Popular Posts!

Friday, June 24, 2011

Free Moive Website-2!

Free Moive Website များ!

ရုပ်ရှင်ကားအသစ်တွေပါ free website ပေးထားပါတယ်၊ အမေရိက၊ဥရောပ၊တရုတ်၊ဟောင်ကောင်၊ထိုမ်ဝမ်၊ကိုးရီးယား၊ယိုးဒီးယား ကားတွေတော်တော်များကို free ပေးထားပါတယ်၊ မသိသေးတဲ့သူငယ်ချင်းတွေအတွက်ပါ---

www.azntv.com က member ၀င်ပြီးမှ ကြည်လို့ရပါတယ်၊

www.stagevu.com က English ကားတွေများပါတယ၊်

www.movie.fushion.com က သူ့ရဲ့ fushion video software သုံးမှ အဆင်ပြေတာကိုတွေ့ရတယ်၊

အောက်ပါ websie က iphone application တွေလဲ downloade လုပ်လို့ရပါတယ်၊
www က တရုတ်စာနှင့်ပဲ ၊ ဒါပေမဲ့  google chrome ကနေ  english လို translate လုပ်ပြီးကြည့်ရင် ပိုအဆင်ပြေပါတယ်၊ ဒီ  China website တွေကိုအကုန်လုံး downloade လုပ်စရာမလိုပါဘူး၊ video တွေ အတူတူတွေဘဲဖြစ်တာများပါတယ်၊ တခုလောက်ဘဲ downloade လုပ်ရင်ရပါပြီ၊ အားလုံး downloade လုပ်ရင်ရှုပ်ကုန်တာတွေ့ရတယ်၊ ဘယ်ဖြစ်လို့လဲဆိုတော့ သူ့ရဲ့ video format တွေကို သူ့ရဲ့ video media တွေနှင့်ဖွင့်ခိုင်းထားတာတွေ့ရတယ်၊ နားမလည်တဲ့သူတွေ အတွက်တော်တော် ဒုက္ခရောက်ပါတယ်၊ ဒါကြောင့် တခုလောက်ဘဲ downloade လုပ်ရင်ရပါပြီ၊

www.youku.com
www.pptv.com
www.letv.com
www.tudou.com

အရင်ဦးဆုံး သက်ဆိုင်ရာ www မှာ video media များကို အရင် downloade လုပ်ရပါမယ်၊ ဒါကvideo တွေကို downloade လုပ်ပြီးသိမ်းထားချင်တဲ့သူတွေအတွက်ပါ၊
ဥပမာ-pptv downloade,funshion downloade,

အားလုံးသတိထားရမှာက တခြားထူးခြားသော ကျော်ငြာတွေကို လျောက်မကြည့်မိဖို့ဘဲ၊ Virus တွေ ပါလာတတ်ပါတယ်။

ဒါက virus တွေရှိရင် Scaner လုပ်ဘို့ပါ---
http://www.removefakesoftware.com/Free-Scanner.php
konge

Wednesday, June 22, 2011

ပြည်ပတွင် သုံးလအထက်နေထိုင်ခဲ့သူများ သက်ဆိုင်ရာနိုင်ငံ၏ အနိမ့်ဆုံးလစာဆယ်ရာခိုင်နှုန်းကို အမြတ်ခွန်ပေးဆောင်ပြီးမှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမည်

ကျော်မြတ်ဇံ
ရန်ကုန်၊ ဇွန် ၁၈- ပြည်ပတွင် သုံးလ အထက်နေထိုင်ခဲ့သူများအနေဖြင့် သက် ဆိုင်ရာနိုင်ငံ၏ အနိမ့်ဆုံးလစာဆယ်ရာ ခိုင်နှုန်းကို အမြတ်ခွန်ပေးဆောင်မှ နိုင်ငံ ကူးလက်မှတ် သက်တမ်းတိုးပေးမည်ဖြစ် သည်ဟု နိုင်ငံကူးလက်မှတ်ရုံးမှဌာနခွဲမှူး ဦးစိုးထွန်းအောင်က ပြောသည်။
သုံးလအထက် နေထိုင်သော် လည်း ပညာသင်ကြားရေးသို့ ကျန်းမာရေး ကြောင့် ယင်းကဲ့သို့နေထိုင်ရကြောင်းကို သက်ဆိုင်ရာ မြန်မာသံရုံး၏ထောက်ခံချက် ရှိပါက အမြတ်ခွန်ပေးဆောင်ရန်မလိုဟု ယင်းက ထပ်မံပြောသည်။
''သုံးလအထက်ဆိုပေမယ့် ရက် ပိုင်းလောက်ကိုတော့ မဆိုလိုပါဘူး။ ကျွန် တော်တို့ မနလရုံးအနေနဲ့ နိုင်ငံသား တစ် ယောက်ဟာ ပြည်ပမှာ သုံးလအထက်နေ ရင် အလုပ်လုပ်နေတယ်လို့ ယူဆတယ်''ဟု ပြောသည်။
နိုင်ငံသားတစ်ဦးသည် ပြည်ပ တွင် သုံးလအထက်နေထိုင်ခဲ့ပါက သွား ရောက်ခဲ့သော ပြည်ပနိုင်ငံ၏ အနိမ့်ဆုံးလစာ ဆယ်ရာခိုင်နှုန်းကို သက်ဆိုင်ရာနိုင်ငံ၏ မြန်မာသံရုံးတွင်လည်းကောင်း၊ မြန်မာနိုင်ငံ ရှိ သက်ဆိုင်ရာအမြတ်ခွန်ရုံးများတွင်လည်း ကောင်း ပေးဆောင်ရမည်ဖြစ်ကာ မနလ သက်တမ်းတိုးရာတွင် ပြည်ပရှိမြန်မာသံရုံး တွင် အခွန်ဆောင်ပြီး ဖြစ်ကြောင်း အခွန် ပြေစာပါရမည်ဖြစ်သည်။
''အခွန်မဆောင်ချင်လို့ အကြောင်း အမျိုးမျိုးပြတဲ့သူတွေရှိတယ်။အလုပ်လုပ် တာ မဟုတ်ဘူး။ သားသမီး နေမကောင်း လို့၊ ကျန်းမာရေးမကောင်းလို့ နေရတာပါ လို့ မနလသက်တမ်းတိုးတဲ့အခါ ပြောပေ မယ့် ကျွန်တော်တို့အနေနဲ့က မမြင်ရတဲ့ အခြေအနေတစ်ခု ဖြစ်နေတယ်လေ။ အဲဒီ လိုဖြစ်လို့ သုံးလအထက် နေထိုင်ခဲ့တယ်ဆို တဲ့အကြောင်းကို ပြည်ပနိုင်ငံရဲ့သက်ဆိုင် ရာ မြန်မာသံရုံးက ဟုတ်မှန်ပါတယ်ဆိုတဲ့ အကြောင်း ထောက်ခံစာပါမှအခွန်မဆောင် ရမှာလေ။ ထောက်ခံစာမပါရင်တော့ အခွန် ဆောင်ရမှာပဲ''ဟု ယင်းက ထပ်လောင်းပြော သည်။
''ကျွန်တော့်တုန်းက စင်ကာပူ မှာ ကျန်းမာရေးအခြေအနေကြောင့် လေးလ ကျော်နေခဲ့ရတယ်။ ဒီရောက်တော့ မနလ သက်တမ်းတိုးမယ်လုပ်တဲ့အချိန်မှာ မကျန်းမာ လို့ သုံးလအထက် နေထိုင်ခဲ့တယ်ဆိုတဲ့ အကြောင်း စင်ကာပူနိုင်ငံက မြန်မာသံရုံးရဲ့ ထောက်ခံစာတောင်းတယ်။ မပြနိုင်ရင် အလုပ်လုပ်တယ်လို့ သတ်မှတ်တယ်။ မနလ သက်တမ်းတိုးဖို့ အမြတ်ခွန်ဆောင်ရမယ် ဆိုလို့ ဒီနိုင်ငံမှာပဲ ဆောင်လိုက်ရတယ်။ ဒီလိုဖြစ်ရင် သက်ဆိုင်ရာသံရုံးမှာ ထောက်ခံ စာတောင်းရမယ်မှန်း တကယ်မသိခဲ့ပါဘူး'' ဟု ပုဇွန်တောင်မြို့နယ်နေသူ ကိုကြည်ဝင်း က ပြောသည်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးတွင် နိုင်ငံကူးလက်မှတ်စတင်ပြုလုပ် ခြင်း၊ သက်တမ်းတိုးခြင်းနှင့်ဆိုင်သည့် ပြု လုပ်ရမည့်အချက်များကို အများပြည်သူ မြင်သာသောနေရာများတွင် ဖော်ပြပေး ထားသည်။
Ref:theyangontimes
အိမ်ခြံမြေ ရောင်း ၀ယ်ခွန်လျှော့ချပေးထားမှု သက်တမ်း ကုန်ဆုံးတော့မည်၊ ငွေကြေးစီးဆင်းမှု ကုန်ထုတ်လုပ်မှုတို့ကို ထိခိုက်သည်အထိ အိမ်ခြံမြေဈေးကွက် မလိုအပ်ဘဲ ကြီးထွားလာနေမှုကြောင့် အခွန်လျှော့ချပေးခြင်းကို သက်တမ်းမတိုးသင့်တော့ဟု လုပ်ငန်းရှင်များ သုံးသပ်
Sunday, 19 June 2011 13:26
AddThis Social Bookmark Button
6382
ရန်ကုန်မြို့မြေနီကုန်းလမ်းဆုံ အနီးတစ်နေရာကို တွေ့ရစဉ်
အိမ်ခြံမြေရောင်းဝယ်ရာတွင် ကျပ်သန်း ၅၀၀၀ နှင့်အထက်ဆိုပါ က အခွန် ၁၂ ရာခိုင်နှုန်း၊ ကျပ်သန်း ၅၀၀၀ အောက်ဆိုပါက အခွန် ၁၅ ရာခိုင်နှုန်းသာ ပေးဆောင်ရန်လျှော့ချ ပေးထားမှုမှာ လာမည့်သြဂုတ်လ ၁၂ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
၂၀၀၈ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသော အဆိုပါလျှော့ချထားသည့် အခွန်နှုန်းဖြင့် ပေးဆောင်ရန် သတ်မှတ်ထားမှုမှာ ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် သက်တမ်းတစ်ကြိမ် ကုန်ဆုံးခဲ့ပြီးနောက် တစ်နှစ်ထပ်မံ သက်တမ်းတိုးထားခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ တွင် ထပ်မံသက်တမ်းတိုးထားသည့် ကာလကုန်ဆုံးမည်ဖြစ်ကြောင်း သိ ရသည်။
“အိမ်ခြံမြေ ရောင်းဝယ်တဲ့အခါ ၀င်ငွေရလမ်းမပြနိုင်ရင် ကျပ်သန်း ၅၀၀၀ အထက်ဆို ၁၂ ရာခိုင်နှုန်း၊ ကျပ်သန်း ၅၀၀၀ အောက်ဆို ၁၅ ရာခိုင်နှုန်းနဲ့ပေးဆောင်ရတယ်။ အဲဒီ အထဲမှာ အခွန်တံဆိပ် ခေါင်းတန်ဖိုး ခုနစ်ရာခိုင်နှုန်းပါ ပါဝင်တဲ့အတွက် ၁၅ ရာခိုင်နှုန်း ကျသင့်တဲ့သူဆိုရင် တကယ်ပေးဆောင်ရတာက တံဆိပ် ခေါင်းတန်ဖိုး ခုနစ်ရာခိုင်နှုန်းနှုတ်ပြီး ရှစ်ရာခိုင်နှုန်းပဲ ပေးဆောင်ရတာပါ။ လာမယ့် သြဂုတ်လ ၁၂ ရက်နေ့ ဆိုရင် လျှော့ချပေးထားတဲ့နှုန်းနဲ့အခွန် ဆောင်ရတဲ့ သက်တမ်းက ပြည့်ပြီ”ဟု အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီတစ်ခု မှတာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ပါသည်။
သို့သော် ထိုသို့လျှော့ချပေးထားမှုကြောင့် အိမ်ခြံမြေဈေးကွက်ကို ကစားသည့် လုပ်ငန်းရှင်များ ပေါ်ထွက်လာပြီး မလိုအပ်ဘဲ အိမ်ခြံမြေ ဈေးများ ထိုးတက်လာခဲ့ရာ အခြားကုန်ထုတ်လုပ်ငန်းများ၊ ကုန်သွယ် လုပ်ငန်းများအပြင် ငွေကြေးစီးဆင်းမှု အပေါ်တွင်ပါ သက်ရောက်မှုရှိလာခဲ့ကြောင်း သိရသည်။
“အိမ်ခြံမြေဈေးကွက် တစ်ခုတည်းပဲ လုပ်စရာရှိတဲ့အလုပ်လို့ သတ်မှတ်ပြီး ၀ိုင်းလုပ်လာကြတာ တကယ်တော့ တခြားကဏ္ဍတွေကို ထိခိုက်စေတယ်။ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုတွေမှာ လုပ်ငန်းထပ်ချဲ့တဲ့ အခါမလိုအပ်ဘဲ မတန်တဆဈေးပေးပြီး လုပ်ကိုင်နေရတာမျိုးက ထိခိုက်တာပဲလေ။ ဒီထက်ဆိုးတာက ဒီဈေးကွက်ထဲမှာပဲ ငွေတွေသွားပြီးမြှုပ်နှံထားတဲ့အတွက် ငွေက ငွေသေတွေ ဖြစ်ကုန်တယ်။ အဲဒီအတွက်ငွေကြေး လည်ပတ်စီးဆင်းမှုကိုလည်း သက်ရောက်စေတယ်။ ကုန်ထုတ်လုပ်မှု ပိုင်းမှာမမြှုပ်နှံတဲ့အတွက် ကုန်ထုတ်လုပ်မှုပိုင်းလည်း သေနေတာပဲ။ ဘယ်လောက်ထိ အိမ်ခြံမြေဈေးကွက် ကြီးထွားလာသလဲဆိုရင် ကုန်ထုတ်လုပ်ငန်းထက် ပိုကိုက်တယ်ဆိုပြီး လုပ်ငန်းရှင်တော်တော်များများက ကုန်ထုတ်တာထက် အဲဒီဘက်ကို သွားမြှုပ်နှံလာတဲ့အထိ ဖြစ်နေတာလေ။ အဲဒီအတွက် အိမ်ခြံမြေရောင်းဝယ်ခွန် ဆိုင်ရာ အခွန်လျှော့ချပေးထားမှုကို သက်တမ်းထပ်မတိုးဘဲ အခွန်စနစ်နဲ့ ပြန်ထိန်းချုပ်ထားတဲ့ သဘောလုပ်သင့်တယ်”ဟု ကုန်ထုတ်လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့ပါသည်။
“Real Estate Sector ကို သေသွားအောင်လုပ်ဖို့ ပြောတာမဟုတ်ပါဘူး။ ဖြစ်သင့်တာပဲ ဖြစ်ဖို့လိုတယ် လို့ပြောတာပါ။ တစ်ဖက်နိုင်ငံလုပ်ငန်းရှင်တွေ နောက်ကွယ်က ပိုင်ဆိုင်လာတာတွေကိုလည်း အတိုင်းအတာ တစ်ခုထိ ထိန်းသိမ်းပြီးဖြစ်သွားအောင် ဒီအခွန်သက်တမ်းကို ထပ်မတိုးသင့်ဘူး။ ကျွန်တော်တို့သိနေ တာပဲ ပြည်တွင်းလုပ်ငန်းရှင်တွေ၊ ပရောဂျက်ကြီးတွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းရှင်တွေဆိုရင် ပြည်ပနိုင်ငံ က ဘဏ်တွေမှာ အတိုး သုံးရာခိုင်နှုန်းနဲ့ယူပြီး အလုပ်ထဲမှာလည်းထည့်ပြီး ကျန်တာကို အိမ်ခြံမြေမှာ အလုံး အရင်းနဲ့ဝင်ကစားတာ။ တရုတ်တိုင်ပေ ကနေလည်း အတိုးနှုန်း သုံး၊ လေး ရာခိုင်နှုန်းလောက်နဲ့ယူပြီး ၀င်ကစားတဲ့ သူရှိတာပဲ။ တချို့ဆို တစ်ဖက် နိုင်ငံကလုပ်ငန်းရှင်က သူ့နိုင်ငံဘဏ် ကချေးလို့ရတဲ့ငွေနဲ့ ပြည်တွင်းကလုပ်ငန်းရှင်ကို ချေးတယ်။ လုပ်ငန်းရှင်က ရန်ကုန်နဲ့မန္တလေး အိမ်ခြံမြေဈေးကွက်မှာ ၀င်မြှုပ်နှံလုပ်ကိုင်လာတာကို လည်း လုပ်ငန်းရှင်တွေကြားမှာ သိထားပြီးသားပါ။ ဒီတော့ လွန်ခဲ့တဲ့ ငါးနှစ်လောက်က မြေဈေးနဲ့ အခုဈေး ဘယ်နေရာပဲကြည့်ကြည့် သုံးဆကနေ ခုနစ်ဆအထိ ထပ်ပြီးမြင့်လာတာ ပေါ့။ ဒီတော့ တခြားကဏ္ဍတွေကိုပါ ထိခိုက်လာတယ်လေ”ဟု လေ့လာသူလုပ်ငန်းရှင်တစ်ဦးက သုံးသပ် ပြောကြားခဲ့ပါသည်။
“၀င်ငွေရလမ်း မပြနိုင်ရင်လို့ ဆိုတဲ့အတွက် ရလမ်းမပြနိုင်တဲ့ ငွေကြေးခ၀ါချချင်တဲ့သူတွေ အတွက် လည်း ဒါက အခွင့်ကောင်းကြီးလို ဖြစ်နေတာပေါ့။ တံဆိပ်ခေါင်းခွန် နှုတ်ပြီး ခုနစ်ရာခိုင်နှုန်း၊ ရှစ်ရာခိုင်နှုန်းပဲ ပေးဆောင်ရတော့ ၀င်ငွေ ရလမ်းမပြနိုင်တဲ့ ငွေကြေး အများအပြား ပိုင်ဆိုင်သူတွေပါ ပါဝင် ပတ်သက်ကုန်တာပေါ့။ ကျန်တဲ့ကဏ္ဍတွေကိုပါ ထိခိုက်လာတာမျိုး ကျတော့ ထိန်းချုပ် ထားသင့်ပါတယ်” ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးကလည်း သုံးသပ် ပြောကြားခဲ့ပါသည်။
ကုန်ထုတ်လုပ်ငန်း ကုန်သွယ်လုပ်ငန်းများတွင် အရင်းအနှီးများ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် အိမ်ခြံမြေ ရောင်းဝယ်ခွန်ဆိုင်ရာ အခွန်နှုန်း လျှော့ချပေးထားမှုအား ထပ်မံသက် တမ်းတိုးခြင်းမပြုသင့်ကြောင်း ကုန်ထုတ်လုပ်ငန်းရှင်များက သုံးသပ် ခဲ့ကြပါသည်။
“Production ဘက်မှာ အရင်းအနှီးလုပ်မလား အိမ်ခြံမြေထဲ ၀င်မလားမေးရင် လုပ်ငန်းရှင် တော်တော်များက အိမ်ခြံမြေထဲ သွားထည့်ထားကြတယ်။ ဒီတော့ Production ဘက် မှာ အရင်းအနှီး နည်းကုန်တယ်။ ဒီလို အိမ်ခြံမြေ၊ ကားဈေးတွေမလိုအပ်ဘဲ မြင့်နေတဲ့အတွက် လုပ်ငန်းချဲ့ထွင် နိုင်စွမ်းအားကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့်လျှော့ချပေးတဲ့ သက်တမ်းကို မတိုးတော့ဘူးဆိုရင် ကြိုဆိုပါတယ်”ဟု ကုန်ထုတ်လုပ်ငန်း ရှင်ကြီးတစ်ဦးက ဆိုသည်။
“အခုလို အခွန်ဥပဒေတွေ ပြင်ဆင်ပြဋ္ဌာန်းဖို့ လုပ်နေချိန်မှာ ဒီလို အိမ်ခြံမြေဆိုင်ရာ ရောင်းဝယ်ခွန်လျှော့ချ ပေးထားမှုမျိုးကို သက်တမ်းထပ် မတိုးသင့်တော့ဘူး။ အခွန်နဲ့ထိန်းဖို့ လိုသလို ရာဖြတ်အဖွဲ့တွေကလည်း အိမ်တန်ဖိုးကို တိတိကျကျတွက်ချက်ပြီး ဖြတ်သင့်ပါတယ်”ဟု လုပ်ငန်းရှင် တစ်ဦးကလည်း ပြောကြားခဲ့သည်။
Ref;weeklyelevennews

Tuesday, June 21, 2011

အွန်လိုင်း ၀န်ဆောင်မှုများကို တိုက်ခိုက်သော DDoS Attack များကြောင့် အွန်လိုင်းလုံခြုံရေးကို အလေးထား လုပ်ဆောင်လာကြ

ကွန်ပျူတာကွန်ရက်နှင့် အွန်လိုင်းဝန်ဆောင်မှုတို့ကို တိုက်ခိုက်သော DDoS Attack များအပေါ် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများသာမက ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများ အနေဖြင့်လည်း အွန်လိုင်း လုံခြုံရေးအတွက် အလေးထား လုပ်ဆောင်လာကြကြောင်း သိရှိရသည်။

DDoS တိုက်ခိုက်မှုမှာ ကွန်ရက်ကို ထောက်ပံ့မှုပေးနေသော ဆာဗာနှင့် အဆက်မပြတ် ဖြတ်သန်းနေသော Backbone တို့ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ဆာဗာ ၏ CPU, Memory, Storage နှင့် Network Bandwidth  များကိုပစ်မှတ်ထားတိုက်ခိုက်ပြီး ပုံမှန်မဟုတ်သော လည်ပတ်မှုများကြောင့် ကွန်ရက်တစ်ခုလုံး နှေးကွေးလေးလံနိုင်ကြောင်း သိရသည်။

“သတင်းအချက်အလက် လုံခြုံရေးဆိုတာ တစ်ဦးတစ်ယောက်ချင်းစီကစလို့ အဖွဲ့အစည်း၊ ကွန်ရက်၊ နိုင်ငံအဆင့်ထိ ဂရုတစိုက်ထား ရမယ့်အချက်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကစလို့ တန်ဖိုးမဖြတ်နိုင်တဲ့ သတင်းအချက်အလက်တွေရဲ့လုံခြုံစိတ်ချရေးကို ထည့်သွင်း စဉ်းစားထားရပါမယ်။ အခွင့်မရှိဘဲ၊ မသက်ဆိုင်ဘဲ သတင်း အချက်အလက်တွေကို ဖောက်ဝင်ရယူဖို့ ကြိုးစားတာတွေ၊ ကွန်ရက်ကိုဝင်ပြီး အနှောင့်အယှက် ပေးတာတွေဟာ သတင်းအချက်အလက် လုံခြုံရေးအတွက် အရင်ဦးဆုံး ကာကွယ်ထားရမယ့် အချက်တွေဖြစ်ပါတယ်။ အသုံးပြုမှု တွင်ကျယ်လာလေ၊ ပိုပြီးကာကွယ်စောင့်ရှောက် ရလေ၊ ဂရုစိုက်ရလေ၊ ပိုပြင်ဆင်ရ လေပါပဲ”ဟု မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းမှ ဦးအောင်ဇော်မြင့် ကပြောကြားခဲ့သည်။

“နောက်ပိုင်းမှာ နိုင်ငံတစ်နိုင်ငံကိုပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုကိုပဲ ဖြစ်ဖြစ် ထိုးနှက်တိုက်ခိုက်ချင်ရင် ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ပြုလုပ်လာနိုင်ပါတယ်။ ကွန်ပျူတာစနစ် တွေနဲ့ အင်တာနက် အသုံးပြုမှုတွေက နယ်ပယ်တိုင်းနဲ့ မကင်းဘူးဆိုတော့ ဒါချို့ယွင်းသွားတာနဲ့ လုပ်ငန်းရဲ့ ၀န်ဆောင်မှုတွေလည်း ရပ်ဆိုင်းသွားမှာပါပဲ။ ပြည်တွင်းက ၀က်ဘ်ဆိုက်တွေ ဆိုရင်လည်း ၀င်ကြည့်လို့ မရတော့တာတွေ၊ ပြုတ်ကျသွားတာတွေနဲ့ မကြာခဏရင်ဆိုင်လာရပါပြီ။ လက် ရှိမှာ တချို့လုပ်ငန်းတွေအနေနဲ့ တိုက်ရိုက်မထိခိုက်သေးပေမယ့် အွန်လိုင်း ကို အမှီပြုရတဲ့ လုပ်ငန်းတွေကတော့ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ အွန်လိုင်းဘဏ် စနစ်တွေ ဖြစ်လာရင်လည်း ဆိုက်ဘာလုံခြုံရေးကိစ္စက ပေါ့ပေါ့တန်တန် သဘောထားလို့ မရပါဘူး။ ပြည် တွင်းမှာရော ပြည်ပမှာပါ စောင့်ကြည့်နေတဲ့ ဟက်ကာတွေ ရှိနေပါတယ်”ဟု ကွန်ပျူတာပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ၀က်ဘ်ဆိုက် အနေနဲ့ ၂၀၁၀ ထဲမှာ တိုက်ခိုက်မှု နှစ်ကြိမ်လောက် ကြုံခဲ့ရပါတယ်။ ပထမတစ်ခါကြုံတုန်းက ဖြေရှင်း တာ ၁၅ မိနစ်လောက်ကြာပြီးနောက် တစ်ခါကျတော့ ပြန်ပြင်ရတာ နှစ်ရက်လောက် ကြာသွားပါတယ်။ သူတို့လုပ်နေတာက ဆိုက်ဘာစစ်ပွဲပုံစံမျိုးပါ။ အခုလိုအွန်လိုင်း တိုက်ခိုက်မှုတွေက နိုင်ငံရေးနဲ့လည်း တော်တော်ဆိုင်ပါတယ်” ဟု ပြည်တွင်းရှိအွန်လိုင်း ဈေးဝယ်ဝက်ဘ်ဆိုက် တစ်ခုမှတာဝန်ရှိသူက ပြောကြားခဲ့သည်။

သတင်းအချက်အလက် ကွန်ရက်လုံခြုံရေးအတွက် စီမံရန်အချက်လေးချက်ရှိပြီး ၎င်းတို့မှာ Plan, Implement, Test/ Improve နှင့် Monitoring/ Recover တို့ ဖြစ်ကြောင်း သိရသည်။

ကြိုတင်စီမံထားရမည့်အပိုင်းတွင် ဒီဇိုင်း၊ access management များ၊ အသုံးပြုမည့် ဟာ့ဒ်ဝဲ၊ ဆော့ဖ် ၀ဲပိုင်းဆိုင်ရာများပါဝင်ကြောင်းသိရ သည်။ ထို့ပြင် ကွန်ပျူတာစနစ်နှင့် ကွန်ရက်ကို သတင်းအချက်အလက် လုံခြုံရေးအတွက် ထည့်သွင်းစဉ်းစား၍ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်းလည်း သိရသည်။ မိမိသတ် မှတ်ထားသော လုံခြုံရေးဆိုင်ရာ တည်ဆောက်မှုနှင့် အစီအမံများကို ပြန်လည်စစ်ဆေးခြင်း၊ ဟာကွက်ရှိပါက ဖြည့်စွက်ခြင်းနှင့် ခေတ်နှင့်အညီ လိုက်လျောညီထွေဖြစ်စေရန် အဆင့်မြှင့်တင်ခြင်းများလည်း ပြုလုပ်ရမည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ကွန်ရက်ကို အမြဲမပြတ်စောင့်ကြည့်ခြင်း၊ ပုံမှန်မဟုတ်သော အခြေအနေများအား ဂရုပြုခြင်း၊ တစုံတရာချို့ယွင်းခဲ့ပါက အချိန်မီ ပြင်ဆင်ရန်နှင့် တုံ့ပြန်ဆောင်ရွက်ရန် နည်းလမ်းများကို ကြိုတင်ပြင်ဆင် ထားခြင်းများမှာလည်း အရေးပါကြောင်း ကျွမ်းကျင်ပညာရှင်များ၏ ပြောပြချက်အရ သိရှိရပါသည်။

လတ်တလောကာလ၌ပင် ဟိုတယ်လုပ်ငန်းဆိုင်ရာ၊ အွန်လိုင်း ဈေးဝယ်ခြင်းဆိုင်ရာ၊ အစိုးရ၀န်ကြီး ဌာနဆိုင်ရာ ၀က်ဘ်ဆိုက်အချို့မှာ အွန်လိုင်းတိုက်ခိုက်မှုများကို ရင်ဆိုင် ကြုံတွေ့နေကြရကြောင်း သိရှိရသည်။

တိုက်ခိုက်မှုများတွင် ၀က်ဘ်ဆိုက်ကို မကြည့်ရှုနိုင်အောင် ပြုလုပ်ခြင်း အပြင် ၀က်ဘ်ဆိုက်၏ ပင်မစာမျက်နှာ အားပြောင်းလဲခြင်း၊ အချက်အလက်များ ရယူခြင်း၊ အီးမေးလ် password  များ ကို ထိန်းချုပ်ခြင်း စသည်တို့ကိုလည်း ပြုလုပ်ကြကြောင်း သိရသည်။
Ref;weeklyelevennews

အွန်လိုင်း ၀န်ဆောင်မှုများကို တိုက်ခိုက်သော DDoS Attack များကြောင့် အွန်လိုင်းလုံခြုံရေးကို အလေးထား လုပ်ဆောင်လာကြ

ကွန်ပျူတာကွန်ရက်နှင့် အွန်လိုင်းဝန်ဆောင်မှုတို့ကို တိုက်ခိုက်သော DDoS Attack များအပေါ် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများသာမက ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများ အနေဖြင့်လည်း အွန်လိုင်း လုံခြုံရေးအတွက် အလေးထား လုပ်ဆောင်လာကြကြောင်း သိရှိရသည်။

DDoS တိုက်ခိုက်မှုမှာ ကွန်ရက်ကို ထောက်ပံ့မှုပေးနေသော ဆာဗာနှင့် အဆက်မပြတ် ဖြတ်သန်းနေသော Backbone တို့ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ဆာဗာ ၏ CPU, Memory, Storage နှင့် Network Bandwidth  များကိုပစ်မှတ်ထားတိုက်ခိုက်ပြီး ပုံမှန်မဟုတ်သော လည်ပတ်မှုများကြောင့် ကွန်ရက်တစ်ခုလုံး နှေးကွေးလေးလံနိုင်ကြောင်း သိရသည်။

“သတင်းအချက်အလက် လုံခြုံရေးဆိုတာ တစ်ဦးတစ်ယောက်ချင်းစီကစလို့ အဖွဲ့အစည်း၊ ကွန်ရက်၊ နိုင်ငံအဆင့်ထိ ဂရုတစိုက်ထား ရမယ့်အချက်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကစလို့ တန်ဖိုးမဖြတ်နိုင်တဲ့ သတင်းအချက်အလက်တွေရဲ့လုံခြုံစိတ်ချရေးကို ထည့်သွင်း စဉ်းစားထားရပါမယ်။ အခွင့်မရှိဘဲ၊ မသက်ဆိုင်ဘဲ သတင်း အချက်အလက်တွေကို ဖောက်ဝင်ရယူဖို့ ကြိုးစားတာတွေ၊ ကွန်ရက်ကိုဝင်ပြီး အနှောင့်အယှက် ပေးတာတွေဟာ သတင်းအချက်အလက် လုံခြုံရေးအတွက် အရင်ဦးဆုံး ကာကွယ်ထားရမယ့် အချက်တွေဖြစ်ပါတယ်။ အသုံးပြုမှု တွင်ကျယ်လာလေ၊ ပိုပြီးကာကွယ်စောင့်ရှောက် ရလေ၊ ဂရုစိုက်ရလေ၊ ပိုပြင်ဆင်ရ လေပါပဲ”ဟု မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းမှ ဦးအောင်ဇော်မြင့် ကပြောကြားခဲ့သည်။

“နောက်ပိုင်းမှာ နိုင်ငံတစ်နိုင်ငံကိုပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုကိုပဲ ဖြစ်ဖြစ် ထိုးနှက်တိုက်ခိုက်ချင်ရင် ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ပြုလုပ်လာနိုင်ပါတယ်။ ကွန်ပျူတာစနစ် တွေနဲ့ အင်တာနက် အသုံးပြုမှုတွေက နယ်ပယ်တိုင်းနဲ့ မကင်းဘူးဆိုတော့ ဒါချို့ယွင်းသွားတာနဲ့ လုပ်ငန်းရဲ့ ၀န်ဆောင်မှုတွေလည်း ရပ်ဆိုင်းသွားမှာပါပဲ။ ပြည်တွင်းက ၀က်ဘ်ဆိုက်တွေ ဆိုရင်လည်း ၀င်ကြည့်လို့ မရတော့တာတွေ၊ ပြုတ်ကျသွားတာတွေနဲ့ မကြာခဏရင်ဆိုင်လာရပါပြီ။ လက် ရှိမှာ တချို့လုပ်ငန်းတွေအနေနဲ့ တိုက်ရိုက်မထိခိုက်သေးပေမယ့် အွန်လိုင်း ကို အမှီပြုရတဲ့ လုပ်ငန်းတွေကတော့ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ အွန်လိုင်းဘဏ် စနစ်တွေ ဖြစ်လာရင်လည်း ဆိုက်ဘာလုံခြုံရေးကိစ္စက ပေါ့ပေါ့တန်တန် သဘောထားလို့ မရပါဘူး။ ပြည် တွင်းမှာရော ပြည်ပမှာပါ စောင့်ကြည့်နေတဲ့ ဟက်ကာတွေ ရှိနေပါတယ်”ဟု ကွန်ပျူတာပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ၀က်ဘ်ဆိုက် အနေနဲ့ ၂၀၁၀ ထဲမှာ တိုက်ခိုက်မှု နှစ်ကြိမ်လောက် ကြုံခဲ့ရပါတယ်။ ပထမတစ်ခါကြုံတုန်းက ဖြေရှင်း တာ ၁၅ မိနစ်လောက်ကြာပြီးနောက် တစ်ခါကျတော့ ပြန်ပြင်ရတာ နှစ်ရက်လောက် ကြာသွားပါတယ်။ သူတို့လုပ်နေတာက ဆိုက်ဘာစစ်ပွဲပုံစံမျိုးပါ။ အခုလိုအွန်လိုင်း တိုက်ခိုက်မှုတွေက နိုင်ငံရေးနဲ့လည်း တော်တော်ဆိုင်ပါတယ်” ဟု ပြည်တွင်းရှိအွန်လိုင်း ဈေးဝယ်ဝက်ဘ်ဆိုက် တစ်ခုမှတာဝန်ရှိသူက ပြောကြားခဲ့သည်။

သတင်းအချက်အလက် ကွန်ရက်လုံခြုံရေးအတွက် စီမံရန်အချက်လေးချက်ရှိပြီး ၎င်းတို့မှာ Plan, Implement, Test/ Improve နှင့် Monitoring/ Recover တို့ ဖြစ်ကြောင်း သိရသည်။

ကြိုတင်စီမံထားရမည့်အပိုင်းတွင် ဒီဇိုင်း၊ access management များ၊ အသုံးပြုမည့် ဟာ့ဒ်ဝဲ၊ ဆော့ဖ် ၀ဲပိုင်းဆိုင်ရာများပါဝင်ကြောင်းသိရ သည်။ ထို့ပြင် ကွန်ပျူတာစနစ်နှင့် ကွန်ရက်ကို သတင်းအချက်အလက် လုံခြုံရေးအတွက် ထည့်သွင်းစဉ်းစား၍ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်းလည်း သိရသည်။ မိမိသတ် မှတ်ထားသော လုံခြုံရေးဆိုင်ရာ တည်ဆောက်မှုနှင့် အစီအမံများကို ပြန်လည်စစ်ဆေးခြင်း၊ ဟာကွက်ရှိပါက ဖြည့်စွက်ခြင်းနှင့် ခေတ်နှင့်အညီ လိုက်လျောညီထွေဖြစ်စေရန် အဆင့်မြှင့်တင်ခြင်းများလည်း ပြုလုပ်ရမည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ကွန်ရက်ကို အမြဲမပြတ်စောင့်ကြည့်ခြင်း၊ ပုံမှန်မဟုတ်သော အခြေအနေများအား ဂရုပြုခြင်း၊ တစုံတရာချို့ယွင်းခဲ့ပါက အချိန်မီ ပြင်ဆင်ရန်နှင့် တုံ့ပြန်ဆောင်ရွက်ရန် နည်းလမ်းများကို ကြိုတင်ပြင်ဆင် ထားခြင်းများမှာလည်း အရေးပါကြောင်း ကျွမ်းကျင်ပညာရှင်များ၏ ပြောပြချက်အရ သိရှိရပါသည်။

လတ်တလောကာလ၌ပင် ဟိုတယ်လုပ်ငန်းဆိုင်ရာ၊ အွန်လိုင်း ဈေးဝယ်ခြင်းဆိုင်ရာ၊ အစိုးရ၀န်ကြီး ဌာနဆိုင်ရာ ၀က်ဘ်ဆိုက်အချို့မှာ အွန်လိုင်းတိုက်ခိုက်မှုများကို ရင်ဆိုင် ကြုံတွေ့နေကြရကြောင်း သိရှိရသည်။

တိုက်ခိုက်မှုများတွင် ၀က်ဘ်ဆိုက်ကို မကြည့်ရှုနိုင်အောင် ပြုလုပ်ခြင်း အပြင် ၀က်ဘ်ဆိုက်၏ ပင်မစာမျက်နှာ အားပြောင်းလဲခြင်း၊ အချက်အလက်များ ရယူခြင်း၊ အီးမေးလ် password  များ ကို ထိန်းချုပ်ခြင်း စသည်တို့ကိုလည်း ပြုလုပ်ကြကြောင်း သိရသည်။
Ref;weeklyelevennews

Miss S'pore World contestants revealed


Miss S'pore World contestants revealed


Miss Singapore World 2011 hopefuls met their judging panel on Saturday.
Some of the questions they were asked? What are your views on infanticide in India? Are you for or against plastic surgery?
It was made harder as some had to answer them while facing the judges togged only in their bikinis.
Ref:Mypapernews

နွားဦးနှောက်၊ ဆိတ်ဦးနှောက် စားသုံးမှုကို သတိပြုသင့်

နွားဦးနှောက်၊ ဆိတ်ဦးနှောက် စားသုံးမှုကို သတိပြုသင့်
Saturday, 18 June 2011 05:18 | 

နွားဦးနှောက်၊ ဆိတ်ဦးနှောက် အစရှိသော တိရစ္ဆာန်ဦးနှောက်များကို အသေအချာ ကျက်အောင် မချက်ဘဲ စားသုံးခြင်းသည် အန္တရာယ်ရှိကြောင်း အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) က မေလ ၂၃ရက်နေ့တွင် ပြောကြား ခဲ့သည်။

၎င်းတို့မှနေ၍ အလွန်ရှားပါးပြီး ပြင်းထန် သည့် Prion Diseases ဟုခေါ်သော ရောဂါတစ်ရပ်ကို ဖြစ်ပွားစေနိုင်သည်ဟု ဆိုသည်။ Prion Diseases ၌ Creutzfeldt Jakob Diseases၊ နာတာရှည် ကြွက်သားချည့်နဲ့သော ရောဂါ၊ Bovine Sponginform encephalopathy (ဦးနှောက်ရောင် ရောဂါ တစ်မျိုး) တို့ပါဝင်ပြီး နွားရူးရောဂါဟု လူသိများသည်။

၎င်းအပြင် ယခုနောက်ဆုံးတွေ့ရှိချက်အရတောတွင်းသမင်၏ အသားကို စားခြင်းသည် လည်း လူကို ကူးစက်စေနိုင်ကြောင်း တွေ့ရှိရသည်။ Prion Diseases သည် လူ၌ဖြစ်ပွားမှု နည်းပါးသော်လည်း ရောဂါဖြစ်ပွားပါက အသက်သေဆုံးနိုင်ခြေ လွန်စွာများပြားသည်ဟု ဆိုသည်။

အဆိုပါ နွားရူးရောဂါသည် ကမ္ဘာ့နေရာအနှံ့အပြားသို့ ပျံ့နှံ့လျက်ရှိပြီး များသောအားဖြင့် ဗြိတိန်၊ အိုင်ယာလန်၊ ပြင်သစ်၊ ပေါ်တူဂီ၊ ဆွစ်ဇာလန်၊ အီတလီ၊ နယ်သာလန်၊ ဂျာမနီနှင့် စပိန်နိုင်ငံတို့တွင် တွေ့ရသည်ဟု ဆိုသည်။ အမေရိကန်ပြည်ထောင်စုတွင် ကော်လိုရာဒို ပြည်နယ် အရှေ့မြောက်ပိုင်း၊ ဝိုမင်းပြည်နယ် အရှေ့တောင်ပိုင်းနှင့် နီဘရာစကားပြည်နယ် အနောက်တောင်ပိုင်း တို့တွင် သမင်နှင့် ဒရယ်တို့ကို အမဲလိုက်ကာ စားသုံးသည့် အလေ့ အထ ရှိသောကြောင့် နာတာရှည်ကြွက်သားချည့်နဲ့သည့် ရောဂါ အတွေ့ရများသည်ဟု ဆိုသည်။

Prion Diseases ကို ဖြစ်ပွားစေသော ရောဂါပိုးသည် တော်ရုံအပူချိန်ဖြင့် မသေနိုင်သော ကြောင့် တိရစ္ဆာန်ဦးနှောက်များကို မကျက်တကျက် စားသုံးခြင်းသည် လွန်စွာ အန္တရာယ် များသည်ဟု ဆိုသည်။ ရောဂါလက္ခဏာမှာလည်း ချက်ချင်းမပြဘဲ အဆိုပါ ပိုးမွှား၏ ဗီဇကို ဖော်ထုတ်နိုင်ခြင်း မရှိသေး၍ ကာကွယ်ဆေးလည်း မရှိသေးကြောင်း သိရသည်။

Ref : Good Health-myanmarnewszone


- Posted using BlogPress from my 4GiPhone

Saturday, June 18, 2011

၂၀၁၃ ခုနှစ်တွင် နေ၏ စွမ်းအင်ဆိုင်ရာ ပေါက်ကွဲမှုများကြောင့် ကမ္ဘာကြီးကို ချိနဲ့စေတော့မည်ဟု သိပ္ပံပညာရှင်များက အတည်ပြု




လာမည့် ၃ နှစ်အတွင်း နေမှ ကြီးမားလှသော စွမ်းအင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကမ္ဘာကြီးတစ်ခုလုံး ချိနဲ့ထိခိုက် ဆုံးရှုံးမှုများ ဖြစ်လာမည်ဟု မနေ့က သိပ္ပံပညာရှင်များက တရားဝင် ပြောကြားလိုက်ပြီ ဖြစ်ကြောင်း ဆန်းသတင်းစာအရ သိရသည်။

သိပ္ပံပညာရှင်များ စိုးရိမ်နေသည်မှာ ကြီးမားလှသော နေ၏ ဆိုလာ အ၀န်းအ၀ိုင်းကြီးသည် ၂၀၁၃ ခုနှစ်၌ ပျံကား ထွက်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို အဆုံးတိုင် ၀ရုန်းသုန်းကား ဖြစ်မှုများကို ပေါ်ပေါက်စေမည်ဟု ကြိုတင် ခန့်မှန်း ရခြင်းကြောင့် ဖြစ်သည်။ ရာစုနှစ် တစ်ခုအတွင်း ပေါ်ပေါက်ခဲလှသော သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်ပြီး စွမ်းအား ကြီးမားလှသော အာကာသ အတွင်းမှ ကျောက် အပိုင်းအပြတ်များ တစ်စစီ ကြွေမွ လွင့်ပျံလာခြင်းက ဂြိုလ်တု ဆက်သွယ်ရေး စနစ်များကို ထိခိုက် ပျက်စီးစေပြီး ကမ္ဘာမြေပြင် တစ်ခုလုံးကိုလည်း ပြောင်သလင်း ခါသွားလောက်သည်အထိ ထိခိုက်မှုများ ဖြစ်စေမည့် အပြင် အကျိုးဆက်အဖြစ် အစာရေစာများ ရှာပါးလာပြီး အင်တာနက် ဆက်သွယ်ရေးများသည်လည်း လုံးဝ ပြတ်တောက်သွားမည် ဖြစ်သည်။



လူနေအိမ်များနှင့် ဆက်စပ်ပြီး အိမ်သုံး ရေခဲ သတ္တာများနှင့် ကားများမှာ ထိခိုက်မှု အများဆုံး ဖြစ်လာနိုင်သည်။ ယခု ဖြစ်ပေါ်လာဖွယ် ရှိသည့် သဘာဝ ဘေးအန္တရာယ် ဆိုးကြီးမှာ ၁၈၅၉ ခုနှစ်က တစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးသည့် သဘောဝ ဘေးအန္တရာယ်ကြီးနှင့် ထပ်တူညီ ပုံစံမျိုး ဖြစ်လာမည်ဟု သုံးသပ်နေကြသည်။ ထိုစဉ်က မီးခိုးကြွက်လျောက် ပျက်စီးဆုံးရှုံးမှု အဖြစ် ဥရောပ နှင့် အမေရိကတို့ ဆက်သွယ်ထားသော တယ်လီဂရပ် ၀ါယာများမှ တဆင့် နီးစပ်ရာ ပတ်ဝန်းကျင်များကို လောင်ကျွမ်းပျက်စီး စေခဲ့ခြင်း ဖြစ်သည်။

အလားတူ သဘာဝ ဘေးအန္တရာယ် ကျရောက်မှု အဖြစ် ၂၀၁၂ ကမ္ဘာပျက်မည့်နေ့ ဟု အမည်ရသော ဟောလီးဝုဒ်၏ ဇာတ်ကားများထဲမှ မြင်ကွင်းများ ကဲ့သို့ပင် ကြုံတွေ့ရဖွယ် ရှိနေပြီး ကာကွယ်ရေးဌါန အတွင်းရေးမှူး Liam Fox က လန်ဒန်တွင် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးတစ်ရပ် မနေ့က ခေါ်ယူခဲ့သည်။

ဒေါက်တာ ဖေါက်စ်ကလည်း ၁၈၅၉ ခုနှစ်က ပေါက်ကွဲမှုများ၏ ဖြစ်စဉ်အတိုင်း ပြန်လည် ဖြစ်ပေါ်လာမည်ဟု အတည်ပြု ပြောကြား ခဲ့သည်။ ၄င်းက သိပ္ပံပညာရှင်များနှင့် စည်းဝေးပြီး ထပ်မံ ပေါ်ပေါက်လာဖွယ် ရှိသည့် သဘာဝ ဘေးအန္တရာယ်ကို ရင်ဆိုင် ဖြေရှင်းရန် မဟာဗျူဟာများကို စီမံကိန်းများအဖြစ် စတင် တည်ဆောက်မည် ဖြစ်သည်။



၎င်းက ပြောကြားခဲ့ရာတွင် "လျပ်စစ် လုံခြုံရေးကောင်စီ အနေဖြင့် ယခုအစီအစဉ်တွင် မဖြစ်မနေပါဝင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး နေသည် သူ၏ စွမ်းအင် အမြင့်မားဆုံးအဖြစ် ၂၀၁၃ ခုနှစ်တွင် အပြင်းထန်ဆုံးသော အခြေအနေ ရောက်လာမည်ဖြစ်ပြီး ထိုအခြေအနေက သံလိုက်စွမ်းအင်များက အဆပေါင်းများစွာ ထိုးတက်လာပြီး လေထုအတွင်းတွင် ဓါတ်ရောင်ခြည် မုန်တိုင်းများ အဆက်မပြတ်ပေါ်ပေါက် လာမည်ဖြစ်ကာ ထိုမုန်တိုင်းများက အဆမတန်ကြီးမားသည့် လျပ်စစ် စွမ်းအားများ ထွက်ပေါ်လာမည် ဟုဆိုခဲ့သလို နှစ်ပေါင်းတစ်ရာအတွင်း မကြုံဖူးလောက်သော အာကာသ ဆိုင်ရာ ထူးခြားမှုများ ကြုံတွေ့ရမည်" ဟု ဆိုသည်။

ကမ္ဘာမြေပေါ်တွင် ၁၈၅၉ ခုနှစ်က အကြီးမားဆုံး စွမ်းအင် ပေါက်ကွဲမှုအဖြစ် ကြုံတွေ့ခဲ့ဖူးပြီး ထိုစဉ်က ကမ္ဘာ၏ သုံးပုံနှစ်ပုံမှာ ကောင်းကင် တစ်ခုလုံးတွင် သွေးရောင် ကဲ့သို့ ချင်းချင်း နီသော မိုးသောက်ရောင်ခြည်များကို ဖုံးလွှမ်းခြင်း ခံခဲ့ရသည်။ အလားတူ ဖြစ်ရပ်မျိုး ယခုထပ်မံ ကြုံတွေ့ရမည် ဖြစ်ပြီး တိမ်တိုက်များမှာ မုန်တိုင်းများ ဖြစ်ပေါ်ရန် အတွက် အဓိက အားဖြည့် လောင်စာများ ဖြစ်လာမည် ဖြစ်သလို ၄င်းမုန်တိုင်းများ၏ အတိုက်ခိုက် အခံရဆုံးမှာ လန်ဒန်၊ ပဲရစ်စ် နှင့် နယူးယောက်တို့ ဖြစ်လာမည် ဟုလည်း သုံးသပ်နေကြသည်။ ယခုတစ်ကြိမ် ပေါ်ပေါက်လာမည့် စွမ်းအင် ပျံ့ကားမှုနှင့် အလားတူစွာ ၁၉၈၉ ခုနှစ်က အလွန် သေးငယ်သော စွမ်းအင် ပေါက်ကွဲမှုတစ်ခု ကနေဒါ နိုင်ငံရှိ Quebec လျပ်စစ် ဓါတ်အားရုံ အနီးတွင် ပေါ်ပေါက် ခဲ့ဖူးသည်။



၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည့်နေ့ ဟူသည့် ရုပ်ရှင်ဇာတ်လမ်းတွင် တစ်ကမ္ဘာလုံး အပူချိန် တိုးမြင့်လာခြင်းနှင့် အပူလှိုင်းသင့်မှုများ ဖြစ်လာမည်ဟု မင်းသား John Cusack က သရုပ်ဆောင် ထားခဲ့သည်။ ကမ္ဘာ ဂြိုလ်ကြီးသည်လည်း မြေငလျင် နှင့် လူသားတို့၏ မဆင်မချင်မှုများကြောင့် အကြိမ်ကြိမ် ထိခိုက်ဒဏ်ရာ ရမှုများ ကြုံတွေ့နေရသည်ဟု အဆိုပါ ဇာတ်ကားတွင် ထင်ရှားသော စကားအဖြစ် သုံးစွဲခဲ့သည်။

မနေ့က ကျင်းပခဲ့သော ကွန်းဖရန့်စ် တွင် ကြားနာခဲ့ရသမျှ အရ အာကာသ အတွင်း နူကလီးယားလက်နှက်များ ပေါက်ကွဲသည်နှင့် အလားသဏ္ဍန်တူသည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည်အထိ ခန့်မှန်းနေကြကြောင်းလည်း ကြားသိခဲ့ရသည်။

Dr. Fox က ဖြည့်စွက် ပြောကြားခဲ့ရာတွင် "သိပ္ပံပညာရဲ့ အကျိုးကျေးဇူးနဲ့ ရှေ့ပြေးနေတဲ့ တီထွင်ကြံဆ မှုတွေက ကျွန်တော်တို့ အားလုံးရဲ့ သဘာဝ ရန်သူကြီးကို ကိစ္စတုံး နိုင်လောက်တဲ့ အခြေအနေ ရှိနိုင်ပါတယ်။ ဟု အားပေးစကားလည်း ပြောကြားခဲ့သည်။

လွန်ခဲ့သော ညက Dr. Fox က လျပ်စစ် ကောင်စီမှ အတွင်းရေးမှူးများနှင့် အရေးပေါ် အခြေအနေကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်မှုများကို အသေးစိတ် ဆွေးနွေး ခဲ့ကြသည်။ ယခင် အမေရိကန် အစိုးရ၏ ကာကွယ်ရေး အကြံပေး ပုဂ္ဂိုလ် Dr Avi Schnurr ကလည်း "မြေမျက်နှာ အသွင်အပြင် ဆိုင်ရာ သံလိုက်ဓါတ်များက ကမ္ဘာမြေကြီးကို လွှမ်းခြုံသွားပြီး အဆက်အသွယ် ဖြတ်တောက်လိုက်တဲ့ အချိန်အထိ ကျွန်တော်တို့ စောင့်နေလို့ မဖြစ်ဘဲ ရန်သူ အင်အား မကြီးမား လာခင်ကတည်းက ထိရောက်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုအပ်နေပါတယ် " ဟု သတိပေးစကား ပြောကြားခဲ့သည်။



ဖြစ်စဉ်အရ အဖိုးတန် ရတနာမိုးများလည်း ဖုံမှုန်များ အကြားမှ လွင့်ပျံလာနိုင်ပြီး ကမ္ဘာဂြိလ်ကြီးကို တောက်ပသည့် အခြေအနေ ဖြစ်လာနိုင်သည်ဟု ၄င်းက ခန့်မှန်းခဲ့သေးသည်။ စိန့်အန်ဒရူး တက္ကသိုလ်မှ အကြမ်းဖျင်း ခန့်မှန်းချက်များအရ လေထုအတွင်း အခြေအနေ ပြောင်းလဲမှုများသည် ဖုံမှုန့် တိမ်တိုက်များ ပေါ်ပေါက်စေပြီး အချို့နေရာများတွင် ပတ္တမြားနှင့် နီလာများ အပြည့် သွန်းချရန် အသင့်ဖြစ်နေကြမည့် တိမ်တိုက်များ ပေါ်ပေါက် လာနိုင်သည်ဟုလည်း ခန့်မှန်းနေသည်။
.


























T
(အထက်ပါ သတင်းဆောင်းပါးကို mmdailynews.com ဆိုဒ်လင့် ဖေါ်ပြလျက် မည်သည့် မီဒီယာမဆို ကူးယူ ဖေါ်ပြ ဖြန့်ဝေခွင့် ပြုပါသည်။)




Translated by : Ohnmar Last Updated at 2010-09-21 on 07:15:11 2929 Hits -mmdailynews

ပုဂံမြို့နှင့် ပတ်ဝန်းကျင်ဒေသ၌ မျက်နှာများ ရောင်ယမ်းသော ရောဂါဆန်းတစ်မျိုး ပျံ့နှံ့ကူးစက်နေ (ပြည်တွင်းကူးစက်ရောဂါဆိုင်ရာ အထူးသတင်း)



ပုဂံ၊ ဧပြီ ၇

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှု မြို့တော် ပုဂံ၌ ထူးဆန်းသော ကူးစက်ရောဂါတစ်မျိုး ပျံ့နှံ့ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ အဆိုပါ ရောဂါဖြစ်ပွားမှုကို ယခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းက စတင်တွေ့ရှိခဲ့ရပြီး မတ်လတွင်းမှ စ၍ ကူးစက်ဖြစ်ပွားနှုန်း များလာကာ ယနေ့အထိ ဖြစ်ပွားလျက် ရှိနေကြကြောင်းကို တွေ့ရသည်ဟု မြို့ခံများက ဆိုကြသည်။

ရောဂါလက္ခဏာများ အနေဖြင့် မော်နာဖြင့် ခပ်ဆင်ဆင် တူပြီး ပါးချိတ်နေရာမှ စတင်ရောင်ယမ်းလာပြီး ကျန်သော မျက်နှာ တစ်ခုလုံးနှင့် ဦးခေါင်းရှိ ကြွက်သားများ ရောင်ယမ်းခြင်း၊ ဖျားနာခြင်း တို့ ခံစားရကြောင်း၊ ခန္ဓာကိုယ်၏ မည်သည့် နေရာတွင်မှ ဝေဒနာ တစ်စုံတစ်ရာ မဖြစ်ပေါ်ဘဲ မျက်နှာ တစ်ခုတည်းသာ ရောင်ယမ်းကြောင်း၊ ရောင်ယမ်းမှု အရမ်းဆိုးလာချိန်၌ မျက်နှာသည် လေးထောင့်ပုံသဏ္ဍာန် ဖြစ်သွားသောကြောင့် ဆယ်ပြားစေ့ရောဂါ/ ၀က်မျက်နှာနှင့် တူသွားသောကြောင့် ၀က်ရောဂါဟု လည်းကောင်း ဒေသခံ အချို့က နောက်ပြောင် ခေါ်ဆိုနေကြကြောင်း၊ နာကျင်မှုသည် လဲလျောင်းသော ကိုယ်အနေအထား၌ ပိုဆိုးသည်ဟု လူနာများက ပြောကြကြောင်း၊


ပြည်ပမှ Mumps ခေါ်ပါးချိတ်ရောင် ရောဂါ (မော်နာ) ဖြစ်ပွားသူ တစ်ဦး၏ပုံ

ဆေးခန်းများတွင် အဆိုပါရောဂါကြောင့် လာပြသူ အတော်များနေကြောင်း၊ တစ်ယောက်ဖြစ်လျှင် အတူနေ မိသားစု အားလုံးနီးပါး ဖြစ်ကြကြောင်း၊ လူကြီးလူငယ် မရွေး ဖြစ်ပွားနေကြသော်လည်း လက်ရှိအနေအထား၌ ထိုရောဂါကို ရောင်ယမ်းမှုနှင့် အဖျားကျဆေး၊ ပိုးသတ်ဆေးများဖြင့် ကုသနိုင်နေပြီး လူအသေအပျောက် မရှိကြကြောင်း၊ ဆေးရုံတက်ရသူလည်း မရှိသေးကြောင်း ပုဂံမြို့၌ ဆေးခန်းဖွင့်ထားသူ အထွေထွေ ရောဂါကု ဆရာဝန်တစ်ဦးက mmDailyNews သို့ သတင်းပေး ပြောဆိုသည်။

တိုက်ဆိုင်စွာပင် ပုဂံနှင့် ပတ်ဝန်းကျင် မြို့များ အပါအ၀င် မြန်မာပြည် အထက်ပိုင်း ဒေသများ၌ ၀က်နားရွက်ပြာ ရောဂါ ပျံ့နှံ့ ဖြစ်ပွားနေရာ အဆိုပါ ထူးဆန်းသော ရောဂါသည် ၀က်မှ လူသို့ ကူးစက်ခြင်း ဖြစ်နိုင်ကြောင်း မြို့ခံအချို့က ဆိုကြသော်လည်း အစိုးရ၏ တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသမှု ဦးစီးဌာနက ၀က်နားရွက်ပြာ ရောဂါသည် လူသို့ ကူးစက်ခြင်း လုံးဝမရှိသေးကြောင်း ထုတ်ပြန်ခဲ့သည်။

mmDailyNews မှ ရန်ကုန်-ပုဂံ ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းတစ်ခုသို့ အဆိုပါ ကိစ္စနှင့် စပ်လျဉ်းပြီး မေးမြန်းစုံစမ်းကြည့်ရာ ဖုန်းလက်ခံ ဖြေကြားသူက ၄င်းတို့ အနေဖြင့်တော့ မကြားမိပါကြောင်း၊ ရန်ကုန်ရုံးခွဲတွင်သာ အနေများပါကြောင်း၊ မကြာခင်ကျရောက်တော့မည့် မဟာသင်္ကြန်ကာလ နှစ်သစ်ကူး ရုံးပိတ်ရက်များတွင် ပုဂံသို့ ပြည်တွင်းပြည်ပ ခရီးသည်များ သွားရောက်အပန်းဖြေကြရန် စီစဉ်ထားမှုများလည်း များပြားစွာ ရှိနေပြီး ဖျက်သိမ်းသည်ဟု မကြားမိပါကြောင်း ထိန်းထိန်းသိမ်းသိမ်း ဖြေကြားခဲ့သည်။


ပုဂံမြို့ရှိ ဆိုက်ကားဂိတ်တစ်ခု
ထိုကူးစက်ရောဂါသည် မည်သည့်ပိုးကြောင့် ဖြစ်ရသနည်း ဆိုသည့်အချက်ကို ကျန်းမာရေး ၀န်ကြီးဌာနမှ အထူးအဖွဲ့ စေလွှတ်၍ စုံစမ်းစစ်ဆေး ကုသသင့်ကြောင်း၊ ရောဂါအသစ်ဟု အများက ယူဆနေကြသော်လည်း မြန်မာနိုင်ငံ၌ ဖြစ်လေ့ဖြစ်ထ မရှိသော စာရင်းရှိပြီးသား ရောဂါတစ်ခုခုလည်း ဖြစ်နေနိုင်ကြောင်း၊ ကမ္ဘာလှည့် ခရီးသည်များ ဆီမှ ပါလာခြင်းလည်း ဖြစ်နိုင်ကြောင်း၊ တစ်နိုင်ငံလုံး ပျံ့နှံ့ကူးစက်သွားနိုင်သော ကပ်ရောဂါအဖြစ်သို့ ရောက်မည် မရောက်မည်ကို မည်သူမျှ မပြောနိုင်သောကြောင့် ကြိုတင် စုံစမ်းစစ်ဆေး ကာကွယ်ကုသမှုများကို ပြုလုပ်သွားရန် မျှော်လင့်ပါကြောင်း၊

ကြားသိရသော သတင်းများနှင့် ပုဂံမြို့ရှိ ကျန်းမာရေး ပညာရှင်များ၏ ပြောပြချက်များ အရ ဝေဒနာသက်သာအောင် ကုသမှုများ (Symptomatic Treatment) ပေးရုံဖြင့် ရက်အနည်းငယ်အတွင်း ပျောက်ကင်း သက်သာသွားပြီး တိုး၍ ဆိုးမလာသော သဘာဝ (Self-Limiting Nature) ရှိခြင်း၊ အသက်အန္တရာယ် မရှိခြင်း၊ တစ်ကြိမ်ဖြစ်ပြီးသူသည် ပြန်ဖြစ်သည်ဟု မကြားရခြင်းတို့ကြောင်း ဘက်တီးရီးယားပိုး ကူးစက်မှုထက် ရှောင်တခင် ဗိုင်းရပ်စ်ပိုး ကူးစက်မှုတစ်မျိုး (Acute Viral Infection) ဖြစ်မည်ဟု ယူဆကြောင်း၊ ဗိုင်းရပ်စ်များသည် သဘာဝအရ မျိုးရိုးဗီဇအသွင်ကို ၄င်းတို့ဘာသာ ခဏခဏ ပြောင်းလဲ ဖွဲ့စည်းတတ်ကြပြီး အသစ်ပေါ်လာသော မျိုးကွဲပုံစံများသည် ရောဂါအသစ်များကို ဖြစ်ပေါ်စေတတ်ကြောင်း၊ ယနေ့ကမ္ဘာကြီး၏ ရာသီဥတု ပြောင်းလဲဖောက်ပြန်လာမှုကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ဗိုင်းရပ်စ်အသစ်များ ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း အဆိုပါ ကူးစက်ရောဂါ နှင့် စပ်လျဉ်း၍ mmDailyNews ၏ အယ်ဒီတာ ဒေါက်တာသီဟသစ်က သူ၏ အမြင်ကို ပြောပြခဲ့သည်။


ထို့အပြင် ကိုသီဟသစ်က ၄င်းအနေဖြင့် အဆိုပါ ရောဂါနှင့် ပတ်သက်၍ ဆေးပညာအကိုးအကားများ ရှာဖွေ လေ့လာနေသလို ပြည်တွင်းနှင့် ပြည်ပရောက် မြန်မာဆရာဝန်များနှင့် ကမ္ဘာ့ထိပ်တန်း ကျန်းမာရေးဝက်ဘ်ဆိုက် ဆယ်ခုအပါအ၀င် ဖြစ်သော Mercola.com နှင့် WebMD.com ဆိုက်နှစ်ခုမှ ကျန်းမာရေး ပါရဂူများဆီသို့ အီးမေးလ်ပေးပို့ အကြံဥာဏ်တောင်းခံထားကြောင်း၊ တိကျသေချာသော အချက်များ စုဆောင်းမိပါက ဆောင်းပါးအသွင်ဖြင့် တင်ဆက်ပေးသွားမည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

Written by : ရဲဘုန်းမင်း Last Updated at 2011-04-07 on 02:21:27- mmdailynews

ရန်ကုန်မြို့တွင် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေသော အမျိုးသမီးငယ်များက အင်တာနက်ကို အသုံးပြုပြီး ဖေါက်သည် ရှာဖွေမှုများ တိုးမြှင့် လုပ်ကိုင်လာ...

မြန်မာပြည်တွင် အင်တာနက် အသုံးပြုမှု တွင်ကျယ် လာသည်နှင့် အမျှ အဆင်ပြေ ချောမွေ့သော ကောင်းကျိုးပေးသည့် အကျိုးသက်ရောက်မှု များစွာရှိနေသလို အကောင်းနှင့် အဆိုး ဒွန်တွဲနေသည် ဟူသည့် စကားအတိုင်းပင် ဆိုးကျိုးများလဲ မဖိတ်ခေါ်ဘဲ ရောက်ရှိလာနေပြီ ဖြစ်သည်။ Online Crime ခေါ် အွန်လိုင်း ရာဇ၀တ်မှု သတင်းများကို ပြည်ပ နိုင်ငံများမှသာ မကြာခဏ ကြားနေရသော်လည်း ယခုအခါ ပြည်တွင်း၌ပင် သတင်းတစ်ပုဒ်ပြီး တစ်ပုဒ် ကြားသိ နေခဲ့ရသည်။ ကြားသိရသော သတင်းတစ်ပုဒ်ကို အခြေခံပြီး MMDailynews.com မှ စုံစမ်း မိသောအခါ ရန်ကုန်မြို့တွင် အွန်လိုင်းကို အသုံးပြု ဈေးကွက်ရှာပြီး လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေသည့် အမျိုးသမီးငယ်များ တစ်နေ့တခြား များပြား လာကြောင်း စုံစမ်း သိရှိရသည်။

ယခင်က တယ်လီဖုန်းများဖြင့် ဆက်သွယ်ပြီး ဖေါက်သည် ရှာဖွေခဲ့ကြသည်။၊ မြို့တွင်းရှိ ကားမှတ်တိုင်များတွင် ရပ်ပြီး ကားစီးမည့် ခရီးသည် အချင်းချင်း လိုက်လံ ကပ်မေး အချက်ပြပြီး တည်းခိုခန်း၊ ဟိုတယ်လ်သို့ ခေါ်ဆောင်ကာ လိင်ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ဆောင်နေကြသလို ကန်တော်ကြီး၊ ပြည်လမ်းမ များပေါ်ရှိ ကားမှတ်တိုင်အချို့တွင် ထိုင်လျက် ကိုယ်ပိုင် ကားများကို အချက်ပြကာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင် နေသူများလည်း ရှိသည်။

အဆိုပါ နည်းများဖြင့် လိင်ဖျော်ဖြေရေး လုပ်ကိုင် နေသူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စစ်ဆေး အရေးယူမှုများကြောင့် ပေါ်ပေါ်တင်တင် မလုပ်ရဲကြဘဲ မသိမသာ ပုံစံဖြင့်သာ ကိုယ်ယောင်ဖျောက် လုပ်ကိုင် နေကြသော်လည်း ယခုအခါ အိုင်တီ နည်းပညာကို အသုံးပြုပြီး ခေတ်မှီနည်းများဖြင့် ဈေးကွက် ချဲ့ထွင်လာသည်ကို တွေ့မြင် ကြားသိ နေရသည်။ ထိုကဲ့သို့ အမှန်တကယ် ပြည့်တန်ဆာ လုပ်ငန်းကို လုပ်ကိုင်နေသူ အမျိုးသမီးများ အနေဖြင့် ပေါက်သည့်နဖူး မထူး ဟူသော စကား အတိုင်း မထူးဆန်း လှသော်လည်း အတုမြင် အတတ်သင်လာမည့် ဆယ်ကျော်သက်များ နှင့် အင်တာနက်ကို အမှန်တကယ် အသုံးပြုနေသည့် ငယ်ရွယ် နုပျိုသည့် မိန်းကလေးများ၏ အရှက်နှင့် သိက္ခာအတွက်မူ စိုးရိမ်ဖွယ် အခြေအနေ တစ်ရပ် ဖြစ်လာနေသည်။



လက်ရှိ ဖြစ်ပေါ်နေသော အင်တာနက်ကို အသုံးပြုပြီး လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်နေသူများမှာ အသက် ၁၈ နှစ် မှ အသက် ၃၀ ပတ်ဝန်းကျင် အထိ အမျိုးသမီးများ ပါဝင်နေပြီး အချို့မှာ ဂိုဏ်းဖွဲ့ပြီး ပြည့်တန်ဆာခေါင်းဆောင် များက Online အသုံးပြုကာ ဈေးကွက်ရှာဖွေပေးပြီး လိင်ဖျော်ဖြေမည့် အမျိုးသမီးငယ်များကို စုဆောင်း ထားသည်ဟုပင် ကြားသိ နေရသည်။ အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး ရန်ကုန်မြို့၌ အင်တာနက် ကဖေး တစ်ခုကို ဦးစီးလုပ်ကိုင်နေသည့် ညီငယ်တစ်ယောက်၏ အတွေ့အကြုံများကို MMDailynews.com မှ မေးမြန်းခဲ့ရာ သူက..

"ဟုတ်... အွန်လိုင်းကနေ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေတာတွေ ရှိတယ် အစ်ကိုဆိုင်မှာလာသုံးနေတဲ့ User တစ်ယောက်ပေါ့။ သူက ကောင်မလေး တစ်ယောက်ရဲ့ အကောင့်ကို ရလို့ Gtalk ကနေ Add လိုက်တယ်။ အစကတော့ သူဘာဆိုတာ မပြောဘူး ပြီးတော့ အပြင်မှာချိန်းတယ်။ အဲ့ဒီမှာ သူတို့ လုပ်စရာ ရှိတာတွေ ဆက်လုပ်ကြတယ် အဲ့တာက တစ်မျိုး အခကြေးငွေ အတွက် တည်းခိုခန်းမှာချိန်း ဘယ်လောက်ရရင် လိုက်မယ်ပေါ့။ နောက်တစ်ခုက အကြီးစား ပြည့်တန်ဆာ တွေပေါ့။ အွန်လိုင်းကနေ တွေ့တယ်။ ပြီးရင် ချိန်းတယ် ကြိုက်ရင် လိုက်သွားတယ်(ကက) သီးသန့်ပေါ့။ အခု နောက်ပိုင်း အွန်လိုင်းကို ပြည့်တန်ဆာတွေ တော်တော် သုံးလာကြတယ်။ Online ကနေ ရတဲ့ ဖေါက်သည် တွေကလဲ ငွေကြေးများများ ပေးနိုင်တာကိုး။ ဒီလုပ်ငန်း ဖြစ်လာတာ ခန့်မှန်း ရသလောက် အထူးသဖြင့် ရန်ကုန်မှာပေါ့။ 2008 ခုနှစ် နောက်ပိုင်း အခု 2010 ခုနှစ် မှာ အမြင့်ဆုံးကို ရောက်နေတယ်လို့ ထင်ပါတယ်။ ဒီလို ပြည့်တန်ဆာတွေ လှူပ်ရှားလာတော့ ကျန်တဲ့ ဆယ်ကျော်သက် အမျိုးသမီးတွေ မူဒိန်းမှူတွေနဲ့ ကိုယ်ကျင့်တရား အထိန်းသိမ်း လျော့ရဲတာတွေ ပါ ဖြစ်လာနိုင်ပါတယ်။ အွန်လိုင်း ပြည့်တန်ဆာတွေရဲ့ ပစ်မှတ်က အွန်လိုင်း(ချက်တင်)ကို အသုံးပြုတတ်ခါစ လူတွေ၊ အပြင်မှာ တစ်ခါမှ လက်တွေ့ မစမ်းရဲကြတဲ့ ဆယ်ကျော်သက်တွေ ငွေကြေး တတ်နိုင်တဲ့ သူတွေလို့ ထင်ပါတယ်။ သူတို့က Gtalk နဲ့ VZO ကို အများဆုံး အသုံးပြုပါတယ်။ အခုနောက်ပိုင်းပေါ့။ မြန်မာဘလော့ဂါအချို့ရဲ့ sex ၀က်ဆိုဒ်တွေမှာ Member ၀င်ပြီးလဲ ဆက်သွယ် နေကြပါတယ်။ ကျွန်တော်ကိုယ်တိုင် တစ်ခါတော့ကြုံဘူးတယ်။ အကောင့်က ကျွန်တော့် Gtalk ကို အမှတ်မထင် ရောက်လာတယ်။ ကျွန်တော်က လက်ခံလိုက်တယ်။ သူဂျီတော့မှာ မက်ဆေ့ခ်ျ တစ်ခု တင်ထားတယ်။ သူနဲ့ ပျော်ချင်ပါသလား တစ်ည ( Edit ) ဆိုပြီး။ ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဒီလောက် ရဲတင်းလှတာ ကောင်မလေး တကယ်ဟုတ်မဟုတ် မေးမယ် ဆိုပြီး သူငယ်ချင်းတွေ သူ့အကောင့်ကို ၀ိုင်း Add ကြတယ်။ အပြင်မှာ ချိန်းတယ် တကယ့် ကောင်မလေးပါဘဲ။ သူက ဘယ် တည်းခိုခန်းမှာ ဘယ်လိုဆို ဘယ်လောက် စိတ်ကြိုက် ကြိုက်တာခိုင်း ဆိုဘယ်လောက်။ လူ ဘယ်နှစ်ယောက်ဆို ဘယ်လောက် ဆိုပြီး ဈေးတွေတောင် Online ကနေ ညှိ ခဲ့ဘူးတယ်။ တကယ် သူချိန်းတဲ့ လက်ဖက်ရည်ဆိုင်မှာ တစ်ယောက်က သွားပြီး စောင့်ကြည့်တယ်။ တကယ် ဟုတ်မဟုတ်။ တကယ်ပါဘဲ ကောင်မလေး တော်တော်ချောချော လေးပါဘဲ။ မထင်ရက်စရာပေါ့။ အသက် ၁၉ နှစ် ၂၀နှစ် ၀န်းကျင်လေးပါ။ တကယ်တော့ ကျွန်တော်တို့ မပျော်ခဲ့ပါဘူး။ နောက်ပိုင်းတော့ သူ့အကောင့်ကို Block လိုက်ပါတယ်။ အသိ User တစ်ယောက်တော့ အွန်လိုင်းကနေတွေ့ပြီး တစ်ခါ အလုပ်ဖြစ်ခဲ့ဖူးတယ် ပြောပါတယ်။..... ဟု ပုဇွန်တောင်မြို့နယ်ရှိ Hero Cyber Cafe မှ ကိုအေးမင်းထွန်း က MMDailynews.com သို့ သူ့အတွေ့အကြုံများကို ပြောသည်။ အခြား အင်တာနက်ဆိုင်မှ ၀န်ထမ်း တစ်ဦးကလည်း "ဟုတ်ကဲ့ ခင်ဗျ ၊ ဂျီတော့မှာကို ဖော်ချွတ်ပုံတင်ပြီး တကယ်လိုက်တဲ့ အကောင့် ပိုင်ရှင်တွေ ရှိပါတယ် ။ ဆိုင်တွေမှာလည်း အဲ့သလို အကြောင်းကိစ္စတွေအတွက် အသုံးပြုနေတာတွေ အနည်းနဲ့ အများတော့ မြင်နေရပါတယ် ။ အွန်လိုင်းမှာပဲချိန်းပြီး ကားနဲ့ လာကြို သွားတဲ့အထိ တွေ့ ခဲ့ဖူးပါတယ်" ဟု သူမြင်တွေ့ ခဲ့ရသမျှ ပြောသည်။

အွန်လိုင်းမှ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ဖေါက်သည်ရှာရန် အတွက် သီးခြား ပြင်ဆင်စရာ မလိုသည့် အပြင် ပြောဆို ညှိ့နှိုင်းရာတွင်လည်း နှစ်ဦးနှစ်ဖက် မျက်နှာပူစရာ မလိုခြင်း၊ ဈေးညှိနှိုင်းနေစဉ် အဖမ်းအဆီး ခံရမည့် အရေး အတွက်လည်း ကျီးလန့်စာစား ဖြစ်စရာမလိုခြင်း၊ ပတ်ဝန်းကျင်မှ အသိမိတ်ဆွေများက ရိပ်မိ သွားမည်ကိုပါ စိုးရိမ်စရာမလိုသည့် အခြေအနေများကြောင့် အွန်လိုင်းမှ ဖေါက်သည် ရှာခြင်း လုပ်ငန်းကို တိုးမြှင့် ဆောင်ရွက် လာကြခြင်း ဖြစ်သည်။

မြန်မာလူမျိုး မိဘများအနေဖြင့် သားသမီးများကို ခေတ်မှီ နည်းပညာများနှင့် ထိတွေ့ ရင်းနှီုးလာစေလိုသော သဘောဖြင့် အင်တာနက် အသုံးပြုမှုကို လွတ်လပ်စွာ ခွင့်ပြုထားကြ သော်လည်း ကျန်းမာရေး ရှုထောင့်အရ ကြည့်မည် ဆိုပါက လည်းကောင်း အကျင့် သိက္ခာပိုင်းအရ လည်းကောင်း ထိခိုက်နစ်နာမှုများ မဖြစ်လာစေရေး အတွက် သားသမီးတို့၏ အင်တာနက် အသုံးပြုမှုကို အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့် ထိန်းသိမ်း စောင့်ရှောက် သွားရန်ပါ လိုအပ်လာပြီ ဖြစ်သည်။...

Related News

သင်္ကန်းကျွန်းမြို့နယ်နေ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး Chatting မှ ရီးစားရပြီး ချိန်းခေါ် အဓ္ဓမပြုကျင့် ခံရလို့ ရဲစခန်းတိုင်


Written by : ဇော်ဇော် Last Updated at 2010-09-23 on 03:18:21 3508 Hits -mmdailynews

အစိုးရသစ် အခွန် တင်းကျပ်တော့မည်

အစိုးရသစ်လက်ထက် ပြောင်းလဲလိုက်သည့် အခွန်ဥပဒေသစ်ကြောင့် လာမည့် ဇူလိုင်လမှ စတင်၍ ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း ရရှိခဲ့သော ၀င်ငွေအပေါ် အခွန်ပေးဆောင် ရမည်ဖြစ်ရာ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ ငွေကြေးကျပ်တည်းမှု ကြုံတွေ့လာနိုင်ကြောင်း လေ့လာသူများနှင့် လုပ်ငန်းရှင်များက ပြောသည်။

18215-myanmar_currency၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အမြတ်ခွန်ဥပဒေသည် ပျက်ပြယ်သွားသည်။ ထို့ကြောင့် ယခင် “အမြတ်ခွန် ဥပဒေ” ဖြင့် ပေးဆောင်နေရသည့် အခွန်ထမ်းများကို “၀င်ငွေခွန် ဥပဒေ” ဖြင့် ယခု ဘဏ္ဍာရေးနှစ်မှ စတင်ကာ ပြောင်းလဲ ကောက်ခံရန် ပြည်တွင်း အခွန်များ ဦးစီးဌာနက ယခုလအတွင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

ယခင်က အမြတ်ခွန် ဥပဒေ၊ ၀င်ငွေခွန် ဥပဒေ ဟူ၍ ၂ မျိုးရှိရာ၊ တဦးပိုင်ကုမ္ပဏီနှင့် တဦးတည်း လုပ်ငန်းရှင်များသည် အမြတ်ခွန် ဥပဒေဖြင့် ပေးဆောင်ရပြီး၊ ကုမ္ပဏီ၊ သမ၀ါယမအသင်း၊ နိုင်ငံပိုင်စီးပွား ရေးလုပ်ငန်းများသည် ၀င်ငွေခွန် ဥပဒေဖြင့် ပေးဆောင်ရသည်။

ယခင်အမြတ်ခွန် ဥပဒေဖြင့် တဦးတည်းပိုင် ကုမ္ပဏီများကို ကောက်ခံစဉ်က တနှစ်လျှင် ကျပ် ၅၀၀၀ မှ ကျပ် ၁၀၀၀၀ ကြား ၀င်ငွေရှိသူသည် ၁၀ ရာခိုင်နှုန်း၊ ကျပ် ၁၀၀၀၀ နှင့် ကျပ် ၂၀၀၀၀ ကြား ၀င်ငွေ ရှိသူသည် ၁၁ ရာခိုင်နှုန်း၊ ကျပ် ၂ သိန်း နှင့် ၃ သိန်းကြား ၀င်ငွေရှိသူသည် ၂၀ ရာခိုင်နှုန်း၊ ကျပ် သိန်း ၂၀ နှင့် ၄၀ ကြား ၀င်ငွေရှိသူသည် ၄၀ ရာခိုင်နှုန်းစသဖြင့်ပေးဆောင်ရ သည်။

အမြတ်ခွန် ဥပဒေမှ ၀င်ငွေခွန် ဥပဒေဖြင့် ပြောင်းလဲ ထမ်းဆောင်ရမည့်နောက်တွင် အခွန်ထမ်း၏ တနှစ် ၀င်ငွေသည် ကျပ် ၃ သိန်းနှင့်အထက်ရရှိပါက ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။

သို့ရာတွင် ၀င်ငွေခွန်ဥပဒေဖြင့် ယခင်ကတည်းက ထမ်းဆောင်နေရသည့် ပြည်တွင်း ကုမ္ပဏီများသည် တနှစ်အသားတင် အမြတ်ငွေ ၃၀ ရာခိုင်နှုန်း၊ နိုင်ငံခြား ကုမ္ပဏီများသည် အသားတင်အမြတ်ငွေ၏ ၃၅ ရာခိုင်နှုန်းကို အပြောင်းအလဲမရှိ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးတွင် ဆက်လက်ပေးဆောင်ရမည်ဖြစ်သည်။

နိုင်ငံခြားငွေ ရှာဖွေပေးသည့် ကုမ္ပဏီများအတွက်မူ အသားတင်အမြတ်၏ ၁၀ ရာခိုင်နှုန်း၊ အခြေပစ္စည်း (အိမ်၊ ခြံ၊ မြေ၊ မော်တော်ကား၊ စက်ရုံ၊ တိုက်ခန်း) များ ရောင်းချသည့်လုပ်ငန်း လုပ်ကိုင်သူများသည် အမြတ်ငွေ ကျပ် ၅၀၀၀၀ ကျော်ပါက ၁၀ ရာခိုင်နှုန်း စသဖြင့် လုပ်ငန်းအလိုက်၊ ၀င်ငွေအလွှာအလိုက် ၀င်ငွေခွန် ပေးဆောင်ရန် သတ်မှတ်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမြတ်ခွန် မကောက်ခံတော့ဟု ဆိုသော်လည်း ယခုကဲ့သို့ ၀င်ငွေခွန်ဖြင့် ပြန်လည် ကောက်ခံခြင်းသည် အခွန်ထမ်းဆောင်နေရသည့် လူထုအတွက် အပြောင်းအလဲတခု မဟုတ်ဟု အခွန် ဥပဒေဆိုင်ရာ ဆောင်းပါးနှင့်စာပေများ ရေးသားနေသည့် ဦးဟန်ထွန်း (အခွန်) က ဧရာဝတီကို ပြောသည်။

သို့ရာတွင် ယခင်က တင်းကြပ်သည့် လုပ်ထုံးလုပ်နည်း မရှိခဲ့ကြောင်း သိရသည်။

ယခုနှစ်မှ စတင်၍ ၀င်ငွေခွန် ဥပဒေဖြင့် စတင်ပေးဆောင်ရမည့် ပုဂ္ဂလိက တဦးချင်း လုပ်ငန်းရှင်များ၊ တဦးချင်း ပုဂ္ဂိုလ်တို့ စုပေါင်းထားသည့် အဖွဲ့အစည်းများသည် ၀င်ငွေကြေညာလွှာနှင့်အတူ သက်ဆိုင်ရာ ၀င်ငွေနှစ်အတွက် စာရင်းရှင်းတမ်း တစောင်ကို ပူးတွဲတင်ပြရမည်ဟု အစိုးရပိုင် သတင်းစာများတွင် ထုတ်ပြန်ကြေညာထားသည်။

ဝင်ငွေခွန် ဥပဒေဖြင့် စတင်ထမ်းဆောင်သည့် နှစ်တွင် လုပ်ထုံးလုပ်နည်း ပြောင်းလဲလိုက်သောကြောင့် အဆိုပါ စီးပွားရေးလုပ် ငန်းရှင်များအတွက် ခက်ခဲသည့် အနေအထားဖြစ်လာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

အစိုးရပိုင် သတင်းစာများက ၀င်ငွေကြေညာလွှာ တင်သွင်းရန် ကြေညာခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်ရှိ အခွန်ရုံးမှ တာဝန်ရှိသူများကလည်း စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူပြောဆိုခဲ့ကြောင်း သိရသည်။

စီးပွားရေး ပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က “တနိုင်ငံလုံးမှာရှိတဲ့ အသေးစား၊ အလတ်စားမကျန် လုပ်ငန်းရှင်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကောက်သွားမယ်ဆိုတဲ့ သဘောပါပဲ” ဟု ပြောသည်။

ဒီမိုကရေစီ နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံသားတိုင်း အခွန်ဆောင်ရန် တာဝန်ရှိကြောင်း၊ စစ်အုပ်ချုပ်ရေးနှင့် အုပ်ချုပ်စဉ်က ၀င်ငွေခွန်၊ ကုန်သွယ်ခွန်၊ အမြတ်ခွန် အပါအ၀င် အခွန်ကိစ္စအများစုကို တင်းကျပ်မှုမရှိဘဲ အပြုသဘောဖြင့် ဆောင်ရွက်ခဲ့သော်လည်း ယခု ဒီမိုကရေစီ နိုင်ငံတော်အဖြစ် အသွင်ပြောင်းလဲလာချိန်တွင် အခွန်ဆိုင်ရာ တင်းကျပ်သော ဥပဒေများ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ အခွန်တိမ်းရှောင်သူများအတွက် ပြစ်မှုကြောင်းအရ တရားစွဲဆို ထောင်ချ အရေးယူနိုင်သော အချက်ပါဝင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

ထို့ကြောင့် ယခု ၀င်ငွေခွန် ဥပဒေဖြင့် စတင်ထမ်းဆောင်ရမည့် အခွန်ထမ်းများသည် အခွန်ငွေ ပိုပေးဆောင်ရနိုင်ကြောင်း ဝေဖန်ပြောဆို နေကြသည်။

ကျုံပျော်မြို့ရှိ ဓာတ်ပုံတိုက်ပိုင်ရှင်တဦးက “အရင်တုန်းက ၀င်ငွေကြေညာလွှာဆိုတာ ကိုယ်ရသလောက်ငွေလေးကို တနှစ်မှာ ဘယ်လောက် ရပါတယ်ဆိုပြီး တင်လိုက်ရင်ရပြီ။ အခု ၀င်ငွေကြေညာလွှာအပြင်၊ စာရင်းနဲ့ တွဲတင်ရမယ်ဆိုတော့ အသေးစိတ် တလချင်းစီရဲ့ ၀င်ငွေ၊ သုံးစွဲငွေ၊ ကျန်ငွေ ဘယ်လောက်ဆိုပြီး စာရင်းပြုစုပြီး ၀င်ငွေကြေညာလွှာနဲ့ တွဲတင်ရမယ်ဆို တာမျိုးပြောင်းသွားတယ်” ဟု ပြောသည်။

“အရင်နှစ်တွေက တနှစ်ကို အမြတ်ခွန် ကျပ် ၄ သောင်းကျတယ်။ ဒီနှစ်ကတော့ အသေးစိတ် စာရင်းတွေနဲ့ တွဲတင်ရမယ်။ အာဏာပိုင်တွေ သတ်မှတ်ထားတဲ့ ၁ နှစ် ၀င်ငွေ ကျပ် ၃ သိန်းက လုပ်ငန်းတိုင်း ရနိုင်တာဆိုတော့ အစိုးရအတွက် တယောက်ချင်းစီကနေ ၃၀ ရာခိုင်နှုန်း ၀င်ငွေခွန်တွေ ပိုပြီးရလာမှာပေါ့။ ပြည်သူတွေဘက်ကတော့ ၀င်ငွေခွန်က ပိုကျလာမယ့် သဘောမျိုးရှိနေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့အပြင် ၀င်ငွေနှစ်အတွင်း လစာခေါင်းစဉ်မှ ၀င်ငွေ ၃၀၀၀၁ ကျပ်နှင့်အထက်ရရှိသူသည် ၀င်ငွေ ကြေညာလွှာပေးပို့ရန် မလိုသော်လည်း အလုပ်ရှင်သည် မိမိအလုပ်သမားများအတွက် လစာနှစ်ချုပ်စာရင်းကို ပေးပို့ရန် လိုအပ်သည်ဟု ကြေညာထားသည်။

လစာခေါင်းစဉ်ဖြင့် ၀င်ငွေရရှိသူသည် ၀င်ငွေခွန် ဥပဒေအရ လစာဝင်ငွေ ကျပ် ၃၀၀၀၀ မှ ၅၀၀၀၀ ၀င်ငွေရှိသူ ၁၂ ရာခိုင်နှုန်း၊ ၀င်ငွေ ၅၀၀၀၀ မှ ၇၀၀၀၀ ရရှိ သူတိုင်း ၁၅ ရာခိုင်နှုန်း၊ ၇၀၀၀၀ မှ ၉၀၀၀၀ ကြားရရှိသူတိုင်း ၁၆ ရာခိုင်နှုန်း၊ ၉၀၀၀၀ မှ ၁၁၀၀၀၀ ရရှိသူတိုင်း ၁၇ ရာခိုင်နှုန်း၊ ၁၁၀၀၀၀ မှ ၁၅၀၀၀၀ အကြားရရှိသူတိုင်း ၁၈ ရာခိုင်နှုန်း၊ ၁၅၀၀၀၀ မှ ၂၀၀၀၀၀ အကြား ရရှိသူတိုင်း ၁၉ ရာခိုင်နှုန်း စသည့် ဖြင့်ရရှိသော ၀င်ငွေပေါ်မူတည် ကောက်ခံမည်ဖြစ်ပြီး လစာ ၅၀၀၀၀၀ ကျော်လျှင် အခွန် ၃၀ ရာခိုင်နှုန်း နှစ်စဉ် ပေးဆောင်ရမည်ဖြစ် သည်။

“တိုင်းပြည်မှာနေရင် တိုင်းပြည်က ချမှတ်တဲ့ အခွန်ဆောင်ရမယ်ဆိုတာ ဥပဒေပဲလေ။ ဒါကို လိုက်နာရမယ်။ တဖက်ကလည်း စည်းကမ်းတကျနဲ့ ဥပမာ ၀န်ထမ်းဆိုရင်လည်း ရနေတဲ့ လစာငွေပဲ ဖြစ်ဖြစ်၊ လုပ်ငန်းရှင်ဆိုလည်း အမြတ်ရနေတဲ့ ငွေပေါ် မူတည်ပြီး သင့်တော်တဲ့ နှုန်းတခု သတ်မှတ်ထားပေးတာမျိုး ဖြစ်သင့်တယ်” ဟု IT ပစ္စည်း အရောင်းဆိုင် ဖွင့်လှစ်ထားသူ ကိုထွန်းထွန်းက ပြောသည်။

၎င်းက ဆက်လက်၍ “အခွန်ထမ်းဘက်က တာဝန်ကျေသလို အခွန်ကောက်ခံသူတွေကလည်း ကိုယ့်တိုင်းသူပြည်သားအတွက် တဖက်ကနေ ကျန်းမာရေးစရိတ်၊ ပညာသင်ကြားရေးစရိတ်တွေမှာ ဘယ်လို ပြန်စီစဉ်ပေးမလဲ။ ဘာပြန်လုပ်ပေးမလဲဆိုတာတွေ စဉ်းစားရမယ်။ ဒါမှလည်း အာဏာပိုင်တွေ ပြောနေတဲ့ ဒီမိုကရေစီ နိုင်ငံတော်ဆိုတာ ပီသမှာလေ။ အခွန်ကောက်တဲ့ အချိန်မှာ ကျတော့ ဒီမိုကရေစီ နိုင်တော် ပီသအောင် ကောက်တယ်၊ ပြည်သူတွေကို ခံစားခွင့်ပြန်ပေးရမယ့် အချိန်မှာလည်း ဒီမိုကရေစီ နိုင်ငံတော် ပီသအောင် ကျင့်သုံးနိုင်ဖို့လိုတယ် ” ဟု ပြောသည်။

အစိုးရသစ်လက်ထက်တွင် ဗဟိုအစိုးရသည် အခွန်အမျိုးအစားများအနက် အခွန် ၁၉ မျိုးကို တိုင်းဒေသကြီးအစိုးရများကို လွှဲပြောင်း တာဝန်ပေးအပ်လိုက်သည်။ ထို့ကြောင့် ဗဟိုအစိုးရ၏ အခွန်ကောက်ခံမှုမှ ရရှိသည့် ၀င်ငွေသည် လျော့နည်းလာမည်ဖြစ်သောကြောင့် ၀င်ငွေခွန်ကို စည်းကြပ်ရာတွင် ယခင်ကထက် ပိုမို ကောက်ခံနိုင်ဖွယ်ရှိကြောင်း အခွန်ကျွမ်းကျင်သူ ပညာရှင်များက သုံးသပ်သည်။

တိုင်းဒေသကြီးများရှိ မြို့နယ်များက ကောက်ခံရရှိလာသည့် ၀င်ငွေခွန်ကို ဗဟိုအစိုးရသို့ တင်ပြရမည်ဖြစ်သည်။

၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အတွက် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးတွင် ၀င်ငွေခွန် အများဆုံးပေးသွင်းသည့် ကုမ္ပဏီ ၁၀ ခုကို အစိုးရမှ တရားဝင်ထုတ်ပြန်လိုက်သည်။

သို့သော် အဆိုပါ စာရင်းများတွင် မြန်မာနိုင်ငံ၏ ထင်ရှားသည့် စီးပွားရေးလုပ်ငန်း ကုမ္ပဏီ အုပ်စုကြီးများဖြစ်သည့် ထူး၊ အေးရှားဝေါလ်၊ မက်စ်မြန်မာ၊ ယုဇန၊ IGE၊ ACE၊ ဇေကမ္ဘာ၊ ဧဒင် စသည့် ကုမ္ပဏီများမပါဝင်ကြောင်း တွေ့ရသည်။

ကုမ္ပဏီတခုက ၎င်းတို့ ပေးသွင်းသည့် အခွန်ငွေ ပမာဏနှင့် ပတ်သက်၍ သက်ဆိုင်ရာ အခွန်ရုံးသို့ စောဒကတက် မေးမြန်းခဲ့ရာ အမေရိကန် ဒေါ်လာနှင့် ပေးဆောင်သည့် အခွန်ပေးသွင်းငွေများကို အခွန်ရုံးက အစိုးရငွေလဲလှယ်နှုန်း တဒေါ်လာလျှင် ၆ ကျပ်ဖြင့် တွက်ချက်ဖော်ပြကြောင်း သိရသည်။

စီးပွားရေး လုပ်ငန်းအများစုကို ထိန်းချုပ် လုပ်ကိုင်နေသည့် စီးပွားရေးဦးပိုင် လီမိတက်၏ အခွန်ကိစ္စနှင့် ပတ်သက်၍မူ နိုင်ငံတော် အဖွဲ့အစည်းများသည် နိုင်ငံတော် စာရင်းစစ်အဖွဲ့မှတဆင့် စစ်ဆေးပြီး လိုအပ်သောအခွန်များ ပေးဆောင်မည် ဖြစ်သည့်အတွက် တခြားစီးပွားရေး လုပ်ငန်းများကဲ့သို့ အခွန်ပေးဆောင်ရန် မလိုအပ်ကြောင်း၊ စီးပွားရေးဦးပိုင် လီမိတက်မှာမူ အခွန်ပေးဆောင်ရန် မလိုသော စစ်တပ်ပိုင် စီးပွားရေးကုမ္ပဏီဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။
Ref:irrawaddynews

ရခိုင်ကမ်းရိုးတန်း ဒေသ၌ လွန်ခဲ့သော နှစ် ၂၅၀ ခန့်က ငလျင်ကြီး၏ တစ်ကျော့ပြန်ငလျင် ဖြစ်ပေါ်လာနိုင်၊ ပညာရှင်များ အသေးစိတ် လေ့လာနေကြ

ရန်ကုန် ၊ ဇွန် ၁၀

လွန်ခဲ့သော နှစ်ပေါင်း ၂၄၉ နှစ်က ရစ်ခ်ျတာစကေး ၇ မှ ၉ ကြားရှိ အင်အားပြင်းငလျင်ကြီး တစ်ခု လှုပ်သွားခဲ့ဖူးသော ရခိုင်ကမ်းရိုးတန်းဒေသ၌ တစ်ကျော့ပြန် ငလျင်ကြီးတစ်ခု လှုပ်ခတ်လာနိုင်သဖြင့် အသေးစိတ် လေ့လာမှုများ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ သတင်းထုတ်ပြန်ခဲ့သည်။

ခရစ်သက္ကရာဇ် ၁၇၆၂ ခုနှစ် ဧပြီလ ၂ ရက်နေ့က ရခိုင်ကမ်းရိုးတန်း၌ ပြင်းထန်စွာ လှုပ်ခတ်ခဲ့သော အဆိုပါငလျင်ကြီးသည် ၂၀၀၄ ခုနှစ်က တိုင်းတာမှုများ အရ ၂၆၆၀ ပြည့်နှစ် ပတ်ဝန်းကျင်လောက်မှ တစ်ကျော့ပြန်ဖြစ်ဖွယ်ဟု တွက်ချက် ရရှိခဲ့သော်လည်း နှစ်ဆန်းပိုင်းက စင်ကာပူပညာရှင်များနှင့် ပူးပေါင်း၍ တိုင်းတာလေ့လာခဲ့သော သုတေသနအရ ထိုထက်ပိုစော၍ လာနိုင်ကြောင်း ခန့်မှန်းသိရှိရသဖြင့် အသေးစိတ် လေ့လာမှုများ ပြုလုပ်နေကြကြောင်း ကြားသိရသည်။

ဦးစွာ ခန့်မှန်းချက်တွင် ၁၇၆၂ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၉၀၀ ခန့်အကြာ (၂၆၆၀ ခုနှစ်ခန့်) ရောက်မှ မြေငလျင် တစ်ကျော့ပြန် လှုပ်မည်ဟု တိုင်းတာရရှိခဲ့သော်လည်း နောက်ဆုံး ကွင်းဆင်းလေ့လာချက်များ အရ အနှစ် ၃၀၀ မတိုင်ခင် တစ်ကြိမ် လှုပ်ခတ်လာနိုင်ကြောင်း အနီးစပ်ဆုံး ခန့်မှန်းရရှိခဲ့ကြောင်း သိရှိရသည်။

မြေငလျင်တစ်ခုကို လှုပ်ခတ်မည့် အချိန်အတိအကျ ခန့်မှန်းနိုင်သော နည်းပညာဟူ၍ ယနေ့ကမ္ဘာပေါ်တွင် မရှိသေးကြောင်း၊ အနီးစပ်ဆုံးသာ ခန့်မှန်းရခြင်း ဖြစ်ပြီး ပြည်သူများ အနေဖြင့် အထူး ထိတ်လန့် ကြောက်ရွံ့စရာ မလိုပါကြောင်း၊ အခြေအနေအရ လိုအပ်လာပါက အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့ အနေဖြင့် ပြည်သူများ ဘေးကင်းရန် ကြိုတင်ကာကွယ်မှု အစီအမံများ အကောင်အထည်ဖော် ပေးသွားမည် ဖြစ်ကြောင်း ပညာရှင်တစ်ဦးက ပြည်တွင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

ရခိုင်ကမ်းရိုးတန်းဒေသသည် ၂၀၀၄ ခုနှစ် က ဖြစ်ပေါ်ခဲ့သော ဆူနာမီငလျင် စတင်ဖြစ်ပေါ်ရာ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းနှင့် ယခုနှစ် မတ်လက ဂျပန်ငလျင်ကြီး ဖြစ်ပေါ်ခဲ့ရာ ဒေသများနှင့် မြေလွှာဆက်စပ်မှု ရှိခဲ့သောကြောင့် အထူးသတိပြု၍ လေ့လာကြရန် လိုအပ်ကြောင်း ၄င်းပုဂ္ဂိုလ်က ထပ်လောင်း ပြောကြားခဲ့သည်။
ရခိုင်ကမ်းရိုးတန်းဒေသသည် ၂၀၁၀ အောက်တိုဘာ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ဂီရိကြောင့် အထိနာခဲ့ရပြီး လူမှုရေး၊ စီးပွားရေးဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ရာနှုန်းပြည့် မပြီးစီးသေးချေ။


ဂီရိမုန်တိုင်းအလွန် ဆန်ရှားပါးသွားသော အချိန်က ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ဖြင့် ရရှိသော စားနပ်ရိက္ခာများကို လာရောက်ရယူနေသော ရခိုင်ပြည်နယ်နေ ပြည်သူများကို တွေ့ရစဉ်
Written by : ရဲဘုန်းမင်း Last Updated at 2011-06-15 on 07:51:22 247 Hits-mmdailynews

Monday, June 6, 2011

ပန်းသီး၏ ကျန်းမာရေး စွမ်းပကား


တစ်နေ့မှာ ပန်းသီး တစ်လုံး စားရင် ဆရာဝန် နဲ့ ဝေးဝေးမှာ နေနိုင်တယ် ဆိုတဲ့ ဆိုရိုး စကား ရှိပါတယ်။ ပန်းသီးဟာ အရသာလည်း ရှိလှသလို ကျန်းမာရေး နဲ့ လည်း ညီညွတ်မှု ရှိတာကြောင့် ပန်းသီး ကနေ ရရှိ နိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ အကြောင်း လေ့လာထားတဲ့ တွေ့ရှိချက် အသစ်တွေကို ဖော်ပြ ပေးလိုက် ပါတယ်။

အယ်လ်ဇိုင်းမား ရောဂါကို ကာကွယ် ပေးနိုင်ခြင်း

ပန်းသီးမှာ ကွာစီတင် လို့ ခေါ်တဲ့ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ပါဝင် နေတာကြောင့် ဦးနှောက်ဆဲလ်တွေ ပျက်စီး ထိခိုက်မှုက နေ ကာကွယ် ပေးနိုင် ပါ တယ်။ ပန်းသီး စားတဲ့ အခါမှာ ပန်းသီး အခွံကိုပါ စားပေးသင့် ပါတယ်။ အကြောင်း ကတော့ ပန်းသီးအခွံ မှာ ရောဂါကို တွန်းလှန် ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ အများကြီး ပါဝင် နေလို့ ပါပဲ။

အူမကြီး ကင်ဆာကို ကာကွယ် ပေးနိုင်ခြင်း

ပန်းသီးတွေထဲ မှာ ပါဝင်တဲ့ သဘာဝ အမျှင်ဓာတ် ဟာ အူမကြီးထဲ ကို ရောက်ရှိတဲ့ အခါ ကင်ဆာဆဲလ် ဖြစ်ပေါ်မှုကို တွန်းလှန် ပေးနိုင်တဲ့ ဓာတ်တွေ ထွက်ရှိ စေပါတယ်။

သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်ပေးခြင်း

နေ့စဉ် ပန်းသီး တစ်လုံး စားတဲ့ အရွယ်ရောက်သူတွေ မှာ သွေးတိုး ရောဂါ ဖြစ်နိုင်ခြေ ၃၇ ရာခိုင်နှုန်း လျော့ကျမှု ရှိတာကို လတ်တလော လေ့လာမှု တစ်ရပ် အရ သိရ ပါတယ်။

Ref:swesonemediagroup

အမျိုးသမီးများ နေထိုင်စားသောက်မှုပုံစံ မမှန်ပါက မျိုးဥအိမ်အရည်အိတ်တည်ခြင်း ရောဂါဖြစ်နိုင်

Posted by Popular News on Jun 1st, 2011 and filed under Internal News. You can follow any responses to this entry through the RSS 2.0. You can leave a response or trackback to this entry

အမျိုးသမီးများ နေထိုင် စားသောက်မှုပုံစံ စနစ်မကျ ပါက မျိုးဥအိမ်၌ အရည်အိတ် တည်သည့် ရောဂါများ ဖြစ် လာတတ်ကြောင်း သားဖွားနှင့် မီးယပ် အထူးကုဆရာ ဝန်တစ်ဦးက ဆိုသည်။ အဆိုပါ ရောဂါသည် အမျိုးသမီးများ၏ ဟိုမုန်းဓာတ် များချို့တဲ့၍ ပုံမမှန်ဖြစ်ခြင်း၊ သန္ဓေတားဆေးများကို နည်းစနစ်ကျကျ မသောက်ခြင်းနှင့် အမျိုးသမီးသုံး ကွန်ဒုံး (IUD) ထည့်မှုပုံစံ မမှန်ခြင်းတို့ကြောင့် ရောဂါအခြေအနေသို့ ဖြစ်လာ ရကြောင်း ၄င်းကဆိုသည်။

”အမျိုးသမီးတွေ အပျို ဖော်ဝင်ချိန်မှာ ဖြစ်တတ်တာ တွေ့ရတယ်။ ဓမ္မတာလာတဲ့ အချိန်မှာ အရမ်းနာတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဆီးခုံရဲ့ အတွင်းမှာ သူက အရည် အိတ် တည်နေတာဆိုတော့ နည်းနည်းစိုးရိမ်ရတယ်။ အရည် အိတ်ရဲ့ အနေအထားအပေါ် မူတည်ပြီး ရောဂါရဲ့ အခြေအနေကိုကြည့်ရမယ်။ အရည် အိတ်က အထဲမှာ ပေါက်သွား ရင်တော့ အတွင်းမှာ အရည် တွေ ပျံ့နှံ့သွားပြီး ဗိုက်တွေ အောင့်တယ်။ ပေါင်ခြံတွေမှာ ယားယံတာတွေ ဖြစ်လာနိုင်ပြီး ကြာလာတဲ့အခါ အသက် အန္တရာယ် ကိုပါ ထိခိုက်လာနိုင်တယ်။ အရည်အိတ် မပေါက် ခင် ခွဲပြီး ဖြုတ်ထုတ်လိုက်နိုင် ဖို့ လိုအပ်တယ်။ အရည်အိတ်က သေးနေသေးရင်တော့ ဆေးထိုး၊ ဆေးသောက်နဲ့ ပျောက်ကင်းသွားတာ ရှိပါတယ်”ဟု အထက်ပါ ဆရာဝန် က ထပ်လောင်းပြောသည်။

ပျိုဖော်ဝင်စ အမျိုးသမီးများသည် ဓမ္မတာစလာသည့် အချိန်တွင် ဟိုမုန်းဓာတ်များ ပြောင်းလဲနေပြီ ဖြစ်သည့် အတွက် အထူးဂရုစိုက်သင့်ကြောင်း၊ အသက်အရွယ် ငယ်စဉ် အိမ်ထောင်ကျသည့် အမျိုးသမီးများမှာလည်း သန္ဓေတားဆေးများ သောက် သုံးခြင်းနှင့် အမျိုးသမီး IUD ပစ္စည်းများ အသုံးပြုရာတွင် တတ်ကျွမ်းနားလည် သည့် ဆရာဝန်နှင့်တိုင်ပင်ကာ အသုံး ပြုသင့်ကြောင်းကို ၄င်းက ဆက်လက်ပြောကြားသည်။

”ကျွန်မက အရည်အိတ် ဖြစ်နေတာကို မသိဘူး။ ပုံမှန် ဓမ္မတာလာတဲ့အချိန်ဆိုရင် လာတယ်။ ဒါပေမဲ့ သူများတွေနဲ့ မတူဘူး။ ဆိုးရွားရွားကို နာတာ။ ဖြစ်တာက တော် တော် ကြာနေပြီ။ အဲဒါနဲ့ ဓမ္မတာ နဲ့ပတ်သက်တဲ့ အကိုက်အခဲ ပျောက်ဆေးတွေ သောက်တာလည်း သိပ်အဆင်မပြေချင် ဘူး။ အဲဒီလို ဖြစ်တဲ့အချိန်ဆို ဂျင်းဘောင်းဘီ တောင် ဝတ်လို့မရဘူး။ ဖြစ်တဲ့ဘက် အခြမ်းက တင်းပြီး နာတာ။ ပြီးတော့ ပေါင်ခြံတွေ အမြဲ တမ်းယားတယ်။ ဆရာဝန် သွားပြတော့မှ အရည်အိတ် တည် နေတာတဲ့။ မျိုးဥအိမ် နှစ်ဖက်စလုံးမှာ အရည်အိတ် တည်နေတာ။ တစ်ဖက်က နည်းနည်း ကြီးတယ်။ တစ် ဖက်ကတော့ သေးနေသေး တယ်။ အဲဒါနဲ့ ကြီးတဲ့ဘက်က စိုးရိမ်ရလို့ သူ့ကိုအရင် ခွဲ စိတ် ဖြုတ်ထုတ်ပြီးမှ ကျန်တဲ့ တစ်ဖက်ကဟာကို ဆေးထိုး ဆေးသောက်နဲ့ ပျောက်သွား နိုင်တယ်လို့ ဆရာဝန်က ပြော တယ်”ဟု သင်္ဃန်းကျွန်း မြို့နယ် ရှိ ဝေဒနာခံစားနေရသူ အသက် ၃၃ နှစ်အရွယ် အမျိုး သမီးတစ်ဦးက ပြောသည်။

၎င်းမျိုးဥအိမ်၌ အရည် အိတ်တည်ခြင်း ရောဂါသည် ဟိုမုန်းဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်သည့်အတွက် သံဓာတ် ပြည့်ဝသည့် ဆေးဝါးပစ္စည်း များနှင့် အစားအစာ များကို စနစ်တကျ စားသောက်နေထိုင် ခြင်း၊ အမျိုးသမီးများ၌ ဓမ္မတာ ဆင်းသည့်အချိန်သည် အရေး ကြီးသည့်အတွက် အထူးဂရု စိုက် နေသင့်ကြောင်းကို မျိုး ဆက်ပွားကျန်းမာ ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

”အိမ်ထောင်ရှိတဲ့ သူတွေ က သူတို့နေထိုင်မှုပုံစံ မမှန်လို့ ဖြစ်တာ။ အခု အပျိုတွေမှာ လည်း ဖြစ်တတ်တယ်ဆိုတော့ စိုးရိမ်ရတာပေါ့။ ကျွန်မတို့က ဓမ္မတာဆင်းရင် အမှုမဲ့အမှတ်မဲ့ ပဲ၊ အစားအသောက်လည်း မရှောင်ဘူး။ ကိုယ် စားချင်တာ ကို စားတာ။ သွေးချုပ်၊ လေ ချုပ်တွေဖြစ်ပြီး ကိုက်တာခဲတာ တွေကို ဖြစ်တော့မှ ဆေး သောက်တာ။ ဆေးကသောက် တိုင်းလည်း မကောင်းဘူး။ အဲဒီလိုဖြစ်တာများလာရင် ရောဂါဖြစ်နိုင်တယ်လို့ ဆရာ ဝန်ကပြောမှ သိတာ။ ဘယ် အရာမဆို ပေါ့ပေါ့လေး မတွေးဘဲ အထူးဂရုစိုက်သင့် တယ်။ ဖြစ်ပြီးမှဆိုရင် ဘယ် သူ့အတွက်မှ မကောင်းဘူး။ သံဓာတ် အားကောင်းတဲ့ဆေး တွေလည်း သောက်သင့်တယ် လို့ ဆရာဝန်က ပြောတယ်” ဟု တာမွေမြို့နယ်ရှိ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး တစ်ဦးက သူမ၏ အမြင်ကို ပြောပြသည်။

မေသီရိ-popularmyanmarnews

ချောင်းနေတဲ့နဂါး ပုန်းနေတဲ့ကျား

Posted by Popular News on Jun 1st, 2011 and filed under Articles. You can follow any responses to this entry through the RSS 2.0. You can leave a response or trackback to this entry







နောက်ထပ် နှစ် နှစ်ဆယ် ဖြစ်တဲ့ ၂ဝ၃ဝ လောက် မှာ အမေရိကန်နဲ့ တရုတ်၊ အိန္ဒိယတို့ဆက်ဆံရေးက ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးပြန်လည် နာလန်ထူမှုနဲ့ ရေရှည်စီးပွားရေးအလား အလာတွေပေါ်မှာ မူတည်နေပါတယ်။ အမေရိကန်ရဲ့ စီးပွားရေးအပေါ် တရုတ်နဲ့အိန္ဒိယက သူ့ရဲ့စီးပွားရေးကို ဘယ်လိုဟန်ချက်ညီ ပြန်ထိန်းမလဲ ဆိုတာတွေကိုလည်း ထည့် တွက်ရပါဦးမယ်။ ခုလက်ရှိ အခြေအနေကို ကြည့်ရင်တော့ တရုတ်က အတော်တည်တည်ငြိမ် ငြိမ်အနေအထားမှာ ရှိနေတယ်။ ဒါကြောင့် သူတို့သုံးနိုင်ငံဟာ တစ်လှေတည်းစီး တစ်ခရီးတည်းသွား ခရီးသည်တွေလိုပဲ အေးအေးငြိမ်း ငြိမ်း ဆက်လျှောက်လှမ်းသွားကြမယ့် သဘောရှိနေတယ်။ ၂ဝ၃ဝမှာကျ တော့ ကမ္ဘာ့စီးပွားရေးက ပုံစံပြန် ပြောင်းသွားပြီ။ ကမ္ဘာသစ်စနစ်တစ်ခုရဲ့ ကောက်ကြောင်းတွေ ပိုမြင်သာထင်သာပေါ်လာပြီ။ တရုတ်က ကမ္ဘာလုံးဆိုင်ရာ တာဝန်ယူမှု တွေ စပြီးလုပ်ဆောင်နေတော့မယ်။ အိန္ဒိယကတော့ ပလေယာမဟုတ် တော့ပေမယ့် သူ့ပြည်တွင်းတည်ငြိမ် မှုနဲ့ ဒေသတွင်းဆိုင်ရာ ရည်မှန်းချက် တွေကို ဟန်ချက်ညီ ထိန်းဖို့ လေ့ လာနေဆဲပေါ့။ တစ်ခုသိထားရမှာ က အမေရိကန်ဟာ ကမ္ဘာ့ပုလိပ် ကြီးလို ဆက်လုပ်နေဦးမယ်။ အမေ ရိကန်က ကမ္ဘာ့ခေါင်းဆောင်မှုနေရာ မှာ ဆက်နေ ဦးမယ်။ နောက်ဆယ်စုနှစ် နှစ်ခုမှာ ကမ္ဘာဟာ ထူးခြားတဲ့ ဝိသေသနှစ်ခု ရှိနေမယ်။ (၁) ပြိုင်ဆိုင်မှုတွေ ရှိနေကြပေ မယ့် အာရှရဲ့အဓိက ပလေယာတွေ ဟာ ဂလိုဘယ် လိုက်ဇေးရှင်းရယ်၊ အာရှတိုက်ရဲ့ ငြိမ်းချမ်းစွာ တိုးတက်မှုရယ်ကို ကြိုးပမ်းလုပ်ဆောင်ရင်း ကမ္ဘာမြေရဲ့တခြားအစိတ်အပိုင်းတွေကို အာရှအသံထင်ဟပ် ပြောကြား ပေးလိမ့်မယ်။ (၂) သူတို့ဟာ ဘုံရည်မှန်းချက်နဲ့ ခွဲဝေသုံးစွဲမဟာဗျူဟာကို ရှာကြံလိမ့်မယ်။ အံ့သြစရာကောင်းတာက အဲဒီရည်ရွယ်ချက်တွေ ပေါက်မြောက်ဖို့ အမေရိ ကန်က ဝိုင်းကူလိမ့်မယ်။ ပြီးရင် အာရှရဲ့ ကြီး ထွား လာတဲ့ ပထဝီနိုင်ငံရေးကို ပိုပြီး အာရုံစိုက်မှု ပြောင်းလာလိမ့်မယ်။ တရုတ်နဲ့ အိန္ဒိယတို့က အမေရိက ထက်ပိုပြီး အလျင် အမြန် တိုးတက် နေဦးမယ်။ ၂ဝ၃ဝ ကမ္ဘာကြီးဟာ ‘ဗဟို ဝင်ရိုး’ ပုံစံမျိုးဖြစ်ပြီး သြဇာလွှမ်းမိုး တဲ့သူ မရှိတော့ဘူး။ ဘုံအမြင်ရှိပြီး ခွဲဝေသုံးစွဲမဟာဗျူဟာနဲ့ပဲ အာရှအစိုး ရတွေဟာ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ အစည်းထဲမှာ ရှင်သန်ကြလိမ့်မယ်။ အမေရိကန်ကတော့ ဆက်ဦးဆောင် မှာပဲ။ ဒါပေမဲ့ သူ့ဘာသာသူ သြဇာ ထူထောင်လို့တော့ မရဘူး။ သူကတရုတ်ရော၊ အိန္ဒိယရောရဲ့အသံကို နားထောင်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ သင်ယူနေရမယ်။ အာရှရဲ့စီးပွား ရေးသြဇာညောင်းမှုတွေ က ဆွဲငင်မှု၊ ရွှေ့ပြောင်း မှုတွေပါပဲ။ ၂ဝဝ၉ ခုနှစ် ‘ကမ္ဘာ့စီးပွားရေး ညီလာခံ’ကို တရုတ်ပြည် ဒါလီယံ မြို့မှာ ကျင်းပတော့ အဲဒီညီလာခံရဲ့ ဥက္ကဌ ‘ကလော့စ်ရှဝပ်’က ကမ္ဘာ့ စီးပွား ရေးကပ် ဆိုက်မှု ပြီးတဲ့နောက်မှ တရုတ်က ကမ္ဘာကို ဦးဆောင်သွား လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဒါက တကယ်တော့ အိမ်ရှင်နိုင်ငံအလိုကျ မြှောက်ပင့်ပြောဆိုတဲ့ လောကဝတ် စကား မဟုတ်ပါဘူး။ သူက ‘အမျိုး သားစာရင်းအင်းဗျူရိုက ထုတ်ပြန် ထားတဲ့ အချက်အလက်ကို ကိုးကား ပြီးပြောတာပါ။ ၂ဝဝ၉ ခုနှစ်ရဲ့ ပထမ ရှစ်လအတွင်း တရုတ်ပြည်ရဲ့ ဘဏ် တွေက ပြည်တွင်းချေးငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅ ထရီလျံထိမြင့်တက်လာတာ တွေ့ရလို့ပါပဲ။ ဒီပမာဏဟာ ကြောက်ခမန်းလိလိပါပဲ။ အမေရိကန်ရော၊ အီးယူရောထက်များတယ်။ သူတို့ နှစ်ခုပေါင်း ထက်များတယ်။ အဲဒီချေး ငွေတွေထဲက ဆယ်ပုံကိုးပုံက ရင်းနှီး မြှုပ်နှံမှုထဲ ဝင်သွားတယ်။ အိန္ဒိယနိုင်ငံ ကလည်း ဒီလိုပဲ၊ စီးပွားရေးတိုးတက်မှုအရှိန်က တစ် ဟုန်ထိုးတိုးတက်လာတယ်။တရုတ် နဲ့ အိန္ဒိယက ဒီလိုနှုန်းအတိုင်းသာ တိုးတက်နေရင် သူတို့က မကြာခင်ကမ္ဘာကို စိုးမိုးမှာသေချာတယ်။ ကမ္ဘာ့စီးပွားရေး ကပ်ကြီးဟာ နှစ် ၈ဝ အတွင်း အဆိုးဆုံးအခြေ အနေရောက်ခဲ့တယ်။ အနောက် တိုင်းဟာ ဒီတစ်ချီတော့ နလန်မထူ နိုင်လောက်အောင် စီးပွားရေးဦးကျိုး သွားခဲ့တယ်။ ပထမဆုံးစီးပွားရေး ကပ်က ရေနံစိမ်းဈေး ၁၂ ဆတက် ခဲ့တာပဲ။ ၁၉၇၃ ခုနှစ်၊ စက်တင်ဘာ ကနေ၁၉၈ဝ ဇူလိုင်လအထိ ကာလ မှာပေါ့။ ဒီလိုဈေးတက်လာရတာက ဈေးကွက်အခြေအနေကြောင့်လည်း မဟုတ်ဘူး။ နိုင်ငံရေးအခြေအနေအရလည်း မဟုတ်ဘူး။ ၁၉၇၃ ခုနှစ် အောက်တိုဘာမှာ ယွန်းကပူးစစ်ပွဲ ဖြစ်တယ်။ အိုပက်ဆိုတဲ့ ရေနံတင်ပို့ ရောင်းချရေးနိုင်ငံများ အဖွဲ့က အာရပ် တွေဦးစီးထားတာဆိုတော့ သူတို့နဲ့ အစ္စရေး စစ်ဖြစ်ကြတဲ့အခါ နိုင်ငံ တကာရေနံဈေးကွက်ကို အနည်းနဲ့ အများဆိုသလို ထိခိုက်တာပေါ့။ ဒါပေမဲ့ ဒါက အဓိကအချက်မဟုတ်ဘူး။ အိုပက်အဖွဲ့က ရေနံဈေးထိန်းပေမယ့် တခြားရေနံထုတ်သူတွေက ဈေးကို မြှင့်လိုက်ကြလို့ ခုလိုဈေးတက်သွားတာပဲ။ ယွန်းကပူးစစ်ပွဲ နဲ့ ဘာမှမဆိုင်ဘူး။ ဒီလိုရေနံဈေး တက်တာကြောင့် အနောက်အုပ်စု ဝင် စီးပွားရေး နိုင်ငံတွေ အထိနာခဲ့ တယ်။ ဒါဟာ သူတို့ကို ပထမဆုံး စိန်ခေါ်မှုပဲ။ ဒုတိယကတော့ ၁၉၇၈ ခုနှစ် များ အလယ်ပိုင်းနဲ့ ၁၉၈ဝ ခုနှစ်များ စောစောပိုင်းကာလပဲ။ ၁၉၇၃ စက် တင်ဘာလနဲ့ ၁၉၇၄ မတ်လကြား မှာ ရေနံဈေးက လေးဆတက်ပါ တယ်။ ဒါက သိပ်မထိသေးဘူး။ ဒါပေမဲ့ ၁၉၈ဝ ဇူလိုင်လကျတော့ ရေနံတစ်စည်ကို ၃၅ ဒသမ ၆၃ ဒေါ်လာတိုးလာတာကတော့ အရင် နှုန်းထက် သုံးဆပိုလာတာပဲ။ စက်မှု နိုင်ငံတွေက သူတို့အခြား စီးပွားရေး တွေနဲ့ ကျားကန်ပြီး စီးပွားရေးထူ မတ်ဖို့ ကြိုးစားကြ ပေမယ့် မအောင် မြင်ပြန်ဘူး။ ဒါကြောင့် သူတို့ဟာ အသက်ရှူ ချောင်လိုချောင်ငြား စက်မှုနိုင်ငံသစ်တွေဆီက ဈေးပေါ ပေါရတဲ့ လူသုံးကုန်တွေမှာပြီး ဝယ် သုံးကြရတယ်။ အဲဒီမှာတင် ဘောဂ ဗေဒပညာရပ်မျာ ဝေါဟာရသစ် တစ်ခု ထပ်တိုးပါတယ်။ှအေါ်ူအေငသည ဆိုတဲ့ပေါချောင်အဆင့်တွေ ဝယ်ယူလို့ ငွေဖောင်းပွတဲ့ သဘောပေါ့။ စက်မှုနိုင်ငံသစ်တွေက အလုပ် သမားတွေရဲ့ လုပ်အားခက ဈေးပေါ တယ်။ လုပ်အားခသက်သာတဲ့ နိုင်ငံမှာ ပစ္စည်းတွေထုတ်ပြီး ဈေး ကွက်မှာ တခြားနိုင်ငံထုတ် ပစ္စည်း တွေထက် ဈေးသက်သက်သာသာ ရောင်းလို့ရတာပေါ့။ ဒီအတိုင်းဆက် သွားတော့ စက်မှုနိုင်ငံကြီးတွေမှာ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကြရတယ်။ သတ်မှတ်ဈေးတွေ လည်း ကမောက်ကမဖြစ်ပြီး ပုံမှန် ဈေးကွက်တွေ ပျက်ကြရတော့တာ ပေါ့။ ဒုတိယကမ္ဘာစစ်ပြီးခါစမှာ အနောက်တိုင်းက စက်မှုလုပ်ငန်း တွေက မယိမ်းမယိုင်ရပ်တည်နိုင်ဆဲ ပဲ။ ဒါကြောင့် ၁၉၅၈ နဲ့ ၁၉၆ဝ ခုနှစ်ပိုင်းတွေမှာ အနောက်တိုင်းက ကမ္ဘာကို စိုးမိုးလွှမ်းခြုံနိုင်တာပေါ့။ အမေရိကန်စီးပွားရေးတစ်ခုတည်း က ကမ္ဘာ့ဂျီဒီပီရဲ့ တစ်ဝက်ရှိနေ တယ်။ ဥရောပကလည်း ပထမ ကယိမ်းကယိုင်ဖြစ်သွားပေမယ့် ‘မာရှယ်စီမံကိန်း’ကြောင့် ဆယ်စုနှစ်အတွင်း သူ့ခြေပေါ် သူရပ်တည်နိုင်ပါတယ်။ အဲဒီခေတ်က ‘အရင်းရှင်စနစ်ရဲ့ ရွှေခေတ်’ဆိုပြီး အင်္ဂလိပ် စာရေးဆရာတွေက အမွှန်းတင်ရေး ကြတယ်။ ပြင်သစ် ကလည်း အောင် ပွဲခံတဲ့ နှစ်သုံးဆယ်ဆိုပြီး ချီးကျူး ကြတယ်။ အဲဒီခေတ်က အမေရိက၊ ဥရောပနဲ့ ဂျပန်တို့ ခေါင်းမော်ချိန် ပေါ့။ စက်မှုနိုင်ငံတွေက စစ်ပြီးခေတ် မျိုးဆက် တွေအတွက် အဲဒီခေတ်က တကယ့်ကို ‘ရွှေထီးဆောင်းတဲ့ ကာလ’တွေပါပဲ။ လူမှုရေးဆိုင်ရာ လုံခြုံမှု၊ အကျိုးခံစားခွင့်တွေ၊ ပညာ ရေးအခွင့်အလမ်းတွေ အလျှံပယ်ခံ စားရတယ်။ အထက်တန်းကျောင်း ပြီးရင်ပဲ၊ ကောလိပ်ကဘွဲ့ရရင်ပဲ အလုပ်တွေက အသင့်စောင့်ကြိုနေ ကြတယ်။ ဘွဲ့ရပညာတတ်တွေက စီမံကိန်း အကွက်ချပြီး ရှင်သန်နေ ထိုင်ကြတယ်။ ဘယ်အချိန် ဘယ် ဘွဲ့ရပြီးရင် ဘယ်သူနဲ့ အိမ်ထောင် ပြုမယ်၊ အိမ်ထောင်ပြုပြီးရင် ဘယ်လို အိမ်လေးဆောက် နေလိုက်မဟဲ့။ ကလေးလည်း ဘယ်နှယောက်ယူ မယ်ပေါ့။ စီမံချက်ချသလို ချတဲ့အ တိုင်းဖြစ်ပါတယ်။ အူမတောင့်လို့ သီလစောင့်နိုင်ကြသလို တချို့ လည်း သူတောင်းစား ထမင်းဝတဲ့ အခါ နောက်ဆက်တွဲအပျော်အပါး တွေကများလာပြန်တယ်။ လူမှုအ ခွင့်အရေးတွေ ထပ်တောင်းကြ၊ နိုင်ငံ ရေးလွတ်လပ်မှုအတွက် တိုက်ပွဲဝင်ပို ကြနဲ့၊ ၁၉၆ဝ နဲ့ ၁၉၇ဝ ခုနှစ်များ အတွင်းမှာ ဟစ်ပီခေတ်ပေါ်လာ တယ်။ Flower Power ဆိုတာ တွေဖြစ်လာပြီး မူးယစ်ဆေးဝါးတို့၊ လွတ်လပ် တဲ့လိင်ကိစ္စတို့ ဖြစ်လာ တယ်။ဂီတမှာဘီး တဲလ်စ်တို့၊ ဝုဒ်စ တော့တို့၊ ရာဗီရှန် ကာတို့ အုပ်စုတွေ လွှမ်းလာပါတယ်။ အမေရိကန်မှာ အဏုမြူလက်နက် ဖျက်သိမ်းရေး၊ လူမှုအခွင့်အရေး လှုပ်ရှားမှုတွေ အားကောင်းပါတယ်။ ပြင်သစ်မှာတော့ ကျောင်းသားလှုပ်ရှားမှု တွေ၊ အီတလီ၊ ဂျာမနီနဲ့ ဂျပန်တို့ မှာကျတော့တပ်နီ လှုပ်ရှားမှုတွေ။ လူငယ်တွေကစိတ် ခံစားမှုကို ဦးစား ပိုပေးလာကြတယ်။ သူတို့ရဲ့ လူမှုအဖွဲ့အစည်းကြီးက သူတို့ကို အမှားတွေလုပ်ခွင့်ပေးမယ်။ အမှားလုပ်လည်း ခွင့်လွှတ်ကြမယ်။ ပြီးရင်တဖြည်းဖြည်း သူတို့ဘာသာ သူတို့ ပျိုးထောင်မွေးမြူမယ်လို့ ထင်နေကြတယ်။ အဲဒီခေတ်က ‘သည်းခံခြင်း’ နဲ့ ‘ရက်ရောမှု’ ခေတ်ပဲ။ ဒီရွှေခေတ်ကြီး သိပ်ကြာရှည် မခံ သက်တမ်းမရှည်နိုင်ဘူးဆိုတာ ဘယ်သူမှ မစဉ်းစားမိကြဘူး။ ဂလို ဘယ်လိုက်ဇေးရှင်း အရှိန်အဟုန်က တက်လာ၊ စက်မှုခေတ်လည်း ယို ယွင်းလာတဲ့အခါ အလုပ်တွေက ရှားလာတယ်။ ရတဲ့အလုပ်ကလည်း လစာနည်းလာတယ်။ ဘဝအာမခံ ချက်လည်း သိပ်မရှိတော့ဘူး။ အ လုပ်ရုံတွေကလည်း ‘နောက်လူလာ၊ အရင် လူထွက်’ (Last in, First out) ပုံစံမျိုးလုပ်လာလို့ လူတွေအ လုပ်လက်မဲ့ပိုဖြစ်ကြတယ်။ အမြဲ တမ်းအလုပ်ထက် ယာယီအလုပ်ပဲ ပိုလုပ်ကြရ တယ်။ သူတို့မိဘ တွေ ခေတ်ကရတဲ့ ခံစားမှုတွေ၊ ကျန်းမာ ရေးကုသစရိတ်တို့၊ ပင်စင်တို့တွေ မရတော့ဘူး။ ၁၉၉ဝ အစပိုင်းလောက်က စပြီး တရုတ်ကဈေးပေါပေါနဲ့ ထုတ် လုပ်ရောင်းချတဲ့ ပစ္စည်းတွေအနောက် တိုင်းမှာ ကျယ်ပြန့်လာတယ်။ ပစ္စည်း တွေက ဈေးတော့ပေါတယ်။ အရည်အသွေးကတော့ ခပ်ညံ့ညံ့ပဲ။ တစ်ချိန်တည်းမှာပဲ တောင်ကိုရီးယား ထိုင်ဝမ်၊ မလေးရှား၊ ထိုင်း၊ အင်ဒို နီးရှား၊ မက္ကဆီကို၊ ဘရာဇီးတို့က လည်း အနောက်တိုင်းဈေးကွက်ထဲ ဝင်လာတယ်။ အဲဒါမဲ့ အဲဒီနိုင်ငံအား လုံးထက် တရုတ်က အရှိန်အဟုန် နဲ့ ဖြတ်ကျော်သွားပြီး ဆယ်နှစ် လောက်အတွင်းမှာ စီးပွားရေး တိုး တက်သွားတယ်။ ပစ္စည်းအရည်အ သွေးတွေလည်း တက်လာတယ်။ ၁၉၅ဝ ခုနှစ် လောက်မှာ အိန္ဒိ ယဝန်ကြီးချုပ် ဂျဝါဟလာနေရူးက ရင်းနှီးမြှုပ်နှံသူတွေကို လွတ်လွတ် လပ်လပ်ခွင့်ပြုပြီး စီးပွားရေးထူမတ် အောင် လုပ်ခဲ့တယ်။ ဒါပေမဲ့ ၁၉၆ဝ ခုနှစ်များမှာကျတော့ ‘အင်ဒီရာဂန္ဓီ’ အစိုးရက ပုဂ္ဂလိကလုပ်ငန်းတွေကို ချုပ်ခြယ်ကန့်သတ်တဲ့အမိန့်မျိုးကို ထုတ်ခဲ့လို့ စီးပွားရေးဦးကျိုးခဲ့တယ်။ တရုတ်က ကမ္ဘာ့ လူဦးရေရဲ့ ၁/၅။ အိန္ဒိယ ၁/၆။ လောလောဆယ် အိန္ဒိယဂျီဒီပီက တရုတ်ထက် တစ် ဝက်နည်းနေတယ်။ ဒါတောင်မှ အိန္ဒိယက ကမ္ဘာ့အကြီးဆုံးစီးပွားရေး မှာ သတ္တ မလိုက်နေတယ်။ ၂ဝဝ၃ ကစပြီး ၈ ဒသမ ၈ ရာခိုင်နှုန်းတိုး နေတယ်။ အိန္ဒိယက တစ်ခုကံကောင်း တာက သူ့မှာ အသက်တဲ့လူ များပြီး ပိုငယ်ပြီး လူဦးရေတိုး နှုန်းလည်း ပိုမြန်တာပါ။ ဒါကြောင့် ရေရှည်မှာ သူက တရုတ်ကို ကျော်သွားနိုင် တယ်။ အိန္ဒိယစီးပွားရေးက တိုးလာ တော့ အရှေ့တောင်အာရှက အစိုးရ (မလေးရှား၊ စင်ကာပူ၊ ထိုင်း)တွေ က အိန္ဒိယကို ပိုချဉ်းကပ် လာ ကြ တယ်။ တရုတ်ကို ချိန်ခွင်လျှာမျှတဲ့ ပထဝီနိုင်ငံရေး အင်အားတည် ဆောက်ဖို့အားပေးကြတယ်။ တစ် ချိန်တည်းမှာပဲ အိန္ဒိယဒေသတွင်းက တခြားနိုင်ငံတွေနဲ့ ဆက်ဆံမှု ပိုမို ခိုင်မာအောင် ကြိုးပမ်းခဲ့တယ်။ တရုတ်က သူ့ထွက်ကုန်ရဲ့ လေးပုံတစ်ပုံကို ပြည်ပကို ရောင်းချ တယ်။ အဲဒီ အထဲက ငါးပုံသုံးပုံကို ဂျပန်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား နဲ့ အာဆီယံနိုင်ငံတွေကို ပို့တယ်။ ဥရောပနဲ့ အမေရိကန်ကိုတော့ စက် ပစ္စည်းတွေတပ်ဆင်တာ၊ ထုပ်ပိုး တာတွေ လုပ်အားခသက်သာလို့ လုပ်ပေး တယ်။ ၂ဝဝ၉ ခုနှစ်၊ ဇွန်လ တစ်ရက် နေ့က သမ္မတအိုဘားမားရဲ့ ဘဏ္ဍာ ရေးဝန်ကြီး ‘တင်မသီဂိတ်သ်နာ’ တရုတ်ပြည် ကိုရောက်လာခဲ့တယ်။ အိုဘားမား သမ္မတ သက်တမ်း ရက် ၁ဝဝ အတွင်း အိုဘားမားကက်ဘိ နက်ဝန်ကြီးထဲက တရုတ်ပြည်ကို ဒုတိယမြောက်လာခဲ့သူပေါ့။ သူ့ အရင်လာသူက နိုင်ငံခြားရေးဝန် ကြီး ဟီလာရီလေ။ သူရာထူးရပြီး တစ်လမပြည့်ခင် ဖေဖော်ဝါရီ ၂၁ ရက်ကတရုတ်ပြည်ကိုရောက်ခဲ့တယ်။ ကလင်တန်လာတာက မြောက် ကိုရီးယားရဲ့အဏုမြူစီမံကိန်းကို တရုတ်ကကြားဝင်ပြီး စေ့စပ်ညှိနှိုင်း ပေးဖို့ပဲ။ တရုတ်က အမေရိကန်ရဲ့ အကြီးဆုံးကြွေးရှင်ပဲ။ ‘ဂိတ်သ်နာ’ ပေကျင်းကိုလာ တာက သူတို့ရဲ့ ငွေကြေးတွေ ဘေးကင်း ရန်ကင်း ရှိစေဖို့ တရုတ်ဆီက အာမခံချက် လာတောင်းတာပဲ။ ၂ဝဝ၇ ခုနှစ်မှာ ‘အိန္ဒိယ- တရုတ်ညီလာခံ’ကို ဒေလီမှာကျင်း ပတော့ အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီး ရဲ့ အကြံပေးပုဂ္ဂိုလ် ‘မိုဟန်ဂုရုဆွာ မိ’က ၁၉၉ဝ ခုနှစ်တွေက တရုတ် စီးပွားရေးဟာ ၉ ဒသမ ၇ ရာခိုင် နှုန်းတိုးပါတယ်။ အဲဒီတုန်းက အိန္ဒိယက ၅ ဒသမ ၉ ရာခိုင်နှုန်းပဲ တိုးသေးတယ်။ တရုတ်ကိုမီဖို့ နေနေသာသာ နောက်မှာတောင် ကျန်ခဲ့တယ်လို့ ပြောတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက် က အိန္ဒိယနဲ့ တရုတ်ပြည်ကို ရောက်ဖူး သူတွေအနေနဲ့ အိန္ဒိယက တရုတ်ကို မီဖို့ဆိုတာ ဟာသပဲလို့ ထင်ကြလိမ့်မယ်။ ၁၉၈၅ တုန်းက ပေကျင်းက တရုတ်အမျိုးသား၊ အမျိုးသမီးတွေရဲ့တစ်ဝက် လောက် ဟာ ကော်လာထောင်ထောင်၊ ဘောင်းဘီပွပွ၊ မော်စီတုန်းခေတ်က ဝတ်စုံတွေ ဝတ်နေကြဆဲပဲ။ လေးပုံ သုံးပုံက စက်ဘီးနဲ့ အလုပ်လာကြ တယ်။ ဂျပန်ကား ခပ်နည်းနည်းပဲ၊ အငှားယာဉ်အနေနဲ့သုံးဖို့ အစိုးရက ဝယ်ခွင့်ပြုထားတယ်။ အငှားကား မောင်းသမားတွေက ဝင်ငွေကောင်း တယ်။ နိုင်ငံပိုင်လုပ်ငန်းတွေက ညွှန်ကြားရေးမှူးလစာထက် သူတို့ က ဝင်ငွေလေးဆပိုရတယ်။ အငှား ကားယာဉ်မောင်းတွေက သမီး ခပ်ချောချောဘန်းပြပြီး သားမက် ကောင်းဖမ်းချင်တဲ့ ယောက္ခမ တွေကြားမှာ တော်တော် မျက်နှာပွင့် ကြတယ်။ အဲဒီတုန်းက ပေကျင်းမှာ ခေတ်မီဟိုတယ်တွေ ဆောက်ပြီး တည်းခိုခကတော့ သိပ်ကို ဈေးကြီး တယ်။ လေအေးပေးစက်တောင် ညဘက်ကျမှပဲ ဖွင့်တတ်ကြတယ်။ ဟိုတယ်တွေမှာ စားပွဲတစ်လုံးကို စားပွဲထိုးနှစ်ယောက်က တာဝန်ယူ လေ့ရှိတယ်။ အဲဒီအချိန်မှာ အလုပ် မရှိတဲ့ လူတော်တော်များများက တစ်နေကုန်ဘေးမှာ ထိုင်စောင့်ပြီး လူလိုရင်ချက်ချင်းဝင်လုပ်ကြရတယ်။ ခရီးသည်တင်ဘတ်စ်ကားသိပ်နည်း တယ်။ မီးပွိုင့်လည်း မရှိသေး ဘူး။ ဒါပေမဲ့ လမ်းမှာ ကားတိုက်သေတဲ့ နှုန်းက သိပ်များတယ်။ လမ်း ဆုံလမ်းခွဆိုရင် မထိန်းသိမ်းနိုင်ဘဲ တိုက်ကြတာ များတယ်။ အလုပ် သမားကျင့်ဝတ်ဆိုတာ ဘာတစ်ခု မှ နားမလည် ကြဘူး။ ပေကျင်းက ‘မဟာတံတိုင်း ရှရီတန်ဟိုတယ်’ ဆိုတာ ပထမဆုံးနိုင်ငံခြားပိုင် ဟိုတယ်။ ပိုင်ရှင်တွေက နိုင်ငံပိုင် စက်ရုံက အလုပ်သမားဆိုရင် မငှား ဘူးလို့ ဗြောင်ကြေညာထားတယ်။ အခု တရုတ်ပြည်ရောက်တဲ့ သူကို ဒါတွေပြောပြရင် တကယ် ယုံတမ်းစကားပဲ။ ဥရောပနဲ့ အမေရိ ကန်ထက် ကောင်းတဲ့လမ်းတွေ၊ အဆောက်အအုံတွေ၊ ကားတွေက နိုင်ငံအနှံ့ပဲ။ စင်ကာပူ၊ ကွာလာလမ် ပူ၊ ဆစ်ဒနီ၊ မယ်လ်ဘုန်းက မိုး မျှော်တိုက်တွေထက် ပိုကြီးပိုမြင့်ပို လှတဲ့ အဆောက်အအုံတွေ တရုတ် ပြည်နေရာအနှံ့မှာ တွေ့ရမယ်။၁၉၉၅ ခုနှစ်တုန်းက ရှန်ဟဲရဲ့ အရှေ့နားက ‘ပုတုံး’ရပ်ကွက်ဆို ရင် လွင်တီးခေါင်သာသာပဲ။ နိုင်ငံ ခြားရင်းနှီး မြှုပ်နှံမှုကုမ္ပဏီ သုံးခုက ကုမ္ပဏီစဖွင့်တာ။ ခုတော့ စည်ကားသလား မမေးနဲ့တော့။ လေဆိပ်ကနေ မြို့ထဲကို ကမ္ဘာ့ တစ်ခုတည်းသောသံလိုက်ရထား နဲ့ ပြေးဆွဲပေးနေလေရဲ့။ ‘ပုတုံး’ရဲ့ ကွန်တိန်နာဆိပ်ကမ်းဟာ ‘ကွန် တိန်နာ’မြို့လို့တောင် တင်စား ခေါ်လို့ရမယ်။ ဧရာမကွန်တိန်နာ တွေက ခုနှစ်ထပ်၊ ရှစ်ထပ်တိုက် လောက်နီးပါးလောက်ထိ မြင့်လိမ့် မယ်။ ‘ပုတုံး’က ‘ရှန်ဟဲ’ကို ဆက် တဲ့ တံတားဆိုရင် ခေတ်သစ်အင် ဂျင်နီယာလက်ရာနဲ့ သိပ်ကိုကျက် သရေရှိလှတယ်။ ရှန်ဟဲက ခေတ်သစ်တရုတ် ပြည်ရဲ့ သင်္ကေတဆိုရင် ပေကျင်း၊ တီယန်ဂျင်၊ ကွမ်ကျိုးစတဲ့ မြို့တွေ ကလည်း ခေတ်မီတာ နောက်ကျ မကျန်ခဲ့ကြဘူး။ ဒီမြို့တွေမှာ သွား လာနေတဲ့ သူတွေဆိုရင် ကမ္ဘာပေါ် မှာ ဈေးအကြီးဆုံး ကောင်းပေ့ဆိုတဲ့ ဝတ်ကောင်းစားလှတွေ ဝတ်တဲ့သူ တွေချည်းပဲ။ လမ်းပေါ်မှာလည်း ဇိမ် ခံကားတွေ တန်းစီနေတယ်။ ‘တရုတ်အမျိုးသားစာရင်းဇယားဗျူရို’ ရဲ့ ခန့်မှန်းချက်အရဆိုရင် ဂျီဒီပီက ၁၉၇၈ ကစပြီး တစ်နှစ်ကို ၉ ဒသမ ၅ ရာခိုင်နှုန်း တိုးနေလေရဲ့။ တစ် ဦးချင်းဝင်ငွေ ၂ဝဝ၆ ခုနှစ်မှာ ဒေါ် လာ ၁၅၁ ကနေ ဒေါ်လာ ၂ဝ၁ဝ အထိ ၁၄ ဆတိုးပါတယ်။ မြို့ပြ ကို လာနေတဲ့ လူဦးရေက ၁၈ ကနေ ၃၉ ရာခိုင်နှုန်းထိ တိုးလာ တယ်။ ချမ်းသာတဲ့ လူလတ်တန်း စားတွေ အများကြီးပေါ်ထွန်းလာ တယ်။ ၁၉၇၈ တုံးက လူ ၂ဝဝဝ မှာ ဖုန်းတစ်လုံးပဲရှိရာကနေ ၂ဝဝ၆ မှာ လူ ၁ဝဝ မှာ ၉၈ ဦးက ဖုန်း ကိုင်နိုင်ကြပြီ။ ၁၉၇၈ တုန်းက မိသားစု ၁ဝဝဝ မှာ ရုပ်သံစက်တစ် လုံး၊ ၂ဝဝ၆ ကျတော့ လူ ၁ဝဝဝ မှာ ၉၆ဝ က ရုပ်သံရှိနေကြပြီ။ ကမ္ဘာ့ဘဏ်ရဲ့ ကိုက်တံနဲ့တိုင်း ရင် ဒီရာစုအစမှာတင် တရုတ်က လူပေါင်း သန်း ၁ဝဝ ကို ဆင်းရဲ တွင်းက ဆွဲထုတ်နိုင်ခဲ့ပြီ။ ဒီလိုနဲ့ တရုတ်က ကမ္ဘာ့စီးပွားရေးမှာ စတုတ္ထအကြီးဆုံးနိုင်ငံဖြစ်လာတယ်။ ဂျပန်လိုနိုင်ငံမျိုးတောင် ဒီလိုအဆင့် ဖြစ်ဖို့ အတော်ခက်သေးတယ်။ ၁၉၉၁ အထိ အိန္ဒိယစီးပွားရေး က ခပ်နှေးနှေးပဲ။ ၂ဝဝ၃ အထိ အိန္ဒိယစီးပွားရေးပြန်လည်ဆန်းသစ် လာမှုက သိပ်မဟုတ်သေးဘူး။ ၁၉၉၁ ဇွန်လမှာ အဲဒီတုန်းက ဘဏ္ဍာရေးဝန်ကြီးဖြစ်တဲ့ ‘မန်မို ဟန်ဆင်း’က သူ့ရဲ့ဘတ်ဂျက်မိန့် ခွန်းမှာ စီးပွားရေးပြုပြင်ပြောင်းလဲမှု ကို ထည့်ပြောတယ်။ ဒါဟာ အိန္ဒိယ ရဲ့ ဆိုရှယ်လစ်အမိန့်ပေး စီးပွားရေး ကဏ္ဍကို တစ်ခန်းရပ်ပေးလိုက်တာ ပဲ။ ၁၉၉၁-၉၂နဲ့၊ ၂ဝဝ၂-ဝ၃ မှာ အိန္ဒိယစီးပွားရေးတိုးနှုန်းက ၆ ဒသမ ၂ ရာခိုင်နှုန်းရှိတယ်။ ၁၉၉ဝ ခုနှစ် များ အလယ်ပိုင်း က ဂျပန်နဲ့ တောင် အာရှက ၇ ရာခိုင်နှုန်း တိုးခဲ့တယ်။ တရုတ်က ၁၉၇၈ နဲ့ ၁၉၉၅ မှာ ၉ ဒသမ ၅ ရာခိုင်နှုန်း တိုးခဲ့တယ်။ စီးပွားရေးပေါ်လစီပြောင်းပြီး ၂ဝဝ၃ ခုနှစ် နောက်ပိုင်းမှာ အိန္ဒိယ စီးပွားရေး တိုးတက်နှုန်းက တစ်နှစ် ကို ၉ ရာခိုင်နှုန်းတိုးလာတယ်။ အဲဒီကစပြီး တရုတ်ကို အမီလိုက် လာတာ ခုထိပဲ။ ၂ဝဝ၆ မှာ တရုတ်ရဲ့ ဂျီဒီပီ တိုး တက်နှုန်းက ၁ဝ ဒသမ ၇ ရာခိုင် နှုန်းဖြစ်ပြီး အိန္ဒိယက ၉ ဒသမ ၂ ရာခိုင်နှုန်းဖြစ်တယ်။ တရုတ်က သူ့ ဂျီဒီပီရဲ့ ၄၂ ဒသမ ၅ ရာခိုင်နှုန်း ကို ရင်းနှီးမြှုပ်နှံပြီး အိန္ဒိယက ၃၂ ဒသမ ၇ ရာခိုင်နှုန်း မြှုပ်နှံတယ်။ ဒါပေမဲ့ အိန္ဒိယ ရင်းနှီး မြှုပ်နှံမှုက ပိုပြီး အကျိုးအမြတ်များ တယ်။

ဟိန်းလတ်-popularmyanmarnews

ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များ အပါအ၀င် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များပါ ဈေးနှုန်းအကျဘက်မရှိ

Sunday, 05 June 2011 15:15
ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များ အပါအ၀င် အခြား သားငါးနှင့် ဟင်းသီးဟင်းရွက်တို့၏ ဈေးနှုန်းများပါ အကျဘက်မရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများအား ဈေးကွက်အတွင်း ရောင်းချရာ၌ ၂၀၁၀ ပြည့်နှစ်က တည်းကရောင်းချခဲ့သည့် ဈေးနှုန်းနီးပါးအတိုင်း ယခုလက်ရှိတွင် ရောင်းချမှုများ ရှိနေကာ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်အချို့မှာလည်း ယခုအခါတွင် ဈေးနှုန်းအနည်းငယ် မြင့်တက်မှု ဖြစ်ပေါ်လျက်ရှိသည်။

“အရင်တုန်းကဆိုရင် ပြင်ပမှာ ဖြစ်ပေါ်နေတဲ့ ဒေါ်လာဈေးနှုန်း တက်ရင် စားသောက်ကုန်တွေရဲ့ဈေးနှုန်းတွေကိုပါ ရိုက်ခတ်မှု ရှိနေကျပါ။ စားသောက်ကုန်နဲ့ ဒေါ်လာဈေးဆိုင် ဆိုင်၊ မဆိုင်ဆိုင် ဒေါ်လာဈေးတက်ပြီဆိုတာနဲ့ စားသောက်ကုန်တွေရဲ့ ဈေးနှုန်းပါ အနည်းနဲ့အများ လိုက်တက်တော့တာပဲ။ အခုကတော့ ဒေါ်လာဈေး အဆမတန် ကျနေပေမယ့် စားသောက်ကုန် ဈေးနှုန်းတွေကတော့ ကျဆင်းမှု မရှိတော့ နေ့စဉ် ကုန်ကျနေရတဲ့ ဈေးဖိုးကုန်ကျစရိတ် က လျော့မသွားပါဘူး”ဟု အိမ်ရှင်မ တစ်ဦးက ဆိုပါသည်။

ယခုလက်ရှိ၌ အခြေခံစားသောက်ကုန် ဈေးကွက်အတွင်းတွင် ဆန်တစ်ပြည်လျှင် အမျိုးအစားနှင့် အရည်အသွေးပေါ် မူတည်၍ ကျပ် ၆၅၀ မှ ကျပ် ၁၆၀၀ အတွင်း၊ စားသုံးဆီများဖြစ်သည့် ပဲဆီတစ်ပိဿာ လျှင် ကျပ် ၃၆၀၀ မှ ကျပ် ၄၂၀၀ အတွင်းနှင့် အကြော်ခံဆီတစ်ပိဿာ လျှင် ကျပ် ၂၅၀၀ဖြင့်ရောင်းချလျက် ရှိကာ အခြားအခြေခံ စားသောက်ကုန်များဖြစ်သော ကြက်သွန်နီတစ်ပိဿာ လျှင် ကျပ် ၇၀၀ မှ ကျပ် ၁၀၀၀ အတွင်း၊ ကြက်သွန်ဖြူတစ်ပိဿာ လျှင် ကျပ် ၂၅၀၀ မှ ကျပ် ၄၀၀၀ အတွင်း၊ အာလူး တစ်ပိဿာလျှင် ကျပ် ၆၀၀ မှ ကျပ် ၈၀၀ အတွင်း ရောင်းချလျက်ရှိသည်။

“အခုလို ဒေါ်လာဈေးက ကျနေတဲ့အချိန်မှာ မြန်မာပြည်ရဲ့ စားသောက်ကုန်ဈေးနှုန်းတွေ အပြောင်း အလဲမရှိတာဟာ ရုတ်တရက်ကြည့်ရင် မြန်မာငွေတန်ဖိုး တက်လာတယ် လို့ ထင်ရပေမယ့် တစ်ဒေါ်လာကို မြန်မာငွေကျပ်တစ်ထောင်နဲ့ တန်ဖိုး ညီမျှတဲ့အချိန်တုန်းက အခြေခံလူတန်းစားအများစု မှီခိုအားထား စားသုံးနေရတဲ့ ဆန်ကြမ်းက တစ်ပြည်ကို ကျပ် ၆၅၀ အနည်းဆုံးရှိတယ်။ အခု ဒေါ်လာဈေးကျတဲ့ အချိန်မှာလည်း အဲဒီဆန်ကဈေးနှုန်း မပြောင်းလဲတော့ ဒေါ်လာဈေးကျလည်း ကုန်ကျ စရိတ်ကတော့ မပြောင်းလဲသွားနိုင် ပါဘူး”ဟု ဈေးကွက်ကျွမ်းကျင်သူ တစ်ဦးက ဆိုပါသည်။

အသား၊ ငါးဈေးနှုန်းများမှာ လည်း ယခုလက်ရှိအချိန်အထိ ကျဆင်းမှုမရှိသည့်အပြင် အချို့ငါးဈေး နှုန်းများမှာ အသားဈေးနှုန်းထက်ပင် မြင့်တက်လျက်ရှိသည်။

ထို့အပြင် ယခုလတ်တလော ၀က်များတွင် ဖြစ်ပေါ်နေသည့် ၀က်နားရွက်ပြာရောဂါကို အကြောင်းပြုပြီး အခြား ငါး၊ ကြက်သားနှင့် အမဲသားတို့မှာလည်း ဈေးအချို့တွင် ဈေးနှုန်းတက်ကာ ရောင်းချလျက်ရှိကြသည်။ အလားတူ ဟင်းသီးဟင်းရွက် ဈေးနှုန်းများမှာလည်း ဈေးနှုန်းအတက် အကျမရှိဘဲ ယခင်ရောင်းဈေးများ အတိုင်းဖြင့်သာ ရောင်းချလျက်ရှိသည်။

“အခုက မိုးရွာတဲ့ကာလကို ရောက်နေပြီဆိုတော့ ဗဟိုစံပြငါးဈေးကြီးကို ဧရာဝတီတိုင်းဒေသကြီးက ငါးနဲ့ ပုစွန်တွေ လှိုင်လှိုင်ဝင်နေပါပြီ။ ဒါကြောင့် ဒီမှာတော့ငါး၊ ပုစွန်ဈေး နှုန်းက မတက်ပါဘူး”ဟု ဗဟိုစံပြငါးဈေးကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် အသား၊ ငါး ပျမ်းမျှဈေးနှုန်းများ-


အမျိုးအမည်                    အရေအတွက်    ဈေးနှုန်း(ကျပ်)


ကြက်သား(ဗမာ)               တစ်ပိဿာ      ၆၀၀၀-၇၀၀၀
ကြက်သား(စီပီ)                 တစ်ပိဿာ      ၄၅၀၀-၅၀၀၀
အမဲသား                         တစ်ပိဿာ      ၄၅၀၀-၅၀၀၀
ဝက်သား                         တစ်ပိဿာ      ၄၅၀၀-၆၅၀၀
ငါးကြင်း                          တစ်ပိဿာ      ၃၀၀၀-၄၀၀၀
ငါးမြစ်ချင်း                       တစ်ပိဿာ      ၂၅၀၀-၃၀၀၀
လယ်ငါးခူ                        တစ်ပိဿာ      ၆၀၀၀-၇၀၀၀
တရုတ်ကန်စွန်းရွက်            တစ်စည်း        ၁၀၀-၁၅၀

Ref:weeklyelevennews

သွားအောက်ခြေရှိကျောက်များ  စောစီးစွာဖယ်ထုတ်ပစ်သင့်

ဝတ်ရည်အောင်
02/22/2011 - 09:49
အတွဲ (၉)၊ အမှတ်(၄၇)
သွားများအောက်ခြေတွင်ကပ်ညိနေသည့်သွားကျောက်များကိုစောစီးစွာမဖယ်ထုတ်ပါက ကြာရှည်တွင်သွားများပျက်စီးပြီး ရေစီးကမ်းပြိုရောဂါများအပြင်အသက်ပါသေဆုံးသည်အထိ ဖြစ်ပွား လာနိုင်သောသွားရောဂါဟု သွားဘက်ဆိုင်ရာဆရာဝန်များထံမှသိရသည်။
    သွားရောဂါများကြောင့်နာကျင်မှုဝေဒနာများသာခံစားရနိုင်သည်ဟုလူအများထင်မှတ်နေကြသော်လည်းဂရုမပြုဘဲထားပါကအသက်ပါသေဆုံးနိုင်သည့် အခြေအနေတွင်ရှိပြီး ထိုအန္တရာယ် သည် သွားကျောက်တည်ခြင်းများမှတစ်ဆင့် ဖြစ်ပွားလာနိုင်ကြောင်းသွားဘက်ဆိုင်ရာ ဆရာဝန်ဒေါက်တာစိုးတင့်ကပြောသည်။
    အစာစားပြီးသည့်အခါလက်ဆေးကြသော်လည်းအများအားဖြင့်ပါးစပ်ဆေးလေ့မရှိကြဘဲကြာရှည်လာပါကသွားများကြားအခြေများတွင်အညှိများတဖြည်းဖြည်းတက်လာပြီး သွားကျောက် တည်ခြင်းများ ဖြစ်ပွားကြခြင်းဖြစ်ကြောင်းသိရသည်။
    “သွားမတိုက်လို့ ဖြစ်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့သွားတိုက်တဲ့အခါ သွားကြားတွေထဲက အစာညှပ်တွေကို ထိုးမထုတ်တဲ့အတွက်ဝင်သွားတဲ့အစာတွေကအဆီအနှစ်တွေ ထွက်သွားပြီး ကယ်ဆီယမ်နဲ့ အမျှင်တွေကနေ သွားကျောက်တည်လာတယ်။ ပြီးတော့ပါးစပ်ထဲမှာရှိတဲ့ ပိုးမွှားတွေကြောင့်လည်း သွားကျောက်ပိုတည်လာတယ်”ဟု သွားဆရာဝန်တစ်ဦးကပြောသည်။
    ပါးစပ်အတွင်း ကျောက်များဖြစ်လာသောအခါနေထိုင်ရန်ပိုးမွှားများရောက်လာပြီးထိုပိုးမွှားများဆက်လက်ရပ်တည်နိုင်ရန်သွားများ၏အမြစ်အောက်ခြေတွင်ကျောက်များပိုတည်လာရန် ဖန်တီးခြင်းဖြင့်တဖြည်းဖြည်းသွားကျောက်များများပြားလာခြင်းဖြစ်သည်။
    “သွားဖုံးတွေက ပိုးမွှားတွေနဲ့အမြဲထိတွေ့နေတဲ့အတွက်ပိုးမွှားတွေကထုတ်တဲ့အဆိပ်တွေကြောင့်သွားဖုံးတွေနီရဲလာတယ်။ ထိတာနဲ့သွေးအလွယ်တကူထွက်လာတော့သွားသေချာမတိုက် ဖြစ်တော့ပိုကျောက်တည်လာတယ်”ဟု ဒေါက်တာစိုးတင့်ကဆက်လက်ပြောသည်။
    သွားကျောက်အတွင်းနေထိုင်သည့်ပိုးမွှားများမှာနေရာပိုမိုရလာစေရန်သွားများ၏ ဘေးတွင်အုံထားသည့်အရိုးများအားတဖြည်းဖြည်းလာရာမှ အရိုးများနိမ့်ဆင်းလာပြီးသွားအမြစ်များပေါ် လာလေ့ရှိသည်။
    “သွားအမြစ်တွေပေါ်ပေါ်လာတော့ အရိုးထဲမှာ မြှုပ်နေတဲ့အပိုင်းတိမ်လာတော့ဝါးတဲ့ဒဏ်ကိုမခံလာနိုင်တော့ဘူး။ တဖြည်းဖြည်းနဲ့ နဲ့လာတယ်။ ကြာလာရင်သွားဖုံးထိပ်သားတွေ ရုတ်တ ရက် ဆွေးပြီး အနာပြဲတွေ ဖြစ်လာနိုင်တယ်။ အဲဒါကနေသွားဖုံးရောင် ရောဂါတွေ ဖြစ်လာတယ်”ဟု အဆိုပါ ဆရာဝန်ကပြောသည်။
    ကလေးငယ်များတွင် အဖြစ်များပြီးလူကြီးများတွင်ဖြစ်လာပါကပါးစပ်များနံခြင်း၊တံတွေးများထွက်ခြင်း၊ သွေးများထွက်လာခြင်းစသည့်လက္ခဏာများပြသ၍ ကျောက်တည်သည့်နေရာတွင် ပိုးမွှားများ အလွန်များပြားလာပါကပါးပေါက်နာဖြစ်ပြီး အသက်သေဆုံးသည်အထိဖြစ်ပွားနိုင်ကြောင်းသိရသည်။
    အဆိုပါကျောက်များအားသွားကျောက်ခြစ်စက်ဖြင့်အလွယ်တကူခွာထုတ်နိုင်ပြီးသွားကျောက်တည်ခြင်းမဖြစ်စေရန်သွားဆရာဝန်ထံတွင်ပုံမှန်သွားရောက်စစ်ဆေးသင့်ကြောင်း သိရသည်။
Ref:7daynewsjournal

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက် မြို့တောင်ဘက်ခြမ်း ဆင်ခြေဖုံး ရပ်ကွက်များသို့ ပြောင်းလဲရွေ့လျားလာ မြေဧကနှင့်ချီသော အရောင်းအ၀ယ်များမှာ နိုင်ငံတကာ မြေဈေးကွက်နှင့် နှိုင်းယှဉ်ပါက အဆမတန် မြင့်မား

Monday, 06 June 2011 11:48
 
 
မြို့တွင်း ဧရိယာအတွင်း အရောင်းအ၀ယ်ဖြစ်သည့် အကြိမ်အရေအတွက် နည်းပါးလာသော မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်သည် မြို့တောင်ဘက်ခြမ်း ဆင်ခြေဖုံးရပ်ကွက်များသို့ ပြောင်းလဲရွေ့လျားလာပြီး အဆိုပါ နေရာများ၏ မြေယာဈေးနှုန်းများ လည်း အဆမတန် မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။
မြို့တောင်ဘက်ခြမ်း ပြည်ကြီးတံခွန်မြို့နယ်၊ စွယ်တော်ဘုရားဝန်းကျင်ရှိ မြေဧကနှင့်ချီသော အရောင်းအ၀ယ်များမှာ နိုင်ငံတကာ မြေဈေးကွက်နှင့် နှိုင်းယှဉ်ပါက အဆမတန် မြင့်မားသော ဈေးနှုန်းများ ဖြစ်ကြောင်း ၀ါရင့် အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်ကြသည်။
''မန္တလေးမြို့ အိမ်ခြံမြေဈေးကွက် အနေအထားမှာ ၂၀၁၀ ပြည့်နှစ် အတွင်းကတည်းက မြို့တွင်း အရောင်းအ၀ယ်ဖြစ်တဲ့ အကြိမ်ရေ မရှိသလောက် နည်းလာပြီး မြို့ပြင်ဘက်ပိုင်းတွေမှာ ဈေးကွက် ကစားလာတဲ့ သဘောပါ။ ဒါကြောင့် မြို့သစ်ပိုင်းမှာက ပြီးခဲ့တဲ့ သုံးလလောက် အတွင်းမှာ ဈေးနှုန်း ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားတယ်။ အရမ်း ဈေးမြင့်နေတယ်။ ဒါကြောင့် အခုနောက်ပိုင်း မြို့သစ်လို အပိုင်းတွေမှာ ရောင်းပြီး မြို့ထဲ ပြန်လှည့်လာသူတွေ ရှိတယ်''ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။
''စွယ်တော်ဘုရား အရှေ့ဘက်ပိုင်းက ပေ ၁၀၀ x ၂၀၀ အကျယ်အ၀န်းကို ကျပ်သိန်း နှစ်သောင်း ရှိတယ်။ ဒီဈေးနှုန်းက ဒေါ်လာနှစ်သန်းခွဲ တန်ကြေးရှိတဲ့အတွက် နိုင်ငံတကာဈေးနဲ့ ယှဉ်လိုက်ရင် အဆမတန် များပြားတဲ့ ပမာဏ ဖြစ်နေတယ်။ နောက်ပြီး ၆၂ လမ်း သိပ္ပံလမ်းဝန်းကျင်မှာလည်း ပေ ၁၀၀ x ၂၀၀ လောက်ကို ဇန်န၀ါရီလတုန်းက ကျပ်သိန်းနှစ်သောင်း ၀န်းကျင်ကနေ အခု ကျပ်သိန်းလေးသောင်းပေးတာ မရောင်းဘူး။ လေးသောင်းခွဲထိ အော်နေကြတယ်။ ပြောရရင် အဲလို မြို့သစ်ပိုင်းက အိမ်ခြံမြေ ဈေးနှုန်းတွေ မြင့်နေတော့ မြို့ထဲဧရိယာကလည်း အရောင်းကွက်သာ မရှိတာ။ ဈေးတွေကတော့ ခေါင်ခိုက်နေပြီ''ဟု ဆက်လက် ပြောကြားခဲ့သည်။
မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်တွင် ယင်းကဲ့သို့ ဈေးနှုန်းများ အဆမတန် မြင့်မားနေမှုနှင့်အတူ မြို့တောင်ဘက်ခြမ်းရှိ အသစ် ဖောက်လုပ်လျက် ရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် ဆက်စပ်သော မြို့အ၀င်
လမ်းတစ်လျှောက်နှင့် စွယ်တော်ဘုရား ၀န်းကျင်ရှိ အသစ် တည်ဆောက်နေသော ကုန်တင်ယာဉ်ကားကြီးကွင်း၊ ပွဲရုံတန်း စသည့် နေရာများတွင် ဧက ကွက်များထိ အရောင်းအ၀ယ် သွက်လက်စွာ ဖြစ်ပေါ်ခဲ့သည်။
ဝါရင့် မြေပွဲစားတစ်ဦးက ''ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဘေးပတ်လည်က ရွာကွက်တွေတောင် အရောင်းအ၀ယ် တော်တော်များများ လှုပ်ခတ်သွားပြီး အခုတော့ ပြန်အေးသွားတယ်။ အဲဒီ တံခွန်တိုင် ရပ်ကွက်တွေမှာ
အကျယ်အ၀န်းတွေက ပေ ၆၀ ပတ်လည်၊ ပေ ၁၀၀ ပတ်လည် စသဖြင့် ကျပ်သိန်းရာကြီးပိုင်းကနေ ကျပ်သိန်း ၁၅၀၀ လောက်ထိ ဖြစ်သွားခဲ့တာ။ နောက်ပြီး ကန်တော်ကြီး အနောက်ဘက်ခြမ်းက ရှမ်းလေးကျွန်းဘက်က
စိုက်ခင်းပျိုးခင်း အကွက်တွေလည်း မျက်စိကျလာတယ်။ ဧကကွက်တွေ၊ မြို့စွန်က ခြံတွေမှာက ဂရန်ပေါက် မဟုတ်တဲ့ အတွက် အရောင်းအ၀ယ် နည်းပါတယ်''ဟု ဆိုသည်။
''အဓိက အရောင်းအ၀ယ် ပိုင်းမှာရော ဈေးကစားတဲ့ သဘောရောမှာ တရုတ်လူမျိုးတွေပါ။သူတို့အနေနဲ့ လက်ရှိ ဈေးနှုန်းကို သင့်တင့်သလား၊ များသလား မတွက်ကြဘူး။ ဈေးထပ်တက်မယ်ထင်ရင် ၀ယ်လိုက်တာပဲ။ ပြောရရင် အမှန်တကယ် နေထိုင်ဖို့ အရောင်းအ၀ယ်ဖြစ်တယ် ဆိုတာလည်း နည်းတယ်။ အများစုက ဈေးကစားပြီး အရောင်းအ၀ယ် လုပ်ကြတာ ဆိုတော့ ဈေးကွက်က ဆွဲတင်ရင် တင်သလောက် မြောက်နေတော့တာပဲ''ဟုလည်း ဆက်လက် သုံးသပ်ခဲ့သည်။
Ref:weeklyelevennews

Wednesday, June 1, 2011

ဂျာမနီက ဘက်တီးရီးယား ဥရောပကို ပံျ့နှံ့


အီကိုလိုင်း ဘက်တီးယီးယား သခွားသီးက စတယ်လို့ပြော
ဂျာမနီက ဘက်တီးရီးယား ဥရောပကို ပံျ့နှံ့
အီကိုလိုင်း ဘက်တီးယီးယား သခွားသီးက စတယ်လို့ပြော
ဂျာမနီနိုင်ငံက ဖြစ်ပွားခဲ့တဲ့ လူကိုသေစေ နိုင်တဲ့ အီကိုလိုင် ဘက်တီးရီးယားဟာ တခြားဥရောပ နိုင်ငံတွေဆီထိ ပံျ့နှံ့နေ ပါတယ်။
ဆွီဒင်က အသက် ၅၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးဟာလည်း ဂျာမနီက ဘက်တီးယီးယား ကြောင့် ဆွီဒင်က ဆေးရုံတစ်ခုမှာ သေဆုံးခဲ့ တယ်လို့ ဆွီဒင် ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
ဂျာမနီမှာလည်း ဒီဘက်တီးယီးယားပိုးကြောင့် အခုဆိုရင် လူ ၁၄ ဦးသေဆုံးပြီး လူရာနဲ့ချီပြီး ဆေးရုံတွေမှာ ကုသခံနေရပါတယ်။
ဒီဘက်တီးယီးယားဟာ ဓါတုပစ0x081စည်းတွေမပါပဲ စိုက်တဲ့ စပိန်က သခွားသီးတွေဆီက လာတာလို့ ဂျာမနီအရာရှိတွေက အစောပိုင်းက ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စပိန်ကလာတဲ့ သခွားသီးကြောင့်လို့ အတည်မပြုနိုင်ကြောင်း ပြောပါတယ်။ စပိန်အစိုးရကလည်း စပိန်က သခွားသီးကြောင့် အခုလို ဖြစ်တယ်ဆိုတာကို မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
စပိန်က အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တင်ပို့သူတွေကလည်း အခုဆိုရင် ဥရောပနိုင်ငံ တွေက သူတို့ရဲ့ အသီးအရွက်တွေ မဝယ်ကြလို့ တော်တော်လေး အကြပ်အတည်း ဆိုက်နေ တယ်လို့ ပြောပါတယ်။ တစ်ရက်လို့ ဒေါ်လာ သန်း ၂၀၀ လောက် ဆုံးရှုံးနစ်နာ နေတယ်လို့ ပြောပါတယ်။
အခုဆိုရင် ရရှား၊ ချက်သမ္မတနိုင်ငံ၊ ပြင်သစ် နဲ့ သြစတြီးယားနိုင်ငံတို့က သံသယရှိတဲ့ သခွားသီးတွေကို မတင်သွင်းကြတော့ပါဘူး။

နောက်ဆက်တွဲသတင်း-

E.Coli ရောဂါပိုး ဂျာမဏီ ပဲပင်ပေါက်နဲ့ ဆက်နွယ်

ဂျာမဏီနဲ့ ဆွီဒင် နိုင်ငံတွေမှာ လူပေါင်း ၂၂ ယောက် သေဆုံးခဲ့ရတဲ့ အီကိုလိုင် (E.coli) ဘက်တီးရီးယားပိုးဟာ ဂျာမဏီမှာစိုက်တဲ့ ပဲပင်ပေါက်တွေနဲ့ ဆက်နွယ်နေတယ်လို့ ဂျာမဏီနိုင်ငံ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
စမ်းသပ်ချက်အဖြေ အတိအကျကို တနင်္လာနေ့ကျရင် သိရမယ်လို့ လိုဝါ ဆက်စ်ဇိုနီ (Lower Saxony) ပြည်နယ်က လယ်ယာစိုက်ပျိုးရေး ဝန်ကြီး ဂါ့တ် လင်ဒါမန် (Gert Lindemann) က သတင်းထောက်တွေကို တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဂျာမဏီနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်ကြတဲ့သူတွေ အနေနဲ့လည်း ပဲပင်ပေါက် စားသုံးမှုကို ချက်ချင်း ရပ်ထားကြဖို့ ၀န်ကြီးက အကြံပြုပါတယ်။
အီကိုလိုင် ဘက်တီးရီးယားပိုး ပြန့်ပွားရာဇာစ်မြစ် ဖြစ်ပုံရတဲ့ ဥတ်ဇင် (Uelzen) ဒေသက ကုမ္ပဏီတခုကိုလည်း ပိတ်ထားလိုက်ပြီလို့ ဝန်ကြီးက ပြောပါတယ်။
တနင်္ဂနွေနေ့ အစောပိုင်းက အီကိုလိုင် ဘက်တီးရီးယားပိုးကြောင့် ဂျာမဏီမှာ နောက်ထပ် လူ ၃ ယောက် သေဆုံးခဲ့တဲ့အတွက် ဒီပိုးကြောင့် စုစုပေါင်း သေဆုံးသူဟာ ၂၂ ယောက် ရှိသွားပါပြီ။ ဂျာမဏီကနေ ပြန်လာတဲ့ ဆွီဒင် အမျိုးသမီး ၁ ယောက်ကလွဲလို့ သေဆုံးသူတွေ အားလုံးဟာ ဂျာမဏီနိုင်ငံထဲက ဖြစ်ကြပါတယ်။
ဂျာမဏီကပဲ အများဆုံးဖြစ်တဲ့ လူပေါင်း ၂,၀၀၀ လောက်လည်း အီကိုလိုင်ပိုးကြောင့် ဖျားနာနေကြတယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
တခြား ဥရောပနိုင်ငံ ၁၀ နိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့မှာလည်း လူ ၉၀ လောက် အီကိုလိုင်ပိုး ကူးစက်နေကြပြီး အားလုံးနီးပါးဟာ ဂျာမဏီနိုင်ငံ မြောက်ပိုင်းကို မကြာခင်ကပဲ သွားခဲ့ကြသူတွေ ဖြစ်ကြပါတယ်။

နောက်ဆက်တွဲ၂-

အီကိုလိုင်း ပိုးရဲ့ ဇစ်မြစ် တွေ့ပြီ

ပဲပင်ပေါက် ကနေ အီကိုလိုင်း ကူးစက် တာလို့ ဆို
ဂျာမနီ နိုင်ငံနဲ့ တခြား နိုင်ငံ တခိျု့ မှာ လူပေါင်း ၂၂ ယောက် သေဆုံး ခဲ့ရပြီး လူပေါင်း ၂ ထောင် လောက်ကို ကူးစက် ခဲ့တဲ့ အီကိုလိုင်း ရောဂါ ပိုးဟာ ဒေသ တွင်းမှာ စိုက်ပျိုး ထားတဲ့ ပဲပင် ပေါက် ကနေ ကူးစက် ခဲ့တာ ဖြစ်နိုင်ခြေ များ တယ်လို့ ဂျာမန် အာဏာပိုင် တွေက ပြောပါ တယ်။
ဆက်ဆွန်နီ အောက်ပိုင်း ဒေသ တွေရဲ့ စိုက်ပျိုး ရေး ဝန်ကြီးက ကူးစက် ရောဂါ ဆိုင်ရာ ပညာ ရှင် တွေက ဟမ်းဘတ် မြို့က တောင်ဘက် ကီလိုမီတာ ၁၀၀ အကွာ လောက်မှာရှိတဲ့အူလ်ဇန် က စိုက်ခင်း တခုကို ခြေရာ ကောက်နိုင် ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ပဲပင်ပေါက် တွေကို ဟင်းသီး ဟင်းရွက် တွေ အဓိက ပါတဲ့ ဆဲလ်လက် အစား အစာ တွေ ထဲမှာ သုံးဖို့ ရောင်းချ ခဲ့ကြတယ်လို့ သိရပါတယ်။
အခုတော့ ဒီ စိုက်ပျိုးခင်းကို ပိတ်ထားလိုက်ပြီ ဖြစ်ပြီး အဲဒီက ထွက်တဲ့ ဟင်းသီးဟင်းရွက် တွေကိုလဲ ပြန်လည် သိမ်းဆည်းနေတယ် လို့ အဲဒီ ဝန်ကြီးက ပြောပါတယ်။
ဒါပေမယ့် ဒီစိုက်ပျိုးခင်းမှာ ဒီ ရောဂါပိုး ရှိမရှိကို သေချာအောင် ခုထက်ထိ တရားဝင် ရှာဖွေ စမ်းသတ်ထားတာ မရှိသေးဘူးလို့လဲ သိရပါတယ်။

- Posted using BlogPress from my 4GiPhone

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!