Popular Posts!

Showing posts with label စကာင်္ပူသတင်း. Show all posts
Showing posts with label စကာင်္ပူသတင်း. Show all posts

Tuesday, December 5, 2017

FMI ရှယ်ယာပိုင်သည့် MM Myanmar ကုမ္ပဏီ စင်ကာပူစတော့အိတ်ချိန်းသို့ ၀င်ရောက်မည်

ရန်ကုန်စတော့အိတ်ချိန်းတွင် ဈေးနှုန်းများကို ပြသထားစဉ် (ဓာတ်ပုံ − အေအက်ဖ်ပီ)

MM Myanmar ကုမ္ပဏီကို စင်ကာပူSHC ကုမ္ပဏီ သို့ လွှဲပြောင်းပေး၍ စင်ကာပူ စတော့အိတ်ချိန်းတွင် စာရင်း ကုမ္ပဏီအဖြစ် ၀င်ရောက်မည်ဟု FMI ကုမ္ပဏီက ဒီဇင်ဘာ ၁ ရက် တွင် သတင်းထုတ်ပြန်သည်။ 

အဆိုပါလွှဲပြောင်းမည့် MM Myanmar ကုမ္ပဏီကို FMI ပိုင် ဆိုင်သည့် Yoma Strategic Holdings (YSH)နှင့် Exemplary Venture Ltd(EVL)တို့ အကျိုး တူပိုင်ဆိုင်ခြင်းဖြစ်ပြီး ပိုင်ဆိုင် သည့်ရှယ်ယာအားလုံးကို စင်ကာ ပူကုမ္ပဏီသို့ လွှဲပြောင်းကုမ္ပဏီ နာမည်ပြောင်းကာ စင်ကာပူ စတော့အိတ်ချိန်းတွင် ရှယ်ယာအ သစ်များရောင်းချမည်ဟု ဆို သည်။

စင်ကာပူစတော့အိတ်ချိန်း တွင် စာရင်းဝင်ရန်နှင့် ရှယ်ယာ ရောင်းချရန် SHC ကုမ္ပဏီနှင့် Memories Group ဟုပြောင်းလဲပြီး ဒီဇင်ဘာ ၅ ရက်၌ စင်ကာပူစတော့အိတ်ချိန်းတွင် စာရင်းဝင်ရောက်မည်ဟု FMI က ဆိုသည်။ ထိုနာမည်ပြောင်းလိုက် သည့် စင်ကာပူကုမ္ပဏီတွင် FMI ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိမ်းဝေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ် ကြောင်း FMI ကဆိုသည်။

‘မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံမှုများထပ်မံ ၀င်ရောက်လာစေရန် အထောက် အကူပြုမည်ဖြစ်ကြောင်း’ဦးသိမ်းဝေက ပြောကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ FMI ကုမ္ပဏီသည် စင်ကာပူ ကုမ္ပဏီ SHC တွင်ရှယ်ယာ ၁၃ ဒသမ ၆ ရာခိုင်နှုန်းပိုင်ဆိုင်မည် ဖြစ်သည်။

Memories Group ၏ ကန ဦးလုပ်ငန်းများသည် ပုဂံရှိ Ba-lloons over Bagan နှင့်အင်းလေး ရှိ Balloons over Inle, Pun Hlaing Lodge ဟိုတယ်၊ Hpa An Lodge ဟိုတယ်၊ Asia Holiday ခရီးသွားလုပ်ငန်းနှင့်အ ခြားခရီးသွားလုပ်ငန်းအဆောက် အအုံတစ်ခုဖြစ်ကြောင်း  ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ MM Myanmar ကုမ္ပဏီသည် Yoma Strategic Holdings (YSH)နှင့် EVL က ရှယ်ယာ ၆၃ ဒသမ ၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

Wednesday, August 9, 2017

စကာင်္ပူနိုင်ငံအတွင်းလည်ပတ်လေ့လာစရာများ!

၂၀၁၇ နှစ်သစ်ရောက်လို့ နှစ်ဟောင်းကုန်ခဲ့ပြီ...

ဒါကြောင့်...
စင်ကာပူနိုင်ငံအကြောင်း၊ အလုပ်အကိုင်၊ အလည်အပတ် စသည်တို့ကို စိတ်ဝင်တစား ရှိသူများအတွက်...
ရွှဂျာနယ် (စင်ကာပူ) တွင် လွမ်းအောင်ကူချွှဲ အနေဖြင့်၂၀၁၆ တစ်နှစ်တာအတွင်း ရေးသားခဲ့သော ကောင်းနိုးရာရာ စင်ကာပူနိုင်ငံရဲ့ သိမှတ်ဖွယ်ရာ အဖြာဖြာကို ပေါင်းစည်းတင်ပြပေးလိုက်ပါတယ်...

မင်္ဂလာနှစ်သစ် ဖြစ်ကြပါစေ...


Link ၁ ခုချင်းကို click ခေါက်၍ ဖတ်ရှု့နိုင်ပါတယ်..


၁) မြန်မာပြည် မှ စင်ကာပူသို့ ...
အလည်အပတ်လာမည့်သူများအတွက် လည်ပတ်၊ စားသောက်၊ နေထိုင်၊ ကြည့်ရှု့စရာများ...Complete Guide ...
10 November 2016


၂) စင်ကာပူ free visa အကြောင်း...
နထိုင်ခွင့် နဲ့ ဗီဇာ (ပြည်ဝင်ခွင့်) ကွာခြားပုံအကြောင်း...
စင်ကာပူ အင်မီဂရေးရှင်းအကြောင်း... 11/11/2016


၃) စင်ကာပူကို ဗီဇာ free နဲ့လာပြီး ၁ လ stay ကုန်ရင် သက်တမ်းတိုးလို့ရလား မရလား...
23/12/2016


၎) စင်ကာပူ နိုင်ငံ သို့ Social Visit Pass ဖြင့် အလုပ်ရှာရန်လာရောက်ကြမည့် မြန်မာ လူငယ်များအတွက် အစစအရာရာ အသေးစိတ် ကြိုတင်ပြင်ဆင်မှုများ…


၅) ***စလုံးမှာ ကလေးမွေးပြီး ရက်ပိုင်းအတွင်းလုပ်ရမယ့်အဆင့်တွေ***


၆) စင်ကာပူမှာ ကော်ဖီမှာသောက်မယ်ဆိုရင်...
စင်ကာပူ ကော်ဖီ ဋီကာ ပေါ့ဗျာ...


၇) စင်ကာပူနိုင်ငံရဲ့ သမိုင်းအကြမ်းလေး နဲ့...
ဟိုအရင် နှစ်ဟောင်း ပုံရိပ်တွေ နဲ့ ခုလက်ရှိ အနေထားကွာပုံလေးတွေ...


၈) စင်္ကာပူ BCA Academy - Specialist Diploma Courses လျှောက်ကြမည်ဆိုလျှင်


၉) စင်္ကာပူ NUS မှာ ကျောင်းလျှောက်တော့မည်ဆိုလျှင်..


၁၀) စင်ကာပူမှာ ဈေးပေါပေါနဲ့ တည်းခိုလို့ရမယ့် နေရာတွေ...


၁၁) စင်ကာပူရောက် အိမ်အကူအမျိုးသမီးများရဲ့ ပုံရိပ်ကို al jazeera သတင်းဋ္ဌာနက ရိုက်ကူထားတဲ့ ရုပ်သံဖြစ်ပါတယ်။


၁၂) စင်ကာပူက ဘော်ဒါတွေအတွက်ရော စင်ကာပူအလည်လာမယ့် ဘော်ဒါတွေအတွက်ပါ စင်ကာပူနိုင်ငံမှာ ဈေးပေါပေါနဲ့ ဖုန်းဝယ်လို့ရတဲ့နေရာ ညွှန်းလိုက်တယ်...


၁၃) ဘော်ဒါတွေကို စင်ကာပူမှာ (second hand or new) ဖုန်း နဲ့ အခြား electronics ပစ္စည်းတွေ ဝယ်နည်း ပြောပြရဦးမယ်..


၁၄) ဒီနေ့ မိသားစု ပျော်ပွဲစားထွက်မယ့် နေရာ...
နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ စင်ကာပူ Botanic Garden လို့ခေါ်တယ်...


၁၅) Marina Barrage ကနေ စင်ကာပူ ရှု့ခင်းတွေကြည့်ရင်း Satay by the Bay မှာ ဆာတေး နဲ့ seafood စားကြမယ်...


၁၆) စင်ကာပူနိုင်ငံက Light Rail Transit (LRT) (သို့) Light Rapid Transit ရထားလမ်းကြောင်းပုံစံ ဖြစ်ပါတယ်...


၁၇) '''အဖွားမေးတတ်တဲ့ စင်္ကာပူအကြောင်း'''

***ငွေပုံအောလိုက်ရတဲ့ နှလုံး*** (သို့) စင်္ကာပူမှာ ဆေးကုမယ်ဆိုရင်***


၁၈) ကဲ ဘော်ဒါတို့ ... 
စင်ကာပူ ချန်ဂီလေဆိပ်မှာ အခွန်လွတ် ဈေးပတ်မယ်....


ရွှဂျာနယ် (စင်ကာပူ) https://www.facebook.com/ShweJournal

Wednesday, March 16, 2016

တရားဝင်မြန်မာပြည်ငွေလွဲနည်းလေးတွေ Transfer Money to Myanmar (Remittabce Agants)


အခုရက်ပိုင်း နာမည်ကြီးနေတဲ့ တရားမ၀င် ရွှေဗမာ ငွေလွဲဆိုင်တွေ ထွက်ပြေးနေတာဆိုရင် နှစ်တိုင်းလို တဆိုင်မဟုတ်တဆိုင် လိမ်လည်ထွက်ပြေးနေကျလိုဖြစ်နေပြီဗျ!
လွန်ခဲ့တဲ့ ၂နှစ်က ၃ထပ်ဆိုင်တဆိုင် နှင့် လွန်ခဲ့၃နှစ်လာက်ကလိမ်လည်ထွက်ပြေးတာ အများဆုံးဖြစ်တဲ့ သန်းပေါင်းများစွာပါသွားတဲ့ ရွှေမြန်မာနှင့် လွိုင်ဟိန်း လဲ အခုဘာသတင်းမှမကြားရတော့ဘူး! ပလုံဘဲ…
မနှစ်က ဘွန်လေးက ရွှေဗမာဆိုင်တဆိုင်ရယ် အခု ရက်ပိုင်းက ပင်နာဆူလာကကဆိုင်တဆိုင်ပါဆိုရင် တခါဖြစ်လိုက်ရင် ဒေါ်လာ သိန်းဂဏန်းတွေချည်းဗျ!
ဒီကြားထဲ သတင်းနည်းနည်းစီထွက်ထွက်နေတဲ့ ပင်နာဆူလာကရွှေဗမာဆိုင်၂-၃ ဆိုင်လောက်လဲရှိသေးတယ်နော် သတိထားပြီးငွေလွဲကျပေတော့ဗျ…
ဒါကြောင့် တရားဝင် ဘယ်လိုငွေလွဲကျရမလဲဆိုတာ သိရသလောက်တင်ပေးလိုက်ပါတယ်!
တတ်နိုင်တော့ ကြိုးစားပြီးတရာဝင်နည်းနှင့် ငွေလွဲကျပေါ့ဗျ!
အဲ…ငွေအမောက်များများ tycoon ကုန်သည်တွေအတွက်တော့ သိဘူးဗျနော်…

ေ ရွှတွေအတော်ကိုစွန့်စားရဲတဲ့တွေဘဲလား? တတ်နိုင်ရင်မိမိကိုယ်တိုင် ဘဏ်တွေကနေကြိုးစား လွဲကြည့်ကျစမ်းပါ…

ဘဏ်မရှိတဲ့နယ်က မြိုငယ်လေးတွေအတွက်တော့ ပြောတတ်တော့ဘူးဗျ၊ ဒီငွေလွဲဆိုင်တွေကို အားကိုးနေရတုန်းဘဲထင်ပါရဲ့နော်…

ဘာလို့များ စိတ်မချရသော တရားမ၀င်တဲ့ ရွှေဗမာငွေလွဲဆိုင်တွေမှာငွေ လွဲနေကျသေးလဲဗျ!  အခုလိုဖြစ်ရင် ဘာမှမတတ်နိုင်ပါဘူး! 
ဘာမှအာမခံမရှိတဲ့ ရွှေဗမာငွေလွဲဆိုင်တွေ ငွေလိမ်ပြေးတဲ့ ပြဿနာတွေနှစ်တိုင်းလိုလိုဖြစ်နေလို့ သတိပေးလိုက်ပါတယ်!

ငွေဈေးနည်းနည်းလေးဘဲကွာတာပါ…အနည်းဆုံး ၅-၁၀ ကျပ်လောက်တော့ကွာတတ်ပါတယ်နော်၊ ဒါပေမဲ့ မိမိချွေးနဲနှင့်ရှာထားတဲ့ငွေအတွက်စိတ်ချမ်းသာစေချင်ပါတယ်၊ မိမိကပ်စီးနည်းတတ်တဲ့အတ္တလေး လောဘဇောလေးနှင့်တော့ ထိန်းထားစေချင်ပါတယ်… 


မြန်မာ့ပြည်က မိမိလွဲချင်တဲ့လူတွေဆီကို မြန်မာ့ပြည်က AYA ဧရာဝတီဘက်နှင့်,MOB မြန်မာ့အရှေ့တိုင်းဘဏ်အကောင့်ထဲကို စကာင်္ပူက POSB ,DBS  ဘဏ်တွေကနေ Bill Payment ကနေ ငွေပို့လို့ ရနေပြီ၊ လက်ခံမဲ့လူက မြန်မာပြည်က ဘဏ်အကောင့်လိုအပ်ပါတယ်။

အမိမြေမြန်မာပြည်က AYA Bank ဧရာဝတီဘဏ်နှင့် MOB Bank  မြန်မာ့အရှေ့တိုင်းဘဏ်ကို လွဲတဲ့နေ့သက်ဆိုင်ရာဘဏ်ငွေပေါက်ဈေးကိုကြည့်ပြီး (သို့) တွက်ချက်ပြီး တရက်ကို အနည်းဆုံး စင်္ကာပူ ဒေါ်လာ ၁၀၀ ကနေ အများဆုံး ဒေါ်လာ ၅၀၀၀ ထိ  လွှဲခွင့်ရှိပါတယ်၊ ဒီက စကာင်္ပူဘဏ်တွေက Bill Payment ကနေ မိမိလွဲချင်တဲ့မြန်မာပြည်က ဘဏ်အကောင့်ထဲကို လွဲရတာပါ၊ 

 မိမိလွဲမဲ့နေ့ မြန်မာပြည်ကဘဏ်ငွေဈေးကိုပြီး နောက်နေ့ 24 နာရီကြာရင်ထုတ်လို့ရနေပါပြီဗျ၊ 


အဲ… ဝန်ဆောင်ခ ကတော့ တစ်ခါငွေလွှဲတိုင်း သုံးထောင်ကျပ် (၃၀၀၀ ကျပ်) ပါနော်!

အေး…ဒါပေမဲ့ လဲမဲ့သူတွေ internet banking ကိုတော့သုံးတတ်မှဖြစ်မှာပါ၊
တခြားဘဏ်တွေကိုလွဲသလို မိမိဘဏ်တိုကင်တို့ မိမိဖုန်းတိုကင်တွေတော့လိုတာပေါ့နော်၊ တိုကင်တွေမရှိသေးရင်လဲ သက်ဆိုင်ရာဘဏ်မှာလျှောက်ထားတောင်းလို့ရပါတယ်၊ ဘဏ်ကတိုကင်တွေအလကားပို့ပေးပါတယ် ၊ မိမိဖုန်းကိုလာတတ်တဲ့ဖုန်းတိုကင်ဆိုရင်လဲလျှောက်လို့ရပါတယ်၊ 










အဲ … တချို့ရွှေမမလေးဆို internet banking ကို သိတောင်မသိကျဘူးနှင့်တူတယ်နော်! 

တချို့က Work Permit သမားနှင့် Foreginers domestic workerသမား တွေ လက်ရှိမိမိ အကောင့်ကနေ မရရင်  ibanking လျှောက်ရမှန်းမသိသူတွေကို ထပ်လမ်းညွှန့်ပေးလိုက်ပါမယ်! 



DBS/POSB saving-S$500 ပေးပြီး current A/C-ချက်လက်မှတ် အကောင့် ထပ်ဖွင့်လို့ ရပါသေးတယ်နော် သိကျလား! စကာင်္ပူဘဏ်တွေမှာ ibanking အကောင့်ကို ဘဏ်တွေမှာ ထပ်ပြန်လျှောက်လို့ရတာပါတယ်ကြိုးစားကြည့်လိုက်ကျပါအုန်းဗျ!

You, the employer as stated on the FDW’s work permit card, must have an existing DBS/POSB Savings/Current Account. This account will be the debiting account for the monthly contribution into this POSB FDW Savings Account every month.


ရွှေဗမာတွေအားလုံးစိတ်အေးလက်အေး မိမိဘဏ်အကောင့်ကနေလွဲကျစမ်းပါဗျ! 💸   


ဒါက လျှောက်လွှာပုံစံတွေပါဗျ! 

https://www.posb.com.sg/personal/deposits/bank-with-ease/posb-ibanking









                               






http://www.dbs.com.sg/personal/forms/ib/apply/Pages/default.page


အဲ…ဘဏ်မရှိတဲ့နယ်က မြိုငယ်လေးတွေအတွက်တော့ ပြောတတ်တော့ဘူးဗျနော်… 🤑
ဒီငွေလွဲဆိုင်တွေကို အားကိုးနေရတုန်းဘဲထင်ပါရဲ့နော်…😰






နောက်တမျိုးက အမိမြေက ဘဏ်အတော်များများနှင့်ချိတ်ဆက်ထားတဲ့ Western Union agent ကနေတရားဝင်ငွေလွဲလို့ရသေးတယ်နော်! သိကျရဲ့လားဗျ…💸

Western Unionကနေမြန်မာနိုင်ငံရှိဘဏ်များနှင့်နိုင်ငံတကာငွေလွှဲပြောင်းဝန်ဆောင်မှုများ

Work Permit သမားတွေ အိမ်ဖော်တွေ ibanking မရှိရင်တော့ … 



တရားဝင်ငွေလွဲလို့ရတဲ့ ဒီ Western Union Agent တွေရှိပါသေးတယ်၊ ငွေလွဲခက ဘယ်လောက်လွဲလွဲ $10ပါ၊ သူလဲငွေ အများကြီးလွဲလို့မရပါဘူး ကန့်သတ်ထားပါတယ်၊ 



အဲ … ပုံမှန်ဆိုရင် နာရီဝက်တနာရီလောက်ဆိုရင်ထုတ်လို့ရနေပါပြီ၊ တခါတရံနယ်ဆိုရင်၂၄နာရီကျော်ကြာတတ်တယ်နော်၊

မှတ်ချက်- (အပေါ်က DBS Bank တွေကနေ AYA,MOB Banks ibanking ငွေလွဲတာမှ ကျပ် ၃,၀၀၀ဘဲကျတာ)

ခက်တာက စကာင်္ပူကနေ မြန်မာပြည်ကို internet ငွေပေးချေတဲ့စနစ်မရှိသေးဘူးဗျ၊ ပိတ်ထားတယ်… Agent တွေဆီကနေဘဲလွဲလို့ရပါတယ်…
  
 ငွေဈေးတွေကြည့်ချင်ရင်တော့ ဒီကြည့်လိုက်ပါ....

ဒီစကာင်္ပူက နေ မိမိနီးစပ်ရာ Western Union Agent ဆိုင်ခွဲကနေ (သို့) နီးစပ်ရာ စကာင်္ပူစာတိုက် Singapore post (Western Union)ကနေငွေလွဲလို့လဲရပါသေးတယ်နော်! သိကျရဲ့လားဗျ...


နောက်အမိမြေက မြို့ ကြီးတွေမှာ Myanmar Western Union Agent 
ဆိုင်တွေရှိနေပါပြီ နီးစပ်ရာဆိုင်ကိုလွဲပြီးထုတ်လို့ရနေပါပြီ…

 အမိမြန်မာပြည်က ပုဂ္ဂိုလ်ကဘဏ်ပေါင်း (၁၁) ဘဏ် လောက်ဖြစ်သော 
ကမ္ဘာဇဘဏ် KBZ Bank,ဧရာဝတီဘ AYA Bank, မြန်မာ့အရှေ့တိုင်းဘ MOB Bank,သမ္မ၀ါယမဘဏ် CB Bank ,ကမ္ဘာရတနာဘဏ် GLOBAL TREASURE Bank,မြန်မာ့ရှေဆောင်ဘဏ် MAB Apex Bank, ရိုးမဘဏ်YOMA Bank, Unite Amara Bank, အာရုစိမ်းလန်းရေးဘဏ်AGD Bank, ထွန်းဖောင်ဒေရှင်းဘဏ်Tun Foundation Bankဘဏ်တွေပုဂ္ဂိုလ်က ဘဏ်အားလုံးနီးပါးကို Western Union ကနေတရားဝင်ငွေလွဲလို့ရပြေီ…


လက်ခံမဲ့ရဲ့သူရဲ့ဘဏ်အကောင့် တွေ နာမည်၊ မှတ်ပုံတင်နံပတ်၊လိမ်စာတွေလိုအပ်ပါတယ်၊

မြန်မာပြည် ရန်ကုန်မှာရှိတဲ့ ဘဏ်တွေ...http://locations.westernunion.com/search/myanmar+(burma)/yangon+region/

Ref; Ko Nge












*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!