆေးဖက်ဝင် ဆိုပြီး အတိုင်းအဆမသိစားတာရာယ် နောက်တစ်ခုက စားတာမဟုတ်ဘူး လိမ်းဆေးပဲဆိုပြီး ပေါ့ပေါ့တွေးကြတာရာယ် နွယ်မြစ်ပင်လဲ လိုတဲ့အဟာရကို မြေကြီးကနေစုတ်ယူရလို့ heavy metal ပါဝင်မူ့မြင့်တဲ့နေရာက ဆိုရင်သဘာဝအရ heavy metal ပါဝင်မူ့ ဟာ ဒီအပင်ရဲ့အစိတ်အပိုင်းတွေမှာစုနေတတ်တယ် heavy metal ဆိုပေမဲ့ သူ့ရဲ့ molecule size က လူ့အရေပြားရဲ့ pore size ထက်ငယ်လို့ ointment တွေမှာ lubricant action နဲ့ အရေပြားထဲကို အလွယ်တစ်ကူစိမ့်ဝင်သွားတယ် ဒါကြောင့် နွယ်မြစ်သစ်ပင်ဆိုပြီး လွယ်လွယ်စားသူတွေ လိမ်းဆေးပဲဆိုပြီး ပေါ့ပေါ့ သဘောထားသူတွေ သိထားသင့်ပါတယ် heavy metal poision ဖြစ်ရင် ဘာတွေဖြစ်တယ်ဆိုတာ လူအတော်များများသိထားကြပေမဲ့ နောက်အသိနည်းသေးတဲ့အချက်က အခုနောက်ပိုင်းခေတ်စားလာတဲ့ autoimmune ခင်ဗျ ဒီ ရောဂါဟာ heavy metal poisoning ကနေလဲ ဖြစ်လာနိုင်ပါတယ် ဒါ့ကြောင့် ဘကြီးဘုန်းကြီး ဆေးနည်းတွေဟာလဲ သတိကြီးကြီထားသင့်ပါတယ်ခင်ဗျ။
Wednesday, May 8, 2019
Biman ရန်ကုန်ကွင်းမှာ လေယာဉ် overruns ဖြစ်...
အထူးသတင်း
ရန်ကုန်လေဆိပ် ဘီမန်လေယာဉ်ပျံအဆင်း Cargo Terminal နားမှာ လမ်းချော်လို့  လေယာဉ်သုံးပိုင်း ခေါက်သွာတယ်။
လေယာဉ်မှုး ခေါင်းပေါက်သွားပေမယ့် ခရီးသည်တွေအန္တရာယ် မဖြစ်ဘူးလို့ကြားရတယ်။
တီဂျီ ဘန်ကောက်အပြန် နဲ့ တခြားလေယာဉ်တွေပျံတက်ဖို့ လောလောဆယ် ပြေးလမ်းပိတ်နေတယ်။
ဆင်းလာမယ့်လေယာဉ်တွေ လမ်းခွဲပြီး တခြားလေဆိပ်ကိုဦးတည်နေကြပါတယ်။
ဒီညအဖို့ ပြည်တွင်းလေယာဉ်တွေက နေပြည်တော်ကို ပြန်လှည့်သွားကြပြီး ပြည်ပလေယာဉ်တွေက ချင်းမိုင်ကိုပြန်လှည့်ပြီး စောင့်နေကြပါတယ်။
ကိုဇော်
ဘန်ကောက်
ရန်ကုန်လေဆိပ်မှာ ဖြစ်တာလို့သိရ... 
ဘီမန်းလေယာဉ်ပါ။ သုံးပိုင်းကျိုး။C/P ခေါင်းပေါက်။ ကျန်တဲ့ ခရီးသည်တွေ ဘာမှမဖြစ်ပါ။
Yangon International Airport ​လေယာဉ်​​ပြေးလမ်း​ချော်​ ဒဏ်​ရာ ရရှိသူများအား အ​ရေး​ပေါ် ကယ်​တင်​လျက်​ရှိပါသည်။
လူအယောက် ၄၀ ကျော် ဒါဏ်ရာရ ဆေးရုံသို့ ပို့ဆောင်နေပါပြီ။
Credit-Than Zaw
#ZawMaubin
Biman ရန်ကုန်ကွင်းမှာ လေယာဉ် overruns ဖြစ်... ခရီးသည် ၂၈ လေယာဉ်တောင်ပံကျိုး... ခရီးသည်အထိအခိုက်အနည်းငယ်... လေယာဉ်မှူးများ အထိအခိုက်ရှိ..
Credit .ကို Aung Po
မိုးသက်လေပြင်းကျချိန်တွေမှာ  ရန်ကုန်ကွင်းဟာ သတိထားရတဲ့ကွင်းထဲမှာပါပါတယ် .,. 
ပြေးလမ်းချော်တာတွေဖြစ်တတ်တယ်., 
India Airline ၊ SQ Airline ၊ ပြည်တွင်းအဲလိုင်းထဲမှာလဲဖြစ်ဖူးတယ် .,, 
အခုဒီညဖြစ်သွားတာက ဘင်္ဂလားဒက်ရှ်အဲလိုင်းပါ .. 
ခရီးသည်အသေအပျောက်တော့မရှိဘူးကြားပါတယ် ., 
ဖြစ်သွားတာက Dash - 8 အမျိုးအစား Q400 ပါ .. 
ကျွန်တော်သဘောကျတဲ့လေယာဉ်အမျိုးအစားထဲမှာပါပါတယ် ., 
လေယဉ်က ATR တွေထက်အင်ဂျင်ပါဝါကောင်းသလို လူပိုဆန့်တယ်., ပိုမြန်တယ် ., 
ပန်ကာလေယာဉ်ဆိုပေမဲ့ လေယဉ်အတွင်းဆူညံမှု့လျှော့ချထားတယ် .. 
ဒီညဖြစ်စဉ်မှာခရီးသည်အသေအပျောက်မရှိပေမဲ့ လေယာဉ်ကသုံးပိုင်းလောက်ကျိုးသွားတယ်ဆိုတော့ သုံးလို့မရနိုင်တော့ပါ ..
လောလောဆယ်တော့ ပြေးလမ်းရှင်းဖို့ရန်ကုန်ကွင်းပိတ်ထားတဲ့အတွက် ရန်ကုန်ဆင်းမဲ့လေယာဉ်တွေ Divert လုပ်တာတို့ ၊ အခြားမြို့ကမထွက်ရသေးတဲ့လေယဉ်တွေ ပြေးလမ်းဖွင့်ထိစောင့်တာတို့လုပ်နေကြပါတယ် .., 
8.5.2019
#Tun Tun Win
Sunday, April 28, 2019
မကျည်းဖျော်ရည်
ရေမ​သောက်​ဘဲ ​ရေအစားထိုးပြီး​သောက်​ပါ....
  • မြေအိုး ​သေး​သေး​လေးထဲကို​ရေ မပြည့်​တပြည့်​ထည့်​ပြီး မကျည်းသီး လက်​တဆုပ်​ခန့်​।
  • ထန်းလျက်​ အလုံး​သေး​သေး​လေး​တွေ ၁၅လုံးခန့်​।
  • ဆား ဇွန်း​သေး​သေး တစ်​ဇွန်းခန့်​။
အဲဒီ ၃မျိုးကို ဒီအတိုင်းထည့်​ထားလိုက်​တယ်မ ​မွှေနဲ့ ​မွှေစရာမလိုဘူး ​မွှေရင်​ အဖတ်​မှုန်​​​တွေထလာလိမ့်​မယ်။
တစ်​ချက်​မှမ​မွှေဘဲ သူ့ဘာသာကြည်​တက်​လာတဲ့ အရည်​ကြည်​ကို ​ရေမ​သောက်​ဘဲ ​ရေအစားထိုးပြီး​သောက်​တယ်
သောက်​ရင်​ ဘာအကျိုးဖြစ်​မလဲဆိုအရင်​ စဉ်းစားကြည့်​ရ​အောင်​....
  • မကျည်းသီးကို ​ကြေးဘုရား​ကြေးခွက်ေ​​တွ အညှိတွေတက်​​နေတာ​တွေကို ပွတ်​တိုက်​​ဆေး​ကြော​ပေးရင်​​ပြောင်​လက်​သွားတယ်
  • အသားကိုင်​ထားတဲ့လက်​​တွေကိုမကျည်းသီးနဲ့ ​ဆေး​ပေးရင်​ အနံ့ပျောက်​တယ်
  • တစ်​ချို့က ဆိတ်​သားကို အညှီနံ့ ​ပျောက်​​အောင်​ မကျည်း​သီးနဲ့ နှယ်​ပြီး​ဆေးတယ်
  • ​မကျည်း​​ဖျော်​ရည်​ကို​ရေအစားထိုး ​သောက်​မယ်​ဆိုအမျိုးသား​တွေ​အတွက်​​ရော အမျိုးသမီး​တွေ အတွက်​​ရော က​လေးလူကြီးပါမကျန်​​သောက်​တဲ့ အကျိုး​ကြောင့်
  • ဝမ်းတွင်း​အေး​နေမယ်​ကိုယ်​တွင်းအဆိပ်​အ​တောက်​များကိုဝမ်းအဖြစ်​ဖယ်​ရှား​ပေးလို့အပူအစပ်​ကင်းစင်​ပြီး မျက်​နာ​မှာ ထွက်​​နေတဲ့ ဝက်​ခြံ​တွေကိုပါးသထက်​ ပါး​စေမယ်​အမြဲတမ်း​သောက်​​နေလို့ဝက်​ခြံ​တွေ ​အမြစ်ပြတ်​​ပျောက်​သွားမယ်
  • ​ရောဂါမှန်​သမျှ အပူ​ကြောင့်​ဖြစ်​တာ အခုလိုဥပမာ နဲ့​ပြောမယ်​​ရေခဲ​သေတ္တာထဲကိုထည့်​ထားတဲ့ အသီးအရွက်​နဲ့အပြင်​မှာထားတဲ့ အသီးအရွက်​လိုဘဲ
  • ရင်​​အေးတယ်​ဝမ်းမှန်​တယ်​ ဆီးမှန်​တယ်​ခံတွင်းရှင်းပြီး အနံ့​ပျောက်​တယ်​မျက်​လုံးကြည်​တယ်​ဝက်​ခြံ​တွေ ​စင်​တယ်
  • အထူးသဖြင့်​ သောက်​တုန်းကဝက်​ခြံ​တွေ​ပျောက်​ချင်​လို့ ​သောက်​ခဲ့တာ
  • ပိုက်​ဆံမကုန်​လို့အထင်​မ​သေးဘဲ စမ်းကြည့်​ရ​အောင်​ဝမ်းတစ်​လုံး​ကောင်းရင်​ ​ခေါင်းမခဲဘူးဆိုတဲ့​ရှေးစကားပုံလည်း ရှိတယ်​​နော်
အဖိုး အဖွား​တွေအခုလို သဘာဝအသီး​တွေကိုကိုယ့်​ဘာသာ​ဖျော်​​သောက်​လို့ ဘာ​ရောဂါမှ မဖြစ်​ ​တဲ့အပြင်​​ငွေ​တွေ အလဟသ မကုန်​ခဲ့လို့
ဘုရား​တွေတည်​ ​ကျောင်း​တွေ​ဆောက်​ လှူဒါန်း​​ပေးကမ်း​နိုင်​ခဲ့ကြပြီး အသက်​ရှည်​ခဲ့ကြတယ်​ဆိုတာကို မ​မေ့နဲ့​နော်​ ။
Cred:
Thursday, April 25, 2019
သတိမထားဘဲစားမိရင် အဆိပ်သင့်စေနိုင်တဲ့အစားအစာ (၆) မျိုး
သတိမထားဘဲစားမိရင် အဆိပ်သင့်စေနိုင်တဲ့အစားအစာ (၆) မျိုး
ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့အစားအသောက်တွေထဲမှာ သတိမထားမိဘဲ စားလိုက်မိရင်အစာအဆိပ်သင့်စေနိုင်တဲ့ အစားအစာတွေရှိပါတယ်။ အစားများမယ်ဆိုရင် ဗိုက်အောင့်တာတို့၊ အော့အန်တာတို့၊ မူးလဲတာတို့ဖြစ်စေနိုင်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ်ကိုပါထိခိုက်စေနိုင်ပါတယ်။ အဲဒီအစားအစာတွေက ဘာတွေလဲဆိုတော့
၁။ ပဲကြီးစေ့
ကျွန်တော်တို့ဆီမှာတော့ ပဲကြီးစေ့လို့ခေါ်တဲ့ Red kidney beans ပဲဟာ အနီရောင်ကျောက်ကပ်ပုံစံရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ လူသိများပါတယ်။ ဒါပေမယ့် အဲဒီပဲကြီးစေ့ကို မစားသုံးခင် ရေထဲမှာ အနည်းဆုံး (၁၀) မိနစ်လောက်ကြာအောင် ပြုတ်ပေးဖို့လိုအပ်ပါတယ်။ မဟုတ်ရင် phytohaemagglytinin လို့ခေါ်တဲ့ အစိတ်အပိုင်းကြောင့် အဆိပ်သင့်စေနိုင်ပါတယ်။
တကယ်လို့ ပဲကြီးစေ့ကို ရေထဲမှာမပြုတ်ဘဲ တစ်ခြားပါဝင်ပစ္စည်းတွေနဲ့ရောပြီး တန်းချက်ပြုတ်လိုက်တာက အထဲမှာပါဝင်တဲ့အဆိပ်ကို ပိုပြီးတောင်ပြင်းထန်စေပါတယ်။ နောက်ပြီး ပဲကြီးစေ့ကိုအစိမ်းစားမိရင် အစာအဆိပ်သင့်စေနိုင်လို့ ကလေးတွေနဲ့ဝေးရာမှာထားသင့်ပါတယ်။
၂။ ဇာတိပ္ဇိုလ်သီး
ဇာတိပ္ဇိုလ်သီးကို ထောင်းထားတဲ့အမှုန့်ကို နေရာတော်တော်များများမှာ သုံးကြပါတယ်။ ကိတ်မုန့်ဖုတ်တာတို့၊ ကော်ဖီဖျော်တာတို့မှာလည်း ထည့်သုံးတတ်ကြပါတယ်။ နည်းနည်းလေးထည့်တာ ပြဿနာမရှိပေမယ့် များသွားရင် ခေါင်းကိုက်တာတို့၊ မူးဝေတာတို့၊ အော့အန်ချင်တာတို့ ဖြစ်စေတတ်ပါတယ်။ အဲဒါဘာလို့လဲဆိုတော့ ဇာတိပ္ဇိုလ်သီးစေ့ထဲမှာပါတဲ့ myristicin ဆိုတဲ့ဓာတ်တစ်မျိုးကြောင့်ပါပဲ။ ဒါကိုလည်း ကလေးတွေလက်လှမ်းမီရာနေရာတွေမှာ မထားသင့်ပါဘူး။
၃။ ဘရာဇီးပဲစေ့
ဘရာဇီးပဲစေ့မှာတော့ selenium လို့ခေါ်တဲ့ဓာတ်တစ်မျိုးပါပြီး ပမာဏများရင် အဆိပ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘရာဇီးပဲစေ့ကို တစ်နေ့ (၃) စေ့ထက် ပိုမစားဖို့အကြံပေးထားပါတယ်။ သစ်စေ့တွေကို စားခြင်းဟာ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမယ့် သူတို့မှာလူကိုထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေလည်း ပါဝင်တော့ မစားခင်သတိထားသင့်ပါတယ်။
၎။ တရုပ်ဆီးသီး၊ မက်မွန်သီးနဲ့ ချယ်ရီသီး (အစေ့)
အသီးချည်းပဲစားရင်တော့ လူကိုဘာအန္တရာယ်မှ မပေးနိုင်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့အစေ့တွေထဲမှာ ဆိုင်ယာနိုက်အဆိပ်တစ်မျိုးပါဝင်နေပါတယ်။ ဒါကြောင့် အဲဒီအသီးတွေရဲ့အစေ့ကို မဝါးမိ၊ မျိုမချမိဖို့ အရေးကြီးပါတယ်။ မိဘတွေအနေနဲ့ကလေးတွေကို ဒီအသီးတွေကိုကျွေးမယ်ဆိုရင် အစေ့ကိုမဝါးမိစေဖို့ သတိပေးပြီးမှ ကျွေးသင့်ပါတယ်။
၅။ အာလူး
အာလူးအားလုံးကို ဆိုလိုတာမဟုတ်ပါဘူး။ အာလူးပေါ်မှာအစိမ်းရောင်အတက်လေးတွေထွက်နေတဲ့ အလုံးတွေကတော့ ချက်ပြုတ်ပြီးတာတောင် ပျောက်မသွားတဲ့ solanine ဆိုတဲ့အဆိပ်တစ်မျိုးပါရှိနေပါတယ်။ Solanine အဆိပ်ဟာ nightshade အဆိပ်မျိုးစိတ်ကလာပြီး အာရုံကြောကိုထုံထိုင်းစေတဲ့သဘာဝအဆိပ်တစ်မျိုးဖြစ်ပါတယ်။
အဲဒါဟာ အာလူးတွေကို အင်းဆက်ပိုးမွှားအန္တရာယ်ကာကွယ်ဖို့ သဘာဝတရားကြီးက တပ်ဆင်ပေးထားတဲ့ အကာအကွယ် လက်နက်တစ်မျိုး ဖြစ်ပါတယ်။
အဲဒီအဆိပ်ပါတဲ့အာလူးကို အများကြီးစားမိရင် အော့အန်တာ၊ ဝမ်းလျှောတာတို့ ဖြစ်စေနိုင်ပြီး အခြေအနေဆိုးရွားရင် အကြောသေတာထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ဝယ်လာတဲ့အာလူးထဲမှာ အစိမ်းရောင်အတက်ထွက်နေပြီဆိုရင် အတက်လေးကိုပဲဖယ်ပြီး ဆက်မစားပါနဲ့။ အမှိုက်ပုံးထဲသာ ဝဲပစ်လိုက်ပါ။
၆။ အခြောက်လှမ်းထားတဲ့ သစ်သီးတွေ
Supermarket တွေမှာရောင်းနေတဲ့ သစ်သီးခြောက်အများစုက ဆာလ်ဖာတို့၊ ပိုတက်ဆီယမ် ဆောလ်ဘိတ်တို့ကိုသုံးပြီး စက်ရုံမှာအခြောက်ခံထားတြာ့ဖစ်ပါတယ်။
အစာခြေအင်္ဂါအဖွဲ့အစည်းကို မထိခိုက်စေချင်ရင်တော့ သစ်သီးခြောက်တွေအများကြီး သွားမစားမိဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးပညာကျွမ်းကျင်သူတွေရဲ့အဆိုအရ ဆာလ်ဖာပါဝင်မှုများတဲ့ အစားအသောက်တွေကို အလွန်အကျွံစားသုံးခြင်းက အစာအိမ်နဲ့အစာခြေအင်္ဂါတွေကို ထိခိုက်စေပါတယ်တဲ့။ 
Source: Lifedeathprize
===========
Monday, April 22, 2019
Climate change will have a devastating impact on Myanmar. Not just in a 100 years or 50 years but in the 10-20 years to come.
နောင်နှစ် ၁၀၀၊ နှစ် ၅၀ မှသာ မဟုတ်ဘဲ နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာပင် ရာသီဥတု ပြောင်းလဲမှုသည် မြန်မာနိုင်ငံအပေါ် ဆိုးဝါးစွာ ထိခိုက်စေပါလိမ့်မည်။  (English below)
ကမ္ဘာ့အပူချိန်များ မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို အခြားနိုင်ငံများနှင့်စာလျှင် မြန်မာနိုင်ငံ  ပိုမိုတွေ့ကြုံလာရမည် ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ကမ်းရိုးတန်းဒေသများ ရေလွှမ်းမိုးခံရမည်။ ရာသီဥတု ပြင်းထန်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်း (၂၀၁၅ ခုနှစ်တုန်းကကဲ့သို့) နှင့် ဆိုင်ကလုန်း မုန်တိုင်းများ (နာဂစ်မုန်တိုင်းကဲ့သို့) လည်း မကြာခဏဖြစ်ပွားလာမည်။ မုတ်သုန်မိုးသည် ခန့်မှန်းမရအောင် ဖြစ်ပြီး စိုက်ပျိုးရေးအတွက် များစွာ အခက်တွေ့စေမည်။ 
မြန်မာနိုင်ငံ၏ ဒေသအများစုတွင် မခံမရပ်နိုင်အောင် ပူပြင်းလာလိမ့်မည်။ ယခုအခါ မြန်မာနိုင်ငံတွင် အပူချိန် အလွန်အမင်းဖြစ်သောနေ့ရက် တစ်နှစ်လျှင် ၁၀ ရက်ခန့်သာ ကြုံရသေးသည်။ ကမ္ဘာတစ်ဝှမ်းရှိ အစိုးရ အသီးသီးက ရာသီဥတု ပြောင်းလဲလာမှုကို တွန်းလှန်ရန် ယခုချက်ချင်း ထိရောက်စွာ ဆောင်ရွက်သည့်တိုင် ဤရာစုနှစ်အကုန်တွင် မြန်မာနိုင်ငံ၌ အလွန်အမင်း ပူပြင်းသောရက်ပေါင်း တစ်နှစ်လျှင် ၂၀၀ ကျော် ခံစားရနိုင်သည်။ ထိထိရောက်ရောက် အရေးမယူ မဆောင်ရွက်ခြင်း မရှိပါက (ထိုသို့ ဖြစ်နိုင်ခြေက ပိုများနေသည်) များမကြာမီတွင် မြန်မာနိုင်ငံသည် အသက်အန္တရာယ် ဆုံးရှုံးနိုင်စေလောက်သော အပူဒဏ်ကို နှစ်စဉ်နှစ်တိုင်း လပေါင်းများစွာ ကြုံတွေ့ရတော့မည် ဖြစ်ပါသည်။ 
မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် ဦးဆောင်ဦးရွက် ပြုသင့်ပါသည်။ ကမ္ဘာတစ်ဝှမ်းက ဆွေးနွေးပွဲများတွင် ရှေ့ဆုံးက ပါဝင်ကာ ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်နိုင်ရန် စွမ်းစွမ်းတမံ ဆောင်ရွက်သင့်ကြောင်း အရေးဆိုသင့်ပါသည်။ 
ပြည်တွင်း၌လည်း အစိုးရအဖွဲ့က ပြုလုပ်သမျှ ဆုံးဖြတ်ချက်များ အားလုံးတွင် ရာသီဥတု ပြောင်းလဲမှုနှင့် ပိုမို စိမ်းစိုသော အနာဂတ်ကို အမြဲတစေ ထည့်သွင်းစဉ်းစားသင့်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံရှိ သစ်တောများ၊ ကမ်းရိုးတန်းနှင့် ထူးခြားစုံလင်သော ဇီဝမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ခြင်း၊ မော်တော်ကားအသုံးပြုမှု လျှော့ချခြင်းနှင့် မြို့ပြ စီမံကိန်း ရေးဆွဲရာတွင် အများပြည်သူ ပို့ဆောင်ဆက်သွယ်ရေးကို ဗဟိုပြုခြင်း၊ ပိုမိုစိမ်းစိုသော မြို့ပြများ တည်ဆောက်ခြင်းနှင့် သန့်စင်သော စွမ်းအင် သုံးစွဲမှုကို မြှင့်တင်ခြင်း အစရှိသည်တို့ကို ဆောင်ရွက်ပြီး အခြားနိုင်ငံများ စံနမူနာပြုနိုင်သည့် နိုင်ငံတစ်ခု ဖြစ်လာသင့်ပါသည်။ 
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းနှင့် ရာသီဥတု ပြောင်းလဲလာမှုအတွက် ကြိုတင်ပြင်ဆင်ခြင်းတို့သည် တိုင်းသူပြည်သား အားလုံးကို စည်းလုံးညီညွတ်စေသည့် အကြောင်းတစ်ရပ် ဖြစ်သင့်ပါသည်။ ဤသည်မှာ ယခုလက်ရှိတွင် မိမိတို့ နိုင်ငံအနေဖြင့် ရင်ဆိုင်နေရသည့် အရေးအကြီးဆုံးသော အရေးကိစ္စပင် ဖြစ်ပါသည်။ 
Climate change will have a devastating impact on Myanmar.  Not just in a 100 years or 50 years but in the 10-20 years to come.  
More than almost any other country in the world, Myanmar will be negatively affected by rising global temperatures:  sea levels with rise, inundating coastal cities; extreme weather, including drought, floods (as in 2015) and cyclones (like Nargis) will become far more common; and the Monsoon rains will become unpredictable, making agriculture impossible.
Most of Myanmar will also become unbearably hot.  Today, Myanmar faces perhaps 10 days of extreme heat.  Even if governments around the world now take strong action to combat climate change, Myanmar by late this century will still face over 200 days of extreme heat a year.  If no strong action is taken (which is likely) Myanmar will face many months of deadly heat every year very soon.
Myanmar should be a global champion in the fight to protect the environment. At global forums it should take the lead in demanding aggressive action to limit climate change. 
At home, every decision the government takes should be informed by climate change and the need for a greener future. And it should set an example for others to follow, by safeguarding its forests, coastlines and unique biodiversity; restricting car use and placing public transport at the centre of urban planning; building greener cities and promoting clean energy.  
Protecting the environment and preparing for climate change should be the issue uniting all peoples in Myanmar.  It is by far the most important issue facing the country.
Monday, April 15, 2019
ကယ်လဆီယမ်ကာဘိုဒ် သုံး၍ မှည့်အောင်ပြုလုပ်ထားသော သစ်သီးများ၏ အန္တရာယ်
ကယ်လဆီယမ်ကာဘိုဒ် သုံး၍ မှည့်အောင်ပြုလုပ်ထားသော သစ်သီးများ၏ အန္တရာယ်
🔹 ကယ်လဆီယမ်ကာဘိုဒ် (calcium carbide) ကို ပန်းသီး၊ ထောပတ်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ သင်္ဘောသီး၊ နာနတ်သီးနှင့် မာလကာသီး စသည့် သစ်သီးများ လျှင်မြန်စွာ မှည့်စေရန်နှင့် အားလုံးတစ်ပြိုင်နက် ညီတူညာတူ မှည့်စေရန်အတွက် အသုံးပြုကြသည်။
🔹 ကမ္ဘာ့ပေါ်ရှိ နိုင်ငံများစွာတွင် ကယ်လဆီယမ်ကာဘိုဒ်ကို အသုံးမပြုရန်တားမြစ်ထားသော်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ စသည့် နိုင်ငံများတွင် လွတ်လပ်စွာ အသုံးပြုနေကြသည်။
🔹 သဘာဝအတိုင်း မှည့်ခြင်းမဟုတ်ပဲ ဓာတုဒြပ်ပေါင်းများသုံး၍ မှည့်အောင် ပြုလုပ်ထားသော သစ်သီးများကို စားသုံးခြင်းကြောင့် ကျွန်တော်တို့၏ ကျန်းမာရေးမှာ ကြီးမားစွာ အန္တရာယ်ကျရောက်နေသည်။
🔹 Calcium carbide သည် ရေနှင့်ဓာတ်ပြုသည့်အခါ အက်ဆီတလင်းဓာတ်ငွေ့ (acetylene) ကို ထုတ်ပေးသည်။
🔹 အက်ဆီတလင်းဓာတ်ငွေ့သည် သဘာဝအားဖြင့် သစ်သီးများကို မှည့်စေသည့် အက်သလင်းဓာတ်ငွေ့ (ethylene) ကဲ့သို့ ပင် ငှက်ပျောသီး၊ သရက်သီး စသည့် သစ်သီးများကို လျှင်မြန်စွာ မှည့်စေသည်။
❌ ကယ်လဆီယမ်ကာဘိုဒ်သည် ကင်ဆာအားပေးပစ္စည်း (carcinogen) ဖြစ်သည်။
❌ ကာဘိုဒ် အဆိပ်သင့်ခြင်းသည် အစာအိမ်နာ (peptic ulcer) ကို ဖြစ်စေခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ စိတ်အနှောက်အယှက်ဖြစ်ခြင်း၊ အိပ်ငိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ ဦးနှောက်ရောင်ခြင်းနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။
❌ အက်ဆီတလင်းသည် လူ့ခန္ဓာကိုယ်ထဲတွင် ခွင့်ပြုထားသည့် ပမာဏထက် ပိုမိုလာပါက ယင်းဓာတ်ငွေ့ကို ရှူမိခြင်းဖြင့် သတိလစ် မေ့မြောသွားနိုင်ပြီး အာရုံကြောစနစ်သည် ကြာမြင့်စွာ အောက်ဆီဂျင် ပြတ်လပ် ချို့တဲ့မည် ဖြစ်သည်။
❌ ကယ်လဆီယမ်ကာဘိုဒ် (calcium carbide) တွင် လူ့ခန္ဓာကိုယ်အတွက် အန္တရာယ် အလွန်များသော စိန်အဆိပ် (အာဆင်းနစ် - arsenic) နှင့် ဖေါ့စဖရပ် ဟိုက်ဒရိုဒ် (phosphorus hydride) အနည်းငယ် ပါဝင်သည်။
❌ အာဆင်းနစ်နှင့် ဖေါ့စဖရပ် ဟိုက်ဒရိုဒ်အဆိပ်ဖြစ်ခြင်း၏ အစောပိုင်း လက္ခဏာများမှာ အန်ခြင်း၊ ဝမ်း သို့မဟုတ် သွေးဝမ်းသွားခြင်း၊ ရင်ပူခြင်း၊ ရေငတ်ခြင်း၊ အားနည်းခြင်း၊ အစာမျိုရခက်ခြင်း၊ မျက်လုံးကျိန်းစပ်ခြင်း၊ မျက်လုံးပူခြင်း၊ အရေပြား ကျိန်းစပ်ခြင်း၊ မျက်လုံးပျက်စီးခြင်း၊ ပါးစပ်၊နှာခေါင်းနှင့် လည်ချောင်းများ ကျိန်းစပ်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရာတွင် မောဟိုက်ပြီး ချွဲသံပါခြင်းတို့ ဖြစ်ကြသည်။ အာဆင်းနစ်နှင့် ဖေါ့စဖရပ် ပမာဏမြင့်မားစွာ ထိတွေ့လျှင် အဆုတ်ရေဝင်ခြင်းဖြစ်နိုင်သည်။
❌ အခြားဆိုးကျိုးများမှာ ခြေ၊ လက်များ ထုံထိုင်းကာ မလှုပ်ရှားနိုင်ခြင်း၊ အားနည်းလာခြင်း၊ အရေပြားအေးပြီး စိုထိုင်းလာခြင်း၊ သွေးဖိအားကျဆင်းခြင်းတို့ ဖြစ်ကြသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ကိုယ်ဝန်ပျက်ကျခြင်း ဖြစ်နိုင်သည်။
အက်သလင်း (ethylene)
🔶🔶🔶🔶🔶🔶🔶🔶
လေထဲတွင်ရှိသည့် အက်သလင်း ဓာတ်ငွေ့သည် သစ်သီးများမှည့်စေရန်အတွက် အလွန်နည်းပါးသော ပမာဏနှင့် လုံလောက်ပါသည်။ သစ်သီးများကို ကြိုတင်ခန့်မှန်းထားသည့်အချိန်တွင် ရောင်းချနိုင်စေရန် အက်သလင်း ဓာတ်ငွေ့က သစ်သီးများ မှည့်ခြင်းဖြစ်စဉ်ကို အစပျိုးပေးပါသည်။
အက်သဖွန် (ethephon)
🔶🔶🔶🔶🔶🔶🔶🔶
သစ်သီးများ မှည့်ရန်အတွက် အသုံးပြုသည့် နောက် ဒြပ်ပေါင်းတစ်ခုမှာ အက်သဖွန် (ethephon) ဖြစ်သည်။ ၎င်းသည် အပင်ကြီးထွားမှုကို ထိန်းညှိပေးသည်။
IUPAC အမည် - 2-Chloroethylphosphonic acid
အခြားအမည်များ - Bromeflor, Arvest, Ethrel
ဓာတုပုံသေနည်း - C2H6ClO3P
အဓိက အန္တရာယ် - လောင်စားတတ်သည်။
■ အက်သဖွန် (ethephon) သည် ကယ်လဆီယမ်ကာဘိုဒ်ထက် ပိုကောင်းသည့်အချက်မှာ အသီးများ မှည့်ရန်အတွက် အချိန်ပို၍ သက်သာစေသည်။ သဘာဝအားဖြင့် မှည့်သော သစ်သီးများထက် အရောင်အသွေး ပိုကောင်းသည့်ပြင် အရည်အသွေး မကျပဲ ထားသိုနိုင်သည့်သက်တမ်းလည်း ပိုကြာလာသည်။
■ များစွာသောနိုင်ငံများတွင် အက်သလင်းနှင့် အက်သဖွန်တို့ကို သစ်သီးများ မှည့်ရန်အတွက် အသုံးပြုခွင့် ပေးထားပါသည်။ အကြောင်းမှာ ကယ်လဆီယမ်ကာဘိုဒ်အသုံးပြုခြင်းထက် အန္တရာယ် ပိုနည်းသောကြောင့်ဖြစ်သည်။
■ ကယ်လဆီယမ်ကာဘိုဒ် အသုံးပြုခြင်းဖြင့် မှည့်အောင်ပြုလုပ်ထားသော သစ်သီးများမှာ ပျော့နေပြီး သဘာဝအားဖြင့် မှည့်သည့် သစ်သီးများကဲ့သို့ အရသာမကောင်းပါ။ ထားသိုနိုင်သည့်သက်တမ်းလည်း တိုတောင်းပါသည်။
ဓာတုဒြပ်ပေါင်း အသုံးပြုထားမထား ဘယ်လိုစစ်ဆေးနိုင်သလဲ
🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶 🔶🔶
✅ သစ်သီးများသည် ပြင်ပအဆင်းသဏ္ဍန် အလွန်ကောင်းမွန်ပြီး ဆွဲဆောင်မှုရှိနေလျှင် ကျန်းမာရေးအတွက် မသင့်လျှော်နိုင်ပါ။ ကယ်လဆီယမ်ကာဘိုဒ် အသုံးပြုထားနိုင်ပါသည်။
✅ သဘာဝအားဖြင့် မှည့်သော သစ်သီးများသည် အရောင်အသွေး တပြေးညီ မဖြစ်ပဲအရောင်များ ကွက်ကျား ဖြစ်နေမည်။
✅ ခရမ်းချဉ်သီးများ တစ်ညီတစ်ညာတည်း နီနေလျှင်၊ သရက်သီးနှင့် သင်္ဘောသီးများ တစ်ညီတစ်ညာတည်း လိမ်မော်ရောင်၊ အဝါရောင် ဖြစ်နေလျှင် ကယ်လဆီယမ်ကာဘိုဒ် သုံးထားခြင်း ဖြစ်နိုင်ပါသည်။
✅ ငှက်ပျောသီးများများ၏ အရောင်သည်လည်း လိမ္မော်ရောင်သန်းနေသည့် အဝါရောင် ညီညီညာညာ ဖြစ်နေပြီး အညှာမှာ စိမ်းနေလျှင် ကယ်လဆီယမ်ကာဘိုဒ် သုံးထားခြင်း ဖြစ်နိုင်ပါသည်။
သဘာဝအားဖြင့် မှည့်သော ငှက်ပျောသီးမှာ အညှာမှာ မဲနေပြီး ငှက်ပျောသီး အခွံပေါ်တွင် အညိုရောင် အစက်အပြောက်များ ရှိနေမည် ဖြစ်သည်။
✅ သဘာဝအားဖြင့် မှည့်သော သစ်သီးများကို ရွေးချယ်ဝယ်ယူပါ။
✅ သစ်သီးများကို မစားသုံးမီ ရေစင်ကြယ်စွာ သေချာဆေးကြောပြီး အခွှံနွှာစားသည့် အလေ့အထ ပြုလုပ်ခြင်းဖြင့် ကယ်လဆီယမ်ကာဘိုဒ်ကြောင့် ဖြစ်သော အန္တရာယ်ကို နည်းအောင်ပြုလုပ်ပါဟု အကြံပြုတင်ပြလိုက်ပါသည်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ..
 Ref:  https://www.facebook.com/775138869300565/posts/1293032457511201?sfns=mo fbမှကူးယူဖော်ပြသည်။
Friday, April 12, 2019
ခံတွင်းကို DETOX လုပ် သ န့်စင်ခြင်း
`ခံတွင်းကို DETOX လုပ်​ခြင်း´
တချို့ရောဂါ တွေက သွားကြောင့်ဖြစ်ရတာကြောင့် မိမိသွားကိုအစာစားပြီးတိုင်း Detox ပါးလုတ်ကျင်းပေးကျပါ မမေ့ကျပါနှင့်!
SEDONA ဟိုတယ်​မှာ အလုပ်​လုပ်​ခဲ့ဖူးတဲ့ဝန်​ထမ်းအမျိုးသမီးတစ်​​ယောက်​သူဟာနိုင်​ငံခြားသား​တွေနဲ့အလုပ်​လုပ်​ရတဲ့အတွက်​နိုင်​ငံစုံကလာ​ရောက်​အလုပ်​လုပ်​ကြတဲ့သူ​တွေနဲ့ခင်​မင်​ပါတယ်​။
တစ်​​နေ့မှာနိုင်​ငံခြားသားလူဖြူတစ်​​ယောက်​နဲ့ထမင်းအတူစားရင်းနိုင်​ငံခြားသားကသူ့မိသားစုအ​ကြောင်း​မေးပါတယ်​။သူ့အ​မေအ​ကြောင်း​မေး​တော့ဆုံးသွားပါပြီလို့​ဖြေလိုက်​ပါတယ်​။ဘယ်​အရွယ်​မှာဆုံးတာလည်းဆို​တော့အသက်​၅၆နှစ်​လို့သူကပြန်​​ဖြေပါတယ်​။နိုင်​ငံခြားသားကချက်​ချင်းပြန်​​မေးပါတယ်​။မင်းအ​မေကသွား​တွေမ​ကောင်းဘူးမဟုတ်​လားတဲ့။
ရုတ်​တရက်​​မေးလိုက်​တဲ့​မေးခွန်း​ကြောင့်​သူ​တော်​​တော်​အံ့သြသွားပါတယ်​။
ဟုတ်​ပါတယ်​၊သူ့အ​မေဟာသွား​တွေမ​ကောင်းပါဘူး။သွားဖုံး​တွေလည်းပျက်​စီး​နေပြီးခံတွင်းက​တော်​​တော်​နံတယ်​ဆိုတာကိုသူပြန်​အမှတ်​ရ​နေပါတယ်​။ခံတွင်းကအပုပ်​​တွေဟာဝမ်းတွင်းကိုဝင်​​ရောက်​ပြီး​နောက်​အင်္ဂါအသီးသီးမှာခို​အောင်းပြီး​ရောဂါဖြစ်​​အောင်​ပြုလုပ်​ကြပါတယ်​။သူ့အ​မေဟာအသက်​၅၆နှစ်​​လောက်​နဲ့ရင်​သားကင်​ဆာဖြစ်​ပြီးကွယ်​လွန်​သွားရရှာတာပါ။
X X X X X X X X X X X X X X
ဟိုးတုန်းကမြန်​မာပြည်​မှာမြန်​မာဆရာဝန်​​တွေမရှိခင်​ကနိုင်​ငံခြားသားဆရာဝန်​​တွေကိုသာအားကိုးကြရပါတယ်​။အများဆုံးကအိန္ဒိယနိုင်​ငံကဆရာဝန်​​တွေပန်​ချာဘီဆရာဝန်​​တွေဖြစ်​ပါတယ်​။နယ်​မြို့​လေးတစ်​မြို့ကအမျိုးသမီးတစ်​​ယောက်​ဒူးအရမ်းနာလို့ပန်​ချာဘီဆရာဝန်​ကိုသွားပြပါတယ်​။ဒူးတစ်​ဘက်​က​ရောင်​ကိုင်း​နေပြီးလမ်း​တောင်​မ​လျှောက်​နိုင်​လို့သူ့ကိုချီမပြီး​ခေါ်သွားရတယ်​။ဆရာဝန်​ကသူ့ကို​သေချာစစ်​​ဆေးပြီး​နောက်​ခင်​ဗျားသွား​တွေ​ကောင်းရဲ့လားလို့​မေးပါတယ်​။ပါးစပ်​ဟစမ်းဆို​တော့အံသွား​ပေါက်​​တွေကို​တွေ့သွားပါတယ်​။အံသွား​တွေကပြည်​ပုပ်​​တွေဟာဒူးကို​ရောက်​သွားပြီးဒူးနာတဲ့ပြဿနာကိုဖြစ်​​စေတာပါ။အဲဒီသွား​တွေကိုဖာ​ထေးပြုပြင်​လိုက်​​တော့ဒူးနာလည်း​ကောင်းသွားပါတယ်​။
X X X X X X X X X X X X X X
နောက်​တစ်​​ယောက်​က​တော့သိုင်းရွိုက်​​ရောဂါဖြစ်​တဲ့သူ။သူ့ရဲ့သိုင်​ရွိုက်​ဂလင်းက​နေဟိုမုန်းအထွက်​နဲ​တော့လူက​လေးလံထိုင်းမှိုင်းပြီးကိုယ်​အ​လေးချိန်​လည်းတက်​လာတယ်​။ရုပ်​ပါ​ပြောင်းသွားလို့သူ့ကိုမမှတ်​မိကြဘူး။ခံတွင်းကဗက်​တီးရီးယားနဲ့အဆိပ်​​တွေကသိုင်းရွိုက်​ဂလင်းရဲ့Pump​တွေကိုblockလုပ်​ထားလို့ဟိုမုန်း​ကောင်း​ကောင်းမထွက်​ဘူး။သွားဆရာဝန်​ဆီမှာ​သေချာကုသလိုက်​တဲ့​နောက်​မှာ​တော့ပြန်​​ကောင်းသွားပါတယ်​။
X X X X X X X X X X X X X X
နယ်​က​ကျောက်​ကပ်​​ရောင်​တဲ့​ရောဂါဖြစ်​​နေတဲ့လူတစ်​​ယောက်​။ကျောက်​ကပ်​က​ကောင်း​ကောင်းအလုပ်​မလုပ်​​တော့လူက​ဖောသွပ်​သွပ်​ဖြစ်​လာတယ်​။မျက်​ခွံပါမို့ပြီးရုပ်​​ပြောင်းသွားတယ်​။ခြေ​ထောက်​​တွေလည်း​ဖောပြီး​ရောင်​ကိုင်း​နေတာပဲ။ကျောက်​ကပ်​​ဆေး​တွေ​သောက်​လည်းသိပ်​မသက်​သာဘူး။နောက်​ဆုံးမှာ​တော့ပရဟိတလာလုပ်​တဲ့သွားဆရာဝန်​​တွေကပါးစပ်​ထဲမှာပျက်​စီး​နေတဲ့သွားနဲ့သွားဖုံး​တွေကိုပြန်​​ကောင်း​အောင်​ကု​ပေးလိုက်​​တော့မှ​ကျောက်​ကပ်​လည်းပြန်​​ကောင်းသွားပါတယ်​။
X X X X X X X X X X X X X X X
ကျွန်​​တော့်​ငယ်​သူငယ်​ချင်းတစ်​​ယောက်​။ငယ်​ငယ်​ကတည်းကပါးစပ်​​တော်​​တော်​နံတဲ့​ကောင်​။မျက်​နှာချင်းဆိုင်​စကား​ပြောလို့​တောင်​အဆင်​မ​ပြေဘူး။ခံတွင်း​ရောဂါ​တွေနဲ့။သူဟာငယ်​ငယ်​ကတည်းကမကျန်းမာဘူး။အသက်​၄၀​ကျော်​​လောက်​မှာပဲအသည်းကင်​ဆာဖြစ်​ပြီး​သေသွားပါတယ်​။ဒီလိုဥပမာ​တွေအများကြီးပဲဗျ၊စာရှည်​မှာစိုးလို့ဒီ​လောက်​နဲ့ပြဲဖတ်​လိုက်​မယ်​။
X X X X X X X X X X X X X X X
ယ္ခုအခါမှာလူ​တွေက​ရောဂါ​တွေတအားဖြစ်​ကြတယ်​။အသည်း​ရောဂါ၊အဆုတ်​​ရောဂါ၊အစာအိမ်​၊​ကျောက်​ကပ်​၊နှလုံး၊အူလမ်း​ကြောင်း၊ဆီးချို၊နှလုံး၊​သွေး​ကြော၊ဦး​နှောက်​၊အသက်​ရှူလမ်း​ကြောင်း၊ဆီးလမ်း​ကြောင်းနဲ့ကင်​ဆာ​ရောဂါမျိုးစုံ၊အရိုးအဆစ်​နာကျင်​ကိုက်​ခြဲခင်းတို့ဟာခံတွင်းမှာရှိ​နေတဲ့ဗက်​တီးရီးယား​ရောဂါပိုးမွှား​တွေ​က​နေထုတ်​​ပေးလိုက်​တဲ့အဆိပ်​​တွေြေ​ကာင့်​အများဆုံးဖြစ်​​နေကြပါတယ်​။ခံတွင်းမသန့်​​လေ​ရောဂါထူ​လေပြဲဖစ်​တယ်​။ပါးစပ်​နံ​လေ​ရောဂါများ​လေအသက်​တို​လေပဲဖြစ်​ပါတယ်​။သွားဖုံးအရင်းမှာအစိမ်း​ရောင်​အဝါ​ရောင်​ရှိတဲ့ပြည်​​တွေထဲမှာအလွန်​အဆိပ်​ပြင်းတဲ့​ရောဂါပိုး​တွေပါတယ်​။ဒါ​ကြောင့်​ခံတွင်းထဲကဗက်​တီးရီးယား​တွေကိုအမြဲတန်းရှင်းလင်း​ပေးဖို့လိုပါတယ်​။
ခံတွင်းက​ရောဂါပိုးနဲ့အဆိပ်​​တွေကိုဖယ်​ထုတ်​ရှင်းလင်းဖို့အ​ကောင်းဆုံးနည်းက​တော့ဆီနဲ့ပလုတ်​ကျင်း​ပေးခြင်းပြဲဖစ်​ပါတယ်​။ဆီကအဆိပ်​စုပ်​အား​ကောင်းတယ်​။သွား​တွေအကြားနဲ့သွားဖုံးရင်း​တွေမှာအိမ်​ဖွဲ့​နေကြတဲ့အဏုဇီဝ​ရောဂါပိုး​တွေကိုဆီကဆွဲထုတ်​​ပေးနိုင်​တယ်​။မနက်​​စော​စောအိပ်​ယာထတာနဲ့ #ဆီတစ်​ငုံစာကို၁၀မိနစ်​​လောက်​ငုံထားပြီးပလုတ်​ကျင်း​ပေးပါ။ရောဂါပိုး​တွေထွက်​သွားလိမ့်​မယ်​။ပြီးမှသွားတိုက်​ပါ။
ပလုတ်​ကျင်းဖို့အ​ကောင်းဆုံးဆီက​တော့မြန်​မာနိုင်​ငံမှာအလွယ်​တကူဝယ်​လို့ရတဲ့အုန်းဆီဖြစ်​ပါတယ်​။
သံလွင်​ဆီ၊နှမ်းဆီ​တွေနဲ့ပလုတ်​ကျင်းလို့လည်းရပါတယ်​။နေ့စဉ်​မလုပ်​နိုင်​ရင်​​တောင်​တစ်​ပတ်​ကို၂ခါ၃ခါ​လောက်​လုပ်​​ပေးသင့်​ပါတယ်​။ထိုင်းနိုင်​ငံ​ကော့စ​မွေကျွန်းကဆရာမခွန်း​ကော်​တို့လည်းဒီနည်းကိုစသုံး​နေပါပြီ။အိန္ဒိယနိုင်​ငံက​ပေးတဲ့နည်းလို့​ပြောပါတယ်​။တကယ်​ကို​ကောင်းတဲ့နည်းပါပဲ။
လူဆိုတာကခံတွင်းသန့်​ဖို့သိပ်​အ​ရေးကြီးတယ်​။
ခံတွင်းသန့်​ရင်​စိတ်​လည်းကြည်​လင်​လန်းဆန်းတယ်​။
မျက်​လုံးကိုလည်းကြည်​​စေတယ်​။
နေ့စဉ်​လူမှုဆက်​ဆံ​ရေး​တွေမှာပါးစပ်​နံရင်​သိပ်​အထင်​​သေးခံရတတ်​တယ်​။
ခံတွင်းသန့်​ရင်​ရုပ်​ရည်​လည်းသန့်​ပါတယ်​။
ယောက်​ကျားခံတွင်းသန့်​ရင်​မိန်းမ​တွေသိပ်​ကြိုက်​တယ်​။ယောက်​ကျားကလည်းမိန်းမခံတွင်းသန့်​ရင်​သိပ်​ကြိုက်​တယ်​။ပြီး​တော့​ရောဂါကင်းပြီးအသက်​လည်းရှည်​တယ်​။ဒါ​ကြောင့်​အချိန်​တိုင်းခံတွင်းသန့်​​နေ​အောင်​လုပ်​ကြဖို့လိုပါတယ်​။
ချစ်​ခင်​​လေးစားလျှက်​............
စာအုပ်​ -သက်​တမ်း​စေ့​အောင်​​နေနိုင်​ဖို့
ရေးသူ - မင်း​ကျော်​ဝင်း
Sunday, March 31, 2019
Heat Stoke
Heat stroke အပူရှပ်တဲ့ လက္ခဏာများ..
* ခန္ဓာကိုယ်အပူချိန်မြင့်မယ် 
* အသားအရေ နီပြီး ခြောက်သွေ့နေမယ်
* အော့အန်မယ်
* မူးဝေမယ် ခေါင်းကိုက်မယ်
* ချွေးမထွက်ဖူး
* နှလုံးခုန်နှုန်းမြန်မယ်
* ကြောင်တောင်တောင်ဖြစ်ပြီး အာရုံစိုက်မရ ကယောင်ကတမ်းဖြစ်မယ်
* သတိမေ့လဲကျမယ် တက်မယ်
အဲဒီလက္ခဏာတွေတွေ့ရင် လူနာကို
* အရိပ်ထဲကိုသယ်ပါ
* အဝတ်တွေချွတ်ပစ်ပါ
* ရေအေးနဲ့ ရေပတ်တိုက်ပါ ဖြန်းပါ (ဂျိုင်း နဲ့ ဂွကြားတွေကို ရေခဲကပ်ပါ)
* လဲလျောင်းခိုင်းပြီး ပန်ကာဖွင့်ပါ အဲကွန်းဖွင့်ပါ
* ရေ ဒါမှမဟုတ် 100plus လို အချိုရည်တွေတိုက်ပါ
* နီးစပ်ရာ ဆေးရုံ ဆေးခန်းအမြန်ဆုံးပို့ပါ
အပူဒဏ် ရှောင်နိုင်ရန်အလို့ငှာ -
* နေပြင်းပြင်းပူသော အချိန်များတွင် အပြင်ထွက်ပါက ဦးထုပ်၊ ထီး စသည့် အကာအကွယ်များ မဖြစ်မနေဆောင်ပါ။
* အပြင်မှ ပြန်လာလျှင် ချက်ချင်းရေချိုးခြင်း၊ ရေလောင်းခြင်းများ ရှောင်ပါ။
* နေပြင်းပြင်းပူသော နေ့လည်ပိုင်းများတွင် ရေချိုးခြင်း သတိပြုပါ။
* အပူစုပ်စေသော အမည်းရောင်၊ အညိုရောင်၊ အပြာရောင် စသည့် အရောင်ရင့်ရင့် အဝတ်အစားများ၊ နိုင်လွန်၊ ပိုးချည် အဝတ်အစားများ ရှောင်ပါ။
* အပူမစုပ်ဘဲ အေးစေသော ချည်ထည်၊ အဖြူကဲ့သို့ အရောင်လွင်လွင်၊ ပွပွချောင်ချောင် အဝတ်အစားများ ဝတ်ဆင်ပါ။
* အရက်သေစာ အလွန်အကျွံသောက်သုံးခြင်းများ ရှောင်ပါ။
* အပူဒဏ်ပြင်းလွန်းနေသော အချိန်တွင် ရေခဲရေ သောက်သုံးမှုများ သတိပြုပါ။
အမေရိကားမှာ နှစ်စဉ် လူ ခြောက်ရာကျော်ခန့် အပူရှပ်လို့သေဆုံးရပါတယ်။ သတိရှိကြပါခဗျား
Naing Tun
ဝမ်းချုပ်တတ်သူများ အတွက်
(၂) သံပရာသီးကလည်း ဝမ်းချုပ်ခြင်းမှ သက်သာစေလို့ နံနက်အိပ်ရာထ အစာမစားခင်မှာ ရေနွေး တစ်ဖန်ခွက်ထဲကို သံပရာသီးတစ်လုံး ညှစ်ပြီး၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဆားအနည်းငယ် ဖျော်၍ သောက်ပါ။
(၃) ပဲသီး၊ ဟင်းနုနယ် စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနဲ့ လိမ္မော်သီး၊ သစ်တော်သီးကဲ့သို့ အရည်ရွှမ်းပြီး အမျှင်များတဲ့ သစ်သီးများ စားပါ။
(၆) နံနက်စောစော ၁၅-မိနစ်ခန့် လမ်းသွက်သွက် လျှောက်ခြင်းက အူများကို လှုပ်ရှားကာ ဝမ်းသွားစေပါတယ်။
(၁၁) အရွက်မှာ အမွေးလေးတွေပါတဲ့ ကုလားမြင်းခွာရွက်ပင်၏ အပွင့်ကို သကြားနဲ့ ကြိတ်၍စားပါ။
(၁၃) ကြက်ဟင်းခါးသီးကို ရေနံဆီဖြင့် စိမ်၍ ဝမ်းဗိုက်ကို လိမ်းပေးပါ။
(၁၄) ကြိတ်မှန်ရွက် ၂၅-ကျပ်သားကို ထန်းလျက် ၁၀-ကျပ်သား၊ အရည်ညှစ်ပြီးသော ရှောက်သီးဖတ် ၁၀- ကျပ်သား၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ၁၀-ကျပ်သား၊ စမုံမျိုးငါးပါးကို အမှုန့်နှစ်ပဲ၊ စားဆီတို့ဖြင့် ရောချက်ထားသော ကြိတ်မှန်ရွက်ယိုကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် တစ်နေ့သုံးကြိမ် စားပေးပါ။
Credit : ပေါက်ပေါက်
Unicode
(၁) နံနက်အိပ်ရာထ သောက်ရေ နှစ်​ခွက် ဆက်တိုက် သောက်ပေးခြင်းက အူူတွေကို အလုပ်လုပ်စေလို့ ဝမ်းသွားစေပါတယ်။ (နေ့စဉ် ရေရှစ်ခွက်မှ ၁၀-ခွက်အထိ သောက်တဲ့အကျင့်ကို မွေးမြူပါ)
(၂) သံပရာသီးကလည်း ဝမ်းချုပ်ခြင်းမှ သက်သာစေလိို့ နံနက်အိပ်ရာထ အစာမစားခင်မှာ ရေနွေး တစ်ဖန်ခွက်ထဲကို သံပရာသီးတစ်လုံး ညှစ်ပြီး၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဆားအနည်းငယ် ဖျော်၍ သောက်ပါ။
(၃) ပဲသီး၊ ဟင်းနုနယ် စတဲ့ အစိမ်း်ရောင် ဟင်းသီးဟင်းရွက်များနဲ့ လိမ္မော်သီး၊ သစ်တော်သီးကဲ့သို့ အရည်ရွှမ်းပြီး အမျှင်များတဲ့ သစ်သီးများ စားပါ။
(၄) အမျှင်ဓာတ် ပေါများသော ဂုန်လျှော်စေ့က အစာကြေစေပြီး ဝမ်းချုပ်ခြင်းကို သက်သာ ပျောက်ကင်းစေပါတယ်။
(၅) နွားနို့ပူပူ သောက်ခြင်းက အူမကြီးကို ကောင်းစွာ လှုံ့ဆော်ပေးတာကြောင့် ဝမ်းမချုပ်စေတော့ပါဘူး (သို့မဟုတ်) ညအိပ်ရာဝင်ခါနီး နွားနို့ပူပူထဲမှာ ထောပတ်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်း ပမာဏ ခပ်၍ သောက်ခြင်းဖြင့် နံနက်ပိုင်း ရှောရှောရှုရ ဝမ်းသက်စေပါတယ်။
(၆) နံနက်စောစော ၁၅-မိနစ်ခန့် လမ်းသွက်သွက် လျှောက်ခြင်းက အူများကိို လှုပ်ရှားကာ ဝမ်းသွားစေပါတယ်။
(၇) သဖန်းသီး၊ ပဲကတ္တီပါ၊ မြေပဲ၊ စွန်ပလွန်သီး၊ ပဲပင်ပေါက် စားပေးပါ။ (၈) မာလကာသီး (အူနီ) အမှည့်ကလည်း ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။
(၈) ကြံရည်၊ ခရမ်းချဉ်သီးနဲ့ beet root (ခေါ်) သကြား မုန်လာဥ (ခေါ်) သွေးရောင်ကဲ့သို့ မုန်လာဥနီ အလုံးတို့ကလည်း ဝမ်းသက်စေလို့ စားပေးပါ။
(၉) နံနက်တိုင်း သင်္ဘောသီးမှည့်မှည့် စားပါ။
(၁၀) ပန်းသီးကလည်း ဝမ်းချုပ်ခြင်းကို ကောင်းကျိုးပြုတဲ့ အတွက် တစ်နေ့နှစ်လုံး မှန်မှန် စားသင့်ပါတယ်။
(၁၁) အရွက်မှာ အမွေးလေးတွေပါတဲဲ့ ကုလားမြင်းခွာရွက်ပင်၏ အပွင့်ကို သကြားနဲ့ ကြိတ်၍စားပါ။
(၁၂) ကြက်ဟင်းခါးသီးကို သောက်ရေ၊ ဆားတို့နဲ့ စိမ်ပြီး သောက်ပါ။
(၁၃) ကြက်ဟင်းခါးသီးကို ရေနံဆီဖြင့် စိမ်၍ ဝမ်းဗိုက််ကို လိမ်းပေးပါ။
(၁၄) ကြိတ်မှန်ရွက် ၂၅-ကျပ်သားကို ထန်းလျက်် ၁၀-ကျပ်သား၊ အရည်ညှစ်ပြီးသော ရှောက်သီးဖတ် ၁၀- ကျပ်သား၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ၁၀-ကျပ်သား၊ စမုံမျိုးငါးပါးကို အမှုန့်နှစ်ပဲ၊ စားဆီတို့ဖြင့် ရောချက်ထားသော ကြိတ်မှန်ရွက်ယိုကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် တစ်နေ့သုံးကြိမ် စားပေးပါ။
Credit : ပေါက်ပေါက်
Saturday, March 30, 2019
“အမျိုးသားများအတွက် အူကျရောဂါပျောက်သော ဆေးနည်း”
“အမျိုးသားများအတွက် အူကျရောဂါပျောက်သော ဆေးနည်း”
ဆေးနည်းမှာ------
ရွှေဖရုံသီး၏ အညှာကို နေလှန်းပြီး အညှာအခြောက်နှင့် ဆန်ဆေးရည် သွေးကာ အူကျစဖြစ်နေ၍ ရောင်ရမ်းလာသော ကပ်ပယ်အိတ်တစ်ခုလုံးကိုလိမ်းပေးခြင်းပင် ဖြစ်ပါသည်။ 
ဤသို့ မကြာခဏ လိမ်းပေးခြင်းဖြင့် အူကျရောဂါ သက်သာပျောက်ကင်းစေပါသည်။  
နောက်တစ်နည်း-----
ဇာတိပ္ဖိုလ်သီး အဆန်ကို ကြက်ဥအကာရည်(အလယ်အဝါနှစ်မပါ)နှင့် ကျောက်ပျဉ်တွင်သွေး၍  တစ်နေ့ (၃)ကြိမ် လိမ်းပေးပါက အူကျရောဂါ  သက်သာ ပျောက်ကင်းစေပါသည်။
နောက်တနည်း......
မုတ်ခါးနဲ့သံပုရာရည် ရောလိမ်းပါ။
မုတ်ခါးကို တိုင်းရင်းဆေးဆိုင်များမှာဝယ်ယူနိုင်ပါတယ်။
မရနိုင်ပါက တစောင်းလက်ပက်ကို ဓားနဲ့ဖြတ် ထွက်လာတဲ့အစေးကို သံပုရာရည် နဲ့သွေးလိမ်းပါ။
Credit #မေသတင်းရပ်ကွက်လေး
" အူကျရောဂါ ( HERNIA) ပျောက်ဆေး "
၁။ အူကျရောဂါ ( HERNIA) ဆိုသည်မှာ
        အူကျရောဂါသည် အသက်ကြီးငယ်မရွေး ယောက်ျားများတွင် ဖြစ်တတ်ပါသည်။ အထူးသဖြင့် ပြေးလွှားလှုပ်ရှားကစားနေရသည့် အားကစားသမားများတွင် ပိုမိုအဖြစ်များပါသည်။ အူကျရောဂါဖြစ်ပါက ခွဲစိတ်ကုသရန် ကုန်ကျစရိတ်များပြားလှပါသည်။ငွေကြေးချို့တဲ့သူများအနေနှင့်  ကုသရန်မလွယ်ကူပါ။ 
          ယခုကျွန်တော် တင်ပြမည့် ဆေးနည်းမှာ အလွန်လွယ်ကူပြီး အမြန်ဆုံးပျောက်ကင်းသောဆေးနည်း ဖြစ်ပါသည်။
၂။  ဆေးလိမ်းရာတွင် ပါဝင်မုန့်ပစ္စည်း ၂ မျိုး
         ( ၁)  ဂမုန်းတိမ်ပြာဥ
         ( ၂) ဆန်ဆေးရည်
       မှတ်ချက် - ဂမုန်းတိမ်ပြာပင်သည် ပုံတွင်ဖော်ပြထားသည့်  အတိုင်းအပင်၏ အရွက်များတွင် အပြာစင်းများပါရှိရမည်။
                    - ဂမုန်းတိမ်ပြာဥကိုခွဲကြည့်ပါက ပုံတွင်ဖော်ပြထားသည့်အတိုင်း အပြာရောင်ဖြစ်ရပါမည်။
၃။ ဆေးလိမ်းနည်း
   (၁) ဂမုန်းတိမ်ပြာဥကိုဆန်ဆေးရည်ဖြင့် ကျောက်ပျဉ်ပေါ်တွင် ခပ်ပျစ်ပျစ်သွေးပါ။
  ( ၂)  ပက်လက်အနေအထားဖြင့် ဒူး၂ ဘက်ဒေါင်လျက် ကပ္ပာယ်အိတ် ၂ဖက်စလုံးအား အောက်မှအထက်သို့ ဆေးရည်ဖြင့် လိမ်းပေးပါ ( ကပ္ပာယ်အိတ်အောက်သို့ ဆေးရည်ဖြင့်ဆွဲချခြင်း လုံးဝမလုပါရန်သတိပြုပါ)  
   (၃) ဆေးလိမ်းထားစဉ်အတွင်း အနည်းဆုံး ၁၅ မိနစ်ခန့် ပက်လက်အနေအထားဖြင့်ငြိမ်နေပါ။ လိမ်းထားသောဆေးရည်များ မြန်မြန်ခြောက်စေရန် ယပ်ခတ်ပေးပါက ပိုကောင်းပါ၏။
    (၄)  ဆေးကို တစ်နေ့ ၂ ကြိမ်( နံနက်/ ည) လိမ်းပေးပါ။
၎။ အထူးအာမခံချက်
     (၁) အူကျဝေဒနာဖြစ်ခါစ (အနည်းဆုံး၁၀ ရက်ခန့်) ဆိုပါက ၃ ရက်အတွင်းပျောက်ကင်းပါသည်။ 
     ( ၂)  အူကျဝေဒနာကာလ ကြာရှည်သူများမှာ ၁လအတွင်းပျောက်ကသ်းပါသည်။
၅။ အထူးသတိပြုရန်
          ဂမုန်းတိမ်ပြာဥကိုသွေးရာတွင် ရိုးရိုးရေနှင့်မသွေးပဲ ဆန်ဆေးရည်နှင့်သွေးရခြင်းမှာ ဂမုန်းတိမ်ပြာဥသည် အနည်းငယ်ပူသော သဘောရှိခြင်းကြောင့် ဆန်ဆေးရည်ဖြင့် သွေးလိမ်းရခြင်းဖြစ်ပါသည်။
Ref: မြန်မာ့ဆေးမြီးတို
Friday, March 29, 2019
သွေးကျဆေး ၃ မျိုးဟာ ကင်ဆာရောဂါ ဖြစ်စေနိုင်သည်ဟု အတည်ပြု
သွေးကျဆေး ၃ မျိုးဟာ ကင်ဆာရောဂါ ဖြစ်စေနိုင်သည်ဟု အတည်ပြု
စင်ကာပူမှာ လူနာပေါင်း ၁ သိန်းကျော်ဟာ အဆိုပါ ဆေးများကို လက်ရှိ သောက်သုံးနေတာပါ။
စင်ကာပူမှာ သွေးတိုးအတွက် သောက်ဆေး ၃ မျိုးဟာ ကင်ဆာရောဂါဖြစ်စေနိုင်တာမို့ ကျန်းမာရေးဝန်ကြီးဌာနမှ အဆိုပါသွေးကျဆေးများ သောက်နေသူ လူနာများကို  ပြန်ပြီး ဆေးစစ်နိုင်ဖို့ စီစဉ်နေပါပြီ။
အဆိုပါ ဆေး ၃ မျိုးကတော့
(၁) Hyperten tablet
(၂) Losagan tablet
(၃) Losartas tablet. တို့ ဖြစ်ပါတယ်။ ပုံထဲက ဇယားထဲမှာ ဆေးနာမည်၊ စင်ကာပူမှာ ဆေးရောင်းတဲ့ ကုမ္ပဏီနဲ့ ဆေးပမာဏကိုပါ အလွယ်တကူ နားလည်နိုင်ရန်ဖော်ပြထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ ဆေးရုံ ဆေးခန်းများမှ သွေးတိုးရှိသူ လူနာများအတွက် အများဆုံး အသုံးပြုနေတဲ့ အဆိုပါ  ဆေး မှာ ပါဝင်တဲ့  losartan postassium ဆေးပစ္စည်းဟာ သောက်သုံးသူလူနာများကို ရေရှည်မှာ ကင်ဆာရောဂါ ခံစားစေနိုင်တယ်ဆိုတာ စမ်းသပ်ချက်များအရ အတည်ပြုလိုက်ပြီမို့ လက်ရှိ သောက်သုံးရန် ညွှန်းထာသူ လူနာများကို ဆေးများကို ဆက်ပြီး မသောက်ရန် အသိပေးထားပါတယ်။ 
အဆိုပါ losartan postassium ဆေးပစ္စည်းကို အိန္ဒိယနိုင်ငံ ဆေးဝါးစက်ရုံ တစ်ရုံမှ ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ မှတ်တမ်းအရ စင်ကာပူမှာ အဆိုပါ  ကို သောက်သုံးနေသူ လူနာပေါင်း ၁၃၇,၀၀၀ ရှိနေပါတယ်။ ဒါကြောင့် အဆိုပါဆေးများ သောက်နေတဲ့ လူနာများရဲ့ ကျန်းမာရေးအခြေအနေကိုစစ်ဆေးဖို့ သက်ဆိုင်ရာ ဆေးရုံ ဆေးခန်းများမှ တဆင့် အကြောင်းကြားပါလိမ့်မယ်။ 
ဆေးဝါးအတွက် အသုံးပြုတဲ့ ဆေးပစ္စည်းတွေထဲမှာ ပါဝင်တဲ့ nitrosamine inpurity, N-nitro-N-methyl-4-aminobutyric acid (NMBA) ဟာ နိုင်ငံတစ်ကာ ခွင့်ပြုတဲ့ သတ်မှတ်နှုန်ူထားတဲ့ ကျော်လွန်နေတယ်လို့ ဆိုပါတယ်။ nitrosamines ဓာတ် သောက်သုံးမှုများလာပါက ကင်ဆာ ရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ရှိတာကိုလည်း စင်ကာပူ HSA မှ သတင်း ဌာနကို ရှင်းပြထားပါတယ်။
မြန်မာတွေထဲမှာ အဆိုပါ ဆေး ၃ မျိုးကို သွေးတိုးရောဂါအတွက် သောက်သုံးနေရင် သောက်နေရာမှ ချက်ခြင်း ရပ်တန့်တာမျိုး မလုပ်ဘဲ ဆရာဝန်နဲ့ တိုင်ပင်ကာ အစားထိုးမည့် ဆေးကို ဆရာရဲ့ ညွှန်ကြားမှုကို ခံယူသင့်ပါတယ်လို့ သတင်းမှာ ရေးထားပါတယ်။
ဇူလိုင်လ ၁ ရက်နေ့ မတိုင်ခင် ဆေးစစ်ဆေးရန် ရက်ချိန်းယူပြီးသားသူများအတွက် ဆက်ပြီး ဆေးစစ်ချက်ရယူပါလို့ တိုက်တွန်းထားသလို နောက်ပိုင်းရက်များမှာ ရက်ချိန်းယူထားသူများကိုတော့ ဆေးရုံ ဆေးခန်းများမှ ဆက်သွယ်ပြီး ရက်ချိန်းအတွက် စီစဉ်မယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အထူး သတိပြုရန် - သောက်လက်စဆေးကို ချက်ခြင်း မရပ်ပါနှင့်၊ ဆေးအစားထိုးရန် ဆရာဝန်ရဲ့ ညွှန်ကြားချက်ရယူပါ။
သတင်းမူရင်း - CNA
https://www.channelnewsasia.com/news/singapore/hsa-recalls-3-brands-blood-pressure-drugs-losartan-impurity-11389238
HSA recalls 3 brands of high blood pressure drugs over potentially harmful impurity
SINGAPORE: Three brands of high blood pressure medicine containing the ingredient losartan have been recalled because they contain higher than acceptable levels of a potentially harmful impurity, the Health Sciences Authority (HSA) said on Thursday (Mar 28).
The drugs contain the active ingredient losartan potassium, which was manufactured by Indian pharmaceutical company Hetero Labs.
The affected products are the 50mg and 100mg tablets from the brands Losartas, Losagen and Hyperten and distributed by local suppliers Apotheca Marketing, Medicell Pharmaceutical and Goldplus Universal, respectively.
About 137,000 patients in Singapore are using the three recalled brands of losartan medicine, said the Ministry of Health (MOH).
Losartas is prescribed in public healthcare institutions, while Losartas, Losagen and Hyperten are prescribed at private healthcare institutions.
HSA has advised patients not to stop treatment on their own as there is no immediate health risk and sudden stopping of the drugs can pose greater immediate risk to their health.
Losartan Table 1
(Source: Health Sciences Authority)
HIGH EXPOSURE OVER A LONG PERIOD MAY INCREASE CANCER RISK
The recalled products were found to contain trace amounts of a nitrosamine impurity, N-nitro-N-methyl-4-aminobutyric acid (NMBA), which are above internationally accepted levels, HSA said.
Exposure to nitrosamines at high quantities over a long-term period may potentially increase the risk of cancer.
For example, the added cancer risk from an additional six-month exposure is estimated to be less than 0.0002 per cent.
“The risks of trace amounts of NMBA are associated with long term exposure. Sudden stopping of the medicines can pose greater and more immediate risk to patient’s health … We have advised healthcare professionals to review the medicine and treatment plans of their patients,” HSA said.
Losartan Losagen 50mg
The affected products contain the active ingredient losartan potassium. (Photo: Health Sciences Authority)
Losartan Losartas 50mg
Affected consumers are advised to consult their medical providers. (Photo: Health Sciences Authority)
HSA said that several losartan medicines have been recalled overseas since end-February due to the presence of NMBA. It tested all locally marketed losartan products for the presence of the NMBA impurity and in March found the three brands contained trace amounts of NMBA above acceptable levels.
The other seven brands of losartan medicines marketed in Singapore are not affected by this impurity.
image: https://www.channelnewsasia.com/image/11389242/0x0/978/651/a775c2a9b2580e8317c1c066db244f12/SK/losartan-table-2.jpg
Losartan Table 2
(Source: Health Sciences Authority)
NO IMMEDIATE HEALTH RISK
National Heart Centre Singapore Cardiologist Professor Ding Zee Pin said that there is no immediate health risk associated with taking the affected medicines and that patients are advised not to stop or change treatment on their own.
“As losartan is used to treat high blood pressure, stopping the medicine without replacement of other equivalent medication can increase the risk of poor control of blood pressure,” said Professor Ding, who is also on HSA's Expert Panel on Nitrosamines.
Consumers who are taking the affected medication are advised to discuss their treatment plan with their healthcare provider.
“Do not stop taking the medicines on your own until you have been provided with a replacement brand of losartan or a different medicine by your healthcare provider,” HSA said.
MOH said in its release that public healthcare institutions will be reaching out to their patients.
Those with medical appointments scheduled before Jul 1 should proceed with their appointments, at which point their doctor will advise them on alternative medicines, MOH said.
Patients whose medical appointments are scheduled on or after Jul 1 will be contacted for an earlier consultation.
TESTS CONDUCTED ON OTHER BLOOD PRESSURE MEDICATION
Losartan belongs to a class of medicines called angiotensin II receptor blockers (ARBs), which are used to treat high blood pressure, also known as hypertension.
HSA said that since June 2018, several ARB medicines have been recalled overseas due to the presence of two other nitrosamine impurities, N-Nitrosodimethylamine (NDMA) and N-Nitrosodiethylamine (NDEA).
HSA said it has tested the locally marketed ARB medicines and found that none of them contained unacceptable levels of the two impurities.
"HSA is working with companies and international regulatory agencies to verify the cause of contamination, and to formulate measures to address the issue," it said.
"HSA will require companies to make the necessary changes to their manufacturing process to ensure that the medicines do not contain these impurities in future," it added.
Read more at https://www.channelnewsasia.com/news/singapore/hsa-recalls-3-brands-blood-pressure-drugs-losartan-impurity-11389238
*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***
ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!