Popular Posts!
Showing posts with label ငွေကြေး. Show all posts
Showing posts with label ငွေကြေး. Show all posts
Thursday, May 9, 2019
ဘဏ်မှာ ချေးငွေရဖို့လုပ်ငန်းရှင်တချို့ ပုံစံမျိုးစုံနဲ့ လိမ်လည်"
"ဘဏ်မှာ ချေးငွေရဖို့လုပ်ငန်းရှင်တချို့ ပုံစံမျိုးစုံနဲ့ လိမ်လည်"
လုပ်ငန်းရှင်တချို့ ဘဏ်က ချေးငွေရရှိဖို့နည်းလမ်းမျိုးစုံနဲ့ လိမ်ညာထုတ်ချေးတာတွေကြောင့်ဘဏ်တွေဘက် က စည်း ကမ်းချက်တွေ ပိုတင်းကျပ်လာရတယ်လို့ မြန်မာ့စီးပွားရေးဘဏ် လက်ထောက်အထွေထွေမန်နေဂျာဆီက သိရပါတယ်။
အိမ်အဆုံးခံမယ့်သူ
။။။။။။။။။။။။။။။။။။။။။။
မြန်မာ့စီးပွားရေးဘဏ်ကို customer တစ်ယောက်ရောက်လာပါတယ်။သူ့ကိုကြည့်ရတာဟာလည်းသွက်သွက်လက်လက် နဲ့ လုပ်ငန်းလည်း အတော်ကောင်းတဲ့ ပုံပါပဲ။ ချေး ငွေအကြောင်းအရာတွေနဲ့လည်းတော်တော်လေးရင်းနှီးမှုရှိပုံပေါ်ပါတယ်လို့ ဆိုတယ်။
သည်လုပ်ငန်းရှင်က ဘဏ် က တာဝန်ရှိသူကမေးမြန်းသမျှတွေကိုလည်း မြန်မြန်ဆန်ဆန်ပဲဖြေဆိုပြန်ပြောပြ နိုင်ပါတယ်။
သူလိုချင်တာက CGI(အ ပေါင်ပစ္စည်းတင်ပြစရာမလိုတဲ့အာမခံစနစ် - Credit Guarantee Insurance)စနစ်နဲ့သိန်း ၂ဝဝ ပဲ ချေးငွေ လိုချင်တာပါ။
သည်အခါမှာ ချေးငွေထုတ် ချေးပေးမယ့်တာဝန်ရှိသူဦးအောင်မျိုးထွန်းက ဘာကြောင့်လုပ်ငန်းကောင်းရဲ့သားနဲ့ အာမခံအပေါင်ပစ္စည်းမပေးတာလဲမေးတဲ့အခါမှာအပေါင်ပစ္စည်း ပေးစရာမရှိဘူးလို့ ဆိုပါတယ်။ဘယ်မှာနေလဲဆိုတော့ အိမ်မှာနေတယ်လို့ ဖြေပါတယ်။
သည်လိုနဲ့မေးရင်းမေး ရင်းနဲ့ မြန်မာ့စီးပွားရေးဘဏ်မှာလာပြီးတော့ CGI နဲ့ အရင်ချေးငွေယူ ထားမယ် ၊မကြာခင်လာမယ့် JICA ချေးငွေ အတွက်ကို သူကပိုင်ဆိုင်မှုကို အာမခံထားပြီးတော့ နောက်တစ်ဘဏ်မှာသွားချေးမယ်ဆိုတဲ့ သူရဲ့ plan ပါလာ ပါတယ်။
မြန်မာ့စီးပွားရေးဘဏ် လက် ထောက်အထွေထွေမန်နေဂျာ (ဘဏ် ၃) က ဦးအောင်မျိုးထွန်းက“ဥပမာ သဘောတစ်ခုက ဘဏ်နှစ်ဘဏ်က ရထားတဲ့ချေးငွေနဲ့ သူ့ရဲ့အိမ်တန်ဖိုးနဲ့ ပြန်ပြီးချိန်ကြည့်လိုက်လို့တန်တယ် ဆိုလို့ရှိရင် သူ က အဆုံးခံရင်ခံမယ့်သဘောရှိတယ်၊
အိမ်ကို အဆုံးခံပြီးတော့ လုပ်ချင်ရာသာ လုပ်ကြပေတော့ ဆိုပြီးတော့ အဲဒီပြဿနာတွေက အတော်ဖြစ်တယ်၊
အဲဒါကြောင့် ကျွန်တော်တို့မှာ တော်တော်ကို စိစစ်ရတယ်၊
စိစစ် ပြန်တော့လဲ ကြာလို့ပေါ့၊ မစိစစ်ပြန်တော့လဲပြည်သူလူထုငွေကြေးဆုံးရှုံးသွားပြီဆိုလို့ရှိရင်တာဝန်ရှိတဲ့သူ ကျွန်တော်တို့ပေါ်မှာ ဖြစ်မှာပဲလေ”လို့ ပြောပါတယ်။
ဘယ်လောက်ရရ
။။။။။။။။။။။။။။။။။။။။
ဒဂုံဆိပ်ကမ်းမြို့နယ်ထဲက နာမည်ကြီး စာရေးကိရိယာထုတ်လုပ်တဲ့ စက် ရုံကြီး တစ်ရုံကပါ။
စာရွက်စာအုပ်တွေ နဲ့ တစ်ရှူးတွေ ထုတ်လုပ်နေတဲ့ ၊ကုမ္ဗ ဏီကြီး တစ်ခုလို ထုတ်လုပ်နေတဲ့ စက်ရုံကြီးတစ်ခုက ဘဏ်မှာငွေလာချေး ပါတယ်။
အက်စ်အမ်အီး ချေးငွေ စတင်ချေးတဲ့အချိန်မှာအက်စ်အမ်အီး ချေးငွေ လိုချင်တယ်ဆိုပြီးမြန်မာ့ စီးပွားရေးဘဏ် မှာလာလျှောက်ပါတယ်။
လုပ်ငန်းကို ကြည့်လိုက်တဲ့ အခါမှာလည်း သူလုပ်တဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းက ချေးငွေဦးစားပေး လုပ်ငန်းထဲမှာ အ ကျုံးဝင်ပါတယ်။
သည်လုပ်ငန်းရှင်က တရုတ် ပြည် ကနေ ကုန်ကြမ်းသွင်းပြီးတော့ လုပ်နေရတယ်။မားကက်ကလည်း ရှိတဲ့အတွက်တရုတ်ပြည်က ကုန်ကြမ်းမသွင်းတော့ဘဲ စက်တွေဝယ်ဖို့လာလျှောက် တာပါ။
စက်ရုံ ဧရိယာကြီးက ဘယ် လောက်ကျန်သေးတယ် ၊အခုလက်ရှိ မှာလည်း အဲသည်စက်ရုံ ဧရိယာကြီးမှာအဆောက် အအုံဆောက်ပြီးပြီ၊စက် တွေ ထပ်တည့်ရုံပဲ ၊အဲသည်တော့ အစိုးရကနေ ကူညီပေးပါဆိုပြီးချေး ငွေ လာလျှောက်တာ ဖြစ်တယ်။
တာဝန်ရှိသူကလည်း မြေပြင်ကိုဆင်းကြည့်တဲ့အခါမှာလုပ်ငန်း က တော်တော်လေးကောင်းပြီး လုပ်သားဦးရေလည်း တော်တော်များတာကို တွေ့ခဲ့ရပါတယ်။
ဘယ်လောက်ချေးချင်တာလဲ မေးတဲ့အခါမှာသိန်း ၁၀,ဝဝဝ လိုချင်ပါ တယ်လို့ ဖြေပါတယ်။
သိန်း ၁၀,ဝဝဝ တော့ ချေးလို့ မရဘူး၊ဘဏ်ရဲ့ ကန့်သတ်ချက် က အက်စ်အမ်အီးသည်သိန်း ၃ဝဝဝ ထက် ပို မချေးဘူး။
သိန်း ၁၀,ဝဝဝ လိုချင်ရင် ၄င်းရဲ့အာမခံ အပေါင်ပစ္စည်းကို တန်ဖိုးသင့်ဖြတ်မယ်လို့ တာဝန်ရှိသူ က ဆိုပါတယ်။
သည်လိုဖြတ်လိုက်မယ်ဆိုရင် အဆောက်အအုံတန်ဖိုးနဲ့ မြေတန်ဖိုးအပေါ်မှာ ချေးငွေမူဘောင် ထဲမှာဝင်တဲ့ပမာဏကို သူက ရရှိမှာ ဖြစ်ပါ တယ်။
သည်အခါမှာ သူက အက်စ် အမ် အီးနဲ့ ဘောင်ဝင်တဲ့သိန်း ၃ဝဝဝ ပဲ ယူမယ်လို့ ဆိုလာပါတယ်။
သည်လိုဆိုလည်း အပေါင်ပစ္စည်း အဖြစ်အဆောက်အအုံနဲ့ ပတ်သက်တဲ့ ဂရန်တွေ ပြခိုင်းတဲ့အခါမှာ မိတ္တူတွေ ပြပါတယ်။
အခုအချိန် မိတ္တူပြတာကိစ္စမရှိ ဘူး၊သက်ဆိုင်ရာက ဆင့်ကဲဆင့်ကဲ လာစစ်တဲ့ အချိန်မှာမူရင်းပြရတော့မယ်လို့ ပြောတဲ့အခါ ၄င်းလုပ်ငန်းရှင်က အခြားဘဏ်မှာ အပေါင်ထားကာ ချေးငွေရထားပြီးသားဖြစ်နေပါတယ်။
တခြားဘဏ်မှာ အတိုး ၁၃ ရာခိုင်နှုန်းနဲ့ အပေါင်ထားထားပြီးတော့ အပေါင် သွားဖြတ်ပြီး မြန်မာ့စီးပွားရေးဘဏ်ကို ကိုးရာခိုင်နှုန်းတိုးနဲ့ ပြောင်းချေးချင်တာဖြစ်နေပါတယ်။
အဲသည်လိုမျိုး ချေးချင်တယ် ဆိုရင်လည်း ရပါတယ်။ဒါကြောင့် ဟိုဘက် ဘဏ်မှာ အာမခံကို အတိုး နဲ့အရင်းနဲ့ဖြတ်ခဲ့ပြီး ဂရန်မူရင်းကို ထုတ်ခဲ့ ပြီး ပိုင်ဆိုင်မှုတွေကိုယူခဲ့ ပြီး ချေးငွေ တင်ပါလို့ ပြောတဲ့အခါ မှာတော့သူက မြန်မာ့စီးပွားရေး ဘဏ်က ခွင့်ပြုမိန့်ချ ပေး၊သည်လိုရပြီးတော့မှ ဟိုဘက်က ဘဏ်ကိုသွား ပြီးတော့အပေါင်ဖြတ်ပြီးရင် မူရင်းတွေကိုယူလာပြီး လုပ်ပေးပါလို့ ဆိုလာပြန်ပါတယ်။
တာဝန်ရှိသူက လက်မခံတဲ့ အခါမှာ ဆွေးနွေးလို့မရတဲ့အဆုံးမှာ နောက်ဆုံးတော့ အာမခံအပေါင်ပစ္စည်းမပါဘဲ သိန်း ၂ဝဝ ပဲ ယူမယ်လို့ဆိုလာပြန်ပါတယ်။
သူ့လုပ်ငန်း ရဲ့ဝန်ထမ်းများရဲ့ တစ်လစာ ဝန်ထမ်းစရိတ်က လစာအ တွက်ပဲ သိန်း ၁ဝဝ ကျော် ရှိနေပါတယ်။
ဦးအောင်မျိုးထွန်းက“ကျွန် တော် က ပြောပြတယ်၊ကျွန်တော် က သိန်း ၂ဝဝ ပေးလိုက်တာနဲ့ကျွန်တော်ပေးလိုက်တဲ့ သိန်း ၂ဝဝ က ခင်ဗျားမှာဝန်ထမ်းလစာ နှစ်လ ပေးလိုက်တာနဲ့ ကုန် ပြီ၊သူ့ ချေးငွေက ဘာအကျိုးမှ မရှိဘူး၊သို့သော် ခင်ဗျားက မယူတော့ဘဲနဲ့ ခင်ဗျားထက်ပိုပြီးတော့ တကယ်ကို လုပ်ငန်းသေးသေးလေးလုပ်ပြီးဒီ ပိုက်ဆံလေးကိုရရင် သူ့မှာ တော်တော်ကိုအကျိုးအမြတ်ရှိမယ်ဆိုတဲ့ လူကို ကျွန်တော်ကဦးစားပေးချင်တယ်၊ အဲဒီတော့ ခင်ဗျားမယူပါနဲ့ ၊ခင်ဗျား နောက်ဆုတ်ပါလို့ ပြောလိုက်ရတယ်”လို့ ဆိုပါတယ်။
လုပ်ငန်းရှင်က JICA ချေးငွေလာရင် ၄င်းအနေနဲ့customer အ ဟောင်းဖြစ်အောင်လို့ လာဦးထားတဲ့သဘောလို့ သိရပါတယ်။
ငွေတော့ ချေးချင်တယ်
။။။။။။။။။။။။။။။။။။။။။။။။။။
မြန်မာ့ စီးပွားရေးဘဏ်ကို CGI စနစ်နဲ့ ချေးငွေချေးချင်တဲ့ အမျိုးသမီး တစ်ဦးရောက်လာပါတယ်။
တာဝန်ရှိသူကမေးတဲ့ အခါမှာ အခု သူနေနေတဲ့ အိမ်ကိုဘာလို့ အာမခံပစ္စည်း မပေးတာလဲ မေးတဲ့အခါမှာ၎င်းအမည်ပေါက် မဟုတ်လို့ဆိုပြီး ဖြေပါတယ်။
အာမခံပစ္စည်းပေးရင် ကာယကံရှင်ရဲ့ အမည်ပေါက်တဲ့အိမ်ခြံမြေတိုက်တာ ဖြစ်ရမယ်ဆိုတဲ့ သတ် မှတ်ချက်ကရှိပါတယ်။
အိမ်ကို စာချုပ်ပြခိုင်းတဲ့အခါ မှာ ၂ဝဝဝ ပြည့်နှစ်ကဝယ်ထား တာပါ။နောက်ပြီး စပယ်ရှယ်ပါဝါပြပါတယ်။
ဒါဆို စပယ်ရှယ်ပါဝါ ပါတယ်။ သည်အိမ်ဂရန်ပြောင်းဖို့၂ဝဝဝ ပြည့်နှစ်ကနေ ၂၀၁၈ ခုနှစ် အတွင်း ၁၈ နှစ်လုံးလုံးကို သည်ဂရန်အမည်ပြောင်းဖို့လည်းရောင်းသွားတဲ့ ပိုင်ရှင်က စပယ်ရှယ်ပါဝါပေးထားပြီးသား ၊ ဘာကြောင့် မလုပ်တာလဲလို့ ဘဏ်ကမေးပါတယ်။
သည် အခါမှာ အမျိုးသမီး က ပြန်ဖြေလိုက်တာ ကအခွန်ပေးရမှာစိုးလို့ဆိုပြီး ပြောပါတယ်။
“ပြည်သူလူထုက တိုင်းပြည်အပေါ်မှာ စေတနာရှိသလားဆိုတဲ့ အချက်အပေါ်မှာလဲ တစ်ချက်ပြန်ကြည့်ရမယ်၊
အစိုးရမှာပဲ တာဝန်ရှိတာ မဟုတ်ဘူး၊အစိုးရဝန်ထမ်းမှာ ချည်းပဲလဲ တာဝန်ရှိတာ မဟုတ်ဘူး၊ပြည်သူ တစ်ဦးချင်းရဲ့ စေတနာဟာလဲ တိုင်း ပြည်အတွက် တော်တော်ကို တာသွားတဲ့ အရာပါ”လို့၎င်းက ပြောပါတယ်။
မြတ်တယ်၊ မမြတ်ဘူး
။။။။။။။။။။။။။။။။။။။။။။။။။
အာမခံပစ္စည်းနဲ့ ချေးငွေလာရောက် လျှောက်ထားသူတစ်ယောက် လာချေးတဲ့အခါမှာ လုပ်ငန်းရဲ့လွန်ခဲ့တဲ့သုံးနှစ်က အခွန် ပြေစာကို တင်ပြပါလို့ ဘဏ်ကတင်ပြခိုင်းတဲ့အချိန်မှာ အခွန်ပြေစာကို တင်ပြပါတယ်။
မူရင်းအစစ်ကို ပြနိုင်တဲ့ အတွက် သက်ဆိုင်ရာဘဏ်ကို စစ်ဆေးမေးမြန်းတဲ့အခါမှာလည်း စာရင်းနံပါတ်၊ကုမ္ဗဏီပိုင်ရှင် အားလုံး မှန်ပါတယ်။
အရှုံးအမြတ်စာရင်း သုံးနှစ်စာ ပေးပါလို့ တောင်းတော့ရောက်ရှိလာတဲ့ အချိန်မှာတော့ ဆောင်ထားတဲ့အမြတ်ခွန်နဲ့ မမျှတတဲ့ အရမ်းများပြားတဲ့ အမြတ်ကိုပြထားပါတယ်။
“ဘာကြောင့်လဲ ဆိုတော့ သူမြတ်မှ အစိုးရက သူ့ကိုယုံကြည် ပြီးတော့ ကျွန်တော်တို့က ပိုက်ဆံချေးမှာကိုး၊အဲဒီနှစ်ခုကို နှိုင်းယှဉ်လိုက်တာနဲ့တင် သူ့ရဲ့စေတနာဟာ ကွဲကွဲပြားပြားသိသာတယ်၊သိန်း ၁ဝဝဝ အမြတ်ပြထားရင် သိန်း ၁ဝဝဝ နဲ့မျှတတဲ့ အခွန်ကို ဆောင်ထားသလားဆိုပြီး အခွန်ပြေစာကိုကြည့်လိုက်တော့ ၁၀ သိန်း ပေါ်မှာပဲဆောင်ထားတာ တွေ့ရတယ်” လို့ဦးအောင်မျိုးထွန်းက ပြောပြပါတယ်။
တစ်နေ့မှာ ချေးငွေ ချေးချင်တဲ့ လူနှစ်ယောက်ရောက်လာပါတယ်။ ဘဏ်တွေရဲ့ ချေးငွေလုပ်ငန်း စဉ်အ တိုင်း အမြတ်ခွန်ပြေစာမိတ္တူများ၊ စည်ပင်သာယာခွန်မိတ္တူတင်ပြဖို့ တောင်းခံရာမှာ သူက အပေါင်ပစ္စည်းပေးပါတယ်။
တာဝန်ရှိသူကလည်း အပေါင်ပစ္စည်းပေးတော့ကျေနပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ဆုံးရှုံးနိုင်စရာအခြေအနေ သိပ် မရှိဘူး။ ဆုံးရင်တောင်အခြေအနေမ ကောင်းရင် တရားမလမ်းကြောင်းပေါ်တက်ပြီးအိမ်လေလံပစ်လိုက်ရင် ပိုက်ဆံပြန်ရမှာပဲလို့တွေးပါတယ်။
သူကတော့ ထူးခြားစွာနဲ့ အ ခွန် ပြေစာကိုပလတ်စတစ်လောင်း လာပါတယ်။ ပုံမှန် အခွန်ပြေစာတောင်းရင် တွန့်ကြေနေတာတွေကို ပဲ ပေးတတ်ကြတာကြောင့် မျက်လုံးကို မနည်းပြူးပြီးဖတ်ရတဲ့စာရွက်မျိုးတွေပါ။
ဘဏ်က မသင်္ကာလို့သံသယ ဖြစ်လို့ ဘယ်ဘဏ်မှာပေးဆောင်ထား တာလဲ ဆိုတော့ ရွှေပြည်သာဘဏ်လို့ သိရပါတယ်။
ဘဏ်အချင်းချင်း ရွှေ ပြည်သာဘဏ်မန်နေဂျာကိုဖုန်းဆက် ကြည့်တဲ့အခါမှာ ၂၂ ရက် ၂လ ၂၀၁၇အဲသည်အခွန်ပေးသွင်းတဲ့ စာရင်းကို ကြည့်ခိုင်းတဲ့အခါမှာ ငွေပမာဏ၊ စာရင်းနံပါတ်၊ ဘဏ် တံဆိပ်များအကုန် မှန်ပါတယ်။
ပလတ်စတစ်လောင်းတာကို သံသယ ဖြစ်တာကြောင့်ဘဏ်က လက်ခံကို ဓာတ်ပုံရိုက်ပြီးတော့ ပို့ခိုင်းလိုက်တဲ့အခါမှာ ဘဏ်မှာကျန်ခဲ့တာက ချလန်အစစ်ဖြစ်နေပြီးတော့ အချက်အလက်ပဲမှန်ကန် ပြီး ပလတ်စတစ်လောင်းထားတဲ့ ချလန် က အတု ဖြစ်နေပါတယ်။
လာတဲ့လူနှစ်ယောက်ရဲ့တော်စပ်ပုံကို မေးလိုက်တဲ့အခါမှာ သား အဖလို့ ဆိုပါတယ်။ ဒါပေမဲ့ သား ကအဖေ ထက် အသက်ကြီးနေတဲ့ပုံပေါက်တာကြောင့်တာဝန်ရှိသူက သန်းခေါင်စာရင်းမိတ္တူပြခိုင်းရာမှာအတုလုပ်လာတာကို တွေ့ရပါတယ်။
“အဲဒီလို အတုတွေကို တော်တော် ဝေခွဲရခက်တဲ့အချိန်မှာ ဘဏ် တွေက ပိုက်ဆံချေးဖို့ ငြင်းတယ်ဆိုတဲ့အပိုင်းမှာ ဒါလေးတွေလဲ အခြေခံအကြောင်းတရားတွေ ပါတာပေါ့၊သန်းခေါင်စာရင်းအတုမှာလဲ သားအဖအဖြစ်နဲ့ ဖော်ပြထားတယ်”လို့ ဦးအောင်မျိုးထွန်း ကသူ့ရဲ့ အတွေ့အကြုံကို ပြောပါတယ်။
မှတ်ပုံတင် အတု၊အဖေ အတု
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ချေးငွေလာချေးတဲ့အခါ သွားရောက်စစ်ဆေးတဲ့အချိန်မှာအဖေ က အိမ်လေးလုံးရှိတယ်။လူမနေတဲ့အိမ် ကဂရန်ကို ခိုးလာပြီး သား က ငွေလာ ချေးတယ်။
ကြည့်လိုက်တော့ အဖေ့နာမည်၊အဖေနဲ့ စာရင်းဖွင့်ရမယ်ဆိုတော့ အဖေ့ရဲ့ နာမည်တွေ၊ မှတ်ပုံတင်တွေ အကုန်တူပါတယ်။ လာတဲ့သူကလည်း သူ့ထဲမှာ ပြထားတဲ့အဖေပါပဲ။
မှတ်ပုံတင်က ဟောင်းနွမ်း နေရမယ့် အစားလတ်လတ်ဆတ်ဆတ်ကြီးဖြစ်နေစရာအကြောင်း မရှိတာကြောင့် ပြန်ပြီးစစ်လိုက်တဲ့ အချိန်မှာတော့အတုဆိုပြီး၊အဖြေထွက်ပါတယ်။
“အခုအမှုဖွင့် ၊ရဲဖမ်းဘာညာနဲ့ လုပ်တော့ ဝုန်းဒိုင်းကြဲပြီးဘယ်ပျောက်သွားလိုက်လဲ မသိဘူး၊ ဒါတွေ အကုန်လုံးကို နှိပ်ကွပ်ဖို့ဆိုတော့လဲ ကျွန်တော်တို့က လုပ်လို့မရပြန်ဘူး၊ ပြည်ထဲရေးက လုပ်ရမယ့်ကိစ္စတွေပေါ့”လို့ ၄င်းက ဆိုပါတယ်။
နောက်ထပ်ကြုံရတဲ့ ပြဿနာတစ်ခုကတော့ဂရန်နှစ်ခုနဲ့ ဘဏ်နှစ်ခုမှာ ချေးငွေချေးထားတဲ့ ဖြစ်ရပ်မျိုးလည်း ရှိတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဂရန်နှစ်ခုနဲ့ဘဏ် နှစ်ဘဏ်မှာ ချေးခဲ့ပြီး တစ်ခုကို ပြန်ရွေး ပြီးတော့ customer ကို ရောင်းခဲ့တာ ဖြစ်ပါတယ်။
“ဂရန်က ကျွန်တော်ပြန်ကြည့်တော့လဲ ဟုတ်တယ်၊သူပြတာလဲ မူရင်းပဲ၊ ကျွန်တော့်မှာလဲ အော်ရီဂျင်နယ်ပဲ”လို့ ဦးအောင်မျိုးထွန်း က ပြော ပါတယ်။
တရားရုံး တက်ချိန်မှာတော့ ဘယ် ဘဏ်မှာ အရင်ချေးထားတာလဲဆိုတာ ကြည့်တဲ့အခါမှာ မြန်မာ့စီးပွားရေးဘဏ်က အရင်ချေးထားတာ ဖြစ်တဲ့အတွက်မြန်မာ့စီးပွားရေးဘဏ်ကိုချေးတဲ့ဂရန်ကသာ အစစ်ဖြစ်တယ်လို့ အသိအမှတ်ပြုပြီး အနိုင်ရခဲ့တယ်လို့သိရပါတယ်။
ခြုံငုံသုံးသပ်ရမယ်ဆိုရင်“အခုအချိန်မှာ ကဏ္ဍစုံမှာ အဆင်မပြေကြဘူးပေါ့၊
ဒီတော့ငွေအလုံးအရင်း ထွက်လာစရာ ဘဏ်ပဲရှိတယ်၊အဲဒီတော့ ဘဏ်တွေကိုလာပြီး လိမ်လည်ဖို့ ကြိုးစားလာကြတယ်” လို့ ဦးအောင်မျိုးထွန်းက ပြောပါတယ်။
(ခိုင်ဇာနည်မောင်)
credit - Kumudra News
crd Alex W. Yan
Monday, April 22, 2019
အသက်ငင်နေတဲ့ တပိုင်တနိုင် လုပ်ငန်းငယ်တွေ
ကျွန်တော်တို့ အိမ်ယာထဲမှာ တိုက်ခန်းငှားပြီး ထမင်းဆိုင်လေးတွေ ကော်ဖီဆိုင်လေးတွေ လာလာဖွင့်တယ်၊တိုက်ခန်း ငှားတဲ့သက်တမ်းကုန်ရင် ပြုတ်တာပဲ။
တချို့ဆိုင်လေးတွေဆို လက်ရာလည်းမဆိုးဘူး ဆက်ဆံရေးလေးလည်းကောင်းပါတယ်။
အမြဲတမ်းဝယ်စားနေတဲ့ ကလေးတွေ မေးကြည့်တော့ တိုက်ခန်းနဲ့ဆိုင်တွေက ဈေးတော့နည်းနည်းများတယ်တဲ့၊ဈေးများတယ် ဆိုတော့ ဘယ်သူက ဈေးနည်းလဲဆိုတော့ တိုက်ခန်းမငှားဘဲ လွတ်ရာနေရာမှာ တွန်းလှည်းလေးတွေနဲ့ လာရောင်းတဲ့လူတွေက ဈေး သက်သာတယ်တဲ့ ဟင်းစုံတယ်တဲ့ လမ်းဘေးဆိုင်ပေါ့၊သက်သာမှာပေါ့ သူတို့ က rental fees မရှိတော့ ဈေးချိုနိုင်တယ် ရောင်းရတော့များများချက်နိုင်တာပေါ့။
စည်ပင် ကအစ မီတာခ အဆုံး စီးပွာရေး လုပ်ငန်းပေးဆောင်ခနဲ့ မသွားရဘူးလေ။စားသာက်ဆိုင်တွေကို အဓိကထားထားတဲ့ အခွန်ကောက်ခံမှု မှာလည်း  လမ်းဘေးဆိုင်တွေက ပန်းပန် လျက်ပဲ။
.
အပြိုင်အဆိုင်များတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ rule & regulation နဲ့ဘယ်လို fair play ဖြစ်အောင် ထိန်းပေးမလဲ က သိပ်လိုအပ်ပါတယ်။ 
လမ်းဘေးဆိုင်နဲ့ တိုက်ခန်းငှား စည်ပင်လိုင်စင်လုပ် လုပ်ငန်းခွန်ပေး စည်းနဲ့ကမ်းနဲ့ ဖွင့်တယ်ဆိုင် ကုန်ကျစရိတ်မှာ ဘယ်လိုမှ ယှဉ်လို့ မရပါဘူး။
လမ်းဘေးမှာ ဈေးရောင်းခွင့်ရှိမယ်ဆိုရင်လည်း  (မရောင်းရဘူး လိုက်ဖမ်းနေတာ မအောင်မြင်မယ့် အတူတူ )
ဘယ်လိုစည်းကမ်းမျိုးလိုက်နာသင့်လဲ ? 
FDA စည်းကမ်း 
အခွန် စည်းကမ်း 
Penalty နှုန်းထား
စတာတွေ သတ်မှတ်ပေး သင့်တယ်။ ဒါဆိုတရားဝင်ဖြစ်သွားမယ်ဆိုပြီးစိုးရိမ်နေမယ့် အစား စည်းကမ်းလေးနဲ့ သွားဖို့ ဦးစားပေးသင့်တယ် လို့ပဲ ထင်တယ်။
ဒီလိုမှ မလုပ်နိုင်ဘူးဆိုရင်တော့ စီးပွားရေးလုပ်ချင်တဲ့လူတွေကို လမ်းဘေးဆိုင် ရှိတဲ့ product မျိုး ဆိုရင် လမ်းဘေးဆိုင်ပဲ ဖွင့်ပါ အကြံပေးရတော့မယ်။
.
Rules & regulation တွေက နယ်ပယ်တိုင်းမှာ လျော့ရဲရဲ ဆိုတော့ စီးပွားရေး လုပ်တဲ့လူတွေကလည်း ဒီကိစ္စကိုသိပ် အလေးအနက် မထားကြတော့တာ မျိုးဖြစ်လာပြီ။
ဒါဟာကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး အခု တစ်ခါ tour agency တစ်ခုက လိမ်သွားပြန်ပြီ။
ပရိသတ်သည်းခြေကြိုက် ဈေးတွေလျော့ရောင်းတယ်  မိမိရနေတဲ့ အမြတ်က ကိုယ့်လုပ်ငန်းရပ်တည်ဖို့ မဖြစ်နိုင်တော့ လိမ်ပြေးတယ်။
ဈေးတွေ လျော့ရောင်းတယ် တစ်ခုခု ပြသနာတက်ခဲ့ရင် ဘာမှ တာဝန်ခံ မပေးနိုင်ကြတော့ဘူး။
ခရီးသည်တွေ တစ်ယောက် တစ်သိန်းစီ ထပ်ပေးလို့ ပြေလည်သွားတယ် ဆိုပေမယ့် ခရီးသည်အတွက် ကာကွယ်မှု ဘယ်မှာလဲ?
ဒီအတွက်  ပြည်သူ(စားသုံးသူ)ကိုအကာအကွယ်ပေးနိုင်မယ့် rules & regulation လိုတယ်။
မလိုလားအပ်တဲ့ နေရာတွေမှာ ခက်ခဲပြီး တကယ်တင်းကြပ်ရမယ့် နေရာတွေမှာ လွယ်ကူ နေတာမျိုး ဥပမာ အခွန်ကိစ္စ ၊ အခွန်ဆောင်နေတဲ့ လူတွေအတွက် တွန်းအားပဲရှိတယ် appreciation မရှိဘူး၊ ကားကို အခွန်နဲ့ ဝယ်စီးရင် နောက်ကားဝယ်စီးရင် အခွန်လွတ် တယ် အဲ့ဒီ အခွန်ဆောင်ထားတဲ့ပမာဏ ကိုတခြားနေရာမှာ သုံးမရတာမျိုး တကယ့်လက်တွေ့မှာ အံဝင်မယ့် rules & regulation လိုမယ်။
အခုချိန်ထိ စည်းနဲ့ကမ်းနဲ့ သွားတဲ့ လူက ပို ဒုက္ခရောက်နေကြတဲ့ rules & regulation ဖြစ်နေသေးသလားလို့?
Facebook မှာ page တစ်ခု ဆောက်လိုက်ရင် ပစ္စည်းရောင်းလို့ ရပြီလမ်းဘေးမှာ ၃သောင်းတန် လှည်းလေးရှိရင် ဈေးရောင်းလို့ ရပြီ ဆိုတာ  တဆိတ်သိပ် လွယ် လွန်းနေလားလို့ဘာလို့ လုပ်ငန်းလိုင်စင် လုပ်မှာလဲ ? ဘာလို့ ကုမ္မဏီ ထောင်မှာလဲ အေးဆေးပေါ့!
စီးပွားရေးလုပ်ငန်းတွေတိုးတက်မှ တိုင်းပြည်စီးပွားရေးတိုးတက်မယ်။ 
စီးပွားရေး လုပ်ငန်းတွေတိုးတက်ဖို့ အတွက် သာမှု နာမှု ကို တန်နိုင် သမျှ ဖြေလျော့ (fair play) နိင်တဲ့ . စည်းမျဉ်းဥပဒေ တွေစားသုံးသူကို အကာအကွယ် ပေးနိုင်မယ့် စည်းမျဉ်းဥပဒေ တွေနည်းမှန် လမ်းမှန် လုပ်သူကို ချီးကျူး ဂုဏ်ပြုရာရောက်ပြီး နည်းမမှန် လမ်းမှန် သမားတွေ အတွက် ပြင်းရှတဲ့ စည်းမျဉ်းဥပဒေတွေ  ရေးဆွဲ (rules & regulation တွေပေါ့) အသုံးချပေးဖို့ အမြန်ဆုံးလိုအပ်တယ်။
.
ဒါတွေ မရှိသ၍ အမှန်အကန် စီးပွားရေးလုပ်ချင်တဲ့သူတွေကော စားသုံးသူတွေကော တိုင်ပတ်နေဦးမှာပါပဲ!
How Consumer Protection Laws Affect Businesses 
•••
Businesses must comply with a myriad of federal and state consumer protection laws. These laws are designed to protect consumers from unfair, deceptive or fraudulent practices by businesses. Businesses that violate consumer protection laws may be subject to lawsuits, financial penalties, and negative publicity. Thus, business owners must understand which laws apply to their company and which agencies enforce them.
Federal Consumer Protection Laws 
Many federal consumer protection laws were created to promote fair trade or product safety. Federal fair trade laws are enforced by the Federal Trade Commission (FTC). Federal product safety laws are enforced by the Consumer Product Safety Commission (CPSC).
Fair Trade Laws
The Federal Trade Commission's mission is to promote competition and protect consumers from unfair, deceptive or fraudulent practices in the marketplace. The FTC develops policy, conducts investigations, and sues companies that violate the law.
Federal law prohibits the use of advertising that is untruthful or misleading to consumers. Here are some examples of acts by businesses that violate federal trade laws.
  • A furniture manufacturer claims that all of its products are "made in America ." Actually, the company performs no manufacturing or assembly in the U.S. as all of its products are made in China.
  • A company sells online courses, promising that students who complete its program will receive an "official" high school diploma. The diploma is worthless as it does not meet the requirements of any state. 
  • A manufacturer of dietary supplements advertises a weight loss product, stating that the product has been proven effective by rigorous testing. In reality, the product has never been tested.
    If the FTC receives a complaint that a company has violated a trade law, it will conduct an investigation. If it determines a law has been broken, it may issue a consent order asking the company to voluntarily stop the unlawful behavior. If the company refuses, the FTC may request a formal proceeding before an administrative law judge. If a judge agrees with the FTC that a law has been broken, he or she may issue a cease and desist order. A business that violates an FTC order may be subject to a penalty or served with an injunction.
    Product Safety Laws
    Businesses that manufacture products sold to the public must follow rules and regulations created by the Consumer Product Safety Commission (CPSC). The CPSC establishes product safety requirements, issues product recalls, assesses the safety of products, and bans products it deems hazardous. The agency regulates all consumer products except guns, drugs, and certain other items that are regulated by another agency.
    If the CPSC determines that a particular product poses a danger to the public, it may issue an enforcement action. The product manufacturer will be required to notify the public of the danger and withdraw the product from the market. It may also be subject to a penalty.
    CPSC safety requirements can be confusing to small business owners. Thus, the agency has created a Small Business Ombudsman to help small companies understand which safety regulations apply to them.
    State Consumer Protection Laws 
    Virtually all states have enacted laws that prohibit unfair and deceptive practices by businesses against consumers. These laws are often referred to as UDAP laws and are enforced by state attorneys general. An example of a UDAP law is an Unfair Claims Settlement Practices Act, which protects insurance buyers from unjust behavior by insurersin the claim settlement process.
    Many UPAD laws allow consumers to sue a business if they have purchased, leased or rented goods or services from that business and been injured due to an unfair or deceptive practice. Claimants may sue the business for compensatory damages and attorneys fees. A state-by-state summary of UDAP laws is available at the National Consumer Law Center's website.
    Examples of Acts That Violate UDAP Acts
    Here are examples of acts committed by businesses that may violate state UDAP acts.
    • A used car dealership tells a customer that a vehicle on its lot has never been in an accident and is in pristine condition. In reality, the auto is a salvage vehicle with a rusted frame.
    • A contractor provides a homeowner his contractor's license number and policy information for his general liability and workers compensation insurance. All of the numbers are fake as the contractor has neither a license nor insurance.
    • An employee of a computer repair business tells a customer that all of the files on his laptop are infected with a virus. He convinces the customer to pay $150 for "super" anti-viral software. The computer repair employee knows that the customer's laptop does not have a virus.
      Product Warranties 
      Most businesses that make products offer a warranty to buyers. The warranty is essentially a promise. It explains what the manufacturer will do if the product is faulty. Warranties may be express (written or oral) or implied. Federal law governs written warranties while state laws govern implied warranties.
      Written Warranties
      Federal law does not require manufacturers to provide a written warranty. However, if manufacturers choose to offer one, the warranty must meet federal requirements. First, the scope of the warranty (full or limited) must be explained clearly. In addition, the warranty must be easy to understand and readily available at the time the product is purchased. Businesses may be sued by consumers for issuing false or misleading warranties or for failing to fulfill their obligations under a warranty.
      Implied Warranties
      When a manufacturer sells a product to a consumer, it generally provides two implied warranties:
      • Merchantability. The manufacturer warrants that product is not defective and that it will do what it's supposed to do. For example, a hair dryer will blow hot air.
      • Fitness For Particular Purpose. The manufacturer warrants that the product is fit for the particular purpose for which it was sold. For example, a customer buys a Model X vacuum cleaner because the seller assures her that it will suck up dog hair.
      A manufacturer may be sued by a product buyer for breach of an implied warranty. Many states impose a relatively short (four-year) statute of limitations on lawsuits based on breach of a warranty (whether express or impl
      Sunday, April 21, 2019
      သင်တို့သိပါသလား?
      ဘယ်နယ်ချဲ့ကိုလိုနီမှ သူတို့အတွက်ဘာမှ အကျိုးအမြတ်မရှိရင် အလကားတော့ဘယ်သူမှကူညီကျဖူးဆိုတာ သင်တို့သိပါသလား?
      သင်တို့ လက်သန်းမှင်ခံ ပေးခဲ့တဲ့ အစိုးရသစ်ကြီးဆီမှာ ပွပေါက်အကြံပေးငပြူးတွေရှိတယ်ဆိုတာကို? 
      တကယ်ဖြစ်ရပ်မှန်တဲ့ဗျ!တရုတ်ထက်ဆိုးတဲ့ အစ္စလမ်အာရပ်အုပ်စုတွေ အကြံပတ်စက်ချက်တွေ ?
      မြစ်ဆုံကိစ္စ ခုမှ ဝိုင်း'အာ'နေလိုက်ကြတာ!  ဒလကျွန်းကြီးတစ်ကျွန်းလုံးကို အာရပ်သူဌေးဆီကို ရောင်းစားမယ်လုပ်လို့ စာ-၂၅ မျက်နှာ ဝေဖန်ချက်
      ရေး၊အစည်းအဝေးမှာ နိုင်ငံတော်အကြံပေးခွေးသူခိုးနဲ့ရန်ဖြစ်ပြီး စာချုပ်ကို ငါ ကန့်ကွက်ခဲ့လို့ မြစ်ဆုံမှာလို အာစရာမလိုတော့တာကိုတော့ ဘယ်သူမှ
      မသိလိုက်ကြဘူး?
      အဲဒီစာချုပ်မှာ ဒလကျွန်းကြီးပေါ်ရှိ ဒလ၊ကော့မှူး၊တွံတေး၊ကွမ်းခြံကုန်းမြို့နယ်တွေအတွင်းက အိမ်တွေ၊လူတွေ၊စေတီတွေ၊ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေ၊အစိုးရစာသင်ကျောင်းတွေ၊ဗလီတွေ၊အခြားဘာသာရေးဘုရားကျောင်းတွေအားလုံးနဲ့ သချိုင်းကုန်းတွေကိုပါ ကျွန်းပေါ်ကပြောင်းရွှေ့ပေးရမတဲ့။အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနဲ့လေဆိပ်တွေဆောက်ရာမှာလည်း မြန်မာအစိုးရရဲ့ခွင့်ပြုချက်မလိုဘဲဆောက်လုပ်ခွင့်ပေးရမတဲ့။သူတို့ကို ငှားထားတဲ့ ဒလကျွန်းကြီးပေါ် ကိုမြန်မာတွေလာမယ်ဆိုရင်လည်းအခကြေးငွေပေးပြီးခွင်ပြုချက်ယူရမတဲ့၊မော်တော်ကား၊မော်တော်ဆိုင်ကယ်စသည်ဖြတ်သန်းသွားလာရင်လည်း သူတို့က အခွန်ကောက်မတဲ့။အို စုံလို့ပါပဲဗျာ၊အာရပ်သူဌေးဆိုတော့ ကမ္ဘာမှာကျော်ကြားတဲ့ ရှေ့နေအဖွဲ့ကိုငှားပြီး ရေးထားတာဖြစ်လို့(သူတို့ဘက်ကကြည့်ရင်)ဘာကောင်းသလားမမေးနဲ့ဆိုတာမျိုး။
      ကျုပ်က အဲဒီအချိန်က အမျိုးသားညီလာခံတက်နေတာ၊ဆိုင်ရာလူကြီးကဒီစာချုပ်ကိုရှေ့နေချုပ်ရုံးပို့ပြီးအကြံတောင်းထားတာ ကြာနေလို့ဆိုပြီးကျုပ်ဆရာ ရှေ့နေချုပ်ကိုတိုင်တော့ ရှေ့နေချုပ်က "ညီလာခံက ၃ နာရီပြီးရင် ရုံးတက်ပြီးကိုယ်တိုင်လုပ်ပေးလိုက်"လို့အမိန့်ချသဗျ။အဲဒါနဲ့ ညနေ၄ နာရီကနေ ၈ နာရီအထိ ညစာမစားကြရသေးဘဲ ဒု-ညွှန်မှူးမောင်မေဒင်က အင်္ဂလိပ်လို စာချုပ်အထူကြီးကိုဖတ်ပြ၊လ/ထညွှန်မှူးမိအေးကြည်က ကျုပ်နှုတ်ကရွတ်ပေးတာကိုလိုက်ရေးနဲ့ ၅ ရက်ကြာတော့ လက်နှိပ်စက်နဲ့ ၂၅ မျာက်နှာရှိတဲ့ ကျုပ်ရဲ့မဟာအကြံပေးစာတမ်းကြီးလည်းပြီးသွားတာပေါ့ဗျာ။
       စာတမ်းရဲ့အဆုံးမှာတော့ ကျုပ်က အပိုလက်ဆောင်လေးကိုလည်း ယခုလိုထည့်ပေးလိုက်ပါသေးတယ်ခင်ဗျာ "ဤစာချုပ်အရလွတ်လပ်သောနိုင်ငံတစ်နိုင်ငံအတွင်း ကိုလိုနီနယ်မြေတစ်ခုကို လာရောက်တည်ထောင်ခြင်းဟုတ် မဟုတ်၊တရုပ် ဧကရာဇ်က ငွေလိုနေတာကြောင့်ဟောင်ကောင်ကျွန်းကို အင်္ဂလိပ်အား အနှစ် ၁၀၀ အငှားချလိုက်တာနဲ့တူ မတူ စဉ်းစားသင့်ကြပါကြောင်း"ဟူသတတ်။ အဲဒီလက်ဆောင် စာကြောင်းကိုရွတ်ပြတဲ့အခါ တပည့်မ မအေးကြည်က "ဆရာ အဲဒါကိုမထည့်လို့ မရဘူးလား"လို့မေးတော့ မောင်မေဒင်က "ဆရာ့အတွက် စိုးရိမ်လို့ပြောတာပါဆရာ၊ အထက်မှာ ဆရာထောက်ပြထားတွေနဲ့တင် လုံလောက်နေပါပြီ"လို့ပြောပြန်ရော။ ကျုပ်က ထမင်းလည်းဆာ၊တာဝန်ရှိသူတွေရဲ့လောဘနဲ့သစ္စာမဲ့မှုဖြစ်ကြောင်းတွေ့နေရတော့"မင်းတို့က ဆရာ့အတွက်ငဲ့ပြီးပြောတယ်ဆိုတာ ဆရာနားလည်ပါတယ်။
      ဒါပေမဲ့ မင်းတို့ကိုလည်းထိခိုက်မှာမဟုတ်လို့ ဆရာ့မှာပဲတာဝန်ရှိမှာပါ၊ ဖြစ်ချင်ရာဖြစ်ပါစေ။ အဲဒီစာကြောင်းကို မဖြုတ်ကြပါနဲ့၊နက်ဖန်ကျရင် စာချောရိုက်၊မောင်မေဒင်လက်မှတ်ထိုးပြီးရင် စာလာယူဖို့ အဲဒီဌာနကို အကြောင်းကြားလိုက်ပါ။ရှေ့နေချုပ်ရုံးခန်းကို မိတ္တူတင်ပြလိုက်ပါ" လို့မှာကြား၊အိမ်မှာ ထမင်းနည်းနည်းဝင်စားပြီးတော့ ညီလာခံအဆောင်ကို ပြန်ရပါတော့တယ်။
      အဲဒီစာတမ်းမပြီးခင်မှာတော့ တပည့်တစ်ယောက်က"အဲဒီသူဌေးရဲ့မြန်မာတိုင်းရင်းသားကိုယ်စားလှယ်ကဆရာ့ကိုဒင်နာကျွေးချင်ပါတယ်လို့ပြောခိုင်းပါတယ်"ဆိုပြီးလာပြောတော့"အကြံပေးစာပြန်ကြားပြီးမှ ကျွေးချင်ရင်လည်းကျွေးပေါ့ကွာ"လို့ပြန်ပြောခဲ့ရသေး။
       ဒေါ်လာ ၂ သန်းကျော်ကုန်ပြီးပေမဲ့ ဘာမှခရီးမပေါက်သေးဘူးလို့လည်း ပြောတယ်ဆိုပဲ။ပင်ပမ်းထားတော့ Blue labelလေးနဲ့ အပမ်းဖြေမယ်လို့ မှန်းထားပေမဲ့လည်း Red ကလေးတောင် ပေါ်မလာတော့ "ငါ့ကံနှယ်ဆိုးလိုက်တာ၊ဒေါ်လာ ၂ သန်းထဲက  ၁၀ ဒေါ်လာလောက်တန်တဲ့ ဝီစကီတစ်ပုလင်းတောင် မရလိုက်ပါလား"လို့တွေးပြီး ဝမ်းနည်းခဲ့မိပါသေးတယ်ခင်ဗျား။
      မှတ်ချက်။  မိမိတာဝန်ကိုသာကျေပွန်အောင်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပါသောကြောင့် ဒလကျွန်းသူကျွန်းသားများအနေနဲ့ကျေးဇူးတင်ရန်၊လက်ဆောင်များပေးပို့ရန်မလိုအပ်ပါကြောင်း။
      Wednesday, April 17, 2019
      ကန်ပိတ်ဆို့မှုခံရတဲ့ မြန်မာနဲ့ နိုင်ငံတချို့ထံငွေလွှဲမှုအတွက် UniCredit AG ဘဏ် ၃ခု ဒဏ်ကြေးပေးဆောင်
      ကန်ပိတ်ဆို့မှုခံရတဲ့ မြန်မာနဲ့ နိုင်ငံတချို့ထံငွေလွှဲမှုအတွက် UniCredit AG ဘဏ် ၃ခု ဒဏ်ကြေးပေးဆောင်
      ဂျာမဏီ၊ Austria နဲ့ အီတလီနိုင်ငံတွေမှာ ရှိတဲ့ UniCredit Bank AG ဘဏ် ၃ ခုက ဒဏ်ကြေးငွေ စုစုပေါင်း ငွေပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ပေးဆောင်ပြီး ကြေအေးဖို့ သဘောတူလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ OFAC နိုင်ငံရပ်ခြားငွေကြေးနဲ့ ပစ္စည်း ပိုင်ဆိုင်မှု ထိန်းချုပ်ရေး ဆိုင်ရာဌာနက ဧပြီလ ၁၅ ရက် တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါဟာ အမေရိကန်ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတို့နဲ့ UniCredit Bank AG ဘဏ်၃ခု ရဲ့ ဒေါ်လာ ၁.၃ ဘီလျံအတွက် ကြေအေးမှုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
      အထူးသဖြင့် ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်းမှာ ဒီဘဏ်တွေကနေ အမေရိကန်ရဲ့ ငွေကြေးစနစ်ကို တဆင့်အသုံးပြုပြီး ဘဏ်ငွေလွှဲပြောင်းမှု ပြုလုပ်ရာမှာ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုနဲ့ လူအစုလိုက်အပြုံလိုက် သေစေတဲ့ လက်နက်များထုတ်လုပ်မှု ထိန်းချုပ်ရေးအတွက် အမေရိကန်က ပစ်မှတ်ထား ဒဏ်ခတ်ပိတ် ဆို့မှုတွေပြင် မြန်မာ၊ ကျူးဘား၊ အီရန်၊ လစ်ဗျား၊ ဆူဒန်နဲ့ ဆီးရီးယား နိုင်ငံတွေအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖေါက်ရာ ကျတဲ့အတွက် ဒီဘဏ်တွေကို အရေးယူထားတာ ဖြစ်ပါတယ်။
      ဒီကာလအတွင်း ဒီဘဏ်တွေက တဆင့် စုစုပေါင်း ဒေါ်လာ သန်း ၅၀၀ ကျော် ငွေပေးချေမှု အကြိမ်ပေါင်း ၂၀၀၀ ကျော်ကို အမေရိကန်ရဲ့ ငွေကြေးစနစ်ကို တဆင့်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ UniCredit Bank AG ဘဏ်တွေဟာ အမေရိကန်ပြည်ထောင်စုက တဆင့် အခုလို ငွေလွှဲရာမှာ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ခဲ့ကြမယ် ဆိုရင် ဒီငွေလွှဲမှုတွေဟာ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အစီစဉ်တွေကို ချိုးဖေါက်ရာ ရောက်တဲ့အတွက် ပိတ်ဆို့ခြင်း ဒါမှမဟုတ် ပယ်ချခြင်း ခံကြရမှာ ဖြစ်တယ်လို့ အကြမ်းဖက်မှုနဲ့ ငွေကြေးဆိုင်ရာ ထောက်လှန်းရေးဌာန လက်ထောက်ဝန်ကြီး Sigal P. Mandelker က ပြောပါတယ်။
      ဒီကာလအတွင်း အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ငွေပေးချေမှုမှာ ဂျာမဏီက UniCredit Bank AG က ၂၀၀၇ ဇန်နဝါရီလနဲ့ ၂၀၀၉ စက်တင်ဘာ ၂၈ ရက်ကြား ဘဏ်ငွေလွှဲပြောင်းမှု ၂၅ ကြိမ်၊ ငွေတန်ဖိုး ဒေါ်လာ ၂၀၈, ၁၉၁ ကို အမေရိကန် ဘဏ်စနစ်ကတဆင့် မြန်မာနိုင်ငံကို ငွေလွှဲခဲ့တာ ဖြစ်ပါတယ်။
      ဒါ့အပြင် Austria က UniCredit Bank AG က ၂၀၀၇ ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ဒီဇင်ဘာ ၁၁ ရက် ၂၀၀၈ အတွင်း ငွေလွှဲပြောင်းမှု ၈ ကြိမ် ငွေတန်ဖိုး ဒေါ်လာ ၃၄, ၂၁၅ ပြုလုပ်ခဲ့သလို အီတလီက UniCredit Bank AG က ၂၀၀၇ ဖေဖေါ်ဝါရီနဲ့ ၂၀၁၂ ဇန်နဝါရီလကြား ဘဏ်ငွေလွှဲပြောင်းမှု ၄၁ ကြိမ်၊ ငွေတန်ဖိုး ဒေါ်လာ ၁, ၄၅၅, ၃၄၈ ကို အမေရိကန် ဘဏ်စနစ်က တဆင့် မြန်မာနိုင်ငံကို ငွေလွှဲခဲ့တာ တွေ့ရှိရကြောင်းလည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာန ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
      Ref:https://burmese.voanews.com/a/4879184.html?ltflags=mailer
      Friday, April 5, 2019
      မြန်​မာနိုင်​ငံကမ္ဘာမှာအမွဲဆုံးဖြစ်​ရသည့်​အ​ကြောင်းအရင်း
      မြန်​မာနိုင်​ငံကမ္ဘာမှာအမွဲဆုံးဖြစ်​ရသည့်​အ​ကြောင်းအရင်း 
      1. စံပြစပါးစိုက်​ကွက်​​နေရာ ရှုံးရှုံးမြတ်​မြတ်​ စပါးသာစိုက်​ရန်​အမိန့်​​ပေး(​ရေသွင်းနှမ်းစိုက်​ပြီး​ရောင်းလို့ရသည့်​​ငွေဖြင့်​ကမ္ဘာမှာအ​ကောင်းဆုံးဆန်းဝယ်​စားရင်​​တောင်​လက်​ကျန်​​ဒေါ်လာတ​ထွေးကြီး) 
      2. မြန်​မာနိုင်​ငံသို့ ကမ္ဘာ မှ ဝင်​​နေ​သော သွင်းအားစုများ(စိုက်​​ဆေး/မျိုး​စေ့) အမှန်​အကန်​လားအကြံအဖန်​လား စစ်​​ဆေးသုံးသပ်​​ပေးမည့်​ အဖွဲ့မရှိခြင်း 
      3. စိုက်​ပျိုး​ရေး​တောင်​သူများအမှန်​တကယ်​လိုအပ်​​နေ သည့်​အရာများကို (တာဝန်​ရှိသည့်​/စိုက်​ပျိုး​ရေး ဝန်​ကြီး/ဆည်​​မြောင်းဝန်​ကြီး/စီးပွားကူးသန်းဝန်းကြီးများမှ မသိရှိခြင်း)
      4. သစ်​​တောဝန်​ကြီးများမှသစ်​​တော​မြေပုံကို မြက်​ခင်းမှန်းသစ်​​တောမှန်းမသိခြင်းနှင့်​ ကိုယ်​ပိုင်​​ငွေဖြင့်​သစ်​​တောစိုက်​ခင်းတဧက(၁ဧက) ​အောင်​မြင်​​အောင်​မစိုက်​ဖူးခြင်း
      5. သထ္တုတွင်းဝန်​ကြီးများ သယံဇာတ ၏တန်​ဘိုးမသိခြင်း(ဥပမာ)ကမ္ဘာမှာ အဖိုးတန်​​သော​ကျောက်​များအားမြန်​မာတွင်​လမ်းခင်း​နေသည်​ကိုမသိခြင်း 
      6. စွမ်းအင်​ဝန်​ကြီး ထုတ်​လုပ်​သည့်​လျှပ်​စစ်​ယူနစ်​နှင့်​​ကောက်​ခံရရှိသည့်​ယူနစ်​ကွားခြားမှု တဝက်​​ကျော်​​နေသည်​ကို မ​ဖြေရှင်းနိုင်​ခြင်း 
      7. မိမိနိုင်​ငံမှ​ရေနံနှင့်​ဂက်​စ်​ဝယ်​​သောထိုင်းနိုင်​ငံမှပြည်​သူများမှ​ရောင်းချ​သော ဂက်​စ်​ဖြင့်​မြန်​မာနိုင်​ငံသားများချတ်​ပြုတ်​စား​သောက်​​နေရသည်​ကိုမသိခြင်း
      8. ဘဏ္ဍာအခွန်​ဝန်​ကြီးမှ ကမ္ဘာအတိုးနုံးမသိခြင်း ဘယ်​အ​ရောင်းအဝယ်​ဘယ်​​လောက်​မြတ်​မည်​မသိ၍အခွန်​​ငွေမ​ကောက်​တတ်​ခြင်း
      9. ကမ္ဘာနိုင်​ငံ​ဆေးရုံများသို့မြန်​မာလူနာများမှ​ဆေးကုသ​ငွေသုံးစွဲမှုမှာမြန်​မာတနိုင်​ငံလုံး၏ကျမ်းမာ​ရေးအသုံးစရိတ်​ထက်​ပိုမိုများပြား​နေပြီးမြန်​မာအထူးကုဆရာဝန်​ကြီးများ၏ဝင်​​ငွေသည်​ ကမ္ဘာဆရာဝန်​ကြီးများ၏ဝင်​​ငွေထက်​အဆတရာမကဝင်​​နေသည်​ကို တာဝန်​ရှိသူများမှမသိရှိခြင်း
      မြန်​မာနိုင်​ငံမွဲရခြင်း  ( ဒုတိယပိုင်း)
      #Ye myint thu ထံမှcopy ယူပါသည်
      ယိုးဒယား က ဟိုတယ်တွေက မြန်မာနိုင်ငံထက် အများကြီးဈေးလျော့တယ်။ ဘန်ကောက်သွားတဲ့ လေယာဉ်လက်မှတ်က ငပလီထက် သက်သာတယ်  လျော့တယ် ဆိုတာမျိုးတွေ ကြားကြားနေရတယ်။
      မှန်ပါတယ်။ ပေးရတဲ့ ဈေးနှုံးနဲ့ ရတဲ့ ဝန်ဆောင်မှု့၊ ပေးရတဲ့ ဈေးနှုံးနဲ့ ရတဲ့ ပစ္စည်း စတာတွေရဲ့ နောက်ကွယ်မှာ ချိတ်ဆက်နေတာတွေ အများကြီးပါ။
      ယိုးဒယားမှာ ရှိတဲ့ အင်တာနက် မြန်တာ အိန္ဒိယက တယ်လီဖုန်းပြောခတွေ သက်သာတယ်ဆိုပေမဲ့ အဲဒီတွေမှာ လုပ်နေတဲ့ Telenor နဲ့ မြန်မာပြည်က အင်တာနက် ဖုန်းပေးတဲ့ Telenor တကယ်တော့ အတူတူဘဲ။
      မတူတာက သူတို့ ဝင်လာတဲ့ အခါပေးရတဲ့ လိုင်စင်ကြေး Spetrum field တွေ၊ ယိုးဒယားမှာ တိုင်စိုက်လို့ $10000 ကုန်ပေမဲ့ ကိုယ်ဆီမှာ $40000-100000 ကုန်နိုင်တာ ။ ကိုယ်ဆီက မီးစက်ထပ်တတ်ရတာ Service outsources တွေရဲ့ SLA မှာ ပညာရှင် သုံးရတဲ့ စားရိတ်ကွာတာ။ နိုင်ငံတကာကပစ္စည်း သူတို့ ဆီပို့ရင် ကုန်ကျစရိတ်ကွာတာ 
      လမ်းမှာ ရောက်ချိန် မြန်တာကြာတာကွာတာ။ 
      ကိုယ်ဆီမှာ လိုအပ်လို့ မြေငှားတာ ဆိုင်ခန်းငှားတာ လူတွေခန့်တာတွေမှာ ကွာတာ။ 
      Inverestment policy တွေကွာတာ၊ Procedure တွေကွာတာ Risk Management  တွေ Coperate government အတွက် သုံးရတာ Safety အတွက်သုံးရတာတွေကွာတာ။ HR နဲ့ resourecs တန်ဘိုးတွေကွာတာ စတာတွေက အရင်းကွာသွားရင် ထုတ်ကုန်တန်ဘိုးကွာသွားသလိုပါဘဲ။
      ဘန်ကောက်မှာ ရှိတဲ့ မြေနဲ့ ကိုယ်ဆီက မြေဈေးကွာတာ သာမက၊ အဆောက်အဦဆောက်ရင်လည်း အရည်အသွေးနဲ့ ဈေးနှုံးကွာတာတွေက သက်ရောက်နေသလို
       ပြည်ပက လူတိုင်းသွင်းနိုင်ပို့နိုင် စွမ်းတွေမှာလည်း ကွာနေတယ်။ အခွန်အထုတ်တွေနဲ့ စနစ်တွေ ဘဏ်လုပ်ငန်းတွေ အာမခံလုပ်ငန်းတွေလည်း ကွာနေတာပါဘဲ။ နောက်ကွာတာတွေက Infrastructure ပါ၊
       Logistic အတွက် တစ်မိုင် တစ်တန် အတွက် ကုန်ကျစားရိတ်အပြင် ရောက်ချိန် ပို့ချိန် တွေ ကြာတာမြန်တာလည်းကွာပါတယ်။ 
      နောက်အလုပ်လုပ်သူတွေရဲ့ စရိတ်တွေ သူတို့ တစ်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု့တွေ အစားအသောက်အဟာရတန်ဘိုးတွေ နေထိုင်စားရိတ်တွေ ပညာရေး စရိတ်တွေ ကလေးစရိတ်တွေက အစ ကွာပါတယ်။
      ပစ္စည်းတစ်ခုရဲ့ ထုတ်လုပ်မှု့ အရင်းဆိုတာဟာ ကုန်ကြမ်း ဘဝမရောက်ခင် သုတေသနတွေ ကစပြီး ထုတ်လုပ်တာ ထုတ်ပိုးတာ QC စစ်တာ ပို့တာသယ်တာ အာဏာပိုင်တွေ ဥပဒေတွေကို ဖြတ်တာ ဘဏ်တွေသုံးတာ အာမခံတွေသုံးတာ ဖြန်ချိသူတွေ သယ်ဆောင်သူတွေ Call center တွေ After sale ဝန်ဆောင်မှု့တွေ နဲ့ များပြားလှတဲ့ အပိုင်းတွေပါ ပါတဲ့ Supply chain တစ်ခုလုံးနဲ့ဆိုင်သလို နည်းပညာတွေ အရောင်းအဝယ် Brand  တန်ဘိုးတွေ Trust အနေအထားတွေ တဲ့ Process မှာပါတဲ့ Value Chain တစ်ခုချင်းရဲ့ ကုန်ကျစားရိတ်တွေ ပါနေတတ်ပါတယ်။
      အခုလို Globalization ခေတ်မှာဆိုရင် AirBus လို ဥရောပတစ်ခုလုံးလုပ်တာနဲ့ Apple iPhone  လို နိုင်ငံ ဆယ်ချီတဲ့ ဆီက ရာချီတဲ့ လုပ်ငန်းတွေရဲ့ ပစ္စည်းတွေ သုံးကြတဲ့ခေတ်မှာ After sale -  call center က တစ်နိုင်ငံ ထုတ်တာတစ်နိုင်ငံ Accounting audit တစ်နိုင်ငံနဲ့ Global ပေါင်းလုပ်နေကြတဲ့ ၂၁ရာစုမှာ ကိုယ်အသိုင်းအဝိုင်းလေးကို ဘဲ ထင်ရာပြဋ္ဌာန်းလုပ်ကိုင်နေကြလို့ မလွယ်တဲ့ခေတ်ပါ။
      ကိုယ်ဆီမှာ ထုတ်ရင် ပိုဈေးသက်သာမယ်လို့ တရားသေမှတ်လို့မရတော့သလို ကမ္ဘာ Supply chain ကြီးမှာ အပြိုင်အဆိုင်အရ နေရာတစ်ခုရဖို့ သူများထက် သက်သာတာ ပိုကောင်းတာ မြန်ဆန်တာ စတဲ့ အားသာချက်တွေမရှိဘဲ ထုတ်လို့မရသလို Economy of Scale ခေါ်တဲ့ စီးပွားဖြစ်ထုတ်လုပ်နိုင်စွမ်း ဈေးကွက်အရွယ်အစားတွေနဲ့လည်း ကွာပါတယ်။
      အုပ်ရေနဲတဲ့ စာအုပ်နဲ့ များတဲ့ စာအုပ် တစ်အုပ်စားရိတ်ကွာသလို ကွာပါတယ်။
       မော်တော်ကားလို စက်ရုံတောင် မော်ဒယ်တစ်မျိုးကို တစ်နှစ် အစီး ၃၀၀၀ -၄၀၀၀ မှ ဝယ်လိုအားမရှိဘဲ စက်ရုံလာတည်ထောင်ဖို့ မကိုက်ပါဘူး။ သူများတွေဆီမှာ စက်ရုံလာတယ်ဆိုတာ ပုံမှန်ပို့တာထက် ပိုကိုက်မှ လာကြတာပါ။ ပိုကိုက်ဖို့ Infrastructure ဖြစ်တဲ့ မီးတွေအင်တာနက်တွေနဲ့မပြီးပါဘူး Legal infrastructure ဆိုတဲ့ ဥပဒေတွေထိမ်းကြောင်းမှု့တွေ ရယ် Risk Factor နဲစေတဲ့ သပိတ်မှောက်တာ ဆန္ဒပြတာ နိုင်ငံရေးမတည်ငြိမ်တာတွေ နဲ့လည်းတွက်သလို
       ငွေပြန်ထုတ်တာ တွေ သွင်းတာတွေ ဘဏ်လုပ်ငန်းတွေ စတော့တွေစတာတွေနဲ့လည်း ပက်သက်ပြီး ပြည်တွင်းက လုပ်သားထုရဲ့ အသိပညာ အတတ်ပညာနဲ့ လိုအပ် ပညာရှင်ရရှိနိုင်မှု့နဲ့လည်း ဆိုင်နေပါသေးတယ်။
      နောက် တစ်ခုက ငွေတွေစီးဝင်လာတာ လာရောက်ရင်းနှီးမြုတ်နှံတာ လုပ်ရင် အတွေ့အကြုံ အသိပညာ နည်းပညာတွေ ပေးသွားနိုင်စွမ်းတွေနဲ့လည်း ဆိုင်နေပါသေးတယ်။
      သေချာတာကတော့ မိတ္တူကူးစက်ကလေး ဖွင့်လုပ်စားရင်တောင် ရန်ကုန်မှာ ဖွင့်တာနဲ့ နယ်လာဖွင့်တာ တစ်မျက်နှာ ဈေး အရင်းမတူနိုင်ပါဘူး။ 
      ရန်ကုန်မှာ ပစ္စည်းဝယ်ရလွယ်တယ် အရောက်ပို့တယ် ပျက်ရင် ပြင်တဲ့ သူခေါ်ရင်လွယ်တယ်။ မှင်ဈေးသက်သာတယ်။ ကျွမ်းကျင်လုပ်သား ခန့်ရလွယ်တယ် တိုးရလွယ်တယ်။ တစ်ရက်ကူးရတဲ့ ပမာဏများတယ်ဆိုရင် ဈေးလျော့ပြီး ပြိုင်လုပ်နိုင်တယ်။ 
      နယ်ရောက်လို့ သယ်စားရိတ်တွေကျရင် တခုခုဖြစ်လို့ ရန်ကုန်ပြန်ပြန်ပို့နေရရင် ပစ္စည်းဝယ်တိုင်း သယ်စားရိတ် အချိန်တွေစားနေရင် ကူးတတ်တဲ့ ဝန်ထမ်း က မွေးရခက်ခဲရင် ရန်ကုန်ကသူကို စားရိတ်ပေးခေါ်ထားရရင် ရန်ကုန်လို ဈေးမရနိုင်တဲ့အပြင် မီးစက်နှိုးရရင် တစ်ရက်လာကူးတဲ့သူနဲရင် ပိုတောင် မကိုင်လို့ နဲနဲကူးတဲ့အပေါ် စားရိတ်ကျေအောင်တင်ရင်း ရန်ကုန် မှာထက် များမှာသေချာပါတယ်။ 
      ဒီလိုအချိန်မှာ ကိုယ်မြို့က များများကူးချင်သူတွေက ဈေးကွာလို့ဆိုပြီး မြို့ပို့ကုရင် ကြာရင်ကိုယ်လုပ်ငန်း ပိတ်ရမလိုတောင်ဖြစ်နိုင်ပါတယ်။
      တကယ်တော့ စရိတ်ဆိုတာ ဈေးနှုံးဆိုတာ ကိုယ်ဆီမှာ ဖြစ်နေတာတွေ နဲ့ ချိတ်ဆက်ပြီး ဖြစ်နေကြတာပါ။ သူများတွေ ကဒ်သုံးတာနဲ့ ကိုယ်က သုံးနိုင်ဖို့ဆိုတာ သူတို့ ဆီက ဗဟိုဘဏ်နဲ့ ကိုယ်ဆီက ဗဟိုဘဏ်တွေရဲ့ ကြားထဲကောက်တဲ့ စားရိတ်အပေါ်တည်သလို တည်ဆဲ အခွန်အခတွေ ပေါ်လည်းမူတည်ပါတယ်။ Public Transport တွေ မရှိလို့ အသားတွေ ဈေးကြီးလို့ ဝန်ထမ်းတွေ ရဲ့ စားရိတ်ကြီးသွားကြတာတွေလည်းပါနိုင်သလို နောက်ဆုံးလူတွေဘဏ်တွေကို မယုံလို့မသုံးကြရာက ငွေလည်ပတ်နိုင်စွမ်းတွေ ပွားနိုင်စွမ်းတွေ ကွာတာတွေနဲ့လည်း ပတ်သက်မှု့ ရှိနေနိုင်ပါသေးတယ်။ နောက်ဆုံးကားကျပ်တာကအစ တိုင်းပြည်ရဲ့ Resource တွေ ရဲ့ မချိန်တွေ စားသွားတာ ဆီတွေပိုကုန်တာ အလုပ်မပြီးတွေမှာ သက်ရောက်မှု့ အများကြီးပါ။ 
      တကယ်တော့ ဘဏ်တိုးကြီးငွေ သယ်လို့ကြာချိန်ကြောင့်တက်ငွေ အခွန်အခနဲ့ အာရကေစရိတ်တွေ စတာတွေအားလုံး ပြောရရင် ဘယ်သူကမှ သူတို့ အိတ်တွေထဲက မစိုက်ကြပါဘူး။ 
      ဒါတွေအားလုံးကို အရင်းကျအဖြစ်သတ်မှတ်ပြီး အဂတိလိုက်စားတာတွေ က အစ အလကားနေရင်းပလုံသွားတဲ့ ပျက်စီးသွားတဲ့ အရာတွေအဆုံး စရိတ်အားလုံးဟာ ရောင်းဈေးပေါ်ပြန်တင်တတ်ကြတာမို့ စားသုံးသူတွေကို ဘဲ ပြန်ထိပါတယ်။ 
      ရှေးဖတ်စာအုပ်တွေထဲကလို အရင်းရှင်တို့ ဂုတ်သွေးစုတ်တယ်ထင်ရင် လူတိုင်းကို အလုပ်အကိုင် လုပ်ခွင် ငွေချေးခွင့်နဲ့ ကာမပေးဘဲ လူတိုင်းပြိုင်လုပ်ခွင့်ပေးရင် သူက ပိုယူတာနဲ့ သူဈေးကွက်ကထွက်သွားရမှာပါ။ ဘယ်သူမှ ထွက်မသွားဘဲ ထပ်တိုးလာသူလည်း ဒီထက် မလျော့နိုင်ရင်တော့ ကိုယ်စီက Overhead တွေ လို့ဘဲ သတ်မှတ်ရတော့မှာပါဘဲ။ 
      ဒါတွေကို မလျော့နိုင်ရင်တော့ အဲဒီနေရာကလူတွေ ပေါ်မှာ ဒီဝန်ထုတ်ဝန်ပိုးတွေ ဘယ်တော့မှ လျော့သွားမှာ မဟုတ်လို့ ဘယ်တော့မှာ ကိုယ်ဆီက လူတွေ ပြောင်ယောင်တိုးတက်လာကြမှာမဟုတ်ပါဘူး။ အကြောင်းအရင်း အစစ်အမှန်ကို  ရှာနိုင်မြင်နိုင် သုံးသပ်နိုင်ကြပါစေခင်ဗျား။
      #Ye Myint Thus
      မြန်​မာနိုင်​ငံမွဲရခြင်း  (တတိယပိုင်း)
      အစိုးမရသော ဒီမိုး ဒီရေနဲ့ ကမ်းနားသစ်ပင် မြန်မာပြည်စိုက်ပျိုးရေးခရီးစဉ်
      ---------------------------------------------
      ရေးသားသူ- ဒေါက်တာထွန်းဝင်း(စိုက်ပျိုးရေး)
      မြန်မာပြည်ရဲ့ ရေမြေသယံဇာတပေါကြွယ်ဝမှုကို အပေါ်ယံကြောကြည့်ရုံနဲ့ စိတ်ကူးယဉ်အိပ်မက်ဖော်လို့ အလွန်ကောင်းပါတယ်။ စိုက်ပျိုး မြေဧရိယာသည် အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားပြီးရင် ဒုတိယအကျယ်အ၀န်းပမာဏရှိတယ်။ မြစ်ကြီးလေးစင်းနဲ့ မြစ်ဝကျွန်း ပေါ်တွေဖြစ်တဲ့ ဧရာဝတီ၊ပဲခူး၊ ကုလားတန်၊ သံလွင်မြစ်ဝကျွန်းပေါ်တွေရှိတယ်။ ဒါတွေကိုအပေါ်ယံမျှသာကြည့်ပြီး မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမယ်ဆောင်ပုဒ်လို မြန်မာပြည်က တစ်နေ့သောအခါ ထိုင်း၊ ဗီယက်နမ်ကိုကျော်လွန် ပြီး ကမ္ဘာအထိ ဆန်စပါးထောက်ပံ့ကျွေး 
      မွေးနိုင်မယ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းက ခန့်မှန်းသုံးသပ်ခဲ့ကြတယ်။ ယခုထိတိုင်လည်း နိုင်ငံရဲ့ ထိပ်ပိုင်းဦးဆောင်သူများနဲ့ စိုက်ပျိုးရေးကို အဓိကထားလို့ဦး ဆောင်ဦးရွက်ပြုနေသူအကြီးအကဲ များ၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ ကုမ္ပဏီကြီးများဟာ ဒီအပေါ်သယံဇာတပေါ ကြွယ်ဝတာတစ်ခုကို ကမ္ဘာကို ရောင့်ရဲနှစ်သိမ့်ဆဲဖြစ်ပြီး အဓိကနဲ့သာမညကို ခွဲခြားစိတ်ဖြာမသုံးသပ်နိုင်ဘဲ မျက်မမြင်ပုဏ္ဏားခုနစ်ယောက်လို ဆင်တစ်ကောင်ကို လိုရာဆွဲပုံ ဖော်နေကြတယ်။
      သက်ဆိုင်ရာစိုက်ပျိုးရေးထုတ်လုပ်သူ၊ ကုန်သွယ်သူ၊ တာဝန်ရှိသူများရဲ့ လက်ရှိအဓိကသုံးသပ်ချက်က မြန်မာ့ဆန်စပါးထုတ်လုပ်မှုပမာဏကို ယခုလက်ရှိအနေအထားထက် ပိုမိုတိုးတက်ဖို့အဓိကလုပ်ဆောင်ရန်ဆိုပြီး  လက်ရှိတောင်သူတွေရဲ့ လယ်မြေကွက်ငယ်များကို ဧက ကျယ်များ၊ အကွက်ကျယ်များအဖြစ် ပြောင်းရန်၊ သမန်းပြင်ညီညာရန်နှင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် စိုးစဉ်းမျှ နေရာမယူနိုင်သော စပ်မျိုးစပါးစိုက်ပျိုးရန်နဲ့ တန်ဖိုးမြင့်ထုတ်လုပ်ရန်ဆို ပြီး နေ့ရောညပါ ကြိုးစားပြနေတာ ယခုဆိုရင် သုံးနှစ်နီးပါးတိုင်ခဲ့ပေပြီ။ ဒီလို နိုင်ငံတော်ရဲ့စိုက်ပျိုးရေးဘတ်ဂျက်သုံးပြီး နေပြည်တော်ပြကွက်ကြီးကနေ နေ့ရောညပါ အရပ်တကာ၊ နိုင်ငံတကာကို ကြိုးစားပြနေသော် လည်း မြန်မာနိုင်ငံရဲ့ စိုက်ပျိုးထုတ်လုပ်မှုဟာ အရှေ့တောင်အာရှရော ကမ္ဘာကိုပါ ကျော်လွှားနိုင်မယ့်အစား မြန်မာသည် အချိန်နဲ့အမျှ နောက် ဆုံးအဆင့်သို့ရောက်ဖို့ အလားအလာရှိနေပါတယ်။ ယခင်က မြန်မာရဲ့ဆန်ကိုစားသုံးတဲ့ အိနိယနိုင်ငံကြီးဟာ အခု မြန်မာကနေ နေ ပြည်တော်ပြကွက်ကြီးလုပ်ပြနေတဲ့ သုံးနှစ်နီးပါးအတွင်းမှာ မြန်မာတို့ အားကျခဲ့တဲ့ ဗီယက်နမ်နဲ့ထိုင်းကို သာလွန်လို့ ဆန်တင်ပို့မှု ထိပ်ဆုံးနေ ရာကို ယူလို့နေတယ်။ 
       မြန်မာ့ဆန်ပို့မှ အသက်ရှင်နိုင်တဲ့ဖိလစ်ပိုင်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ သူတို့ရဲ့လူဦးရေသန်းရာကျော်ကို ဖူလုံအောင်ထုတ်နိုင်
      ရုံသာမက နောင်နှစ်တွေမှာ ကမ္ဘာ့ဈေးကွက်မှာ ၀င်တိုးဖို့လုပ်နေတယ်။ ကမ္ဘောဒီးယားနဲ့ လာအိုတို့သည်လည်း ကိုယ်စီဖူလုံပြီး ကမ္ဘောဒီးယား
      သည် ယခုဆို  ကမ္ဘာ့ဈေးကွက်မှာမြန်မာ့ အထက်ကနေသာလွန်နေတယ်။လက်ရှိမှာတော့ နေပြည်တော်သီးသန့်ကမ္ဘာမှာသာ မြေကြီးက ရွှေ
      သီးအောင် ပြရုံပြနိုင်ပြီး ကမ္ဘာ့ဈေးကွက်မှာတော့ မြန်မာ့ဆန်ဟာတရားဝင် ကမ္ဘာ့ဆန်ဈေးကွက်မှာ မနည်းကြိုးစားပြီးနေရာယူနေရပြီး တရားမ
      ရေမြေသယံဇာတပေါကြွယ်ဝတဲ့ မြန်မာက ကိုယ်တိုင်ဖူလုံအောင် ထုတ်နိုင်လျက်နဲ့ ပြည်ပမလေးရှားနိုင်ငံက နှစ်စဉ် ဒေါ်လာသန်း ၅၀၀ နီးပါးတန်ဖိုးရှိတဲ့ ဆီအုန်းကိုသွင်းနေတယ်။ နှစ်စဉ် ကော်ဖီမစ်ပစ္စည်းသန်း ၁၀၀ ဖိုး၊ သကြားသန်း ၇၀ ဖိုး၊ ဂျုံသန်း ၇၀ ဖိုး၊ နို့နှင့်နို့ထွက်ပစ္စည်း သန်း ၈၀ ဖိုးကို နှစ်စဉ် သွင်းနေရဆဲဖြစ်တယ်။ ရေမြေသယံဇာတ အကြယ်ဝဆုံး နိုင်ငံတစ်ခုဖြစ်လျက် ဒီလိုနှစ်စဉ် သန်း ၈၀၀ ကျော်ခန့်တန်ဖိုးရှိတဲ့ လယ်ယာထွက်ကုန်တွေကို ပြည်ပကနေ တင်သွင်းနေရတဲ့ ယိုပေါက်ကိုပိတ်ဖို့ အဓိကလုပ်ဆောင်ရမယ့် အစား စိုက်ပျိုးမြေကွက်အကျယ်ချဲ့ဖို့ ခေတ်မီဆန်စက်ကြီးတွေ ဆောက် ပြလုပ်ပြရုံနဲ့ နိုင်ငံတကာစမ်းသပ်ဖို့ပေးသမျှသီးနှံတွေကို စိုက်ပြရုံမျှဖြင့် တော့ အနာနဲ့ဆေးတလွဲဖြစ်လို့နေတယ်။ ကတောင်းကြိုက်တလွဲ ဖင်တလွဲဖြစ်လို့နေပါတယ်။
      အမှန်မှာတော့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးဟာ ကြိုးတန်းလမ်းလျှောက်သူပမာ စိုးရိမ်ဖွယ်ရာအပြည့်ပါ။ စိုက်ပျိုးရေးအတွက် မရှိ မဖြစ်အဓိကလိုအပ်တဲ့စိုက်ပျိုးရေ ကို မသေချာမရေရာသော မုတ်သုံ မိုးအပေါ်မှာ လုံးဝတည်မှီနေရဆဲ ဖြစ်တယ်။ မြန်မာပြည်ရဲ့ သီးနှံစိုက် ဧရိယာရဲ့ ၈၅ ရာခိုင်နှုန်းသည် မိုးရေအပေါ်အားကိုးရပြီး ၁၅ ရာခိုင်နှုန်းသည် ဆည်ရေသောက်ဖြစ်တယ်။ ဒီလိုစိုက်ဧရိယာရဲ့ ၁၅ ရာခိုင်နှုန်းရှိ တဲ့ ဆည်ရေသောက်လယ်မြေတွေတောင် ဒီနှစ်မှာ ရေမလှောင်နိုင်လို့ နိုင်ငံတော်ရဲ့ ဒုတိယဆန်အိုးပမာ စိုက်ပျိုးနေတဲ့ သဖန်းဆိပ်ဆည်ရေ သောက်ရွှေဘိုခရိုင်မှာ သီးနှံစုစု ပေါင်းစိုက်ဧက လေးသိန်းမှာ တစ်သိန်းကျော်လောက်ပဲ စိုက်နိုင်တယ်။ နိုင်ငံတော်ရဲ့ စိုက်ပျိုးရေးတာဝန်ရှိ သူမျာ၊ ကြီးကြပ်ရာ နေပြည်တော် ဒေသမှာတောင် ရေဆင်း၊ ငလိုက်၊ ဆင်သေဆည်တွေကနေ ဒီနှစ်နွေမှာ ၄၀ ရာခိုင်နှုန်းလောက် စပါးစိုက် ဧရိယာများအတွက်သာ စိုက်ပျိုးရေ ရလို့ စပါးစိုက်နိုင်တယ်။  အခုလက် ရှိအခြေအနေ မိုးရာသီမှာလည်း ဒီနေပြည်တော်ပတ်ဝန်းကျင်မှာ တောင် စပါးစိုက်ဖို့ ရေအခက်အခဲ ဖြစ်လို့နေတယ်။ ဧရာဝတီတိုင်းအတွင်း နွေစပါးအတွက်ရေလှောင် ပြီးစိုက်နိုင်တဲ့ ၀ါးခယ်မရွှေလောင်း ကျွန်းပတ်ဆည်၊ မအူပင်သုံးခွကျွန်း ပတ်ဆည်၊ လပွတ္တာကျွန်းပတ်ဆည် တံခါးတွေက ရေတံခါးတွေမလုံလို့၊ ရေ မလှောင်နိုင်လို့ နွေစပါးမစိုက်နိုင် ခဲ့တာကို မျက်ကွယ်ပြုခဲ့တာ နှစ် ပေါင်းများစွာကတည်းကပါပဲ။ နွေ စပါးစိုက်နိုင်တောင် ငါးသမားနဲ့ တိုက်ထိပ်တွေ့လို့ စပါးစိုက်ရေရော၊ အောင်ရေမှာပါ အခက်အခဲဖြစ်လို့ နွေစပါးကို အဆင်ပြေပြေအခုထိ မစိုက်နိုင်သေးဘူး။ အခုမိုးတွင်းမှာ လည်း ကျွန်းပတ်တာတွင်း လယ်တွေ မှာ မြစ်ရေမ၀င်တော့ စပါးစိုက်ဖို့ အခက်အခဲဖြစ်လို့နေတယ်။ ဒီတော့ မြန်မာပြည်ရဲ့ ရေသောက်ဧရိယာ ၁၅ ရာခိုင်နှုန်းကိုလည်း အားကိုးစရာ မမြင်ပါဘူး။
      ဒီတော့ သဘာဝမိုးရေကိုပဲ အားကိုးစရာဖြစ်တယ်။ မိုးအားကိုးပေမယ့် သူရွာမှရသမို့ ၄င်းမိုးရွာသွန်းမှုကလည်း လွန်ခဲ့တဲ့ သုံးနှစ်ကစလို့ ၂၀၁၀ ကနေ လုံးဝပြောင်းခဲ့တယ်။ မိုးဦးဝင်ချိန် တစ်လနောက်ကျခဲ့ပြီး မိုးဆုတ်ချိန်စောခဲ့လို့ မိုးရွာသွန်းကာ လပိုတိုတောင်းပြီး မိုးရွာသွန်းပမာဏ လျော့ကျခဲ့တယ်။ မိုးဦးနောက်ကျလို့ စိုက်ပျိုးပြီးပြီးချင်း လယ်မြေတွေမှာလည်း မိုးသည်းထန်စွာရွာသွန်းခံခဲ့ရလို့ စိုက်ပျိုးမြေတွေ မနှစ်က ဧက ခြောက်သိန်းကျော် ရေမြုပ်ပျက်စီးတယ်။ ရိတ်သိမ်းချိန်မှာလည်း အချိန်အခါမဟုတ်မိုးရွာလို့ ဧရာဝတီနဲ့ တစ်ပြည်လုံးစပါးခင်းတွေ ပျက်စီးပြန် တယ်။ အခု ဒီနှစ်ကျပြန်တော့လည်း အောက်မြန်မာပြည်လောက်သာ မိုး ကောင်းပြီး အထက်မြန်မာပြည်တစ်ခွင်လုံး မိုးနည်းလို့ စပါးစိုက်လယ်မြေတွေ အဆင်ပြေပြေမစိုက်နိုင်သေးဘူး။ ရေလှောင်ဆည်တွေတောင် ရေမရှိလို့  အထက်မြန်မာပြည်လယ်မြေ အများစုစိုက်ပျိုးရေအတွက် အခက်အခဲရှိနေတယ်။ နောက်ဆည်တွေရဲ့ လက်ရှိအနေအထားက မိုးများလာ တဲ့အခါ ရေမထိန်းနိုင်လို့ တောင်သူ အများစုရဲ့ စိုက်ခင်းအတွင်းသို့ ရေများဖောက်ချနေရတဲ့အတွက် လယ်တွေ နှစ်စဉ်ပျက်စီးကုန်တယ်။ မိုးနည်းတဲ့အခါကျတော့ ဆည်တွေ ပပ်ကြားကွဲလို့ ရေမပေးနိုင်ဘူး။ ဒါက အဓိကဘာကိုပြသလဲဆိုရင် ဆည်တွေဟာ နှစ်ကာလရှည်ကြာတဲ့ အခါမှာ ဆည်အတွင်းစီးဝင်လာတဲ့ ရေနဲ့အတူ နုန်းအနည်အနှစ်များ နှစ်စဉ်စုဆောင်းကာ ကြာရှည်လာတော့ ရေလှောင်ဧရိယာပမာဏတွေ လျော့
      ကျလို့နေခြင်းပါ။ ဒီတော့ဆည်အများစု မိုးများလာရင် ဆည်ကျိုးမှာစိုးလို့ ရေဖောက်ချကြတယ်။
      ဒီဆည်တွေကောလို့ ရေမလှောင်နိုင်သလိုပါပဲ။ မြန်မာပြည်ရဲ့ ပြည်မကြီးတစ်ခုလုံးမှာ မိုးရေလှောင်ပေးတဲ့ ကချင်ပြည်နယ်မှ သစ်တောများ၊ ပဲခူးရိုးမသစ်တောကြီးက ဟင်းလင်းပြောင်လေတော့ မိုးကိုမဖိတ်ခေါ်နိုင်၊ မိုးရွာပြီဆိုတာနဲ့ မိုးရေတွေဟာ ရိုးမတစ်ခုလုံးနဲ့ ပြည်မကြီးရဲ့ လယ်မြေတွေကို ဖြတ်တိုက် စားလို့ဧရာဝတီ၊ စစ်တောင်းမြစ်ကြီးတွေတောင် ကိုယ်စီအပြည့်နဲ့ မြစ်ကောကြီးတွေဖြစ်ဖို့ တာစူနေလေရဲ့။ ဒီလိုမိုးရေနဲ့ တိုက်စားလို့ပါလာတဲ့ သဲ၊ နုန်းတွေကြောင့် မြန်မာပြည်ရဲ့ဆန်အိုး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီမြစ်ဝှမ်းတစ်ခုလုံးရဲ့ အင်းအိုင်လည်း
      ကောလို့နေတယ်။ ဒါကြောင့် မိုးရွာတာ အနည်းငယ်ရက်ရှည်လာရင်စိုက်ခင်းတွေ ရေမြုပ်တာ အခုဆိုရင်ပဲ ဧရာဝတီတိုင်းရဲ့ ဇလွန်၊ ဟင်္သာတ စိုက်ခင်းတွေမှာ စပါးခင်းတွေ ရေမြုပ်မှာစိုးရိမ်နေကြတယ်။
      ဒီလိုရာဦဥတု ပြောင်းလဲမှုကြောင့် ပြောင်းလဲဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေကို သုံးနှစ်ကြာတိုင် ခါးစည်းခံစားလာခဲ့ရတဲ့ မြန်မာလယ်သမားဘ၀ အနေအထားကို မျက်ကွယ်ပြုပြီး မြန်မာနိုင်ငံရဲ့ စိုက်ပျိုး ရေးကို အဓိကတာဝန်ယူဆောင်ရွက်နေတဲ့ အကြီးအကဲများနဲ့ ဆိုင် ရာဆန်စပါးအဖွဲ့အစည်းတွေဟာ ဒီအဓိကသဘာဝဘေးဒဏ်၊ စိုက်ပျိုးရေး အခက်အခဲကို ကူညီဖြေရှင်းဖို့ လုပ်ငန်းကို ဦးစားပေးပြီး လုပ် ဆောင်ရမည့်အစား မြန်မာပြည် ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရေးသည် ဆန်စက်များ အရည်အသွေးညံ့လို့ဆိုပြီး နေပြည်တော်မှာ ခေတ် မီဆန်စက်ကြီးတွေ ဆောက်ဖို့ ဦး စားပေးပြီး စံပြစက်ရုံကြီးတွေ နိုင်ငံ တော် စရိတ်အကုန်အကျကြီးမားစွာ နဲ့ ဆောက်ပြနေခြင်းသည်လည်း ကောင်း၊ မြန်မာစိုက်ပျိုးရေးရဲ့ ထုတ်လုပ်မှုကျဆင်းတာသည် လယ်ကွက်တွေ ကျဉ်းလို့ဆိုပြီး နေပြည်တော်မှာ ရော နိုင်ငံရဲ့ အချို့ဒေသတွေမှာ စက်မှုလယ်ယာအကွက်ကျယ်စီမံ ကိန်းများကို နေရောညပါ ငွေကုန်ကြေးကျခံပြီး လုပ်ပြနေခြင်းသည်လည်းကောင်း လွန်စွာမှ အနာနဲ့ ဆေးလွဲချော်ပြီး ကတောင်းကြိုက်တလွဲ ဖင်တလွဲ ဖြစ်နေတယ်။
      အမှန်စင်စစ် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကို အပြင်းအထန် ခံစားခဲ့ပြီးနောက် မုန်တိုင်းဒဏ်က နာလန်ထစဆဲဆဲမှာ ၂၀၁၀ ပြည့်နှစ်က နေစပြီး မိုးလေ၀သ ရာသီဥတု ဖောက်ပြန်ခဲ့တာ ယနေ့ထိတိုင်ပဲ။ စိုက်သမျှ မိုးစပါးရိတ်ချိန်ကျတော့ ဈေးမရ၊ ဒါနဲ့ စပါးမရ၊ ပဲဘက်လှည့် ကြိုးစားပေမယ့် ပဲဈေးကလည်း သုံးနှစ်တိုင်အောင် ကျဈေးနဲ့တွေ့လေတော့ လယ်သမားတွေရဲ့ ယိုင်နဲ့နေတဲ့ စီးပွားရေးအနေအထားကို စာ နာကြည့်စေချင်ပါတယ်။ မနှစ်က ဒီလိုမိုးလယ်ချိန်မှာ ၀ါးခယ်မ၊ အိမ်မဲ၊ မြောင်းမြမြို့နယ်တွေရဲ့ ကျေးရွာအများစုမှာ ၀မ်းစာလက်ကျန်စပါးမရှိ ကြလို့ ဟာလာဆန်စက်တွေမှာပင့် ကူအိမ်တက်လို့နေကြတယ်။ ဆန်စက်ပိုင်ရှင် လယ်သမားတွေတောင် ထက်ပိုင်းကျိုးဝယ်စားနေရတယ်။ ထက်ပိုင်းကျိုးလို့ သူတို့ပြောတဲ့ ဝေါဟာရကတော့ ဆန်ကွဲလို့ဆိုလိုရင်းပါ။ ဒီလိုနှစ်အစဉ်အဆက် သဘာဝရာသီဥတုပြောင်းလဲမှုဒဏ်
      ကြောင့် ခါးစည်းလို့ရုန်းကန်နေဆဲဖြစ်တဲ့ တောင်သူတွေရဲ့လက်ရှိအနေအထားကို မျက်ကွယ်ပြုပြီး ၂၀၁၃ ခုနှစ်မှာ ဆန်တစ်သန်းခွဲပဲ
      ပို့နိုင်လို့ ၂၀၁၄ ခုနှစ်မှာဆန်သုံးသန်းထိပို့ဖို့လုပ်နေတဲ့ နေပြည်တော်မှ စိုက်ပျိုးရေးနဲ့ ကုန်သွယ်ရေးတာဝန်ရှိ ပုဂ္ဂိုလ်ကြီးနဲ့ ဆန်ကုန်သည်
      ကြီးများ အသင်းလူကြီးဆိုသူများရဲ့ လေထဲတိုက်အိမ်ဆောက် စိတ်ကူးယဉ်နိုင်ငံတော်စီမံကိန်းတွေမှာ နိုင်ငံတော်သမ္မတကြီးနဲ့တကွ အကြံပေးပုဂ္ဂိုလ်ကြီးများ ကိုယ်တိုင်ဆက်လက်မျောပါနေလို့ကတော့ လာမယ့်နှစ်များအတွင်း ဆန်ဝယ်အားရမယ့်ကိန်းကို မြင်မိပါတော့တယ်။
      ဒီတော့ ကျွန်တော်တို့ရဲ့ နိုင်ငံတော်မှာရှိတဲ့ စိုက်ပျိုးရေးကဏ္ဍကို ဦးဆောင်ဦးရွက်ပြုသူများသည် ခေတ်မီဆန်စက်ကြီးတွေ တည်ဆောက်ဖို့ လက်ကွက်ကျယ်ကြီး တွေချဲ့ပြီး ခေတ်မီစက်မှုလယ်ယာထူထောင်ဖို့က အဓိကလား။ အခုလောလောဆယ် ပြောင်းလဲတဲ့ ရာသီဥတု သဘာဝဘေးဒဏ်များကို ရင်ဆိုင်နေရပြီး ဒုက္ခအကြီးအကျယ် ရောက်လို့နေတဲ့ မြန်မာပြည်ရဲ့ ရာနှုန်းပြည့်စိုက်ပျိုးနေတဲ့ သီးနှံစိုက် လယ်မြေတွေမှာ အဓိက မရှိမဖြစ်လိုအပ်နေတဲ့ စိုက်ပျိုးရေရရှိရေးကအဓိကလား။ နောက်ပြီး လောလောဆယ် စိုက်ပျိုးဖြစ်ထွန်းနေတဲ့ သီးနှံ
      စိုက်ခင်းတွေကို ရေဖုံးလွှမ်းမခံရဖို့က အဓိကလားဆိုတာ နိုင်ငံတော်သမ္မတကြီးနဲ့ အကြံပေးအဖွဲ့ကပါအဓိကနဲ့ သာမညကို ခွဲခြားဆောင်
      ရွက်နိုင်အောင်ကတောင်း ကြိုက်တလွဲ၊ ဖင်တလွဲမဖြစ်အောင် တည့်မတ်ပေးစေလိုပါတယ်။
      အခုရေတွင်းတူး အခုရေ ကြည်သောက်သလို ချက်ချင်း မမျှော်လင့်နိုင်ပေမယ့် အဓိက မဖြစ်မနေစတင်လုပ်ဆောင်သင့်သည့် လုပ်ငန်းများ
      ကို အောက်ပါအတိုင်း အကြံပေးတင်ပြလိုပါတယ်။
      ထင်း၊ မီးသွေး၊ သစ်တောထွက် ပစ္စည်းတွေအပေါ်မှာ လောင်စာအဖြစ် နေ့စဉ်သုံးစွဲနေတဲ့ ၇၄ ရာခိုင်နှုန်းသော လျှပ်စစ်မီးမရှိတဲ့ ပြည်သူ အများစုအတွက် အိမ်နီးချင်းနိုင်ငံများသို့ လျှပ်စစ်များ ရောင်းချနေ မည့်အစား လျှပ်စစ်မီးတိုးချဲ့ ဖြန့်ဖြူးပေးခြင်းဖြင့်လည်းကောင်း၊ လျှပ်စစ် မီးအလွယ်တကူ မသွယ်တန်းနိုင်ပါက ဖိလစ်ပိုင်နိုင်ငံလို တောတွေ၊ တောင်တွေထဲရှိ ပြည်သူတွေဆီအ ရောက် သဘာဝဓာတ်ငွေ့သုံးမီးဖို ငယ်များ ပံ့ပိုးပေးနိုင်မည်ဆိုလျှင်လည်းကောင်း၊ ဒါမှမဟုတ် အဖျင်းဆုံး တစ်ချောင်းထိုး မီးဖိုငယ်များကို တစ်ပြည်လုံးရှိ ပြည်သူများအတွက် အလုံအလောက် ဖြန့်ဖြူးပေးမည်ဆိုလျှင်လည်းကောင်း၊ ပြည်သူတွေဟာ လောင်စာထင်းအတွက် လက်ရှိ တောတွေကို မထိနိုင်လို့၊ လက်ရှိ သစ်ပင် အကြင်းအကျန်တွေကို ဆက်လက်ရှင်သန်စေမည်။ လူထု နည်းဖြင့် ထင်းအဖြစ်သုံး တောအုပ် တောငယ်တွေကို ကျေးရွာအုပ်စု အ လိုက် ထူထောင်ကြမယ်။ နိုင်ငံတော် အစီအမံနဲ့ ပဲခူးရိုးမကို ပြန်လည်ပြီး စိမ်းစေမယ်။
      တစ်ချိန်တည်းမှာ မြန်မာပြည် အနှံ့ ဧရာဝတီမြစ်မှစ၍ ချင်းတွင်း၊ စစ်တောင်းမြစ်ကောကြီးများမှာ ရေ၀င်ထုထည်ကြီးမားလာအောင် နိုင်ငံတော် စီမံကိန်း၊ ပြည်ပအကူအညီများဖြင့် ရေရှည်၊ ရေတိုစီမံကိန်းဖြင့် ဇောက်ချပြီး တူးဖော်ပေးခြင်း ဖြင့်လည်းကောင်း၊ ဒီမှာ ဧရာဝတီ မြစ်ကြီးကို ပြန်လည်တူးဖော်ပြီး စိုက်ပျိုးရေလှောင်စီမံကိန်းနဲ့ လမ်းပန်းဆက်သွယ်ရေးအတွက် အားစိုက်ဆောင်ရွက်နေတဲ့ ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီး ဦးဉာဏ်ထွန်းအောင်ရဲ့ ကြိုးပမ်းဆောင်ရွက်ချက်ကို မှတ်တမ်းတင်အပ်ပါတယ်။
      နောက်မြန်မာပြည်ရဲ့ ကော နေသော ဆည်ကြီးများကို ပြန်လည် တူးဖော်ပေးခြင်း၊ ဒီနောက် အင်း၊ အိုင်ကောတွေ ဖြစ်နေတဲ့ အင်းလေး၊ မိတ္ထီလာ၊ သာစည်ကန်ကြီးတွေကို ဇောက်ချတူး၍ ရေလှောင်ပေးခြင်း၊ မြန်မာပြည်တစ်နံတစ်လျား ကျေးရွာ အုပ်စုများတစ်ဝိုက် ကောနေသော အင်းအိုင်၊ ချောင်းမြောင်းတွေကို လူထုလုပ်အားဖြင့် နိုင်ငံအင်အားဖြင့် တူးဖော်ပေးခြင်း၊ တစ်ချိန်တည်းမှာ ၈၅ ရာခိုင်နှုန်းသော မိုးရေသောက် လယ်မြေများကို ရေသောက်နိုင်ဖို့ မြစ်၊ ချောင်း မရှိတဲ့ဒေသများမှာ ငါးပွင့်ဆိုင်မြေအောက်ရေတွင်း စီမံ 
      ကိန်းတူးဖော်ပေးခြင်းဖြင့်လည်း ကောင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသများမှာ နေ့စဉ်ကမ္ဘာဆွဲအားကြောင့် နှစ်ကြိမ်ရေတက်၊ နှစ်ကြိမ် ရေကျကို အသုံးချလို့ မြစ်ရေ၊ ချောင်းရေတင်စီမံကိန်းတွေကို နိုင်ငံခြားကို ရောင်းချနေတဲ့ သဘာဝဓာတ်ငွေ့စွမ်းအင်ကို တစ်ဖက်လှည့်
      သုံးလို့ မြစ်ရေတင်စီမံကိန်းတည်ဆောက်၍လည်းကောင်း၊ ဆန်စက်ကြီးများ ပတ်ဝန်းကျင်မှာ စပါးဖွဲကြမ်းလောင်စာသုံး ဂက်စီဖိုင်ယာ လျှပ်စစ်မြစ်ရေတင် စီမံကိန်းသုံး၍လည်းကောင်း လက်တွေ့ကူညီဆောင်ရွက်ပေးမည်ဆိုလျှင်တော့ မြန်မာပြည်ရဲ့ အဓိကဖြေရှင်းရန် လိုအပ်နေတဲ့ စိုက်ပျိုး ရေရရှိရေးအတွက် ရင်အေးဖွယ်ရာပါပဲ။ သို့မဟုတ်ဘဲ တံလျှပ်ကိုရေထင် ရွှေသမင်အလိုက် မှားနေသော နေပြည်တော်
      စီမံကိန်းကွက်ကွက်လောက်တွင်သာ အချိန်ကုန်၊ ငွေကုန်၊လူပန်းလျက်ဆက်လက်၍ စိတ်ကူးယဉ်အိမ်မက်စီမံကိန်းကို အကောင်အထည်ဖော်နေသရွေ့တော့ မကြာသော ကာလအတွင်းမှာပဲ မြန်မာပြည်ရဲ့ စိုက်ပျိုးရေးနှင့် စားဝတ်နေရေးဟာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်းပါဗျာ။  ။
      Tinaungmoe Kpg GoldenCrownKpg
      Saturday, March 30, 2019
      [Zawgyi]
      [Unicode]
      အခြေခံလူတန်းစားကို မထိခိုက်ဖို့လိုတဲ့ လျှပ်စစ်မီတာခ နှုန်းထားသစ်
      ပြည်တွင်း လျှပ်စစ်ဓာတ်အားခနှုန်းထားများ ကောက်ခံမှုကို ကြည့်လျှင် အိမ်သုံးဖြစ်ပါက ၁ ယူနစ်မှ ယူနစ် ၁၀ဝ အထိ ၃၅ ကျပ်နှင့် ယူနစ် ၂၀ဝ ကျော်လျှင် ကျပ် ၅၀ ဖြစ်သည်။  စက်မှုလုပ်ငန်းသုံးဆိုလျှင် ၁ ယူနစ်မှ ယူနစ် ၅၀ဝ အထိ ၇၅ ကျပ်ကောက်ခံပြီး သုံးစွဲမှုတိုးလာသည်နှင့်အမျှ တိုးမြှင့်ကောက်ခံပြီး အများဆုံး တစ်ယူနစ် ကျပ် ၁၅၀ အထိရှိသည်။
      လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်ဖြင့် ထုတ်လုပ် လျှင် ဖြန့်ဖြူးမှုစရိတ်အပါအဝင် တစ်ယူနစ်ကို ၈၉ ကျပ်ကုန်ကျသည်။ သဘာဝဓာတ်ငွေ့ဖြင့် ထုတ်လုပ်လျှင် ဖြန့်ဖြူးမှုစရိတ်အပါအဝင် ၁၇၈ ကျပ် ကုန်ကျသည်။
      လက်ရှိကောက်ခံနေသည့် တစ်ယူနစ် ဓာတ်အားခနှုန်း ထားသည် ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုကုန်ကျစရိတ်ထက် နည်းနေရာ နိုင်ငံတော်က နှစ်စဉ် ကျပ်သန်းပေါင်း ရာချီ၍ အရှုံးခံ စိုက်ထုတ်ဖြန့်ဖြူးပေးနေရသည်။ ၂၀၁၈-၁၉  ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၅၀ဝ ကျော် အရှုံးခံ စိုက်ထုတ်ရနိုင်သည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ခန့်မှန်းထားသည်။
      လျှပ်စစ်ဓာတ်အားရရှိမှုသည် တစ်တိုင်းပြည်လုံး၏ ၄၃ ရာခိုင်နှုန်းကို ဖြန့်ကြက်ထားနိုင်ပြီဖြစ်ပြီး ၂၀၁၉ နှစ်ကုန်တွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိရန် လျာထားသည်။ ထိုသို့ရရှိရန်လည်း ဓာတ်အားခွဲရုံသစ်များ၊လိုင်းသစ်များ၊ ဓာတ်အားပေးစနစ်သစ်များ ယခုနှစ်ထဲတွင် ပြီးစီးမည်ဖြစ်ရာ ထုတ်လုပ်မှုအပေါ်မူတည်၍  နိုင်ငံတော်က အရှုံးခံစိုက်ထုတ်ရမှု ပိုလာမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
      စက်မှုဇုန်များ ထွန်းကားရာ ရန်ကုန်၊ မန္တလေးတွင် ပြည်သူလူထုနှင့် စက်မှုဇုန် လုပ်ငန်းရှင်များသည် စီးပွားရေးအကျိုးအမြတ် ရရှိနေသော်လည်း နိုင်ငံတော်က လျှပ်စစ်ဖြန့်ဖြူးမှုအတွက် အရှုံးခံ စိုက်ထုတ်ပေးနေသော ငွေများသည် တစ်နိုင်ငံလုံးရှိ ပြည်သူများထံမှ ကောက်ခံရရှိသည့် အခွန်ဘဏ္ဍာငွေထဲမှ ပေးနေရခြင်းဖြစ်သည်။
      "အခွန်ငွေကို ပေးရချင်းအတူတူ နယ်ကျေးလက်ဒေသ တွေက ကိုယ့်အိတ်ထဲက စိုက်ပြီး ကိုယ်တိုင်မီးလင်းရေးလုပ်နေရတယ်။ ဖြစ်သင့်သလား။ ကျေးလက်ပြည်သူတွေ ခါးစည်းခံပြီး ဒုက္ခရောက်နေချိန်မှာ ကျေးလက်ပြည်သူတွေကပေးတဲ့ ဝင်ငွေတွေကို မြို့ပေါ်ကလူတွေကသာသာယာယာနဲ့ အိတ်ထဲကောက်ထည့်နေတာ"ဟု ၎င်းအရာရှိက ပြောသည်။
      ထိုသို့ ဈေးပေါပေါဖြင့် ရရှိထားသည့် ဓာတ်အားကို သုံးစွဲရာတွင် စည်းကမ်းမဲ့ သုံးစွဲနေသည်ဟု ဆိုသည်။
      နိုင်ငံတော်က အရှုံးခံ စိုက်ထုတ်နေရမှု အခြေအနေကို ပြန်ကာမိစေရန် လျှပ်စစ်ဓာတ်အားခနှုန်းထား ပြောင်းလဲ ကောက်ခံမည်ဟု သက်ဆိုင်ရာဝန်ကြီးဌာနက တရားဝင်ထုတ်ဖော်ပြောဆိုထားပြီး နယ်ပယ်ကဏ္ဍ အသီးသီးအလိုက် လေ့လာစမ်းစစ်မှုများ ပြုလုပ်ကာ ကောက်ခံမည့်ပုံစံကို  မူကြမ်းရေးဆွဲပြီးဖြစ်သည်။
      စက်မှုဇုန်များ၊ ပြည်နယ်၊ တိုင်းအစိုးရများနှင့် လွှတ်တော်သို့ ရှင်းပြထားပြီး သဘောထားမှတ်ချက် တောင်းခံမှုများ ဆောင်ရွက်ပြီးပြီဖြစ်သည်။ ၂၀၁၉ ခုနှစ်အတွင်း မီတာခနှုန်းထားသစ် ပြောင်းလဲကောက်ခံမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။
      မီတာခနှုန်းထား တိုးမြှင့်ကောက်ခံရေးကိစ္စသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တစ်ခုတည်း၏ ဆုံးဖြတ်ချက်ဖြင့်မရဘဲ နိုင်ငံတော်အစိုးရအဖွဲ့ ခွင့်ပြုချက်၊ လွှတ်တော်အသီးသီး၏ ထောက်ခံချက်များဖြင့် ဆောင်ရွက်မည်ဟု ဝန်ကြီးဌာန အဆင့်မြင့်အရာရှိက ဆိုသည်။
      "မီတာခကို အောက်ခြေပြည်သူလူထု ဝင်ငွေနည်းပါးတဲ့  ဆင်းရဲချို့တဲ့နေတဲ့ ပြည်သူတွေကို လုံးဝထိခိုက်မှုမရှိ အောင် အဓိကထားတဲ့ မီတာခကောက်ခံနှုန်းထား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို လုပ်မှာပါ။ ချမ်းသာပြီး အရမ်း သုံးနေတဲ့သူတွေကတော့ ကျွန်တော်တို့ရဲ့ ကုန်ကျစရိတ်ကို အခြေခံထားပြီး အရင်းတိုင်းပေးရမယ်။  အဲဒီအယူအဆကို အခြေခံထားပြီး မီတာခပြောင်းလဲရေးလုပ်မှာ"ဟု ၎င်းက ဆိုသည်။ 
      လျှပ်စစ်သုံးစွဲမှုတွင် အမှန်တကယ်ထုတ်လုပ်မှု ကုန်ကျစရိတ်အတိုင်းပေးပါက နိုင်ငံအတွင်း အရှုံးခံ စိုက်ထုတ် နေရသည့်ငွေများကို ကျေးရွာပေါင်း မြောက်မြားစွာကိုလျှပ်စစ်မီး ပေးဝေနိုင်မည်ဖြစ်သည်။
      "လျှပ်စစ်မပေးနိုင်တော့ အကျိုးဆက်က ရေသန့်မရဘူး။ အဝီစိတွင်း မတူးနိုင်ဘူး။ ပညာကောင်းကောင်း မသင်နိုင်ဘူး။ လမ်းကောင်းမရှိဘူး။ အဲဒါတွေကို မျက်ကွယ်ပြုပြီး လျှပ်စစ်ရတဲ့သူတွေက မီတာခတက်တာနဲ့ ဒို့အရေး ထလုပ်ရင် ကျန်တဲ့သူတွေ၊ တောသူတောင်သားတွေ၊ တောင်တန်းဒေသမှာရှိတဲ့ တိုင်းရင်းသားတွေ ချို့ချို့တဲ့တဲ့နဲ့ နေနေရတဲ့ သူတွေကို သစ္စာဖောက်ရာ ရောက်တယ်။ ဒါကို စဉ်းစားပြီး ကိုယ်ချင်းစာတရားရှိဖို့ ကောင်းတယ်"ဟု ၎င်းက ပြောသည်။
      လျှပ်စစ်မီတာခနှုန်းထား တိုးမြှင့်ကောက်ခံရေးသည် စီးပွားရေးတင်မကဘဲ နိုင်ငံရေးနှင့်ပါ သက်ဆိုင်နေသည်။  
      ၂၀၁၇ ခုနှစ်အတွင်း အင်န်အယ်လ်ဒီအစိုးရ ထိပ်ပိုင်း ခေါင်းဆောင်အချို့က မီတာခတိုးမြှင့်ရေး ထုတ်ဖော်    ပြောဆိုခဲ့ပြီး ပြည်သူအချို့နှင့် စီးပွားရေးလုပ်ငန်းရှင် အချို့၏ ကန့်ကွက်သံများ ထွက်လာပြီးနောက်တွင် ပြန်လည်အသံတိတ်သွားခဲ့သည်။
      စွမ်းအင်အသိုင်းအဝိုင်းကမူ နိုင်ငံတော်အနေဖြင့် အရှုံးခံစိုက်ထုတ်နေရမှုမှ ရုန်းထွက်ချိန်တန်ပြီဖြစ်ပြီး မီတာခနှုန်းထား အမြန်တိုးမြှင့်ကောက်ခံရေးကို ထောက်ပြခဲ့ကြသည်။ အခြေခံလူတန်းစားကို မထိခိုက်သော ကောက်ခံမည့်အစိုးရမူနှင့် နိုင်ငံတော်က နှစ်စဉ်အရှုံးခံ စိုက်ထုတ်နေရမှု အခြေအနေများကို ပြည်သူကို အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် တိုက်တွန်းပြောဆိုကြသည်။
      "ဓာတ်အားခတက်ဖို့လိုပါတယ်။ သို့သော် အောက်ခြေလူတန်းစားကိုမထိဘဲ တက်ဖို့လိုပါတယ်။ မီတာခနှုန်းထား မြန်မြန်ပြောင်းဖို့ အရေးကြီးပါတယ်။ ဆုံးဖြတ်ချက်ချပါ။ ဒီအစိုးရ အခုမပြောင်းရင် နောင်နှစ်နှစ်၊ သုံးနှစ်နေရင် ပြောင်းမရဘူး"ဟု Smart group  ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင် ပြောသည်။
      နိုင်ငံတော်က မီတာခနှုန်းထားများ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်နှင့် ပတ်သက်၍ စက်မှုဇုန် ၂၉ ဇုန်မှ ကိုယ်စားလှယ်ခြောက်ဦးကို ခေါ်ယူ၍ ချပြဆွေးနွေးခဲ့ရာ နှုန်းထား သစ်များကို စက်မှုဇုန်များဘက်က လက်ခံခဲ့ကြောင်း ဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် စက်မှုဇုန်ကိုယ်စားလှယ်တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
      "ဈေးတက်တာကို ကျွန်တော်တို့ဘက်က ကန့်ကွက်ရန် မရှိပါဘူး။ ဒါပေမဲ့ တည်ငြိမ်ပြီး မီအားပြည့်တဲ့ လျှပ်စစ်ကိုတော့ လိုချင်ပါတယ်။ ပျက်လိုက်လာလိုက်ဆိုရင် စက်မှုဇုန်က အလုပ်လုပ်လို့မရဘူး"ဟု ၎င်းက ပြောသည်။
      ဝန်ကြီးဌာနဘက်ကလည်း တည်ငြိမ်သော ဓာတ်အားနှင့် လိုအပ်သလောက် လျှပ်စစ် ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု ဆိုသည်။
      မီတာခနှုန်းထား တက်မှုကို စက်မှုလုပ်ငန်းရှင်များသာ ကျခံရမည်ဆိုပါက သဘာဝ မကျဘဲ လျှပ်စစ်မီးသုံးစွဲသူတိုင်း တာဝန်ရှိရာ လျှပ်စစ်မီးကို ချွေတာသုံးစွဲရန်၊ ခေတ်မီလျှပ်စစ်ပစ္စည်းများ သုံးစွဲရန်နှင့် လျှပ်စစ်ခိုးယူသုံးစွဲမှုများကို ထိထိရောက်ရောက် အရေး ယူရန် ဝန်ကြီးဌာနသို့ အကြံပြုခဲ့သည်ဟု အဆိုပါစက်မှုဇုန်ကိုယ်စားလှယ်က ပြောသည်။
      "အသေးစိတ်နှုန်းထားတွေ ကျွန်တော်တို့ကို အသိပေးထားပြီးပါပြီ။ကျွန်တော်တို့ လက်ခံနိုင်တဲ့ နှုန်းထားဖြစ်တဲ့အတွက်ကြောင့် မငြင်းခဲ့ပါဘူး။ ၃၅ ကျပ်လည်းပါမယ်။၁၅၀ လည်းပါမယ်။ အရင်က တစ်မျိုး၊ နှစ်မျိုးနှုန်းကနေ လေး၊ ငါး၊ ခြောက်မျိုးလည်း ဖြစ်ချင်ဖြစ်သွားမယ်။ ရှင်းလင်းလွယ်ကူတဲ့ နည်းလမ်းတွေနဲ့  လုပ်နေတာတွေ့ရတဲ့အတွက် ဝမ်းသာကြိုဆိုတယ်"ဟု ၎င်းက ပြောသည်။
      လက်ရှိဓာတ်အားထုတ်လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၃,၈၀ဝ ခန့်သာရှိပြီး ဓာတ်အား လိုအပ်ချက်မှာ တစ်နှစ်လျှင် မဂ္ဂါဝပ် ၃၀ဝ မှ ၅၀ဝ ကြား (၁၉ ရာခိုင်နှုန်းခန့်) တိုးတက် လိုအပ်လာနေရာ နောက် သုံးနှစ်အတွင်း မဂ္ဂါဝပ် ၃,ဝ၀ဝ ခန့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။
      အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)  အရ ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ဦးစားပေးဆောင်ရွက်နေသည်။ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော်နေသည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက်အရ မွန်၊ ကရင်၊ ဧရာ-ဝတီ၊ မန္တလေး၊ ရန်ကုန် စသည့် တိုင်းနှင့် ပြည်နယ် များ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၅,ဝ၀ဝ ကျော် ယခုနှစ်အတွင်း အမျိုးသားဓာတ်အားပေးစနစ်မှ လျှပ်စစ်မီးရရှိမည်ဖြစ်သည်။
      ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့အတွက် တည်ဆောက်ရေးလုပ်ငန်း တင်ဒါနှစ်ခုကို တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီများကို ယခုရက်ပိုင်းအတွင်း ရွေးချယ်ခဲ့ပြီး ယင်းမှ  ကျေးရွာ ၈၇၀ လျှပ်စစ်မီးရရှိမည်ဖြစ်ပြီး ထပ်မံ၍လည်း တိုးချဲ့ဖြန့်ဖြူးရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်သည်။
      မီတာခနှုန်းထားများ တိုးမြှင့်ကောက်ခံနိုင်မှသာ နိုင်ငံဖွံ့ဖြိုးမှုအတွက် လိုအပ်နေသော လျှပ်စစ်ကို ဖြည့်ဆည်းနိုင်မည် ဖြစ်သကဲ့သို့ လျှပ်စစ်မီးမရရှိသေးသည့် ကျေးလက်နေပြည်သူများနှင့်  တောင်တန်းဒေသများသို့ပေးမည့် လျှပ်စစ်မီး လျာထားချက်ကိုလည်း အမြန် ရောက်ရှိနိုင်မည်ဖြစ်သည်။
      *** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***
      ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!