Popular Posts!
Friday, November 24, 2017
Very Nice Music....Indonisa Sasando instrument Oceania !
မြန်မာပြည်က ဗန်ဒါပင်တွေ ရွှေဖြစ်ပြီ
“ဗန်ဒါသီး”စေ့ အကြောင်းသိကောင်းစရာ
မြန်မာပြည်မှာ ဗန်ဒါပင်(ဗန်ဒါသီး)လို့အလွယ်ခေါ်လေ့ရှိတာကြောင့်၊“ဗာဒံပင်” ဆိုတဲ့ သူ့မူလအမည် ပျောက်ကွယ်နေပါတယ်။အင်္ဂလိပ်အမည်ကတော့ Indian Almond ပါတဲ့။
ဗာဒံစေ့နဲ့ပတ်သက်ပြီးလူနဲ့တည့်တယ်၊ ကျန်းမာရေးကောင်း တယ်၊ အသားအရေကို ကောင်းစေတယ်စတဲ့အခြေခံ ဗဟုသုတလောက်တော့လူတိုင်းသိကြမှာပါ။ သို့သော် ဗာဒံစေ့နဲ့ပတ်သက်ပြီး၊ ကျန်းမာရေးအကျိုးကျေးဇူးတွေ ဘယ်လောက်တောင်များပြားတယ် ဆိုတာသိနိုင်ကြပါစေရန် မျှဝေရေးသားလိုက်ရပါ တယ်။
ဗာဒံပင်ကအကြီးမြန်ပြီး၊အရွက်တွေ ကလည်းတဆင့်ပြီးတဆင့် အတက်မြန်တာကြောင့် မြန်မာနိုင်ငံမှာ အရိပ်ရအပင်အဖြစ် စိုက်ပျိုးလေ့ရှိကြပါတယ်။ အပင်ကိုပေါပေါများများမြင်တွေ့နေရတာရယ်၊ အပင်အောက်မှာ ကလေးငယ်အချို့ကြွေကျလာတဲ့ အသီးကို အုတ်နီခဲအကျိုးဖြင့် ထုခွဲစားနေကြတာရယ်ကြောင့် အရိပ်ရပင်မှရတဲ့အစေ့ရဲ့ကျန်းမာရေးတန်ဖိုးကို သတိမမူမိကြပါ ဘူး။
ယနေ့နိုင်ငံ တကာမှာတော့ ဗာဒံစေ့နဲ့ ၎င်းမှရတဲ့အဆီကို တန်ဖိုးထားစားသုံးနေကြပါပြီ။ ဗဟုသုတအနေဖြင့် မျှဝေရပါလျှင် ဂရိ နိုင်ငံရဲ့ မင်္ဂလာဆောင်တွေမှာ ဗာဒံစေ့ကို “wedding sweets” အဖြစ်အထူးတလည်ဧည့်ခံနေကြပါတယ်။
အီရန်နိုင်ငံမှာ တော့ NewYear ပါတီပွဲတို့လို ထူးထူးခြားခြားနှစ်ပတ်လည် ဧည့်ခံပွဲတွေမှာပင်လယ်မှ ဆားဖြင့်အငံဖောက်ထားတဲ့ဗာဒံစေ့ လှော်နဲ့ဧည့်ခံလေ့ရှိပါတယ်တဲ့။ မော်ရော့ကိုနိုင်ငံရဲ့ အရေးကြီးအခမ်းအနား များမှာဗာဒံစေ့မှုန့်ရောထားတဲ့ နွားနို့က မပါ လျှင်မပြီးပြန်ပါဘူး။ pasanda-style (ခေါ်) အိန္ဒိရိုးရာဟင်းလျာမှာလည်း ဗာဒံစေ့ကိုဟင်းခတ် အမယ်အဖြစ် ထဲ့ချက်ပေးရပါတယ် တဲ့။
ဗာဒံစေ့ကအေးမြစေတဲ့အစွမ်းသတ္တိရှိတာကြောင့်လည်းပူပြင်းခြောက်သွေ့တဲ့ပါကစ္စတန်နိုင်ငံရဲ့နွေရာသီများမှာ ဗာဒံစေ့ နဲ့ဖော်စပ်ထားတဲ့ Almond sherbet ဖျော်ရည်ကို summer drink အဖြစ် အထူးတလည်သောက်သုံးကြတယ်လိုသိရပါတယ်။
ကမ္ဘာ့အသိအမှတ်ပြု USDA ရဲ့ ဓာတ်ခွဲစမ်းသပ်ချက်များအရ ၁ဝဝ-ဂရမ်အလေးချိန် ရှိတဲ့ ဗာဒံစေ့ထဲမှာ၊ လူသားတို့ကျန်းမာရေး ကိုကောင်းကျိုးဖြစ်စေတဲ့ ခွန်အား ၅၇၆ ကယ်လိုရီ၊ ကစီဓာတ် ၂၁.၆၉ ဂရမ်၊ကော်ဓာတ် ဝ.၇၄ ဂရမ်၊ သကြား ၃.၈၉ ဂရမ်၊ ချေဖျက်လွယ်သောအမျှင်ဓာတ် ၁၂.၂ဝဂရမ်၊ အဆီဓာတ် ၄၉.၄၂ ဂရမ်၊ ပရိုတင်း ၂၁.၂၂ ဂရမ်၊ လိုင်စင်း ဝ.၅၈ဝရမ်၊ရေဓာတ် ၄.၇ ဂရမ်၊ ဗီတာမင်အေ ၁ IU၊ သီအာမင်(ခေါ်) ဗီတာမင်ဘီ(၁) ၁၈%၊ ရီဘိုဖလာဗင်(ခေါ်)ဗီတာမင်ဘီ(၂) ၈၅%၊ င်္နအာစင်း (ခေါ်) ဗီတာမင်ဘီ(၃) ၂၃%၊ဗီတာမင်ဘီ(၅) ၉%၊ ဗီတာမင်ဘီ(၆) ၁၁%၊ ဖောလိပ်(ခေါ်) ဗီတာမင်ဘီ(၉) ၁၃%၊ ချိုလင်း ၁၁%၊ ဗီတာမင်အီး ၁၇၅%၊ ကယ်လ်စီယမ် ၂၆%၊ သံဓာတ် ၂၉%၊ မဂ္ဂနီစီယမ် ၇၅%၊ မဂ္ဂနီးစ် ၁ဝ၉%၊ ဖော့စဖရက် ၆၉%၊ ပိုတက်စီယမ် ၁၅% နဲ့ ဇင့် ၃၂% တို့အသီးသီးပါရှိကြပါတယ်။
ဒါကြောင့်လည်း ဗာဒံစေ့တွေဟာ အသားအရေနုကို ပြန်လည်ပျိုစေကာ၊ မှတ်ဉာဏ်စွမ်းအားများလည်း ကောင်းစေလို့ကျား/မ အရွယ်(၃)ပါးအားလုံး စားသုံးပေးကြရန် USDA က အကြံပြုထားပါတယ်။
အူသိမ်၊ အူမများနဲ့ အတွင်းပိုင်းအကျဆုံး အူများအားလုံးကိုသန့်စေပါတယ်။ လူတစ်ယောက်ရဲ့အသားအရေဟာ သူစားသုံးလိုက်သောအစာချေဖျက်အင်္ဂါ အဖွဲ့အစည်းရဲ့အလုပ်လုပ် နိုင်စွမ်းအားနဲ့တိုက်ရိုက်အချိုးကျနေပါတယ်။
အစာချေဖျက် အင်္ဂါများအားနည်းလာတဲ့အခါဝမ်းချုပ်ခြင်းကိုဖြစ်စေပြီး၊ဝက်ခြံစို/ဝက်ခြံခြောက် တွေပေါက်လာစေပါတော့တယ်။ ဗာဒံစေ့ကိုမှန်မှန်စားပေးခြင်းဖြင့် အစာအိမ်ထဲရှိအကျိုးပြု ဗက်တီးရီးယားများကိုလှုံ့ဆော်ပေးတာကြောင့်အစာချေဖျက်မှုကိုအားပေးကာ၊ ဝမ်းပုပ်များသက်စေပြီး၊ အစာချေအင်္ဂါ အဖွဲ့အစည်းသန့်စင်သွားတာကြောင့်၊ အသားအရေတွေလည်း မညစ်ညမ်းတော့ပါဘူး။ ဗီတာမင်အီး ရရှိရာအရင်းအမြစ်ကိုပြပါဆိုရင် ဗာဒံစေ့ကိုသာ လက်ညှိးထိုးလိုက်ပါ။
ဝက်ခြံစို/ဝက်ခြံခြောက်/ဆားဝက်ခြံ အမျိုးမျိုးနဲ့မျက်နှာပေါ်ရှိအမည်းစက်များ၊အမာရွတ်များအတွက် ဘယ်လိုပင်မိတ်ကပ်ကောင်းကောင်းလိမ်းပါသော်လဲ မပျောက်နိုင်တဲ့အခါ စိတ်ညစ်ရပြီး၊ငွေကြေးတတ်နိုင်သူများလည်း အရေပြားအထူးကု ဆရာဝန်တွေနဲ့ပြသကြည့်ကြရာ၊ဆရာဝန်တိုင်းက အသားအရေကောင်းစေဖို့ ဗီတာမင်အီး ဆေးတောင့်လေးတွေ တိုက်ကျွေး လေ့ရှိပါတယ်။ အဲဒီဗီတာမင်အီး ဆေးတောင့်တွေနဲ့ဗီတာမင်အီးဓာတ်ပါတဲ့ ဆေးတွေအားလုံးကို Alpha-Tocopherol ဓာတ် ပစ္စည်းနဲ့ဖော်စပ်ထားတာကြောင့် အသားအရေကို ကြည်လင်ဝင်းမွတ်တောက်ပလာစေပါတယ်။
ဗာဒံစေ့ဟာ ဗီတာမင်အီး ကြွယ် ဝရာအရင်းအမြစ်ဖြစ်တာကြောင့် ဝက်ခြံပေါက်သူတွေသာမက၊ အရေပြားရောဂါရှိ သူများလည်း မဖြစ်မနေစားသင့်ပါတယ်။ အရွယ်နုပျိုဆေးသဖွယ် အားကိုးထိုက်ပါတယ်။
ဗာဒံစေ့ကို မှန်မှန်စားတဲ့အပြင်၊ ဗာဒံစေ့ဆီနဲ့ပါမျက်နှာကို အသာအယာနှိပ်နယ်ပေးခြင်းဖြင့် အရွယ်မတိုင်မီ မျက်နှာအရေးကြောင်းတွေမဖြစ်စေတော့ပါဘူး။ အသားအရေလည်း ပိုညက်ညောလာပါတယ်။ မျက်ကွင်းညိုသူတွေ မျက်လုံးအောက်တဝိုက် ဗာဒံဆီမှန်မှန် လိမ်းပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်း မျက်ကွင်းညိုများသိသိသာသာ လျော့ပါးသွားစေပါတယ်။
(မျက်လုံးထဲ ဆီမဝင်အောင် ဂရုစိုက်လိမ်းပါ)
နှလုံးအတွက် သူငယ်ချင်းကောင်းလို့ဆိုရမှာပါဘဲ။ အရိုးရှင်းဆုံးပြောရရင် ဗာဒံစေ့က နှလုံးရောဂါဖြစ်ခြင်းမှကာကွယ်ပေးပါတယ်။ ဗာဒံစေ့ထဲမှာပါတဲ့ အမျှင်ဓာတ်တွေဟာ ခန္ဓာ ကိုယ်က အစားအစာထဲမှာ ပါလာတဲ့ပြင်ပအဆီတွေစုပ်ယူခြင်းကို ပိတ်ပင်ဟန့်တားပေးပါတယ်။
ဒါ့ပြင်ဗာဒံစေ့ထဲမှာ ဗီတာ မင်အီး၊ ပြည့်ဝဆီများ၊ မဂ္ဂနီစီယမ် နဲ့ခန္ဓာကိုယ်အကျိုးပြုဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ အလုံအလောက်ပါဝင်နေတာမို့နှလုံးသွေးလည်ပတ် စီးဆင်းမှုအားကောင်းစေပါတယ်။ ဒါတင်မကသေးပါဘူး။သွေးထဲရှိ ကိုလက်စထရောပမာဏကို ချပေး တာကြောင့်နှလုံးကျမ္မာလာစေပါတယ်။
မှတ်ဉာဏ်နဲ့ကိုယ်ခံစွမ်းအားတွေတိုးပွားစေပါတယ်။ အယ်လ်ဇိုင်းမား(ခေါ်)ဦးနှောက်ဇရာကြိုရောဂါသက်သာဆေးများ၊ကိုယ်ခံစွမ်းအားကောင်းဆေးနဲ့မှတ်ဉာဏ်ကောင်းဆေးတွေကို ရီဘိုဖလာဗင်၊မဂ္ဂနီစီယမ်ဓာတ်တွေနဲ့ဖော်စပ်ထားခြင်းဖြစ်ပါတယ်။ အဲဒီဓာတ်တွေအလုံအလောက်ပါတဲ့ ဗာဒံစေ့ကိုစားပေး ခြင်းဖြင့် တစ်နေကုန်လန်းဆန်းလာစေပါတယ်။
အယ်လ်ဇိုင်းမားဝေဒနာရှင်များ ဗာဒံစေ့ကိုဖြည့်စွက်စာအားဆေးအဖြစ် မဖြစ် မနေ စားပေးသင့်ပါတယ်။
ဝဖြိုးခြင်း ကိုတားဆီးပေးပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်၊ကစီဓာတ်တွေနဲ့ အာဟာရသိဒ္ဓိပြည့်ဝတဲ့ဗာဒံစေ့ကိုစားလိုက်တဲ့အခါ၊ နောက်ထပ်အစာစားချင်စိတ်ကိုချိုးနှိမ်ပေးတာမို့အချိန်တော်တော်ကြာအောင် အဆာခံနိုင်သွားပါတယ်တဲ့။ ဒါ့ပြင် ဗာဒံစေ့ထဲမှာပါရှိတဲ့ အကျိုးပြုပြည့်ဝဆီများက ဗိုက်ခေါက်အဆီများကိုချပေးနိုင်တာကြောင့် ဝဖြိုးသူများနဲ့အဆီတွေအိတွဲကျသူများ ဗာဒံစေ့ကို စားပေးကြပါလို့ USDA ကအကြံပြုထားပါတယ်။
Via:ကိုထွန်း
Ref:http://www.sashalin.today/8271
ဘုရားမဟုတ် ညာတင်ကုတ် – မသိသူကျော်သွား…သိသူဖော်စား ရှယ် သွားလိုက်ပါ။
ဘုရားမဟုတ် ညာတင်ကုတ် – မသိသူကျော်သွား…သိသူဖော်စား ရှယ် သွားလိုက်ပါ။
ဘုရားမဟုတ် ညာတင်ကုတ်
ဘုရားမဟုတ် ညာတင်ကုတ်
ဒီတစ်ခါတော့ လောကီဗဟုသုတ အကြောင်းလေးပြောပြပါမယ် မိမိမှာရှိခဲ့ရင်လည်း ဘာလုပ်ရမှာလည်း ဆိုတာ သိရအောင်လို့ပါ😁
ဘုရားမဟုတ် ညာတင်ကုတ် ကိုင်ကြည့်လက်တစ်ဆုပ် ပညာခန်း တစ်ခန်းမြုပ် လူပ်ကြည့်တကုတ်ကုတ် သိသူဖော်စား မသိသူကျော်သွား…တဲ့
ဒီအကြောင်းပြောရရင် ရာဇဝင်များတယ် တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုဘဲ အယူဆများပါတယ်။
တစ်ချို့ကလည်း ဆေးညာတင်ကုတ်ဆိုပြီး ရှိပြန်ပါတယ်။ အမျိုးမျိုးပေါ့။
ညာတင်ကုတ် ဆိုတာ ရှေးလောကီပညာရှင်တွေက စီမံခဲ့တာပါ။ ဘုရားမဟုတ်ပါ။ ဂမ္ဘီရ ပစ္စည်းတစ်ခုသာဖြစ်ပါသည်။ အဓိက ကတော့ အဂ္ဂိရတ်သမားတွေတွက်လို့ပြောပါတယ်။ အတုတွေလည်းပေါပ ။မြန်မာနိုင်ငံမှာတော့ စျေးကြှီးပေးဝယ်ကြပါတယ်။
သူ့ရဲ့အစွမ်းက အစစ်ဆိုရင် လိုတရတယ်လို့တောင်ပြောပါတယ်။ တစ်ချို့ကလည်း ဘာပြီးညာပြီးလို့ ပြောကြပါတယ်။ မြန်မာပြည်မှာ တစ်ချို့က ၁၃ခု တစ်ချို့က ၁၂ခု တစ်ချို့ကလည်း ၃ခု ၅ခု ၂ခုဘဲရှိတယ်လို့ပြောကြပါတယ် စာရေးသူလည်းအသေချာမသိပါ။သိသလောက်ပြောရရင် (စာတွေ့ပါ)
ညာတင်ကုတ် မှာ ပြဒါးရည် အလိုက် အဖြူ အနီကွဲပါတယ်။၄.၆စင်တီမီတာရှိတယ်လို့လည်းပြောကြပါတယ်။ထုပ်တန်းပေါတင် ဆွမ်းကပ်ပါက မျက်နှာတစ်ဖက်လွဲသွားပါတယ်တဲ့။ ပြဒါးရည် ပြဒါးရှင်နှင့်ပြုလုပ်ထားတဲ့တွက် အစွမ်းထက်ပါတယ်။
အထဲမှာပြဒါးလုံးရှိပါတယ်။ဖယောင်းတိုင်မီးကပ်ဆွဲပါက ၃ပေကျော်ထိလိုက်ပါတယ်တဲ့။
ရွှေထည့်ရင်ဖြူကာ ငွေထည့်ကနီသောရပ်ထုများလည်းရှိပါတယ်။
ပြဒါးခဲသောရုပ်ထုသည် ပလ္လင် အောက်၌ပြဒါး၅ကျပ်သား တင်ခဲနိုင်သော သပိတ်ခြမ်းပါသည်ဟု ပြောကြပါသည်။ရုပ်ထု၌မခဲ့ပါ။
မိူကိုးချက်ပါသည်ဟုပြောကြပါသည်။အင်းကွက်ပါခြင်းပလ္လင်အောက်၌ လက်ဗွေရာပါရှိခြင်း ကျော်ဘက်၌ စ.ဓ.ဗ.ဝအင်းပါသည်ဟုပြောကြပါသည်။ယခုပု့တစ်ချို့မှာက ရင်ဘက်၌သာတွေ့ရပါသည်။မမြင်ဘူး၍မသိပါ။
ထူခြားမူက လုံထဲထည့်ကျိုပြီး အခြားလုံဆေါင်တစ်ခုထဲသို.လောင်းထည့်ပါက ပုံစံတူအတိုင်းပြန်ရပါသည်။
၃ခါလုပ်က ၃ခုရသည့်သဘောပါ။စက်နိူးထားသော ကားဒက်ဘုရ်ပေါ် တင်ပါက ကားစက်သေပါသည်။
ကားစက်ပြန်နိူးမရပါ။ပြဒါး၅၀သားထည့်ထားသော စတီးကျိုင့်ထဲ့ ထည့်ပါ က မလဲဘဲ ဘေးဘယ်ညာသို့ပြောင်းထိုင်ခြင်း ထိုင်နေသောခါ မင်းကိုယ် ရောင်းခွင့်မရှိပါက ထူးခြားမူ့ပြပါဟု ပြောပါက ပြဒါးထဲသို့ ဝင်သွားပါလိမ့်မည်။
သိမ်ဝင်အပ်နဲ့ထိုးပါက အပ်ခေါင်းပေါ်မှာဝဲခြင်း ဖြစ်ပါလိမ့်မည်။ထိုးစိုက်မရပါ။
ပြဒါးအဖြူသေထက် အနီသေက ပိုစွမ်းပါသည်။
သို့သော်အဖြူကို တွေ့ရခဲပါသည်။ပြဒါးအဖြူသေကို ညာတင်ကုတ် အဖြူဟုခေါ်ပါသည်။
သာမာန်လူသုံးစွဲပါက မိမိလိုအပ်သောသူကို အရုပ်ကိုင်ပြီး ပါးစပ်ကပြောပါက နောက်နေ့ရောက်လာ၏။လိုရာ ဖြည့်ဆည်း ပေး၏။သာမာန်လူများအဖို့ကား သီလသမာဓိ ကိုယ်မှာရှိရ၏။
အစစ်သည် မိူကိုးချက် လေးကွက်အင်း လက်ဗွေရာများရှိသည်။အရည်လောင်းသော်လည်း အေးပါက ဤအတိုင်းပြန်ဖြစ်သည်။
၎င်းပစ္စည်းသည် သိဒွိဝင်ပစ္စည်းဖြစ်၍ ဘုရားတည်ကျောင်းဆောက် သာသနာပြုလုပ်ငန်းများ၌များစွာအသုံးဝင်သည်။သာမာန်လူအဖို့ကား ပီယ ဓန ပီယသျို မျှသာ အသုံးဝင်လိမ့်မည်။ လောကီလမ်းဘက်သာ အားပေးသည်ဟုသိရသည်။
အစစ်ဖြစ်ပါက ဝိသမ လောဘသားများ ရောင်းဝယ်ပါကမိသားစုအားခိုက်၏။ အန္တရာယ် များ၏။သတိထားပါ။လက်ထဲကိုင်ထား ပြီးလောဘနှင့်လိုက်မရောင်းရပါ။
ပြဒါးကပ်တယ် မီးဆွဲတယ် အသားပြရင် မျက်နှာလွဲတယ် အပ်ဝဲတယ် အင်းကွက်ပါတယ်
ဝယ်သူလာရင် အိပ်မက်ပေးတယ်။ဝယ်သူလာရင် အစွမ်းမပြဘူး။မီးနှင့်ပခုံးပေါ် ဝိုက်ဆွဲပါက ကြား၌ သက်တန့် ရောင်ထွက်သည်။
မှတ်ချက် ။ ။ ဖတ်ဖူးသမျှကိုသာ မျှဝေခြင်းဖြစ်ပါသည်။
ဘာမှမသိပါ။ ဗဟုသုတ အလိုငှါတင်ပြခြင်းဖြစ်ပါသည်။
မူရင်းတင်းပြပေးသူများအား လေးစားစွာ Credit ပေးပါသည်။
ငွေမဲကြီးစိုးတဲ့ မြန်မာ့ဈေးကွက်
16 နိုဝင်ဘာ၊ 2017 
လွန်ခဲ့တဲ့ အောက်တိုဘာလမှာ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံကို ရောက်စဉ်က ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်းနဲ့ လျှပ်စစ်စွမ်းအင်လုပ်ငန်းတွေမှာ (၂) နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှု စာချွန်လွှာကို လက်မှတ်ထိုးပါတယ်။ နိုဝင်ဘာလရောက်တော့ ရူပီးငွေ (၅၀၀) တန်နဲ့ (၁၀၀၀) တန်တို့ကို အသုံးမဝင်တော့ကြောင်း အိန္ဒိယအစိုးရက ကြေညာပါတယ်။ အိန္ဒိယနိုင်ငံသား (၅၀) ရာခိုင်နှုန်းမှာ ဘဏ်စာရင်းမရှိတဲ့အတွက် ငွေမဲနဲ့ ငွေတု ပပျောက်အောင်လုပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ငွေမဲကို ခဝါချလို့ တရားဝင် ငွေကြေးဖြစ်လာရင် ပုံမှန်စီးပွားရေးမှာ ဝင်ဆံ့သွားပြီး အရင်းအနှီး ဖြစ်လာလို့ စီးပွားရေးကို တိုးတက်စေသလို ထင်ရပါတယ်။
ဒါပေမဲ့ ရေရှည်အတွက် မကောင်းပါဘူး။ တိုင်းပြည်စီးပွားရေး အစိတ်အပိုင်း တော်တော်များများဟာ ခဝါချထားတဲ့ ငွေမဲနဲ့ မသမာငွေကြေးအဖြစ် လူတစု လက်ထဲရောက်နေတာဟာ စီးပွားရေး ကမောက်ကမ ဖြစ်စေပါတယ်။ ဈေးနှုန်းအဆမတန် မြင့်မားမှု၊ မမျှတတဲ့ ပြိုင်ဆိုင်မှု၊ အဂတိလိုက်စားမှု စတာတွေကြောင့် ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားလာပါတယ်။ မူးယစ်ဆေးကရတဲ့ ငွေမဲကို ခဝါချပြီး သုံးနေတာဟာ စီးပွားရေး တိုးတက်မှုနှုန်းကို ဆုတ်ယုတ်စေတယ်လို့ ဆိုပါတယ်။ ငွေမဲခဝါချမှုကြောင့် ငွေကြေးအဝင်အထွက် မမှန်းဆနိုင်လို့ ငွေဖလှယ်မှုနဲ့ ဘဏ်တိုးနှုန်း မတည်မငြိမ် ဖြစ်ရတယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးကရတဲ့ ငွေမဲဟာ စစ်အစိုးရရဲ့  ဈေးကွက်စီးပွားရေးမှာ တရားဝင် အရင်းအနှီး ဖြစ်လာပါတယ်။ မူးယစ်ဆေး ထုတ်လုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ အစိုးရတပ် အပစ်အခတ် ရပ်စဲလိုက်တဲ့အခါမှာ သူတို့ရဲ့  ငွေမဲကို စစ်အစိုးရက တရားဝင် အသိအမှတ်ပြုပါတယ်။ မူးယစ်ဆေးနဲ့ ကျောက်မျက်မှောင်ခိုတွေ     ကြီးပွားလာပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး နဲ့ မူးယစ်ဆေး ရောထွေယှက်တင် ဖြစ်လာပါတယ်။ ပြည်သူစစ်နဲ့ ဘိန်းမှောင်ခိုတဖြစ်လဲ လော်စစ်ဟန်ဟာ စစ်တပ်ကို အကျိုးပြုနိုင်တဲ့အတွက် စစ်အစိုးရက အခွင့်ထူးပေးလို့ အချမ်းသာဆုံး ဖြစ်လာပါတယ်။ လော်စစ်ဟန်ရဲ့  Asia World ကုမ္ပဏီကို သားဖြစ်သူ Steven Law (ခေါ်) ဦးထွန်းမြင့်နိုင်က ဆက်ခံပါတယ်။ နေပြည်တော် တည်ဆောက်မှု နဲ့ အခြားလုပ်ငန်းတွေမှာ Asia World အဓိက ပါဝင်ပြီး ရန်ကုန် အလုံဆိပ်ကမ်းတခုလုံးကိုလည်း ပိုင်ပါတယ်။
ဈေးကွက်ခေတ် ပုဂ္ဂလိက ဘဏ်တည်ထောင်ခွင့်ပေးချိန်မှာ ငွေရင်းထုတ်နိုင်သူဟာ ဘိန်းမှောင်ခိုနဲ့ အခွင့်ထူးခံ ခရိုနီတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တည်ထောင်ထားတဲ့ဘဏ်မှာ ငွေကြေးခဝါချတာ မဆန်းပါဘူး။ ကိုးကန့်တရုတ် ဦးအိုက်ထွန်းရဲ့  အာရှဓနဘဏ်နဲ့ ရှမ်းတရုတ် ဦးကျော်ဝင်းရဲ့  Mayflower ဘဏ်ကို ၂၀၀၅ မှာ ပိတ်လိုက်ပါတယ်။ ဦးအိုက်ထွန်းဟာ ရွှေတောင်ကုမ္ပဏီကို တည်ထောင်ပြီး လုပ်ငန်းမျိုးစုံမှာ     ရင်းနှီးမြုပ်နှံနေပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရန်ကုန်မြို့ က အဓိက အချက်အချာကျတဲ့ မြေနေရာတွေကို ရွှေတောင်ကုမ္ပဏီက ဆက်တိုက်ရရှိခဲ့ပါတယ်။ ငွေမဲကြောင့် နေ့ချင်းညချင်း ဦးအိုက်ထွန်း ချမ်းသာလာတာလို့ ဆိုပါတယ်။ တချို့ ကလည်း တရုတ်ကုမ္ပဏီကိုယ်စား စီးပွားရှာနေတာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဦးတေဇလို အခွင့်ထူးမရဘူးလို့ ဦးအိုက်ထွန်းက ညည်းတွားကြောင်း သိရှိရပါတယ်။
အခုတော့ ဗိုလ်ချုပ်မှူးကြီးတွေနဲ့ ရင်းနှီးသူအဖြစ် လူသိများတဲ့ ဦးအောင်ကိုဝင်းရဲ့  ကမ္ဘောဇဘဏ်ဟာ မြန်မာပြည်မှာ အကြီးဆုံး ပုဂ္ဂလိကဘဏ် ဖြစ်လာပြီး၊ ကျောက်မျက်လုပ်ငန်းနဲ့ လေကြောင်းလိုင်းကိုပါ တည်   ထောင်ထားပါတယ်။ ရှမ်းပြည်နယ်မှာ ဗိုလ်ချုပ်ကြီးမောင်အေး တိုင်းမှူးလုပ်စဉ်က ဦးအောင်ကိုဝင်းဟာ      ကျောက်မျက်လုပ်ငန်းမှာ အခွင့်ထူး ခံစားရသူ ဖြစ်ပါတယ်။ စစ်အုပ်စု ရရှိထားတဲ့ မသမာငွေကြေးကို ခရိုနီပိုင်ဘဏ်တွေက ခဝါပေးတယ်လို့ မယုံသင်္ကာ ဖြစ်သူတွေလည်း ရှိပါတယ်။ ကမ္ဘောဇဘဏ်ဟာ ငွေကြေးခဝါချမှုကို ဟန့်တားရမယ့်တာဝန်ကို ကောင်းကောင်းသိပုံ မရဘူးလို့ FATF – Financial Action Task Force က ကြေညာထားတာ ရှိပါတယ်။ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးထွန်းမြင့်နိုင်၊ ဇေကမ္ဘာဦးခင်ရွှ၊ ယုဇနဦးဌေးမြင့်၊ ဦးမိုးမြင့်၊ ဦးအိုက်ထွန်းစတဲ့ ခရိုနီကြီးတွေကို လူသိများပါတယ်။
အိန္ဒိယလိုပဲ မြန်မာပြည်မှာ ဘဏ်တိုက်မှာ မအပ်တဲ့ငွေတွေ အများကြီး ရှိတယ်လို့ မတ်လထုတ် အမေရိကန်နိုင်ငံခြားရေးဌာန “နိုင်ငံတကာ မူးယစ်ဆေး ချုပ်ကိုင်ရေး မဟာဗျူဟာအတွဲ (၂)” မှာ ဖော်ပြထားပါတယ်။ ငွေကြေးခဝါချမှုနဲ့ ဘဏ္ဍာရေးပြစ်မှု Money Laundering and Financial Crime ကို သီးသန့်ဖော်ပြထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှု မရှိတဲ့အပြင် အရေးယူခံရမယ့် အလားအလာနည်းတာဟာ    ငွေကြေးခဝါချဖို့ အခြေအနေပေးတာ ဖြစ်ပါတယ်။ ကမ္ဘာမှာ ဘိန်းဖြူ ဒုတိယအများဆုံး ထုတ်လုပ်ပြီး၊ ဒေသတွင်းမှာ စိတ်ကြွဆေး အများဆုံးထုတ်နေတာ မြန်မာပြည်ပါ။
အရွယ်ရောက်သူ မြန်မာပြည်သားတွေထဲမှာ ဘဏ်စာရင်းရှိသူက (၂၅) ရာခိုင်နှုန်းပဲ ရှိပါတယ်။ လက်ငင်းငွေချေပြီး စီးပွားရေးလုပ်ကိုင်ကြတာမို့ မသမာငွေကြေးကို ဖမ်းဆီးနိုင်ဖို့ ခက်ခဲပါတယ်။ ဥပဒေအရ ဖွင့်ခွင့်မရှိပေမယ့် မြန်မာ-တရုတ်နယ်စပ်မှာ Casino ကစားဝိုင်း (၅) ခု ရှိပါတယ်။ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအတွက် ကွန်ပြူတာစနစ် အားကောင်းဖို့ လိုပေမယ့် မြန်မာပြည်မှာ စာရွက်စာတမ်း အားကိုးနေရတုန်း ဖြစ်ပါတယ်။ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအတွက် လိုအပ်တဲ့ စွမ်းရည်တွေ မြန်မာအဖွဲ့အစည်းတွေမှာ     ချို့ တဲ့နေသေးကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန “နိုင်ငံတကာ မူးယစ်ဆေး ချုပ်ကိုင်ရေး မဟာဗျူဟာ အတွဲ (၂)” မှာ ဖော်ပြထားပါတယ်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း ~ Kyaukphyu Special Economic Zone
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းဖော်ဆောင်ရန်တရုတ်ကုမ္ပဏီက မြန်မာသို့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းပေးမည်ဟုဆို
 Nov 21,2107
ကျောက်ဖြူအထူးစီးပွား ရေးဇုန် စီမံကိန်း အကောင်အ ထည်ဖော်ရန် မြန်မာသို့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းပေး
မည်ဟု   တရုတ် ကုမ္ပဏီက ပြောကြားထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးက နိုဝင်ဘာ ၁၅ ရက်တွင် ပြော ကြားသည်။
ယခင်အစိုးရလက်ထက် တွင် အဆိုပါစီမံကိန်းကို တရုတ် ဘက်က ရှယ်ယာပိုင်ဆိုင်မှု ၈၅ ရာခိုင်နှုန်း၊ မြန်မာဘက်က ၁၅ ရာခိုင်နှုန်းဖြင့် အကောင်အထည် ဖော်ရန် သဘောတူထားပြီး လက် ရှိအစိုးရက သဘောမတူ၍ ပြန် လည်ညှိနှိုင်းခြင်းဖြစ်သည်။
‘‘သူတို့ဘက်က တင်ထား တာပါ။ ကိုယ်တွေဘက်ကလည်း ဝန်ကြီးဌာနတွေ၊ ပညာရှင်တွေနဲ့ ဆွေးနွေးပြီး ပြင်ထားတာရှိတယ်။ လက်မှတ်ထိုးနိုင်ဖို့ ကြိုတင်ပြင် ထားတဲ့ အနေအထားပါ။ တစ် ဖက်နဲ့တစ်ဖက် ညှိနှိုင်းနေပါ တယ်’’ဟု အထူးစီးပွားရေးဇုန်များ ၏ တာဝန်ခံဝန်ကြီးဌာနအဖြစ် ဆောင်ရွက်နေသည့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ အထက်ပါတာဝန်ရှိသူ က ဆက်ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်သည် ရခိုင်ပြည်နယ် ကျောက် ဖြူမြို့တွင် တည်ရှိပြီး တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီအုပ်စုက အ ကောင်အထည်ဖော်ခွင့်ရထား သည်။ အဆိုပါစီမံကိန်းကို ယခင် အစိုးရသက်တမ်းကုန်ဆုံးခါနီး တွင် အလျင်အမြန်အကောင်အ ထည်ဖော်ရန် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအတွက် တရုတ်ထံမှ အစိုးရက ချေးယူရမည့်ငွေသည် အတိုးနှုန်းများသဖြင့် ဒေသခံများ က စိုးရိမ်နေသော စီမံကိန်းဖြစ် သည်။ တင်ဒါအောင်ထားသည့် CITIC ကုမ္ပဏီအုပ်စုသည် ကျောက်ဖြူအထူးစီးပွားရေးဇုန် အတွင်း စက်မှုဇုန်နှင့် ရေနက်ဆိပ် ကမ်းစီမံကိန်းနှစ်ခုကို ကန်ဒေါ် လာ ကိုးဘီလီယံ ရင်းနှီးမြှုပ်နှံပြီး မြေဧက ၄,၂၀၀ ကျော် အသုံးပြု မည်ဟု ဆိုသည်။
မြန်မာ့အထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ တာဝန် ယူထားသည့် ဒုတိယ သမ္မတ (၂) ဦးဟင်နရီဗန်ထီးယူသည် ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်မည့် မြေနေရာကို နိုဝင်ဘာ ၄ ရက်တွင် သွားရောက် ကြည့်ရှုခဲ့သည်။ ထိုသို့ ကြည့်ရှု ခြင်းသည် ရှယ်ယာပိုင်ဆိုင်မှုများ ဆွေးနွေးစဉ် မြေပြင်အနေအထား ကို လာရောက်ကြည့်ရှုကြောင်း ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။
Ref:http://www.7daydaily.com/story/113556
China agrees to 70% share in Kyaukphyu sea port
A jetty for oil tankers is seen on Madae island, Kyaukphyu Township, in this 7 October 2015 file photo. (PHOTO: Reuters)A jetty for oil tankers is seen on Madae island, Kyaukphyu Township, in this 7 October 2015 file photo. (PHOTO: Reuters)
China has agreed to take a 70 percent stake in strategically important sea port in Burma, at the lower end of a proposed range amid local concerns about Beijing’s growing economic clout in the country, a senior government official said.
Oo Maung, vice chairman of a government-led committee overseeing the project, said Burma had pushed for a bigger slice of the roughly US$7.2 billion deep sea port in western Arakan State, in negotiations with a consortium led by China’s CITIC Group. Agreement was reached in September, he said.
“Locals from Rakhine [Arakan] and communities across Myanmar [Burma] think that the previous 85/15 percent agreement is unfair to Myanmar. People disagree with the plan and the government is now trying to make a better deal,” he said.
The new proposal has been sent to the office of Burmese Vice President Henry Van Thio for approval, Oo Maung said. But the two sides have not yet reached an agreement on financing details, he added, saying further negotiations were needed to move the project forward.
Beijing-based CITIC, China’s biggest and oldest financial conglomerate, did not immediately respond to requests for comment.
Yuan Shaobin, executive president of CITIC Myanmar, told the Myanmar Times in an interview published on Monday that the company had agreed to a 30 percent stake, but also said more negotiations were needed to iron out the financing details.
Reuters in May reported that state-owned CITIC had proposed taking a 70-85 percent stake in the Kyaukphyu port, a part of China’s ambitious “Belt and Road” infrastructure investment plan to deepen its links with economies throughout Asia and beyond.
China has been pushing for preferential access to the deep sea port of Kyaukphyu on the Bay of Bengal, an entry point for a Chinese oil and gas pipeline that gives it an alternative route for energy imports from the Middle East that avoids the Malacca Strait, a shipping choke-point.
The port is part of two projects, which also include an industrial park, to develop a special economic zone in Arakan. CITIC was awarded the tenders in both initiatives in 2015.
Disagreement on Financing 
CITIC and Burma‘s civilian government are still negotiations over financing the project, Oo Maung said.
He said under the previous agreement, struck by the former military-backed government of President Thein Sein, Burma was responsible for only 15 percent of the funding.
CITIC has now asked the government to contribute 30 percent, in proportion to the stake agreed, while Burma wants to stick to the original split, he said.
The economic zone faces opposition from activists and residents who criticised the tender process and said the development would have a negative impact on local people.
China says the Kyaukphyu development is based on “win-win” co-operation between the two countries.
CITIC says it will build a vocational school to provide training for skills needed by companies in the economic zone. It has given $1.5 million to local villages to develop businesses.
CITIC’s consortiums include China Harbor Engineering Company Ltd, China Merchants Holdings, TEDA Investment Holding, and Yunnan Construction Engineering Group. The only non-Chinese state-owned company involved is Thailand’s Charoen Pokphand Group.
A total of 52 Burmese companies will contribute to half of Burma‘s stake in the Kyaukphyu port, according to San Myint, general manager of the local consortium Myanmar  Kyaukpyu Special Holding Company.
Burma‘s leader, Aung San Suu Kyi, has argued that economic development is the solution to the long-running ethnic tensions in Arakan State. The port is in the southern part of the state, which has so far not been affected by the violence in northern Arakan in recent weeks.
ကျောက်ဖြူ အထူးစီးပွားရေးဇုံ (ဧက၄၂၈၉) စီမံကိန်း ၂၀၁၆ စတင်မည်
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀၁၆ ဖေဖော်ဝါရီလထဲမှာ စတင် လုပ်ဆောင်ဖို့ စီစဉ် ထားတယ်လို့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ဆပ်ကော်မတီ က ဒီကနေ့ပြောဆိုထုတ်ပြန်လိုက်ပါတယ်။ ဒီစီမံကိန်းကို မြေဧက ၄၀၀၀ကျော်မှာ တည်ဆောက်သွားမှာပါ။ ဒီထဲမှာ ရေနက်စီမံကိန်း၊ စက်မှုဇုံနဲ့ အဆင့်မြင့်အိမ်ယာစီမံကိန်း တွေပါဝင်မယ်လို့ ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းကမေခကပေးပို့ထားပါတယ်။
ဟုတ်ကဲ့ပါ။ ဒီကနေ့ပြည်ထောင်စုလွှတ်တော်မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ကြေညာနိုင်ဖို့ အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရေးကိစ္စ ပြည်ထောင်စု လွှတ်တော်မှာ အစိုးရဘက်ကတင်ပြဆွေးနွေးတာမှာ ထည့်သွင်းပြောကြားခဲ့ တာဖြစ်ပါတယ်။ ဒီစီမံကိန်းကို မြေဧက ၄၀၀၀ကျော်မှာ တည်ဆောက်သွားမှာပါ။ ဒီထဲမှာ ရေနက်စီမံကိန်း၊ စက်မှုဇုံနဲ့ အဆင့်မြင့်အိမ်ယာ စီမံကိန်း တွေ ပါဝင်မယ်လို့ ပြောပါတယ်။
ရေနက်ဆိပ်ကမ်းကို အပိုင်း ၂ခုခွဲမှာဖြစ်ကြောင်း၊ ရေနက်ဆိပ်ကမ်း ၁ကို မဒေးကျွန်း မြောက်ဘက် မှာလုပ်ဆောင်မှာဖြစ်ပြီး ရေနက်ဆိပ်ကမ်း ၂ကိုတော့ ရမ်ဗြဲကျွန်း မြောက်ဘက် သစ်ပုတ်ကျွန်းအနီးမှာ လုပ်ဆောင်မယ် လို့ ကျောက်ဖြူအထူးစီးပွား ရေးဇုန်စီမံ ခန့်ခွဲရေး ဆပ်ကော်မတီဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောပါတယ်။
"(က) စက်မှုဇုံ စီမံကိန်း ဆောင်ရွက်မယ့် ဧရိယာမှာ ကျောက်ဖြူမြို့၏ တောင်ဘက် ၈.၅ ကီလိုမီတာ အကွာအဝေးမှာ ဖြစ်ပြီး စမ်းချောင်းအေးကျေးရွာအုပ်စု၊ ကြပ်ပြင်ကျေးရွာအုပ်စု၊ ကန့်သပြေကျေးရွာ အုပ်စုနဲ့ ချောင်းဝ ကျေးရွာ အုပ်စုတို့ အတွင်းမှာ ဖြစ်ပါတယ်။
(ခ) အဆင့်မြင့်အိမ်ယာစီမံကိန်း နယ်နမိတ် ဆောင်ရွက်မယ့် ဧရိယာမှာ ကျောက်ဖြူမြို့၏ တောင်ဘက်ယွန်းယွန်း ၁၂ ကီလိုမီတာ အကွာအဝေးမှာ ရှိပြီး ချောင်းဝ ကျေးရွာအုပ်စု၊ မြင်းပြင်ကျေးရွာအုပ်စု နယ်နမိတ်တွေထဲ ပါဝင်ပါတယ်။"
ရထားပို့ဆောင်ရေး ဒုဝန်ကြီး ဦးမြင့်သိန်းက ကျန်တည်ဆောက်ရေး အပိုင်းမြေနေရာတွေနဲ့ပတ်သတ်ပြီး လွှတ်တော်မှာခုလိုပြောဆိုခဲ့တာပါ။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အဆင့် ၄ ဆင့်ဖြင့် အကောင်အထည် ဖော်လျက်ရှိပြီး စီမံကိန်းဖော်ဆောင်ရေး အတွက် စင်္ကာပူ အခြေစိုက် CPG နိုင်ငံတကာ အကြံပေး ကုမ္ပဏီကို အမေရိကန် ဒေါ်လာ ၂ သန်းခွဲဖြင့် ဌားရမ်းလုပ်ဆောင်နေကြောင်း ဦးမြင့်သိန်းက ပြောဆိုထားပါတယ်။
ဦးမြင့်သိန်းက ကျောက်ဖြူ၊ ရမ်းဗြဲ မာန်အောင်မှာ လုပ်ဆောင်မယ့် စီမံကိန်းတွေနဲ့ ပတ်သတ်ပြီး ခုလိုပြောပြပါတယ်။
"ကျောက်ဖြူ၊ ရမ်းဗြဲ မာန်အောင်မြို့နယ်များ ပါဝင်ပြီး ကျောက်ဖြူကို စက်မှုလုပ်ငန်းများ အဓိကထား ဆောင်ရွက်မယ့် အထူးစီးပွားရေးဇုန်၊ ရမ်းဗြဲကို စိုက်ပျိုးရေးလုပ်ငန်းများ အဓိက ထား အခြေပြုဆောင်ရွက်မယ့် ဇုန်၊ မာန်အောင်ကို သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းများ ဆောင်ရွက်နိုင်မယ့် ဇုန်တွေအဖြစ် ထည့်သွင်းရေးဆွဲ ထားပါတယ်။ နယ်နမိတ်အဖြစ် အမိန့်ကြေညာစာ ထုတ်ပြန်ကြေညာမယ့် ဧရိယာ စုစုပေါင်း ၄၂၈၉.၃၂ ဧက၊ ၁၇၃၅.၈၃ ဟတ်တာ မှာ နောင် အနှစ် ၂၀၊ ၃၀ ကာလ များမှာ တိုးချဲ့ ဆောင်ရွက်သွားနိုင်မယ့် ဧရိယာများသာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။"
ဒီစီမံကိန်းနဲ့ပတ်သတ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကတော့ ခုလိုသုံးသပ်ပြောဆိုလိုက်ပါတယ်။
" ဦးသိန်းစိန်အစိုးရအနေနဲ့ ဒါကို ပြန်သုံးသပ်ပြီးတော့မှ လာမယ့် အစိုးရမှာ ရေရှည်ပြည်ထောင်စု အကျိုး ပြည်နယ်အကျိုး ဘယ်လိုခံစားရမယ် ဆိုတာ ဆင်ခြင်သုံးသပ်ပြီးမှ ပြန်လည်သုံးသပ် သင့်တဲ့ စီမံကိန်းလို့ပဲ ကျနော် သုံးသပ်ပါတယ်။ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်က ဘယ်လောက်အထိ ရှိသင့်သလဲ။ ပြည်ထောင်စုအစိုးရရဲ့ လုပ်ခွင့်က ဘယ်လောက်အထိ နောက်ကို ဆုတ်သင့်သလဲ အဲ့ဒီ့အပေါ် မူတည်ပြီးမှ သက်ဆိုင်ရာ ပြည်နယ်အစိုးရရဲ့ လုပ်ငန်းခွင်မှာ အလုပ်အကိုင်ဖန်တီးပေးရမှာပေါ့။ အဲ့ဒီ့တော့ ပြည်မနဲ့ ပြည်ပကို စွန့်ခွာသွားတဲ့ ရခိုင်အမျိုးသား တွေ ဘယ်လောက်ရှိသလဲ။ အဲ့ဒီ့ပုဂ္ဂိုလ်တွေကို ပြည်ထောင်စု အစိုးရ ရဲ့ အထူးစီးပွားရေးဇုန်မှာ လုပ်ငန်းခွင် ဖန်တီးတဲ့အလုပ် ဘယ်လောက် အထိ ရှိနိုင်သလဲ ဒါကို ပြန်ဖိတ်ခေါ်ရမယ့် အခြေအနေဖြစ်တဲ့အခါမှာ လာမယ့် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရရဲ့ တာဝန် လုပ်ပိုင်ခွင့်က အင်မတန် အရေးကြီးပါတယ်။ အဲ့ဒီ့အပေါ် မူတည်ပြီးမှ ကျနော်တို့ ပြန်ဆွေးနွေးဖို့ ရှိနိုင်ပါတယ်။ "
ကျောက်ဖြူအထူးစီးပွား ရေးဇုန် အကောင်အထည်ဖော်ဖို့ အတွက်ပြီးခဲ့တဲ့ ဇူလိုင်လက အကောင်အထည်ဖော်မည့် တည်ဆောက်ရေးသုံးခုအတွက် တစ်ခုချင်းစီ အလိုက် တင်ဒါမှတ်ပုံတင်ကြေး အနေနဲ့ အမေရိကန်ဒေါ်လာ တစ်ထောင် သတ်မှတ် ကာ အပြည်ပြည် ဆိုင်ရာ တင်ဒါခေါ်ယူ ထားပါတယ်။ နိုင်ငံတကာ လုပ်ငန်းရှင်များ ကို တင်ဒါခေါ်ယူသောလုပ်ငန်း များမှာ ဆိပ်ကမ်း တည်ဆောက် ရေး၊ စက်မှုဇုန်အကောင်အထည် ဖော်ရေး၊ အခြေခံ အဆောက်အအုံများ အကောင်အထည်ဖော်ရေး စတဲ့ လုပ်ငန်းများ ဖြစ်ပါတယ်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်ဟာ တရုတ်-အိန္ဒိယနှင့် အ ရှေ့တောင် အာရှနိုင်ငံများကို ဆက်သွယ်ပေးမယ့် အချက်အချာ ကျတဲ့ စီးပွားရေးရပ်ဝန်း တစ်ခု ဖြစ်လာမယ်လို့CPG အကြံပေး ကုမ္ပဏီက ခန့်မှန်းထားပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ပြီး ပါက ဒေသခံပြည်သူပေါင်း တစ်သိန်း ကျော် အလုပ်အကိုင်များရနိုင်မယ်လို့ အစိုးရပိုင်းက မျှော်မှန်း ထားပါတယ်။
လက်ရှိမှာ ကျောက်ဖြူရေနက်စီမံကိန်းနဲ့ တွဲဖက်လုပ်ကိုင်မယ့် ကျောက်ဖြူ -ကူမင်း ရထားလမ်းရယ်၊ ကားလမ်းရယ် နဲ့ ရေနံပိုက်လိုင်းသွယ်တန်းရေး လုပ်ငန်းတွေ ကတော့ ချုပ်ဆိုထားတဲ့ MoU ပျက်ပြယ်သွားပြီဖြစ်တယ်လို့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ဆပ်ကော်မတီ ကပြောဆိုထားပါတယ်။
၂ဝ၁၁ ခုနှစ် ဧပြီလကစပြီး ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်ချုပ်ဆိုထားပေမယ့် ဒီစီမံကိန်းနဲ့ပတ်သက်လို့ တက်ကြွလှုပ်ရှားသူတွေက ကန့်ကွက် တာတွေကြောင့် လည်း ဒီစီမံကိန်းဟာ သဘောတူစာချုပ်ချုပ်ပြီး ခဲ့ပေမယ့် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။
ဒါကြောင့် ကျောက်ဖြူရေနက်စီမံကိန်း သာ အကောင်အထည်ဖော် မှာဖြစ်ပြီး ကျောက်ဖြူ -ကူမင်း ရထားလမ်း၊ ကားလမ်း နဲ့ ရေနံပိုက်လိုင်းရယ်စတဲ့ Three in One စီမံကိန်းကတော့ လုံးဝရပ်နား လိုက်ပြီဖြစ်ပါတယ်။
Kyaukphyu SEZ Bids Awarded on 4,289 acres
One Thai and five Chinese firms to build Rakhine state economic zone
AUTHOR: TIN MG OO | 04 JAN 2016
After years of deliberation, the Kyaukphyu Special Economic Zone in Rakhine State will begin construction and operation after the announcement that six companies will be awarded contracts to build the zone.
“Starting from 2016, the companies which won the tender will start implementation of this project in cooperation with Kyaukphyu SEZ Management Committee organised by the government. Then, the tender winner company will have to start EIA and SIA surveys for the project,” said U Ba Shwe, chairman of the Kyaukphyu SEZ Management Committee.
The largest of the six companies is CITIC, a state-owned Chinese conglomerate which works in manufacturing, construction, mining, real estate, and banking.
CITIC will form a consortium with Thailand’s Charoen Pokphand Group Company Limited (CP Group), China Harbor Engineering Company Ltd (CHEC), China Merchants Holdings (International) Co LTD (CMHI) , TEDA Investment Holding (TEDA) and Yunnan Construction Engineering Group (YNJG).
Xinhua News Agency reported that after the completion of the project, the expected annual capacity of the Deep Sea Port will be 7.8 million tonnes of bulk cargo and 4.9 million TEU containers. With increased container throughput, the Deep Sea Port may upgrade to the complete container terminals, with the annual capacity of 7 million TEU containers.
The SEZ will also include an industrial park, and is touted to create 100,000 jobs.
Kyaukphyu SEZ is of great strategic importance to China as it is the terminal of the Sino-Myanmar oil and gas Pipeline.
Kyaukpyu Plan ‘Lacks Purpose’ If China Pipeline Problems Persist
Myanmar, Burma, Kyaukphyu, China, Yunnan, SEZ, special economic zone, oil, gas,
A map shows the Burmese-Chinese oil pipeline and the Shwe Gas Pipeline at Kyaukphyu in Arakan State, where a massive special economic zone is planned. (Photo: Irrawaddy)
Problems afflicting the oil and gas pipelines built by China through Burma could jeopardize the development of a special economic zone (SEZ) around Kyaukphyu on the Arakan State coast, an economist said.
Energy industry reports say the natural gas pipeline stretching from Kyaukphyu to China’s Yunnan Province is operating at less than 20 percent of its capacity, five months after it was declared operational by China National Petroleum Corporation (CNPC).
This revelation, by Interfax Natural Gas Daily, comes on top of news that the chief purpose of the twin oil pipeline through Burma nearing completion by CNPC is in doubt.
Middle Eastern crude oil to be transshipped through Kyaukphyu was meant to feed a new giant 200,000 barrels-per-day refinery and petrochemicals complex in Yunnan’s capital Kunming. However the complex, to have been built by CNPC, has been shelved until at least 2016 as part of cutbacks in China’s over-invested refining industry.
“Kyaukphyu is dependent for its viability on being a transshipment point for energy resources to China,” economist and noted expert on Burma Sean Turnell told The Irrawaddy. “In the absence of this, or in its significant under-use, the economic rationale for the location for an SEZ disappears rather quickly.”
State-financed CNPC has spent an unknown sum of money developing a deep-water oil tanker terminal at Kyaukphyu, which is where undersea pipe links to the Shwe gas fields in the Bay of Bengal also come ashore.
China’s official news agency Xinhua said last October that the gas pipeline had “gone into full operation.”
But Interfax said in a new report on the pipeline: “More than seven months after its commissioning ceremony, the pipeline is handling a fraction of its designed capacity of 12 billion cubic meters (cm) per year, according to Chinese customs data.
“Imports climbed to 56.92 million cm in November, 141.29 million cm in December and 166.02 million cm in January. However, that amounts to less than 20% of the pipeline’s capacity.
“Marketing projections by CNPC had suggested it would initially run at 50% of capacity.”
The South Korean-Indian business consortium developing the Shwe project led by engineering giant Daewoo International is facing operational problems such as undersea drilling, said Interfax, citing industry sources.
The London-based gas industry specialists cast doubt on CNPC’s trans-Burma pipeline ever achieving full capacity throughput without obtaining gas from sources other the Shwe field.
“As CNPC’s offtake [from Shwe] is equivalent to 4 billion cm per year, analysts have questioned where the additional gas will come from to exploit the pipeline’s designed 12 billion cm capacity.
“New discoveries and new developments for the pipeline could come, but so far, it’s not there yet,” Kang Wu, head of Asia operations at Facts Global Energy, told Interfax.
“You can speculate, say it will be filled up. Maybe that will be true, but so far, the development is not concrete enough to say the rest of the pipeline will be filled up soon,” Interfax quoted Kang Wu as saying.
The Ministry of Energy this week named international energy firms as the winners of tenders on 20 offshore blocks to explore for oil and gas, but new gas coming from the seabed in these areas is years off. And the Naypyidaw government has already declared it will not permit the export of any more domestically produced natural gas resources—beyond those agreements already signed, mainly by the former military regime—until all of Burma’s energy needs are met.
The government last September invited tender bids from Burmese and foreign companies for contracts to develop an SEZ around Kyaukphyu. A government outline proposal is for a zone of 120 square kilometers including all of Ramree Island and adjoining on the mainland. An international consortium led by Singapore’s CPG Corporation was this month awarded the consulting tender for the project, and a tender to develop the SEZ is expected to close in November.
A Chinese state-owned firm, China Railways Engineering Corporation, last year signed a memorandum of understanding with Naypyidaw to build an 800-kilometer railway linking Yunnan Province with the proposed SEZ.
Turnell, based at Macquarie University in Australia and co-editor of Burma Economic Watch Bulletin, told The Irrawaddy: “Unlike other SEZ locations, which have advantages for the transshipment of other goods, Kyaukphyu is really just about energy.”
In an earlier interview, Turnell said he doubted whether there would be a great deal of interest in an SEZ linked to a Kyaukphyu port other than from China and its old rival in the region, India.
The Shwe Gas Movement, a domestic rights group, continues to call for more transparency and fairness for local people in Kyaukphyu developments.
“The primary direct consequences of the Shwe Gas project are land confiscation, labor abuse, loss of livelihoods and environmental degradation,” the group alleges.
“Given that Burma’s transition from military dictatorship to a quasi-civilian government is still in an early and precarious stage, some of the abuses associated with this project are ongoing, and new problems have emerged.”
Ref:http://www.kyaukpyu.com/kyaukpyu-plan-lacks-purpose-if-china-pipeline-problems-persist/
...
FINISH ON TIME — President calls for accelerating SEZ tender process
President U Thein Sein, who serves as the chairman of the Myanmar Special Economic Zone Central Working Body, has called on the body to speed up its efforts to announce the result of the tender for the development of the Kyaukphyu Special Economic Zone during the term of the current government.
At the meeting of the committee in Nay Pyi Taw yesterday, the president urged the consulting firm, the preferred bidder and officials concerned to complete the process for announcement of the result of tender for development of Kyaukphyu SEZ so that the next government can continue to implement the project in easy way.
A small-scale model of the Kyaukphyu Special Economic Zone.
A small-scale model of the Kyaukphyu Special Economic Zone.
Special Economic Zone projects of Myanmar are important in terms of connectivity not only for Myanmar but also for the ASEAN as they are strategically located on international shipping routes in coastal regions, said President U Thein Sein, referring Thaliwa Special Economic Zone and DaweiSpecial Economic Zone which are also under implementation.President U Thein Sein also called for speedily implementation of Dawei SEZ as the partnership of Japan in the SEZ and related project would assist the project in speeding up the project.
Implementation of Dawei SEZ and its related projects would not only benefit Thailand and Myanmar but also regional countries, he added.
He also stressed the need to maintain the current momentum of implementation of Thilawa SEZ which attracted the participate of Japan, urging officials to complete the project phase by phase in time.
Then, Vice President U Nyan Tun, the vice chairman of the central working body, reported on implementation of Thilawa, Dawei and Kyaukphyu SEZs.
Thilawa SEZ, where 48 foreign companies have invested over US$ 500 million, is the most successful one in Myanmar and initial projects for Dawei SEZ are being implemented Roland Berger Company, according to the vice president.
The government is also seeking approval of the Pyidaungsu Hluttaw to announce 4,289 acres of land in Kyaukphyu, Rambyeand Marnaung townships under the regional master plan developed by CPG Group.
Afterwards, chairmen of managements committees of the SEZ reported on work being carried at the SEZs.
Ref:http://www.globalnewlightofmyanmar.com/finish-on-time-president-calls-for-accelerating-sez-tender-process/
CITC-Led Consortium Wins Myanmar Deepwater Port Gig
Image Courtesy: Ramree
A consortium led by Chinese CITIC Group Corporation has won the bid to for the deepwater port construction project in Kyaukpyu Special Economic Zone, Myanmar.
The consortium comprises of CITIC Group Corporation, Chia Tai Group, CHEC, China Merchants Group, Tianjin Teda and Yunnan Construction Engineering Group.
The project is estimated to be worth USD 5.4 billion, covering a total area of 4,289 acres. It has been divided into the three parts:  deepwater ports project, industrial park and residential quarters.
The deepwater port projects consists of two terminals, Made Island Terminal and Yabye Island Terminal, which cover an area of 370.7 acres and 237.2 acres respectively. The project involves the construction of ten 100,000t  berths with a total length of 4.1 kilometers, a road and a bridge.
The construction of the deepwater port is expected to take 20 years, divided into four stages.
Once completed, the port is expected to reach annual capacity of 7.8 million tons of bulk cargo and 4.9 million TEU containers.
Map data ©2017 Google Imagery ©2017 TerraMetrics
*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***
ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!