Popular Posts!
Thursday, January 31, 2019
ဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့ မကိုက်ညီဘဲ Yangon Petrol ဆီဆိုင်အတွက် ပြင်ပပေါက်ဈေးထက် အဆမတန် နည်းသောနှုန်းနဲ့ နိုင်ငံပိုင်မြေများ ရောင်းချပေးမှုက ပြည်သူ့ဘဏ္ဍာ ကျပ်ဘီလျံရာနှင့်ချီ၍ နစ်နာနိုင်
ဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့ မကိုက်ညီဘဲ Yangon Petrol ဆီဆိုင်အတွက် ပြင်ပပေါက်ဈေးထက် အဆမတန် နည်းသောနှုန်းနဲ့ နိုင်ငံပိုင်မြေများ ရောင်းချပေးမှုက ပြည်သူ့ဘဏ္ဍာ ကျပ်ဘီလျံရာနှင့်ချီ၍ နစ်နာနိုင်
တပ်မတော်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ် မတ်လ ၁၅ ရက်မှာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ နစ်နာမှုအဖြစ် နိုင်ငံပိုင် စက်သုံးဆီဆိုင်တွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေဆီ လွှဲပြောင်းပေးဖို့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်က တင်ဒါခေါ်ယူခဲ့ပြီး ပထမအကြိမ်မှာ စက်သုံးဆီဆိုင် ၁၅၅ ဆိုင်၊ ဒုတိယအကြိမ်မှာ ဆိုင် ၈၀ နဲ့ တတိယအကြိမ်မှာ ၁၁ ဆိုင်ကို ရောင်းချခဲ့ပါတယ်။
အဲဒီလို နိုင်ငံပိုင် သတင်းစာတွေကနေတစ်ဆင့် တင်ဒါခေါ် ရောင်းချခဲ့ပေမဲ့ ဒီဆိုင်တွေကို အစိုးရနဲ့နီးစပ်တဲ့ ကုမ္ပဏီကြီး ၂၀ ကပဲ ရသွားခဲ့တာဖြစ်ပြီး ပေါက်ဈေးထက် ဆယ်ဆကျော်နည်းတဲ့ ဈေးနှုန်းတွေနဲ့ ဝယ်ယူခွင့်ရခဲ့တာလို့ ပြောကြားမှုတွေရှိခဲ့ပြီး ဒီလိုအစိုးရနဲ့ နီးစပ်သူတွေကို အောက်ဈေးနဲ့ ရောင်းခဲ့တာမို့လို့ တိုင်းပြည်ဘဏ္ဍာ ဘီလျံနဲ့ချီ နစ်နာမှုတွေ ကြုံခဲ့ရသလို လက်ရှိအချိန်အထိ ဒီလိုလွှဲပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်နေဆဲပါ။
ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ကနေ တရားဝင်တင်ဒါခေါ်ပြီး ရောင်းချခဲ့တာတောင် နစ်နာမှုတွေ ရှိနေတယ်လို့ ဝေဖန်ခံရတဲ့ အခြေအနေမျိုး လက်ရှိမှာလည်း ထွက်ပေါ်လာပြန်ပါတယ်။
အဲဒါကတော့ Yangon Petrol ဆိုပြီး နိုင်ငံပိုင်မြေတွေကို တစ်ပေပတ်လည် အနိမ့်ဆုံးကျပ် ၂၀၀၀ နဲ့ ဝယ်ယူပြီး ကုမ္ပဏီအမည်ပေါက်နဲ့ ဂရန်ဖောက်ပြီး စက်သုံးဆီဆိုင်ဖွင့် ရောင်းချခွင့်ရခဲ့တဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။
စက်သုံးဆီဆိုင် ဖွင့်လှစ်ရောင်းချဖို့ နိုင်ငံပိုင်မြေ နေရာကောင်းများစွာကို ပေါက်ဈေးထက် အဆမတန် တန်ဖိုးနည်းတဲ့ဈေးနဲ့ ရောင်းချပေးရာမှာ ဆီဆိုင် ၁၀ ဆိုင်လောက် တစ်ပြိုင်နက် ဖွင့်လို့ရအောင် ကျယ်ဝန်းတဲ့ နိုင်ငံပိုင်မြေတွေလည်း ပါဝင်နေပြီး ဒီလိုမြေများစွာကို ဘာကြောင့် တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ရောင်းချပေးသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာသလို Daily Eleven သတင်းစာရဲ့ မေးမြန်းစုံစမ်း သိရှိရမှုတွေအရ Yangon Petrol ကုမ္ပဏီဘက်က နိုင်ငံပိုင် မြေ ၂၆ ကွက်ကို တည်နေရာ၊ အကျယ်အဝန်း အတိအကျနဲ့ တစ်ပေပတ်လည် ကျပ် ၂၀၀၀ အမည်ပေါက် ဝယ်ယူခွင့်ရဖို့ သက်ဆိုင်တဲ့ အစိုးရအဖွဲ့ကို လျှောက်ထားခဲ့တာ တွေ့ရပြီး ဒီလိုလျှောက်ထားတဲ့ မြေကွက် ၂၆ ကွက် စလုံးကိုသာ တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ဝယ်ယူခွင့် ပေးလိုက်မယ်ဆိုရင် ခန့်မှန်းကျပ်ဘီလျံ ၂၀၀ နဲ့ ၃၀၀ ကြား နစ်နာမယ့် အခြေအနေလည်း ဖြစ်နေပါတယ်။
■ Yangon Petrol ဆိုတာ ဘယ်သူတွေပိုင်သလဲ
Yangon Petrol ဆီဆိုင်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက YRTA နှစ်နှစ်ပြည့်ပွဲမှာ “ဒီနေရာမှာ ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရက ရင်းနှီးမြှုပ်နှံမှု ပြုထားသလားလို့ မေးခွန်းပြုနေတဲ့ YP နဲ့ပတ်သက်ပြီး ပြောလိုပါတယ်။ ရင်းနှီးမြှုပ်နှံငွေ ထည့်ဝင်ထားနိုင်ခြင်း မရှိပါဘူး။ ဘာကြောင့် မရှိသလဲဆိုရင် လွှတ်တော်ဘက်ကနေ ရင်းနှီးမြှုပ်နှံဖို့ငွေမပေးရင် ကျွန်တော်တို့ တိုင်းအစိုးရက ရင်းနှီးမြှုပ်နှံလို့ မပြုနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကနေ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ့် စက်သုံးဆီဈေး ကျဆင်းရေးအတွက် ဆောင်ရွက်မယ့် ကုမ္ပဏီတွေကို ကွပ်ကဲပံ့ပိုး ကူညီပေးနိုင်ပါတယ်။ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့နဲ့ ရောင်းဝယ်နိုင်ဖို့အတွက် စီမံဆောင်ရွက် ပေးနိုင်ပါတယ်။ ဒီအတွက် စက်သုံးဆီဈေးကို ချနိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒါကလည်း ဈေးကွက်အတွင်းမှာ သွင်းလာတဲ့ ကုန်ပစ္စည်းကို သင့်တင့်တဲ့ဈေးနဲ့ အမြတ်နှုန်းတစ်ခုနဲ့ ရောင်းပေးမယ်ဆိုရင် ဈေးကျသွားနိုင်ပါတယ်။ အများကြီးမြတ်ချင်လို့တော့ မရနိုင်ပါဘူး။ လူထုရဲ့ မျက်နှာကို ကြည့်ရပါမယ်။ ပြီးခဲ့တဲ့ အစိုးရကာလအ တွင်းမှာ စက်သုံးဆီဆိုင်တွေကို ပုဂ္ဂလိကကဏ္ဍကို လွှဲပြောင်းခဲ့ပါတယ်။ ဒီလွှဲပြောင်းစဉ် ကာလမှာ ပုဂ္ဂလိကကုမ္ပဏီ တော်တော်များများကို ဈေးနှုန်း သက်သာတဲ့ နှုန်းထားနဲ့ ရောင်းပေးစေချင်တဲ့ အတွက် စက်သုံးဆီဆိုင်တွေ တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းပဲယူပြီး ပေးခဲ့တဲ့ဆိုင်တွေ အများကြီးရှိပါတယ်။ ဥပမာ သိန်း ၁၀၀၀ တန်တယ်ဆိုရင် သိန်း ၁၀၀ နဲ့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစက်သုံးဆီဆိုင်တွေကနေ ဈေးနှုန်းကျဆင်းရေး ကိစ္စရပ်တွေက အခုအခြေအနေထိ မေးခွန်းထုတ်စရာတွေ ရှိနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေရတဲ့ ဒီဆိုင်အသစ်တွေက ဒီအခွင့်အလမ်းမျိုး အထူးအခွင့်အရေးတွေ ရှိထားပေးနိုင်ခဲ့တဲ့ အခြေအနေမရှိပါဘူး။ ကျွန်တော်တို့ အစိုးရသစ် လက်ထက်မှာ အထူးအခွင့်အရေး ပေးနိုင်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ အားလုံးဟာပွဲမှာ တန်းတူကစားကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရိုးသားပြီး စေတနာ မှန်ကန်မယ်။ သွင်းလာတဲ့ ဈေးနှုန်းနဲ့ ရောင်းချတဲ့ဈေးနှုန်းကို မျှတတဲ့ အမြတ်ငွေ တစ်ခုယူပြီး လုပ်မယ်ဆိုရင် စက်သုံးဆီဈေးနှုန်းက ကမ္ဘာ့ပေါက်ဈေးနဲ့ အလှမ်းကွာနေစရာ မရှိပါဘူး။ အခုကျွန်တော်တို့ အတော်လေး အလှမ်းကွာနေတာကို တွေ့နေရပါတယ်။ ဈေးကျပြီဆိုရင် ချက်ချင်းမကျချင်ဘူး။ ဈေးတက်ဆိုပြီ ချက်ချင်းတက်ချင်တယ်။ ဒီအခြေအနေမျိုးတွေကစပြီး ထိန်းညှိနေရတဲ့ အခြေအနေမျိုး ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။
Yangon Petrol ဆီဆိုင်မှာ အစိုးရက မြှုပ်နှံငွေ ထည့်ဝင်ထားမှု မရှိဘူး။ အရင်အစိုးရ လက်ထက်ကလို စက်သုံးဆီဈေးနှုန်း ချိုသာဖို့ ပေါက်ဈေးထက် ၁၀ ဆလောက်အထိ လျှော့ချပြီး ရောင်းချပေးပေမဲ့ စက်သုံးဆီတွေမှာ ဈေးတက်ရင် ချက်ချင်းတက်ပြီး ဈေးကျရင် လိုက်မချဘူးဆိုပြီး ဦးဖြိုးမင်းသိန်းက ဆိုခဲ့ပါတယ်။
 ဒါပေမဲ့ Yangon Petrol ဆိုင်အသစ်တွေအတွက် အထူးအခွင့်အရေး ပေးမထားနိုင်ဘူးလို့ ပြောကြားမှုမှာတော့ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။ ပထမဆုံးအချက်က စက်သုံးဆီဆိုင်တစ်ဆိုင် ဖွင့်ဖို့ဆိုရင် အမြန်ဆုံးတောင်မှ တစ်နှစ်လောက်ကြာအောင် စိစစ်ပါတယ်။ ဒီလိုစိစစ်ခံရတဲ့ Process မျိုး YP မှာ မမြင်ခဲ့ရသလို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းရဲ့ ပြောကြားချက်အရ YP ဆီဆိုင်တွေဟာ အချိန်ခြောက်လလောက် အတွင်းမှာ မြေနေရာတွေလျှောက်၊ ဆီဆိုင်အသစ်တွေဆောက်ပြီး ရောင်းချနိုင်ခဲ့တာ တွေ့ရပါတယ်။
ဒုတိယ အချက်ကတော့ အချက်အချာကျတဲ့ နေရာကောင်းတွေက ကျယ်ဝန်းလှတဲ့ နိုင်ငံပိုင်မြေတွေကို တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ရောင်းချပေးမှုပါပဲ။ ဒီလိုအခြေအနေမျိုးဟာ အထူးအခွင့်အရေးတွေလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
Yangon Petrol ဆီဆိုင်မှာဆိုရင် MD အဖြစ် အရင်ရန်ကုန်တိုင်း စက်သုံးဆီရောင်းဝယ်ရေး အရာရှိဖြစ်ခဲ့တဲ့ ဦးတင်နိုင်စိုးက MD အဖြစ်တာဝန်ယူပြီး ဦးဝင်းဆွေ၊ ဦးအောင်မော်သိန်း၊ ဦးအောင်ရွှေ၊ ဦးအောင်မျိုးဇော်၊ ဦးဇင်မင်းအောင်တို့က ဒါရိုက်တာအဖြစ် ပါဝင်တာဝန်ယူပါတယ်။  ဦးတင်နိုင်စိုးဟာ တပ်မတော် အရာရှိဟောင်း လို့သိပြီး သူဟာ DSA အပတ်စဉ် (၃၀) ဆင်း တစ်ယောက်လို့ ကြားသိရပါတယ်။
ဒီနေရာမှာ ထူးခြားတာတစ်ခုက ဦးတင်နိုင်စိုးကလွဲရင် ကျန်တဲ့ ဦးဝင်းဆွေ၊ ဦးအောင်မော်သိန်း၊ ဦးအောင်ရွှေ၊ ဦးအောင်မျိုးဇော်၊ ဦးဇင်မင်းအောင်တို့ ငါးဦးစလုံးဟာ PT Power ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်နေတာကို တွေ့ရပါတယ်။ PT Power စက်သုံးဆီဆိုင်နဲ့ BOC စက်သုံးဆီဆိုင်တွေရဲ့ ပိုင်ရှင်တွေဟာ ဘယ်လိုကြောင့် နိုင်ငံပိုင်မြေတွေကို တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ဝယ်ယူခွင့်တွေ ရရှိနိုင်ခဲ့သလဲ ဆိုတာနဲ့ နိုင်ငံ့အတွက် ဘယ်လိုအကျိုးပြုမှုတွေ ပြန်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်သလို နိုင်ငံကပြန်ရမယ့်  အကျိုးရလဒ်တွေက အရင်နိုင်ငံပိုင် စက်သုံးဆီဆိုင် ၂၄၆ ဆိုင်ကို ပုဂ္ဂလိကကို လွှဲပေးခဲ့သလိုမျိုး ပြန်ဖြစ်သွားစေနိုင်သလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်စေပါတယ်။
■ နိုင်ငံပိုင်မြေတွေဟာ တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ရောင်းခဲ့တဲ့အပြင် ဂရန်ပါ အမည်ပေါက် ပြောင်းခဲ့သလား
Yangon Petrol ကုမ္ပဏီဘက်ကနေ တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ နိုင်ငံပိုင်မြေ ၂၆ ကွက်ကို ဧကပေါင်း ၃၇ ဒသမ ၇၀၉ ဧကအထိ လျှောက်ထားခဲ့မှု မှန်ကန်မယ်ဆိုရင် စက်သုံးဆီဆိုင်တစ်ဆိုင် ဖွင့်လှစ်ဖို့ထက် ပိုမိုကျယ်ဝန်းတဲ့ ဧကကွက်များစွာလည်း ပါဝင်နေတယ်လို့ ဆိုရပါလိမ့်မယ်။
ဒီ ၃၇ ဧကကျော်အတွက်တော့ Yangon Petrol ကုမ္ပဏီဘက်က နိုင်ငံတော်ကိုပေးအပ်မယ့် ပမာဏဟာ ကျပ် ၃၃၀၁၈ သိန်းခန့်ပဲ ရှိနိုင်တယ်လို့ ခန့်မှန်းတွက်ချက် သိရှိရပါတယ်။ Yangon Petrol က ဝယ်ယူခွင့် လျှောက်ထားလာတဲ့ ဒီမြေတွေရဲ့ ပကတိ ပြင်ပပေါက်ဈေးကို အသာထားပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနရဲ့ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က ၂၀၁၈ ခုနှစ်အတွက် ထုတ်ပြန်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ်အလိုက် အိမ်ခြံမြေစံနှုန်းနဲ့ တွက်ရင်ကိုပဲ မြေ ၂၆ ကွက်ရဲ့ ဧကမှာ ကျပ်ဘီလျံ ရာနဲ့ချီ နစ်နာနိုင်တာကို တွေ့ရပါတယ်။            
Yangon Petrol ဟာ လက်ရှိအချိန်မှာ မြေကွက်ခြောက်ကွက် ဝယ်ယူရရှိထားပြီး ဖြစ်တယ်လို့ ကြားသိရမှု မှန်ကန်မယ်ဆိုရင် ဒီမြေကွက်တွေဟာ ဘယ်မြို့နယ်က မြေကွက်တွေလဲဆိုတာ မသိရပေမယ့် လက်ရှိအချိန်မှာ ဆောက်လုပ်ရေးဝန်ကြီးအဖြစ် လုပ်ကိုင်နေတဲ့ ဦးဟန်ဇော်ရဲ့ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနကတော့ ဒဂုံဆိပ်ကမ်းမြို့နယ်ထဲက ၁ ဒသမ ၁၃၃ ဧကကျယ်တဲ့ မြေကွက်နဲ့ သာကေတမြို့နယ် ရှုခင်းသာ မြို့ပတ်လမ်း နေရာက ၁ ဒသမ ၆၄ရဧက ကျယ်ဝန်းတဲ့ မြေကွက်ကို တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ Yangon Petrol ဆီဆိုင်ကို လွှဲပြောင်းပေးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ ခန့်မှန်းစတုရန်းပေ ၁၂၁,၀၉၆ ရှိတဲ့ မြေကွက်ကြီး နှစ်ကွက်အတွက် နိုင်ငံတော်က ရခဲ့တာဟာ ကျပ် ၂၃၄၁ သိန်းလို့ပဲ စုံစမ်းသိရပြီး အဲဒီပမာဏဟာ တစ်ပေပတ်လည် ကျပ် ၂၀၀၀ အောက်နည်းတဲ့ နှုန်းထားနဲ့ ရောင်းချလိုက်တဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။
သာကေတရှုခင်းသာ လမ်းမကြီးနေရာကို  ပြည်တွင်းအခွန်များ ဦးစီးဌာနရဲ့ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့က ၂၀၁၈ ခုနှစ်အတွက် ထုတ်ပြန်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ်အလိုက် အိမ်ခြံမြေ စံနှုန်းမှာ တစ်ပေပတ်လည် ကျပ် ၆၅၀၀၀ လို့ သတ်မှတ်ထားပါတယ်။ Yangon Petrol က ရသွားတဲ့ အဲဒီနေရာဟာ ၁ ဒသမ ၆၄၇ ဧက ရှိတယ်လို့ စုံစမ်းသိရပြီး စတုရန်းပေ ၇၁၇၄၃ ပေနဲ့ တွက်မယ်ဆိုရင် ကျပ်သိန်း ၄၆၆၃၂ အထိ ဖြစ်နိုင်တဲ့အတွက် ဒီဆိုင်တစ်ခုတည်းကတင် ကျပ် ၄၅၁၉၈ သိန်း နစ်နာနိုင်ဖွယ် ရှိပါတယ်။
အိုးအိမ်က ရောင်းချပေးလိုက်တဲ့ အခြားမြေကွက်ဖြစ်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ထဲက ၁ ဒသမ ၁၃၃ ဧကကျယ်တဲ့ မြေကွက်ကို ကျပ် ၉၀၇ သိန်းနဲ့ Yangon Petrol ကုမ္ပဏီကို ရောင်းချပေးလိုက်တာလို့ သိရပါတယ်။ ဒီနေရာဟာ ပြင်ပဈေးကွက်အရ တစ်ပေပတ်လည်ခန့်မှန်း ကျပ် ၈၀၀၀၀ လောက်ပါ။ အဲဒီတော့ ၁ ဒသမ ၁၃၃ ဧကအတွက် ကျပ် ၃၉၄၈၂ သိန်း ကျနိုင်ပါတယ်။
Yangon Petrol ကုမ္ပဏီကို ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ မြို့ရွာနဲ့အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက မြေကွက်နှစ်ကွက် ရောင်းချပေးလိုက်မှုကနေ နိုင်ငံ့အတွက် ကျပ်သိန်းပေါင်းများစွာ နစ်နာဖွယ်ရာရှိတဲ့ အခြေအနေ ဖြစ်တာကြောင့် ဒီနစ်နာမှုကနေ တိုင်းပြည်က ဘာပြန်ရမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ ဒီမြေကွက် နှစ်ကွက်ဟာလည်း နိုင်ငံပိုင်အဖြစ်ကနေ Yangon Petrol ကုမ္ပဏီပိုင်အဖြစ် ဂရန်အမည်ပေါက် ပြောင်းလဲသွားပြီလို့ သိရပါတယ်။ ဒီနေရာမှာ မြေ  ၂၆ ကွက်ရဲ့ ၃၇ ဧကကျော်အတွက် အဆိုပြုထားတဲ့ ကျပ် ၃၃၀၁၈ သိန်းဟာ အိုးအိမ်ပိုင်မြေကွက် နှစ်ကွက်ရဲ့ ကာလပေါက်ဈေးအောက်တောင် လျော့နည်းနေတဲ့အတွက် နိုင်ငံ့ဘဏ္ဍာ နစ်နာမှုဟာ အဆမတန် ကြီးမားများပြား နေပါတယ်။                                       
မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ပိုင်ဆိုင်တဲ့ မြေကွက်နှစ်ကွက်ကို Yangon Petrol ဆီဆိုင်ကို တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ရောင်းချပေးလိုက်မှု မှန် မမှန် မေးမြန်းစုံစမ်းရာမှာ မြို့ရွာနဲ့အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က “Yangon Petrol အတွက် အိုးအိမ်ကမြေကို လုပ်ထုံးလုပ်နည်းနဲ့အညီ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ပေးခဲ့တာ မှန်ပါတယ်” လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။
ဒီလိုရရှိမှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ၊ ဆိပ်ကြီးခနောင်တို မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “တကယ်လို့သာ နိုင်ငံတော်ပိုင်ပစ္စည်းဖြစ်တဲ့ မြေနေရာကို ၂၆ နေရာမှာ ဖွင့်ဖို့ရှိရင် ပြည်သူတွေကို ဆီဈေးလျှော့ပြီး ရောင်းချမယ်ဆိုရင် ကောင်းတဲ့အစီအစဉ်၊ ပြည်သူတွေအတွက် ချပေးဖို့ အစီအစဉ်ရှိရင် အားလုံးဝင်ပြိုင်နိုင်အောင် တင်ဒါမဟုတ်ရင်တောင် ကြေညာပေးရမယ်။ အခုချထားပေးတဲ့ မြေနေရာငါးခုမှာ လူအမည် နှစ်ခုတည်းနဲ့ ချထားပေးတာ သိပ်သဘာဝမကျဘူး” လို့ ပြောပါတယ်။
ဒီလို ပြောကြားမှုတွေနဲ့ ပတ်သက်ပြီး Daily Eleven သတင်းစာက စုံစမ်းရာမှာ တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ရောင်းချပေးလိုက်တဲ့ နိုင်ငံပိုင်မြေကွက်တွေကို Yangon Petrol ကုမ္ပဏီက ဂရန်အမည်ပေါက် ဖောက်ထားပြီး ဖြစ်တယ်လို့ သိရပြီး ကုမ္ပဏီ အမည်ပေါက်နဲ့လား။ လူနာမည်နဲ့လား ဆိုတာကို Yangon Petrol ကုမ္ပဏီဘက်ကို Daily Eleven သတင်းစာက ပေးပို့ခဲ့တဲ့ မေးခွန်းတွေ ပြန်လည်ဖြေကြားလာရင် သိရမှာဖြစ်ပြီး ဒီမေးခွန်းမျိုး အလားတူကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီ မေးမြန်းထားပါသေးတယ်။ ဇန်နဝါရီ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ Yangon Petrol ကုမ္ပဏီကို မေးမြန်းထားပေမယ့် ဇန်နဝါရီ ၃၀ ရက် ညပိုင်းဖောင်ပိတ်ချိန်အထိ တုန့်ပြန်ဖြေကြားလာမှု မရရှိသေးတာကြောင့် ရရှိထားတဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးနိုင်ခြင်း မရှိပေမဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ Yangon Petrol ကုမ္ပဏီက ပြန်လည် ဖြေကြားလာရင်တော့ ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။
■ တိုင်းပြည်က ဘာပြန်ရမလဲ
ဇန်နဝါရီ ၂၅ ရက်မှာ NLD ပါတီရဲ့ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဦးမျိုးရန်နောင်သိန်းက Yangon Petrol ဆီဆိုင်နဲ့ပတ်သက်ပြီး သူ့ရဲ့လူမှုကွန်ရက် အကောင့်မှာ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ ပို့စ်မှာဆိုရင် “အခု Yangon Petrol က ဆီဈေးတွေကျအောင် လုပ်နေတာ ပြည်သူတွေအတွက် အကျိုးမဖြစ်ထွန်းဘူးလား။ ခရိုနီတွေကတော့ ဘယ်ကြိုက်ပါ့မလဲဗျာ။ Yangon Petrol က တင်ဒါခေါ်ရတဲ့ ကိစ္စမဟုတ်ပါဘူး။ အစိုးရပိုင် ငွေကြေးနှင့် ဆောင်ရွက်တဲ့ကိစ္စ မဟုတ်ပါ။ အစိုးရပိုင်မြေကို အလကားသုံးစွဲနေခြင်း မဟုတ်ပါ။ အထူးဂရန် ပေါက်ဈေး ၉၀၀ နှင့်တောင်ပေးခြင်း မဟုတ်ဘဲ 1 Sqfeet ကို ၂၀၀၀ နှင့် ပေးခြင်းပါ။ ရန်ကုန်တိုင်းအစိုးရနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်လို့ G to G ဆက်သွယ်ပေးသော်လည်း အလုပ်လုပ်တဲ့အခါ B to B ဖြစ်ပါသည်။ ရန်ကုန်တိုင်းအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု အဓိက အကြောင်းရင်းမှာ ဈေးနှုန်းလျှော့ရောင်းရန် ဖြစ်ပါတယ်။ ရတဲ့အမြတ် ၂၀ ရာခိုင်နှုန်းကို အစိုးရကို ပေးရပါမယ်။ သတင်းအချက် မှားယွင်းဖော်ပြမှုဆိုတာ အမည်ဖျက်စေလိုခြင်း၊ ပြည်သူအထင်အမြင် လွဲမှားအောင်လုပ်ခြင်း ဖြစ်ပါတယ်။ ပြည်သူကို မျက်နှာမူပါ” လို့ ရေးသားခဲ့တာကို တွေ့ရပါတယ်။
ဦးမျိုးရန်နောင်သိန်းရဲ့ အဆိုအရ နိုင်ငံပိုင်မြေတွေကို Yangon Petrol က ကျပ် ၂၀၀၀ နဲ့ ရထားတယ်။ အဓိကလုပ်မှာက ဆီဈေးကျအောင် လုပ်မှာဖြစ်တယ်။ ရန်ကုန်တိုင်းအစိုးရနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်တာဖြစ်လို့ G to G ဆက်သွယ်ပေးပေမယ့် အလုပ်လုပ်တဲ့အခါ B to B လုပ်မယ်။ ရလာတဲ့ အမြတ်ရာခိုင်နှုန်း ၂၀ ကို အစိုးရကို ပေးရမယ်ဆိုတဲ့ သဘောတွေ့ရပါတယ်။
ဒီနေရာမှာ မေးစရာဖြစ်လာတာက နိုင်ငံပိုင်မြေကို အလွန်နည်းပါးတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးလိုက်တာကြောင့် ကျပ်ဘီလျံရာပေါင်းများစွာ နစ်နာမှုပါ။ Daily Eleven သတင်းစာရဲ့ တွက်ချက်မှုအရ နိုင်ငံပိုင်မြေတွေကို ကျပ် ၃၃၀၁၈ သိန်းခန့်နဲ့ ရယူခွင့်ပြုပေးခဲ့မယ်ဆိုရင် ပြင်ပပေါက်ဈေးရဲ့ တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်းလောက်ပဲ ရှိနေတဲ့အပြင် ဒီလိုအခွင့်အရေးများစွာ ရထားတဲ့ Yangon Petrol ဆီဆိုင်က ဈေးနှုန်းချိုသာစွာ ရောင်းချပေးမယ် ဆိုပေမယ့် တချို့ရက်တွေမှာ ပြည်တွင်းက ကိုယ်တိုင်ငွေစိုက်ထုတ်ပြီး နိုင်ငံကို ကျပ်ဘီလျံပေါင်းများစွာ အခွန်ဆောင်ထားတဲ့ အခြားစက်သုံးဆီ ကုမ္ပဏီတွေထက် ဈေးအနည်းငယ်များနေတဲ့ အခြေအနေတွေနဲ့ လက်ရှိမှာ စတင်အသက်ဝင်နေပြီဖြစ်တဲ့ ယှဉ်ပြိုင်မှုဥပဒေအရ မမျှတတဲ့ ယှဉ်ပြိုင်မှု ဖြစ် မဖြစ် ဆိုတာနဲ့ စက်သုံးဆီဈေး ကျဆင်းအောင် ပုဂ္ဂလိကနဲ့  လုပ်ကိုင်တယ် ဆိုရာမှာ ပုဂ္ဂလိကပိုင်ပြုလုပ်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီရင် တိုင်းပြည်က နစ်နာမှုအတွက် ဘယ်သူက တာဝန်ယူ၊ တာဝန်ခံမလဲ ဆိုတာ မေးခွန်းထုတ်မှုတွေ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် နောက်လာမယ့် ငါးနှစ်မှာ၊ နောက်လာမယ့် ၁၀ နှစ်မှာ အရင်တုန်းက နိုင်ငံပိုင် စက်သုံးဆီဆိုင်တွေကို လွှဲပြောင်းယူခဲ့တဲ့ ကုမ္ပဏီကြီး ၂၀ လို Yangon Petrol ဟာ ဆီဈေးတက်ရင် ချက်ချင်းတက်ပြီး ဆီဈေးကျရင် လိုက်မချတဲ့ အခြေအနေဖြစ်နေမယ်ဆို ဒီလိုဖြစ်လာတာကို ဘယ်သူက တာဝန်ယူမလဲဆိုတဲ့ အပေါ်ကိုလည်း မေးခွန်းထုတ်နေကြပါတယ်။
လက်ရှိအခြေအနေမှာ Yangon Petrol ကို နိုင်ငံပိုင်မြေတွေ ဘီလျံရာနဲ့ချီ အဆုံးရှုံးခံပြီး လွှဲပြောင်းမှုဟာ ပြည်ထောင်စုအဆင့် လွှတ်တော်တွေမှာ ဆွေးနွေးတင်ပြထားတာ မတွေ့ရသလို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာလည်း ဆွေးနွေးတင်ပြထားမှု မရှိပါဘူး။ တစ်ဖက်မှာ ဆိုရင်လည်း လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဘက်ကလည်း အသံထွက်နေသလို ဘာကြောင့် ခွင့်ပြုခဲ့ပြီး စက်သုံးဆီဈေး ကျဆင်းမယ်ဆိုတဲ့ အာမခံချက်၊ စက်သုံးဆီဈေးကို သူများထက် ဘယ်လောက်အထိလျှော့ပြီး ဘယ်အချိန်အထိ ရောင်းမလဲဆိုတဲ့ အာမခံချက်တွေဟာ ပြည်သူတွေသိချင်တဲ့ မေးခွန်းတွေ ဖြစ်နေပါတယ်။ အာမခံချက် မရှိဘဲ၊ ရှင်းလင်းမှု မရှိဘဲ နိုင်ငံပိုင်မြေတွေကို ကျပ်ဘီလျံရာနှင့်ချီ အဆုံးရှုံးခံပြီး ရောင်းချပေးလိုက်မယ်ဆိုရင် နိုင်ငံ့နစ်နာမှုအတွက် ဥပဒေလုပ်ထုံး လုပ်နည်းတွေနဲ့ ကိုက်ညီမျှတမှု ရှိ မရှိ ပြန်လည်စိစစ်ပေးဖို့ လိုအပ်တယ်လို့ အကြံပြုချင်ပါတယ်။
■ Yangon Petrol ကုမ္ပဏီအား စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် မြေနေရာပေးမှုများနှင့် ပတ်သက်၍ စကားသံများ
► ဒေါ်ညိုညိုသင်း (Yangon Watch တည်ထောင်သူ)
"စက်သုံးဆီကို အခုလိုမျိုး ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို လုပ်ချင်တဲ့၊ လုပ်လိုတဲ့ သာမန်ပြည်သူလူထုတွေ၊ အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေ အများကြီးရှိတယ်။ အပြိုင်အဆိုင် အများကြီး လုပ်ခြင်းအားဖြင့် ဆီဈေးနှုန်းကို ချနိုင်တယ် ဆိုတာကို သာမန်လူတွေတောင် သိတယ်။ အဲဒီတော့ အခုလိုမျိုး ဆီဈေးနှုန်း ကျအောင်အတွက် YP တစ်ခုထဲကို ပေးတာမျိုး ဆိုရင်တော့ ဒါဟာ လုပ်ပုံလုပ်နည်း မှားနေတယ်လို့ ပြောရမှာပဲ။ ရည်ရွယ်ချက်ကတော့ ကြားလို့ကောင်းတယ်။ ဆီဈေးနှုန်းကို ချဖို့အတွက် ကုမ္ပဏီ တစ်ခုတည်းကို ၂၆ ပေးတယ် လို့ဆိုတာဟာ ကြားလို့တော့ကောင်းတယ်။ လုပ်ပုံလုပ်နည်းလည်း မမှန်ဘူး။ အထူးသဖြင့် နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားချက်ရှိတယ်လေ။ ၁/၂၀၁၇ ရှိတယ်။ လုပ်ငန်းတွေလုပ်တဲ့အခါ၊ တင်ဒါခေါ်ယူတဲ့အခါမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ပြောထားတယ်။ ဒါတွေကို မြန်မာ့အသံကနေ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က နေ့တိုင်းနီးပါး ပညာပေးနေတယ်။ ၁/၂၀၁၇ ကို အစိုးရတွေက မလိုက်နာလို့ရှိရင် အဂတိလိုက်စားမှု ဖြစ်ပါတယ် လို့လည်း အတိအလင်းကို ပညာပေးနေတာ၊ နိုင်ငံတော် ပိုင် ရုပ်မြင်သံကြားကနေ အခုလို အစိုးရအဖွဲ့တွေကို အတိအလင်း သတိပေးနေတာကို သတိ ပေးချက်ကို ဂရုမစိုက်ဘဲနဲ့ လျစ်လျူရှုပြီးတော့ ကုမ္ပဏီတစ်ခုတည်းကို ဆီဈေး နှုန်း ကျစေဖို့ရည်ရွယ်ချက်နဲ့ ပြည်သူပိုင်မြေ ၂၆ နေရာကို ဘယ်လိုမှ ဈေး ကွက်ပေါက်ဈေးမဟုတ်တဲ့ မလျော်တဲ့ဈေးနှုန်းနဲ့ ချပေးလိုက်တယ်ဆိုတာက ဈေးကွက်ကို လက်ဝါးကြီးအုပ်မှုဖြစ်စေတယ်။ တစ်လီတာကို ၄၀ လောက်ချ ပေးတယ်ဆိုတာက သူ့လိုမျိုး အခွင့်အရေးမရတဲ့ အခြားလုပ်ငန်းရှင်တွေလည်း ရောင်းပေးနေနိုင်တာပဲလေ။ ဒါက ထူးပြီးတော့ ပြည်သူလူထုအတွက် ထူးခြားပြီးရတဲ့ အခွင့်အရေးကြီး မဟုတ်ဘူး။ ဒါပေမဲ့ ပြည်သူလူထုအတွက် ကတော့ အများပိုင် ၂၆ နေရာကို မတန်တဆဈေးနှုန်းနဲ့ ပေးလိုက်ရတဲ့ အတွက်ကြောင့်မို့လို့ ကြီးကျယ်တဲ့ ဆုံးရှုံးမှုကြီးဖြစ်သွားတယ်။ ပြည်သူလူထုအတွက် မြတ်တာနဲ့ ဆုံးရှုံးတာကို ယှဉ်ကြည့်လိုက်တဲ့အခါ ဆုံးရှုံးတာက သိသာထင်ရှားပြီးတော့ ပြည်သူလူထုအတွက် အကျိုး၊ အမြတ်ဆိုတာ မထင်ရှားဘူး။ ဒီနေရာမှာ ပြောချင်တာက ဒီလုပ်ငန်းရှင်တွေက အစိုးရကို လုပ်ငန်းလုပ်ခါနီးမှာ ကတိပေးကြတာပဲ။ ဦးသိန်းစိန် လွှတ်တော်ကာလမှာ မေးခွန်းတွေ မေးတဲ့အခါမှာ ဆီဆိုင်ကိစ္စတွေ ဆွေးနွေးဖြစ်တာပါတယ်။ အဲဒီတုန်းက ဘာပြောလဲဆိုတော့ အခုဆီဆိုင် လုပ်ငန်းရှင်တွေက တစ်ဂါလံကို ၂၅၀၀ ထက် ပိုမရောင်းဘူးဆိုတဲ့ ကတိရှိခဲ့တယ်။ အခုကျတော့ ဘယ်ဈေးဖြစ်နေပြီလဲ။ ၄၅၀၀ ပတ်ဝန်းကျင် ဖြစ်နေပြီ။ လုပ်ငန်းရှင်ဆိုတာက ဈေးကွက်ရဲ့ အနေအထားကိုကြည့်ပြီးတော့ သူတို့ပေးထားတဲ့ ကတိကိုရမယ့် အမြတ်လောက် တန်ဖိုးထားတာ မဟုတ်ဘူး။ YP က အစိုးရကို ဘယ်လိုကတိတွေ ပေးထားတယ်ဆိုတာ အန်တီတို့ ပြည်သူလူထုလည်း မသိဘူး။ ဘယ်ပုံစံနည်းနဲ့ ၂၆ နေရာကို ပေးလိုက်တယ်ဆိုတာ မသိရဘူး။ လွှတ်တော်ကို တင်ပြထားခြင်းလည်း မရှိဘူး။ အရေးကြီးတာက ဝန်ကြီးဌာနကိုက ဒီလုပ်ငန်းတွေကို ခွင့်ပြုချက် မပေးသေးဘူးလို့ ပြောတယ်။ ခွင့်ပြုချက် မပေးသေးဘူး ဆိုပေမဲ့ မြေပြင်မှာတော့ ဒီလုပ်ငန်းတွေက လည်ပတ်နေပြီ။ ဒါဟာဘာကို ထင်ရှားစေလဲဆိုတော့ ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက လုပ်ထုံးလုပ်နည်းတွေကို ဥပက္ခာပြုတယ်။ တည်ဆဲ ဥပဒေ၊ အမိန့်ညွှန်ကြားချက်တွေကို မလေးစားဘူးဆိုတာ ပြတယ်။ အစိုးရကိုယ်တိုင်ကိုက တည်ဆဲလုပ်ထုံးလုပ်နည်း စည်းကမ်းတွေကို မလေးစားဘူး ဆိုလို့ရှိရင် ကျန်တဲ့လုပ်ငန်းရှင်တွေ၊ သာမန်ပြည်သူ လူထုတွေက ဥပဒေကို ချိုးဖောက်ကြလိမ့်မယ်။ အဲဒီအခါမှာ တရားဥပဒေ စိုးမိုးရေး အခြေအနေက အင်မတန် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာလိမ့်မယ်"
► ဦးကျော်ဇေယျ (ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)
"သိသလောက်တော့ ပထမစစချင်း ငါးနေရာပေါ့။ ဘာဖြစ်ဖြစ်ဒီဟာကတော့ ဆီဆိုင်ဆိုတာက ကျွန်တော် လေ့လာသလောက် ဆိုင်တစ်ဆိုင်ကို ချပေးဖို့ ဆိုတာကို ပါမစ်က တော်တော်ကြာတာ။ အခုကျတော့ အရမ်းကို လျင်လျင်မြန်မြန်နဲ့ လုပ်ငန်းရှင်ကို။ ကျွန်တော်တို့ စုံစမ်းတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကုမ္ပဏီမှတ်ပုံတင်ရုံးကို လှမ်းပြောဖို့ YP က မှတ်ပုံတင်တယ်။ အဲဒါကြောင့် အံ့သြရတယ်။ မြန်မြန်ချပြီးတော့ ကုမ္ပဏီဖွင့်တယ်။ ဆီဆိုင်ဖွင့်တယ်ဆိုတော့။ ဒါကတော့ထားပါတော့။ ဘာပဲဖြစ်ဖြစ် ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ သဘောထားကတော့ စက်သုံးဆီဈေးကိုကျဖို့ ဘာဖြစ်တယ် ညာဖြစ်တယ် အမြဲတမ်းပြောတယ်။ လုပ်ငန်းရှင်ကို အမြန်ဆုံး ချပေးတာကတော့ ဆီဆိုင်တစ်ခုက သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုတွေကို လေ့လာဆန်းစစ်ရမှာ၊ မီးသတ်တို့ ထုံးစံအတိုင်းပေါ့။ သက်ဆိုင်ရာအားလုံး သေချာဆန်းစစ်သင့်တယ်။ လုပ်ပေးမယ်လို့ ရည်ရွယ်ချက်ရှိရင်လည်းပဲ တင်ဒါမခေါ် ဘာမခေါ်နဲ့ ပေးလိုက်တာကတော့ လုပ်ထုံးလုပ်နည်းနဲ့ လွဲနေပြီ။ ဒါကို စောင့်ကြည့်နေပါတယ်။ ဒီလိုဟာတွေ ရောင်းတောင်မှ ဒီလိုလုပ်ချင်တဲ့ လုပ်ငန်းရှင်တွေ သေချာပေါက်ရှိမယ်လို့ ပြောနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောနိုင်သလဲဆိုတော့ Investment Forum မှာ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်တွေကို တွေ့နေပြီ။ မြှုပ်နှံချင်တဲ့သူတွေ လာတော့မယ်။ ဆီဆိုင်ဖွင့်ပြီး ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချင်တဲ့ သူတွေရှိတယ်။ နှစ်ချီပြီးတော့ ဒီလိုအခွင့်အရေးကို စောင့်ဆိုင်းပြီး လုပ်နေရတယ်။ ဒီလုပ်ငန်းကြီးက ပွင့်လင်းမြင်သာမှု ရှိရဲ့လား၊ မျှတရဲ့လား ဒါလေးပြောချင်ပါတယ်။ ဒါလေးက အများကြီး အားနည်းနေတယ် ဆိုတာကို မှတ်ချက်ပေးလိုပါတယ်။ ဒီမြေတွေကို ငှားရမ်းတာလား၊ တစ်ခါတည်း ရောင်းလိုက်တာလား အဲဒါကို သိချင်နေတယ်။ မြေကို တစ်ခါတည်း ရောင်းလိုက်တယ်လို့ ကြားတယ်။ တိတိကျကျ မသိဘူးဖြစ်နေတာ။ အနှစ်သာရကတော့ ဒီလုပ်ငန်းက မျှတမှုမရှိဘူး"
► ဦးကျော်ကျော်ထွန်း (လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
"အစိုးရပိုင်မြေတွေဆိုတော့ အလကားပေးတာ မဟုတ်တဲ့အတွက် ငှားရမ်းခတွေရမယ်။ ဆိုင်တစ်ဆိုင်ဖွင့်လာတဲ့ အခွန်တွေ အကောက်တွေရမယ်။ ဆီဈေးက တစ်လောက ကစားတာကို ပြိုင်ဆိုင်မှုများလာပြီး ပြိုင်ဆိုင်မှု ဖြစ်စေချင်တယ်လို့တွေးပြီး လုပ်တယ်ထင်တယ်။ ဘာတစ်ခုတော့ သတိထားရမလဲဆိုတော့ အစိုးရမြေတွေ ဆိုပေမဲ့ ဘေးပတ်လည်မှာရှိတဲ့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ထည့်စဉ်းစားရမယ်။ ဓာတ်ဆီဆိုင်တစ်ဆိုင် ဖွင့်တယ်ဆိုတာ တော်တော်လေး တစ်ခုခုဖြစ်ရင် အန္တရာယ် အရမ်းများတယ်။ အဲဒါလေးတွေကို ချိန်ဆပြီး လုပ်စေချင်တယ်။ ဖွင့်မယ့်နေရာမှာ ပြသနာက ဘာလဲဆိုတော့ ပြည်သူတွေ နေထိုင်တဲ့နေရာမှာ ထိပ်တိုက်တွေ့ရတာက လွှတ်တော်ကိုယ်စားလှယ်တွေလေ၊ လွှတ်တော် ကိုယ်စားလှယ်တွေကို အသိပေးပြီး ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်သင့်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို ကွန်ပလိန်းကလာတာ၊ ဘာဖြစ်လို့လဲဆိုတော့ လှိုင်သာယာမှာတုန်းက ဓာတ်ဆီဆိုင်တစ်ခု ဖွင့်တဲ့အတွက် အမတ်ကို ကွန်ပလိန်းလာတယ်။ အဲဒီမှာ ပြသနာလေးတွေ တက်တာပေါ့။ အဲဒါလေးတွေကို ကြိုပြီးညှိနှိုင်းသင့်တယ်။ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အစိုးရလုပ်တာတွေကို လိုက်ကန့်လန့်တိုက်နေတာ မဟုတ်ဘူး။ ပြည်သူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်က နဖူးတွေ့ ဒူးတွေ့ တွေ့ရတာကို အဲဒီကြားမှာ ရှင်းနိုင် လင်းနိုင်အောင်၊ စိုးရိမ်ပူပန်မှု လျော့အောင်လုပ်ဖို့ တာဝန်ရှိတယ်လေ။ အစိုးရက တစ်တိုင်းလုံးကို ခြုံငုံပြီး ကြည့်ရတာလေ။ ဓာတ်ဆီဆိုင်တွေက လိုတော့လိုတယ်။ ရန်ကုန်တိုင်းက ကားကအများဆုံး၊ ဆီဈေးတွေ ဘာတွေ၊ ဝင်ငွေတွေ ထည့်တွက်တာရှိတယ်။ ဝင်ငွေကလည်း လိုတယ်။ အစိုးရမြေ ဒီအတိုင်းထားရင် ငွေရပေါက်ရလမ်း တကယ်လိုအပ်တာရှိတယ်။ နှစ်ဖက်ကို ချင့်ချိန်ပြီးသွားတာ ပိုကောင်းတာပေါ့"
► ဒေါ်စန္ဒာမင်း (ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
"ရန်ကုန်တိုင်းမှာ စက်သုံးဆီဆိုင်တွေ ဖွင့်လှစ်ဖို့ကို ပထမ တစ်နှစ်ခွဲ၊ နှစ်နှစ်ခွဲ ကာလလောက် ဘာမှမချထားပေးဘူး၊ ထိန်းချုပ်ထားတယ် ဆိုတာကို တွေ့ရတယ်။ ဘယ်သူ့ကိုမှ ခွင့်ပြုမိန့်မပေးခဲ့ပါဘူး။ ကျွန်မတို့ တိုင်းမှာ စက်သုံးဆီဆိုင်တွေ ထပ်မံမချထားပေးဘူးလို့ ကျွန်မတို့ထင်ထားတာ။ သို့သော်လည်း အခုကျတော့ မမျှော်လင့်ဘဲ စက်သုံးဆီဆိုင်ကြီး ထွက်လာတယ်။ ကျွန်မတို့သိတုန်းက ငါးဆိုင်လို့ပဲ သိထားတာ။ ငါးဆိုင်မဟုတ်ဘဲနဲ့ ၂၆ ဆိုင် ဖြစ်နေတော့ တော်တော်ကြီးကို အံ့သြရတယ်။ ကျွန်မတို့ ရရှိထားတဲ့ စာရွက်စာတမ်းအရ စက်သုံးဆီမြေနေရာ ငှားရမ်းခွင့်ရရှိရေး တင်ပြထားမှု အခြေအနေအရ မြေပိုင်ဆိုင်တဲ့ မြေကြီးဌာနက အိုးအိမ်၊ စည်ပင်၊ မီးရထား ဝန်ကြီးဌာနတို့ ဖြစ်နေတာ တွေ့ရတယ်။ အဲဒီလို လျှောက်တဲ့နေရာမှာ တွေ့ရတာက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် Yangon Petrol Company Limited လို့ ရေးထားတာကို ကျွန်မတို့ တွေ့ရတယ်။ ဝန်ကြီးချုပ် ဖြေတာနဲ့ နည်းနည်းတော့ ဒွိဟဖြစ်နေတာပေါ့။ ၂၀၁၈ အောက်တိုဘာလောက်မှာ လျှောက်ပြီးတော့ ချပေးတာ အရမ်းမြန်တယ်လို့ သိရတယ်။ ကျွန်မတို့ သိတာကတော့ ၂၀၁၉ ဇန်နဝါရီမှာ ခွင့်ပြုချက်ကျတယ်လို့ သိရတယ်။ ထောက်ခံချက်တွေ ပေးထားတာကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Yangon Petrol Company Limited ဆိုပြီးတော့ ထောက်ခံချက်တွေ လျှောက်တဲ့နေရာမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးဟံထွန်းကနေပြီးတော့ လက်မှတ်ထိုးပြီး လျှောက်ထားတာ မျိုးတွေပေါ့။ ရန်ကုန်တိုင်းအစိုးရ အဖွဲ့က စက်သုံးဆီဆိုင် မြေနေရာတွေကိုပဲ ငှားရမ်းပေးတာလား၊ အကျိုးတူ ဆောင်ရွက်တာလား ဆိုတာကို သေသေချာချာ မကွဲပြားဘူး ဖြစ်သွားတယ်။ “အခုလိုမဟုတ်ဘဲ ကျွန်မတို့ တွေ့လိုက်ရတာက Yangon Petrol Company Limited ကို လုပ်ကိုင်နေတဲ့ PT Power ကုမ္ပဏီနဲ့ BOC ကုမ္ပဏီဆိုပြီး တွေ့ရတယ်။ ကျွန်မစိတ်မကောင်းတာက ထွက်လာတာက ငါးဆိုင်မဟုတ်ဘဲနဲ့ ၂၆ ဆိုင်ဖြစ်ပြီးတော့ PT Power ကုမ္ပဏီနဲ့ BOC ကို နိုင်ငံပိုင်မြေ ချပေးတာလဲ ဆိုတာကို ပြောချင်တယ်။ ဒီအစိုးရမြေကို အစိုးရက ပြည်သူလူထုအတွက် အနစ်နာခံပြီးတော့ မြေဈေးကို လျှော့ရောင်းပေးမယ်ဆိုရင် ပြည်သူလူထုအတွက် တကယ်ရော အကျိုးအမြတ် ရရှိမှာလား၊ ဘာဖြစ်လို့လဲဆိုတော့ PT Power ကုမ္ပဏီက သူ့ရဲ့ဆိုင်တွေ ရှိထားပြီးသား။ BOC ကလည်း သူ့ရဲ့ဆိုင်တွေ ရှိထားပြီးသား။ အဲဒီတော့ သူတို့ရဲ့ဆိုင်တွေမှာ ဈေးတစ်မျိုးနဲ့ရောင်းမယ်။ Yangon Petrol မှာတော့ ဈေးတစ်မျိုးနဲ့ရောင်းမယ် ဆိုတာက ဖြစ်နိုင်ပါ့မလား။ တကယ်တိုင်းပြည်အတွက် အနစ်နာခံတယ်ဆိုရင် သူတို့ရဲ့ဆိုင်တွေမှာပါ ဈေးလျှော့ရောင်းလေ။ တစ်ပြိုင်နက်တည်းပေါ့။ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကို အစိုးရပိုင်မြေတွေကို တင်ဒါမခေါ်ဘူး။ Switch Challenge တောင်မလုပ်ဘဲနဲ့ ဒါတွေကို ပေးသုံးနေတယ်ဆိုရင် အမှုကြီးတယ်လို့ ပြောချင်တယ်။ လုပ်ထုံးလုပ်နည်း မှားတယ်လို့ ပြောချင်တယ်။ Register မှာတော့ DICA မှာ ပုဂ္ဂလိက ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားတယ်။ ဒါဆိုရင် ပုဂ္ဂလိပိုင်ကုမ္ပဏီ အစိုးရပိုင် မြေငှားဖို့ တင်ဒါမခေါ်ဘူး။ တစ်ဦးတစ်ယောက်ကို မြေပေးလိုက်တယ်ဆိုရင် လုပ်ထုံးလုပ်နည်း မှားတယ်ဆိုတာကို ပြောချင်တယ်။ တကယ်လို့သာ နိုင်ငံတော်ပိုင်ပစ္စည်းဖြစ်တဲ့ မြေနေရာကို ၂၆ နေရာမှာ ဖွင့်ဖို့ရှိရင် ပြည်သူတွေကို ဆီဈေးလျှော့ပြီး ရောင်းချမယ်ဆိုရင် ကောင်းတဲ့အစီအစဉ်။ ပြည်သူတွေအတွက် ချပေးဖို့ အစီအစဉ်ရှိရင် အားလုံးဝင်ပြိုင်နိုင်အောင် တင်ဒါမဟုတ်ရင်တောင် ကြေညာပေးရမယ်။ အခုချထားပေးတဲ့ မြေနေရာငါးခုမှာ လူအမည် နှစ်ခုတည်းနဲ့ ချထားပေးတာ သိပ်သဘာဝမကျဘူး။ နိုင်ငံတော်က တစ်ပေပတ်လည် ၂၀၀၀ နှုန်းနဲ့ပေးတာကို မပြောလိုဘူး။ ပြည်သူလူထုအတွက် အရှုံးခံပြီးတော့ မြေဈေးကို အရှုံးခံပြီးတော့ ပေးလိုက်ရင် ပြည်သူလူထုအတွက် အကျိုးရှိတယ်ဆိုရင် ပေးလိုက်။ ဒါမှမဟုတ်ဘဲ လက်သင့်ရာ စားတော်ခေါ်တဲ့နည်းနဲ့ မပေးဘဲနဲ့ အများသူငါ ယုံကြည်ရတဲ့ သူတွေအတွက် Open ဖွင့်ပေးလိုက်။ ပြီးရင် သူတို့နဲ့ သဘောတူညီမှုယူလိုက်။ နှစ်ပေါင်းဘယ်လောက်အထိ သက်သာတဲ့ဈေးနှုန်းနဲ့ စက်သုံးဆီ ရောင်းပေးနိုင်သလဲဆိုတဲ့ သဘောတူညီချက်ကို သိချင်တာ။ အဲဒီလိုမျိုး သဘောတူညီချက်တွေ သေသေချာချာ မပါဘဲနဲ့ ကျန်ရှိတဲ့ အစိုးရသက်တမ်း နှစ်နှစ်ကာလမှာပဲ အရှုံးပြပြီးတော့ ၂၀၂၀ နောက်ပိုင်းမှာ ပြည်သူလူထုကို အမြတ်တင်ပြီးတော့ သူတို့ရဲ့ PT Power တို့ BOC တို့ ဈေးနှုန်းအတိုင်းရောင်းရင် ဘယ်သူက တာဝန်ယူမှာလဲ ဆိုတာက အရေးကြီးပါတယ်။ YP နဲ့ပတ်သက်ပြီး စွမ်းအင်ဝန်ကြီးဌာနကနေပြီးတော့ လိုင်စင်ရရှိထားသေးတာ မရှိဘူးလို့ သိရတယ်။ နောက်ပြီးတော့ ပြည်ထောင်စုရဲ့ သိုလှောင်ရောင်းဝယ်ခွင့် လိုင်စင်လည်း မရရှိသေးဘူးဆိုတာ သိရတယ်။ ပေါက်ကွဲမှုလိုင်စင် မရရှိသေးတဲ့အပြင် တင်ကိုမတင်ထားဘူး ဆိုတာကိုလည်း သိရှိရတယ်။ ဒီမြေတွေကို ချထားပေးတယ် ဆိုတာက သဘာဝမကျဘူး"
တောင်မြောက်လမ်းဆုံအနီးရှိ YP စက်သုံးဆီဆိုင် တည်ဆောက်နေမှုအား တွေ့ရစဉ်
Yangon Petrol ကုမ္ပဏီက ကျပ် ၂၇၈၇ သိန်းဖြင့် အဆိုပြုထားသည့် မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူလမ်းပေါ်မှ ၃ ဒသမ ၂ ဧကရှိ ခန့်မှန်းမြေကွက် တည်နေရာကို google map မှ တွေ့ရပြီး အဆိုပါနေရာမှာ အနိမ့်ဆုံး တစ်ပေပတ်လည် ကျပ်လေးသိန်းခွဲ အထိရှိသည်။
သာကေတမြို့နယ် YP စက်သုံးဆီဆိုင်အား တွေ့ရစဉ်
ဥက္ကလာပ ဂေါက်ကွင်းအနီး ဂန္ဓမာလမ်းပေါ်ရှိ YP စက်သုံးဆီဆိုင် တည်ဆောက်မည် ဟုဆိုသော မြေနေရာအား တွေ့ရစဉ်
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ YP စက်သုံးဆီဆိုင်ကို တွေ့ရစဉ်
■ မှတ်ချက်
- အထက်ပါတွက်ချက်မှုအရ YP ၏ မြေကွက် ၂၆ ကွက်အတွက် အဆိုပြုဈေးနှုန်းမှာ ကျပ် ၃ ဒသမ ၃ ဘီလျံသာရှိသဖြင့် နိုင်ငံနစ်နာနိုင်ဖွယ်ရှိသည့် ခန့်မှန်းပမာဏမှာ ကျပ်ဘီလျံ ၂၀၀ ကျော်မှ ၃၀၀ အကြားတွင် ရှိနိုင်ပါသည်။        
- အထက်ပါတွက်ချက်မှုများမှာ သတင်းရရှိထားသော YP ၏ ခန့်မှန်းအဆိုပြုဈေးနှုန်း၊ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့နှင့် ပြင်ပကာလပေါက်ဈေးများကို ယှဉ်တွဲ၍ ခန့်မှန်းတွက်ချက် ဖော်ပြထားခြင်းဖြစ်ပြီး စည်ပင်သာယာပြင်ပ မြို့နယ်ဈေးများကို အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရှိရသော နှုန်းထားဖြင့် တွက်ချက်ထားခြင်းဖြစ်၍ အပြောင်းအလဲအချို့ ရှိနိုင်ပါသည်။
Application တွင် ဖတ်ရှုရန် (Android) >>>>> https://goo.gl/Dihh74
Application တွင် ဖတ်ရှုရန် (iOS) >>>>> https://goo.gl/yU6bvT
Website တွင် ဖတ်ရှုရန် >>>>> https://news-eleven.com/article/77329
https://news-eleven.com/article/77329
အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံစာရင်းမှာ သြစီက အဆင့်၁၃၊ မြန်မာက ၁၃၂ မှာရှိ
ကမ္ဘာ့ နိုင်ငံပေါင်း ၁၈၀ ရဲ့ အဂတိလိုက်စားမှု အခြေအနေကို နှစ်တိုင်း လေ့လာတိုင်းတာထားတာ ဖြစ်ပါတယ်။  
သြစတြေးလျနိုင်ငံရဲ့ အဂတိလိုက်စားမှုကတော့ လိုက်စားမှု အနည်းဆုံး နိုင်ငံ ၂၀ စာရင်းထဲ ပါဝင်ပေမယ့်လည်း အဆင့် ၁၃
နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ Transparency International ရဲ့ ကမ္ဘာ့ အဂတိလိုက်စားမှု အဆင့်သတ်မှတ်ချက် Corruption Perceptions Index အရ သြစတြေးလျနိုင်ငံဟာ လိုက်စားမှု အနည်းဆုံး နိုင်ငံ ၂၀ထဲ ပါဝင်ပြီး အဆင့် ၁၃ မှာရှိပြီးတော့ မြန်မာက အဆင့် ၁၃၂ မှာ ရှိပါတယ်။
 နေရာမှာ နှစ်ပေါင်းအတော်ကြာ ရှိနေတဲ့အတွက် တိုးတက်မှု မရှိလာတဲ့အကြောင်း ပြသနေပါတယ်။ 
အစိုးရ ဝန်ထမ်းတွေအနေနဲ့ ရာထူးကို အသုံးချပြီး ကိုယ်ကျိုးအတွက် လုပ်ဆောင်ခြင်းရှိမရှိ၊ ဆွေမျိုးကောင်းစားရေး ဝါဒ ကျင့်သုံးမှု ရှိမရှိ၊ လာဒ်ပေး လာဒ်ယူမှုတွေ ရှိမရှိ လေ့လာတဲ့အပြင် ဘယ်လို အဂတိလိုက်စားမှုကို တိုက်ဖျက်တဲ့ စနစ် ကျင့်သုံးသလဲ၊ ပြည်သူပိုင်ငွေ အလွဲသုံးစားလုပ်မှုကို ဘယ်လောက် အထိ အရေးယူ ဖမ်းဆီးသလဲ၊ လူပုဂ္ဂိုလ်လိ တစ်ကဦးတစ်ယောက်ခြင်းစီက သူတို့ရဲ့ အကျိုးအမြတ်ကို မျှော်ကိုးပြီး နိုင်ငံတော်ဆုံးဖြတ်ချက်တွေမှာ လွှမ်းမိုးမှု လုပ်နိုင်ခြင်း ရှိမရှိ စတဲ့အရာတွေကို စောင့်ကြည့်တိုင်းတာခဲ့ကြတာ ဖြစ်ပါတယ်။  
နိုင်ငံပေါင်း ၁၈၀ ရဲ့ အဂတိလိုက်စားမှုကို အမှတ်ပေးတဲ့အခါ သုံည ကနေ အမှတ်ပြည့်အဖြစ် ၁၀၀ နှုန်းနဲ့ သတ်မှတ်တာ ဖြစ်ပါတယ်။ သုံညဆိုရင် အဂတိလိုက်စားမှုများတဲ့နိုင်ငံဖြစ်ပြီး ၁၀၀ ဆိုရင်တော့ အဂတိလိုက်စားမှု ကင်းရှင်းတဲ့နိုင်ငံဖြစ်ပါတယ်။ 
သြစတြေးလျတနိုင်ငံကတော့ အမှတ် ၇၇ မှတ်နဲ့ အဆင့် ၁၃ မှာရှိနေပြီး အဲဒီအဆင့်ကို ၂၀၁၇ ကတည်းက ရရှိထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ၇ နှစ်အတွင်းမှာ သြစတြေးလျရဲ့ အမှတ်က ၈ မှတ် လျော့ကျလာတဲ့အတွက် အဂတိလိုက်စားမှုနဲ့ ပတ်သက်လာရင် နောက်ဆုတ်လာနေတဲ့နိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။   
အရင်တုန်းကဆိုရင် သြစတြေးလျနိုင်ငံဟာ အဂတိလိုက်စားမှု အနည်းဆုံး ၁၀ နိုင်ငံစာရင်းမှာ ပါဝင်လေ့ရှိပေမယ့် ၂၀၁၄ ခုနှစ်ကစပြီး အဲဒီ နာမည်ကောင်းမရတော့ဘူးလို့ Transparency International Australia ရဲ့ အကြီးအကဲ Serena Lillywhite က ပြောပါတယ်။ အဲလို တိုးတက်မှု မရှိတာဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးစနစ်နဲ့ ရုဏ်သမာဓိ စနစ်တွေရဲ့ အားနည်းချက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ 
သြစတြေးလျညွန့်ပေါင်း အစိုးရက နိုင်ငံတော်ရဲ့ သမာဓိဆိုင်ရာ ကော်မရှင်တစ်ရပ် အသစ်ဖွဲ့စည်းဖို့ တောင်းဆိုပြီး လပိုင်းအတွင်းမှာ Transparency International ရဲ့ အဆင့်သတ်မှတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ 
တချို့နိုင်ငံရေးသမားနဲ့ ပညာရှင်တွေကတော့ ကော်မရှင်သစ်ရဲ့ လုပ်ကိုင်နိုင်မှု စွမ်းရည်က အကန့်အသတ်နဲ့သာ ဖြစ်တယ်ဆိုပြီး ဝေဖန်နေကြပါတယ်။ 
ဘုရင်ခံချုပ် Christian Porter ကတော့ ကော်မရှင်အနေနဲ့ ဌာန ၂ ခုခွဲပြီး ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ဌာနတစ်ခုကတော့ ဥပဒေရေးရာနဲ့ဆိုင်တဲ့ အဖွဲ့တွေ၊ ဌာနတွေကို စောင့်ကြည့်ဖို့ဖြစ်ပြီး နောက်တစ်ခုကတော့ ပြည်သူ့ဝန်ထမ်းတွေကို စောင့်ကြည့်မယ်လို့ ပြောပါတယ်။ 
ပြည်သူ့ဝန်ထမ်းလို့ ဆိုရာမှာ နိုင်ငံရေးသမားတွေအပါအဝင် ဌာနဆိုင်ရာ အကြီးအကဲတွေလည်း ပါဝင်ပေမယ့် အဲဒီလူတွေရဲ့ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး မေးမြန်းတဲ့အခါမှာတော့ ပြည်သူအများသိအောင်လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 
Monash တက္ကသိုလ် ဥပဒေရေးရာ ဌာနရဲ့ အကြီးတမ်း စာပြသူ Yee-Fui Ng ကတော့ ကော်မရှင်အသစ်ကို အားမရတဲ့ လူတွေထဲ ပါဝင်ပါတယ်။
သူရဲ့အမြင်မှာတော့ လက်ရှိ ကော်မရှင်နဲ့ ယှဉ်ရင် တိုးတက်မှုလို့ ဆိုနိုင်ပေမယ့် ခရီးရောက်မယ့် အနေအထားတော့မရှိဘူးလို့ ပြောပါတယ်။ လက်ရှိအနေအထားမှာတော့ ကော်မရှင်ဟာ အားနည်းတယ်ဆိုတဲ့ ဌာနတွေရဲ့ ဆိုးကွက်တွေကို ဖာထေးလိုက်ရုံနဲ့ ကျေနပ်သလိုဖြစ်နေပြီး ပြည်သူ့ဝန်ထမ်း လုပ်ငန်း တစ်ခုလုံးအတွက် မကာမိဘူးလို့ ပြောပါတယ်။ 
Griffith တက္ကသိုလ်နဲ့ Transparency International တို့ အရင်နှစ်တုန်းက ပူးပေါင်းပြီး စစ်တမ်းတစ်ခုလုပ်ကြည့်တဲ့အခါ သြစတြေးလျနိုင်ငံသားတွေရဲ့ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရအပေါ် ယုံကြည်မှုဟာ ကျဆင်းနေပြီး ၄၆% ယုံကြည်မှုရှိကြောင်း ပြသခဲ့ပါတယ်။
အထူးသဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့မှာ အလုပ်လုပ်သူတွေကို ပိုပြီး အယုံအကြည်နည်းပါးကြတာ ဖြစ်ပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် သမာဓဆိုင်ရာ ကော်မရှင်မှာ ပြုပြင်ပြောင်းလဲမှု လိုအပ်သလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးစနစ်ကိုလည်း အပြောင်းအလဲ လုပ်ဖို့ လိုအပ်ကြောင်း ပြသနေတာလို့  Ms Ng က ပြောပါတယ်s။
အဲလို ပြောဆိုမှုကို Serena Lillywhite ကလည်း သဘောတူလိုက်ပါတယ်။
နိုင်ငံတခုအနေနဲ့ အသစ်ပြန်လည် ပြုပြင်တည်ထောင်ခွင့်ရစေတဲ့ အခွင့်အရေးဆိုတာ ခဏခဏ မရနိုင်ပါဘူး။ အဲဒီတော့ တတ်နိုင်သလောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အေဂျင်စီက အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ထားဖို့ လိုအပ်ပါတယ်။ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေနဲ့ တင်းကြပ်တဲ့ အာဏာတွေနဲ့ တော်ဝင်စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေဖွဲ့ပြီး လုပ်ဆောင်ရမှာဖြစ်သလို အဲလို လုပ်ဆောင်ရာမှာလည်း ပြည်သူတွေအားလုံးလည်း သိရအောင် လုပ်ဆောင်ပြီး ပြည်ထောင်စုအဆင့် နိုင်ငံရေးသမားတွေကို စုံစမ်းသင့်ရင်လည်း စုံစမ်းစစ်ဆေးရမယ်လို့ ပြောပါတယ်။ 
ဒိန်းမတ်နိုင်ငံကတော့ အဆင့်သတ်မှတ်ချက်အရ အမှတ် ၈၈ မှတ်နဲ့ ကမ္ဘာပေါ်မှာ အဂတိလိုက်စားမှု အနည်းဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံရပါတယ်။ ဒိန်းမတ်နိုင်ငံရဲ့ နောက်မှာတော့ နယူးဇီလန်၊ ဖင်လန်၊ စင်္ကာပူ၊ ဆွီဒင်နဲ့ ဆွစ်ဇာလန်နိုင်ငံတို့ နောက်လိုက်နေပါတယ်။ 
နိုင်ငံပေါင်း ၁၈၀ ထဲမှာ ၃ ပုံ ၂ ပုံကျော်ကတော့ အမှတ် ၅၀ အောက် ရနေတာဖြစ်ပြီး ပျှမ်းမျှ အမှတ်ကတော့ ၄၃ မှတ်သာ ရှိပါတယ်။ 
Transparency International ကတော့ အဂတိလိုက်စားမှုကို ကြည့်ပြီး နိုင်ငံတနိုင်ငံရဲ့ ဒီမိုကရေစီ အခြေအနေကို ခန့်မှန်းနိုင်တယ်လို့ ပြောပါတယ်။
ဒီမိုကရေစီ စနစ်ထွန်းကားတဲ့ နိုင်ငံတွေရဲ့ ပျှမ်းမျှ အမှတ်က ၇၅ မှာ ရှိနေပြီး အတုအယောင် ဒီမိုကရေစီ နိုင်ငံတွေရဲ့ ပျှမ်းမျှအမှတ်ကတော့ ၄၉  မှတ်သာရှိသလို အာဏာရှင်ဆန်တဲ့ နိုင်ငံတွေရဲ့ ပျှမ်းမျှအမှတ်က ၃၀ သာ ရှိသာ ဖြစ်ပါတယ်။  
အမေရိကန်ရဲ့ အဂတိလိုက်စားမှု အမှတ်ဟာလည်း အရင်နှစ်နဲ့ ယှဉ်ရင် ၄ မှတ်နည်းသွားပြီး အခုဆိုရင် ၇၁ မှတ်သာရှိတော့တာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အဆင့် ၂၀ ထဲ မပါဝင်နိုင်ပဲ ဖြစ်နေရပါတယ်။ 
အဂတိလိုက်စားမှု အခြေအနေ တိုးတက်လာတဲ့ နိုင်ငံ အခုပေါင်း ၂၀ ရှိပြီး အဲဒီအထဲမှာ Estonia, Senegal နဲ့ Côte D’Ivoire နိုင်ငံတို့ ပါဝင်ပါတယ်။ 
အခြေအနေ ပိုဆိုးလာတဲ့ နိုင်ငံတွေထဲမှာ သြစတြေးလျအပြင် Chile, Malta, Hungary နဲ့ Turkey နိုင်ငံတို့ပါဝင်ကြပါတယ်။ 
အဂတိလိုက်စားမှု အဆိုးဝါးဆုံး နိုင်ငံစာရင်းထဲမှာ ရီမန်၊ တောင်ဆူဒန်၊ ဆိုမားလီးယား၊ မြောက်ကိုရီးယားနဲ့ ဆီးရီးယားနိုင်ငံတို့ ပါဝင်ပြီး ကြည့်လိုက်မယ်ဆိုရင် အားလုံးက ပြည်တွင်း မငြိမ်မသက်မှုတွေ ဖြစ်နေတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။ 
မြန်မာနိုင်ငံမှာ မငြိမ်မသက်မှုတွေ ဖြစ်နေပေမယ့် အဆိုးဝါးဆုံး ၁၀ နိုင်ငံ စာရင်းထဲ မပါဝင်ပဲ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၃၂ မှာ ရှိနေပါတယ်။ 
Tuesday, January 29, 2019
အိမ်ပြေး လမ်းမပေါ်က ကလေးများကို စာဖိုမှုး ဖြစ်အောင် သင်တန်းပေးနေတဲ့ ကယ်တင်ရှင် မခင် (မခင်နှင်းသစ်ဦး. 41 years)..
အိမ်ပြေး လမ်းမပေါ်က ကလေးများကို စာဖိုမှုး ဖြစ်အောင် သင်တန်းပေးနေတဲ့ ကယ်တင်ရှင် မခင် (မခင်နှင်းသစ်ဦး. 41 years)..
 စားသောက်ဆိုင် ကလေးလုပ်သားများ မြန်မာပြည်မှာ အများကြီးပါ။ လစ်သလို ခိုးဝှက် အကျင့်ပျက် ဆေးလိပ် ဘီယာ သောက်ချင်. မနည်းထိန်းသိမ်း အလုပ်ခိုင်းရပါတယ်။ 
.
မခင် ၁၉၉၆ ၁၀တန်းအောင်.တက္ကသိုလ်တက်ဖို့ စောင့်စဉ် အင်္ဂလိပ်စာ သင်တန်းတက်ရင်း၊ ကျောင်းသားတွေကို အင်္ဂလိပ်စာ ကျုရှင် ပေးတယ်။ ညနေ ၃နာရီမှာ အရောင်းစာရေး အလုပ်လဲ လုပ်ရင်း ဝင်ငွေရှာခဲ့တယ်။ 
.
၂၀၀၉ မှာ NGO တခုနဲ့ ဆက်စပ်ပြီး ကမ္ဘောဒီယား နိုင်ငံ မှာ တပတ်သင်တန်း တက်ခွင့်ရတယ်။ ပြန်လာတော့ လမ်းမပေါ်က ကလေးတွေ ခေါ်ပြီး ကလေးအရွယ်က စာသင်ကျောင်းမှာ စာသင်ရမယ် ခံယူချက်နဲ့ ကျောင်းထား စာသင်ပေးတယ်။ မိဘများက ပြန်ခေါ်သွားပြီး စားသောက်ဆိုင်တွေမှာပဲ အလုပ်လုပ်ခိုင်း၊ လစာကို မိဘများက ထုတ်စား၊ လုပ်ရတာ ခက်ခဲပါတယ်။ 
.
မြန်မာပြည်မှာ ၁၃နှစ်သား ဆို ကြမ်းတမ်းတဲ့ လမ်းခင်း၊ ဆောက်လုပ်ရေး တွေမှာ ကလေးလုပ်သားအဖြစ် လုပ်နေကြတာပဲ။
.
အပြောင်းအလဲ တခုဖြစ်လာတယ်။
.
ပြင်သစ်သံရုံးမှာ လမ်မပေါ်က ကလေးများကို လမ်းမှန်ရောက်ဖို့ သင်တန်းတခု. စားသောက်ဆိုင်လုပ်ငန်းနဲ့ တွဲပီး အကောင်ထည်ဖော်ဖို့ တင်ပြခဲ့တယ်။ သံရုံးက လက်ခံပြီး ထူမငွေ ဒေါ်လာ us$23,000 (ကျပ် သိန်း၃၅၀ခန့်) ရရှိပြီး လမ်မပေါ်က ကလေး၅ဦးနဲ့ ၂၀၁၁မှာ စတင်ခဲ့ပါတယ်။  စားဖိုမှုးများ ဖြစ်အောင် သင်တန်းပေး နိုင်ခဲ့ပါတယ်။ 
.
အခု အောင်မြင်နေပါပြီ။ 
.
ကမ္ဘာလှည့် ခရီးသည်များ ဒီဆိုင်ကို လာရောက် အားပေး စားသောက်ရင်း လမ်းမပေါ်က ကလေးများကို စားဖိုမှုး ဖြစ်စေတယ်။ ငယ်သေးရင်လဲ တည့်မတ် ကျောင်းစာသင်ပေးတဲ့ မခင်နှင်းသက်ဦး စားသောက်ဆိုင် ဝင်ငွေ ပိုရလာပါတယ်။ 
.
ကလေးများ ပညာပေး သက်မွေးလုပ်ငန်း သင်တန်းမှုး ကိုရဲထွဍ် နဲ့လဲ စင်ကာပူ Channel News Asia အင်တာဗျူး ရေးထားပါတယ်။ 
.
Meet the woman who’s turning Myanmar’s street children into chefs
Ma Khin started a restaurant to shelter and train street kids, and it has involved the occasional heartache but also fulfilment. She is one of CNA’s Champions for Change.
image: data:image
By Desmond Ng
26 Jan 2019 06:15AM (Updated: 27 Jan 2019 11:51PM)
YANGON: When tour guide Ma Khin set up a restaurant to train homeless street children for careers as chefs and waiters, she found herself having to reckon with their colourful pasts.
“The children on the streets have psychological issues,” explained the 40-year-old.
“Sometimes we have children with criminal records. Sometimes we have thieves. One of the challenges we faced was to teach them not to touch the guests’ belongings. On the streets, they steal in order to fill their stomachs.”
On one occasion, a boy, within two weeks of his arrival, unlocked the door for his friends to enter. He stole some money from the restaurant and distributed it among them.
“We experienced these sorts of things. We thought of closing down a few times, but we carried on,” said Ma Khin, who pushed on with love and mothering because she knew what it was like to grow up poor.
Ma Khin.
Her dedication to helping street children in Myanmar makes her one of Channel NewsAsia’s Champions for Change, a series marking the channel’s 20th anniversary this year by celebrating 20 individuals whose imagination, talents and efforts have uplifted communities across Asia.
They include a former architect who provides employment for adults with autism, training them to become jewellery artisans in Singapore, and an Indian social entrepreneur who collects excess food and redistributes it to starving people.
ESCAPING POVERTY THROUGH EDUCATION
For Ma Khin (Sister Khin), as she is affectionately known – her real name is Khin Hnit Thit Oo – she understood from young that to tackle poverty, education was crucial.
Her single mother had to juggle work and family, struggling as the sole breadwinner to put food on the table for the family of six.
“It (the lack of money) was very obvious in our lunch boxes nearing the end of the month,” said Ma Khin, who managed to complete high school with help from her extended family.
While waiting to go to university in 1996, the self-driven lady attended English courses from 7am to 10am, gave tuition from noon to 3pm and also worked as a sales assistant in a pharmacy from 4.30pm to 9.30pm.
Before the term could begin, however, the authorities suspended classes because of student protests. So she found work as a hotel receptionist instead, which turned out to be a blessing.
While working, she studied French to cater for the growing number of French-speaking guests at the hotel. A frequent Japanese visitor she befriended was curious, however, to know why she was learning that language.
“I was always trying to prepare for my exams behind the counter and at the staircase. We talked, and I told him I wanted to go to France one day,” recalled Ma Khin, who thought nothing of their conversations.
Some time later, he tracked her down, told her he was awarding scholarships to youth in Myanmar and asked her if she was keen. She took up the offer and studied at a French university, with full funding.
From her time in France.
When she returned home, she started working as a tour guide and helping out at non-profit organisations, one of which sent her for a course in Cambodia in 2009.
“It was a one-week course, and I happened to dine in a restaurant. That restaurant employed children from the street and taught them cooking skills. I got my inspiration from there,” she said.
HELPING RUNAWAYS TO PAY IT FORWARD
Back home in Myanmar, children were often ending up on the streets, sometimes as victims of domestic abuse and/or sometimes poverty.
When some children reach the age of 10 or 11, their parents would push them into a job, leave them at work and take six months of wages in advance, said Ma Khin.
These parents, often uneducated, think this is normal because they grew up that way when they were young. “They don’t care how the child would feel,” she added.
The child may run away because he or she can’t take it any more. The child starts living on the streets.
One in five children aged 10 to 17 are working instead of attending school, according to a 2015 government report, but the real number is estimated to be higher.
READ: Uphill battle to curb child labour in Myanmar, where 13-year-olds work in construction
Minister of Labour, Immigration and Population U Thein Swe said last February that owing to widespread poverty and lack of education among the children, it is difficult to prevent the number of child workers from rising.
To provide long-term help for the children, Ma Khin and a friend proposed the idea of a training restaurant to the French Embassy, winning its Human Rights Prize of €15,000 (S$23,000).
That paved the way for LinkAge Vocational Training Restaurant to open in Yangon in 2011. It is managed by Forever, an NGO she and her friends had formed.
Located at a shophouse, the restaurant now trains youths aged 15 to 24 for a year before helping them to find jobs elsewhere. Those who are younger get tuition and other academic help instead.
“Some are from the streets, and some are from needy families,” she said. “We encourage them to learn as much as possible, so that when they grow older, they can help people who are going through a similar experience."
Managing these street children comes with its set of challenges. Forced or bullied into labour, some of them need to be counselled and comforted first.
Despite the occasional heartache – including that of children leaving suddenly – she recognises that the children’s behaviours are a result of their circumstances.
“We have to get those emotions out first … Only when they’re empty (of the negative feelings), then we start to teach them knowledge and how to be compassionate,” explained Ma Khin.
“For me, I’m like a mother to them because they’re deprived of love.”
HIGH HOPES FOR THEM
Getting used to the routine at LinkAge, and that of a chef-in-training, is not easy for children used to the free-for-all of the streets.
Head chef and trainer Ye Htut, who is known as Ko Ye (Brother Ye), wakes them early to get the restaurant ready for business.
“I was relatively harsh with them and was repeatedly told by Ma Khin not to scold them in a certain manner. I had to curb my own anger,” admitted the 43-year-old.
“It was definitely difficult at first. Adopting such an attitude requires some effort."
Ko Ye Htut.
Myat Thu Aung, one of the older children at LinkAge, was initially intimidated by him because of his “stern face” and strict ways.
“But eventually, we realised he was sacrificing being liked, in order for us to be disciplined. We started to take it in our stride, realising that such goodwill was hard to come by,” said the youth.
Ma Khin and the restaurant, which serves up local dishes, have enjoyed some measure of success, thanks in part to publicity in the local newspapers and even some guide books.
“The restaurant gained more tourist traffic,” she said. “We use this cash flow to educate the children.”
Working with street children has been both fulfilling and frustrating for her, but she remains their biggest fan and has high hopes for them.
She took in five children when she first started, training them to cook and serve. The following year, four of these “graduates” found jobs in other restaurants, and the fifth continued to study at a state-run school.
“Street kids are better than us. We succeeded only under the protection provided by our parents. They manage to survive on the streets because they’re able to solve all their problems on their own,” she said.
“We can’t look down on them. We need to respect them. They don’t need sympathy. They only need a little support to achieve big things.”
Watch this episode here, and also read about the psychologist trying to get more help for Hong Kong's suicidal, depressed youth. Catch the series Champions for Change on Wednesdays at 9pm, and view the details of the other profiles here.
ပြင်သစ်လူမျိုးတွေရဲ့ နှလုံးသားကိုလှုပ်ခတ်စေသူ ကချင်လူငယ်တစ်ဦး Freedom of Learning
ပြင်သစ်လူမျိုးတွေရဲ့ နှလုံးသားကိုလှုပ်ခတ်စေသူ ကချင်လူငယ်တစ်ဦး
မြစ်ကြီနားမြို့က ဆင်းရဲသားလေး တစ်ယောက်ဟာ ဖိလစ်ပိုင်နိုင်ငံ PHILIPPINES LOS BANOS တက္ကသိုလ်က ချီးမြှင့်တဲ့ ပညာရေးစီမံခန့်ခွဲမှု မဟာဘွဲ့ကို ရယူနိုင်ခဲ့တယ်။ ဆင်းရဲလွန်းတဲ့ ကောင်လေး တစ်ယောက်ဟာ မိသားစု စားဝတ်နေရေး အဆင်မပြေခဲ့သော်လည်း ကျောင်းထွက်ဖို့ မစဉ်းစားဘဲ စာကိုသာ ကြိုးစားသင်ယူခဲ့တယ်။ ကျောင်းပိတ်ရက်တွေမှာ အိမ်ဆေးလိုက်သုတ်တယ်။ ကျပန်းအလုပ်များ လိုက်လုပ်ရင်း ကျောင်းတက်စရိတ် ရှာခဲ့ရတယ်။  ငယ်စဉ်ကလေးဘဝ ကတည်းထဲက နိုင်ငံခြားမှာ ပညာသင်ချင်ခဲ့တယ်။ ပညာတတ်တစ်ယောက် ဖြစ်ချင်တဲ့စိတ်ဟာ အရမ်းပြင်းပြခဲ့တယ်။ ဆင်းရဲသား တစ်ယောက် မဟာဘွဲ့ရတဲ့အထိ ကြိုးစားခဲ့ရပုံများကို ပြင်သစ်စာရေးဆရာက ပြင်သစ်ဘာသာဖြင့် ရေးသားခဲ့တယ်။ ဒီစာအုပ်ဟာ အခုချိန်မှာ ပြင်သစ်လူမျိုးတွေရဲ့ စိတ်ဓာတ်ကို လှုံ့ဆ်ာမှုတွေ ပေးနေတဲ့ စာအုပ်တစ်အုပ်ဖြစ် ပြင်သစ်နိုင်ငံမှာ လူကြိုက်များနေပါတယ်။
ပြင်သစ်နိုင်ငံသွားမယ့် ဆရာအား ရန်ကုန်လေဆိပ်ကို  လိုက်ပို့ခွင့်ရတယ်။ တက္ကစီပေါ်ရောက်တော့  ဆရာက သူ့ဘဝ အကြောင်းရေးထားတဲ့ စာအုပ်နဲ့ ပါတ်သက်ပြီး ပြင်သစ်စာဖတ်ပရိတ်သတ်ကို သွားတွေ့တာဖြစ်ကြောင်း ပြောပြတယ်။ စာရေးသူကလည်း အရမ်းစိတ်ဝင်စားပြီး စာအုပ်မှာရေးထားတဲ့ ဆရာ့ရဲ့ ဘဝအကြောင်းကို မေးလိုက်တယ်။ ဆရာက ဒီအကြောင်းတွေကို ပြန်ပြောရတာ တစ်ခါတစ်ခါ ပြောပြီးရင် အားပြန်ယူရတယ်တဲ့။ ကိုင်ထားတဲ့ ရေဗူးထဲက ရေကို မော့သောက်ပြီး အသက်ကို ခပ်ပြင်းပြင်း ရုလိုက်တယ်။ အရမ်းသိချင်ပုံပ်ါနေတဲ့ စာရေးသူရဲ့ မျက်နှာကို ကြည့်မိတာကြောင့်လား၊ လေဆိပ်ထိ ၂ နာရီကြာလောက် တက္ကစီစီးရမှာကြောင့်လာတော့ မသိဘူး။ ဆရာက သူ့ဘဝအကြောင်းကို စိတ်ရှည်ရှည်နဲ့ ပြောပြတယ်။ 
နားထောင်းရင်းနဲ့ လမ်းတစ်ဝက်ရောက်တော့ စာရေးသူရဲ့ ရင်ထဲမှာ ဆို့နစ်သွားပြီး မျက်ရည်များ စီးကျမလာအောင် မနည်းထိန်းလိုက်ရတယ်။ လေဆိပ်ရောက်တော့ လူငယ်တွေ သိနိုင်အောင် ဖေစ့်ဘုတ်ပေါ်ရေးတင်ဖို့ ခွင့်တောင်းလိုက်တယ်။ ဆရာက ပြုံးပြုံးလေးနဲ့ "ရပါတယ်" လို့ပြောလာတယ်။ ဝမ်းသာစွာနဲ့ စာရေးသူကလည်း လိုအပ်တဲ့ အချက်အလက်တွေမေးပြီး ရေးဖို့ ချက်ချင်းပြင်လိုက်တယ်။ လူငယ်တိုင်းမှာ လိုချင်တာ၊ ဖြစ်ချင်တာကို ရအောင်လုပ်နိုင်တဲ့ စွမ်းအားတွေ ရှိပါတယ်။ ဆင်းရဲသားတစ်ယောက် ပညာတတ်ဖြစ်ဖို့ အခက်အခဲမျိုးစုံကို လက်မြှောက်အရှုံးမပေးဘဲ မိမိလိုချင်တာ၊ ဖြစ်ချင်တာကို ရအောင်ယူနိုင်တဲ့အထိ ကြိုးစားခဲ့ပုံဟာ အတုယူ ချီးကျူးစရာ ကောင်းလွန်းတာမို့ လူငယ်တွေ ခွန်အား ယူနိုင်အောင် ရေးပေးလိုက်ပါတယ်။
သူ့ဘဝအကြောင်းကို ပြင်သစ်ဘာသာနဲ့ ပြင်သစ်နာမည်ကြီး စာရေးဆရာက ရေးဖို့ အကြောင်းဖန်လာတာက ၂၀၁၇ ခုနှစ် တုန်းကဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ကို အလုပ်နဲ့ ရောက်လာတဲ့ ပြင်သစ်နိုင်ငံသူက ဆင်းရဲသား တစ်ယောက်ရဲ့ ပညာရေး အပေါ်ထားတဲ့ စိတ်ဓာတ်တွေ၊ ကြိုးစားခဲ့မှုတွေဟာ သူမကို အံဩစေခဲ့ပြီး ခွန်အားများစွာ ရရှိခဲ့ရတယ်။ သူမက ပြင်သစ်နိုင်ငံရဲ့ စာရေးဆရာဖြစ်တဲ့ Fanny Cheyrou ကို ဆက်သွယ်ပြီး ပြောပြခဲ့တယ်။ စာရေးဆရာကလည်း သိတာနဲ့ အရမ်းစိတ်ဝင်စားခဲ့ပြီး မြစ်ကြီးနားမြို့ကို နှစ်ကြိမ်တိုင်တိုင် ရောက်လာခဲ့တယ်။ သူဟာ နာမည်ကြီး ဖြစ်ရပ်မှန်များကို ဂျာနယ်များတွင် ရေးသားလေ့ရှိပြီး မြစ်ကြီးနားမြို့က ဆင်းရဲသားရဲ့ ပညာရေးအပေါ် ထားတဲ့စိတ်ဓာတ်နဲ့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ်မှန်ကို သိပြီးတဲ့နှောက်မှာတော့ သူ့ကိုပိုပြီး စိတ်ဝင်စားမှုတွေ ပေးခဲ့တဲ့အတွက် စာအုပ်တစ်အုပ်ဖြစ်လာအောင် ရေးမယ်လို့ ဆုံးဖြတ်ပြီးတော့ စာအုပ်ထုတ်ဝေတဲ့ ကုမ္ပဏီနဲ့ တိုင်ပင်ပြီး ရေးဖြစ်ခဲ့တာပါ။ ဒီစာအုပ်ဟာ သူ့ဘဝအတွက် ပထမဦးဆုံးရေးတဲ့ စာအုပ်ပါ။ ၂၀၁၇ ခုနှစ်၊ မတ်လမှ စတင်ရေးသားပြီး ၂၀၁၈ ဇွန်လတွင် အပြီးသတ်ခဲ့ပါတယ်။
ဒီစာအုပ်ရဲ့ နာမည်ကိုတော့ စာရေးဆရာက "Freedom is learning" (လွတ်လပ်ခြင်းဟာ သင်ယူမှုဖြစ်တယ်) လို့ မှည့်တွင်ထားပါတယ်။ ဒီစာအုပ်ထဲမှာ စာရေးဆရာက သူ့ကို Strong Man ဖြစ်တယ်လို့ တင်စားထားပါတယ်။ သူ့နာမည်ကတော့ ဂေါ့လူနော်ဂျာ (Gawlu Naw Ja) ပါ။ လူကောင်သေးပေမယ့် ရည်မှန်းချက်ကတော့ တောင်ကြီးတစ်ခုလို ကြီးတယ်။ သူကတော့ အခုချိန် ပြင်သစ်နိုင်ငံကို ရောက်နေပြီး စာဖတ်ပရိတ်များနဲ့ ၃ ပါတ်ကြာ တွေ့စုံနေပါတယ်။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှစတင်ပြီး ပြင်သစ်တစ်နိုင်ငံလုံး ဖြန့်ချီနေပါပြီ။ ထုတ်ဝေတဲ့ ကုမ္ပဏီကတော့ Bayard Edition ပါ။  Bayard Edition မှ ထုတ်ဝေတဲ့ စာအုပ်များကို ရုပ်ရှင်ဇာတ်ကားများဖြစ် ပြန်လည်ရိုက်လေ့ရှိပြီး အအောင်မြင်ဆုံး ဇာတ်ကားကတော့ "Pozzo di Borgo" ရဲ့ ဘဝဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ "Intouchables" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ ဥရောပတစ်ခွင် လူကြိုက်များပြီး အောင်မြင်ခဲ့ပါတယ်။ 
ဂေါ့လူနောဂျာကို ၁၉၈၇ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြေမှာ မွေးဖွားခဲ့ပါတယ်။ မိဘတွေက ဆင်းရဲလို့ ချို့ချို့တဲ့တဲ့နဲ့ နေကြ စားကြရတယ်။ အဖေက မိသားစု စားဝတ်နေရေးအတွက် ပိုက်ဆံရှာထွက်ခဲ့တာ ၁၃ နှစ်လုံးလုံး အိမ်နဲ့အဆက်အသွယ်မရခဲ့ဘူး။ အစ်ကို တစ်ယောက်၊ ညီသုံးယောက်နဲ့ ညီမတစ်ယာက်ရှိတယ်။   အစ်ကိုဖြစ်သူက မူးယစ်ဆေးဝါး စွဲနေတယ်။ အမေဟာ ခြေထောက်မှာ ဒဏ်ရာရှိတာကြောင့် အလုပ်ကြမ်းလုပ်လို့မရဘူး။ မိသားစုရဲ့ စားဝတ်နေရေးအတွက် အမေနဲ့ သူက ခက်ခက်ခဲခဲ ရုန်းကန်ပြီး ဖြေရှင်းရတယ်။ အဲဒီအချိန် သူက အသက် ၁၂ နှစ်ပဲရှိသေးတယ်။ အမေဟာ ပညာမတတ်ပေမယ့် သူ့သား သမီးတွေရဲ့ ဘဝရှေ့ရေး ကောင်းစားဖို့ အမြော်အမြင်ကြီးကြီးနဲ့ ပညာရေးကို အားပေးခဲ့တယ်။ 
အမေက မနက် ၅ နာရီထပြီး မနက်ဈေးမှာ ကုန်စိမ်း သွားရောင်းရတယ်။ ရတဲ့ပိုက်ဆံကို ခြစ်ကုပ်စုပြီး မိသားစု စားဝတ်နေရေး ဖြေရှင်းရတယ်။ သူက ညီ၊ ညီမတွေစားဖို့ ထမင်း ထချက်ရတယ်။ ထမင်းချက်ရင်း ညီတွေကို ထိန်းရင်းနဲ့ စာကျက်ခဲ့ရတယ်။  သူတို့ မိသားစုဟာ ဆန်တစ်မျိုးထဲ မချက်စားနိုင်လို့ ပြောင်းဖူးနဲ့ ရောချက်တဲ့ ထမင်းကို စားရတယ်။ ချဉ်ပေါင် ဟင်းရည်နဲ့ ငပိထောင်းကိုသာ မှီဝဲပြီး တစ်ရာသီလုံးလုံး ကျော်ဖြတ်ရတယ်။ သူဟာ အဲဒီလို ဆင်းရဲပင်ပန်းမှုကို ဘဝပေးသင်ခန်းစာတစ်ခုလို့ မှတ်ယူလိုက်တယ်။ ပညာမတတ်ရင် ဒီလိုပဲ ပင်ပင်ပန်းပန်း လုပ်ကိုင်ကိုင်စားရပါလား ဆိုတဲ့ အသိကို ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းကောင်းကြီး သိလိုက်တယ်။ သူနဲ့ ရွယ်သူကလေးတွေ ကျောင်းဆင်းလို့ ကစားနေချိန် သူကတော့ အလုပ်လုပ်နေရတယ်။ သူ့မှာ ပျော်ရွှင်စရာကောင်းတဲ့ ကလေးဘဝဆိုတာ မရှိခဲ့ပါဘူး။ ဒီလိုနဲ့ပဲ သူ့ရဲ့ ကလေးဘဝဟာ ကုန်ဆုံးသွားခဲ့ရတယ်။ နေ့တိုင်း ပင်ပင်ပန်းပန်း လုပ်ရလွန်းလို့ ဆင်းရဲတဲ့ဘဝကနေ လွတ်မြောက်နေချင်ခဲ့တယ်။ ဆင်းရဲတွင်းက လွတ်မြောက်ဖို့ ပညာတတ်ဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ပြီး စာကို အပြင်းအထန် ကြိုးစားနေခဲ့တာပါ။
မူလတန်းထိ ယုဇနရပ်ကွက် အ.မ.က (၁၄) မှာတက်ခဲ့ပြီး အလယ်တန်း၊ အထက်တန်းကိုတော့ အ.ထ.က (၃) မှာ တက်ခဲ့တယ်။ မိနစ် ၂၀ လောက် ခြေလျင်လျှောက်ရတဲ့ ကျောင်းကို ဖိနပ်မစီးဘဲ ကျောင်းသွားရတယ်။ မိုးရွာတဲ့နေ့တွေဆိုရင် ထီးမပါ မိုးတောထဲ ပြေးလွှားသွားရတယ်။ ဘယ်လောက်ဘဲ ခက်ခဲနေပါစေ ကျောင်းမပျက်ခဲ့ဘူး။ ကျောင်းထွက်ဖို့ဆိုတာ ယောင်လို့တောင် မတွေးခဲ့ပါဘူးတဲ့။ နေ့လယ်စာ မစားခဲ့ရဘူး။ သူငယ်တန်းကနေ ၁၀ တန်းထိ ကျူးရှင်ဆိုတာ မနေခဲ့ဖူးဘူး။  ငယ်ငယ်လေး ကတည်းက အတန်းထဲမှာကောက်တဲ့ ကြေးတွေကို မထည့်နိုင်ခဲ့လို့ အမြဲမျက်နှာငယ်ခဲ့ရတယ်။ ၁၀ တန်း နှစ်ရောက်တော့ အခန်းထဲမှာ ကောက်တဲ့ ကျပ် ၅၀၊ ၁၀၀ ကို မထည့်နိုင်ခဲ့ဘူး။ ဒါကို အတန်းပိုင်ဆရာမက အခန်းတိုင်းက ၁၀ တန်းကျောင်းသားတွေ နှစ်ဝက် စာမေးပွဲဖြေနေတဲ့ ဟောခန်းထဲကို ရောက်လာပြီး ကျောင်းစဖွင့် ကတည်းက အခုထိ မထည့်လာတဲ့ ပိုက်ဆံတွေလာပေးဖို့ အားလုံးကြားအောင် အော်ပြောတယ်။ ဒီနေ့မပါလာရင် နောက်နေ့လာထည့်ပါ။ မထည့်ရင် စာမေးပွဲဖြေဆိုကဒ် မထုတ်ပေးဘူးလို့ ပြောလိုက်တယ်။ သူထည့်ရမယ့် ပိုက်ဆံအားလုံးဟာ ၄၅၀၀ ကျပ် ထိရောက်သွားပါတယ်။ ကျောင်းပိတ်ရက်တွေမှာ အလုပ်လုပ်လို့ရတဲ့ လုပ်အားခက ကျပ် ၅၀၀ ဘဲရတာပါ။ သူမထည့်နိုင်တဲ့ အကြောင်းကတော့ သူထည့်လိုက်ရင် သူ့ညီ၊ ညီမတွေ မထည့်နိုင်တော့ဘူး။ သူ့ညီ၊ ညီမတွေ မျက်နှာမငယ်အောင် သူက အနစ်နာခံခဲ့တာပါ။ ဖျားနာရင် ဆေးဖိုးဝါးခကလည်း လိုသေးတယ်လေ။
စာမေးပွဲဖြေဆိုကဒ် မထုတ်ပေးရင် ၁၀ တန်းစာမေးကို ဖြေလို့မရတော့ပါဘူး။ ဒါဟာ သူ့ကျောင်းသားဘဝရဲ့ အကြီးအကျယ်ဆုံး စိတ်ဆင်းရဲ ဒုက္ခနဲ့ ကြုံတွေ့လိုက်ခြင်းပါ။ သူတို့ခဗျာ ရှိတာလေးနဲ့ ခြစ်ကုတ် သုံးနေရှာတာလေ။  အခုဖြေနေတာတွေ ရပ်ပြီး အပြင်ကို ထွက်သွားရင် ကောင်းမလား။ ဆရာမကို ပြန်အော်လိုက်ရင် ကောင်းမလား။ အဲဒါဆိုရင် သူငယ်တန်း ကတည်းက ကြိုးစားခဲ့တာတွေဟာ အလာကား အချည်းနှီး ဖြစ်မှာပေါ့လို့ ပြန်စဉ်းစားမိတယ်။ ဒါပေမဲ့ သူ့ပါးစပ်က ဝမ်းနည်းလွန်းတဲ့ အသံနဲ့ တိုးတိုးလေး ထွက်သွားတာက "ဆရာမ ကျနော် တကယ်မရှိလို့ မထည့်နိုင်တာပါ" တဲ့ ။ ဆရာမက ကြားမယ်မထင်ပါဘူး။ စာမေးပွဲခန်းစောင့်တာဝန်ကျတဲ့ ဆရာမ ဒေါ်လုမိုင်က သူ့ကို ကျပ် ၁၀,၀၀၀ ပေးပြီး သူ့အတန်းပိုင် ဆရာမ တောင်းတဲ့ အကြွေး သွားဆပ်ခိုင်းလိုက်တယ်။ ဒီလို သူ့ဘဝကို နားလည်ပေးတဲ့ ဆရာမတစ်ယောက်နဲ့ တွေ့လိုက်ရတဲ့ နော်ဂျာတစ်ယောက် ဘာဖြစ်သွားတယ်ထင်လဲ။ ဝမ်းသာလွန်းလို့ မျက်ရည်တွေ စီးကျလာပြီး ရှိုက်ကြီးတငင် ငိုချလိုက်တယ်။ အရမ်းပျော်သွားတယ်။ အတန်းပိုင် ဆရာမဆီ ပြေးသွားပြီး သူ မထည့်လာတဲ့ အကြွေးတွေကို ဆပ်ပြီး စာမေးပွဲ ဖြေဆိုကဒ် ထုတ်ယူလိုက်တယ်။ 
၂၀၀၄ ခုနှစ်မှာ အထက်တန်းစာမေးပွဲ ၁၀ တန်းကို ကျူးရှင်မတက်၊ အဆောင်မနေ ကျောင်းကိုသာ မှန်မှန်တက်ရင်း၊ မိသားစုရဲ့ ပြဿနာကို ဖြေရှင်းရင်းနဲ့ နှစ်ချင်းပေါက် အောင်မြင်ခဲ့တယ်။
အိမ်ကနေ ၄ မိုင် ဝေးတဲ့ တက္ကသိုလ်ကျောင်းကို ခြေလျင်ဖြင့် လမ်းလျှောက်ပြီး တက်ခဲ့ရတယ်။ တစ်ခါတလေ သူငယ်ချင်းတွေရဲ့ ဆိုင်ကယ်နောက်ကို လမ်းကြုံလိုက်စီးခွင့်ရတယ်။ မနက်ပိုင်း ကျောင်းတက်ပြီး ညနေပိုင်း အချိန်ပိုင်း အလုပ်ကို လုပ်အားခ နည်းနည်းလေးနဲ့ လုပ်ရတယ်။ ရတဲ့ဟာကို ဈေးစစ်မနေပဲ လုပ်ရတာပါ။ ညမှာတော့ ညီ၊ ညီမတွေကို စာပြပြီး သူ့ရဲ့ ကျောင်းစာကို လုပ်ရတယ်။ ဒုတိယနှစ် ရောက်တော့ အဝေးသင် ပြောင်းပြီး လူမှု့အဖွဲ့အစည်းထဲ ဝင်လုပ်တယ်။ သူလုပ်ခဲ့တဲ့ လူမှု့အဖွဲ့အစည်းက CHAD ( Community Health And Development) ပါ။ တောင်ပေါ်ဒေသ ဝေးလံခေါင်းပါးတဲ့ နေရာတွေမှာ နေတဲ့သူတွေကို ကျန်းမာရေးအမြင်ဖွင့် သင်တန်းပေးတာတွေ သွားရောက် ဆေးကုသတာတွေ ပြုလုပ်ပေးတဲ့အဖွဲ့ပါ။
တက္ကသိုလ်ကို အဝေးသင်တက်ပြီး လူမှု့အဖွဲ့မှာလုပ်ရင်းနဲ့ ၂၀၀၈ ခုနှစ်မှာ မြစ်ကြီးနားတက္ကသိုလ်မှ ရူပဗေဒသိပ္ပံဘွဲ့ကို ရခဲ့တယ်။ 
ငယ်ငယ်လေးကတည်းက နိုင်ငံခြားမှာ ပညာသင်ချင်နေတဲ့ ဆင်းရဲသားလေး တစ်ယောက် ကံကြမ္မာ အလှည့်အပြောင်း ဖြစ်လာခဲ့တယ်။ သူ အလုပ်လုပ်တဲ့ အဖွဲ့အစည်းရဲ အကြီးအကဲက သူ့ရဲ့ ပညာရေးအပေါ်ထားတဲ့ စိတ်အားထက်သန်မှုကို သဘောကျပြီး ဖိလစ်ပိုင်နိုင်ငံကို ပညာသင်သွားဖို့ အခွင့်အရေး ပေးလိုက်တယ်။ ဆင်းရဲသားလေး တစ်ယောက် အတွက်တော့ ဒီအခွင့်အရေးဟာ မဟာအခွင့်အလမ်းပါ။ ကန္တာရမှာ ရေငတ်ပြီး လမ်းလျှောက်နေသူ တစ်ယောက် ရေဗူးတွေ့လိုက်ရသလိုပါပဲ။ ဒါပေမဲ့ ကျောင်းသွားတက်ဖို့ ၆ လ အလိုမှာ သိလိုက်ရတာပါ။ အင်္ဂလိပ်စာ အဆင်သင့် မဖြစ်သေးပေမယ့် ဒီအခွင့်အရေးကို လက်လွတ်မခံခဲ့ဘူး။ ရန်ကုန်မှာ နေပြီး ၆ လအတွင်း အင်္ဂလိပ်စာကို နေ့မအိပ်၊ ညမအိပ်လေ့လာတယ်။ အရမ်းပင်ပန်းတယ်။ ၆ လ ပြည့်တဲ့အချိန် သူ့ရဲ့ အင်္ဂလိပ်စာဟာ သူတက်မယ့်ကျောင်းက လက်ခံတဲ့ အဆင့်ကို ရောက်သွားတယ်။ Practice makes perfect. ပါ။ "ကြိုးစားရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။"
အခက်အခဲ မျိုးစုံထဲက ကြီးပြင်းလာခဲ့ရတဲ့ သူ့အတွက် အဆန်း မဟုတ်ပေမယ့် သူများနိုင်ငံ မှာဆိုတော့ သူ့အတွက် ပထမတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတယ်။ အစပိုင်းတော့ ကျောင်းစာတွေ မလိုက်နိုင်ဘူး။ ဒါကတော့ ပြည်ပကို စာသွားလုပ်ကြတဲ့ မြန်မာကျောင်းသားတိုင်း ကြုံရတဲ့ ပြဿနပါ။ ဒါပေမဲ့ သူများတွေထက် နှစ်ဆ လိုက်ပြီး ကြိုးစားရတယ်။ တဖြည်းဖြည်းနဲ့ စာလုပ်တာ အဆင်ပြေလာတယ်။ ပထမနှစ်မှာတော့ အခက်အခဲမရှိ အောင်မြင်ခဲ့ပေမယ့် ဒုတိယနှစ်ရောက်တော့ ၃ လ လုံးလုံး ပညာသင် ထောက်ပံ့ကြေးမရတော့ဘူး။ ထောက်ပံ့ကြေး ပေးသူတွေက သူတို့ရဲ့အခက်အခဲကြောင့် ကျောင်းသားတွေကိုပေးနေတဲ့ ထောက်ပံ့ကြေးကို ရပ်လိုက်တယ်။ နော်ဂျာလဲ ထောက်ပံ့ကြေး မရတော့ဘူး။ သူဟာ စာကို ရုန်းကန်ကြိုးစားနေရချိန် စားဝတ်နေရေးအတွက်ပါ ဆက်ပြီး ရုန်းကန်ခဲ့ရတယ်။ ၃ လ ခက်ခက်ခဲခဲ ရုန်းကန်ပြီးမှာတော့ အဖွဲ့အစည်းတစ်ခုက ပြန်ထောက်ပံ့ပေးပေမယ့် ထောက်ပံ့ကြေးက အပြည့်မရဘူး။ ဒါကြောင့် ထောက်ပံ့ကြေးအလုံ အလောက် မရတဲ့ကြားက အခက်အခဲ မျိုးစုံနဲ့ ကျောင်းပြီးအောင် သင်ယူခဲ့ရတာပါ။ ဘယ်လောက်ထိ ကြိုးစားရမယ်ဆိုတာ စဉ်းစားကြည့်ပါတော့။ 
၂၀၁၃ ခုနှစ်မှာတော့ ဖိလစ်ပိုင်နိုင်ငံ PHILIPPINES LOS BANOS တက္ကသိုလ်က ချီးမြှင့်တဲ့ Mpaf( Master of public affair Major in education management) ပညာရေးစီမံခန့်ခွဲမှုမဟာဘွဲ့ကို ရယူနိုင်ခဲ့တယ်။ ဘွဲ့ယူတဲ့နေ့ သူ့ရဲ့ရင်ထဲမှာ ခံစားလိုက်ရတာကတော့ ဘုရားဟာ မနိုင်တဲ့ ဝန်ကိုမထမ်းခိုင်းဘူးဆိုတာကို သူကောင်းကောင်းသိလိုက်ရတယ်။ 
သူဟာ မဟာဘွဲ့ရပြီးတော့ မြစ်ကြီးနားကို ပြန်လာခဲ့ပြီး သူလုပ်ခဲ့တဲ့ CHAD အဖွဲ့မှာ ၂ နှစ် ပြန်ကူညီ လုပ်ခဲ့တယ်။ အဲဒီအဖွဲ့စည်းမှာ လုပ်ရင်းနဲ့  အင်္ဂလိပ်စာကို စိတ်ဝင်စားတဲ့ လူငယ်တွေကို အင်္ဂလိပ်စာအခမဲ့ သင်ကြားပေးတယ်။ စာရေးသူ ကိုယ်တိုင်လည်း အဲဒီလိုအခမဲ့ သင်ပေးတဲ့ သင်တန်းမှာ တက်ခဲ့ဖူးပါတယ်။ အင်္ဂလိပ်စာကို တစ်သက်လုံး ကြောက်လာခဲ့သူ အဲဒီအချိန်က စပြီးချစ်တတ်လာခဲ့ရတာပါ။ စာရေးသူတို့ကို အင်္ဂလိပ်စာ သင်ပေးတဲ့အချိန် သူအမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းက သူ့ဘဝမှာ စားစရာမရှိရင်တောင် စာသင်နေရရင် ပျော်တယ်တဲ့။ အခုချိန်မှာတော့ သူဟာ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်မှာ Brilliant English Language Stundent Center ဆိုတဲ့ အင်္ဂလိပ်သင်တန်းကျောင်းကို ဖွင့်ထားပါတယ်။ ကျောင်းသားတွေ၊ လူငယ်တွေကို လူငယ်သင်တန်း၊ ဘော်ဒါဆောင်များမှာ ပညာရေးနဲ့ ပါတ်သက်ပြီး စိတ်ဓာတ်မြှင့်တင် ဟောပြောလေ့ ရှိပါတယ်။
လူငယ်တွေ ရည်မှန်းချက် ပန်းတိုင်ထားပါ။ မိမိဘဝနဲ့ ရည်မှန်းချက် ပန်းတိုင်ကြားက အခက်အခဲတွေကို အာရုံစိုက် ဖြေရှင်းရင် မိမိတို့လိုချင်တာ၊ ရချင်တာကိုရမှာပါ။
Tamarind Fruit Can Treat Liver Problems
သင့် အသည်းကို သန့်ရှင်းတဲ့ သဘာဝ ဆေးတဖုံ မကျည်းဖျော်ရည်
နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်တွေ ပါဝင်နေပါတယ်။ အဲဒီ အဆိပ်အတောက်တွေကို သင့်ရဲ့ အသည်းက ဖယ်ရှားပေးတယ်၊ ဖြေပေးတယ်။ ဒါကြောင့် သင့်အသည်း အားကောင်းဖို့ အရေးကြီးပါတယ်။ သင့် အသည်း သန့်ရှင်းနုပျိုစေဖို့ သဘာဝ ဆေးတဖုံအကြောင်း ဖော်ပြချင်ပါတယ်။
အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး စသဖြင့် ပိုးတွေဟာ အသည်း ထိခိုက်အားနည်းနေမှ တွယ်လို့ရတာပါ။ အသည်းဟာ သန့်ရှင်း အားကောင်းနေရင် ဒီပိုးတွေ မတွယ်ကပ်နိုင်ပါဘူး။ အသည်းကို ပိုးမတွယ်အောင် ဆေးကြောပေးဖို့ လိုပါတယ်။ အသည်းဆေးကြောဖို့ အတွက် သင်သောက်သုံးပေးရမှာက မြန်မာပြည်မှာ လက်လှမ်းမီပြီး အလွယ်တကူ ဖန်တီးနိုင်တဲ့ မန်ကျည်းဖျော်ရည်ပဲ ဖြစ်ပါတယ်။
အသည်းကို ဆေးဖို့ အကောင်းဆုံးက သဘာဝက ပေးတဲ့ မန်ကျည်းဖျော်ရည်ပါ။ မန်ကျည်းသီးဟာ အသည်းကို နုပျိုစေပြီး အသည်းခြောက်ခြင်း၊ ကျုံ့ခြင်း၊ ကြွပ်ခြင်း၊ ဆတ်ခြင်း၊ ပုပ်ခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
မန်ကျည်းဖျော်ရည် လုပ်ဖို့က ဒီလိုပါ။ မန်ကျည်းသီးမှည့် လက်တဆုပ်နဲ့ ထန်းလျက် အနည်းငယ်ကို မတ်ခွက်တခွက်ထဲ ထည့်ပြီး ရေနွေးဆူဆူ လောင်းထည့်ပါ။ မနက်ပိုင်းက စနှပ်ထားရင် ညနေဆိုရင် သောက်လို့ ရပါပြီ။ ချဉ်ချဉ်လေးကြိုက်ရင် သံပုရာသီး ညှစ်ထည့် သောက်သုံးနိုင်သလို အေးအေးလေး သောက်ချင်ရင်တော့ ရေခဲထည့်သောက်နိုင်ပါတယ်။
ထန်းလျက်ဖျော်ရည်က အသည်းက အဆိပ်အပုပ်တွေ သာမက ဝမ်းဗိုက်ထဲက အပူအပုပ်တွေလည်း ဝမ်းအပျော့ အဖြစ် သင့်ခန္ဓာကိုယ်ကနေ ထွက်သွားပြီး ပေါ့ပါးလန်းဆန်းသွား စေပါလိမ့်မယ်။ အဆိပ် အပုပ် အပူအစပ်တွေ ကင်းရှင်းသွားပြီး၊ အသည်း အားကောင်းလာတဲ့အခါ သင့်ကျန်းမာရေးလည်း ကောင်းမွန် ပြည့်စုံမှာ သေချာပါတယ်။
Myanmar_Labour_Law
#Myanmar_Labour_Law 
“ Labour Law နှင့် ပတ်သက်၍ လိုအပ်သည်များကို တနေရာတည်းတွင် ရယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါသည် ’’
https://mmlabourlaw.blogspot.com တွင် ဥပဒေ၊ နည်းဥပဒေများနှင့် အခြားသိသင့်သိထိုက်သည်များကို Categories ခွဲကာဖော်ပြထားပါသည်။ ထို့အပြင် Blog Post များကို Recent Posts, Featured Posts, Popular Posts ဟူ၍ Post အမျိုးအစား သုံးခုဖြင့် ဖော်ပြထားသဖြင့် မိမိနှစ်သက်ရာ Post ကို ၀င်ရောက်ကြည့်ရှု၍ လိုအပ်သည့်အချက်အလက်များကို ရယူနိုင်ပါသည်။ 
https://mmlabourlaw.blogspot.com ကို ရိုးရှင်းသော Blog Theme ဖြင့် အသုံးပြုထားပြီး သတင်းအချက်အလက်များ ခိုင်မာမှုရှိစေရန် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ Website များအား Link ချိတ်၍ အလွယ်တကူ တိုက်ရိုက် Download ပြုလုပ်နိုင်ရန် Link ချိတ်ထားပေးပါသည်။ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ website များနှင့် Direct Link ချိတ်ပေးရန်မလွယ်ကူသော အဆင်မပြေသော File များကို Upload ပြုလုပ်၍ Download link ပြန်ချထားပေးခြင်း၊ Post တင်ပေးခြင်းတို့ဖြင့် အလွယ်တကူရယူနိုင်အောင် ဆောင်ရွက်ထားပါသည်။ 
မိမိသိရှိလိုသည့်အကြောင်းအရာများကို https://mmlabourlaw.blogspot.com တွင် ၀င်ရောက်ကြည့်ရှုခြင်း ဖြင့်လည်းကောင်း အောက်ဖော်ပြပါ Categories အလိုက် သက်ဆိုင်ရာ Link မှ လည်းကောင်း ၀င်ရောက်ကြည့်ရှု၍ လိုအပ်သည့်အချက်အလက်များကို ရယူနိုင်ပါသည်။
Find by Categories 
Taxation
https://mmlabourlaw.blogspot.com/search/label/Taxation
EC နှင့် စာချုပ်စာတမ်းကိစ္စရပ်များဆိုင်ရာ သိကောင်းစရာများ
https://mmlabourlaw.blogspot.com/search/label/EC%20နှင့်%20စာချုပ်စာတမ်းကိစ္စရပ်များဆိုင်ရာ%20သိကောင်းစရာများ
Employees Rules and Regulations
https://mmlabourlaw.blogspot.com/search/label/Employees%20Rules%20and%20Regulations
Fire Compensation
https://mmlabourlaw.blogspot.com/search/label/Fire%20Compensation
ILO
https://mmlabourlaw.blogspot.com/search/label/ILO
Labour Office Address
https://mmlabourlaw.blogspot.com/search/label/Labour%20Office%20Address
Minimum Wages
https://mmlabourlaw.blogspot.com/search/label/Minimum%20Wages
Myanmar Labour Law (Eng Version)
https://mmlabourlaw.blogspot.com/search/label/Myanmar%20Labour%20Law%20%28Eng%20Version%29
Myanmar Labour Law Collection
https://mmlabourlaw.blogspot.com/search/label/Myanmar%20Labour%20Law%20Collection
OHSE
https://mmlabourlaw.blogspot.com/search/label/OHSE
Salary Survey
https://mmlabourlaw.blogspot.com/search/label/Salary%20Survey
ခုံသမာဓိကောင်စီ
https://mmlabourlaw.blogspot.com/search/label/ခုံသမာဓိကောင်စီ
ဇယားနှင့် ပုံစံများ စုစည်းမှု
https://mmlabourlaw.blogspot.com/search/label/ဇယားနှင့်%20ပုံစံများ%20စုစည်းမှု
အမိန့်နှင့် ညွှန်ကြားချက်များ
https://mmlabourlaw.blogspot.com/search/label/အမိန့်နှင့်%20ညွှန်ကြားချက်များ
ပြည်တွင်း/ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများနှင့် အေဂျင်စီများ
https://mmlabourlaw.blogspot.com/search/label/ပြည်တွင်း%2F%20ပြည်ပ%20အလုပ်အကိုင်ရှာဖွေရေး%20ကုမ္ပဏီများနှင့်%20အေဂျင်စီများ
နိုင်ငံ့ဝန်ထမ်းများဆိုင်ရာ သိကောင်းစရာများ
https://mmlabourlaw.blogspot.com/search/label/နိုင်ငံ့ဝန်ထမ်းများဆိုင်ရာ%20သိကောင်းစရာများ
Thyroid Problem သိုင်းရွိုက်ဆိုက်ရာပြဿနာ (လည်ပင်းကြီးရောဂါ လို့ သိထားကျတဲ့)
အထူးအရေးပါသည့် လည်ပင်ကြီးရောဂါလိုဘဲ လူသိများတဲ့  သိုင်းရွိုက်ဆိုင်ရာပြဿနာ ဖြစ်ပါ၏  
လူတိုင်းသိထားသင့်လို့တဆင့်ကူးယူတင်ပေးလိုက်တာပါ ayethwe FBမှ
*** ဖြည့်စွက်စွာ ယုံကြည်သူများ ဂရုမှ  သိုင်းရွက်ဆိုင်ရာ link မှ အထူးစုစည်း ထားပါသည်
ဒေါက်တာဒေါ်သန်းသန်းအေး
(ဆီးချိုအထူးကု၊ဂလင်း(သို့)ဟော်မုန်းအထူးကု၊အထွေထွေအထူးကုဆီမှာပြတာပါရှင့်အခုစာအုပ်တင်ထားတဲ့ဆေးခန်း။လိပ်စာ။ဖုန်းအတိအကျကိုတင်ပေးထားပါတယ်ရှင့်။
ဘယ်သူတစ်ဦးတစ်ယောက်မှနစ်နာစေလိုတဲ့ဆန္ဒမရှိပါ။ဆေးခန်းလွဲမှားပြနေတဲ့သူတွေကိုကိုယ်လိုဘဲသိစေချင်လို့ ရေးရခြင်းဖြစ်ပါတယ်ရှင့်။
သိုင်းရွိုက်ဝေဒနာရှင်များအားလုံးဒီစာလေးတွေသေချာဆုံးအောင်ဖတ်ကြည့်ရင်အကျိုးများမယ်လို့ ထင်လို့ တင်လိုက်ရပါတယ်ရှင့်။ကျမလည်းခွဲစိတ်ခါနီးဝေဒနာရှင်တစ်ယောက်ပါရှင့်။လကုန်ခွဲဖို့ ဆုံးဖြတ်ပြီးသားမို့ မခွဲခင်ဆရာဝန်ရိုးရိုး(ဦးလေး၊မိတ်ဆွေ)နှစ်ဦးကိုတိုင်ပင်ပါတယ်ရှင်။တစ်ယောက်ကခွဲပါတဲ့။
ဦးလေးကတော့မခွဲသင့်ဘူးတဲ့ (ဂလင်းအထူးကုဆရာဝန်ကြီးနဲ့ ပြပါတဲ့။သမီးပြတဲ့ဆရာဝန်မှားနေပါတယ်တဲ့။ဓာတ်ရောင်ခြည်အထူးကုနဲ့ ဘာမှကိုမဆိုင်ပါဘူးတဲ့အခုဖြစ်နေတာကပြောပါတယ်ရှင့်။
ကိုယ်ကမခွဲချင်ပါဘူး။ခွဲပြီးသိုင်းရွိက်ဟော်မုန်းဆေးသေထိသောက်ရမယ်လို့ အရင်ရက်ကမန့်ထဲမှာသူများရေးထားတာမြင်ပြီးမခွဲချင်ကြောက်တာ။အဲ့ဒါကိုပြောပြတော့ဆရာမကြီးဆီသွားခိုင်းပါတယ်။
ကျမသွားပြတာဆေးခန်းဝင်ချင်း စမ်းသပ်ခ၂၀၀၀၀/စာအုပ်--၂၀၀၀=၂၂၀၀၀မျက်လုံးပြူးသွား။ခဏအလှည့်ကျတော့အပြင်ကဆရာဝန်မလေးတွေခေါ်ပါတယ်။ဆေးစာရွက်မှန်သမျှစစ်ခဲ့သမျှအကုန်သေချာဖတ်ပြီးစာအုပ်မှာရေးပါတယ်။ပိုက်စိတ်တိုက်မေးပါတယ်။ပြီးရင်ဆရာမကြီးအခေါ်စောင့်ရပါတယ်။ဆရာမကြီးဆီဝင်သွားပြီးအကုန်သေချာမေး။စမ်းသပ်။စာရွက်စာတမ်းအကုန်ကြည့် အာထရာဆောင်းကြည့်။သွေးအဖြေအကုန်ကြည့်ပြီးတော့မေးပါတယ်ရှင့်။ဘာလို့ ခွဲမှာလဲတဲ့???မသိပါဘူးဆရာမလို့ ပြောတော့  ခွဲရမယ့်အကြောင်းပြချက်ကကင်ဆာနဲ့ ခြိမ်းခြောက်နေတယ်တဲ့ ဟုတ်ပြီအဲ့ဒါဆိုခွဲမယ်။မခွဲဘူးနှိုင်းယှဉ်ပြပေးမယ်တဲ့။(အခြားမှာပြဖူးသမျှတစ်ခါမှဒီလိုမဆွေးနွေးပေးဘူးရှင့်ပေးရတဲ့(၂၀၀၀၀)ကတန်လိုက်တာရှင့်ဈေးမများတော့ပါဘူးရှင်လို့ စိတ်ထဲမှာ)
စာအုပ်မှာခွဲရင်တဲ့ ၁၀၀%ကောင်းမလားတဲ့
၁/မကောင်းဘူးတဲ့
၂/ခွဲနေစဉ်မေ့ဆေးလွန်တတ်
၃/ချုပ်ရိုးပြေသွားရင်သွေးထွက်လွန်သေတတ်
၎/အားလုံးထုတ်ရင်ဟော်မုန်းကျသေထိဟော်မုန်းဆေးစားရ
၅/လေပြွန်အကြောပါရင်အသံမထွက်
၆/ရေသီးနေမယ်
၇/နမိုးနီးယားဝင်နိုင်
၈/ပါရာသိုင်းရွိက်ဂလင်းပါသွားရင်အမြဲလက်ကျင်လက်ကပ်မယ်တဲ့
မခွဲရင်
၁/ဘာမှမဖြစ်
၂/အလှတော့ဘူးပေါ့တဲ့
၃/သိပ်ကြီးလို့ အထဲဝင်ရင်လေပြွန်ပိတ်နိုင်(အခုမရှိတဲ့)
၎/ကင်ဆာဖြစ်ဖို့ ၉၀%မသေချာဘူးတဲ့
ဆရာမကြီးကပြောပါတယ်သူဆီကိုလာပြတဲ့လူနာတွေက ခွဲပြီးအဆင်မပြေတဲ့လူနာအမျိုးစုံတွေ့ နေရပါတယ်တဲ့ခွဲရင်မှားပါမယ်တဲ့။သိုင်းရွိုက်ပျောက်ဆေးမရှိပါတဲ့။ရေ၊မြေ၊ဆားနဲ့ ဆိုင်ပါတယ်တဲ့။သိုင်းရွိက်ခွဲစိတ်အထူးကုမရှိပါတဲ့။ဆံပင်ညှပ်ဆိုင်သွားရင်ညှပ်မှာဘဲတဲ့။သက်ဆိုင်တဲ့ဆရာဝန်ကိုသေချာရှာပြရပါမယ်တဲ့။အကြာကြီးရှင်းပြပေးပါတယ်ရှင့်။လူနာကိုသေချာစေတနာပါပါနဲ့ မေးမြန်းဆွေးနွေးပေးပါတယ်။အဲ့ခါကျမှအော်ဒီလောက်ပိုက်ဆံ၂၀၀၀၀ပေးရပြီးသေချာပြောပြပေးတာတန်လိုက်တာလို့ ။
အပြင်မှာပြပါတယ်သူတို့ ဆေးခန်းကအဖြေဘဲလက်ခံပါတယ်ထပ်ရိုက်ထပ်စစ်ထပ်ကုန်ထပ်မောပါ။ဒီမှာဘာမှစစ်ခိုင်းဘူး။သေချာဖတ်ပေးတယ်ဆွေးနွေးပေးပါတယ်။အပြင်မှာပြဖူးပါတယ်အထူးကုတွေများများဒါပေမယ့်ဘာမှမဖတ်ဘူး။သေချာမဆွေးနွေးပေးဘူး။နားကျပ်ထောက်ပြီးတစ်ခွန်းနှစ်ခွန်းမေးပြီးဆေး၁/၂/၃လစာတွေပေးသောက်ခိုင်းဘာမှလဲသေချာမသိရ
ကျမဒီမှာပြရတာအတော်လေးသဘောကျပါတယ်ဆရာမကြီးကလူနာကိုအရမ်းငဲ့ ညာပါတယ်သဘောလည်းကောင်းပါတယ်ရှင့်။
သိုင်ရွိုက်ရောဂါဝေဒနာရှင်များကိုယ်ပြနေတာ ဓာတ်ရောင်ခြည်အထူးကုဆိုတာလုံးဝမသက်ဆိုင်ပါဘူးရှင့်။အခုပြရမှာကဂလင်းအထူးကုကိုပြရမှာပါရှင့်။နား နှာခေါင်းလည်ချောင်းလဲမဆိုင်ပါဘူးတဲ့ရှင့်။
ကျမလဲ အဲ့ဒီကခွဲခိုင်းနေလို့ ပါရှင့်။ဆေးလဲတစ်လခွဲသောက်ပြီးပါပြီ။အဲ့ဆေးကခွဲထုတ်ပြီးသေထိသောက်ရမယ့်ဆေးပါတဲ့။မခွဲရသေးရင်မသောက်ရပါတဲ့😓😓
သိုင်းရွိုက်ခွဲစိတ်အထူးကုလဲမရှိပါဘူးတဲ့။နားနှာခေါင်းကဘဲခွဲတာပါတဲ့အရမ်းအန္တရာယ်များပါတယ်တဲ့။လုံးဝကိုမထုတ်သင့်ပါဘူးတဲ့ရှင့်။
3လတစ်ခါပြပါစိုးရိမ်ရင်တဲ့။အဲ့ထက်စိတ်ပူရင်တစ်လတစ်ခါလာပြပါတဲ့။နီနီမှာသွေးလေးစစ်လာတဲ့ရှင်
ဆေးလဲမရှိဘူးတဲ့သောက်ဆေးက
အရေးကြီးဆုံးကစိတ်ဖိစီးမှုများနေတာကြောင့်အဲ့ဒါကိုလျော့ပါတဲ့ဆေးကအဲ့ဒါပါဘဲရှင်။
Credit-Aye Thandar Soe
****
ကျနော် အဖြေ ဖတ်ပုံ
ကျနော် တတ်သလောက် မှတ်သလောက်လေး ရေးပြပါမယ် လိုတာရှိ မှားတာရှိ ဖြည့်ပေး ပြင်ပေးကြပါ
သွေးစစ် အဖြေစာရွက်မှာ 
Result (ကိုယ့်ရဲ့ အဖြေ) နဲ့ 
Reference Range (ရှိသင့်တဲ့ အဖြေ) 
ဘယ်လောက် နဲ့ ဘယ်လောက်ကြား (or)
ဘယ်လောက်ထက် နည်းရမယ် (or)
ဘယ်လောက်ထက် များရမယ် ဆိုပြီး ပါပါတယ်
ဥပမာ
reference range က 3.10-6.80 ဆိုရင် ကိုယ့် result က အဲဒီကြားထဲ ရှိရင် ပုံမှန်ပေါ့
reference range က <=34 ဆိုရင် ကိုယ့် result က 34 ထက် နည်းနေရင် ပုံမှန်ပေါ့
reference range က >=50 ဆိုရင် ကိုယ့် result က 50 ထက် များနေရင် ပုံမှန်ပေါ့
ဒါပေမယ့် TSH ရဲ့ reference range အသစ်ကိုတော့ မှတ်ထားရပါတယ် သွေးအဖြေမှာက အရင်က သတ်မှတ်ချက်ပဲ ပြထားလေ့ ရှိလို့ပါ
၁။ TSH 0.25 ထက် နည်းနေရင် T3, T4 တွေ reference range ထက် များနေရင် သိုင်းရွိုက်ဟော်မုန်းများနေတာ (Hyperthyroid) ဖြစ်နိုင်  
၂။ TSH 2.0 ထက် များနေရင် T3, T4 တွေ reference range ထက် နည်းနေရင် သိုင်းရွိုက်ဟော်မုန်း နည်းနေတာ (Hypothyroid) ဖြစ်နိုင်
၃။ Anti TPO, Anti TSHR, Anti Thyroglobulin တွေ များနေရင် ခန္ဓာကိုယ် ခုခံအားတွေက သိုင်းရွိုက်ကို ဖျက်ဆီးနေတာ (Autoimmune, Hashimoto) ဖြစ်နိုင်
၎။ အားလုံး ပုံမှန်ထဲ ရှိနေပေမယ့်လည်း  hypo လက္ခဏာ ၂၃ ချက် ရှိရင် hypothyroid ဖြစ်နိုင်
D3 ရဲ့ reference range ကလဲ တမျိုး တဂါထာ တရွာ တပုဒ်ဆန်း ဖြစ်နေပါတယ် 
ကျနော်တို့ ယူတာက 70 ng/ml-100 ng/ml ပါ၊ အဖြေက nmol/l ဖြစ်နေရင် 0.4 နဲ့ မြှောက်ပါ
*****
Thyroid hormone စစ်ဆေး ချက် အပိုင်း ၁ မှ ၎
အပိုင်း ၁
Thyroid hormone သွေး ဖောက် စစ် ရုံ နဲ့ ပြီး ရော လား ?
ဆေးပညာလောကမှာ ဒီဟော်မုန်းနဲ့ ဆိုင်တဲ့ သွေးဖောက်စစ်ပြီး ဟော်မုန်း အနည်း အများကို ဆုံးဖြတ်ချက် ချ ကြပါတယ်။
သို့ ပါ သော် လည်း ----
၁. သွေး စစ် ခြင်း ဖြင့် သိ နိုင် တာ က တော့ thyroid hormone ထုတ် ဖို့ ကုန် ကြမ်း နည်း နေ တာ ကြောင့် ဖြစ် တဲ့ hypothyroid condition တစ်ခု ကို ပဲ သိ နိုင် တာ ဖြစ် ပါ တယ်။
ဥပမာ --- Iodine ဓာတ်ဆား နည်း နေ ခြင်း
            Protein Tyrosine နည်း နေ ခြင်း 
ပြဿနာ က စစ် ပြန် တော့ လဲ ရ လာ တဲ့ အဖြေ တွေ ကို သုံးသပ် တဲ့ အခါ  အဆင် မပြေ ပြန် ပါ ဖူး။
များ သော အား ဖြင့် ဓာတ်ခွဲခန်း တွေ ရဲ့ range ဟာ --
0.45  ---- 4.5 mIU/L ဖြစ် ပါ တယ်။
ဒီ range ကို အသုံး ပြု ခြင်း ဖြင့် လူ အတော် များများ ဟာ အမှန် တကယ် လို အပ် နေ သော် လည်း diagnosis မရ ကြ ပါ။
ဒါကြောင့် ၂၀၀၂ က ဒီ range ကို ပြင် ဖို့ အဆို ပြု ထား သော် လည်း ယနေ့ အထိ ဘယ် သူ မှ မ ပြင် ကြ ပါ။
ပြင် စေ ချင် တဲ့ range က 0.45  --- 2 mIU/L ဖြစ် ပါ တယ်။
ဒီ အကြောင်း ကြောင့် လူနာ အတော် များ များ ဟာ ရောဂါ ဖြစ် နေ သော် လည်း သင့် တော် တဲ့ ကုသ မှု ကို မရ ပဲ လွတ် ထွက် နေ ကြ ပါ တယ်။
နောက် ပြသနာ တစ် ခု ----
T3 T4 TSH နဲ့ မ လုံ လောက် ပါ။
Thyroid antibodies ပါ ဖောက် ရ မှာ ဖြစ် ပါ တယ်။ သူ က autoimmune ကြောင့် ခန္ဓာကိုယ် က thyroid gland ကို ပြန် ဖျက်စီး ပြစ် တာ မို့ antibodies တွေ တိုင်း လို့ ရ ပါ တယ်။
Thyroid antibodies တွေ များ နေ ရင် သေချာပေါက် hypothyroid ဖြစ် ပါ ပြီ။ 
Reverse T3 လဲ ဖောက် ရ မှာ ဖြစ် ပါ တယ်။
Reverse T3 များ နေ ရင် ခန္ဓာကိုယ် မှာ အလုပ် မလုပ် နိုင် တဲ့ T3 တွေ များ နေ တာ မို့ hypothyroid diagnosis ရ နိုင် ပါ တယ်။
သွေး ဖောက် စစ် ပြီး ပုံမှန် ဖြစ် နေ သော် လည်း ၊ hypothyroid ဖြစ် နိုင် ပါ သေး တယ်။
ဒီ ဟော်မုန်း ဟာ ရောဂါ မျိုးစုံ ရဲ့ ဖြစ်ကြောင်း အဓိက ဖြစ် တာ မို့ အလွန် အရေးကြီး ပါ တယ်။
လူ တိုင်း ကို နား လည် စေ ချင် ပါ တယ်။
ဒါ ကြောင့် လဲ ဆက် ပါ ဦး မည်။
Thyroid hormone စစ်ဆေး ချက် အပိုင်း  ၂
သွေးဖောက် စစ် တဲ့ အခါ T3 T4 TSH ပုံ မှန် ဖြစ် နေ တယ် ဆို ကြ ပါ စို့။
ဒါ ဆို ရင် ကော Hypothyroid မဖြစ် နိုင် တော့ ဖူး လား?
အထူး သဖြင့် လူနာ က နေထိုင် လဲ မကောင်း ဖူး ဆို ကြ ပါ စို့။
မိတ်ဆွေ တို့ ရေ ---- 
သွေးဖောက်စစ် ပြီး စာ ရွက် ပေါ် မှာ ရေး ထား တဲ့ အဖြေ ထက် လူနာ ဘယ် လို ခံ စား နေ ရ သ လဲ ကို ဆို တာ အလေးထား ပြီး ကြည့် ရ မှာ ဖြစ် ပါ တယ်။
Thyroid hormone လုပ် ဖို့ ကုန် ကြမ်း တွေ အပြည့် အစုံ ရှိ တယ် ဆို ကြ ပါ စို့။ 
Thyroid gland က ဟော်မုန်း ကို လုံလုံ လောက် လောက် ထုတ် ပေး တယ် ပဲ ဆို ကြ ပါ စို့။
အများဆုံး ထုတ် တဲ့ T4 ဟာ ကလာပ်စည်း ထဲ မှာ အလုပ်မလုပ် နိုင် တာ ကြောင့် အသည်း နဲ့ ကျောက်ကပ် မှာ ကလာပ်စည်း ထဲ မှာ လုပ် နိုင် တဲ့ active hormone T3 ကို ပြောင်း ရ ပါ တယ်။
ပြောင်း ရာ မှာ လည်း selenium, iron, zinc စ သည် ဖြင့် ခန္ဓာကိုယ် ထဲ မှာ လုံ လုံ လောက် လောက် မရှိ လျှင် လည်း မ ပြောင်း နိုင် ပါ။
T4 က လုံလုံ လောက် လောက် ရှိ နေ တော့ TSH က ပုံ မှန် ပြ နေ ပါ လိမ့် မယ်။
ဒီ အဖြေ ကို ယူ လိုက် မယ် ဆို ရင် လူနာ ခံ ရ ပါ ပြီ။
ဒါ ကြောင့် ကျွန်မ အမြဲ ပြော ပါ တယ်။
Thyroid function test တစ်ခုထဲနဲ့ ဆုံးဖြတ်လို့ မရပါဘူးလို့။
ကိုယ် ဖြစ်နေတဲ့ ရောဂါ လက္ခဏာများကို ပြန် ကြည့် လိုက် ပါ။
လူနာ ကို ကု မှာလား၊
စာရွက် ထဲ က သွေး အဖြေ ကို ကု မှာ လား ?
ဆရာဝန် တွေ ကိုယ် တိုင် ဖြစ် နေ ကြ တော့ လည်း ကျွန်မ လဲ သိပ် မ ပြော ချင် တော့ ပါ။
မောလည်းမော ပါ တယ်။
အပ် ကြောင်း လဲ ထပ် နေ ပါ ပြီ။
Thyroid hormone စစ်ဆေး ချက် အပိုင်း ၃
Reverse T3 အကြောင်း ရှင်း ပြ ပါ ဦး မည်။
မြန်မာပြည် မှာ စစ် လို့ မရ ပါ။ ယိုးဒယား၊ စင်္ကာပူ မှာ လည်း မရ ပါ။
သို့ ပါ သော် လည်း အရေး ကြီး သော စစ် ချက် ဖြစ် ပါ တယ်။
T3 ဟာ ကလာပ်စည်းမှာ အလုပ်လုပ်နိုင်တဲ့ T3 အစစ် ရှိသလို
ကလာပ်စည်း မှာ အလုပ် မလုပ် နိုင် တဲ့ T3 အတု ခေါ် Reverse T3 လဲ ရှိ ပါ တယ်။
Reverse T3 ခေါ် T3 အတုဆိုတာ ဘာကို ဆိုလိုတာပါလဲ ?
ပတ်ဝန်းကျင် ပြောင်းလဲ သွား တာ နဲ့ အ မျှ Bromine, Chlorine, Fluorine တွေ ကျွန်မတို့ကို ဝိုင်းဝိုင်းလည်နေပါတယ်
Thyroid hormone ရဲ့ အဓိက ပရိုတင်း Tyrosine မှာ Iodine အစား Bromine or Chlorine or Fluorine သွား ပြီး ဆက် လိုက် ရင် T3 အတု ဖြစ် ပါ တယ်။ Reverse T3 လို့ ခေါ် ပါ တယ်။
Reverse T3 ဟာ ရိုးရိုး T3 လို ကလာပ် စည်း မှာ အလုပ် မ လုပ် နိုင် ပါ။
T3 တိုင်း ကြည့် ရင် ပုံ မှန် ဖြစ် နေ သော် လည်း Reverse T3 တွေ များ နေ ရင် Hypothyroid ဖြစ် ပြန် ပြီ ပေါ့။
ဒီ လို ဟာ မျိုး အခြေ အနေ မှာ TSH က လဲ ပုံ မှန် ပဲ ပြ ပါ တယ်။
Fluoride ခပ် ထား တဲ့ ရေ သောက် ရင် ပဲ ဖြစ် ဖြစ်၊ Fluoride mouthwash or toothpaste အသုံး များ ရင် ပဲ ဖြစ် ဖြစ်
Chlorine ခပ် ထား တဲ့ ရေ သုံး ရင် ဖြစ် ဖြစ်
Bromine နဲ့ ဖောက် ထား တဲ့ ပေါင်မုန့် အစား များ ရင်၊ အိမ် မှာ ရှိ တဲ့ အိမ်ထောင် ပရိဘောဂ ပစ္စည်း fire retadant တွေ နဲ့ အတွေ့ အထိ များ ရင် ဖြစ် ဖြစ် Reverse T3 တွေ များ နေ တတ် ပါ တယ်။
ဒါ တွေ ကြောင့် လဲ သွေး ဖောက် စစ် ရုံ နဲံ Hypothyroid ကို မိ ဖို့ အင် မ တန် ခက် ပါ တယ်။
ရောဂါ မျိုးစုံ နဲ့ အလူးအလိမ့် ခံ နေ ရ တဲ့ အ ကြောင်း တစ် ခု ဖြစ် ပါ တယ်။
Thyroid hormone စစ်ဆေး ချက် အပိုင်း ၎
Thyroid antibodies ပါ စစ် ရ မှာ ဖြစ် ပါ တယ်။
Thyroid antibodies တွေ များ နေ တယ် ဆို တဲ့ အဓိပ္ဗါယ် က တော့ ခန္ဓာကိုယ် ခုခံအား တွေ ကစဥ့်ကလျား ဖြစ် ကုန် ပြီး thyroid gland ကို ရန်သူ ထင် တာ ကြောင့် ဖျက်စီး ပြစ် တာ ဖြစ် ပါ တယ်။
Thyroid gland ကို ဖျက်စီး ခံ ရ ပြီ ဆို တော့ လဲ thyroid hormone နည်း ပြီ ဖြစ် ပါ တယ်။
ဒါ ကြောင့် လဲ T3 T4 TSH က ပုံ မှန် ပြ နေ ပေ မဲ့ လို့ ဒီလူတွေ ဟာ thyroid hormone လို ပါ တယ်။
ဒီ လို လူနာ တွေ ဟာ အစာလမ်းကြောင်း ကျန်းမာရေး ကို ပြုပြင် ရ မှာ ဖြစ် ပါ တယ်။
gluten, dairy products ရှောင်ပြီး Probiotics သောက်၊ apple cider vinegar သောက်၊ အရိုးပြုပ် ရည် သောက် ရ မှာ ဖြစ် ပါ တယ်။ တစောင်း လက်ပတ် ပါ စား ပါ။
ကျွန်မ ထပ် ပြီး ပြော ပါ ရ စေ။
T3 T4 TSH နဲ့ ပဲ thyroid hormone လို၊ မလို ဆိုတာ ဆုံးဖြတ်လို့ မရပါ။
Credit-to a better health
****
ကျနော် သိုင်းရွိုက်ဟော်မုန်း နည်းတဲ့ရောဂါ (hypothyroid) ဖြစ်လျင်
ဒီ ၂၃ ချက်ထဲက 
၁. ခြေလက်အေးပြီး ချမ်းနေခြင်း၊အိပ်ယာထချိန် ချိုင်းကြားတွင် အပူချိန် တိုင်းပါက 97.8 f အောက် ရောက်နေခြင်း၊ ချမ်းနေသဖြင့် ရေချိုးရမှာ ကြောက်နေခြင်း၊ ပူအိုက်နေသော နွေရာသီမှာ ခြေစွပ် ဝတ်ထားရခြင်း၊
၂. အသားခြောက်ခြင်း၊တင်းတိပ်စွဲခြင်း၊သမင်ဖြူ ဖြစ်ခြင်း
၃. လက်သဲမှာ ထောင်လိုက် အစင်းများ ဖြစ်ပေါ်ခြင်း၊ လက်သဲ မကျန်းမာခြင်း
၎. ဆံပင်ကျွတ်ခြင်း၊ ဆံပင်ကြမ်းလာခြင်း
၅. မောပန်းပြီး အင်အား နည်းနေခြင်း၊ နွမ်းလျ နေ ခြင်း၊ lack of energy 
၆. မျက်နှာ ဖောသွပ်သွပ် ဖြစ်နေခြင်း ၊ ပွနေခြင်း
၇. တစ်ချိန်လုံး အိပ်ငိုက်နေခြင်း၊ အိပ်သည့်အခါ အလွန် ဟောက်ခြင်း
၈. သွားကြိတ်ခြင်း
၉ . ဝမ်း အလွန်ချုပ်ခြင်း၊ 
၁၀.  ခြေထောက် ယောင်ခြင်း
၁၁.  တစ်ကိုယ်လုံး အသားတွေ နာနေခြင်း၊ အဆစ်တွေ နာနေခြင်း
၁၂.  အစာမကြေခြင်း၊ လေတက်ခြင်း၊ လေပွခြင်း၊ ရင်ပြည့်ခြင်း
၁၃.  သည်းခြေ ကျောက်တည်ခြင်း
၁၄. အဆီကို မခြေနိုင်သဖြင့် ၊ အဆီမှာ ပျော်နိုင် သော ဗီတာမင်ဓာတ်များ နည်းပါးသွားခြင်း။ Vitamin ADEK
၁၅.  နားလေထွက် ခြင်း၊ ချာချာ လည်သလို ခံစားရခြင်း vertigo၊ 
၁၆. စိတ်ရောဂါ ဖြစ် ခြင်း၊ သတိ မေ့တတ်ခြင်း
၁၇. အမျိုးသမီးများ ရာသီမမှန်ခြင်း၊ ရာသီ အလွန် များခြင်း၊ သားအိမ် အဖုလုံး ဖြစ်ခြင်း၊ ရာသီလာသောအခါ အလွန် နာကျင်ခြင်း
၁၈. ဆီချို ရောဂါ၊ သွေးတိုးရောဂါ ထိန်းမနိုင် ခြင်း
၁၉ . ကင်ဆာ ရောဂါသည် အတော် များများဟာ လည်း  တေဇောဓာတ် ချို့ယွင်းနေတတ်ပါတယ်။
၂၀. ဆီးခဏခဏ သွားချင်နေခြင်း
၂၁. ပိုးကောင်များ ခန္ဓာကိုယ်မှာ တက်နေသကဲ့သို့ ခံစားနေရခြင်း
၂၂. မျက်ခုန်းမွှေးကျွတ်ပြီး တစ်ခြမ်းသာ ကျန်ခြင်း
၂၃. Cholesterol level တက်နေခြင်း
လေးငါးချက်လောက် ဖြစ်နေရင် 
hypothyroid ဖြစ်နေပါပြီ
အဲဒါဆိုရင်တော့
ဒါတွေ ရှောင်မယ်
အချိုမှုန့်၊ အချိုရည်၊ရေခဲမုန့်၊ကိတ်မုန့်၊ ကွတ်ကီး၊မိုင်လို၊ ဟောလစ်၊ အိုဗာတင်း၊နွားနို့၊သကြား၊ဂျုံ ကောက်ညှင်း၊ ဆီကြော် အစားအစာ၊ ဖြူအောင် ချွတ်ထားတဲ့ ဆား၊ခေါက်ဆွဲခြောက် တာရှည်ခံ အစားအစာ၊ ငပိ၊ ငံပြာရည်
ဒါတွေ စားမယ်
၁။ rock salt (or) sea salt (or) ဆားကြမ်း (အညိုရောင်ဆား)
၂။ အရွက်စိမ်းကြိတ်ရည် အရိုးပြုတ်ရည် 
၃။ ဆနွင်း လ္ဘက်ရည်ဇွန်း တဝက်နဲ့ cod liver oil တဇွန်း 
၎။ apple cider vinegar ဇွန်းသေး တဇွန်း ရေ တဖန်ခွက်နဲ့ ရောပြီး ထမင်းမစားခင် ၂ ကြိမ်
ဒါတွေလုပ်မယ်
၁။ ချွေးထွက်အောင် နေ့စဉ် မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းလုပ် (သို့) လမ်းသွက်သွက် လျောက်မယ်
၂။ နေပူစာလှုံမယ်၊ မြေဓာတ်ယူမယ်
၃။ အိပ်ရေး ဝအောင် အိပ်မယ် စိတ်ဖိဆီးမှု နည်းနိုင်သမျှ နည်းအောင် နေမယ်
ဒါတွေသောက်မယ်
၁။ metabolic advantage မနက်စာ မစားခင်၂ လုံး နေ့လည် ၃ နာရီ ၂ လုံး
၂။ Vitamin d3 10000 iu + k2 200mcg  D3 level 70 ng/ml ရောက်တဲ့အထိ သောက်မယ် ရောက်ရင် D3 5000iu နေ့စဉ်နဲ့  k2 200mcg တရက်ခြား ဆက်သောက်မယ်
၃။ Selenium 200 mcg
၎။ probiotic 20 billion 
၅။ magnesium malate (or) citrate 400 mg 
၆။ Zinc 50 mg
၇။ Coq10 200 mg
မဖြစ်ခင် ရသလောက် လိုက်နာထားရင် ဖြစ်ဖို့လမ်း အလွန် နည်းသွားမှာပါ
***
ကျနော် သိုင်းရွိုက်ဟော်မုန်း များတဲ့ ရောဂါ (hyperthyroid) ဖြစ်လျင်
ဒီ ၁၀ ချက်ထဲက
၁။ နှလုံးခုန်မြန်
၂။ သွေးခုန်နှုန်းမြန်
၃။ ချွေးထွက်များ
၎။ အစားများပြီး ကိုယ်အလေးချိန် မတက်
၅။ စိတ်တို စိတ်ရှုပ်နေတတ်
၆။ လည်ပင်းရှေ့ သိုင်းရွိက် ကြီးလာတတ်
၇။ မျက်လုံးပြူးလာတတ်
၈။ အိပ်မပျော်ဖြစ်တတ်
၉။ သွေးတိုးတတ်
၁၀။ ရင်တုန်တတ်
လေးငါးချက် ဖြစ်နေရင် hyperthyroid ဖြစ်နေပါပြီ
အဲဒါဆိုရင်တော့
ဒါတွေ ရှောင်မယ်
အချိုမှုန့်၊ အချိုရည်၊ရေခဲမုန့်၊အချိုသီး(သရက်၊ဖရဲ၊နာနတ်)၊ကိတ်မုန့်၊ ကွတ်ကီး၊မိုင်လို၊ ဟောလစ်၊ အိုဗာတင်း၊နွားနို့၊သကြား၊ဂျုံ ကောက်ညှင်း၊ ဆီကြော် အစားအစာ၊ ဖြူအောင် ချွတ်ထားတဲ့ ဆား၊ခေါက်ဆွဲခြောက် တာရှည်ခံ အစားအစာ၊ ငပိ၊ ငံပြာရည်၊ကြက်ဥ၊ ပဲမျိုးစုံ၊အရက်၊ ဘီယာ
အာလူး၊ပြောင်းဖူး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး (Nightshade Vegetable)
ဒါတွေ စားမယ်
၁။ rock salt (or) sea salt (or) ဆားကြမ်း (အညိုရောင်ဆား)
၂။ အရွက်စိမ်းကြိတ်ရည် အရိုးပြုတ်ရည် 
၃။ ဆနွင်း လ္ဘက်ရည်ဇွန်း တဝက်နဲ့ cod liver oil တဇွန်း 
၎။ apple cider vinegar ဇွန်းသေး တဇွန်း ရေ တဖန်ခွက်နဲ့ ရောပြီး ထမင်းမစားခင် ၂ ကြိမ်
၅။ နွယ်ချို၊၊ ရှားစောင်းလက်ပတ် ဂျယ်လီ
၆။ အိမ်လုပ်ချဉ်ဖတ်၊ အိမ်လုပ် ဒိန်ချဉ်
ဒါတွေလုပ်မယ်
၁။ ချွေးထွက်အောင် နေ့စဉ် မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းလုပ် (သို့) လမ်းသွက်သွက်လျောက်မယ်
၂။ နေပူစာလှုံမယ်၊ မြေဓာတ်ယူမယ်
၃။ အိပ်ရေး ဝအောင် အိပ်မယ် စိတ်ဖိဆီးမှု နည်းနိုင်သမျှ နည်းအောင် နေမယ်
ဒါတွေသောက်မယ်
၁။ Vitamin d3 10000 iu + super k တလုံး D3 level 70 ng/ml ရောက်တဲ့အထိ သောက်မယ် ရောက်ရင် D3 5000iu နေ့စဉ်နဲ့ super k တရက်ခြား ဆက်သောက်မယ်
၂။ probiotic 20 billion 
၃။ magnesium malate (or) citrate 400 mg 
၎။ Digestive enzymes
၅။ L glutamine powder
၆။ Coq10 200 mg
၇။ Zinc 50 mg
၈။ Selenium 200 mcg
မဖြစ်ခင် ရသလောက် လိုက်နာထားရင် ဖြစ်ဖို့လမ်း အလွန် နည်းသွားမှာပါ
1 T /  2T / 3 T / 4 Tြ ပည့်ပြည့်စုံစုံ
1T-  "သိုင်းရွိုက် ရောဂါလက္ခဏာ နှင့် ဖြေရှင်းကုသခြင်း"
(၁) သိုင်းရွိုက် မှ ပုံမှန် မဟုတ်သောအခါ -
ပင်ပန်းနွမ်းနယ်ခြင်း ၊ ထိုင်းမှိုင်းခြင်း၊ ကိုယ် အလေးချိန် တက်ခြင်း၊ ချမ်းစိမ့်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ မကြာခဏ ချွေးစိုခြင်း၊ စိုးရိမ်ကြောင်းကြမှု များနေခြင်း။
---------------------
(၂) သိုင်းရွိုက် အကျိတ် သည် ခန္ဓာကိုယ် ဓါတုဖြစ်စဉ်နှုန်း ကိုထိန်းချုပ် သည့် ဟော်မုန်း ကိုထုတ်လုပ်ပေး သည်။
---------------------
(၃) အကြောင်းရင်းမရှိပဲ ကိုယ်အလေးချိန် တက်ခြင်း နှင့် ကျခြင်း။
(က) အလေးချိန် တက်ခြင်း = သိုင်းရွိက် ဟော်မုန်းကျ (hypo)
(ခ) အလေးချိန် ကျခြင်း = သိုင်းရွိုက် ဟော်မုန်းပို (hyper)
---------------------
(၄) လည်ပင်း ရောင်ရမ်း ခြင်းသည် သိုင်းရွိုက် ပြဿနာ ကြောင့် လည်း ဖြစ်နိုင်ခြေရှိသည်။
---------------------
(၅) 
(က) သိုင်းရွိုက် ဟော်မုန်းကျ (hypo) = နှလုံးခုန်နှုန်း ပုံမှန်ထက်နည်းနိုင်
(ခ) သိုင်းရွိုက် ဟော်မုန်းပို (hyper) = နှလုံးခုန် နှုန်း ပုံမှန်ထက် များနိုင်။
---------------------
(၆) 
(က) သိုင်းရွိက် ဟော်မုန်းကျ ခြင်း(hypo) ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ နှေးကွေးလေးလံခြင်း၊ ညှိုးငယ်ထိုင်းမှိုင်းခြင်း တို့ ဖြစ်နိုင်။
(ခ) သိုင်းရွိုက် ဟော်မုန်းပို ခြင်း(hyper) ကြောင့် စိုးရိမ် ကြောင်းကြခြင်း၊ ကောင်းစွာ မအိပ်စက်နိုင်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ကသိကအောက် ဖြစ်ခြင်း တို့ ဖြစ်နိုင်။
---------------------
(၇) 
(က) သိုင်းရွိက် ဟော်မုန်းကျ ခြင်း(hypo) နှင့် (ခ) သိုင်းရွိုက် ဟော်မုန်းပို ခြင်း(hyper) နှစ်မျိုး စလုံးကြောင့် ဆံပင်ကျွတ်ခြင်း ဖြစ်နိုင်။
---------------------
(၈) 
(က) သိုင်းရွိက် ဟော်မုန်းကျ ခြင်း(hypo) ကြောင့် ပုံမှန်ထက် မကြာခဏ ပိုအေးခြင်း။
(ခ) သိုင်းရွိုက် ဟော်မုန်းပို ခြင်း(hyper) ကြောင့် ပုံမှန်ထက် ချွေးပိုထွက်ခြင်း နှင့် အပူကို မနှစ်သက်ခြင်း ဖြစ်နိုင်။
---------------------
(၉) သိုင်းရွိက် ဟော်မုန်းကျ ခြင်း(hypo) ကြောင့် -
(1) အရေပြားခြောက်သွေ့ခြင်း နှင့် လက်သည်း ခြေသည်း များ ကြွပ်ဆပ်ခြင်း။
(2) လက်များ ထုံခြင်း (သို့) တစစ်စစ်ဖြစ်ခြင်း။
(3) ဝမ်းချုပ်ခြင်း။
(4) ရာသီသွေး ပုံမှန်မဟုတ်ခြင်း တို့ဖြစ်နိုင်။
---------------------
(၁၀) သိုင်းရွိုက် ဟော်မုန်းပို ခြင်း(hyper) ကြောင့် - 
(1) ကြွက်သား အားနည်းခြင်း (သို့) လက်များ တုန်တုန်ယင်ယင် ဖြစ်ခြင်း။
(2) အမြင် အာရုံ ပြဿနာ ဖြစ်ခြင်း
(3) ဝမ်းလျှောခြင်း။
(4)  ရာသီသွေး ပုံမမှန်ခြင်း တို့ဖြစ်နိုင်။
---------------------
(၁၁) သိုင်းရွိုက် ဖောက်ပြန်ခြင်း၏ လက္ခဏာ နှင့် သွေးဆုံခြင်း တို့ မှားယွင်းနိုင်သည်။
---------------------
(၁၂) သိုင်းရွိုက် ပြဿနာ လက္ခဏာ ရှိသည်ဟု ထင်မြင် ပါက ဆရာဝန်နှင့် တိုင်ပင်၍ စမ်းသပ်မှုများ ပြုလုပ် ပါ။
---------------------
(၁၃) လည်ပင်း ၌ သိုင်းရွိုက် အခြေအနေ အား စစ်ဆေးခြင်း
- (1) ခေါင်းကို နောက်သို့ အနည်းငယ်လှန်ပါ။
- (2) ရေတငုံ ခန့် သောက်ပါ။
- (3) လည်ပင်းရှိ ဇလုပ်အောက် နှင့် ညှပ်ရိုးအထက် ကို ရေမြိုနေစဉ် အတွင်း စူးစမ်းကြည့်ပါ။
- (4) စူထွက်နေ ခြင်း၊ ငေါထွက်နေခြင်း ရှိမရှိ စစ်ဆေးပါ။
{ (1) မှ (4) ထိအဖန်ဖန်ပြုလုပ်ကြည့်ပါ။ }
စူထွက် ဖုထွက် နေခြင်း တွေ့ရှိရပါက ဆရာဝန်နှင့် ချက်ခြင်းပြပါ။
---------------------
(၁၄) သိုင်းရွိုက်မူမမှန်ခြင်း သိရန် သွေးစစ်ခြင်း
TSH = Thyroid Stimulating Hormone 
(က)သိုင်းရွိက် ဟော်မုန်းကျ (hypo) = TSH မြင့်
(ခ) သိုင်းရွိုက် ဟော်မုန်းပို (hyper) = TSH နိမ့်
---------------------
(၁၅) 
(က)သိုင်းရွိက် ဟော်မုန်းကျ (hypo) = ဟာရှိမိုတို ရောဂါ ကြောင့်ဖြစ်နိုင်။
---------------------
(၁၆) 
(က)သိုင်းရွိက် ဟော်မုန်းကျ (hypo) = ပစ်ကျူထရီ ဂလင်း ပြဿနာ ကြောင့်ဖြစ်နိုင်။
---------------------
(၁၇)
(ခ) သိုင်းရွိုက် ဟော်မုန်းပို (hyper) = ကရေစ့် ရောဂါ ကြောင့် ဖြစ်နိုင်။
---------------------
(၁၈)
(ခ) သိုင်းရွိုက် ဟော်မုန်းပို (hyper) = သိုင်းရွိုက် ရောင်ရမ်းခြင်း ကြောင့်ဖြစ်နိုင်။
---------------------
(၁၉) သိုင်းရွိုက် ပြဿနာ မဖြေရှင်းပဲထားလျင်-  
(က) သိုင်းရွိုက် ဟော်မုန်းကျ (hypo) = လေဖြတ်ခြင်း၊ နှလုံးဖောက်ပြန်ခြင်း၊ သတိလစ်ခြင်း၊ အန္တရာယ်ရှိလောက်အောင် ကိုယ်ပူချိန်ကျခြင်း တို့ဖြစ်နိုင်။
(ခ) သိုင်းရွိုက် ဟော်မုန်းပို (hyper) = ပြင်းထန်သော နှလုံးပြဿနာ နှင့် အရိုးကြွပ်ဆတ်ခြင်းတို့ ဖြစ်နိုင်။
---------------------
(၂၀) ဆရာဝန် အနေဖြင့် ပေးနိုင်မည့် ကုထုံးမှာ - 
(က)သိုင်းရွိက် ဟော်မုန်းကျ (hypo) = သိုင်းရွိုက်ဟော်မုန်း ဆေး
---------------------
(၂၁) ဆရာဝန် အနေဖြင့် ပေးနိုင်မည့် ကုထုံးမှာ - 
(ခ) သိုင်းရွိုက် ဟော်မုန်းပို (hyper) = သိုင်းရွိုက် ဆန့်ကျင်ဆေး (သို့) သိုင်းရွိုက် ကလင်းကို ထုတ်ပြီးသိုင်းရွိုက်ဟော်မုန်းဆေး ကိုသုံးစွဲခြင်း။
---------------------
(၂၂) သိုင်းရွိုက် ဖောက်ပြန်ခြင်း ကို ခွဲစိတ်ကုသခြင်း
(ခ) သိုင်းရွိုက် ဟော်မုန်းပို (hyper) = သိုင်းရွိုက် ကလင်းကို ထုတ်ပြီးသိုင်းရွိုက်ဟော်မုန်းဆေး ကိုသုံးစွဲခြင်း။
(သိုင်းရွိုက် ဆန့်ကျင်ဆေး ဖြင့် အလုပ်မဖြစ်သည့် အခါ ရွေးချယ်နိုင် မှု။)
---------------------
(၂၃) သိုင်းရွိုက် ကင်ဆာ သည် ဖြစ်လေ့ ဖြစ်ထ နည်းပါး ပါသည်။
Sai Myo Tun's Health Diary 
https://www.facebook.com/saimyotunhealth/posts/
================
http://www.webmd.com/women/ss/slideshow-thyroid-symptoms-and-solutions
================
1T-  သိုင်းရွိုက် ရောဂါလက္ခဏာ နှင့် ဖြေရှင်းကုသခြင်း
https://www.facebook.com/saimyotunhealth/posts/1502090296536973
------------------
2T-  သိုင်းရွိုက် (သို့) သေးငယ်သော ဂလင်းလေး၏ ကြီးမားသောတာဝန်
https://www.facebook.com/saimyotunhealth/posts/1505488666197136
------------------
3T-  သိုင်းရွိုက် နှင့်ခန္ဓာကိုယ် ဓာတုဖြစ်စဉ်တို့ အတွက် အကောင်းဆုံး အစားအစာများ
https://www.facebook.com/saimyotunhealth/posts/1500231856722817
------------------
4T-  သိုင်းရွိုက် အခြေအနေအား စမ်းသပ် စစ်ဆေးခြင်း
https://www.facebook.com/saimyotunhealth/posts/1497584110320925
==================
2T-  သိုင်းရွိုက် (သို့) သေးငယ်သော ဂလင်းလေး၏ ကြီးမားသောတာဝန်
"သိုင်းရွိုက်၏ ထူးခြားအံ့သြဖွယ်အချက် (၅) ချက်"
(၁) သိုင်းရွိုက်သည် ခန္ဓာကိုယ်တွင်း အပြန်အလှန် ဆက်သွယ်ပေးမှုများ၏ ဗဟိုချက်မ ကဲ့သို့ ဆောင်ရွက်သည်။ ၎င်းသည် ဆဲလ်များအားလုံးသို့ (ဟော်မုန်း ပုံစံဖြင့်) ညွှန်ကြားချက်များကို ပေးပို့ခြင်းဖြင့် ဆိုင်ရာအလုပ်တာဝန်များကို လုပ်ဆောင်ကြရန် ကူညီပေးသည်။
-----------------
(၂) သိုင်းရွိုက်သည် ဦးနှောက်၏ လုပ်ငန်းတာဝန်များကို ကူညီပေးသည်။ 
အကယ်၍ မေ့လျော့မှုများ ကို ခံစားလာရလျင် သိုင်းရွိုက်၏ ပုံမှန်ထက်လျော့၍ အလုပ်လုပ်ခြင်း (hypo) ကြောင့်ဖြစ်နိုင်သည်။
 အခြားလက္ခဏာ = မောပန်းခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ မျက်ခုံးမွှေး အပြင်ဖက်အစွန် ကျွတ်ခြင်း။
-----------------
(၃) ကျန်းမာနေသော သိုင်းရွိုက်သည် ၂၅ ဆင့် အကြွေအရွယ် (အချင်း ၀.၉၅၅ လက္မ) ထက်အနည်းငယ်ကြီးပြီး လိပ်ပြာပုံသဏ္ဍာန်ရှိကာ လည်ပင်းအောက်ပိုင်း၏ အရှေ့ဖက်တွင်တည်ရှိသည်။
-----------------
(၄) သိုင်းရွိုက်၏ ပုံမှန်ထက် ပိုအလုပ်လုပ်ခြင်း (hyper) ကြောင့် အလေးချိန် ရုတ်တရက်ကျခြင်း၊ ကောင်းစွာအိပ်မရခြင်း၊ စိတ်ပင်ပန်းခြင်း၊ ရုတ်တရက်ပူတက်လာခြင်း။
-----------------
(၅) အိုင်အိုဒင်း သည် သိုင်းရွိုက်အတွက် လွန်စွာ အရေးပါ ပါသည်။
Sai Myo Tun's Health Diary 
https://www.facebook.com/saimyotunhealth/posts/
==================
webmd.com/women/video/thyroid-facts
-------------------
1T-  သိုင်းရွိုက် ရောဂါလက္ခဏာ နှင့် ဖြေရှင်းကုသခြင်း
https://www.facebook.com/saimyotunhealth/posts/1502090296536973
------------------
2T-  သိုင်းရွိုက် (သို့) သေးငယ်သော ဂလင်းလေး၏ ကြီးမားသောတာဝန်
https://www.facebook.com/saimyotunhealth/posts/1505488666197136
------------------
3T-  သိုင်းရွိုက် နှင့်ခန္ဓာကိုယ် ဓာတုဖြစ်စဉ်တို့ အတွက် အကောင်းဆုံး အစားအစာများ
https://www.facebook.com/saimyotunhealth/posts/1500231856722817
------------------
4T-  သိုင်းရွိုက် အခြေအနေအား စမ်းသပ် စစ်ဆေးခြင်း
https://www.facebook.com/saimyotunhealth/posts/1497584110320925
==================
3T-  သိုင်းရွိုက် နှင့်ခန္ဓာကိုယ် ဓာတုဖြစ်စဉ်တို့ အတွက် အကောင်းဆုံး အစားအစာများ
(၁) "ပန်းသီးများ"
(*အိုင်အိုဒင်း (iodine) လိုအပ်သော သိုင်းရွိုက် အတွက် ဓာတုဗေဒ၌ အိုင်အိုဒင်းနှင့်နီးစပ်သော ပြဒါး ကို မှားယွင်းစွာ ယူငင်သုံးစွဲတတ်သည်။
*ပက်သင်ဓာတ် (pectin) ကြွယ်ဝ သောအသီးများသည် သဘာဝနည်းဖြင့် ပြဒါးဆိပ်များကို တိုက် ထုတ်ပေးနိုင်သည်။
*ပက်သင်ဓာတ်ကို အမျှင်၊ အူတိုင် နှင့် အခွံ တို့တွင် တွေ့ရများပြီး ပန်းသီး အလုံးလိုက်သည် အကောင်းဆုံးဖြစ်သည်။)
-----------------
(၂) "ပင်လယ်ရေညှိ ကျောက်ပွင့်"
(*အိုင်အိုဒင်း မလုံလောက်မှုသည် ဇီဝဖြစ်စဉ်ကို ထိန်းညှိ ပေးသော သိုင်းရွိုက် ဟော်မုန်းထုတ်လုပ်ခြင်းကို အဟန့်အတား ဖြစ်စေသည်။
*အိုင်အိုဒင်း ကို ခန္ဓာကိုယ်မှ မထုတ်လုပ်နိုင်သဖြင့် အစားအစာများမှ ရရှိနိုင်ရန် အရေးကြီးသည်။
*အိုင်အိုဒင်း ကြွယ်ဝသော အစားစာများထဲတွင် ပင်လယ်ရေညှိကျောက်ပွင့် သည့် အကောင်းဆုံးများထဲမှ တစ်ခုဖြစ်သည်။)
-----------------
(၃) "ဘရာဇီး သစ်စေ့"
(* စလီးနီယမ် (Selenium) သည် သိုင်းရွိုက်၏ လုပ်ငန်းတာဝန်များကို မှန်ကန်စွာ လုပ်ဆောင်နိုင်ရန်အဓိကကျပြီး သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ခြင်းကြောင့် ဂလင်း ရောင်ရမ်းလာရခြင်းကို ကာကွယ်ပေးသည်။
* ဘရာဇီး သစ်စေ့ တစ်စေ့ = စလီးနီယမ် ၈၀ mcg ခန့်)
-----------------
(၄) "ကမာ မုတ်ကောင်"
(*ကမာ မုတ်ကောင်သည် ကျန်းမာသောသိုင်းရွိုက် ဖြစ်စေရန်အတွက် လွန်စွာအရေးပါသော သွပ်ဓာတ် (zinc) ကြွယ်ဝသည့် အစားအစာများထဲတွင် တစ်ခုအပါဝင်ဖြစ်သည်။
*ခန္ဓာကိုယ်သည် သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုကို လှုံ့ဆော်နိုင်ရန်အတွက် လုံလောက်သော သွပ်ဓာတ်လိုအပ်သည်။)
-----------------
(၅) "ကြက်သား"
(*တိရစ္ဆာန်မှရသော အသားဓာတ် = အမီနိုအက်စစ် = တိုင်ရိုစင်း
*အစားအသောက်ထဲတွင် တိုင်ရိုစင်း (tyrosine) မပါဝင်ခဲ့လျှင် သိုင်းရွိုက်အား နိုးကြားမှုနိမ့်ကျ စေနိုင်သည်။
*ကြက်ဘဲတို့ မှ တိုင်ရိုစင်း အပါအဝင် ဗီတာမင် ဘီ၁၂ (vitamin B12) ကိုရရှိနိုင်သည်။
*သိုင်းရွိုက် တုန့်ပြန်မှုအားနည်းသော ရောဂါလက္ခဏာရှိသူများတွင် ဗီတာမင် ဘီ၁၂ (vitamin B12) ဓာတ် ချို့တဲ့နေကြောင်းတွေရသည်။)
-----------------
(၆) "ဒိန်ချဉ်"
[*ဒိန်ချဉ်သည် သဘာဝအားဖြင့် ဗီတာမင်ဒီ ကြွယ်ဝသဖြင့် သိုင်းရွိုက်အား ဒိုင်းကဲ့သို့ ကာကွယ်ပေးနိုင်သည်။
*ဗီတာမင်ဒီ ဓာတ်နည်း = hypo
*ဒိန်ချဉ် = ပရိုဘိုင်ရောတစ်(probiotics) ]
-----------------
(၇) "ဆယ်မန် ငါး"
[*ဂလင်း ရောင်ရမ်း = hypo
*အိုမီဂါ ၃(ဆယ်မန်ငါး၌ကြွယ်ဝ) = အရောင်ကျစေသောဓာတ်သတ္တိ]
< အိုမီဂါ ၃ =ပေါ်လီ မပြည့်ဝဆီ>
-----------------
(၈) "လက်ဖက်ရည်ကြမ်း"
[*လက်ဖက်ရည်ကြမ်း = ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)
*လက်ဖက်ရည်ကြမ်း = ခန္ဓာဓာတုဖြစ်စဉ် မြှင့်တင်]
-----------------
(၉) "သံလွင်ဆီ"
[*ခန္ဓာဓာတုဖြစ်စဉ်ကို အကောင်းဆုံးဖြစ်စေရန် ကျန်းမာခြင်းနှင့်ညီညွတ်သော ဆီလိုအပ်ပါသည်။
*သံလွင်ဆီ = မိုနို  မပြည့်ဝ ဆီ
*သံလွင်ဆီ = ပေါ်လီဖီးနော(polyphenols) = ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)
<၎င်းမှ ကင်ဆာ၊ အရိုးပွရောဂါ၊ ဦးနှောက်ယိုယွင်းခြင်း များကိုခုခံပေးသည်>
(က)ပြည့်ဝဆီ(Saturated fat) = သာမန်အခန်းအပူချိန်တွင်ခဲ
<ဥပမာ: အမဲ၊ ဘဲ၊ ဝက် ဆီ>
(ခ) မပြည့်ဝဆီ(Unsaturated fat)
-မိုနို မပြည့်ဝဆီ(Monounsaturated fat) = အခန်းအပူချိန်မခဲ၊ အအေးခံလျင်ခဲ။
-ပေါ်လီ မပြည့်ဝဆီ(Polyunsaturated fat) = အခန်းအပူချိန်မခဲ၊ အအေးခံမခဲ။
< ဆီကြမ်း(Virgin oil) = အကြမ်းအတိုင်းကြိတ်
ဆီနု(Refined oil) = ပြန်သန့်ထား >
-----------------
(၁၀) "ကြက်ဥ"
(*ကြက်ဥ(အနှစ်+အကာ) = ခန္ဓာ ဓာတုဖြစ်စဉ် အကြိုးပြု။
*ကြက်ဥ တစ်နေ့ နှစ်လုံး စားနိုင်။)
-----------------
(၁၁) "အဆီမထုတ်ထားသော နို့"
(*နို့ = ကယ်လစီယမ် = ခန္ဓာဓာတု အဆီချေချက်မှု အကျိုးများ)
-----------------
(၁၂) " နှံစားပင်တို့၏ အစေ့အဆန်"
(*ခန္ဓာဓာတုဖြစ်စဉ်နှုန်း မြင့်မားနေစေရန် အမျှင်ဓာတ်ကြွယ်ပြီး ကြေညက်ရန် အချိန်ယူရသော နှံစားပင်တို့၏ အစေ့အဆန်တို့ကို စားသုံးပေးပါ။
-----------------
(၁၃) "ကြက်သွန်ဖြူ"
(*၎င်းသည် သွေးတွင်းရှိသကြား၏ ခန္ဓာဓာတုဖြစ်စဉ် နှင့် သွေးတွင်းရှိအဆီဓာတ် အခြေအနေတို့ကို ထိန်းချုပ်ရာတွင် အထောက်အကူပြုသည်။)
-----------------
(၁၄) " ချောကလက်"
(*ခန္ဓာဓာတုဖြစ်စဉ်ကို ထိန်းညှိရာတွင် အထောက်အကူပြုသည်။)
-----------------
(၁၆) "ပဲနီကလေး"
(*ပဲနီကလေး တစ်ခွက်သည် တနေ့တာ သံဓာတ်လိုအပ်မှု၏ ၃ ပုံ ၁ ပုံ ကျော်ကိုဖြည့်ဆည်း ပေးနိုင်သည်။)
< Liquid measurements (rough guide)
*  1 tsp = 6ml
*  1 tbsp = 15ml
*  1 cup = 240ml
Dried ingredient measurements (rough guide)
*  1 tsp = 5g
*  1 tbsp = 15g
*  1oz = 28g
*  1 cup flour = 150g
*  1 cup caster sugar = 225g
*  1 cup icing sugar = 115g
*  1 cup brown sugar = 175g
*  1 cup sultanas = 200g >
-----------------
(၂၁) "ခိုလာ သစ်စေ့ လက်ဖက်ရည်"
(*ကဖင်းဓာတ် ၁၀၀ mg = ခန္ဓာ ဓာတုဖြစ်စဉ်ကို ၃-၄ ရာခိုင်နှုန်းမြင့်ပေး။
*ခိုလာ သစ်စေ့ လက်ဖက်ရည် သည် ကော်ဖီထက် ကဖင်းဓာတ် ပိုများသည်။)
-----------------
(၂၂) " ထောပတ်သီး"
(*ထောပတ်သီး = မိုနို မပြည့်ဝဆီ
*ထောပတ်သီး = ဓာတ်တိုးဆန့်ကျင်ပစ္စည်း)
-----------------
(၂၃) "ပန်းဂေါ်ဖီ စိမ်း"
(*ပန်းဂေါ်ဖီ စိမ်း  = ကယ်လစီယမ်+ဗီတာမင် စီ
*ကယ်လစီယမ်+ဗီတာမင် စီ = ခန္ဓာဓာတုဖြစ်စဉ် စွမ်းရည်မြှင့်တင်
 *ပန်းဂေါ်ဖီ စိမ်း = ကင်ဆာဆဲလ်သေစေ)
-----------------
 (၂၄) "ငရုတ်"
(*ငရုတ် = ခန္ဓာဓာတုဖြစ်စဉ် စွမ်းရည်မြှင့်တင်)
-----------------
(၂၅) "ရိုင်ဘော့(Rooibos) လက်ဖက်ရည်"
(*ရိုင်ဘော့ သည် သဘာဝချိုပြီး ကဖင်းဓာတ်မပါဝင်ပါ။ ၎င်းတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ဖြစ်သည့် ဖလေးဗနွိုက်(flavinoid) နှင့် ပေါ်လီဖီးနော(polyphenols) တို့ပါဝင်သည်။)
Sai Myo Tun's Health Diary 
https://www.facebook.com/saimyotunhealth/posts/
==================
1T-  သိုင်းရွိုက် ရောဂါလက္ခဏာ နှင့် ဖြေရှင်းကုသခြင်း
https://www.facebook.com/saimyotunhealth/posts/1502090296536973
------------------
2T-  သိုင်းရွိုက် (သို့) သေးငယ်သော ဂလင်းလေး၏ ကြီးမားသောတာဝန်
https://www.facebook.com/saimyotunhealth/posts/1505488666197136
------------------
3T-  သိုင်းရွိုက် နှင့်ခန္ဓာကိုယ် ဓာတုဖြစ်စဉ်တို့ အတွက် အကောင်းဆုံး အစားအစာများ
https://www.facebook.com/saimyotunhealth/posts/1500231856722817
------------------
4T-  သိုင်းရွိုက် အခြေအနေအား စမ်းသပ် စစ်ဆေးခြင်း
https://www.facebook.com/saimyotunhealth/posts/1497584110320925
==================
***
4T-  သိုင်းရွိုက် အခြေအနေအား စမ်းသပ် စစ်ဆေးခြင်း
(၁) "စစ်ဆေးလေ့ရှိသော အရာများ"
(၁က) သိုင်းရွိုက်ဟော်မုန်း နိုးဆွမှု (TSH)
(၁ခ) အိုင်အိုဒင်းပါဝင်သည့် ဟော်မုန်း (သိုင်ရော့စင်း<thyroxine>_၎င်း သည် သိုင်းရွိုက်ဂလင်းမှ ထုတ်လုပ်သော အမီနို<amino>အက်စစ် ဖြစ်သည်။) ၏ နိုးကြွမှုအပိုင်း။ (FT4 - Free T4)
(၁ဂ) အိုင်အိုဒင်းပါဝင်သည့် ဟော်မုန်း (ထရိုင် အိုင်အိုဒို သိုင်းရနင်း<triiodothyronine>_၎င်းသည် သိုင်ရော့စင်း မှရရှိသော အမီးနို အက်စစ်ဖြစ်သည်။) ၏ နိုးကြွမှုအပိုင်း။ (FT3 - Free T3)
-----------------
(၂) "အခြားသော စစ်ဆေးမှုများ"
(၂က) သိုင်းရွိုက် ပဋ္ဋိပစ္စည်း<Thyroid antibodies> = သိုင်းရွိုက် မူမမှန်ဖြစ်ခြင်း အကြောင်းရင်းကို စစ်ဆေးရန်။
(၂ခ) သိုင်ရိုဂလော ဗြူလင်<Thyroglobulin> နှင့် ခယ်စီထိုးနင်<calcitonin> = သိုင်းရွိုက်ကင်ဆာ ကုသမှုခံယူနေသော လူများအား ရေရှည် နောက်ဆက်တွဲ စစ်ဆေးခြင်း။
(*သိုင်ရိုဂလောဗြူလင်<Thyroglobulin>_၎င်းသည် သိုင်းရွိုက်ဂလင်း၏ အိုင်အိုဒင်း ပါဝင်သော ပရိုတင်း ဖြစ်ပြီး သိုင်ရော့စင်း နှင့် ထရိုင်အိုင်အိုဒိုသိုင်းရနင်း တို့၏ ရှေ့ပြေး ဖြစ်သည်။
*ခယ်စီထိုးနင်<calcitonin>_၎င်းသည် သွေးရည်ကြည်ထဲတွင် ကယ်လစီယမ်အဆင့်အား လျော့နည်းစေသော သိုင်းရွိုက်ဂလင်းမှ အမီးနိုအက်စစ်၏ မော်လီကျူး ကွင်းဆက်ဆိုင်ရာ ဟော်မုန်း ဖြစ်သည်)
-----------------
(၃) "ပုံမှန် သိုင်းရွိုက်တို့၏ ရည်ညွှန်း အတိုင်းအတာ"
(၃က) THS = ၀.၄  မှ  ၄.၀ (mU/L   မီလီယူနစ်/လီတာ)
(***သို့သော်လည်း အဖွဲ့အစည်း အတော်များများမှ ၂.၅ (သို့) ၎င်းထက်နည်းခြင်းသည် အမှန်တကယ် အကောင်းဆုံး အဖြစ်သဘောတူကြပြီး ၂.၅ မှ ၄.၀ mIU/L (မီလီ-နိုင်ငံတကာယူနှစ်/လီတာ) ကိုအန္တရာယ်အနေအထားဟု သုံးသပ်ယူဆသည်။)
(၃ခ) FT4 = ၉.၀  မှ  ၂၅.၀ (pmol/L   ပီကိုမိုး/လီတာ)
(၃ဂ) FT3 = ၃.၅  မှ  ၇.၈ (pmol/L   ပီကိုမိုး/လီတာ)
ဖော်ပြပါ အပိုင်းအခြားများသည် ရည်ညွှန်းချက်များသာဖြစ်ပြီး ဓာတ်ခွဲခန်းများပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။ ကိုယ်ဝန်သည် မိခင်များ၊ မွေးကင်းစ ကလေးများ နှင့် ကလေးငယ်များ အတွက် သီးခြား ရည်ညွှန်းကိန်း များရှိပါသည်။
-------------------
(၄) "ရည်ညွှန်းကိန်း အပြင်ဖက်ရောက်  စစ်ဆေးမှု အဖြေများ"
(၄က) TSH မြင့်ပြီး၊ FT4 နိမ့် = ဟိုက်ပို (သိုင်းရွိုက် နိုးကြွမှု ပျော့)
(၄ခ) TSH နိမ့်ပြီး၊ FT4 နှင့် FT3 မြင့် = ဟိုင်ပါ (သိုင်းရွိုက် နိုးကြွမှု ပို)
(၄ဂ) TSH ပုံမှန်တွင်မရှိပဲ၊ FT4 ပုံမှန်တွင်ရှိ = သိုင်းရွိုက် မူမမှန်ခြင်း ဖြစ်လာ နိုင်သော အန္တရာယ်ရှိ။
(၄ဃ) TSH နိမ့်ပြီး၊ FT4 လည်းနိမ့် = ပစ်ကျူထရီ ဂလင်း၏ မူမမှန်ခြင်းကို ရည်ညွှန်းနိုင်။
(၄င) နာမကျန်းဖြစ်ခြင်း နှင့် ဆေးဝါးများမှီဝဲနေရခြင်း တို့သည် သိုင်းရွိုက် အခြေအနေ စစ်ဆေးခြင်းကို လွှမ်းမိုးမှုရှိနိုင်သည်။ စစ်ဆေးခြင်းရလဒ်ကို အကျိုးသက်ရောက်မှု ရှိစေနိုင်သည့် မည်သည့်အရာကိုမဆို စစ်ဆေးပေးသူအား အသိပေးရပါမည်။
-------------------
(၅) "သိုင်းရွိုက် မူမမှန်ဖြစ်ခြင်းကို ဖြေရှင်းခြင်း"
အကယ်၍ သိုင်းရွိုက်မှု မမှန်ဖြစ်ခြင်းအတွက် ကုသမှုခံယူနေသည်ဆိုလျှင်- သိုင်းရွိုက် အခြေအနေ စစ်ဆေးခြင်းသည်_
(၅က) ကုသမှုသည် ထိရောက်ခြင်းရှိ မရှိ။
(၅ခ) ကုသခြင်းကို ပိုမိုတိုးတက်ကောင်းမွန်အောင် ကူညီရန်။
- စသည်တို့အတွက် ဖြစ်သည်။
ကုသမှုခံယူသူ တစ်ဦးချင်းစီကို သီးခြားစီကုသမှုပေးကာ ကြီးကြပ်ကုသပေးသောဆရာဝန်နှင့် ပူးပေါင်းလျက် ၎င်းတို့၏ တစ်ဦးချင်းအလိုက်ဖြစ်သော အခြေအနေများ အတွက် သင့်တော်သော သတ်မှတ်ရည်မှန်းချက်ကို ထားရှိပေးရန် တိုက်တွန်းထားပါသည်။
----------------------
(၆) "အခြားအချက်များ အနေဖြင့်-"
(၆က) ကုသမှုသည် TSH ကို ရည်ညွှန်းကိန်း အတွင်း ပြန်လည်ရောက်ရှိရန် ရည်မှန်းထားခြင်း။
(၆ခ) သိုင်းရွိုက်မူမမှန်ခြင်း လက္ခဏာများ ရှိခဲ့လျှင် ဆရာဝန်ကို သွေးစစ်ပေးရန် တောင်းဆိုပါ။
(၆ဂ) သိုင်းရွိုက် နိုးကြွမှု ပို (ဟိုင်ပါ) အတွက်ကုသမှုခံယူထားလျှင် နှစ်စဉ် သွေးစစ်မှုခံယူခြင်း ရှိသင့်သည်။
(၆ဃ) အကယ်၍ သိုင်းရွိုက်မူမမှန်ခြင်းအား တွေ့ရှိခဲ့ရလျှင် -
*တစ်နှစ်တစ်ကြိမ် (သို့) ဆရာဝန် အကြံပြုခဲ့လျှင် မကြာခဏ သော်၎င်း။
*ကိုယ်ဝန်အစောပိုင်းကာလ (သို့) ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်ထားလျှင် သော်၎င်း။
- သွေးစစ်မှုခံယူခြင်းအား လုပ်ဆောင်သင့်သည်။
မိသားစုများ အတွင်း၌ သိုင်းရွိုက်ပြဿနာများရှိနေတတ်၍၊ အကယ်၍ မိသားစုဝင် များ နေထိုင်မကောင်းခြင်းဖြစ်ခဲ့လျှင် ၎င်းတို့အား သိုင်းရွိုက်စစ်ဆေးခြင်း ပြုသင့်မပြုသင့်ကို ဆရာဝန်ထံမှ အကြုံပြုချက်ရယူရန် အားပေးတိုက်တွန်းသင့်ပါသည်။
အကယ်၍ သိုင်းရွိုက် မူမမှန်ဖြစ်ခြင်းအပေါ် စိုးရိမ်ခြင်း၊ သံသယဖြစ်ခြင်းများရှိလျှင် ဆရာဝန် (သို့) သမားတော်တို့သည် အကောင်းဆုံး အကြံဉာဏ်ပေးနိုင်သူများဖြစ်သည်နှင့်အညီ ၎င်းတို့နှင့် တိုင်ပင်သင့်ပါသည်။
Sai Myo Tun's Health Diary 
https://www.facebook.com/saimyotunhealth/posts/
====================
1T-  သိုင်းရွိုက် ရောဂါလက္ခဏာ နှင့် ဖြေရှင်းကုသခြင်း
https://www.facebook.com/saimyotunhealth/posts/1502090296536973
------------------
2T-  သိုင်းရွိုက် (သို့) သေးငယ်သော ဂလင်းလေး၏ ကြီးမားသောတာဝန်
https://www.facebook.com/saimyotunhealth/posts/1505488666197136
------------------
3T-  သိုင်းရွိုက် နှင့်ခန္ဓာကိုယ် ဓာတုဖြစ်စဉ်တို့ အတွက် အကောင်းဆုံး အစားအစာများ
https://www.facebook.com/saimyotunhealth/posts/1500231856722817
------------------
4T-  သိုင်းရွိုက် အခြေအနေအား စမ်းသပ် စစ်ဆေးခြင်း
https://www.facebook.com/saimyotunhealth/posts/1497584110320925
==================
*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***
ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!