Popular Posts!

Saturday, January 31, 2015

ဆေးဖက်ဝင် သတ္တ၀ါ အပင် - ရှီးပဒီး

ရေခဲတောင်ပေါ်က ထူးဆန်းသော ပိုးကောင်တစ်ဖြစ်လဲ အပင်ငယ်ကလေးများ

ကချင်ပြည်နယ်ရဲ့ ရေခဲတောင်ပေါ်မှာ ပေါက်ဖွားပြီး ဆေးဘက်ဝင် တန်ဖိုးကြီးလှတဲ့ ရှီးပဒီးလို့ခေါ်ကြသော အကောင်တစ်ပိုင်း၊  နွယ်ပင်တစ်ပိုင်း အကြောင်းကို လက်လှမ်းမီသလောက် ရှာဖွေကြည့်ထားတာလေး ဖော်ပြချင်ပါ တယ်။ ရေခဲတွေ ဖုံးလွမ်းနေတဲ့ တောင်တန်းကြီးတွေမှာ ဆေးဘက်ဝင်တဲ့ ရှားပါးသစ်ပင်များနဲ့ တိရိစ္ဆာန်များကို တွေ့ရှိရပါတယ်။ ဆောင်းမှာ ပိုးကောင်၊ နွေမှာ သစ်ပင် လို့ ခေါ်ကြတဲ့ ထူးထူးဆန်းဆန်း ဖြစ်ပေါ်လာတဲ့ ဒီ ရှီးပဒီးဟာ အလွန်မြင့်မားတဲ့ ရေခဲတောင်တွေမှာသာ တွေ့ရှိရပါတယ်။ ပေပေါင်း များစွာ မြင့်မားတဲ့  ရေခဲတောင်တွေ ရှိရာ ဒေသဖြစ်တဲ့ ဟိမဝန္တာ တောင်တန်း ဖြာဆင်းရာ တရုတ်၊ တိဘက်၊ နီပေါ၊ ဘူတန်နဲ့ မြန်မာပြည်မြောက်ဖျား ရေခဲတောင်တန်းတွေမှာ တွေ့ရှိနိုင်ပါတယ်။ တရုတ် တိုင်းရင်း ဆေးဝါးတွေမှာ ထည့်သွင်းဖော်စပ်ကြပြီး ဈေးလည်း အလွန်ကြီးတဲ့ ဆေးဘက်ဝင် အမျိုးအစား ဖြစ်ပါတယ်။ 




Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

ပိုးနွယ်ရှင်ခေါ် ရှီးပဒီးဖြစ်ပေါ်လာပုံက ထူးထူးဆန်းဆန်းလို့ ပြောရမှာပါဘဲ။ အကောင်မဖြစ်ခင် သန္ဓေ သားလောင်း ဖြစ်တဲ့ ပိုးဥကောင်လေးတွေဟာ ဆောင်းရာသီအချိန်မှာ အလွန် အေးလွန်းတာကြောင့် မြေကြီးထဲမှာ ဆေးဘက်ဝင် မဂျစ်ဥ၊ ခန်းတောက်မြစ် တို့ကိုစားသုံးပြီး ဆောင်းခိုနေခဲ့ပါတယ်။ အဲဒီလို ဆောင်းခိုနေတဲ့အချိန်မှာ ပိုးလောင်းကောင်လေးတွေဟာ မြေကြီးအောက်မှာ ငြိမ်သက်နေသော်လည်း    ကပ်ပါမှိုတစ်မျိုးရဲ့ တွယ်ကပ်ငြိတွယ်ခြင်းခံရပြီး ၄င်း  ကပ်ပါးမှိုဟာ ပိုးလောင်းကောင်လေးတွေကို ဖုံးလွှမ်း သွားခဲ့ပြီး နွေရာသီရောက်ချိန်မှာ ပိုးလောင်းကောင်လေးများရဲ့ ဦးခေါင်းပေါ်ကနေ မြက်ပင်နဲ့ ဆင်တဲ့ ဦးချိုသဖွယ် အညှောင့်ကလေး ထွက်လာခဲ့ပါတယ်။ အဲဒီ အညှောင့်ကလေးတွေဟာ ၅စင်တီမီတာကနေ ၁၅စင်တီမီတာအထိ ရှည်လျားစွာ ထွက်ပေါ်လာတတ်ပါတယ်။  ဒေသခံတွေရဲ့ အဆိုအရတော့ အဲဒီအချိန်ဟာ ပိုးကောင်ဘဝကနေ  နွယ်ပင်အဖြစ် ရှင်သန်ချိန်ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ဒါကြောင့်လည်း ရေခဲချိန်မှာ ပိုးကောင်၊ ရေခဲတွေ အရည်ပျော်ပြီး မြေကြီးတွေ မြင်ရချိန်မှာတော့ အပင် ဖြစ်လာတယ်လို့ ဆိုပါတယ်။


Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
၎င်းရေခဲများ အရည်ပျော်ချိန်မှာ မြေအောက်က ပိုးလောင်းကောင်လေးတွေရဲ့ ဦးခေါင်းကနေ အပင်လေး ထွက်လာတဲ့အခါ ဒေသခံ တောင်ပေါ်သားများက ရှာဖွေ စုဆောင်း ကောက်ယူ ကြပါတယ်။ တောင်ပေါ်ဒေသတွေမှာ ရှေးယခင်ကတည်းက ဆေးဘက်ဝင်တယ်လို့  သိခဲ့ကြတာကြောင့်လည်း ၄င်း ပိုးကောင်လေးများကို ရှာဖွေ စုဆောင်းသူများပြားလှပါတယ်။ ကျန်းမာရေး အတွက် အလွန် အကျိုးပြုပြီး ဆေးဘက်ဝင်လှတဲ့ ရှီးပဒီး ပိုးကောင်လေးတွေဟာ ဈေးကောင်းလည်း အလွန် ရပါတယ်လို့ သိရပါတယ် ။ ကျွန်မဖတ်မိတဲ့ စာလေးတစ်ခုမှာဆိုရင် အဲဒီ အကောင်လေး တစ်ကောင်ကို မြန်မာငွေ တစ်သောင်းခွဲခန့် ပေးရပြီး တစ်ပိသာကို အမေရိကန် ဒေါ်လာ ၃ဝဝဝဝ လောက် တန်ဖိုး ရှိတယ်လို့ ဆိုပါတယ်။ ပေ တစ်သောင်းကျော်မှာတွေ့ရတဲ့ ပိုးကောင်လေးတွေက ပိုပြီး ဈေးကောင်း ရတယ်လို့သိရပါတယ်။ 


Image Hosted by PicturePush - Photo Sharing
တိဘက်တောင်တန်းပေါ်က ရှီးပဒီးပိုးနွယ် ရှာဖွေသူနှစ်ဦး 

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
ရေခဲတွေ အရည်ပျော်ပြီး မြေကြီးတွေ ပေါ်လာချိန်မှာ လူစုလူဝေးတွေ ရောက်လာပြီး ရှီးပဒီးပိုးနွယ်လေးများကို ရှာဖွေကြစဉ်


ရှီးပဒီးခေါ် ပိုးနွယ်လေးရဲ့ အစွမ်းထက် ဆေးဘက်ဝင်မှုတွေက တော်တော်ကိုများပြားပါတယ်။ အရသာမှာ ချိုပြီးဆိမ့်တဲ့အရသာရှိတယ် ဆိုပါတယ်။ ၄င်းရှီးပဒီး ပိုးကောင်လေးတွေကို အခြောက်လှမ်းပြီး အမှုန့်ပြုလုပ်ကာ ရောင်းချတတ်ကြပါတယ်။
  • အဟာရဓာတ် ပါဝင်မှု များပြားတဲ့အတွက် ဖျားနာပြီး နလံထစလူနာတွေ အမြန်ဆုံး ကျန်းမာရေး ကောင်းမွန်လာစေခြင်း
  • ကျောက်ကပ်ကို ကောင်းမွန်စေခြင်း၊ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာများ ချောမွေ့စေခြင်း
  • ဓာတ်မတည့်ခြင်းကို သက်သာစေခြင်း၊
  • ချောင်းဆိုး၊ ရင်ကြပ်ရောဂါများကို သက်သာစေခြင်း
  • ကင်ဆာဖြစ်ပွားခြင်းကို လျော့နည်းစေခြင်း
  • သွေးဥများကို တိုးပွားစေခြင်း သွေးရည်ကြည်အတွက် ပရိုတိန်းများ ဖြစ်ပေါ်စေခြင်း၊ သွေးဖိအား များခြင်း၊ နည်းခြင်းကို ပုံမှန်အတိုင်း ဖြစ်စေနိုင်ခြင်း
  • အမျိုးသားများအတွက် ခွန်အားတိုးပွားစေခြင်း
  • ကိုယ်ခံအားကို မြင့်မားစေခြင်း၊ အဆုပ်ရဲ့လုပ်ငန်းဆောင်တာများကို ကောင်းမွန်စေခြင်း
  • အမျိုးသမီးများ ဓမ္မတာကောင်းမွန်စေခြင်း ၊ နုပျိုစေခြင်း၊ အရေးအကြောင်းများကို ပျောက်ကင်း သက်သာစေခြင်း 
စသဖြင့် အကျိုးများလှတယ်လို့ သိရပါတယ်။ 

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
ရှားပါးတာကြောင့်ရော ၊ ဆေးဘက်ဝင်တာကြောင့်အတွက်ပါ တန်ဖိုးကြီးလှပါတယ်။ နေ့စဉ်ပုံမှန် အားဆေး အဖြစ် သောက်သုံး ကြသူများလည်း ရှိကြပါတယ်။ ၄င်း ပိုးဆေးနွယ်( ရှီးပဒီး) များကို တရုတ်၊ ဂျပန်၊ ကိုးရီးယားစသည့်နိုင်ငံများက ဝယ်ယူကြကြောင်း သိရပါတယ်။ အချို့သော အားကစား သမားတွေ ဟာလည်း ကိုယ်ခံစွမ်းအားမြင့်မားပြီး အမောအပန်း ခံနိုင်ဖို့ရန်အတွက်  ပိုးနွယ်ပင်ကို အမြဲတမ်း မှီဝဲ စားသုံးကြတယ်လို့ ဆိုပါတယ်။ အချို့သောသူတွေက စွပ်ပြုတ်ထဲ ထည့်ချက်ခြင်း၊ ၄င်း ရှီးပဒီး သက်သက်ကိုလည်း စားသုံးခြင်းများ ပြုလုပ်တတ်ကြပါတယ်။  တိဘက်ဒေသတွေမှာ ၄င်းဆေးပိုးနွယ်ကို အမြောက်အမြား ရှာဖွေရရှိပြီး ငွေကြေးစီးပွား တိုးတက်လာကြသူတွေ အများအပြား ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ 

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing


ကြက်သား၊ ရှီးပဒီးစွပ်ပြုတ်

Image Hosted by PicturePush - Photo Sharing


ရှီးပဒီးစွပ်ပြုတ်

မန်မာပြည် မြောက်ဖျား ကချင်ပြည်နယ်ရဲ့ မြင့်မားလှတဲ့ ရေခဲတောင်တွေထက်မှာ ရှာဖွေတွေ့ရှိနိုင်တဲ့ အကောင် တစ်ပိုင်း နွယ်ပင်တစ်ပိုင်း ရှီးပဒီး ကို စနစ်တကျလေ့လာခြင်း၊ သုတေသနပြုလုပ်ခြင်းများ လုပ်ဆောင်ပြီး ယနေ့ ခေတ်စားလှတဲ့ ကိုရီးယားဂျင်ဆင်းတို့လို စီးပွားဖြစ် မွေးမြူစိုက်ပျိုးထုတ်လုပ်နိုင်မယ် ဆိုရင်တော့ ဒေသခံတွေအတွက် သဘာဝ ပတ်ဝန်းကျင်လည်း ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိတဲ့အပြင် ဝင်ငွေတိုးရုံသာမက၊ အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေပါ ရရှိတိုးပွားလာစရာ ရှိကြောင်း စိတ်ကူးယဉ် အိပ်မက်မိပါတော့တယ်ရှင်။

Ref:http://www.missgreenlady.com/2012/09/blog-post_12.html

နယူးယောက်အလွန် ရန်ကုန်

စိတ် ခိုင် မှ ဖတ် ပါ

စိတ် ခိုင် မှ ဖတ် ပါ


The Economist Magazine ကြီးမှ ၂၀၁၅ Edition အဖြစ် ကမ္ဘာ့အဖွဲ့အစည်းစည်း အသီးသီး နှင့် ၎င်းတို့ကိုယ်ပိုင်လေ့လာတွေ့ရှိချက်များကို စုစည်းပြီး စာရင်းထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံနှင့် ပါတ်သက်သော စာရင်း ဇယားများကို ထုတ်နှုတ်၍ တင်ပြထားပါသည်။ ကမ္ဘာ့ အဖွဲ့အစည်းပေါင်း (၇၄) ခုမှ ၂၀၁၂-၁၃-၁၄ ခုနှစ်တွင် ရရှိသော အချက်အလက်များကို မူတည်၍ ပြုစုထားခြင်းဖြစ်သည်၊

ကျွန်တော် သေသေချာချာ မှာတယ်နော်….

myanmar graph

Migrants
မြန်မာနိုင်ငံသည် ဒုက္ခသည် အရေအတွက် ၄၁၅, ၄၀၀ ရှိပြီး သတ္တမမြောက် ဒုက္ခသည် အရေအတွက် အများဆုံး ထုတ်လုပ်သော နိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်လျက်ရှိသည်။ ပြသာနာ ဖြစ်ပွားနေသော အာဖဂန်နစ္စတန်၊ ဆိုမာလီယာ၊ အီရတ်၊ ဆီးရီးယား၊ လစ်ဗျား နှင့် ကွန်ဂို-ကင်ရှာဆာ (၆) နိုင်ငံက အပေါ်တွင် ရှိနေသေးသည်၊ အလျော့တော့ မပေးသင့်။

Lowest GDP per head (Living Standard)
GDP per head အနည်းဆုံးနိုင်ငံစာရင်းတွင် ဆိုမာလီသည် ဒေါ်လာ ၁၃၀ ဖြင့် နံပါတ်တစ် နေရာ ချိတ်ထားပြီး မြန်မာမှ ၈၇၆ ဒေါ်လာဖြင့် နံပါတ် (၂၀) ရရှိခဲ့ပြီး နံပါတ် ၁၉ ဖြစ်သော ဟေတီကျွန်းနိုင်ငံနှင့် မတိမ်းမယိမ်းရှိခဲ့သည်။ သို့အတွက် ဧရာဝတီတိုင်းဝန်ကြီးချုပ်မှ စင်္ကာပူကို (၅) နှစ်အတွင်း မှီရမည်ဆိုခြင်းမှ ကျွန်းနိုင်ငံခြင်းတူသော ဟေတီနှင့် သွေးရိုးသားရိုး မှားပြောခြင်း ဖြစ်နိုင်လှပေသည်။

Quality of life ဖြစ်သော Human Development Index (HDI), Gini coefficient, နှင့် Economic Freedom Index တွင်မူ မြန်မာသည် အနည်းဆုံး နိုင်ငံ ၂၄ နိုင်ငံ စာရင်းတွင် မပါဝင်ခဲ့၊ ၂၅ များ ဖြစ်နေလားတော့ မိမိလည်း မသိ။

Economic Growth
ယုံခြင်ယုံ မယုံခြင်နေ ရေးရမယ့် တာဝန်ရှိလို့၊ ၂၀၀၂-၁၂ အတွင်း Average annual % increase in real GDP စာရင်းမှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်ရှိ အမြင်ဆုံးနိုင်ငံ စာရင်းတွင် ၉.၅% ဖြင့် နံပါတ် (၈) ချိတ်ခဲ့ပါတယ်ခင်ဗျာ။ တရုတ်က ၁၀.၄ % ဖြင့် နံပါတ် (၆) ပါ။ စင်္ကာပူတောင် ၆% နဲ့ နံပါတ် (၄၁)ပါ၊ စာရင်းလိမ်ပြချက်ကတော့ ကမ်းကုန်ပါတယ်။ လီကွမ်းယုသာ တွေ့လိုက်လို့ကတော့ သူ့သား နဲ့ ၀န်ကြီးတွေကို အရေးပေါ် အစည်းအဝေးခေါ်ပြီး ဆူလိုက် ကြိမ်းလိုက်မယ့် ဖြစ်ခြင်း၊ မြန်မာပြည်က သာသွားပြီ ဆိုပြီးတော့ပေါ့။

Least Trade Dependent
ကုန်သွယ်ရေးမှ ရရှိသော ပမာဏသည် GDP ၏ ၁၈.၃% ရှိပါတယ်။ အဲ့သည့် စာရင်းမှာတော့ နံပါတ် (၂၁) ပါ။

Democracy Index
ဝမ်းသာစရာပါခင်ဗျာ။ ၂၀၁၃ အတွက် အနိမ့်ဆုံး နိုင်ငံ (၂၀) စာရင်းမှာ မပါပါဘူးခင်ဗျာ။

Most Economically dependent on Agriculture
လယ်မြေတွေ လုပ်ကိုင်စားသောက်ဘို့ရန် မရှိသလောက် အသိမ်းခံလိုက်ရလို့လား မသိ၊ နိုင်ငံ (၂၅) နိုင်ငံ စာရင်းမှာ ပါသင့်ရက်နဲ့ မပါဘူးခင်ဗျာ။

Commodities (Rice)
ကမ္ဘာ့ ဆန်တင်ပို့တဲ့ ထိပ်တန်း (၁၀)နိုင်ငံ စာရင်းမတော့ မြန်မာဟာ နံပါတ် (၇) ချိတ်ပါတယ်။ ၂၀၁၂-၁၃ အတွက် ဆန်တင်ပို့ခဲ့မှု ပမာဏဟာ တန်ချိန် ၁၁.ရ သန်း ခန့် ရှိပါတယ်။ ပြည်တွင်း စားသုံးမှု ပမာဏ သည် တန်ချိန် ၁၀.၄ သန်းရှိ ဟု ဖေါ်ပြထားပါတယ်။

Labour-Force Participation
အလုပ်လုပ်နိုင်သူ လူဦးရေ၏ ၇၈.၆%သည် အလုပ်လုပ်ကိုင် လျက် ရှိသည်ဟု ဆိုသည်။ အမျိုးသမီးများ အလုပ်လုပ်ကိုင်မှု နှုန်းတွင် မြန်မာသည် အလုပ်လုပ်ကိုင်သူ စုစုပေါင်း၏ ၄၉.၈% ဖြင့် နံပါတ် (၁၄) ဖြစ်သည်။ လူကြီး ရော လူငယ် အလုပ်လက်မဲ့ အမြင့်ဆုံး နိုင်ငံ ၄၀ စာရင်းတွင် မပါဝင်။

Brain Drain
မြန်မာနိုင်ငံသည် ၁.၇ ဖြင့် ကမ္ဘာတွင် အမြင့်ဆုံးဖြစ်သည်၊ အမှတ်ပေးမှုမှာ ၁ အား အရည်အချင်းရှိသူများ အခြားနိုင်ငံများသို့ ထွက်ခွာ အဖြစ် သတ်မှတ်ပြီး ၇ အား ပြည်တွင်းတွင် ပင် နေထိုင်လုပ်ကိုင်မှု အဖြစ် လျာထားပြီး ၁ မှ ရ ကြားတွင် တွက်ချက်ရာ မြန်မာသည် ၁.၇ ရရှိခဲ့ခြင်းဖြစ်သည်။ အရည်အချင်းရှိသူအားလုံး ပြည်ပထွက်ခွာက ၁ ဘ၀ ကျရောက်ရပေတော့မည်။

Number of Days Taken to Register a new company
မြန်မာဟာ အကြာဆုံး နိုင်ငံ (၁၆) နိုင်ငံ စာရင်းမှာ ၇၂ ရက်နဲ့ နံပါတ် ၁၃ ရပါတယ်။ သို့သော် လာဒ်ပေးလာဒ်ယူမှု အမြင့်ဆုံး (၁၂) နိုင်ငံ စာရင်းမှာတော့ မပါသေးဘူးခင်ဗျ။

Lowest Car Ownership
အဆိုပါ စာရင်းတွင် မြန်မာ သည် လူတထောင်လျင် (၆) ဦးနှုန်းသာ ကားပိုင်ဆိုင်သည်ဟု ဖေါ်ပြထားပြီး နံပါတ် ၁၄ ကို ရရှိသွားပါတယ်။ လူတထောင်မှာများ ၁၀ ယောက်လောက် ပိုင်သွားရင် တောင် မတွေးရဲစရာ ခင်ဗျာ။

Education Spending
လာပြီခင်ဗျာ၊ ကဲ.. ကြည့် ဟောတွေ့ပြီဗျာ၊ lowest စာရင်းရဲ့ ထိပ်ကပ်နေလို့ မနည်းရှာရတယ်၊ မရှိဘူးလားတောင် ထင်မိသေး ထိပ်ဆုံး နံပါတ် (၁) ဗျာ၊ GDP ရဲ့ ၀.၈% နဲ့ပါ၊ ကလေးတွေ လမ်းပေါ်ထွက်ကုန်တာလဲ မပြောနဲ့လေ။

Highest Death rate
၂၀၁၀-၁၅ အတွင်း လူ တထောင်လျင် ၈.၅ ယောက်ဖြင့် နံပါတ် (၇၉)၊ မွေကင်းစ ကလေး သေဆုံးနှုန်းမှာ လူတထောင်လျင် ၄၈.၉%ဖြင့် နံပါတ် (၄၁) ဆီနီဂေါ နဲ့ တန်ဇန်နီးယား အကြားမှာ ရှိနေပါတယ်။

Tuberculosis
TB ဖြစ်ပွားနှုန်း အမြင့်ဆုံး နိုင်ငံ စာရင်းမှာတော့ လူ တထောင်လျင် ၃၇၇ ဦး နှုန်းဖြင့် နံပါတ် (၁၅) ချိတ်ပါတယ်။ HIV/AIDS သေဆုံးမှု အမြင့်ဆုံး (၂၅) နူိုင်ငံ စာရင်းမှာတော့ မပါပါဘူး၊

Health
ကျမ်းမာရေး အသုံးစာရိတ်မှာတော့ လွှတ်တော်က GDP ရဲ့ ၅% အနည်းဆုံး ရှိရမယ် ဆိုပေမယ့် မသုံးနိုင်ရှာပါဘူး၊ ထုံးစံအတိုင်း အနည်ဆုံး စာရင်းမှာ ၁.၈% ဖြင့် ပထမဆု ဆွတ်ခူးရရှိသွားပါပြီခင်ဗျာ၊ လူကြီးမင်းများ လက်ခုတ်တီးကြပါ။ Hunger Index မှာတော့ ကံကောင်းတယ်ခင်ဗျ၊ ၂၅ နိုင်ငံ စာရင်းမှာ လာအိုပါပြီး ကျွန်တော်တို့ မပါဘူး၊

World Giving Index
အလှုရေစက် လက်နဲ့ မကွာ အကျိုးကြောင့် စာရင်းမှာ ကနေဒါနဲ့အတူ နံပါတ် (၂) ချိတ်ပါတယ်ခင်ဗျား။ လူဦးရေ၇ဲ့ ၅၈% ဟာ အလှုဒါန ပြုကြတယ်လို့ သိရပါတယ်။

Press Freedom
သတင်းစာ လွတ်လပ်ခွင့် အနည်းဆုံး (၂၈) နိုင်ငံ စာရင်းက လွတ်ပါတယ်ခင်ဗျာ၊ အနည်းဆုံး ဆွတ်ခူးသူကတော့ Eritera နဲ့ ဒုတိယကတော့ မြောက်ကိုရီးယား ပါ။ အရှေ့တောင်အာရှ နို်ငံထဲက ဆိုရင် လာအိုတို့ ဗီယက်နမ်တို့ပါပြီး သီရိလင်္ကာတောင် ပါလိုက်သေးဗျ၊ ဒါတော့ ချီးကြူးရမှာ ဖြစ်ပါတယ်။

Defence Spending (As % of GDP)
ပြည်ပမှ ကျူးကျော်မဲ့ အန္တရာယ်တွေ များလွန်း လို့လားမသိ၊ အမြင့်ဆုံး သုံးစွဲတဲ့ နိုင်ငံ ၂၄ နိုင်ငံ စာရင်းမှာ မြန်မာ GDP ရဲ့ ၄.၂% ဖြင့် နံပါတ် (၁၃) ရရှိသွားပါတယ်။ ပြည်သူတွေ အထိတ်တလန့် ဖြစ်ကုန်ကြမှာစိုးလို့ ဖြစ်ပေါ်လာနိုင်တဲ့ ပြည်ပ အန္တရာယ်တွေ ထုတ်မပြောတာ ဖြစ်နိုင်ပါတယ်။ ကြိတ်ပြီး စစ်အင်အား ဖြည့်တင်းနေရရှာတာပါ၊ အင်မတန် ကျေးဇူးတင်ဘို့ ကောင်းလှပါတယ် ခင်ဗျာ။ လက်နက်ကိုင်အင်အား ကြည့်အုန်းမလား ၄.၀၆ သိန်းဖြင့် အများဆုံး စာရင်းမှာ နံပါတ် ၁၂ ရှိပါတယ်။ လက်နက် တင်ပို့မှု စာရင်းမှာ ဆိုရင်လည်း ၂၀၁၃ ခုနှစ် မှာ ဒေါ်လာ ၃၆၂ သန်းဘိုး တင်သွင်းခဲ့လို့ အများဆုံးစာရင်းမှာ နံပါတ် (၁၈) ပါ။ တခု ဇဝေဇ၀ါ ဖြစ်ရတာက ငြိမ်းချမ်းမှု အနည်းဆုံး ဖြစ်နေတဲ့ နိုင်ငံ ၂၄ နိုင်ငံ စာရင်းမှာ မပါတာပဲ ခင်ဗျာ။

ကဲ..ကျွန်တော် အစောကြီးထဲက ပြောတယ်နော်၊ စိတ် ခိုင် မှ ဖတ်ပါလို့။



- Posted using BlogPress from my iPhone

လာဘ်စားခြင်း အတတ်ပညာနှင့် နိုင်ငံသစ်တစ်ခု တည်ဆောက်တဲ့အခါ

Monday, January 26, 2015

HORROR MOVIES 2014 - NEW SUSPENSE FILM ABOUT GlRLS Full HD English Subtitle-Wen Xin

 This movie about a school for exotic mystery, gloom and mysterious death at 415/4 room, roommate once who died a strange way. After 3 girls in the detection of these are made by one person, they immediately faced with imminent danger, .....

မြန်မာအစားအသောက်တွေမှာပါဝင်သော ကယ်လိုရီတွေ

Weight လျှော့ချင်တဲ့  မော်ဒယ်လေးလိုလှချင်တဲ့ ရွှေမမသူငယ်ချင်းတို့...

သိပ္ပံနည်းကျအဖြစ်ဆုံး၊ အမှန်ကန်ဆုံးဝိတ်လျှော့နည်းဟာ Input အဖြစ်ဝင်လာတဲ့ အစားအသောက်ကရတဲ့ ကယ်လိုရီကို နည်းအောင်ထိန်းစားသောက်ပြီး၊ Output အဖြစ် လောင်ကျွမ်းသွားအောင် လှုပ်ရှားမှုများများလုပ်ပေးခြင်းဖြစ်တဲ့အတွက် နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေရဲ့ ကယ်လိုရီပါဝင်မှုတွေကို ယေဘူယျသဘောတော့ သိထားရင် အကျိုးရှိပါလိမ့်မယ်။ လှုပ်ရှားမှုများတဲ့ လူငယ်တွေအတွက် မလိုပါဘူး။ ၃၀ ကျော်တွေကတော့ ဆီချက်တစ်ပွဲစားလိုက်လို့ ဝင်လာတဲ့ ကယ်လိုရီပမာဏကို ကျေပျက်ဖို့ မိနစ် ၄၀ လောက်လမ်းလျှောက်တဲ့လှုပ်ရှားမှုမျိုး လိုအပ်ကြောင်း နည်းနည်းသတိပြုဖို့လိုပါတယ်။

ဒီစာရင်းလေးကြည့်လိုက်ရင် စားချင်သောက်ချင်စိတ်ကုန်သွားမယ်။

ကျွန်တော်တို့ သတိမထားမိတာတွေအများကြီး ဒီမှာပါတယ်။

ဥပမာ၊ အုန်းနို့ခေါက်ဆွဲတစ်ပွဲထက် ရှမ်းခေါက်ဆွဲတစ်ပွဲက ကယ်လိုရီပိုများတာ၊ ဒန်ပေါက်တစ်ပွဲထက် ကြေးအိုးတစ်ပွဲက အများကြီးပိုများတာမျိုးပေါ့။ ( အောက်ပါစာရင်းအတွက် Roche Myanmar Co.,Ltd ကို ကျေးဇူးတင်ပါတယ်)

Ref:https://www.facebook.com/KyawZawLin?pnref=story





Saturday, January 24, 2015

ရွှေဖုန်း ကာဗာများ အထက်တန်းလွှာများကြား ရေပန်းစား


မန္တလေး အောင်သမာဓိရွှေဆိုင်မှ ရွှေဖြင့်ပြုလုပ်ထားသည့် ဖုန်းကာဗာအား တွေ့ရစဉ်။ ဓာတ်ပုံ - ခွန်စိုင်းအောင်

မန္တလေး ၊ ဇန်နဝါရီ ၁၃


ယနေ့ခေတ်တွင် မိုဘိုင်းဖုန်းများ ကို ဆက်သွယ်မှုအတွက် အပြင် ခေတ်ပေါ်ဖန်စီ အသုံးအဆောင် ပစ္စည်း တစ်ခုအဖြစ်လည်း ကိုင် ဆောင်လာကြရာ ရွှေဖြင့်ပြုလုပ် ထားသည့် ဖုန်းကာဗာများမှာ ဈေးကွက် တွင် နေရာရ လာပြီး အထက်တန်း လူတန်းစားများ ကြားတွင် အသုံးပြုသူများပြား လာကြောင်း သိရသည်။



ရွှေဖြင့်ပြုလုပ်ထားသည့် မိုဘိုင်း ဖုန်းကာဗာများမှာ ဒီ ဇိုင်းနှင့်အလေးချိန်အမျိုးမျိုး ရှိရာ လက်ရှိတွင်အိုင်ဖုန်း နှင့် ဆမ်ဆောင်း S3 အတွက် ကာ ဗာ များကို အများဆုံးပြုလုပ် ပေးရလျက်ရှိပြီး ဝယ်ယူအသုံး ပြုသူ များပြားသောကြောင့် ဖုန်း ကာဗာများ ကို ချက်ချင်း မရနိုင်ဘဲ ရက်ချိန်းယူကာ စောင့်ရမည်ဖြစ်ကြောင်း မြန် မာနိုင်ငံတွင် မိုဘိုင်းဖုန်းရွှေ ကာဗာများကို ပထမဦးဆုံးအ ဖြစ် တီထွင် ထုတ်လုပ်သည့် မန္တလေးမြို့ အောင် သမာဓိ ရွှေဆိုင်မှ ပိုင်ရှင်ဖြစ်သူ မဖြူဖြူ အောင်က ရန်ကုန်တိုင်းမ် နေ့ စဉ်သတင်းစာသို့ ပြောသည်။



““ဖုန်းကာဗာပြုလုပ်တဲ့ ရွှေကို ၁၅ပဲရည် အသုံးပြုထား ပြီး အလေးချိန်အနေနဲ့ကတော့ ကာဗာတစ်ခုကို သုံးကျပ်သား ရှိပါတယ်။ ဆမ်ဆောင်း Note တို့လို မျက်နှာပြင်ကြီးတယ် ဆိုရင်တော့ ရွှေကိုအလေး ချိန် လေးကျပ်သားကျော်လောက်အ ထိအသုံး ပြုရပါတယ်။ ဖုန်း ရွှေ ကာဗာတွေကို ထုတ်လုပ်ဖြစ် သွားတာကတော့ ဈေးဝယ်တစ် ဦးကနေ သူကိုင်ထားတဲ့အိုင် ဖုန်းကို ရွှေနဲ့ကာဗာပြုလုပ်ပေး ဖို့လာ အပ်တာကို လက်ခံဖြစ် သွားရာကနေ ဆက်လက်ပြီး တော့တောင်းဆိုမှုတွေလဲရှိ လာတာ ကြောင့် ထုတ်လုပ်ဖြစ် သွားတာပါ။ လောလောဆယ် တော့ အောင်သမာဓိရွှေဆိုင် တွေမှာပဲ ကာဗာတွေကိုရောင်း ချပေးပြီး ပစ္စည်းတင်တာနဲ့ တင်သလောက်ကို အရောင်း သွက်နေတာကြောင့် ဝယ်ချင်တဲ့ သူတွေကို ရက်ချိန်းပေးစောင့် ခိုင်း ထား ရပါတယ်။ ကိုင်ဆောင် သူတွေထဲမှာဆိုရင် အမျိုးသား တွေလဲပါဝင်ပြီး သူတို့ကရွှေ ကို အမျိုးသမီးတွေလို လက် ဝတ်ရတနာအဖြစ် ဝတ်ဆင်မှု နည်းတာကြောင့် ဒီကာဗာကို တန်ဖိုးကြီးအသုံးအဆောင်အ ဖြစ် အသုံးပြုလာတာဖြစ်ပါ တယ်” ဟု ယင်းကရှင်းပြသည်။



မိုဘိုင်းဖုန်းရွှေကာဗာ ဒီ ဇိုင်းအနေဖြင့် ၁၅မျိုးရှိရာ မျက် နှာပြင်တွင် ကနုတ်ပန်းခက်များ ဖြင့် ပုံဖော်ထားပြီး ဝယ်ယူသူ စိတ်တိုင်းကျကုမ္ပဏီ၊ လုပ်ငန်း၊ နာမည်တံဆိပ်များကိုလည်း ပုံဖော်ပေးရာ လက်ရှိပြည် တွင်း ရွှေဈေးနှုန်းအရ အိုင်ဖုန်းရွှေကာဗာ တစ်ခုလျှင် ကျပ်သိန်း ၂ဝဝန်းကျင်ဈေးရှိပြီး ရွှေဖြင့် ပြုလုပ်ထား သည့် ရွှေခြုံလွှာ နှင့် လက်ကိုင်အိတ်များကို လည်း ထုတ်လုပ်ပေးလျက်ရှိ ကြောင်း အောင်သမာဓိရွှေဆိုင် မှ သိရသည်။

ခွန်စိုင်းအောင်

Yangon Media Group

အရေပြားကို ဘရပ်ရှ်နဲ့ တိုက်ပေးသင့်တဲ့အကြောင်းရင်း

ခန္ဓာကိုယ်တစ်ခုလုံးမှာ အကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ အရေပြားဟာ အသည်း၊ ကျောက်ကပ်နဲ့ အူမတို့လိုပဲ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေဖယ်ရှားပေးပါတယ်။ အရေပြားတင်သာ မက ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက်ကောင်းကျိုးပြုတဲ့ အရေပြားကို ဘရပ်ရှ်နဲ့ပွတ်ပေးတဲ့ အလေ့အထတစ်ခုအကြောင်းမျှဝေချင်ပါတယ်။


ရှေးဟောင်းနည်းလမ်းတစ်ခုဖြစ်ပြီး ရိုးရှင်း လွယ်ကူစွာပြုလုပ်နိုင်တာမို့ ဘယ်လို လုပ်ဆောင်နိုင်တယ်ဆိုတာ ဖော်ပြလိုက် ပါတယ်။ အရေပြားကို ဘရပ်ရှ်နဲ့ တိုက်ပေးခြင်းဖြင့် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်ပြန်ဖြစ်စေ တာကြောင့် ချောမွေ့တင်းရင်းတဲ့ အသားအရေပိုင်ဆိုင်နိုင်မှာပါ။

ဒီလိုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲကို အာဟာရဓာတ်တွေ ပိုမိုစုပ်ယူပေးနိုင်ပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။


ဘရပ်ရှ်နဲ့တိုက်တာကြောင့် အရေပြားကစွန့်ထုတ်လာတဲ့ အဆိပ်တွေကိုဖယ်ရှားသလိုဖြစ်ပြီး အရေပြားမှာကပ်ငြိနေတဲ့ ပိုးမွှားတွေကိုလည်း သန့်စင်ပေးကာ ကိုယ်ခံစွမ်းအားကိုကောင်းမွန်စေ ပါတယ်။ နောက်တစ်ချက်ကတော့ စိတ်ဖိစီးမှုလျော့ကျစေခြင်းပါ။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ ခန္ဓာကိုယ်အနှံ့ ဘရပ်ရှ်လေးနဲ့ ပွတ်ပေးတာက စိတ်သက်သာရာရစေပြီး ခန္ဓာကိုယ်ကိုနှိပ်နယ်ပေး သလိုမျိုးဖြစ်စေပါတယ်။

အိမ်မှာကိုယ်တိုင်လုပ်ကြည့်ဖို့အတွက် ကိုယ့်အရေပြားနဲ့ သင့်လျော်မယ့်အနေတော်အရွယ် မမာလွန်းတဲ့ဘရပ်ရှ်လေးတစ်ခု ရွေးချယ်ဖို့လိုပါမယ်။ ကျောနောက်ဘက်တွေပါပွတ်တိုက်နိုင်ဖို့ လက်ကိုင်ရှည်တဲ့ဘရပ်ရှ်ဆိုရင် ပိုပြီးသင့်တော်ပါတယ်။ ရေချိုးခန်းထဲ ရေလောင်းမချခင်မှာ ခြေထောက်ကစလို့ ခန္ဓာကိုယ်အပေါ်ပိုင်းအနှံ့ သုံးမိနစ်ကနေ ငါးမိနစ်အထိ ပွတ်တိုက်ပေးပြီးရင်တော့ ရေလောင်းချိုးနိုင်ပါတယ်။ မနက်အစောပိုင်း(ဒါမှမဟုတ်) နေ့ခင်းပိုင်းအချိန်တွေမှာ ပြုလုပ်တာပိုသင့်တော်ပြီးတစ်နေ့နှစ်ကြိမ်ပြုလုပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။ တစ်ခုသတိထားရမှာက မျက်နှာအရေပြားက နူးညံ့တာမို့ မျက်နှာကိုဘရပ်ရှ်နဲ့ပွတ် တာတော့ရှောင်ရပါမယ်။

Ref:healthyandnaturalworld.com
Source:7daydaily.com

လက်ရှိ အမိမြေက ခံလိုက်ရတဲ့ စီးပွားရေးအတွေ့အကြုံ


အမိမြေက ကိုယ်ပိုင်စီးပွားလုပ်ဘူးသူတိုင်းကြုံတွေ့နေရသော လူကြီးတွေကို ဖာခေါင်းမဖြစ်ရုံသမယ်လုပ်နေ ရတဲ့ ကုမ္မဏီသူဌေးတွေရဲ့ တကယ်အဖြစ်မှန်တွေပါ...မယုံမရှိနှင့် လက်တွေ့ပါ.....
အခုခေတ်စီးပွားရေးသမားတွေက အာဏာရှိလူကြီးတွေကို ငွေပေးရုံနှင့်မပြီးပါဘူး အရက်သောက် ရင်လဲ ကောင်မလေးငယ်ငယ်လေးတွေနှင့်မူးရင် နိုက်ဂလပ်၊ ဂေါက်ဂလပ်သွား မော်ဒယ်ချောချောလေးနှင့် ချိပ်ထားရပြီး စပေါင်ဆာပေးနိုင်မှ တော်ရကျတဲ့  ခေတ်ပါ....ဒီလိုလုပ်ထားနိုင်သူတွေ အောင်မြင်နေတာကို သင်တို့တွေ့လိမ်မယ်..... ဘယ်သူမှခတ် ကင်းကင်းနေလို့မရပါဘူး...

ကျွန်တော် ကြိုးစားခဲ့တဲ့ BUS တွေပေါ်မှာ အလိုလျောက် ငွေပေးချေစနစ်သုံး AFC စီမံကိန်း

ကျွန်တော် ကုမ္ပဏီက ဟောင်ကောင် အခြေစိုက် အရှအဆင့် ၁၊ ကမ္ဘာ့အဆင့် ၃ ရှိတဲ့ ACS smart card Corporation ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်ပါတယ်။ ကျွန်တော် ဒီ ACS ကုမ္ပဏီရဲ့ တစ်ဦးတည်း ကိုယ်စားလှယ်ရရှိခဲ့တာ ၂၀၀၉ ခုနှစ်မှာပေါ့။ ACS က လက်ရှိ စင်္ကာပူတစ်နိုင်ငံလုံးမှာ ရှိတဲ့ ATM တွေ အားလုံးထဲက smart card ဖတ်စက်တွေကို ရောင်းချပေးနိုင်လောက်တဲ့အထိ အောင်မြင်ပါတယ်။ ကမ္ဘာပေါ်က ထိပ်တန်း ATM ကုမ္ပဏီကြီးတွေဖြစ်တဲ့ NCR တို့ Wincor Nexdof တို့နဲ့လည်း အလွန်ခိုင်မာတဲ့ partner တွေပါ။ စင်္ကာပူနိုင်ငံက Ezlink ဆိုတဲ့ BUS ကား MRT station တွေမှာရှိတဲ့ အလိုလျောက်ငွေပေးချေတဲ့ စနစ်ကိုလည်း ထောက်ပံ့ပေးထားတာပါ။ ACS က ထုတ်တဲ့ Ezlink ကို အသုံးပြု top up လုပ် ငွေပေးချေနိုင်တဲ့ smart card reader တွေကို Simlim Square မှာ တွေ့နိုင် ဝယ်နိုင်ပါတယ်။ နောက်ပြီး ဟောင်ကောင်က EZlink ကုမ္ပဏီဖြစ်တဲ့ Octopus ငွေပေးချေစနစ်မှာလည်း ပါဝင်ဆောင်ရွက်ထားပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံက tap to pay ငွေ ပေးချေစနစ်လည်း ACS က လုပ်ပေးခဲ့တာပါ။
ဆိုလိုတာက ACS ကုမ္ပဏီရဲ့ smart card ငွေပေးချေစနစ် အတွေ့အကြုံဟာ ဆယ်စုနှစ်များစွာ ရှိခဲ့ပါပြီ။ ဒီအတွေ့အကြုံတွေကြောင့်လည်း အများပြည်သူ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို အောင်မြင်စွာကျော်လွှားနိုင်ခြင်း security နဲ့ ပတ်သက်တဲ့ လုံခြုံရေး ငွေကြေးစိတ်ချရမှု အပိုင်းတွေမှာလည်း အတွေ့အကြုံပြည့်ဝစွာ ရှိခဲ့ပါပြီ။ ဒီ ACS ကုမ္ပဏီက မြန်မာနိုင်ငံဆိုင်ရာ တစ်ဦးတည်း partner ကိုယ်စားလှယ်အနေဖြင့် ကျွန်တော့်ကို ပေးခဲ့တဲ့ အချိန်မှာပဲ မြန်မာနိုင်ငံရဲ့ transportation စနစ်တွေကို သူတို့ ကြိုးစားခဲ့တဲ့ hong kong နဲ့ Singapore တို့လိုမျိုး အဆင့်မြှင့်တင်ပေးချင်တာပါ။
ဒါကြောင့် သူတို့က အဲဒီအချိန်က အစိုးရကို zero investment plan နဲ့ ချင်းကပ်ခဲ့ပါတယ်။ zero investment plan ဆိုတာ နိုင်ငံတော်နဲ့ ပြည်သူက တစ်ပြားမှ စိုက်ထုတ်စရာ ရင်းနှီးစရာမလိုပဲ ကျွန်တော့် ကုမ္ပဏီနဲ့ ACS corporation တို့က အလုံးစုံ ကုန်ကျခံဆောင်ရွက်မယ့် စီမံကိန်းပါ။ ACS corporation က HSBC bank နဲ့ မိတ်ဖက် partner တွေဖြစ်လို့ finical က အထူးတောင့်တင်းပါတယ်။ ပြီးတော့ hong kong stock share ဈေးကွက်မှာလည်း တန်းဝင်ကုမ္ပဏီတစ်ခု ဖြစ်တဲ့အပြင် Forbes magazine ရဲ့ အမေရိကန်ဒေါ်လာ 1 billion အောက် အအောင်မြင်ဆုံးသော ကုမ္ပဏီ အခု ၄၀ မှာလည်း ထိပ်ဆုံးမှာ အရွေးခံရအောင် အောင်မြင်မှု ရှိတဲ့ ကုမ္ပဏီပါ။
ဒီစီမံကိန်းကို စတင်ဆောင်ရွက်ဖို့ အဲဒီအချိန်မှာ ကျွန်တော် မထသမှာ သွားပြီး presentation ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် မထသဆိုတာ ယဉ်ပိုင်ရှင်တစ်ဦးချင်းစီ ပိုင်ဆိုင်ကြတာမို့ ဒီလို စီမံကိန်းကိုလုပ်ဖို့ အဆင်ပြေမှုတွေ မရှိခဲ့ပါဘူး။ ဒါပေမယ့် အဲဒီအချိန်မှာ ဦးပိုင် ကုမ္ပဏီက ကျွန်တော့်ကို ဆက်သွယ်ခဲ့ပါတယ်။ ကျွန်တော်တို့ကို presentation တရားဝင် ဦးပိုင် ရုံးချုပ်မှာလာလုပ်ဖို့ ဖိတ်ကြားခဲ့တာပါ။ ကျွန်တော်နဲ့အတူ ACS corporation ရဲ့ chairman နှင့် CEO တစ်ဦးဖြစ်တဲ့ Mr. Danny တို့အဖွဲက ပါရမီ ယဉ်လိုင်းမှာ သွားရောက် presentation ပြုလုပ်ခဲ့ပါတယ်။ သူတို့ကလည်း ပြောပါတယ် ကျွန်တော်တို့အပါအဝင် လာပြီး သူတို့ဆီကို presentation လုပ်တာ ၇ ဖွဲ့ရှိတယ်ဆိုတဲ့အကြောင်းပါ။ အဲဒီ ၇ ဖွဲ့ထဲကမှ ပြန်ရွေးမယ်ပေါ့။
ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ပါ။ ရှိခဲ့တဲ့ portfolio လုပ်ငန်း experiences တွေအားလုံးက အလွန်ကို ကောင်းပါတယ်။ သူများတွေထက်လည်း သာပြီးသားပါ။ ပြီးတော့ ဒီစနစ်ကို ကျွန်တော်တို့ ရောင်းချတာ မဟုတ်ပါ။ အစိုးရအတွက် ကျွန်တော်တို့က နိုင်ငံ ဘဏ္ဍာတစ်ပြားမှ မသုံးပဲ ရင်းနှီးပေးမှာပါ။ ၆ လ တိတိ စမ်းသပ်ကာလ သတ်မှတ်ပြီး ဘာအကျိုးအမြတ်တစ်စုံတရာမှ ရယူခြင်းမရှိပဲ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ မြန်မာပြည်မှာ အောင်မြင်မှ ဆက်လုပ်မှာပါ။ မအောင်မြင်ရင် တစ်ပြားမှ ပြန်မတောင်းပဲ နောက်ဆုတ်သွားမှာဖြစ်ပါတယ်။
အဲဒီလိုနဲ့ အဆင့်ဆင့် ကျွန်တော်တို့ ဖြတ်သန်းလာလိုက်တာ။ ဒီကြားထဲ နည်းပညာဆိုင်ရာ လုံခြုံရေးဆိုင်ရာ အစီအမံတွေကို ဦးပိုင်က တာဝန်ရှိသူတွေ ဗိုလ်မှူးကြီးတွေကို အဆင့်ဆင့် ရှင်းလင်းတင်ပြခဲ့ရပါတယ်။ တကယ်ပါ ကျွန်တော့်အတွေ့အကြုံအရ အဲဒီစီမံကိန်းအတွက် မည်သည့် ကော်မရှင် ငွေကြေး တစ်စုံတစ်ရာကိုမှ ဦးပိုင်ကကော ဗန္ဓုလယဉ်လိုင်းက တာဝန်ရှိ MD နှင့်တကွ director တွေကို ပေးခဲ့ခြင်းမရှိသလို သူတို့လည်း တောင်းဆိုခြင်းအလျင်းမရှိပါ။ သူတို့က တကယ်ကို ဒီစနစ်ကို လုပ်ချင်တယ်ဆိုတာ ကျွန်တော် သိလိုက်ရပါတယ်။ နောက်ဆုံး ၇ ခုထဲမှာ ကျွန်တော်တို့နဲ့ လုပ်ဖြစ်ဖို့ ကျိန်းသေသွားပြီ ဘယ်လို စမယ် ဘယ်လို လုပ်မယ် ဘယ်လို တပ်ဆင်မယ်ပေါ့ အဲဒါတွေကို အသေးစိတ် မေးပါတော့တယ်။
ကျွန်တော်ပျော်ပါတယ်။ မည်သည့် လဒ်လာဘ တစ်စိုးတစ်စဉ်းမှ ပေးစရာမလိုပဲ တရားဝင် ယှဉ်ပြိုင်နိုင်ခဲ့တာပါ။ မြန်မာပြည်ကို ကျွန်တော်တို့ ACS Corporation ရဲ့ ဥက္ကဌ ထပ်ပြီး ပြန်လာပါတယ်။ တာဝန်ရှိသူတွေနဲ့ ထပ်တွေ့ပါတယ်။ အဲဒီအချိန်မှာ ပြင်ပကို ကျွန်တော်တို့လုပ်မယ့် သတင်းက ပျံ့နှံ့သွားပါပြီ။ MRTV 4 ကလည်း ကျွန်တော့်ကို လာတွေ့ပြီး ရိုက်ကူးပါတယ်။ ဘယ်လိုလုပ်မယ်ဆိုတာကို အသေးစိတ်ရှင်းပြပါတယ်။ အဲဒီခေတ်က နာမည်ကျော် ဂျာနယ်အတော်များများကလည်း ကျွန်တော့်ကို ဆက်သွယ်ပါတယ် အင်တာဗျူးပါတယ်။ အင်တာနက်မှာလည်း အလိုလျောက်ငွေပေးချေစနစ်သုံးတဲ့ AFC ကို မြန်မာပြည်မှာ စသုံးမယ်ဆိုတာ ပါနေပါပြီ။ AFC ရဲ့ အရှည်ခေါက်က automatic fares collection ပါ။ ကျွန်တော်တို့ စနစ်နဲ့ ပတ်သက်ပြီး ဝေဖန်တာတွေလည်း တွေ့ရပါတယ်။ ဝေဖန်တာတွေကို ကျွန်တော် မကြောက်ပါ ဘာလို့လဲဆိုတော့ အစိုးရနဲ့ပေါင်းပြီး ညာချတာမဟုတ်ပဲ ကျွန်တော်တို့ စနစ်က လက်ရှိ စင်္ကာပူမှာရော ဟောင်ကောင်မှာပါ အောင်မြင်ပြီးသား ဖြစ်နေလို့ပါ။ ဒါကြောင့် ဝေဖန်မှုတွေနဲ့ ပြည်သူတွေ စိုးရိမ်နေတာတွေ အခြားသော အခက်အခဲပေါင်းများစွာကိုပါ ဖြေရှင်းဖို့အတွက် အသင့်ရှိနေပါတယ်။
ဒီလိုနဲ့…. အစိုးရက ၂၀၁၁ မှာ စပြောင်းပါတော့တယ်…
ကျွန်တော်တို့ စနစ်လည်း စတပ်တော့မယ်ပေါ့ hongkong ဆိပ်ကမ်းမှာ ပစ္စည်းတွေအားလုံး ready to export to Myanmar ဖြစ်နေပြီလေ။ အဲဒီအချိန်မှာ ဗန္ဓုလ သယ်ယူပို့ဆောင်ရေးက ပုဂ္ဂိုလ်တွေက အကြောင်းကြားပါတယ်။ ကျွန်တော်တို့နဲ့ မလုပ်ဖြစ်တော့ဘူး ရန်ကုန်တိုင်း အစိုးရအဖွဲ့က iPay နဲ့ ပဲ လုပ်ကို လုပ်ရမယ်လို့ ပြောပါတော့တယ်။ ကျွန်တော် ပါးစပ်အဟောင်းသား ဟသွားပါတယ်။ ဒါနဲ့ပဲ ဘယ်လိုစနစ်လဲ ipay ဆိုတာ ဘယ်သူတွေလဲ မေးတော့ ဗန္ဓုလက တာဝန်ရှိသူတွေကလည်း သူတို့လည်း မသိသေးဘူး ရန်ကုန်တိုင်း အစိုးရက ချမှတ်ပေးတာလို့ ပြန်ဖြေပါတော့တယ်။ ဒါနဲ့ ကျွန်တော်လည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ လူကြီးဆီ အပြေးအလွှားပြေးပြီး presentation လုပ်ရတော့တာပေါ့။ သူက နားထောင်နေတယ်။ ပြီးတော့မှ မင်းတို့က ငါ့ဆီကို လာမှ မပြောပဲကိုး။ ipay တစ်ခုတည်း ငါ့ကိုလာပြောတော့ ငါက ipay နဲ့ လုပ်တာပေါ့တဲ့။ သူတို့စက်တွေက အမေရိကန်က မှာရမှာတဲ့။ အဲဒီ အဖြေကိုပဲ ကြားလိုက်ရပါတော့တယ်။
Ipay ဆိုတာ ကျွန်တော်တို့ တရားဝင် ပြိုင်ခဲ့တဲ့ ကုမ္ပဏီ ၇ ခုမှာ ပါခဲ့ရင် ကျွန်တော် လက်ခံပါတယ်။ ဒါပေမယ့်ဗျာ ဘယ်ကမှ ဘယ်လိုပေါ်လာမှန်းမသိပဲ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ဘယ်လိုရှင်းပြပြီး ဘယ်လိုလုပ်လိုက်တယ်မသိ အခြားသော ကုမ္ပဏီ ၇ ပါ မသိလိုက်ပဲ လုပ်ခွင့်ရသွားတာပါ။ ပြီးတော့ သူတို့နောက်ကြောင်းကို စုံစမ်းတော့ အိုင်တီကုမ္ပဏီမဟုတ်ပဲ သွားတိုက်ဆေးတွေ ကော်ဖီမစ်တွေ ထုတ်ရောင်း စီးပွားရှာပြီး အစိုးရကို အခွန်ရှောင်နေတဲ့ လူမျိုးခြားတွေပိုင် နာမည်ကြီး ကုမ္ပဏီကြီး ဖြစ်နေပါရောလားဗျာ။ ကျွန်တော့်ပြိုင်ဖက် အခြားသော ကုမ္ပဏီက ပုဂ္ဂိုလ်တောင် ရင်ဖွင့်သွားတယ် ကိုသစ္စာရယ် ခင်ဗျားလည်း အိုင်တီလုပ်တာ ကျွန်တော်လည်း အိုင်တီလုပ်တာ ဘယ်သူရရပြသနာမရှိဘူး အားလုံး အိုင်တီလောကပဲ။ ခုဟာက ဘာမဆိုင်ညာမဆိုင် အိုင်တီလည်း တစ်ခါမှ မလုပ်ဖူး တင်ဒါလည်းမပြိုင်ပဲ ရသွားတာ ဘယ်လိုလဲဗျာ ဆိုပြီး ငိုချင်းချသွားပါလေရဲ့။ ကျွန်တော်က ပိုကြေကွဲတာပေါ့ဗျာ။ ဒီ ၂၀၀၉ က နေ ၂၀၁၁ အတွင်း ဒီစီမံကိန်းအတွက် ကျွန်တော်တို့ ကြိုးစားခဲ့သမျှ ရင်းနှီးခဲ့သမျှ သွားပြီ။ နောက်ပြီး အမေရိကန်က ပစ္စည်းမှာတယ်ဆိုရအောင် iphone လို ပစ္စည်းမျိုး Mac Book လို အမေရိကန် brand laptop တောင် made in china ဆိုတာ ရန်ကုန်တိုင်းက အကြီးအကဲကြီးများ မသိလို့လားဗျာ။
အဲဒီလိုနဲ့ ဘယ်လို ဘယ်လိုများ လုပ်လိုက်လေမသိ။ တစ်ခါမှ ဘယ်တိုင်းပြည်မှာမှ ဘာ AFC စနစ် အတွေ့အကြုံမှ မရှိသော နာမည်မရှိ iPay ကြီးက ရန်ကုန်တစ်မြို့လုံးရဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကြီးကို ရရှိသွားလေသောအခါ… အခု iPay အောင်မြင်နေလား ပြည်သူတွေသုံးနေလားဆိုတာ… အခုလက်ရှိ အဖြစ်အပျက်တွေက သက်သေပါပဲဗျာ… မြန်မာပြည်မှာ တကယ်ကောင်းမွန်တဲ့ စနစ်တွေကို စတင်ဖို့ဆိုတာ ခေတ်ဘယ်လောက်ပြောင်းတာကို စောင့်နေရမလဲလို့ မျှော်လင့်ရင်း…နောက်နေ့ကျရင် ဘဏ်စနစ်တွေ ဘဏ်လို ဖြစ်လာတယ် ဘယ်လို online သွားတယ်ဆိုတာ ထပ်ရေးပါဦးမယ်…
ထောက်ထားစရာတွေရှိလို့ အချို့သော အချက်အလက်များ ပုဂ္ဂိုလ်များ၏ အမည်များအား ချန်လှပ်ထားရှိပါတယ်…
သစ္စာ----https://www.facebook.com/technologyforeveryone/posts/10152743504178303
၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်

ဟော်မုန်းပါသော သန္ဓေတားဆေးများကြောင့် ဦးနှောက်အကျိတ်ဖြစ်နိုင်သည့် အန္တရာယ်ရှိ


ဟော်မုန်းပါသော သန္ဓေတားဆေးများကို အနည်းဆုံး ငါးနှစ်အထိ သုံးစွဲသော အမျိုးသမီးငယ်များတွင် ရှားပါးသည့် ဦးနှောက်အကျိတ် တစ်မျိုးဖြစ်လာနိုင်သည့် အန္တရာယ်ပိုများလာနိုင်ကြောင်း လေ့လာမှု အသစ်တစ်ခုက ဖော်ပြသည်။
သောက်ဆေးများ အပါအ၀င် ဟော်မုန်းပါသော တားဆေးများ တွင် အမျိုးသမီးလိင်ဟော်မုန်း များပါဝင်ပြီး ကမ္ဘာတစ်ဝန်း အမျိုး သမီးများစွာ အသုံးပြုနေကြသည်။ ဂလီယိုမာဟုခေါ်သော အကျိတ် နှင့် အခြားဦးနှောက်အကျိတ်များ ဖြစ်ပွားရခြင်း အကြောင်းရင်းများကို သိရှိမှု နည်းသော်လည်း အမျိုးသမီးလိင်ဟော်မုန်း များကြောင့် ကင်ဆာရောဂါ ပုံစံအချို့ ဖြစ်နိုင်သည့်အန္တရာယ်ပိုများလာနိုင် ကြာင်း အထောက်အထားအချို့ ရှိသည်။

ကိုယ်ဝန်ဆောင်သော အသက်အရွယ်ရှိသည့် အမျိုးသမီးများ တွင် ဟော်မုန်းပါသော သန္ဓေတားဆေးသုံးသူများ အပါအ၀င် လူတစ်သိန်းလျှင် ငါးဦးမှာ ဂလီယိုမာဟုခေါ်သော ဦးနှောက်အကျိတ် ရောဂါနှစ်စဉ်ဖြစ်ပွားမှုရှိကြောင်း စာရင်းဇယားများအရ သိရသည် ဟု ဒိန်းမတ်နိုင်ငံ အိုဒန်ဆီဆေးတက္ကသိုလ်မှ သုတေသီဒေးဗစ်ဂိတ်စ် က ပြောသည်။
အမျိုးသမီးများအတွက် အကောင်းဆုံး သန္ဓေတားနည်း ရွေး ချယ်ရာတွင် အထောက်အကူဖြစ်စေရန် သန္ဓေတားဆေးရေရှည် အသုံးပြုမှုကို ဆက်လက်လေ့လာစိစစ်ရန် အရေးကြီးကြောင်း သုတေသီများက ပြောသည်။
ယခုလေ့လာမှုတွင် အသက် (၁၅)နှစ်မှ (၄၉)နှစ်အထိ အ မျိုးသမီးများကို လေ့လာခဲ့ခြင်းဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၀၉ ခုနှစ်ကြား ဦးနှောက်အကျိတ်ဖြစ်ပေါ်မှုများကို စစ်ဆေးခဲ့သည်။
ယင်းကဲ့သို့ ဦးနှောက်အကျိတ်ဖြစ်ပေါ်သူ ၃၁၇ ဦးကို သုတေသီ များ စစ်ဆေးတွေ့ရှိခဲ့ပြီး အသက်အရွယ်တူသူများ၊ ဟော်မုန်းပါသော သန္ဓေတားဆေးသုံးသူများ စသည်ဖြင့် ခွဲခြား၍ နှိုင်းယှဉ်လေ့လာခဲ့ခြင်း ဖြစ်သည်။
ယခုလေ့လာမှုကို ဗြိတိန်ဂျာနယ် Clinical Pharmacology တွင် ဖော်ပြထားသည်။

Ref.7daynewsjournal


သင်္ကြန်တွင်း အရေးပေါ် သန္ဓေတားဆေးများ အရောင်းမြင့်


နှစ်သစ်ကူးကာလ သင်္ကြန်ရက်များတွင် အရေးပေါ် သန္ဓေတားဆေး များရောင်းအားသုံး၊လေးဆခန့်အထိမြင့်တက်ခဲ့ကြောင်းရန်ကုန်မြို့တော်  အတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။

"ပုံမှန် တစ်ရက်ကို ဆေးကတ် လေးကတ်လောက်ရောင်းရတယ်ဆိုရင် သင်္ကြန် ရက်အတွင်း ၁၆ ကတ်၊ ၁၈ ကတ်လောက်ရောင်းရတယ်" ဟု အနော် ရထာ လမ်းမပေါ်ရှိ ဆေးပစ္စည်းအရောင်း ဆိုင်တစ်ဆိုင်မှ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးကပြောကြားသည်။

"ဆေးလာဝယ်တာ အသက် ၂၀ ကျော်အရွယ်တွေအများဆုံးပဲ" ဟု အနော်ရထာလမ်းမကြီးနှင့် ၃၆ လမ်း အနီးရှိ ဆေးဆိုင်တစ်ဆိုင်မှ အမျိုး သား တစ်ဦးကဆိုသည်။ မြန်မာအမျိုးသမီးများ ရိုးရာ ယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ခြင်း မရှိတော့ဘဲ လူအများ အမြင် မသင့်လျော် သော ဝတ်စားဆင်ယင်ပုံပြောင်းလဲလာ ကြောင်း အမျိုးသမီးအချို့ကဆိုကြသည်။

"ဝတ်တာစားတာတွေ အရမ်းရိုင်း လာကြတယ်" ဟု သင်္ကြန်တွင်းမဏ္ဍပ် ၌ ရေကစားခဲ့သော အမျိုးသမီးတစ်ဦး က ပြောကြားသည်။ "အဝတ်အစား ကို ပေါင်ပဲပေါ်ပေါ်၊ ချက်ပဲပေါ်ပေါ် ဝတ်ချင်သလို ဝတ်ပါ စေ။ အဲလိုဝတ်တာက ပြဿနာမဟုတ် သေးဘူး။ အရက်တွေမူးပြီးတော့ အချစ် နယ်ကျွံတာ က မှ ပြဿနာ" ဟု ကမာရွတ် မြို့နယ် ရွာမကွေ့မှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက သုံးသပ်သည်။

အနောက်တိုင်းနှင့်ကိုရီးယား ရုပ်ရှင် များကြည့် ကာ မိမိနိုင်ငံယဉ်ကျေးမှုနှင့် မကိုက်ညီသော ယင်းနိုင်ငံများ၏ လူနေမှုပုံစံယဉ်ကျေးမှုများကို မြန်မာ လူငယ်များ၊ လူမျိုးများအတုခိုး၍ လုပ်ဆောင်လာကြခြင်း၊ သင်္ကြန်ရက် အတွင်း အရက်သေစာ၊ မူးယစ်ဆေးဝါး များ သုံးစွဲခြင်းများကြောင့် ယင်းသို့ မဖြစ်သင့်သော ပြဿနာရပ်များ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း အင်းစိန် မြို့နယ် သီရိစန္ဒာဆေးရုံမှ ဒေါက်တာ မြင့်ဦးက ပြောကြားသည်။

ယင်းသို့ အချစ်နယ်ကျွံကြသူများ တွင် ခေတ်ပညာတတ်သောအမျိုးသမီး များ မပါဝင်နိုင်ကြောင်း၊ ကာရာအိုကေ၊ ကေတီဗီအစရှိသော လုပ်ငန်းများမှ ထိတွေ့ဖူးသော အမျိုးသမီးများဖြစ်နိုင် ကြောင်း၊ သင်္ကြန်ရက်အတွင်းတွင် အဝတ်အစား ဝတ်ဆင်ကြရာ၌ ပုံမှန် ဝတ်ဆင်ခြင်းမျိုးမဟုတ်၍ လိင်ဖောက် ပြန် မှု ပြဿနာများကို ပိုမိုဖြစ်ပွားနိုင် ကြောင်း အထက်ပါပုဂ္ဂိုလ်က သုံးသပ်သည်။

"သင်္ကြန်ရက်ဆိုရင် မူးယစ်ဆေး ဝါးတွေသုံးစွဲ၊ အရက်တွေသောက်ပြီး တော့ ကချင်သလိုက၊ လုပ်ချင်သလို လုပ်ကြတာပဲ။ ရေပက်ထားလို့အေးတဲ့ အချိန်ဖြစ်တဲ့အတွက် ထိတွေ့မှုလည်း ပိုများတယ်။ အဲဒီလိုဆိုတော့ မဖြစ်သင့် တာတွေဖြစ်ကြတာပေါ့" ဟု ဆေးရုံ လုပ်သက် နှစ် ၄၀ ကျော်ရှိ ဒေါက်တာ မြင့်ဦးကရှင်းပြသည်။ "ဆရာတို့တုန်းကဆို မိန်းကလေး တွေ လက်ဖက်ရည် ဆိုင်တောင် မထိုင်ရဲ ကြဘူး။

အခုမိန်းကလေးတွေက ဘီယာ ဆိုင်တောင် ထိုင်နေကြပြီ" ဟု ၎င်းက ပြောကြားသည်။ ယင်းသို့မဆင်မခြင် လိင်ဆက်ဆံ မှုများကြောင့် AIDS ၊ အ သည်းရောင် အသားဝါဘီ၊ စီရောဂါများ၊ ကာလသား ရောဂါများ၊ အရေပြားရောဂါများ၊ သားအိမ်ခေါင်းကင်ဆာ စသည့် လိင်ဆက်ဆံမှုနှင့် ဆိုင်သော ရောဂါ များဖြစ်ပွားနိုင်ကြောင်း ဒေါက်တာမြင့်ဦးက ဆိုသည်။ "အန္တရာယ်အရှိဆုံးကတော့ HIV လို ကူးစက်ရောဂါဖြစ်မှာရယ်။ ကလေး စွန့်ပစ်တဲ့ပြဿ နာတွေ ပေါ် လာမှာရယ် တွေပါ" ဟု ဒေါက်တာမြင့်ဦးက နောက်ဆက်တွဲလူမှုရေးပြဿနာအချို့ကိုပါ သုံးသပ်ပြောဆိုသည်။

အရေးပေါ် သန္ဓေ တားဆေးများ ကို သုံးစွဲခြင်းကြောင့် ဘေးထွက် အာနိသင်များအနေဖြင့် သွေးဆင်းမမှန်ခြင်း၊ ဟောမုန်းကြောင့် ပျို့အန်မှုများ၊ အားအင်ကုန် ခန်းခြင်း ၊ ခေါင်းမူး ခေါင်း ကိုက်ခြင်း၊ ရင်သားများ နာကျင်ခြင်း၊ ဆီးစပ်နာကျင်ခြင်းများကိုဖြစ်စေ နိုင်ကြောင်း သားဖွားနှင့် မီးယပ် အထူးကု ဆရာဝန်တစ် ဦးဖြစ် သူ ဒေါက်တာဝင်းကို က ပြောကြားသည်။ "ဘယ်သူမှ အဲလိုမျိုးမဖြစ်စေချင် ဘူး။

အဲလိုဖြစ်နေတာကိုလည်း လက်မခံနိုင်ဘူး။ အဝတ်အစားဝတ်တာ စားတာက ခေတ်မီလာပေမယ့် သရုပ် ပျက်နေတာတော့ မကောင်းဘူး။ နောက်ပြီး သန္ဓေ တားဆေးအသုံးပြုတဲ့ လူငယ်တွေများလာရင် ထိန်းချုပ်ဖို့ အသိပညာပေးနိုင်ရမယ်" ဟု သမီးများ ၏ အမေတစ်ဦးဖြစ်သော အသက် ၄၅ နှစ်ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး က မှတ်ချက်ပြုပြောကြားသည်။

မြန်မာနိုင်ငံတွင် နယ်စပ်များမှ ဝင်လာသော အရေးပေါ်သန္ဓေတားဆေး များ တစ်နိုင်ငံလုံးတွင် ပျံ့နှံ့ လျက်ရှိပြီး ယင်းဆေးများကိုသုံးစွဲလျှင် ဆေးအာနိ သင်နည်းပါးကာ အန္တရာယ်များကြောင်း ဆရာဝန်များက သုံးသပ် သည်။မြန်မာနိုင်ငံတွင် လိင်ပိုင်း ဆိုင်ရာ များနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေးမှုအားနည်းလျက်ရှိပြီး လိင်ပိုင်းဆိုင်ရာဆက်ဆံမှု များ၏ နောက်ဆက် တွဲရော ဂါပြဿနာ များကို အသိပညာပေးမှု အားနည်းလျက်ရှိ ကြောင်း ဆရာဝန်များကဆိုသည်။ "နိုင်ငံတကာမှာဆိုရင် အသက် ၁၁ နှစ် အရွယ် ကလေးတွေကစလို့ စာ သင်ကျောင်းတွေမှာ ကျန်းမာရေး ပညာပေးတယ်။ မြန်မာနိုင်ငံမှာလည်း အလယ်တန်းအဆင့်လောက်ကနေ ကျန်းမာရေး ပညာပေးတာကို သင် ရိုး ညွှန်းတမ်းတွေမှာ ထည့်ပေးသင့်တယ်။ အဲဒါတွေကတော့ နိုင်ငံ့ခေါင်းဆောင် တွေမှာ တာဝန်ရှိတယ်" ဟု ဒေါက်တာ ဝင်းကိုက သုံးသပ်သည်။

Ref; The Voice Journal

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!