Popular Posts!

Wednesday, January 30, 2013

တရုတ်တို့ မြန်မာကို ဆုံးရှုံးပြီလော

မြန်မာတို့၏ အသံစုံစုံ ရှုပ်ထွေးနေသော ဒီမိုကရေစီသည် အနောက်နိုင်ငံဘက် ဦးတည် လိုက်သောအခါ တရုတ် အစိုးရသည် ၄င်း၏ပါဝါကို ထိန်းသိမ်းရန်နှင့် မြန်မာကို အနှောင့်အယှက် ဖြစ်စေရန် လူမျိုးစု ပဋိပက္ခများကို ဝင်ရောက် မွှေနှောက်ဖို့ သင့် မသင့် ငြင်းခုံမှုများ ပွက်လော ရိုက်လာလေတော့သည်။
၂၀၁၁ ခုနှစ်မှ စတင်ပြီး သမ္မတ ဦးသိန်းစိန်၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများဖြင့် စတင်သော အပြောင်းအလဲများ မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာမှု များသည် တရုတ်နိုင်ငံ အတွက် ပြဿနာတစ်ခု ဖြစ် လာသည်။ တရုတ်နိုင်ငံသည် ဆယ်စုနှစ်ပေါင်း ကြာမြင့်စွာ အဆိုပါ အာဏာရှင် ဆန်သော အိမ်နီးချင်းနှင့် နွေးထွေးသော ဆက်ဆံရေးကို ထားရှိပြီး ယင်းနိုင်ငံ၏ သဘာဝ သယံဇာတများ ထုတ်ယူမှုနှင့် နိုင်ငံခြားရေး ပေါ်လစီတို့အပေါ် လက်ဝါးကြီးအုပ်ခွင့်ဖြင့် ကြည်နူးခဲ့ သည်။ သို့သော် မြန်မာနိုင်ငံသည် အသံစုံစုံ ရှုပ် ထွေးနေသော ဒီမိုကရေစီ တစ်စိတ်တစ်ပိုင်း ဖြစ်လာသောအခါ အတိတ်ကာလ တပ်မတော် အစိုးရကို ထောက်ပံ့ ကူညီခဲ့ပြီး စီးပွားရေး အမြတ်ထုတ်မှု များလုပ်ခဲ့သော ဘေဂျင်းအစိုးရကို ပြည်သူများက ခါးခါးသီးသီး ဖြစ်နေကြသည်။

တရုတ် အစိုးရသည် တရုတ်-မြန်မာ နယ်စပ်တွင် တိုက်ပွဲများ ဖြစ်နေသောကြောင့် သူ၏တပ်များကို နှစ်နိုင်ငံ နယ်စပ်သို့ ဇန်နဝါရီလ အစောပိုင်း၌ ပို့ဆောင်လိုက်သည်။ တရုတ် ပိုင်နက် အတွင်း ပဋိပက္ခများ ဖိတ်စဉ်လာပါက အခြေအနေ ဆိုးရွားလာနိုင် သဖြင့် မြန်မာနိုင်ငံသည် ဒေသတွင်း တည်ငြိမ်မှု၏ ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေဆဲပင်။

မြန်မာနိုင်ငံသည် အိန္ဒိယ သမုဒ္ဒရာသို့ ဆက်သွယ်ပေးမည့် မဟာဗျူဟာမြောက် လက်ရန်း တစ်ခုသဖွယ် တရုတ်အတွက် မဖြစ် နိုင်တော့။ သို့တည်းမဟုတ် အာဆီယံ၌ သစ္စာရှိ ထောက်ခံမည့်သူ အဖြစ် မဟုတ်နိုင်တော့။ မြန်မာအစိုးရသည် ဝါရှင်တန်နှင့် ဆက်ဆံရေး တိုးတက်မှု အရှိန်မြင့်လာခြင်းသည် အာရှ၌ အမေရိကန်သြဇာ ပြန်လည် ချိန်ခွင်လျှာ ညှိနေခြင်း ဖြစ်သောကြောင့် တရုတ်အတွက် စိတ်ရှုပ် ထွေးစရာ တိုးပွားလာသည်။

တရုတ်လက်နက် ကုမ္ပဏီကြီး တစ်ခုနှင့် မြန်မာ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် တို့ ပူးပေါင်းပြီး ဆောင်ရွက်နေသော မြန်မာနိုင်ငံ အလယ်ပိုင်း မုံရွာအနီးရှိ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အပေါ် ဒေသခံ ရွာသားများနှင့် သံဃာ တော်များက ပြီးခဲ့သည့် လပေါင်းများစွာ အတွင်း ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။ ၂၀၁၁ အတွင်း တရုတ်ကုမ္ပဏီ တစ်ခုက တည်ဆောက်နေသည့် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ မြစ်ဆုံရေကာတာ စီမံကိန်းကို ပြည်သူ့ ဆန္ဒအရ သမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်း ထားခဲ့သည်။ မုံရွာအနီး လက်ပံတောင်း တောင်စီမံကိန်းကို ကန့်ကွက်မှု များသည် မြန်မာနိုင်ငံအတွင်း တရုတ် ရင်းနှီးမြှုပ်နှံမှုများ အတွက် အန္တရာယ် ရှိနေပြီ ဆိုသည့် စိုးရိမ် ပူပန်မှုများ မြင့်တက် လာစေတော့သည်။

တရုတ်တို့ အမျိုးသား အကျိုးစီးပွား ထိခိုက်မှုကို ဟန့်တားရန် နေပြည်တော် အစိုးရကို တားမြစ်ဖို့ တရုတ် တို့တွင် ဆောင်ရွက်နိုင် စွမ်းအား နည်းနည်းသာ ရှိတော့သည်။ အစိုးရ သုတေသီများ၊ အရှေ့ တောင်အာရှ ကျွမ်းကျင်သူများ ပါဝင်သော တရုတ် နိုင်ငံခြားရေးရာ ပေါ်လစီ အသိုင်းအဝိုင်း အတွင်း ငြင်းခုံမှုများ ကျယ်ကျယ် လောင်လောင် ပေါ်ထွက်လာနေသည်မှာ တရုတ်အစိုးရသည် တစ်ချိန်က မိတ်ဆွေများ ဖြစ်ခဲ့ဖူးသည့် နေပြည်တော်ကို ဆန့်ကျင် နေသော တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် အဖွဲ့များနှင့် ပြန်လည် ပေါင်းသင်းပြီး အင်အားချိန်ခွင်လျှာကို ပြန် ထိန်းသိမ်းရန် ဆိုသည့် သဘောထား ဖြစ်သည်။ ယူနန် ရဲ ကောလိပ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ လျန်ကျန်းယွန်က အဆိုပါလူမျိုးစု လက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်ပြီး ၂၀၁၁ တွင် အရေးပါသော စာတမ်းတစ်စောင် ရေးသား ခဲ့သည်။ “အဆိုပါ (တိုင်းရင်းသား လက်နက်ကိုင်များကို) အသုံးပြု ပါက ၄င်းတို့သည် မြန်မာနိုင်ငံတွင် တရုတ်နှင့် အမေရိကန် တို့အကြား ထိပ်တိုက် ရင်ဆိုင်မှုများ၏ ရှေ့တန်း မျက်နှာစာတွင် တရုတ်တို့၏ သစ္စာ အရှိဆုံးသော မိတ်ဆွေများ ဖြစ်လာပေလိမ့်မည်” ဟု ရေးသားခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့် ၁၉၄၈ ခုနှစ် နောက်ပိုင်း ကတည်းက အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသရှိ တိုင်းရင်းသားများ ဖြစ်သော ဝ၊ ကချင်တို့နှင့် တရုတ် အစိုးရသည် ရင်းနှီးဆက်နွှယ်မှု ကို ကာလကြာမြင့်စွာ တည်ဆောက်ထားပြီး ဖြစ်သည်။ အဆိုပါ ပတ်သက်မှု၏ အမြင့်ဆုံး ဒီဂရီမှာ ၁၉၆၀ ပြည့်နှစ်များ အတွင်း ဗဟို အစိုးရကို ဆန့်ကျင်ခဲ့သော (ကချင်၊ ဝ နှင့် တရုတ် အမျိုးသားများ ပါဝင်သည့်) ဗမာပြည်ကွန်မြူနစ် ပါတီကို တရုတ် အစိုးရက ထောက်ခံ ပံ့ပိုးပေးမှုဖြစ်သည်။ တရုတ်အစိုးရ၏ ငွေအား လူအားဖြင့် ကူညီ ထောက်ပံ့မှုတို့ ၁၉၉၀ ပြည့်နှစ် အစောပိုင်း ကာလများတွင် နိဂုံးချုပ်သွားခဲ့သည်။ သို့သော် ယူနန်ပြည်နယ်သည် ဘိန်း အစားထိုး သီးနှံ စိုက်ပျိုးခြင်းမှသည် အခြားသော စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုများဖြင့် ယင်းအဖွဲ့များနှင့် ထိစပ် ပတ်သက်နေဆဲ ဖြစ်သည်။

၂၀၁၁ စက်တင်ဘာ လ၌ မြန်မာ အစိုးရသည် “ဝ” အဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့သော်လည်း ကချင် အဖွဲ့နှင့် မြန်မာ့ တပ်မတော်တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ဇန်နဝါရီလ ၂ ရက်နေ့တွင် ကချင် လက်နက်ကိုင် အဖွဲ့ကို လေကြောင်း အသုံးပြုပြီး တိုက်ခိုက် ခဲ့သည်ဟု ဝန်ခံခဲ့သည်။ တရုတ် အစိုးရက ယင်းဖြစ်ရပ် အတွက် အနည်းအကျဉ်းသာ ထုတ်ဖော်ပြောခဲ့ပြီး တရုတ်နှင့် မြန်မာတို့သည် အရေးကြီးသော အိမ်နီးချင်းများဖြစ်ကာ အမေရိကန်ပြည်ထောင်စုနှင့် မြန်မာတို့ အကြား ဆက်ဆံရေး တိုးတက်မှုကို တရုတ်တို့က ကြိုဆိုကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့သည်။ သို့သော် တရုတ်တို့သည် အတိတ်ကာလ တုန်းက ပြုမူ ခဲ့သလိုပင် လိုလားချက်ကို တိုက်ရိုက် ထုတ်မပြောဘဲ မြန်မာအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပြခဲ့ သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း တရုတ်အစိုးရက ကျွမ်းကျင်သူ တစ်ဦးနှင့် သီးသန့် တွေ့ဆုံရာ၌ တရုတ်သည် မြန်မာအပေါ် ချဉ်းကပ်မှု အား နည်းလမ်းပေါင်းစုံ အသုံးပြု သင့်သည်ဟု ဆိုသည်။
"နယ်စပ်လူမျိုးစု လက်နက်ကိုင် အုပ်စုတွေက ကျွန်တော်တို့ရဲ့ ဖဲချပ်တွေပဲ။ ဒါတွေကို ကောင်းကောင်းမွန်မွန် ကိုင်တွယ် တတ်ဖို့ပဲ လိုတယ်" ဟု ဘေဂျင်း အခြေစိုက် နောက်ထပ် တရုတ် ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။
သူ၏အမြင်သည် လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ကျွန်တော်စကား ပြောခဲ့သည့် အခြားသူများနှင့် အမြင်တူနေသော် လည်း တစ်ယောက်မှ လူသိရှင်ကြား ထုတ်မပြော ခဲ့ကြပေ။

၎င်းတို့က တရုတ် အစိုးရသည် ကချင်နှင့် မြန်မာ အစိုးရအကြား ကြားဝင် ပေးသင့်ပြီး တရုတ်၏ သြဇာနှင့် လွှမ်းမိုးမှု မြန်မာတို့ကို သတိပေးရန်၊ နယ်စပ်ဒေသ တည်ငြိမ်မှု ရှိရန် ပြုလုပ်သင့် သည်ဟု ယုံကြည် နေကြသည်။ ထို့အပြင် နေပြည်တော်ကို ဆန့်ကျင်နေသော လူမျိုးစု လက်နက်ကိုင် များကို တရုတ် အစိုးရက အားပေး ကူညီသင့်ပြီး မြန်မာ့ တပ်မတော်ကို တိုက်ခိုက်မှုများ ရပ်တန့် သွားရန်နှင့် နယ်စပ် တစ်လျှောက် သစ်၊ ကျောက်စိမ်းနှင့် အခြားသယံဇာတများ အတားအဆီးမရှိ စီးမျောခွင့် ရရန် ဖိအား ပေးသင့်သည်ဟုဆိုသည်။ အဆိုပါ လေ့လာသုံးသပ်သူ များ၏ အဆိုအရ လက်နက်ကိုင် လူမျိုးစုများကို ထောက်ပံ့ အားပေးခြင်းသည် နေပြည်တော် အပေါ် တရုတ်တို့ ချိန်ခွင်လျှာ ထိန်းဖို့နှင့် တရုတ်၏ အမျိုးသား အကျိုးစီးပွားတို့ကို ရိုသေလေးစားဖို့ မြန်မာကို ဖိအားပေးခြင်း ဟုဆိုသည်။ သို့သော် မြန်မာသည် အနောက်နိုင်ငံ၏ လက်အတွင်း ပစ်ဝင်ခို လိုက်ကတည်းက တရုတ်တို့ အတွက် ဆုံးရှုံးစရာ တစ်ခုမှမရှိ၊ ရစရာချည်းသာ ဖြစ်သည်ဟု ထင်မြင် ယူဆနေကြသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် နီးစပ်သူများကတော့ အဆိုပါ အမြင်ကို လက်မခံကြပေ။ ၄င်းတို့သည် တရုတ်တို့၏ သူတစ်ပါးနိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး မူကိုသာ နှုတ်တက်ရွရွ ရွတ်နေကြပြီး နှစ်နိုင်ငံ ခိုင်မာသော ချစ်ကြည်ရေး ကို တည်ဆောက်ထားပြီး ဖြစ်သဖြင့် လူမျိုးစု လက်နက်ကိုင်များ အရေးကြောင့် နေပြည်တော်ကို အထီးကျန် ဖြစ်စေမည်ဆိုသည့် ယူဆချက်ကို ငြင်းဆိုခဲ့သည်။ အဆိုပါ လေ့လာသုံးသပ်သူအများစု ယုံကြည်ကြသည်မှာ ပွက်လောရိုက် နေသော ဒီမိုကရေစီသည် တရုတ် အကျိုးစီးပွားကို လတ်တလော နာကျင်စေမည် ဖြစ်သော်လည်း တဖြည်းဖြည်း ကွယ်ပျောက် သွားမည်ဟု ဆိုကြသည်။ နေပြည်တော် အစိုးရသည် ဘေဂျင်း၏ ထောက်ခံမှုရရှိရန် ယခင်လို ပြန်လှည့်လာမည်၊ သို့မဟုတ်ပါက မြန်မာပြည် သည် ဖရိုဖရဲ တိုင်းပြည်အဖြစ် ကျရောက် သွားမည်။ ထို့ကြောင့် နှစ်နိုင်ငံ စလုံး ကာလတာရှည်သော ချစ်ကြည်မှု ရှိခဲ့သလို တရုတ်သည် မြန်မာ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံသူ၊ ကုန်သွယ်ဖက် ဖြစ်သည်ဟု ၄င်းတို့က ဆိုကြသည်။

၎င်းတို့ အမြင်တွင် မြန်မာလူမျိုးစု လက်နက်ကိုင် များက တရုတ် ပါဝင်လာခြင်းကို ကြိုဆိုသည်ဟု ဆိုသည်။ KIA သတင်း ရပ်ကွက်တစ်ခု အဆိုအရ “မယုံကြည်ရသော၊ လူမျိုးကြီး ဝါဒ ကိုင်စွဲထား သော မြန်မာ အစိုးရသည် ကမ္ဘာ့ အင်အားကြီး တစ်ခုခု ကျောထောက် ထောက်ခံ မပေးပါက မည်သည့် သဘောတူညီချက် ကိုမျှ လိုက်နာ မည်မဟုတ်” ဟုဆိုသည်။ အမေရိကန် ပြည်ထောင်စုသည် တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်များ ဘက်က ရပ်တည်ခြင်း ထက် နေပြည်တော် ဘက်ကို ရပ်တည်ဖို့ အာရုံစိုက် နေမှုကြောင့် ကချင်နှင့် “ဝ” တို့က တရုတ်သည် ၄င်းတို့၏ အားအကြီးဆုံး မဟာမိတ် ဖြစ်လာရန် မျှော်လင့်နေကြသည်။

ပြီးခဲ့သည့် နှစ်အနည်းငယ် အတွင်း ဝါရှင်တန် သို့ ချစ်ကြည်ရေး မကြာခဏ သွားရောက်ခဲ့သည့် ကချင်အ
ဖွဲ့ ဝင် များက အမေရိကန်တို့၏ စိတ်ဝင်တစား မရှိမှုကို စိတ်ပျက်လက်ပျက် ဖြစ်သည် ဟု ဆိုကြသည်။ တရုတ် ဒေသခံ အာဏာပိုင် အချို့ကမူ “ဝ” အဖွဲ့ဝင် များသည် သူတို့အပေါ် အမေရိကန်တို့က မူးယစ်ရာဇာများ၊ လက်နက်မှောင်ခို ကုန်ကူးသူများဟု ခေါ်ဝေါ်နေခြင်းကို ရပ်တန့်စေ လိုသော မျှော်လင့်ချက်ကို ဆုပ်ကိုင် မထားလိုတော့ဟု ဆိုကြသည်။

မြန်မာသည် တရုတ်နိုင်ငံနှင့် တစ်စတစ်စ ဝေးကွာလာနေခြင်း အပေါ် ဘေဂျင်း၏ စိုးရိမ် ကြောင့်ကြမှုကို နားလည် လာနေသော ကချင်နှင့် ဝတို့သည် နိုင်ငံရေး အဖြေရှာရန် နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရန် ၄င်းတို့၏ လှုပ်ရှားမှုကို တရုတ် အစိုးရက ထောက်ခံသင့်သည် ဟု ဆိုသည်။ သို့သော် အဆိုပါ နိုင်ငံရေးမျှော်မှန်းချက် အတွက် လှုပ်ရှားသည့် တိဘက်နှင့် ဝီဂါတို့ အပေါ် တရုတ်တို့ ဖိနှိပ်မှုများ ရှိနေသောကြောင့် တရုတ် အစိုးရအတွက် မျက်နှာပျက်စရာသာ ဖြစ်ပေတော့မည်။ သို့သော် နိုင်ငံရေးသည် သူစိမ်းများကို တစ်အိပ်ရာ အတွင်း အိပ်အောင် လုပ်နိုင်သည်။ လူမျိုးစု လက်နက်ကိုင်များ၏ အရေးကို ထောက်ခံပြီး မြန်မာ အစိုးရကို ဂရုမစိုက်ကြောင်း ပြသမည် ဆိုပါက အတော်ပင် ဆိုးရွား လှသော ဖီလာတိုက်မှုကြီး ဖြစ်နေ ပေတော့မည်။

မူရင်းဆောင်းပါး - Has China Lost Myanmar?
Yun Sun (Foreign Policy Magazine မှ ဖော်ပြချက်)
 
Ref:thevoicemyanmar

ပန်းခင်းလမ်းနှင့် ခယောင်းလမ်း များကို ဖြတ်ရဦးမည့် တရုတ်-အမေရိကန် ဆက်ဆံရေး

ယခုဆောင်းပါးမှာ ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံဖြစ်သော အမေရိကန်နှင့် တရုတ်တို့၏ ဆက်ဆံရေးတွင် ကြုံတွေ့လာနိုင်ဖွယ် ရှိသော အန္တရာယ်များ၊ ပူးပေါင်း ဆောင်ရွက်နိုင်မည့် နယ်ပယ်များ အကြောင်းကို တရုတ်လူမှုရေးသိပ္ပံ အကယ်ဒမီမှ ပညာရှင်ဖြစ်သူ Huang Ping ၏ အမြင်များကို ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်။
မဝေးတော့တဲ့ အနာဂတ်ကာလ မှာ တရုတ်-အမေရိကန် ဆက်ဆံရေး ဘယ်လိုဖြစ်လာမယ် ထင်ပါသလဲ။
တင်အေးကျော် 

 အနာဂတ် တရုတ်-အမေရိကန် ဆက်ဆံရေးနဲ့ ပတ်သက်လို့ ပြောရရင် တရုတ်ရော၊ အမေရိကန် အနေနဲ့ရော ပိုပြီး လက်တွေ့ကျဖို့ လိုသလို ပိုပြီး ကြောင်းကျိုးကျကျ စဉ်းစားနိုင်ဖို့လည်း လိုပါတယ်။ နောက်ပြီး နှစ်နိုင်ငံစလုံး အနေနဲ့ စီးပွားရေး တိုးတက်ဖို့၊ ဖွံ့ဖြိုးမှုကို မြှင့်တင်နိုင်ဖို့၊ လုံခြုံရေး၊ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေးတို့ ရရှိဖို့အတွက် အမှန် တကယ်ကြုံတွေ့ နေရတဲ့ စိန်ခေါ်ချက်တွေ၊ ပြဿနာတွေ၊ အခွင့်အလမ်း တွေကို အကဲဖြတ်ဖို့လည်း လိုပါတယ်။

ဒီကိစ္စက ခက်တော့ခက်ခဲတဲ့ ကိစ္စပါ။ ဒါပေမဲ့ တရုတ်-အမေရိကန် နှစ်နိုင်ငံ အနာဂတ် ဆက်ဆံရေးနဲ့ ပတ်သက်လို့ ကျွန်တော့်အနေနဲ့အကောင်းမြင် သဘောထား ရှိပါတယ်။ နှစ်နိုင်ငံစလုံး အနေနဲ့ လက်တွေ့ ကျတဲ့ မူဝါဒတွေ ရေးဆွဲနိုင်ဖို့၊ ပြီးတော့ ဒီမူဝါဒတွေ အောက်ခြေအဆင့်ထိ ပျံ့နှံ့ ရောက်ရှိသွားဖို့ ဆိုတာကတော့ အချိန် ယူရလိမ့်မယ် ထင်တယ်။

ဒီနေရာမှာ ပြောစရာရှိတာက တရုတ်-အမေရိကန် ဆက်ဆံရေးဆိုင်ရာ ပညာရှင် အတော်များများ ပြောနေကြတဲ့ အမေရိကန် ရွေးကောက်ပွဲမှာ ဘယ်သူပဲ နိုင်နိုင် အမေရိကန် အနေနဲ့ တရုတ်နဲ့ ပုံမှန်ဆက်ဆံရေး ပြန်ဖြစ်အောင် လုပ်မှာပဲ ဆိုတဲ့ အယူအဆကို ကျွန်တော်သဘော မတူပါဘူး။ အမေရိကန် သမ္မတလောင်း မစ်ရွန်းနီ ပြောဖူးတာက သူသမ္မတ ဖြစ်ဖြစ်ချင်း တရုတ်ကို ငွေကြေးလဲလှယ် နှုန်း ဈေးကစားသူလို့ ခေါ်ဝေါ်သုံးနှုန်း သွားမယ်လို့ ပြောဖူးပါတယ်။ တကယ်လို့ အိုဘားမားသာ ပြန်အရွေးမခံရဘူး ဆိုရင် တရုတ်-အမေရိကန် ဆက်ဆံရေး ဟာ အရင်လို ရှေ့ဆက်နိုင်မယ်လို့ စိတ်ချလက်ချ မပြောနိုင်ပါဘူး။ ပြောရ မယ်ဆိုရင် တရုတ်-အမေရိကန် ဆက်ဆံရေးဟာ အခုအခါမှာ အလွန် ရှုပ်ထွေးလာပြီ ဖြစ်တဲ့အတွက် အရင်က နားလည်ထားတဲ့ ပုံမှန် အခြေအနေဆို တာမျိုး မရှိနိုင်တော့ပါဘူး။

တရုတ်ခေါင်းဆောင်သစ်နဲ့ အိုဘားမား အစိုးရတို့ အနေနဲ့ ဘယ်နယ် ပယ်တွေမှာ အတူတူတွဲ အလုပ်လုပ်နိုင်မယ့် အခွင့်အလမ်းတွေ ရှိသလဲ။

တရုတ်ရော အမေရိကန်ရော ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်ချက်က စီးပွားရေးပါ။ ဒီစီးပွားရေး နယ်ပယ်မှာပဲ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံပူးပေါင်း လုပ်ဆောင်နိုင်တဲ့ နယ်ပယ်ပါပဲ။ အခု အချိန်မှာ ဒီနှစ်နိုင်ငံစလုံးမှာ စီးပွားရေး အခက်အခဲတွေ တွေ့နေပါတယ်။ ဒီအခက် အခဲတွေကို တစ်နိုင်ငံတည်းနဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး။ ဒီမှာ မေးစရာ ရှိလာတာက တရုတ်နဲ့ အမေရိကန်တို့အနေနဲ့ စီးပွားရေး တိုးတက်မှုနဲ့ အလုပ်အကိုင် ရရှိမှုကို ဆက်လက်ထိန်းထားဖို့ သူတို့ရဲ့ စီးပွားရေး အဆောက်အဦကို ဘယ်လိုပြန်လည် တည်ဆောက်မလဲ ဆိုတာပါပဲ။

ဒီနေရာမှာ သူ့နိုင်ငံ ကိုယ့်နိုင်ငံ ဆိုတဲ့ အမျိုးသားနိုင်ငံ (Nation-State) ပုံစံနဲ့ အဓိကထား စဉ်းစားလို့ မရတော့ဘူး။ စီးပွားရေးဆိုတာ အားလုံးဆက်စပ် ပေါင်းစည်းနေတယ်လို့ စဉ်းစားရလိမ့်မယ်။ ကမ္ဘာ့စီးပွားရေး ပုံစံဟာ အကူးအပြောင်း အခြေအနေကို ရောက်နေပါပြီ။ ဒီတော့ အမေရိကန် အနေနဲ့ တရုတ်ကို “အမေရိကန် ရဲ့အလုပ်အကိုင်တွေကို လုယူနေသူ” “ငွေကြေး လဲလှယ်မှုကို ထိန်းချုပ်နေသူ” ဆိုပြီး အပြစ် တင်မနေသင့်ပါဘူး။ ဒီစီးပွားရေး ပြဿနာ တွေက စောစောက ပြောတာမျိုးထက် ပိုပြီး နက်နဲပါတယ်။ ဒီတော့ နှစ်နိုင်ငံစလုံး အနေနဲ့ စီးပွားရေး အဆောက်အဦနဲ့ ဆိုင် တဲ့ကိစ္စ၊ လုပ်သားအင်အားတို့ နှစ်နိုင်ငံ စလုံးရဲ့ စည်းမျဉ်း စည်းကမ်းတို့ ဆိုတဲ့ စီးပွားရေး အရင်းအမြစ်တွေကို အဓိက အာရုံစိုက် ဖြေရှင်းသင့်ပါတယ်။ နောက်ပြီး ကမ္ဘာ့စီးပွားရေး ပုံစံ အကူးအပြောင်းမှာ ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်းလို ဟာမျိုးမှာ နှစ်နိုင်ငံစလုံး ပူးပေါင်း လုပ်ဆောင်သင့်ပါတယ်။

နောက်ပြီးတော့ ဝါရှင်တန် အစိုးရ ရော၊ ဘေဂျင်းအစိုးရ အနေနဲ့ရော ငြိမ်းချမ်းရေး၊ ဒေသတွင်း တည်ငြိမ်ရေး၊ ကမ္ဘာ့အစီအစဉ်လိုမျိုး ကိစ္စတွေမှာ နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်နိုင်ပါ တယ်။ ဒီကိစ္စတွေဟာ နှစ်နိုင်ငံစလုံး အတွက် သူမနာ ကိုယ်မနာ အခြေအနေ မျိုး ဖြစ်စေမှာပါ။ တကယ်တော့ နောက် လာမယ့် လေးနှစ်အတွင်း ကြုံတွေ့လာ နိုင်တဲ့ ဒေသတွင်းပြဿနာ၊ ကမ္ဘာလုံး ဆိုင်ရာ ပြဿနာ၊ အစဉ်အလာ မဟုတ်တဲ့ ခြိမ်းခြောက်မှု တွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်မယ့် နည်းလမ်းတွေ ကို ရှာဖွေသင့်ပါတယ်။ ဒေသတွင်း လုံခြုံရေး နဲ့ ပတ်သက်လာရင် မြောက်ကိုရီးယားတို့၊ ပါကစ္စတန်တို့၊ အာဖဂန်နစ္စတန် တို့ပါသလို အရှေ့အလယ်ပိုင်း လုံခြုံရေး ကိစ္စတွေ ဟာလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် နိုင်ဖို့ အလားအလာရှိတဲ့ ကိစ္စတွေပါပဲ။

နောက်ပြီးတော့ ရာသီဥတု ပြောင်းလဲ လာမှုနဲ့ ပတ်သက်တဲ့ ကိစ္စမှာလည်း နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင် နိုင်ပါတယ်။ ဒီပြဿနာ ဟာဆိုရင် နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည် တစ်ခု၊ လူမျိုးတစ်မျိုး၊ အစိုးရတစ်ရပ် တည်းရဲ့စိန်ခေါ်ချက် မဟုတ်ပါဘူး။ ရာသီဥတု ပြောင်းလဲမှုရဲ့ဒဏ်ကို လူတိုင်း ခံစား နေရတာပါ။ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်း ဖို့ဟာက အမျိုးသားရေး မူဝါဒတို့၊ နိုင်ငံတကာ ဆက်ဆံရေးတို့ နဲ့တင် မလုံလောက်ပါဘူး။

ဘယ်နယ်ပယ်တွေ ဟာဖြင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရာမှာ အခက်အခဲ ဖြစ်စေမယ် ထင်ပါသလဲ။

သမိုင်းနဲ့ချီပြီး နှစ်နိုင်ငံ ရင်ဆိုင် နေရတဲ့ ပြဿနာ နယ်ပယ်ကတော့ လူ့ အခွင့်အရေး ကိစ္စနဲ့ စစ်ရေး တည်ဆောက် မှုကိစ္စပါ။ ဒီပြဿနာတွေဟာ ဒုတိယ ကမ္ဘာစစ်နဲ့ စစ်အေးကာလရဲ့ အကျိုးဆက် တွေပါ။ နောက်ပြီး မဖြေရှင်းရသေးတဲ့ ကိုရီးယား ကျွန်းဆွယ် ပြဿနာ၊ တရုတ် ပြည်မကြီးနဲ့ ထိုင်ဝမ်ပြဿနာ၊ တရုတ်နဲ့ ဂျပန် ပြဿနာ တွေလည်း ပါပါတယ်။

ဒီပြဿနာ တွေဟာ မကြာသေးတဲ့ ကာလတွေမှာ အခြေအနေ ပိုဆိုး လာပါတယ်။ ၉/၁၁ ကိစ္စဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ အမေရိကန်ရဲ့ အာရုံဟာ အာရှထက် အီရတ်နဲ့ အရှေ့အလယ်ပိုင်း ကို ရောက်သွား ပါတယ်။ အခုနောက် ပိုင်းမှာ အမေရိကန်ဟာ အာရှဒေသကို ပြန်ပြီး အာရုံ စိုက်လာတဲ့ အခါမှာ အစဉ် အလာအရ ဆက်ဆံခဲ့တဲ့ ထိုင်းတို့၊ ဖိလစ်ပိုင်တို့၊ သြစတြေးလျတို့၊ တောင်ကိုရီးယားတို့၊ ဂျပန်တို့နဲ့ ဆက်ဆံရေး ပြန်လည် တည်ဆောက် ခဲ့ သလို၊ အိန္ဒိယတို့၊ မွန်ဂိုလီးယားတို့နဲ့ လည်း ဆက်ဆံရေး အသစ် တည်ဆောက် လာပါတယ်။ ဒီမှာတင် တရုတ်အနေနဲ့ လုံခြုံမှု မရှိသလို ခံစားလာရတာပါ။

အဲဒီကိစ္စတွေ ကတော့ တရုတ် အနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရာမှာ ကြုံတွေ့ရမယ့် အစဉ်အလာ လုံခြုံရေး ဆိုင်ရာ ပြဿနာတွေပါ။ နောက်ပြီး အမေရိကန် အနေနဲ့က ထိုင်ဝမ်တို့၊ ဂျပန်တို့၊ ဖိလစ်ပိုင်တို့ အပါအဝင် အာရှ ပစိဖိတ်ဒေသ မှာရှိတဲ့ နိုင်ငံတွေနဲ့ စစ်ရေး သို့မဟုတ် မဟာဗျူဟာ စာချုပ်တွေ ကနေတစ်ဆင့် ဆက်ဆံရေး နှောင်ဖွဲ့မှုတွေ လုပ်နေပါ တယ်။ ဒီကိစ္စတွေကတော့ တရုတ်နဲ့ အမေရိကန် အကြားမှာ ယုံကြည်မှု အနည်းဆုံး အခြေအနေကို ဖြစ်စေမယ့် နယ်ပယ် တွေပဲဖြစ်ပါတယ်။

ဒါပေမဲ့ ကမ္ဘာကြီးဟာ ဒေသတွင်း ပြဿနာအသစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြဿနာ အသစ်တွေ ကြုံတွေ့နေရတဲ့ ခေတ်သစ် တစ်ခုကို ဝင်ရောက် နေပါပြီ။ အဲဒီခေတ်သစ် ကမ္ဘာကြီးထဲမှာ အစဉ် အလာပုံစံမျိုး မဟုတ်တဲ့ လုံခြုံရေး ဆိုင်ရာ ပြဿနာတွေလည်း ရှိလာပါတယ်။ ဒီနယ်ပယ် ဟာလည်း နှစ်နိုင်ငံအကြား တိုးမိ တိုက်မိနိုင်တဲ့ နယ်ပယ်တွေပါပဲ။ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ကမ္ဘာကြီး မှာ အေဂျင်စီ အသစ်တွေ နိုင်ငံမဟုတ် သော သရုပ်ဆောင်သစ်တွေ (အယ်လ်ကေဒါ အကြမ်းဖက် အဖွဲ့အစည်း) စသည် ပေါ်ထွက်လာသလို စီးပွားရေး ဟာလည်း ကမ္ဘာ့စီးပွားရေး အကူးအပြောင်း ဖြစ်စဉ် တွေကို ဖြစ်လာစေပါတယ်။

ဒီတော့ တရုတ်နဲ့အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံများ အနေနဲ့ သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေးပြဿနာ တွေ၊ မီဒီယာ၊ နည်းပညာ၊ နိုင်ငံရေး၊ စီးပွားရေး စတဲ့ မျက်နှာစာ ပေါင်းစုံကနေ ထွက်ပေါ် လာနေတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အတွက် ပူးပေါင်းလုပ်ဆောင် ဖို့ လိုအပ်ပါတယ်။

ဒီ လုံခြုံရေး ပြဿနာတွေကို ရည်ရွယ် ဖြေရှင်းနိုင်ဖို့ တရုတ်နဲ့ အမေရိကန်တို့ ဘာတွေ လုပ်နိုင်မယ် ထင်ပါသလဲ။

တရုတ်နဲ့ အမေရိကန်ကြားမှာ ဖြစ်နေတဲ့ အဓိက အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ဆိုရင် တရုတ်ခေါင်းဆောင် ဟောင်း တိန့်ရှောင်ဖိန်ရဲ့အဆိုပြုချက် ဟာ လက်တွေ့ကျဆဲပါပဲ။ သူပြောတာ က "ထိုင်ဝမ်လို အရှေ့တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှု ကိစ္စမျိုးတွေဟာ သူ့ထက်ပိုကြီးတဲ့ အရေးကိစ္စတွေ အတွက် ဘေးဖယ် ထားသင့်ပါတယ်" လို့ ဆိုတာမျိုးပါ။

နောက်ပြီးတော့ ၁၉၇၂ ခုနှစ်က တရုတ်နိုင်ငံကို အလည်အပတ်သွား ရောက်ခဲ့တဲ့ အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင်က တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းနဲ့ တွေ့တုန်း ထိုင်ဝမ်ကိစ္စ ဆွေးနွေးတဲ့ အခါ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းက "ထိုင်ဝမ်က သေးသေး လေးပါဗျာ။ ကမ္ဘာကြီးက အကြီးကြီး" ဟု ပြန်လည် ပြောကြားခဲ့တာတွေက လက်တွေ့ ကျတယ်ပြောရမယ်။

တရုတ်နဲ့ အမေရိကန်ကြားမှာ ရှိနေတဲ့ အစဉ်အလာ လုံခြုံရေးပြဿနာ ဟာ အခုမှပေါ်လာတဲ့ ပြဿနာအသစ် မဟုတ်သလို ချက်ချင်း လက်ငင်းကြီး ဖြေရှင်းလို့လည်း မရနိုင်ပါဘူး။ ဒါ့အပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုတို့၊ သံတမန်ရေး အငြင်းပွားမှုတို့၊ တခြားအဓိကကျတဲ့ စိန်ခေါ်မှုတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဒီပြဿနာ တွေဟာ အဲဒီလောက်လည်း အရေးမကြီးသလို၊ အဲဒီလောက်လည်း အဆောတလျင် ဖြေရှင်း ရမယ့်ပြဿနာတွေ မဟုတ်ပါဘူး။

ဒါကြောင့်မို့ တရုတ်၊ အမေရိကန် နဲ့ ဂျပန်တို့ အနေနဲ့က အစဉ်အလာ ပိုင်နက် အငြင်းပွားမှုတွေကို ဘေးဖယ် ထားသင့်ပါတယ်။ ဥပမာအနေနဲ့ တရုတ်နဲ့ ဂျပန် အငြင်းပွားနေတဲ့ ဒိုင်အိုယု သို့မဟုတ် ဆန်ကကူကျွန်း ကိစ္စလိုဟာမျိုး၊ တောင်တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှုလို ဟာမျိုးပေါ့။ ဒါမျိုးတွေကို ခဏဘေးဖယ်ထားပြီး လတ်တလော အရေးတကြီး ဖြေရှင်းရ မယ့် သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေး ပြဿနာတွေကိုပဲ ပူးပေါင်း ဖြေရှင်းသင့် ပါတယ်။ ဒီလို ဖြေရှင်းခြင်း အားဖြင့် တရုတ်ရော၊ အမေရိကန်ရော တခြား နိုင်ငံတွေ အတွက်ပါ အကျိုးကျေးဇူး ရှိစေမှာပါ။ အထူးသဖြင့်တော့ တရုတ်ရော၊ အမေရိကန်ရောဟာ စစ်အေးကာလ အမြင်မျိုးနဲ့ လုပ်ဆောင် နေတာတွေ၊ နိုင်ငံတချို့နဲ့ အထူးမဟာမိတ် ဖွဲ့နေတာမျိုးတွေကို ရပ်တန်းက ရပ်သင့်ပါတယ်။ အဲဒီလိုလုပ်နေမယ့် အစား နှစ်နိုင်ငံစလုံး အနေနဲ့ ဒေသတွင်း လုံခြုံရေးလို ကိစ္စမျိုးတွေမှာ ပူးပေါင်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

အဲဒီလို ပိုင်နက် အငြင်းပွားမှုလို သမားရိုးကျ လုံခြုံရေး ပြဿနာတွေက နောက်ဆုံး မှာတော့ ဖြေရှင်းဖို့ နည်းလမ်း ရှာတွေ့လာမှာပါ။ စိတ်ရှည်ဖို့တော့ လိုတာပေါ့။ နောက်တက်လာမယ့် မျိုးဆက်တွေ ကလည်း ပိုတော်ကြမှာပဲ လေ။ တရုတ်-အမေရိကန် ဆက်ဆံရေး ဟာ ကမ္ဘာမှာ အရေးပါဆုံးသော နှစ်နိုင်ငံ ဆက်ဆံရေး ဖြစ်မယ်ဆိုရင် တရုတ်နဲ့ အမေရိကန် ခေါင်းဆောင်တွေ အကြား မှာရှိတဲ့ ယုံကြည်မှုဟာ အလွန် အရေးကြီးတာပေါ့။ တကယ်လို့ အမေရိကန်က တရုတ်ကို ကြိုတင် အသိမပေးဘဲ ထိုင်ဝမ် ကို လက်နက်တွေ ဆက်ရောင်းနေရင်၊ တိဘက်ခေါင်းဆောင် ဒလိုင်းလားမားနဲ့ တွေ့နေမယ် ဆိုရင်၊ ဒါမှမဟုတ် အမေရိကန် အနေနဲ့ သူ့ရဲ့စစ်အေးခေတ်က မဟာမိတ် တွေနဲ့ပဲ အစေးကပ်နေမယ် ဆိုရင်တော့ တရုတ်အနေနဲ့က အဲဒီအခြေအနေကို အဆိုး စာရင်းထဲ ထည့်မှာပဲ။ ဒီတော့ နှစ်နိုင်ငံ ခေါင်းဆောင်သစ်တွေ အနေနဲ့ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှု လွဲမယ့် ကိစ္စမျိုး အဓိက ဦးတည် ဖြေရှင်းသင့်တယ်။

ဒီရေးရာ နယ်ပယ်တွေမှာလည်း တိုးတက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ - ထိုင်ဝမ် ကိစ္စဟာ တရုတ်နဲ့ အမေရိကန်ကြားမှာ အရင်က လုံးဝ အထိမခံတဲ့ ကိစ္စမျိုးပါ။ ဒါပေမဲ့ တဖြည်း ဖြည်းနဲ့ ဒီကိစ္စအပေါ် သဘောထားတင်းမာ တာမျိုးတွေ နည်းလာတာ တွေ့ရပါတယ်။ ဒီလိုပဲတရုတ်နဲ့ ဂျပန်ကြားမှာ အငြင်းပွား နေတဲ့ ဒိုင်အိုယု သို့မဟုတ် ဆန်ကကူ ကျွန်းစုအရေး ဆိုရင်လည်း တဖြည်းဖြည်း တင်းမာမှုတွေ လျော့လာ နိုင်ပါတယ်။ ဒီပြဿနာက ပြည်သူတွေနဲ့ မီဒီယာ တွေမှာ အထိမခံတဲ့ ကိစ္စဖြစ်နေပေမယ့် နှစ်နိုင်ငံစလုံး အနေနဲ့က စီးပွားရေးပြန်လည် ကောင်းမွန်ဖို့ ကိုသာ ဦးစားပေးကြမှာပါ။

တရုတ် ခေါင်းဆောင်သစ် ရှီကျင်းပင်း နဲ့ အမေရိကန်သမ္မတ အိုဘာမားရဲ့ ဒုတိယ မြောက် သမ္မတသက်တမ်းမှာ နှစ်နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒအ ပြောင်းအလဲက ဘာဖြစ်လာနိုင်မယ် ထင်သလဲဗျ။

ကျွန်တော့် အထင်တော့ အမေရိကန် သမ္မတ အိုဘားမားရဲ့ ဒုတိယ သက်တမ်းက သူ့ရဲ့ပထမ သက်တမ်းထက် ပိုပြီး လွယ်ကူမယ်လို့ ထင်ပါတယ်။ ၂ဝဝ၉ ခုနှစ်တုန်းကတော့ သူက သမ္မတသစ်လည်း ဖြစ်တယ်၊ ပြီးတော့ ဒီလို အဆင့်မြင့်တဲ့ ရာထူးမျိုး၊ သူအရင်က တာဝန်မယူဖူး သေးဘူးလေ။ နောက်ပြီး သူအိမ်ဖြူတော် ကို ရောက်တော့ ဘဏ္ဍာရေး အကျပ်အတည်း ပြဿနာကိုပဲ အရေးတယူ ဖြေရှင်းခဲ့ရ တာလေ။ အခုအချိန်ကတော့ သူ့ရဲ့ဒုတိယ သမ္မတ သက်တမ်းလည်း ဖြစ်တယ်၊ လေးနှစ် လောက်လည်း သမ္မတ အတွေ့အကြုံရှိ ထားပြီးပြီ ဆိုတော့ ပြဿနာတွေ၊ရေးရာ ကိစ္စတွေကို တခြား ကမ္ဘာ့ခေါင်းဆောင် တွေလိုပဲ သိတဲ့သူတစ်ယောက် ဖြစ်လာ ပြီလေ။ သူ့ရဲ့အစီအစဉ် တွေဟာ အရင် ကထက် ပိုပြီး လက်တွေ့ကျမယ်၊ ပိုပြီး ကြောင်းကျိုး ဆီလျော်မှု ရှိပါလိမ့်မယ်။

ဒီတော့ တရုတ်တို့ အာရှတို့နဲ့ ပတ်သက်တဲ့ အိုဘားမားရဲ့ နိုင်ငံခြားရေး မူဝါဒဟာ သိပ်ပြီး အဆက်အစပ်မဲ့တာ မျိုးတွေ မဖြစ်လောက်ပါဘူး။ အခု အချိန်ကာလဟာ တရုတ်နဲ့ အမေရိကန် အကြားမှာ စစ်အေးတိုက်ပွဲ အသစ်လည်း မဟုတ်ပါဘူး။ ဖြစ်ဖို့လည်း မလိုပါဘူး။ လိုအပ်နေတာက ချိန်ညှိမှု ပြုလုပ်ဖို့ လိုတာပါ။ အိုဘားမား အနေနဲ့ ကြီးသည် ငယ်သည်မရွေး အာရှနိုင်ငံတွေနဲ့ အဆက်အသွယ် လုပ်ဖို့ လိုအပ်ပါတယ်။

အိုဘားမားချိန်ညှိဖို့ လိုတဲ့ကိစ္စက အမေရိကန်ရဲ့“အာရှမဏ္ဍိုင်” ဆိုတဲ့ကိစ္စ ကို အဓိပ္ပာယ် ဖွင့်ဆိုတာပါ။ အမေရိကန် က အာရှမဏ္ဍိုင် ဆိုပြီး ကြေညာလိုက်တဲ့ အခါမှာ အာရှနိုင်ငံဆီကို မှားယွင်းတဲ့ အချက်ပြ သင်္ကေတ ပြလိုက်သလို ဖြစ်သွား ပါတယ်။ အာရှနိုင်ငံတွေ အနေနဲ့ အမေရိကန် ဘက်က နေရမှာလား၊ တရုတ်ဘက်က နေရမှာလားဆိုတဲ့ အကျပ်အတည်းမျိုးကို ကြုံတွေ့ခဲ့ရပါ တယ်။ အမေရိကန်သမ္မတ အိုဘားမား အနေနဲ့ သူ့ရဲ့သမ္မတ ဒုတိယသက်တမ်း လေးနှစ် အတွင်းမှာ ဒီကိစ္စအပေါ် ကိုင်တွယ် ဖြေရှင်းသင့်ပါတယ်။

တရုတ် ခေါင်းဆောင်သစ် အနေနဲ့ လည်း သူ့ရဲ့အာရှဒေသမှာရှိတဲ့ ဂျပန် လို၊ ရုရှားလို၊ အိန္ဒိယလို အိမ်နီးချင်း နိုင်ငံမျိုးတွေ အပေါ်မှာ အာရုံစိုက်ပါ လိမ့်မယ်။ ကျွန်တော် ခံစားမိတာက တော့ တရုတ်ဟာ အမေရိကန်နဲ့ ဆက်ဆံရေးကို အရေးကြီးမှန်းသဘော ပေါက်ပေမယ့် သူ့ရဲ့အိမ်နီးချင်းနိုင်ငံ တွေနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ထိန်းသိမ်းဖို့ကိစ္စမှာ သိပ်လုပ်တာ မတွေ့ရဘူး။ တရုတ်နိုင်ငံခြားရေး မူဝါဒ ဟာ အာရှဒေသတွင်းမှာ ပိုပြီးဟန်ချက် ညီတဲ့၊ ပိုပြီး ပူးပေါင်းမှုရှိတဲ့၊ ပိုပြီး ကျယ်ပြန့်တဲ့ မူဝါဒမျိုး ဖြစ်သင့်ပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စမှာ ဘယ်အရာတွေ က အတားအဆီး ဖြစ်နေတာပါလဲ။

တရုတ်မှာ အမေရိကန် ရင်းနှီးမြှုပ်နှံ မှုတွေ တိုးပြီး မလုပ်တော့တာရဲ့အကြောင်း အရင်း တစ်ချက်က အမေရိကန် အနေနဲ့ ပြည်တွင်းကို ပိုပြီး အာရုံကျလာတာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမျိုး အထိ ဖြစ်လာတဲ့ တိမ်းညွတ်ချက်တွေ ကြောင့်ပါ။ အမေရိကန် အနေနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာ ပူးပေါင်းမှုကိစ္စ ဒီနှစ်ခုစလုံး မှာ ပိုပြီး လမ်းဖွင့်ထားတာမျိုး လုပ်ဖို့ လိုပါတယ်။ ဒီလို ဖွင့်ပေးခြင်း အားဖြင့် အမေရိကန် စီးပွားရေးနဲ့ အမေရိကန်မှာ အလုပ်အကိုင် ရရှိမှုကိုရော ထောက်ကူ ပေးနိုင်ပါလိမ့်မယ်။ နောက်ပြီး တရုတ် နဲ့ နည်းပညာပူးပေါင်းမှုက နှစ်နိုင်ငံလုံး ရဲ့ကုန်သွယ်ရေး ညီမျှမှုကို အားပေး ပါလိမ့်မယ်။

ဒီနေရာမှာ ထပ်ဖြည့်ပြောရရင် တော့ နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့ တရုတ်မှာ ဘယ်လို စီးပွားရေး လုပ်ရမယ် ဆိုတာ လေ့လာနေဆဲ အဆင့်မှာပဲ ရှိပါ သေးတယ်။ တရုတ်မှာ ရင်းနှီးမြှုပ်နှံ ထားကြတဲ့ အမေရိကန် ကုမ္ပဏီတွေ၊ ဂျပန် ကုမ္ပဏီတွေ၊ ဂျာမနီကုမ္ပဏီတွေ အနေနဲ့ တချို့အောင်မြင်ကြသလို၊ တချို့ အောင်မြင်မှု မရကြပါဘူး။

ဒီလို အခက်အခဲကြုံရတဲ့ အကြောင်းကတော့ တစ်ခါတစ်ရံမှာ နည်းပညာပိုင်း ကြောင့်ပါ။ ဒါတင် မကသေးဘူး။ တရုတ်ဈေးကွက်၊ တရုတ်ယဉ်ကျေးမှု၊ တရုတ်လူမျိုးတွေ ရဲ့အကြိုက်တွေ မတူကြတာကလည်း အကြောင်းရင်း တစ်ရပ်ပါ။ တရုတ်မှာ စီးပွားရေး ဘယ်လိုလုပ်မလဲ ဆိုတဲ့ ကိစ္စ ဟာ နိုင်ငံခြား ကုမ္ပဏီတွေ ရင်ဆိုင်နေရ တဲ့ပြဿနာ တစ်ခုပါ။

ဒီလိုပါပဲ တရုတ် ကုမ္ပဏီတွေ အနေနဲ့လည်း အမေရိကန်မှာ ရင်းနှီး မြှုပ်နှံရာမှာ အခက် တွေ့နေကြပါတယ်။ အကြောင်းကတော့ တရုတ် ကုမ္ပဏီတွေ အနေနဲ့ ကမ္ဘာ့ ဈေးကွက်မှာ ဝင်ရောက် လှုပ်ရှားနိုင်ဖို့ ရာမှာ အတွေ့အကြုံနည်း ပါးသေးတာ ကြောင့်ပါ။ ဒီတော့ အမေရိကန် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်မှာ အသားကျ ဖို့ရာ အတွက်က တရုတ်ကုမ္ပဏီတွေ အနေနဲ့ အချိန်ပို လိုအပ်ပါတယ်။ ဒီလို အချိန်ရဖို့ အတွက် အမေရိကန် အစိုးရအနေနဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှု တွေကို ငြင်းပယ် တာမျိုး မလုပ်သင့်ပါဘူး။

ဒီတော့ တရုတ်ရော အမေရိကန်ပါ ချိန်ညှိမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။ လက်ရှိ အချိန်မှာတော့ တရုတ်မှာ ရင်းနှီးမြှုပ်နှံမယ့် အမေရိကန် ကုမ္ပဏီတွေ အတွက်ရော၊ အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမယ့် တရုတ် ကုမ္ပဏီတွေ အတွက်ရော ကိုင်တွယ်ဖြေရှင်း နိုင်မယ့် မူဘောင် မရှိသေးပါဘူး။ နှစ်နိုင်ငံ စလုံးမှာက အဲဒီရင်းနှီးမြှုပ်နှံမှုတွေ အတွက် ပြဿနာ တစ်ခုချင်း စီကိုသာ သီးခြား ကိုင်တွယ် နေကြတာပါ။ ဒီလိုဖြစ်နေတာက ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံ အတွက် ကောင်းတယ်လို့ မပြောနိုင် ပါဘူး။

Ref: Promise and Pitfalls of the U.S.-China Relationship
Ref:thevoicemyanmar

Tuesday, January 29, 2013

အဖြစ်အပျက်တစ်ခုကို မြင်ဖူးသလိုခံစားရခြင်း (Déjà vu)

 
ကျနော်ခပ်ငယ်ငယ်တုန်းက မိဘတွေ နဲ့ အတူတူ တောမြို့လေးတစ်ခုကို သွားခဲ့တယ်။အဲဒီမှာတည်းတဲ့အိမ်ကို အရောက်မှာကျနော်အဲဒီအိမ်ကို ရောက်ဖူးသလိုခံစားရတယ်။ ဒီမြင်ကွင်းတွေကိုလည်း မြင်ဖူးသလိုပဲ။ ဒါနဲ့မိဘတွေကိုပြောပြလိုက်တော့ ၀ိုင်း ရယ်ကြတယ်။ ရယ်မှာပေါ့ သူတို့တောင်ခုမှရောက်ဖူးတဲ့ နယ်လေးတစ်ခုကို ကျနော်ရောက် ဖူးတယ်ထင်တယ်လို့ ပြောလိုက်မိ တာကိုး။ အဲဒီတုန်းကစိတ်ထဲမှာတော့ ဇဝေဇ၀ါပဲ။ စိတ်ကူးယဉ်တတ်တဲ့အရွယ်ဆိုတော့ ငါပဲစွမ်းအင်တွေ များရပြီး ရှေ့ကြိုမြင်နေတာလားလို့ထင်မိသေးတာ။ နည်းနည်းကြီးလာတော့လည်း အဲလိုအဖြစ်အပျက်တွေ ခဏခဏကြုံရတယ်။ အဖြစ်အပျက်တစ်ခုကိုတွေ့လိုက်မိရင် စိတ်ထဲမှာအရင်ကဖြစ်ခဲ့ဖူးသလို၊ ရှေ့ကိုပဲကြိုမြင်နေသလို ထင်မိတယ်။ စိတ်ထဲကနေဒီအဖြစ်အပျက်မျိုး ငါမြင်ဖူးပါတယ်လို့ စဉ်းစားမိတယ်။ ဘယ်သူ့ကိုမှလည်း မပြောရဲဘူး။ တော်ကြာကိုယ့်ကိုစိတ်ဂယောက်ဂယက်ဖြစ်နေတယ်လို့လည်း ထင်မှာစိုးရသေးတာကိုး။ တခြားသူတွေမှာလည်း ဖြစ်တတ်မှန်း သတိမထားမိခဲ့ဘူး။ အင်္ဂလိပ်လို Déjà vu လို့ခေါ်တယ်ဆိုတာကိုတောင် သိတာသိပ်မကြာသေးဘူးဗျ။ ရုပ်ရှင်ကားတစ်ကားကြည့်ရင်းနဲ့ ရုပ်ရှင်ထဲမှာ အဲလိုအဖြစ်အပျက်ကို Déjà vu လို့ညွှန်းပြီးပြောသွားတော့မှ သတိထားမိတယ်။ အဲဒါနဲ့ ဒီလိုအဖြစ်မျိုးတွေ တွေ့ကြုံနေရတတ်ပြီး ဘာမှန်းညာမှန်းမသိ၊ သူများကိုလည်း မပြောရဲဖြစ်နေတဲ့သူတွေအတွက် ကျနော်ဖတ်မိထားတာလေး ဝေမျှပေးလိုက်ပါတယ်။

Déjà vu ဆိုတာက အဖြစ်အပျက်တစ်ခုကို သိနေသလိုမျိုးခံစားရတာဖြစ်ပါတယ်။ သိတာကလည်း ဇဝေဇ၀ါ ဖြစ်တာမျိုးမပာုတ်ပါဘူး။ ဥပမာပြောရရင် Déjà vu ဆိုတာအရင်ကတွေ့ခဲ့ဖူးတဲ့လူတစ်ယောက်ကို လမ်းမှာပြန်တွေ့ရင် မမှတ်မိတဲ့ခံစားချက်မျိုးမပာုတ်ဘူး။ ဒီအဖြစ်အပျက်ပာာ ကျိန်းသေကိုဖြစ်ပျက်ခဲ့ဖူးတယ်လို့ ခံစားရတာမျိုးပါ။ အဓိကဖြစ်တာကတော့ အရာဝထ္ထုတစ်ခု၊ အဖြစ်အပျက်တစ်ခုကို တွေ့ကြုံလိုက်ရတဲ့အချိန်မှာ ဦးနှောက်က အဲဒါကိုဘာလဲဆိုတာပုံဖော်ပါတယ်။ အဲဒီမှာ ဒီအဖြစ်အပျက်ပာာ ရင်းနှီးပြီးသားလား၊ ကိုယ်နဲ့အစိမ်းသက်သက်လားဆိုပြီး ဆုံးဖြတ်ချက်ပေးပါတယ်။ အဲလိုဆုံးဖြတ်ချက်ပေးတဲ့အချိန်မှာ တခါတရံမှာ ဦးနှောက်က မှားယွင်းပြီးဆုံးဖြတ်လိုက်ပါတယ်။ အဲဒါကဘာလဲဆိုတော့ ကိုယ်တစ်ခါမှမမြင်ဖူးတဲ့အဖြစ်အပျက်တစ်ခုကို ကြုံတွေ့နေပါရက်နဲ့ ဒီလိုမျိုးအဖြစ်အပျက်ဖြစ်ဖူးတယ်လို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ Déjà vu ပာာအကြားအမြင်ရနေတာ၊ ရှေ့ဖြစ်ကိုသိနေတာမျိုးမပာုတ်ပါဘူး။ တကယ်တော့ ဦးနှောက်ရဲ့မှတ်ဥာဏ်ပိုင်းဆိုင်ရာ မှားယွင်းဖော်ပြတာပါ။ အဲဒါကြောင့် Déjà vu ဖြစ်ပြီဆိုရင် မြင်ဖူးတယ်၊ ဖြစ်ဖူးတယ်လို့ ခံစားမိနေပေမယ့် ဘယ်အချိန်တုန်းက၊ ဘယ်နေရာမှာဆိုတာ စဉ်းစားလို့မရပါဘူး။ အိပ်မက်ထဲမှာပဲလား၊ အပြင်မှာဖြစ်ခဲ့တာလား ဘယ်လိုမှမသဲကွဲပါဘူး။ Déjà vu ပာာရောဂါမပာုတ်ပါဘူး။ ကမ္ဘာ့ လူဦးရေရဲ့ ၃ပုံ၂ပုံပာာ Déjà vu ကိုခံစားရလေ့ရှိပါတယ်။ Déjà vu ပာာရောဂါတစ်ခုမပာုတ်ပေမယ့် temporal lobe epilepsy (၀က်ရူးပြန်ရောဂါ) တစ်မျိုးနဲ့တော့ ဆက်စပ်မှုရှိပါတယ်။ Déjà vu ပာာ တချို့ဆေးတွေနဲ့လည်းဆက်စပ်မှုရှိပါတယ်။ တုပ်ကွေးသက်သာအောင်သုံးတဲ့ဆေးတွေဖြစ်တဲ့ amantadine and phenylpropanolamine ဆေးတွေပာာ Déjà vu ဖြစ်စေတယ်လို့ဆိုပါတယ်။ အဲဒီဆေးတွေပာာ ဒိုပါမင်း(Dopamine) ဓါတ်ကိုများစေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ဗပာုသုတအနေနဲ့ပဲဖော်ပြပေးလိုက်တာပါ။ Déjà vu ဆိုတာကိုနားမလည်သေးခင်တုန်းက အတော်လေးကိုစိတ်ကသိကအောက်ဖြစ်ရပါတယ်။ ကိုယ်မြင်ဖူးသလို၊ ခံစားဖူးသလို ဒါပေမယ့်လည်း ဘယ်လိုမှတွေးမရ။ ရှေ့ပဲကြိုမြင်နေတာလား ရူးပဲရူးနေပြီလားဆိုပြီး အမျိုးမျိုးတွေးမိပါတယ်။ Déjà vu ဆိုတာကိုဖတ်မိပြီးနားလည်သွားတဲ့အခါကျတော့ အခုဆိုရင် အဲလိုအဖြစ်အပျက်မျိုးကြုံရရင် အော်ငါ Déjà vu ဖြစ်နေတာပါလားဆိုပြီး နားလည်သွားတော့ စိတ်သက်သာသွားပါတယ်။ လိုက်ပြီးငါမြင်ဖူး တွေ့ဖူးတယ်လို့ဆက်စဉ်းစားစရာမလိုတော့ပါဘူး။ အတော်လေးစိတ်ချမ်းသာသွားရပါတယ်။
Posted by Dr. Thurein Hlaing Win (www.academicmedicines.blogspot.com)

န၀တရဲ့ ၂/ ၈၈ အမိန့်ကို ဖျက်သိမ်းလိုက်ပြီ


ရှစ်လေးလုံး အရေးတော်ပုံ ကာလ ရန်ကုန်မြို့ မြင်ကွင်း
တချိန်က စစ်အစိုးရရဲ့ လက်စွဲ အမိန့်အမှတ် ၂/၈၈ ကို သမ္မတ ဦးသိန်းစိန်က လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပါ ဥပဒေ ပုဒ်မ ၄၄၇ နဲ့ ဆန့်ကျင်နေတဲ့အတွက် ဇန်န၀ါရီလ ၂၈ ရက်နေ့ နေ့စွဲနဲ့ သမ္မတရဲ့ အမိန့်အမှတ် ၃/ ၂၀၁၃ နဲ့ ဖျက်သိမ်းလိုက်ပါပြီ။

ဒီအမိန့်ဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၄ နှစ်ကျော်ကြာပြီးနောက် အခုလို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

မြန်မာ့အလင်းသတင်းစာ


မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဆိုတဲ့ စစ်ကောင်စီ အစိုးရက အမိန့်တွေ ဆက်တိုက်ထုတ်ခဲ့ပါတယ်။

အဲဒီအထဲမှာ ဒုတိယမြောက် အမိန့်ဖြစ်တဲ့ ၂ / ၈၈ ဆိုတဲ့ လူ ၅ ဦးထက် ပို မစုရ၊ ဆန္ဒမပြရဆိုတဲ့ အမိန့်ဟာ ထိုစဉ် က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေသာမက၊ အခြားသော နိုင်ငံသားတွေအတွက်ပါ ထိရောက်စွာ အရေးယူခဲ့တဲ့ အမိန့်ပုဒ်မလည်းဖြစ်ပါတယ်။

ဒီအမိန့်နဲ့ လူစုခွဲ၊ ပစ်မိန့်ပေးနိုင်တဲ့ အတွက် ၂/၈၈ အမိန့်ဟာ ယခင် စစ်အစိုးရများ တလျှောက်လုံး ကျင့်သုံး ခဲ့တာလည်းဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးအကြောင်း (Dengue)

ကျွှန်တော်တို့တတွေ သွေးလွန်တုတ်ကွေး(ရိုးရိုးတုတ်ကွေးမဟုတ်ပါဘုး)နှင့်ပတ်သက်ပြီး အလွန်ပေါ့ပေါ့ နေတတ်ကျတာကိုတွေ့မြင်နေရလို့ ဒီရောဂါပြင်းထန်ရင် မိမိအသက်ကိုတောင်ယူသွားနိုင်တယ်ဆိုတာ သိတဲ့လူနည်းပါတယ်၊ အထူးသဖြင့် ဗမာပြည်ကလဲ လူထုတွေ ခြင်ကိုက်ရင် ဖြုံတောင်မဖြုံကျပါဘူးလေ...ခလေးတွေအတွက်ပို အန္တရယ်များတယ်ဆို သိစေချင်လို့တဆင့်ကူးယူဖော်ပြလိုက်ပါတယ်...

Dr. Thurein Hlaing Win (www.academicmedicines.blogspot.com)
သွေးလွန်တုပ်ကွေးအကြောင်း (Dengue) ကျနော့်ဘလော့တွင် အခုတစ်လော ဆေးပညာနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေတင်တာနည်းနေပြီး ဆရာဝန်လူနာဆက်ဆံရေး ဆောင်းပါးတွေပဲ တင်ဖြစ်နေတဲ့ အတွက် တောင်းပန်ပါတယ်။ ကျနော်လည်း ရေးမယ်ရေးမယ်နဲ့ ကျနော်ကိုယ်တိုင် နေမကောင်းတာရော၊ Facebook မှာအမျိုးသားရေးစိတ်ဓါတ်များပြင်းထန်နေသောကြောင့်ရော မရေးဖြစ်တာပါ။
အခုတစ်ခါတော့ မိုးရာသီရောက်ရင် ကျနော်တို့နိုင်ငံမှာ နှိပ်စက်နေကျ သွေးလွန်တုပ်ကွေး အကြောင်းကို တင်ပြလိုက်ပါတယ်။ အင်္ဂလိပ်လိုDengueလို့ခေါ်တဲ့ သွေးလွန်တုပ်ကွေးပာာ ခြင်ကိုက်ခံရခြင်းမှ တဆင့် ကူးစက်တဲ့ရောဂါပိုး ကြောင့်ဖြစ်ပါတယ်။
 
အိန္ဒိယ၊အရှေ့တောင်အာရှနဲ့အာဖရိကတိုက်တို့မှာအများဆုံးဖြစ်ပွားပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ရောဂါပိုးကို သယ်ဆောင် တဲ့ခြင်ပာာ Aedes aegypti လို့ခေါ်တဲ့ ခြင်မျိုးစိတ်ဖြစ်ပါတယ်။ မြန်မာလိုတော့ ခြင်ကျားလို့ခေါ်တဲ့ခန္ဒာကိုယ်မှာအကျားအကျားတွေပါတဲ့ ခြင် မျိုးစိတ်ဖြစ်ပါတယ်။ဒီခြင်တွေအဓိက ပေါက်ဖွား တဲ့ နေရာကတော့ ကြည်လင်တဲ့ရေသေတွေမှာ ဖြစ်ပြီး ဒီခြင်တွေအဓိက ကျက်စားတဲ့အချိန်ကတော့ နေ့ဘက်အချိန်တွေဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားစေတဲ့ပိုးပာာ flavivirus လို့ခေါ်တဲ့ဗိုင်းရပ်စ် တစ်မျိုးဖြစ်ပါတယ်။ ဒီပိုးပာာ အမျိုးအစားလေးမျိုးရှိပါတယ်။ အဲဒီအမျိုးအစားလေးမျိုးလုံးကသွေးလွန်တုပ်ကွေးရောဂါကိုဖြစ်တတ်ပါတယ်။သွေးလွန်တုပ်ကွေးရောဂါပာာ အဓိကအားဖြင့်တော့အသက်၁၅နှစ်အောက်တွေမှာဖြစ်တတ်ပေမယ့် အသက်ကြီးသူတွေမှာလည်းဖြစ် တတ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများပာာ ပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရပြီး ၃ရက်မှ ၈ရက်အကြာတွင် စတင်ပြသပါတယ်။ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာပာာ ရောဂါလက္ခဏာ၃ဆင့်နဲ့ ပြသပါတယ်။ ပထမအဆင့်မှာတော့ ကိုယ်အပူချိန်မြင့်တာနဲ့စပါတယ်။ ကိုယ်အပူချိန်မြင့်တက်လာတာနဲ့အတူ ခေါင်းကိုက်ခြင်း၊ တကိုယ်လုံးကိုက်ခဲနေခြင်း၊ ပျို့ချင်အန်ချင်ခြင်း၊ ဘာမှ မစားချင်မသောက်ချင်ဖြစ်ခြင်း စတာတွေဖြစ်တတ်ပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းတစ်လျှောက်မှာ သွေးယိုစိမ့်တဲ့အတွက်ကြောင့် ကော်ဖီရောင်၊ အညိုရောင်များအန်ခြင်း၊ ၀မ်းမည်းမည်းများသွားခြင်း တို့ဖြစ်တတ်ပါတယ်။တစ်ခါတစ်လေမှာ ခန္ဒာကိုယ်မှာ အစက်အပြောက်တွေလည်း ဖြစ်ပေါ်တတ်ပါတယ်။ သွေးလွန်တုပ်ကွေးမှာ ကိုယ်အပူချိန်မြင့်တက်ခြင်းမှာ အပူချိန် ၁၀၄ ဒီဂရီစင်တီဂရိတ်(၄၀ဒီဂရီဖာရင်ပိာုက်) အထိရှိတတ်ပါတယ်။သွေးလွန်တုပ်ကွေးဖြစ်နေတဲ့သူအများစုပာာပထမအဆင့်မှာ လွတ်သွားကြတာများ ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့အထက်မှာဖော်ပြထားတဲ့ သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရထားသူရဲ့ ရောဂါလက္ခဏာတွေပာာပုံမှန်ရာသီဥတုအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေးရောဂါနဲ ဘာမှသိပ်မကွာ တာကြောင့် အများအားဖြင့် သွေးလွန်တုပ်ကွေး မှန်းမသိလိုက်တာများပါတယ်။
 
ဆရာဝန်နဲ့ပြသမိတဲ့အခါမှ Hess' test လို့ခေါ်တဲ့သွေးပေါင်ချိန်တိုင်းတဲ့ ကိရိယာနဲ့စစ်ဆေးကြည့်မှသာ သွေးလွန်တုပ်ကွေးမှန်းသိရပါတယ်။ ဒါကြောင့် အခုလို မိုးရာသီမျိုးမှာ ဖျားနာခဲ့မယ်ဆိုရင် သွေးလွန်တုပ်ကွေးအသိမမေ့ဖို့အရေးကြီးပါတယ်။အများအားဖြင့်တော့ ကိုယ်ခံအားကောင်းတဲ့ သူအများစု မှာ ပထမအဆင့်မှာတင် သွေးလွန်တုပ်ကွေးရောဂါပာာ ပျောက်သွားပါတယ်။ ဒါပေမယ့် အချို့ကိုယ်ခံအားမကောင်းတဲ့သူတွေမှာတော့ ဒီရောဂါပာာ နောက်တစ်ဆင့်ကို တက်သွားပါတယ်။ သွေးလွန်တုပ်ကွေးရောဂါမှာတော့ Critical phase လို့သုံးပါတယ်။ ဒီအဆင့်ကတော့ ကြောက်ဖို့ကောင်းတဲ့အဆင့်ဖြစ်ပါတယ်။ အသက်အန္တရာယ်လည်း စိုးရိမ်ရတဲ့ အချိန်ဖြစ်ပါတယ်။ ဒီအဆင့်ကတော့ ဖျားပြီး ၂ရက်၃ရက်အကြာမှာဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့
 ၁။ ကိုယ်အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း (အများအားဖြင့်တော့ ဖျားပြီး ၃ရက်လောက်မှာဖြစ်ပါတယ်) ၂။ ရုတ်တရက်ဗိုက်အောင့်လာခြင်း
၃။ ဂနာမငြိမ်ဖြစ်လာခြင်း သို့မပာုတ် အရမ်းမှိန်းသွားခြင်း
၎။ ခြေဖျား၊ လက်ဖျားတွေအေးစက်လာခြင်း
၅။ အလွန်အမင်း ချွေးထွက်လာခြင်း
၆။ ဆီးမသွားတော့ခြင်း သို့မပာုတ် အလွန်အမင်းနည်းသွားခြင်း
၇။ သွေးဖိအားအလွန်ကျဆင်းလာခြင်း စတဲ့လက္ခဏာတွေပြသလာပါတယ်။
ဒါ့ကြောင့် ကလေးတွေမှာ ကိုယ်ပူကျပြီး အရမ်းမှိန်းလာတယ်ဆိုရင်လည်း အလွန်သတိထားရပါတယ်။ အမှန်ဆိုဖြစ်သင့်တာက ကိုယ်ပူနေချိန်မှာ ငြိမ်နေတဲ့ကလေးပာာ ကိုယ်ပူကျချိန်မှာ ဆော့ကစားလာရမှာပါ။ အဲလိုမျိုးမဖြစ်ဘဲ ကိုယ်ပူနေချိန်မှာတောင် ကလေးက နည်းနည်းလန်းနေပြီး ကိုယ်ပူကျသွားချိန်မှာတော့ မှိန်းလာပြီဆိုရင် သတိထားရမယ့် အခြေအနေဖြစ်ပါတယ်။ ဒီလိုအခြေအနေကို ရောက်လာပြီဆိုရင်တော့ ကလေးကိုနီးစပ်ရာဆေးရုံ၊ ဆေးခန်းကို ခေါ်ဆောင်သွားပြီး ပြသသင့်ပါတယ်။ လိုအပ်တဲ့ကုသမှုတွေဖြစ်တဲ့ ကိုယ်တွင်းဆုံးရှုံးသွားသော အရည်များကို ဖြည့်တင်းရပါမယ်။ အဲလိုမှမလုပ်ခဲ့ဘူးဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေအဖြစ်နဲ့ ဦးနှောက်ရောင်ခြင်း (Encephalopathay and encephalitis)၊ အသည်းပျက်ဆီးခြင်း၊ နှလုံးကြွက်သားရောင်ခြင်း(Myocarditis)၊ခန္ဒာကိုယ်အနှံ့မှသွေးယိုစီးခြင်း(DIC) စတဲ့ပြင်းထန်တဲ့ရောဂါ တွေဖြစ်လာပြီးအသက်ဆုံးရှုံးရနိုင်ပါတယ်။
တတိယအဆင့်ကတော့ပြန်လည်နာလန်ထလာတဲ့အဆင့်ဖြစ်ပါတယ်။ ကလေးပာာ ဆီးပြန်သွားလာ ပါတယ်။ စားချင်သောက်ချင်စိတ်ပြန်ရှိလာပါတယ်။ သွေးလွန်တုပ်ကွေးပျောက်ကင်းသွားခြင်းရဲ့ လက္ခဏာဖြစ်တဲ့ အနီကွက်တွေပေါ်လာပါတယ်(ယားတတ်ပါတယ်။) ဒီအနီကွက်တွေပာာ ဒုတိယအဆင့်ကနေကုသမှုတွေလုပ်ခဲ့ပြီး အသက်အန္တရာယ်ကိုကျော်လွှားနိုင်ခဲ့ရင် ၁ရက်က၂ရက်အကြာ၊ ပထမအဆင့်ဆိုရင် ကိုယ်အပူချိန်ကျပြီး ၁ရက်က၂ရက်အကြာမှာ ပေါ်တတ်ပါတယ်။ ဒီလိုမျိုး အနီကွက်တွေပေါ်လာပြီဆိုရင်တော့ စိုးရိမ်စရာမရှိတော့ပါဘူး။
အများအားဖြင့်တော့ သွေးလွန်တုပ်ကွေးပာုတ်မပာုတ် အတည်ပြုရာမှာ Clinical symptoms လို့ခေါ်တဲ့ ရောဂါလက္ခဏာတွေနဲ့ပဲ အတည်ပြုပါတယ်။ စစ်ဆေးမှုတွေအနေနဲ့ Platelet counts (သွေးခဲစေတတ်သောဓါတ်များ) ကျနေတတ်ပါတယ်။ Haematocrits တက်နေတတ်ပါတယ်။ အခြားစစ်ဆေးမှုတွေအနေနဲ့ Coagulation profile, Serum electrolyte, Liver enzymes, Serum complement levels စတာတွေကိုလည်း စစ်ဆေးလို့ရပါတယ်။ သွေးလွန်တုပ်ကွေး၏အဆင့်များ။ အပေါ်ကသုံးဆင့်ကတော့ သွေးလွန်တုပ်ကွေးရဲ့ ရောဂါလက္ခဏာများနဲ့ပတ်သက်ပြီး ခွဲခြားထားတဲ့အဆင့်များဖြစ်ပြီး အခုဆက်လက်ဖော်ပြမှာကတော့ ကုသတဲ့နေရာမှာ အသုံးပြုတဲ့ အဆင့်များဖြစ်ပါတယ်။
   Grade I -သွေးပေါင်ချိန်တိုင်းတဲ့ကိရိယာနဲ့တိုင်းတာချိန်မှာ အစက်အပျောက်တွေပေါ်လာတာကလွဲပြီး တခြား စိုးရိမ်ရတဲ့လက္ခဏာတွေမရှိတဲ့အဆင့်ကို ဆိုလိုပါတယ်
(Hess' test positive) Grade II - Hess' test positive အပြင် သွေးယိုစီးတဲ့လက္ခဏာတွေဖြစ်တဲ့ ခန္ဒာကိုယ်မှာ ထိခိုက်မိသလိုမျိုး သွေးခြေဥသလိုမျိုး အနီကွက်တွေပေါ်လာပါတယ်။
   Grade III - ရောဂါလက္ခဏာများမှာ ဒုတိယအဆင့်ဖြစ်တဲ့
၁။ ကိုယ်အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း (အများအားဖြင့်တော့ ဖျားပြီး ၃ရက်လောက်မှာဖြစ်ပါတယ်) ၂။ ရုတ်တရက်ဗိုက်အောင့်လာခြင်း
၃။ ဂနာမငြိမ်ဖြစ်လာခြင်း သို့မပာုတ် အရမ်းမှိန်းသွားခြင်း
၎။ ခြေဖျား၊ လက်ဖျားတွေအေးစက်လာခြင်း
၅။ အလွန်အမင်း ချွေးထွက်လာခြင်း
၆။ ဆီးမသွားတော့ခြင်း သို့မပာုတ် အလွန်အမင်းနည်းသွားခြင်း
၇။သွေးဖိအားအလွန်ကျဆင်းလာခြင်း စတဲ့လက္ခဏာတွေရှိလာတဲ့အဆင့်ဖြစ်ပါတယ် (Impending Shock stage လို့ခေါ်ပါတယ်။)
  Grade IV - Impending shock stage ကနေပြီး ကုသမှုမခံယူခဲ့တဲ့အတွက် လုံးဝ Shock stage ကိုရောက်လာတာ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ သွေးပေါင်ချိန်ကျတာမပာုတ်တော့ဘဲ သွေးဖိအားတိုင်းလို့မရတော့တဲ့ အခြေအနေဖြစ်ပါတယ်။ အထက်ပါရောဂါအဆင့်များပေါ်မူတည်ပြီး ကုသမှုကိုအောက်ပါအတိုင်း လုပ်ဆောင်ရပါတယ်။
   Grade I and II သိပ်မဆိုးသေးတဲ့အဆင့်ပါ။ ရောဂါလက္ခဏာအဆင့်နဲ့ပြောရရင် ပထမအဆင့်လောက်ပါ။ ဒီအဆင့်မှာတော့
၁။ ဂရုတစိုက်ကြည့်ရှုခြင်း (သွေးပေါင်မှန်မှန်ချိန်ခြင်း၊ ကလေးအခြေအနေကြည့်ခြင်း)
၂။ ကိုယ်အပူချိန်အတွက် Paracetamol နှင့် ရေပတ်တိုက်ပေးခြင်း (Paracetamol ပာာ ကိုယ်အပူချိန်အတွက်သာမကနာကျင်ကိုက်ခဲနေတာတွေအတွက်လည်းအသုံးပြုပါတယ်။ တခြားအနာ သက်သာတဲ့ဆေးတွေဖြစ်တဲ့ Aspirin လိုမျိုးဆေးကိုရှောင်ရှားရပါတယ်။ သွေးထွက်တာကိုပိုဆိုးစေတဲ့ အတွက်ဖြစ်ပါတယ်။
၃။အရည်ပြန်လည်ဖြည့်တင်းပေးရပါမယ်။ဓါတ်ဆားရည်သောက်ခြင်းအသီးအနှံဖျော်ရည်များ သောက်ပေး ခြင်းတို့လုပ်ပေးရပါမယ်။
၎။ဖျားနေတဲ့ကလေးကိုအစားအသောက်မကျွေးတာမျိုးကိုရှောင်ရပါမယ်။ကလေးသာ စားချင်သောက်ချင် စိတ်ရှိမယ်ဆိုရင်ဘာစားစားကျွေးလို့ရပါတယ်။
  ဒီနေရာမှာကလေးကို ညိုတဲ့အရည်တွေဖြစ်တဲ့ ကော်ဖီလိုမျိုး တိုက်ခြင်းကိုတော့ရှောင်ပေးရပါတယ်။သွေးလွန်တုပ်ကွေးဖြစ်တဲ့ကလေးတွေမှာ အစာအိမ်လမ်းကြောင်း တစ်လျှောက်က သွေးကြောလေးတွေ ယိုစိမ့်ပြီး အန်တဲ့အချိန်မှာ အညိုရောင်တွေအန်တတ်တာကြောင့် ကော်ဖီလိုမျိုးအညိုရောင်ရှိတဲ့ အရည်များ တိုက်ကျွေးထားတဲ့အခါမှာ ခွဲခြားရခက်တာကြောင့်ဖြစ်ပါတယ်။
အောက်ပါအချက်များရှိရင် Grade I and II ဆိုပေမယ့်လည်း ဆေးရုံတင်ထားရပါမယ်။
၁။ ဆေးရုံနှင့် အသွားအလာခက်တဲ့နေရာမှာနေသူများ၊ ပို့ဆောင်ရေးခက်ခဲတဲ့နေရာမှာနေသူများ
၂။ သွေးခဲဓါတ် ၁၀၀ အောက်ကျသူများ။
၃။ သွေးထွက်နေသူများ
၎။ ပါးစပ်မှ အရည်ဖြည့်လို့မရတဲ့သူများ (ဥပမာ အန်နေခြင်း။ မသောက်နိုင်ခြင်း) Grade III and IV လူနာများကိုတော့အားလုံးကိုဆေးရုံတင်ပြီးကုသပေးရပါမယ်။ လိုအပ်တဲ့အရည်ပြန်ဖြည့်တဲ့ကုသနည်းများနဲ့ကုသရပါမယ်။ ဒီနေရာမှာတော့ချန်ထားခဲ့လိုက်ပါမယ်။ ဆေးရုံဆင်းတဲ့အချိန် ဆေးရုံတင်ထားရတဲ့ သွေးလွန်တုပ်ကွေးလူနာပာာ အောက်ပါအချက်တွေအားလုံးပြည့်စုံနေပြီဆိုရင် ဆေးရုံက ဆင်းလို့ရပါပြီ။
၁။ အပူကျဆေးမသုံးဘဲ ၂၄နာရီကျော်တဲ့အချိန်ထိမဖျားတော့ရင်၊ အစားစားချင်စိတ်ပြန်ဖြစ်လာပြီး အစားစားနိုင်ရင်
၂။  ကလေးရဲ့ အနေအထားတိုးတက်လာရင် (ဥပမာ ကလေးပြန်လန်းလာရင်)
၃။ စိုးရိမ်ဖွယ်ရာအခြေအနေမှ၄၈နာရီအထိကျော်လွန်လာပြီးအခြားမည်သည့်နောက်ဆက်တွဲ ဆိုးကျိုးမှ မရှိရင် သတိထားရမှာက အထက်ပါအချက်တွေအားလုံးပြည့်စုံနေမှသာ ဆေးရုံကဆင်းနိုင်မှာဖြစ်ပါတယ်။ ဆေးရုံကအချိန်မတိုင်သေးပဲ ဆင်းခဲ့ရင် ဆိုးကျိုးတွေဖြစ်ပြီး ကလေးပဲထိခိုက်မှာကိုသတိထားသင့်ပါတယ်။ ကာကွယ်မှုတွေအနေနဲ့
၁။ ခြင်ကိုက်ခံရခြင်းမှ ကာကွယ်ပါ (ခြင်ဆေးသုံးခြင်း၊ ခန္ဒာကိုယ်အနှံ့ဖုံးနိုင်သော အ၀တ်အစားများဝတ်ခြင်း၊ ခြင်ထောင်ထောင်အိပ်ခြင်း၊ ခြင်လုံစကာတပ်ခြင်း၊)
၂။ခြင်ပေါက်ဖွားနိုင်မယ့်နေရာတွေကိုရှင်းလင်းပစ်ပါ (ပိုးလောက်လန်းသေဆေးခတ်ခြင်း၊ပန်းအိုးများရေ လဲခြင်း၊ ရေ၀ပ်နိုင်မယ့်နေရာတွေဖယ်ရှားပစ်ခြင်း) သတိပြုရမယ့်အချက်တွေ သွေးလွန်တုပ်ကွေးပာာ ခြင်မှတဆင့်ကူးစက်တာဖြစ်ပါတယ်။ ကာကွယ်ဆေးမရှိလို့ အကောင်းဆုံးကာကွယ်နိုင်တာက ခြင်မကိုက်အောင်၊ ခြင်မပေါက်ဖွားနိုင်အောင် လုပ်ဖို့ပဲဖြစ်ပါတယ်။ မိုးတွင်းကာလမှမပာုတ်ပါဘူး၊ မည်သည့်အချိန်တွေမှာမဆို ကလေးတွေဖျားနာရင် သွေးလွန်တုပ်ကွေးအန္တရယ်ကို သတိပြုရပါမယ်။ အသက်အန္တရာယ်ရှိတဲ့ရောဂါဖြစ်ပြီးအသက်အန္တရာယ်မထိခိုက်အောင်လည်း အလွယ်တကူကာကွယ် နိုင်တဲ့ရောဂါဖြစ်လို့သွေးလွန်တုပ်ကွေးသံသယများရှိခဲ့ရင်ဆေးရုံဆေးခန်းများမှာ သွားရောက်ပြသ သင့် ပါတယ်။ အရေးကြီးဆုံးတစ်ချက်ကတော့ သွေးလွန်တုပ်ကွေးပာာ ပထမတစ်ခါဖြစ်ဖူးတဲ့သူတွေမှာ နောက်တစ်ခါဖြစ်ရင် ပိုဆိုးတတ်တာကြောင့် အများကြီးပိုပြီး သတိရှိရပါတယ်။ ရာသီတစ်ခုတည်းမှာကိုပဲ ၂ခါပြန်ဖြစ်နိုင်လို့ ပထမတစ်ခါဖြစ်ပြီးပြီပဲဆိုပြီးတော့ ပေါ့လို့မရတဲ့ရောဂါဖြစ်ပါတယ်။
 
Ref:publichealthinmyanmar.blogs

ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ခံ အဖွဲ့  များ တွင် လာဘ်စား မှု အများ ဆုံး ဖြစ်နေ

HKTလာဘ် စား မှု သည် ပြည်ထဲရေး လက်အောက်ခံ ၀န်ကြီးဌာန များ နှင့်တရားရေး ဌာန များ တွင် ယခင် နှစ် က တင်ရှိ ခဲ့သည့် စံချိန် များ ထက်ပို ဆိုလာ ပြီး ၊ မြန်မာ နိုင်ငံ ရဲတပ် ဖွဲ့  သည် ၂၀၁၂ ခုနှစ် အတွင်း ရာထူးအလိုက် လာဘ်စားမှု များ မှာ မြန်မာ ငွေ ကျပ် သန်း ၄၀၀ ကျော် ထိ ရှိ နိုင်သည် ဟု
admin မြန်မာ နိုင်ငံ တွင်း ရှိ လာဘ်ပေး လာဘ် ယူမှု ဆိုင်ရာ တစ်သီးပုဂ္ဂလ လေ့လာမှု အဖွဲ့  ဖြစ်သည့် Myanmar Corruption Report ၏၂၀၁၂ အတွက်  အစီရင်ခံစာ  တစ်ခု တွင် ဖော်ပြထား သည်။
ထိုအစီရင်ခံ စာ ထဲ တွင် ရန်ကုန် မြို့  ပေါ် မှ ဒုရဲအုပ် တာဝန် ရှိ သူ တစ်ဦးမှာ တစ်နှစ် လျှင် ပျမ်း မျှ ၁၈ သိန်း ကျော် လာဘ်စား ၍ အရေး ပါသည့်နယ် မြို့  များ နှင့် နယ်စပ် မြို့  များ မှ ဒုရဲအုပ် တစ်ဦး မှာ သိန်း ၂၀ ကျော်လာဘ် စား သည် ဟု ဆိုသည်။
မြန်မာ နိုင်ငံ ရဲ တပ် ဖွဲ့  ၏ လာဘ်စား မှု တွင် ပုံစံ အမျိုး ဖြစ် ရှိ နေရာ ဆက်ကြေး ပုံစံ လိုင်းကြေး ယူမှု ၊ တရားခံ ၏ ဆက်နွယ် ပတ် သက် မှု များ မှ ငွေတောင်းခံ ပြီး လာဘ် ယူ မှု နှင့် အမှု ဆင် (သို့  မဟုတ် ) အမှု မှ ကွင်းလုံး ကျွတ်စေရန် စသည် ဖြင့် များ ပြားသော ငွေကြေး ပမာဏ တောင်းခံ မှု စသည် ဖြင့်
နည်း မျိုး စုံ အသုံး ပြု သည် ဟု သိရသည်။
အထူးစုံစမ်း ထောက်လှမ်းရေး နှင့် အကျဉ်းဦးစီးဌာန တို့  သည် လည်း ပြည်ထဲရေး ၀န်ကြီးဌာန လက် အောက်ခံ များ အဖွဲ့  များ ဖြစ် ပြီး စ သုံးလုံး ခေါ် အထူးစုံစမ်းထောက်လှမ်းရေးဌာန ၏ လာဘ် ငွေ ယူ မှု များ သည် စီးပွားရေး လုပ်ငန်းရှင် များ ၊ ပြည်ပ သို့  အလုပ်သမား စေလွှတ် မှု နှင့် တရား မ၀င် ငွေကြေး လွှဲပြောင်း လုပ်ကိုင် မှု လုပ်ငန်း များ နှင့် ဆက်စပ် နေသည်။
ရန်ကုန် မြို့  မဟာဗန္ဓု လ ပန်းခြံ လမ်း နှင့် မဟာဗန္ဓု လ လမ်း တစ်ဝိုက် ဧမာနွေလ ဘုရား ကျောင်း တစ်
ဝိုက် ရှိ နိုင်ငံ ခြား ငွေ လဲလှယ် သူများ နှင့် လမ်လည်သူများ မှာ စ သုံးလုံး အဖွဲ့  ၏ ကျောထောက် နောက်ခံ ဖြင့် ရပ် တည် နေ ခြင်း ဖြစ်သည် ဟု ရန်ကုန် မြို့  တွင် တာဝန်ကျ သည့် ရဲ အရာ ရှိ တစ်ဦး က FNG ကို ပြောသည်။
လောင်းကစား ဒိုင် များ ၊ ကုန်စည် ဒိုင်များ နှင့် ပတ် သက် ပြီး လည်း အထူး စုံစမ်းစစ်ဆေးရေး ဌာန သည် လာဘ်ငွေ ရရှိသည်။ပြည်ထဲရေး လက်အောက်ခံ အဖွဲ့  အစည်း တစ်ခု ပင် ဖြစ်သည့် အကျဉ်းဦးစီးဌာန
တွင် လာဘ်စား မှု မှာ ရဲဘက်စခန်း များ တွင် အများဆုံး ဖြစ် ပြီး ၊ အကျဉ်းထောင်များ တွင် မူ ငွေကြေးကြွယ်ဝ သည့် အကျဉ်းသား များ က လာဘ် ထိုး မှု နှင့် အကျဉ်းထောင် နှင့် ဆက်စပ်သည့် စီးပွားရေး လုပ်ငန်း များ မှ တစ် ဆင့် ငွေကြေး ရယူမှုများ ဖြစ်ပေါ်သည်။
နိုင်ငံ တ၀ှမ်းရှိ အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန ရုံး တိုင်း တွင် လာဘ်စား မှု များရှိ ပြီး ကန်ထရိုက် လုပ်ငန်း ၊ ဆောက်လုပ် ရေး လုပ်ငန်း ၊ ပါမစ် နှင့် ခွင့်ပြု ထောက်ခံမှု လုပ်ငန်းများ အတွက် သိန်းရာ ချီ ရယူ ကာ ဆောင်ရွက် ကြသည်။
မြန်မာ အစိုးရ သည် လာဘ်ပေး လာဘ်ယူ မှု အတွက် ဒုတိယ သမ္မတ ဦးဆောင်သည့်ကော်မရှင် ကို ဖွဲ့  စည်းထား သော် လည်း ထိထိရောက် ရောက် လုပ်ဆောင် နိုင်မှု မရှိသေး ဟု Myanmar Corruption Report အစီရင် ခံစာ တွင် ဖော်ပြထား သည်။
Ref:searchmyanmar

ပြည်တွင်းအလုပ်အကိုင်ရှာဖွေပေးတဲ့ ၀တ်လ်ဆိုဒ်လေး

မြန်မာပြည်တွင်း အလုပ်အကိုင်ရှာဖွေပေးတဲ့ ဗမာဝတ်လ်ဆိုဒ်လေးပါ မိမိရဲ့ကိုယ်ရေးအချက်အလက်တွေ အားလုံးကို ဖြည့်စွက်ပေးထားပြီးတင်ထားပေးရပါမယ်.....မြို့ပေါင်း ၆၀ကျော်နီးပါးအတွက်အလုပ်ရှာပေး ပါတယ်..
ဒေါ်လာစားကိုမှလုပ်ချင်တဲ့သူတွေအတွက်ကတော့ UN Jobs တွေရဲ့ ၀တ်လ်ဆိုဒ်လေးလဲပေးထားပါတယ်.





  • Myanmar UNDP Jobs>>>http://unjobs.org/duty_stations/myanmar

Sunday, January 27, 2013

တရုတ်နဲ့ ဂျပန်တွေ စိတ်ဝင်စားနေတဲ့ rare earth အနက်ရောင်သဲများ

တရုတ်နဲ့ ဂျပန်တွေ စိတ်ဝင်စားနေတဲ့ သဲများ အကြောင်း သိထားသင့်သမျှ
 ဒီတလော သတင်းမှာ တွေ့နေရတာက ရခိုင်ပြည်နယ်က အနက်ရောင်သဲများကို တရုတ်ပြည်က စိတ်ဝင်ပြီး လာရောက် စမ်းသပ်မှု တွေ ပြုလုပ်နေတယ်ဆိုတာပါပဲ။ မြန်မာပြည်သူ အများစုကတော့ အဲဒီ အနက်ရောင်သဲတွေက ဘာလဲ၊ ဘယ်မှာသွားသုံးမှာလဲ၊ဘာတန်ဖိုးရှိလဲ ဆိုတာ သိကြအုံးမယ်လို့ မထင်ပါ။ စာရေးသူ ကိုယ်တိုင်လည်း အဲဒီ သဲတွေကိုမမြင်ဘူး အကြောင်းလဲ မသိပါ။ အရေးကြီးတယ် သိထားသင့်တယ် ယူဆလို့ ရှာဖွေမိသလောက်ကို ဝေမျှပေးလိုက်ပါတယ်။ တစ်ခုတော့ ကြိုတင်စကားခံပါရစေ။ စာရေးသူက အဲဒီ အနက်ရောင်သဲ တွေဟာ rare earth နဲ့ ဆက်စပ်နေတယ်၊ အဲဒီထဲမှာ rare earth ပါဝင်မယ်လို့ ယူဆပါတယ်။

ဖတ်မိရတဲ့သတင်း အချက်အလက် အတိုင်းအတာကြောင့် အတိအကျ rare earth ဟုတ်မဟုတ် မသေချာပေမဲ့လည်း စာဖတ် သူများ အနေနဲ့ ဗဟုသုတတခု ရသွားမှာတော့ ယုံကြည်ပါတယ်။ အဆိုပါ အနက်ရောင်သဲများ က အင်္ဂလိပ်လိုတော့ rare earth လို့ ခေါ်ပါတယ်။ တိုက်ရိုက်ပြန်ရင် ရှားပါးတဲ့မြေ ပေါ့၊ ဒါပေမဲ့ အဲဒီပစ္စည်းက ရှားလည်းမရှားပါး မြေကြီးလည်း မဟုတ်ပါဘူး။ rare earth ဆိုတာက ဒြပ်စင်ပေါင်း ၁၇ မျိုး ပါဝင်တဲ့ သတ္တုဒြပ် အမျိုးအစားတွေကို ခေါ်ပါတယ်။ အဲဒါတွေက scandium (Sc-21), yttrium (Y-39), lanthanum (La-57), cerium (Ce-58), praseodymium (Pr-59), neodymium (Nd-60), promethium (Pm-61), samarium (Sm-62), europium (Eu-63), gadolinium (Gd-64), terbium (Tb-65), dysprosium (Dy-66), holmium (Ho-67), erbium (Er-68), thulium (Tm-69), ytterbium (Yb-70), and luteium (Lu-71) တို့ ဖြစ်ပါတယ်။ အဲဒီ သတ္တုတွေကို တချို့က the silent heroes of modern technolog လို့ တင်စားကြပါတယ်။

Rare earth ဟာ မရှားပါးပေမဲ့ အဲဒီ ဒြပ်စင်သတ္တုတွေက တမျိုးတည်းသီးခြား တွေ့ရဖို့ မဖြစ်နိုင်ပါဘူး။ ဆိုတော့ တူးဖော်ရတဲ့ မြေကြီး သို့မဟုတ် အနက်ရောင်သဲများမှာ အထက်ပါ သတ္တုတွေ ရောနှောပါဝင်နေမှာ ဖြစ်ပြီး ပါဝင်တဲ့ သတ္တုတစ်ခုစီရဲ့ အချိုး အစားရာခိုင်နှုန်း မတူညီဘဲ ရှိတတ်ပါတယ်။ မရှားပါးပေမဲ့ အဲဒီရောစပ်နေတဲ့ rare earth ထဲမှာ ပါဝင်နေတဲ့ ဒြပ်သတ္တု တစ်ခုချင်းကို သန့်စင်ခွဲထုတ်ဖို့က အန္တရာယ်များ၊ ခက်ခဲလွန်းပြီး စီးပွားဖြစ်ပမာဏရဖို့ မလွယ်ကူဖူးလို့ သိရပါတယ်။ ကျနော်တို့ နေ့စဉ်ထိတွေ့ သုံးစွဲနေတဲ့ အရာများစွာမှာ rare earth သတ္တုတမျိုးမျိုး သေချာပေါက် ပါဝင်နေပါတယ်။ တီဗီ၊ ကွန်ပြူတာ၊ ရေနံတူးစက်၊ သေးငယ်တဲ့ အီလက်ထရွန်းနက် အစိတ်အပိုင်းများ၊ မော်တော်ကား၊ Hybrid ကား၊ အလင်းဖန်မျှင်ကြိုး၊ စစ်လက်နက် ကိရိယာများ၊ နုကလီယား ဓာတ်ပေါင်းဖို နဲ့ အာကာသယာဉ် ကိုယ်ထည်တွေမှာ အဲဒီသတ္တု တမျိုးမဟုတ်တမျိုး ထည့်သွင်း အသုံးပြုထားပါတယ်။

ဥပမာပြရရင် Neodyumium သတ္တုကို သေးငယ်တဲ့ အီလက်ထရွန်းနှစ် အစိတ်အပိုင်း ဖြစ်တဲ့ ကွန်ပြူတာ hard disk, နားကျပ်၊ စပီကာ၊ တာဘိုင်၊ ရေနံတူးဖော်တဲ့ လွန်ပူ နဲ့ သံလိုက်ဓာတ် သုံးရတဲ့ နေရာတိုင်းလိုလိုမှာ ထည့်သုံးထားပါတယ်။ Neodyumium ကို သေးငယ်ပေါ့ပါးပြီး အလွန်မာကျောတဲ့ ကိရိယာအစိတ်အပိုင်းတွေမှာ အဓိက သုံးရပါတယ်။ Erbium သတ္တုကို နေကာမျက်မှန်၊ အလှဆင်ပန်းအိုး၊ လေဆာခွဲစိပ်မှု နဲ့ သတင်းအချက်အလက် လျင်မြန်စွာစီးဆင်းစေတဲ့ အလင်းဖန်မျှင်ကြိုးတွေမှာ မရှိမဖြစ် သုံးရပါတယ်။ Europium သတ္တုကို တီဗီဖန်သားပြင်၊ LED မီးလုံး တွေ နဲ့ နူကလီးယား ဓာတ်ပေါင်းဖို မှာ အသုံးပြုပါတယ်။ Hybrid ကား (ဆီနဲ့ ဘက်ထရီ နှစ်မျိုးသုံး) မောင်းနေတဲ့ ကားပိုင်ရှင်တွေကိုယ်တိုင် rare earth ကို သူတို့နေ့စဉ် သုံးနေရတယ်ဆိုတာ မသိကြပါဘူး။ တိုယိုတာ Prius Hybrid ကားတိုင်းမှာ Lanthanum ၁၀ ပေါင် ထည့်သုံးထားပါတယ်။ ဟိုင်းဘရစ်ကားမှာပါတဲ့ ဘက်ထရီအမျိုးအစား "nickel-metal hydride" က Lanthanum သတ္တုကို သုံးထားတာပါ။ "ကမ္ဘာ့အကြီးဆုံး ဖြစ်တဲ့ တိုယို တာကားရဲ့ ထုတ်လုပ်မှုနှုန်းမှာ Prius ဟိုင်းဘရစ်ကား က ၈ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒါနဲ့ အခြား ဟိုင်းဘရစ်ကားတွေရယ်၊
တရုတ်ပြည်မှာ သုံးနေတဲ့ ဘက်ထရီကားငယ်လေးတွေ အားလုံးပေါင်းလိုက်ရင် လိုအပ်မယ့် Lanthanum က ဈေးကွက်မှာ လုံလောက်စွာမရှိပါဘူး" လို့ rare earth ကျွမ်းကျင်ပညာရှင် Jack Lifton က ဆိုပါတယ်။ ဒါ့အပြင် တိုယိုတာကားကုမ္ပဏီ က lanthanum တူးဖော်ထုတ်လုပ်ရေးမှာ ရင်းနှီးမြုပ်နှံနေတဲ့ တစ်ခုတည်းသော ကားကုမ္ပဏီဖြစ်ကြောင်းလည်း သိရပါတယ်။ အချက်အလက်များအရ ကမ္ဘာပေါ်မှာ တရုတ်ပြည် က rare earth ပမာဏ အများဆုံး ပိုင်ဆိုင်ထားပြီး ပြည်တွင်း စက်မှု လုပ်ငန်း များမှာ အသုံးပြုဖို့ လုံလောက်အောင်ဆိုပြီး ၂၀၁၀ ခုနှစ်မှာ ပြည်ပသို့ တင်ပို့ရောင်းချမှုကို ကန့်သတ်လိုက်ပါတယ်။ အဲဒီ သတင်း ကြောင့် rare earth ဈေးနှုံးများ ခုန်တက်သွားခဲ့ပါတယ်။ rare earth ရဲ့ ဈေးနှုန်းကတော့ ဈေးကွက်မှာရှိတဲ့ ပမာဏ နဲ့ ၀ယ်လို အားပေါ် မူတည်ပြီး ပြောင်းလဲနေတတ်ပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၁၂ ခုနှစ် HEFA ရဲ့ ဈေးနှုန်းအရ ၁ ကီလိုဂရမ် ဈေးကို ဖော်ပြထားပါတယ်။ Scandium metal - အမေရိကန် ဒေါ်လာ ၁၅၀၀၀ (၁ ကီလိုဈေး)၊ Terbium metal - ၂၅၀၀၊ Neodymium metal - ၁၁၅၊ Lanthanum metal - ၂၈၊ Europium Oxide - ၂၁၅၀၊ Dysprosium Oxide - ၉၇၅၊ Erbium metal - ၂၇၅၊ Cerium metal - ၂၅ ဒေါ်လာ ....။

မြန်မာပြည်က အဖိုးတန်ကြွယ်ဝတဲ့ သံယံဇာတတွေကို ပြည်သူတွေ မသိရှိရဘဲ ပြင်ပတိုင်းပြည်တွေက ပေါချောင်ကောင်းနဲ့ တိတ်ဆိတ်စွာ သယ်ထုတ်သွားခဲ့တာ တိုင်းပြည်အတွက် ပြည်သူတွေအတွက် အလွန်နှစ်နာလှပါတယ်။ မိမိတိုင်းပြည်က ငွေကြေး အရ နည်းပညာအရ ကိုယ်တိုင် တူးဖော်ထုတ်လုပ်နိုင်ခြင်း မရှိလို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများ ကို ဖိတ်ခေါ်ရတယ် ဆိုရင်လည်း ပြည်သူတွေရဲ့ အကျိုးစီးပွားကို ပထမဦးစားပေး ထည့်သွင်းစဉ်းစား ရပါမယ်။ သတ္တုသွင်း တူးဖော်ခွင့်ပြုမယ့် နေရာဒေသတ၀ိုက်ရဲ့ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု၊ နေထိုင်ကြတဲ့ ပြည်သူလူထုများ ရဲ့ ကျန်းမာရေး အကျိုးသက်ရောက်မှု၊ ဘေးထွက် စွန့်ပစ်ပစ္စည်းများ စီမံထိန်းသိမ်းမှု စတာတွေကို ဦးစွာ စမ်းသပ်လေ့လာရပါမယ်။ ထို့အပြင် တူးဖော်မယ့် နေရာဒေသတ၀ိုက်မှာ နေထိုင်ကြတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး သူတို့ရဲ့သဘောထင်မြင်ချက်ကို ထည့်သွင်းစဉ်းစား ရပါမယ်။ နောက်ဆုံးမှ ခွင့်ပြုချက်ပေးသင့် မပေးသင့်ကို ဆုံးဖြတ်ရပါမယ်။ ဒါကြောင့် နိုင်ငံခြားမှလာရောက် ရင်းနှီးမြုပ်နှံသူတွေကို ကြေးနီ၊ ရွှေ၊ ရေနံ၊ ဂက်စ် စတဲ့ သတ္တုတွင်းများမှာ တူးဖော်ခွင့် ပေးထားပေမယ့် အချောင်ရောပါသွားနိုင်တဲ့ (တနည်း) ခိုးထုတ်သွားမယ့် အဆိုပါ အနက်ရောင်သဲ ခေါ် rare earth အကြောင်းကို မြန်မာပြည်သူတွေ ဂရုစိုက် သိထားသင့်ကြောင်း ရေးသားလိုက်ပါတယ်။

မောင်ကံချွန်။
Credit: KDN


တိုက်တေနီယမ်ရှာဖွေမှုကြောင့် အငူမော်ကမ်းခြေဒေသ၌ ကမ်းပါးပြိုမှုများ ကြုံတွေ့လာ

မိုးဝေ - ရခိုင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup on 24 Jan, 2013
ရခိုင်ပြည်၊ မောင်တောမြို့နယ် ကမ်းခြေတစ်လျှောက် တွင် ရှားပါးတိုက်တေနီယမ် သတ္တုပါသည့် သဲများအားတူးဖော်စမ်း သပ်ခဲ့မှု များကြောင့် ကမ်းခြေဒေသများ၌ ကမ်းစပ်ပြိုမှုများ ကြုံတွေ့နေ ရ ကြောင်း ဒေသခံတို့က ဆိုသည်။

ကမ်းခြေက သဲတွေကို တူးပြီးစမ်းသပ်ခဲ့တဲ့အတွက် တစ်ဖက်မှာ ဘာဖြစ်လဲဆိုတော့ ကမ်းစပ်တွေ ပြိုတယ်။ လယ်ကွင်းသို့ ရေကျော်တယ်။ ကမ်းနားတစ်လျှောက်သဲတွေတူးတော့ ကမ်းတွေက ရေတိုက်စားလာတယ်။ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေ ဒုံးပိုက်အုပ်စုအတွင်းရှိ သဲသောင်ပြင်မှာ ၃မိုင်ရှည်ပြီး ပင်လယ်ကမ်းခြေရှိ သဲများကို နေရောင်ခြည်အောက်တွင် ကြည့်လျှင် ငွေရောင်လင်းလက်နေသဖြင့် သတ္တုများပါဝင်နိုင်သည့်အတွက် စမ်းသပ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ ပင်လယ်ကမ်းခြေ အနီးရှိ သဲများကို ၂၀၀၇ ခုနှစ်တွင် တရုတ် ကုမ္ပဏီတစ်ခုမှ တစ်နှစ်လုံးနီးပါး စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်း တရုတ်ကုမ္ပဏီတစ်ခုမှ အဆိုပါဒေသအတွင်းရှိ သဲများအား စမ်းသပ်မှုများပြုလုပ်ခဲ့ရာ ရသေ့တောင်မြို့နယ် ဒုံးပိုက်၊ ကိုးတန်ကောက်၊ မောင်တောမြို့နယ် သဝင်ချောင်း၊ ဇော်မတက် စသည့် ဒေသများတွင် တိုက်တေနီယမ်ပါ သဲများ တွေ့ရှိကြောင်းသိရသည်။

ထိုစမ်းသပ်မှုများအရ ယူရေနီယမ်၊ တိုက်တေနီယမ်၊ ဇိုင်ကိုနီယမ်အပါအဝင် အခြားဓာတ်သတ္တုပေါင်း ၂၀ ကျော်ပါဝင်တွေ့ရှိရသည်ဟု ပြည်ပအခြေစိုက် မီဒီယာမှ ထုတ်လွင့်မှုအရ သိရသည်။

စမ်းသပ်ခဲ့တဲ့ သဲတွေကို အငူမော်ကနေ ရေချမ်းပြင်သို့ပို့တာ တွေ့ရတယ်။ ၂၀၀၇ခုနှစ်က တရုတ်ကုမ္ပဏီတစ်ခုကနေပြီး ပင်လယ်ကမ်းစပ်နဲ့ လယ်ကွင်းကြားမှာ ရှိတဲ့ သဲခုံတွေကို စက်တွေနဲ့ တူးတယ်။ မြေတွေလည်း ကွင်းတွေ ဖြစ်သွားတော့ လှိုင်းတွေက လယ်ကွင်းထိ တက်လာတယ်။ ကမ်းစပ်မှာရှိတဲ့ အပင်တွေလည်း သေတယ်။ ကမ်းတွေလည်း ပြိုတယ်။’’ဟု ဒုံးပိုက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းကျော်က ဆိုသည်။

သဲတွင်ပါရှိသည့် တိုက်တေနီယမ်သတ္တု ထုတ်လုပ်နိုင်ခွင့်ရရှိနိုင်ရန်အတွက် ပြည်တွင်း အခြေစိုက် Gold Finder ကုမ္ပဏီမှ ပြည်ထောင်စုအစိုးရအပြင် ပြည်နယ်အစိုးရအဖွဲ့နှင့်လည်း ညှိနှိုင်းဆွေးနွေးလျှက်ရှိကြောင်း သိရသည်။

အမေရိကန်မှ ထုတ်ပြန်သည့် မဟာဗျူဟာမြောက်ပစ္စည်းစာရင်းဝင် တိုက်တေနီယမ်သတ္တုမှာ အထူးသဖြင့် လက်နက်ထုတ်လုပ်သည့်နေရာ၊ တင့်ကား၊ တိုက်လေယာဉ်နှင့် အခြားစက်ပစ္စည်း အမျိုးမျိုးထုတ်လုပ်ရာ၌ အသုံးဝင်သည့်ရှားပါး သတ္တုတစ်မျိုးဖြစ်သည်။

အခြားသတင်း....
တရုတ်နိုင်ငံ၏ Rare-Earth လုပ်ငန်း အောင်မြင်ရန်မလွယ်  http://www.zaygwet.com/ international.php?id=1175

သတ္တုတွင်း၊ရေအရင်းအမြစ်နှင့် လက်ပံတောင်းတောင်

မောင်ကျေးရေ ကယ်လီဖိုးနီယား
ဇန္န၀ါရ်ီလ ၅၊၂၀၁၃။
စကားဦး
သတ္တုတွင်းမျာ၏ ဘေးထွက်ဆိုးကျိုးများသည် လူနှင့်သဘာဝပတ်ဝန်းကျင်အများစုကို နှစ်ကာလ၊ ဆယ်စုနှစ်များစွာ ဆိုးကျိုးများသက် ရောက်စေပါသည်။ ဤစာစောင်တွင် သတ္တုတွင်းများ၏ ရေအရင်းအမြစ်များအပေါ် ဆိုးကျိုးသက်ရောက်ခြင်းနှင့် ထိုဆိုးကျိုးများသက်ရောက်မှု အနည်းဆုံး ဖြစ်အောင်ပြုလုပ်နည်းများကို အဓိကထား ရေးသားထားခြင်းဖြစ်ပါသည်။
သတ္တုတွင်း
တ္တုတွင်းဆိုသည်မှာ တန်ဘိုးရှိသော ဓါတ်သတ္တုများ Minerals (ရွှေ၊ ငွေ၊ ကြေး၊ ရွေဖြူ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကျောက်သံပတ္တမြား စသည့်) (Gold, Silver, Copper, Platinum, Lead & Zinc and Precious Stone) နှင့် အဆိုပါဓါတ်သတ္တုများ ပါဝင်နေသော သတ္တုရိုင်း၊ မြေသားကျောက်သားများ (Ore mineral; Soil, Rocks & Rocks’ fragments) မြေသား၊ ကျောက်သားများကို စီးပွားရေးအရ အမြတ်အစွန်းများစွာရရှိသဖြင့် တူးဖေါ် ထုပ်ယူသည့် လုပ်ငန်းဆောင်နေသည့်နေရာကို ဆိုလိုပါသည်။
အဆိုပါဓါတ်သတ္တုနှင့် ဓါတ်သတ္တုများပါဝင်နေသော မြေသား၊ ကျောက်သားများကို တူးဖေါ်ထုပ်ယူရာတွင် မိမိအလိုရှိသော တန်ဘိုးများစွာရှိ ဓါတ်သတ္တုပစ္စည်းများရရှိစေရန် ထိုဓါတ်သတ္တု ပါဝင်နေသည့်မြေသားနှင့် ကျောက်သားများကို ထုတ်ယူသန့်စင်ရပါသည်၊ထိုသို့ပြုလုပ်ပြီှး ထွက်ရှိလာသော ဓါတ်သတ္တုပစ္စည်းများနှင့် ဘေးထွက်ပစ္စည်းများကို စနစ်တကျသိမ်းဆည်းခြင်း၊ စွန့်ပစ်ခြင်း စသည့် အခြေခံလုပ်ငန်းသည် သတ္တုတွင်းထုတ်လုပ်သူများ၏ အဓိက အရေးအကြီးဆုံးဖြစ်ပေသည်။ သို့သော်ထုတ်လုပ်သူအများစုသည် မိမိအလိုရှိသော ဓါတ်သတ္တုရရှိရေးကိုသာ ဦးစားပေးလုပ်ကြသည်က များပါသည်။
အဘယ်ကြောင့်နည်း၊ ဘေးထွက်ပစ္စည်းများ စနစ်တကျစွန့်ပစ်စရိတ်ကြီးမားခြင်း၊ သတ္တုတွင်းတခု၏ ထုတ်လုပ်မှု သက်တမ်းကာလ ကြာမြင့်ခြင်း၊ စွန့်ပစ်ပစ္စည်းများ၏ ဘူမိဗေဒဆိုင်ရာ၊ ဇလဘူမိဗေဒဆိုင်ရာ၊ ဓာတုဗေဒဆိုင်ရာ၊ ဘူမိဓာတုဗေဒ ဆိုင်ရာ ကြိုတင်စူးစမ်းလေ့လာရေး၊ (Geological, Geo-chemical, Hydro-Geological, Chemical Investigation) လုပ်ငန်းများ၏ အစီရင်ခံစာအရ စည်းစနစ်ကျနစွာဖြင့်၊ လူနှင့်သ
ဘာဝ ပတ်ဝန်းကျင်၊ ဘူမိရပ်ဝန်းနှင့် ရေအရင်းအမြစ်များကို မထိခိုက်စေသော စွန့်ပစ်နည်းများကို အသုံးပြုရမည်ဖြစ်ခြင်း၊ ထိုအခါ စရိတ်စကများ ပိုမိုကုန်ကျခြင်း၊ သက်ဆိုင်ရာနှိင်ငံအစီုးရ၏ အားနည်းသော စည်းမျဉ်းစည်းကမ်း ဥပဒေများကို ထုတ်လုပ်သူများက နားလည်သိရှိထားခြင်း၊ စသည်တို့ကြောင့် မ
ဖြစ်မနေ ပြုလုပ်မှဖြစ်မည်ဆိုသည့် အချိန်ရောက်မှ ပြုလုပ်ကြသည်က များပါသည်။ ထိုကဲ့သိုလုပ်ဆောင်းခြင်းများကို သယံဇာတပေါများသည့် ဖွံဖြိုးစ၊ ဖွံဖြိုးဆဲနှိင်ငံတွင် ဖြစ်လေ့ဖြစ်ထ ရှိကြပါသည်။
 
ရွှေ၊ ကြေးစသည့် တန်ဘိုးရှိ သတ္တု Mineral (၁) တန် ရရန်အတွက် အကြမ်းအားဖြင့် (၉၉) တန်သော စွန့်ပစ်ပစ္စည်းများ ထွက်ရှိသည်ဟု ဆိုပါသည်။ ထိုစွန့်ပစ်ပစ္စည်းများ စုပုံနေုသည့်နေရာကို အမြီး (Large amounts of waste; called tailings) ဟုခေါ်ပါသည်။ ထိုနေရာကို စနစ်တကျ ဆည် တာဘောင် တည်ဆောက်သကဲ့သို့ တည်ဆောက်ရပါသည်။ အောက်ခံမြေသား (Based Soil)သည်လည်း ရေစိမ့်မ၀င်နှိင်သောမြေသား (Impervioussoil layer) ဖြစ်ရပါမည်။ ထိုစွန့်ပစ်ပစ္စည်းများထဲတွင် ရေနှင့်မြေကို ပျက်စီးယိုယွင်းစေသော အဆိပ်အတောက် (toxic /Poison) များ ပါဝင်သောကြောင့် ဖြစ်ပါသည်။ တာဘောင်သည်လည်း ဓါတုရေဆိုးများ (Chemical waste water) စိမ်းမှု အနည်းဆုံးဖြစ်အောင် တည်ဆောက်ရပါသည်။ ထိုစွန့်ပစ်ပစ္စည်းများကိုလည်း စနစ်တကျ ဖယ်ထုတ်ရပါသည်။
(ထိုသို့ စနစ်တကျ ပြုလုပ်ထားသည့်တိုင်အောင်၊ သာဓကတခုအနေနှင့် လွန်ခဲ့သောဆယ်နှစ်ကျော်က
(သက္ကရာစ် ၂၀၀၀)၊  အမေရိကတိုက် အလယ်ပိုင်းရှိ(Mar Copper Mine) ကြေးနီသတ္တုတွင်းမှ စွန့်ပစ်ပစ္စည်းတန်ပေါင်း (၂) သန်းကျော် သိုလှောင်ထားသည့်ဆည်(Large amounts of Toxic Waste; Tailings) ကျိုးပေါက်သွားပြီး၊ အများပြည်သူသုံး မြစ်ချောင်းများဆီသို့ စီးဆင်းသွားပြီး ပြည်သူများ ဘေးဒုက္ခရောက်ခဲ့ကြပါသည်။)
တိုးတက်သော နှိင်ငံများသည် သတ္တုတွင်းဆိုင်ရာ ဆွေးနွေးပွဲများကို စုပေါင်းပြုလုပ်ကြပြီး ပိုမိုကောင်းမွန်သော၊ လူနှင့် သဘာဝပတ်ဝန်းကျင်၊ ဘူမိပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးယိုယွင်းမှု အနည်းဆုံးသော မြေပေါ်မြေအောက်ရေ အရည်အသွေး ပျက်စီးယိုယွင်းမှု အနည်းဆုံးသော၊ သတ္တုထုတ်လုပ်ရာတွင် ရေသုံးစွဲမှု အနည်းဆုံးသော၊ သတ္တုဆေးကြောသန့်စင်ပြီး စွန့်ပစ်ရေဆိုးများ စိမ့်ဝင်မှု၊ စီးဆင်းမှု အနည်းဆုံးသော နည်းလမ်းများကို အသုံးပြုကြပါသည်။
ထိုအပြင် သတ္တုတွင်းထုတ်လုပ်သည့် လုပ်ငန်းအနီး ပတ်ဝန်းကျင်ရှိ မြေပေါ်၊ မြေအောက်ရေများကို အမြဲစမ်းသပ် စစ်ဆေးသော နည်းစနစ်များ အသုံးပြုရေး၊ သက်ဆိုင်ရာ နိုင်ငံ၏ တင်းကြပ်သောဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို လိုက်နာရေး၊ စသည့်အချက်များအပေါ် အခြေခံလုပ်ကိုင်ကြရန်ဖြစ်ကြပါသည်။
 
သတ္တုထုတ်လုပ်သည့် လုပ်ငန်းလုပ်ကိုင်သူများ၏ အဓိကလုပ်ငန်းကြီး ၅ ရပ်
(၁) သတ္တုတွင်းတွင် အသုံးပြုနေသည့် မြေပေါ်ရေ၊ ရေစီးရေလာ စနစ်။ (Mining Surface water drainage System) နှင့် သတ္တုတွင်းထုတ်လုပ်သည့်နေရာ၊အနီးပတ်ဝန်းကျင်ရှိမြေပေါ်၊မြေအောက်ရေစီးဆင်းစနစ်။ (Surface and Sub-surface Water System near mining area)။
(၂) သတ္တုသန့်စင်သည့် ရေစွန့်ပစ်ကန်။ (Containment ponds) ။
(၃) မြေအောက်ရေ အသုံးပြုပါက မြေအောက်ရေ ထုတ်ယူသည့်စနစ်။ (Groundwater discharge System if use)။ (၄)သတ္တုတွင်းမှ အသုံးပြုပြီးရေဆိုးများ (Chemical Waste Water Disposal) ကိုမြေအောက်သို့ စိမ့်ဝင်မသွားအောင်၊ မြေပေါ်မှ မလိုအပ်သည့်နေရာ (လူတို့အသုံးပြုနေသည့်မြစ်၊ ချောင်း၊ အင်းအိုင်) ဆီသို့ စီးဆင်းမသွားအောင်၊ (Surface / Subsurface Impervious barriers) ရေမစီမ့်နှိင်သည့် အတားအစီးထားရှိသည့်စနစ်။
(၅) အက်စစ်ရေဆိုးများ (Acid Water) စွန့်ပစ်ရာတွင်လည်း လိုအပ်သည့်သန့်စင်မှုများ ပြုလုပ်ပြီးမှသာ စွန့်ပစ် (Drain after Treatment) ရန်တို့ဖြစ်ပါသည်။

သတ္တုတွင်းများကြောင့် ရေထုညစ်ညမ်းစေခြင်း အမျိုးအစား ၄ မျိုး
၁) သတ္တုတွင်းများမှ သုံးစွဲပြီးအက်စစ်ရေများ ဖောက်ထုတ်စီးဆင်းစေခြင်း။ (Acid Mine Drainage)
ဆလ်ဖိုက် (Sulfite) ဓါတ်သတ္တုဝင်နေသည့် မြေသားနှင့်ကျောက်သား(သတ္တုရိုင်း) (Soil & Rocks’ Fragment) များကို စက်အင်အားဖြင့် တူးထုတ်ပြီး ရေဖြင့်ဆေးကြောသန့်စဉ်စေသောအခါ ဆလ်ဖိုက်သည် လေ၊ရေနှင့် တွေ့ထိဓါတ်ပြုပြီး ဆလ်ဖြူရစ်အက်စစ် ဖြစ်သွားပါသည်။ ထိုအခါ အသုံးပြုသည့် ရေသည်လည်း ဆလ်ဖြူရစ်အက်စစ် ပျော်ဝင်နေသော ရေဖြစ်သွားပါသည်။ ထိုအက်စစ်ပါဝင်နေသည့် မြေသား၊ကျောက်စကျောက်နများ နှင့်ရေဆိုးများသည် မိုးရေစီးကြောင်းများမှသော်လည်ကောင်း၊ မြေပေါ်ရေဆင်းမြောင်းများမှသော်လည်းကောင်း မြစ်ချောင်းအင်းအိုင်များသို့ စီးဝင်သွားခြင်း၊ မြေအောက်ရေသို့ စိမ့်ဝင်သွားခြင်းဖြင့် ရေအရည်အသွေးယိုယွင်းလာစေပါသည်။ နှစ်ပေါင်းရာစုနှစ်များစွာ ကြာလာသည့်အခါ သောက်သုံး၍ မရသည့် အခြေအနေသို့ ရောက်ရှိပြီး ရေနေသတ္တ၀ါများနှင့် ရေစပ်နေသတ္တ၀ါများပါ မျိုးတုံးပျောက်ဆုံးနှိင်ပါသည်။
၂) သိပ်သည်းဆများပြီးအဆိပ်အတောက်ဖြစ်စေသောဓါတ်သတ္တုများဆေးကြောခြင်း။ (Heavy & Toxic Metal Contamination & Leaching)
သိပ်သည်းဆများပြီးအဆိပ်အတောက်ဖြစ်စေသောဓါတ်သတ္တုများ(အာစင်နစ်၊ ကိုဘော့၊ ကြေးနီ၊ ကက်မိဒီယံ။ ခဲ၊ငွေ၊ဇင့်စသည့်) Heavy & Toxic Metal (Arsenic, Cobol, Copper, Cadmium, Lead, Zinc and etc.) ပါဝင်သည့်ကျောက်သား၊ မြေစီလွာများကို ရေဖြင့်ဆေးကြောပြီး သည့်အခါထိုဆေးကြောရေများသည်အထက်အပိုဒ် ၁ ပါနည်းများအတိုင်း မြေပေါ်ရေနှင့်မြေအောက်ရေများစီသို့ စီးဝင်သွားရာ ဓါတ်သတ္တုပျော်ဝင် နှုန်းများလာသည်နှင့်  အတူ အချိန်ကာလကြာလာသည့်အခါ pH အဆင့်နဲလာပြီးအထက်အပိုဒ် ၁ ကဲသို့ Acid Mine Drainage ပုံစံဖြစ်သွားပါသည်
၃) ဓာတုပစ္စည်းများ အသုံးပြုခြင်းကြောင့်ရေထုညစ်ညမ်းစေခြင်း။ (processing Chemicals pollution to water)
သတ္တုထုတ်လုပ်သည့် သတ္တုတွင်းများတွင် သတ္တုရိုင်းများမှ ရယူလိုသည့် သတ္တုကို သီးခြားခွဲထုတ်၍ရအောင် ဓာတုအကူပစ္စည်းအဖြစ့် ဆိုင်ယာနှိဒ်(သို့) ဆလ်ဖြူရစ်အက်စစ် (Cyanide OR Sulfuric acid) ကို အသုံးပြုကြပါသည်။ ထိုသို့အသုံးပြုသည့် ပျော်ရည်များ အနီးပတ်ဝန်းကျင်ရှိ မြေပေါ်ရေနှင့် (သို့) မြေအောက်ရေများဆီသို့ လျံကျ၊စိမ့်ဝင်၊စီးဆင်းခြင်းဖြင့် ရေထုညစ်ညမ်းစေပြီး သောက်သုံးသူများ(လူနှင့်ရေနေသတ္တ၀ါများ)ကို အဆိပ်
အတောက်ဖြစ်စေပါသည်။ မျိုးတုန်းပြောက်ကွယ်စေပါသည်။
၎) မြေဆီလွာတိုက်စားခြင်းနှင့်အနယ်ပို့ချခြင်း။ (Erosion and Sedimentation)
ဓါတ်သတ္တုများထုတ်လုပ်သည့် သတ္တုတွင်းများမှ ထွက်လာသောမြေသားနှင့် ကျောက်သား၊ ကျောက်စကျောက်နများတို့ သည်စနစ်တကျ
ကြိုတင်ကာကွယ်ထိန်သိမ်းထားခြင်း မရှိပါက မိုး၊လေ၊ရာသီဥတုတိုက်စားမှု့ကြောင့် အနီးအနားပတ်ဝန်ကျင်ရှိ မြစ်ချောင်းအင်းအိုင်၊ကန်များဆီသို့စီးဝင်၊ အနယ်ပို့ချကြပါသည်။ ထိုသို့ပို့ချမှု့များပြားလာသောအခါ မြစ်ချောင်းအင်းအိုင်ကန်များ၏ ကြမ်းပြင်များ၊ ရေစီးဆင်းရာလမ်းကြောင်းများ၊ ပိတ်ဆို့ခြင်း၊ ရေနေသတ္တ၀ါများနှင့် ရေစပ်နေသတ္တ၀ါများ တဖြေးဖြေးမျိုးတုန်းသွားခြင်း၊ စသည်ဆိုးကျိုးများကိုဖြစ်ပေါ်စေပါသည်။
သတ္တုတွင်းနှင့် ဘူမိပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၏အဆိုအမိန့်
အမေရိကန်နှိင်ငံ၊ ၀ါရှင်တန်ဒီစီရှိ ဓါတ်သတ္တုများဆိုင်ရာပေါ်လစီဗဟိုက မိန့်ဆိုထားသည့် ဆိုလိုရင်းအချက်မှာ
 
“သတ္တူတွင်းတခု စတင်ထုတ်လုပ်ပြီဆိုကတည်းက သတ္တုထုတ်လုပ်သူ(ကုမ္မဏီ)၏အမြင့်ဆုံးသော တာဝန်တရပ်အနေနှင့် ရေအရင်းအမြစ်များ ကြိုတင်ကာကွယ်ခြင်း၊ လုပ်ငန်းပင်ဖြစ်သည်” ဟုဆိုထားပါသည်။ ဆိုလိုရင်းအသေးစိတ်မှာ …
[(“Once the mine is operation water protection must remain the highest goal of the Company, even if it means reduced mineral productivity. Adopting this common-sense ethic is the only way can ensure that the golden dreams of mining do not turn into the nightmare of poisoned streams” ) ( Carlos De Roas & James Lyon, Golden Dreams, Poisoned Streams, Mineral
Policy Center, Washington DC, 1997]
 
သတ္တုတွင်းများကြောင့်အဓိကပြောင်းလွဲမှု့ကြီး ၃ု၊
(၁) သဘာဝမြေမျက်နှာသွင်ပြင် (Changes in the Natural Topography)။
(၂) ဇလဘူမိဗေ ဆိုင်ရာအခြေအနေများနှင့် အတူမြေပေါ်ရေနှင့် မြေအောက်ရေ အပြင် ကျောက်လွာများ၏ ဘူမိနည်းပညာဆိုင်ရာ အခြေအနေများ ပြောင်းလွဲလာခြင်း (Changes in the hydro-geological conditions with consequences for both groundwater and surface water and finally changes in the geotechnical conditions of the rock)။
(၃) မတူကွဲပြားခြားနားသောဘူမိပတ်ဝန်ကျင်းများအပေါ်အကျိုးအပြစ်များပိုမိုလာခြင်း (Rise to
various impacts on the geo-environment) (Aswathanaryana 2003)


လက်ပန်တောင်းတောင်သတ္တုတွင်းနှင့် သောက်သုံးရေအရင်းအမြစ်
တည်နေရာနှင့်လုပ်ငန်းပမာဏ

မုံရွာကြေးနီသတ္တုတွင်းသည် အရှေ့တောင်
အာရှတွင်ဒုတိယအကြီးဆုံးဖြစ်ပါသည်။ မုံရွာကြေးနီသတ္တုတွင်း (စပယ်တောင်၊ကြေးစင်တောင်နှင့်လက်ပန်တောင်းတောင်) မှသတ္တုရိုင်းတန်ချိန်(၂) ဘီလံခန့်ထွက်ရှိမှာဖြစ်ပြီး ကြေးနီသတ္တုတန်ချိန်(၇ )သန်းခန့် ရရှိမှာ ဖြစ်ကြောင်း၊ အိုင်ဗင်ဟိုး ဘူမိဗေဒ စူစမ်းလေ့လာရေး အစီရင်ခံစာမှာပါရှိပါသည်။ မုံရွာကြေးနီသတ္တုသိုက်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးသော ကြေးနီထွက်ရှိသည့် အမြတ်အစွန်းအများဆုံး ရရှိသော သတ္တုတွင်းဖြစ်ကြောင်း အင်္ဂလိပ်ဘာသာနှင့်ထုတ်လွင့်သော ရိုးမအင်တာနက်စာမျက်နှာတွင် ဖတ်လိုက်ရပါသည်။ (ကမ္ဘာပေါ်မှာ အကြီးဆုံးသော ကြေးနီသတ္တုမိုင်းသည် ချီလီနှိင်ငံမှာရှိပါသည်။)
လက်ပန်တောင်းတောင်သတ္တုတွင်းသည်မုံရွာခရိုင်၊ ချင်းတွင်းမြစ်တဖက်ကမ်း၊ ချင်းတွင်းမြစ်မှ ၁၅ ကီလိုမီတာ၊( ၉ မိုင်)်အကွာ၊ ပင်လယ် ရေမျက်နှာပြင် အထက်အမြင့်ပေ ၂၄၀ မှ ၃၂၀ အတွင်း ရှိပါသည်၊ လက်ပန်တောင်းတောင်သတ္တုသိုက် တခုတည်း၏ ဧရိယာအကျယ်အ၀န်းမှာ ၂.၄၃ စတု ရန်းမိုင်ခန့်ရှိပါသည်။ မုံရွာကြေးနီသတ္တုတွင်း၊ ဘူမိဗေဒစမ်းသပ်တွင်းတူ မှတ်တမ်းများအရ စမ်းသပ်တွင်းပေါင်း(၃၀၀)ကျော်ကို အနက်ပေ(၉၀၀) ကျော်အထိ တူးဖေါ်ခဲ့သဖြင့် သတ္တုထုတ်လုပ်မှု့သည်လည်း အဆိုပါအနက် ထိရောက်ရှိနှိင်ပါသည်။ အဆိုပါသတ္တုထုတ်လုပ်ခြင်းလုပ်ငန်းအတွက် လုပ်ငန်းသုံး မြေအကျယ်အ၀န်းမှာ(၄) မိုင်ခန့်ရှိပါသည်။
လက်ပန်တောင်းတောင်သတ္တုတွင်းမှ ကြေးနီသတ္တုရိုင်း တန်ချိန်ပေါင်းသန်းရာထောင်ခန့် ထုတ်ယူရရှိနှိင်မည်ဟုဆိုပါသည်။ ကြေးနီပါဝင်နှန်းများသော သတ္တုသိုက်တခုဖြစ်ပါသည်။ တနှစ်သတ္တုရိုင်းတန် ၅၀၀၀၀ မှ တန် ၁၂၅၀၀၀ ထိထုတ်လုပ်နှိင်မည်ဖြစ်ရာ ပဌမ ၅ နှစ်တွင်တနှစ်တန် ၆၃၅၀၀ နှန်း၊ နောက်အနှစ်၂၀ တွင်၂ ဆ တိုး၍ တနှစ်တန် ၁၂၅၀၀၀ နှန်းထုတ်လုပ်ရန် ရာထားပါသည်။ ထိုသို့ဆိုပါက ဤစီမံကိန်းသည် ၂၅ နှစ်စီမံ
ကိန်းဖြစ်ပေမည်။ ကြေးနီသတ္တု (Copper Mineral) တန်မည်မျှတွက် မည်ဟုမဆိုထားသော် လည်း ထိုသတ္တုထုတ်လုပ်မှု့မှ အမြတ်အစွန်း၊ အမေရိကန် ဒေါ်လာသန်းချီပါမည်ဟုလည်း အိုင်ဗင်ဟိုး ဘူမိဗေဒစူးစမ်းလေ့လာရေး အစီရင်ခံစါအရသိရှိရပါသည်။ ယခုအခါ် လက်ပန်တောင်းတောင် သတ္တုထုတ်လုပ်ခြင်း လုပ်ငန်းများကို စီးပွားရေ ဦးပိုင်လီမီတက်နှင့် မြန်မာဝန်ပေါင်လီမီတက်တို့ လုပ်ကိုင်လျှက်ရှိပါသည်။ လက်ပန်တောင်းတောင် ပြည်သူ့အကျိုးစီပွား ကာကွယ်ကော်မတီ- သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး အစီရင်ခံစာ အရ ထုတ်လုပ်မှု့ သက်တမ်းးသည်နှစ်(၆၀)ဟုဖတ်ရှုရပါသည်။ မည်သို့ပင်ဆိုဆို ဤလက်ပန်တောင်းတောင် သတ္တုတွင်းရှိ သတ္တုထုတ်ယူမှု့ကာလသည်အနဲဆုံးရာစုနှစ် ၃ – ၄ ခုမျှကြာမြင့်နှိင်ပါသည်။
လက်ရှိအခြေအနေလေ့လာချက
ကမ္ဘာ့သတ္တုထုတ်လုပ်သည့် သတ္တုတွင်းကုမ္မဏီနှင့် ပညာရှင်များ တွက်ချက်ထားချက်အရ သတ္တု(၁)တန်ရရှိရန် (၉၉)တန်သောဘေးထွက်ပစ္စည်းများကို စွန့်ပြစ်ရသည်ဟုဆိုပါသည်။ သိုဆိုပါက ဘေးထွက်ပစ္စည်း တန်ချိန်ပေါင်း သန်းရာထောင် ကျော်သွားမည်ဖြစ်ပါသည်။
သို့ဆိုပါကသတ္တုတွင်း မှထွက်ရှိလာသော စွန့်ပြစ်ပစ္စည်း (မြေဆီလွာ၊ ဆင့်နိမ်ပယ်သတ္တုရောမြေသား နှင့်ကျောက်သား၊ကျောက်နများနှင့် အက်စစ်ရောရေဆိုးများ) (Waste Materials; Soil & rock mixed with low grade trace Metal and acid waste water) ပြန့်ကြဲနေသောဧရိယာအကျယ်အ၀န်းမှာ လုပ်ငန်းသုံး မြေနေရာ အကျယ်အ၀န်းထက် (၁၀)ဆမက ကျယ်ပြန့်လာနှိင်ပါသည်။
(သတ္တုတွင်းလုပ်ငန်း၏ ဆိုးကျိုးများ သက်ရောက်နှိင်သည့် ဧရိယာအကျယ်အ၀န်းမှာလည်း လုပ်ငန်းသုံး မြေနေရာ အကျယ်အ၀န်းထက် (၁၀)ဆမက ဖြစ်လာနှိင်ပါသည်။ ထိုဆိုးကျိုးများသက်ရောက်နှိင်သည့် ဧရိယာအကျယ်အ၀န်း၊ အတိမ်အနက်မှာ နေရာဒေသ၏ ဘူမိဗေဒ၊ ဇလဘူမိဗေဒ၊ မိုးရွာသွန်းမှု့၊ ဒေသအပူချိန်၊ မြေမျက်နှာသွင်ပြင်တို့ အပေါ်များစွာတည်ပါသည်)
သတ္တုတွင်းနှင့် အနီဆုံးသော ရေပေါ်ရေအရင်းအမြစ်မှာ ချင်းတွင်းမြစ်နှင့်ယာမချောင်းတို့ဖြစ်ပါသည်။ သတ္တုတွင်းဧရိယာနှင့် အနီးပတ်ဝန်းကျင်ဒေသတ၀ှမ်း၏ မြေအောက်ရေအောင်းလွှာသည် တဆက်တကျောတည်း ရှိသည်ဟု အိုင်ဗင်ဟိုး၏ ဘူမိဗေဒလေ့လာရေး အစီရင်ခံစာမှာပါရှိပါ သည်။ ထိုအပြင်အိုင်ဗင်ဟိုး၏ စီမံကိန်းလေ့လာမှု့အစီရင်ခံစာ- အရ သတ္တုများ အကုန်အစင်ထုတ်ယူပြီးသည့် အခါ ထိုနေရာသည် မြေနိမ့်ချိုက်ဝှမ်းဖြစ်သွားပြီ်း ပင်လယ်ရေမျက်နှာပြင်အောက်ပေ- ၄၀၀ ကျော်ထိ ရောက်ရှိနှိင်မည်ဖြစ်ပါသည်။ အဆိုပါအချက်သည် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း၊ဒေသကြီးတခုလုံး၏ မြေအောက်ရေအရင်းအမြစ်အတွက် ကောင်းသောအလားအလာ မဟုတ်ပါ။
လက်ပန်တောင်းတောင်သတ္တုတွင်းလုပ်ငန်း အားလုံးအတွက် လိုအပ်သော ရေကို ချင်းတွင်းမြစ်၊ယမားချောင်း တို့မှရယူပါသည်။ သတ္တုတွင်းလုပ်ငန်းသည် ရေများစွာအသုံးပြုရသော လုပ်ငန်းဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်ပါက အထက်တွင် ဖေါ်ပြခဲ့သော – သတ္တုထုပ်လုပ်သည့် လုပ်ငန်း လုပ်ကိုင်သူများ၏ အဓိကလုပ်ငန်းကြီး ၅ ရပ် နှင့်ချိန် ထိုး ကြည့်သင့်ပါသည်။ လက်ရှိဖြစ်ပျက်နေသော အခြေအနေ၊ သတင်းဆောင်းပါးများအရ သတ္တု တွင်းများကြောင့် ရေ ထုညစ်ညမ်းစေခြင်း၊ အမျိုးအ စား (၄)မျိုး မှအနဲဆုံးတမျိုးမကဖြစ်နှိင်ပါသည်။ စာရေသူယူဆချက်အရ (၃)မျိုးခန့် ဖြစ်နေသည် ဟုယူဆရပါသည်။
သို့ပါက သတ္တုတွင်းမှထွက်ရှိသော စွန့်ပြစ်သတ္တုများ ရောနောနေသော၊ အသုံးပြုအက်စစ်များ ပျော်ဝင်နေသော ရေဆိုးများသည် မိုးရေစီးချောင်း တလျောက်သော်လည်ကောင်း၊ ရေဆိုးထုတ်ပြွန်၊ မြောင်းများမှ သော်လည်ကောင်း ယမားချောင်း၊ချင်းတွင်းမြစ်စီသို့စီးဝင်မည်ဖြစ်သကဲသို့၊ မြေအောက် သို့လည်းစိမ့်ဝင်၍ မြေပေါ်မြေအောက် ရေအရင်းအမြစ်များကို ညစ်ညမ်းစေ၍ အဆိပ်အတောက်ဖြစ်စေပါသည်။ သတ္တုတွင်းပတ်ဝန်းကျင် ယင်းမပင် ဒေသ တ၀ိုက်တွင်း ကျေးရွာလူထုသုံးနှင့်စိုက်ပျိုးရေသုံး စက်ရေတွင်း(အ၀ိစီတွင်း) များစွာရှိပါသည်။ ထိုအခါသဘာဝအလျောက်တည်ရှိနေသော၊လူတို့ သောက်သုံး၍ ရသည့် ရေသယံဇာတများသည် လူနှင့်ရေနေကုန်နေသတ္တ၀ါများတို့၏ ကျန်းမာရေး၊ ဆိုးကျိုးများစွာဖြစ်လာပေမည်။ ထိုသို့ညစ်ညမ်းသွားပြီးဖြစ်သည့် ရေကို ပြန်လည်ပြုပြင်ဘို့ အင်မတန်ခက်ခဲပါသည်။ လယ်ယာမြေဆုံးရှုံးးတာကို တခြားနေရာဒေသမှ မြေအစားထိုးပေးခြင်း၊လျော်ကြေးပေးခြင်း၊ ပြုလုပ်၍ ရကောင်းရပေမဲ့၊ ရေအရည်အသွေး ပျက်ယွင်းသွားသည်ကို လျော်ကြေးပေး၍မရပါ။ အထူးသဖြင့် မြေအောက်ရေပျက်ယွင်းခြင်းက ပိုမိုဆိုးရွားပါသည်။ ပြန်လည်ကောင်းမွန်ဘို့ ဆယ်စုနှစ်များစွာ စောင့်သော်လည်း နကိုယ်မူ့လအခြေအနေ ပြန်ဖြစ်ဘို့ခက်ခဲပါသည်။ ယ္ခုအခါရာသီဥတုဖေါက်ပြန်မှု့များကြောင့် မိုးခေါင်ရေရှားဖြစ်နေသည့် ကာလဖြစ်သဖြင့် ပိုမိုဆိုးလာနှိင်ချေများပါသည်။ ထိုမှတဆင့်အထက်တွင်ဖေါ်ပြခဲ့သော – သတ္တုတွင်းများကြောင့် အဓိကပြောင်းလွဲမှု့ကြီး ၃ ခု၊[(၁) သဘာဝ မြေမျက်နှာသွင်ပြင်။ (၂) ဇလဘူမိဗေဆိုင်ရာ အခြေအနေများ နှင့်အတူ မြေပေါ်ရေနှင့် မြေအောက် ရေအပြင် ကျောက်လွှာများ၏ ဘူမိနည်းပညာဆိုင်ရာ အချေအနေများ ပြောင်းလွဲလာခြင်းး။ (၃) မတူကွဲပြားခြားနားသောဘူမိပတ်
ဝန်းကျင်းများ အပေါ်အကျိုးအပြစ်များပိုမိုလာခြင်း။] ဖြစ်ပျက်လာမည်မှာအမှန်ပင်ဖြစ်ပေမည်။
ဆွေးနွေးအကြံပြုတင်ပြခြင်း …
လက်ပံတောင်းတောင်သတ္တုထုပ်လုပ်ခြင်း လုပ်ငန်းများကိုလည်း ယ္ခုလက်ရှိထုတ်လုပ်နေသည့်ပုံစံမျိုးဖြင့် လုပ်ကိုင်နေခြင်းထက် တိုးတက်နေသောနှိင်ငံများ(ဥပမာ၊ ၊ Australia, Canada, United State) တွင် ထုတ်လုပ်သည့် လူနှင့်သဘာဝပတ်ဝန်းကျင် မြေပေါ်မြေအောက်ရေအရင်းအမြစ်များကို မထိခိုက်စေသည့် နည်းစနစ်များကို အသုံးပြုခြင်းက ပိုမိုကောင်းမွန်မည်ဖြစ်ပါသည်။ သတ္တုတွင်းတခု၏ အဓိကအချက်မှာ သတ္တုထုတ်လုပ်ရာမှ ဖြစ်ပေါ်လာသည့် စွန့်ပြစ်ပစ္စည်းများကြောင့် လေထု၊ မြေပေါ်ရေ၊ မြေအောက်ရေ၊ သဘာဝပတ်ဝန်းကျင်၊ သစ်ပင်သီးနှံများ မပျက်စီး၊မယိုယွင်းစေဘို့၊ အနီးအနားနေပြည်သူများ ကျမ္မာရေးမထိခိုက်စေဘို့ အဓိကဖြစ်ပါသည်။
သို့ပါ၍ သတ္တုတွင်းလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသည့် ဇလဗေဒ၊ဇလဘူမိဗေဒနှင့်ဘူမိဗေဒပညာရှင်များနှင့် သတ္တုတွင်းအင်ဂျင်နီယာများ၊ ဓာတုအင်ဂျင်နီယာများ ကသော်လည်းကောင်း၊ သီးခြားအဖွဲ့အစည်း (ပညာရှင်များပါဝင်သော) ကသော်လည်းကောင်း လုပ်ငန်းခွင်တွင် လည်ပတ်သုံးစွဲနေသည့် မြေနှင့်ရေတို့တွင် မည်ရွှေမည်မျှ အဆိပ်တောက်ဖြစ်စေသည့် ဓါတုပစ္စည်းများ မည်ရွေ့မည်မျှ ပျော်ဝင်နေသည်ကို စစ်ဆေးသင့်ပါသည်။ သတ္တုတူးဖေါ်ထုတ်လုပ်နေသည့် ပတ်ဝန်းကျင်နှင့် အနီးနားနေ ပြည်သူတို့ သောက်သုံးနေသော ရေ (မြေပေါ်၊မြေအောက်) ကိုလည်း သတ္တုထုတ်လုပ်နေစဉ်နှင့် ထုတ်လုပ်ပြီး နောက်ပိုင်းကာလများစွာထိ မည်သည့်ဓါတ်သတ္တုများပျော်ဝင်နေကြောင်း သိရှိရန် ရေစမ်းသပ်ဓါတ်ခွဲသင့်ပါသည်။ တွေ့ရှိချက်အရ သောက်သုံးရန် မသင့်ပါက မသင့်တော်ကြောင်း သတိပေး အကြောင်းကြားပြီး တခြားသောသောက်သုံးရန်သင့်လျော်သည့် ရေအရင်းအမြစ်ကိုညွန်ပြရပါမည်။
သတ္တုတွင်းလုပ်ငန်းသုံးရေကို လည်ပတ်သုံးစွဲပြီးနောက် သန့်စင်၍ချင်းတွင်းမြစ်တွင်းသို့ ပြန်လည် စီးဆင်းစေမည်ဖြစ်ပါသည်။ ထိုသန့်စင်မှု့
အဆင့်သည် မည်မျှရှိမည်နည်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏လမ်းညွှန်ချက်၊ မြန်မာနှိင်ငံ ကျန်မာရေးဦးစီးဌာနနှင့် ရေအရင်းအမြစ်များ အသုံးချရေးဦးစီးဌာန (ယ္ခင်ကျေးရွာရေရရှိရေးဌာန)တို့ ပြုစုအတည်ြ့ပု ထားသော သတ်မှတ် ထားသည့် သောက်သုံးရန်သင့်လျော်သည့်ရေ (potable water) အဆင့်ရှိရန်လိုပါမည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနှိင်ငံရှိ လူဦရေအများဆုံးသည် ချင်းတွင်းမြစ်ရိုးတလျှောက်၊ ဧရာဝတီမြစ်ရိုး၊မြစ်ကမ်းတလျှောက် နေထိုင်လုပ်ကိုင်စားသောက်ကြရာ ဧရာဝတီမြစ်ရေသည်လည်း ထိုသူတို့၏ သောက်သုံးရေအရင်းအမြစ်ဖြစ်ပါသည်။ အဆိုပါမြစ်ရေနှင့်ပတ်ဝန်းကျင် အစဉ်သန့်ရှင်းကြည်လင်ရန် လွန်စွာအရေးကြီးပေသည်။ မြစ်ကမ်းနားတလျှောက်ရှိ မြို့အများစုသည် မြစ်ရေကိုသောက်သုံးရေ အဖြစ်အသုံးပြုနေကြရပါသည်။ နေရာဒေသအများစုတွင် မြေပေါ်ရေကို သောက်သုံးရေအဖြစ် အများအပြားအသုံးပြုနေကြပါသည်။
သို့ပါ၍ လက်ပန်တောင်းတောင် အနီးအနားပတ်ဝန်ကျင်ရှိ မြေပေါ်မြေအောက်ရေများကို ရေနမူနာရယူ၍ မည်သည့်ဓါတ်ပစ္စည်းများ မည်မျှပျော်ဝင်နေကြောင်း သိရှိနှိင်ရန် ကျွမ်းကျင်ပညာရှင်များက ရေစမ်းသပ်ဓါတ်ခွဲ၍ မှတ်တမ်းများကို ပြည်သူသို့သိရှိစေသင့်ပါသည်။ ရေနမူနာရယူရာတွင်လည်း သတ္တုထုတ်လုပ်သည့်နေရာကို ဗဟိုထား၍ အနဲဆုံး(၁၀)မိုင်ဝန်းကျင်အထိ ပထမအဆင့် လုပ်ဆောင်သငိ့ပါသည်။ ချင်းတွင်းမြစ်ရေအထိ ရေနမူနာရများရယူ၊ ဓါတ်ခွဲစမ်းသပ်သင့်ပါသည်။ ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်ဆုံအထိ ရေနမူနာ ရယူ စမ်းသပ်သင့်ပါသည်။
ရေကောင်းရေသန့်ဆိုသည်မှာ …
(၁) အရောင်အဆင်း အနယ်အနှစ် အနံအရသာတို့ကို ဖြစ်စေသောရုပ်ဝတ္တုများကင်းစင်စေခြင်း။
(၂) လူတို့၏စိတ်ရော ကိုယ်ပါ ကျန်းမာမှု့ကို ထိခိုက်စေသော ဓာတ်ပစ္စည်းများကင်းစင်စေခြင်း။
(၃) လူတို့အား ရောဂါရစေသော ပိုးမွှားများကင်းစင်စေခြင်း။ စသည့်အရည်အချင်းသုံးရပ်နှင့် ပြည်စုံသောရေကို ရေကောင်းရေသန့် ဟုခေါ်ပါသည်။
ရေသည် ကမ္ဘာလောကသားအားလုံးအတွက် မရှိမဖြစ် အခြေခံအလိုအပ်ဆုံးသောအရာဖြစ်ပါသည်။ ထိုကြောင့် မြစ်ချောင်းအင်းအိုင်များကို အဆိပ်အတောက်၊ ရောဂါပိုးပွားများ ပျော်ဝင်ညစ်ညမ်းမှု့မရှိအောင် စဉ်ဆက်မပြတ် ဆက်လက် စောင့်ရှောက် ထိမ်းသိမ်းထားရမည်ဖြစ်ပါသည်။မြေပေါ်မြေအောက် ရေအရင်းအမြစ်မှာ သဘာဝအလျောက် ဖြစ်တည်နေသောအရာများဖြစ်ပေသည်။ သို့မှသာလူသားအားလုံးအတွက် အလိုအပ်ဆုံးသော သောက်သုံးရေကို အမြဲရယူသုံးစွဲနှိင်မည် ဖြစ်ပေသည်။
မြန်မာနှိင်ငံသူနှိင်ငံသားအားလုံး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ နှစ်သစ်မှာ သောက်သုံးရေကြောင့် ကျမ္မာရေး၊ဘေးဒုက္ခမရောက်ကြပါစေ – ဟုဆုတောင်းလျက်—-
 
Ref:moemaka

စားသောက်ကုန်များတွင် အန္တရာယ်ဖြစ်စေသည့် ဇီဝပိုးများပါဝင်နေ

Chemical Laboratory for Food Inspection in Myanmar
 
ပည်တွင်းထုတ်ကုန်နှင့် ပြည်ပမှတင်သွင်းသည့် စားသောက်ကုန်ပစ္စည်းများတွင် လူကိုအန္တရယ်ဖြစ်စေ နိုင်သည့် အဏုဇီဝပိုးများ ပါဝင်သည်ကိုတွေ့ရှိရကြောင်း မြန်မာနိုင်ငံ စိုက်ပျိုးရေးအခြေခံ စားသောက် ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိန်သောင်းဦးကပြောသည်။ ပြည်တွင်း ထုတ်လုပ်သည့် စားသောက်ကုန်ပစ္စည်း ၁၃၅ မျိုးကို နမူနာအဖြစ် စမ်းသပ်စစ်ဆေးရာတွင် အန္တရာယ် ဖြစ်စေသည့် အဏုဇီဝပိုးမွှားပစ္စည်း ၂၂ မျိုးတွင် ပါဝင်သည်ကိုတွေ့ရှိရပြီး ရာခိုင်နှုန်းအားဖြင့် ၁၆ ဒသမ ၃ ပါဝင်ကြောင်း ၎င်းကပြောသည်။ ထို့ပြင် ပြည်ပမှတင်သွင်းသည့် စားသောက်ကုန်ပစ္စည်း ၁၄ မျိုးကို နမူနာအဖြစ်စစ်ဆေးရာတွင် ပစ္စည်း ၇ မျိုးတွင် အဏုဇီဝပိုးများပါဝင်နေပြီး ရာခိုင်နှုန်းအားဖြင့်ကြည့်ပါက ၅၀ ရာခိုင်နှုန်းထိပါဝင်နေကြောင်း ၎င်းကဆက်လက်ပြောသည်။ အသင်းကတည်ထောင်ထားသည့် စားသောက်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုဓာတ်ခွဲခန်းတွင် ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့်နှစ်အတွင်း စစ်ဆေးစဉ် အထက်ပါအတိုင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းထုတ် စားသောက်ကုန်များကို နမူနာအဖြစ်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသည့် ပစ္စည်းများကို ရွေးချယ်စစ်ဆေးခြင်းမဟုတ်ဘဲ ထုတ်လုပ်သည့်လုပ်ငန်းရှင်များ တိုက်ရိုက်ရွေးချယ်ပေးသည့် ပစ္စည်းများကိုသာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ "ထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေက သူတို့ရဲ့ ထုတ်ကုန်တွေထဲက ပစ္စည်းကောင်းတွေကို နမူနာအဖြစ်စစ်ဆေးဖို့ ပေးတဲ့ထဲမှာတင် ပိုးတွေပါဝင်နေတာကို တွေ့နေရတယ်" ဟု ၎င်းကပြောသည်။ ပြည်ပမှတင်သွင်းသည့် စားသောက်ကုန်များကိုမူ ဈေးကွက်အတွင်းမှ ရယူစစ်ဆေးခြင်းကြောင့် စစ်ဆေးတွေ့ရှိချက်ပေါ်မူတည်ပြီး အသင်းဝင် များတင်သွင်းလာသည့် စားသောက်ကုန်များ စံချိန်စံညွှန်းနှင့်အညီ တင်သွင်းရေးကိုသာ အသင်းက အသိပေးနိုင်ပြီး အစိုးရအဖွဲ့အစည်းကဲ့သို့ အရေးယူဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ၎င်းကပြောသည်။ သို့သော် အဆိုပါစစ်ဆေးတွေ့ရှိချက်များကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် တင်သွင်းလာသည့် စားသောက်ကုန်များနှင့် ပြည်တွင်းထုတ်ပစ္စည်းများကို စစ်ဆေးကြီးကြပ်ရာတွင် ယခုထက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း ၎င်းကသုံးသပ်ပြောသည်။ ပိုးမွှားပါရှိသည့် စားသောက်ကုန်များကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းယူသည့်စနစ် ကျင့်သုံးနိုင်ခြင်းရှိ၊မရှိမှာ စားသုံးသူဆိုင်ရာ ကာကွယ်သည့်ဥပဒေ ပြဋ္ဌာန်းအတည်ပြုနိုင်ခြင်းမရှိသေးဘဲ စားသုံးသူကာကွယ်ရေးဥပဒေမူကြမ်း (Consumer Protection Law) အဆင့်သာ ပြီးစီးသေးကြောင်းသိရသည်။ "လက်ရှိမှာ ဥပဒေမရှိသေးတဲ့အတွက် ပိုးပါတဲ့ပစ္စည်းတွေကို မသိမ်းဆည်းနိုင်သေးဘူး" ဟု၎င်းကပြောသည်။ အာဆီယံဒေသတွင်း နိုင်ငံများတွင် ၎င်းဥပဒေကို မြန်မာနိုင်ငံမှလွှဲ၍ ကျန်နိုင်ငံများတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ ၁၉၈၅ ခုနှစ်တွင် စားသုံးသူများ၏အခွင့်အရေးကို ကာကွယ်ပေးနိုင်ရန် စားသုံးသူများအတွက် ၀ယ်ချင်သည့်ပစ္စည်းအား စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိရန်၊ ၀ယ်ချင်သည့်ပစ္စည်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို ရယူနိုင်ရန်၊ ၀ယ်ယူသည့်ပစ္စည်းသည် လုံခြုံစိတ်ချရန်၊ ၀ယ်လိုသည့်ပစ္စည်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို သိရှိနိုင်ရန်၊ စားသုံးသူတို့၏ အခြေခံလိုအပ်ချက်များနှင့်ပတ်သက်၍ ကျေနပ်မှုရရှိရန်၊ အလျော်အစားရပိုင်ခွင့်ရှိရန်၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ပညာရပ်များ သင်ကြားနိုင်ခွင့်ရှိရန် ပိုမိုလုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်အား ရွေးချယ်ပိုင်ခွင့်ရှိရန်တို့ကို သတ်မှတ်ပေးခဲ့သည်။
ကိုကိုကြီး
Ref:7daynews
 Lab Working to Improve Food Safety 

ကိုယ့်ငါကြင်းဆီနှင့်ငါကြင်းပြန်အကျော်ခံလိုက်ရသော ရွှေဗမာတွေ

ရွှေဗမာတွေနိုင်ငံတကာကိုတော်တော်ဝင်ဆန့်လို့ ခေတ်မှီလာကျနေပါပြီ၊ ဘယ်နေရာဘဲဖြစ်ဖြစ် နိုင်ငံတကာ နှင့်နှိုင်းယှဉ်ပြီးတော့စကားတွေပြောတတ်နေပါပြီလေ...
အခုဘဲကြည့် နိုင်ငံတကာကို ကုန်ကြမ်းကိုရောင်းပြီး ကုန်ချောပြန်၀၀ာ်နေရမှတော့ ရွှေပြည်သူတွေသေဖို့ဘဲရှိတော့တယ်လေ....
 
ဘာဖြစ်လို့တခုခုဆိုရင် နိုင်ငံတကာနှင့်နှိုင်းယှဉ်ပြီးပြောနေကျလဲမသိသေးပါဘူးလို့!
ကိုယ်ရဲ့အခြေအနေက နိုင်ငံတကာအဆင့်မှာမရှိသေးတာကိုနေရာတကာ နိုင်ငံတကာနှင့်နှိုင်းယှဉ်ပြီး ပြောပြော နေကျတယ်၊
ဘယ်မှာလဲ နိုင်ငံတကာ အဆင့်မှီတင်ပို့နေတဲ့ထုတ်ကုန်တွေ? 
ဘယ်မှာလဲ နိုင်ငံတကာ ဆက်သွယ်ရေးတွေ?
ဘယ်မှာလဲ နိုင်ငံတကာ သယ်ယူပို့ဆောင်းရေးတွေ?
ဘယ်မှာလဲ နိုင်ငံတကာ ပညာရေးစနစ်တွေ?
ဘယ်မှာလဲ နိုင်ငံတကာ ကျန်းမာရေးစနစ်တွေ?
ဘယ်မှာလဲ နိုင်ငံတကာ အခြေခံဝန်တမ်းလစာတွေ?
 
အေး!နိုင်ငံတကာနှင့်မှီလာတာတော့ရှိပါတယ်! နိုင်ငံတကာအဆင့်လူနေမှုကုန်ကျစရိတ်တွေ မြေဈေးတွေ  နှင့် နိုင်ငံတကာလွတ်လပ်တဲ့ မော်ဒယ်ကဲကဲလေးတွေရဲ့ကျော်ငြာလေးတွေပါဘဲ!  ဟုတ်ဘူးလား....
အခုဆို ရွှေတို့ရဲ့ပုံမှန်အိမ်တအိမ်ရဲ့စားစရိတ်လေးတွေ နှင့် စကာင်္ပူကအိမ်တအိမ်ရဲ့စားစရိတ် လးတွေ အတူတူလောက်နီးပါးဖြစ်နေပါပြီ >>>ကမ္ဘာပေါ်ရှိ နေထိုင်စားသောက်ကုန်ကျစရိတ် အမြင့်ဆုံးမြို့ကြီးများစာရင်းတွင် ရန်ကုန်မြို့ အဆင့် ၃၅ အထိခုန်တက်
 

ဓာတ်အားသုံးခနှုန်းထားများကိုအိမ်နီးချင်းနိုင်ငံများနည်းတူသင့်တင့်သည့် ဈေးနှုန်းသို့ပြောင်းလဲ ကောက်ခံသွားရန်စီစဉ်နေ

 ထူးအောင်နှင့် စိုးစန္ဒာဦး
 
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လာမည့် ၂၀၁၃ ခုနှစ်တွင် လျှပ်စစ်စွမ်း အားဖြန့်ဖြူးရန် ပြန်လည်ဝယ် ယူရသည့် ကမ်းလွန်သဘာဝဓာတ်ငွေ့ဈေးနှုန်းမြင့်မားလာမှုကြောင့် ကြုံတွေ့ရမည့်အရှုံးကိုကာမိရန် အတွက် ဓာတ်အား ကောက်ခံခနှုန်းထားများကို အိမ်နီးချင်း နိုင်ငံများတွင် ကောက်ခံသည့် နည်းစနစ် အတိုင်း ကောက်ခံကျင့်သုံးရန် ဒီဇင်ဘာ လ ၁၆ ရက်နေ့တွင် အလုံမြို့နယ်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမွန်က ပြောသည်။
 
"နိုင်ငံတကာမှာက လျှပ်စစ်ဓာတ်အားသုံးစွဲခကို အိမ်သုံး၊ စက်မှုလုပ်ငန်း သုံးဆိုပြီး အလွှာ အလိုက်ခွဲခြားပြီး ကောက်ခံတာပါ။ မြန်မာနိုင်ငံမှာလည်း ပြည်တွင်း၊ ပြည်ပကုမ္ပဏီတွေဝင် လာပြီး ရင်းနှီးမြှုပ်နှံမှုတွေ ကိုလည်းဖိတ်ခေါ်ပြီး လုပ်ကိုင်လာတဲ့အခါ နိုင်ငံတကာနဲ့ တစ်ပြေးညီဖြစ်အောင် လုပ်ငန်းအခြေ အနေတွေပေါ်မူတည်ပြီး ကောက်ခံခ နှုန်းထားတွေကို ပြောင်းဖို့  သင့်ပါတယ်" ဟု ၎င်းက ပြောသည်။
 
ပြောင်းလဲကောက်ခံရာတွင် အများစု ဖြစ်သော သာမန်လူတန်းစားနှင့် အခြေခံ လူတန်းစား များကို ထိခိုက်မှုမရှိသည့် ဈေးနှုန်းများနှင့် သုံးစွဲသည့် ကီလိုဝပ် အတိုင်း အလွှာလိုက်တိုးမြှင့် ကောက်ခံ သင့်ကြောင်း ၎င်းက ပြောသည်။ နမူနာသတ်မှတ်ချက်အနေဖြင့် ယူနစ် ၂၀၀ သုံးစွဲမှုအတွက် တစ်ယူနစ်ကို ၃၅ ကျပ်ဖြင့်ကောက် ခံပြီး ယူနစ်၂၀၀ ထက်ပိုမိုသုံးစွဲပါက နောက်တိုးသုံးသည့် ပမာဏကို တစ်ယူနစ်လျှင် ကျပ် ၅၀ သို့ တိုးမြှင့်သင့်ကြောင်း၊ စီးပွားရေးလုပ်ငန်းများတွင်လည်း လက်ရှိကောက်ခံနေသော တစ်ယူနစ် ၇၅ ကျပ်မှ ယူနစ် ၁၀,၀၀၀ ကျော်မှ ၁၅,၀၀၀ အတွင်း သုံးစွဲပါက တစ်ယူနစ်လျှင် ကျပ် ၁၀၀ ထိ တိုးမြှင့် ကောက်ခံသင့်ကြောင်းပြောသည်။
 
မြန်မာ့လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း မှ ဘဏ္ဍာရေးအထွေထွေမန်နေဂျာ ဒေါ်ဇော်ဇော်သန်းက လက်ရှိတွင် မြန်မာ့ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းအနေ ဖြင့် မြန်မာ့ရေအားလျှပ်စစ်ထုတ်လုပ် ရေးလုပ်ငန်းနှင့် ရွှေလီ (၁)ရေအားလျှပ် စစ်ဓာတ်အားပေးစက်ရုံတို့မှ ဓာတ်အားကို ၀ယ်ယူကာ တစ်ဆင့်ပြန်လည်ဖြန့်ဖြူး နေရသည့်အပြင် ဌာနပိုင်ဓာတ်အားပေး စက်ရုံများမှာလည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် ကမ်းလွန်သဘာဝ ဓာတ်ငွေ့ကိုဝယ်ယူကာ လျှပ်စစ် ဓာတ်အား ပြန်လည်ဖြန့်ဖြူးလျက်ရှိသောကြောင့် တစ်ယူနစ်ရောင်းတိုင်း အရှုံးပေါ်လျက်ရှိ ကြောင်း ပြောသည်။
 
"လက်ရှိဘဏ္ဍာနှစ်မှာ မြန်မာ့ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းအနေနဲ့ တစ်ယူနစ်ရောင်းတိုင်း တစ်ကျပ် ၇၄ ပြား ရှုံးတယ်။ ဒီတော့ လက်ရှိသုံးစွဲနေတဲ့ နှုန်း အရတွက်ရင် ၂၀၁၂ - ၁၃ ဘဏ္ဍာနှစ်မှာ ကျပ် ၁၈ ဒသမ ၇၅၁ ဘီလျံအရှုံးပေါ် မှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
 
လက်ရှိတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၌ ဓာတ်အားပါဝင်မှု အချိုး မှာ မြန်မာ့ရေအား လျှပ်စစ်မှ ၆၇ ရာခိုင် နှုန်း၊ ရွှေလီမှ ၁၀ ရာခိုင်နှုန်းနှင့် ဂျီတီ သဘာဝဓာတ်ငွေ့သုံးစက်မှ ၂၃ ရာခိုင် နှုန်းပါဝင်လျက် ရှိသည်။ လာမည့် ၂၀၁၃ နွေရာသီတွင် ဓာတ် အားမလုံလောက်မှုများ မဖြစ်ပေါ်စေရန် အတွက် ဂျီတီ စက်လေးလုံးကို ထပ်မံတိုး ချဲ့ပြီး ဓာတ်အားထုတ်လုပ်မည်ဖြစ်ရာ ဂျီတီ သဘာဝဓာတ်ငွေ့ သုံးစက်၏ ထုတ် လုပ်မှုပေါ်တွင် ၂၃ ရာခိုင်နှုန်းမှ ၃၁ ရာခိုင် နှုန်းထိ တိုးမြှင့်သွားမည်ဖြစ် ကြောင်း ဒေါ်ဇော်ဇော်သန်းက ပြောသည်။
 
"၂၀၁၂ ဇွန်လကနေ မတ်လအထိ ဂျီတီစက်တွေအတွက် လိုအပ်တဲ့ ကမ်းလွန်သဘာဝ ဓာတ်ငွေ့ကို စွမ်းအင်ဝန်ကြီးဌာနကနေ တစ်ဘီတီယူကိုငါးဒေါ်လာပေးဝယ်ပြီး ဓာတ်အားထုတ်လုပ်နေတာပါ။ ဒီဆယ်လစာကိုပဲ ငါး ဒေါ်လာနဲ့ရတာ။ ၂၀၁၃ ခုနှစ်၊ မတ်လ ကျော် တာနဲ့ တစ်ဘီတီယူကို ၁၁ ဒသမ ၁၉၆၆ ဒေါ်လာပေးဝယ်ရတော့မယ့်အပြင် ဂျီတီစက် တွေကလည်း တိုးထား တော့ ဓာတ်အားရောင်းချတာကို နဂိုနှုန်း အတိုင်း ဆက်ရောင်း နေမယ်ဆိုရင် တစ် ယူနစ်ရောင်းတိုင်း ၃၃ ကျပ် ၂၅ ပြားရှုံး ပြီး ၂၀၁၃ - ၁၄ ဘဏ္ဍာနှစ်မှာ တော့ ကျပ် ၃၆၈ ဒသမ ၉၅၂ ဘီလျံလောက် အရှုံး ပေါ်နိုင်တယ်" ဟု ၎င်းက ပြောသည်။ လက်ရှိမြန်မာနိုင်ငံတွင် အိမ်သုံးနှင့် လမ်းမီးလျှပ်စစ်မီတာခအတွက် တစ် ယူနစ်လျှင် ၃၅ ကျပ်နှင့် စက်မှုလုပ်ငန်း များကို တစ်ယူနစ်လျှင် ၇၅ ကျပ်နှုန်း ကောက်ခံလျက် ရှိသည်။
 
အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံတွင် အိမ်သုံးတွင် ၁၅၀ ယူနစ်အထိ သုံးစွဲမှုအတွက် တစ်ယူနစ်လျှင် မြန်မာ ငွေဖြင့်ကျပ် ၅၀ နီးပါးကောက်ခံပြီး တရုတ် နိုင်ငံတွင် အိမ်သုံးတစ်ယူနစ်ကို ၇၂ ကျပ်၊ လာအိုနိုင်ငံတွင် အိမ်သုံး ၂၅ ယူနစ် အထိသုံးစွဲမှုအတွက် ၂၉ ကျပ်စသည် ဖြင့်၏သုံးစွဲမှု ယူနစ်အလွှာ အလိုက်ခွဲခြား သတ်မှတ်ကောက်ခံလျက် ရှိသည်။
 
Ref:mmtime

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!