Popular Posts!

Showing posts with label စစ်ပွဲ. Show all posts
Showing posts with label စစ်ပွဲ. Show all posts

Monday, May 6, 2019

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ
















#လိင်ဖျော်ဖြေရေး_အမျိုးသမီးများအကြောင်း

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ ကျူးလွန်ခဲ့ကြသော စစ်ရာဇဝတ်မှုများထဲမှ ယနေ့အထိ တရုတ် နယ်သာလန်(ဒတ်ခ်ျ) ကိုးရီးယား ဖိလစ်ပိုင် စသည့် အာရှနိုင်ငံအတော်များများနှင့် (မြန်မာအပါအဝင်) ပြေလည်မှုမရှိသေးသည့် နောက်ထပ် ပြသာနာ တရပ်မှာ လိင်ဖျော်ဖြေရေး အမျိုးသမီးများ၏ ပြုကျင့်ခံခဲ့ရသည့် ကိစ္စရပ်များ ဖြစ်သည်။

လိင်ဖျော်ဖြေရေးအမျိုးသမီးအဖွဲ့ဆိုသည်မှာ တနည်အားဖြင့် အတင်းအဓမ္မ လိင်ကျွန်အဖြစ် စေခိုင်းရန် ဖွဲ့စည်းထားသည့် ပြည့်တန်ဆာ တပ်ဖွဲ့ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တော်ဝင်တပ်မတော်သည် သူတို့ သိမ်းပိုက်ရရှိသော နယ်မြေအတွင်းမှ အမျိုးသမီးများကို စုဆောင်းပြီး လိင်ကျွန်အဖြစ် စေခိုင်းရန် အမျိုးသမီးနှင့် မိန်းကလေးငယ်များကို လိင်ဖျော်ဖြေရေး စခန်းများသို့ ဖမ်းဆီးခေါ်ဆောင် ခဲ့ကြသည်။ 

ဂျပန်အမျိုးသမီး ၂၀၀၀၀ ကျော်ခန့်အပြင် အခြားသော နိုင်ငံများမှ အမျိုးသမီး ၃ သိန်းခွဲခန့်မှ ၄ သိန်းကျော်အထိ ရှိနိုင်သည်ဟု တရုတ် သမိုင်းပညာရှင်များက ခန့်မှန်းကြသည်။ တောင်ကိုးရီးယား အစိုးရကတော့ သူတို့တစ်နိုင်ငံတည်းပင် ၂ သိန်းကျော်သည်ဟု ပြောကြားခဲ့ပါတယ်။ အများစုမှာ တရုတ် ကိုးရီးယား ဖိလစ်ပိုင်တို့မှ ဖြစ်ပြီး ဒတ်ခ်ျ (အင်ဒိုနီးရှားတွင် နေထိုင်သော နယ်သာလန်နိုင်ငံသူ) အရှေ့တီမော သြစတေးလျနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံတို့မှ ဖြစ်ကြပြီး လိင်ဖျော်ဖြေရေး စခန်းများကို မြန်မာ ဗီယက်နမ် ထိုင်း ထိုင်ဝမ် မန်ချူးရီးယားနှင့် မလေးရှား စင်္ကာပူတို့တွင် အများဆုံး ဖွင့်လှစ်ထားခဲ့ကြသည်။ 

ဂျပန်စစ်တပ်မှ ပြည့်တန်ဆာများ

ဒုတိယကမ္ဘာစစ် မစတင်မှီ နန်ကျင်းမြို့တွင် ဖြစ်ပွားခဲ့သော မုဒိန်းမှုများနှင့် အိမ်လွမ်းသည့် ဝေဒနာကို ခံစားနေရခြင်း လိင်စိတ်ရလိုမှုမှ ဖြစ်ပေါ်လာသည့် ရန်လိုမှုများကို တားဆီးရန် အလို့ငှာ အဆိုပါ လိင်ဖျော်ဖြေရေးစခန်းသည် ဂျပန်စစ်တပ်၏ မုဒိန်းကျင့်သည့်အမှုများ ရန်လိုမှုများ ကျူးလွန်ခြင်းကို အထိုက်အလျောက် တားဆီးပေးနိုင်ရန် ရည်ရွယ်သည်။ အဆိုပါ ယူဆချက်အများကြောင့် ပြည့်တန်ဆာတပ်ဖွဲ့များကို ဂျပန်စစ်တပ်များတွင် တာဝန်ထမ်းဆောင်စေပြီး စစ်ပွဲအတွင်း ဆေးကုသခြင်း သူနာပြုများအဖြစ်လည်းကောင်း လိင်ဖျော်ဖြေရေးများအဖြစ်လည်းကောင်း အသုံးချခဲ့ကြသည်။ နောက်ထပ် ရည်ရွယ်ချက်တစ်ခုက ဂျပန်စစ်တပ်ဟာ အကြောက်ဆုံး ၂ ခုကတော့ စစ်ပန်းမှုကြောင့် ဂျပန်စစ်သားတွေ ပုန်ကန်လာမှာနဲ့ စစ်တပ်အတွင်း အဓိကရုဏ်းတွေ ဖြစ်လာမှာကိုပါပဲ။ ဒါဟာ ဘာကြောင့် ပြည့်တန်ဆာတွေကို ထားရှိရလဲဆိုတဲ့ အကြောင်းရင်းထဲက အဓိကကျတဲ့ အချက် ၂ ချက်ပါပဲ။ 

နန်ကျင်းမြို့ အကြမ်းဖက်ခံရခြင်း 

https://www.facebook.com/tianxiadiyi888888/posts/1832690423666707

ပြည့်တန်ဆာစခန်းများ 

ပထမဆုံး လိင်ဖျော်ဖြေရေးစခန်းကို ၁၉၃၂ ခုနစ်၌ တရုတ် ရှန်ဟိုင်းမြို့မှ စတင်တည်ထောင်ခဲ့ပါတယ်။ ပထမဆုံး ပြည့်တန်ဆာတွေကတော့ ဂျပန်နိုင်ငံမှ နိုင်ငံတော်အတွက် ပြည့်တန်ဆာအဖြစ် တာဝန်ထမ်းဆောင်မည်ဟု ဝင်ရောက်လာတဲ့ ဂျပန်မိန်းကလေးများပဲ ဖြစ်ကြပါတယ်။ ဒါပေမယ့် ဂျပန်တို့ဟာ စစ်အင်အားကို တိုးချဲ့ခဲ့အတွက် ပြည့်တန်ဆာမလုံလောက်မှုကြောင့် ဒေသတွင်းမှာ ရှိတဲ့ တရုတ်အမျိုးသမီးများကိုပါ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်စေခဲ့ပါတယ်။ ခေါ်ယူရာတွင်လည်း အတင်းအဓမ္မပုံစံမဟုတ်ပဲ စက်ရုံများမှာ လုပ်ကိုင်ရမည် သို့မဟုတ် သူနာပြု လုပ်ရမည် လိမ်လည်ခေါ်ယူခဲ့ကြပြီး နောက်ပိုင်းမှာ လိင်ကျွန်အဖြစ် အဓမ္မစေခိုင်းခဲ့ကြပါတယ်။ အဲ့နောက်မှာတော့ ကိုးရီးယား တရုတ် ထိုင်ဝမ် မန်ချူးကိုးမှ အမျိုးသမီးများကိုပါ အတင်းအဓမ္မကော လိမ်လည်၍ကော ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာလည်း လိင်ဖျော်ဖြေရေးစခန်းများ ရှိခဲ့ပြီး မြို့တော် ရန်ကုန်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ နေရာကတော့ အတိအကျမသိပေမယ့် မြို့တော်ခန်းမနား သို့မဟုတ် မြို့လယ်ခေါင်က ဂျပန်စစ်စခန်းမှာ ဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။ သိမှီသူများ ပါရင်တော့ ပြောပြပေးစေလိုပါတယ်။ ရန်ကုန် လိင်ဖျော်ဖြေရေး စခန်းမှာကတော့ အများစုဟာ တရုတ် ကိုးရီးယားမှ ဖြစ်ကြပါတယ်။ စစ်ကြီးပြီးခါနီးမှာတော့ တချို့ကို အမေရိကန် စင်္ကာပူနှင့် တခြားသော နေရာများသို့သာ ရွေ့ပြောင်းနေထိုင်ကုန်ကြသည်။ အဓိက အကြောင်းအရင်းကတော့ မူလနေထိုင်ရာ ဒေသရှိ လူများမှ ပြန်လက်မခံမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေသည်။ 

၁၉၄၄ ခုနစ် သြဂုတ်လတွင် မိထ္တီလာတိုက်ပွဲအပြီးတွင် လိင်ဖျော်ဖြေရေး ကိုးရီးယားမိန်းကလေး ၂၀ နှင့် ဂျပန်နိုင်ငံသား ၂ ဦးကို မဟာမိတ်တပ်များမှ ဖမ်းဆီးရမိခဲ့သည်။ စစ်ကြောချက်များအရ ၁၉၄၂ ခုနစ် မေလဝန်းကျင်တွင် ဂျပန်အေးဂျင့်များ ကိုးရီးယားသို့ ရောက်လာပြီး သူတို့အပါအဝင် မိန်းကလေး ၈၀၀ ခန့်ကို အရှေ့တောင်အာရှရှိ လိင်ကျွန်စခန်းများတွင် လုပ်ကိုင်ရန် ခေါ်ဆောင်သွားခဲ့ကြောင်း ၇၀၀ ခန့်မှာ ၁၉၄၂ ခုနစ် သြဂုတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်သို့ ရောက်လာခဲ့ကြောင်း အဲ့ဒီကမှ မြန်မာနိုင်ငံအတွင်းရှိ ဂျပန်စစ်စခန်းများသို့ အသီးသီး ပ်ို့ဆောင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်းမှ မိန်းကလေးတချို့လည်း ပါဝင်သေးကြောင်း သိရသော်လည်း အရေအတွက် အတိအကျ မသိရှိသော်လည်း ၂၀၀၀ ဝန်းကျင်ခန့် ရှိနိုင်မည်ဟု ခန့်မှန်းကြသည်။ လိင်ကျွန်အဖြစ် စေခိုင်းခံရသော နိုင်ငံများထဲတွင် ကိုးရီးယားမှာ အများဆုံးဖြစ်ပြီး ၅၀% နီးပါး တရုတ် ၃၀% နီးပါး ဂျပန် ၁၂% ခန့်နှင့် တခြားလူမျိုး ၈% ခန့် ရှိသည်ဟု ခန့်မှန်းရသည်။ 

လိင်ဖျော်ဖြေမယ်များအပေါ် ဆက်ဆံမှုများ

လိင်ဖျော်ဖြေရေး အမျိုးသမီး ၄ပုံ ၃ပုံခန့်မှာ သေဆုံးခဲ့ကြပြီး အသက်ရှင်ကျန်ရစ်သူ အများစုမှာ လိင်ပိုင်းဆိုင်ရာ စိတ်ဝေဒနာနှင့် လိင်ပိုင်းဆိုင်ရာ ရောဂါဝေဒနာများကို ခံစားခဲ့ရသည်။ ရိုက်နှက်ခံရခြင်း ကိုယ်ခန္ဓာကို အကြမ်းဖက်ခံရခြင်းများကလည်း အဓိကကျပြီး စိတ်ဓာတ်ကျဝေဒနာများကို ခံစားရစေသည်။ 

လိင်ဖျော်ဖြေခန်းမှ ဇာတ်လမ်းဆိုးပေါင်း များစွာထဲမှ ဥပမာတစ်ခုအနေဖြင့် ဒတ်ခ်ျအမျိုးသမီး ၁၀ ဦးကို ထောင်တွင်းသို့ ဂျာဗားကျွန်းရှိ အရာရှိများက ခေါ်ဆောင်လာခဲ့ပြီး ဂျပန်စစ်တပ်ထံသို့ ၁၉၄၄ ဖေဖော်ဝါရီတွင် အပ်နှံခဲ့သည်။ ထိုမိန်းကလေးတို့သည် နည်းစနစ်တကျ ညှင်းပန်းနှိပ်စက်ခြင်း ရိုက်နှက်ခြင်း မုဒိန်းကျင့်ခံရခြင်းများကို နေ့ရော ညပါ ခံခဲ့ရသည်။ ၄ လကြာပြီးနောက် ထိုအထဲမှ တစ်ယောက်မှာ ကိုယ်ဝန်ရလာခဲ့ရတာ အတင်းအဓမ္မ ကိုယ်ဝန်ဖျက်ချခြင်း ခံခဲ့ရသည်။ ထိုအဖြစ်အပျက်များကို ပြန်လည် ပြောပြာခဲ့သူမှာ Ruff-O'Herne ဆိုသည့် အမျိုးသမီးဖြစ်သည်။ မြန်မာနိုင်ငံက အမျိုးသမီးငယ်တွေကတော့ အရှက်တရားကြောင့် ထိုကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိတာလို့ ယူဆရတယ်ဟု ကိုးရီးယားရှိ လိင်ကျွန်အရေး လှုပ်ရှားသူများက ၂၀၀၀ ခုနစ်လောက်တုန်းက ဆိုခဲ့ပါတယ်။ Ruff-O'Herne ဟာ ၁၉၄၅ ခုနစ်မှာ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ သူမ ပြောကြားချက်အရ မိန်းကလေးတိုင်းဟာ စခန်းတွင်းရှိ စုပေါင်းအိမ်ဟာတစ်ခုမှာ နေထိုင်ကြရပြီး လိင်ဖျော်ဖြေရေးအခန်းများတွင် လိင်ဖျော်ဖြေပေးရသည်။ တစ်နေ့လျှင် အနည်းဆုံး စစ်သား ၂၅ ယောက်ကနေ ၃၅ ယောက် အတွက် လိင်ဖျော်ဖြေပေးခဲ့ရသည်ဟု ဆိုသည်။ ထိုစခန်း၌ တာဝန်ကျခဲ့သူ ရေတပ်မှ တပ်ကြပ်ကြီး တစ်ဦးကတော့ စိတ်မချမ်းမြေ့စရာ ငိုယိုသံများ အော်ဟစ် အကူအညီ တောင်းခံသံများကြောင့် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်ဟု သူ၏ နေ့စဉ်မှတ်တမ်းတွင် ရေးသားခဲ့သည်။ 

လိင်ဖျော်ဖြေရေးစခန်းများကို နေရာဒေသအလိုက် နံနက် ၉ နာရီ ၁၀ နာရီခန့်မှ စတင် ဖွင့်လှစ်ပြီး အလှည့်ကျ စနစ်ဖြင့် ဝင်ရောက်ကြရသည်။ လိင်ဖျော်ဖြေရေးစခန်းများတွင် အပန်းဖြေရန် လက်မှတ်များကို ခွဲတမ်းချပေးလေ့ ရှိသည်။ ညနေ ၆ နာရီကို အဆောင်ပိတ်ချိန်အဖြစ် သတ်မှတ်ထားသည်။ သို့သော် လိင်အပျော်မယ်များမှာ အနားယူခွင့် ၁ နာရီသာ ရရှိပြီး ၇ နာရီခန့်တွင် အားလပ်နေသော အရာရှိများအတွက် ပြန်လည်ဖျော်ဖြေပေးရသည်မှာ ည ၁၁ နာရီခန့်အထိ ဖြစ်ပြီး ရံဖန်ရံခါ အချိန်အကန့်အသတ် မရှိပေ။ 

လိင်အပျော်မယ်များကို အခကြေးငွေ အနည်းငယ် လစဉ်ပေးအပ်ထားသော်လည်း တချို့မှာ လစာငွေ ရရှိသော်လည်း တချို့ အရာရှိများမှာ ပေးအပ်ခြင်း မရှိပဲ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ကြသည်။ တခါတရံ အမျိုးသမီး အသုံးအဆောင်များကို မဲဖောက်ပေးခြင်း ရောင်းချပေးခြင်းများလည်း ပြုလုပ်ပေးလေ့ ရှိသည်။ သို့သော် ညံဖျင်းသော ပစ္စည်းများသာ ဖြစ်ကြသည်။ အားလပ်ရက်အဖြစ် တလလျှင် ၁ ရက် သို့မဟုတ် ၂ ရက် ရရှိသည်။  လိင်ဖျော်ဖြေခန်းများတွင် အလုပ်လုပ်နေရချိန်တွင် အားလပ်ရက်ဟူ၍ အတိအကျ မရှိပေ။ (မီးနီနေတာတောင် အတင်းဖြတ်မောင်းကြတဲ့ သဘော။) 

မြန်မာနိုင်ငံမှာရှိတဲ့ လိင်ဖျော်ဖြေရေးစခန်းတွေ အများစုကတော့ လွတ်လွတ်လပ်လပ် နေထိုင်ခွင့် ရကြတယ်လို့ အမေရိကန်စစ်ရာဇဝတ်မှု စာတမ်းမှာ ရေးသားထားပါတယ်။ မြန်မာနိုင်ငံ မြစ်ကြီးနားမြို့က ဂျပန်လိင်ဖျော်ဖြေရေးစခန်းမှာ တာဝန်ကျခဲ့တဲ့ ကိုးရီးယားလူမျိုး စခန်းတာဝန်ခံကတော့ မဟာမိတ်တွေ ဝင်လာချိန်မှာ ထွက်ပြေးခဲ့ပါတယ်။ သူ့ရဲ့ ထွက်ဆိုချက်အရ အဆိုပါစခန်းရှိ အမျိုးသမီးများဟာ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် ရရှိကြပြီး အားကစားလှုပ်ရှားမှုများလဲ ပြုလုပ်ခွင့် ရပါတယ်။ ကျွန်တော့်အထင်ကတော့ မြန်မာနိုင်ငံဟာ သူတို့မွေးရပ်မြေနဲ့ အတော်ဝေးကွာလ်ို့ ဒီလိုအခွင့်အရေးမျိုး ရကြတာလ်ို့ ထင်ပါတယ်။ မြို့နဲ့ အနီးဝန်းကျင်ကို ပျော်ပွဲစားထွက်ခွင့်လဲ ရကြသလို တခြားဒေသတွေဖြစ်တဲ့ တရုတ် အင်ဒို မလေးရှား စသည့်နိုင်ငံများက လိင်ဖျော်ဖြေရေးမယ်များနှင့် မတူပဲ သန့်ရှင်းသပ်ရပ်စွာ ဝတ်စားနေထိုင်ခွင့်လည်း ရပါတယ်။ 

စစ်ကြီးပြီးတဲ့နောက်မှာတော့ အများစုဟာ မူလနေထိုင်ရာ ဒေသကို ပြန်ခွင့်ရခဲ့ပေမယ့် တချို့ကတော့ စင်္ကာပူ မလေးရှား အမေရိကန် စသည့် နိုင်ငံများသို့ ခိုလှုံခဲ့ကြပါတယ်။ ဒေသကို ပြန်လည်ရောက်ရှိခဲ့တဲ့ အမျိုးသမီးတွေဟာလဲ အထက်က ဆိုခဲ့တဲ့အတိုင်း လိင်နဲ့ ပတ်သတ်တဲ့ စိတ်ရောဂါ တခြားဝေဒနာတွေ ခံစားခဲ့ရသလို တချို့ မိန်းကလေးတွေမှာလည်း လက်ထပ်မယ့်လူ မရှိ ဖြစ်ခဲ့ရပါတယ်။ လက်ထပ်ခဲ့တဲ့ မိန်းကလေး တချို့ကလဲ သူတို့ရဲ့ အတိတ်ကြောင့် ကွဲကွာကုန်တာတွေ သို့မဟုတ် အတိတ်ကို ထိတ်လန့်နေရမှုတွေဟာ အချိန်အတော်ကြာတဲ့အထိ အကျိုးဆက်တစ်ခုအနေနဲ့ ခံစားခဲ့ရပါတယ်။ တချို့ မိန်းကလေးတွေကျတော့လဲ နှိပ်စက်မှု ဒဏ်တွေကြောင့် ကိုယ်ဝန်ဆောင်နိုင်ခြင်း မရှိတော့ပါဘူး။ 

ဝန်ချတောင်းပန်မှုများနှင့် လျော်ကြေးငွေ ပေးအပ်ခြင်းများ အထိမ်းအမှတ် ကျောက်စာတိုင်များဘ

၁၉၅၁ ခုနစ်မှ စတင်ကာ ဂျပန်အစိုးရနှင့် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့၏ အတင်းအဓမ္မ စေခိုင်းခံရသည့် လုပ်သားများနှင့် စစ်ပြန်များအတွက် လျော်ကြေးငွေကိစ္စကို ဆွေးနွေးခဲ့ပြီး တောင်ကိုးရီးယားက နစ်နာကြေး ဒေါ်လာ ၃၆၄ မီလီယံကို တောင်းဆိုခဲ့သည်။ ဂျပန်တို့ သိမ်းပိုက်ထားစဉ် အတွင်း အသက်ရှင်ကျန်ရစ်သူအတွက် ဒေါ်လာ ၂၀၀ သေဆုံးသူအတွက် ဒေါ်လာ ၁၆၅၀ ထိခိုက်ဒဏ်ရာကြောင့် မသန်မစွမ်း ဖြစ်သွားသူများ အတွက် ဒေါ်လာ ၂၀၀၀ ဟု ကနဦး ဆွေးနွေးရာတွင် လျာထားခဲ့သည်။ ၁၉၆၅ ခုနစ်တွင် နောက်ဆုံး သဘောတူညီချက်အရ ဂျပန်အစိုးရက လျော်ကြေးငွေ ဒေါ်လာ ၈၀၀ မီလီယံကို အသက်သာဆုံး အတိုးနှုန်းဖြင့် ၁၀ နှစ် ချေးငှားမည်ဟု အကြောင်းပြန်ခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုးရီးယားအစိုးရကတော့ အဆိုပါ ငွေကြေးကို ပြန်လည်ပေးဆပ်ခြင်း မပြုတော့ပါဘူး။ သူတို့ ရပိုင်ခွင့်လို့ ထင်မြင်တာကိုတော့ မှားတယ်လို့ မယူဆသင့်ဘူးဟု ကျွန်တော် ထင်ပါတယ်။ ၁၉၉၄ ခုနစ်မှာတော့ ဂျပန်အစိုးရက မတည်ပြီး Asian Women's Fund (AWF) အဖွဲ့ကို အရပ်ဘက် လူမှုကူညီရေးအဖွဲ့စည်းအဖြစ် ဖွဲ့စည်းခဲ့ပြီး ကိုးရီးယား တရုတ် ဖိလစ်ပိုင် ထိုင်ဝမ် နယ်သာလန်နဲ့ အင်ဒိုနီးရှားက လိင်ဖျော်ဖြေရေးတွင် လုပ်ကိုင်ခဲ့ရသော အမျိုးသမီးများအတွက် ထောက်ပံ့ပေးခဲ့ပါတယ်။ 

လိင်ဖျော်ဖြေရေးအမျိုးသမီးအဖြစ် လုပ်ကိုင်ခဲ့ရသည် ကိုးရီးယား ၆၁ ဦး ထိုင်ဝမ် ၁၃ ဦး ဖိလစ်ပိုင် ၂၁၁ ဦး ဒတ်ခ်ျ ၇၃ ဦး တို့ကို ဂျပန် ဝန်ကြီးချူ ပ် တိုမီအီချီ မူရာယာမ ကိုယ်တိုင် တောင်းပန်ကြောင်း စာရေးသားကာ ထောက်ပံ့ကြေးငွေများကို ပေးအပ်ခဲ့သည်။ သို့သော်လည်း ကိုးရီးယားလူမျိုး လိင်အပျော်မယ်များအဖြစ် လုပ်ကိုင်ခဲ့ရသူများဟာ အဆိုပါ ငွေကြေးဟာ ဂျပန်အစိုးရက ပေးအပ်တာ မဟုတ်ပဲ အရပ်ဘက်အဖွဲ့အစည်း အလှူ ငွေ အနေနဲ့ ပေးအပ်တာ ဖြစ်လို့ မယူနိုင်ဘူးဟု ငြင်းဆန်ခဲ့ပါတယ်။ ဒါ့ကြောင့် AWF အဖွဲ့ဟာ ကိုးရီးယား အမျိုးသမီး ၆၁ ဦးကို ဂျပန်ယန်းငွေ ၅ သန်းအထိ ပေးအပ်ခဲ့ပြီး တောင်းပန်ကြောင်းကိုလည်း ကြောငြာခဲ့ပါတယ်။ အသက်ရှင် ကျန်ရစ်နေသေးတယ် ၁၄၂ ဦးကတော့ တောင်ကိုးရီးယားအစိုးရ ထောက်ပံတာကိုပဲ ယူခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၀၇ ခုနစ်မှာတော့ အစိုးရက ထောက်ပံ့တာကို ဖျက်သိမ်းခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်ဝန်ကြီးချူ ပ် ကီအီချီ မီရာဇာဝါ တက်လာတဲ့အခါမှာလည်း တောင်ကိုးရီးယားသို့ အလည်အပတ် ရောက်လာခဲ့ပြီး တောင်ကိုးရီးယား သမ္မတနှင့် တွေ့ဆုံခဲ့ပြီး တောင်ကိုးရီးယားအမျိုးသား ညီလာခံမှာ မိန့်ခွန်းပြောကြားပြီးနောက် ဒုတိယကမ္ဘာစစ်အတွင်းက အမှားများအတွက် ထပ်မံတောင်းပန်ခဲ့ပါတယ်။ ၁၉၉၈ ခုနစ် ဧပြီလ ၂၈ ရက်နေ့မှာလည်း ဂျပန်အစိုးရ လွှတ်တော်မှာ ဥပဒေသစ်ကို အဆိုတင်သွင်းပြီး အစိုးရက ဒေါ်လာ ၂၃၀၀ ကို ထိခိုက်ခံစားခဲ့ရသူများအား ပေးအပ်ရန် သဘောတူညီခဲ့ပါတယ်။ ၂၀၁၅ ခုနစ်မှာတော့ ထိုအချိန်ကာလက ငွေကြေးတန်ဖိုးနဲ့ ညီမျှတဲ့ ဒေါ်လာ ၃၃၄၅ ကို ပြင်ဆင် သတ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၇ ခုနစ် ရှင်ဇိုအာဘေး တက်လာပြီးနောက်မှာ တကြိမ် တောင်းပန်ခဲ့ပြီးနောက် ၂၀၁၄ ခုနစ်မှာတော့ ဂျပန်ရဲ့ ဝန်ချတောင်းပန်မှုဟာ လုံလောက်ပြီ ဖြစ်သောကြောင့် ဝန်ချတောင်းပန်တာမျိုး လုပ်တော့မှာ မဟုတ်ဖူးဟု ဆိုခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၅ ခုနစ် ရှင်ဇိုအာဘေးနှင့် တောင်ကိုးရီးယား သမ္မတ ပတ်ဂွမ်ဟေးတို့ တွေ့ဆုံခဲ့ကြပြီး ဂျပန်ဟာ ယန် ၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၈.၁ သန်း) ကို ရန်ပုံငွေအဖြစ် ထောက်ပံပေးဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် ကိုးရီးယား အမျိုးသမီးများကတော့ ရှင်ဇိုအာဘေးနဲ့ သူ့အစိုးရဟာ တရားဝင်ဝန်ချတောင်းပန်မှုဟာ မလုံလောက်သေးကြောင်း သူတို့ရည်မှန်းချက်ဟာ ထောက်ပံကြေးငွေ မဟုတ်ကြောင်း ဂျပန်ပညာရေး သမိုင်းစာအုပ်များတွင် သူတို့၏ အကြောင်းကို ထည့်သွင်းရေးသားကာ နောင်လာနောက်သားတို့ အတွက် သင်ခန်းစာရစေရန် ထည့်သွင်းပေးရေး စသည်တို့ပါ တောင်းဆိုခဲ့ကြပါတယ်။

လိင်ဖျော်ဖြေရေးအမျိုးသမီးများအတွက် အထိန်းအမှတ် ကျောက်စာတိုင် ရုပ်တုများကို ကိုးရီးယား ထိုင်ဝမ် တရုတ် ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေမှာ အများအပြား တွေ့နိုင်ပါတယ်။ 

ယခု Post ဟာ အမုန်းပွားစေရန် မဟုတ်ပဲ စစ်ပွဲကြောင့် ထိခိုက်ခံစားမှုများ စစ်ရာဇဝတ်မှုများ စသည့်တို့ကို ဗဟုသုတအနေဖြင့် ရရှိစေရန် ရည်ရွယ်ပါသည်။ 

#SwamHtet(天下第一)

အစ္စရေး ပါလက်စတိုင်း တိုက်ပွဲပြင်းထန်



ဂါဇာကမ်းမြှောင်ကနေ ပါလက်စတိုင်း စစ်သွေးကြွတွေက ဒုံးကျည် အစင်းပေါင်း ရာနဲ့ချီပြီး ပစ်ခတ်ခဲ့ပြီး အစ္စရေးလ်ဘက်ကလည်း ဂါဇာတ၀န်းကို လေကြောင်းကနေ တုံ့ပြန် တိုက်ခိုက်နေပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွင်း အနည်းဆုံး ပါလက်စတိုင်း ၈ ဦးနဲ့ အစ္စရေးလ် ၃ ဦး သေဆုံးရပါတယ်။ ဒုံးကျည် သတိပေးချက် ဥသြသံတွေဟာ စနေ တရက်လုံး ဆူညံနေခဲ့ပြီး တနင်္ဂနွေနေ့ အထိ ကြားနေရပါတယ်။ ဂါဇာနယ်စပ် အနီးမှာ နေတဲ့ အစ္စရေးလ်ပြည်သူတွေကတော့ ဗုံးခိုဆောင်ကို ၁၅ စက္ကန့် အတွင်း ရောက်နိုင်ပါတယ်။ အိမ်ပေါ်ကို ဒုံးကျည် တိုက်ရိုက်ထိမှန်တာကြောင့် အစ္စရေးလ် အမျိုးသား တဦး သေဆုံးပြီး အစ္စရေးလ် တောင်ပိုင်း Ashkelon မြို့က အလုပ်ရုံ တခုကို ဒုံးကျည် ထိမှန်တာကြောင့်လည်း တဦး သေဆုံးခဲ့ပါတယ်။

အစ္စရေးလ်ဘက် လေကြောင်း တိုက်ခိုက်မှုပေါင်း ဒါဇင်နဲ့ချီ တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး ဟားမတ်စ် နဲ့ အစ္စလာမ္မစ် ဂျီဟဒ် နှစ်ဖွဲ့လုံးရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ အစ္စလာမ္မစ် ဂျီဟဒ်တွေက တိုက်ခိုက်တာဆိုပေမယ့် ဂါဇာကို ထိန်းချုပ်ထားတဲ့ Hamas မှာလည်း တာဝန်ရှိတယ်လို့ အစ္စရေးလ်က ပြောပါတယ်။ မြေပြင်ကနေ ကျူးကျော်ဝင်ရောက်လာနိုင်ခြေ အတွက်လည်း ဂါဇာနဲ့ နယ်စပ်တလျှောက်မှာ ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ နောက်ထပ် တပ်တွေထပ်တိုးဖို့ အစ္စရေးလ် ၀န်ကြီးချုပ် Benjamin Netanyahu က ညွန်ကြားထားပါတယ်။

Tuesday, April 9, 2019

The Iraq War and Its Impact (အီရတ်စစ်ပွဲနှင့် ၎င်း၏အကျိုးသက်ရောက်မှုများ)

The Iraq War and Its Impact (အီရတ်စစ်ပွဲနှင့် ၎င်း၏အကျိုးသက်ရောက်မှုများ)







Seoul :Emma Sky :3 April 2019 

ဒီနေ့ ကျွန်မကို ဒီနေရာမှာ ဟောပြောဖို့ ဖိတ်ခေါ်တဲ့အတွက် အထူးပဲဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒါကျွန်မရဲ့ ပထမဆုံး ကိုရီးယားခရီးစဉ်ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မ အီရက်နိုင်ငံမြောက်ပိုင်း ဇေတုန်း (ဂျိုင်းထုံး) စခန်း (Camp Zaytoun)ကို သွားခဲ့စဉ်က အခါပေါင်းများစွာ ကိုရီးယားပြည်သူ့သမ္မတနိုင်ငံက အရာရှိအမြောက် အများနဲ့တွေ့ဖို့ အခွင့်အရေးတွေရခဲ့ပါတယ်။ (“ခပ်ချီး ဂပ်ရှီဒါ”-ကိုရီးယားဘာသာ စကားဖြင့် အတူတစ်ကွ သွားစို့-“We Go Together”)။ ကျွန်မ ဒေသခံလူမှုအဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ရတာ သဘောကျခဲ့ပါတယ်။ ဒီနေ့ အီရက်မှာ ကာဒ်တွေဟာ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ တွေကို ကာဒ် ဘာသာစာတန်းထိုးပြီး ကြည့်နေသလို ကိုရီးယားကိုယ်ခံပညာ တိုက်ကွမ်ဒိုကစားပြီး ကေပေါ့ပ်ဂီတတွေနားထောင်နေကြ ပါတယ်။ 
အီရက်စစ်ပွဲဟာ ဘယ်တော့မှ ပြန်ဖြစ်လာသင့်တဲ့အရာ မဟုတ်တော့ပါဘူး။ စစ်ပွဲဖြစ်ရတဲ့အကြောင်းတွေ ဟာ ဆဒမ်ဟူစိန်ရဲ့ ဖျက်အားပြင်းလက်နက်တွေပိုင်ဆိုင်ရမယ်ဆိုတဲ့ အသိဉာဏ်အပေါ်မှာ အခြေခံနေခဲ့တဲ့ အသိတရား ဟာ မှားတယ်ဆိုတာ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။
စစ်ပွဲအတွက် မှန်ကန်ကြောင်းထင်ရှားစေတဲ့အမှတ်အသား ကင်းမဲ့တယ်လို့ဆိုသော်လည်းပဲ ၂၀၀၃ ခုနှစ် အီရက် စစ်ပွဲပြီးတဲ့နောက်ပိုင်းမှာ ဘာမှထပ်မဖြစ်ခဲ့တာ မလွဲဧကန်ဖြစ်ပါတယ်။ ဆဒမ်ဟူစိန် မရှိလည်းပဲ ကမ္ဘာကြီးက မျှော်လင့်ချက်တွေအများကြီးရှိနေပါတယ်။ ပိုကောင်းတဲ့ အစီအစဉ်တစ်ခုကို ဖန်တီးဖို့ အခွင့်အရေးများစွာကို သူ လက်လွတ်ခဲ့ရတယ်လေ။
ဒါ့ကြောင့် ကျွန်မ ရှင်းပြချင်တာက အီရက်မှာ ဘယ်ဟာကမှားပြီး ဘယ်ဟာကမှန်တယ်ဆိုတာပါပဲ။ အီရက်စစ်ပွဲ ကြောင့် အရှေ့အလယ်ပိုင်းကို ဘယ်လိုအကျိုးသက်ရောက်ခဲ့ပြီး အနောက်နိုင်ငံတွေအပေါ် ဘယ်လို နိုင်ငံရေးပေါက် ကွဲမှုတွေဖြစ်ခဲ့သလဲဆိုတာပါပဲ။
ဒါကြောင့် ပထမပြောလိုတာက ဘာကြောင့် အီရက် ပြည်တွင်းစစ်ပွဲ ပိုမိုဆိုးရွားလားသလဲဆိုတာပါပဲ။
၂၀၀၃ ခုနှစ်မေလမှာ ညွန့်ပေါင်းအဖွဲ့က ဘတ်သ်ပါတီကို ဖျက်သိမ်းခဲ့တယ်၊ လုံခြုံရေးအဖွဲ့တွေကို ဖယ်ထုတ်ခဲ့တယ်။ အမေရိကန်ပြည်ထောင်စုက အီရက်ကိုအခြေခံအုတ်မြစ်အသစ်ပေါ်မှာတည်ဆောက်ဖို့ ဆဒမ်ဟူစိန်ရဲ့နိုင်ငံနဲ့ သူ့ပါတီ ကို ဆေးကြောပစ်ခဲ့တယ်။  စစ်ရာဇဝတ်ကောင်တွေနဲ့ အီရက်ပြည်သူတွေ အပေါ်လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ထားတဲ့ ဒီလိုလူတွေကိုဖယ်ရှားလိုက်ယုံအစား ပြစ်ဒဏ် ကြီးကြီးမားမားပေးရမှာဖြစ်တယ်။ အမေရိကန် ပြည်ထောင်စုက နယ်ဖက်ဝန်ထမ်းထဲက ခေါင်းဆောင်တွေနဲ့ စီမံအုပ်ချုပ်သူတွေကို ထုတ်ပယ်ပစ်ခဲ့ပြီး အီရက်စစ်ရဲ တပ်ဖွဲ့ကို ဖျက်ပစ်ခဲ့တယ်။
ဒါပေမယ့် အီရက်မှာ ဆရာဝန်တစ်ယောက် ကျောင်းဆရာတစ်ယောက်ဖြစ်ဖို့ဆိုရင် ဘတ်သ်ပါတီဝင် တစ်ယောက် ဖြစ်ဖို့လိုအပ်ခဲ့တယ်။ ဒါကြောင့် ဘတ်သ်ပါတီဖျက်သိမ်းရေးမူဝါဒက ဆရာဝန်မရှိတဲ့ ဆေးရုံနဲ့ ဆရာမရှိတဲ့ စာသင် ကျောင်းတွေပဲ ကျန်ခဲ့စေတယ်။ အီရက်နိုင်ငံသား အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်သူတွေ အရှက်တကွဲ သိမ်ငယ်စိတ်ဖြစ်စေခဲ့ပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်။
ညွန့်ပေါင်းအဖွဲ့သည် အီရက်စစ်ဖက်ကို ကျွန်မတို့ကိုမတိုက်ဖို့နဲ့ ကျွန်မတို့ သူတို့ကို လေးစားမှုနဲ့ ဆက်ဆံ ပါမယ် လို့ပြောတဲ့စာတွေကျဲချခဲ့ပါတယ်။ အီရက်စစ်ဖက်အများစုက ဆဒမ်ဟူစိန်ကို မုန်းနေတဲ့အတွက် ဆဒမ်အတွက် တိုက်ပွဲဝင်ဖို့ပြင်မထားခဲ့ပါဘူး။ သူတို့ အိမ်ပြန်သွားခဲ့ကျပြီး စစ်တန်းလျားကို ပြန်လာဖို့ ကျွန်မတို့ခေါ်တဲ့အချိန်ကို စောင့်နေခဲ့ပါတယ်။ ဒါပေမယ့် ဘယ်တော့မှ ပြန်မခေါ်ခဲ့ပါဘူး။ ဒီအစား ညွန့်ပေါင်းအဖွဲ့က သူတို့ကို ထုတ်ပယ်တဲ့ အမိန့်ပြန်တမ်းတစ်စောင်ထုတ်ခဲ့ပါတယ်။ ဒါ့ကြောင့် သူတို့ စိတ်ဆိုးဒေါသထွက်ပြီး လက်နက်ကိုင်ခဲ့ကြပါတယ်။
ဘတ်သ်ပါတီကိုဖျက်သိမ်းခြင်းနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို ဖယ်ထုတ်ခြင်းအားဖြင့် ညွန့်ပေါင်းအဖွဲ့တွေက နိုင်ငံရဲ့အင်အားစုတွေကိုဖယ်ရှားခဲ့ပြီး တိုင်းပြည်ကိုအတူချုပ်ကိုင်ခဲ့ပါတယ်။ ပါတီနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဟာ မရှိမဖြစ်လိုအပ်ခဲ့တာပါ။ အာဏာလစ်ဟာသွားတဲ့ ရလဒ်မှာ အီရက်နိုင်ငံသားတွေ ဂိုဏ်းဂဏဖွဲ့ပြီး သူတို့ကိုယ်သူတို့ ကာကွယ်ခဲ့ကြတယ်၊ သူပုန်တွေနဲ့ ပြည်သူ့စစ်တွေ ပွထလာခဲ့တယ်၊ လူမှုရေးအစဉ်အလာတွေပြိုကွဲမှုဦးတည်လာပြီး အီရက်နိုင်ငံဟာပြည်တွင်းစစ်နွံ့ထဲ ဆင်းသက်ခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ဘယ်တိုင်းပြည်မှ ကျူးကျော်သူတွေက သူ့နိုင်ငံရဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ဝန်ထမ်း တွေကို ဖယ်ရှားခြင်းဖြင့် ဆက်လက်ရှင်သန်ရပ်တည်နေလိမ့်မယ်လို့ ကျွန်မမထင်ပါဘူး။
ဒါကြောင့် အီရက်မှာ ပြည်တွင်းစစ်ဖြစ်ရတဲ့ အဓိကကြောင်းအရင်းကတော့ တိုင်းပြည်ပြိုကွဲလို့ပါပဲ။
ပြည်တွင်းစစ်ဖြစ်ရတဲ့ ဒုတိယအကြောင်းရင်းကတော့ ငြိမ်းချမ်းရေးဖြေရှင်းမှုရဲ့ သဘောသဘာဝကြောင့် ဖြစ်ပါ တယ်။ ဆဒမ်ဟူစိန်က ပြိုင်ဖက်ဖြစ်လာနိုင်တဲ့မည်သူကိုမဆိုသတ်ပစ်ခဲ့တဲ့အတွက် အီရက်နိုင်ငံသစ်ကို ဦးဆောင်မယ့် တရားဝင်ခေါင်းဆောင်ရွေးချယ်ဖို့က စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ အမေရိကန် ပြည်ထောင်စုက ဒါကို အကြံဉာဏ်ပေးတဲ့အနေနဲ့ အဖွဲ့ဝင် ၂၅ ဦးပါတဲ့ အီရက်အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပေးခဲ့ပါတယ်။ အုပ်ချုပ်မှုကောင်စီရဲ့ အဖွဲ့ဝင် ၁၃ ဦးဟာ ရှီယားအာရပ်(Shia Arab)၊  ၅ ဦးက ကာဒ်(Kurdish)လူမျိုး၊ နောက် ၅ ဦးက ဆွန်နီအာရပ်(Sunni Arab)ထဲကဖြစ်ပြီး တာခ်(Turkmen) ၁ ဦးစီနဲ့ အက်စဆီးရီးယန်း ခရစ်ယာန်(Assyrian Christian) ၁ ဦးစီပါဝင်ပါတယ်။
ဒီနည်းလမ်းက နိုင်ငံကိုအုပ်ချုပ်တဲ့ အဖွဲ့အစည်းအတွင်းမှာ လူမျိုးတစ်မျိုးထဲကကြီးစိုးတာမဟုတ်ပဲ အချိုးအစား အလိုက် အများပါဝင်နိုင်အောင်လုပ်ခဲ့တာလို့ထင်ပါတယ်။
ဒါပေမယ့် ဒီကိစ္စဟာ အီရက်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အဓိကဖွဲ့စည်းမှုအခြေခံစည်းမျဉ်းအရ လူမျိုးစုတွေနဲ့ ဂိုဏ်းကွဲအောင်လုပ်ခဲ့တာပါ။
နောက်ပြီးတော့ အီရက်နိုင်ငံနဲ့ ဆက်စပ်လွှမ်းခြုံနေတာ ဘာမှမရှိအောင်၊ သာမန်လူထုအတွင်းမဟုတ်ပဲ လူအဖွဲ့ အစည်းအတွင်း  သဘောထားကွဲမှု ပေါ်လွင်နေအောင် လုပ်ခဲ့ပါတယ်။
လူမျိုးစုများစွာ၊ ယဉ်ကျေးမှုမျိုးစုံရှိတဲ့ လူ့အဖွဲ့အစည်းများစွာနဲ့ ကာလရှည်ကြာစွာရှိနေတဲ့ အီရက်နိုင်ငံ ဟာ ဆွန်နီ၊ ရှီယာနဲ့ ကာဒ်တွေမှာဘယ်တုံးကမှ နိင်ငံရေးအုပ်စုတွေ တစ်သားတည်း မဖြစ်ခဲ့ပါဘူး၊ ၂၀၀၃ ခုနှစ်၊ ဘဂ္ဂဒက်မှာ လူမျိုးတူချင်းထိမ်းမြားလက်ထပ်တာ ခန့်မှန်း ၃၀ ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်။
ဒါ့အပြင် ရှီယားနဲ့ ကာဒ်တွေက ဆွန်နီတွေအပေါ် အီရန် မဟာမိတ်တွေက အာရပ်အမျိုးသားရေးဝါဒီ တွေအပေါ်၊ အစ္စလာမ်မစ်တွေက ဝါဒကွဲအယူသီးသူတွေရဲ့အပေါ် အုပ်စုတွေကြားမှာ အာဏာခွဲဝေမှုနဲ့ ပတ်သက်တဲ့ အပေးအယူ တွေကြောင့် ဆဒမ်ဟူစိန် လက်အောက်က ကျန်ရှိနေတဲ့သူတွေကို ထွက်ပြေး တိမ်းရှောင်သူတွေရဲ့ အနေအထားက အားကောင်းလာစေပါတယ်။ 
ညွန့်ပေါင်းအဖွဲ့က လုပ်ပိုင်ခွင့်အာဏာပေးထားသောခေါင်းဆောင်သစ်များသည် အောက်ခြေလူတန်းစား အနည်းစု၏ထောက်ခံမှုသာရှိပြီး လူထုကိုစည်းရုံးရန် အခြားလူများ၏ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခြင်းနှင့် အခြားသူ များ၏ရန်မှအကာအကွယ်ပေးမှုဆောင်ရွက်ပေးရန် ကတိပေးခြင်းဖြင့် ဂိုဏ်းဂဏ ဝါဒကို အသုံးပြုခဲ့ပါသည်။
ပြည်တွင်းစစ်ကြောင့် ပရမ်းပတာဖြစ်နေသည့်အထဲ အယ်လ်ခိုင်ဒါ(al-Qaeda)အဖွဲ့က အီရတ်၏တစ်စိတ် တစ်ဒေသကိုသိမ်းပိုက်ထားပါတယ်။ ဂျော်ဒန်ဂျီဟဒ်ဝါဒီ(Jordanian thug)အဖွဲ့ ဦးဆောင်မှုနဲ့ အဘူ မူဆဗ် အယ်လ်ဇာကာဝီ(Musab al-Zarqawi)သည် ရှီးယားပြည်သူများကို အဆက်မပြတ်တိုက်ခိုက်နေခဲ့ပြီး ကာလီဖိတ် နိုင်ငံတော်နှင့် အစားထိုးနိုင်သည့် ဂိုဏ်းအုပ်စုများမှပြန်လည်တုံ့ပြန်ရန်စရန် ခေါင်းဖြတ်သတ်ခြင်းနှင့် စက်ဆုတ် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ဗီဒီယိုများထုတ်လွှင့်ခဲ့ပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ရှီယားစစ်သွေးကြွတွေက ဆွန်နီတွေကို ပြန်လည်ဆန့်ကျင်တိုက်ခိုက်ခဲ့ရာမှ  သူပုန်တွေကိုသာမကဘူး နယ်မြေရှင်းလင်းရေးနဲ့ ညွန့်ပေါင်းတပ်တွေကိုပါ တိုက်ခိုက်ခဲ့ပါတယ်။
၂၀၀၆ ခုနှစ်ကုန်မှာတော့ အီရက်ဟာ အသူတစ်ရာနက်တဲ့ချောက်ထဲကိုကျဖို့ ဦးတည်နေပါပြီ။ အီရက်နိုင်ငံ ကွယ် ပျောက်တော့မယ်လို့ လူတိုင်းတွေးနေခဲ့ကြပါတယ်။ နေ့စဉ်နဲ့အမျှ လူသေကောင်တွေ ဘဂ္ဂဒက်မြို့ရဲ့ လမ်းပေါ်မှာ တွေ့နေခဲ့လိမ့်ပါမယ်။ ဒီအလောင်းတွေဟာ ဆွန်နီ သို့မဟုတ် ရှီယာတွေဖြစ်မယ်၊ သူတို့ခေါင်းမှာ သေနတ်ဒဏ်ရာ သို့မဟုတ် တင်ကျင်လျှိုပြီး အသတ်ခံထားရမယ်ဆိုတာ ခင်ဗျားတို့ သေချာပေါက် ပြောနိုင်မှာပါပဲ။ အီရက်နိုင်ငံသား သိန်းနဲ့ချီပြီး အသတ်ခံခဲ့ရတယ်။ သန်းပေါင်းများစွာ အိုးအိမ်တွေကို စွန့်ခွာခဲ့ရပါတယ်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း တွေဖျက်ဆီးခံရမှုနဲ့အတူ အီရက်နိုင်ငံဟာ တစ်ရက်ကို နာရီအနည်းငယ်ပဲ လျှပ်စစ်မီးရခဲ့ပါတယ်။ 
နောက်ဆုံးပုံအောတဲ့စွန့်စားမှုအနေနဲ့ သမ္မတ ဂျော့ခ်ျ ဒဗလျူဘုတ်ရှ်(George W Bush)က အကြမ်းဖက်မှု ကိုင်တွယ်ထိန်းချုပ်တဲ့နေရာမှာ ကူညီဖြေရှင်းဖို့ အီရက်ကို တပ်ဖွဲ့ဝင် ၂၀၀၀၀ ထပ်ပိုးစေလွှတ်တဲ့ ကြေငြာချက်ထုတ် ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ပီးထရပ်စ်(Petraeus)ကို မဟာဗျူဟာဆိုင်ရာတပ်မှူးနဲ့ ဗိုလ်ချုပ်ကြီး အိုဒီရာနို (Odierno)ကို စစ်ဆင်ရေးတပ်မှူးအဖြစ်ခန့်အပ်ခဲ့ပါတယ်။
အိုဒီရာနိုရဲ့ နိုင်ငံရေးအကြံပေးအနေနဲ့ ကျွန်မရဲ့ လက်ငင်းလုပ်ငန်းတာဝန်က ပြသနာတွေကို ကောင်းစွာ နားလည် သဘောပေါက်ဖို့အတွက် ညွန့်ပေါင်းအဖွဲ့ကို ကိုညီဖို့ပါပဲ။ ဘာတွေက မတည်ငြိမ်မှုဖြစ်အောင် တွန်းအားပေး မောင်းနှင် နေတာလဲ? ဘာကြောင့် ဒီနေရာမှာ အကြမ်းဖက်မှုတွေ အများအပြားဖြစ်နေတာလဲ? ဘယ်သူတွေက တိုက်ခိုက်နေတာလဲ? ဘာကြောင့်တိုက်ခိုက်နေတာလဲ?
အီရက်မှာဖြစ်နေတဲ့ ပဋိပက္ခတွေဟာ ကျရှုံးနေတဲ့နိုင်ငံ(failed state)တစ်ခုမှာ အာဏာနဲ့ သယံဇာတတွေပိုင်ဆိုင်မှု အတွက် အမျိုးမျိုးသောလူမှုအဖွဲ့အစည်းအုပ်စုတွေကြားက တိုက်ပွဲဆိုတာ ကျွန်မတို စစ်ဆေးအဖြေရှာတွေ့ခဲ့ ပါတယ်။
ကျွန်မတို့ရဲ့ မဟာဗျူဟာအသစ်ကတော့ သူပုန်တွေရဲ့ရန်မှ အီရက်ပြည်သူလူထုကို အကာအကွယ်ပေးဖို့ အဓိက အာရုံစိုက်မှုကို ပြောင်းလဲခဲ့ပါတယ်။
အမေရိကန်စစ်ဖက်က နိုင်ငံပြိုကွဲ့မှုကြောင့်အာဏာလစ်ဟာမှု(power vacuum)ဖြစ်တဲ့နေရာကို ဖြည့်ခဲ့ပါတယ်။ ။
အမေရိကန်စစ်သားတွေဟာ တပ်စခန်းအပြင်ဖက်ထွက်ပြီး အီရက်ပြည်သူတွေကြားထဲမှာ နေထိုင်ခဲ့ပါတယ်။ ခင်ဗျားတို့ ဒီတိုက်ပွဲတွေကြား မသွားနိုင်ပါဘူး။
အမေရိကန်စစ်သားတွေဟာ အီရက်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ နယ်မြေတစ်ခုပြီးတစ်ခု အလုပ်လုပ်ခဲ့ပြီး အီရက်လုံခြုံရေး တပ်ဖွဲ့တွေရဲ့ စွမ်းဆောင်မှုနယ်ပယ်ကို မြှင့်တင်တည်ဆောက်ပေးခဲ့ပါတယ်။
အီရက်လုံခြုံရေးတပ်ဖွဲ့တွေနဲ့အတူ နယ်မြေရှင်းလင်းတယ်၊ နယ်မြေကိုထိန်းချုပ်တယ်၊ တည်ဆောက်ခဲ့ပါတယ်။။
ထပ်ပြောရမယ်ဆိုရင် ကျွန်မတို သူပုန်တွေဟာ ဘယ်သူတွေဖြစ်တယ်၊ သူတို့ဘာလိုချင်တယ်ပြီးတော့ သူတို့ ပြန်လည်စေ့စပ်လို့ရမလား ဒါမှမဟုတ် ခပ်နာနာလေးရိုက်ရမှာလား ဆိုတာကို သိအောင်လုပ်နိုင်တဲ့အခြေအနေအထိ လုပ်နိုင်ခဲ့ပါတယ်။
ရန်သူကို ခွဲခြားဖို့နဲ့ ဦးတည်ပစ်မှတ်သတ်မှတ်ဖို့ စစ်ဖက်ကို သုံးခဲ့ပါတယ်။ ဒါကြောင့် ဒီလက်နက်ကိုင်အဖွဲ့တွေဟာ ဘယ်သူတွေဆိုတာ နားလည်ဖို့နဲ့ သူတို့ လိုချင်တဲ့ အဓိကအခက်အခဲက ဘာလဲ၊ ဘယ်လိုအချိန်မှာ ကျွန်မတို့စစ်သားတွေကို တိုက်ခိုက်သလဲဆိုတာတွေကို နားလည်အောင်ကြိုးစားပြီး စိတ်နေစိတ်ထားတစ်ရပ် ပြောင်းလဲအောင်လုပ်ဖို့ လိုအပ်ပါတယ်။
အမေရိကန်စစ်ဖက်က အစိုးရသစ်ကိုဖြုတ်ချဖို့ အတွက် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံနေတယ်လို့ အီရက်လအစိုးရက သံသယအကြီးအကျယ်ဝင်ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ပီးထရပ်စ် ထပ်ခါထပ်ခါပြောတာကတော့ “သင့်အနေနဲ့ သင့်ရဲ့ နည်းလမ်းကို ပုန်ကန်ထကြွမှုတစ်ခုနဲ့ အဆုံးမသတ်နိုင်ပါဘူး” ဆိုတာပါပဲ။
သောင်းကျန်သူတန်ပြန်နှိမ်နင်းရေးဆိုတာ ယုံကြည်ကိုးကွယ်မှုအသစ်တစ်ခုပါပဲ။
စစ်ပွဲ၏ပထမပိုင်းတွင် အမေရိကန်ပြည်ထောင်စုတွင် မှန်ကန်တဲ့ခေါင်းဆောင်မှုဆိုင်ရာ မဟာဗျူဟာနဲ့ အရင်းအမြစ် တွေရှိခဲ့ပါတယ်။ ဆွန်နီလူမျိုးစုတွေဟာ အယ်လ်ခိုင်ဒါ(AQI)တွေရဲ့မနှစ်မြို့မှုနဲ့ သူတို့ဟာ ပြည်တွင်းစစ်အတွင်း ရှီယားစစ်သွေးကြွတွေကိုရှုံးနိမ့်ခဲ့တယ်ဆိုတာ အမှန်အတိုင်းသိလာပြီး အမေရိကန်ပြည်ထောင်စုနဲ့ ပြန်လည် သင့်မြတ်ရေးညှိနှိုင်းဖို့နိုးကြားလာခဲ့ပြီး အယ်လ်ခိုင်ဒါ(AQI)တွေကို ပြန်လည်ဆန့်ကျင်လာခဲ့ပါတယ်။ အမေရိကန် တပ်ဖွဲ့တွေရဲ့ ဘေးမှာကပ်လျက်အလုပ်လုပ်ရင်း အီရက်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်နဲ့ ယုံကြည်မှုတွေ တိုးတက်လာခဲ့ပါတယ်။ ရှီယားပြည်သူပြည်သားများဟာ ပိုကောင်းတဲ့ အကာအကွယ်တွေရရှိခဲ့ပါတယ်။ ရှီယား စစ်သွေးကြွတွေဟာ လူထုထောက်ခံမှုကျဆင်းပြီး တပ်ဖွဲ့ဖျက်သိမ်းခဲ့ရပါတယ်။ အကြမ်းဖက်မှုတွေ တစ်ဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။ နိုင်ငံဟာ အားကောင်းလာခဲ့ပါတယ်၊ အဖွဲ့အားလုံးဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင် လာခဲ့ပြီး ပြန်လည်ရင်ကြားစေ့လို့မရတဲ့ အစွန်းရောက်တွေဟာ အဖမ်းခံရတာတွေ ဒါမှမဟုတ် အသတ်ခံရ တာတွေဖြစ်လာခဲ့ပါတယ်။ ပြည်တွင်းစစ် ပြီးဆုံးတဲ့ အခြေအနေရောက်လာခဲ့ပါတယ်။
ကျွန်မတို့ ဆောင်ရွင်တာတွေဟာ အီရက်ပြည်သူတွေအတွက် သူတို့နိုင်ငံကို မှန်ကန်တဲ့လမ်းကြောင်းနဲ့ ဦးဆောင် နေတယ်လို့ ခံစားလာခဲ့ပါတယ်။
ပြီးတော့ ဒီဇာတ်လမ်း ဘယ်လို အဆုံးသတ်သလဲဆိုတာ ကျွန်မဆန္ဒကို ပြောချင်ပါတယ်။ ဒါပေမယ့် “အလိုလေး” ဒါတွေ ဒီလိုဖြစ်မလာခဲ့ပါဖူး။
အားလုံးကို ချပြပါမယ်။ ဘာကြောင့်လဲ ဆိုတာ ကျွန်မ ရှင်းပြပါမယ်။
၂၀၁၀ ပြည့်နှစ် နိုင်ငံတော်ရွေးကောက်ပွဲမှာ မဲပေးတဲ့ ပြည်သူလူထု အလွန်များပါတယ်။ အီရက်ပြည်သူတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်ကို ယုံကြည်မှုရှိနေကြပါတယ်။ အီရက်ပြည်သူတွေဟာ ဂိုဏ်းအုပ်စုအစွဲတွေကို ကျော်လွန်ပြီး အရွေ့တစ်ခုကို သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်အပြည့်အဝရှိနေကြတယ်။ သူတို့ဟာ ဘာသာရေးအုပ်စုဝါဒီ တွေကို စိတ်ကုန်နေကြပါပြီ။
အယဒ် အာလာဝီ(Ayad Allawi) (ရှီယားလူမျိုးစု) ခေါင်းဆောင်သော အီရက်ကီယား(Iraqiyya)ပါတီဟာ ဘာသာရေးအုပ်စဝါဒကို အခြေမခံပဲ “အီရက်ပြည်သူအားလုံးအတွက် အီရက်နိုင်ငံ” ဟု မဲဆွယ်ခဲ့ပါတယ်။ ထို့အတွက် အီရက် ဆွန်နီများ၊ ရှီယား မျိုးနွယ်စုများနှင့် လူနည်းစုရဲ့ထောက်ခံမှု ရရှိဖို့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။
လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ကြီးချုပ် နျူရီ အယ်လ် မာလီကီ(Nuri al-Maliki)ဟာ ရွေးကောက်ပွဲ ရှုံးနိမ်မှုကို လက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဘယ်သူမှ ရွေးကောက်ပွဲမရှုံးခဲ့ပါဘူး။ သူက မဲပြန်ရေတွက်ဖို့တောင်းဆိုခဲ့ပြီး အီရက်ကီယား(Iraqiyya)ပါတီအနိုင်ရတဲ့မဲဆန္ဒနယ်တွေက ကိုယ်စားလှယ်တွေကို အရည်အချင်းမပြည့်မီသူတွေအဖြစ် သတ်မှတ်ဖို့ကြိုးစားရာမှာ ဘတ်သ်ပါတီသန့်စင်ရေး(Debaathification) အဖြစ်သတ်မှတ်အသုံးပြုခဲ့ပြီး ဆန္ဒမဲတွေကိုပယ်ဖျက်ခဲ့ပါတယ်။ ရွေးကောက်ပွဲက သူ့ရဲ့အောင်နိုင်မှုကိုပေးဖို့ မအောင် မြင်တော့ မာလီကီ ဟာ ထပ်ပြီးတော့ သူ့ရဲ့ပြိုင်ဖက်တွေကို ခြိမ်းခြောက်ခဲ့တယ်၊ သူ့ကို အသာပေးဆုံးဖြတ်ဖို့ ရွေးကောက်ပွဲခုံရုံးတရားသူကြီးတွေအပေါ် ဖိအားပေးခဲ့ပါတယ်။ မာလီကီ ဟာ အာဏာဆက်လက်ဆုပ်ကိုင်ဖို့ အတွက် ဘာမှလုပ်ဖို့ကို ပြင်ဆင်မထားခဲ့ပဲ သူ့ရဲ့ ရှင်သန်ရပ်တည်ရေးကိုသာ အရမ်းအလေးပေးလာခဲ့ပါတယ်။ 
ဒါတွေဟာ ဘာလုပ်ရမယ်ဆိုတဲ့ အမေရိကန်စနစ်အတွင်းမှာ ကွဲပြားမှုအများကြီးဖြစ်နေပါတယ်။ အချို့ကတော့ ငြင်းဆိုကြပါတယ်။ အမေရိကန်အနေဖြင့် အီရာဂျီရာ(Iragiya)တို့ အနိုင်ရတဲ့နယ်မြေတွေမှာ အီရက်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုရှိပြီး ပါလီမန်စနစ်ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရင်ဆုံးအစိုးရဖွဲ့ရန် အခွင့် အရေးကို အားပေးထောက်ခံသင့်တယ်လို့ အငြင်းပွားမှုတွေရှိနေပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အီရက် ကိစ္စနဲ့ ပတ်သက်ပြီးတော့ အိုဘားမား(Obama)ရဲ့ လက်ထောက် အဖြစ် ခန့်ထားတဲ့ ဂျိုးဘိုင်ဒင်(Joe Biden)က အမေရိကန်အနေနဲ့ ဝန်ကြီးချုပ်တာဝန် ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲမှာအနိုင်မရပေမယ့် အမေရိကန်ရဲ့ မိတ်ဆွေဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်းအထိ အီရက်မှာ အမေရိကန်နဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေ အီရက်မှာဆက်လက် ချထားဖို့သဘောတူညီမှုတစ်ခုကို ဆက်လက်ထိန်းသိမ်းနိုင်မယ့် အခြေအနေတစ်ခုရမှာဖြစ်တဲ့အတွက် ဝန်ကြီးချုပ် တာဝန် ဒုတိယသက်တမ်းအတွက် လက်ရှိဝန်ကြီးချုပ် နျူရီ အယ်လ် မာလီက (Nuri al-Maliki)နဲ့ အီရက် အမျိုးသားရေးဝါဒီသမားတွေကို ထောက်ခံမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးတော့ ဒါဟာ နိုဝင်ဘာမှာ ကျင်းပမယ့် အမေရိကန်ရွေးကောက်ပွဲအလယ်လောက်မှာ အီရက်အစိုးရတစ်ရပ် ဖြစ်ပေါ်လာဖို့အသေချာဆုံးနဲ့ အမြန်ဆုံး နည်းလမ်းတစ်ခု ပါပဲ။
ဒါပေမယ့် အီရက်နိုင်ငံရေးသမားတွေက ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ မာလီကီကို ဖယ်ရှားရေး ပါလီမန်မှာ အယုံအကြည်မရှိအဆိုတင် မဲခွဲဖို့ ကြိုးပမ်းရင်း အချိန်တွေကုန်ဆုံးခဲ့တယ်၊ ဒီလို ကြောက်မက်ဖွယ်ရာတွေက မာလီကီ ကို အာဏာရှင်ဖြစ်ရေး အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ အတိုက်အခံနိုင်ငံရေးသမားတွေက အမေရိကန် ရဲ့ ဖိအားကို အလျော့ပေးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။
အဲဒီအချိန်မှာ အီရန်က  အခွင့်အရေးတစ်ရပ် အစိုးရဖွဲ့စည်းမှုပုံစံကို ထိခိုက်ရန်ချယ်လှယ်မှုကို ဦးတည်စေသည့် လုပ်ရပ်များဆောင်ရွက်ခြင်းဖြင့် လွှမ်းမိုးမှုမြှင့်တင်ရန် အခွင့်အရေးတစ်ရပ်ရရှိပြီး အာရုံလွှဲနိုင်ခဲ့ပါတယ်။ ဒါဟာ ဆုံးဖြတ်ချက်လည်းဖြစ်ပြီး မာလီကီ ကို ဝန်ကြီးချုပ်အနေဖြင့် ဆက်လက်ထားရှိမယ် ဒါပေမယ့် အမေရိကန်တို့နဲ့ တော့အကြောင်းရင်းက ကွဲပြားပါတယ်။ မာလီကီ ဟာ သူ့ဒေသအတွင်းမှာ စက်ဆုပ်အထင်အမြင်သေးခံနေရတယ် ဆိုတာ အီရန်က သိခဲ့ပြီးတော့ ဒါဟာ အာရပ်ကမ္ဘာအတွင်းမှာ အီရက်ရဲ့ ပြန်လည်ပေါင်းစည်းတည်ထောင်မှုကို ကာကွယ်ပြီးသားဖြစ်နေပါလိမ့်မယ်။ အီရန် ဟာ အမေရိကန်ဆန့်ကျင်တဲ့ အစ္စလာမ်မစ်အမျိုးသားရေးဝါဒီသမား (Sadrists)တွေကို မာလီကီ ရဲ့ ဝန်ကြီးချုပ် သက်တမ်း ဒုတိယအကြိမ်နဲ့ ၂၀၁၁ ခုနှစ်ကုန် အမေရိကန်တပ်တွေ အားလုံး အီရက်ကနေထွက်သွားတဲ့ အခြေအနေတစ်ရပ်အထိ မာလီကီ ကို ထောက်ခံဖို့ ဖိအားပေးခဲ့ပါတယ်။
ဝန်ကြီးချုပ်ဒုတိယသက်တမ်းအတွက်သေချာသွားတဲ့အခါ မာလီကိ ဟာ ဆွန်နီ နိုင်ငံရေးသမားတွေကို အကြမ်းဖက် သမားတွေအဖြစ် စွပ်စွဲခဲ့ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေကနေ မောင်းထုတ်ခဲ့ပါတယ်။ မာလီကီ ဟာ အီရက်မှာရှိတဲ့ အယ်လ်ကိုင်ဒါ(al-Qaeda)တွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လူမျိုးစုခေါင်းဆောင်တွေကို သူပေးထားတဲ့ ကတိကို ထပ်ကာထပ်ကာ ပြောပါတယ်။ မာလီကီ ဟာ ဆွန်နီအုပ်စု(en masse)တွေကိုဖမ်းဆီးခဲ့ပြီး သူ့ရဲ့အာဏာကို ထိန်းကျောင်းတယ်လို့ထင်ရတဲ့  ဒီမိုကရေစီအဖွဲ့အစည်းကို အမြစ်လှန်ဖြိုချခဲ့ပါတယ်။ ဆွန်နီ ဆန့်ကျင်သူတွေဟာ ကြမ်းတမ်းရက်စက်စွာ ဖိနှိပ်ခြင်းခံခဲ့ရပါတယ်။ ဒီလိုပတ်ဝန်းကျင်မျိုးက အီရက်မှာ အယ်လ်ကိုင်ဒါအကြွင်းအကျန် တွေရဲ့ အစ္စလာမ်မစ်နိုင်ငံတော်တည်ထောင်ရေး ထကြွနိုင်တဲ့အခြေအနေကို ဖန်တီးခဲ့ပြီး အီရန်ကျောထောက် နောက်ခံပြုထားတဲ့ မာလီကီ ရဲ့ ဂိုဏ်းဂဏစွဲနဲ့အုပ်ချုပ်မှုကို ဆန့်ကျင်ပြီး ဆွန်နီတွေကို ကာကွယ်စောင့်ရှောက်သူ အဖြစ် အယ်လ်ကိုင်ဒါတွေက ကြေငြာခဲ့ပါတယ်။
ကဲဟုတ်ပြီ အီရက်စစ်ပွဲက ဒေသတွင်း ဘယ်လိုရိုက်ခတ် သက်ရောက်ခဲ့သလဲ?
အီရက်စစ်ပွဲဟာ ဂျီဟဒ်မျိုးဆက်သစ်တစ်ခုကို စုဆောင်းမွေးထုတ်ပေးခဲ့ပါတယ်။
ဒါဟာ ဒေသတွင်း အင်အားချိန်ခွင်လျှာမှာ အီရန်ရဲ့ အလေးသာမှုကို ပြောင်းလဲခဲ့ပါတယ်။ ဆဒမ်ရဲ့ အီရက်နိုင်ငံဟာ အီရန်ကို အာဏာချိန်ခွင်လျှာအနေနဲ့ ကိုင်စွဲထားတဲ့အာရပ်ကမ္ဘာရဲ့ ခံတပ်ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အီရန်ဟာ အီရက်ရဲ့ နိုင်ငံခြားဆက်ဆံရေးပါဝါမှာ အလွှမ်းမိုးနိုင်ဆုံးဖြစ်နေပါပြီ။ ဒီနှစ် အစောပိုင်းက အမေရိကန်တပ်မတော် ဟာ အီရက်စစ်ပွဲနဲ့ပတ်သက်ပြီးတော့ ကာလရှည်ကြာစွာလေ့လာပြီးတဲ့နောက် ဒီစစ်ပွဲမှာ တစ်ကယ်အောင်မြင်မှုရ သွားတာဟာ အီရန်နိုင်ငံပဲဖြစ်တယ်ဆိုတာကို ထုတ်ပြန်ခဲ့ပါတယ်။
အီရက်စစ်ပွဲဟာ အနောက်ကမ္ဘာကို ကြီးမားတဲ့အမာရွက်တွေထင်ကျန်စေခဲ့ပါပြီး အာဏာဖြန့်ကျက်ဖို့အတွက် စိတ်မပါအောင်ဖြစ်ခဲ့စေပါတယ်။
အာရပ်နွေဦးတော်လှန်ရေးကာလအတွင်း အားလုံးက ဆီးရီးယားကို ဦးတည်နေခဲ့တယ်။
ကျွန်မရှင်းပြပါရစေ။
၂၀၁၁ ခုနှစ်ကို ပြန်တွေးကြည့်လိုက်ပါ။ လူငယ်တွေ မတရားမှုကို ဆန့်ကျင်ကန့်ကွက်ဖို့၊ ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်မှုနဲ့ အလုပ်အကိုင်ရရှိဖို့အတွက် ဒေသတစ်လွှား လမ်းတွေနဲ့ ရင်ပြင်တွေကို ထွက်လာခဲ့ပါတယ်။  သူတို့ဟာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုဖြစ်ရန် အင်တာနက်နဲ့ လူမှုကွန်ယက်တွေကို အသုံးပြုခဲ့ပြီး လူတွေစုဝေးခဲ့ပါတယ်။
ကျွန်မ တစ်ဦးတည်းအနေနဲ့ ဒီလူထုအုံကြွမှုဟာ ဒီဒေသကလူတွေအတွက် ပိုကောင်းတဲ့အနာဂတ်ကို ဖြစ်စေလိမ့်မယ် လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြောင်းလဲဖို့ လှုံဆော်မှုက ပြည်ပနိုင်ငံတွေက ဝင်စွက်ဖက်တာထက် အထဲက ပြည်သူလူထုအတွင်းက လာခဲ့တာဖြစ်လို့ပါ။ ဒီတော်လှန်ရေးရဲ့ စွမ်းအင်နဲ့ ရဲဘော်ရဲဘက်စိတ်ဓါတ် တွေကနေ အတွေ့အကြုံရယူဖို့ ကျွန်မ အိတ်တစ်လုံးပြင်ပြီးတော့ အာရပ်နွေဦးဆီကို ခရီးထွက်ခဲ့ပါတယ်။
ဒါပေမယ့် ကျွန်မရဲ့ အကောင်းမြင်ဝါဒဟာ ကျွန်မ ဆီးရီးယားကို ရောက်ခဲ့တော့ လွင့်စင်ပျောက်ပျယ်ခဲ့ပါတယ်။
သမ္မတ ဘာရှား အယ်လ် အာဆဒ်(Bashar al-Assad)က ဆီးရီးယားဟာ အာရပ်နွေဦးတော်လှန်ရေးရဲ့ ရိုက်ခတ်မှု ခံရလိမ့်မယ်လို့ မယုံကြည်ခဲ့ဘူး၊ ဘာကြောင့်လဲဆိုတော့ သူဟာ ဆယ်စုနှစ်တစ်ခုအတွင်း အာဏာအသစ်တစ်ခု လုံးဝရရှိထားခဲ့ပြီး ငယ်ရွယ်သူဖြစ်တာကိုး။
အမေရိကန်ပြည်ထောင်စုနဲ့ ညွန့်ပေါင်းအဖွဲ့တွေက အာဆဒ်ကို ထွက်ခွာသွားဖို့ တောင်းဆိုခဲ့ပါတယ်၊ ဒါပေမယ့် သူ့ရဲ့ ထွက်ခွာမှုကို တွန်းအားပေးဖို့ အနည်းဆုံးသော အထောက်အပံ့ပေးခဲ့ပါတယ်။ ဆန့်ကျင်ဖက်အုပ်စု အစိတ်အပိုင်း များက လက်နက်ကိုင်စွဲခဲ့ကြပြီး ပြည်တွင်းရေးပဋိပက္ခမှာ ပြင်ပအကူအညီကို ရှာဖွေခဲ့ကြပါတယ်။ တူရကီ၊ ဆော်ဒီ အာရေဗျ၊ အမေရိကန်ပြည်ထောင်စုနဲ့ ကာတာနိုင်ငံတို့ဟာ အီရန်ဆွန်နီတွေရဲ့ စစ်ဖက်အကြံပေးတွေ စေလွှတ်ထားမှု ကို ယှဉ်ပြိုင်ဖို့ လက်နက်နဲ့ ငွေကြေးထောက်ပံ့ခဲ့ကြသလို လက်ဘနွန်၊ အီရက်နဲ့ အာဖဂန်နစ္စတန်တို့က ရှီးယား စစ်သွေးကြွတွေကလည်း အာဆဒ်ရဲ့တိုက်ပွဲဝင်ဖို့ပြင်ထားတဲ့ အစိုးရကို ကျားကန်ပေးရန်လုပ်ခဲ့သလို ရုရှားကလည်း လေကြောင်းစွမ်းအားနဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။  
ဓါတုလက်နက်များ သုံးစွဲမှုကြေငြာချက်က အနီရောင်အဆင့် သတ်မှတ်ချက် ရောက်နေပေမယ့်လည်း ဂိုအူတာ (Ghouta)အရှေ့ပိုင်းအနီး ဒမတ်စကက်စ်မှာရှိတဲ့ ပြည်သူလူထု ၁,၄၀၀ လောက်ကို ၂၀၁၃ ခုနှစ်မှာ အာဆဒ်က အဆိပ်ဓါတ်ငွေ့နဲ့တိုက်ခိုက်သတ်ဖြတ်ပြီးတဲ့နောက်ပိုင်း  အိုဘားမား ဟာ ပဲ့တင်ထပ်တဲ့ ခြိမ်းခြောက် ပြောဆိုမှုတွေနဲ့ အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ပါဘူး။ အိုဘားမား ဟာ ဗြိတိသျှပါလီမန်မှာ ဒေးဗစ်ကန်မရွန်း(David Cameron) ရဲ့ စစ်ရေးအရအရေးယူရန်အဆို ရှုံးနိမ့်ပြီးတဲ့နောက်ပိုင်း အုပ်ချုပ်မှုအပေါ် ဦးတည်ချက်ထားတဲ့ စစ်ရေးအရ တိုက်ခိုက်မှုကို နောက်ပြန်ဆုတ်ခဲ့ပါတယ်။ အိုဘားမား ဟာ အာဆဒ် ရဲ့ ဓါတုလက်နက်ဖယ်ရှားရန် ရုရှား ရဲ့ နောက်ဆုံး အချိန်အထိ အကြံပြုချက်ကို ဆုပ်ကိုင်ထားခဲ့ပါတယ်။ အာဆဒ် ဟာ အရေးယူခံရခြင်းမှ လွတ်ငြိမ်းခွင့် ရမှု(let off the hook)နှင့် သူ့ရဲ့ ပြည်သူကို ဆက်လက်သတ်ဖြတ်ရန် ဆက်လက်လုပ်ဆောင်ခဲ့ပြီး သူတို့ကို နိုင်ငံအပြင်ကိုလည်း မောင်းထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ဓါတုလက်နက်တွေကိုလည်း သုံးစွဲခဲ့ပါတယ်။
အိုဘားမားရဲ့ အာဏာဖြန့်ကျက်ရန်စိတ်မပါမှုက အမေရိကန်မိတ်ဆွေတွေကိုထိတ်လန့်စေပြီး ရန်သူကိုအားပေးမှု ဖြစ်နေခဲ့ပါတယ်။ အိုဘားမား က အရှေ့အလယ်ပိုင်းဟာ အမေရိကန်အကျိုးစီးပွားအတွက် ရေရှည်အရေးမပါတော့ ကြောင်း၊ အဲဒီမှာ အမေရိကန်အနေနဲ့ ပျက်စီးခဲ့သမျှပြင်ဆင်ဖို့လုပ်စရာအနည်းငယ်ကျန်တော့ကြောင်းနဲ့ အမေရိကန် ရဲ့ ဒီလိုလုပ်ဖို့ ကြိုးပမ်းအားထုတ်မှုဟာ စစ်ပွဲဖြစ်မှု၊ အမေရိကန်စစ်သားတွေ ဆုံးရှုံးမှု၊ အမေရိကန် အာဏာစက်နဲ့ ဂုဏ်သိက္ခာလျော့ပါးမှုကို မလွဲမသွေ ဦးတည်လိမ့်မယ်လို့ ငြင်းဆိုကန့်ကွက်ခဲ့ပါတယ်။ အိုဘားမား ဟာ အီရန်ကဲ့သို့ နျူကလီးယားနှင့်ဆက်စပ်မှုတစ်ရပ်ရှိသော၊ အရှေ့အလယ်ပိုင်း အမေရိကန်ရဲ့ လက်ရှိမဟာဗျူဟာနှင့် အီရန်၏ အန္တရာယ်ဖြစ်လောက်အောင်စိုးရိမ်ဖွယ်နယ်မြေချဲ့ထွင်မှုအပေါ် တုံ့ပြန်ရန်စိတ်မပါခြင်းသည် သဘောတူညီမှု တစ်ရပ် သို့ ရောက်ရှိရန် အခွင့်ရေးတစ်ရပ်ဟု မြင်ခဲ့ပါတယ်။ သူ့ရဲ့ နောက်ကွယ်ကဦးဆောင်မယ်('leading from behind') ဆိုတဲ့ အချက်ပေးမှုနဲ့ အာရှဒေသ အပေါ် အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒ၏ အချက်အချာအဖြစ် အာရုံစိုက်မှုတွေနဲ့ အိုဘားမား ဟာ ရုရှား၊ အီရန် နဲ့ စစ်သွေးကြွတွေ ဝင်ရောက်ဖြည့်နိုင်တဲ့ ကွက်လပ်တစ်ခု ကို ဖန်တီးခဲ့ပါတယ်။
၂၀၀၄ ခုနှစ်မှာတော့ အိုက်စက်စ်(ISIS)တွေဟာ အီရက်နဲ့ ဆီးရီးယားမှာ လူ ၁၀ သန်းလောက်ကို ထိန်းချုပ်ထား နိုင်ခဲ့ပြီး ၂ နိုင်ငံနယ်စပ်တစ်လျှောက် အတင်းအကြပ်ကိုင်ချဲ့ထွင်သိမ်းပိုက်ခဲ့ရာ ယူနိုက်တက်ကင်းဒမ်း( UK)ရဲ့ နယ်မြေအရွယ်အစားလောက်အထိ ဖြစ်ပါတယ်။
အီရက်နဲ့ ဆီးရီးယား ဟာ စစ်မြေပြင် ဖြစ်လာခဲ့ပါတယ်။ အနာဂတ်ဟောပြောသူတွေ၊ တရားဥပဒေပညာရှင်တွေနဲ့ ပထမဆုံး နိုင်ငံတည်ထောင်ခဲ့တဲ့ ဒီနယ်မြေဟာ ဘာသာရေးပဋိပက္ခ၊ ရက်စက်ယုတ်မာမှုနှင့် မင်းမဲ့ဝါဒီတွေ လွှမ်းမိုးမှု ကြောင့် နာမည်ဆိုးနဲ့တစ်ခါ ကျော်ကြားလာခဲ့ပါတယ်။ ရှေးကာလက ကုန်သွယ်ရေးမြို့တော်ကြီးတွေ ယဉ်ကျေးမှုနဲ့ ကမ္ဘာ့ဆက်ဆံရေးမှာ နယ်မြေဒေသအမျိုးမျိုးနဲ့ အချက်အချာဖြစ်ခဲ့တဲ့ ဒေသကြီးဟာ တစ်စီဖြစ်တဲ့အထိ ပျက်စီးလာ နေပါတယ်။ အစ္စလာမ်မစ်အစွန်းရောက်တွေရဲ့ ကာလီဖိတ်(caliphate)နိုင်ငံတော်တစ်ခု နိုးထမှုမှာ  စည်းကမ်း တင်းကြပ်သော၊ သည်းမခံသော၊ ကျားဝါဒီကြီးစိုးသော၊ မျက်စေ့တစ်ဖက်နားတစ်ပေါက်သာရှိသော ဝါဒီများ၏ ဘဝ တစ်လျှောက်လုံး တင်းကြပ်သောဘာသာရေးအယူဝါဒစိတ်ကူးနှင့် ပြစ်ဒဏ်သတ်မှတ်မှု ရည်ရွယ်ချက်ကြောင့် လူထောင်ပေါင်းများစွာဟာ ခေါင်းဖြတ်အသတ်ခံရတာတွေ ဒါမှမဟုတ် ကျွန်ပြုခံခဲ့ရတာတွေ ဖြစ်ခဲ့ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့တစ်ခုက “အီရက်နဲ့ဆီးရီးယားအစ္စလာမ်မစ်နိုင်ငံတော်”(ISIS)ကို တိုက် ခိုက်ဖို့ စုစည်းခဲ့ပါတယ်။ ဒါပေမယ့် ISIS တွေကို တုန့်ပြန်တိုက်ခိုက်တဲ့ စစ်ပွဲက အယ်လ်ကိုင်ဒါ(AQl) တွေကို တုန့်ပြန်တိုက်ခိုက်တာထက် အလွန်ကိုကွဲပြားခြားနားမှုရှိစွာ စစ်ပွဲဆင်နွဲခဲ့ရပါတယ်။ ၂၀၀၇ ခုနှစ် ဆွန်နီတွေရဲ့ နိုးကြားမှုကို ပြန်ကြည့်ရင် ညွန့်ပေါင်းအဖွဲ့က ဆွန်နီတွေ အယ်လ်ကိုင်ဒါ(AQl)ကို တုန့်ပြန်တိုက်ခိုက်ဖို့ ဆွန်နီ လူမျိုးစုတွေကို ထောက်ပံ့ခဲ့ပါတယ်။ ဒါဟာ သူတို့ကို သူပုန်မဟုတ်ကြောင်း ဂုဏ်ပြုတဲ့နည်းလမ်းတစ်ခုနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့လမ်းကြောင်းတစ်ခုအနေနဲ့ အထောက်အကူပြုခဲ့ပါတယ်။ ဒါပေမယ့် ISIS တွေကို ဆန့်ကျင် တိုက်ခိုက်ရာမှာ အမေရိကန်ဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့က သူတို့ရဲ့ကိုယ်ပိုင်တပ်ဖွဲ့အများအပြား မပါဝင်ခဲ့သလို ဒေသခံဆွန်နီအုပ်စုတွေကိုလည်း အထောက်အပံ့မပေးခဲ့ပါဘူး။ ဒီအစား ကာဒ်လက်နက်ကိုင်(Kurdish)နဲ့ ရှီယား စစ်သွေးကြွတွေကို အထောက်အကူပြုတဲ့အနေနဲ့ လေကြောင်းစွမ်းအားကိုပဲ မှီခိုအားထားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် အထိ အမေရိကန်ပြည်ထောင်စုက အီရက်နဲ့ ဆီးရီးယားမှာ ဗုန်းတန်ချိန်ပေါင်း ၂၄.၂၈၇ တန် ကို ကြဲချခဲ့ပါတယ်။
စစ်ရေးရည်မှန်းချက်ကတော့ ISIS တွေကို ချေမွဖျက်ဆီးခဲ့ပါတယ်။ ဒါပေမယ့် ဒီရည်မှန်းချက်ဆောင်ရွက်မှုကြောင့် မြို့ရွာများကိုလည်း ပျက်စီးစေခဲ့သလို အပြစ်မဲ့ အရပ်သားပြည်သူလူထု ထောင်ပေါင်းများစွာ အသတ်ခံခဲ့ရပြီး စစ်သွေးကြွတွေ ပြန့်ပွားထကြွလာခဲ့စေပါတယ်။
ဒါ့အပြင် ISIS  တွေကို နှိမ်နင်းတိုက်ခိုက်စဉ်အတွင်း အီရန် ဟာ အီရက်နဲ့ ဆီးရီးယားမှာ သူ့ရဲ့ လွှမ်းမိုးမှုကို တိုးမြှင့် နိုင်ခဲ့ပြီး ဒီ ၂ နိုင်ငံလုံးကနေ အစ္စရေးနယ်စပ်တစ်လျှောက် ကုန်းတွင်း ကော်ရစ်ဒါ(စင်ကြန်)ကို တိုးတက်အောင် လုပ်နိုင်ခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းမှာဖြစ်သမျှ အရှေ့အလယ်ပိုင်းမှာတင် မပြီးပါဘူး။ ဒုက္ခသည်တွေနဲ့ အကြမ်းဖက်သမားတွေဟာ အဲဒီနေရာမှာတွင်ရှိနေတာ မဟုတ်ပါဘူး။ 
လူသိန်းပေါင်းများစွာဟာ ဥရောပမှာ ဒုက္ခသည်အဖြစ်ခိုလှုံခွင့်ရဖို့ ဒီနယ်မြေတွေကနေ ခိုင်ခန့်မှုမရှိတဲ့အပေါ့စား ရော်ဘာလှေတွေ၊ ငါးဖမ်းလှေခနော်ခနဲ့တွေနဲ့ မြေထဲပင်လယ်ကို ဖြတ်ပြီး ထွက်ပြေးခဲ့ရတယ်။ တူရကီကမ်းခြေမှာ လှိုင်းပုတ်ပြီးတင်လာခဲ့တဲ့ ၃ နှစ်သားအရွယ် ဆီးရီးယားကောင်ကလေး အလန် ကာဒီ(Alan Kurdi)ရဲ့ ပုံကို ဘယ်သူမေ့နိုင်မှာလဲ?
ဒုက္ခသည်များ အများအပြားစုပုံရောက်ရှိလာမှုကို “ဘယ်လိုလုပ်ရမယ်? ဒါမှမဟုတ် ဒီဝန်ထုတ်ဝန်ပိုးတွေကို ဘယ်လို မျှဝေ ခံစားဖြေရှင်းရမယ်ဆိုတာ”သဘောမတူနိုင်တဲ့ စစ်ပွဲနဲ့ထိစပ်နေသောနိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေမှာ ထိန်းချုပ်မှု လွှမ်းမိုးခဲ့ပါတယ်။ 
ဥရောပမှာ ဖြစ်ခဲ့တဲ့ ကြောက်လန့်ဖွယ်ရာကောင်းတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ရှင်တို့ ခင်ဗျားတို့ ပြန်တွေး ကြည့်ပါ။ ISIS တွေဟာ အနောက်နိုင်ငံတွေဟာ အစ္စလာမ်တွေအပေါ် စစ်ပွဲဆင်နွဲနေပြီဆိုတာ သက်သေပြဖို့နဲ့ သူတို့ ကိစ္စတွေအတွက် မူဆလင်တွေကိုလူသစ်အဖြစ် ပိုမိုစုဆောင်းသိမ်းသွင်းဖို့ မူဆလင်ကိုဆန့်ကျင်သူတွေကို တုန့်ပြန်မှု တစ်ရပ် အနေနဲ့ ရန်စပြီး ပြသနာရှာနေခဲ့ပါတယ်။
ဒီလို ထကြွနေတဲ့ သာမန်ပြည်သူကို ကိုယ်စားပြုတဲ့ နိုင်ငံရေးသမားတွေ၊ ဒေသခံတွေရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့သူတွေနဲ့ အပြင်ကဝင်လာတဲ့သူတွေကိုဆန့်ကျင်တဲ့ခံစားချက်တွေဟာ လက်ယာအစွန်းရောက် နိုင်ငံရေး ပါတီများရဲ့ ဘဏ္ဍာရေးအကြပ်အတည်း၊ စီးပွားရေးတုန့်နှေးနေမှုနဲ့ အလုပ်လက်မဲ့များပြားတဲ့ ဒီခေတ်မှာ ရင်းနှီး မတည်မှု ဖြစ်လာပါတယ်။
ဒါဟာ အနောက်တိုင်းနိုင်ငံရေးအပေါ်မှာ အကြီးအကျယ်သက်ရောက်မှု ရရှိလာခဲ့ပါတယ်။ အနည်းဆုံးတော့ ယူနိုက် တက်ကင်းဒမ်း(UK)ပေါ့။
လက်ယာစွန်းရောက်ဗြိတိန်လွတ်လပ်ရေးပါတီအကြီးအကဲ နီဂျလ် ဖာရေ့ဂ်ျ(Nigel Farage)ဟာ ဆလိုဗေးနီးယား -ခရိုအေးရှားနယ်စပ်မှာ အရှေ့အလယ်ပိုင်းဒုက္ခသည်တွေရဲ့ ပိုစတာအကြီးကြီးရှေ့မှာ မတ်တတ်ရပ်လျက် ရုပ်ရှင် ရိုက်ခံခဲ့ပါတယ်။ အကယ်၍ ဗြိတိန်(UK)ဟာ ဥရောပသမဂ္ဂ(EU)က မနှုတ်ထွက်ခဲ့ရင်နဲ့ နယ်စပ်ထိန်းချုပ်မှုကို ပြန်မရယူခဲ့ရင် ဒုက္ခသည်တွေ ဗြိတိန်မှာ ပုံနေမှာဖြစ်ပြီး ဒီ ဂယက်ရိုက်ခတ်မှုက ရှင်းလင်းမှာပါ။
လူဝင်မှုကြီးကြပ်မှုကိုထိန်းချုပ်တာဟာ ယူနိုက်တက် ကင်းဒမ်း(UK) ရဲ့ ၂၀၁၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ ဥရောပသမဂ္ဂ(EU) ကနုတ်ထွက်ဖို့ မဲပေးကြတဲ့ နောက်ကွယ်က အဓိက အကြောင်းတစ်ရပ်ဖြစ်ပါတယ်။
အီရက်စစ်ပွဲဟာ ကျွမ်းကျင်သူတွေနဲ့ သြဇာရှိရှေးရိုးဝါဒီတွေအပေါ် ပြည်သူတွေရဲ့ယုံကြည်မှုဆုံးရှုံးခြင်းလည်းပဲ ရှိခဲ့ ပါတယ်။ ဒီကိစ္စဟာ လက်ရွေးစင်နိုင်ငံရေးသမားတွေမှာ ကြီးမားတဲ့ဗဟုသုတအသိဉာဏ်မရှိဘူးဆိုတာ ဒါမှမဟုတ် ပြည်သူတွေထက်ပိုကောင်းတဲ့ ဝေဖန်ပိုင်းခြားနိုင်မှုမရှိတဲ့ သက်သေအထောက်အထားအဖြစ် မကြာခဏ ကိုးကား ပြောဆိုခံရပါတယ်။ တိုနီဘလဲ(Tony Blair)ဟာ ဗြိတိသျှလူမျိုးအများစုရဲ့ဆန္ဒအရ ဗြိတိန်အနေနဲ့ စစ်ပွဲကို ဆန့်ကျင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ တိုနီဘလဲဟာ အီရက်စစ်ပွဲအတွက်သာမဟုတ်ခဲ့ရင် တစ်ချိန်လုံးမှာ အကောင်းဆုံး ဝန်ကြီးချုပ်တစ်ယောက် ဖြစ်ခဲ့တာကနေ နာမည်ကျဆင်းခဲ့ပါတယ်။ ဒီကိစ္စဟာ သူ့ရဲ့ ဂုဏ်သိက္ခာ နဲ့ လေဘာပါတီရဲ့ ဂုဏ်သိက္ခာကို အစားထိုးအဖတ်ဆည်လို့မရအောင် အရောင်မှိန်ညှိုးနွမ်းစေခဲ့ပါတယ်။ လေဘာပါတီဟာ အဲဒီအချိန် ကစပြီး အခြားပါတီကို အာဏာလွှဲပေးခဲ့ရပါတယ်။
ကျွန်မ ကို နိဂုံးချုပ်ခွင့်ပြုပါ။
အီရက်ကို ကျူးကျော်တိုက်ခိုက်မှုဟာ စက်တင်ဘာလ ၁၁ ရက်(9/11)ရဲ့ ဆက်စပ်မှုတစ်ခုအနေနဲ့သာ နားလည်နိုင် ပါတယ်။ ကြောက်ရွံ့မှုနဲ့ ဒေါသထွက်မှုရဲ့ မောင်းနှင်မှုတွန်းအားကြောင့် အမေရိကနယ်မြေဟာ စည်းမျဉ်းများစွာကို အခြေခံထားပြီး အခြေခိုင်မှုနဲ့ ဦးဆောင်လမ်းပြမှုဖြင့်ကူညီတဲ့ နိုင်ငံတကာအစီအစဉ်(international order)ကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး နိုင်ငံတကာပြသနာတွေမှာ သံတမန်နည်းလမ်းထက် စစ်အင်အားကို အဓိကကိရိယာ အဖြစ် အသုံးပြုမှုကို ဖြစ်ပေါ်စေပါတယ်။ “ကာကွယ်မှုဆိုတာ လက်ဦးမှုရယူတိုက်ခိုက်ခြင်းပါပဲ”(“Defence meant offence.”)။ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကိုဦးစားပေးတဲ့နိုင်ငံဟာ ကျူးကျော်တိုက်ခိုက်ယုံသာမကပဲ အီရက်ကို သိမ်းပိုက်ခဲ့ပါတယ်၊ လူထောင်ပေါင်းများစွာကို တရားရုံးလုပ်ထုံးလုပ်နည်းမပါပဲ ဥပဒေမဲ့ ဖမ်းဆီးခဲ့တယ်၊ အဘူ ဂါရာရဗ်စ်(Abu Ghraib)အကျဉ်းစခန်းနဲ့ ဂွန်တန်နာမိုပက်လယ်အော(Guantanamo Bay)အကျဉ်းစခန်း တွေမှာ ဖမ်းဆီးခံထားရသူတွေကို နှိပ်စက်ညှင်းပမ်းခဲ့တယ်၊ ဘယ်နိုင်ငံကဖြစ်ဖြစ် သံသယရှိရင် ပြန်ပေးဆွဲ ဖမ်းဆီးပြီး ပုံမှန်မဟုတ်တဲ့လမ်းကြောင်းကနေ လူသားမဆန်တဲ့ ရာဇဝတ်သားလွှဲပြောင်းမှုတွေလုပ်ခဲ့တယ်၊ စစ်ပွဲ ကာလမဟုတ်တာတောင် အမိန့်ရထားတဲ့လုပ်ကြံသတ်ဖြတ်မှုတွေ နိုင်ငံအနှံ့အပြားမှုလုပ်ခဲ့ပါတယ်။ အပြစ်မဲ့ပြည်သူ သိန်းဂဏန်းဟာ အကြမ်းဖက်သမားတွေကို အမြစ်ဖြတ်ချေမှုန်းသုတ်သင်ဖို့ သဲကြီးမဲကြီးလိုက်လံရှာဖွေရင်း စစ်ပွဲ အတွင်းမတော်တဆထိခိုက်မှု(collateral damage)ဆိုပြီး အသတ်ခံခဲ့ရပါတယ်။ စစ်မြေပြင်ထက် အပြင်မှာ ရန်သူ ပိုများလာအောင် ဖန်တီးသလို ဖြစ်ခဲ့ပါတယ်။
အမေရိကန်ရဲ့ ဆက်စပ်လျက်ရှိတဲ့နိုင်ငံတကာငြိမ်းချမ်းရေးကြီးကြပ်ဆောင်ရွက်မှုတစ်ရပ်(Pax Americana)ဟာ ပြီးဆုံးပါပြီ။ အမေရိကရဲ့ စစ်အေးကာလနောက်ပိုင်း ကိုယ့်လူအနိုင်ရတဲ့အလွန်အမင်းပီတိဖြစ်မှု(triumphalism) ဟာ အရှေ့အလယ်ပိုင်းဒေသကို ချေမွဖျက်ဆီးခဲ့ပြီး မီးလောင်တိုက်သွင်းခဲ့ပါတယ်။
နိုင်ငံတကာစနစ်ကလည်း နယ်မြေအတွင်းအာဏာလွှမ်းမိုးမှု  ယှဉ်ပြိုင်ခြင်းအဆင့်ပေါင်းစုံရဲ့ တစ်ခုဖြစ်တဲ့ အရှေ့ အလယ်ပိုင်းဒေသဖြစ်စဉ်နဲ့အတူ အင်အားကြီးနိုင်ငံတစ်နိုင်ငံတည်းကမ္ဘာကိုလွှမ်းမိုးမှု(unipolar)ကနေ နိုင်ငံစုံ/ အဖွဲ့အစည်းစုံကနေ ကမ္ဘာကိုလွှမ်းမိုးမှု(multipolar world)ကို ပြောင်းလဲနေပါပြီ။
အီတာလျံ မာခ့် အတွေးအခေါ်ပညာရှင် အန်တိုနီယို ဂရမ်စီ(Antonio Gramsci) ကတော့“ကမ္ဘာကြီးက သေဆုံး နေပါပြီ၊ နောက်ကမ္ဘာသစ်က မွေးဖွားဖို့ ရုန်းကန်လှုပ်ရှားနေဆဲပါ၊ လက်ရှိကတော့ အလွန်ကြောက်စရာ ကောင်းတဲ့အချိန်ပါ”(“The old world is dying, and the new world struggles to be born: now is the time of monsters.”)လို့ ဖွဲ့ဆိုရေးသားခဲ့ပါတယ်။
ကျွန်မထင်တာကတော့ ဒီကိုးကားချက်က သမိုင်းမှာ ကျွန်မတို့ရဲ့ လက်ရှိအခြေအနေကို အမိအရ ပြောနေတယ်ထင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

Credit Htun Naing Oo

Friday, April 5, 2019

အာဖဂန်စစ်ပွဲ စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်ပြီး ICC ရှေ့နေချုပ်ကို အမေရိကန်က ဗီဇာရုပ်သိမ်း





[Zawgyi]











[Unicode]
အာဖဂန်နစ္စတန်တွင် အမေရိကန်စစ်သားများ၏ လုပ်ရပ်များကို စုံစမ်းစစ်ဆေးနိုင်ဖွယ် ရှိမှုနှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ၏ ရှေ့နေချုပ်ကို အမေရိကန်က ဗီဇာ ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ၎င်း၏ရုံးက ဧပြီ ၅ ရက်တွင် ပြောကြားခဲ့ သည်။

ICC ရှေ့နေချုပ် ဖာတိုအူဘင်ဆူဒါသည် ဗီဇာရုပ်သိမ်းခံရသော်လည်း ICC အတွက် တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ၎င်း၏ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ICC သည် ကုလသမဂ္ဂခုံရုံးမဟုတ်သော်လည်း ရှေ့နေဘင်ဆူဒါသည် ကုလသမဂ္ဂက ICC သို့ လွှဲပြောင်းသော အမှုများနှင့်ပတ်သက်ပြီး လုံခြုံရေးကောင်စီသို့ မကြာခဏ သွားရောက်ရသည်။


အမေရိကန်နှင့် မဟာမိတ်ကို စုံစမ်းစစ်ဆေးနေသည့် ICC တာဝန်ရှိသူအား ကန့်သတ်ထိန်းချုပ် သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ကြေညာခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာတွင် ဂမ်ဘီယာနိုင်ငံသား ဘင်ဆူဒါအား ဗီဇာရုပ်သိမ်းမှုပေါ် ပေါက်ခဲ့ခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်ရှိ အခြေအနေများနှင့်ပတ်သက်၍ အမေရိကန်ကို ICC က စုံစမ်းစစ်ဆေးရန် အကြံပြုမှုအတွက် တာဝန်ရှိသူသည် အမေရိကန်နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ရမည်မဟုတ်ကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်ရှိ စီအိုင်အေက တာဝန်ယူဆောင်ရွက်နေသော လျှို့ဝှက် ထိန်းသိမ်းရေးစခန်းများတွင် အမေရိကန်စစ်တပ်က ညှဉ်းပန်းနှိပ်စက်မှုများ ဆောင်ရွက်ခဲ့သည်ဟု ယုံကြည်ကြောင်း ICC က ၂၀၁၆ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားချင်း ရာဇဝတ်မှု ကျူးလွန်မှု၊ စစ်ရာဇဝတ်မှုနှင့် သက်ဆိုင်ရာနိုင်ငံ အာဏာပိုင်များက ဆောင်ရွက်နိုင်ခြင်းမရှိသော သို့မဟုတ် မဆောင်ရွက်သော ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို အပြစ်ပေးရန် OCC က စုံစမ်းစစ်ဆေးဆောင်ရွက်သည်။

ICC ကို နိုင်ငံပေါင်း ၁၂၃ နိုင်ငံက အတည်ပြုလက်မှတ်ရေးထိုးထားသော်လည်း အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှားအပါအဝင် နိုင်ငံအများအပြားက အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် ငြင်းဆိုထားသည်။ အာဖရိကနိုင်ငံသားများကို မမျှမတဆက်ဆံသည်ဟု ယုံကြည်သောကြောင့် အာဖရိကနိုင်ငံအချို့က ICC မှ ပြန်လည်နုတ်ထွက်သွားခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဘူရွန်ဒီက ICC မှ နုတ်ထွက်သွားခဲ့ပြီး ဇမ်ဘီယာနှင့် တောင်အာဖရိကတို့ကလည်း ICC မှ နုတ်ထွက်ရန် ကြိုးပမ်းခဲ့သည်။

ဖိလစ်ပိုင်တွင် သမ္မတရိုဒရီဂိုဒူတာတေး၏ မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲအား ICC က စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ပြီးခဲ့သည့် မတ်လတွင် ဖိလစ်ပိုင်က ICC မှ တရားဝင် နုတ်ထွက်သွားသည်။

၂၀၀၂ ခုနှစ်တွင် တည်ထောင်ထားသော ICC တွင် ပါဝင်ရန် အမေရိကန်က ငြင်းဆိုထားသည်။ အာဖဂန်တွင် တာလီဘန်၊ အာဖဂန်အစိုးရ တပ်ဖွဲ့ဝင်များနှင့် အမေရိကန်အပါအဝင် အပြည်ပြည်ဆိုင်ရာ တပ်ဖွဲ့ဝင်များ၏ စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ဘင်ဆူဒါက ၂၀၁၇ နိုဝင်ဘာတွင် ICC တရားသူကြီးများကို တိုက်တွန်းခဲ့သည်။ သို့သော်လည်း အပြည့်အဝ စုံစမ်းစစ်ဆေးမှု ပြုလုပ်မှုနှင့် ပတ်သက်၍ ICC က မဆုံးဖြတ်ရသေးပေ။ ICC သည်အမေရိ ကန်၏ ဥပဒေနှင့်အညီ အုပ်ချုပ်မှုကို တိုက်ခိုက်နေကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားထားသည်။                      

Ref:

“ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ၏ အကူအညီနှင့် ရခိုင်က စစ်ဘေးရှောင် ပြည်သူတို့ ဘ၀”

ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံး sniper top 10

Thursday, December 27, 2018

ဒုက္ခသည်စခန်းမှ ဘုရင်မကြီး ဂုဏ်ပြုတပ်ဖွဲ့ဆီသို့





ခြေလျင်တပ် သင်တန်းကျောင်းမှာ အောင်မြင်တဲ့ ပထမဆုံး အမျိုးသမီး

ထိုင်းမြန်မာ နယ်စပ် အုန်းဖြန် ဒုက္ခသည် စခန်းမှာ မွေးဖွားခဲ့တဲ့ ကရင်အမျိုးသမီး နော်အနီတာ အောင်ခင်ဟာ အခုတော့ ဗြိတိသျှ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေပြီး ဘုရင်မကြီးရဲ့ ဂုဏ်ပြုတပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်နေပါပြီ။
ဗြိတိသျှ တပ်မတော်မှာ သူ့ရဲ့အဓိကအလုပ်က Royal Logistic Corps မှာ Logistics supply specialist တာဝန်ထမ်းဆောင်ရပါတယ်။
အဲဒီ ဌာနရဲ့ ဘင်ခရာ အဖွဲ့မှာလည်း ဒရမ်တီးသမားဖြစ်တဲ့ အတွက် လန်ဒန်မြို့တော်က ဘာကင်ဟမ်နန်းတော်၊ ဝင်ဆာမြို့က ဝင်ဆာ ရဲတိုက်ကြီးတို့မှာ နေ့စဉ် ပြုလုပ်တဲ့ အစောင့်တပ်တွေ လဲလှယ်ရာမှာ ပါဝင်ချီတက်ရတဲ့ ဘင်ခရာအဖွဲ့မှာ နော်အနီတာ ပါဝင်ရပါတယ်။
တော်ဝင် မိသားစုနဲ့ ဆိုင်တဲ့ အခမ်းအနားတွေ၊ တပ်မတော် ဘွဲ့နှင်းသဘင် အခန်းအနားတွေမှာ ဖျော်ဖြေတာအပြင် ပြည်တွင်းပြည်ပမှာ လုပ်တဲ့ အခမ်းအနားတွေမှာ ဖျော်ဖြေဖို့လည်း ဂုဏ်ပြု ဘင်ခရာအဖွဲ့နဲ့ အတူ သူလိုက်ပါသွားရပါတယ်။
ဗြိတိသျှတပ်မတော်မှာ တာဝန်ထမ်းဆောင်နေတာ ၅ နှစ်ရှိပြီဓာတ်ပုံ မူပိုင်NAW ANITA AUNG KHIN
ဗြိတိသျှတပ်မတော်မှာ တာဝန်ထမ်းဆောင်နေတာ ၅ နှစ်ရှိပြီ

တော်ဝင်မိသားစုဝင်တွေထဲက ဘုရင်မကြီး၊ အိမ်ရှေ့စံ ဝေလမင်းသား ချားလ်စ်နဲ့ တော်ဝင် မင်းသမီး အန်းတို့ကို တွေ့ဖူးတယ်လို့ အနီတာက ဆိုပါတယ်။
အဲလစ်ဇဘက်ဘုရင်မကြီးကိုတော့ လန်ဒန် နားက Epsom မြို့မှာ လုပ်တဲ့ မြင်းပွဲကိုလာတုန်း တွေ့ဖူး စကားပြောဖူးတယ်လို့ နော်အနီတာက ပြောပါတယ်။
ဘုရင်မကြီးက သူတို့ တပ်ဖွဲ့တွေကို စစ်ဆေးတယ်၊ တစ်ယောက်ချင်းကို ကောင်းကောင်း မွန်မွန် လိုက်လံ စကားပြောနှုတ်ဆက်ပြီး နေ့စဉ်လုပ်ငန်းနဲ့ အလုပ်အကိုင် အကြောင်းမေးရာမှာ သူ့ကို အလုပ် အကြောင်းမေးတော့ အလုပ် လုပ်တာ ၅ နှစ် ရှိပြီ၊ အဆင်ပြေတယ်ဆိုပြီး ပြန်ဖြေခဲ့တယ်လို့ အနီတာက ပြောပါတယ်။
ဘင်ခရာအဖွဲ့မှာ ပါသူတွေက အနည်းဆုံး တူရိယာ နှစ်မျိုး တီးခတ်တတ်ဖို့ လိုပြီး အနီတာကတော့ ဒရမ်နဲ့ Bugle လို့ ခေါ်တဲ့ ခရာ ကိုပါတီးမှုတ်တတ်ပါတယ်။
ခြေလျင် တပ်ဖွဲ သင်တန်းကျောင်းဆင်း ပွဲမှာ သင်တန်းသားများနဲ့ နော်အနီတာအောင်ခင်ဓာတ်ပုံ မူပိုင်NAW ANITA AUNG KHIN



ခြေလျင် တပ်ဖွဲ သင်တန်းကျောင်းဆင်း ပွဲမှာ သင်တန်းသားများနဲ့ နော်အနီတာအောင်ခင်

ဗြိတိသျှ တပ်မတော် ဝင်ဖို့ လိုအပ်ချက်များ
ဗြိတိသျှ တပ်မတော်ကို ဝင်နိုင်ဖို့ အရပ်အမောင်း သတ်မှတ်ချက်က ၅ ပေနဲ့ ၆ လက်မ ဖြစ်ပါတယ်။
အင်္ဂလိပ်စာနဲ့ သင်္ချာ မှာ ဗြိတိန်က သတ်မှတ်ထားတဲ့ GNVQ Level 2 အသက်မွေးဝမ်းကျောင်း ကောလိပ်ဝင်ခွင့် အဆင့် ၂ အောင်ဖို့လို တယ်၊ ကျန်းမာ ကြံ့ခိုင်ရေး ဆေးစစ်ချက်တွေ အောင်ဖို့ လိုတယ်လို့ အနီတာက ပြောပါတယ်။
စစ်ဆေးမှုတွေ အောင်မြင်ရင် တောထဲမှာ လေ့ကျင့်ရတဲ့ တိုက်ခိုက်ရေး သင်တန်း အပါအဝင် တခြား သင်တန်းတွေကို တစ်ဆင့်ပြီး တစ်ဆင့် တက်ရတယ်လို့ ဆိုပါတယ်။
ဒုက္ခသည်စခန်းမှသည် ဘုရင့်တပ်မတော် ဆီသို့
နော်အနီတာအောင်ခင်ဟာ ကရင်လူမျိုးမိဘတွေက မွေးဖွားတဲ့ တိုင်းရင်းသူလေးဖြစ်ပါတယ်။
ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည် စခန်းမှာ မွေးတာ ဖြစ်လို့ မြန်မာနိုင်ငံသားလည်း လျှေက်ထားလို့မရ၊ ထိုင်းနိုင်ငံကလည်း အသိအမှတ်မပြုလို့ နိုင်ငံမဲ့ ဘဝနဲ့ နေခဲ့ရပါတယ်။
refugee campဓာတ်ပုံ မူပိုင်PORNCHAI KITTIWONGSAKUL



ဒုက္ခသည်စခန်းက မရေရာတဲ့ ဘဝတွေ
၂၀၀၆ ခုနှစ် ရောက်တော့ ဗြိတိသျှ အစိုးရရဲ့ ဒုက္ခသည်တွေ နေရာချထားရေး အစီအစဉ်အရ မိသားစုနဲ့ အတူ ဗြိတိန်နိုင်ငံကို ရောက်လာခဲ့ပါတယ်။
အဲဒီအချိန်က အနီတာက အသက် ၁၄ နှစ် အရွယ်ဖြစ်ပါတယ်။
သူ့ရဲ့ မိခင်ဘာသာစကားက ကရင်ဘာသာစကားဖြစ်ပြီး မြန်မာလို အနည်းအပါးသာ ပြောနိုင်ပါတယ်။
ဒုက္ခသည်စခန်းမှာ အလှူရှင်တွေရဲ့ အကူအညီတွေ ရပေမယ့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး ဘဝ အာမခံချက် မရှိသလို အလုပ်အကိုင် အခွင့်အလမ်း မရှိလို့ ဘဝလုံခြုံမှု မရှိနိုင်ဘူးလို့ ဆိုပါတယ်။
ဗြိတိန်ကို ရောက်လာတော့ ဘာသာစကား အခက်အခဲ၊ နေထိုင်စားသောက်ရေး အခက်အခဲတွေ အများကြီး ကြုံခဲ့ရပါတယ်။
ဒါပေမဲ့ ဗြိတိန်က သူ့ကို ခိုလှုံခွင့် ပေးပြီး နိုင်ငံသား ဖြစ်ခွင့် ရတဲ့ အတွက် နိုင်ငံသား တစ်ယောက် အနေနဲ့ လူ့အခွင့်အရေး အပြည့်အဝ ခံစား ရတယ်လို့ အနီတာက ပြောပါတယ်။
နိုင်ငံမဲ့ ဘဝကနေ ဗြိတိန်နိုင်ငံသား ဖြစ်ခွင့် ရလာတဲ့အတွက် ဒီနိုင်ငံကို ကျေးဇူးဆပ်တဲ့ အနေနဲ့ရော ဝါသနာပါရာ အလုပ်ကို လုပ်ဖို့ အတွက်ပါ တပ်မတော်ထဲ ဝင်ခဲ့တာလို့ သူက ပြောပါတယ်။
အခု ဗြိတိသျှ တပ်မတော်မှာ တာဝန် ထမ်းဆောင်ရတဲ့ အတွက် ဂုဏ်ယူမိတယ်၊ မျှော်လင့်ချက် မရှိတဲ့ ဒုက္ခသည်စခန်းကနေ အခုလို အခြေအနေအထိ ဖြစ်လာဖို့ ကြိုးစားခဲ့ရတာတွေရဲ့ အတွေ့အကြုံအရ တိုင်းရင်းသူတွေအပါအဝင် မိန်းကလေးတွေ ကို လည်း ရည်မှန်းချက်ထားတဲ့အတိုင်း ကြိုးစားလုပ်ဆောင်ရင် မဖြစ်နိုင်စရာ မရှိဘူးလို့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။




အိန္ဒိယ ကိုလိုနီ ဘ၀ ကျရောက်ခဲ့စဉ်အတွင်း ဗြိတိသျှတို့မှ ဒေါ်လာ ၄၅ တြီလီယံ ခိုးယူ အမြတ်ထုတ်ခဲ့ကြခြင်း





အဆိုပါ အကြောင်း အား ဖွင့်ချရေးသားခဲ့သူ ကတော့ အိန္ဒိယ နိုင်ငံသား ဖြစ်သူ ထင်ရှားသည့် ဘောဂဗေဒပညာရှင် အူဆာ ပက်နိတ် (Utsa Patnaik)  ဖြစ်ပြီး ၎င်း၏ အဆိုပါ  သုတေသန စာတမ်းအား အမေရိကန် ကိုလံဘီယာ တက္ကသိုလ်ကြီးမှ ပုံနှိပ် ဖြန့်ချီခဲ့ပါတယ်။

ပက်နိတ် ၏ တွက်ချက်မှုအရ ၁၇၆၅ မှ ၁၉၃၈ အတွင်း ဗြိတိသျှ တို့ အိန္ဒိယမှ တတိတိ နှင့် ထုတ်ယူ သုံးစွဲခဲ့သော ငွေ ပမာဏ စုစုပေါင်းသည် အမေရိကန် ဒေါ်လာ ၄၄.၆ တြီလီယံ ခန့် ရှိတယ်လို့ သိရပါတယ်။ ထိုသို့ တွက်ချက်မှု များသည် နှစ်ပေါင်း နှစ်ရာ အတွင်း ၎င်းလေ့လာ ခဲ့သည့် ကုန်သွယ်ရေး နှင့် အခွန် အတုပ် ကောက်ခံရရှိမှု စာရင်းဇယားများကို အခြေခံပြီး ပြုလုပ်ခဲ့ခြင်း လည်း ဖြစ်ပါတယ်။

သို့သော် ထိုကာလများ က ဗြိတိန်မှ အိန္ဒိယ အား အုပ်ချုပ်နေမှု အတွက် အကုန်အကျများသည်သာ ရှိပြီး စီးပွားရေး အရ ဗြိတိန်အတွက် မည်သို့မျှ အကျိုးကျေးဇူး ဖြစ်ထွန်းခဲ့ခြင်း မရှိလို့ ဗြိတိသျှ အစိုးရ အဆက်ဆက် က တသမတ်တည်း ပြောဆိုလာနေခဲ့ကြတာ ဖြစ်ပါတယ်။ မကြာသေးမီက ရာထူးမှ ဆင်းပေးခဲ့ရသော ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွမ်းက ပင် ဗြိတိသျှ တို့ အုပ်ချုပ်မှုကြောင့် အိန္ဒိယတွင် အသားတင် အကျိုးအမြတ်များ ဖြစ်ထွန်းခဲ့တယ်လို့ ပြောနေဆဲ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် YouGov အဖွဲ့ကြီးရဲ့ ဗြိတိန် တွင် စစ်တမ်း ကောက်ယူချက်များအရ နိုင်ငံသား ငါးဆယ် ရာနှုန်းက ကိုလိုနီ ၀ါဒသည် ကိုလိုနီပြုခံ နိုင်ငံ များအား အကျိုး ဖြစ်ထွန်းခဲ့တယ်လို့ ယုံကြည်နေကြဆဲ ဖြစ်ပါတယ်။

သို့သော် ဗြိတိန် အနေဖြင့် အိန္ဒိယ ကို ဖွံ့ဖြိုး တိုးတက်အောင် မလုပ်ခဲ့ယုံမက ၎င်းတို့ ရပိုင်ခွင့် ရှိသော ငွေများကို ခိုးယူ သွားခဲ့တယ်လို့ ထုတ်ဖေါ်လိုက်ပြီ ဖြစ်ပါတယ်။

ဗြိတိသျှ သူကောင်းမျိုးနွယ်များဟု ဟစ်ကြွေးခဲ့ကြသူများက လက်ရှိ ၎င်းတို့နိုင်ငံ၏ တနှစ်ပါတ်လုံး ထုတ်ကုန် စုစုပေါင်း ပမာဏ ထက် ၁၇ ဆ မျှ ရှိသော ငွေကြေးများကို တတိတိဖြင့် မည်သို့ မည်ပုံ ခိုးယူကြပေသနည်း။

ကုန်သွယ်ရေး စနစ်မှ စတင်ခဲ့ခြင်းဟု ဆိုပါတယ်။ အိန္ဒိယအား သိမ်းပိုက်ခြင်း မပြုမီအထိ ဗြိတိသျှ တို့က အိန္ဒိယနိုင်ငံထွက် အထည်အလိပ် နှင့် ဆန်စပါးတို့အား အခြားနိုင်ငံများ နည်းတူ ငွေဒင်္ဂါးပြားများဖြင့် ပုံမှန်အတိုင်း ပေးချေဝယ်ယူခဲ့ကြပါတယ်။ သို့သော် ၁၇၆၅ နောက်ပိုင်း အရှေ့အိန္ဒိယ ကုမ္ပဏီကြီး East India Compay (EIC) သည် အိန္ဒိယ ကုန်းမြေကြီးအား ဗိုလ်ကျ စိုးမိုးလာခဲ့ပြီး ကုန်သွယ်ရေး ကို လက်ဝါးကြီး အုပ်လာခဲ့ပါတယ်။

အီးအိုင်စီသည် အိန္ဒိယတွင် အခွန်အတုပ်များ စတင်ကောက်ခံလာခဲ့ပါတယ်။ ရရှိလာသော အခွန်ငွေများ၏ သုံးပုံတပုံကို ၎င်းတို့ အတွက် အိန္ဒိယ ကုန်စည်များကို ၀ယ်ယူရာမှာ ငွေပေးချေခဲ့ကြပါတယ်။ ဤသည်ကား ငါးကြင်းဆီ နှင့် ငါးကြင်းပြန်ကြော်သည့် လုပ်ရပ်သာ ဖြစ်ပါတော့တယ်။ ၎င်းတို့ အိပ်မှ တပြားတချပ် မျှပင် စိုက်ထုတ်စရာ မလိုပဲ အိန္ဒိယ ထွက်ကုန်များကို အလကားနီးပါး ရယူခဲ့ကြတာသာ ဖြစ်ပါတယ်။ အိန္ဒိယ လယ်သမား များ နှင့် ရက်ကန်းသည်များကတော့ ၎င်းတို့ ပေးခဲ့ရသည့် အခွန်ငွေများ ဖြင့် ၎င်းတို့ ပစ္စည်းများ လာရောက် ၀ယ်ယူနေကြသည်အဖြစ်ကို မည်သို့များ ရိပ်မိနိုင်ကြအံ့ပေမည်နည်း။

ထိုသို့ အိန္ဒိယ ပြည်သူများ၏ အိပ်ကပ်ထဲမှ နှိုက်ယူခဲ့ကြသော ငွေများ ဖြင့် ၀ယ်ယူခဲ့သည့် ကုန်ပစ္စည်းများ၏ အချို့တ၀က်ကို ဗြိတိန် တွင် သုံးစွဲခဲ့ကြပြီး ပိုလျံသည်များကို ပြည်ပ သို့ ပြန်လည် တင်ပို့ ရောင်းချနိုင်ခဲ့သဖြင့် အမြတ်အစွန်း များ ရရှိလာခဲ့ပြန်ပါတယ်။ ရောင်းချရာတွင်လည်း ပေးခဲ့ရသည့် တန်ဖိုးထက် အဆ တရာနီးပါးမျှ အမြတ်တင် ရောင်းချခဲ့ကြခြင်းလည်း ဖြစ်ပါတယ်။ ထိုသို့ရရှိလာသော မြောက်မြားလှသည့်  အမြတ်အစွန်းများ ဖြင့် ဗြိတိသျှ ပိုင် စက်မှု လုပ်ငန်းကြီးများအတွက် လိုအပ်နေသော သံ၊ ကတ္တရာ၊ သစ် အစရှိသည့် မဟာဗျုဟာမြောက် ကုန်ကြမ်းများကို ၀ယ်ယူတင်သွင်းရာမှာ ပေးချေခဲ့ကြပါတယ်။ ထို့အတွက် ဗြိတိသျှ စက်မှုတော်လှန်ရေးကြီးကား အိန္ဒိယမှ ခိုးယူသွားသော ငွေများ ဖြင့် ဖြစ်ထွန်းအောင်မြင်ခဲ့တယ်လို့ စာတမ်းပြုစုသူ မစ္စတာ ပက်နိတ်က ရဲဝံ့စွာ ကြေငြာလိုက်ပါတယ်။

၁၈၅၈ တွင် အိန္ဒိယရှိ အီးအိုင်စီ နေရာတွင် ဗြိတိသျှ ရှိ ဘက်ကင်ဟမ် နန်းတွင်းနေ အရှင်သခင်များ က လွှဲပြောင်း အုပ်ချုပ်လာခဲ့ကြပါတယ်။ အီးအိုင်စီ တို့၏ လက်ဝါးကြီးအုပ် အမြတ်ထုတ် စနစ် ချုပ်ငြိမ်းသွားခဲ့ရပြီး ယင်းနေရာတွင် Tax and Buy System နဲ့ အစားထိုးပြီး ထပ်မံ လှည့်စားခဲ့ကြပြန်ပါတယ်။

ထိုစနစ်သစ်အရ အိန္ဒိယမှ ကုန်ထုတ်လုပ်သူများ သည် ၎င်းတို့ ပစ္စည်းများအား အခြားနိုင်ငံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချခွင့် ရရှိလာခဲ့ကြပါတယ်။ သို့သော်လည်း အဆိုပါ ကုန်ပစ္စည်းများ အတွက် ငွေကို လန်ဒန်သို့ တိုက်ရိုက်ပေးချေကြရပါတယ်။ အိန္ဒိယမှ ပစ္စည်းများ မှာယူတင်သွင်းလိုသူများသည် ဦးစွာပထမ ဗြိတိသျှ တို့ ထုတ်ပေးသည့် Special Council Bill ခေါ် ငွေစက္ကူများကို ရွှေ သို့မဟုတ် ငွေဒင်္ဂါးပြားများ နဲ့ ၀ယ်ယူရပါတယ်။ ထို့နောက် အဆိုပါ ငွေစက္ကူများ ဖြင့် အိန္ဒိယ ကုန်သည်များ ကို ငွေပေးချေကြရပါတယ်။ တဖန် ကုန်သည်များက အဆိုပါ ငွေစက္ကူများအား နိုင်ငံတွင်းရှိ ကိုလိုနီ အုပ်ချုပ်ရေး ရုံးများတွင် ငွေသားဖြင့် ဖလှယ်ယူကြရပါတယ်။ ၎င်းတို့ ကို ဖလှယ်ပေးလိုက်သော ရူပီး ငွေများက အိန္ဒိယ ပြည်သူများထံ မှ ကောက်ခံရရှိထားတဲ့ အခွန်ငွေများထဲမှ ထုတ်ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။

လန်ဒန်ကတော့ ရွှေဒင်္ဂါး ငွေ ဒင်္ဂါးများအား မည်သို့မျှပင် အရင်းမစိုက်ရပဲ အသားတင် ရရှိသွားပါတော့တယ်။ အိန္ဒိယ အဖို့ကား ၎င်းတို့အတွက် တနေ့ ရွှေဥ တလုံး ဥပေးနေသော ငန်းကြီးပင် ဖြစ်ပါတော့တယ်။

အဆိုပါ အမြတ်အစွန်းများဖြင့် ၁၈၄၀ နောက်ပိုင်း တရုတ်အား ကျူးကျော်ခဲ့ခြင်း၊ အခြားနိုင်ငံများအား ကိုလိုနီအဖြစ် သိမ်းပိုက်ခြင်းတို့တွင် ငွေကြေး အလုံးအရင်း သုံးစွဲနိုင်ခဲ့ယုံမက အိန္ဒိယ စစ်ဗာရီများ၏ ၁၈၅၇ ပုန်ကန်မှုကြီးကိုပင် ရက်ရက်စက်စက် နှိမ်နှင်းနိုင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံသည်လည်း ၁၈၈၆ မှ စ၍ ဗြိတိသျှ အုပ်ချုပ်ရေး လက်အောက်ခံ အိန္ဒိယ ပြည်နယ် တခုဘ၀ ကျရောက်ခဲ့ရသဖြင့် မြန်မာပြည်မှလည်း ဗြိတိသျှ တို့ အလားတူ ခိုးယူခဲ့ကြမည်မှာလည်း ယုံမှားသံသယ မရှိပေ။ မည်ရွေ့မည်မျှ ဆိုသည်ကတော့ မစ္စတာ ပက်နိတ်လို ပညာရှင်များသာ အတိအကျ တွက်ချက်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

မစ္စတာ ပက်နိတ် ၏ ရည်ရွယ်ချက်ကတော့ ဗြိတိသျှ တို့ အဖို့ ကိုလိုနီ နိုင်ငံများအား မဟာဂရုဏာတော်ဖြင့် ယဉ်ကျေးသိမ်မွေ့အောင် အနစ်နာခံ ပြုလုပ်နေရပါသည်ဆိုသော The White Man’s Burden ဆိုသည် အယူအဆအား အပြီးအပိုင် ဖယ်ရှားလိုသောကြောင့် ဖြစ်ပေသည်ဟု ဆိုပါတယ်။

ဖေါ်ပြပါ ပုံသည်ကား ဗြိတိသျှ တို့ ကြွေးကြော်ခဲ့သော The White Man’s Burden အား သရုပ်ဖေါ်ထားခြင်း ဖြစ်ပါတယ်။

ကိုးကား။ ။ How Britain stole $45 trillion from India (Aljazeera News Dec 19, 2018)


Trillion

12

4 (1,000,000,000,000)


How Britain stole $45 trillion from India

And lied about it. 

by




There is a story that is commonly told in Britain that the colonisation of India - as horrible as it may have been - was not of any major economic benefit to Britain itself. If anything, the administration of India was a cost to Britain. So the fact that the empire was sustained for so long - the story goes - was a gesture of Britain's benevolence.

New research by the renowned economist Utsa Patnaik - just published by Columbia University Press - deals a crushing blow to this narrative. Drawing on nearly two centuries of detailed data on tax and trade, Patnaik calculated that Britain drained a total of nearly $45 trillion from India during the period 1765 to 1938. 

It's a staggering sum. For perspective, $45 trillion is 17 times more than the total annual gross domestic product of the United Kingdom today.

How did this come about? 

It happened through the trade system. Prior to the colonial period, Britain bought goods like textiles and rice from Indian producers and paid for them in the normal way - mostly with silver - as they did with any other country. But something changed in 1765, shortly after the East India Company took control of the subcontinent and established a monopoly over Indian trade.

Here's how it worked. The East India Company began collecting taxes in India, and then cleverly used a portion of those revenues (about a third) to fund the purchase of Indian goods for British use. In other words, instead of paying for Indian goods out of their own pocket, British traders acquired them for free, "buying" from peasants and weavers using money that had just been taken from them. 

It was a scam - theft on a grand scale. Yet most Indians were unaware of what was going on because the agent who collected the taxes was not the same as the one who showed up to buy their goods. Had it been the same person, they surely would have smelled a rat.

Some of the stolen goods were consumed in Britain, and the rest were re-exported elsewhere. The re-export system allowed Britain to finance a flow of imports from Europe, including strategic materials like iron, tar and timber, which were essential to Britain's industrialisation. Indeed, the Industrial Revolution depended in large part on this systematic theft from India.

On top of this, the British were able to sell the stolen goods to other countries for much more than they "bought" them for in the first place, pocketing not only 100 percent of the original value of the goods but also the markup. 

After the British Raj took over in 1858, colonisers added a special new twist to the tax-and-buy system. As the East India Company's monopoly broke down, Indian producers were allowed to export their goods directly to other countries. But Britain made sure that the payments for those goods nonetheless ended up in London. 

How did this work? Basically, anyone who wanted to buy goods from India would do so using special Council Bills - a unique paper currency issued only by the British Crown. And the only way to get those bills was to buy them from London with gold or silver. So traders would pay London in gold to get the bills, and then use the bills to pay Indian producers. When Indians cashed the bills in at the local colonial office, they were "paid" in rupees out of tax revenues - money that had just been collected from them. So, once again, they were not in fact paid at all; they were defrauded. 

Meanwhile, London ended up with all of the gold and silver that should have gone directly to the Indians in exchange for their exports. 

This corrupt system meant that even while India was running an impressive trade surplus with the rest of the world - a surplus that lasted for three decades in the early 20th century - it showed up as a deficit in the national accounts because the real income from India's exports was appropriated in its entirety by Britain. 

Some point to this fictional "deficit" as evidence that India was a liability to Britain. But exactly the opposite is true. Britain intercepted enormous quantities of income that rightly belonged to Indian producers. India was the goose that laid the golden egg. Meanwhile, the "deficit" meant that India had no option but to borrow from Britain to finance its imports. So the entire Indian population was forced into completely unnecessary debt to their colonial overlords, further cementing British control. 

Britain used the windfall from this fraudulent system to fuel the engines of imperial violence - funding the invasion of China in the 1840s and the suppression of the Indian Rebellion in 1857. And this was on top of what the Crown took directly from Indian taxpayers to pay for its wars. As Patnaik points out, "the cost of all Britain's wars of conquest outside Indian borders were charged always wholly or mainly to Indian revenues." 

And that's not all. Britain used this flow of tribute from India to finance the expansion of capitalism in Europe and regions of European settlement, like Canada and Australia. So not only the industrialisation of Britain but also the industrialisation of much of the Western world was facilitated by extraction from the colonies.

Patnaik identifies four distinct economic periods in colonial India from 1765 to 1938, calculates the extraction for each, and then compounds at a modest rate of interest (about 5 percent, which is lower than the market rate) from the middle of each period to the present. Adding it all up, she finds that the total drain amounts to $44.6 trillion. This figure is conservative, she says, and does not include the debts that Britain imposed on India during the Raj.

These are eye-watering sums. But the true costs of this drain cannot be calculated. If India had been able to invest its own tax revenues and foreign exchange earnings in development - as Japan did - there's no telling how history might have turned out differently. India could very well have become an economic powerhouse. Centuries of poverty and suffering could have been prevented.

All of this is a sobering antidote to the rosy narrative promoted by certain powerful voices in Britain. The conservative historian Niall Ferguson has claimed that British rule helped "develop" India. While he was prime minister, David Cameron asserted that British rule was a net help to India. 

This narrative has found considerable traction in the popular imagination: according to a 2014 YouGov poll, 50 percent of people in Britain believe that colonialism was beneficial to the colonies.

Yet during the entire 200-year history of British rule in India, there was almost no increase in per capita income. In fact, during the last half of the 19th century - the heyday of British intervention - income in India collapsed by half. The average life expectancy of Indians dropped by a fifth from 1870 to 1920. Tens of millions died needlessly of policy-induced famine. 

Britain didn't develop India. Quite the contrary - as Patnaik's work makes clear - India developed Britain. 

What does this require of Britain today? An apology? Absolutely. Reparations? Perhaps - although there is not enough money in all of Britain to cover the sums that Patnaik identifies. In the meantime, we can start by setting the story straight. We need to recognise that Britain retained control of India not out of benevolence but for the sake of plunder and that Britain's industrial rise didn't emerge sui generis from the steam engine and strong institutions, as our schoolbooks would have it, but depended on violent theft from other lands and other peoples.

Editor's note: A previous version of this article erroneously had the beginning of the British Raj as 1847. The correct year is 1858.


*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!