Popular Posts!

Friday, August 25, 2017

အိန္ဒိယ ပဲအ၀ယ်လျော့ချ ကန့်သတ်မှုကြောင့် ပြည်တွင်း ပဲဈေးကျဆင်းလာပြီး ပဲကုန်သည်တွင် တန်ချိန် သိန်းဂဏန်းပိုက်မိနေကြောင်း!

အိန္ဒိယ ပဲအ၀ယ်ကန့်သတ်မှုကြောင့် ပဲစင်းငုံဈေး တ၀က်လောက်ထိပြုတ်ကျလာ!
Image may contain: 1 person, food

လက်ရှိတွင် ပြည်တွင်း ကုန်စည်ဒိုင်ကြီးများဖြစ်သည့် ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်နှင့် ပခုက္ကူ ကုန်စည်ဒိုင် ကြီးများတွင် ပဲအရောင်းအ၀ယ် ယာယီ ရပ်ဆိုင်းလိုက်ကြောင်း ယခုလ ၂၃ရက်နေ့က ကြေညာခဲ့ပြီး မန္တလေး ကုန်စည်ဒိုင်နှင့် မုံရွာ ကုန်စည်ဒိုင်များတွင် အရောင်းအ၀ယ် ရပ်ဆိုင်းကြောင်း မထုတ်ပြန်သော်လည်း အရောင်း အ၀ယ် ရပ်တန့်နေကြောင်း မုံရွာကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးဇော်မိုးက ပြောသည်။

“ ကျွန်တော်တို့ကတော့ မရပ်ဆိုင်းပါဘူး။ တောင်သူတွေက ရောင်းချင်တယ်ဆို ၀ယ်ပေးနေဦးမှာပါ။ ကျွန်တော် တို့က အဓိက တောင်သူတွေအတွက် ဒုက္ခမရောက်စေချင် လို့ပါ။ ဈေးကတော့ အရင်တုန်းက ပိဿာ ၂၀ တစ် အိတ်ကို ၂၈,၀၀၀ လောက်ပေါက်တာ အခု တစ်အိတ်ကို ၁၆,၀၀၀ လောက်ပဲ ရှိတော့တယ်” ဟု ပြောသည်။

အိန္ဒိယ နိုင်ငံအနေနဲ့ ပြည်ပနိုင်ငံများမှ ပဲစင်းငုံ တန်ချိန် ၂ သိန်း၊ မတ်ပဲနှင့် ပဲတီစိမ်း တန်ချိန် ၃ သိန်းကိုသာ ၀ယ်ယူရန် ကန့်သတ်လိုက်ခြင်းကြောင့် လက်ရှိတွင် ပြည်တွင်း ပဲအရောင်းအ၀ယ် ရပ်တန့်နေသလို လက်ရှိ ပြည်တွင်းတွင် ပဲစင်းငုံ တန်ချိန် တစ်သိန်းခန့်နှင့် မတ်ပဲ တန်ချိန် သုံးသိန်းခန့် သောင်တင်နေကြောင်း မြန် မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း၏ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

“ ဒီနှစ်က မြန်မာနိုင်ငံမှာ ပဲအထွက်နှုန်း များသလို အိန္ဒိယမှာလည်း ပဲအထွက်နှုန်းကောင်းတော့ သူတို့ ပြည်တွင်းဈေး တက်လာအောင် အခုလို ကန့်သတ်လိုက်တာပါ။ ကျွန်တော်တို့ ဆီက အဓိက အိန္ဒိယဈေးကွက် ကို မီခိုနေရတာက ကမ္ဘာမှာ အိန္ဒိယက ပဲအများဆုံးစားတာ။ တခြားနိုင်ငံတွေက သူ့လောက်မ၀ယ်ဘူး ၀ယ် လည်း နဲနဲပဲ။ ဒီနှစ်တော့ ကျွန်တော်တို့ဆီက ပဲတွေကို ခွဲတမ်းနဲ့ ပြန်ဝယ်ပေးဖို့ တောင်းဆိုရမှာပေါ့ နောက်နှစ်ကျ ရင်တော့ တောင်သူတွေ အနေနဲ့လည်း တစ်ခြားပဲတွေ ပြောင်းစိုက်ကြဖို့ လိုတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က အိန္ဒိယနိုင်ငံတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ပြီး ပဲအထွက်နှုန်း လျော့ကျခဲ့သည့်အပြင် ယင်းအချိန်က ဒေါ်လာဈေးများ မြင့်တက်ခဲ့သည့်အတွက် မြန်မာနိုင်ငံတွင် မတ်ပဲ တစ်တန်လျှင် ၂၅ သိန်းဝန်းကျင်၊ ပဲစင်းငုံ တစ်တန်လျှင် ကျပ် သိန်း ၂၀ ၀န်းကျင်ထိ ရရှိခဲ့ခြင်းကြောင့် အဆိုပါ ပဲအမျိုးအစားများ ကို တောင်သူများမှ တိုးမြှင့်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ အဓိက ၀ယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံမှ ၀ယ်ယူမှု ကန့်သတ်လိုက်ချိန်တွင် ပဲလက်ကျန် အများအပြား ကျန်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် မတ်ပဲ တစ်တန် ရှစ်သိန်း ၀န်းကျင်၊ ပဲစင်းငုံ တစ်တန်ကို ၅ သိန်း ၀န်းကျင် ဈေးနှုန်းဖြင် ရပ်တန်နေကြောင်း သိရသည်။

ကမ္ဘာ့ မတ်ပဲဈေးကွက်အခြေနေ?






မြန်မာ့ မတ်ပဲပို့ကုန်

၁၆-၈-၂၀၁၇

မတ်ပဲ FAQ/RC တစ်တန်- ၈၁၇,၀၀၀
ပဲစင်းငုံနီ RC 2017 တစ်တန်- ၅၀၀,၀၀၀
ပဲတီစိမ်း(ပဲ) (ပခုက္ကူ၊ ရွှေဝါ၊ ပဲခူး၊ ၀ါးခယ်မ) တစ်ပိဿာ - ၁,၇၅၀ မှ ၂,၂၅၀
ထောပတ်(ပဲ) တစ်ပိဿာ - ၁,၉၁၀ မှ ၂,၀၀၀
ကုလားပဲခြမ်း တစ်ပိဿာ - ၂,၆၅၀ မှ ၂,၇၀၀
ကုလားပဲလုံး တစ်ပိဿာ - ၂,၁၅၀ မှ ၂,၁၇

၅.၈.၂၀၁၇ 

(ယနေ့) ဥပုဒ်နေ့ ဖြစ်တဲ့အတွက် ရန်ကုန်ကုန်စည်ဒိုင်ကလွဲပြိး တစ်ခြား နယ်ကုန်စည်ဒိုင်တွေပိတ်ပါတယ်.

မတ်ပဲ FAQ/RC တစ်တန် ၇၉၉,၀၀၀
ပဲစင်းငုံနီ RC တစ်တန် ၄၉၈,၀၀၀
ပဲတီစိမ်း(ပဲ) တစ်ပိဿာ ၁,၇၅၀ မှ ၂,၂၅၀
ထောပတ်(ပဲ) တစ်ပိဿာ ၁,၉၁၀ မှ ၂,၀၀၀
ကုလားပဲခြမ်း တစ်ပိဿာ ၂,၆၅၀
ကုလားပဲလုံး တစ်ပိဿာ ၂,၁၅၀ မှ ၂,၁၇၀
ပဲကြီး တစ်ပိဿာ ၂,၂၆၀ မှ ၂,၈၃၅

အိန္ဒိယကန့်သတ်မှုကြောင့်မန္တလေးကုန်စည်ဒိုင်တွင်ပဲအရောင်းရပ်တန့်!


အိန္ဒိယမှ ပဲအဝယ်ကန့် သတ်လိုက်သဖြင့်  ပြည်တွင်း၌ ပဲဈေးနှုန်းများဆက်တိုက်ကျဆင်း နေသောကြောင့် မန္တလေးကုန်စည်ဒိုင်တွင်အရောင်းအဝယ်ပိတ်ထားခြင်းမျိုးမရှိသော်လည်းဝယ်သူသာရှိပြီးရောင်းသူမရှိဖြစ်နေ သည်။

‘‘ဒီမှာတော့ အရောင်းအဝယ်ပိတ်တာမျိုးမရှိပါဘူး။ ဈေးသိပ် ကျတဲ့အခါ အရောင်းသမားက မ ရောင်းတာ တော့ ရှိပါတယ်။ အ ဝယ်သမားက ဈေးနည်းနည်းချပြီး တော့ ဝယ်ပေမယ့် ရောင်းသူမရှိ တော့ အရောင်းအဝယ်တော့မ ဖြစ်ဘူး။ မနက်ဖြန်၊ သန်ဘက်ခါတော့ ရောင်းကြမယ် ထင်ပါ တယ်’’ ဟု မန္တလေးကုန်စည် ဒိုင် ဥက္ကဋ္ဌနှင့် မန္တလေးတိုင်းပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးချွန်က ပြောသည်။

လက်ရှိတွင် ပြည်တွင်းဈေး ကွက်၌ အိန္ဒိယသို့ အဓိကတင်ပို့ နေသော ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီ စိမ်းသုံးမျိုးစလုံး ဈေးကျဆင်းနေ ပြီး ပဲစင်းငုံဈေး အနိမ့်ဆုံးဖြစ်နေ သည်။

သြဂုတ် ၂၂ ရက်တွင် ပဲစင်းငုံ သုံးတင်းတစ်အိတ်လျှင် ၄၇,၀၀၀ ကျပ်ရှိရာမှ ၂၃ ရက်တွင် ကျပ် ၄၂,၀၀၀ အထိကျဆင်းလာ ၍ ရောင်းသူမရှိဖြစ်နေ ကြောင်း ၎င်းကပြောသည်။

‘‘ဈေးကတော့ ပဲတီစိမ်း လည်း ကျတယ်၊ မတ်ပဲလည်း ကျ တယ်၊ ပဲစင်းငုံက ဈေးနိမ့်လွန်း အားကြီးတော့ မရောင်းကြတာ ပေါ့။ မတ်ပဲကတော့ ဈေးကျပေမယ့် ရောင်းတဲ့လူတချို့တော့ ရှိပါ တယ်။ မတ်ပဲကတော့ ပဲစင်းငုံထက်စာရင် စားသုံးမှု များသေး တာပေါ့’’ ဟု ဦးချွန်က ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံအ လယ်ပိုင်း၏ အကြီးဆုံးပဲကုန်စည် ဒိုင်ဖြစ်သည့် ပခုက္ကူတွင် ပဲစင်းငုံ နှင့် မတ်ပဲအရောင်းအဝယ်ပြုလုပ် ခြင်းကို သြဂုတ် ၂၃ ရက်က စတင် ကာ ယာယီရပ်စဲခဲ့သည်။

‘‘ကုန်သည်တွေ၊ တောင်သူ တွေ မထိခိုက်စေဖို့အတွက် ယာယီရပ်စဲတာက အမှန်ကန်ဆုံးလို့ ယူဆပါတယ်။ ဈေးကွက်ကမောက် ကမဖြစ်နေတာကို ရေတိုအနေနဲ့ ဖြေရှင်းဖို့အတွက်ဆိုရင် ယာယီ ရပ်စဲတာက အကောင်းဆုံးဖြစ်ပါ တယ်’’ ဟု ပခုက္ကူမြို့နယ် ကုန် သည်ပွဲစားများအသင်း အလုပ်အ မှုဆောင်အဖွဲ့ဝင် ဦးဇင်မင်းထွန်း က ပြောသည်။

အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု ကန့်သတ်ချက်ဂယက်ကြောင့် ဖြစ်ပေါ်နေသည့် ပဲဈေးကွက်အ ခြေအနေနှင့်ပတ်သက်၍ သြဂုတ် ၂၃ ရက် နံနက်က ပခုက္ကူကုန် စည်ဒိုင်တွင် အစည်းအဝေး ပြု လုပ်ပြီး ပဲစင်းငုံရောင်းဝယ်ခြင်း အတွက် ဈေးကွက်ယာယီရပ်ဆိုင်းထားရန် ကုန်သည်နှင့်တောင်သူများအနေဖြင့် လက်ဝယ်ရှိသည့် ပဲများကို ယာယီထိန်းထားရန် ဆုံးဖြတ်ခဲ့သည်ဟု ၎င်းကပြောကြားသည်။

ပခုက္ကူကုန်စည်ဒိုင်သည် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပြီးလျှင် ဒုတိယအကြီးဆုံးပဲကုန် စည်ဒိုင်ဖြစ်သည်။ကုန်သည်များ လက်ထဲတွင် ပဲလက်ကျန်များ ကျန်ရှိနေဆဲဖြစ်ပြီး ရေရှည်ထိခိုက်မှု မရှိစေရန်အစိုးရနှင့် ကုန်သည်အသင်းများ ပူးပေါင်းကာ အဖြေရှာရန် လိုအပ်သည်ဟု ပခုက္ကူဒေသခံ ပဲကုန်သည်အချို့က ပြောသည်။

ပခုက္ကူကုန်စည်ဒိုင်တွင်ယခုနှစ် ပဲစင်းငုံဈေးနှုန်းသည် သုံးနှစ်အ တွင်း အနိမ့်ဆုံးဖြစ်နေပြီး ၊ ၂၀၁၅ နှင့် ၂၀၁၆ တို့၌ ပဲစင်းငုံ တစ်တင်းလျှင် အမြင့်ဆုံးဈေး ကျပ်ငါးသောင်းခန့်နှင့် အနိမ့်ဆုံးဈေး ကျပ်နှစ် သောင်းခွဲခန့် ဈေးရှိသော်လည်း၊ ယခုနှစ်တွင် အမြင့်ဆုံးဈေးကျပ် နှစ်သောင်းငါးထောင့်သုံးရာနှင့် အနိမ့်ဆုံးဈေး ကျပ်တစ်သောင်းခွဲခန့် သာ ဈေး ရှိသည်ဟု ပခုက္ကူကုန်စည်ဒိုင်မှ သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ အပါအဝင် ပြည်ပမှ ပဲတန်ချိန် သုံးသိန်း သာတင်သွင်း ခွင့်ပေးမည် ဖြစ် ကြောင်း သြဂုတ် ၂၁ ရက်တွင် အိန္ဒိယအစိုးရက ထုတ်ပြန်သဖြင့် ပြည်တွင်း၌ ပဲ ဈေးနှုန်း ကျဆင်းခြင်း  ဖြစ်သည်။

ထို့အပြင် ပြည်တွင်း၌ ပဲဈေး နှုန်း ဆက်တိုက် ကျဆင်းလာ သဖြင့် သြဂုတ် ၂၂ ရက်ကစ၍ ရန်ကုန်မြို့ရှိ ဘုရင့်နောင် ကုန် စည်ဒိုင်တွင် အရောင်းအဝယ်ပြုလုပ်ခြင်း ယာယီရပ်ဆိုင်းထား ကြောင်း အဆိုပါကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌဦးအုန်းဆိုင်က ပြောကြား သည်။



သေပြီ...

အိန္ဒိယက ပဲမ၀ယ်တော့ဘဲ ပြည်တွင်း ပဲကုန်သည်တွေ လက်ထဲမှာ ပဲတန်ချိန်သိန်းချီပိုက်မိနေတဲ့အကြောင်း!

မန္တလေး ကုန်စည်ဒိုင် က ပြောကြားချက်...










တောင်သူတွေကို ပဲမျိုးစေ့အသစ်တွေ ချပေးဖို့လို!


အိန္ဒိယရဲ့ ဈေးနှိမ်မခံရအောင် အစိုးရနဲ့ကုန်သည် လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး ဈေးကွက်ဝင် ပဲမျိုးစေ့သစ်တွေကို တောင်သူတွေဆီ ဖြန့်ဝေပေးဖို့လိုပြီ။

ပဲလောက လိမ်လည်မှုအကြောင်း 

 အွန်လိုင်း မှာ သတင်းထွက်နေတဲ့ ပဲဈေးကွက် လိမ်လည်မှုအကြောင်း မန္တလေးတိုင်း ပဲနှမ်းအသင်း ဥက္ကဌ ပြောကြားချက်...

ပဲဈေးကွက် ဂယက်  

မြန်မာပြည် အထက်ပိုင်း အဓိက ပဲဈေးကွက် တစ်ခုဖြစ်တဲ့ မုံရွာမြို့ရဲ့ ဒီကနေ့ အနေအထားကို မုံရွာ ကုန်စည်ဒိုင် ဒုတိယ ဥက္ကဌ ဦးဇော်မိုး နဲ့ တိုက်ရိုက်မေးမြန်းချက် ။


၂၀၁၄ခုနှစ်က သတင်းဟောင်းလေးပါ...နှိုင်းယှဉ်လို့ရအောင်တင်ပေးလိုက်ပါတယ်။

ပဲဈေးကွက်တွင် ကြိုပွိုင့် ရောင်းဝယ်မှု ပြန်များလာ

ပဲဈေးနှုန်းများ ရက်ပိုင်းအတွင်း မြင့်တက်လာပြီး  အရောင်းအ၀ယ် ပြန်ကောင်းနေရာ တရားဝင် ရောင်းဝယ် ခွင့်မပြုသော ကြိုပွိုင့်စနစ်ဖြင့် ရောင်းဝယ်မှုများလာကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ဈေးကွက်မှ သတင်းရရှိသည်။
‘‘၀ယ်လိုအားတွေ ကောင်းတော့ ကြိုပွိုင့်စနစ်နဲ့ အရောင်းအ၀ယ် လုပ်ကြတာတွေလည်း များတယ်။ 
အရင်ရက်တွေက သုံးရက်ဆိုင်းလောက်နဲ့ အရောင်းအ၀ယ် လုပ်နေရာကနေ အခု တစ်ပတ်ဆိုင်းနီးပါး 
လောက်ထိ လုပ်ကြတာတွေ ရှိကြတယ်’’ ဟု ပဲကုန်သည် တစ်ဦးက ပြောကြားသည်။

၂၀၁၄ ခုနှစ် ဇွန်လ ၂၄ ရက်တွင် ပဲဈေး နှုန်းများမှာ မတ်ပဲ RC  တစ် တန်လျှင် ၇၃၄,၀၀၀ ကျပ်မှ ဇွန် လ ၂၆ ရက်တွင် တစ်တန်လျှင် ၇၆၀,၀၀၀ ကျပ် ဈေးပေါက်ပြီး တစ်တန်လျှင် ၂၆,၀၀၀ ကျပ် မြင့်တက်လာခဲ့
သည်။
ထို့အတူ မတ်ပဲ SQRC  တစ်တန်လျှင် ၈၅၀,၀၀၀ ကျပ် ရှိနေရာမှ တစ်တန်လျှင် ၈၈၀,၀၀၀ ကျပ်သို့ မြင့်
တက်လာခဲ့သည့်အတွက် ကျပ်သုံးသောင်း ဈေးတက်ခဲ့သည်။

ပဲစင်းငုံ  တစ်တန် ၅၉၁,၀၀၀ ကျပ် ရှိနေခဲ့ရာမှ ၆၁၈,၀၀၀ ကျပ်ထိ ရောက်ရှိလာသဖြင့် တစ်တန်လျှင် ၂၇,၀၀၀ ကျပ် ဈေးတက်လာခဲ့သည်။

‘‘ဈေးတွေက တက်တာများတော့ ၀ယ်လိုအားတွေကလည်း များနေတယ်။ ရုတ်တရက် မြင့်တာဆိုတော့ ဒီဈေးတန်းမှာတော့ အကြာကြီး ငြိမ်မနေနိုင်ဘူး။ ပြန်တော့ ကျလိမ့်မယ်။ ဒီရက်ပိုင်းမှာ ကုန်သည်တွေက   ဈေးကစား ချင်တာကြောင့်လည်း ၀ယ်လိုအား များတာပါတယ်’’ ဟု ကုန်သည်တစ်ဦးက သုံးသပ်ပြောကြားသည်။

ဈေးနှုန်းများ မြင့်တက်နေသည့်အတွက် ဈေးကွက်တွင် အရောင်းအ၀ယ်ပြုလုပ်မှုမှာလည်း ယခင်ရက်များထက် နှစ်ဆကျော်ထိ မြင့်တက်ကာ ရောင်းဝယ်မှု များနေခဲ့ကြောင်း ကုန်သည်များ က ဆိုသည်။

ပြီးခဲ့သည့် ရက်များတွင် ပဲ ဈေးကွက် အရောင်းအ၀ယ်မှာ တစ်ရက်လျှင် ကွန်တိန်နာ ပုံး ၄၀ နီးပါးသာ 
အရောင်းအ၀ယ် ဖြစ်ခဲ့သော်လည်း ယခုဇွန်လ ၂၅ ရက်တွင် ကွန်တိန်နာ ၈၀ နီးပါးအထိ အရောင်းအ၀ယ်
 ဖြစ်နေသည်။

ဝယ်လိုအား များချိန်တွင် အရောင်းအ၀ယ် ပြုလုပ်သည့် ပမာဏလည်း မြင့်တက်နေသည့်အတွက် လကုန်ရှင်းစနစ်ဖြင့် ကြိုပွိုင့် ရောင်းဝယ်မှု များနေခဲ့ကြောင်း ကုန်သည်များက ဆိုသည်။

ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ကြိုပွိုင့်ဖြင့် ရောင်းဝယ်ခြင်းကို တရားဝင် ခွင့်ပြုမထားပေ။ ယခုနှစ်ပိုင်းအတွင်း ကြိုပွိုင့်ရောင်းဝယ်ကြရာမှ ငွေကြေး ပြဿနာများစွာ ပေါ်ပေါက်ခဲ့သည်။

Ref:http://www.7daydaily.com/story/14279

Monday, August 21, 2017

လုပ်ခလစာတိုးမြှင့်ပေးဖို့ အလုပ်သမားတွေ ဘာကြောင့် တောင်းဆိုနေလဲ ?

နိုင်ငံခြားလုပ်ငန်းရှင်တွေ စက်ရုံပိတ် ထွက်ပြေးသွားကျတာက ပြည်သူတွေ အထင်ကြီးပြီး မိုးကျရွှေကိုယ်တော်လို တအားမျော်လင့်နေတဲ့ အစိုးရသစ်ကြီးရဲ့သက်ဆိုင်ရာဝန်ကြီးဌာနတွေက တာဝန်ယူမှုတွေမရှိလို့ပါဘဲဗျ... အဖြေကဒာပါဘဲ....

အဲ ! အတုအယောင်ဆောင်တွေနှင့် အချောင်နေရာရလာကျလို့လေ၊ အစစ်အမှန် မဟုတ်ကျလို့ပါဘဲ...
တကယ်ကိုတော်တဲ့ အတွေ့အကြုံရှိတဲ့ လူတော်လူကောင်းကို လိုအပ်ပါတယ်ဆိုတာပြလိုက်တာပါဘဲ....

မကြာခဏဆန္ဒပြတာ ဖြစ်ရတာက အရေးယူမှုတွေမရှိဘူး၊ ဖြည့်စည်းမှု မရှိလို့  မပြည့်စုံလို ထပ်ဖြစ်ရတာပါတဲ့။

ကြားလို့မှ ကောင်းကျသေးလားဗျ....အစိုးရဟောင်းရော အစိုးရသစ်ပါ အလုပ်သမားအရေးနဲ့ပတ်သက်ပြီးအလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ လုပ်ခလစာတိုးမြှင့်ပေးဖို့ အတူတူ  ဘယ်ဝန်ကြီး ဌာန တွေမှ  အခုထိတာဝန်ယူမှု မရှိသေးပါလားဗျ?  
သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနလဲ အတူတူပါဘဲတဲ့ဗျ၊ သက်ဆိုင်ရာ ကြီးကြပ်ရမဲ့ ဦးစီးဌာနက တာဝန်ယူမှု ကြီးကြပ်မှု မရှိဘူးတဲ့ဗျ။

အခု လက်ထက်မှာ ၀န်ကြီးဌာနတွေ အကြောင်းကြားတယ်  ညွှန်မှုးချုပ်တွေ တိုင်းဦးစီးမှုးတွေကိုအကြောင်း ကြားတယ် သူတို့က ဘယ်လိုပြောလဲဆိုတော့ သက်ဆိုင်ရာဝန်ကြီးဌာကိုပြောတာ ၀န်ထမ်းအင်အားနည်းတယ် လူဦးရေမလုံလောက်ဘူး? သူတို့နှင့်တင် မလုံလောက်ဘူး..တိုင်းဒေသကြီးကိုပြောပါတဲ့ဗျ....
ဒါပေမဲ့ အရေးတယူဖြေရှင်းခြင်းမရှိဘူးတဲ့ဗျ...

နောက်ပိုဆိုးတာက ! ပထမအစိုးရဟောင်းမှာတောင် ၀န်ကြီးတွေ ညွှန်ကြာရေးမှုးးတွေမှ လာတွေ့သေး
တယ်၊ အခု အစိုးရသစ်က ပိုဆိုးနေတယ်တဲ့ လာတွေ့စုံ ဆွေးနွေးသာတောင် မရှိဘူးဘူးတဲ့... ကောင်းရောဗျ..
လူမသိသူမသိ မိမိအမတ် ဘယ်သူမှန်းတောင် မသိဘဲ မဲပေးလိုက်မိတဲ့ မိမိလက်သန်းမှင်စွန်းရကျိုးတောင် မနပ်လိုက်တာနော်....

နောက် သက်ဆိုင်ရာ လာတွေဆုံတာကလဲ  မှတ်ပုံတင်အလုပ်သမား အဖွဲ့ချုပ် ၄~ ၅ဖွဲ့နှင့်ဘဲ တွေ့ဆုံ
 ဆွေးနွေးတာဘဲရှိတယ်...  

"အလုပ်သမားဝန်ကြီးဌာနတွေ အလုပ်သမားရေးလှုပ်ရှားမှု အရမ်း အားနည်းနေပါတယ်တဲ့ဗျ"

အတည်ချုပ်တွေကို ကျပ် ၁၅၀၀ ကနေ ကျပ် ၃၆၀၀ ကနေ ကျပ် ၅၆၀၀ ထိတောင်းဆိုနေချိန်မှာ  
ကျန်နေ့စားသမားတွေက ၇၀၀၀~ ၈၀၀၀ ရှိနေတယ်၊ အခုတောင်းဆိုနေတာက နေထိုင်မှုစရိတ်ပါတဲ့ဗျ။ 
တက်နေတဲ့ ကုန်ဈေးနှုန်းတွေကိုကာမိအောင်ပါတဲ့ဗျ....

အံ့သြပါရဲ့ဗျ....ခေါင်းရှောင်နေကျတယ်တဲ့ဗျ... အလုပ်သမားတွေ အဆောင်ကလဲ ကျောခြစာနေရာ ဖျာတချပ်ဘဲရှိတယ်တဲ့ .. အလုပ်သမားအခွင့်အရေး အပြည့်အ၀ မရကျလို့ ဆန္ဒပြကျတာပါတဲ့...

Alibaba's Jack Ma ရဲ့ ပညာပေး သတိပေးချက်လေးတွေပါ!

  I've been beaten many times. He stopped mind.


တရုတ်လူမျိုးဖြစ်ပြီး ဂျက်မားအောင်မြင်ရတာကလဲ B.A English နှင့် ကျောင်းပြီးထားပြီးနောက်  အမေရိကန်တက္ကသိုလ် ၁၀ကြိမ်မြောက်ထိအပယ်ခံခဲ့ရတဲ့ 'Harvard rejected me 10 times'  ကျောင်းဆင်းပြီးဆိုတော့ အင်္ဂလိပ်စာကောင်းလွန်းလို့လဲပါတာပေါ့....

နောက်တရုတ်ပြည်ကြီး စီးပွားဖွင့်ချိန် ပြည်တော်ပြန် ၍ အကြိမ်ကြိမ်ကျဆုံးမှုများစွာကို သင်ခန်းစာယူပြီး ထူးဆန်းပြား တဲ့ အတွေးနှင့် အင်တာနက် လက်ကားဈေးကွက် ကို ယုံကြည့်မှုရှိစွာ  သတ္တိရှိရှိ  မလျာ့သောဇွဲ  အခက်အခံပေါင်းများစွာကို ရဲရင့်ကျော်လွား ဖော်ဆောင်ခဲ့ရတာပါ....

အဲဒါကြောင့်...တရုတ်ဈေးကွက်မှာ ဆရာ့ ဆရာကြီး eBay ပိတ်သိမ်းခဲ့ရတဲ့ အထိပေါ့။။


Listen to Mr Jack Ma CEO of Alibaba GroupListen to Mr. Jack Ma Talk about the job is not to make you happy, it makes you think and his company.

 

Ma Yun (Chinese: 马云, [mà y̌n]; born September 10, 1964),[3] known professionally as Jack Ma, is a Chinese business magnate who is the founder and executive chairman of Alibaba Group, a family of Internet-based businesses.
He is currently the 2nd richest person in Asia with a net worth of US$36.4 billion after being overtaken by Ma Huateng, as of August 2017.[4][5][6] He has become a global icon in business and entrepreneurship, one of the world's most influential businessmen, and a philanthropist known for expounding his philosophy of business. [7][8][9] He was ranked 2nd in Fortune's 2017 "World's 50 Greatest Leaders" list.[10]

Early life

Ma was born in Hangzhou, Zhejiang Province, China. Ma started to study English at a young age and practiced English daily by conversing with English-speakers at Hangzhou international hotel, a 70 min bike ride from his home. He would give them tours around the city for free to improve his English.[11] He did this for nine years. He became pen pals with one of those foreigners, who nicknamed him "Jack" because he found it hard to pronounce his Chinese name.[12]

Later in his youth, Ma struggled attending college. The Chinese entrance exams are held only once a year and it took Ma four years to pass. After that,[13] Ma attended Hangzhou Teacher's Institute[14] (currently known as Hangzhou Normal University) and graduated in 1988 with a B.A. in English. While at school, Ma was head of the student council.[11][11] After graduation, he became a lecturer of English and International Trade at Hangzhou Dianzi University. He later enrolled at Beijing-based Cheung Kong Graduate School of Business (CKGSB) and graduated in 2006.[1

Career

Jack Ma applied for 30 different jobs and got rejected by all. "I went for a job with the police; they said, 'you're no good,'" Ma told interviewer Charlie Rose. "I even went to KFC when it came to my city. Twenty-four people went for the job. Twenty-three were accepted. I was the only guy...".[15] In addition he applied 10 times for Harvard and got rejected.[16]
Jack Ma on the future of online trade and globalization at World Economic Forum

In 1994, Ma heard about the Internet. In early 1995, he went to the US and with his friends' help he got introduced to the Internet. During his first encounter he searched the word "beer". Although he found information related to beer from many countries, he was surprised to find none from China. Further, he tried to search for general information about China and again was surprised to find none. So he and his friend created an "ugly" website related to China.[17] He launched the website at 9:40 AM and by 12:30 PM he had received emails from some Chinese wishing to know about him. This is when Ma realized that the Internet had something great to offer. In April 1995, Ma, his wife and a friend went around, asked for USD 20,000, and started their first company. Their company was dedicated to creating websites for companies. He named their company "China Yellow Pages." Within three years, his company had made 5,000,000 Chinese Yuan which was equivalent to USD 800,000.

Ma began building websites for Chinese companies with the help of friends in the US. He has said that "the day we got connected to the Web, I invited friends and TV people over to my house," and on a very slow dial-up connection, "we waited three and a half hours and got half a page.... We drank, watched TV and played cards, waiting. But I was so proud. I proved (to my house guests that) the Internet existed."[18] (At a conference in 2010, Ma revealed that he has never actually written a line of code nor made one sale to a customer. He acquired a computer for the first time at the age of 33.[19])

From 1998 to 1999, Ma headed an information technology company established by the China International Electronic Commerce Center, a department of the Ministry of Foreign Trade and Economic Cooperation. In 1999, he quit and returned to Hangzhou with his team to found Alibaba, a China-based business-to-business marketplace site in his apartment with a group of 18 friends.[20] He started a new round of venture development with 500,000 yuan.

In October 1999 and January 2000, Alibaba twice won a total of a $25 million foreign venture capital investment. The program was expected to improve the domestic e-commerce market and perfect an e-commerce platform for Chinese enterprises, especially small and medium-sized enterprises (SMEs), to address World Trade Organization (WTO) challenges. Ma wanted to improve the global e-commerce system and from 2003 he founded Taobao Marketplace, Alipay, Ali Mama and Lynx. After the rapid rise of Taobao, eBay offered to purchase the company. However, Ma rejected their offer, instead garnering support from Yahoo co-founder Jerry Yang with a $1 billion investment.

In September 2014 it was reported Alibaba was raising over $25 billion in an initial public offering (IPO) on the New York Stock Exchange.[21] Alibaba became one of the most valuable tech companies in the world after raising $25 billion, the largest initial public offering in US financial history. Ma now serves as executive chairman of Alibaba Group, which is a holding company with nine major subsidiaries: Alibaba.com, Taobao Marketplace, Tmall, eTao, Alibaba Cloud Computing, Juhuasuan, 1688.com, AliExpress.com and Alipay.

In November 2012, Alibaba's online transaction volume exceeded one trillion yuan. Ma was thus labeled "trillion Hou", meaning literally "Trillion Yuan Marquis" in Chinese.[citation needed]

Ma has often been invited to lecture at universities such as the Wharton School at the University of Pennsylvania, Massachusetts Institute of Technology, Harvard University, and Peking University.[22]

As of 2016, Ma is the owner of Château de Sours in Bordeaux, Chateau Guerry in Côtes de Bourg and Château Perenne in Blaye, Côtes de Bordeaux.[23]

On January 9, 2017, Ma talked with United States President Donald Trump at Trump Tower about how to create 1 million US jobs in five years. [24]

 

ဘီလျံနာသူဌေးကြီး Jack Ma ရဲ့ ကျရှုံးမှုအပေါ် အမြင်

Jack Ma ဆိုတဲ့ တရုတ်သူဌေးဟာ အကြိမ်ရေများစွာ ရှုံးခဲ့ဖူးတယ်။ သူရပ်တန့်မနေဘူး။ 
ဒီရှုံးနှိမ့်မှုကို သူက ခွန်အားဖြစ်စေခဲ့တယ်။
ဒီကနေ့ တရုတ်ရဲ့ အချမ်းသာဆုံးထဲမှာ သူပါနေပြီ။

အမြဲတမ်း ကျရူံးမှု ဆိုတာ မရှိနိုင်​သလို ​အောင်​မြင်​မှုဆိုတာလည်း အမြဲတမ်း မဖြစ်​နိုင်​ပါဘူး!
အ​ရေးကြီးတာက ကြိုးစား​နေဖို့နှင့်​ မှားသွားရင်​မှားတယ်​ဆိုတာကို လက်​ခံရင်​သိရင်​ ဒီလူမှာ ​မျှော်​လင့်​ချက်​ ရှိပါတယ်​။


ဘီလျံနာသူဌေးကြီး Jack Ma ရဲ့စီးပွားရေးအတွေ့ အကြုံ၊ အကြံပေးချက်များ

Jack Ma - Even A Failure Can Become A Huge Success .

Jack Ma of Alibaba talks about his early failings and struggles before Alibaba became worth billions of dollars -

-How he didn't come from a strong background in wealth, higher education, or status - how he couldn't get any venture capital investments - how he didn't have the praise or trust of bankers and big businesses who would help out a small business during the stock market crash - how Alibaba went from small start-up to billion dollar e-commerce giant in Chana

From:
Davos Interview - I was rejected from Harvard 10 times
&
Stanford GSB 2015 Interview with Jack Ma
&
1999 Alibaba IPO Jack Ma Original Sales Pitch.

Jack Ma's Life Advice Will Change Your Life (MUST WATCH)

 

Jack Ma - Dream Big, Never Give Up!

Some Words of Wisdom Jack Ma - for entrepreneurs, startup founders, leaders, and other aspiring people- Wise counsel from Jack Ma founder of e-commerce giant in China and also USA Alibaba / Taobao Jack talks about long-term business / management-leadership / value-investing / keeping dreams alive Also Ecommerce founder/leader of China Jack Ma speaks on Ali Cloud Computing and why he started Alipay full version here: https://www.youtube.com/watch?v=UgznG... 

Jack Ma: Train Your Own Brain to Think More Clearly (Best Motivational Speech)

 Jack Ma: Train Your Own Brain to Think More Clearly (jack ma interview) When it comes to solving really hard problems, Ma has a famous quote that I love: "Today is hard. Tomorrow will be worse. But the day after that will be beautiful. 
Most of your talent won't make it past tomorrow." But as a leader, you must inspire people through those hardest times: To stick with it, to move through it, and to see past it so they can make it to the day where things are beautiful. That's when you're really innovating. You have get your team there. 
 I'm a dropout of Harvard Business School, but I took a very helpful leadership class while I was there that really stuck with me. 
We discussed looking at problems from every angle, and looking at the person inside the puzzle. 
See their picture, their concern, their point of view, and understand that people feel passionately the way they do. Your job is to see the 360º and come up with the answers. On the flip side, you have to balance this by pushing people to their boundaries. How do you get there, if most people don't make it past Jack Ma's tomorrow? You ache to get talent to do things they've never done before. And that's hard. 


 

Jack Ma - What Will Happen In 2017 And Beyond?

Jack Ma Speaks on Solving The Problems of The Future - Highlights from 2017 Davos Interview + Speech on Business, politics/policy, globalization, trade, and e-commerce in America vs China Jack Ma - Inspiring Leader / Founder of Alibaba interview talk about economic trade policy, investing in small businesses, global connectivity, women and young people being the future of enterprise success, as well as other wise insights into life- 



Jack Ma: Attitude is Everything (Best Motivational Speech)

Alibaba’s Jack Ma, China’s second-richest man, visits Obama at the White House When it comes to solving really hard problems, Ma has a famous quote that I love: "Today is hard. Tomorrow will be worse. But the day after that will be beautiful. Most of your talent won't make it past tomorrow." 
But as a leader, you must inspire people through those hardest times: To stick with it, to move through it, and to see past it so they can make it to the day where things are beautiful. That's when you're really innovating. You have get your team there. 
I'm a dropout of Harvard Business School, but I took a very helpful leadership class while I was there that really stuck with me. We discussed looking at problems from every angle, and looking at the person inside the puzzle. See their picture, their concern, their point of view, and understand that people feel passionately the way they do. 
Your job is to see the 360º and come up with the answers. On the flip side, you have to balance this by pushing people to their boundaries. How do you get there, if most people don't make it past Jack Ma's tomorrow? You ache to get talent to do things they've never done before. And that's hard. 



Jack Ma: $1 Trillion GMV, 2 Billion Customers Still Alibaba's Vision !

 At 2017 Investor Day in Hangzhou, Alibaba Executive Chairman Jack Ma stood by his targets of hitting $1 trillion gross merchandise volume in fiscal 2020 and serving 2 billion customers by 2036. 

Friday, August 11, 2017

"မြန်မာ့ထွက်ကုန်တွေ ကမ္ဘာ့ဈေးကွက်မှာ မြင်တွေ့ချင်သူ မမင်းမင်းမြတ်"


သူနှင့် သူ့စီးပွား"မြန်မာ့ထွက်ကုန်တွေ ကမ္ဘာ့ဈေးကွက်မှာ မြင်တွေ့ချင်သူ မမင်းမင်းမြတ်" 



မြန်မာပြည်က ဈေးကွက်မရသေးတဲ့ စားသောက်ကုန်ပစ္စည်းတွေ၊ ဒါမှမဟုတ် လူသုံးကုန်ပစ္စည်းတစ်ခုခုကို နိုင်ငံတကာနဲ့ ကမ္ဘာ့ဈေးကွက်ထဲမှာ မြင်တွေ့ချင်တယ် လို့ ဆိုလာသူကတော့ အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင် မမင်းမင်းမြတ်ပါ။

နိုင်ငံတကာမှာ လူကြိုက်များတဲ့ ထုတ်ကုန်တွေကို လေ့လာပြီး ကိုယ့် နိုင်ငံ အနေအထားနဲ့ ကိုက်ညီမယ့် ကုန်စည်တွေကို ထုတ်လုပ်တင်ပို့နိုင်ဖို့ အမြဲတွေးဆနေသူ မမင်းမင်းမြတ်ရဲ့ စီးပွားရေးလုပ်ငန်းအကြောင်းကို ဒီတစ်ပတ်ရဲ့ သူနဲ့ သူ့စီးပွား အစီအစဉ်ကနေ တင်ပြပေးလိုက်ပါတယ်။ပါ။

Ref:Mizzima TV

Wednesday, August 9, 2017

တွေ့မိခံစားမိတာတဲ့ ဗီဒီယိုလေးတွေက သင်ကို မျက်ရည်ကျ နှလုံးသားအရည်ပျော်စေမှာပါ...

ဖခင် တစ်ယောက်ရဲ့ ချစ်ခြင်း။
ဒီ Video လေးက သင့်ကို မျက်ရည် ကျစေမှာ သေချာပါတယ်။ 😓😰



သတိ ⚠️ : နှလုံးသား အရည်ပျော်တတ်သည်! ⚠️
သူတောင်းစားတွေငိုတာတွေ့ပြီး သနားလို့ လိုက် ငိုတဲ့ ကလေးလေး။


သင့်မှာ ပိုလျှံနေတဲ့အခါ တစ်ပါးသူကို မျှဝေပေးပါ။ Sharing is Caring. 😊❤️ လက်ဆင့်ကမ်း ဝေမျှပေးပါ။

Ref:paragonia FB မှကူးယူဖော်ပြလိုက်တာပါ..

America's Got Talent 2017 (Golden Buzzer ) all vying for their chance to win America's hearts and the " $1 million prize."

ABOUT AMERICA'S GOT TALENT..


With the talent search open to acts of all ages, "America's Got Talent" has brought the variety format back to the forefront of American culture by showcasing unique performers from across the country. 
The series is a true celebration of the American spirit, featuring a colorful array of singers, dancers, comedians, contortionists, impressionists, jugglers, magicians, ventriloquists and hopeful stars, all vying for their chance to win America's hearts and the " $1 million prize."


မမျော်လင့်ဘဲ Golden Buzzer  ( နောက်ဆုံး Final  အဆင့်ထိရောက်) ရသွားသူလေးတွေရဲ့ အံ့သြပျော်
ရွှင် မှုလေးတွေကို ကြည့်ရင်း တကယ့် ကမ္ဘာအနှံ့ရှိ ရွက်ပုံးသီးလေးတွေကို ကမ္ဘာကျော် ပညာရှင်ဖြစ်တွေြ ဖြစ်အောင်မြေတောင်မြှောက်ပေးတဲ့ ထုတ်ဖော်ပေးတဲ့ America's Got Talent ပထမဆုကြီး ဒေါ်လာ ၁သန်းဆုပေးတာဗျ...





မိမိအိမ်မက်လေး အရုပ်ကလေး နဲ့ သီချင်းဆို ဖျော်ဖြေပြီး ပွဲဦးထွက် ရွှေခေါင်းလောင်း ရသွားတဲ့ ၁၂ နှစ်အရွယ် ကလေးမလေး Darci Lynne  ချစ်ဖို့ တအား ကောင်းတယ်။

ဘယ်နိုင်ငံမှ အမေရိက ခလေးတွေရဲ့စိတ်ကူး အိမ်မက်တွေ အတွေးလေးတွေ တော်တယ်တယ်ဆိုတာ မယှဉ်ပြို်င်နိုင်တာ ဒါကြောင့်ကိုး!



လောကကြီးကို ဇွဲမလျော့ အကောင်ဆုံး ရင်ဆိုင်နေတဲ့နားမကြားတဲ့  Mandy Harvey  ကောင်မလေးရဲ့
ရင်တွင်းဖြစ်သီချင်း တစ်ပုဒ် "Try or  ကြိုးစားကြည့်ပါ"

အံ့သြချက်....ဒိုင် Simon ကြိုက်လွန်းလို့ Goldrn Buzzer ပေးလိုက်တယ်ဗျ..




"How am I supposed to live without you"  သီဆိုသွားတဲ့  The Kod Voice of China မှာ 
နာမည်ကြီးနေတဲ့ ၉ နှစ်တရုတ်ခလေးမလေ Celine Tam လေး Golden Buzzer   ရသွားပါတယ်ဗျ...



 "Girl on Fire" ဆိုပြသွားပြီး Golden Buzzzer  ယူသွားတဲ့ ၉ နှစ်သမီလေးရဲ့ အသံပါဝါ ရှင်လေး Angelica Hale ရဲ့သီချင်းလေးကို နားထောင်ကြည့်ပါ...



၁၆ နှစ်အရွယ် Christian Gurdiano ကောင်လေးရဲ့ ရွှေခေါင်းလောင်းရ အံ့မခန်း ဖျော်ဖြေမှု့။



အဖေ နဲ့ အမေ ကွဲသွားချိန် ခံစားရတဲ့ နာကျင်မှု့တွေကို ဂီတ နဲ့ အားယူဖြတ်သန်းခဲ့တဲ့ ၁၃ နှစ်အရွယ်
Angelina Green Miami teen performs power ballad "I'll Stand By You" by The Pretenders. ကောင်မလေး ရဲ့ သီချင်း။ 😢😍
Audition အဆင့်ရဲ့ နောက်ဆုံး ရွှေခေါင်းလောင်းကို ရသွားပါတယ်။



Light Balance: Dancers Light Up The Stage And Earn The Golden Buzzer


ကိုယ်ပိုင်သီချင်းလေးရေးပြီး ဂစ်တာလေးနဲ့ လာဆိုတာ DJ Khaled ရဲ့ ရွှေခေါင်းလောင်း ဆွတ်ခူးရရှိနိုင်ခဲ့တယ်။

Ref: Paragonia FB မှ ကူးယူဖော်ပြထားတာပါ...

စကာင်္ပူနိုင်ငံအတွင်းလည်ပတ်လေ့လာစရာများ!

၂၀၁၇ နှစ်သစ်ရောက်လို့ နှစ်ဟောင်းကုန်ခဲ့ပြီ...

ဒါကြောင့်...
စင်ကာပူနိုင်ငံအကြောင်း၊ အလုပ်အကိုင်၊ အလည်အပတ် စသည်တို့ကို စိတ်ဝင်တစား ရှိသူများအတွက်...
ရွှဂျာနယ် (စင်ကာပူ) တွင် လွမ်းအောင်ကူချွှဲ အနေဖြင့်၂၀၁၆ တစ်နှစ်တာအတွင်း ရေးသားခဲ့သော ကောင်းနိုးရာရာ စင်ကာပူနိုင်ငံရဲ့ သိမှတ်ဖွယ်ရာ အဖြာဖြာကို ပေါင်းစည်းတင်ပြပေးလိုက်ပါတယ်...

မင်္ဂလာနှစ်သစ် ဖြစ်ကြပါစေ...


Link ၁ ခုချင်းကို click ခေါက်၍ ဖတ်ရှု့နိုင်ပါတယ်..


၁) မြန်မာပြည် မှ စင်ကာပူသို့ ...
အလည်အပတ်လာမည့်သူများအတွက် လည်ပတ်၊ စားသောက်၊ နေထိုင်၊ ကြည့်ရှု့စရာများ...Complete Guide ...
10 November 2016


၂) စင်ကာပူ free visa အကြောင်း...
နထိုင်ခွင့် နဲ့ ဗီဇာ (ပြည်ဝင်ခွင့်) ကွာခြားပုံအကြောင်း...
စင်ကာပူ အင်မီဂရေးရှင်းအကြောင်း... 11/11/2016


၃) စင်ကာပူကို ဗီဇာ free နဲ့လာပြီး ၁ လ stay ကုန်ရင် သက်တမ်းတိုးလို့ရလား မရလား...
23/12/2016


၎) စင်ကာပူ နိုင်ငံ သို့ Social Visit Pass ဖြင့် အလုပ်ရှာရန်လာရောက်ကြမည့် မြန်မာ လူငယ်များအတွက် အစစအရာရာ အသေးစိတ် ကြိုတင်ပြင်ဆင်မှုများ…


၅) ***စလုံးမှာ ကလေးမွေးပြီး ရက်ပိုင်းအတွင်းလုပ်ရမယ့်အဆင့်တွေ***


၆) စင်ကာပူမှာ ကော်ဖီမှာသောက်မယ်ဆိုရင်...
စင်ကာပူ ကော်ဖီ ဋီကာ ပေါ့ဗျာ...


၇) စင်ကာပူနိုင်ငံရဲ့ သမိုင်းအကြမ်းလေး နဲ့...
ဟိုအရင် နှစ်ဟောင်း ပုံရိပ်တွေ နဲ့ ခုလက်ရှိ အနေထားကွာပုံလေးတွေ...


၈) စင်္ကာပူ BCA Academy - Specialist Diploma Courses လျှောက်ကြမည်ဆိုလျှင်


၉) စင်္ကာပူ NUS မှာ ကျောင်းလျှောက်တော့မည်ဆိုလျှင်..


၁၀) စင်ကာပူမှာ ဈေးပေါပေါနဲ့ တည်းခိုလို့ရမယ့် နေရာတွေ...


၁၁) စင်ကာပူရောက် အိမ်အကူအမျိုးသမီးများရဲ့ ပုံရိပ်ကို al jazeera သတင်းဋ္ဌာနက ရိုက်ကူထားတဲ့ ရုပ်သံဖြစ်ပါတယ်။


၁၂) စင်ကာပူက ဘော်ဒါတွေအတွက်ရော စင်ကာပူအလည်လာမယ့် ဘော်ဒါတွေအတွက်ပါ စင်ကာပူနိုင်ငံမှာ ဈေးပေါပေါနဲ့ ဖုန်းဝယ်လို့ရတဲ့နေရာ ညွှန်းလိုက်တယ်...


၁၃) ဘော်ဒါတွေကို စင်ကာပူမှာ (second hand or new) ဖုန်း နဲ့ အခြား electronics ပစ္စည်းတွေ ဝယ်နည်း ပြောပြရဦးမယ်..


၁၄) ဒီနေ့ မိသားစု ပျော်ပွဲစားထွက်မယ့် နေရာ...
နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ စင်ကာပူ Botanic Garden လို့ခေါ်တယ်...


၁၅) Marina Barrage ကနေ စင်ကာပူ ရှု့ခင်းတွေကြည့်ရင်း Satay by the Bay မှာ ဆာတေး နဲ့ seafood စားကြမယ်...


၁၆) စင်ကာပူနိုင်ငံက Light Rail Transit (LRT) (သို့) Light Rapid Transit ရထားလမ်းကြောင်းပုံစံ ဖြစ်ပါတယ်...


၁၇) '''အဖွားမေးတတ်တဲ့ စင်္ကာပူအကြောင်း'''

***ငွေပုံအောလိုက်ရတဲ့ နှလုံး*** (သို့) စင်္ကာပူမှာ ဆေးကုမယ်ဆိုရင်***


၁၈) ကဲ ဘော်ဒါတို့ ... 
စင်ကာပူ ချန်ဂီလေဆိပ်မှာ အခွန်လွတ် ဈေးပတ်မယ်....


ရွှဂျာနယ် (စင်ကာပူ) https://www.facebook.com/ShweJournal

Monday, August 7, 2017

ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်များမှတ်တမ်း (Jade and the Generals)

ယနေ့ Park Royal ဟိုတယ်မှာ ပြသခွင့်မရခဲ့တဲ့ ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်များမှတ်တမ်း 
( Jade and the Generals) ရဲ့ Trailer Video Files

Global Witness က ရိုက်ကူးထားတဲ့ ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်များ Jade and the Generals ရုပ်ရှင်မှတ်တမ်းကို ရန်ကုန်မြို့က Park Royal ဟိုတယ်မှာ ပြသဖို့ စီစဉ်ခဲ့ပေမယ့် ပြသခွင့်မရခဲ့ပါဘူး။


အဲဒီ မှတ်တမ်းရုပ်ရှင်ဇာတ်ကားဟာ ရိုးရိုးဇာတ်ကားမဟုတ်ဘဲ သက်ဆိုင်ရာတွေနဲ့ ပတ်သက်နေတာ ကြောင့် တိုင်းအစိုးရရဲ့ခွင့်ပြုချက်ယူပြီးမှသာ ပြသခွင့်ပေးဖို့အတွက် ဝန်ထမ်းတွေကို ဟိုတယ်ရဲ့ တာဝန်ရှိသူတွေကမှာကြားထားတယ်လို့သိရပါတယ်။

အခုလိုပြသခွင့်မပြုတာဟာ မြန်မာလူမျိုးတွေအနေနဲ့ အရင်တုန်းကအကြောက်တရားတွေ ရှိနေသေးတယ်လို့ ယူဆကြောင်း Global Witness အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် Paul Donowitz သတင်းစာရှင်းလင်းပွဲမှာ
 ပြောခဲ့ပါတယ်။

မှတ်တမ်း ရုပ်ရှင်ဟာ ကချင်ပြည်နယ် ဖါးကန့် ကျောက်စိမ်းတွင်းလုပ်ကွက်တွေရဲ့ နောက်ကွယ်မှာ ဗိုလ်ချုပ်တွေပိုင်ထားတဲ့ စီးပွားရေး ဦးပိုင် လီမိတက်က လွှမ်းမိုးထားကြောင်းနဲ့ ထွက်ရှိတဲ့သယံဇာတ တွေကို
 တိုင်းပြည်က မခံစားရဘူးဆိုပြီး အဓိက ဖေါ်ပြထားပါတယ်။

ဖားကန့် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေမှာ မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်က လုပ်ကိုင်တာတွေ အများဆုံးဖြစ်ပြီး အဲ့ဒီ့ဒေသက ဒေသခံတွေအနေနဲ့ လမ်းသွားရင်း ကျောက်စိမ်း ကောက်ရခဲ့မယ်ဆိုရင်တောင် တရားစွဲဆို အဖမ်းခံရနိုင်တဲ့အတွက် ဖားကန့်နယ်ဟာ ဒေသခံပြည်သူ တွေအတွက် ကျိန်စာသင့်နေတဲ့ နယ်မြေ တစ်ခုလို ဖြစ်နေတဲ့အကြောင်းတွေကို မှတ်တမ်းရုပ်ရှင်ထဲမှာ ပြောထားပါတယ်။

Videos : Global Witness (Youtube)
Ref:ကျောက်စိမ်းအကြောင်း ပြောကြရအောင်  FB မှ ကူးယူဖော်ပြထာူတာပါ..

ကျောက်စိမ်း နှင့် ဗိုလ်ချုပ်များ | Global Witness
Jade and the Generals | Global Witness    
ကျောက်စိမ်းလုပ်ငန်းနဲ့ အစိုးရသစ်အတွက် စိန်ခေါ်မှု မြန်မာနိုင်ငံမှာ ကျောက်စိမ်းတွေကို လက်တဆုပ်စာလူတစုက အပိုင်စီးပြီး ရောင်းစားနေတာကို ဟန့်တားနိုင်ဖို့နဲ့ အဲဒီငွေတွေ ပြည်သူ့ဘဏ္ဍာထဲ ပြန်ရောက်လာအောင် ဆောင်ရွက်ရမဲ့ကိစ္စတွေဟာ အစိုးရသစ်အတွက် စိန်ခေါ်မှုဖြစ်လိမ့်မယ်လို့ Global Witness
အဖွဲ့ကဆိုပါတယ်။ ဦးကျော်ဇံသာက တွေ့ဆုံမေးမြန်းထားပါတယ်။

Originally published at - http://burmese.voanews.com/media/vide...

Myanmar’s Secret Jade Trade by Global Witness ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေက ရရှိတဲ့ တန်ဖိုးငွေဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံအထိ
ရှိနိုင်ပြီး၊
ဒီလုပ်ငန်းတွေကို နောက်ကွယ်ကနေ ချုပ်ကိုင်ထားသူတွေထဲမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နဲ့ မိသားစုပိုင်ကုမ္ပဏီ၊ လက်ရှိ ၀န်ကြီး ဦးအုန်းမြင့်ပိုင် ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီတို့က လွှမ်းမိုးချုပ်ကိုင်ထားတယ်လို့ အင်္ဂလန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါ
တယ်။
Global Witness အဖွဲ့ရဲ့ အစီရင်ခံစာမှာ ပါတဲ့ အချက်တချို့ကို RFA သတင်းထောက် ကိုသီဟထွန်းက
 ကောက်နှုတ် တင်ပြထားပါတယ်။
Myanmar (also known as Burma) will be going to the polls in just over two weeks, the first elections since a nominally civilian government was introduced four years ago, ending nearly 50 years of military rule. 
But a new report from transparency campaigners Global Witness has found that the country's lucrative jade industry - worth a staggering $31bn (£20bn) last year alone - is still largely in the hands of the former military junta.
That is almost half of the country's entire income. But as Jonah Fisher reports, very little of that money makes it into state coffers.
 Subscribe to BBC News HERE http://bit.ly/1rbfUog
101 East - Myanmar's Jade Curse

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!