Popular Posts!

Sunday, April 24, 2011

Super Sexy Roll

Super Sexy Roll
Say hello to the Rollerphone concept! At first glance it’s merely a wrist band that projects time, much like the Alessi Concept we saw earlier, but then you realize it’s actually a phone with a retractable transparent screen at the base. How high-tech! It features perfect ergonomics and anthropometry in design thanks to customization – meaning the screen unfurls only to the tip of your fingers, so basically it give you a good fit between the ear and the mouth.

Besides the obvious features found in the latest cellphones, Rollerphone boasts of an enviable media centre. You can watch videos, chat online, play games, read books and listen to music. It’s going to be hard parting with a phone like this, who wouldn’t want their entire digital world on their wrist!
Designer: Alexey Chugunnikov




Ref:yankodesign

15 Amazing Bicycles For The Future of Seoul

Seoul is one city that is conscious of the fact that we need to ride more bicycles and loosen up the traffic congestion. To advocate their intent Seoul Design Fair hosted the Seoul Cycle Design Competition 2010, where entries from around the world we welcomed. The mission was to provide a cycle for the city dweller, so that he can adopt cycling into his daily routine and lead a healthy lifestyle. The city on its part, promises to provide all the infrastructure needed to promote it. Let’s take a look at main features of 15 of the best entries in random order!

15) Bike 2.0 by Nils Sveje, Inoda Sveje design studio & IPU Produktudvikling
Main Features: comfortable ride with energy leveling and the stepless gearbox, option of adding seat-tube battery for speed, two wireless control-units (that work with two wireless rings on the handlebar) help control your ride.

14) Beik by Lukas Jungmann


Main Features: Audi branding, folding mechanism, articulated frame steering and the untypical frame setup.
13) Tribune by Thüring Lukas, Lukas Thüring & Florian Vecsey

Main Features: electric operated tricycle-recumbent bike, powered by a generator and an electric motor, external battery increases drive capacity, lockable little boot to store items above the rear wheel, adjustable headrest and pedals, flexible backrest, front and back lights for safety, ergonomic design.
12) Ridenpush by You Ho Jeon

Main Features: a riding cycle with a wagon can transform into a push cart when heavy, intended for the elderly.
11) Ufold by André Costa

Main Features: a cross between a mountain bike size and a city bike, easy to use folding system, handle in the frame makes it easy to push, when closed, central joint in the two piece frame, safety trigger and an angle two piece frame help in aligning the wheel when opened.
10) Full Circle by Sanghyun jeong & Jun-Tae Park

Main Features: compact sized city bike, large wheel size (508mm, 20inch), no chains but free wheel gear directly connects to its pedal, most of its parts can be folded, including saddle and handle bars.
9) Molecule by Yongjin Lee

Main Features: body is modeled on the river Han of Seoul, unique shape.
8 ) Helo by Junkyo Lee

Main Features: unique body, integrated lock design to prevent theft.
7) ROOnighT by Yong-Bum Lim & Park Jong-Soon

Main Features: harnesses energy from the cycling to power its lights at night, the polycarbonate frame emits light through O.L.E.D, transforming the bicycle into a night light for the street it’s parked in, intended for a public sharing system for bikers.
6) X Bike by Woogyeong Go, Dong-ha Kim & Kyeongpyo Cho

Main Features: looks like the letter “X”, no chain technology.
5) Carrier Bike by Shin Hyung Sub Shin



Main Features: a convenient carrier, shelf located in the middle of the bicycle, designed to help carry the users luggage.
4) SE:CUrity Lock System by Sang Yong Park & Jae Yong Park

Main Features: the steering features a number lock system, locks by pushing the handles down, locks into the front wheel of the cycle, unique body design.
3) T-bike by Jung Geun Tak & Shinhyun Kang of T.A.K studio

Main Features: iconic design, folding handlebars double up as a lock, embedded GPS, E-INK and EPD technology used in the embedded monitor, adjustable seat via a lever with the seat height index (indicator), seat height can be adjusted while being seated.
2) Sideways Bike by Michael Killian

Main Features: two wheel steering bicycle with independently steerable wheels, travels sideways, unique and distinct motion, best suited for children from age 7.
1) Trileaf by Jihyeong Kim


Main Features: eco electric tricycle, can be used in a public rental system, has a tilting mechanism and a steering in the front, electric motor in the rear, emergency raincoat box built under the seat.
Bonus Entry!
How can we not have a bonus entry! By The Way all the images and credits go to our friends at Designboom, who have co-organized the event for Seoul Design Fair.
Viento – Urban Folding Bicycles by Gil Sheffi


Main Features: folding cycle, super-formed aluminum frame, hubless pedal system, hollow main axis, neatly folded look.
Ref:yankodesign

The Ultimate Touch Tablet PC?


 Digital development tools are an integral part of design and construction processes. m • pad is a Tablet PC that is optimized for the needs of designers and developers. It combines the advantages of intuitive multi-touch operation with the precision of a pressure-sensitive pen. Ooh! hit the jump for more.
Important keyboard commands are arranged next to the 15.6 “OLED display: nine fixed buttons, such as ALT, CTRL, etc., and two programmable buttons rockers with e-ink display, with up to 24 short-cuts for each software application can be assigned individually. The scroll wheel completes the gesture control in fast 2D navigation is optional, and a 3D space mouse. Improved ergonomics, the m • pad are inclined 15 degrees. Left-handers simply rotate the board 180 degrees. The integrated ball-bearing hub enables quick and always optimal alignment of the board for character work. With just 430x280x25mm, the m • pad is the perfect solution for mobile working.
Designer: Volker Hübner; Ref:yankodesign

လက်တော့ပ်ကို ရထားပေါ်သယ်ရင် တန်ဆာဆောင်ဖို့လို

ကျော်ခ | သောကြာနေ့၊ ဧပြီလ ၂၂
ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။     ။ မြန်မာနိုင်ငံက ရထားပေါ်ကို သင်၏ ခရီးဆောင် ကွန်ပြူတာ လက်တော့ပ်အား ယူသွားပါက လက်မှတ်စစ် တွေ့ရှိလျှင် တန်ဆာမဆောင်ဘဲ သယ်ဆောင်မှုဖြင့် ဒဏ်ငွေဆောင်ရမှာ ဖြစ်သည်။

ဓါတ်ပုံ - ရထားပို့ဆောင်ရေး ၀န်ကြီးဌာန
ဓါတ်ပုံ - ရထားပို့ဆောင်ရေး ၀န်ကြီးဌာန
မြို့ပတ် ရထားပေါ်ဖြစ်စေ၊ နယ်ဝေးပြေးဆွဲနေသည့် ရထားများ အပေါ်တွင်ဖြစ်စေ ကွန်ပြူတာတွေ့လျှင် ဒဏ်ငွေ ၄၈ဝဝ ကျပ်အထိ ဒဏ်တပ်ခံရမည်ဟု နေပြည်တော်ရှိ ရထားပို့ဆောင်ရေး စီးပွားရေးဌာနက တာဝန်ရှိသူတဦးက အတည်ပြုပြောကြားသည်။
 
”ကွန်ပြူတာ လက်ပ်တောပ့်ကတော့ Personal Use လည်း မရဘူးခင်ဗျ။ တလုံးထဲလည်း ဒဏ်ရိုက်ပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ရထားပေါ် လက်ပ်တော့ ကွန်ပြူတာ သယ်ဆောင်မှုဖြင့် လက်နှိပ်စက်နှုန်းထားအတိုင်း ဒဏ်ရိုက်ခံခဲ့ရသူ တဦးက ဒဏ်ငွေ ကျပ် ၂၁ဝဝ ပေးဆောင် ထားခဲ့ရသော ပြေစာကို မကြာသေးခင်က Facebook တွင် တင်ထားခဲ့ရာ လူအများအကြား မြန်မာ့ရထား၏ စည်းမျဉ်းစည်းကမ်းကို အံ့သြမှု ဖြစ်ခဲ့ကြသည်။

အဆိုပါ ခရီးသည် ဒဏ်ငွေ ဆောင်ခဲ့ရမှုနှင့် ပတ်သက်၍ မီးရထား အရာရှိကမူ ဒဏ်ငွေပမာဏ ၂၁ဝဝ ကျပ်သာ ပေးဆောင်ရသည်မှာ ”ကံကောင်း” သော ဖြစ်ရပ်ဟု မဇ္ဈိမကို ပြောသည်။ ဒဏ်ငွေကို ၃ ဆအထိ ပုံမှန်ပေးဆောင်ရသည်ဟု ဆိုသည်။

မီးရထားစီး၍ ခရီးသွားမည့်သူအနေဖြင့် မိမိနှင့်အတူ ကွန်ပြူတာပါလာပါက ရထားဘူတာရှိ တန်ဆာဆောင် ဌာနတွင် သွားရောက်၍ ငွေပေးချေရမည်ဟုလည်း ရထားအရာရှိက ပြောသည်။

ထိုကဲ့သို့ သယ်ဆောင်ရာတွင်လည်း အသုံးပြုသူကိုယ်တိုင် တန်ဆာဌာနသို့ လာရောက်၍ ကိုယ်တိုင်တပါတည်း သယ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် အကြောင်းကြားရန်၊ တန်ဆာပြုလုပ်ရန် လိုအပ်ပြီး လူကြုံပါး၍ သယ်ဆောင်ခွင့်ကို ခွင့်မပြုကြောင်း သိရသည်။

ထို့အတူ တလုံးထက်ပိုသော ဓာတ်ပုံကင်မရာ၊ ဗီဒီယို ကင်မရာများလည်း တန်ဆာဆောင်ရန် လိုအပ်သည်ဟု နေပြည်တော် မီးရထား ရုံပိုင်ချုပ်ကြီး ဦးအောင်ခင်က မဇ္ဈိမကို ပြောသည်။ 

“အဓိကကတော့ ကွန်ပြူတာလိုမျိုး လျှပ်စစ်ပစ္စည်းတွေ ရထားပေါ်မှာ ကိုင်ဆောင်ပြီး သွားမယ်ဆိုရင် ကျနော်တို့ဆီမှာ လာပြီး လက်မှတ်တောင်းယူဖို့ လိုပါတယ်။ တန်ဆာဆောင်ဖို့ လိုပါတယ်။ အဲလိုမှမလုပ်ရင် ဒဏ်ရိုက်ခြင်းခံရမှာပါ” ဟု သူက ဆိုသည်။

ရထားပေါ်တွင် ကွန်ပြူတာများ သယ်ယူမှုများကို တွေ့ရှိလာခဲ့သည့် ၁၉၉၉ ခုနှစ်ပိုင်းခန့်မှစ၍ မီးရထား ဝန်ကြီးဌာနက ညွန်ကြားချက် ပြဋ္ဌာန်းထုတ်ပြန်ခဲ့သည်ဟု မမ ဟု လူသိများသော မြန်မာ့မီးရထားဌာနက ပြောသည်။ 

၁၉၈၈ ခုနှစ်တွင် လူစီးရထားတွဲများ၏ ကုန်တင် တန်ဆာခမှာ တပိဿာလျှင် ၂ ကျပ်နှုန်းနှင့် ကုန်တင်ရထားများ၏ ကုန်တင်နှုန်း တပိဿာမှာ ၁ ကျပ်နှုန်းသာ ရှိခဲ့သည်။ ၂ဝဝဝ ခုနှစ်မှစ၍ မီးရထား တန်ဆာခများ ၅ ကြိမ် ဆက်တိုက် တက်ခဲ့ပြီးနောက် လူစီးရထားတွဲများ၏ ကုန်တင်တန်ဆာခမှာ တပိဿာလျှင် ၁၂  ကျပ်၊ ကုန်တင်ရထားများ၏ ကုန်တင်နှုန်း တပိဿာမှာ ၆ ကျပ်နှုန်းထိ မြင့်တက်လာခဲ့သည်။

ယခုနှစ် ဇန်နဝါရီလပိုင်းတွင် ကုန်တင်ကားခများ ဈေးနှုန်းမြင့်တက်ခဲ့မှုကြောင့် မီးရထားလိုင်းများတွင် ကုန်ပစ္စည်း တင်ဆောင်မှုများ တိုးမြင့်လာခဲ့သဖြင့် ဖေဖော်ဝါရီလပိုင်းတွင် ဈေးနှုန်း ၂-၃ ဆ ထပ်မံတိုးမြင့်ခဲ့သဖြင့် လူစီးရထား ကုန်တင်နှုန်းမှာ ၃၆ ကျပ် ဖြစ်သွားသလို ကုန်တင်ရထား နှုန်းမှာလည်း ၂၄ ကျပ်သို့ တက်သွားခဲ့သည်။
Ref:mizziamanews

Friday, April 22, 2011

မြန်မာနိုင်ငံ ရှေ့နှစ်မှာ ငွေဖောင်းပွမှု အများဆုံး ဖြစ်လာမည်

2011-04-19အရှေ့တောင် အာရှဒေသအတွင်း ရှေ့နှစ် ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံက ငွေဖောင်းပွမှု အများဆုံး နိုင်ငံ ဖြစ်လာမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ပြီးခဲ့တဲ့ ဧပြီလဆန်းက ခန့်မှန်းလိုက်ပါတယ်။

(Image: RFA)
မြန်မာငွေစက္ကူ ကျပ်တထောင်တန်အုပ်ကို တွေ့မြင်ရပုံဖြစ်ပါသည်။ (Image: RFA)
၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အာရှမှာ ငွေကြေး အဖောင်းပွဆုံးနိုင်ငံဖြစ်လာမယ် ဆိုတဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့ ခန့်မှန်းချက်ကို ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေရဲ့လက်ရှိ အခြေအနေတွေနဲ့ RFA ဝိုင်းတော်သူ ဒေါ်မေစောမြင့်က နှိုင်းယှဉ် သုံးသပ်ထားပါတယ်။
ဒေါ်မေစောမြင့်က နှိုင်းယှဉ် သုံးသပ်ထားပါတယ်။
မြန်မာ့ ငွေဖောင်းပွမှု
Ref:RFANEWS

ကမ္ဘာနဲ့ မြန်မာ့စီးပွားရေးမှာ စိမ်ခေါ်မှုတွေ ရှိနေတာကို IMF ရဲ့ နောက်ဆုံး ထုတ်ပြန်

IMF ကမ္ဘာ့စီးပွားရေး သုံးသပ်ချက် စစ်တမ်း

ဧပြီ ၁၈၊ ၂၀၁၁-ကမ္ဘာနဲ့ မြန်မာ့စီးပွားရေးမှာ စိမ်ခေါ်မှုတွေ ရှိနေတာကို IMF ရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာက သတိပေးလိုက်ပါတယ်။
ဓာတ်ပုံ  - အေပီ
ကမ္ဘာ့စီးပွားရေးမှာ တိုးတက်မှုတွေ မြင်နေရတဲ့ တချိန်တည်းမှာပဲ စိမ်ခေါ်မှုတွေ ရှိနေတယ်လို့ IMF က သတိပေးပါတယ်။

ထပ်ဆင့် ဖြန့်ဝေရန်

"ကျနော်တို့ ရုန်းထွက်နိုင်တဲ့ အခြေအနေကို မရောက်သေးဘူးလို့ပဲ ပြောရမှာပါ။"
ကမ္ဘာ့စီးပွားရေးဟာ အကျပ်အတည်းတွေ ကြုံခဲ့ရာက ပြန်လည် နာလန်ထူလာနေရုံသာမက ပိုပြီးအားကောင်း လာနေတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောပါတယ်။ ဒါပေမဲ့လည်း စီးပွားရေး ဖွံ့ဖြိုးမှုတွေကို ဦးဆောင်နေတဲ့ အာရှဒေသမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ စီးပွားရေး အင်အားကြီး အနောက်နိုင်ငံတွေမှာ အလုပ်လက်မဲ့ ပြဿနာတွေနဲ့ လောင်စာဆီ ကြီးမြင့်မှု ပြဿနာလို စိမ်ခေါ်မှုတွေလည်း ရှိနေတယ်လို့ သတိပေးထားတာပါ။ မြန်မာနိုင်ငံအပါအ၀င် အာရှနဲ့ ကမ္ဘာ့စီးပွားရေး အခြေအနေ အပေါ် ဆန်းစစ်ခန့်မှန်းချက်တွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုတွေဟာ ယေဘုယျအနေနဲ့ ဒီနှစ်နဲ့ ရှေ့လာမယ့်နှစ်တွေမှာ အတော်အသင့် မြင့်မားတဲ့ ဖွံ့ဖြိုးမှုနှုန်းနဲ့ နာလန်ထူ လာလိမ့်မယ်လို့  နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောပါတယ်။ ဒါဟာ စီးပွားရေး အားကောင်းလာတဲ့ လက္ခဏာအဖြစ် မြင်နိုင်ပေမဲ့ တချိန်တည်းမှာပဲ ဒီလိုတိုးတက်မှုမှာ စိမ်ခေါ်မှုတွေနဲ့အတူ ချိန်ခွင်လျှာ မညီမျှမှုတွေလည်း ရှိနေတယ်လို့ IMF ရဲ့ ကမ္ဘာ့စီးပွားရေး ကြိုတင်ခန့်မှန်းချက် အစီရင်ခံစာ ထုတ်ပြန်ရာမှာ သတိပေးထားတာပါ။ အထူးသဖြင့်ကတော့ စီးပွားရေး တောင့်တင်းပြီးသားဖြစ်တဲ့ နိုင်ငံတွေနဲ့ အင်အားကောင်းလာနေဆဲ နိုင်ငံတွေကြား ဖွံ့ဖြိုးမှုနှုန်းဟာ သိသိသာသာ ကွာဟချက်တွေ ရှိနေတာလို့ IMF ရဲ့ စီးပွားရေး သုတေသနအဖွဲ့ ညွှန်ကြားရေးမှူး အိုလီဗီယာ ဘလန်ရှ်ဒ် (Olivier Blanchard) က ပြောပါတယ်။
၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ကမ္ဘာ့စီးပွားရေး ပျမ်းမျှဖွံ့ဖြိုးမှု ပမာဏဟာ အသင့်အတင့်လို့ ဆိုရမယ့် ၄.၅ ရာခိုင်နှုန်းလောက် ရှိမယ်လို့ ခန့်မှန်းထားပေမဲ့ တိုးတက်မှုတွေကိုတော့ အာရှဒေသက စီးပွားရေး အင်အားကောင်း လာနေတဲ့ နိုင်ငံတွေက အဓိက ဦးဆောင်နေတာလို့ သူက ပြောပါတယ်။
“ဒါပေမဲ့လည်း အသေးစိတ် အချက်အလက်တွေကို ကြည့်မယ်ဆိုရင်၊ စီးပွားရေးမှာ ရှေ့တန်းရောက်နေတဲ့ နိုင်ငံတွေမှာ ဒီ ၂ နှစ် စလုံးအတွက် ဖွံ့ဖြိုးမှုနှုန်းက ၂.၅ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်လို့ ခန့်မှန်းထားတာပါ။ စီးပွားရေး အင်အားကောင်း လာနေတဲ့နိုင်ငံတွေ၊ တိုးတက်လာနေတဲ့ နိုင်ငံတွေမှာတော့ ၂ နှစ်စလုံးမှာ ၆. ၅ ရာခိုင်နှုန်းလောက် ရှိမယ်လို့ ကျနော်တို့ ခန့်မှန်းပါတယ်။”

Source: IMF
စီးပွားရေးမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ အားကောင်းလာနေဆဲ နိုင်ငံတွေကြား ကွာဟမှုတွေ ရှိနေတာပါ။

ဒီလိုကမ္ဘာ့စီးပွားရေးမှာ တိုးတက်မှုတွေ မြင်နေရပြီး၊ ဆိုးဆိုးရွားရွား အန္တာရာယ်မျိုး မရှိဘူး ဆိုပေမဲ့လည်း စိုးရိမ်စရာ အခြေအနေတွေကတော့ ရှိနေတုန်းပဲလို့ IMF က ပြောပါတယ်။ အထူးသဖြင့်ကတော့ ဘဏ္ဍာရေးနဲ့ အသုံးစားရိတ် ကိစ္စတွေ၊ အလုပ်လက်မဲ့ ပြဿနာတွေလို စိမ်ခေါ်မှုတွေ ရှိနေတာပါ။ ဥရောပက အစိုးရတွေရဲ့ ကြွေးမြီပြဿနာတွေ၊ အမေရိကန် ပြည်ထောင်စုလို စီးပွားရေး အင်အားကြီး နိုင်ငံတွေမှာ အလုပ်လက်မဲ့နှုန်း မြင့်မားနေပြီး ဖွံ့ဖြိုးမှုနှုန်း ကျဆင်းနေတာတွေ၊ စီးပွားရေး အင်အားကောင်းလာနေတဲ့ တရုတ်ပြည်လို နိုင်ငံတွေမှာ ငွေကြေး ဖောင်းပွမှု အန္တာရာယ် စိမ်ခေါ်မှုတွေ ရှိနေတာကိုလည်း IMF က သတိပေးထားပါတယ်။
ဒီလို အခြေအနေမှာ စီးပွားရေး ဖွံ့ဖြိုးလာနေတဲ့ နိုင်ငံတွေ အနေနဲ့ အတိုးနှုန်းတွေ လျှော့ချတာမျိုးက ဘဏ္ဍာရေး အသုံးစားရိတ်ကို ညှိနှိုင်းရာမှာ ပိုပြီး လွယ်ကူစေနိုင်သလို၊ စီးပွားရေးမှာ ရှေ့တန်းရောက်နေတဲ့ နိုင်ငံတွေ အနေနဲ့ ဘဏ်လုပ်ငန်းတွေက အခြေအနေတွေနဲ့ ပတ်သက်လို့ ပိုပြီးပွင့်လင်းမြင်သာမှုရှိဖို့၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေမှာ ကြီးကြပ်မှုတွေကို ပြန်ပြောင်း သုံးသပ်ဖို့တွေ လိုမယ်လို့လည်း အကြံပြုပါတယ်။
“ဘဏ္ဍာရေးစနစ်ရဲ့ အခြေအနေက အခုထိ မကောင်းသေးဘူး ဆိုတာကတော့ ရှင်းပါတယ်။ နေရာဒေသပေါ် မူတည်နေပေမဲ့ ဥရောပမှာ ရေတိုအနေနဲ့ လုပ်သွားရမယ့် ကိစ္စတွေ အများကြီးရှိနေသလို၊ ဘဏ္ဍာရေးစနစ်ထဲမှာ ပြန်လည်ပြင်ဆင်မှုတွေကို ကာလအတန်ကြာအထိ နေရာတိုင်းမှာ လုပ်သွားရာမှာပါ။ ကျနော်တို့ ရုန်းထွက်နိုင်တဲ့ အခြေအနေကို မရောက်သေးဘူးလို့ပဲ ပြောရမှာပါ။”
လတ်တလော စားသုံးကုန်နဲ့ လောင်စာဈေးနှုန်း ကြီးမြင့်မှု ပြဿနာဟာလည်း စီးပွားရေး  ဖွံ့ဖြိုးမှုတွေကို ထိခိုက်နိုင်လောက်တဲ့အထိ မဟုတ်ပေမဲ့လည်း စီးပွားရေး ဖွံ့ဖြိုးလာနေတဲ့ နိုင်ငံတွေမှာ လူမှုရေး မတည်ငြိမ်မှုတွေ အပါအ၀င် အန္တာရာယ် ကြုံရနိုင်တဲ့ အလားအလာတွေ ရှိနေတယ်လို့လည်း IMF က သတိပေးပါတယ်။ ဒါပေမဲ့လည်း အာရှတိုက်က နိုင်ငံအများစုရဲ့ စီးပွားရေးဟာ ပြည်ပပို့ကုန် လုပ်ငန်းတွေ၊ ပြည်တွင်း ၀ယ်ယူသုံးစွဲမှုတွေလို နေရာတွေမှာ ပိုပြီးကြီးထွားလာနေတာနဲ့အမျှ ဖွံ့ဖြိုးမှုမှာလည်း အရှိန်အဟုန် ကောင်းလာနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

A reflection of a man who looks at the stock price board is seen in Tokyo,  March 17, 2011
ဓာတ်ပုံ - အေပီ
စီးပွားရေးအင်အားကြီး နိုင်ငံတခုဖြစ်တဲ့ ဂျပန်နိုင်ငံမှာ ကပ်ဘေးဒဏ်သင့်ခဲ့တဲ့အတွက် အခြေအနေတွေ မရေမရာ ဖြစ်နေရပါတယ်။

နိုင်ငံပိုင် အဖြစ်ကနေ ပုဂ္ဂလိကပိုင် လုပ်ငန်းတွေအဖြစ် ပြောင်းလဲလာနေတာ၊ မိသားစုဝင်ငွေတွေ တိုးလာစေရေး အစိုးရရဲ့ မူဝါဒတွေနဲ့ အကြွေးသုံးစနစ် ကြီးထွားလာတာတွေကြောင့် ၀ယ်ယူစားသုံးမှုတွေလည်း တိုးလာနေတာတွေက ဖွံ့ဖြိုးမှုတွေရဲ့ အခြေခံတွေ အဖြစ်နဲ့လည်း IMF အဖွဲ့က စီးပွားရေး ကျွမ်းကျင်သူတွေက မြင်ပါတယ်။ ဒီအထဲကမှ အာရှတိုက်က စီးပွားရေးအင်အား အကြီးဆုံးလည်းဖြစ်၊ ဂျပန်နိုင်ငံထက် ကျော်လွန်ပြီး ကမ္ဘာပေါ်မှာ စီးပွားရေးဖွံ့ဖြိုးမှု ဒုတိယနေရာကို ရောက်လာတဲ့ တရုတ်နိုင်ငံက အခြေအနေတွေက ဒေသတွင်း နိုင်ငံတွေအတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ IMF က စီးပွားရေးပညာရှင် အဗ္ဗဒူလ် အဘီယဒ် (Abdul Abiad) က ကမ္ဘာ့စီးပွားရေး ကြိုတင်ခန့်မှန်းချက် နှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်ရာမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ဒီနှစ်အတွက် တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုဟာ ၉.၆ ရာခိုင်နှုန်းရှိမယ်လို့ ကျနော်တို့ တွက်ဆထားပါတယ်။ ဒါကအရင်နှစ်က ၁၀.၃ ရာခိုင်နှုန်း ရှိခဲ့တာထက် နည်းနည်းလောက် လျော့သွားတာပါ။ ပြည်သူပိုင် ကဏ္ဍကနေ၊ ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးမှုတွေရဲ့  တွန်းအားတွေကြောင့် ဖွံ့ဖြိုးမှုတွေဟာလည်း ဆက်ပြီးအားကောင်းနေလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။”
အာရှဒေသမှာ ရင်းနှီးမြုပ်နှံမှုတွေဟာလည်း ဘဏ္ဍာရေး အကျပ်အတည်းတွေ မကြုံရမီ အဆင့်လောက်အထိ ပြန်ရောက် လာနေပြီလို့လည်း IMF က ပြောပါတယ်။ တချိန်တည်းမှာပဲ စီးပွားရေး အင်အားကြီးနိုင်ငံတခု ဖြစ်သလို၊ ဒေသတွင်းနဲ့ ကမ္ဘာ့စီးပွားရေးမှာ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်မှုတွေရှိနေတဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေဟာ မတ်လ ၁၁ ရက်နေ့တုန်းက ပြင်းထန်တဲ့ ငလျင်နဲ့ ဆူနာမီရေလှိုင်းဒဏ် ခံခဲ့ရပြီးတဲ့နောက် မရေမရာ အခြေအနေတွေကို ဖန်တီးခဲ့တယ်လို့လည်း ဆိုခဲ့တာပါ။ ထိခိုက်ဆုံးရှုံးမှုတွေဟာ ပျမ်းမျှ ကုန်ထုတ်လုပ်မှု ပမာဏရဲ့ ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ ရှိမယ်လို့လည်း အစိုးရက ခန့်မှန်းထားတာ ဖြစ်ပါတယ်။ ဒီလိုအကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့သလို၊ နောက်ဆက်တွဲ နျူကလီးယား ဓာတ်အားပေးစက်ရုံ ပျက်စီးရာက ပြဿနာတွေ ကြုံလာရတဲ့အတွက် ဂျပန်နိုင်ငံနဲ့ စီးပွားကုန်သွယ်ဘက် တိုင်းပြည်တွေမှာ စိုးရိမ်မကင်း ဖြစ်သံတွေလည်း ထွက်ပေါ်ခဲ့တာပါ။
အာရှတိုက်က စီးပွားရေး ဖွံ့ဖြိုးဆဲတိုင်းပြည်တခုအဖြစ် သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံကတော့ ဒီနှစ်နဲ့ ရှေ့လာမယ့် ၂၀၁၂ ခုနှစ်အတွက် ဖွံ့ဖြိုးမှုပမာဏဟာ ၅.၅ ရာခိုင်နှုန်း ရှိမယ်လို့ IMF က ခန့်မှန်းပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရောင်းချမှုတွေလို ၀င်ငွေ ရပေါက်ရလမ်းတွေ ရှိနေတဲ့ မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်ရေးမှာ ပြီးခဲ့တဲ့နှစ်ထဲ အနှုတ် ၂ ရာခိုင်နှုန်း ရှိနေရာကနေ၊ ဒီနှစ်ထဲ အနှုတ် ၃.၅ ရာခိုင်နှုန်း နောက်နှစ်မှာ အနှုတ် ၄.၅ ရာခိုင်နှုန်း အထိရှိမယ်လို့ ခန့်မှန်းထားပေမဲ့ ၂၀၁၆ ခုနှစ် ကြရင်တော့ ၅. ၁ ရာခိုင်နှုန်းအထိ တက်လာမယ်လို့လည်း IMF ရဲ့ အစီရင်ခံစာက ဖော်ပြထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။
Ref:VOANEWS

ကုန်ဈေးနှုန်း ကြီးမြင့်မှုကို မြန်မာအပါအ၀င် ဒေသတွင်းနိုင်ငံတွေမှာ စိုးရိမ်စရာကောင်းလောက်အောင် ရင်ဆိုင်နေရပါတယ်။

ဧပြီ ၁၁၊ ၂၀၁၁-ကုန်ဈေးနှုန်း ကြီးမြင့်မှုကို မြန်မာအပါအ၀င် ဒေသတွင်းနိုင်ငံတွေမှာ စိုးရိမ်စရာကောင်းလောက်အောင် ရင်ဆိုင်နေရပါတယ်။

ဓာတ်ပုံ  - IRIN
စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုဟာ မြန်မာနဲ့ ဒေသတွင်း နိုင်ငံတွေကို ခြိမ်းခြောက်နေပါတယ်။

"မြန်မာနိုင်ငံအပေါ် ရိုက်ခတ်မှုတွေကတော့ သိပ်ကြီးမားချင်မှ ကြီးမားပါလိမ့်မယ်။ ဒါပေမဲ့လည်း ဆန်စိုက်ပျိုးမှုလို နေရာမှာတောင်မှ ထုတ်လုပ်မှု အားကောင်းအောင် လုပ်ဆောင်ဖို့ကတော့ လိုပါတယ်။"
မြန်မာနိုင်ငံအပါအ၀င် အာရှ-ပစိဖိတ် ဒေသတွင်းမှာ စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် လူသန်းပေါင်းများစွာ ဆင်းရဲမွဲတေမှုနဲ့ ကြုံနေရသလို၊ နောက်ထပ် ဒီလိုအဖြစ်နဲ့ ကြုံရနိုင်သူပေါင်း သန်းနဲ့ချီ ရှိနေတယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှု အခြေအနေတွေကြောင့် တိုင်းပြည်တွေရဲ့ ဖွံ့ဖြိုးမှု အလားအလာတွေကို ထိခိုက်နိုင်တယ်လို့လည်း နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။ အာရှ-ပစိဖိတ် ဒေသတွင်းက ကုန်ဈေးနှုန်း ကြီးမြင့်မှုရဲ့ စိမ်ခေါ်မှု အခြေအနေတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေက အာရှ-ပစိဖိတ် ဒေသတွင်းမှာရှိတဲ့ လူသန်းပေါင်း ၂၀ လောက်အတွက် ဆင်းရဲတွင်းက ရုန်းထွက်ဖို့ ကြိုးပမ်းနေရတဲ့ အခြေအနေတွေကို အဟန့်အတား ဖြစ်နေရတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။ ကုန်ဈေးနှုန်းတွေ၊ ရေနံဈေးတွေ ကြီးမြင့်နေတာနဲ့အတူ ငွေကြေးဖောင်းပွမှု အန္တာရာယ်တွေကြောင့် နောက်ထပ် လူပေါင်း ၄၂ သန်းလောက်ဟာလည်း ဆင်းရဲတွင်းနက်မယ့်အရေးနဲ့ ကြုံရလိမ့်မယ်လို့ ကုလသမဂ္ဂရဲ့ အာရှ-ပစိဖိတ်ဒေသ စီးပွားရေးနဲ့ လူမှုရေးရာ ကော်မရှင် (ESCAP) က သတိပေးထားတာပါ။ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းမှာ ထိခိုက်မှုတွေ ကြုံခဲ့ရတဲ့အတွက် ထုတ်လုပ်မှုတွေမှာ ကျဆင်းခဲ့ရပြီး ကုန်ဈေးနှုန်းတွေ တက်လာရာက ငွေကြေးဖောင်းပွမှု အခြေအနေတွေကို မီးထိုးပေးသလို ဖြစ်နေရတယ်လို့လည်း အစီရင်ခံစာပြုစုသူတွေက ပြောပါတယ်။


Source: UNESCAP
အာရှ-ပစိဖိတ်ဒေသမှာ ကုန်ဈေးနှုန်းဟာ ၂၀၀၈ ခုနှစ်ကထက် ၅ ရာခိုင်နှုန်း တက်လာခဲ့တာပါ။

ESCAP အဖွဲ့ရဲ့ စီးပွားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Nagesh Kumar ကတော့ အခြေအနေတွေဟာ စိုးရိမ်စရာကောင်းလောက်တဲ့ အဆင့်မှာ ရှိနေတယ်လို့ ပြောပါတယ်။
“စားသောက်ကုန်ဈေးနှုန်း အညွှန်းကိန်းအရဆိုရင် ဒေသတွင်းမှာ အမြင့်ဆုံးအဖြစ်နဲ့ ၂၀၀၈ ခုနှစ်တုန်းက ရှိခဲ့တာထက်တောင် ပိုများလာတဲ့ နေရာမှာ ၅ ရာခိုင်နှုန်းကျော်တဲ့အထိ ဖြစ်ပါတယ်။ တချို့နေရာတွေ၊ အထူးသဖြင့် တောင်အာရှဒေသမှာဆိုရင် စားသောက်ကုန်ဈေးနှုန်းတွေ၊ ငွေကြေးဖောင်းပွမှုတွေက ၁၀ ရာခိုင်နှုန်းအထိ ရှိနေပါပြီ။”
ကုန်ဈေးနှုန်းကြီးမြင့်မှုတွေရဲ့ ဒဏ်ကိုတော့ ဒေသတွင်းက ဆင်းရဲသားတွေ အဓိကခံနေကျရပြီး၊ အများစုဟာ ၀င်ငွေရဲ့ ၇၀ ရာခိုင်နှုန်း အထိ အစားအသောက်အတွက် သုံးစွဲနေကြရတယ်လို့လည်း ကုလသမဂ္ဂ အစီရင်ခံစာကပြောပါတယ်။ အာရှတိုက်က အဓိက စားသုံးနေတဲ့ ဆန်ဈေးဟာဆိုရင်လည်း သိသိသာသာ တက်လာတဲ့နေရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင် ၃၃ ရာခိုင်နှုန်း၊ တရုတ်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာတော့ ၂၃ ရာခိုင်နှုန်းအထိ မြင့်တက်သွားတယ်လို့လည်း ဖော်ပြခဲ့တာပါ။ ဒေသတွင်းက ဆန်စပါး စိုက်ပျိုးထုတ်လုပ်ပြီး အဓိက စားသုံးနေတဲ့ မြန်မာနိုင်ငံမှာလည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တိတိကျကျ အချက်အလက်တွေ မရနိုင်တဲ့အတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြည့်ပြည့်စုံစုံ သုံးသပ်ဖို့ မလွယ်ဘူးလို့လည်း ESCAP အဖွဲ့က စီးပွားရေးပညာရှင် Nagesh Kumar ကပြောပါတယ်။
ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ ပတ်သက်လို့ လတ်တလော တွေ့ရတဲ့ အချက်အလက် တချို့အရဆိုရင် မြန်မာနိုင်ငံမှာ အဓိကစားသုံးကုန်တခုဖြစ်တဲ့ ဆန်ဈေးနှုန်းအပေါ် သိသိသာသာ အကျိုးဆက်တွေ မတွေ့ရဘူးလို့လည်း ဆိုပါတယ်။ ဒါပေမဲ့လည်း စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းမှာ တိုးတက်အောင် လုပ်ရမယ့် အပိုင်းတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ သူကပြောခဲ့တာပါ။
“မြန်မာနိုင်ငံအပေါ် ရိုက်ခတ်မှုတွေကတော့ သိပ်ကြီးမားချင်မှ ကြီးမားပါလိမ့်မယ်။ ဒါပေမဲ့လည်း ဆန်စိုက်ပျိုးမှုလို နေရာမှာတောင်မှ ထုတ်လုပ်မှု အားကောင်းအောင် လုပ်ဆောင်ဖို့ကတော့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဆန်ဈေးက ရှေ့လာမယ့် အနာဂတ်မှာ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။”


ဓာတ်ပုံ - အေပီ
ကုန်ဈေးနှုန်း ကြီးမြင့်မှုရဲ့ ဂယက်ကို မြန်မာနိုင်ငံမှာလည်း ခံစားနေရပါတယ်။

ရာသီဥတု ဖောက်ပြန်မှုတွေ ကြုံရတာ၊ ကောက်ပဲသီးနှံတွေကို ဇီဝလောင်စာ ထုတ်လုပ်မှုမှာ သုံးစွဲမှုတွေ တိုးလာတာ၊ ဈေးကွက်ထဲမှာ ဈေးကစားတဲ့ အခြေအနေတွေနဲ့အတူ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ ကျဆင်းလာနေတာတွေက ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှုကို ထိခိုက်စေတာလို့ ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြပါတယ်။  မြန်မာနိုင်ငံက ဆန်စိုက်ပျိုးရာ ဒေသတွေမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ၊ သယ်ယူပို့ဆောင်ရေး စားရိတ်စားခတွေ မြင့်တက်လာတာတွေကြောင့် ထုတ်လုပ်မှုကျဆင်းပြီး ဆန်ဈေးတက်တာတွေနဲ့လည်း ကြုံခဲ့ရတာပါ။ ဒီလိုအချိန်မှာပဲ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာမှာကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှု တခုအဖြစ်နဲ့ အာဏာပိုင်တွေက ဆန်တွေ ပြည်ပတင်ပို့ခွင့်ကို ယာယီဆိုင်းငံ့လိုက်ပါတယ်။
စိုက်ပျိုးရေးကို အဓိက စီးပွားရေး လုပ်ငန်းတခုအဖြစ် လုပ်ကိုင်နေကြတဲ့ ဒေသတွင်း နိုင်ငံတွေ အနေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ နောက်ဆက်တွဲ ငွေကြေးဖောင်းပွမှု ပြဿနာတွေကို ထိန်းချုပ်သွားနိုင်ဖို့ အတွက်ကတော့ ရေတိုအစီအမံတွေ အနေနဲ့ အစိုးရ ဗဟိုဘဏ်တွေက ဘဏ္ဍာရေးလုပ်ငန်းတွေမှာ သင့်တင့်လျောက်ပတ်တဲ့ ထိမ်းချုပ်မှုတွေ လုပ်ဆောင်တာတွေသာမက ရေရှည်အစီအမံတွေ လုပ်သွားဖို့ လိုမယ်လို့လည်း ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသ စီးပွားရေးနဲ့ လူမှုရေး ကော်မရှင် (ESCAP) ရဲ့ စီးပွားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Nagesh Kumar က မြင်ပါတယ်။
“စိုက်ပျိုးရေး လုပ်ငန်းတွေကို အာရုံစိုက်ပြီး၊ ထုတ်လုပ်မှုအပိုင်းမှာ တုန့်ပြန်ဆောင်ရွက်တာတွေ ရှိဖို့လိုပါတယ်။ ဒီအတွက် စိုက်ပျိုးရေးကဏ္ဍမှာ သုတေသနလုပ်ငန်းတွေ၊ အပြန်အလှန်ဖလှယ်မှုတွေ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ သိုလှောင်မှုတွေကို အစိုးရပိုင်းက ရင်းနှီးမြုပ်နှံမှုတွေနဲ့ ပိုပြီးကျကျနန ဆောင်ရွက်သွားရမှာပါ။”


ဓာတ်ပုံ - အေပီ
မြန်မာနိုင်ငံက စိုက်ပျိုးရေးလုပ်ငန်းမှာ တိုးတက်အောင် မလုပ်နိုင်ရင် ဆန်ဈေးအပေါ် သက်ရောက်မှု ရှိနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးပါတယ်။

မြန်မာနိုင်ငံအသင်းဝင်အဖြစ် ပါဝင်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) အဖွဲ့ဝင်နိုင်ငံတွေက ဘဏ္ဍာရေးဆိုင်ရာ ၀န်ကြီးတွေရဲ့ ဧပြီလ ပထမပတ်ထဲ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပတဲ့ အစည်းအဝေးပွဲ အတွင်းမှာလည်း ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး ကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ဖေဖော်ဝါရီ လကုန်ထဲ ကျင်းပခဲ့တဲ့ အာဆီယံ၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား စီးပွားရေးဆိုင်ရာ ၀န်ကြီးတွေရဲ့ ထိပ်သီးအစည်းအဝေးပွဲ အတွင်းမှာလည်း ကုန်ဈေးနှုန်းတွေ ကြီးထွားလာနေတာတွေကို ဟန့်တားနိုင်ရေး ကြိုးပမ်းတဲ့ တခုအနေနဲ့ အရန်ဆန်စပါး သိုလှောင်ဖို့ သဘောတူခဲ့ကြတာပါ။
၈ လ ဆက်တိုက်ဆိုသလို တက်လာနေတဲ့ ကုန်ဈေးနှုန်းတွေဟာတော့ မတ်လထဲမှာ ၃ ရာခိုင်နှုန်းလောက် လျော့ကျခဲ့တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ ဧပြီလမှာ ထုတ်ပြန်တဲ့ အညွှန်းကိန်းက ဖော်ပြပါတယ်။ ဒီလို လျော့ကျလာတယ် ဆိုပေမဲ့လည်း ကုန်ဈေးနှုန်းတွေဟာ စိုးရိမ်ရလောက်တဲ့အထိ အဆင့်မှာ ရှိနေဆဲ ဖြစ်သလို၊ ထုတ်လုပ်မှုတွေမှာ ကျဆင်းမှုတွေ ရှိနေတဲ့ အတွက် ဈေးနှုန်းတွေ ဆက်ပြီး ကျဆင်းလာပါ့မလား ဆိုတာကလည်း ကံသေကံမ မပြောနိုင်သေးတဲ့ အခြေအနေမှာပဲ ရှိနေတယ်လို့ FAO က သတိပေးထားဆဲ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။
Ref:VOANEWS

Monday, April 18, 2011

တရုတ်ပြည်တွင် ငွေကြေး ဖောင်းပွ မှု အဆမတန် မြင့်မားလာ

China Economic Slowdown
“တရုတ် စီးပွား ရေး က စိုးရိမ် စရာ အခြေ အနေ ဖြစ်နေ လို့ သတိထား ဖို့ လို” ( ဂျော့ ဆို ရောစ်)


အမေရိကန် ဒေါ်လာ နှင့် လဲလှယ် ရာတွင် တရုတ် ယွမ်ငွေတန် ဖိုး ယနေ့ ထပ်မံ ကျဆင်းသွား ပြီး ၁ ဒေါ်လာလျှင် ယွမ်ငွေ ၆.၅ အထိမြင့် တက်သွားသည့် ယခု နှစ်ဆန်း ပိုင်းက ၅.၈ မှ နေ၍ ငွေကြေး ဖောင်းပွမှု တက်သွားခြင်းဖြစ်သည်။


Latest : ယနေ့ မနက် ထပ်မံ ရရှိသည့် သတင်းများ အရ တရုတ် ယွမ် ငွေကြေး တန်ဖိုး ထပ်မံ ကျဆင်း


တရုတ် နိုင်ငံတွင်း သုံး ငွေကြေးတစ် မျိုး ဖြစ်သည့် ယွမ် ငွေကြေး ဖောင်းပွ မှု ကြောင့် တရုတ်
နိုင်ငံ ထုတ် ကုန် ပစ္စည်းများ ဆက်လက် ဈေးမြင့် တက် ဆဲ ရှိ နေပြီး ယခု ဖောင်းပွ နေ သည့်
နှုန်းထား ကို ဆက်လက် ထိမ်း သိမ်း နိုင်ခြင်း မရှိလျှင် တရုတ် စီးပွား ရေး သည် ပြိုလဲ နိုင်သည်
ဟု နိုင်ငံ တကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF က တရုတ် ပြည် ကို အကြံပေး ထားသည်။
မတ်လ လယ်က မြန်မာ ငွေ ၁၀၀၀ ကျပ် ကို တရုတ် ယွမ်ငွေ ၆.၆၀ ခန့် ရရှိခဲ့ သော်လည်း ယခု
၇.၂၀ ခန့်ရရှိ သည် ဟု မူဆယ် မြို့ မှ ကုန် သည် တသ်ဦး က ပြောသည်။


တရုတ် နိုင်ငံ တွင်း ထုတ် လုပ်သည့် ကုန် ပစ္စည်း တစ်ချို့ ၏ အရည်အသွေး ညံ့ဖျင်း မှုများ နှင့်
နိုင်ငံ တကာ စီးပွားရေး တုံ့ ဆိုင်း နှေးကွေး မှု များ ကြောင့် တရုတ် ၏ ပြည်ပ ၀င်ငွေ ကျဆင်းမှု
ပေါ်ပေါက် လာရခြင်းသည် စီးပွား ရေး နှေး ကွေး စေသည့် အချက် ဖြစ်သည် ဟု ဘောဂ ဗေဒ
ပညာ ရှင် များ က ထောက် ပြကြသည်။


” တရုတ် စီးပွားရေး နှင့် ရင်းနှီး မြုပ်နှံ မှု ဆိုင်ရာ အချက် အလက် အမှန် တွေ ကို ဖော်ထုတ်ဖွင့်
ချမှု တွေ ကြောင့် တရုတ် စီးပွား ရေး ဟာ အခု လို ကျဆင်း ခြင်း ဖြစ်တယ်လို့ ” လည်း တရုတ်
နိုင်ငံ ရေး ကျွမ်းကျင် သူ ဟာဗတ် တက္ကသိုလ် ပါမောက္ခ ဒယ်နီရယ် ရောစ် က ပြောသည်။


တရုတ် ၀န်ကြီးချုပ် ၀မ်ကျား ပေါင် က မမှန် ကန်သည့် အချက်အလက် များ ဖော်ထုတ် သူတွေ
ကို အရေးယူမှာ ဖြစ်ပြီး တရုတ် စီးပွားရေး ကတော့ ပုံမှန် ပဲ ဟု သတင်း ထောက် များ ကို ပြော
ကြားခဲ့သည်။


Real China Economic data Leak


အမေရိကန် ရင်းနှီးမြုပ် နှံ သူ ဂျော့ ဆိုရောစ် က တရုတ် ငွေကြေး တန်ဖိုး ကျဆင်း မှု သည်
စိုးးရိမ်း စရာ အခြေ အနေ ဖြစ်သည် ဟု သုံးသပ် ပြောကြားသည်။


တရုတ် နိုင်ငံ တွင် လူသုံး ကုန် ပစ္စည်း ဈေးနှုန်း များ သာ မက အခြေ ခံ စား ကုန် ဈေးနှုန်းလည်း
ဆက်လက် မြင့် တက် လျှက် ရှိသည်။ တရုတ် နိုင်ငံ တွင် ကုန် ဈေး နှုန်းများ မှာ မတ် လ အတွင်း
၅.၈ ရာခိုင်နှုန်း မြင့် တက် သွားသည်။


တရုတ် နိုင်ငံ တွင် ငွေကြေး ဖောင်းပွ မှု နှုန်းဆက် လက် မြင့် တက် နေသောကြောင့် ဟောင်ကောင်
ဂျပန် နှင့် စင်္ကာ ပူ နိုင်ငံ တို့ မှ စတော့ အညွန်း ကိန်းများ ဆက်လက် ထိုး ကျ လျှက် ရှိသည်။

ပြီးခဲ့သည့် နှစ် အောက်တိုဘာလ က တရုတ် နိုင်ငံ သည် ဂျပန် နိုင်ငံ ကို ကျော် ဖြတ်ပြီး ကမ္ဘာ့ 
ဒုတိယ စီးပွားရေး အင်အား အကြီး မား ဆုံး နိုင်ငံ ဖြစ်ခဲ့သည်။

See Video-
http://www.youtube.com/watch?v=z_ajJmAF2aU
http://www.youtube.com/watch?v=svyyzr6jAUc

တရုတ် ငွေကြေး ဈေးကွက် မငြိမ်၊ အာရှ စတော့ ဈေး ထပ်မံကျ ဆင်း
April 17, 2011



နိုင်ငံ၏ ဆဌမ မြောက်အချမ်းသာဆုံး အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် ကို တရုတ် ကသေဒဏ်ပေး ခဲ့ရာ ရင်းနှီးမြုပ်နှံ သူတို့  လက်တွန့် သွားကြသည်  

တရုတ် နိုင်ငံ သုံး ရီမင်ဘီ ငွေကြေး ရုတ်တစ်ရက် ဖောင်းပွ လာတာ နဲ့ ပတ် သက်ပြီး နိုင်ငံတကာက


ငွေကြေး ဈေးကွက် ဈေးကစား သူ တွေ က သူတို့ ရဲ့  ရင်းနှီးမြုပ် နှံမှု တွေ ကို တရုတ် နိုင်ငံ တွင်း


မှာ မြုပ်နှံထားရာက နေ ပြန်ထုတ် ယူလို တဲ့ ဆန္ဒရှိ နေတာကြောင့် ( အချို့ ထုတ် ယူပြီး) တရုတ်


နိုင်ငံရဲ့  ငွေကြေး ဈေးကွက် ဟာ အနှေး နဲ့ အမြန် အန္တ ရာယ် ရှိလာ နိုင်တယ် လို့  ငွေကြေးဈေး


ကွက် ကျွမ်းကျင် သူတွေ က သုံး သပ် ကြပါတယ်။


တရုတ် နိုင် နိုင်ငံ မှာ ၂ နှစ်တာ ကာ လ အတွင်း ငွေကြေး ဖောင်ပွမှု နှုန်းထား အမြင့်ဆုံး ကို ရောက်


ရှိ နေပြီး တရုတ် နိုင်ငံ ရဲ့  မြို့ ပြ ဒေသတွေ မှာ ကုန်ဈေးနှုန်း တွေ ၅ ရာခိုင်နှုန်း ကျော် တက်ပြီး ၊ အိမ်


ခြံမြေ ဈေးနှုန်း တွေ ကတော့ မြို့ ပြ ဒေသတွေ မှာ ၈ ရာခိုင်နှုန်း ကျော် အထိ တက်တယ်လို့  ဘေဂျင်း


ကလာတဲ့ ရိုက်တာ သတင်း တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။


တရုတ် နိုင်ငံ သုံး ရီ မင်ဘီ ငွေကြေး ရုတ်တစ်ရက် ကျဆင်း လာတာနဲ့  ပတ် သက် ပြီး ၀ါရှင်တန်မှာ


ကျင်း ပနေ တဲ့ နိုင်ငံတကာ ငွေကြေး ရံပုံ ငွေ အဖွဲ့  IMF အစည်း အဝေး မှာ တရုတ် ဗဟိုဘဏ် ဥက္ကဌ


ကျောက်စီချွမ်း က IMF အနေနဲ့  နိုင်ငံဖြတ် ကျော် ငွေကြေး ဈေးကွက် အသိမ်း အနှုတ် မြန်မှု တွေ ကို


စည်းကြပ် ပေး ပါ လို့ တိုက် တွန်း ခဲ့ပါတယ်။


တရုတ် နိုင်ငံ မှာ ယခုလဆန်း ပိုင်းက နိုင်ငံရေး အရ အတိုက်အခံ နဲ့ လှုပ်ရှား သူတွေ ကို အစုလိုက်


အပြုံလိုက် ဖမ်းဆီးမှု နဲ့  တရုတ် ဗဟိုဘဏ်၊ ပို့ ကုန် နဲ့  ငွေကြေး ဈေး ကွက် သတင်း အချက် ပေါက်


ကြားမှု တွေ ကလည်း တရုတ် ငွေကြေး ကို ယိုင်နဲ့ စေတဲ့ အကြောင်း ဖြစ်တယ် လို့  CNN Money


ကဏ္ဍ မှာ သုံးသပ်ထားပါတယ်။


တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင် ကတော့ ငွေကြေး ဖောင်းပွ မှု ကို တိုက်ဖျက် ဖို့ ဟာ တရုတ် အစိုးရ


ရဲ့  ပထမဦးစား ပေး တာဝန် လို့  ပြောကြား ပါတယ်။


တရုတ် နိုင်ငံ ဟာ ယခု နှစ် ပထမ ၄ လ မှာ နိုင်ငံရဲ့  စီးပွားရေး ၉.၇ ရာခိုင်နှုန်း တိုးတက်တယ် ဆိုပေမယ့်


တရုတ် စီးပွားရေး အချက် အလက် ပေါက်ကြား မှု တွေ မှာတော့ တရုတ် နိုင်ငံ ထုတ် ကုန် တစ်ချို့ ရဲ့ 


အမှာ စာ တွေကို ဂျပန်၊ အာရပ် နိုင်ငံ တစ်ချို့  နဲ့  အာဖရိက မြောက်ပိုင်း နိုင်ငံ တွေက ရပ် ဆိုင်းလိုက်


ကြတဲ့ အတွက် အလုပ်လက်မဲ့ တွေ များလာ နိုင်တယ် လို့  ဖော်ပြထားပါတယ်။


တရုတ် အစိုးရဟာ ပြီး ခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ က တရုတ် နိုင်ငံ ရဲ့  ဆဌမ မြောက် အချမ်းသာ ဆုံး


အမျိုးသမီး စွန့် ဦး တီထွင် စီးပွားရေး လုပ်ငန်း ရှင် အသက် ၂၉ နှစ် အရွယ် အမျိုး သမီး ၀ုရင် ကို


သေဒဏ် ပေး ခဲ့ရာကနေ စပြီး ပြည်တွင်း၊ပြည်ပ စီးပွားရေး လုပ်ငန်း ရှင် တွေ ဟာ ၎င်းတို့  ရဲ့ 


ရင်းနှီးမြုပ် နှံ မှု တွေ ကိုရွှေ့ ပြောင်း ခဲ့တာ ဖြစ်ပါတယ်။


အမေရိကန် ဒေါ်လာ နဲ့  လဲလှယ်ရာမှာ တရုတ် ရီမင်ဘီ ဈေးကျ ဆင်း မှု တွေကြောင့် အကျိုး ဆက် အနေ


နဲ့ အာရှ စတော့ အညွှန်း ကိန်း တွေ လဲ ဆက်လက် ကျဆင်း လျှက် ရှိပါတယ်။


နိုင်ငံတကာ ငွေကြေး ရံပုံ ငွေ အဖွဲ့ ဥက္ကဌ ကတော့ တရုတ် စီးပွား ရေး ဟာ ယခု နှစ် ကုန် မှာ ပြန်ကောင်း


လာနိုင်တယ် ဆိုပေမယ့် အခုတော့ မသေချာ မရောရာ တဲ့ အနေအထား ကို ကျော်ဖြတ် နေရပါတယ်။


Ref:freedomnewsgroup

Friday, April 15, 2011

Unicode!

ဒီမှာ ဇော်ဂျီကိုသုံးပြီးရေးချင်တာရေး
(or)
ဒီမှာ ရေးချင်တာကို ဇော်ဂျီဖောင့်နဲ့ ရေး

Wednesday, April 13, 2011

လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်။ Peptic ulcer

 ၁၉၈၂ အရင် ဆရာဝန်ဖြစ်ကြသူတွေက လေနာဆိုတာ ရောဂါပိုးနဲ့ မဆိုင်ဘူးလို့ သင်ခဲ့ကြရတယ်။ စားချိန်-သောက်ချိန် မမှန်သူ၊ စိတ်ဖိစီးမှု များသူတွေမှာ ဖြစ်ကြရတယ်လို့ ဆိုခဲ့တယ်။ အလုပ်များတဲ့ ဆရာဝန်၊ ဆယ်တန်းဖြေမဲ့ ကျောင်းသား အဖြစ်များလို့လည်း Stress ulcer ခေါ်ခဲ့ကြပါတယ်။ အလုပ်မများတဲ့ ဆရာဝန်၊ (စထွက်စ်) မများတဲ့ ကျောင်းသား ကံကောင်းသလား မမေးနဲ့။ တကယ်တော့ ထင်သလောက် ကံမကောင်းပါ။ ၁၉၈၂ ရောက်တော့ သြစတေးလျ ဆရာဝန် နှစ်ယောက်ကနေ လေနာနဲ့ Helicobacter pylori (H. pylori) ပိုး ဆက်စပ်တာကို သိလာရလို့ပါ။

အနာမျိုး ၉၆ ပါးမှာ လေနာ ၃၂ ပါး၊ ပါတယ်လို့ မြန်မာဆေးကျမ်းက ဆိုပါတယ်။ ကုန်းဘောင်ခေတ်မှာ ၀န်ကြီးတပါး အလုပ်များလား မသိပါ၊ လေနာ စွဲနေလို့ "ပခန်းမှာ-လေ၊ လောင်းရှည်မှာ-ဓား၊ ခန်းပတ်မှာ-နား၊ ရေနံ တတိုင်ချင်းနှင့် လင်းပါ့မလား။" လို့ ဗန်းမော်ဆရာတော်က သရော်ခဲ့ဘူးတယ်။ ပြင်သစ်ဘုရင် ချားလ်စ် နံပါတ် ၉ မှာလည်း ရှိသတဲ့။ ဒါလဲ သရော်တာ မဟုတ်ပေမဲ့ St. Bartholomew’s Day Massacre လူသတ်ပွဲကြီးဟာ ကိုယ်တော်မြတ်မှာ လေနာထလို့ ဖြစ်ရသလိုလို ဆိုပါတယ်။

Peptic Ulcer (PU) လေနာမှာ Gastric ulcer (GU) အစာအိမ်နာ နဲ့ Duodenal (DU) (ဒူယိုဒီနယ်)နာ ဆိုပြီး၊ ၂ မျိုး ရှိတယ်။ (ဒူယိုဒီနမ်) ဆိုတာ အူသိမ်အစပိုင်း “င” ပုံနေရာလေးကို ခေါ်တာပါ။ DU ဟာ အသက် ၃ဝ က ၅ဝ နှစ် အတွင်း အဖြစ်များတယ်။ အမျိုးသမီးတွေ လေ(စကား) များချင် များမယ်၊ ကံ ပိုကောင်းကြတယ်။ ယောက်ျားတွေလောက် လေနာ မဖြစ်ဘူး။ GU ကြတော့ အသက် ၆ဝ ကျော်တွေနဲ့ အမျိုးသမီးတွေမှာ အဖြစ်များတယ်။ ဖြစ်ရင်လည်း ၄% က အစာအိမ်-ကင်ဆာ ဖြစ်တတ်တယ်။ ကံမကောင်းပြန်ဘူး။

DU ၉ဝ% လောက် နဲ့ GU ၈ဝ% တို့ဟာ (H. pylori) ခေါ်တဲ့ ဗက်တီးရီးယားကြောင့်နဲ့၊ ကျန်တာက (NSAIDs) ခေါ်တဲ့ အကိုက်အခဲ ပျောက်ဆေးတွေကြောင့် ဖြစ်တာပါ။ ဆေးလိပ်စွဲ၊ အရက်စွဲ၊ ကော်ဖီ-လက်ဘက်ရည် စွဲသူတွေမှာ ပိုဖြစ်တယ်။ မျိုးနဲ့ရိုးနဲ့ ဆိုသလို အမေ-အဖေ ဖြစ်ရင် သား-သမီးမှာလည်း ဖြစ်တာတွေ ရှိတယ်။ အရင်က လက်ညှိုးထိုးခဲ့ကြတဲ့ အပူအစပ်နဲ့ စိတ်ရှုတ်တာတွေကတော့ လေနာရှိနေရင် ပိုဆိုးစေတယ်လို့သာ လက်ခံကြတော့တယ်။

စားနေကျ အချိန်ကျရင် အစာအိမ်က အစာခြေအရည် ထွက်လာတာက အကျင့်ဖြစ်လာတယ်။ ထမင်း မကျက်သေးလို့ ဖြစ်ဖြစ်၊ မအားလို့ဖြစ်ဖြစ်၊ ပိုက်ဆံမရှိလို့ဖြစ်ဖြစ် အချိန်ရောက်ရင် အက်စစ်ဓါတ်က အလိုက်မသိ ထွက်လာပြီး၊ ၀မ်းထဲမှာ တဂျုတ်ဂျုတ် မြည်လာတယ်။ ဘုန်းကြီးကျောင်းက ဆွမ်းစားတုံးခေါက်သံ ကြားတာနဲ့ ခွေးတွေ၊ ကျီးကန်းတွေ အူကြ၊ အာကြတယ်။ ဒီအကောင်တွေ ဗိုက်ထဲမှာလည်း အစာခြေရည်တွေ ထွက်လာတာကိုး။

PU ရဲ့လက္ခဏာတွေကတော့ သိတဲ့အတိုင်း ဗိုက်နာမယ်၊ လေတက်မယ်၊ အစာမကျေဖြစ်မယ်၊ ပျို့-အန်မယ်။ ကြာရင် အစားပျက်တော့ အလေးချိန်လျှော့၊ အားပြော့တာတွေ ဆက်လိုက်လာမယ်။ နာပုံနာနည်းက ပူပြီးနာတာ၊ အောင့်တာ၊ စူးနာတာ အမျိုးမျိုး ဖြစ်တယ်။ နှလုံးနဲ့ ဘာမှမဆိုင်ဘဲ၊ Heartburn လို့ခေါ်တာက အစာမြိုပြွန်ထဲကို အက်စစ်ရည်တွေ ဆန်တက်လို့ နာတာကို ခေါ်တယ်။ Gastro-esophageal Reflux Disease (GERD) ဆိုပြီး ရောဂါနာမည်သစ် ထွင်လိုက်ကြတယ်။ GU က အစာစားရင် နာတတ်ပြီး၊ DU က စားလိုက်ရင် သက်သာလို့ “ဆာနာ” လို့ ခေါ်တယ်။

ရက်တိုနဲ့ နာတာရှည် နှစ်မျိုးရှိတယ်။ ကြာတော့ အနာက ကျယ်လာပြီး၊ သူ့အနီးအနားတွေကိုပါ နယ်ချဲ့နိုင်သေးတယ်။ နောက်ဆက်တွဲ ရောဂါတွေက အတော်ဆိုးတာတွေပါ။ အစာလမ်းကြောင်းကနေ သွေးယိုတာ၊ အနာဖြစ်နေတဲ့ အစာအိမ်-(ဒူယိုဒီနမ်) ပေါက်တာ၊ အောက်ဆင်းလမ်း ကျဉ်းသွားလို့ စားပြီး အန်နေတော့တာ။ “တာ” သုံးတာဟာ အရေးပေါ်တွေပါ။ အစာအိမ်ပေါက်လို့ နာတာက စူးရှပြီး နာတာမျိုး။ ဗိုက် မနေနိုင်-မထိုင်နိုင် တအားနာပြီး၊ ဆေးရုံကို အပြေးအလွှား လာရတယ်။ အချိန်မတော်က များတယ်။ ရိုးရိုး ဓါတ်မှန် ရိုက်တာနဲ့ အစာအိမ်ပေါက်တာကို အသေအခြာ သိနိုင်တယ်။ “အသဲ” ပေါ်မှာ “လခြမ်းကွေးကွေးလေး” ကို မြင်ရတယ်။ စိတ်ကူးယဉ်စရာ မကောင်းပါလား။ မကောင်းပါ၊ ခွဲတာစိတ်တာ ခံရရှာပါတော့မည်။

သွေးအန်တာကို (Hematemesis) ခေါ်တယ်။ TB ဖြစ်လို့ ချောင်းဆိုးသွေးပါ (Hemoptysis) နဲ့ မတူဘူး။ ကော်ဖီနှစ်လို ညိုမဲမဲ အရည်တွေ အန်တာ။ အန်မထွက်ဘဲ အောက်ဆင်းရင် သွေးက၀မ်းထဲပါမယ်။ အချိန်ကြာတာမို့ ၀မ်းက မဲနက်နေမယ်။ (Melaena) လို့ ခေါ်တယ်။ ကတ္တရာစေးလိုနေတာ။ အစာအိမ်က သွေးယိုတာ မဟုတ်တာလည်း အဲလိုဘဲ ဖြစ်နိုင်တယ်။ အသဲခြောက်ရောဂါရှိသူ၊ အစာမြိုပြွန် အောက်အဖျားက သွေးပြန်ကြောအထုံးတွေ ပေါက်လို့ဖြစ်နိုင်တယ်။ မျက်စိနဲ့ မမြင်သာပေမဲ့ ၀မ်းထဲမှာ သွေးနည်းနည်းချင်း ပါနေတာကို အနုကြည့် မှန်ဘီလူးနဲ့စစ်မှ သိရမယ်။

လေနာရှိနေတာကို Barium meal ဆေးမြိုပြီး၊ ဓါတ်မှန်ရိုက်တာနဲ့ Endoscopy ကရိယာထည့်ကြည့်တာနဲ့ သေခြာအောင် စစ်ရတယ်။ မီးတောင်ကို အပေါ်က ကြည့်ရသလို၊ အလည်မှာ အနာနေရာက ခွက်နေ၊ အနားဇောက်က အောက်ကို တည့်တည့်ကျနေပြီး၊ ဘေးမှာ ချော်ရည် ဆင်းတဲ့လမ်းတွေလို ဖြာထွက်နေတယ်။

လေနာကို ကုဘို့ ဘာ့ကြောင့်ဖြစ်သလဲဆိုတာ သိရမယ်။ ရှောင်ရမယ်။ အဖြစ်များလို့ ဆရာလည်း များတယ်။ ဆေးပေးကုတဲ့ Medications လည်း မနည်းဘူး။ ပိုးကိုနိုင်တဲ့ဆေးနဲ့ အစာခြေရည်ကို သက်ရောက်တဲ့ဆေး၊ နှစ်မျိုးက မပါမဖြစ် ပေးပါတယ်။ ပိုးအတွက် Antibiotics ပဋိဇီဝဆေး၊ Amoxacillin, Tetracycline, Claithromycin, Metronidazole တွေကို သုံးတယ်။

Antacids အက်စစ်ဓါတ်ပျယ်ဆေးတွေ အများကြီးရှိတယ်။ ဗမာပြည်မှာ (ဂျဲလ်မက်)၊ ကုလားပြည်မှာ (ဒိုင်ဂျင်း) လူအတော် များများ ၀ါးစာနေကြ။ အခုထုတ်သေးလားတော့ မသိဘူး။ (ဆိုဒါမင့်) ဆိုတဲ့ဆေးပြား အလည်မှာ ချိုင့်ခွက်လေးနဲ့မို့၊ “ချက်ပုံပါတဲ့ဆေး” လို့ အရပ်ထဲမှာ ခေါ်ကြတယ်။ စာအုပ်ကြီးတော့ ဆန်နေမှာဘဲ။ ဆေးသောက်ပုံ-သောက်နည်းကိုပါ ထည့်ရေးပါရစေ။

Aluminium Hydroxide and Oxide, Magnesium Trisilicate 250-1500 mg တနေ့ ၃ ကြိမ်၊ Magnesium Carbonate, Magnesium Oxides, Magnesium hydroxide 200-400 mg တနေ့ ၃ ကြိမ်၊ Calcium Carbonate 1250-1500 mg တနေ့ ၃ ကြိမ်။

အက်စစ် အထွက်နည်းဆေး Atropine Sulphate 0.5-1.0 mg IM ထိုးဆေး၊ Proton pump inhibitors (Omeprazole, Rabeprazole) 20-40 mg တနေ့ ၁ ကြိမ်၊ ၁ လ၊ ၁ လခွဲ သောက်ပါ။ Histamine H 2-receptor Antagonists (Ranitidine) 150 mg တနေ့ ၂-၃-၄ ကြိမ်။

DU ဆိုရင် Cimetidine 800 mg အိပ်ရာဝင်၊ 300-400 mg အစာစားပြီးတိုင်း တနေ့ ၂-၃-၄ ကြိမ်၊ ၁ လ၊ ၁ လခွဲ သောက်ပါ။ သက်သာလာရင် ည 400 mg သောက်ပါ။ လတ်တလော အစာအိမ်နာဆိုရင် 800 mg အိပ်ရာဝင်၊ ဒါမှမဟုတ် 300 mg အစာစားပြီးတိုင်း၊ ၂ လသောက်ပါ။ အစာခြေရည်တွေ အထက်ဆန်တာဖြစ်ရင် 400-800 mg တနေ့ ၂-၃ ကြိမ်၊ ၁ လခွဲ သောက်ပါ။ Heartburn နဲ့ အစာမကျေဖြစ်ရင် 200 mg တနေ့ ၁-၂ ကြိမ်၊ အစာမစားခင် နာရီဝက်ကြို သောက်ပါ။

Mucosal protective agents ဆိုတာကတော့ အစာလမ်း အတွင်းလွှာကို ကာကွယ်ဘို့ဆေးပါ။ အန်တဲ့သူတွေအတွက် Metoclopramide 10-15 mg စားဆေး တနေ့ ၃-၄ ကြိမ်ပေးရတယ်။

ဗိုက် တအားနာရင် Buscopan, Hyoscine 10-20 mg IV/IM ထိုးဆေး။ စားဆေး တနေ့ ၃-၄ ကြိမ်။ Diclofenac 25-75 mg စားဆေး တနေ့ ၂ ကြိမ်၊ Spasmocip, Spasmonil, Spasmo-Proxyvon စားဆေး တနေ့ ၂-၃-၄ ကြိမ်။ လိုအပ်ရင် ခွဲစိတ်ကုသတာ လုပ်ရတတ်တယ်။ Laparoscopic surgery, Vagotomy, Antrectomy, Pyloroplasty နောက်ပြီး G-J ခေါ်တဲ့ အစာအိမ်နဲ့ အူကို ဆက်ပေးတဲ့နည်းက စိတ်ဝင်စားဘို့ ကောင်းတယ်။

Lifestyle ဆိုတဲ့ လူနေမှုပုံစံပါ ပြောင်းဘို့ လိုနိုင်တယ်။ အပူအစပ် ရှောင်၊ ကော်ဖီ လျော့၊ ဆေးလိပ်-အရက် ဖြတ်ပါ။ စိတ်ဖိအားများတဲ့ အလုပ်ကနေ ပြောင်းလို့ရရင် ပြောင်းပါ။ တနေ့ နာရီဝက် လေ့ကျင့်ခန်း လုပ်ပါ။ (မယ်ဒီတေးရှင်း) လုပ်တာ ကောင်းတယ်။ “လေနာ ရောဂါရှိရင် စတုမဓူ၊ သကြား၊ ထန်းလျက်၊ ဆေး၊ စားတာဟာ ဥပုသ်စောင့်ပေမဲ့ သီလမပျက်ဘူး။” လို့ သတ်မှတ်ပါတယ်။

(ကာဗွန်ဒိုင်အောက်ဆိုက်) ကို ဖိအားနဲ့ထည့်ထားတဲ့ Carbonated beverage ခေါ်တဲ့ ဘီယာ၊ ဆိုဒါ၊ (စပရင်း-၀ါးတား)၊ ကိုကာကိုလာ၊ စပရိုက်၊ (အင်နာဂျီ-ဒရင့်ခ်) တွေက လေနာအတွက် မကောင်းပါ။ Sodium bicarbonate (Baking powder) ဆော်ဒါမှုံ့ သောက်ရင် ချက်ချင်းလို သက်သာပေမဲ့ ကြာရင် အစာအိမ် ပေါက်စေနိုင်တယ်။

ဘာဆေးမှ မရှိတုံး နာလာရင် ရေ တခွက်-နှစ်ခွက် သောက်လိုက်ပါ။ နွားနို့ သောက်ပါ။ သွားလေရာ ဆေးယူသွားပါ။ ဆာရင်စားဘို့ စားစရာတခုခု ယူသွားပါ။ ကျော်တဲ့အစားတွေ ရှောင်ပါ။ အစေ့အဆံတွေ၊ တိုဖူး၊ ပဲပုတ်၊ ပဲအမျိုးမျိုး၊ ပင်လယ်ထွက် အသီးအနှံတွေ၊ ဟင်းနုနွယ်ရွက်တွေ တည့်ပါတယ်။ အသားမှာ red meats ကိုလျော့ပြီး၊ lean meats, cold-water fish ပိုစားပါ။ ပြုပြင်ထားတဲ့ဆီ trans-fat လေနာနဲ့ မတည့်ပါ။

အစာကို နည်းနည်းချင်း ခဏခဏစားပါ။ စားနေကျ အစားအစာတွေသာ စားတာ ကောင်းတယ်။ အစာလမ်းက သူချက်လုပ်ပေးနေကြဟာကို ပိုကြွမ်းကျင်ပါတယ်။ အီတာလျန်-ပီဇာ၊ ဘာဂါ-ယန်းကီး၊ ဆူရှီး-ဂျပန်၊ ကုလားမှန်-ရိုတီး၊ ထမင်းချည်းစားတာ ဗမာ၊ တရုပ်ဟာ ခေါက်ဆွဲ။ ဘာဘဲဖြစ်ဖြစ် စားနေကြဘဲ ကောင်းတယ်။

အရပ်သုံး ဆေးနည်းမှာ Basil leaves ပင်စိမ်းရွက်ကို စားခိုင်းတယ်။ ဂျင်း (ချင်း)စိမ်းသည် လေနာ၊ ၀မ်းဗိုက်-ရင်ခေါင်းနာ တို့ကိုနိုင်၏လို့ ဆိုတယ်။ တိုင်းရင်းဆေး တခုက Vitamin C ဟာ လေနာနဲ့ မတည့်ဘူးရေးတာ ဖတ်ရတယ်။ မဟုတ်ပါ။ ဗီတာမင်စီ 500 mg တနေ့ ၂ ကြိမ် သောက်ရင်၊ သွေးယိုတာအတွက်ပါ အကျိုးရှိတယ်။ ချယ်ရီသီး၊ ဘလူးဘယ်ရီသီးလိုဘဲ ခရမ်းချဉ်သီးကလည်း အဆိပ်အတောက် ပြေစေပါတယ်။ ဒါပေမဲ့ ရှေးဗမာဆေးနည်းက တမျိုးဆိုတယ်။

စကားအရာမှာ နာမည်တလုံးနဲ့ ရှိခဲ့တဲ့ “စကားတောင်စား အမတ်” ဟာ ဘုရင်က ခရမ်းချဉ်သီး စားကောင်းတယ် ဆိုတော့ အလိုက်သင့် လျှောက်လိုက်တယ်။ မကြာခင် ဘုရင်မှာ ခရမ်းချဉ်သီးကြောင့် လေနာထတော့ "မှန်လှပါ အရှင်မင်းမြတ်ရဲ့ “ကျွန်” မို့ အရှင့် အလိုကို လိုက်ပြီး၊ တင်ရကြောင်းပါဘုရား။" လို့ လျှောက်ပြန်တယ်။

ရောဂါဘယများသည် တချို့လူတွေထက် သတ္တိကောင်းကြသည်။ အုပ်ချုပ်သူတွေအလို မလိုက်ပါ။ “ကျွန်” မဟုတ်သော လူများသည် သတ္တိ-ဗျတ္တိ ကောင်းကြသည်။ ဘုရင်ဆိုးများ ဗိုက်နာရင် ဆုမွန်ကောင်း တောင်းပေးကြမည် မဟုတ်ပါ။

Dr. တင့်ဆွေ-၁၉-၅-၂၀၁၀
Ref:health.ngoinmy

Allergy ဆိုတာဘာလဲ ?

Allergy အကြောင်းသိကောင်းစရာ


Allergy အကြောင်းသိကောင်းစရာ








Allergy ဆိုတာ ဓါတ်မတည့်မှုပုံစံတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ခုခံအားစနစ် (Immune System) ရဲ့ ချို့ယွင်း မှုတစ်ခုဖြစ်ပါတယ် ။ ဓါတ်မတည့်မှုတွေဟာ အထူးသဖြင့် ပတ်ဝန်းကျင်က အန္တရာယ်မရှိတဲ့ ဓါတ်မတည့်မှု ဖြစ်စေတဲ့အရာတွေနဲ့ ထိတွေ့မှုကြောင့် ဖြစ်ပါတယ် ။ အဲဒီ ဖြစ်စဉ်ဟာ အလွန်ကိုပဲ လျှင်မြန်ပြီး ကြိုတင် လည်းခန့်မှန်းလို့ရပါတယ် ။ Allergy ဟာ Hypersensitivity လို့ခေါ်တဲ့ ဓါတ်မတည့်မှု ဖြစ်စဉ်တွေထဲက နံပါတ် တစ် Type I ဖြစ်ပါတယ် ။ ဒီဖြစ်စဉ်ဟာ mast cells နဲ့ basophils လို့ခေါ်တဲ့ အချို့သော သွေးဖြူဥဆဲလ်တွေကို IgE လို့ခေါ်တဲ့ Antibody တစ်မျိုးကနေပြီး အလွန်အမင်းလှုံ့ဆော်ပေးမှုကြောင့် အကျိုးဆက်အနေနဲ့ လွန်စွာ ရောင်ရမ်းခြင်း (Inflammatory Response) ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ် ။ အဖြစ်များတဲ့ ဓါတ်မ တည့်မှုဖြစ်စဉ်တွေကတော့ နှင်းခူနာ ၊ ၀တ်မှုံတွေကြောင့် ဖြစ်တဲ့ hay fever ၊ ပန်းနာရင်ကြပ်ရောဂါ ၊ အစား အစာ ဓါတ်မတည့်မှုများနဲ့ အချို့သော အင်းဆက်ပိုးမွှားကိုက်ခဲခံရမှုကြောင့် ဖြစ်ပေါ်လာတဲ့ reaction များပဲ ဖြစ်ပါတယ် ။


Hay Fever လို့ခေါ်တဲ့ သိပ်မပြင်းထန်တဲ့ ဓါတ်မတည့်မှုမျိုးကတော့ လူထုထဲမှာ အဖြစ်များပြီး မျက်စိနာခြင်း ၊ ယားယံခြင်းနဲ့ နှာရည်ယိုခြင်းစတဲ့ လက္ခဏာတွေဖြစ်လေ့ရှိပါတယ် ။ Allergy တွေဟာ ပန်းနာရင်ကျပ်ရော ဂါမှာ လည်း အဓိက အစိတ်အပိုင်းကနေပါဝင်ပါတယ် ။ အချို့သောလူတွေမှာတော့ ပတ်ဝန်းကျင် (သို့မဟုတ်) အစား အသောက်မှာပါတဲ့ ဓါတ်မတည့်တဲ့အရာတွေကြောင့် အလွန်ပြင်းထန်တဲ့ ဓါတ်မတည့်ခြင်းမျိုးဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ Anaphylactic reaction တွေဖြစ်ပေါ်နိုင်ပါတယ် ။

ဓါတ်မတည့်ခြင်းအခြေအနေကို သိရှိနိုင်ဖို့ ယခုအချိန်မှာ စမ်းသပ်နိုင်မှု (Test) တွေ အများကြီးပေါ်ပေါက်နေပြီ ဖြစ်ပါတယ် ။ အဲဒီအထဲမှာမှ အရေပြားကို ဓါတ်မတည့်မှုဖြစ်စေတဲ့အရာတစ်ခုခုကို ထိတွေ့စေပြီး သွေးထဲ မှာပါရှိတဲ့ ဓါတ်မတည့်ခြင်းနဲ့သက်ဆိုင်တဲ့ (Allergen-specific IgE) အဆင့်ကို တိုင်းတာခြင်းပဲ ဖြစ်ပါတယ် ။ Allergy ကို ကုသမှုတွေကတော့ ဓါတ်မတည့်မှုကိုဖြစ်ပေါ်စေတဲ့ အရာတွေကို ရှောင်ရှားခြင်း ၊ Anti-histamines ၊ steroid နဲ့ အခြား ဆေးတွေကို သုံးစွဲခြင်း ၊ Allergen တွေနဲ့ ထိတွေ့တဲ့အခါ ဓါတ်မ တည့် မှုဖြစ်စဉ်ကိုနည်းပါးအောင်ပြုလုပ်ခြင်း (Desensitize) နဲ့ Immunotherapy ပေးခြင်းစသည်တို့ ပဲ ဖြစ်ပါတယ် ။


Allergy ရဲ့ လက္ခဏာတွေက ဘာတွေလဲ ?

ဓါတ်မတည့်မှုကို ဖြစ်စေတဲ့အရာတွေကတော့ ဖုန်မှုန့် ၊ ပန်းဝတ်မှုံ စသဖြင့်အမျိုးမျိုးရှိပြီး အဲဒါတွေကိုတော့ Airborne particles တွေလို့ခေါ်ပါတယ် ။ အဲဒီလိုအခါမှာတော့ လေနဲ့ ထိတွေ့တာနဲ့တင် ဓါတ်မ တည့်မှု တွေဖြစ်စေနိုင်ပါတယ် ။ ( ဥပမာ မျက်စိ ၊ နှာခေါင်း နှင့် အဆုတ်စသည် ) ဓါတ်မတည့်မှုကြောင့်ဇြစ်တဲ့ နှာမွှန်ခြင်း (Allergic Rhinitis) ကို hay fever လို့ အသိများပြီး နှာခေါင်းအတွင်းမအီမသာဖြစ်ခြင်း ၊ နှာချေခြင်း ၊ ယား ယံခြင်းနဲ့ မျက်လုံးနီရဲခြင်းတို့ကို ဖြစ်စေနိုင်ပါတယ် ။ ရှူသွင်းလိုက်တဲ့ ဓါတ်မတဲ့စေတဲ့အရာတွေကြောင့် လေပြွန်ပေါက်တွေကျဉ်းမြောင်းပြီး အသက်ရှူကျပ်တဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ် ။ အဲဒီအချိန်မှာ အဆုတ်ထဲမှာ Mucus (အချွဲရည်) တွေ ထုတ်လုပ်မှုကို များစေပြီး မောပန်းခြင်း ၊ အသက်ရှုမ၀ခြင်း ချောင်းဆိုးခြင်းနဲ့ အသက်ရှူစဉ် တရွှီရွှီမြည်ခြင်းတို့ကို ခံစားရနိုင်ပါတယ် ။

အစားအသောက်တွေ ၊ အင်းဆက်ပိုးမွှားကိုက်ခဲခံရမှုကြောင့်ဖြစ်တဲ့ ဓါတ်မတည့်ခြင်းမျိုးကိုတော့ Aspirin (သို့မဟုတ်) Penicillin ကဲ့သို့ ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ် ။ အစားအ သောက် ကြောင့် ဓါတ်မတည့်ခြင်းမျိုးမှာ ဗိုက်အောင့်ဗိုက်နာခြင်း ၊ ဗိုက်ဖောခြင်း ၊ အန်ခြင်း ၊၀မ်းသွားခြင်း ၊ အ ရေပြားယားယံခြင်းနဲ့ အရေပြားယောင်ရမ်းခြင်းမျိုး ဖြစ်စေနိုင်ပါတယ် ။ အစားအသောက်ကြောင့် ဓါတ်မ တည့် ခြင်းမျိုးမှာ အသက် ရှူလမ်းကြောင့်ဆိုင်ရာ (ဥပမာ ရင်ကျပ်ခြင်းနဲ့ နှာမွှန်ခြင်း) မျိုးဖြစ်ခြင်းဟာ ရှားပါးပါတယ် ။

အင်ဆက်ပိုးမွှားကိုက်ခဲခံရခြင်း ၊ ပိုးသတ်ဆေးများနဲ့ အချို့သော ဆေးများကြောင့် စနစ်အလိုက် ဓါတ်မ တည့်ခြင်းမျိုး (Systemic allergic response) များဖြစ်စေနိုင်ပြီး ဒါကို Anaphylaxis လို့ ခေါ်ပါတယ် ။ ခန္ဓာကိုယ်ရှိ အတွင်းအဂါင်္များ ထိခိုက်ခံရနိုင်ပြီး အစာအိမ်နှင့်အူလမ်းကြောင်း ၊ အသက်ရှူလမ်းကြောင်း ၊ သွေး လည်ပတ်မှုလမ်းကြောင်းတို့ ပါဝင်ပါတယ် ။ ပြင်းထန်မှုနှုန်းအပေါ်မှုတည်ပြီး အရေပြားယောင်ရမ်းခြင်း ၊ လေပြွှန် ကျဉ်းမြောင်းခြင်း ၊ ခြေလက်ရောင်ခြင်း ၊ သွေးပေါင်ချိန်ကျခြင်း ၊ သတိလစ်မေ့မျောခြင်း နဲ့ နောက်ဆုံး အသက် ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ် ။ ဒီလိုဓါတ်မတည့်မှုမျိုးကတော့ ရုတ်တ ရက်ချက်ခြင်း ဇြစ်ပေါ်စေ နိုင်သလို အချိန်ကြာပြီးတော့မှလည်း ဖြစ်ပေါ်နိုင်ပါတယ် ။ တခါတရံ ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့ allergic response တွေဟာ epinephrine ပေးဖို့လိုအပ်ပါတယ် ။

ရာဘာစေးကဲ့သို့ ဓါတ်မတည့်မှုဖြစ်စေတဲ့အရာနဲ့ အရေပြားကို ထိတွေ့မိရင်တော့ ဖြစ်ပေါ်တတ်တဲ့ ဓါတ်မ တည့် ခြင်းမျိုးမှာ အရေပြားရောင်ရမ်းခြင်း နဲ့ နှင်းခူနာတွေဖြစ်စေနိုင်ပါတယ် ။ အရေပြားရောင်ရမ်းခြင်းမျိုးမှာ အနီ ကွက်ထွက်ခြင်း ၊ ရောင်ရမ်းခြင်း စသဖြင့်ဖြစ်စေနိုင်ပြီး Wheal and flare reaction လို့လည်း အသိ များပါတယ် ။


Allergy ဖြစ်စေတဲ့အကြောင်းအရင်းတွေက ဘာတွေလည်း ?


ဓါတ်မတည့်ခြင်းဖြစ်စေတဲ့အရောင်းအရင်းကို ခေါင်းစဉ်ခွဲကြည့်မယ်ဆိုရင် Host နဲ့ Environmental factors ဆိုပြီး ခွဲခြားနိုင်ပါတယ် ။ Host Factor ထဲမှာဆိုရင် မျိုးရိုးဗီဇ ၊ လိင်အမျိုးအစား ၊ လူမျိုး နဲ့ အသက် အရွယ်စ သဖြင့် ပါရှိပါတယ် ။ ဒါပေမယ့်လည်း မျိုးရိုးဗီဇ (Genetic Factors ) တစ်ခုထဲနဲ့ ဖြေရှင်းလို့မရနိုင်တဲ့ ဓါတ်မတည့်ခြင်းမျိုးတွေဟာ များပြားလို့လာပါတယ် ။ အဓိက ပတ်ဝန်းကျင်ဆိုင်ရာ အဖြစ်များ စေတဲ့အ ကြောင်း အရင်း လေးခုကတော့

-ငယ်ရွယ်စဉ်မှာ ပိုးမွှားကြောင့်ဖြစ်တဲ့ ရောဂါတွေ (Infectious diseases) တွေ ထိတွေ့ခံရခြင်း

-ပတ်ဝန်းကျင်ညစ်ညမ်းမှုများ

-ဓါတ်မတည့်စေသောအရာ (Allergen Levels)

-အစားအသောက် ပုံစံ ပြောင်းလဲခြင်း စသည်တို့ပဲ ဖြစ်ပါတယ် ။


Food Allergens များ

-မြေပဲ

-pecan ဟုခေါ်သော ပန်းညိုရောင်အခွံရှိသော စားရသည့်သစ်စေ့

-pistachio ဟုခေါ်သော အစိမ်းရောင်စိမ့်သော အခွံမာသီးတစ်မျိုး

-သစ်ကြားသီး

-နှမ်း

-ဘိန်းပန်း စသည်တို့ဖြစ်ပါတယ် ။


ကြက်ဥ ၊ ဘဲဥ စသည်တို့မှ ဓါတ်မတည့်ခြင်းတွေကတော့ ကလေးငယ်များ အသက် ငါးနှစ်အရွယ်မှာ အယောက် ငါးဆယ်မှာ တစ်ယောက်တွေ့ရလေ့ ရှိပါတယ် ။ အဓိက ဓါတ်မတည့်ခြင်းဖြစ်စေတာကတော့ ကြက်ဥ ၊ ဘဲဥမှ အနှစ်များမဟုတ်ပဲ အဖြူရောင် ပရိုတိန်းအလွှာပဲဖြစ်ပါတယ် ။ နွားနို့ ၊ ဆိတ်နို့ နှင့် သိုးမှရသော နို့ ၊ ဒိန်ခဲစ သည်တို့ကလည်း Food allergens များပဲ ဖြစ်ပါတယ် ။ အခြား အစားအသောက်မှ ဓါတ်မတည့် မှုဖြစ်စေတဲ့အရာတွေကတော့ ပဲပိစပ် ၊ ဂျုံစေ့ ၊ ငါး ၊ shellfish ငါး (အခွံမာရှိ၍စားကောင်းသောငါး ) ၊ သစ်သီး သစ်ရွက်များ နဲ့ အခြား သဘာဝမဟုတ်တဲ့ အရောင်အနံ့အရသာ နဲ့ပြုလုပ်ထားတဲ့ စားသောက် ဖွယ် ရာတွေပဲ ဖြစ်ပါတယ် ။

Non-food protein allergen များ

-ကြက်ပေါင်စေး ၊ ရာဘာစေး

-ကီဝီသီး

-ထောပတ်သီး

-သစ်အယ်သီး

-ငှက်ပျောသီး စသည်တို့ ဖြစ်ပါတယ် ။

Ref : Wikipedia-သက်တန့်ချို-24 September 2010

Ref:health.ngoinmyanmar

Soft Drinks for Caution !!!

သတိထားသင့်သည့် အချိုရည်



နွေနေပူမှာ အပူဒဏ်ကို သက်သာစေပြီး၊ ရင်ကို လန်းဆန်း အမောပြေ သွားစေ နိုင်တာ ကတော့ အချိုရည် အေးအေးလေး တစ်ခွက် ပါဘဲ။ ကျွန်တော်တို့ အားလုံး soft drinks လို့ ခေါ်တဲ့ အချိုရည် အမျိုးမျိုး သောက်ဖူး ကြတယ်။ Pepsi, Coke, Sprite, Fantasy, Lemon Soda စသည်ဖြင့် Brand အမျိုးမျိုး အရသာ အဖုံဖုံနဲ့ လူတွေရဲ့ အကြိုက်ကို ဆွဲဆောင် ခဲ့ကြ၊ ဆွဲဆောင် နေကြဆဲ ဖြစ်ပါတယ်။

အဲဒီ ကျွန်တော်တို့ ကြိုက်တဲ့ အချိုရည် တွေက ကျန်းမာရေး နဲ့ ပတ်သက်တဲ့ ပြဿနာ တွေကို ဖြစ်စေ နိုင်တယ် ဆိုတာ ကိုတော့ သတိ မပြုမိတဲ့ သူတွေ ရှိနိုင်မယ် လို့ ကျွန်တော် ထင်လို့ ဒီပို့စ်နဲ့ ဗဟုသုတ ဖြန့်ဝေ လိုက်ရ ပါတယ်။




ကြည့်ရတာ တော့ သောက်ချင်စရာ ကြီးပါဘဲ။ ဒါပေမယ့် ဒီအချိုရည် တွေထဲမှာ ပါတဲ့ အက်စစ်ဓာတ် ပမာဏကို ပြတဲ့ pH value တွေကို ကြည့်ကြည့် ရအောင် ... pH နည်းလေ အက်စစ်ဓာတ် ပြင်းလေ ဖြစ်ပါတယ်။



ဘက်ထရီတွေထဲမှာ ထည့်တဲ့ အက်စစ်ကို သိကြမယ် လို့ ထင်ပါတယ်။ pH တန်ဘိုး ၁ ရှိတဲ့ အက်စစ်ပြင်း မို့ မတော်တဆ အ၀တ်မှာ စင်သွားရင် ခဏ နေတာနဲ့ စားသွား ပေါက်သွားတာ ကြုံဖူးတဲ့ သူတွေ ရှိမှာပါ။ အခု ပြထားတဲ့ ဇယားအရ တချို့အချိုရည် တွေဟာ ဘက်ထရီ အက်စစ် နီးပါး ပြင်းတာ သတိထားမိ ပါလိမ့်မယ်။ ကဲ ... အချိုရည် တွေကို ကျွန်တော်တို့က အကြောဆေး သွင်းသလို ပိုက်နဲ့ မသွင်းကြ ပါဘူး။ သောက်ကြ ပါတယ်။ ဒါကြောင့် ခံတွင်းထဲမှာ ဘာဖြစ်နိုင်လဲ ကြည့်ကြ ရအောင်။

သွားတွေရဲ့အပေါ်ဆုံး အလွှာမှာ Enamel လို့ ခေါ်တဲ့ ကြွေလွှာနဲ့ ကာထားပြီး၊ ကယ်လ်စီယမ် နဲ့ ဖော့စ်ဖိတ် တို့ ပေါင်းထားတဲ့ Hydroxyapatite လို့ ခေါ်တဲ့ ဓာတ်ပေါင်း ဖြစ်ပါတယ်။ အဲဒီ ကြွေလွှာဟာ မာကြော လှပေမယ့် အက်စစ် ဓာတ်ကို မခံနိုင် ပါဘူး။ ဘက်တီးရီးယား ပိုးတွေက စားကြွင်း စားကျန် တွေကို ဖောက်လိုက်လို့ ထွက်လာတဲ့ အက်စစ် ဓာတ်ကြောင့် ပိုးစားပေါက်တွေ ဖြစ်ရ တယ်။ ဒါကို dental caries- သွားပိုးစား ရောဂါ လို့ ခေါ်ပါတယ်။ သွားရဲ့ ကြွေလွှာ ကို အရည် ဖျော်ပစ်နိုင်တဲ့ အက်စစ် ပြင်းအား critical pH က ၅.၅ ဖြစ်ပါတယ်။ အဲဒီထက် ပိုပြီး အက်စစ် ဓာတ်ပြင်းတဲ့ (pH ၅.၅ အောက် လျော့တဲ့) အရည်နဲ့ ကြာရှည် ထိတွေ့မယ် ဆိုရင် သွားကြွေလွှာဟာ ၊ အ၀တ်ကို အက်စစ် စားသလို စားခံရပြီး ပြုန်းတီး ရပါတယ်။ ပိုးစားတာ မဟုတ်ဘဲ ပြင်ပက အက်စစ် ဓာတ်ကြောင့် သွားကြွေလွှာ စားသွားပြီး အပေါက်တွေ ဖြစ်တာကို erosion - အက်စစ်ကြောင့် တိုက်စားခြင်း လို့ ခေါ်ပါတယ်။

ဆေးခန်းမှာ ဒီလို သွားပေါက် တွေနဲ့ လာပြကြတဲ့ သူတွေ မနည်းလှ ပါဘူး။ တချို့လည်း အပူ အအေး၊ အချို အချဉ် ထိရင် ကျဉ်လာမှ သိလို့ လာပြကြ ပါတယ်။ မှန်ထဲမှာ ကြည့်ကြည့်ရင် ပိုးစားသလို မဲမနေဘဲ၊ ကြွေသွားလွှာက ပြောင်ချောချောနဲ့ ချိုင့်ဝင် နေတာ တွေ့နိုင်ပါတယ်။ သိပ်ဆိုး လာရင် ကြွေလွှာအောက်က dentine လို့ ခေါ်တဲ့ ဆင်စွယ် နှစ်လွှာ အညိုရောင်ပေါ်ပြီး သွားတိုက်တံနဲ့ ခြစ်ကြည့်ရင် ကျဉ်တာကို ခံစားရ ပါလိမ့်မယ်။



အချိုရည်ကို ပုလင်းလိုက် သောက်တာ၊ ခွက်နဲ့ တမျှင်းမျှင်း မော့သောက်တာ တွေက သွားတွေနဲ့ အချိုရည် ကြာရှည် ထိတွေ့စေလို့ ပိုပြီး ဆိုး ပါတယ်။ Straw - ပိုက်နဲ့ စုပ်သောက်ပြီး မြန်မြန် မျိုချ ရင် သွားမှာ ထိခိုက်တာ နဲနဲ သက်သာပါတယ်။ ဒီနေရာမှာ အချိုရည်လို့ soft drink တွေကို ဦးစားပေး ပြောထား ပေမယ့်၊ ဒိန်ချဉ်တို့၊ သံပရာ ရည်တို့၊ grapes fruits ဖျော်ရည် တို့ စသည်ဖြင့် ဖျော်ရည် တွေဟာ လည်း pH တန်ဘိုး နိမ့်တဲ့ ထဲမှာ ပါပါတယ်။

ဖျော်ရည် မဟုတ်တဲ့ ကိုကာကိုလာ တို့လို ဘူးသွပ် အချိုရည် တွေရဲ့ နောက်ထပ် ဆိုးကျိုး ကတော့၊ သူတို့မှာပါတဲ့ phosphoric acid - ဖော့စ်ဖိုရစ် အက်စစ်နဲ့ carbon dioxide - ကာဘွန်ဒိုင် အောက်ဆိုဒ် ကြောင့် ဖြစ်ပါတယ်။ ဒီဓာတ်တွေက အစာအိမ်ထဲ ရောက်တဲ့အခါ အစာခြေရည် ရဲ့ hydrochloric acid - ဟိုက်ဒြို ကလိုရစ် အက်စစ် အစာခြေတာ ကို ဟန့်တား တယ်။ ဒါကြောင့် အစာ မကြေတာ၊ ဗိုက်ထဲမှာ လေတွေ ပြည့်ပြီး ရင်ပြည့်ရင်ကယ်တာ ဖြစ်လာပါတယ်။ အစာခြေ လမ်းကြောင်းရဲ့ အက်စစ်ဓာတ်ကို ပိုများ စေတဲ့အတွက် အစာအိမ်၊ အူသိမ် ရောဂါ ရှိတဲ့ သူတွေ ပိုရှောင် သင့်ပါတယ်။

phosphoric acid က အရိုးတွေမှာ ရှိတဲ့ ထုံးဓာတ် - ကယ်လ်စီယမ် ကိုလည်း ဖျော်ထုတ် ပါတယ်။ ကြာရင် အရိုးပါး အရိုးပျော့ ဖြစ်စေပြီး၊ ဖျော်ထုတ် လိုက်တဲ့ ကယ်လ်စီယမ် တွေက ကျောက်ကပ်မှာ စုလို့ ကျောက်ကပ် ကျောက်တည် စေပါတယ်။

ဒါကြောင့် အချိုရည် တွေကို လျှော့ သောက်သင့်ပါတယ်။

ဗိုက်တာမင် စီ ဓာတ် ရတဲ့ အချဉ် သစ်သီး ဖျော်ရည် တွေကတော့ ကျန်းမာရေး အတွက် ကောင်းလို့ သောက်သင့် ပါတယ်။ သောက်တဲ့ အခါ ပိုက်နဲ့ မြန်မြန်စုပ် သောက်သင့် ပါတယ်။ သောက်ပြီးတာနဲ့ ရေနဲ့ ပလုတ်ကျင်း ပေးသင့် ပါတယ်။ ဂျပန် မှာတော့ Ocha လို့ခေါ်တဲ့ green tea လဘက်ရည် တွေကို ဘူးသွပ်၊ ပုလင်းသွပ်ပြီး ရောင်းတယ်။ နေရာတကာမှာ ၀ယ်လို့ ရတယ်။ ရေငတ်လည်း ပြေ၊ အိပ်ချင်လည်း ပြေ၊ ဥပါဒ်လည်း မဖြစ်ဘူး။ ကျန်းမာရေး အတွက် အထောက်အကူ ပေးတဲ့ ဓာတ်တွေပါတဲ့ green tea အကြောင်း အလျဉ်းသင့်ရင် ရေးပါဦးမယ်။

ကျန်းမာသုခ ပြည့်ဝကြပါစေ။

ဖတ်သင့်တဲ့စာညွှန်းများ..

Phosphoric acid in sodas nearly as damaging to teeth as battery acid

Diet soft drinks linked to health risks: study

Relationship between dental erosion, soft drink consumption, and gastroesophageal reflux among Icelanders

Ref:health.ngoinmyanmar

Tea ချို-ပေါ့-ကျ တခွက်


လက်ဖက်ရည်ဟာ သောက်စရာ မှန်သမျှထဲမှာ ကော်ဖီနဲ့အတူ ပေါ်ပြူလာ အဖြစ်ဆုံးပါ။ ကော်ဖီ၊ အရက်၊ အအေးတွေ အားလုံး ပေါင်းလိုက်တာထက်တောင်မှ လက်ဖက်ရည်က ပိုများတာ အိန္ဒိယမှာ ဖြစ်ပါတယ်။ ဒါတောင် လူတယောက် တနှစ်သောက်တာ 750 grams သာရှိပါသတဲ့။ တူရကီမှာက 2.5 kg ရှိလို့ per capita consumption တဦးချင်း သောက်သုံးမှုနှုံး အများဆုံး။

“အသီးမှာ သရက်၊ အသားမှာဝက်၊ အရွက်မှာ လက်ဖက်” ဆိုတဲ့စကားက Tea leaves လက်ဖက်ရွက်အတွက် အမြတ်နိုး တန်ဘိုးထားမှု တခုပါ။ ဗမာတွေ မနက်မိုးလင်းကနေ မအိပ်မချင်း သောက်ကြတဲ့ ရေနွေးကြမ်း၊ အဖန်ရည်ကို သူများတွေ မသိရှာကြပါ။ သူများတွေ ကြိုက်ကြတာက ဖျော်သောက်ရတဲ့ Tea လက်ဖက်ရည်။ ဒါ့ကြောင့် လက်ဖက်ရည်-အချိုကိုဘဲ စာဖွဲ့ရေးကြ သမိုင်းတွေ လိုက်ရှာကြတယ်။

လက်ဖက်ပင်ရဲ့ ရာဇ၀င်က အာရှမှာ စတင်ခဲ့တာပါ။ တရုပ်၊ အိန္ဒိယ နဲ့အတူ မြန်မာနိုင်ငံလဲပါတယ်။ BC 300 – AD 200 Shennong Ben Cao Jing ခေါ်တဲ့ တရုပ် ဆေးဖက်ဝင်အပင်တွေ အကြောင်း စာအုပ်မှာ အစောဆုံး တွေ့ရတယ်။ ပါးစပ်ပြော တရုပ်သမိုင်းမှာ ဘီစီ ၂၇၃၇ က (ရှန်နွမ်) ဧကရာဇ်ဟာ လက်ဖက်ပင်အောက်မှာ စံနေယင်း သူသောက်တဲ့ ရေနွေးထဲ အမှတ်တမဲ့ကျတဲ့ အရွက်ကို ရာဇအိနြေ္ဒမပျက် ဆက်သောက်ရာကနေ သဘောကျ နှစ်ခြိုက်တော်မူပြီးနောက် လူတွေ လိုက်သောက်လာ ကြတယ်လို့ ဆိုတယ်။

ဒီစာဖတ်ရတော့ ဟိုအရင်က စိတ်ကူးယဉ် ၀တ္ထုတပုဒ်ထဲမှာ “စထော်ဘယ်ရီပင်အောက် အတွဲတတွဲ ထိုင်ပြီးနောက့်” ဆိုတာ ရေးမိသူ လူပြောခံရတာ အမှတ်ရလာတယ်။ အခုမြင် လက်ဖက်ပင်အောက်မှာ လူထိုင်လို့ မလွတ်တာမို့ တရုပ် ဘုရင် လက်ဖက်ပင်အောက် မှောက်နေမလားပေါ့။ ပြီးမှ ခုခေတ်မှာ အရွက်ခူးရ အဆင်ပြေအောင် လက်ဖက်ပင်တွေကို ရင်ခေါင်းလောက်သာ ထားကြတယ် မဟုတ်ပါလား။

ဗမာပြည်က ထူးစရာရှိရင် ထူးပါတယ်။ မကောင်းလို့ ထူးတာတွေ နှစ်သစ်မှာ မပြောကြေး။ ထူးတဲ့ အကောင်းထဲမှာ လက်ဖက် အကြောင်းလဲပါတယ်။ လက်ဖက်ကို အနည်းဆုံး သုံးမျိုးလုံး သုံးတတ်တာ ဗမာဘဲရှိတယ်။ လက်ဖက်ရည်ကြမ်း၊ လက်ဖက်ရည်ချို၊ လက်ဖက်သုပ်၊ ဒါတင် ဘယ်ဟုတ်မလဲ လက်ဖက်ရည်ဆိုင်ထိုင်တာလဲ ကိုယ့်ဆီမှာဘဲ ရှိတာ။ ကမ္ဘာမှာ (ကဖေး)၊ (ရက်စ်တောရင့်)၊ (ဟော်တယ်)၊ (ကော်ဖီ-ဟောက်စ်) တွေမှာသာ လက်ဖက်ရည်ကို ထိုင်သောက်လို့တော့ ရမယ်။ (တစ်ပ်) ပေးရမယ်။ (တက်စ်) ကလဲ မနည်းဘူး။ အိန္ဒိယမှာ အပိုအဆာတော့ မပေးရပါ။ ခက်တာက အုတ်ခုံ၊ ကျောက်တုံးမှာသာ ထိုင်တတ်သလို ထိုင်သောက်ရတယ်။ ကိုယ့်ဆီက ဆိုင်မှာတော့ လက်ဖက်ရည် မှာတတ်အောင် ခေတ်စကား တတ်မှရတယ်။ (ကင်ညာ) မှာ သောက်ကြတာကလဲ “ကျောက်ပန်းတောင်း” လို အလွန်ချိုပြီး၊ တကယ်လဲ ပူတဲ့ လက်ဖက်ရည်ဘဲတဲ့။

သူများဆီမှာ High tea လို့ခေါ်တာ ဖက်ရှင်တခုလိုပါ။ ညနေ ၅ နာရီနဲ့ ၆ နာရီကြားမှာ ဆိုရှယ် လူစုလူဝေး လုပ်ကြတာပါ။ Meat Tea လို့လဲ ခေါ်သေးတယ်။ အမေရိကန်တွေ ထွင်တာပါ။ လက်ဖက်ခြောက်နဲ့ အမေရိကန် သမိုင်းမှန်ရှိတယ်။ ၁၇၇၃ ဒီဇင်္ဘာ ၁၆ ရက်မှာ ဗြိတိသျှ-ကိုလိုနီ၊ ဘော်စတွန်မြို့မှာ အရှေ့အိန္ဒိယ ကုမ္ပဏီပိုင် သင်္ဘောသုံးစီးပေါ်က လက်ဖက်ခြောက် သေတ္တာ မှန်သမျှ ပင်လယ်ထဲ သွန်ချခဲ့ကြလို့ Boston Tea Party လို့ တွင်ခဲ့တယ်။

အာရှမှာလဲ (ဟိုင်း-တီး) ကို ၂ နာရီကနေ ၆ နာရီအတွင်း နောက်ကျကျ နေ့လယ်စာအနေနဲ့ ဧည့်ခံတယ်။ High ဆိုတာ လက်သုံးစကားသာဖြစ်ပြီး တိုက်ရိုက် အဓိပ္ပါယ်ကို ဆိုလိုတာ မဟုတ်ပါ။ High-end hotel တွေမှာ High tea ကို (ဆာ့ဖ်) လုပ်ကြတယ်။ ပြင်သစ်မှာ ညနေ ၄ နာရီလောက် ကျောင်းကနေ ဆာဆာနဲ့ ပြန်လာကြတဲ့ ကလေးတွေကို တိုက်တယ်။ ဘယ်လို ခေါ်ခေါ်ပါ ဒါတော့ ကောင်းတယ်။ ၁၈၄၀ တုံးက သတ္တမြောက် Duchess of Bedford က ကလေးတွေလိုဘဲ ထင်ပါရဲ့ ညနေ ၄ နာရီလောက်ဆို ဗိုက်ဆာတတ်သတဲ့။ ဒါနဲ့ ညနေခင်း လက်ဖက်ရည် ပွဲတော်တည်တာ ဖြစ်လာရတယ်။ Tea အလေ့အထ အင်္ဂလိပ်တွေ ရလာကြတာကလဲ ပေါ်တူကီ မင်းသမီး Catherine of Bragança က ဒုတိယမြောက် ချားလ်နဲ့ လက်ထပ်တော့ မင်္ဂလာလက်ဆောင်ပြန် သဘောဘဲတဲ့။

မင်းသမီးနဲ့ တဆက်ထဲ အမျိုးသမီးတွေလဲ ပြောပါအုံးမယ်။ Tea shops လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို စခဲ့တာ အမျိုးသမီးပါ။ ၁၈၆၄ ဂရိတ်-ဗြိတိန်မှာ ပေါင်မုံ့ဆိုင်ရဲ့ ဖေါက်သည်ကောင်းတွေကို စပြီးတည်ခင်းရာကနေ ဖြစ်လာတာတဲ့။ လက်ဖက်ခြောက်မှာ အရောင်ဆိုးတာပါ-မပါ စမ်းနည်းကို အမျိုးသမီး ဒေါက်တာ Alberta (ရိဒ်) ကနေထွင်ခဲ့လို့ Read Test ခေါ်ပါတယ်။

ရုက္ခဗေဒလို Camellia sinensis ခေါ်တယ်။ အမြဲစိမ်း အပွင့်ပွင့်တဲ့အပင်မျိုး။ မိုးရေ တနှစ်မှာ အနည်းဆုံး လက္မ ၅၀ ရမှ ပေါက်တယ်။ မြေကလဲ အချဉ်ဓါတ်ရှိမှ ကောင်းတယ်။ အမြင့်ပေ ၄၉၀၀ လို့ ဆိုတယ်။ “လက်ဖက်ကောင်း စားချင်ရင် ပလောင် တောင်တက်နှေး” ဆိုတာက ပလောင် လူမျိုးတွေဟာ လက်ဖက် ခူးရာမှာ အနုစိတ်၊ အသေးစိတ် လုပ်ရလို့ တောင်စောင်းတလျှောက် လက်ဖက်ခူးရာ ဖြေးရ-နှေးရတာကို ပြောတာပါ။

လက်ဖက်ရွက်က အရောင် ၆ မျိုးတောင်ရှိတယ်။ အဖြူကနေ အနက်အထိ။ တောင်အာဖရိကမှာ ပေါက်တဲ့ Rooibos plant ကို Red bush ခေါ်တော့ အာရှမှာခေါ်တဲ့ Red tea ကိုဘဲ Black tea လို့ခေါ်တယ်။ သူတို့ လုပ်တော့ ရှုတ်ကုန်ရော။ Black tea ဖျော်တာမှာ ရေနွေးကို ၁၀၀ ဒီဂရီအထိ မရောက်ခင် လက်ဖက်ခြောက် ထည့်ရတယ်။ Green tea ကြတော့ အဲလောက် ဆူစရာ မလိုပါတဲ့။ White or Oolong tea ကိုတော့ ၉၀-၁၀၀ ပူလဲ ရတယ်ဆိုဘဲ။

လက်ဖက်ရည် တည်ခင်းတဲ့ခွက်ကလည်း စကားပြောသေးတယ်။ သိတဲ့အတိုင်း ဗမာတွေက ကြွေပန်းကန်၊ စဥ့်ပန်းကန် သုံးတာ များတယ်။ အိန္ဒိယမှာ ကြွေအတုသာ သုံးတယ်။ အိန္ဒိယမြောက်ပိုင်းမှာ မြေခွက်လေးတွေ သုံးပါတယ်။ သုံးပြီး လွင့်ပစ်ရလို့ ဒါလဲ တခါသုံးဘဲ။ ဗုဒ္ဓဂါယာ ဘုရားဖူးပြန် ဆောင်းပါးတပုဒ် ဖတ်ရတယ်။ လက်ဖက်ရည်ကို (ဟင်ဒီ) လို Chai (ကျားယ်) (ချားယ်) လို့ အသံထွက်တယ်။ စကားမတူရင် ကိုယ်နဲ့ နီးတာ ယူတတ်ကြတော့ စာရေးဆရာမက ရေးပါတယ်။ “ကာလကတ္တား ဘူတာမှာ ကျားဟေ့၊ ကျားဟေ့ဟု အော်၍ ရောင်းသော လက်ဖက်ရည်ကို အိုးပုတ်နဲ့ သောက်ခဲ့ရသည်။” ခုထိ ရီရလို့ ကျေးဇူးတင်ပါတယ်။

လက်ဖက်ရည်နဲ့ ကျန်းမာရေး ဆက်စပ်မှုမှာ ငြင်းစရာတွေ ရှိတယ်။ ဖြစ်နိုင်ခြေ အကျိုးတွေထဲမှာ ကင်ဆာ နဲ့ နှလုံး-သွေးကြောရောဂါတွေကို ကာကွယ်တာ ပါတယ်။ တိရစ္ဆာန်တွေမှာ စမ်းလို့ သိတာပါ။ လူတွေကို အဲလိုထိ ဖြစ်စေဘို့ လိုအပ်တဲ့ ပဏာမမှာ ငြင်းစရာ ဖြစ်နေတယ်။ ၂၀၁၀ သုတေသနတခုအရ အသက် ၆၅ နှစ်ကျော်သူ ၄၈၀၀ ကို စမ်းတော့ Cognitive decline စိတ်ကူး စိတ်သန်းတွေ လျော့နည်းလာတာမှာ သက်သာတာ တွေ့ရတယ်။ အရိုးလဲ ကောင်းစေသတဲ့။

အကောင်းဖက်က ဆက်ပြောရရင် လက်ဖက်ရွက်ဟာ ခေသူမဟုတ်ပါ။ ဓါတုအမျိုးပေါင်း ၇၀၀ ကျော်ပါတယ်။ Amino acids, Flavanoides, Vitamins (C, E, K), Caffeine နဲ့ Polysaccharides တွေပါတယ်။ (ဆဲလ်) တွေကနေ ရောဂါ ပြီးတာကို ဆောင်ရွက်ပေးရာမှာ အကူအညီပေးတယ်။ (ဆဲလ်) နံရံတွေကို Oxidative damage ကြောင့် ပျက်စီးမှာကို သက်သာစေနိုင်တယ်။ Fluorine ဆိုတာပါလို့ သွား-သွားဖုံမှာ ရေစီးကမ်းပြိုဖြစ်တာ ကာကွယ်စေတယ်။ သွေးဖိအား ထိန်းညှိတာ၊ အဆီထိန်းပေးတာ၊ ဆီးထဲက အချိုဓါတ်ထိန်းတာတွေကိုပါ သက်ရောက်စေတယ်။ ဗက်တီးရီးယားတွေကိုလဲ သေစေ၊ တားစေနိုင်တယ်။

Tea ထဲမှာ Antioxidant ဖြစ်တဲ့ Catechins ပါတယ်။ လက်ဖက်က လတ်ဆတ်နေရင် အလေးချိန်ရဲ့ ၃ ပုံ ၁ ပုံကသူဘဲ။ Antioxidant ဆိုတာ (ဆဲလ်) တွေ၊ (တစ်ရှူး) တွေ ပျက်စီးမှာကို ကာကွယ်တဲ့ သတ္တိကို ပြောတာပါ။ ပုံမှန် တခွက်မှာ Flavonoid antioxidants 140-300 mg ပါတယ်။ Stimulant ဖြစ်တဲ့ Caffeine အလေးချိန်ရဲ့ ၃% ပါတယ်။ Theanine 14-18 mg ပါတယ်။ Theobromine, Theophylline ဆိုတာတွေလဲ နဲနဲစီပါတယ်။ American Dietetic Association အဆိုအရ လက်ဖက်ရည် တခွက်မှာ (ကေဖင်း) 40 mg ပါတယ်။ ကော်ဖီ တခွက်မှာ 85 mg ပါတယ်။ သတိမမေ့ဘို့က ဘယ်ဟာမဆို တန်ဆေး၊ လွန်ဘေး။ လက်ဖက်ရည်ကို တနေ့ ၈ ခွက်ထက် များရင် မကောင်းဘူး။

တရုပ်-ဟန် လူမျိုးတွေက လက်ဖက်ရည်ကို နွားနို့မပါဘဲ သောက်ရာကနေ မန်ချူးတွေ ၀င်လာမှ အကျင့်ရလာသတဲ့။ လက်ဖက်ရည်ထဲ နွားနို့ထည့်လိုက်ရင် ကောင်းကျိုး လျှော့စေတယ်လို့ ၂၀၀၇ European Heart Journal က ဆိုတယ်။ အိန္ဒိယမှာ ဘယ်နေရာဖြစ်ဖြစ် နွားနို့နဲ့သာ ဖျော်တယ်။ ဗမာပြည်ကလို ချက်နို့ဆီဆိုတာ မရှိပါ။ ဗူးနို့ဆီလဲ ရှိတော့ ရှိတယ်၊ ရှားတယ်ပေါ့။ အပိုအဆာ ထည့်တာလဲ ထွင်ကြတယ်။ Jasmine tea စပယ်ပွင့်ခြောက် ထည့်တာ တရုပ်၊ ဗမာ တူပါတယ်။ Salt tea ဆားထည့်တာ အာရပ်၊ ဗမာ တူတာဘဲ။ Lemon tea သံပုရာ ထည့်တာ ရုရှားနဲ့ အီတလီမှာ များတယ်။ အနောက် နိုင်ငံတွေမှာ Whisky or Brandy တွေ ထည့်သောက်တာလဲ ရှိသေးတယ်။ Indian Masala chai ဆိုတာ အစုံထည့်တယ်။ မနက်ခင်း ချင်း (ဂျင်း) ထည့်တယ်။ တချို့က (ဖါလာ) လဲ ထည့်တယ်။ အိန္ဒိယကို လာရင် ရေသောက်တာ စိတ်မချရဘူး။ လက်ဖက်ရည်ကတော့ စိတ်ချနိုင်ပါတယ်တဲ့။

• သွေတိုးကျစေသည် (Archives of Internal Medicine, 2004); (National Cheng Kung University study, Archives of Internal Medicine, 2004)

• (ကိုလက်စထော) ကျစေသည်။ (Journal of Nutrition, 2003) (USDA Beltsville Human Nutrition Research Center, 2003)

• နှလုံးရောဂါအတွက် ကောင်းနိုင်သည်။ (The Journal of the American Heart Association, 2001)

• ကင်ဆာ ကုတာ ကူညီရာကျသည်။ Esophageal cancer (Harvard Medical School, 2004); Prostate cancer (Center for Human Nutrition at UCLA's David Geffen School of Medicine, 2004); Cancer caused by smoking (Journal of Nutrition, 2003); Colon cancer (Linus Pauling Institute at Oregon State University study, Carcinogenesis, 2003); Skin cancers risk (University of Arizona study, Cancer Epidemiology, Biomarkers and Prevention, 2001); Lower stomach cancer risk (University of California at Los Angeles (UCLA) School of Public Health study, International Journal of Cancer, 2001)

• ရောဂါပြီးစနစ်ကို အကျိုးများစေသည်။ (Proceedings of the National Academy of Sciences, 2003)

• (လူကီးမီးယား) အတွက်ကောင်းသည်။ (Mayo Clinic, 2004)

• (အဇာမိုင်ယား) ရောဂါအတွက် ကောင်းသည်။ (Newcastle University's Medicinal Plant Research Centre study, Phytotherapy Research, 2004)

• AIDS ရောဂါအတွက် ကောင်းသည်။ (University of Tokyo, Journal of Allergy and Clinical Immunology, 2003)

J. Jonker, Amsterdam 1670 က ကဗျာနဲ့ စာဖွဲ့တယ်။

• Tea that helps our head and heart

• Tea medicates most every part

• Tea rejuvenates the very old

• Tea warms the hands of those who're cold

နှလုံး နဲ့ ဦးနှောက်ကို ကူညီပေး၊ နေရာတကာအတွက် ဆေး၊ အိုနာ-ဇရာဘေး ငယ်ရုပ်ဆင်လို့ပေး၊ လက်ဖျားအေးတာ နွေးလာစေမဲ့ (ကျာယေး)။ လာလည်တဲ့ ဧည့်သည်တွေကို လက်ဖက်ရည်နဲ့ တည်ခင်းတာ Symbol of hospitality ဧည့်ဝတ် ကျေပွန်မှု သင်္ကေတပါ။ ဒီအကြောင်း သူများရေးတာ ဖတ်ဖူးသူများအတွက်တော့ Same tea, different names လို့သာ မှတ်ယူပါခင်ဗျား။

Dr. တင့်ဆွေ-၂-၁-၂၀၁၁
http://dts-medicaleducation.blogspot.com/2011/01/tea.html

Ref:health,ngoinmyanmar

Hernia အူကျ-မကျ သိပါရစေ

 16 Aug 10, 18:26

ဆရာခင်ဗျား ကိုယ့်ကိုယ်ကို အူကျ-မကျ သိရအောင် မည်သို့ စမ်းသပ် စစ်ဆေးနိုင်ပါသလဲ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ။

မေးထားတာတွေရှိလို့ ၂ ခါ ဖြေထားသေးတယ်။ ဒီတခါ စမ်းသပ်နည်းပါမေးလို့ ပိုစုံအောင်ရေးပါမယ်။ ယောက်ျားတွေမှာ အဲဒီနေရာမယ် ဖြစ်တဲ့ ရောဂါတွေ အဓိက ၄ မျိုး ရှိတယ်။

1. Hernia အူကျတာ၊

2. Hydrocele မုတ္တရောဂါ၊

3. Epididymitis ကျားအစေ့ရောင်ခြင်း၊

4. Varicocele (ဗေရီကိုဆီးလ်)၊ တွေ ဖြစ်တယ်။

ယောက်ျားတိုင်းရဲ့ Scrotum ကပ်ပယ်အိတ် တဖက်စီထဲမယ် Testis ဝှေးစေ့ တလုံးစီ ရှိတယ်။ အစေ့အထက်မှာ အထက်-အောက် တန်းနေတာကို အကြောလို့ အလွယ်ခေါ်တဲ့ထဲမှာ Arteries and Vein သွေးကြောတွေ၊ Nerve အာရုံကြောနဲ့ Vas deferens သုတ်ရည်ပြွန် ရှိပြီး၊ အားလုံးက ရောကပ်နေကြတာ လက်ချောင်းလေး တချောင်း စာလောက် တုတ်တယ်။

ကပ်ပယ်အိတ်ထဲကို မရှိရမဲ့ အူက ဗိုက်ထဲကနေ ကျလာတာကို Hernia အူကျတာ ခေါ်ပါတယ်။ မုတ် ဆိုတဲ့ မုတ္က Hydrocele ကတော့ အစေ့ကို ဖုံးနေတဲ့ အိတ်ထဲက ပုံမှန်ရှိရမဲ့ ခပ်ပါးပါးအရည်တွေ အများကြီး ဖြစ်လာတာကို ခေါ်တယ်။ အူကျတာနဲ့ မုတ်က မနာတာ တူတယ်။ အသက်အရွယ် မရွေးတာ တူတယ်။ အကြော-အစေ့ ရောင်တယ်ဆိုတာ အတော် နာတယ်။ ဝှေးစေ့ ရဲ့ သွေးပြန်ကြောတွေ ဖေါင်းကြွနေတာကို Varicocele ခေါ်တယ်။ သူလည်း မနာဘူး။

ဒီရောဂါ လေးမျိုးအပြင် ရှားရှားပါးပါးတွေလည်း ရှိသေးတယ်။ Scrotal elephantiasiဆင်ခြေထောက်ပိုးကြောင့် မုတ်လို ဖြစ်တာ၊ Hydrocele of testis အစေ့ မုတ်၊ Spermatocele သုတ်ပိုးအိတ်၊ Testicular torsion အကြောထုံးတာ၊ Testicular cancer အစေ့ ကင်ဆာ၊ TB အစေ့ တီဘီတွေ ဖြစ်တယ်။ နောက်ထူးဆန်းတာတခုက Undescended testis မွေးကတည်းက အစေ့က တဖက်ဖြစ် နှစ်ဘက်လုံးဖြစ်ဖြစ် ကပ်ပဲ့အိတ်ထဲကို ကျမလာတာ။ အစေ့ တဖက်ထဲသာ စမ်းရရင် ဒါဖြစ်မယ်။

အူကျတာက မတ်တပ်ရပ်ရင် ကျလာမယ်။ ချောင်းဆိုး-နှာချေရင်၊ ပြေးရင်၊-ခုန်ရင်၊ အလေးအပင်မရင်၊ ဗိုက်ကို ညှစ်လိုက်ရင် ထွက်လာမယ်။ အိပ်နေရင် သူ့ဖါသာ ဖြစ်စေ၊ သွင်းပေးလို့ဖြစ်စေ ပြန်ဝင်သွားမယ်။ ၁ လ၊ ၁ နှစ်ကနေ၊ ၁၀ နှစ်၊ အနှစ် ၂၀ အထိ ကြာနိုင်တယ်။ ကြာကြာ ဖြစ်နေသူမှာ ယုတ်တရက် နာလာတာကတော့ အရေးပေါ်။ ပြန်မ၀င်နိုင်ဘဲ ကျနေတဲ့ အူက ခေါက်နေလို့။ အူက ရောင်-နာ၊ အူပိတ်တာ ဖြစ်လာတယ်။ နေ့နေ့-ညည ခွဲရလိမ့်မယ်။

အဲဒီ လက္ခဏာတွေက ဘာရောဂါဆိုတာ ပြောနေပြီ။ သေခြာအောင် လုပ်တော့မယ်။ ကျလာတဲ့ အူဆိုတာကို အစေ့ရဲ့ အပေါ်မှာ၊ သီးသန့် စမ်းလို့ ရတယ်။ မဖြစ်တဲ့ ဘက်နဲ့ ယှဉ်ကြည့်ပါ။ ချောင်းအတု ဆိုးခိုင်းရင် ကျကျလာလို့၊ ဖေါင်းဖေါင်း လာမယ်။ ကျလာတဲ့နေရာက ဗိုက်အောက်ပိုင်း၊ ပေါင်ခြံအထက် နေရာက ဖြစ်တယ်။ လှဲအိပ်ခိုင်းတာနဲ့ ၀င်သွားမယ်။ ပြန်သွင်းပေးရင် ထွက်လာတဲ့ နေရာဆီကို သွင်းပေးရတယ်။ အတိအကျ ပြောရင် ကပ်ပဲ့အိတ် အထက် တည့်တည့်၊ ဆီးစပ်က အရိုးမာမာရဲ့ ဖြစ်တဲ့ဘက် အထက်-ဘေး ၂ လက္မလောက် နေရာပါ။ ကျနေတဲ့အူကို ပြန်သွင်းပြီး၊ မတ်တပ်ရပ် အနေအထားမှာ အဲဒီနေရာမှာ စမ်းတဲ့သူက လက်နဲ့ ဖိ-ပိတ်ထားရင် ချောင်းဆိုးခိုင်းပေမဲ့ အူက ကျမလာဘူး ထွက်ပေါက်ကို ဖိ-ပိတ်ထားလို့။ ဒါဆို အူကျရောဂါ သေခြာပြီ။

ထွက်လာတဲ့ နေရာဆိုတာ ဘာလဲ။ ဗိုက်ကိုဖုံးကာပေးထားတဲ့ ကြွက်သားလွှာက ၃-၄ ထပ်ရှိတယ်။ (ဒါရိုက်ရှင်) အမျိုးမျိုး။ အထက်-အောက်၊ တစောင်း။ ကြွက်သားတွေက ပေါင်ခြံထိပ်က အရွတ်မှာ လာတွယ်တာတွေက အူကျတာနဲ့ ဆိုင်တယ်။ လာတွယ်ကြတဲ့အခါ ဂဟေဆက်သလို မဟုတ်ဘူး။ အဟလေးတွေ ကျန်နေတယ်။ အဲဒီနေရာလေးတွေက အပေါက် ဖြစ်နေလို့ အားနည်းချက်တွေဘဲ။ ဗိုက်ကို တင်းအား-ညှစ်အား လုပ်တဲ့အခါ ဗိုက်ထဲ ရှိတာတွေဟာ အပေါက် နေရာတွေကနေ ထွက်ဘို့ ကြိုးစားပါတယ်။ ထွက်လာနိုင်ရင် Hernia ဖြစ်ပြီပေါ့။ ခေါ်တော့သာ အူကျတယ်လို့ အလွယ် ခေါ်တာ၊ ဗိုက်ထဲက ထွက်လို့ရတာ ထွက်မှာဘဲ။

ကျလာတယ်ဆိုတာ အူသပ်သပ် ကျတာတော့ မဟုတ်ဘူး။ ကြွက်သားတွေရဲ့ အတွင်းမှာ ဗိုက်တပြင်လုံးကို ဖုံးနေတဲ့ အလွှာပါးပါး ရှိသေးတယ်။ အဲဒီအလွှာက ထွက်မဲ့နေရာကနေ တဖြေးဖြေးချင်း စူစူထွက်လာတာမို့ အိပ်ကလေးဖြစ်ပြီး၊ အိတ်ထဲမှာက အူ စသဖြင့်။ အူကလည်း အူသိမ်ဖြစ်တာ အများဆုံး။ ညာဘက်မှာ ဖြစ်ရင် အူအတက်ဆိုတာလည်း ပါနိုင်တယ်။

စုံအောင် ရေးပါရစေ။ Hernia ဆိုတာ ယောက်ျားတွေ အတွင်းခံ ဘောင်းဘီ ၀တ်ရာမှာသာ ဖြစ်တယ် ထင်ကြမယ်။ မဟုတ်ပါ။ အမျိုးသမီးတွေလည်း အူကျတာ ဖြစ်တယ်။ နည်းပါတယ်။ ယောက်ျားတွေကို ခွဲပေးဘူးတာ မရေတွက်နိုင်ပေမဲ့ အမျိုးသမီး ၂ ယောက်သာ ခွဲပေးရဘူးတယ်။ သူတို့မှာ ကပ်ပဲ့အိတ် မဟုတ်ဘဲ မ-အင်္ဂါ နှုတ်ခမ်းထဲကို ကျလာတယ်။

အများဆုံးဖြစ်တဲ့ ပေါင်ခြံမှာ ဖြစ်တာကို Inguinal hernia ခေါ်တယ်။ ပေါင်ထိပ်မှာဖြစ်ရင် Femoral hernia ခေါ်ပြီး၊ အမျိုးသမီးတွေ ပိုဖြစ်တယ်။ ကလေးတွေတောင် ဖြစ်သေးတာ။ ချက်မှာ ကလေးငိုရင် စူထွက်လာတာကို Umbilical hernia ခေါ်တယ်။ သူ့ကိုတခါတည်း နာမယ်ပေးတယ် မဟုတ်လား။ “ချက်ဖေါင်း” လို့။ ထပ်ရှိသေးပြန်တယ်။ ဗိုက်ခွဲထားတဲ့ ချုပ်ရိုးနေရာကနေ စူထွက်တာကို Incision hernia ခေါ်တယ်။ ဗိုက်နဲ့ ရင်ခေါင်းကို ပိုင်းခြားထားပေးတဲ့ ကြွက်သားကြီးမှာ ဖြစ်ရင် Diaphragmatic hernia ခေါ်တယ်။ တခြားဟာတွေလည်း ရှိသေးတယ်။ ဆေးပညာ သင်သူတွေ အတွက်သာ သိဘို့ လိုပါတယ်။

ဘာလို့ အူကျတာလဲ။ ရေးပြခဲ့တဲ့ ဗိုက်ဖုံးကြွက်သား ခန္ဓာဗေဒမှာ အားနည်းနေသူ၊ ဗိုက်ကို တင်းအားဖြစ်စေမှာတွေ လုပ်တာ များလို့ကြောင့် ဖြစ်တယ်။ မဖြစ်စေချင်သူတွေ ဒါမျိုး ဆင်ခြင်ရမယ်။ အပြေး-အခုန်၊ အလေးမ၊ အတက်-အဆင်း၊ အားကစားသမား ရောဂါလို့ ထင်ရတယ်။ အမှန်က အဲလိုတော့ မဟုတ်ဘူး။ ခန္ဓာဗေဒက (ပါဖက်) ဆိုရင် မဖြစ်ပါဘူး။

Hernia သေခြာရင် ခွဲရမှာပါ။ မခွဲဘဲ ယာယီ သက်သာအောင် လုပ်တာမျိုးလည်းရှိတယ်။ အသက်ကြီးသူတွေ၊ အခွဲ မခံသင့်သေးသူတွေ ဥပမာ ဆီးချို၊ နှလုံးရောဂါရှိနေသူတွေ အတွက်သာ ညွှန်းပါတယ်။ ခါးပတ်တမျိုး ပတ်ထားရတယ်။

ခွဲစိတ်တာက ထမင်းစားရေသောက် ပြောလို့ရပါတယ်။ ဆရာဝန်များ ခွဲတာ-စိတ်တာ လက်တွေ့သင်ရင် Hydrocele တတ်ပြီးရင် Hernia ခွဲရတယ်။ အတွေ့အကြုံတော့ လိုတယ်။ ခွဲပြီးမှ ပြန်ဖြစ်သူတွေလည်း ရှိတတ်တယ်။ အသက်ကြီးသူတွေ အတွက်တော့ နည်းနည်း ပိုလုပ် ပေးရတာမျိုး ရှိတယ်။ ဖါထေးရတာမျိုး။ ဇရာက ဆရာဝန်တွေကို ပိုဒုက္ခပေးတယ်။

Dr. တင့်ဆွေ-၁၇-၈-၂၀၁၀
Ref:health.ngoinmyanmar

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ဆီးလမ်းကြောင်း စနစ်မှာပါဝင်တဲ့ ကျောက်ကပ်၊ ဆီးပြွှန်နှင့် ဆီးအိမ် စတဲ့ တစ်နေရာရာမှာ ပိုးဝင်တာကို ဆီးလမ်းကြောင်းပိုးဝင်တယ်လို့ ဆိုပါတယ်။ များသောအားဖြင့် ဆီးအိမ်နဲ့ ဆီးအိမ်အောက်ပိုင်းက ဆီးပြွှန်မှာ ပိုးဝင်တာ အဖြစ်များပါတယ်။ ရောဂါလက္ခဏာများ ဆီးလမ်းကြောင်းပိုးဝင်တဲ့ လူတိုင်းမှာ ရောဂါလက္ခဏာများကို ခံစားရတာမဟုတ်ပေမယ့် အများစုမှာတော့ အောက်ပါလက္ခဏာအချို့ကိုတွေ့ရတတ်ပါတယ်။

ရောဂါလက္ခဏာတွေဟာ လျှပ်တပြက်ဖြစ်ပေါ်လာတတ်ပြီး ယျေဘူယျအားဖြင့်ကတော့

-ဆီးသွားချင်စိတ်ကို ထိန်းမရခြင်း

- ဆီးပူ ဆီးကျင်ခြင်း

- ပမာဏနည်းနည်းနှင့် မကြာခဏဆီးသွားခြင်း

-ဆီးတွင်း သွေးပါခြင်း ၊ ဆီးနံ့အလွန်ပြင်းခြင်း တို့ဖြစ်ပါတယ်။

ဆီးလမ်းကြောင်း တလျှောက်ပိုးဝင်တဲ့နေရာပေါ်မူတည်ပြီး ဖြစ်ပွားနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့

ပိုးဝင်ခြင်းကြောင့် ကျောက်ကပ်ယောင်ခြင်း

-ကျောအောင့်ခြင်း

-အပြင်းဖျားခြင်း

-ချမ်းတုန်ခြင်း

-ပျို့အန်ခြင်း

- မူးဝေခြင်း


-ဆီးအိမ်ပိုးဝင်ပြီးယောင်ခြင်း

-ဆီးစပ်နေရာတွင် နာကျင်ခြင်း

-ဆီးကျင်ပြီး မကြာခဏ ဆီးသွားချင်ခြင်း

-အဖျားသွေးငွေ့ငွေ့ရှိခြင်း

-ဆီးလမ်းကြောင်း ယောင်ခြင်း

-ဆီးပူဆီးကျင်ခြင်းတို့ဖြစ်တတ်ပါတယ်။

ဖြစ်ပွားရသော အကြောင်းများ

ဘက်တီးရီးယားပိုးများ ဆီးလမ်းကြောင်းအတွင်းသို့ စတင်ဝင်ရောက်ပြီး ဆီးလမ်းကြောင်းထဲ၌ ပွားများကြရာက ဆီးလမ်းကြောင်းပိုးဝင်ခြင်းဖြစ်ရခြင်းဖြစ်ပါတယ်။ ဆီးအိမ်ပိုးဝင်ခြင်းဟာ များသောအားဖြင့် အစာအိမ်နဲ့အူလမ်းကြောင်းမှာ ကျက်စားလေ့ရှိတဲ့ အကောင်တစ်မျိုးဖြစ်တဲ့ Escherichia coli ကြောင့် ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းကို ယောင်ယမ်းစေတဲ့ အခြား ပိုးမွှားတွေကတော့ ကာလသားရောဂါကိုဖြစ်စေနိုင်တဲ့ ganorrhonoes, clamydia နဲ့ herpes simplex virus တွေကြောင့်လည်း ပိုးဝင်ခြင်းဖြစ်တတ်ပါတယ်။

ဘယ်လိုလူတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များတတ်ပါသလဲ

၁။ အမျိုးသမီးများ

အမျိုးသမီးများမှာ ခန္ဓာဗေဒဖွဲစည်းပုံအရ ဆီးလမ်းကြောင်းဟာ အမျိုးသားများထက် ပိုတိုတာကြောင့် ပိုးမွှားများဟာ ဆီးအိမ်ကို ရောက်ဖို့ လွယ်ကူတတ်ပါတယ်။ အမျိုးသမီးထုရဲ့ ထက်ဝက်ဟာ သူတို့ရဲ့ဘ၀ တသက်တာမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ခံစားရတတ်ပြီး တချို့မှာတော့ အကြိမ်တစ်ခါထက်မနည်း တွေ့ကြုံရတာကို တွေ့ရပါတယ်။

၂။ လိင်ဆက်ဆံမှုများသူများ

လိင်ဆက်ဆံမှုများသူများမှာ ဆီးလမ်းကြောင်းကို လှုံ့ဆော်ခြင်း၊ ပိုးမွှားမှာ အလွယ်တကူဝယ်ရောက်နိုင်ခြင်းတိုကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များတဲ့ပါတယ်။ လိင်ဆက်ဆံမှုများတဲ့ အမျိုးသမီးများမှာတော့ ဆီးလမ်းကြောင်း ပိုးဝင်ဖို့ အခွင့်များတာဟာ ထင်ရှား တာကို တွေ့ရပါတယ်။

၃။ သန္ဓေတားခြင်း

အမျိုးသမီးကွန်ဒွန်တမျိုးဖြစ်တဲ့ သုံးတဲ့ အမျိုးသမီးများ၊ သုတ်ပိုးသေစေတဲ့ဆေးများ သုံးတဲ့အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များတတ်ပါတယ်။

၎။ ဇရာ သွေးဆုံးပြီးအမျိုးသမီးတွေမှာ အမျိုးသမီးဟော်မုန်းတမျိုးဖြစ်တဲ့ အီစထရိုဂျင် နည်းပါးလာတာကြောင့် မိန်းမကိုယ်၊ ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်နံရံများ ပါးလာခြင်း၊ ပွန်းပဲ့လွယ်ခြင်းတို့ကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပိုဖြစ်စေပါတယ်။

၅။ ကျောက်ကပ် တွင် ကျောက်တည်ခြင်း

ကျောက်ကပ်တွင်း ကျောက်တည်ခြင်း နှင့် ဆီးလမ်းကြောင်းကို ပိတ်စို့စေသော အခြားသော အကြောင်းအရာများဟာလည်း ဆီးလမ်းကြောင်းပိုးဝင်ဖို့ အခွင့်အလမ်းတွေပဲဖြစ်ပါတယ်။

၆။ဆီးချိုသွေးချိုနှင့် အခြားနာတာရှည်ရောဂါများ

ဒီရောဂါတွေဟာ ကိုယ်ခံအား စနစ်ကို ကျဆင်းစေတာမို့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပိုမိုဖြစ်ပေါ်စေပါတယ်။

၇။ ဆီးပိုက်များ

ဆီးပိုက်များကို ကြာရှည်စွာ သုံးစွဲရသော သူတွေမှာလည်း ဆီးလမ်းကြောင်းပိုးဝင်ဖို့ အခွင့်အလမ်းများတာကို တွေ့ရပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

ဆီးလမ်းကြောင်းပိုးဝင်မှုကို ထိရောက်စွာကုမယ်ဆိုရင် ပျောက်ကင်းလွယ်တဲ့ ရောဂါဖြစ်ပေမယ့် အမှုမဲ့အမှတ်မဲ့ထားမိတဲ့ခါ ကျောက်ကပ်အထိပိုးဝင်ခြင်း အဲဒီက တဆင့် ကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်နိုင်ပါတယ်။ သက်ကြီးရွယ်အိုများနဲ့ ကလေးသူငယ်များမှာ ရောဂါလက္ခဏာများကိုလစ်လျူရှုမိခြင်း ၊ အခြားရောဂါများနှင့် အမှတ်မှားတတ်ခြင်းတို့ကြောင့် နောက်ဆက်တွဲဆိုးကျိုးများ ပိုမို ဖြစ်ပွားတာကို ပိုတွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ဆီးလမ်းကြောင်း ပိုးဝင်မယ်ဆိုရင်တော့ လမစေ့ဘဲ မွေးတတ်ခြင်း၊ ကလေးပေါင်မပြည့်တတ်ခြင်းတို့ကိုဖြစ်ဖို့အခွင့်အလမ်းပိုများ လာပါတယ်။

ရောဂါရှာဖွေ စစ်ဆေးခြင်း

ရောဂါလက္ခာများကို သေချာမေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများဟာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဆီးစစ်ခြင်း နှင့် ဆီးပိုးမွေးခြင်း သင့်မှာအထက်ပါရောဂါလက္ခဏာများရှိပြီး သင့်ဆရာဝန်က ဆီးလမ်းကြောင်းပိုးဝင်မှုကို သံသယဖြစ်တဲ့အခါ ဆီးထဲမှာပါတဲ့ သွေးနီဥ၊ သွေးဖြူဥနဲ့ အခြားသော ဘက်တီးရီးယားတွေကို စစ်ဆေးဖို့ ပြောမှာဖြစ်ပါတယ်။ ဒါမှသံသယဖြစ်တယ်ဆိုရင်တော့ ဆီးပိုးမွေးခြင်းကို လုပ်နိုင်ပါတယ်။ ဆီးစစ်ခြင်းအားဖြင့် ဆီးလမ်းကြောင်း ရဲ့ဘယ်နေရာမှာ ပိုးဝင်တယ်ဆိုတာကို ခွဲခြားသိနိုင်မှာမဟုတ်လို့ သင့်ဝေဒနာ အသေးစိတ်ကို သင့်ဆရာဝန်ကို သေချာပြောပြဖို့ အရေးကြီးပါတယ်။

ကုသနည်း

မပြင်းထန်တဲ့ ဆီးလမ်းကြောင်းပိုးဝင်မှုများကို ပြင်ပ လူနာအနေနဲ့ကုသမှုခံယူနိုင်ပြီး ပြင်းထန်တဲ့ ဆီးလမ်းကြောင်းပိုးဝင်မှုများ၊ ဒါမှမဟုတ် အခြားသော နာတာရှည် ရောဂါရှိသူများနဲ့ သက်ကြီးရွယ်အိုများမှာတော့ ဆေးရုံတက်ပြီး ကုသမှုကို ခံယူဖို့လိုကောင်း လိုမှာဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တဲ့အတွက် သင့်ဆရာဝန်က Amoxicillin, Nitrofurantoin Ciprofloxacin Levofloxacin Sulfamethoxazole-trimethoprim စတဲ့ဆေးတွေနဲ့ ဘက်တီးရီးယားအမျိုးအစားပေါ်မူတည်ပြီး ကုသပေးမှာဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေ ဟာ ဆေးသောက်ပြီး ရက်အနည်းငယ်အတွင်း ပျောက်ကင်းနိုင်ပေမယ့် သင့်အနေနဲ့ ဆရာဝန် ညွှန်ကြားတဲ့ရက်ပြည့်တဲ့အထိ ပိုးသတ်ဆေးကို သောက်သုံးသင့်တာဖြစ်ပါတယ်။ ဒါမှသာ သင့်ကိုယ်တွင်းက ဘက်တီးရီယားပိုးကို အပြီးတိုင်ရှင်းလင်းပြီး ဖြစ်မှာ ဖြစ်ပါတယ်။ ဆီးကျင် ဆီးအောင့်ခြင်းအတွက် အချို့သော အကိုက်အခဲပျောက်ဆေးများက သင့်ကိုကူညီမှာဖြစ်ပေမယ့် သင့်မှာရှိတဲ့အခြားရောဂါတွေကို သင့်ဆရာဝန်ကို ဖွင့်ပြောတိုင်ပင်ဖို့လည်း မမေ့သင့်ပါဘူးလေ။ ဆီးလမ်းကြောင်းအတွက် သောက်သုံးတဲ့အကိုက်အခဲပျောက်ဆေး အချို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ဆီးအရောင် ပြောင်းတတ်ခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ သွေးသားပြီးဆုံးတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင်တော့ သင့်ဆရာဝန်က သင့်ရဲ့ကျန်းမာရေးအခြေအနေ နဲ့ဆေးရဲ့ဆိုးကျိုးတွေကို ချင့်ချိန်ပြီး အမျိုးသမီးဟော်မုန်းဖြစ်တဲ့ အီစထရိုဂျင်ကို ပေးခြင်းအားဖြင့် သင့်ရဲ့ဆီးလမ်းကြောင်း ပိုးဝင်မှုအကြိမ်ရေကို လျော့ကျစေမှာဖြစ်ပါတယ်။

ထပ်ခါထပ်ခါ

အကယ်လို့ သင့်မှာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ဝေဒနာကို ထပ်ခါထပ်ခါ ခံစားနေရမယ်ဆိုရင်တော့ သင့်ရဲ့ဆရာဝန်က ပိုးသတ်ဆေးကို ရက်အနည်းငယ်ပိုသောက်ခိုင်းခြင်း ဒါမှမဟုတ် သင်ခံစားနေရတဲ့ဝေဒနာ လက္ခဏာပေါ်မူတည်ပြီး ပိုးသတ်ဆေး ရက်တိုများကို ချိန်ဆသောက်ခိုင်းခြင်းများ ပြုလုပ်မှာဖြစ်ပါတယ်။ ဆီးပိုးစစ်တဲ့ တစ်ခါသုံး stick လေးတွေကို အခုအခါ အလွယ်တကူရနိုင်ပြီး အဲဒါတွေကတဆင့် အတော်ကို တိကျတဲ့အဖြေရနိုင်တာမို့ သင့်မှာရောဂါလက္ခဏာ ခံစားရပြီဆိုရင် အလွယ်တကူ စစ်နိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပိုးသတ်ဆေးကို သုံးစွဲသည်ဖြစ်စေ သင့်ဆရာဝန် ညွှန်ကြားချက်အတိုင်း သုံးစွဲတာ ဟာ သင့်အတွက် သင့်တော် စိတ်ချရဆုံးပဲဖြစ်ပါလိမ့်မယ်။

အိမ်တွင်းဆေး

ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အခါ သင့်အနေနဲ့ဆေးထိုးဆေးသောက်တာတွေ အပြင်အိမ်တွင်းကုသနည်းအနေနဲ့ ဝေဒနာ သက်သာအောင် လုပ်နိုင်တာတွေကတော့

၁။ ရေများများသောက်ပါ ရေများများ သောက်ခြင်းဟာ ဘက်တီးရီးယားများကို ဖယ်ရှားပေးခြင်းအားဖြင့် သင့်ရဲ့ဆီးလမ်းကြောင်းကို သန့်စင်စေမှာဖြစ်ပါတယ်။

၂။ ကော်ဖီနှင့် အချဉ်ဓါတ် ကော်ဖီ၊ အရက်သေစာ၊ ကိုကာကိုလာ အစရှိတဲ့ အချိုရည်များ၊ အချဉ်ဓါတ်ပါတဲ့အချိုရည်များမကြာခဏ ဆီးသွားစေတာမို့ ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အချိန်မှာ အဲဒီအရာတွေ အလွန်အမင်း သောက်သုံးခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။

၃။ ရေနွေးအိတ်ကပ်ပေးခြင်း ဆီးစပ်နေရာမှာ ရေနွေးအိတ်ကပ်ပေးခြင်းဖြင့် ဆီးအိမ်အောင့်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်းတို့ကို လျော့ကျစေမှာဖြစ်ပါတယ်။

ကာကွယ်ခြင်းဟာ ကုသခြင်းထက်ထိရောက်ပါတယ်။

သောက်ဆေးထိုးဆေးအပြင် လူနေ မှုစတိုင်ပြောင်းလဲပေးခြင်းဟာလည်း ဆီးလမ်းကြောင်း ပိုးဝင်မှုကို အထိုက်အလျှောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အဲဒါလေးတွေကတော့

၁။ အရည်များများ သောက်ပေးပါ။ ဆီးလမ်းကြောင်းဟာ ခန္ဓာကိုယ်က အညစ်အကြေးမှန်သမျှကို စွန့်ပစ်ရာ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အရည်များများသောက်ခြင်း အထူးသဖြင့် ရေများများသောက်ခြင်းဟာ ဆီးလမ်းကြောင်းကို သန့်စင်စေပြီး ပိုးဝင်ခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အခြားသော လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်များကိုလည်း သင့်မှာ အခြားကျန်းမာရေးပြသနာမရှိဘူးဆိုရင် သောက်သုံးနိုင်ပါတယ်။


၂။ ရေအိမ်တက်တဲ့အခါ ကျင်ကြီးကျင်ငယ်သွားပြီးလို့ သန့်စင်တဲ့အခါ ခန္ဓာကိုယ်အရှေ့ပိုင်းမှ အနောက်ဘက်ဆီသို့ သန့်စင်ခြင်းဟာ စအိုမှ ဘက်တီးရီးယားများ ဆီးလမ်းကြောင်းဘက်သို့ရောက်လာနိုင်မှုကို လျော့ကျစေတာမို့ ကောင်းတဲ့အကျင့်လေး တစ်ခုဖြစ်ပါတယ်။


၃။ ရေအိမ်အမြန်သွားပေးပါ။

သင့်အဖော်နဲ့ ကိစ္စပြီးဆုံးတဲ့အခါ အလျှင်အမြန်ဆီးသွားပေးခြင်းဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို အတန်အသင့် လျော့ကျစေပါမယ်။ ရေတစ်ခွက် သောက်ခြင်းဟာလည်း ဘက်တီးရီးယားတွေကို အတန်အသင့်ရှင်းလင်းပေး တယ်လို့ ဆိုပါတယ်။


၎။ အမျိုးသမီးသုံးပစ္စည်းအချို့

အချို့သော အမျိုးသမီးသုံး အမွေးအကြိုင်များနဲ့ အမျိုးသမီးသုံးပစ္စည်းအချို့ဟာ ဆီးပြွှန်ကို လှုံ့ဆော်ပေးတာကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ဖို့ အခွင့်အလမ်းကို ပိုဖြစ်စေပါတယ်။

ဒီဆောင်းပါးလေးဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို တစေ့တစောင်း သိနိုင်ဖို့ ရည်ရွယ်တာမို့ စာဖတ်သူအနေနဲ့ သတိထားသင့်တဲ့အချက်တွေကို သိရှိနိုင်မှာဖြစ်ပြီး သင့်ဆရာဝန်ဆီကိုသွားတဲ့အခါမှာလည်း သင့်အတွက် မေးစရာမေးခွန်းအချို့ အဆင်သင့်ရှိနေပြီလို့ ယူဆပါတယ်။ ဆေးပညာရဲ့ လျှို့ဝှက်ချက်အတိုင်း ဘယ်စာအုပ်ဘယ် ၀က်ဘ်ဆိုက်တ် ကမှ သင့်ဆရာဝန်နဲ့ အစားထိုးနိုင်မှာမဟုတ်တာမို့ သင့်ရဲ့မိသားစုဆရာဝန် ကို ရောဂါလက္ခဏာများကို ပွင့်ပွင့်လင်းလင်းဖွင့်ပြောတိုင်ပင်ဖို့ တိုက်တွန်းချင်ပါတယ်။



မူရင်း

1. Mayoclinicstaff. http://www.mayoclinic.com/health/urinary-tract-infection/DS00286. Mayoclinic; 2008; Available from: http://www.mayoclinic.com/health/urinary-tract-infection/DS00286.

2. ; Available from: http://en.wikipedia.org/wiki/Urinary_tract_infection.

မွန်းသက်ပန် (ဆေး ‐ ၁ )- Ref:health-ngoinmyanmar.org

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!