Popular Posts!
Showing posts with label သမိုင်း. Show all posts
Showing posts with label သမိုင်း. Show all posts
Tuesday, March 26, 2019
တိဗက်၏ ကျင့်စဉ်တခုဖြစ်သည့် "တူနှစ်ကိုယ် ကျင့်စဉ်" နှင့်ပက်သက်ပြီး "ဒလိုင် လားမား" အပေါ် ဆန့်ကျင် ကန့်ကွက်မှုများ
တိဗက်၏ ကျင့်စဉ်တခုဖြစ်သည့် "တူနှစ်ကိုယ် ကျင့်စဉ်" နှင့်ပက်သက်ပြီး "ဒလိုင် လားမား" အပေါ် ဆန့်ကျင် ကန့်ကွက်မှုများ
တူနှစ်ကိုယ်ကျင့်စဉ်
🌿🌿🌿🌿🌿🌿🌿
တိဗက် ဗုဒ္ဓဘာသာ၏ ကျင့်စဉ်တခုဖြစ်သည်။ ယောက်ျား နှင့် မိန်းမ ( မိန်းမများ ) နှင့် မေထုန်ဆက်ဆံပြီးကျင့်ရသော ကျင့်စဉ်တစ်ခုဖြစ်သည်။
☸️☸️☸️☸️☸️
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး ဗုဒ္ဓဘာသာ သည် အာရှတိုက်တခွင် ပျံ့နှံသွားခဲ့ ရာ တောင်ပိုင်း ဗုဒ္ဓဘာသာ Southern Buddhism နှင့် မြောက်ပိုင်းဗုဒ္ဓဘာသာ Northern Buddhism ဟု နှစ်ပိုင်းကွဲသွားပါသည်။ တောင်ပိုင်း ဗုဒ္ဓဘာသာ 南傳佛教သည် ထေရဝါဒ ဗုဒ္ဓဘာသာ အဖြစ် မြန်မာ ထိုင်း သီရိလင်္ကာ လာအို ကမ္ဘောဒီးယား တို့တွင် အဓိက ထွန်းကားခဲ့သည်။ မြောက်ပိုင်း ဗုဒ္ဓဘာသာ北傳佛教သည် မဟာယာန ဗုဒ္ဓဘာသာ နှင့် တိဗက် ဗုဒ္ဓဘာသာဟု ထပ်မံ ကွဲပြားသွားပါသည်။ မဟာယာန ဗုဒ္ဓဘာသာ 大乘佛教သည် တရုတ် ကိုရီးယား ဗီယက်နမ် ဂျပန်ဒေသ များတွင် ထွန်းကား ခဲ့ပါသည်။  တိဗက်ဒေသကို အစွဲပြုပြီး တိဗက် ဗုဒ္ဓဘာသာ 藏傳佛教ဟု ခေါ်သော်လည်း တိဗက် မွန်ဂိုလီးယား နီပေါ ဒေသ များတွင် ထွန်းကားခဲ့ပါသည်။
✅✅✅
ထေရဝါဒ ဗုဒ္ဓဘာသာ上座部佛教 သည် ပါဠိ ပိဋကတ် သုံးပုံကို အခြေခံပြီး တရားတော်များအား ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်း နှုတ်ပယ်ခြင်း အခြား အယူဝါဒများနှင့် ရောနှောခြင်းမရှိသော စစ်မှန်သော ဗုဒ္ဓဘာသာ အဖြစ် ရပ်တည်နိုင်ခဲ့သည်  
🇨🇳🇨🇳🇨🇳
ဗုဒ္ဓဘာသာသည် တရုတ်ပြည်သို့ ရောက်သော အခါ မူရင်းရှိပြီးသား ကွန်ဖြူးရှပ် အယူဝါဒ နှင့် တာအိုဘာသာ 道教 Taoism တို့နှင့် ရောနှောခံရကာ တရုတ် ဗုဒ္ဓဘာသာ ( မဟာယာန大乘佛教) အဖြစ် ထင်ရှားလာပါသည်
⚜️⚜️⚜️
တိဗက် ဗုဒ္ဓဘာသာ藏傳佛教သည် တိဗက်ဒေသ၏ မူရင်း အယူဝါဒ "ဘွန်" ဘာသာ၊ အိန္ဒိယ၏ ဗြဟ္မဏအယူဝါဒ ဟိန္ဒူဘာသာ တို့ ရောနှောပါဝင်နေသော ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ လာမား ဘုန်းတော်ကြီးများက အုပ်ချုပ်သည့် အတွက် လာမားဘာသာ Lamanism 喇嘛教ဟုလည်း ခေါ်ကြပါသည်။
🔅🔅🔅
မဟာယာန နှင့် ထေရဝါဒ ဗုဒ္ဓဘာသာကို ပွင့်လင်းမြင်သာသည့် ဗုဒ္ဓဘာသာ ဟု သတ်မှတ်ပြီး တိဗက်ဗုဒ္ဓဘာသာကို လျို့ဝှက်ဗုဒ္ဓဘာသာ Esoteric Buddhism 秘密佛教ဟု ခေါ်ကြပါသည်။ အဘယ်ကြောင့် ဆိုသော် တိဗက် ဗုဒ္ဓဘာသာ၏ အချို့ကျင့်စဉ်များကို လျို့ဝှက်ထားပြီး တကယ်ကျင့်မည့် တပည့်အရင်းတွေကိုသာ သင်ကြားပေးသည့် အတွက်ဖြစ်ပါသည်။ ၂၀ ရာစုနှောင်းပိုင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု တယ်လီဖုန်း အင်တာနက် သတင်း အချက်အလက် နည်းပညာများ တိုးတက်လာမှုကြောင်း ကမ္ဘာတခြမ်းမှ သတင်း အချက်အလက်များသည် နောက်တခြမ်းသို့ စက္ကန့်မခြား ပျံနှံ့သွားနိုင်သည့် ခေတ်သို့ ရောက်ရှိလာခဲ့သည်။ ယခင်က လျို့ဝှက်ထားခဲ့သော လာမား တို့၏ ကျင့်စဉ်တို့မှာလည်း တဖြည်းဖြည်း လူသိလာခဲ့ကြပါသည်။
🔱🔱🔱
တိဗက် ဗုဒ္ဓဘာသာကျောင်း များတွင် မြတ်စွာဘုရား ဆင်းတု အပြင် အခြား နတ်ရုပ် ဆင်းတုများကိုလည်း တွေ့မြင်ရပါသည်။ ကျင့်စဉ်များအနေဖြင့် ဘုရား ဝတ်ပြုခြင်း ဆုတောင်း အမျှဝေခြင်း ဂါထာ မန္တယားများ ရွတ်ဖတ်ခြင်း တရားဟော တရားနာခြင်း၊ ဓမ္မစာပေများကို လေ့လာ သင်ယူခြင်း တရားထိုင်ခြင်း ယောဂ ကျင့်စဉ်များ၊ လျှို့ဝှက်ကျင့်စဉ်များ စသည်တို့ ရှိပါသည်။
💕💕🔞🔞
ဝေဖန်မှုအများဆုံး အငြင်းပွားဖွယ် အများဆုံးကတော့ တိဗက်ဗုဒ္ဓဘာသာ၏ ဂိုဏ်းခွဲတခုဖြစ်သည့် 密宗[ Vajrayana ဝဇီရယာနဂိုဏ်း ]  “တူနှစ်ကိုယ် ကျင့်စဉ်” (雙身法union practice / sex union practice  又稱歡喜佛法(簡稱歡喜法)、演揲兒法、本尊雙運法(簡稱雙運法)、男女雙修法(簡稱雙修法)、男女和合大定、陰陽和合禪定、秘密大喜樂禪定  ) ဖြစ်ပါသည်။ ထိပ်တန်းယောဂကျင့်စဉ် တခုဖြစ်ပြီး တိဗက် ဗုဒ္ဓဘာသာ လျို့ဝှက်ကျင့်စဉ်တခုပါ။ အမျိုးသား နှင့် အမျိုးသမီး ကာမ ဆက်ဆံခြင်းဖြင့် သံသရာမှလွတ်မြောက် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည့် ကျင့်စဉ်ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ ဟိန္ဒူဘာသာခွဲ တခုဖြစ်သည့် Shaktism ကျင့်စဉ်မှ ဆင်းသက်လာပြီး တိဗက်သို့ ရောက်လာသည်ဟု ယူဆကြသည်။ ထိပ်တန်းယောဂကျင့်စဉ်၏ အထူး လျို့ဝှက်ကျင့်စဉ်ဖြစ်ပြီး အန္တရာယ်ကြီးမားသော ကျင့်စဉ်ဖြစ်သည်။ အလွန်တော်သော တရားထူးရနိုင်သော တပည့်ကြီး အနည်းငယ်သာ သင်ကြား ကျင့်ကြံစေပါသည်။ 
☯️☯️☯️
တူနှစ်ကိုယ်ကျင့်စဉ် နှစ်မျိုးရှိပါသည်  
၁။စိတ်ကူးဖြင့် ကျင့်ခြင်း နှင့် 
၂။လက်တွေ့ ကာမဆက်ဆံ၍ကျင့်ခြင်း 
ဟူ၍ ဖြစ်သည်။ လိုအပ်သည့် အရည်အချင်းများနှင့်ပြည့်စုံသူများသာ လက်တွေ့ ကျင့်ကြံစေပါသည်။ အထူးလျို့ဝှက် သင်ကြားပေးပြီး ပါးစပ်ဖြင့် သင်ကြားပေးခြင်းက အဓိကဖြစ်ပါသည်။ စာဖြင့် မှတ်တမ်းတင်ခြင်းကား အလွန် နည်းပါးပါသည်။ အပြင်လူများကို လုံးဝ ပေါက်ကြားစေခြင်း မရှိရပါ။ 
ဤကျင့်စဉ်သည် သာမန် ကာမ ဆက်ဆံခြင်းနှင့် မတူပဲ လာမားများ အနေဖြင့် သုတ်လွှတ်ခြင်း မပြုရပါ ဤသို့ ပြုနိုင်ရန် ကြိုတင်၍ လေ့ကျင့်ထားရပါမည်။ ဤကျင့်စဉ်အတွက်လိုအပ်သည့် ကာမအားတိုး အရက်များကိုလည်း မှီဝဲရပါသည်။ ကာမဆန္ဒ၏ စွမ်းအားဖြင့် ခန္ဓာကိုယ်ရှိ ဓာတ်ကြီးလေးပါးကို ပြောင်းလဲစေကာ ထိုမှ တဆင့် သုညတ စိုက်အောင် ရှုရပါမည်။ ထိုမှ တဆင့် ဉာဏ်အလင်းရပြီး ကိလေသာကို ဖယ်ခွာရပါမည်။ ကာမဆန္ဒ ကြောင့် သာမန်လိင်ဆက်ဆံခြင်း မဟုတ်သော အထူး ကျင့်စဉ်တရပ် ဖြစ်ပါသည်။ တဏှာ ရာဂကို တဏှာရာဂ ဖြင့် ဖယ်ရှားသော နည်း ဖြစ်ပါသည်။ 
ကျင့်စဉ်ကို မကျင့်မီ စံချိန်မီ သမာဓိရှိရပါမည်။ မျက်စိ ဖြင့် သစ်ပင်ပေါ်က သစ်သီးကို စိုက်ကြည့် လိုက်လျင် သစ်သီးက ကြွေကျလာရပါမည် သစ်သီးက မြေပေါ်သို့ ရောက်ပြီး အပင် ပေါက်လာရပါမည် အနည်းဆုံး ဤကဲ့သို့သော စွမ်းရည် ရှိမှသာလျင် ကျင့်စဉ်ကို ကျင့်ခွင့်ပြုပါသည်။
📝📝📝
ဝိဇ္ဇာမိဖုရားများကိုရွေးချယ်ခြင်း
👩‍⚖️👸👰
တူနှစ်ကိုယ်ကျင့်စဉ်အတွက် လိုအပ်သော မိန်းမ အဖေါ်မှာ စိတ်ကူးကျင့်စဉ်အတွက် မိန်းမတယောက်ကို စိတ်ဖြင့် ပုံဖေါ်၍ ကြည့်ခြင်း လက်တွေ့ကျင့်စဉ်အတွက် ချောမောလှပသော အသက် ၂၀ အောက် အပျိုစင် လူအမျိုးသမီး  ဖြစ်ရပါမည်။ သူတို့အခေါ် ဝိဇ္ဇာမိဖုရား များဖြစ်ပါသည်။ 
🎉🎉🎉
ထိပ်တန်း ယောဂကျင့်စဉ်တွင် ပထမဆင့် ဘိသိပ်သွန်းလောင်းခြင်း ( အဘိသေက မင်္ဂလာ ) ပြီးမှ ဒုတိယဆင့် ဘိသိပ်သွန်းလောင်း ရပါသည် အဆင့်တွင့် စိတ်ကူးကျင့်စဉ် ( ဉာဏ်ကျင့်စဉ် ) ကို စတင်ကျင့်ရပါမည်။ မိမိကိုယ်ကို စိတ်ကူးဖြင့် ပုံဖော်ပြီး ဝိဇ္ဇာမိဖုရားနှင့် တူနှစ်ကိုယ် ကျင့်ရပါမည် စိတ်ကူးဖြင့် လိင်ဆက်ဆံခြင်း ဖြစ်ပြီး တဏှာရာဂစိတ် မဖြစ်အောင် သုတ်လွှတ်ခြင်း မဖြစ်အောင် ထိန်းရပါမည်။
ဒုတိယ အဆင့် အောင်မြင်မှသာ တတိယ ဘိသိပ်သွန်းလောင်းရပါသည်။ ထိုအချိန်တွင် အရည်အချင်း ပြည့်မီသူသာ ဆရာ၏ ညွှန်ကြားမှုဖြင့် လက်တွေ့ကျင့်စဉ်ကို ကျင့်ရပါမည်။
👑👑👑
လျို့ဝှက်ဘိသိပ်မင်္ဂလာ
လာမားဘုန်းကြီးသည် အမျိုးသမီး တဦး ( အသက် ၁၂ နှစ်မှ ၂၀ ကြား အပျိုစင် တဦး ( သို့ ) တဦးထက်ပိုသော အမျိုးသမီး မရပါက အသက် ၂၀ ကျော် အပျိုစင် မဟုတ်သော အမျိုးသမီး ) ကို ရှာဖွေ၍ သူ၏ လာမားဆရာတော်အား ဆက်သ ရပါသည်။ ဆရာတော်နှင့် ဝိဇ္ဇာ မိဖုရား တို့ လျို့ဝှက် အခန်းတွင် တူနှစ်ကိုယ်ကျင့်စဉ်ကို ကျင့်ရပါသည်။ ဤသို့ မေထုန်ဆက်ဆံနေချိန်တွင် တပည့် လာမားသည် အခန်း အပြင်ဘက်တွင် မျက်စိကို အဝတ်စဖြင့် ပိတ်၍ ဒူးထောက်၍ စောင့်နေရပါသည်။ ထို့နောက် အခန်း အပြင်သို့ထွက်လာပါသည်။ တပည့်လာမားဘုန်းကြီးက နီဖြူရတနာ ကို မျိုချရပါသည်။ အနီ ဆိုသည်မှာ မိန်းမအပျိုစင် သွေးဖြစ်ပြီး အဖြူမှာ ယောက်ျားသုတ်ရည် ဖြစ်ပါသည်။ မျိုးကို ရော၍ လာမားဘုန်းကြီးက မျိုချရ၍ ထိုအချိန်တွင် ဂါထာ မန္တယားများ ရွတ်ဖတ် ပေး ရပါသည်။
💥💥💥
ဉာဏ်ပညာဘိသိပ်မင်္ဂလာ 
ထို့နောက် ဆရာတော်က သူ့တပည့် လာမားကို တူနှစ်ကိုယ်ကျင့်စဉ်ကို သင်ကြားပေးပါသည်။ တပည့် လာမားဘုန်းကြီးနှင့် ဝိဇ္ဇာ မိဖုရားတို့ တူနှစ်ကိုယ် ကျင့်စဉ်ကို လျှို့ဝှက်အခန်းထဲသို့ ဝင်၍ လက်တွေ့ ကျင့်ကြပါသည်။ ဤကျင့်စဉ်တွင် သုတ်လွှတ်ခြင်း မပြုရပါ နည်းဖြင့် သမာဓိရအောင် ကျင့်ရပြီး အဆင့်တွင် လာမား တဦးသည် အမျိုးသမီး ဦး အထိ အတူ ကျင့်၍ ရပါသည်။
🌻🌼🌸
အောင်မြင်ခြင်းဘိသိပ်မင်္ဂလာ
ကာမ ဆက်ဆံမှု အထွတ်အထိပ်ရောက်ချိန် ပိတ်နေ ထုံးနေသော အကြောများ ယာယီ ပွင့်သွားပြီး အဏုဝါယောဓာတ်က ဗဟို အကြောဆီသို့ စီးဝင်သွားပါသည်။ ခန္ဓာကိုယ်မှာရှိ သည့် နီဖြူ အလင်းတန်းသည် ဝါယောဓာတ်နှင့် ဗဟိုအကြောတွင် ပေါင်းစုံသွားပါသည်။ ထိုအခါ မဟာသုခ ကိုရရှိ၍ ထိုမှ တဆင့် သမာဓိကို အလွယ်တကူ ရရှိကာ သုညတ ဆိုက်အောင် ရှုနိုင်ပါသည်။ ထိုမှ တဆင့် တရားထူး ရရှိကာ ဘုရား အဖြစ် ကူးပြောင်း သွားပါသည်။
❄️❄️❄️❄️
တိဗက် ဗုဒ္ဓဘာသာ၏ ဂိုဏ်းခွဲ တခုဖြစ်သည့် ကျူံးခါပါဂိုဏ်း Tsongkhapa ဆရာတော်က ကျင့်စဉ်ကို ဆန့်ကျင်ပါသည်။ လာမား ဘုန်းကြီး များအား ကျင့်ခွင့်မပြုပါ။ အချို့သော လာမား များအား စိတ်ကူးကျင့်စဉ်ကိုသာ ကျင့်ခွင့်ပြုပါသည်။ 
အိမ်ထောင်ရှိသော လူပုဂ္ဂိုလ်များ အနေဖြင့် မိမိ၏ ဇနီးဖြင့် ကျင့်နိုင်သော်လည်း တဏှာရာဂ စိတ် မပေါ်အောင် သုတ်မလွှတ်အောင် ထိန်းရမှာ ဖြစ်ပါသည်။ သို့မဟုတ်ပါက ဆရာရော တပည့်ပါ အသေဆိုးနဲ့ သေရမှာ ဖြစ်ပြီး သေပြီးနောက် ငရဲကျမှာ ဖြစ်ပါသည်။ ထို့ကြောင့် လူပုဂ္ဂိုလ် ဘုန်းကြီး များပါ လက်တွေ့ကျင့်စဉ်ကို ကျင့်ရန်ခွင့်မပြုတော့ပါ။ ကျင့်စဉ်သည် လူနည်းစု အတွက်သာ သင့်လျော်ပြီး အများစု အတွက် သင့်လျော်ခြင်း မရှိသည့် အတွက် အချို့ ဂိုဏ်းခွဲများက လက်ဆင့်ကမ်း သင်ပြခြင်း မရှိတော့ပါ
⛩⛩⛩
မဟာယာနဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် တူနှစ်ကိုယ်ကျင့်စဉ်ကို ဆန့်ကျင်ခဲ့ကြသည်။ ကျင့်စဉ်သည် သမာဓိ ရရှိရေး အဘိညာဉ် ရရှိရေး ကို အတားအစီး အနှောက်အယှက် ဖြစ်စေရုံမက ဝိနည်းနှင့် မညီဘဲ ဗုဒ္ဓ သာသနာကို ကွယ်ပျောက်သွားစေမည် ဟု ယူဆကြသည်။
📝📝📝
မဟာယာန ကျမ်းစာအုပ်များတွင် ကျင့်စဉ်နှင့်ပက်သက်၍ ....
စစ်မှန်သော ဓမ္မကို နှောက်ယှက် ဖျက်ဆီးနေသည်။ သရဲတစ္ဆေတို့ တပည့်များဖြစ်သည် မြတ်ဗုဒ္ဓ၏ တပည့်များမဟုတ် ကံ၊ ကံ၏အကျိုးကို လူတွေ နားလည်အောင် သင်ကြားပေးဖို့က ပို အရေးကြီးသည် အရက် သောက်ခြင်း မေထုန်မှီဝဲခြင်း သည် ဗောဓိဉာဏ် ရရှိရေးကို အနှောက် အယှက် မဖြစ်  - စသော အဆိပ်အတောက် အယူအဆများ ပြန့်နှံ့နေသည်။ ကိလေသာမီးကို ငြှိမ်းရမည့် အစား ဆီဖြည့်ပေးနေကြသည် အလွန် ဝမ်းနည်းဖွယ် ကောင်းလှတကား ....
စသည်ဖြင့် ဖော်ပြထားကြသည်။
🔎🔎🔎
အိမ်ယာထူထောင်လူတို့ဘောင်မှ စွန့်ခွာလာကြသည့် ရဟန်း ရဟန်းမ များသည် မေထုန်အကျင့်ကို ရှောင်ကြဉ်ရမည် ဆိုသည့် အခြေခံ အကျဆုံးသော ဝိနည်း သိက္ခာပုဒ်ကို ဆန့်ကျင်နေသည့် ကျင့်စဉ်ကို တရုတ် ဗုဒ္ဓဘာသာဝင်များက ဆန့်ကျင်ခဲ့ကြသည်။ ထိုင်ဝမ်ရှိ佛教正覺同修會The True Enlightenment Practioners Association  “စစ်မှန်သောတရားထူးရရှိရေးယောဂီအဖွဲ့မှ တိဗက် လာမားများကို အပြင်းအထန် ဝေဖန် တိုက်ခိုက်ခဲ့ကြသည်။ တိဗက်ဗုဒ္ဓဘာသာ သည် ဗုဒ္ဓဘာသာ မဟုတ် ဗုဒ္ဓဘာသာ အမည်ခံထားသော အဓမ္မဝါဒ၊ မိစ္ဆာဝါဒ  ဖြစ်သည် .. စသည်ဖြင့် ဝေဖန်ခဲ့ကြသည်။ 
ထိုင်ဝမ်ဓမ္မသုတေသီများရေးသားထားသော စာအုပ်တွင်လည်းတိဗက် ဗုဒ္ဓဘာသာ၏ ကျင့်စဉ်များသည် မြတ်ဗုဒ္ဓ၏ လမ်းစဉ် နှင့် ကိုက်ညီမှု မရှိ ဗုဒ္ဓဘာသာ ဟုပင် သတ်မှတ်၍ မရ သမိုင်းကို လေ့လာကြည့်လျင်လည်း တိဗက် ဗုဒ္ဓဘာသာသည် အိန္ဒိယ၏ ဟိန္ဒူဘာသာ တိဗက်၏ ဘွန် ဘာသာ တို့နှင့် ရောနှောနေသော ကပြား ဗုဒ္ဓဘာသာ ဖြစ်ပြီး စစ်မှန်သော ဗုဒ္ဓဘာသာ လုံးဝ မဟုတ်ပါစသည်ဖြင့်ဖော်ပြခဲ့ကြသည်။
📙📙📙📙
ကျင့်စဉ်နှင့် ပက်သက်၍ အနောက်နိုင်ငံမှ အမျိုးသမီးများက လိင် အကြမ်းဖက်မှုဟု ယူဆကြသည်။ တိဗက်ရှိ ဝိဇ္ဇာမိဖုရား များနှင့် တွေ့ဆုံ အင်တာဗျူးသည့် အခါ .... ဒီကျင့်စဉ်မှာ ပါဝင်ခွင့်ရတဲ့ အတွက် အလွန်ဂုဏ်ယူကြောင်း မိမိတို့ ခန္ဓာကိုယ်ကို ဗုဒ္ဓ ဘာသာ အတွက်ပေးဆပ်ရတာ ကုသိုလ်ရကြောင်း စသည်ဖြင့် ဖြေကြားခဲ့ကြပါသည်။
📚📚📚📚
တရုတ်ပြည်မကြီးတွင်လည်း ကျင့်စဉ်နှင့်ပက်သက်၍ ပြဿနာများ ပေါ်ပေါက်ခဲ့သည် သုတ်မလွှတ်ရသော စည်းကမ်းချက်ကို မလိုက်နာနိုင်ဘဲ သုတ်လွှတ်မိသဖြင့် ကိုယ်ဝန် ရရှိသွားခြင်း ကလေးဖျက်ချခြင်း ကလေးများ မွေးထွက်လာပြီး တရားဝင် လက်ထပ်ခြင်း မရှိခြင်း အိမ်ထောင်ရှိ အမျိုးသမီးများနှင့် ကျင့်ခြင်း အိမ်ထောင်ရေး လူမှုရေးပြဿနာများ အများအပြား ပေါ်ပေါက်ခဲ့သည်။
🔞🔞🔞
ထိုင်ဝမ်တွင် တိဗက်ဗုဒ္ဓဘာသာ နာမည်ကို အသုံးပြု၍ ငွေကြေး လိမ်ညာခြင်း၊ အမျိုးသမီးများ၏ ကာမကို လိမ်ညာရယူခြင်းများ ရှိပါသည်။
၁၉၉၄ - ၂၀၁၁ ခုအတွင်း ထိုင်ဝမ်တွင်ဖြစ်ပွားခဲ့သော တူနှစ်ကိုယ်ကျင့်စဉ်နှင့် ပက်သက်၍ လိင်အကြမ်းဖက်မှု ကာမကို လိမ်လည်ရယူမှု ပေါင်း ၃၆ ခု အထိရှိခဲ့ပါသည်။ Link တွင် ကြည့်နိုင်ပါသည်။
လူမသိ သူမသိ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များ မည်မျှရှိသည် မသိပါ။
💔💔💔💔
တူနှစ်ကိုယ်ကျင့်စဉ်နှင့် ပက်သက်၍ ထိုင်ဝမ်ပြည်သူများ လက်ခံနိုင်ခြင်း မရှိပါ။ ၂၀၀၉ခု ဒလိုင်းလာမား ထိုင်ဝမ်သို့ လာရောက်စဉ် ထိုင်ဝမ်၏ ဒုတိယ မြို့တော် ကောင်းရှုံမြို့၌ တရားပွဲကျင်းပခဲ့သည်။ တရားပွဲ အပြင်တွင် လူပေါင်း ၄၀၀ ခန့် အဝါရောင် ဆိုင်းဘုတ်များကိုင်၍ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ဆိုင်းဘုတ်ပေါ်တွင် ... 
တူနှစ်ကိုယ်ကျင့်စဉ်သည် လာမားဘာသာ ဗုဒ္ဓဘာသာ မဟုတ်  ဒလိုင်းလာမားသည် အဓမ္မဝါဒီ သေလျင် ငရဲကျရမည်  
... စသည်တို့ ရေးသားကြသည်။ (ဓာတ်ပုံတွင်ကြည့်ပါ)
📖📖📖📖
သဒ္ဓါလွန်ပြီး ပညာ မလိုက်နိုင်ပါက မယုံသင့် မယုံထိုက်သည်များကို ယုံကြည်တတ်ကြသည်။ အမှား၊ အမှန် ဓမ္မ အဓမ္မ သမ္မာဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိ ခွဲခြား သိနိုင်ရန် ဗဟုသုတ အလို့ငှာ အင်တာနက်မှ စုဆောင်း ရှာဖွေ တင်ပြထားခြင်းဖြစ်ပါသည် မိမိတို့ဖာသာလည်း အင်တာနက်တွင် ရှာဖွေ လေ့လာနိုင်ပါသည်။ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက် နစ်နာစေလို့သည့် ရည်ရွယ်ချက် အလျဉ်း မရှိပါ။
💡💡💡💡💡💡
သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ် ကမ္ဘာတည်စေသောဝ်။
⚖️⚖️⚖️
ဦးမှန်ကန် tw
26 March 2019
🎥📷🕯
ဓာတ်ပုံ၊ ဗီဒီယိုများကိုလည်း ထောက်ကြည့်နိုင်ပါသည်
Sunday, February 10, 2019
မြို့ရိုး မြို့တံခါးများတွင် လူအရှင်လတ်လတ်ကို မြေတွင်းတူးမြှုပ်နှံကာ အပေါ်မှ တံခါးတိုင်စိုက်ခြင်း
-လူစတေးခြင်းအလေ့-
Unicode
မြို့ရိုး၊ မြို့တံခါးများတွင် ဖုတ်ပြိတ္တာ အစိမ်းသေအဖြစ်အစောင့်အနေ ချထားရာတွင် လူအရှင်လတ်လတ်ကို မြေတွင်းတူးမြှုပ်နှံကာ အပေါ်မှ တံခါးတိုင်စိုက်ခြင်းကို “လူစတေး”ခြင်းဟု ဆိုလိုသည်။ မြန်မာ့ မှတ်တမ်းမှတ်ရာ မတွေ့ရှိရသော်လည်း ၁၉၂၅ခုနှစ် ဗြိတိသျှကိုလိုနီခေတ် ကျောက်စာဋ္ဌာန(ယခုရှေးဟောင်းသုတေသန) မှကျောက် စာဝန်(ယခုရှေးဟောင်းသုတေသနညွှန်ကြားရေးမှုး) တာဝန် ထမ်းဆောင်ခဲ့တဲ့ ချားစ်ဒူရွိုင်ဆယ် (Charles Duroi-selle)က “မန္တလေးနန်းတော်လမ်းညွှန်”(Guid to Man-dalay Palace, Govt, Printing, 1925 )စာအုပ်မှာ
ကျားမ ကြီးငယ် ၅၂ယောက်ကို စတေး ခဲ့တယ်လို့ စွပ်စွဲရေးသားခဲ့ပါသည်။ ထိုစာအုပ်ကိုပင် ၁၉၆၃ခုနှစ်က လမ်းညွှန်ကိုဖြုတ်ပြီး မန္တလေးနန်းတော်(Mandalay Palace)အမည်သစ်ဖြင့် တက္ကသိုလ်ပုံနှိပ်တိုက်မှ တော်လှန်ရေးအစိုးရ ယဉ်ကျေးမှု့ ဋ္ဌာနအတွက် ထပ်မံထုတ်ဝေခဲ့ပါသေးသည်။ ယင်းတွင်လည်း “လူစတေးခြင်း”အကြောင်ဆက်လက်ပါရှိမြဲ ဖြစ်သည်။
(စာမျက်နှာ-၁၅မှ၁၇ထိ) အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်သဖြင့် မြန်မာပြည်သို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားသားတိုင်း ဝယ်ယူဖတ်ရှု့ကြမြဲဖြစ်ရာ ယင်းစွပ်စွဲချက်မှာ မှတ်တမ်းမှတ်ရာမရှိ အရပ်ပြောစကားကိုအခြေခံမှတ်သားခြင်းကြောင့် ဟုတ်မဟုတ်မှန်မမှန် ဧကန်သိနိုင်ရန် မြို့တံခါးတိုင်အောက်နှင့် မြို့ရိုးထောင့်များတွင်တူးဖော်ကြည့်သင့်သည်။
အောက်တွင် ယင်းစာအုပ်ပါစွပ်စွဲချက်ကို ဘာသာပြန်ဖော်ပြထားပါသည်။
-လူစတေးခြင်းအလေ့-
မြန်မာနိုင်ငံတွင် အလွန်တရာ မနှစ်မြို့ဖွဟ်ဖြစ်သော အလေ့တစ်ခု ရှိပါသည်။ မြို့တော်အသစ် တည်သောအခါ မြို့အဝင်တံခါး တစ်ခုစီ၏အနီးတွင်လည်းကောင်း မြို့ရိုးထောင့် တစ်ခုစီ၏ အနီးတွင် လည်းကောင်း ကျွန်းတိုင်ကြီး တစ်တိုင်စိုက်ထူသောအခါ အမျိုးသားတစ်ဦး သို့မဟုတ် အမျိုးသမီးတစ်ဦးကို တိုင်အောက်တွင် ဖိသတ်လိုက်ရပါသည်။
စင်စစ်အားဖြင့် မြို့တော်ကိုရန်အပေါင်းမှ ကာကွယ် စိမ့်သောငှာ မြို့တည်ချိန်ကပင် လူကိုသတ်၍ ပူဇော်ခြင်း အမှု့ပြုသည်ကား မြန်မာလူမျိုးတစ်မျိုးသာ ထူးထူးခြာခြားလုပ်သည်ဟု မဆိုသာချေ။ရှေးအခါက ဥရောပပါမကျန် ယင်းသို့ပြုလုပ်လေ့ရှိသည်ဟု ဆိုရမည် jဖစ်ပါသည်။
ဤသို့ပြုမူခြင်းသည် ဗုဒ္ဓတရားတော်၏အဆုံးအမနှင့် အလွန်အမင်း ဆန့်ကျင်သည်ဟု တစ်ဘက်၌ ပြောဖွယ်ရှိသော်လည်း ဗုဒ္ဓသာသနာ မထွန်းကားမီက ရှေးဟောင်းယုံကြည်မှု့အလေ့အထတို့နှင့်အညီ ဖြစ်သည်ဟု အခြားတစ်ဘက်၌ပြောနိုင်သည့်အပြင် မိရိုးဖလာ နတ်ကိုးခြင်းအမှု့သည် ဗုဒ္ဓအဆုံးအမကြောင့် လူတို့၏ စိတ်နူးညံ့ပျော့ပြောင်းလာသည် ဆိုသော်ငြား မပြတ်စွဲမြဲလျှက်ပင် ရှိနေသေးကြောင်းလည်းတွေ့ရသည်။
အခြား မွန်ဂိုလွိုက် အနွယ်ဝင်များနည်းတူ မြန်မာတို့ယုံကြည်သည်မှာ အသတ်ခံရသော အသေဆိုး သေခဲ့ရသူတိုင်းသည် နတ်စိမ်းဖြစ်၍ သေသည့်အရပ်ကို စွဲလန်းကာ မပြတ်ရှိနေတတ်သည်။ အဆိုပါနတ်စိမ်းတို့သည် သူတို့စွဲလမ်းရာအရပ်ကို မည်သူမျှ ထိပါးနှောင့်ယှက်ခြင်းကို သည်းမခံပဲ သေလောက်သည်အထိ အကြီးအကျယ်ဖမ်းစားတတ်သည်ဟူ၍ ယူဆသဖြင့် တံခါးဝနှင့် မြို့ထောင့်တွင် မြှုပ်နှံခြင်းအလေ့ စတင်ခဲ့ဟန်ရှိသည်။ နောင်တွင် ခံမြို့သာမက ကြီးကျယ်သော အဆောက်အဦးပြုတိုင်း
ဥပမာနန်း တော်ကဲ့သို့ အဆောက်အဦး အခြေခံအုတ်မြစ်တွင် လူ တစ်ဦး သို့မဟုတ် အများကိုပင် ထည့်သွင်းမြှုပ်နှံခဲ့ကြပုံရသည်။ ယင်းသို့မြှုပ်နှံရန် အကောင်းဆုံးနေရာမှာ ရန်သူကအန္တရာယ်ပြုမည်ဆိုလျှင် လွယ်ကူမည့် အဝင်တံခါးနေရာနှင့် မြို့ရိုးထောင့်နေရာများဖြစ်သည်။ ယဇ်ပူဇော်ခြင်းသဘော သက်ဝင်သော အဆိုပါလူသတ်မှု့များတွင် တစ်ခါတရံ ကိုယ်ဝန်ဆောင် အမျိုးသမီးများကိုပါ စတေးခံရလေ့ရှိသည်။
ထိုသို့ ပွဲမျိုးကိုစီစဉ်သူများမှာ အများအားဖြင့် အန္ဒိယမဏိပူရ ပုဏ္ဏားများဖြစ်သော နန်းတွင်းအခါတော်ပေးပညာရှိက ဤအမှု့ကို ဆောင်ရွက်ရန် အကောင်းဆုံးအချိန်နာရီကို တွက်ချက်ပေးရသည်။မည်သို့သောပုဂ္ဂိုလ်မျိုးကို စတေးရမည်ဟုလည်း ညွှန်းရသည်။ ဥပမာ မည်သည့်နေ့၊ မည်သည့် အချိန်၊ မည်သည့်အရပ်မှ မည်သည့်အရာကို ကိုင်ဆောင်၍ ရှေ့ရှု့သွားနေသူ ယောင်္ကျားသို့မဟုတ် ကိုယ်ဝန်ဆောင်မိန်းမကို ဖမ်း၍ စတေးရမည် စသဖြင့် ညွှန်ကြား ပေးသည့်အတိုင်း လုပ်ဆောင်ရ သည်။
မြို့သစ်၊ နန်းသစ်တည်တိုင်း မြန်မာတို့ထုံးစံ အထက်က ဖော်ပြခဲ့သလို မန္တလေးကို တည်စဉ်အခါကလည်း မြို့သစ်လုံခြုံရေးအတွက် ရှေးထုံးနှင့်အညီ လိုက်နာကျင့်သုံးမည်ဟု မျှော်လင့်ရသည်။ ဗုဒ္ဓ ဘာသာကို အထူးအလေးထားသည့် မင်း၏လက်ထက် ဆရာတော်ကြီးများ၊ ဝန်ကြီးမှုးမတ် ပညာရှိတို့က ဗုဒ္ဓ အဆုံးအမ နှင့် အညီ ထိုသို့မလုပ်စေရန် အပြင်းအထန် ငြင်းဆိုလင့်ကစား ရှေးထုံးမပျက်လုပ်ဆောင် ကြမည် ဟု ယူဆရသည်။
အဆိုပါပုဂ္ဂိုလ်ကြီးများ မသိလိုက်ဟုဆိုလျှင်လည်း မှန်လျှင်ဆိုနိုင်ပါမည်။ အဘယ့်ကြောင့်ဆိုသော် အန္ဒိယရော တရုတ်ပါ လိုက်နာနေသည့်ဆိုးဝါးသော ဤယုံကြည်မှု့ဓလေ့ကို လုပ်ဆောင်ရန် နန်းတွင်းအခါပေး ပုရောဟိတ်ဖြစ်သည့် မဏိပူရီ ပုဏ္ဏားတို့ ရှိနေပါသည်။
လက်ဖတင်နင်ဂျင်နရယ် ဖိုက်ချ်သည် “ယခင်နှင့်ယခု မြန်မာနိုင်ငံ”အမည်ရှိသော စာအုပ်ကို ရေးသောအခါ မြို့တံခါး တစ်ဆယ့် နှစ်ရပ်တွင် လူတစ်ဆယ့နှစ်ယောက်ကို ဖမ်း၍ ကြိုးချည်ပြီး ဖိသတ်ခဲ့သည်ဟု အသေအချာ ရေးသားခဲ့ပါသည်။ သို့သော် အရပ်စကား မှတ်သားချက်မျာအရ မန္တလေးနန်းတည်စဉ်က ယဇ်ပူဇော် စတေးခံရသည့် အရေအတွက်မှာ ထိုမျှမက များစွာပိုပါသည်။ အစုစု ကျား၊ မ၊ ကြီးငယ် ၅၂ယောက်ရှိ၏။
မြို့တံခါး၁၂ရပ်၌ တံခါးတစ်ပေါက်တွင် လူ ၃ယောက်နှုန်း ၃၆ ယောက်၊ မြို့ရိုးလေးထောင့်၌ တစ်ထောင့်လျှင် လူတစ်ယောက်နှုန်း ၄ ယောက်၊ နန်းတော်သစ် တပ်ထောင့်လေးထောင့်၌ တစ်ထောင့် တစ်ယောက်နှုန်း ၄ ယောက်၊ နန်းတော် အဝင်ပေါက် လေးပေါက်၌ တစ်ပေါက်တစ်ယောက်နှုန်း ၄ ယောက်၊ သီဟာသနပလ္လင်တော်အောက်၌ ၄ ယောက်။ ပေါင်း ၅၂ ယောက်။
မြန်မာတို့ရေးသားသော ရာဇဝင်ကျမ်းများမှာ ဤမျှ ကြောက်လန့်ဖွယ်ကောင်းသည့် ကိစ္စကို ထည့်သွင်းရေးသားကြခြင်း မပြုပေ။ လူတွေနှင့်အတူ မြို့ထောင့်များတွင် ဆီအပြည့် ဖြည့်ထားသည့် ဆီအိုးကြီး များကိုလည်း သတိကြီးစွာ မြှုပ်နှံခဲ့ကြပါသေးသည်။ အကြောင်းမှာ အစောင့်နတ်စိမ်းများ အမြဲမပြတ် ဆက်လက်စောင့်ရှောက်နိုင်စေရန် ဆီအိုးကြီးများ မြှုပ်နှံစီရင်ခြင်း ဖြစ်သည်။ စောင့်ရှောက်မှု့လျော့နည်းခြင်း (သို့မဟုတ်) စောင့်ရှောက်ခြင်း မပြုဟု သေချာလျှင် လူသစ်အစားထိုး စတေးရန်လိုအပ်သည်။ ဆီများ မခမ်းခြောက်သရွေ့ စောင့်ရှောက်မှု မပြတ်ဟု ယုံကြည်လက်ခံထားပါသည်။
(C.Duroiselle: Guide to Mandalay Palace.စာအုပ်ဟောင်း စာမျက်နှာ၂၅မှ ၂၈ထိ) (စာအုပ်သစ် Mandalay Palace၌ စာမျက်နှာ ၁၅မှ၁၇ထိ) အောက်ခြေမှတ်ချက်မှာ ဒီအချက်အလက်တွေဟာ အများစကားဖြစ်လို့ ဘယ်လောက်အထိ မှန်ကန်ကြောင်း ပြောဖို့ ခဲယဉ်းသည်ဟု ရေးသားဖော်ပြထားပါသည်။
လူစတေးခြင်း အလေ့သည် အလွန်ရှေးကျလွန်းသော ခေတ်များကတော့ ပျံ့နှံ့ခဲ့ဖူးသည့် ဓလေ့တစ်ခုဟု ဆိုနိုင်သည်။ ငါးရာ့ငါးဆယ်ဇာတ်တော်(တက္ကာရိယဇာတ်၊နံပါတ်၄၈၁)တွင် မင်းဆရာဖြစ်သည့် ပုဏ္ဏားသည် လင်ငယ်နေသော သူ၏မယားအား ဂလဲ့စားခြေရန် အကောက်ကြံခဲ့၏။ ပုဏ္ဏားသည် မင်းကြီးအား မြို့မြောက်ဘက်တံခါးပေါက်၌ အစောင့်(နတ်စိမ်း)မရှိ ဖြစ်နေ၍ အသာမည်း သွားကျိုးနေသူ တစ်ယောက်ကို စတေးရန် နေ့ရက် အချိန်အခါနှင့်တကွ လျှောက်တင်ခဲ့သည်။
လင်ငယ်ဖြစ်သူမှာ အသားမည်းကာ သွားများကျိုးနေသည့်နည်းတူ ပုဏ္ဏားကိုယ်တိုင်လည်း အသားမည်းကာ သွားများ ကျိုးနေ သည်ကို သတိမမူမိပဲ လက်စားချေလိုသော ဒေါသစိတ်ဖြင့် အလျင်စလိုလျှောက်တင်ခဲ့၏။ အိမ်ရောက်သောအခါ မိန်းမဖြစ်သူအား သူ၏အကြံအောင်မြ င်အထမြောက်တော့မည်ဖြစ်၍ ဝမ်းသာအားရဖြင့် သူ့လင်ငယ်ကို စတေးခံရတော့မည်ဖြစ်ကြောင်း ပြောပြလိုက်ရာ မယားက လင်ငယ်ကို အလျှင်အမြန်လက်တို့လိုက်သဖြင့် ထွက်ပြေးချေ၏။
သတင်းစကားပျံ့နှံ့သွားရာ မြို့တွင်းရှိ အခြား အသားမည်း သွားကျိုး များလည်း ထွက်ပြေးကြကုန်သည်။ နောက်ဆုံး တံခါး၌ လူစတေးချိန် သတ်မှတ်သော အခါရောက်လျှင် တစ်စုံတစ်ယောက်မှ ဖမ်းမိခြင်း မရှိသော မင်းချင်းများက အခါကောင်းကို လက်မလွှတ်စေပဲ တစ်ဦးတည်းသာ တွေ့ရသည့် အသားမည်းသွားကျိုး မင်းဆရာ ပုဏ္ဏားကိုသာ စတေးလိုက်ကြောင်း ဖော်ပြထားသည်။
လူစတေးခြင်းအလေ့ကို ပျောက်ပျက်စေလိုသော သဘောဖြင့် သရော်သော ရည်ရွယ်ချက် ရှိသော်လည်း နောက်ပိုင်း နှစ်ပေါင်းများစွာ ကြာအောင် ထိုအယူအဆ ရှိနေသေးသည်ဟု ယူဆပါသည်။ ရာဇဝင် စာအုပ်များ၌ ဖော်ပြချက်အရ သထုံပြည်ကို အနော်ရထာ အောင်နိုင်ခန်းတွင် သထုံမြို့ရိုး၌ ဗျတ်ဝိကို စတေးသတ်ဖြတ်ကာ သူ၏သွေးတို့ဖြင့် မြို့ရိုးကို ဝိုင်းပတ်ထားကြောင်း ဖော်ပြခဲ့သည်ကို တွေ့ရ၏။ ထို့ပြင် ရှေးဟောင်း ဓမ္မသတ်စီရင်ထုံးဖြစ်သည့် “မနုကျယ် ဓမ္မသတ်”၌ မြို့စတေး ခံရမည့်သူထံမှ ကြွေးမြည်ကိုမတောင်းရ လျှော်ပစ်စေရန် စီရင်ထုံး ပါရှိခဲ့သည်။
အင်္ဂလိပ် လက်ထက်၌ မြန်မာ့နန်းတွင်း အမှု့ထမ်းခဲ့သော ဝန်ကြီးမှုးမတ်များအား ထိုသို့ လူစတေးခဲ့ခြင်းများ ရှိခဲ့ပါသလားဟု မေးမြန်းရာတွင် ခါးခါးသီးသီးဖြင့် မဟုတ်ရကြောင်းငြင်း ဆိုခဲ့ကြပါသည်။ သို့သော် အထက်ပါ ကျောက်စာဝန်ချားစ်ဒူရွိုင်ဆယ်၏ စာအုပ်ပါအချက်များမှာ မမှန်ကန်ကြောင်း သက်သေပြနိုင်ရန် မြို့တံခါးတိုင်များနှင့် မြို့ရိုးထောင့်များအနီးတွင် တူးဖော်ကြည့်ပါက ပို၍ ခိုင်လုံသော အထောက် အထား ပြစရာဖြစ်ပါသည်။
လွှတ်တော် မှတ်တမ်းများအရ ပြုစုထားသော မြို့တည် စာတမ်း၌ မန္တလေးမြို့နန်းတည်ခဲ့စဉ်က တောရှင်းခြင်း၊ မှတ်တိုင်စိုက်ခြင်း၊ ပန္နတ်ရိုက်ခြင်း၊ တွင်းတူးခြင်းများကို ရှင်ဘုရင်နှင့် မွေးနံတူ အင်္ဂါသားများက ဦးဆောင် လုပ်ကိုင်ရသည်။ တစ်ချိန်တည်း၌ပင် ဗလိနတ်စာ ကျွေး၏။ အခါပေးပုဏ္ဏား၊ မန္တာန်တတ် ပုဏ္ဏားများ၏ လောကီအစီအရင်များ ပြုခဲ့သော်လည်း လောကုတ္တရာနှင့် မကင်းပေ။ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီး ရှစ်ပါး ဦးဆောင်ကာ ပရိတ် ရွတ်ဖတ်၏။
နတ်တို့စောင့်ရှောက်စေဖို့ မဟာသမယသုတ်၊ မင်္ဂလာရှိစေရန် မင်္ဂလသုတ်၊ ဘေးကင်းစေရန် ရတနာ့သုတ်၊ အနှောင့် အယှက်ကင်းစေရန် မေတ္တာသုတ်၊ မြွေဘေးကင်းရန် ခန္ဓသုတ်နှင့် မီးဘေးကင်းရန် ဝဋ္ဋသုတ်တော်တို့ ဖြစ်သည်။(တည် ၇၁)ပွဲသဘင်လည်း အကြီး အကျယ်ခင်းစေသည်။ (တည် ၉၂) မြေညှိမြေပြင်ရသော လုပ်သားအရေအတွက်မှာ ၃၀ဝ၀ဖြစ်၏။ (တည် ၁၀၁) ယာယီနန်းကိုလည်း အမြန်ဆောက်လုပ် ပေးခဲ့ရသည်။
ငဖြူ နှင့်ငဆန်းကို ဗိသုကာ ခေါင်းဆောင်စေသည်။ (တည်၁၆၇) ဆောက်လုပ်ဆဲ နန်းတော်ရာအား လုံခြုံမှု့ရှိစေရန် သစ်တပ် ဝိုင်းရံဆောက်လုပ် စေသည်။ ၁၈၅၇ခုနှစ် သြဂုတ်လ၌ မြို့ကွက်ရိုက်သည်။ မြို့ရိုး နှင့်တံခါးများ၌ အင်းမြှုပ်ခြင်း၊ နတ်ရုပ်များ ထုလုပ်ခြင်း ပြု၏။ အင်းများမှာ လောကီအစီအရင် ဆိုသော်ငြား လောကုတ္တရာ သဘောမကင်းကြောင်းကိုလည်း ထိုအင်းအမည်များကို ကြည့်လျှင် သိနိုင်ပါသည်။ သမ္ဗုဒ္ဓေအင်း၊ အဋ္ဌဇေယျမင်္ဂလာအင်း၊ သတ္တရတနာအင်း၊ ဥလ္လသီရိ အဋ္ဌမုက်အင်း၊ သီရိဇေယျ မဏိလ သက်တော်ရှည်အင်း၊ စမ္ပာနဝနောအင်း၊ သာသနာ၅၀ဝ၀အင်း၊သိရသ္မိံ မေဂါထာအင်း စသည်တို့ဖြစ်သည်။
(တည် ၁၃၉) အင်းတွေကို မြို့ထောင့်များတွင် ၁၉၅၈ခုနှစ် ဧပြီလ ၂၀ရက်နေ့တွင် မြှုပ်နှံခဲ့ပြီး။ မြို့ထောင့်များ၌ ၁၈၅၉ခုနှစ် မေလ ၁၅ရက်နေ့တွင် အချိန်တစ်ရာ့ နှစ်ဆယ်ဝင် ဆီအိုးကြီးများကို ဆီအပြည့်ဖြည့်ကာ မြှပ်နှံခဲ့ကြောင်း(တည် ၁၇၉) ဖော်ပြထားပါသည်။စာကိုး။ ဒေါက်တာသန်းထွန်း “နယ်လှည့်ရာဇဝင်”(ဒုတိယတွဲ)မှကောက်နှုတ်ဖော်ပြပါသည်။
Ref:https://bamakhit.com/2019/02/09/%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%82%90%e1%80%ad%e1%80%af%e1%80%b8-%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%90%e1%80%b6%e1%80%81%e1%80%ab%e1%80%b8%e1%80%99%e1%80%ba%e1%80%ac/
*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***
ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!