Popular Posts!

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Thursday, May 9, 2019

စင်ကာပူကုမ္ပဏီက နေပြည်တော်တွင် တစ်နှစ်တန် ငါးသောင်းကျ ဆန်စက်တည်



စင်ကာပူကုမ္ပဏီက နေပြည်တော်တွင် တစ်နှစ်တန် ငါးသောင်းကျ ဆန်စက်တည်



If you have our sakura pink 500g pack of brown rice, we are excited to drop a teaser of our incoming harvest! 

Brand new packaging in 2kg and 5kg. Join us over at The Little Rice Company, and get our rice directly from the website on the 17th April!



စင်ကာပူနိုင်ငံအခြေစိုက် အရည်အသွေးမြင့် ဆန်ထုတ်လုပ်လျက်ရှိသော Golden Sunland, Food & Beverage ကုမ္ပဏီသည် တစ်နှစ်လျှင် ဆန်တန်ချိန် ၅ဝ,ဝဝဝ အထိ ကြိတ်ခွဲထုတ်လုပ်နိုင်သော အကြီးစားဆန်စက်ကို နေပြည်တော်တွင် စတင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆန်စက်ကို နေပြည်တော် လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာအနီးရှိ ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း စက်ရုံတည်ဆောက်ရန် ပန္နက်ရိုက်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် လယ်ဝေးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။ 

''တစ်နှစ်ကို ဆန်တန်ချိန် ၅ဝ,ဝဝဝ ကြိတ်ခွဲထုတ်လုပ်နိုင်မယ်လို့ ပြောတယ်''ဟု နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ 

Golden Sunland သည် မြန်မာနိုင်ငံရှိ စပါးမျိုးရင်းဖြစ်သော ရွှေဝါထွန်းစပါးမျိုးနှင့် မျိုးစပ်ဖော်ထုတ်ထားသည့် ရွှေဝါဝင်းစပါးမျိုးသစ်ကို ဒေသခံတောင်သူများနှင့် အကျိုးတူပူးပေါင်း စိုက်ပျိုးသွားမည်ဖြစ်ပြီး တစ်နှစ်လျှင် ဧက ၁၅,ဝဝဝ ကျော်အထိ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

 ''အဲဒီစက်ရုံနဲ့ လက်လှမ်းမီတဲ့ ရွာတွေပေါ့ဗျာ။ ပြီးတော့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရွာတွေတောင် အကျိုးတူလယ်ယာ (Contract Farming) စနစ်နဲ့ စိုက်ပျိုးသွားမယ့်အထဲမှာ ပါဝင်လာနိုင်ပါတယ်''ဟု ဦးမျိုးဇော်ဦးက ပြောသည်။ 

ထိုကဲ့သို့ တောင်သူများ အကျိုးတူ စိုက်ပျိုးနိုင်သည့်အခွင့်အလမ်း ရရှိလာခြင်းဖြင့် ဝင်ငွေတိုးတက်လာမည်ဖြစ်ကာ တောင်သူရော၊ နိုင်ငံပါ အကျိုးရှိစေမည် ဖြစ်ကြောင်းလည်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။ 

Golden Sunland ကလည်း ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပသည့်ဓာတ်ပုံများ တင်ထားသကဲ့သို့ နိုဝင်ဘာ ၁၁ ရက်စွဲဖြင့်လည်း တစ်နှစ်လျှင် တန်ချိန် ၅ဝ,ဝဝဝ ထုတ်လုပ်နိုင်သွားမည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ ရင်းနှီးမြှုပ်နှံမှု ပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ငါးသန်းမြှုပ်နှံသွားမည်ဟု ကုမ္ပဏီဘက်က ဆိုထားသည်။ 

ဒေသခံလယ်သမားတစ်ဦးဖြစ်သူ ကိုမျိုးဝင်းကလည်း contract farming စနစ်ကို ဂဃနဏ မသိသေးသည့်တိုင် အရည်အသွေးကောင်းသော မျိုးစေ့၊ နည်းပညာနှင့် ခိုင်မာသောဈေးနှုန်းတို့ ရရှိမည်ဖြစ်သောကြောင့် အကျိုးတူလယ်ယာစနစ်ကို စိတ်ဝင်တစားရှိနေကြောင်း ပြောသည်။ 

''အကျိုးတူဆိုလား ကန်ထရိုက်ဆိုလား သေချာတော့ မသိဘူးဗျ။ ကြားရသလောက်ဆို ကုမ္ပဏီက မျိုးစေ့နဲ့ ချေးငွေပေးမယ် ပြောတယ်။ ပြီးတော့ ဈေးနှုန်းကိုလည်း အာမခံမယ်လို့ ကြားတယ်။ တကယ်လို့သာ အဲဒီလိုဖြစ်လာရင်တော့ အရမ်းကောင်းတာပေါ့ဗျာ''ဟု ၄င်း၏ အမြင်ကိုပြောသည်။

တောင်သူများသည် သီးနှံအထွက်နှုန်း မသေချာမှုအတွက် စိုးရိမ်မူများရှိနေသကဲ့သို့ ဈေးနှုန်းမတည်ငြိမ်မှုအတွက်ကိုပါ စွန့်စားနေရလျက်ရှိရာ အကျိုးတူလယ်ယာ (contract farming) စနစ်သည် ၄င်းတို့အတွက် အပြုသဘော ဆောင်လာနိုင်ကြောင်း မျှော်လင့်လျက်ရှိသည်။


==========

The Myanmar Times Daily Newspaper - Myanmar Version

https://myanmar.mmtimes.com/news/117626.html

If you have our sakura pink 500g pack of brown rice, we are excited to drop a teaser of our incoming harvest! 

Brand new packaging in 2kg and 5kg. Join us over at The Little Rice Company, and get our rice directly from the website on the 17th April!

We sell 100% brown rice, which we developed using traditional hybrid technology.

You can purchase our rice at Khoo Teck Puat Hospital Retail Pharmacy or online at our website TheLittleRiceCompany.com/shop


In our fields of rice in Myanmar, a lone tree lies, watching over the land and greeting our farmer partners before they begin their toil each new day. 🌳🌾


မြန်မာ ပြည်ကထွက်တဲ့ဆန်ဆို ပေမဲ့?ကိုယ်တွေမပိုင်ပါ😥😥😥
*********************************
- စင်ကာပူနိုင်ငံသား မိတ် ဆွေတစ်ဦးက ပြောလာတယ်
" မင်းတို့တိုင်းပြည်ကထွက်တဲ့ Brown Rice ဆန် အရည်အ သွေးကောင်းလိုက်တာတဲ့"
တ လောက အာဖရိက မှာ မြန်မာဆန်တွေဖျက်ဆီးခံရတဲ့သတင်းကလည်းလိုင်းပေါ်မှာ တွေ့လိုက်တာမကြာ သေးတော့...လာပြီးနောက် နေတာလား? လို့ စိတ်ထဲ မှာဖြစ်ရပ်က အမှန် ပေမဲ့ မခံချင်သလိုသြဖစ်မိ သေး( နောက် တော့လွှဲမှားသော စိတ်ဓါတ်ကို နိုင်ငံချစ်တယ်၊အမျိုးချစ်တယ်ဆို ပြီးဖုံးကွယ်တတ်တဲ့ မ ကောင်းသောအကျင့်၊ပြောင်းလဲဖြစ်ရမယ်ဆိုတဲ့အသိတရားရလိုက်တယ်။)
" မြန်မာ ပြည်ကထွက်တာဆို ဘယ်မှာလဲ? ဘာတံဆိပ် လဲ?" မေးလိုက်တော့
- " Golden Sunland” 
      Myanmar 
       Fragrant Brown Rice”ဆို ပြီးဓါတ်ပုံ လေးပြတယ်" 
- မင်းတို့တိုင်းပြည်ကို စင်ကာပူ မိသားစုcompany က အစအဆုံး ပါကင်ထုတ်လုပ်အပြီးသွားရောက်စိုက်ပျိုး ပြီး ၊စင်ကာပူမှာ ရောင်းတာပါတဲ့၊ ဆေးရုံ တွေမှာလည်းဒီဆန် နဲ့ချက် ပြီး ရောင်းချ နေတယ်" ပြောသွား တယ်။ 
- မြန်မာနိုင်ငံဆိုတာ လယ်ယာစိုက်ပျိုး ရေးကအဓိကဏ္ဍဆိုတာ နှစ် ပေါင်းများစွာစိုက်ပျိုးခဲ့ကြပါတယ်။
- မြေ မရှိတဲ့ စင်ကာပူက လယ်ယာ မြေများစွာရှိတဲ့ ကိုယ့်နိုင်ငံမှာလာ ရောက်ရင်းနှီးမြုပ်နှံစိုက်ပျိုးရေးလာလုပ် ပြီး အရည်အ သွေးအဆင်မြင့်တဲ့ထုတ်ကုန် ကို ဂုဏ်ယူစွာ ရောင်းချ နေပါတယ်။

- မြန်မာ နိုင်ငံက ထွက် ကုန်ဆိုရင် အရည်အ သွေးမမှီလို့၊ တိုင်းပြည်စီးပွားရေးမ ကောင်းလို့၊အစိုးရအခွန်ကောက်တာများလို့၊ဘိုးစဉ်ဘောင်ဆက် ဒီလိုပဲလုပ် လာတာ၊ ဈေးနှုန်း မရလို့၊ဈေးကြီးတာမစားလို့စသဖြင့်တို့ ကြောင့်မဖြစ်နိုင်ဘူးဆို ပြီးကြားနေရတာ တွေရဲ့ Gravity အပြင် ဘက် ခုန် ထွက် ကြည့်လိုက်ရင်....
- ဒီစင်ကာပူကုမ္ပဏီ က..မြန်မာ မြေ၊မြန်မာ ရေ၊မြန်မာပြည် လယ်သမား၊အလုပ်သမားများစွာအသုံးချ ပြီး..မြန်မာ ပြည်အစိုးရရဲ့မူဝါဒစည်းမျည်းတွေထဲက နေ အခုလို အရည်အ သွေးအဆင့်မှီဆန် ထုတ်ကုန်ကို မြန်မာ ပြည်ဈေးနှုန်းထက် မြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချ နေတာ လက် တွေ့ တွေ့မြင် နေရ တော့....
- လူတစ်ဦးချင်းစီရဲ့ အ တွေးအခေါ်စိတ်ဓါတ်၊ပြောင်းလဲမှု့နဲ့အတူ ကျွန်မအ ပေါ်မှာ ရေးထားခဲ့သလို အမှန် ပေမဲ့ တလွှဲမာနငါတို့ဟာရှေ့ယခင်က ရွှေထီးဆောင်းခဲ့ သော မြန်မာ့သမိုင်းထဲမှာ တဝဲလည်လည် တွေးတောရင်း ၊စိတ်ကြီးဝင်၍မသိ၊မတတ် တာကိုဝန်ခံရမှာဖုံးကွယ်ရင်း..အမှန် တရားနဲ့ ဝေးကွာသွားစေ သောစိတ်ဓါတ်အကျင့် များကို ပြု ပြင်ပြောင်းလဲကြပါစို့....
မြန်မာ့သမိုင်းထဲမှာကမ္ဘာသိဂုဏ်ယူရတဲ့
- အ လောင်းမင်းတရားကြီးဦးအောင်ဇေယျ
-ဗိုလ်ချုပ်အောင်ဆန်း၊
-ဦးသန့်စသဖြင့်
ယခု လက်ရှိပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် အလွန် 
မြန်မာပြည်အတွက် နောက်ထပ်ခေါင်းဆောင်များစွာထက် အရည်အချင်း၊အရည်အ သွေး၊ကိုယ်ကျင့်တရားကောင်းမွန် သော ပြည်သူများစွာ မြန်မာနိုင်ငံအတွက်ပေါ်ထွန်းလာပါ စေရန် ပြည်သူတစ်ဦးချင်းစီကိုယ်ပိုင်အသိဖြင့် ကြိုးစားကြပါစို့🙏🙏🙏

https://www.thelittlericecompany.com/shop
https://goldensunland.com/how-we-got-here.html
https://goldensunland.com/our-team.html


Wednesday, May 8, 2019

ဆောက်ပါလို့လည်းမပြောဘုး မဆောက်နဲ့လို့လည်းမပြောဘူး! သဘာဝပတ်ဝန်းကျင်မဟုတ်ရင် စဉ်းစားသင့်တဲ့အချက်တချက်!

ဆောက်ပါလို့လည်းမပြောဘုး မဆောက်နဲ့လို့လည်းမပြောဘူး! 

သဘာဝပတ်ဝန်းကျင်မဟုတ်ရင် စဉ်းစားသင့်တဲ့အချက်တချက်!






မန္တလေး စစ်ကိုင်း အလယ်ပိုင်းရေလွှမ်းသွားမယ်။ ဧရာဝတီအထိတောင် ရေလွှမ်းမယ် ဆိုပြီး ပြောတယ်။ မြစ်ဆုံရဲ့ ရေလှောင် မျက်နှာပြင်က ၁၇၃ စတုရန်းမိုင်ရှိပြီး ကချင်ပြည်နယ်အကျယ် ၃၄၃၇၉ စတုရန်းမိုင် ရှိတယ်။ အဆ ၂၀၀နီးပါး ကွာနေတယ်။ မြစ်ဆုံထဲက ရေအကုန်ထုတ်ပြီး ဖြန့်ခင်းလိုက်တာတောင် ကချင်ပြည်နယ် တစ်ခုလုံး ၁ ပေကျော်ပဲ တက်နိုင်မယ်။ ဒါတောင် နက်ရှိုင်းလှတဲ့ ဂျောက်တွေထဲ ရေတွေ ပျောက်သွားမှာ ထည့်မတွက်ထားသလို မြစ်ဆုံဆည်ထဲက ရေလဲ အကုန် မထွက်နိုင်ဘူး။ ပေရာချီထုရှိတဲ့ အောက်ခြေပိုင်းကတော့ ရေထွက်ဖို့ မလွယ်ဘူး။ (သက်တမ်းကုန်လို့ ပြန်ဖျက်တဲ့ ရေကာတာတွေတောင် ဆည်ရေ အကုန်ဖောက်ထုတ်ဖို့ မတတ်နိုင်ဘူး။ အောက်ခြေထုက အရမ်းကြီးမား တာကိုး)
ဒါကို မန္တလေးထိရောက်မယ် မြစ်ဝကျွန်းပေါ်ရောက်မယ် ဘယ်လို တွက်ကြလဲတော့ မသိဘူး။
မြစ်ကြီးနားနဲ့ မြစ်ဆုံက ၂၈ မိုင်ကွာဝေးတယ်။ စက္ကန့် ၂၀ အတွင်းဆိုတော့ တစက္ကန့် ၁.၄ မိုင် တနာရီ ၅၀၄၀ မိုင်တောင် ပြေးနေတာပါ။ အသံရဲ့ အလျင်တောင်မှ တနာရီ ၇၆၈ မိုင်ပဲပြေးတယ်။ အသံထက် ၅ ဆမြန်တဲ့ hypersonic တိုက်လေယာဉ်တွေထက်တောင် မြန်နေတာပဲ။ ဒီလို ကြောက်မက်ဖွယ်ကောင်းအောင် ခြောက်ပြီး ဝါဒဖြန့်ချက်မျိုး ယုံနေတဲ့ သူတွေလဲ ရှိနေတယ်။
မြစ်ကြီးနားထက် ပိုနီးတဲ့ IS တွေ လက်ထဲကျရောက်နေတဲ့ မိုဆူးလ်ဆည် ဖောက်ခွဲခဲ့တောင် ၁၈ မိုင် ဝေးပြီး လူ သန်းနဲ့ချီရှိတဲ့ မိုဆူးလ်မြို့ကို တစ်နာရီ အတွင်း မရောက်နိုင်ဘူးဆိုပြီး US Army က တွက်ထားတယ်။ ရွှေ့ပြောင်းချိန် ရှိတာပေါ့။ ဒီထက် ပိုဝေးတဲ့ မြစ်ကြီးနားကို စက္ကန့် ၂၀ အတွင်းရောက်မယ်ပြောတာ လူထုခြောက်ခြားအောင် ခြောက်လန့်နည်းပဲပေါ့။
ရေကာတာပြိုတယ်ဆို စစချင်း ရေစိမ့်ထွက်တာက စပါမယ်။ ပြီး တဖြေးဖြေး အရှိန်ကောင်းလာမယ်။ ၁၇၃ စတုရန်းမိုင်ရှိတဲ့ ရေထုကြီး အားလုံး ဝေါကနဲ မြို့ပေါ်ဗြုန်းကနဲ ရောက်လာတာမဟုတ်ဘူး။ အရှိန်ဘယ်လောက်နဲ့ ပေါက်ထွက်လဲ။ ရှေ့ဆင့် နောက်ဆင့် ဆည်ပေါက်တဲ့ နေရာကနေ တိုးထွက်ကြမယ်။ အလယ်ပိုင်းက ဆည်ရေတွေ ထွက်ချိန်မှာ ရှေ့ပိုင်းကဆည်ရေတွေ အရပ်ရှစ်မျက်နှာ အဝေးရောက်နေပြီ။
အခုနောက်ပိုင်း ရေကာတာကြီးတွေမှာ ဆင်ဆာပေါင်းများစွာတပ်လာကြပြီ။ အနည်းငယ်လောက် ရေစိမ့်မှုများ ရှိနေချိန်တောင် auto သတိပေးကြတဲ့အတွက် ရွှေ့ပြောင်းချိန် များစွာရပြီး အသေအပျောက် အရမ်းနည်းကြပါတယ်။
ရေကာတာ အများဆုံးဒုက္ခပေးခဲ့တာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ မိုးရေချိန်မျိုးရွာချတဲ့ အခါမျိုး ဖြစ်တတ်တယ်။ တစ်နှစ်လုံးရွာတဲ့ မိုးရေချိန်ကို တရက်တည်း ရွာချလိုက်တာမျိုးပေါ့။ ဒါကြောင့် ဒီဇိုင်းတွေကို အနှစ် တစ်သောင်းမှာ ရွာတတ်တဲ့ မိုးရေချိန်မျိုး ခံနိုင်ရည်ရှိအောင်၊ အနှစ် တသောင်းမှာ ဒီဒေသရဲ့ လှုပ်နိုင်တဲ့ အကြီးဆုံးငလျင် ပမာဏကို ခံနိုင်ရည်ရှိအောင် ထည့်သွင်း စဉ်းစားပြီး တည်ဆောက်လာကြတယ်။ (ငလျင်ကို ဝါဒဖြန့်သူတွေ ခြိမ်းခြောက်တာ အများဆုံး ဖြစ်ပေမယ့် ငလျင်ကြောင့် ဆည်ပြို လူသေ ယနေ့ထိ တယောက်မှ မရှိဘူးသေးပါဘူး)


ဝါဒဖြန့်သူတွေကတော့ ရေကာတာကြီးဟာ မှော်တန်ခိုးနဲ့ လုပ်သလိုမျိုး “ဒန့် ဒန် ဒန်” ဆိုပြီး ပျောက်ကွယ်သွားပြီး ပေ ၄၅၀ ကျော်မြင့်တဲ့ ရေတွေ ဝေါကနဲ ကိုယ့်ဆီ တန်းရောက်လာမယ်ပုံ ခြိမ်းခြောက်ကြတယ်။ ကိုယ့်ရည်ရွယ်ချက် အောင်မြင်အောင်ပေါ့။ တိုင်းပြည် လျှပ်စစ်မီးမရ မတိုးတက်တာ သူတို့ ဂရုစိုက်စရာမလိုဘူးလေ... ကိုယ့် တဘို့ပဲ ကြည့်ကြတာကိုး...


credit to Ko Moe Hein

(picture: a dam with 1/2 work quantity of Myitsone, Myitsone dam bottom width is more than 3000 feet)

Monday, May 6, 2019

စင်ကာပူသံရုံးနှင့် မြန်မာအစိုးရတို့ ပူးပေါင်းပြီး ဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်းပညာ (အခမဲ့ )သင်တန်း


စင်ကာပူသံရုံးနှင့် မြန်မာအစိုးရတို့ ပူးပေါင်းပြီး ဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်းပညာ   (အခမဲ့ )သင်တန်း 
    


V



အောက်ဖော်ပြပါ ဘာသာရပ်များကို ဖွင့်လှစ်သွားမည်
Courses For Hospitality and Tourism
1. Front Office Operations
2. HouseKeeping Operations
3. Restaurant Operations
4. Retail Operations

Courses for Engineering
1. Electronics ( Computer Networking)
2. Electrical Technology (Electrical Installations)
3. Residental Air Conditioning
4. Building Fixtures and Equipments
5. General Welding
6. Mechatronics (Basic Services)

Singapore နိုင်ငံ ITE College အသိအမှတ်ပြုသင်ရိုးများ အတိုင်း လက်တွေ့ ကျွမ်းကျင်စေရန်  ဦးစားပေးသင်ကြားမည်။
သင်တန်းကာလ လကို အချိန်ပြည့် တက်ေ၇ာက်ရမည်

၁၀ တန်းအောင် ပြီး အသက် ၁၆ နှစ်ပြည့်သော မည်သူမဆိုတက်ရောက်နိုင်သည်။

သင်တန်းကြေးပေးရန် မလိုပါ

သင်တန်းပြီးဆုံးပါက Singapore Myanmar ပူးပေါင်းအသိအမှတ်ပြု ကျွမ်းကျင်လက်မှတ် (SMVTI Certificate) ပေးအပ်မည်။

အောက်ပါအစီအစဉ်အတိုင်းဖွင့်လှစ်မည်
School of Hospilitality and Tourism : စက်တင်ဘာလ (၁၄ ) ရက် တနင်္လာနေ
သင်တန်းချိန်မှာ နံနက် နာရီမှ ညနေ နာရီ                                    
School of Engineering : အောက်တိုဘာလ (၂၆) ရက် တနင်္လာနေ
သင်တန်းချိန်မှာ နံနက် နာရီမှ ညနေ နာရီ 

ကျောင်းဝင်ခွင့်ပုံစံများကို ဇွန်လ (၂၃ ) ရက် အဂ်ါနေ့ မှ စတင်ပြီး လူကိုယ်တိုင်ထုတ်ယူနိင်ပါတယ် ဇူလိုင်လ ၁၅ ရက်နေ ညနေ နာရီ နောက်ဆုံးထား ပေးပို့ ရမည်ဖြစ်ပါတယ်။

Singapore- Myanmar Vocational Training Institute
အမှတ် (၁၂၃) နတ်မောက်လမ်း ဗဟန်းမြို့ နယ် ရန်ကုန်မြို့ ၊





စင်ကာပူမှာ အလုပ်ရချင်တာလား?

 သူနာပြု သွားလုပ်လေဆိုတဲ့ စကားတွေ ကြားနေရတဲ့ အတွက် ပြင်ဆင်ခွင့်လေးတော့ ပြုပါ!

     မြန်မာပြည်ကနေ စလုံးမှာ အလုပ်လာလုပ်နေကြတဲ့သူတွေ သူနာပြု အကူတွေ ရှိပါတယ်။ မြန်မာပြည်မှာ
အောင်ချမ်းမြေ့ အစရှိတဲ့ သူနာပြု အကူသင်တန်းတွေ တက်ပြီး စင်ကာပူမှာ အလုပ်လာလုပ်ကြတဲ့ အမတွေကို မြင်ဖူးပါတယ်။ ဒါပေမဲ့ နှုတ်ကနေ လွယ်လွယ်ကူကူ ပြောထွက်တိုင်း သူနာပြု ဆိုပြီး အလွယ် မပြောပါနဲ့ လား သူနာပြု အကူတွေ အလုပ်ရပါတယ်။
     စင်ကာပူမှာ Nursing Home အများစုမှာ လုပ်ရင်လုပ်မလုပ်ရင် Care Giver Training ဆိုပြီး MOH က တရားဝင်သတ်မှတ်ထားတဲ့ သင်တန်းတွေတက်ပြီး Patient Home Care ဆိုပြီး Basic Care ပေးတဲ့ အလုပ်တွေ ရကြပါ တယ်။ ဒါပေမဲ့ စင်ကာပူမှာ Registered Nurse တစ်ယောက်ဖြစ်ဖို Singapore Nursing Board က သတ်မှတ်ထားတဲ့ အချက်တွေ ပြည့်စုံရပါတယ်။ စလုံးမှာ သူနာပြု ဒီပလိုမာ ဒါမှမဟုတ် သူနာပြု ဒီဂရီဘွဲ့ ရရင်တော့ RN တစ်ယောက်တန်းဖြစ်ပါတယ်။RN တွေမှာလည်း မြန်မာ ဖိလစ်ပိုင် တရုတ်မလေးရှား နိုင်ငံပေါင်းစုံက သူနာပြု ဒီဂရီဘွဲ့ ရခဲ့တာတောင်မှ SNB က သတ်မှတ်ထားတဲ့ စာမေးပွဲကို သတ်မှတ်ပြီး မှာ MEDICATION serve လို့ ရတဲ့ RN ဖြစ်ပါတယ်။
      စလုံးမှာ ITE ပြီးရင်တောင် Enrolled Nurse ပဲ ဖြစ်ပါတယ်။ RN, EN, HCA ဆိုပြီး အဆင့်ဆင့်ရှိတာပါ EN ဆိုသည်မှာလည်း သူနာပြုပါပဲ ဒါပေမဲ့ ဆေးဝါးတွေ Complicated Procedure တွေ လုပ်ခွင့်မရှိပါဘူး ဒါပေမဲ့ မြန်မာတစ်ချို EN တွေ အရမ်းကိုတော်ပါတယ် သူတို့ တွေက မြန်မာပြည်မှာ သူနာပြု တက္ကသိုလ်ဘွဲ့ ၎နှစ်ရထားတဲ့ သူတွေ များပါတယ် SNB Rules ကြောင့်သာ EN တွေ ဖြစ်နေရတာပါ ခုနက ပြောခဲ့တဲ့ အောင်ချမ်းမြေ့ တို့ က ပြီးလာရင် HCA လို့ ခေါ်တဲ့ Healthcare Assistant တောင် မသေချာနိုင်သေးပါဘူး HCA မှာလည်း Competency တွေ ကြည့်ပါသေးတယ် ဆိုလိုချင်တာက ကိုယ့်နှုတ်ဖျားက ထွက်လိုက်တဲ့ စကားတစ်ခွန်း က ကိုယ့်ကိုယ်ကို ကာကွယ်ဖို သိက္ခာကျမှာ စိုးရိမ်နေတာလား သူများကို ထိခိုက်စေပါတယ်။
    သူနာပြုဆိုတာ အဘိုးကြီးတွေ အဖွားကြီးတွေ ပြုစုရတာလေ စလုံးမှာ အဲလို အသံတွေကို ကြားနေရတော့ နည်းနည်းတော့ ခံပြင်းလာတယ် သူနာပြု တစ်ယောက် ဖြစ်ဖို့ တစ်နှစ်စီပဲ လိုင်စင်ပေးတဲ့ တင်းကျပ်လှတဲ့ SNB နဲ အရမ်းကို STRUGGLE လုပ်ရတဲ့ Clinical setting , JCI လို့ ခေါ်တဲ့ Joint Commission Accreditation အတွက် ဘယ်လိုတွေ ပြင်ဆင်ထားရလဲ? ဘယ်လိုတွေ Professional ကျကျ Knowledge ရှိရှိ နေရမလဲ? ဘယ်လို ရုံးကန်ရမလဲ Career Tract အတွက် ဘယ်လို ပြင်ဆင်ပြီး ဘယ်လို update တွေ လုပ်နေရလဲဆိုတာ မသိဘဲနဲ့ တော့ သူနာပြုလား လွယ်လွယ်လေးပါကွာ။
      ဟုတ်ကဲ့ စလုံးမှာ Head to Toes Holistic Care ပါရှင့် Every entry/ signature/ action is legal ပါရှင့် အချိန်တိုင်း မျက်စိဖွင့် နားစွင့် နေရပါတယ်။ Punctuality အတွက် ဘယ်လောက် Training တွေ လုပ်ထားလဲ Honesty အတွက် ဘယ်လို စိတ်ဓာတ်တွေ ရိုက်ထည့်ပေးထားလဲ?  If I were patient ဆိုတဲ့ စိတ်ချင်းစာနာမှုတွေ စလုံးမှာ Training လုပ်ထားတဲ့ သူနာပြုတွေ စိတ်ထဲမှာ 100% မရှိရင်တောင် 80% ကတော့ ရှိနေတယ်။ မြင်မြင်လာသမျှ ဘယ်အရပ် ဘယ်ဌာနေက သူနာပြုတွေ မြင်လာလဲတော့ မသိဘူး မပုတ်ခတ်ပါနဲ့ ရှင် ပင်ပန်းပါတယ်။
 Service Excellent ဆိုတဲ့ စိတ်ကို ကျောင်းသားဘဝမှာတည်း က ရိုက်သွင်းထားခဲ့တယ် Attendance တစ်ယောက်မှ မရှိပါဘူး Service ကို အပြည့်ပေး Complain ဆိုတာ မရှိအောင် Serve , လူနာလည်း Customer, ဒေါက်တာလည်း Customer ဆိုတဲ့ စိတ်နဲ Customer Service ကို ဘယ်လောက်ပေးနေရလဲ? အားလုံးက Nurse ဆိုတာခေါ်လိုက်တာ လွယ်လွယ်လေးပါ ဒါပေမဲ့ သူနာပြု လို့ ပြောတဲ့ စကားရဲ့ အပေါ်မှာ တစ်ခွန်းလေညက်တော့ မေးခွင့်ပြုပါ ဘာသူနာပြုလဲဟင်လို ဟုတ်ပါတယ် သူနာပြုဆိုတာ လူနာကို ပြုစုရတာပါ
ဘယ်လို ပြုစုရတဲ့ သူနာပြုလဲဆိုတာလေးတော့ မေးခွင့်ပြုပါလို ......

Ref:Jessica FB: https://www.facebook.com/groups/myanmarsingapore/permalink/897550366962122?sfns=mo





The Singapore Nursing Board Registered Nurse Licensure Examination! 


Nanyang Polytechnic (NYP), School of Health Sciences(SHS), has been appointed by the Singapore Nursing Board (SNB) since 1999 to be the official body to conduct the Registered Nurse (RN) Licensure Examination.
The Licensure Examinations are conducted locally and overseas from January to October annually for nurses seeking registration with the Board. The Licensure Examinations reflect competencies for safe and current practice in Singapore and serve as a means for SNB to determine if the applicants can be registered for practice in Singapore.

Please log-in to SNB website for more details:
http://www.healthprofessionals.gov.sg/snb/registration-enrolment/application-for-registration-enrolment/snb-licensure-examinations

Professional Registration For Nurses

Nurses, midwives and Advanced Practice Nurses are required to have a valid practising certificate issued by the Singapore Nursing Board (SNB) to practice nursing or midwifery in Singapore. 
The SNB is a statutory board established under the Nurses and Midwives Act (Chapter 209) to register and enrol nurses, register midwives and certify Advanced Practice Nurses (APNs). It also regulates the standards of education, professional conduct and ethics, and scope of practice of nurses and registered midwives in Singapore.
For more information on registration procedures, please visit the Singapore Nursing Board website or contact them at :
Tel : +65 6478 5400/01/02/03/06/10
For enquiries on continuing nursing education (CNE), please call: +65 6478 5405

  • https://www.moh.gov.sg/hpp/nurses/career-practices/CareerNPracticesDetails/professional-registration-for-nurses

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!