Popular Posts!

Monday, April 30, 2012

rare earth ခေါ် မရှိမဖြစ် ရှားပါးသတ္တုများ အရေးကြီးပုံ


Rare Earth Elements ဆိုသည်မှာ


Rare Earth Elements ဆိုတာကတော့ Periodic Table မှာ အနီရောင်နဲ့ ၀ိုင်းပြထားတဲ့ ဒြပ်စင်တွေ ကို ခေါ်တာပါဘဲ ၊ စုစုပေါင်း ၁၇ မျိုးရှိတယ် ၊ သဘာဝမှာတော့ ဒီ Elements တွေကို အခြားဒြပ်စင်တွေနဲ့ပေါင်းပြီး အောက်ဆိုဒ်တွေ အဖြစ်နဲ့ တွေ့ရများတယ် စာတွေမှာတွေ့ရတဲ့ RE , REE ,REM စတာတွေဟာ ဒီရှားပါးသတ္တုတွေကို အတိုခေါ်ကြတာပါဘဲ!
  • RE = rare earth
  • REM = rare earth metals
  • REE = rare earth elements
  • REO = rare earth oxides
  • REY = rare earth elements and yttrium
  • LREE = light rare earth elements
  • HREE = heavy rare earth elements
Rare Earth ၏အစနှင့် စိတ်ဝင်စားဘွယ်အမည်များ

ဖင်လန်နိုင်ငံသား ဓါတုဗေဒ နဲ့ တွင်းထွက်ဗေဒ ပညာရှင် Johan Gadolin ဟာ ၁၈၀၀ ခုနှစ်လောက်က သူ့နိုင်ငံ ထဲက Ytterby ဆိုတဲ့ရွာကလေး ( ယနေ့တွင် အဆိုပါရွာလေးသည် ဆွီဒင်နိုင်ငံ ပိုင်နက်ထဲတွင်ရှိပါသည် ) မှာ ဒီနေ့အခေါ် gadolinite ခေါ်တဲ့ တွင်းထွက်တစ်မျိုးကို စတွေ့ခဲ့တာကနေ ဒီနေ့ Rare Earth ရဲ့ သမိုင်းက စတယ်လို့ ပြောရမယ် သူ့အရင်တွေ့တဲ့လူအချို့ရှိပေမယ့် သူ့လို သိပ္ပံနည်းကျ မဖေါ်ထုတ်နိုင်ခဲ့ဘူး ။ဒီ Ytterby ဆိုတဲ့ရွာလေးဟာ rare earth သမိုင်းမှာ အတော်အရေးပါတယ် ဘာလို့လဲဆိုတော့ ရှားပါးသတ္တုဒြပ်စဉ် ၁၇ မျိုးထဲက Yttrium ,Gadolinium , Terbium Ytterbium ဒြပ်စဉ်တွေဟာ ဒီရွာလေးကနေစတွေ့တာ ဖြစ်နေလို့ပါဘဲ ။

Rare Earth တွေရဲ့အမည်တွေဟာလည်း စိတ်ဝင်စားစရာကောင်းတယ် ဥပမာ အနေနဲ့ ပြောရရင် Yttrium , Ytterbium ဆိုတဲ့ elements တွေရဲ့ အမည်တွေဟာ ကို သူတို့ကို စပြီး တွေ့ခဲ့တဲ့ Ytterby ဆိုတဲ့ရွာကလေး အမည်ကို အစွဲပြုပြီးခေါ်ထားတာ Gadolinium ဆိုရင်လဲ ဒီလိုပါဘဲ သူ့ကို အရင်က Ytterby ရွာကလေးကတွေ့လို့ Ytterbite လို့ခေါ်ခဲ့ပြီးမှ နောက်ပိုင်းမှ သိပ္ပံ ပညာရှင်ကြီး Johan Gadolin ကိုဂုဏ်ပြုတဲ့အနေနဲ့ Gadolinium လို့ ပြောင်းခေါ်ခဲ့တာ ၊ Lanthanum ဆိုတဲ့ element ရဲ့ အမည်ကတော့ တစ်မျိုး ဖြစ်တယ် သူက ဂရိဘာသာစကား "lanthanein" ကနေလာတာ အင်္ဂလိပ်လိုတော့ Hidden လို့ အဓိပ္ပါယ်ရတယ် ။ Lutetium ဆိုတဲ့ရှားပါး Elements ကတော့ သူ့ကိုစတင်တွေ့ရှိရတဲ့ Lutetia ဆိုတဲ့ မြို့ကို အစွဲပြုပြီးခေါ်တာ အဲဒီ Lutetia ဆိုတဲ့မြို့ဟာ ဒီနေ့ ကမ္ဘာကျော်ပဲရစ်မြို့ကြီးပေါ့ ။ကျန်တဲ့ elements တွေမှာလည်း ဒီလို စိတ်ဝင်စားစရာ ကောင်းတဲ့ အမည်ဖြစ်ပေါ်လာပုံလေးတွေ ရှိသေးတယ် ။

Rare Earth ၏အသုံးဝင်ပုံများ

Rare Earth ရဲ့အသုံးဝင်ပုံတွေကို ပြောရမယ်ဆိုရင် များလွန်းလို့ ပြောမဆုံးပေါင် တောသုံးထောင် ဆိုတာလို ဖြစ်နေမှာမို့ အကျဉ်းလောက် ပြောချင်တယ် ... ၊ ဥပမာအနေနဲကပြောရရင် aerospace components လို့ခေါ်တဲ့ အာကသ သိပ္ပံဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ aluminium-scandium alloy လို့ခေါ်တဲ့ သတ္တုစပ်တစ်မျိုးရဘို့ Scandium ဆိုတဲ့ Rare Earth Elements ဟာ မရှိမဖြစ်လိုတယ် ၊အလားတူပဲ နေ့စဉ်အများပြည်သူသုံးပစ္စည်းတွေ ဖြစ်တဲ့ ကွန်ပြူတာ memory တွေ ၊ Chip set တွေ ၊ DVD လေဆာ ပြားတွေ ၊ မိုဘိုင်းဖုန်းတွေ ၊ စမတ်ဖုန်းတွေရဲ့ Touch Screen တွေ LED TV တွေ နာမည်ကျော် ipad တို့လို Tablet တွေ ကင်မရာ LENS တွေ ကျန်းမာရေးကုထုံးတွေမှာ လိုတဲ့ လေဆာရောင်ခြည်ထုတ်လုပ်ရေးတွေ မှာ ဒီ Rare Earth Elements တွေဟာ တစ်ခုမဟုတ် တစ်ခု အဓိကလိုအပ်နေတယ် ။ Rare Earth Elements တွေမရှိရင် ဒါတွေမရှိတော့ဘူးပေါ့ ဒါဆိုရင် ကမ္ဘာသူကမ္ဘာသားတွေရဲ့ လူမှုရေး ကျန်းမာရေး စီးပွားရေးတွေ အားလုံးကို ရိုက်ခတ်လာတော့မယ် ။
ဒါ့အပြင် Rare Earth Elements စစ်ဘက်ဆိုင်ရာ လက်နက်ထုတ်လုပ်ရေးတွေမှာလည်း မရှိမဖြစ်လိုနေတယ်Lanthanum ဟာ night-vision goggles လို့ခေါ်တဲ့ ညကြည့်မှန်ပြောင်းတွေ ၊ Neodymium လို့ခေါ်တဲ့ Rare Earth Elements ဟာ laser range-finders( လေဆာရောင်ခြည်သုံးပစ်မှတ်ရှာဖွေရေးစံနစ်), guidance systems (ဒုံးများကို ပစ်မှတ်ထိရောက်စေရန် လမ်းညွှန်ထိန်းချုပ်စံနစ် ), အခြားစစ်ဘက်သုံး အဆင့်မြင့်ဆက်သွယ်ရေးပစ္စည်းတွေ မှာ သူမပါရင် မဖြစ်တော့ဘူး ၊ အလားတူပဲ ပစ်မှတ်ကို အထူးတိတိကျကျ ထိရောက်အောင်ပစ်နိုင်တဲ့ precision-guided weapons တွေ အမေရိကန်တို့ရဲ့ နာမည်ကျော် ကိုယ်ပျောက်နည်းပညာ stealth technology တွေမှာ မဖြစ်မနေလိုအပ်တဲ့ "white noise" production တွေမှာ Samarium လို့ခေါ်တဲ့ Rare Earth Elements မပါရင် ဖြစ်ကိုမဖြစ်နိုင်လောက်အောင်ကို ဒီ Rare Earth Elements တွေဟာ အရေးပါ အရာရောက်နေကြတယ် ။


Want to see Link: >>>what-are-rare-earth-elements(1)
                          >>>rare-earth-metals-new-oil(2)

ဂျပန်မြန်မာ ဆက်ဆံရေးနှင့် rare earth ခေါ် ရှားပါးသတ္တုများအကြောင်း

  "အခု သမ္မတကြီးရဲ့ ဂျပန်ခရီးစဉ်ကတော့ဖြင့် နိုင်ငံအတွက် သတင်းကောင်းတွေ ဆက်တိုက်ကြားနေရတယ် ဆရာ ODA တွေပြန်ပေးမယ် ရန်ကုန်မြို့ပြန်လည်တည်ထောင်ရေးကိစ္စတွေ ဖြစ်တဲ့ ရေပေးဝေရေး ၊ရေဆိုးထုတ်ရေး ၊ လျှပ်စစ်ဖြန့်ဝေရေးတွေမှာ ဂျပန်က အကူညီတွေပေးမယ် ၊ ကြွေး အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံကို လျော်ပေးမယ် ၊ အုပ်ချုပ်ရေးအတွက် ၀န်ထမ်းတွေသင်တန်းပေးဘို့ ယန်း သန်း၂၀၀ ပေးမယ် ၊ အိုင်စီတီကဏ္ဍတွေမှာ နည်းပညာကူညီမယ် ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မယ် ...စုံနေတာပါဘဲဆရာရယ်...တိုင်းပြည်အတွက် ၀မ်းသာစရာတွေ မဟုတ်လား "
     "ပြည်တွင်းပြည်ပ သတင်းတွေမှာလည်း ဒီလိုပဲဖေါ်ပြကြတယ် ဂျပန်က မြန်မာကို ကူညီတယ်ပေါ့ ဒါပေမယ့် ဂျပန်နိုင်ငံအ ခုလိုအထောက်အပံ့တွေ ပြန်ပေး ကြွေးတွေလျော် လုပ်နေတာဟာ မြန်မာ့နိုင်ငံရေးအပြောင်းအလည်း တစ်ခုထဲကြောင့်တော့မဟုတ်ဘူး ဂျပန်က မြန်မာဆီက ပြန်ယူမယ့်ဟာတွေလည်း ရှိနေတယ် ဆိုတာကို သိထားရမယ် မောင်ရင်တင်မဟုတ်ဘူး မြန်မာပြည်သူတွေအားလုံးလည်းသိထားသင့်တယ် ၊ သိအောင်လုပ်ပေးဘို့လဲ မီဒီယာတွေမှာတာဝန်ရှိတယ် ၊ ဒီလိုမဟုတ်ရင် ဂျပန်ကပေးတာတွေ ပဲဗမာက ရပြီး တို့ကဘာမှပြန်မပေးရဘူးလို့ ကမ္ဘာက အထင်ရောက်နေရင် တို့မြန်မာတွေဘက်က တစ်ပန်းရှုံးတာပေါ့ကွာ"....

       ကမ္ဘာပေါ်မှာ rare earth လို့ခေါ်တဲ့ ရှားပါးသတ္တုတွေဟာ ဒီဘက်ခေတ်မှာ သိပ်ပြီး အသုံးဝင်လာတယ် ၊ ရှားပါးသတ္တုဆိုတဲ့အတိုင်း ရှားပါးလိုက်တာကလည်း မပြောနဲ့မောင်ရေ... အပုံတစ်သန်းမှာ ဒီရှားပါးသတ္တုလေးတွေ ၈၀ ပုံလောက်ပါရင်ကိုပဲ ၀မ်းသာနေရတဲ့အဖြစ်မျိုး ကွ ၊ ဒီရှားပါးသတ္တုတွေကလည်း ကမ္ဘာပေါ်မှာ တရုတ်ပြည်က အများဆုံးထွက်တယ် ၊ ကမ္ဘာ့ ရှားပါးသတ္တု ဈေးကွက်ထဲက ၈၀%ကျော်ဟာ တရုတ်ပြည်က ထုတ်ရောင်းနေတာ ၊ ဒီလိုအခြေအနေကနေ မနှစ်ကတော့ တရုတ်ပြည်ဟာ သူ့ပြည်တွင်းလိုအပ်ချက်တွေ ရှိနေလို့ပါဆိုပြီးတော့ ဒီရှားပါးသတ္တုတွေ ပြည်ပတင်ပို့မှုတွေကို ရပ်ဆိုင်းပစ်လိုက်တယ်၊ အရင်စာချုပ် လက်ကျန်လေးတွေ ဆက်ပို့ပြီးရင် ဒါ တင်ပို့မှုကို လုံးဝ ရပ်ပစ်လိုက်တော့မယ်လို့ ဆိုတယ် "

"ဟာဒါဆိုရင် ကျန်တဲ့ လိုနေတဲ့နိုင်ငံတွေတော့ ဒုက္ခပေါ့နော် "
ဒါပေါ့မောင်ရင်ရာ... ဒီအထဲမှာ ဂျပန်နိုင်ငံဟာလည်း ထိပ်ဆုံးက ပါနေတာပေါ့ကွာ... ဂျပန်ဟာ ဒီရှားပါးသတ္တုမရရင် ပြဿနာတွေ အများကြီး ရှိတယ် ၊ ဆိုပါတော့ ipad တို့လို Tablet PC တွေ smart phone တွေ နောက်ပြီး ကွန်ပြူတာအစိတ်အပိုင်းတွေ နောက်ပြီး အာကာသဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်တဲ့နေရာမှာ ဒီ rare earth တွေဟာ မရှိမဖြစ်လိုအပ်တယ် ဒါမရှိရင် အဆင့်မြင့်မြင့်ထုတ်လို့ကိုမရဘူး ၊ ခုကမ္ဘာ့ဈေးကွက်ရဲ့ ၈၀ % ကျော်ထုတ်လုပ်နေတဲ့ တရုတ်က မရောင်းတော့ဘူးဆိုတော့ ဒီပစ္စည်းတွေ ထုတ်နေတဲ့ စက်ရုံတွေ ၊ နိုင်ငံတွေ ၊ ကုမ္မဏီတွေဟာ အတော်ကို ခေါင်းရှုပ်နေရတဲ့အဖြစ်မျိုးကိုရောက်နေတယ် ။
ကဲ! ဒီလောက်ဆိုရင် သဘောပေါ့ပြီပေါ့နော် ! ဂျပန်ဘာကြောင့် အကြွေးတွေလျှော်ပစ်ရတဲ့ အကြောင်းရင်းလဲ?
Ref:Drsatephwar

ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တည်ထောင်မှု အတွက် မတည် ရင်းနှီးငွေ

ပုဂ္ဂလိက အာမခံ လုပ်ကိုင်ခွင့် သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာ့ အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပုဂ္ဂလိက အာမခံ ကုမ္ပဏီလုပ်ကိုင်ခွင့် ရရှိသူများဟာ အာမခံ ကုမ္ပဏီ လုပ်ကိုင်ဖို့ အတွက် မတည် ရင်းနှီးငွေ များကို မြန်မာနိုင်ငံ ဗဟိုဘဏ်က သတ်မှတ် ပေးတဲ့ မြန်မာ့ စီးပွားရေး ဘဏ်တစ်ခုခုမှာ ပေးသွင်း သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိတဲ့ ကုမ္ပဏီ တွေဟာ မိမိတို့ လုပ်ကိုင်မယ့် လုပ်ငန်း အလိုက် မတည် ရင်းနှီးငွေ များကို ပေးသွင်း ရမှာ ဖြစ်ပါတယ်။

ဒီလိုပေးသွင်း ရာမှာ အသက် အာမခံ လုပ်ငန်း တစ်မျိုးကိုသာ လုပ်ကိုင်မယ့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တွေဟာ မြန်မာငွေကျပ် သန်း ၆ ထောင်ပေး သွင်းရမှာ ဖြစ်ပြီး အထွေထွေ အာမခံ လုပ်ငန်း လုပ်ကိုင်မယ့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေ ကတော့ မြန်မာ ငွေကျပ် သန်းပေါင်း လေးသောင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် အာမခံ လုပ်ငန်းနဲ့၊ အထွေထွေ အာမခံ လုပ်ငန်းကိုပါ လုပ်ကိုင်မယ့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေ ကတော့ မြန်မာငွေကျပ် သန်းပေါင်း လေးသောင်း ခြောက်ထောင် ပေးသွင်း သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မတည် ရင်းနှီးငွေတွေ ကိုတော့ ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာနက အတည်ပြုချက် ရရှိပြီး ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ မှတ်ပုံတင် ရုံးမှာ မှတ်ပုံတင် လုပ်ပြီးသား ပုဂ္ဂလိက အာမခံ ကုမ္ပဏီ များကသာ သတ်မှတ် ထားတဲ့ မြန်မာ့ စီးပွားရေး ဘဏ်တစ်ခုခုမှာ စက်တင်ဘာလနဲ့ အောက်တိုဘာလ လောက်မှာ ပေးသွင်း ရမယ့်ငွေများကို တစ်ခါတည်း ပေးသွင်း သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref:thithtoolwin

့မြန်မာငွေလဲနှုန်းများကို Yahoo Finance မှာဖော်ပြနေပြီ

မြန်မာ့တရားဝင်ငွေလဲနှုန်းများကို နိုင်ငံတကာငွေကြေးWebsite များဖြစ်သော Yahoo Finance မှာ April 1 မှာစတင်ဖော်ပြနေပြီ ကိုတွေ့မြင်နေရပါပြီ

Thursday, April 19, 2012

နိုင်ငံခြားသားများ တိုက်ရိုက် ရင်းနှီးမြှုပ်နှံနိုင်တော့မည်

March 17, 2012
ရင်းနှီးမြုပ်နှံမှု ဥပဒေမူကြမ်း အသစ်တရပ်အရ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း တည်ထောင်လိုသော နိုင်ငံခြားသားများအတွက် ဒေသခံ စီးပွားဖက်တဦး ရှာစရာမလိုတော့သည့်အပြင် လုပ်ငန်းစတင်သည့် အချိန်မှစ၍ ၅ နှစ်အထိ အခွန်ကင်းလွတ်ခွင့်လည်း ရရှိမည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနမှ ယနေ့သတင်းပေးပို့သည်။
ရန်ကုန်မှ အိမ်ယာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခု (ဓာတ်ပုံ – ရိုက်တာ)
  
   ဧပြီလ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြန်မာကျပ်ငွေ နှုန်းရှင်အဖြစ် တရားဝင်ကျင့်သုံးတော့မည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်လိုက်မှုနှင့် တပြိုင်နက်တည်း ယင်း ရင်းနှီးမြုပ်နှံမှု ဥပဒေစည်းမျဉ်းသစ်များကို ပြဌာန်း ကျင့်သုံးနိုင်ကြောင်း လက်ခံရရှိထားသည့် စာရွက်စာတမ်းများကို ကိုးကား၍ ရိုက်တာသတင်းဌာနက သုံးသပ်ရေးသားထားသည်။
ယင်းအစီအစဉ်သည် အာဏာရှင်စနစ်အောက် လွဲမှားသော စီမံခန့်ခွဲမှုများ၊ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ခြွတ်ခြုံကျနေရသည့် နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့စေရေးအတွက် ဦးသိန်းစိန်အစိုးရ၏ လက်တွေ့ကျသော အရဲရင့်ဆုံး ရှေ့တိုး လုပ်ဆောင်ချက်ဖြစ်မည်ဟု လေ့လာသူများက ဆိုသည်။
အမေရိကန်နှင့် ဥရောပနိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများ ဖယ်ရှားပေးနိုင်သည်ဟူသော ဖြစ်နိုင်ချေများ ပေါ်ထွန်းနေချိန်တွင် ရန်ကုန်မြို့သို့ အလုံးအရင်းဖြင့် တင်ကြိုရောက်ရှိနေကြသည့် ရင်းနှီးမြုပ်နှံသူများကို နေပြည်တော်အစိုးရက စတင်ဆွဲဆောင်လိုက်ခြင်းလည်း ဖြစ်သည်။
နှစ်ပေါင်းများစွာ အထီးကျန်နေလာခဲ့သော တိုင်းပြည်အတွင်း ထူးခြားသော စီးပွားရေးလွတ်လပ်ခွင့် အရိပ်အယောင်များကို ဥပဒေမူကြမ်းတွင် ထည့်သွင်းထားသည်။
ဥပဒေမူကြမ်းအရ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများသည် ၁၀၀ ရာခိုင်နှုန်းအပြည့် လုပ်ငန်းပိုင်ဆိုင်နိုင်ခွင့်ရှိသကဲ့သို့ မြန်မာနိုင်ငံသားများနှင့်သော်လည်းကောင်း အစိုးရဌာနများနှင့်သော်လည်းကောင်း တွဲဖက်၍လည်း စီးပွားရေး လုပ်ဆောင်နိုင်သည်။ အဆိုပါ ဖက်စပ်စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမတည်ငွေ အနည်းဆုံး ၃၅ ရာခိုင်နှုန်းရှိရမည်ဟု သိရသည်။
နိုင်ငံခြားသား ရင်းနှီးမြုပ်နှံသူများသည် မြေယာအသုံးပြုခွင့်ရှိသော နိုင်ငံသားများထံမှ သော်လည်းကောင်း နို်င်ငံတော်မှသော်လည်းကောင်း မြေယာငှားရမ်းအသုံးပြုခွင့်လည်း ရှိသည်။ ကနဦး ငှားရမ်းအသုံးပြုခွင့်အား ရင်းနှီးမြုပ်နှံမှု၏ အမျိုးအစားနှင့် အရွယ်အစားကိုလိုက်၍ နှစ်ပေါင်း ၃၀ အထိ ခွင့်ပြုထားပြီး နောက်ထပ် သက်တမ်းနှစ်ကြိမ် တိုးခွင့်ရှိသည်။ တကြိမ်လျှင် ၁၅ နှစ်အထိ တိုးချဲ့ငှားရမ်းခွင့်ရှိသည်။
နိုင်ငံခြားကုမ္ပဏီများသည် နိုင်ငံခြားသားအလုပ်ကြမ်းသမားများ ခေါ်ယူခန့်အပ်ခွင့်မရှိကြောင်း၊ ကုမ္ပဏီသည် ပထမ ၅ နှစ်အပြီးတွင် ၎င်းတို့၏ ကျွမ်းကျင်လုပ်သားစုစုပေါင်း အရေအတွက်၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသားများကို ခန့်အပ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်လာစေရန် လိုအပ်သော လေ့ကျင့်သင်တန်းပေးမှုများပါ ပူးတွဲလုပ်ဆောင်စေရမည်ဖြစ်ပြီး နှစ်အလိုက် ရာခိုင်နှုန်းတက်သွားစေရမည်ဖြစ်ကြောင်း၊ ၁၀ နှစ်အကြာတွင် ၅၀ ရာခိုင်နှုန်းနှင့် ၁၅ နှစ်အကြာတွင် ၇၅ ရာခိုင်နှုန်းအထိ ကျွမ်းကျင်လုပ်သား မြန်မာနိုင်ငံသားများကို ခန့်အပ်ရမည်ဖြစ်ကြောင်း သိရသည်။
ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်းပြန်သွားနိုင်သည့် အရေးနှင့် နိုင်ငံတော်ပိုင်အဖြစ် အသိမ်းခံရနိုင်သည့်အရေးအပေါ် ရင်းနှီးမြုပ်နှံသူများ၏ စိုးရိမ်ချက်ကို ဥပဒေမူကြမ်းက ဖယ်ရှားပေးထားသည်။
ခွင့်ပြုချက်ရရှိပြီးသော စီးပွားရေးလုပ်ငန်းများအား ကန်ထရိုက် သက်တမ်းကာလ အတွင်းသော်လည်းကောင်း သို့မဟုတ် သက်တမ်းတိုးထားသော ကန်ထရိုက်သက်တမ်း အတွင်းသော်လည်းကောင်း နိုင်ငံသူနိုင်ငံသားများ၏ အကျိုးစီးပွားအား ရှေးရှု၍ လက်ရှိဈေးကွက်ပေါက်ဈေးအတိုင်း လျော်ကြေးပေးဆောင်ခြင်းမရှိဘဲ နိုင်ငံတော်အဖြစ် သိမ်းယူခြင်းမရှိစေရဟု နိုင်ငံတော်အစိုးရက အာမခံချက်ပေးထားသည်။
မတ်လနှောင်းပိုင်းတွင် အပြီးသတ်တော့မည် ကျင်းပနေဆဲ လွှတ်တော်အစည်းအဝေးတွင် အဆိုပါ ဥပဒေကို အတည်ပြုပေးကောင်း ပြုပေးနိုင်သည်ဟု သိရသည်။ အခြေခံဥပဒေအရ သမ္မတက ၁၄ ရက်အတွင်း ၎င်းဥပဒေအား အတည်ပြုခြင်းသော်လည်းကောင်း သို့မဟုတ် ပါလီမန်သို့ ပြန်လွှဲပေးခြင်းသော်လည်းကောင်း ပြုလုပ်နိုင်သည်ဟု ရိုက်တာသတင်းဌာနက သုံးသပ်ထားသည်။
အမေရိကန်နှင့် ဥရောပနိုင်ငံများကချမှတ်သော ပိတ်ဆို့မှုများ၊ ဟောင်းနွမ်းဆွေးမြေ့နေသော စိတ်ပျက်ဖွယ် လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံများ၊ ချည့်နဲ့သော ငွေကြေးနှင့်ဘဏ်စနစ်၊ လုပ်ငန်းကျွမ်းကျင်သော မြန်မာနိုင်ငံသားများ ရှားပါးလွန်းခြင်းအပြင် အားနည်းသော ရင်းနှီးမြုပ်နှံမှု ဥပဒေများက စီးပွားရေး ပြန်လည်ခေါင်းထောင်ရန် အတားအဆီးများတွင် ပါဝင်သည်ဟု လေ့လာသူများက သုံးသပ်ထားသည်။

ကျပ်ငွေဈေးတက်ခြင်း

Feb 25,12
         လွန်ခဲ့သော တနှစ်ကျော်ကာလအတွင်း မြန်မာ့အရေး စောင့်ကြည့် အကဲခတ်နေသူများ အဖို့ တခါမျှ မကြုံဘူးသည့် မျှော်လင့်မထားသော အဖြစ်အပျက် တရပ်နှင့် ကြုံတွေ့ခဲ့ကြရသည်။ ယင်းမှာ မြန်မာကျပ်ငွေဈေး တက်ပြီးရင်း တက်နေခြင်း ဖြစ်သည်။

ကျပ်ငွေ၏ (တရားမဝင်) ဈေးနှုန်းကျခြင်းမှာ ထိုအချိန်အထိ မပြောင်းမလဲ မှန်ကန်သော အရာဖြစ်ပြီး တချိန်က ဆိုလျှင် အမေရိကန် တဒေါ်လာလျှင် ကျပ် ၁,၄၅ဝ အထိ ကျဆင်းသွားခဲ့ဖူးသည်။ (ကျပ်ငွေ၏ `တရားဝင်´လဲနှုန်းမှာ အမေရိကန် တဒေါ်လာလျှင် ၆ ကျပ်သာရှိသည်) ယမန်နှစ်ကနှင့် နှိုင်းစာလျှင် ကျပ်ငွေ၏ တန်ဖိုးမှာ ၂ဝ% တက်သွားခြင်း ဖြစ်ပြီး အနိမ့်ဆုံး စံချိန်နှင့် နှိုင်းစာလျှင် ၄ဝ% တက်သွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိပေါက်ဈေးမှာ တဒေါ်လာလျှင် ကျပ် ၈၀၀ ဝန်းကျင်ရှိပြီး မြန်မာကျပ်ငွေ ဈေးတက်ရခြင်း အကြောင်းကို စေ့ငုမှုများလည်း ရှိလာသည်။

ဤအလုပ်သည် လွယ်ကူသော အလုပ်မဟုတ်ပါ။ နိုင်ငံခြားငွေကြေး ဈေးကွက် မှန်သမျှသည် ဈေးကွက် အင်အားစုများ စုပေါင်း ရိုက်ခတ်မှုကြောင့် အမြဲပြောင်းလဲနေသည်သာ ဖြစ်သည်။ (ထိုဈေးကွက် အင်အားများ ဆိုသည်မှာလည်း ယုတ္တိနည်းနှင့် စဉ်းစားမရသော အချက်များသာ ဖြစ်သည်) မြန်မာကျပ်ငွေ၏ တရားမဝင် ငွေလဲနှုန်းမှာ ရေရာမှု မရှိဆုံး ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ အောက်တွင် ဤသို့ဈေးတက်ရသည့် အကြောင်းအချက်များအနက် အနည်းဆုံး ၆ ခုကို လေ့လာတင်ပြထားပါသည်။

burmakyat၁။ အမေရိကန် ဒေါ်လာဈေးသည်လည်း ကျဆင်းနေ သည်။ မြန်မာ့ကျပ်ငွေ အကြောင်း ဆွေးနွေးငြင်းခုံ ကြရာတွင် တခါတရံ မေ့လျော့နေကြသော အချက်မှာ
မြန်မာကျပ်ငွေ ဈေးကို မယိမ်းမယိုင်နိုင်သော စံနှုန်းများဖြင့် အသေ သတ်မှတ်ထားခြင်း မဟုတ်သည့် အချက် ဖြစ်သည်။

သို့သော် အမေရိကန် ငွေကြေးမှာမူ ကမ္ဘာ့နိုင်ငံခြား
ငွေကြေးဈေးကွက်တွင် `အရှင်မျှော´ ထားခြင်း
ဖြစ်သည်။ ထို့ကြောင့် မြန်မာကျပ်ငွေ ဈေးတက်ရခြင်းမှာ အခြားဈေးကွက် အင်အားစုများကသာ ပြဋ္ဌာန်းသည် မဟုတ်ဘဲ အမေရိကန် ငွေကြေးအပေါ် သက်ရောက်သော အင်အားများကြောင့်လည်း ဖြစ်သည်။ ထိုသို့ အမေရိကန် ငွေကြေး ကျဆင်းခြင်းသည် မည်သည့် အတိုင်းအတာ အထိ မြန်မာ့ငွေဈေး တက်လာခြင်းအပေါ် ရိုက်ခတ်မှုရှိသလဲ ဆိုသော မေးခွန်း ပေါ်လာသည်။

အဖြေမှာ အလွန်ရှိပါသည်ဟုဘဲ ဖြေရပါမည်။
မြန်မာကျပ်ငွေ တန်ဖိုးတက်နေသည့် အချိန်အတောအတွင်းမှာပင် အမေရိကန် ငွေဈေးသည် လည်း (ကမ္ဘာ့ငွေကြေး ရံပုံငွေအဖွဲ့က သတ်မှတ်ထားသည့်) ငွေကြေးအချို့နှင့် ယှဉ်လျှင် အကြမ်းအားဖြင့် ၁ဝ% မျှ ကျဆင်းသွားခဲ့သည်။

ထိုအတောအတွင်း သြစတြေးလျဒေါ်လာကဲ့သို့သော `ကုန်စည်ငွေကြေး´ နှင့် ယှဉ်လျှင် ၂ဝ% အထိ ကျဆင်းသွားခဲ့သည်။ ယခုအခါ တရားမဝင်ငွေလဲနှုန်း
ဈေးကွက်ရှိ ကျပ်ငွေမှာ ထိုသို့သော ကုန်စည်ငွေကြေး၏
အစိတ် အပိုင်းတရပ်မျှသာဖြစ်သည်။ (မြန်မာနိုင်ငံသည် သြစတြေးလျနိုင်ငံကဲ့သို့ပင် ကုန်စည်နှင့်စွမ်းအင်ကို အဓိကထုတ်လုပ်သောနိုင်ငံဖြစ်သည်။
သို့သော်သြစတြေးလျ ဒေါ်လာကဲ့သို့ နေရာအနှံ့တွင် ငွေဖြစ်လွယ်ခြင်းမရှိ ငွေဖော်နိုင်ခြင်းမရှိ) ထို့ကြောင့် အနိမ့်ဆုံးအားဖြင့် ကုန်စည် ဈေးနှုန်းများကို လေ့လာကြည့်လျှင် ကျနော်တို့ ကျပ်ငွေဈေးတက်သွားခြင်းအပေါ် ထိုသို့အံသြတကြီး မဖြစ်သင့်ပါ။

ဒါဆိုရင် ဒါဟာအပြီးသတ် ရလဒ်ပဲလား။ မြန်မာငွေဈေးတက်ရခြင်း အကြောင်းရင်း၏ ထက်ဝက်ခန့်မှာ အမှန်စင်စစ်အားဖြင့် အခြားငွေကြေးများ ကုန်စည်များနှင့်ယှဉ်သည့် အမေရိကန်ငွေဈေး ပြုတ်ကျသွားခြင်း
ကြောင့် ဖြစ်သည်။

၂။ ပို့ကုန်များတိုးမြှင့်တင်ပို့ခြင်းကြောင့်လည်း မြန်မာကျပ်ငွေတန်ဖိုး တက်လာသည်။ ငွေကြေး၏ `ဈေးနှုန်း´ကို တွန်းတင်လိုက်ခြင်းကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ၏ တရားဝင်ပို့ကုန်တန်ဖိုးမှာ ၂ဝ၁ဝ ဧပြီလမှ ၂ဝ၁၁ မတ်လ ဘဏ္ဍာရေးနှစ်အတွင်း ၁၉% မျှ တက်လာခဲ့သည်။ ဤ ပို့ကုန်အမယ်များတွင် သဘာဝဓါတ်ငွေ့၊ ပဲအမျိုးမျိုး၊ ကျွန်းသစ်နှင့် အခြားသစ်မာများ၊ ငါးနှင့်ရေထွက်ပစ္စည်းများ၊ သတ္တု သယံဇာတများ (အရေးကြီးဆုံး အထင်ရှားဆုံး များကိုသာ စာရင်းပြုထားခြင်း ဖြစ်သည်) တို့ပါဝင်သည်။

အဆိုပါ ကုန်စည်များကို အမေရိကန်ဒေါ်လာ၊ အခြားငွေကြေးများနှင့် တန်ဖိုးသတ်မှတ်ထားခြင်း ဖြစ်သည်။ သို့သော် ထိုကုန်စည်များထုတ်လုပ်ရာ ရှာဖွေရာတွင် ကုန်ကျသောစရိတ်အချို့ကို မြန်မာအလုပ်သမားများနှင့် ဤထုတ်လုပ်မှု ကွင်းဆက်တွင်ပါဝင်သည့် အခြားအစိတ်အပိုင်းများကို မြန်မာငွေဖြင့် ပေးချေရခြင်းဖြစ်သည်။ (ဤစရိတ်သည် ဓါတ်ငွေ့ကဲ့သို့သော အရင်းအလေးပေး လုပ်ငန်းမျိုးတွင် နည်းပါးပြီး လယ်ယာစိုက်ပျိုးရေး ကုန်စည်များတွင် များပြားသည်)

၃။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု မြင့်တက်လာခြင်းသည်လည်း ကျပ်ငွေဝယ်လိုအားကို အလားတူ မြင့်မားစေသည်။ ဤသို့ဖြင့် ဝယ်လိုအားများခြင်းကြောင့် ကျပ်ငွေဈေး တက်လာခြင်း
ဖြစ်သည်။ အများတကာပြောကြသလိုပင် မကြာသေးမီ ကာလများ အတွင်း နိုင်ငံခြားတိုက်ရိုက်မြှပ်နှံမှု အထူးသဖြင့် တရုတ်နိုင်ငံမှ မြှပ်နှံမှုများတစုံတရာ ထိုးတက်လာခဲ့သည်။

ဤရင်းနှီးမြှုပ်နှံမှုများသည် အတည်ပြုခြင်းအဆင့်တွင်သာ ရှိသေးပြီး အမှန်တကယ် နိုင်ငံတွင်းသို့ ရောက်ရှိလာခြင်း မရှိသေးပါ။ ဤအချက်ကြောင့် ငွေလဲဈေးနှုန်း မြင့်တက်သွားရခြင်းမှာ ထင်သလောက်မဟုတ်ပါ။

ထို့အတူ တရုတ်ရင်းနှီးမြှပ်နှံမှု အများစုသည် ကျပ်ငွေဝယ်လိုအားကို မြင့်တက်စေခြင်း မရှိပါ။ တရုတ်တ်တို့က သူတို့ကို ပစ္စည်းပေးသွင်းသူများနှင့် မြန်မာနိုင်ငံရှိ အလုပ်သမားများကို သူတို့ငွေကြေးဖြင့်သာ ပေးချေလိုကြခြင်းကြောင့်
ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုသို့သော ရင်းနှီးမြှပ်နှံမှုများကြောင့် `ယိုပေါက်´များကိုဖြစ်ပေါ်စေပြီး မြန်မာကျပ်ငွေ ဝယ်လိုအားကိုလည်း မြင့်တက်စေသည်၊ ထို့ကြောင့် ကျပ်ငွေဈေးလည်း လိုက်လျောညီထွေ လိုက်တက်ရခြင်းများလည်း ရှိသည်။

၎။ အစိုးရပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုခြင်းကြောင့် ကျပ်ငွေရှားပါးမှုကို ဖြစ်ပေါ်စေသည်။ ထိုမှတဆင့် ကျပ်ငွေဈေးကို မြင့်တက်စေသည်။ ဤအမြင်သည် မြန်မာ့စီးပွါးရေးလောက၌ တွင်ကျယ်သည်။ အစိုးရပိုင်လုပ်ငန်းများ အဆောက်အဦများကို မကြာသေးမီက ရောင်းချခြင်းကြောင့် (ဝယ်ယူခွင့်ရသူများအများစုမှာ အဆက်အသွယ်
ကောင်းသည့် လက်ရင်းလူယုံ စီးပွားရေးလုပ်ငန်းရှင်ကြီးများသာ ဖြစ်သည်) ကျပ်ငွေမှာ ဈေးကွက်အတွင်းတစုံတရာ `ခန်းခြောက်´ သွားပြီး ရှားပါးမှုတန်ဖိုးနှင့်အတူ လိုက်တက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ဤအဆိုမှာလည်း တဝက်တပျက်သာ အကြောင်းရင်းကို ရှင်းပြနိုင်ပါသည်။ သူ့တွင် ဝိရောဓိဖြစ်နေသည့် အချက်ရှိသည်။ ဥပမာ မြန်မာအစိုးရသည် ဘတ်ဂျက်လိုငွေပြမှုကို ဖြည့်ဆည်းရန်အတွက် ကျပ်ငွေများကို အတောမသတ် အမြောက်အမြားရိုက်ထုတ်နေခြင်းလည်းရှိသည်။ (ထိုသို့ ရိုက်ထုတ်မှုသည် ၂ဝ၁ဝ-၁၁ ဘဏ္ဍာရေးနှစ်၏ ပထမ ၉ လအတွင်း ၃ဝ% မျှတက် လာခဲ့သည်) ပိုမိုယုတ္တိရှိသည့်အဖြေမှာ ထိုသို့နိုင်ငံပိုင် ပစ္စည်းများကို ဝယ်ယူခွင့်ရသူများသည် သူတို့နိုင်ငံရပ်ခြားတွင်ထားရှိသော ရန်ပုံငွေများကို လိုအပ်သောကျပ်ငွေများ ဝယ်ယူရန်အတွက် ပြည်တွင်းသို့ ပြန်လည်ယူဆောင်လာခြင်းကြောင့် ဖြစ်သည်။

သို့ရာတွင် ထိုရှင်းပြချက်သည်လည်း မည်သည့် အတိုင်းအတာ အထိ မှန်ကန်သည်ကို ပြောရန် ခက်ပါသည်။ ထိုသူတို့ နိုင်ငံပိုင် ပစ္စည်းများဝယ်ယူခြင်းအတွက် မည်သို့မည်ပုံ ပေးချေခဲ့ကြသည်ကို ကျနော်တို့ အနည်းအကျဉ်းသာ သိရှိရခြင်းကြောင့်ဖြစ်သည်။

၅။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ထုတ်လုပ်သည့်နိုင်ငံအဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ခြင်းကြောင့် ကျပ်ငွေတန်ဖိုးကို တက်လာစေသည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ၏ `ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာ ၂ဝ၁၁ ခုနှစ်´တွင် မြန်မာနိုင်ငံသည် လွန်ခဲ့သောနှစ်အတွင်း ဘိန်းထုတ်လုပ်မှု နှစ်ဆမြင့်တက်ခဲ့သည် ဟုဆိုသည်။ တချိန်တည်းတွင် ဒေသတွင်း မက်တာအင်ဖက်တမင်းနှင့် အခြားဓါတုမူးယစ်ဆေးဝါးများ ထုတ်လုပ်မှုတွင် အဓိကထုတ်လုပ် ဖြန့်ဖြူးသူအဖြစ် ရပ်တည်နေဆဲပင်ဖြစ်သည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်နေခြင်းကြောင့် မြန်မာကျပ်ငွေတန်ဖိုးကို `ထိုးဖောက်´ လိုက်သလို ဖြစ်သည့်အခါလဲရှိသည်။ ဤ အကြောင်းပြချက်သည် ပို့ကုန်တိုးမြင့်လာခြင်းနှင့်လည်း ဆင်တူသည်။ (ပို၍ပင်ဆီလျော် သည်ဟုဆိုရမည်။ ဘိန်းထုတ်လုပ်မှုသည် လုပ်အားအသားပေး လုပ်ငန်းဖြစ်ခြင်း ကြောင့်ဖြစ်သည်)

သို့သော်ထိုသို့ `ထိုးဖောက်´လိုက်ခြင်းများသည်လည်း ရာသီလိုက် ဖြစ်ပေါ်ခြင်းသာဖြစ်သည်။ (ဘိန်းလုပ်ငန်းတွင်
ငွေပေးချေခြင်းသည် ဘိန်းစိုက် တောင်သူများနှင့် အခြားသူများကို ဘိန်းပေါ်ချိန် ပေးချေခြင်းသာဖြစ်သည်) သို့သော် တနှစ်လုံးတွင် အခြားယှက်နွယ်သော အချက်များသည်လည်း မကြာခဏ ပေါ်ပေါက်ခဲ့သည်။
၆။ အတိုင်းအတာတခုအထိ ငွေဈေးကစားခြင်းကြောင့်လည်း ကျပ်ငွေဈေး တက်ရသည်။ နောက်ဆုံးတွင် ကျပ်ငွေတန်ဖိုး
မြင့်တက်သည့် အချိန်ကာလသည် လုံလုံလောက်လောက် ကြာမြင့်ခဲ့ပြီး တက်သည့်နှုန်းမှာလည်း လုံလုံလောက်လောက် ပင် မြင့်မားခဲ့သည့်အတွက် ငွေဈေးကစားမှု အရှိန်အဟုန်ကို အတိုင်းအတာတခုအထိ ထိန်းထားနိုင်ခဲ့သည်။ အခြားတနည်းဖြင့်ပြောရလျှင် `ရင်းနှီးမြှပ်နှံသူ´ အချို့သည် ကျပ်ငွေတန်ဖိုး တက်လိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ကျပ်ငွေကို ဝယ်ယူစုဆောင်းထားခဲ့ဖွယ် ရှိသည်။ ထိုသို့ငွေကြေးကို `လှောင်´ ထားခဲ့ခြင်းကြောင့် သူတို့အကျိုးအမြတ် ရရှိခဲ့ကြသည်။ ထိုသက်ရောက်မှု၏ ပမာဏကို တိုင်းတာရန်မှာခဲယဉ်းပါသည်။ သို့သော် လောင်းကစားခြင်းသည် မြန်မာ့အတိတ်သမိုင်းတွင် စိမ်းလှသည်တော့ မဟုတ် ပါ။

အထက်ပါအချက်များသည် မြန်မာငွေ `ဘာကြောင့်´ တက်ရသည်ကို ရှင်းပြနိုင်သည့် အကြောင်းရင်း အချို့
ဖြစ်ပါသည်။ အခြားအချက်များလည်း ရှိနိုင်ပါသေးသည်။ သို့သော်အထက်ပါအချက်များသည် တချက်ချင်း အနေဖြင့် ယုတ္တိတန်သည့် အချက်များဖြစ်ပြီး စုပေါင်းလိုက်လျှင် ထိုသို့မလွဲမသွေတက်ရန် တွန်းအားပေးသည့် အချက်များဖြစ်ကြောင်း ကျနော်ပြောလိုပါသည်။

နိဂုံးတွင် နောက်ဆုံးဆွေးနွေးတင်ပြလိုသည့်အချက်မှာ ကျပ်ငွေတန်ဘိုးတက်ခြင်းသည် အရေးပါသလား ဆိုသည့် အချက်ဖြစ်သည်။ အရေးပါပါသည် သို့သော်အခြား နိုင်ငံအများစုကြီးလောက်တော့ အရေးမပါပါ။ မြန်မာ့စီးပွါးရေးသည်
နိုင်ငံတော်ကသာ လွှမ်းမိုးချုပ်ကိုင်ထားပြီး အရေးပါသော ဆုံးဖြတ်ချက်များကိုလည်း နိုင်ငံတော်မှသာ
ပြုလုပ်ခြင်းကြောင့် ဖြစ်သည်။ သို့သော် သက်ရောက်မှု ရှိတန်သလောက် ရှိပါသည်။
အထိအနာဆုံးမှာ ပုဂ္ဂလိကကဏ္ဍမှ ပို့ကုန်သမားများနှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်များ ဖြစ်သည်။ သူတို့၏ (အများစု) အမေရိကန် ဒေါ်လာနှင့် ရငွေများမှာ
ဒေသသုံးငွေကြေးနှင့် လဲလှယ်လိုက်သည့်အခါ အလွန်အမင်း လျော့နည်းသွားခဲ့ကြသည်။ (ကုန်ကျစရိတ် အများစုကို ကျပ်ငွေနှင့် ပေးချေကြရခြင်းဖြစ်သည်) အလားတူပင် ပြည်ပရောက်နိုင်ငံသားများလည်း သူတို့ဝင်ငွေများကို ကျပ်ငွေနှင့် လဲလှယ်လိုက်သည့်အခါ အလွန်အမင်း လျော့နည်းသွားကြသည်။

ကျပ်ငွေတန်ဖိုး တက်ခြင်းကြောင့် အကျိုးရှိသူများလည်း ရှိပါသည်။ နိုင်ငံခြားသွင်းကုန် ပစ္စည်းများ၏ တန်ဖိုးများ ကျဆင်းသွားခြင်းကြောင့် အထူးသဖြင့် စားသုံးသူများအဖို့ အကျိုးရှိရမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် လက်လီဖြန့်ချိသူများသည် သူတို့ရရှိသော နိုင်ငံခြားဝင်ငွေ အကျိုးအမြတ်များကို စားသုံးသူများသို့ လွှဲပြောင်းပေးခြင်းမရှိကြပါ။ (သွင်းကုန်သမားများ ကျပ်ငွေဈေးတက်ခြင်းကြောင့် အလုပ်ဖြစ်ကြသည်ဟု သတင်းများကဆိုပါသည်)

ထို့ကြောင့်ပင် မြန်မာစားသုံးသူများအနေဖြင့် အကျိုးအမြတ်မခံစားကြရပါ။ ဤနောက်ဆုံးအချက်သည်
မြန်မာနိုင်ငံတွင် အသားကျနေသောအချက်ဖြစ်သည်။ စံကျသော စီးပွားရေးပုံစံများတွင် မြန်မာနိုင်ငံသည် မကြာခဏပင် `ခြွင်းချက်´ ဖြစ်နေသည်။ ဤအချက်ကြောင့် မပြောင်းမလဲ နစ်နာရသူများမှာ ပြည်သူများပင်
ဖြစ်သည်။ ထို့ကြောင့် ကျပ်ငွေတန်ဖိုး ဘယ်လိုပင်ဖြစ်နေစေ သူတို့အဖို့ ဘာမျှ ပြောင်းလဲသည်ဟူ၍ မရှိပါ။
Ref:howdyasiaburmese

မြန်မာနိုင်ငံမှာ စိုးရိမ်နေရဆဲ အခြေအနေများ အာရှဥပဒေဌာန ရှုမြင်

2012-03-12
မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ ပြုလုပ်နေတယ်ဆိုပေမယ့် တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်ရေး ဆိုင်ရာကိစ္စတွေမှာ စိုးရိမ်ရဆဲ အခြေအနေမှာပဲ ရှိနေသေးလို့ လူ့အခွင့်ရေးကောင်စီညီလာခံမှာ အာရှဥပဒေရေးရာ အရင်းအမြစ်ဌာန ALRC က တင်သွင်းလိုက်ပါတယ်။
UN Human Rights Council
ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့ အခွင့်အရေး ကောင်စီ
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံမှာ အာရှဥပဒေရေးရာ အရင်းအမြစ်ဌာန ALRC ကနေ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို ဒီကနေ့ မတ်လ ၁၂ ရက် နေ့လယ်ပိုင်းမှာ တင်သွင်းဖတ်ကြားခဲ့ပါတယ်။ အခုလို လူ့အခွအင့်ရေးညီလာခံမှာ အစီရင်ခံတင်ပြခဲ့တာနဲ့ ပတ်သက်ပြီး ALRC ရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးမင်းလွင်ဦးက အခုလိုရှင်းပြပါတယ်။
“မြန်မာနိုင်ငံအတွင်းမှာ ပြောင်းလဲမှုတွေ ရှိနေတယ်ဆိုပေမယ့် မပြောင်းလဲဘဲ ဆုတ်ယုတ်နေတဲ့အချက်အလက်တွေ၊ တရားစီရင်ရေးဆိုင်ရာ ချို့ယွင်းချက်တွေ၊ လယ်ယာမြေ သိမ်းဆည်းမှုတွေ ရှိနေတယ်ဆိုတာတွေက ယခင်ကထက် ပိုဆိုးလာတယ် ဆိုတာတွေကို တင်ပြသွားဖို့ အစီအစဉ် ရှိပါတယ်။ တရားစီရင်ရေးဌာနမှာ လွဲမှားစွာလုပ်ဆောင်မှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေဆဲပဲဆိုတာ၊ တရားစီရင်ရေးဌာနကတော့ လုံးဝပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ ဇောင်းပေးတင်ပြထားပါတယ်”
ဒီအချက်အလက်တွေကို တင်ပြတဲ့အခါ ၂၀၁၀ သင်္ကြန်ဗုံးခွဲမှု စွပ်စွဲချက်နဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ ကိုဖြိုးဝေအောင်အမှု၊ အကျဉ်းထောင်က ပြန်လွတ်လာပြီးနောက် မကြာခဏ ခေါ်ယူစစ်ဆေးခံနေရတဲ့ အရှင်ဂမ္ဘီရရဲ့အခြေအတွေကို ထည့်သွင်းဖေါ်ပြထားပါတယ်။
ဒီကနေ့ ကုလမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာကိစ္စ တင်သွင်းမှာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးအထူးကိုယ်စားလှယ် မစ္စတာကန်တားနားကလည်း မိမိအစီရင်ခံစာနဲ့ပတ်သက်ပြီး တင်ပြဆွေးနွေးဖို့ရှိသလို၊ မြန်မာအစိုးရ ကိုယ်စားလှယ်ကလည်း လူ့အခွင့်ရေးကောင်စီမှာ တင်သွင်းဆွေးနွေးမှာ ဖြစ်ပါတယ်။
Ref:rfaburmese

ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းထဲ မြန်မာနိုင်ငံ ပါဝင်

2012-04-17ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ HDI ၂၀၁၁ ခုနှစ် ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းထဲမှာ ပါရှိနေပါသေးတယ်။

Photo courtesy of UN web site-
ဒီမှာကြည့်လိုရပါတယ်- List_of_countries_by_Human_Development_Index

Low human development

RankCountryHDI
New 2011 Estimates for 2011
[1]
Change compared to new 2011 data for 2010[1]New 2011 Estimates for 2011
[1]
Change compared to new 2011 data for 2010
[1]
142steady Solomon Islands0.510increase 0.003
143increase (1) Kenya0.509increase 0.004
144decrease (1) São Tomé and Príncipe0.509increase 0.003
145steady Pakistan0.504increase 0.001
146steady Bangladesh0.500increase 0.004
147steady Timor-Leste0.495increase 0.004
148steady Angola0.486increase 0.004
149increase (1) Myanmar0.483increase 0.004
150increase (1) Cameroon0.482increase 0.003
151decrease (2) Madagascar0.480decrease 0.001
152increase (1) Tanzania0.466increase 0.005
153decrease (1) Papua New Guinea0.466increase 0.004
154steady Yemen0.462increase 0.002
155steady Senegal0.459increase 0.002
156increase (1) Nigeria0.459increase 0.005
157decrease (1) Nepal0.458increase 0.003
158increase (1) Haiti0.454increase 0.005
159decrease (1) Mauritania0.453increase 0.002
160steady Lesotho0.450increase 0.004
161steady Uganda0.446increase 0.004
162steady Togo0.435increase 0.002
163steady Comoros0.433increase 0.002
164increase (1) Zambia0.430increase 0.005
165decrease (1) Djibouti0.430increase 0.003
ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ HDI ၂၀၁၁ ခုနှစ် ညွှန်းကိန်းဖော်ပြချက်
ကုလသမဂ္ဂက လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ ညွှန်းကိန်းပြုစုရာမှာ နိုင်ငံပေါင်း ၁၈၇ နိုင်ငံက ဖွံ့ဖြိုးမှုတွေကို လေ့လာရာမှာ မြန်မာနိုင်ငံက အဆင့် ၁၄၉ မှာရှိနေတဲ့အတွက် ဖွံ့ဖြိုးမှုနှုန်း နည်းလွန်းတဲ့နိုင်ငံတွေ စာရင်းထဲမှာ ရှိနေသေးကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။
HDI ပျမ်းမျှခြင်း ညွှန်းကိန်းတစ်ခုရဖို့ အခြေခံတိုင်းထွာတဲ့ အချက် ၃ ချက်က-အသက်ရှည် ကျန်းမာစွာနေထိုင်နိုင်မှု၊ ပညာဗဟုသုတ ရှာဖွေဆည်းပူးနိုင်မှုနဲ့ လူနေမှုအဆင့်အတန်း စတဲ့ အချက်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထက် အနည်းငယ်သာနေတဲ့ နိုင်ငံတွေကတော့ အိမ်နီးချင်း လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ ဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၉၈၀ ခုနှစ်လောက်က လူတစ်ဦးခြင်းစီရဲ့ ပျမ်းမျှ အသက်ရှည် နေထိုင်နိုင်မှုဟာ ၅၅ နှစ်သာရှိခဲ့ပြီး၊ ၂၀၁၁ ခုနှစ်မှာတော့ ပျမ်းမျှ ၆၅ နှစ်အထိ ရှိပါတယ်။
ဒါ့အပြင် ပညာသင်ကြားမှု နှစ်ကာလကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ထက် တဖြည်းဖြည်း သာလာသလို လူနေမှုအဆင့်အတန်းကို တိုင်းထွာတဲ့ ပျမ်းမျှဝင်ငွေအပိုင်းမှာလည်း များလာတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ဆိုထားပါတယ်။
Ref:rfaburmese

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!