Popular Posts!

Wednesday, April 29, 2015

အသစ်နဲ့ အဟောင်း



(အရမ်းကောင်းတဲ့ စာပေလေးပါ ဖတ်ကြည့်ပါ)

သူငယ်ချင်းမင်္ဂလာဆောင်တစ်ခုမှာ အခမ်းအနားမှူးက ၁၀၀၀ ကျပ်တန် တစ်ရွက်ထုတ်ပြီး မင်္ဂလာဆောင် အခမ်းအနားလာတဲ့ ပရိသတ်ကိုမေးတယ်… လိုချင်တဲ့လူ လက်ညိုးထောင်ပါ… အားလုံးစိတ်ထဲမှာ ထင်နေကြတာက ဒါ အခမ်းအနားမှူးက လူကို စချင်တဲ့ အကြံအစည်ဘဲ ဖြစ်ရမယ်ဆိုပြီး ဘယ်သူမှ စကားမပြောကြဘူး… အခမ်းအနားမှူးက ထပ်ပြောတယ်… ကျနော်တကယ်ပြောတာပါ… လိုချင်တဲ့လူ လက်ညိုးထောင်ပါ… နောက်ဆုံးတော့ လူတစ်ယောက်က စပြီး လက်ညိုးထောင်လာတယ်… နောက်ပိုင်း လူတွေတော်တော်များများ လက်ညိုးလိုက်ထောင်လာကြတယ်… အခမ်းအနားမှူးက လူအားလုံးကို ကြည့်ပြီးတော့ ဟောင်းနွမ်းနေတဲ့ ၁၀၀၀တန်နဲ့ လဲလိုက်တယ်… လက်ညိုးထောင်ထားတဲ့ အရေအတွက် သိသိသာသာ နည်းသွားတာကို တွေ့လိုက်ရတယ်… အခမ်းအနားမှူးက ရယ်ပြီး နောက်ထပ် ပိုပြီး ဟောင်းနွမ်းတွန့်ကြေနေပြီး နည်းနည်းစုတ်နေတဲ့ ၁၀၀၀တန်ကို ထုတ်လာတော့ လက်ညိုးထောင်ထားတဲ့လူက သိပ်မရှိတော့သလောက်ဘဲ… 

အခမ်းအနားမှူးက လက်ညိုးထောင်ထားတဲ့ထဲက ကောင်လေးတစ်ယောက်ကို စင်ပေါ်ခေါ်ပြီး ၁၀၀၀ တန်ကို သူ့လက်ထဲ ထည့်လိုက်ပြီး… သူက တောက်လျှောက် လက်ညိုးထောင်နေလို့ပါ ဆိုပြီးပြောလိုက်တယ်… အောက်က ပရိသတ်တွေရဲ့ ရယ်မောသံကို ကြားလိုက်ရတယ်… ကောင်လေးရဲ့မျက်နှာကလဲ နီမြန်းလာတယ်… အခမ်းအနားမှူးက လက်ပြပြီး အားလုံးငြိမ်သက်ပေးဖို့ ပြောတယ်… တစ်ထောင်တန် အသစ်လေးကို ထုတ်ပြီး ကောင်လေးကိုပြောတယ်…
 ငါ့ရဲ့ ဒီ အသစ်လေးနဲ့ မင်းရဲ့ အဟောင်းကို လဲ လိုက်မယ်လေ… ရလား? ကောင်လေးက ပြန်ပြောတယ်… ရပါတယ် ဦး… ကျေးဇူးပါ… အသစ်နဲ့ အဟောင်းက အတူတူပါဘဲ… အခမ်းအနားမှူးက ခေါင်းငြိမ့်ပြီး ကောင်လေးကို ပိုက်ဆံယူပြီး အောက်ကို ဆင်းသွားစေတယ်… အခမ်းအနားမှူးက သတို့သားနဲ့ သတို့သမီးတို့ကို လက်တွဲပြီး စင်ပေါ်တက်လာခိုင်းပြီးပြောတယ်…

 ဘယ်လောက်ထိ လှပနေတဲ့ အလှဘဲ ဖြစ်ပါစေ… ဆုံးပါးသွားတဲ့တစ်နေ့တော့ရှိမှာဘဲ… ဘယ်လောက်ထိ ရိုမန်းတစ်ဆန်နေတဲ့ အချစ်ဘဲ ဖြစ်ပါစေ… ဘ၀ရဲ့ပြောင်းလဲ မှုကို လိုက်ပြီး ပြောင်းလဲမှုတွေရှိနိုင်ပါတယ်… ခုဏက ကျနော့လက်ထဲ က ပိုက်ဆံလိုပါဘဲ… အချိန်ကုန်ဆုံးမှုတွေနဲ့လိုက်ပြီး ဟောင်းသွားတယ်…
 နွမ်းသွားတယ်… ဒါပေမဲ့ ဟို ကောင်လေးလေး ပြောသလိုပါဘဲ… အဟောင်းရော် အသစ်ရော် တစ်ထောင်တန်ဟာ တစ်ထောင်တန်ပါဘဲ… သူ့ရဲ့တန်ဖိုးဟာ တွန့်ကြေနေလို့ ပြောင်းလဲ မသွားနိုင်ဘူး မဟုတ်လား… အချစ်ရဲ့ တန်ဖိုးနဲ့ အနှစ်သာရကို မင်္ဂလာမောင်နှံတို့ နားလည်ပေးစေချင်ပါတယ်… အိုမင်းသွားတဲ့တစ်ချိန်… စိတ်လှုပ်ရှားမှုတွေ ငြိမ်းအေးသွားတဲ့အချိန်မှာ တစ်ချိန်က ပြောခဲ့တဲ့… “တစ်သက်လုံးလက်တွဲသွားမယ်…” ဆိုတဲ့ ကတိစကားကို မမေ့ပစ်လိုက်ပါနဲ့… တစ်ဖက်လူကို တန်ဖိုးထားကြပါ… မင်္ဂလာမောင်နှံတို့ကလဲ အကြည့်ချင်းစေ့စေ့ကြည့်ပြီး ခေါင်းတစ်ချက်ငြိမ့်လိုက်ပါတယ်… 

စင်အောက်ကနေ ပရိသတ်ရဲ့ လက်ခုပ်သြဘာသံဟာ မိုးချုန်းသံလို ဆူညံသွားခဲ့ပါတယ်… လူအများစုရဲ့ ဘ၀တစ်သက်တာမှာ မျှော်လင့်ချက်တွေ အဆက်မပြတ်ရှိခဲ့တယ်… အိပ်မက်တွေနောက်ကို အဆက်မပြတ် လိုက်ခဲ့ကြတယ်… ရယူပိုင်ဆိုင်ဖို့ အတွက် အဆက်မပြတ် ကြိုးစားခဲ့ကြတယ်… လက်ထဲက အရာကို တန်ဖိုးထားတတ်ဖို့ မေ့လျော့တတ်ကြတယ်… နောက်ဆုံးတော့ ဘာမှမရ ဘာမှ မကျန်ဘဲ ဖြစ်တတ်တယ်…
 ပျော်ရွှင်ခြင်းဟာ… လေလိုပါဘဲ… တစ်ခဏ အတွင်းပါဘဲ… လာတာမြန်သလို… သွားတာလဲ မြန်တယ်… နာကျင်ခံစားမှုဆိုတာ… သံသယစိတ်တွေ ခန့်မှန်းနေရမှုတွေကနေလာတာပါ… ဖြစ်စေတဲ့အနာတရဟာ ပုံဖော်လို့မရတဲ့ အနာမျိုးပါ… နှလုံးသားအစစ်ဆိုတာ… တစ်ဖက်သားရဲ့အတွင်းစိတ်ကို သေသေချာချာနားလည်မှုကနေလာတာပါ… တစ်ဖက်သားရဲ့ အချစ်စစ်ကို အမှန်တကယ်ခံစားရလို့ပေါ်ထွက်လာတဲ့အမူအရာပါ… ချိုမြိန်မှုဆိုတာ… နှစ်ဖက်စလုံး နှလုံးသားအစစ်အမှန်နဲ့ ဆက်ဆံရာကနေထွက်လာတဲ့ အရသာပါ… တစ်ဖက်သားကို ပျော်ရွှင်စေချင်တဲ့ ဆန္ဒပါ… 

ဒါကြောင့် ကျနော်တို့ရဲ့ အသက်မှာ … တစ်ယောက်သောသူရဲ့ ဂရုစိုက်မှုကို ရခဲ့ရင်… တစ်ယောက်သောသူရဲ့ ယုယမှုကိုရခဲ့ရင်… တစ်ယောက်သောသူရဲ့ တန်ဖိုးထားမှုကိုရခဲ့ရင်… တစ်ယောက်သောသူရဲ့ နှလုံးသားအစစ်ကိုရခဲ့ရင်… တစ်ယောက်သောသူရဲ့ မျက်ရည်ကို ရခဲ့ရင်… ကျေနပ်ပါပြီ… လက်တွဲပြီးရင် လက်တွဲဖြုတ်ဖို့ကို မစဉ်းစားပါနဲ့… တစ်သက်လုံးဆိုတာ ရှည်လဲ မရှည်သလို တိုလဲမတိုပါဘူး… ဆုံးရှူံးသွားပြီးမှ တန်ဖိုးထားရကောင်းမှန်းမသိဆိုတာမျိုးမဖြစ်ပါစေနဲ့… 
အခုလက်ရှိ ပိုင်ဆိုင်နေတာကို တန်ဖိုးထားတတ်ပါစေ…

 share from နေနေ



လူအများစုရဲ့ ဘ၀တစ်သက်တာမှာ မျှော်လင့်ချက်တွေ အဆက်မပြတ်ရှိခဲ့တယ်… အိပ်မက်တွေနောက်ကို အဆက်မပြတ် လိုက်ခဲ့ကြတယ်… ရယူပိုင်ဆိုင်ဖို့ အတွက် အဆက်မပြတ် ကြိုးစားခဲ့ကြတယ်… လက်ထဲက အရာကို တန်ဖိုးထားတတ်ဖို့ မေ့လျော့တတ်ကြတယ်… နောက်ဆုံးတော့ ဘာမှမရ ဘာမှ မကျန်ဘဲ ဖြစ်တတ်တယ်… ပျော်ရွှင်ခြင်းဟာ… လေလိုပါဘဲ… တစ်ခဏ အတွင်းပါဘဲ… လာတာမြန်သလို… သွားတာလဲ မြန်တယ်… နာကျင်ခံစားမှုဆိုတာ… သံသယစိတ်တွေ ခန့်မှန်းနေရမှုတွေကနေလာတာပါ… ဖြစ်စေတဲ့အနာတရဟာ ပုံဖော်လို့မရတဲ့ အနာမျိုးပါ… နှလုံးသားအစစ်ဆိုတာ… တစ်ဖက်သားရဲ့အတွင်းစိတ်ကို သေသေချာချာနားလည်မှုကနေလာတာပါ… တစ်ဖက်သားရဲ့ အချစ်စစ်ကို အမှန်တကယ်ခံစားရလို့ပေါ်ထွက်လာတဲ့အမူအရာပါ… ချိုမြိန်မှုဆိုတာ… နှစ်ဖက်စလုံး နှလုံးသားအစစ်အမှန်နဲ့ ဆက်ဆံရာကနေထွက်လာတဲ့ အရသာပါ… တစ်ဖက်သားကို ပျော်ရွှင်စေချင်တဲ့ ဆန္ဒပါ… ဒါကြောင့် ကျနော်တို့ရဲ့ အသက်မှာ … တစ်ယောက်သောသူရဲ့ ဂရုစိုက်မှုကို ရခဲ့ရင်… တစ်ယောက်သောသူရဲ့ ယုယမှုကိုရခဲ့ရင်… တစ်ယောက်သောသူရဲ့ တန်ဖိုးထားမှုကိုရခဲ့ရင်… တစ်ယောက်သောသူရဲ့ နှလုံးသားအစစ်ကိုရခဲ့ရင်… တစ်ယောက်သောသူရဲ့ မျက်ရည်ကို ရခဲ့ရင်… ကျေနပ်ပါပြီ… လက်တွဲပြီးရင် လက်တွဲဖြုတ်ဖို့ကို မစဉ်းစားပါနဲ့… တစ်သက်လုံးဆိုတာ ရှည်လဲ မရှည်သလို တိုလဲမတိုပါဘူး… ဆုံးရှူံးသွားပြီးမှ တန်ဖိုးထားရကောင်းမှန်းမသိဆိုတာမျိုးမဖြစ်ပါစေနဲ့… အခုလက်ရှိ ပိုင်ဆိုင်နေတာကို တန်ဖိုးထားတတ်ပါစေ

- Posted using BlogPress from my iPhone

လက်ရှိ အမိမြေကုန်ဈေးနှုန်းက စကာင်္ပူထက် ၁၇% ဘဲ သက်သာတော့တယ်

Cost of living inYangon (Myanmar)is 17% cheaper than in Singapore (Singapore)  ကြည့်လိုက်စမ်းပါအုံးဗျ... 

အမိမြေက လူနေမှုစရိတ်ကုန်ဈေးနှုန်းတွေက အာရှထိပ်သီး စကာင်္ပူထက် ၁၇%ဘဲ သက်သာတယ်တဲ့နော့... 

ကမ္ဘာ အဆင့် ၅နှင့် ၁၅၇ ကွာခြားနေတာတောင်  လူနေမှုစရိတ်က ၁၇% ဘဲသက်သာတယ်ဆိုရင် ဘယ်သူတွေ    ညံ့ဖျင်းနေလဲဗျ!



မြင့်တက်နေသည့် ကုန်ဈေးနှုန်းနှင့် အကြောင်းရင်းမှန်

နိုင်ငံ့ဝန်ထမ်း လစာတွေကို ဧပြီလကုန်မှာ တိုးမြှင့်ပေးဖို့ အတည်ပြုချက်တွေ ထွက်လာပြီးနောက်ပိုင်း အများခန့်မှန်းထားတဲ့အတိုင်း ကုန်ဈေးနှုန်းတွေ မြင့်တက်လာတယ်ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာခဲ့ရပါတယ်။

သင်္ကြန်ကာလ မတိုင်မီ နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနှုန်းထားတွေ တိုးမြှင့်ဖို့ အတည်ပြုချက်များ ထွက်လာခဲ့ပြီးနောက် ယခင်အတိုင်း ကုန်ဈေးနှုန်းများ လိုက်လံမြင့်တက်လာနိုင်ကြောင်း ဝေဖန်မှုများ ရှိခဲ့သလို လက်တွေ့မှာလည်း ဈေးကွက်ထဲမှာ ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် လူတိုင်း မဖြစ်မနေ ၀ယ်ယူသုံးစွဲရတဲ့ ဆန်၊ ဆီ၊ ဆား အပါအ၀င် အခြေခံစားသောက်ကုန်များ ဈေးအနည်းငယ် မြင့်တက်သွားခဲ့ရာ လစာတိုးမြင့် ရရှိမယ့်သူရော၊ လစာမတိုးတဲ့သူ အားလုံးကို သက်ရောက်မှု ရှိစေခဲ့ပါတယ်။ အသား၊ ငါး ဈေးနှုန်းများဟာ သင်္ကြန်အပြီးမှာ တက်ရိပ်ပြနေပြီး အများစုက တက်ပြီးသွားတဲ့ ဈေးနှုန်းများ ပြန်လည်မကျဆင်းမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ လက်ရှိ ကုန်စည်ဈေးနှုန်းများ မြင့်တက်နေရခြင်းဟာ သင်္ကြန်ပိတ်ရက်ကြောင့် ကုန်ကြမ်းအ၀င် နည်းနေခဲ့ခြင်းဟာလည်း ဈေးနှုန်းများ မြင့်တက်နေရခြင်းရဲ့ အကြောင်းတစ်ရပ် ဖြစ်နိုင်သော်လည်း ယခင်အတိုင်းတက်ပြီး ဈေးနှုန်းများ မူရင်းဈေးအထိ ပြန်မကျမှာကို အများက စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။


ကြောင့်ကြနေကြရ


လက်ရှိမှာ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်လာခြင်းနဲ့အတူ ယင်းတို့ကို ဆက်စပ်သုံးစွဲ ထုတ်လုပ်နေရတဲ့ အခြားကုန်စည် ဈေးနှုန်းများဟာလည်း လိုက်လံမြင့်တက်ခဲ့ပါတယ်။ ဥပမာအားဖြင့် ထမင်းဆိုင်အချို့ရဲ့ ဈေးနှုန်းများ မြင့်တက်သွားခြင်း၊ မုန့်ဟင်းခါးကဲ့သို့ မုန့်ပဲသရေစာများ ဈေးနှုန်းမြင့်တက်သွားခြင်းများလည်း ရှိခဲ့ပါတယ်။ ယင်းသို့ ဈေးနှုန်းပြောင်းလဲလာမှုကြောင့် ၀ယ်ယူသုံးစွဲသူများဟာ ငွေကြေးပိုမို သုံးစွဲလာကြရပြီး ယခင်အတိုင်း နိုင်ငံ့ဝန်ထမ်း လစာတိုးပြီးနောက် ကုန်စည်ဈေးနှုန်းများ မြင့်တက်သွားတဲ့ဒဏ်ကို အများစုက တွေ့ကြုံနေကြရတာ ဖြစ်ပါတယ်။ လက်ရှိမှာ သင်္ကြန်အပြီး ရန်ကုန်ကုန်စည်ဈေးကွက်မှာ ဈေးနှုန်းများ အမြင့်ဈေးမှာသာ ရှိနေခဲ့ပြီး ပြန်မကျနိုင်သေးတဲ့ အနေအထားသာ ရှိနေတာ ဖြစ်ပါတယ်။ တက်ရိပ်ပြနေတဲ့ အချို့ကုန်စည်များရဲ့ ဈေးနှုန်းများဟာ သင်္ကြန်မတိုင်မီထက် သုံးပုံတစ်ပုံမှ လေးပုံတစ်ပုံခန့်အထိ (ငါးခူ ယခင်ဈေးနှုန်း တစ်ပိဿာကျပ် ၈၀၀၀ ခန့်မှ ကျပ် ၁၂၀၀၀ ခန့်) ရောက်ရှိနေခဲ့တာကြောင့် မြင့်တက်နေတဲ့ ကုန်စည်ဈေးနှုန်းများအပေါ် အများကြောင့်ကြနေကြရတာ ဖြစ်ပါတယ်။

ဒုံရင်းအတိုင်းသာ

ယခုလို ကုန်စည်ဈေးနှုန်းများ မြင့်တက်လာခဲ့ရာမှာ နိုင်ငံ့ဝန်ထမ်း လစာတွေ တိုးမြှင့်ပေးဖို့ ကြေညာခဲ့ခြင်းကလည်း အကျိုးသက်ရောက်မှု ရှိစေတယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ လစာတိုးမြှင့်လာပေမယ့် ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြရတဲ့ အခြေအနေရှိခဲ့ပြီး ငွေတန်ဖိုးများ ကျဆင်းသွားမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ လစာငွေများ တိုးမြှင့်ပေးလိုက်သော်လည်း ငွေကြေးဖောင်းပွမှုကြောင့် ငွေတန်ဖိုးဟာ ယခင်ကထက် ကျဆင်းသွားမယ်ဆိုပါက စားဝတ်နေရေးအတွက် ငွေကြေးသုံးစွဲရမှု ပိုလာပြီး ယခင်လစာ မတိုးခင်ကအတိုင်း ဒုံရင်းအတိုင်းသာ ရှိနေမှာကိုလည်း မီဒီယာတွေမှာ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။ ယခု တိုးမြှင့်ဖို့ ကြေညာထားတဲ့ လစာနှုန်းထားများအရ အနိမ့်ဆုံးဝန်ထမ်းမှာ အသားတင်လစာ ကျပ် ၁၅၀၀၀ သာ တိုးမှာဖြစ်ပြီး အခြားအရပ်ဘက်၊ တပ်ဘက်လစာများဟာလည်း အသီးသီး တိုးမြှင့်ခဲ့ပေမယ့် အောက်ခြေ၀န်ထမ်းများထက် အထက်အဆင့် ၀န်ထမ်းများက လစာတိုးမြှင့်မှုနှုန်းထား ပိုမြင့်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ယခုလို ကုန်စည်ဈေးနှုန်းများ တက်တဲ့ဒဏ်ကို လစာတိုးဖို့ရှိနေတဲ့ အခြေခံဝန်ထမ်း အများစုကိုလည်း သက်ရောက်မှု ရှိနေမှာဖြစ်ပြီး တိုးလာမယ့် လစာနှုန်းထားနဲ့ မြင့်လာတဲ့ ကုန်စည်ဈေးနှုန်းများ နှုန်းထားများရဲ့ မျှခြေကွာဟမှုကိုလည်း ကြုံတွေ့ကြရဖို့ ရှိနေပါတယ်။


ဖြစ်နေကျ

နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ခြင်းနဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က လစာတိုးမြှင့်ပေးရာမှာ လစာကွာခြားချက် ပမာဏ၊ ၀န်ထမ်းအင်အား၊ ဒေသစရိတ်၊ ပင်စင်စတဲ့ ဆက်စပ်ကိစ္စများအတွက် ထည့်သွင်းစဉ်းစားပြီး တိုးမြှင့်ပေးခဲ့ခြင်းဖြစ်တယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အောက်ခြေ၀န်ထမ်းများ လစာနှုန်း တိုးမြှင့်တဲ့ ပမာဏ နည်းပါးရခြင်းမှာ နိုင်ငံတော်ရဲ့ အနေအထားမှာ လိုငွေပြနေခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ ကုန်ဈေးနှုန်းများ မတက်စေဖို့အတွက် ဘက်စုံမှ စဉ်းစားတွက်ချက်ခဲ့ရခြင်းကြောင့် ဖြစ်တယ်လို့ ဦးဝင်းရှိန်က ဆိုခဲ့ပေမယ့် လက်တွေ့မှာတော့ ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့တာဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း မြင့်တက်လာဖို့ရှိကြောင်း နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။ တကယ်တော့ ဒီလို ၀န်ထမ်းလစာ တိုးခြင်းကဲ့သို့ အများကို သက်ရောက်မှုရှိစေနိုင်တဲ့ လုပ်ဆောင်ချက်များ ရှိလာတိုင်း ကုန်စည်ဈေးနှုန်းတွေ မြင့်တက်ခဲ့ပြီး မူရင်းဈေးကို ပြန်မရောက်တော့တာဟာ အမြဲဖြစ်နေကျ ဖြစ်စဉ်တစ်ခုလို့ ဆိုပါတယ်။ ဒီအတွက် ကုန်ဈေးနှုန်းတွေ မြင့်တက်လာရခြင်းရဲ့ အခြေခံ အကြောင်းရင်းတွေကို ရှာဖွေဖြေရှင်းကြဖို့ လိုပါတယ်။ ဘယ်လို အကြောင်းရင်းခံတွေကြောင့် ကုန်စည်ဈေးနှုန်းတွေ တက်နေတယ်ဆိုတဲ့ အဖြေမှန်ကို ရှာကြဖို့ လိုပါတယ်။

ခါးစည်းခံခဲ့ရ


ဒီလို အကြောင်းရင်းမှန်ကို ရှာဖို့ဆိုရာမှာ အောက်ခြေအထိ ဆင်းဖို့လိုပါတယ်။ ယခင်အာဏာရှင် အစိုးရ အဆက်ဆက်မှာ ကုန်ဈေးနှုန်း ကျဆင်ရေး ကော်မတီများစွာကို နိုင်ငံတော်အဆင့်မှစပြီး နာမည်အမျိုးမျိုးတပ်ကာ ဆောင်ရွက်ခဲ့ကြပေမယ့် အောင်မြင်မှု မရရှိခဲ့ဘဲ ကုန်ဈေးနှုန်းတွေဟာ အတက်ပဲ ပြနေခဲ့တာကို သင်ခန်းစာယူ ဆောင်ရွက်သင့်ပါတယ်။ ယခင်အစိုးရ အဆက်ဆက်မှာ ကုန်ဈေးနှုန်းကျဆင်းအောင် မဆောင်ရွက်နိုင်ခဲ့ဘဲ အထူးသဖြင့် ကုန်ဈေးနှုန်းထိန်းချုပ်ရေးက ကော်မတီတွေမှာ ပါဝင်သူတွေဟာ စီးပွားရေးလုပ်ငန်းရှင်အချို့နဲ့ ပေါင်းပြီး ကိုယ်ကျိုးစီးပွား ရှာခဲ့ကြတာကြောင့် ကုန်ဈေးနှုန်း ထိန်းချုပ်ရေး လုပ်ငန်းတွေဟာ အောင်မြင်မှု မရရှိခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေးဆိုင်ရာ သီအိုရီတွေကို သိမြင်အောင် မလေ့လာခြင်း၊ အောက်ခြေက ဈေးကွက်အခြေအနေကို သိမြင်အောင် မကြိုးစားခြင်းနဲ့အတူ ကိုယ်ကျိုးစီးပွား ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ခရိုနီတွေရဲ့ မမှန်မကန်တဲ့ တင်ပြမှုများနဲ့အတူ လက်ဝါးရိုက် ဆောင်ရွက်မှုများကြောင့် ကုန်ဈေးနှုန်းထိန်းချုပ်ရေး လုပ်ငန်းတွေဟာ ခုတ်ရာတခြား ရှရာတခြား ဖြစ်ခဲ့ရပြီး အများပြည်သူတွေဟာ အဲဒီဒဏ်တွေကို နှစ်ရှည်လများ ခါးစည်းခံခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီအတွက် ယနေ့မှာ မူဝါဒဆိုင်ရာ ချမှတ်ခွင့် ရှိနေသူတွေဟာ ကုန်ဈေးနှုန်းများကို သင့်တော်တဲ့ ဈေးနှုန်းများမှာ ရှိနေဖို့ ကျင့်သုံးရမယ့် စီးပွားရေးဆိုင်ရာ သီအိုရီတွေကို လေ့လာသိရှိဖို့ လိုသလို အောက်ခြေက ဈေးကွက်အမှန်အခြေအနေကို သိရှိနိုင်ဖို့ စစ်တမ်းတွေ ကောက်ယူဖို့ အစီအမံတွေ လုပ်ဆောင်ဖို့ လိုပါတယ်။ ပညာရှင်တွေ ထောက်ပြတဲ့ သီအိုရီတွေကိုပဲ အားကိုးလုပ်ဆောင်နေခြင်းထက် အောက်ခြေက အဖြစ်အပျက်အမှန်တွေ၊ အကြောင်းရင်းမှန်တွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့ လိုပါတယ်။ သီအိုရီနဲ့ လက်တွေ့အခြေအနေ ပေါင်းစပ်မှသာ အဖြေရှာနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ကျိုးစီးပွားအတွက် အချက်အလက်မှန်တွေ ဖုံးကွယ်ထားသူတွေရဲ့ ဘေးတီးတဲ့ စကားတွေကို ချင့်ချိန်ပြီး လုပ်ဆောင်ဖို့ လိုပါတယ်။ တကယ်တော့ အခြေခံကုန်ဈေးနှုန်းများ အပြောင်းအလဲရှိမှုဟာ နိုင်ငံသားတိုင်းအပေါ် သက်ရောက်မှု ရှိပါတယ်။ အထူးသဖြင့် ၀င်ငွေနည်းတဲ့ အခြေခံပြည်သူတွေအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ ဒီအတွက် အကျိုးသက်ရောက်မှု ကြီးမားလှတဲ့ ကုန်စည်ဈေးနှုန်း ထိန်းချုပ်ရေးအတွက် အကြောင်းရင်းအမှန်တွေကို ဖော်ထုတ်အဖြေရှာဖို့ လိုအပ်ပါကြောင်း ကုန်ဈေးနှုန်းဒဏ်ခံ ပြည်သူများကိုယ်စား ရေးသားတင်ပြလိုက်ရပါတယ်။
Writer: 
သစ်ထွဋ်
Ref;http://news-eleven.com/



Cost of living in Yangon, Myanmar

Expatistan is a collaborative effort. Comparisons improve with every new price that you enter.
We need your help! Tell us about prices in Yangon.
Currency: 
Food
Lunchtime menu in the business district23,701 Kyat
Combo meal in fast food restaurant (Big Mac Meal or similar)6,385 Kyat
1/2 Kg (1 lb.) of boneless chicken breast737 Kyat
1 liter (1 qt.) of whole fat milk739 Kyat
12 eggs, large2,892 Kyat
1 kg (2 lb.) of tomatoes900 Kyat
500 gr (16 oz.) of local cheese15,000 Kyat
1 kg (2 lb.) of apples3,600 Kyat
2 kg (4,5 lb.) of potatoes1,100 Kyat
0.5 l (16 oz) domestic beer in the supermarket677 Kyat
1 bottle of red table wine, good quality11,813 Kyat
2 liters of Coca-Cola2,150 Kyat
Bread for 2 people for 1 day596 Kyat
Housing
Monthly rent for 85 m2 (900 Sqft) furnished accommodation in EXPENSIVE area4,000,000 Kyat
Utilities 1 month (heating, electricity, gas ...) for 2 people in 85m2 flat70,000 Kyat
Internet 8MB (1 month)200,000 Kyat
40” flat screen TV400,000 Kyat
Microwave, known brand, 800/900 Watt95,000 Kyat
Laundry detergent (3 l. ~ 100 oz.)4,000 Kyat
Hourly rate for cleaning help10,000 Kyat
Clothes
1 pair of jeans (Levis 501 or similar)200,000 Kyat
1 summer dress in a chain store (Zara, H&M, ...)90,000 Kyat
1 pair of sport shoes (Nike, Adidas, or similar)250,000 Kyat
1 pair of leather business shoes200,000 Kyat
Transportation
Volkswagen Golf 2.0 TDI 140 CV 6 vel. (or equivalent), with no extras, new75,000,000 Kyat
1 liter (1/4 gallon) of gas446 Kyat
Monthly ticket public transport8,000 Kyat
Taxi trip on a business day, basic tariff, 8 Km. (5 miles)5,221 Kyat
Personal Care
Medicine against cold for 6 days (Frenadol, Coldrex, ...)2,800 Kyat
1 box of 32 tampons (Tampax, OB, ...)3,800 Kyat
Deodorant, roll-on (50ml ~ 1.5 oz.)3,125 Kyat
Hair shampoo 2-in-1 (400 ml ~ 12 oz.)3,667 Kyat
4 rolls of toilet paper1,225 Kyat
Tube of toothpaste1,833 Kyat
Standard men's haircut in expat area of the city7,000 Kyat
Entertainment
Basic dinner out for two in neighborhood pub18,808 Kyat
2 tickets to the movies7,406 Kyat
2 tickets to the theater (best available seats)15,901 Kyat
Dinner for two at an Italian restaurant including wine and dessert50,419 Kyat
1 cocktail drink in downtown club3,473 Kyat
Cappuccino in expat area of the city2,413 Kyat
1 beer in neighbourhood pub (500ml or 1pt.)1,252 Kyat
iPod nano 16GB-
1 min. of prepaid mobile tariff (no discounts or plans)167 Kyat
1 month of gym membership in business district150,000 Kyat
1 package of Marlboro cigarettes1,950 Kyat
These prices are lacking data. It provides a decent estimate, but they are not yet reliable. They are based on 279 prices entered by 34 different people.
Latest price update: April 29, 2015.
Ref:http://www.expatistan.com/cost-of-living/yangon

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!