Popular Posts!

Wednesday, January 31, 2018

"လုပ် လိုက် ရင် တ လွဲ "

 လုပ် လိုက် ရင် တ လွဲ "

No automatic alt text available.

မန် မာ နိုင် ငံ မှာ လက် ရှိ စီး ပွား ရေး ကျ ဆင်း နေ တာ က လေး က အ စ သိ ကြ တယ် ။

ဒါ ကို ပြန် ပြီး အ ဖတ် ဆယ် ဖို့ ဘယ် လို လုပ် ရင် ဖြစ် နိုင် မ လဲ လို့ သက် ဆိုင် ရာ လူ ကြီး တွေ ခေါင်း ချင်း ရိုက် ပြီး အ ဖြေ ရှာ နေ ကြ ပါ လိမ့် မယ် ။ နိုင် ငံ တ ကာ အ ကြံ ပေး တွေ ကို လည်း အ ကူ အ ညီ တောင်း ကြ မယ် လို့ ထင် ပါ တယ် ။ ဒါ ပေ မဲ့ အ မိန့် အ ပြောင်း အ လည်း တစ် ခု ခု ထွက် လာ ရင် အံ့ အား သင့် စ ရာ အ မိန့် မျိုး တွေ ပဲ ထွက် လာ တတ် တယ် ။
လုပ် ငန်း နား မ လည် တာ လား အား လုံး ကို နိုင် ငံ တ ကာ မှာ လို ဆို ပြီး ခေါင်း စဉ် တတ် ချင် တာ လား တော့ မ သိ ဘူး မြန် မာ နိုင် ငံ အ တွက် အ ဓိ ပ္ပါယ် မ ရှိ တဲ့ အ မိန့် မျိုး တွေ ကို ခ န ခ န တွေ့ တွေ့ နေ ရ တယ် ။
ရန် ကုန် မြို့ လောက် တောင် မ ရှိ တဲ့ စ င်္ကာ ပူ နိုင် ငံ ကို လက် ညိုး ထိုး ပြီး စ င်္ကာ ပူ မှာ လို ဆို ပြီး စ င်္ကာ ပူ လို အ မိန့် ထုတ် ကြေး တိုက် နေ သ လို ပါ ပဲ ။
အာ ဆီ ယံ နိုင် ငံ တွေ အ ထဲ မှာ ဧ ရိ ယာ စ တု ရမ်း မိုင် ပေါင်း ၂၆၁၂၂၈ မိုင် ရှိ တဲ့ အင် ဒို နီး ရှား နိုင် ငံ ပြီး ရင် ဒု တိ ယ အ ကျယ် ဆုံး နိုင် ငံ ဖြစ် တဲ့ မြန် မာ နိုင် ငံ မှာ လမ်း တွေ ကျပ် လို့ ဆို ပြီး ကား တင် သွင်း ခွင့် ကို စ င်္ကာ ပူ လို လေ လံ စ နစ် နဲ့ ပြု လုပ် မယ် လို့ တွေး ပြီး လုပ် ဖို့ စီ စဉ် နေ ကြ တယ် ။
စ င်္ကာ ပူ က လီ ကွယ် ယု က တော့ မြန် မာ နိုင် ငံ မှာ စစ် ဗိုလ် ချုပ် တွေ နဲ့ စ ကား ပြော ရ တာ ဘာ ဖြစ် ပါ တယ် ညာ ဖြစ် ပါ တယ် ပြော ခဲ့ ဖူး တယ် ။ အ ခု အ ရပ် သား တာ ဝန် ရှိ တွေ က ပို ပြီး ပြောင် မြောက် ပါ လား လို့ သြ ချ လိမ့် မယ် ထင် တယ် ။ စ င်္ကာ ပူ နိုင် ငံ နဲ့ မြန် မာ နိုင် ငံ ရဲ့ လူ ဦး ရေ ၊ ဧ ရိ ယာ ၊ ဝင် ငွေ ကို တန်း တူ ထား ပြီး စဉ်း စား လို့ ။
ရန် ကုန် မြို့ ထဲ မှာ လမ်း တွေ ကျပ် နေ တာ ကား တွေ များ လို့ မ ဟုတ် ဘူး ဆို တဲ့ အ ကြောင်း ခ န ခ န ရေး ခဲ့ ပြီး ပြီ ။ ဘာ တွေ ကြောင့် ဆို တာ လည်း ရေး ခဲ့ ပြီး ပြီ ။ ဘာ လုပ် သင့် လည်း ဆို တာ လည်း ရေး ခဲ့ ပြီး ပြီ ။ ဒါ လောက် တောင် ရ အောင် မ လုပ် နိုင် ကြ ပဲ စ င်္ကာ ပူ လို ကား တင် သွင်း ခွင့် ပါ မစ် ပုံ စံ လုပ် ချင် တာ စဉ်း စား ရ ခက် စေ တဲ့ ကိ စ္စ တွေ ထဲ မှာ မှတ် တမ်း တင် ထား ရ မယ့် အ ရာ တစ် ခု ပါ ပဲ ။
ကိုယ် တွေ ဘာ တတ် နိုင် မှာ လဲ ။ အ ကောင် အ ထည် ဖော် ခွင့် ရှိ တဲ့ တာ ဝန် ရှိ တဲ့ သူ က စိတ် ထဲ မှာ ဒီ လို ပဲ တွေး မိ ရင် သူ ဒီ လို ပဲ အ ကောင် အ ထည် ဖော် မှာ ပဲ ။ သူ နောက် တစ် မျိုး တွေး ရင် နောက် တစ် မျိုး ထပ် လုပ် မှာ ပဲ ။ လုပ် သ မျှ လိုက် နာ နေ ကြ ရ မယ့် ပြည် သူ တွေ ဖြစ် လာ တာ ရင် ဆိုင် လိုက် ရုံ ပဲ ပေါ့ ။ တတ် နိုင် တဲ့ သူ ငွေ ထုတ် ပိုက် ထား ကား တွေ အ ရင် ဈေး နဲ့ တော့ မ ရ တော့ ဘူး ။ စစ် အ စိုး ရ လက် ထက် က လို Landcruiser တစ် စီး ပါ မစ် သိန်း ၆၀၀၀ တွေ ဘာ တွေ ကျော် သွား နိုင် တယ် ။
ခိုင် မာ တဲ့ အ ကြောင်း ပြ ချက် မ ရှိ ပဲ အ ထပ် မြင့် တွေ ရပ် ခိုင်း လိုက် တဲ့ ကိ စ္စ က စ ပြီး ဆက် တိုက် န လံ မ ထူ နိုင် တော့ တဲ့ ဆောက် လုပ် ရေး လုပ် ငန်း နဲ့ မြန် မာ့ စီး ပွား ရေး လုပ် ငန်း ရှင် တွေ ကို ဗ ဟို ဘဏ် က အ ကြွေး တွေ အ ကုန် ပြန် ဆပ် ခိုင်း နည်း နဲ့ ဒု က္ခ ရောက် ဖို့ စီ စဉ် ပြန် တယ် ။
အ ရင်း ကော အ တိုး ကော ကို ၃ လ တစ် ခါ ပြန် ဆပ် ခိုင်း တယ် ။
ဘာ အ လုပ် မှ မ ရှိ တော့ လို့ ကောင်း လာ နိုး နိုး နဲ့ မှေး ပြီး ဘဏ် ချေး ငွေ နဲ့ အ သက် ဆက် နေ ရ တဲ့ SME လုပ် ငန်း ရှင် တွေ ကို ကြွေး ပြန် ဆပ် ကာ လ ၂ နှစ် က နေ ၃ နှစ် အ ထိ အ ချိန် တိုး ပေး လိုက် ပြီး အဲ့ ဒီ ကာ လ အ တွင်း မှာ ၃ လ တစ် ကြိမ် အ ရင်း ကော အ တိုး ကော ပြန် ပြီး ဘဏ် ကို ပြန် သွင်း ပေး ရ မယ် လို့ အ မိန့် ထုတ် တယ် ။
SME တွေ ဘဏ် က ချေး ငွေ ကို အ ပျော် ချေး ယူ ထား ကြ တယ် များ ထင် နေ ကြ သ လား လို့ ဗ ဟို ဘဏ် တာ ဝန် ယူ ထား တဲ့ ပ ညာ ရှင် တွေ ကို မေး ကြည့် လို တယ် ။ သူ့ ဖာ သာ သူ အ ရှိန် လေး နဲ့ လိမ့် နေ တဲ့ ဆောက် လုပ် ရေး က ဏ္ဏ ကို ရပ် ဆို ပြီး လုပ် ခဲ့ လို့ ရပ် သွား ရ တယ် ။ ပြန် ပြော ရင် အ ဆဲ သာ ခံ ရ လို့ ကိုယ့် ပြ ဿ နာ ကိုယ် အ ဆင် ပြေ အောင် ဘဏ် ကို နေ အိမ် အ ပေါင် ပေး ပြီး အ လုပ် သ မား ခ က အ စ ပြေ လည် အောင် ဖြေ ရှင် နေ ခဲ့ ကြ ရ တဲ့ SME တွေ က အ စိုး ရ က တစ် ခု ခု ပြန် တော့ လုပ် ပေး မှာ ပါ လို့ အ ထင် ရှိ မျှော် လင့် နေ ခဲ့ ကြ တယ် ။
ဘဏ် ကို တစ် ချို့ လုပ် ငန်း ရှင် တွေ အ တိုး တောင် မ ပေး နိုင် ကြ တော့ ဘူး ။ ဒီ လို အ ခြေ အ နေ တွေ ကို သိ သိ ကြီး နဲ့ လား လုံး ဝ မ သိ လို့ လား မ တွေး တတ် ဘူး ၃ လ တစ် ခါ တိုး ရင်း ပြန် ဆပ် လို့ အ မိန့် ထုတ် တယ် ။ SME တွေ ဆောက် လုပ် ရေး လုပ် ငန်း သ မား တွေ အ တွက် မ ဖြစ် နိုင် ပါ ဘူး ။
လက် ရှိ အ ခြေ အ နေ အ ရ ဘယ် SME မှ ဘဏ် ကို ၃ လ တစ် ခါ အ ရင်း ကော အ တိုး ကော ပြန် မ သွင်း နိုင် ကြ ဘူး ။ ရောင်း မ ရ အောင် အ ခွန် နဲ့ ကော အိမ် ခြံ မြေ ဈေး တွေ ကျ အောင် တ မင် လုပ် ပါ မယ် လို့ ကော ပြော ထား တဲ့ မြန် မာ နိုင် ငံ ရန် ကုန် မြို့ မှာ ပိုက် ဆံ ပြန် ဖော် ဖို့ ခက် နေ ပါ တယ် ။ သ ဘော က အိမ် ခြံ မြေ တိုက် ခန်း တွေ အ ရောင်း အ ဝယ် ခက် နေ တယ် ။
ဒါ ကို သိ သိ နဲ့ လုပ် တာ ဆို လွန် တာ ပေါ့ လို့ ပဲ ပြော ရ မယ် ။ မ သိ ဘူး ဆို ရင် အိမ် မှာ ပဲ မိ သား စု နဲ့ အေး အေး ဆေး ဆေး နေ ပါ တော့ ။ သင် လက် ရှိ နေ ရာ နဲ့ အံ မ ဝင် ပါ ဘူး ။ သင့် ကြောင့် လူ ဦး ရေ သန်း ၅၀ ကျော် နေ တဲ့ မြန် မာ နိုင် ငံ Fail State ဖြစ် သွား နိုင် ပါ လိမ့် မယ် ။ ပို နား လည် နိုင် မယ့် တစ် ယောက် ကို ခိုင်း လိုက် ပါ ။
မန် မာ နိုင် ငံ လက် ရှိ အ ခြေ အ နေ က အ စိုး ရ က အ များ ကြီး ကျား ကန် ပေး ထား နိုင် မှ ဖြစ် မယ် ။ လို အပ် ရင် ကြွေး တွေ ကို လျှော် ပစ် လိုက် နိုင် ဖို့ လောက် အ ထိ တွေး ထား သင့် ပါ တယ် ။
ဒီ လို ကြွေး တွေ လျှော် ပစ် လို့ အ ထိ အ စိုး ရ ပံ့ ပိုး နိုင် ဖို့ က တန် ဖိုး ကြီး ကြီး တွေး တတ် ဖို့ လို ပါ တယ် ။ သာ မန် လူ ပြိန်း ကြိုက် တွေ လောက် ပဲ ပုံ ဖော် ပြ ပြီး လာ အို က နေ လျှပ် စစ် ဝယ် ယူ တာ မြစ် ဆုံ မှာ ငါး ဖမ်း နေ တဲ့ လူ တွေ ၊ က ဗျာ ရေး တဲ့ လူ တွေ လောက် ပဲ လက် ခုပ် တီး တော့ မယ် ဆို တာ တွေး တတ် ဖို့ လို ပါ တယ် ။

* ( Facebook ပိုင် ရှင် မက် ဇူ ကာ ဘက် က facebook ရဲ့ news feed တွေ ကို ပြောင်း လည်း ပစ် မယ် လို့ ပြော လိုက် တဲ့ နေ့ မ နက် ခင်း မှာ ပဲ သူ့ ပိုင် ဆိုင် မှု အ မေ ရိ ကန် ဒေါ် လာ 3.3 ဘီ လီ ယံ ဆုံး ရှုံး သွား ခဲ့ တယ် ။ စ ကား တစ် ခွန်း က ဘယ် လောက် တန် ဖိုး ကြီး ကြီး ပေး ဆပ် လိုက် ရ သ လဲ ဆို တာ ကို သိ စေ လို ပါ တယ် ။ )

အ ခွန် လို ချင် တယ် ။ အ ခွန် ကောက် ဖို့ အ လုပ် ကို တော့ အား မ ပေး ဘူး ။ အိမ် ရောင်း ဝယ် ရင် ၃၀% အ ခွန် ယူ တယ် ။ အိမ် ရောင်း ဝယ် ကောင်း အောင် တော့ လုပ် မ ပေး ဘူး ။ ၃၀% ကို ယူ တာ လည်း မြန် မာ တွေ က ပဲ အ ခွန် ပေး ဆောင် ရ တာ ။ အ ခု အ သစ် ထွက် တဲ့ Condominium law မှာ နိုင် ငံ ခြား သား ဝယ် ရင် ဘာ အ ခွန် မှ ပေး စ ရာ မ လို ဘူး ။ ဝိုင်း အ ကြံ ပေး ထား ကြ သ လို အ ရောင်း အ ဝယ် ၅% ပဲ ယူ ပါ ဆို တာ ကို တွန့် နေ တယ် ။ တစ် နိုင် ငံ လုံး အ ဆင် ပြေ သွား နိုင် တာ ကို မ မြင် ဘူး ။

နာက် ဆို ကွန် ဒို တိုက် ခန်း ဝယ် ချင် ရင် နိုင် ငံ ခြား သား နံ မည် နဲ့ သာ ဝယ် ဘာ အ ခွန် မှ ပေး စ ရာ မ လို ဘူး ။ ဒါ မှ မ ဟုတ် ၁၀% လောက် နိုင် ငံ ခြား သား ကို ပေး လိုက် ပေါ့ ။ မြန် မာ ပ ညာ ရှိ တွေ က အဲ့ လို တွေး ပြီး အ လုပ် လုပ် ထား ကြ တာ ကိုး ။ အိပ် ယာ ခွန် တောင် ကောက် ချင် ကြ တဲ့ သူ တွေ လေ ။ 
တစ် ခါ တစ် လေ ထွက် ထွက် လာ တဲ့ အ မိန့် တွေ ကို ကြည့် ပြီး တွေး မိ တယ် ။ အ ရင် အ ဆက် ဆက် က အ လုပ် လုပ် နေ ကြ တဲ့ SME တွေ ကို အ မြစ် ပြတ် အောင် များ ရှင်း ထုတ် နေ တာ လား လို့ ။ ဒါ ဆို လည်း ဘာ တတ် နိုင် မှာ လဲ ကိုယ် တွေ အ ဆင့် က ဘာ မှ လုပ် နိုင် ပြော နိုင် တဲ့ အ ဆင့် မှ မ ရှိ တာ ။

မန် မာ နိုင် ငံ မှာ သက် ဆိုင် ရာ တစ် ချို့ တွေ က လုပ် စ ရာ ရှိ တာ ကို သာ တာ ဝန် အ ရ လုပ် နေ ကြ တာ တစ် ဖက် ကို ကူ ညီ ချင် လို့ လုပ် နေ ကြ တာ မ ဟုတ် ဘူး ။ မြန် မာ နိုင် ငံ ကြီး ကို ချစ် လွန်း လို့ မ ဟုတ် ဘူး ။ မင်း တို့ ဘာ ဖြစ် ဖြစ် ငါ ဖြစ် တာ မ ဟုတ် ဘူး ဆို တဲ့ စိတ် နဲ့ ရုံး တက် နေ ကြ တာ ။
တစ် ခါ တစ် လေ လည်း ပြန် တွေး မိ ပြန် တယ် ။ နိုင် ငံ ခြား သား က ပေး တဲ့ အ ကြံ ဉာဏ် တွေ က မြန် မာ နိုင် ငံ နဲ့ အ ဆင် မ ပြေ လို့ လား လို့ ။
တစ် ခါ တစ် လေ လည်း တွေး မိ ပြန် တယ် ။ သူ တို့ တ ကယ် ကို မ သိ ကြ ဘူး နဲ့ တူ တယ် လို့ ။
ဘယ် လို ပဲ ဖြစ် ဖြစ် ပါ လက် ရှိ အ ကောင် အ ထည် ဖော် ဖို့ စီ စဉ် နေ ကြ တဲ့ ကိ စ္စ တွေ မ မှန် ပါ ဘူး ။ မ မှန် ဘူး ဆို တာ အ ကောင် အ ထည် ဖော် မယ့် သူ တွေ သိ သ လား မ သိ ဘူး လား ဆို တာ တော့ ကိုယ် လည်း မ သိ ပါ ။
စ င်္ကာ ပူ က လီ ကွမ် ယု တို့ ကျွန် တော် တို့ ကို ကြည့် ပြီး ရီ နေ ကြ မ လား မ သိ ဘူး ။



မိုး တင့် ( ရန် ကုန် တ က္က သိုလ် )  https://www.facebook.com/moetintswemgmg/photos/a.1704222979815210.1073741829.1703609169876591/2013165468920958/?type=3&theater
၃၀ ၊ ၁ ၊ ၂၀၁၈




ငွေကြေးဖောင်းပွမှု inflation

ငွေကြေးဖောင်းပွမှု

အကျဉ်းချုပ်
မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ၅.၆၇ ရာခိုင်နှုန်းဖြစ် ကြောင်း အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း(မူကြမ်း)တွင် ဖော်ပြထားပါသည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၃-၆-၂၀၁၄ ရက်နေ့တွင် ဒေါက်တာမြင့်ကြည် (ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်-၈) က ငွေကြေးဖောင်းပွမှု တည်ငြိမ် ရေးအတွက် မူဝါဒချမှတ်ပေးရန် အဆိုတင်သွင်းခဲ့ပါသည်။ ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်း များကြီးမြင့်မှုကို ရင်ဆိုင်နေရကြောင်း၊ ငွေကြေးဖောင်းပွမှုသည် နှစ်စဉ်မြင့်တက်နေသောကြောင့် ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ယင်းအဆိုအား တင်သွင်းခဲ့ပါသည်။
ဤစာတမ်းတိုတွင် ငွေကြေးဖောင်းပွမှုဖြစ်ပေါ်ရသည့် အကြောင်းအရင်းများနှင့် ငွေကြေးဖောင်းပွမှု အားထိန်းချုပ်ခြင်းစသည့် အချက်အလက်များအား ရှာဖွေပြုစုထားပါသည်။ ထို့ပြင် မြန်မာနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်  တရုတ်၊ အိန္ဒိယ၊ ဂျပန် စသည့်နိုင်ငံများ၏ ငွေကြေး ဖောင်းပွမှုနှုန်းများအား ဖော်ပြထားပါသည်။


၁။ ငွေကြေးဖောင်းပွမှု (Inflation) ဆိုသည်မှာအဘယ်နည်း။
တစ်နှစ်တာကာလအတွင်း ကုန်စည်ပစ္စည်းများနှင့် ၀န်ဆောင်မှုလုပ်ငန်းတို့အတွက် ကြီးမြင့်လာသည့် ကုန်ကျစရိတ်ပမာဏအတိုင်းအတာတစ်ရပ်ကို ငွေကြေးဖောင်းပွမှုဟုခေါ်ပါသည်။ ၎င်းကို ကုန်ကျစရိတ် တိုးမြင့်မှုရာခိုင်နှုန်းအားဖြင့် ဖေါ်ပြပါသည်။ ကုန်ကျစရိတ်များ ကျဆင်းခြင်းကို ငွေကြေးကျုံ့ခြင်း(Deflation) ဟုခေါ်ပါသည်။
ဥပမာအားဖြင့် မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှု ၅ ရာခိုင်နှုန်းရှိသည်ဟု ဆိုပါမူ နှစ်တစ်နှစ်၏ အစတွင် ငွေကျပ်တစ်သိန်းဖြင့် ၀ယ်ယူရရှိသော ကုန်ပစ္စည်းတစ်ခြင်းစာကို နှစ်ကုန်ပိုင်းတွင် ၀ယ်ယူ ပါက ငွေကျပ်တစ်သိန်းငါးထောင်ကျပ် ကုန်ကျလိမ့်မည်ဟု ဆိုလိုပါသည်။

၂။ မည်သည့်အရာကငွေဖောင်းပွမှုကိုဖြစ်စေသနည်း။
‌ငွေကြေးဖောင်းပွမှုကို ဖြစ်စေသည့်အကြောင်းအရင်းများစွာ ရှိပါသည်။
•    လည်ပတ်ငွေကြေးပမာဏ(Money Supply) ကြီးထွားလာခြင်း။ စီးပွားရေးတစ်ရပ် အတွင်းရှိ ငွေပမာဏကြီးထွားလာသည့်အလျောက် ၎င်းငွေ၏တန်ဖိုး ကျဆင်းလာပါသည်။ ဆိုလိုသည်မှာ ကုန်ပစ္စည်းများဝယ်ယူရန်အတွက် ငွေပမာဏပိုမိုများပြားစွာ လိုအပ်လာ သည်ဟူ၍ ဖြစ်ပါသည်။
•    ရောင်းလိုအား (Supply)  အကန့်အသတ်ရှိခြင်း။ ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းတို့တွင် ပြတ်လပ်မှုများဖြစ်ပါက ၎င်းတို့၏ဈေးနှုန်းများ တက်လာနိုင်ပါသည်။ ထိုသို့ ပြတ်လပ်မှုများ သည် ဥပမာအားဖြင့် သဘာဝကပ်ဘေးများ ကျရောက်ခြင်း၊ ရေနံဈေးနှုန်းများ မြင့်တက် ခြင်းစသော အကြောင်းရင်းများစွာကြောင့် ဖြစ်ပေါ်လာတတ်ပါသည်။
•    ၀ယ်လိုအား(Demand) တိုးမြင့်လာခြင်း။ ကုန်စည်ပစ္စည်းများအပေါ် ၀ယ်လိုအား မြင့်လာ ခြင်းကြောင့် ၎င်းတို့၏ဈေးနှုန်းများကို တက်လာစေပါသည်။ စီးပွားရေးအခိုင်အမာ ကြီးထွား လာခြင်း ကဲ့သို့သော အကြောင်းရင်းများစွာတို့ကြောင့် ၀ယ်လိုအား အပြင်းအထန်မြင့်တက်လာစေခြင်း ဖြစ်ပေါ်စေတတ်ပါသည်။
•    မျှော်မှန်းချက်များ (Expectations)။  အနာဂတ်၌ရှိနေနိုင်သည့် ငွေကြေးဖောင်းပွမှုအဆင့် အပေါ်မျှော်မှန်းချက်များသည် ရှေ့ရေးအတွက် လုပ်အားခညှိနှိုင်းမှုများနှင့် အခြား  သဘောတူစာချုပ် (Contract) များအပေါ်၌ သက်ရောက်မှုများ ဖြစ်လာစေပါသည်။ ဤသို့ ခန့်မှန်းမှုများသည် အနာဂတ် ငွေကြေးဖောင်းပွမှုအပြောင်းအလဲများ ဖြစ်စေရန် တစ်စိတ်တစ်ပိုင်း အားဖြင့် ပံ့ပိုးမှု ဖြစ်စေပါသည်။

၃။ ငွေကြေးဖောင်းပွမှု၏ကောင်းကျိုးနှင့်ဆိုးကျိုးများ
အခြေအနေအမျိုးမျိုးတွင် ငွေကြေးဖောင်းပွမှုသည် အကောင်းနှင့်အဆိုး သက်ရောက်မှုများရှိပါ သည်။ ထိုသို့ သက်ရောက်မှုများသည် ငွေကြေးဖောင်းပွမှုနှုန်း (Rate of Inflation) အပေါ်မူတည် နေပါသည်။
ကောင်းကျိုးများ (Positive Effects)
•    နောင်တချိန်ကျမှသာဝယ်မည်ဟု စောင့်ဆိုင်းနေခြင်းအားဖြင့် ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုတို့သည် ဈေးပိုကြီးမြင့်လာမည်ဟု တွေးဆကြသောကြောင့် လူတို့အား ငွေကိုလတ်တလော သုံးစွဲလိုစိတ်မြင့်စေသည်။ ဤနည်းအားဖြင့် စီးပွားရေး တိုးမြင့် ကြီးထွားလာစေရန် နှိုးဆွပေးသည်။
•    ငွေကြေးဖောင်းပွမှုသည် ငွေချေးယူသူတို့အား အကျိုးအမြတ် ဖြစ်ထွန်းစေသည်။ ငွေဖောင်းပွမှုနှုန်းထက်နိမ့်သော ငွေတိုးနှုန်းဖြင့် ချေးငွေရရှိပါက ငွေချေးယူသူတစ်ဦး သည် ငွေတိုးနှုန်းမပေးရသလောက် ဖြစ်စေသည်။
ဆိုးကျိုးများ (Negative Effects)
•    ငွေဖောင်းပွမှုနှုန်းထက် နည်းပါးစွာဝင်ငွေတိုး၍ရရှိသော လူတစ်ဦးအတွက် ချောင်လည်မှု လျော့ပါးလာစေသည်။ ၎င်းတို့ ၀င်ငွေလျော့ပါးသွားခြင်းဖြစ်သည်။
•    ငွေတိုးနှုန်းသည် ငွေကြေးဖောင်းပွမှုနှုန်းထက်နည်းပါက စုဆောင်းငွေများ၏ တန်ဖိုး သည်လည်း ကျဆင်းသွားသည်။
•    ငွေထုတ်ချေးသူများသည်လည်း ငွေတို့၏ ချေးငွေများအတွက် ငွေဖောင်းပွမှုနှုန်းထက် လျော့နည်းသော ငွေတိုးနှုန်းကြောင့် ဆိုးကျိုးအားခံစားရပါသည်။
ငွေကြေးဖောင်းပွမှုမြင့်မားခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုကို ယုတ်လျော့စေသည်။ နိုင်ငံရေးနှင့်လူမှုရေး မငြိမ်သက်မှုကို ဖြစ်ပေါ်စေသည်။  ၎င်းအပြင် အလွန်နည်းပါးသော ငွေကြေးဖောင်းပွမှုနှင့်ငွေကျုံ့ ခြင်းတို့သည်လည်း ဖွံ့ဖြိုးတိုးတက်မှုကို ယုတ်လျော့စေပါသည်။

၎။ ငွေဖောင်းပွမှုကိုခန့်မှန်းခြင်း (Inflation Predictability) အရေးကြီးပုံ
ငွေကြေးဖောင်းပွမှုသည် ကြိုတင်ခန့်မှန်းနိုင်စွမ်း မရှိပါက စီးပွားရေးတစ်ရပ်အပေါ် ဆိုးဝါးသော ထိခိုက်မှုများ ဖြစ်စေနိုင်ပါသည်။
•    အနာဂတ်ငွေဖောင်းပွမှုကို တိကျစွာခန့်မှန်းနိုင်ခြင်း မရှိသောကြောင့် ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံလိုစိတ်လျော့ပါးသွားစေနိုင်ပါသည်။
•    ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပိုမို၍ခန့်မှန်းတွက်ချက်၍ရသော နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်ကြခြင်းကြောင့် နိုင်ငံ၏ပြင်ပသို့ ငွေကြေးများ  ထွက်သွားစေသည်။

၅။ ငွေကြေးဖောင်းပွမှု၏ကောင်းကျိုးနှင့်ဆိုးကျိုးတို့ကိုဘက်ညှိခြင်း
ငွေကြေးဖောင်းပွမှုကို နိမ့်ပါးသောနှုန်း၌ တည်ငြိမ်အောင် ထိန်းထားခြင်းနှင့် (အရေးကြီးဆုံးမှာ) ကြိုတင်ခန့်မှန်းနိုင်ခြင်းတို့သည်  ငွေကြေးဖောင်းပွမှုကို အကောင်းဆုံးချဉ်းကပ် ကိုင်တွယ်နည်းဖြစ် ကြောင်း စီးပွားရေးပညာရှင်အများစုတို့က သဘောတူညီကြ သည်ဟု အပြည်ပြည်ဆိုင်ရာငွေကြေး ရံပုံငွေအဖွဲ့ IMF မှ ပြောကြားပါသည်။  အဆိုပါနည်း၏ ရည်ရွယ်ချက်မှာ အနည်းငယ်သော ငွေကြေးဖောင်းပွမှုဖြင့် စီးပွားရေးဖွံ့ဖြိုးမှုကိုရရှိစေရန်၊ မြင့်မားသော ငွေကြေးဖောင်းပွမှု၏ ဆိုးကျိုး များကို အကန့် အသတ် ပြုလုပ်ထားရန် တို့ဖြစ်ပါသည်။

၆။ ငွေကြေးဖောင်းပွမှုကို တိုင်းတာခြင်း
နိုင်ငံအများစုတို့တွင် ငွေကြေးဖောင်းပွမှုဆိုင်ရာကိန်းဂဏန်းများကို ကျယ်ပြန့်စွာ မှတ်တမ်းတင်ခြင်း၊ ပုံနှိပ်ထုတ်ပြန်ခြင်းတို့ ပြုလုပ်ကြပါသည်။ ထိုသို့ ထုတ်ပြန်ရာတွင် စားသုံးသူကုန်ဈေးနှုန်းများ (Consumer Prices) နှင့် ကုန်ထုတ်လုပ်သူဈေးနှုန်း (Producer Prices) တို့ပါဝင်လေ့ရှိပါသည်။ ဤကိန်းဂဏန်းများအားဖြင့် ကုန်စည်ဈေးနှုန်းပြောင်းလဲဖြစ်ပေါ်မှုများကို အနီးကပ် စောင့်ကြည့်နိုင် ပါသည်။ နိုင်ငံအများအပြားတွင် ငွေကြေးဖောင်းပွမှုဆိုင်ရာ ကိန်းဂဏန်းများကို အောက်ဖော်ပြပါ လက္ခဏာရပ် များဖြင့် ဖော်ပြလေ့ရှိသည်။
(က)    စားသုံးကုန်ဈေးဆနှုန်းကိန်း (Consumer Prices Index (CPI))
(ခ)    စားသုံးသူဈေးနှုန်းညီမျှဆနှုန်းကိန်း (Harmonized Index of Consumer Prices) (HICP))တို့ဖြစ်ကြပါသည်။
မြန်မာနိုင်ငံတွင်လည်း ငွေကြေးဖောင်းပွမှုနှုန်းကို စားသုံးကုန်ဈေးဆနှုန်းကိန်း (Consumer Prices Index (CPI)) ဖြင့်တိုင်းတာပါသည်။

၇။ ငွေကြေးဖောင်းပွမှုကိုထိန်းချုပ်ရန် အစိုးရအဖွဲ့များကမည်သို့ ဆောင်ရွက်နိုင်သနည်း။
ငွေကြေးဖောင်းပွမှုဖြစ်ပွားရသည့် အခြေခံအကြောင်းရင်းများပေါ်မူတည်၍ မူဝါဒ အမျိုးမျိုးချမှတ် နိုင်ပါသည်။ အများအားဖြင့် တွေ့ရှိရသော မူဝါဒများတွင် အောက်ဖေါ်ပြပါ အချက်များပါဝင်ကြ ပါသည်။
(က)    ငွေကြေးဖောင်းပွမှု ရည်မှန်းချက်သတ်မှတ်ခြင်း (Inflation targeting)
ဗဟိုဘဏ်မြောက်များစွာတို့သည် နည်းပါး၍ တည်ငြိမ်သော ငွေကြေးဖောင်းပွမှု၌ ထိန်းထားနိုင်ခြင်းကို အဓိကမူဝါဒ ဦးတည်ချက်အဖြစ်ထားရှိသည့် ငွေကြေးဖောင်းပွမှု ရည်မှန်းသတ်မှတ်ခြင်း (Inflation Targeting) ဟုခေါ်တွင်သော မူဝါဒကို ကျင့်သုံးကြကြောင်း IMF မှ ပြောကြားပါသည်။ ဤမူဝါဒတွင် အနာဂတ် ငွေကြေး ဖောင်းပွမှုကို ဗဟိုဘဏ်ကကြိုတင်ခန့်မှန်းခြင်းနှင့် ၎င်းခန့်မှန်းချက်ကို အစိုးရက နိုင်ငံစီးပွားရေးအတွက် သင့်တော်သည်ဟုယုံကြည်သော ရည်မှန်း ငွေဖောင်းပွမှုနှုန်း (Target Inflation Rate)နှင့် နှိုင်းယှဉ်ခြင်းစသော ဆောင်ရွက်ချက်များ ပါဝင်ပါသည်။ ထို့နောက် ဗဟိုဘဏ်သည် ငွေတိုးနှုန်းကို အတိုးအလျှော့ လုပ်ခြင်းဖြင့် ငွေကြေးမူဝါဒ (Monetary Policy) ကိုထိန်းညှိမှု ပြုလုပ်ပါသည်။ ဤနည်းဖြင့် ဗဟိုဘဏ် သည် ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဆောင်ရွက်ပါသည်။
ဤမူဝါဒအရ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော ငွေကြေးဖောင်းပွမှုရည်မှန်း ချက်များနှင့် ကိုက်ညီအောင် ငွေကြေးမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် လွတ်လပ်သော ဗဟိုဘဏ်ဖြစ်ရန် လိုအပ်ကြောင်း အများက ယူဆကြပါသည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံစီးပွားရေးတစ်ရပ်လုံးအပေါ် ကောင်းသောအကျိုး စီးပွားမဖြစ်နိုင်သည့် ငွေကြေးဖောင်းပွမှုအပေါ် အစိုးရ၏ သြဇာသက်ရောက်မှု ရေတိုနိုင်ငံရေးဆိုင်ရာ အကြောင်းတရားများ ရှိနိုင်သောကြောင့် ဖြစ်ပါသည်။  
(ခ)    ငွေတိုးနှုန်းအပြောင်းအလဲပြုလုပ်ခြင်း (Interest rate changes)
IMF ၏ အဆိုအရ ငွေတိုးနှုန်းမြင့်လာသောအခါ ငွေကြေးဖောင်းပွမှုကျဆင်းပါသည်။ အပြန်အလှန်အားဖြင့် ငွေတိုးနှုန်းနည်းသောအခါ ငွေကြေးဖောင်းပွမှုမြင့်‌တက်လာပါ သည်။ ထို့ကြောင့် ငွေတိုးနှုန်းအပြောင်းအလဲလုပ်ခြင်းသည် ငွေကြေးဖောင်းပွမှုကို တိုက်ရိုက်အထိန်းအညှိပြုလုပ်နိုင်သည့် အဓိက ကိရိယာတစ်ခုဖြစ်ပါသည်။
 (ဂ)    မျှော်မှန်းချက်များအား ကိုင်တွယ်ခြင်း (Managing expectations)
မူဝါဒရေးဆွဲသူများသည် ကန်ထရိုက်စာချုပ်ချုပ်ဆိုသူများ၏ မျှော်မှန်းချက်များ အပေါ် သြဇာသက်ရောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ငွေကြေးမူဝါဒဆိုင်ရာ အနာဂတ် ရည်ရွယ်ချက်များကို ထုတ်ပြန်ကြေညာနိုင်သည်။ အဆိုပါထုတ်ပြန်ကြေညာချက် အပေါ်ယုံကြည်စိတ်ချရမှုရှိပါက  ချုပ်ဆိုကြသော ကန်ထရိုက်စာချုပ်များအပေါ် အကျိုးသက်ရောက်စေခြင်းဖြင့် ငွေကြေးဖောင်းပွမှုအား ကိုင်တွယ်နိုင်ပါသည်။  
(ဃ)    နိုင်ငံခြားငွေလဲလှယ်နှုန်းသတ်မှတ်ခြင်း (Exchange rate fixing)
အချို့ဗဟိုဘဏ်များသည် နည်းပါးသော ငွေကြေးဖောင်းပွမှုနှုန်းအားဖြင့် ၎င်းတို့၏ ငွေကြေးတန်ဖိုးအား အခြားနိုင်ငံတစ်ခု၏ ငွေကြေးတန်ဖိုးဖြင့် ချိတ်ဆက်ထားကြ သည်။ IMF မှ ဤနည်းလမ်းသည် အခြေအနေအတိုင်းတာတစ်ခုထိသာ အလုပ်ဖြစ် ကြောင်းမှတ်ချက်ပြုပါသည်။ ကမ္ဘာလုံးဆိုင်ရာ အကြောင်းအရင်းများကြောင့်        ငွေကြေးဖောင်းပွမှုဖြစ်ပွားရပါက ဤမူဝါဒသည် အလုပ်မဖြစ်နိုင်ကြောင်းပြောကြား ပါသည်။  
(င)    ကုန်ဈေးနှုန်းများတိုက်ရိုက်သတ်မှတ်ခြင်း (Directly setting prices)
အစိုးရသည် စားသောက်ကုန်နှင့်စက်သုံးဆီကဲ့သို့သော အချို့သော ထုတ်ကုန်များ ကို တိုက်ရိုက်ဈေးနှုန်း သတ်မှတ်နိုင်ပါသည်။ သို့သော်လည်း ဤသို့ ဆောင်ရွက်ခြင်း သည် အစိုးရအနေဖြင့် ပံ့ပိုးငွေပေးရန် ငွေပမာဏမြောက်များစွာ တင်ရှိစေနိုင်ပြီး အခြားသော ပြဿနာများအား ဖြစ်ပေါ်စေနိုင်ပါသည်။  
(စ)    အခွန်နှင့်‌ အသုံးစရိတ် (Tax and spending)
အစိုးရတို့သည် ၎င်းတို့၏အသုံးစရိတ်ကိုဖြတ်တောက်ခြင်း၊ အခွန်ငှေတိုးမြှင့်ခြင်း စသော ဆောင်ရွက်ချက်များဖြင့် ငွေကြေးဖောင်းပွမှုကို လျှော့ကျနိုင်သည်။ မကြာ သေးမီက ဖြစ်ပွားခဲ့သော ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းကာလ အတွင်း ဤမူဝါဒများကို အသုံးပြုခဲ့ကြသည်။ အခွန်နှင့် အစိုးရအသုံးစရိတ်များကို အပြောင်းအလဲပြုလုပ်ရန် ဥပဒေရေးဆွဲခြင်းကိစ္စသည် ပုံမှန်အားဖြင့် အချိန်ကြာမြင့် လေ့ရှိပါသည်။ ဤဥပဒေပြဋ္ဌာန်းပြီးပါက အပြောင်းအလဲပြန်လုပ်ရန် နိုင်ငံရေးအရ ခက်ခဲတတ်ပါသည် ဟူ၍ IMF မှ မှတ်ချက်ပြုပါသည်။ ဤအပွောင်းအလဲများ၏ အကျိုးသက်ရောက်မှုများမှာလည်း ကြိုတင်ခန့်မှန်း၍ မရကြောင်းလည်း IMF မှ မှတ်ချက်ပြုခဲ့ပါသည်။

၈။ ငွေကြေးဖောင်းပွမှုအားတည်ငြိမ်စေရန် မူဝါဒချမှတ်ရေးအဆိုအား လွှတ်တော်သို့တင်သွင်းခြင်း
ပထမအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၃-၆-၂၀၁၄ ရက်နေ့တွင် ဒေါက်တာမြင့်ကြည် (ရန်ကုန်တိုင်းဒေသကြီး၊  မဲဆန္ဒနယ်အမှတ်-၈) မှ ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းများကြီးမြင့်မှုကို ရင်ဆိုင်နေရကြောင်းနှင့် ငွေကြေးဖောင်းပွမှုသည် နှစ်စဉ်မြင့်တက် နေသောကြောင့် ထိန်းချုပ်နိုင်ရန် ငွေကြေးဖောင်းပွမှုအားတည်ငြိမ်‌ရေးအတွက်မူဝါဒချမှတ်ပေးရန် အမျိုးသားလွှတ်တော်သို့ အဆိုတင်သွင်းခဲ့ပါသည်။  ၁၉-၆-၂၀၁၄  ရက်နေ့တွင် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဦးမှ ငွေကြေးဖောင်းပွမှု ပုံစံအမျိုးမျိုးနှင့် လက်ရှိအစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှုနှင့်ပတ်သက်၍ ထိန်းချုပ်နေသည့် အစီအစဉ်များရှိကြောင်း ရှင်းပြခဲ့သော်လည်း အဆိုရှင်မှ လက်မခံသည့်အတွက်  လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ ထောက်ခံမဲ ၉၄ မဲ၊ ကန့်ကွက်မဲ ၇ မဲနှင့် ကြားနေမဲ ၄၃ မဲတို့ဖြင့် အနိုင်ရရှိခဲ့ရာ အဆိုအတည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။
၉။ မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှု
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၂.၈၂ ရာခိုင်နှုန်း၊  ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၂.၈၅ ရာခိုင်နှုန်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တွင် ၅.၆၇ ရာခိုင်နှုန်းအထိဖြစ်ကြောင်းကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း(မူကြမ်း)မှကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှင့် စပ်လျဉ်း၍ အာရှဖွံ့ဖြိုးရေးဘဏ်မှ အောက်ပါအတိုင်း ပြောကြားထားပါသည်-
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ၆.၆ ရာခိုင်နှုန်းနှင့် ၂၀၁၅ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် ၆.၉ ရာခိုင်နှုန်းထိမြင့်တက်နိုင်ကြောင်း ခန့်မှန်းထားပါ သည်။ ငွေကြေးဖောင်းပွရမှုကိုဖြစ်စေသော အကြောင်းရင်းအချို့မှာ ပုဂ္ဂလိကဏ္ဍတွင် လုပ်အားခများမြင့်တက်လာခြင်း၊ လျှပ်စစ်မီးခွန်များမြင့်တက်လာခြင်းနှင့် မြို့ကြီးများရှိ အိမ်ခြံမြေဈေးနှုန်းများမြင့်တက်ခြင်းတို့ ပါဝင်ပါသည်။ ဗဟိုဘဏ်မှ အစိုးရသို့ ချေးငှား ပေးသည့် ငွေပမဏာအား လျှော့ချပေးခြင်း အားဖြင့် နှစ်လတ် ကာလ တွင် ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းအား လျော့နည်းစေပါသည်။

မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှု
 
၁၀။ မြန်မာနိုင်ငံဗဟိုဘဏ်၏ဆောင်ရွက်မည့်အစီအစဉ်များ
ELEVEN News Journal တွင် ဒေါ်ခင်စောဦး (ဒုတိယဥက္ကဋ္ဌ၊ ဗဟိုဘဏ်)၏ ပြောကြားချက်များမှာ-
မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဝန်ကြီးဌာနနှစ်ခုပူးပေါင်း၍ ငွေ‌ကြေးဖောင်းပွမှုအစီရင် ခံစာကို နိုင်ငံတော်သမ္မတရုံးသို့ တစ်လလျှင်တစ်ကြိမ် တင်ပြမည်ဖြစ်ကြောင်းနှင့် စောင့်ကြည့်ထိန်းသိမ်းခြင်းများလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ငွေ‌ကြေးဖောင်းပွမှု အားတည်ငြိမ်စေရန်အတွက် ဗဟိုဘဏ်မှ အစိုးရ၏ အသုံးစရိတ်များအား ပိုမိုထိရောက် စွာစီမံခန့်ခွဲခြင်းကို ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်၏ ကျွမ်းကျင်မှု အကူအညီများရယူကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရ၏ ငွေတိုက်လက်မှတ်များကို ဗဟိုဘဏ်မှဝယ်ယူခြင်းအစား လေလံဈေးကွက်တည်ထောင်ကာ ဘဏ်များမှဝယ်ယူခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောင်တွင် ‌ငွေကြေးဈေးကွက်ဖွံ့ဖြိုးလာပါက အပ်ငွေ/ ချေးငွေ လေလံနည်းအပြင် သွယ် ဝိုက်ငွေကြေးမူဝါဒ နည်းလမ်းများဖြစ်သည့် အစိုးရငွေချေး သက်သေခံ လက်မှတ်များအား ဈေးကွက်တွင် ဝယ်ခြင်း၊ ရောင်းခြင်း၊ အစိုးရငွေချေးသက် သေခံလက်မှတ်အသုံးပြပြီး ငွေကြေးဈေးကွက်မှ ကာလတိုငွေချေးငှားခြင်းနှင့် အပ်ငွေလက် ခံခြင်း၊ ဗဟိုဘဏ်မှ ငွေချေးသက်သေခံ လက်မှတ်များ ထုတ်ဝေခြင်းများဖြင့် ဈေးနှုန်းတည် ငြိမ်မှုရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ပြောကြားထားပါသည်။
ထို့ပြင် အစိုးရ၏ ရသုံးမှန်းခြေငွေစာရင်းရေးဆွဲရာတွင် နိုင်ငံတော်၏ ရငွေနှင့်အသုံးစရိတ် အား ချိန်ညှိရေးဆွဲခြင်း၊ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြီးပွင့်လင်းမြင်သာစွာ အတည် ပြုချက်ရယူခြင်း၊ ငွေတိုက်လက်မှတ်များထုတ်ဝေ၍ ဗဟိုဘဏ်၏ ချေးငွေဖြင့် ဘတ်ဂျတ်လို ငွေဖြည့်ဆည်းခြင်းအား လျော့ချပြီး ပြည်သူများသို့ ငွေတိုက်စာချုပ်များ ရောင်းချမည့် နည်းလမ်းဖြင့် ဘတ်ဂျတ်လိုငွေဖြည့်တင်းသွားမည်ဖြစ်ကြောင်း၊ ဘဏ်များသီးသန့်ငွေလို အပ်ချက်အချိုးအား အတိုးအလျော့ ပြုလုပ်မှုအပါအဝင် သွယ်ဝိုက်ငွေကြေး မူဝါဒနည်းလမ်းများဖြင့် ငွေကြေးပမာဏကို ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း ၎င်းမှဆက်လက်ပြော ကြားခဲ့ပါသည်။

၁၁။ ငွေကြေးဖောင်းပွမှုနှင့်စပ်လျဉ်း၍ ထင်မြင်ချက်များ
ငွေကြေးဖောင်းပွမှုနှင့် စပ်လျဉ်း၍ ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ) က ELEVEN News Journal တွင် အောက်ပါအတိုင်းဖော်ပြထားပါသည်-
“မြန်မာနိုင်ငံကဲ့သို့သော စီးပွားရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်း ကောင်း၊ ထိလွယ်ရှလွယ်သောနိုင်ငံအများစုတွင် လုပ်ခ (Wage)၊ လစာ (Salary)၊ ဝင်ငွေ (Income) များ နိမ့်ကျသောနိုင်ငံများအနေဖြင့် အထွေထွေကုန်ဈေးနှုန်ွးမင့်မားမှုနှုန်း သို့မဟုတ် ငွေကြေးဖောင်းပွမှုနှုန်းသည် အဓိကပူပန်မှုတစ်ခုအဖြစ် ရှိနေပါ‌ကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းကို တိုင်းတာတွက်ချက်ရန်အတွက် မြန်မာနိုင်ငံတွင် အိမ်ထောင်စု အများသုံးစွဲသော စားသောက်ကုန် ပစ္စည်းပေါင်း ၈၃ မျိုးနှင့်အစားအစာ မဟုတ်သော အခြားကုန်ပစ္စည်းပေါင်း ၇၅ မျိုး၊ စုစုပေါင်း ၁၅၈ မျိုးအား ရွေးချယ်ပြီး စားသုံးသူဈေးနှုန်း (Price Index) မှတစ်ဆင့် တိုင်းတာတွက်ချက်ခြင်းဖြစ်ကြောင်းကို သိရှိရပါကြောင်းနှင့် ယင်းစားသောက်ကုန်ပစ္စည်း ၈၃ မျိုးနှင့်အစားအစာမဟုတ်သော အခြားကုန်ပစ္စည်းပေါင်း ၇၅ မျိုး၊ စုစုပေါင်း ၁၅၈ မျိုး၏ အမျိုးအမည်များကို သိရှိပါက ယင်း ကုန်ပစ္စည်းများအကြား ဆက်စပ်သော ကုန်ဈေးနှုန်းပုံသဏ္ဍာန်နှင့်တကွ ယင်းကဲ့သို့ ငွေကြေးဖောင်းပွမှုနှုန်းအပေါ် အဓိက သက်ရောက်မှုပေးနိုင်သော တစ်နည်းအားဖြင့် ပြည်သူလူထု၏ နေ့စဉ်စားဝတ်နေ ရေးအခြေအနေကိုခြိမ်ွးခောက်သော ကုန်ပစ္စည်းအမျိုးအမည်များကို သရုပ်ခွဲ၍ သိရှိနိုင် မည်ဖြစ်ပါကြောင်း၊  သို့မှသာလျှင် ငွေကြေးဖောင်းပွမှုနှုန်းကို အဓိက ပြောင်းလဲစေနိုင်သော ကုန်ပစ္စည်းများ၏ ဈေးနှုန်းပြောင်းလဲမှု သဘောသဘာဝကို သိရှိနိုင်မည်ဖြစ်သကဲ့သို အခြား တစ်ဖက်တွင်လည်း လည်ပတ်ငွေကြေးပမာဏ အနိမ့်‌အမြင့် အတက်အကျနှုန်းကိုလည်း လေ့လာသိရှိရန်လိုအပ်လေ့ရှိပါကြောင်းနှင့် ယနေ့ တရုတ်နိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်း လဲမှုများ၊ အောင်မြင်ရခြင်း၏ အဓိကအကြောင်း အရင်းများထဲတွင် တရုတ်နိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှုန်းကို နှစ်စဉ် ၂ ရာခိုင်နှုန်း၊  ၃ ရာခိုင်နှုန်းခန့်တွင် ထိန်းသိမ်းနိုင်ခြင်းသည်လည်း ပါဝင်သည် ကို တွေ့ရှိရသည်ဖြစ်ပါကြောင်းနှင့် စီးပွားရေးကဏ္ဍများအကြား ချိတ်ဆက်ရာ တွင်လည်းကောင်း၊ အသွင်ပြောင်းရာတွင်လည်းကောင်း နိုင်ငံ၏ လိုအပ်သောဘဏ္ဍာရေး အရင်းအမြစ်ကုန်ကျစရိတ်များကို ကောင်းမွန်စွာ သုံးသပ်နိုင်ခြင်းပင်ဖြစ်ပေလိမ့်မည်” သုံးသပ် ထားပါသည်။


ဦးမောင်တိုး (အတွင်းရေးမှူး၊ ပြည်သူ့ငွေစာရင်းကော်မတီ) ၏ ငွေကြေးဖောင်းပွမှုနှင့်စပ်လျဉ်း သောထင်မြင်ချက်မှာ ကုမုဒြာဂျာနယ်တွင် အောက်ပါအတိုင်းဖော်ပြထားပါသည်-
“ငွေကြေးဖောင်းပွမှုဖြစ်ပေါ်ရသောအကြောင်းအရင်း (Factor) များစွာရှိကြောင်း၊ ကမ္ဘာမှာ အစိုးရက Budget deficit (ဘတ်ဂျတ်လိုငှေပြခြင်း) ကို ဗဟိုဘဏ်မှ ထုတ်ချေး၍ မရကြောင်း၊ မြန်မာနိုင်ငံတွင် ဗဟိုဘဏ်မှ အတိုင်းအတာတစ်ခု အထိ ချေးနေသေးကြောင်း၊ အစိုးရ၏ ဘတ်ဂျက်လိုငွေအပေါ်နိုင်ငံတကာတွင် ဗဟိုဘဏ်မှ ထုတ်ချေးသည့်စနစ်ကို မကျင့်သုံး‌သေးကြောင်း၊ မြန်မာနိုင်ငံတွင် ဘတ်ဂျတ်လိုငွေ၏ ၆၀ ရာခိုင်နှုန်းလောက် အား ဗဟိုဘဏ်မှ ငွေတိုက်လက်မှတ် (Treasure bill) ကို အတိုးနှုန်း ၄ ရာခိုင်နှုန်းဖြင့် ထုတ်ပေးခဲ့ရသောကြောင့် ပိုက်ဆံများရိုက်ထုတ်သလိုဖြစ်နေကြောင်း” သုံးသပ်ပြောကြား ခဲ့ပါသည်။
Mr. Matt Davies ( မြန်မာနိုင်ငံဆိုင်ရာ SMP အကြီးအကဲ IMF)က ၂၁-၁-၂၀၁၄ ရက်နေ့တွင် ကုန်သည်/စက်မှုအသင်းချုပ်၌ ကျင်းပသော IMF ၏ သတင်းစာရှင်းလင်းပွဲတွင် အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်-
“ငွေကြေးဖောင်းပွမှုသည် မြင့်တက်ဆဲဖြစ်ပြီး ငွေကြေးနှင့် ချေးငွေများတိုးတက်လာခြင်း၊ ကျပ်ငွေတန်ဖိုးလျော့ကျလာခြင်း၊ ဓာတ်အားခနှုန်းထားများ မြင့်တက်လာရန်ရှိခြင်း စသည့် ဖိအားပေးမှုများလည်းရှိနေကြောင်း၊ နိုင်ငံခြားအရံငွေပမာဏသည်လည်း နည်းပါးနေသေးသည့်အတွက် ရိုက်ခတ်မှုတစ်စုံတစ်ရာရှိလာသောအခါ ထိခိုက်လွယ်မည့်အနေအထား များရှိကြောင်း နှင့် ငွေကြေးဖောင်းပွမှုနှုန်းကို လျော့ချရန်ဘတ်ဂျတ်လိုငွေများကို ငွေစက္ကူ ရိုက်ထုတ်ဖြည့်ဆည်းသည့် အလေ့အထအား လျှင်မြန် စွာ လျော့ချပေးရန် လိုအပ်ကြောင်း” ကို အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

၁၂။ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှင့်စပ်လျဉ်းသော နိုင်ငံတကာအဖွဲ့အစည်းများ၏ အစီရင်ခံစာများ
Myanmar World Journal တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ
၂၁-၁-၂၀၁၄ ရက်နေ့ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၌ ပြုလုပ်သော  IMF ၏ SMP (Staff-Monitored Program) ဒုတိယအကြိမ်ဆန်းစစ်ခြင်း အစီရင်ခံစာတွင် ၂၀၁၃-၂၀၁၄ နှင့် ၂၀၁၄-၂၀၁၅ တို့တွင် မြန်မာနိုင်ငံ ၏ ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားနိုင်ကြောင်း ဖော်ပြထားပါသည်။ အဆိုပါထုတ်ပြန်ချက်အရ ငွေကြေး‌ဖောင်းပွ မှုနှုန်းသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ကုန်တွင် ၆ ရာခိုင်နှုန်းအထက် ရောက်ရှိမည်ဖြစ် ကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အမြင့်ပိုင်းတွင် ဆက်လက်တည်ရှိနေမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၂ ခုနှစ် မေလတွင် စံချိန်တင်ကျဆင်းမှုအဖြစ် မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်လာခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်း သည် ၁ . ၈ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း၊ အမျိုးသားဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းနှစ်ရှည်      ရည်မှန်းချက်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုအတွက် အ‌ခြေခံမူဘောင် တွင် ဖော်ပြထားချက်အရ သိရပါကြောင်း၊ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် ၁ ဒသမ ၉၅ ရာခိုင်နှုန်း သာရှိခဲ့ပြီး လက်ရှိကာလ တွင် အဆပေါင်းများစွာမြင့်တက်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

မြန်မာ့သားကောင်း ဂျာနယ်တွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ပြောကြားချက်များမှာ-
အစိုးရကဏ္ဍလစာငွေ တိုးမြှင့်မှု၊ မီတာခတိုးမြှင့်မှုနှင့် မြို့ကြီးများတွင် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာမှုများရှိနေခြင်းသည် ငွေကြေးဖောင်းပွမှုအတွက် စိုးရိမ်ဖွယ်ြဖစ်သော်လည်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုပမာဏသည် ၂၀၁၄ ခုနှစ်တွင် ၆.၆ ရာခိုင်နှုန်းနှင့် ၂၀၁၅ ခုနှစ်တွင် ၆.၉ ရာခိုင်နှုန်းခန့်သာ ရှိမည်ဟုခန့်မှန်းထားကြောင်း၊ ပြီးခဲ့သောနှစ်များတွင် နိုင်ငံတကာကြွေးမြီများကို လျော့ချနိုင်ခဲ့ခြင်းသည် ငွေကြေးဖောင်းပွမှုဖြစ်စေသည့် ဖိအား များကို တည်ငြိမ်လာစေရန် အထောက်အကူဖြစ်စေသည့်အပြင် ပို့ကုန်ကန့်သတ်ချက်များအား ဖြေလျှော့ပေးခဲ့ခြင်း၊ နိုင်ငံခြားငွေလဲနှုန်းကို အရှင်ဖြစ်စေရန် ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်ခဲ့မှုကြောင့်လည်း ငွေကြေးဖောင်းပွမှုနှုန်းကို သက်ရောက်မှုရှိကြောင်း အာရှဖွံ့ဖြိုး ရေးဘဏ် (ADB) မှ ပြောကြားချက်များ အား ကောက်နုတ်တင်ပြထားခြင်းဖြစ်ပါသည်။

၁၃။ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ငွေကြေးဖောင်းပွမှုနှုန်းများ
ဇယား (၂) - ၂၀၁၄ ခုနှစ်အတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ငွေကြေးဖောင်းပွမှုနှုန်းများ
နိုင်ငံအမည်    ငွေကြေးဖောင်းပွမှုနှုန်း
မြန်မာနိုင်ငံ             ၅.၆၇ ရာခိုင်နှုန်း
မလေးရှားနိုင်ငံ         ၃.၂၀ ရာခိုင်နှုန်း
အင်ဒိုနီးရှားနိုင်ငံ       ၄.၅၃ ရာခိုင်နှုန်း
စင်ကာပူနိုင်ငံ          ၁.၈၀ ရာခိုင်နှုန်း
ဗီယက်နမ်နိုင်ငံ        ၄.၉၄ ရာခိုင်နှုန်း
ကမ္ဘောဒီးယားနိုင်ငံ    ၄.၅၅ ရာခိုင်နှုန်း
ထိုင်းနိုင်ငံ              ၂.၁၆ ရာခိုင်နှုန်း
ဘရူနိုင်းနိုင်ငံ          ၀.၂၀ ရာခိုင်နှုန်း
လာအိုနိုင်              ၃.၇၀ ရာခိုင်နှုန်း
ဖိလစ်ပိုင်နိုင်ငံ         ၄.၉၀ ရာခိုင်နှုန်း
ဇယား (၃) - အခြားသောနိုင်ငံများ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းနှင့်‌ လက်ရှိငွေကြေးဖောင်းပွမှုနှုန်း 
   

နိုင်ငံအမည်
ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း
လက်ရှိငွေကြေးဖောင်းပွမှုနှုန်း
ခုနှစ်    
ရာခိုင်နှုန်း    
ခုနှစ်    
ရာခိုင်နှုန်း
ဂျပန်နိုင်ငံ    ၁၉၅၈-၂၀၁၄၃.၁၆၂၀၁၄ ဇွန်လ    ၃.၆၀
တရုတ်နိုင်ငံ    ၁၉၈၆-၂၀၁၄၅.၇၁၂၀၁၄ ဇူလိုင်လ    ၂.၃၀
အိန္ဒိယနိုင်ငံ    ၂၀၁၂-၂၀၁၄၉.၄၉၂၀၁၄ ဇူလိုင်လ    ၇.၉၆
သြစတေးလျနိုင်ငံ    ၁၉၅၁-၂၀၁၄၅.၂၃၂၀၁၄ ဒုတိယ ၃ လပတ်    ၃.၀၀
ဂျာမနီနိုင်ငံ    ၁၉၅၀-၂၀၁၄၂.၄၇၂၀၁၄ ဇူလိုင်လ    ၀.၈၅
 

သတိပြုရန်
ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့် တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ်မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသောသင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော် ဝန်ထမ်း များနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

Date issused 
Friday, September 12, 2014 - 12
Research File 
https://www.pyithuhluttaw.gov.mm/?q=content/ငွေကြေးဖောင်းပွမှု

မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များ FDI

မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များ

အကျဉ်းချုပ်
    ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏအား နှစ်အလိုက် နှိုင်းယှဉ်ကြည့်ပါက ၂၀၁၇ ခုနှစ်သည် ရင်းနှီးမြှုပ်နှံမှု အများဆုံးနှစ်ဖြစ်ပါသည်။ မှတ်တမ်းများအရ ၂၀၁၇ ခုနှစ်၏ လအလိုက် ရင်းနှီးမြှုပ်နှံမှုပမာဏ များသည် မေလတွင် အများဆုံးပမာဏရှိခဲ့ပါသည်။ ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏနှင့် နိုင်ငံခြားဝင်ငွေရရှိမှုတွင် စွမ်းအင်ကဏ္ဍသည် အများဆုံးဖြစ်ပြီး နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားဝင်ငွေရရှိမှုတွင် ဝင်ငွေအများဆုံးရရှိသောနိုင်ငံမှာ တရုတ် နိုင်ငံမှဖြစ်ပါသည်။
    ဤကိန်းဂဏန်းဆိုင်ရာ Statistical Bulletin တွင်
•    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းလုပ်ငန်းများနှင့်ရင်းနှီးမြှုပ်နှံမှုပမာဏများ၊
•    ၂၀၁၇ ခုနှစ်အတွင်း လအလိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏများ၊
•    ကဏ္ဍအလိုက် နှစ်စဉ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၊
•    ကဏ္ဍအလိုက် နိုင်ငံခြားဝင်ငွေရရှိမှု၊
•    နိုင်ငံအလိုက် နိုင်ငံခြားဝင်ငွေရရှိမှု
•    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ (၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ) နှင့်
•    ၂၀၁၇-၁၈ ဘဏ္ဍာနှစ် (ဇူလိုင်လ) အတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံများ ကိုဖော်ပြထားပါသည်။
အထက်ဖော်ပြပါအချက်အလက်များကို လွှတ်တော်ကိုယ်စားလှယ်များ လေ့လာသိရှိနိုင် စေရန် ပြုစုတင်ပြအပ်ပါသည်။
Statistical Bulletin အမှတ်စဉ် - (၄)
နိဒါန်း
    မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲအာဆီယံနိုင်ငံများနှင့် ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်ခုအကြား ကုန်စည်စီးဆင်းမှုပြုလုပ်နိုင်သည့် မဟာဗျူဟာ အချက်အချာကျသည့် နေရာတစ်ခုဖြစ်ပါသည်။ အာရှတိုက်၏ကုန်စည်သယ်ယူပို့ဆောင်ရေးကို ပိုမိုအဆင်ပြေအောင် မြှင့်တင်ပေးနိုင်သည့် ဆုံမှတ် တစ်ခုလည်းဖြစ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် သယံဇာတများ၊ လူသားအရင်းအမြစ်ဖြစ်သည့် လူငယ်လူရွယ်ဦးရေများပြားစွာ ရှိနေခြင်းသည် ရင်းနှီးမြှုပ်နှံလို သည့်နိုင်ငံများအတွက် အားသာချက်တစ်ခုဖြစ်ပါသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏများ
၁။    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏများကို အောက်ပါ ဇယားအတိုင်း ဖော်ပြထားပါသည်-
၂၀၁၇ ခုနှစ်တွင် ခွင့်ပြုပြီးစီမံကိန်းလုပ်ငန်းအရေအတွက်မှာ ၁,၃၁၂ ခုရှိပြီး ၂၀၁၄ ခုနှစ် နှင့်နှိုင်းယှဉ်ကြည့်လျှင် ၄၅၃ ခုတိုးတက်လာခဲ့ပါသည်။ ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ခွင့်ပြုပြီးစီမံကိန်းလုပ်ငန်းများမှာ တစ်နှစ်ထက်တစ်နှစ်တိုးတက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အများ ဆုံးဖြစ်သည်ကို တွေ့ရှိရပါသည်။
၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ လက်ရှိစီမံကိန်းလုပ်ငန်းအရေအတွက်မှာ ၃၁၁ ခုအထိ တိုးတက်လာခဲ့သည်ကို တွေ့ရှိရပါသည်။
  ၂၀၁၇ ခုနှစ်၊ လအလိုက် လက်ရှိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏများ
၂။    ၂၀၁၇ ခုနှစ်၊ လအလိုက် လက်ရှိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏများကို Bar chart ဖြင့် အောက်ပါအတိုင်းဖော်ပြထားပါသည်-
၂၀၁၇ ခုနှစ်၊  လအလိုက် လက်ရှိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးလမှာ မေလဖြစ်ပြီး ဇန်နဝါရီလမှ မေလအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း ၁,၇၂၂ သန်း တိုးတက်လာခဲ့ပါသည်။ လအလိုက် လက်ရှိနိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏမှာ တစ်လထက်တစ်လ ပိုမိုတိုးတက်နေသည်ကို ပြသနေကြောင်းတွေ့ရှိရပါသည်။
ကဏ္ဍအလိုက် နှစ်စဉ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ
၃။    ကဏ္ဍအလိုက် နှစ်စဉ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏကို အောက်ပါဇယားအတိုင်း ဖော်ပြထားပါသည်-
၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသော ကဏ္ဍများ အနက်မှ အထက်ဖော်ပြပါကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏအများဆုံးမှာ ထုတ်ကုန် လုပ်ငန်းဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အနည်းဆုံး ဖြစ်သည်ကို တွေ့ရှိရပါသည်။
ကဏ္ဍအလိုက် နိုင်ငံခြားဝင်ငွေရရှိမှု (၁၉၈၈ မှ ၂၀၁၇ ခုနှစ်ထိ)
၎။    ကဏ္ဍအလိုက် နိုင်ငံခြားဝင်ငွေရရှိမှုကို Line Chart ဖြင့် အောက်ပါအတိုင်း ဖော်ပြထား ပါသည်-
၁၉၈၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံခြားဝင်ငွေ ရရှိမှုသည် စွမ်းအင်ကဏ္ဍမှ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၀,၅၉၅ သန်းဖြင့် အများဆုံးရရှိပြီး စိုက်ပျိုးရေးကဏ္ဍမှ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၅၅ သန်းဖြင့် အနည်းဆုံးဖြစ်နေသည်ကို တွေ့ရှိရပါသည်။
နိုင်ငံအလိုက် နိုင်ငံခြားဝင်ငွေရရှိမှု (၁၉၈၈ မှ ၂၀၁၇ ခုနှစ်ထိ)
၅။    နိုင်ငံအလိုက် နိုင်ငံခြားဝင်ငွေရရှိမှုကို Line Chart ဖြင့် အောက်ပါအတိုင်း ဖော်ပြထား ပါသည်-

အထက်ဖော်ပြပါနိုင်ငံများအနက် နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံခြားငွေအများဆုံး ရရှိသောနိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာသန်းပေါင်း ၁၈,၅၃၄ သန်းဖြစ်ကာ အနည်းဆုံးရရှိသောနိုင်ငံသည်  ဘရူနိုင်းနိုင်ငံမှဖြစ်ကာ အမေရိကန်ဒေါ်လာသန်းပေါင်း ၉၁ သန်း ဖြစ်ပါသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ (၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ)
၆။    ၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏကို Line Chart ဖြင့် အောက်ပါအတိုင်း ဖော်ပြထားပါသည်-
၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏကို လေ့လာပါက ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၉,၉၉၉ ဖြင့် အများဆုံးဖြစ်ပါသည်။ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်နောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏလျော့နည်းခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာ နှစ်တွင် အနည်းငယ်မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ် (ဇူလိုင်လ) အတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံများ
၇။      ၂၀၁၇-၁၈ ဘဏ္ဍာနှစ် (ဇူလိုင်လ) အတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံများကို Bar chart ဖြင့် အောက်ပါအတိုင်းဖော်ပြထားပါသည်-
၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသောနိုင်ငံများအနက် အထက်ဖော်ပြပါ (၅) နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံများဖြစ်ပြီး ၎င်းနိုင်ငံများထဲမှ စင်ကာပူနိုင်ငံသည် အများဆုံးဖြစ်နေသည်ကို တွေ့ရှိရပါသည်။
နိဂုံး
နိဂုံးချုပ်အနေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ သြဂုတ်လဆန်းပိုင်းအထိ အမေရိကန်ဒေါ်လာသန်း  ၃၆၀၀ ကျော်ရှိလာကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါသည်။
ယခုဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့မှုမှာ သြဂုတ်လဆန်းအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁၂ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၉၅၂.၇၉၇ သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၃၄၈၇.၇၃၂ သန်း စီးဝင်ခြင်းဖြစ်ကြောင်း သိရပါသည်။ ယင်းအပြင် ၂၀၁၇-၁၈ ဘဏ္ဍာ နှစ်အတွင်း အထူးစီးပွားရေးဇုန် ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၈၉.၆၀၀ သန်း ခွင့်ပြုခဲ့ခြင်းဖြစ်သဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အနေဖြင့် အမေရိကန်ဒေါ်လာ ၃၆၇၇.၃၃၂ သန်း စီးဝင်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ၂၀၁၂ အရ ခွင့်ပြုမိန့်ထုတ် ပေးခဲ့သည့် လုပ်ငန်း ၅၄ ခုဖြစ်ပြီး မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ၂၀၁၆ အရ ခွင့်ပြု မိန့်ထုတ်ပေးခဲ့သည့် လုပ်ငန်း ၁၆ ခုနှင့် အတည်ပြုမိန့်ထုတ်ပေးခဲ့သည့် လုပ်ငန်း ၄၂ ခု ဖြစ် ကြောင်းသိရပါသည်။

သတိပြုရန်
ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။
Date issused 
Thursday, November 16, 2017 - 11
Research Type 
Researcher name 
သုတေသနဌာန၊ ပြည်သူ့လွှတ်တော်ရုံး

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!