Popular Posts!

Sunday, September 30, 2012

ဒီမိုကရေစီရဲ့သီအိုရီ

မူရင်းဒီမိုကရေစီရဲ့သီအိုရီစာအုပ်ကို အွန်လိုင်းမှာတွေ့လို့တင်ပေးလိုက်ပါတယ်၊ ကျွှန်တော်ကနိုင်ငံရေး သမား  မဟုတ်လို့ နားမလည်ပါဘူး၊ ဒါပေမဲ့ လူ့အခွင့်အရေးဆိုတာဘာလဲဆိုတာနှင့်  အလွန်လိုက်စားတဲ့  ချစ်သူငယ်ချင်းနိုင်ငံရေးကျောင်းသားဟောင်းတွေရှိတဲ့အတွက် လေ့လာလို့ရအောင် တင်ပေးလိုက်ပါတယ်၊

ဒီမိုကရေစီ ဟူသည် (Democracy)

နိုင်ငံရေးတွေ တင်တာတော့ မဟုတ်ပါဘူးဗျာ... ခုခေတ်မှာ သိတဲ့အတိုင်း ဒီမို၊ ဒီမိုနဲ့ ဖြစ်နေကြတော့ စိတ်ပါဝင်စားသူများအတွက် အလွယ်တကူ ဖတ်လို့ရအောင် ကျွန်တော်ရှာထား၊ ဖတ်ထားတာလေးကို ပြန်ဝေမျှလိုက်ပါတယ်ဗျာ... :)

ဒီမိုကရေစီ (Democracy) သည် ခေတ်သစ်နိုင်ငံရေး အယူအဆများအနက် တန်ဖိုးအထားခံရဆုံးဖြစ်သည်။ ဒီမိုကရေစီ ဟူသောစကားရပ်မှာ ရှေးဟောင်းဂရိစကားလုံး demos (ပြည်သူလူထု) နှင့် kratos (အင်အား) မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူက အာဏာပိုင်စိုးသောစနစ် ဟုခေါ်သည်။ ပြည်သူအများစု စုပေါင်းပါဝင် အာဏာပိုင်စိုးသောစနစ်ဟုလည်း ဆိုနိုင်သည်။ စကားလုံးသဘောအရ ဒီမိုကရေစီ ဆိုသည့် အဓိပ္ပာယ်ကို အတိအကျ ဖော်ပြထားခြင်း မရှိသော်လည်း အဆုံးတွင် နိုင်ငံရေးအာဏာသည် အရွယ်ရောက်ပြီး ပြည်သူတစ်ရပ်လုံး လက်တွင်းသာရှိသည်။ အဖွဲ့၊ အုပ်စုငယ်များ၌ အုပ်ချုပ်ပိုင်ခွင့်မရှိဟု အဓိပ္ပာယ်ထက် အနည်းငယ်မျှသာပိုသည်။ ဒီမိုကရေစီဆိုသည်မှာ ၎င်းနှင့် တွဲပြီး ၀ိသေသပြုသည့် စကားလုံးစကားရပ်နှင့် ပူးတွဲမှသာ ပိုအသုံးဝင်သော အဓိပ္ပာယ်ထွက်သည်။ ဥပမာ လစ်ဘရယ်ဒီမိုကရေစီ (Liberal Democracy)၊ ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy)၊ ပါဝင်လုပ်ဆောင် ဒီမိုကရေစီ (Participatory Democracy)၊ တိုက်ရိုဒီမိုကရေစီ (Direct Democracy) စသည်တို့ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ဒီမိုကရေစီ၏ အနှစ်သာရမှာ ပြည်သူ့ထံမှ ဆင်းသက်လာသော အာဏာကို ပြည်သူတို့အတွက် ပြည်သူတို့ထံသို့ ပြန်လည်စီးဆင်းစေခြင်းပင်ဖြစ်သည်။

သမိုင်းအရ ဒီမိုကရေစီကို ဂရိမှ အေသင်နှင့် စပါတာမြို့ပြနိုင်ငံများမှ စကျင့်သုံးသည်။ ထိုစဉ်က အေသင်လူဦးရေမှာ မများသကဲ့သို့ အေသင်ဒီမိုကရေစီတွင် ပါဝင်သူနိုင်ငံသားဦးရေမှာလည်း များသည်ဟု မဆိုသာပေ။ လူဦးရေစုစုပေါင်း၏ သုံးပုံတစ်ပုံနီးနီးရှိ ကျွန်လူတန်းစားများနှင့် ကျန်သုံးပုံတစ်ပုံမျှ နိုင်ငံခြားသားများမှာ နိုင်ငံသားဟု သတ်မှတ်မခံရသဖြင့် ပါဝင်ခြင်းမရှိသလို နိုင်ငံသားများတွင်လည်း အရွယ်ရောက်ပြီး အမျိုးသားများသာ ပါဝင်ခွင့်ရသောကြောင့် အေသင်ဒီမိုကရေစီစနစ်မှာ များစွာ ကျဉ်းမြောင်းခဲ့သည်။

အေသင် ဒီမိုကရေစီစနစ်
အေသင်တွင်ရှိသော လူမျိုးစု ဆယ်စုမှ ရွေးချယ်ထားသော လူထုကောင်စီဖြင့် အစိုးရတာဝန်များကို ထမ်းဆောင်သည်။ လူမျိုးစုတစ်စုအတွက် ကိုယ်စားလှယ် ငါးဆယ်စီရွေးပြီး စုစုပေါင်း ငါးရာပါဝင်သောကြောင့် ငါးရာကောင်စီဟုလည်း ခေါ်သည်။ အချုပ်အခြာအာဏာမှာ ထိုကောင်စီလက်တွင်ရှိသော်လည်း အရေးကြီးကိစ္စရှိလျှင် လူထုအစည်းအဝေးသို့တင်ပြကာ သဘောတူညီမှုရယူသည်။ ပီရစ်ကလီး(၄၆၁-၄၃၁ ဘီစီ) လက်ထက်တွင် ထိုစနစ် ပီပီပြင်ပြင်ထွန်းကားခဲ့သည်။ လေးလတစ်ကြိမ်ကျင်းပသော လူထုအစည်းအဝေးကို အသက် ၂၀ ပြည့်ပြီး နိုင်ငံသားတိုင်း တက်ရောက်နိုင်ပြီး လူဦးရေ ၆၀၀၀ ကျော်ပါက အစည်းအဝေးထမြောက်သည်။ မဲခွဲဆုံးဖြတ်သဖြင့် တိုက်ရိုက်ဒီမိုကရေစီစနစ်သဘောဖြစ်သည်။ ကမ္ဘာပေါ်တွင် အစောဆုံး ပြည်သူကတိုက်ရိုက်အုပ်ချုပ်သော တိုက်ရိုက်ဒီမိုကရေစီစနစ် ဟုခေါ်နိုင်သည်။

စပါတာ ဒီမိုကရေစီစနစ်
စပါတာအုပ်ချုပ်ရေးသည် ရောနှောနေသော အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ စပါတာမြို့ပြနိုင်ငံကို စတင်တည်ထောင်ခဲ့သော စစ်ခေါင်းဆောင်နှစ်ဦးကို အာဏာတူဘုရင်အဖြစ် ခန့်အပ်ထားသည်။ အထက်လွှတ်တော် ဆီးနိတ်ပုံစံဖွဲ့စည်းထားသော အသက် ၆၀ ကျော် ကောင်စီဝင်သုံးဆယ် ပါဝင်သည့် ဂျီရူးရှ (Gerusia) ခေါ် ဥပဒေပြုကောင်စီ ရှိသည်။ ဘုရင်နှစ်ပါးမှာ ထိုထဲတွင် ပါဝင်သည်။ အသက် ၃၀ အထက် ယောက်ျားမှန်သမျှ ပါဝင်သည့် အယ်ပယ်လာ(Appella) ခေါ် လွှတ်တော်လည်း ရှိသည်။ တစ်နှစ်တစ်ကြိမ်ကျင်းပသော ထိုလွှတ်တော်တွင် ဥပဒေပြဌာန်းခြင်း၊ တိုင်းပြည်ရေး ဆွေးနွေးခြင်း၊ ကောင်စီဝင်များ ရွေးချယ်ခြင်း၊ ပြည်သူ့ကိုယ်စားလှယ်ငါးဦး(Ephors) ရွေးချယ်ခြင်း စသည့် ကိစ္စများ ဆောင်ရွက်သည်။ ထို အီဖော့စ်ငါးဦးနှင့် ဥပဒေပြုကောင်စီသာ အာဏာရှိပြီး ဘုရင်မှာ ရုပ်သေးသက်သက်သာ ဖြစ်သည်။ ရီပက်ဘလီကန် ဆန်သော ဒီမိုကရေစီဟုခေါ်နိုင်သော်လည်း လွှတ်တော်တက်ခွင့်ရသော လူဦးရေမှာ တစ်နိုင်ငံလုံး၏ ငါးရာနှုန်းသာရှိသည်။ ထိုကြောင့် လူနည်းစု ဒီမိုကရေစီ ဟုလည်း ခေါ်သည်။

လက်ရှိမျက်မှောက်ခေတ်တွင် တိုင်းနိုင်ငံများသည် လူဦးရေအဆမတန် များပြားလာသဖြင့် ဂရိမြို့ပြနိုင်ငံများခေတ်ကဲ့သို့ အုပ်ချုပ်ရေးတွင် ပြည်သူတိုက်ရိုက်ပါဝင်ရန် မဖြစ်နိုင်။ ထို့ကြောင့် သွယ်
ဝိုက်ဒီမိုကရေစီစနစ် သုံးစွဲကြသည်။ ပြည်သူက ရွေးချယ်သော ကိုယ်စားလှယ်များက ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ဆောင်ရွက်သည့် စနစ်ဖြစ်သည်။ ဒီမိုကရေစီအရ အစိုးရသည် ပြည်သူက တင်မြှောက်သော ကိုယ်စားလှယ်များဖြစ်ပြီး ၎င်းတို့ကို လျှို့ဝှက်မဲပေးစနစ်ဖြင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်။

တစ်ပါတီစနစ် နိုင်ငံများတွင် ဆိုရှယ်လစ်ဒီမိုကရေစီ ကို လက်ခံကျင့်သုံးကြသည်။ ထိုနိုင်ငံများတွင် တစ်ခုတည်းသောပါတီသည် ပြည်သူအများစုကြီးကို ကိုယ်စားပြုသည်ဟု ဆိုသည်။
လက်တစ်ဆုပ်စာ လူတစ်စုလက်တွင်း၌ ထင်ထင်ရှားရှား အာဏာရှိသော အဖွဲ့အစည်း (ဥပမာ- တတိယကမ္ဘာမှ ကွန်မြူနစ်နိုင်ငံများ) တွင် ဒီမိုကရေစီအပေါ် သတ်မှတ်ချက်အကဲဖြတ်မှုမှာ ကွဲပြားလာသည်။ ဒီမိုကရေစီမှာ အများပြည်သူက မအုပ်ချုပ်ဘဲ ပြည်သူလူထုက ၎င်းတို့အကျိုးအတွက် အုပ်ချုပ်ခံရခြင်းဟု အဓိပ္ပာယ်ဖွင့်ခဲ့ကြသည်။ မီးခေးလ်ဂေါ်ဗာချော့(Mikhail Gorbachev) စတင်သည့် ပြောင်းလဲမှုများမတိုင်မီ ဆိုဗီယက်ယူနီယမ်၏ အုပ်ချုပ်ရေးအား ကာကွယ်ပြောဆိုသူများက ဒီမိုကရေစီကျင့်သုံးမှုနှင့် ပတ်သက်ပြီး စီးပွားရေး လူမှုရေး တိုးတက်ပြောင်းလဲမှု မဖြစ်သေးသရွေ့ လေ့ကျင့်ပညာပေးမှုဖြင့် မွေးထုတ်လိုက်သော ဆိုရှယ်လစ်လူသားစစ်စစ် မပေါ်သရွေ့၊ ဆိုလိုသည်မှာ လူထုအနေဖြင့် မှားယွင်းသော အသိတရားအား ပပျောက်အောင် မလုပ်နိုင်သရွေ့ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်များသည် အသုံးမ၀င်ဘဲ အဆိုးကိုသာ ဖန်တီးပေးမည်ဟု ဝေဖန်ကြသည်။ ၎င်းတို့ စောဒကတက်သည်မှာ လူအများအမြင်သည် မှားယွင်းဖောက်ပြန်မှုမှ စင်စစ်မကင်းသေးဘဲ ၊ ထို့ပြင် မိမိတို့ အဓိကလိုအပ်ချက် မည်သည့်အရာဖြစ်သည်ကို ခွဲခြားနိုင်မှုမရှိသေးဘဲ ၎င်းတို့ ခေါင်းဆောင်များကိုသော်လည်းကောင်း ၊ နိုင်ငံရေးအခွင့်အရေးများကိုသော်လည်းကောင်း ဆုံးဖြတ်ချက်ချရန် မဖြစ်နိုင်ဟု ဆိုကြသည်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိကာလတွင် ဒီမိုကရေစီစနစ်သည် လူ့ဘောင်အတွက် အဆင်ပြေ၊ ကောင်းမွန်သော စနစ်၊ တရားမျှတသော စနစ်တစ်ခုအဖြစ် သတ်မှတ်ထားကြပြီ ဖြစ်ပါသည်။
Ref:thutakabar.blogs

Theories of Democratization

Authors: Welzel, C.
Publication Year: 2009
Publication Name: Democratization
Language: English

Abstract:

The chapter analyzes various theories of democratization and assesses their contribution to understand the driving forces of democratization processes.

Theories of Democratization Ref:worldvaluessurvey.org

Credit@

Tuesday, September 25, 2012

မြန်မာ့အနုပညာရပ်ဝန်း

မြန်မာ့အနုပညာတွေ ခေတ်မှီလာပါပြီ ရိုက်ချက်တွေလဲ! တော်တော်တက်လာကျပါပြီ! ကြည့်လိုက်ပါအုံး ဘာတွေလဲ?

ကမ္ဘာ့ထိပ်တန်း နိုင်ငံ့ခေါင်းဆောင်အဆင့်ဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်

ရွှေပြည်စိုး
စက်တင်ဘာ ၂၄၊ ၂၀၁၂
 
 
ကမ္ဘာ့ထိပ်တန်း နိုင်ငံ့ခေါင်းဆောင် အဆင့်ဝင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဟု ဆိုသည်နှင့်  မည်သူ ဖြစ် မည်ကို ချက်ချင်းသိမည်ဟု ယုံကြည် ပါသည်။ ထိုပုဂ္ဂိုလ်သည် ၂၁ ရာစု မြန်မာ့သမိုင်းတွင် တစ်ဦးတည်းသောကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် မြန်မာ့လူ့အခွင့်အရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါသည်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်များ အဓိကရှိအပ်သည့်အ ရည်အချင်းများမှာ ….
၁။ ဉာဏ်ပညာ အရည်အချင်း
၂။ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်
၃။ မိမိအကျိုးထက် နိုင်ငံအကျိုးကို ဦးစားပေးဆောင်ရွက်စိတ် စသည်တို့ရှိရန် လိုအပ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် သည်ထိုကဲ့သို့သောအရည်အချင်းနှင့် ပြည့်စုံသည့်အပြင် ကိုယ်ကျိုးစွန့်၊အနစ်နာခံ စည်းစိမ်ဥစ္စာစွန့်၊ မိသားစုစွန့်၊ နောက်ဆုံး အသက်ကိုပါစွန့်ရန် ဆုံးဖြတ်ထားပြီးသူဖြစ်သည်။ ဤအချက်များသည် အခြားသောကမ္ဘာ့ခေါင်းဆောင်များထက် သာလွန်သော အချက်များဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် မည်သို့ကမ္ဘာ့ထိပ်တန်းနိုင်ငံ့ခေါင်းဆောင်အဆင့်ဝင်ဖြစ်လာသည်ကိုမပြောမီ ဒေါ်စု၏ မိဘ နှစ်ပါးအကြောင်းကို ရှေးဦးစွာအကျဉ်းချုံး၍တင်ပြပါမည်။
● ဖခင် ဗိုလ်ချုပ်အောင်ဆန်း
ဒေါ်အောင်ဆန်းစုကြည်၏ဖခင်သည် တပ်မတော်ဖခင် လွတ်လပ်ရေးဗိသုကာ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် မြန်မာ သာမက ကမ္ဘာကပါ အသိအမှတ်ပြုခံရသူဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘဝကတည်းက ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌ (တကသ) ၏အာဘော်ဖြစ်သော အိုးဝေမဂ္ဂဇင်းအယ်ဒီတာ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (ဗကသ) ဥက္ကဌအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ကျောင်းသားဘဝကနေ နိုင်ငံရေးလောကသို့ကူးပြောင်းရာတွင်လည်း သခင်ကိုယ်တော်မှိုင်းဦးဆောင်သော ဒို့ဗမာအစည်း အရုံး (၁၉၃၈-၄၀)၊ ဗမာ့ထွက်ရပ်ဂိုဏ်း (၁၉၃၉ – ၄၀) အတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့သည်။ ဖဆပလပါတီ တည်ထောင်ရာတွင်လည်း ခေါင်းဆောင်တစ်ဦးအဖြစ်ပါဝင်ခဲ့ပါသည်။ ထိုသို့ မြန်မာ့လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်မှုများကြောင့် ၁၉၄၃ တွင်ဂျပန် ဧက ရာဇ်ဘုရင် Akihito က ဗိုလ်ချုပ်အောင်ဆန်းအား ဂျပန်သို့ဖိတ်ခေါ်ပြီး the Order of The Rising Sun ဘွဲ့ကိုချီးမြှင့်ခဲ့သည်။
● မိခင် ဒေါ်ခင်ကြည်
ဒေါ်ခင်ကြည်သည်မွန်မြတ်သော သူနာပြုအလုပ်ဖြင့်လုပ်ကိုင်ရင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ၁၉၄၂ ခုစက်တင်ဘာလတွင် အိမ်ထောင်ပြု သည်။ ဒေါ်ခင်ကြည်သည် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်ပြီးနောက် ၁၉၆၀ ပြည့် မေလတွင်အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံ အ မတ်ကြီးအဖြစ် ခန့်အပ်ခံရသည်။ ဇွန်လတွင် နီပေါနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ပေးအပ်ခြင်းခံရသည်။
ဒေါ်ခင်ကြည်သည် မြန်မာအမျိုးသမီးလောကတွင် ပထမဆုံးနှင့်တစ်ဦးတည်းသော အမျိုးသမီးသံအမတ်ကြီအဖြစ် မော်ကွန်းတင်ခံရပါ သည်။ ၇ နှစ်မျှ တာဝန်ထမ်းဆောင်ပြီး ၁၉၆၇ ခု ဇွန်လတွင် အငြိမ်းစားယူခဲ့သည်။
ဒေါ်ခင်ကြည်သည်ပြည်တွင်း၌ မွန်မြတ်သောသူနာပြုလုပ်ငန်းများနှင့် ပရဟိတလုပ်ငန်းများကို စေတနာသန့်သန့် ကိုယ်ကျိုးမဖက်ဘဲလုပ် ဆောင်မှုများကြောင့် ၁၉၄၇-၅၃ တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ ညွှန်ကြားရေးဝန်အဖြစ်လည်းကောင်း၊ ၁၉၅၃ -၅၈ တွင် ပြည်ထောင် စုမြန်မာနိုင်ငံ လူမှုဝန်ထမ်းကောင်စီ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကျန်း မာရေးနှင့် ပြည်ရေးပြည်ရာအဖွဲ့၊ ပြည်ထောင်စုမြန်မာနိုင်ငံ အ မျိုးသမီးအသင်းများကောင်စီ၊ ဒီမိုကရေစီသဘောတရား တိုးတက်ပြန့်ပွားရေးအသင်း စသည့်အသင်းအဖွဲ့များ၏ဥက္ကဌ အဖြစ်လည်းကောင်း မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်အသင်း၏ ကင်းထောက်ချုပ်၊ မြန်မာနိုင်ငံသူနာပြုတင်ကားတပ်ဖွဲ့ဝင် အမျိုးသမီးအုပ်ချုပ်ရေးမှူး၊ ရာမာ ခရစ်ရှနာသာသနာပြုဆေးရုံနှင့် စာကြည့်တိုက်ဒုဥက္ကဌစသည့်တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။
ဒေါ်ခင်ကြည်သည်နိုင်ငံ့အကျိုးပြည်သူ့အကျိုးများကို စွမ်းစွမ်းတမံဆောင်ရွက်မှုများကြောင့် ၁၉၅၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုက မြန်မာမိခင်ဘွဲ့၊ ၁၉၅၁ တွင် နိုင်ငံတော်အစိုးရက မဟာသီရိသုဓမ္မဘွဲ့၊ ၁၉၅၅ တွင် ယူဂိုစလားဗီးယားနိုင်ငံက မာရှယ်တီးတိုးယူဂိုစလပ်ကြယ် (ဒုတိယအဆင့်) နှင့် ထိုင်းနိုင်ငံဥသျှောင်အဖွဲ့က နိုဘယ်အော်ဒါဘွဲ့ (ဝါ) အမြင့်မြတ်ဆုံးဆုတံဆိပ်တို့ကို ချီးမြှင့်ခြင်ခံခဲ့ရပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ့အကျိုး ပြည်သူ့အကျိုးများကိုထမ်းဆောင်ခဲ့ကြသော ဂုဏ်သိက္ခာရှိ မိဘနှစ်ပါးမှဆင်းသက်လာသူဖြစ်၍ ဒေါ်စုသည်လည်း မိဘနှစ်ပါး၏ မွန်မြတ်သောလုပ်ငန်းများကို သမိုင်းပေးတာဝန်တရပ်အနေဖြင့် ယနေ့တိုင်ဆက်လက်ထမ်းဆောင်လျှက်ရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည် မည်သို့ကမ္ဘာထိပ်တန်းနိုင်ငံ့ခေါင်းဆောင် အဆင့်ဝင်ဖြစ်လာသည်မှာ အောက်ပါအကြောင်းအချက်များက အ ထောက်အကူပြု ပံ့ပိုးမှုများကြောင့်ဖြစ်ကြောင်း ဆက်လက်ရှင်းပြပါမည်။ ဒေါ်အောင်ဆန်းစုကြည်၏ …
၁။ ပညာအရည်အချင်းနှင့် ဘာသာစကား
ဒေါ်အောင်ဆန်းစုကြည်၏ပညာအရည်အချင်းကကမ္ဘာထိပ်တန်းနိုင်ငံခေါင်းဆောင်အဆင့်ဝင်စေခဲ့ပါသည်။ ဒေါ်စုသည် အိန္ဒိယနိုင်ငံ နယူး ဒေလီမြို့ရှိ နိုင်ငံရေးသိပ္ပံပညာရပ်ကို သင်ယူခဲ့သည်။ (၁၉၆၂-၆၃) ဒေါ်အောင်ဆန်းစုကြည်သည် ဒဿနိကဗေဒ၊ နိုင်ငံရေးသိပ္ပံ ၊စီပွားရေး ပညာရပ်များဖြင့် ဝိဇ္ဇာဘွဲ့ (B.A.) ကို Oxford University St Hugh’s College မှ ရရှိသူဖြစ်ပါသည်။ (၁၉၆၄-၆၇) ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးစင်တာတွင် ဧည့်ပညာရှင်အဖြစ် ဆည်းပူးခဲ့သည်။ (၁၉၈၅-၈၆)
ဘာသာစကားအရ အင်္ဂလိပ် ပြင်သစ် ဂျပန်ဘာသာစကားများကို ကောင်းစွာရေးပြောနိုင်သူ လည်းဖြစ်သည်။
၂။ အလုပ်အကိုင်နှင့်အတွေ့အကြုံ
ဒေါ်အောင်ဆန်းစုကြည်သည် ဘာသာရပ်အမျိုးမျိုးကိုသင်ယူထားသည်ဖြစ်၍အလုပ်လုပ်ရာ တွင် ဒေါ်အောင်ဆန်းစုကြည်သည်ဘာသာရပ်အမျိုးမျိုးကိုသင်ယူထားသည်ဖြစ်၍ အလုပ်လုပ်ရာတွင် အလွန်အလွန်အဆင်ပြေပါသည်။ ရှေးဦးစွာလန်ဒန်တက္ကသိုလ်အာရှအရှေ့ပိုင်းအာ ဖရိကသုတေသနဌာနတွင်နိုင်ငံရေးဆိုင်ရာပညာရပ်များကိုကူညီသင်ကြားပေးကြောင်း (၁၉၆၈) အမေရိကန် နယူးယောက်မြို့ ကုလသမဂ္ဂအတွင်းဝန်များရုံး၏အုပ်ချုပ်မှုနှင့် ဘတ်ဂျက်မေးခွန်းများဆိုင်ရာအကြံပေးကော်မတီတွင် လက်ထောက်အတွင်းရေးမှူးအဖြစ်၎င်း (၁၉၆၉-၇၁)၊ ဘူတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သုတေသနအရာရှိအဖြစ်၎င်း (၁၉၇၂)၊ အောက်စဖို့တက္ကသိုလ် ဂါးဒီးယန်းစာကြည့်တိုက် တွင်တာဝန်ခံအဖြစ်၎င်း (၁၉၇၅-၇၇) စသည့်နှစ်များတွင် ထမ်းဆောင်ခဲ့ပါသည်။
၃။ စိတ်ဓာတ်
ဒေါ်အောင်ဆန်းစုကြည်၏စိတ်ဓာတ်သည် ပျော့ပြောင်းသလောက်ခိုင်မာသည်ကိုတွေ့ရသည်။ “ပျော့လျှင်ဖယောင်း မာလျှင်သံချောင်း” စ ကားပုံအတိုင်း ပျော့လျှင်အလွန်ပျော့၍ မာလျှင်အလွန်မာတတ်သည်ကို တွေ့ရပါသည်။
● ပျော့လျှင်ဖယောင်း
ဒေါ်အောင်ဆန်းစုကြည်သည်သူများအပေါ် သနားကြင်နာကိုယ်ချင်းစာစိတ် ရှိသည်။ရိုးသားဖြူစင် ဖြောင့်မတ်သည်။ သူတပါးအပေါ်လိမ်ညာ လှည့်စား လက်တလုံးခြားမလုပ်တတ်။ ဒုက္ခရောက်နေသူများကိုကူညီကယ်တင်လိုစိတ် အမြဲတမ်းရှိသည်။ အထင်ရှားဆုံးသာဓကမှာ – ဒုက္ခရောက်နေသောအမေရိကန်နိုင်ငံသား John WilliamYeattaw ကို၂၀၀၉ခုနှစ် မေလဆန်းကကယ်တင်မိ၍ ဒေါ်စုမှာ အိမ်အကျယ်ချုပ် လွတ်ခါနီးမှ သက်တမ်းတနှစ်ခွဲထပ်တိုးခံရခြင်းသည် ဒေါ်စု၏ ဒုက္ခသည်အပေါ်သနားကြင်နာမှု၏ သာဓကတခုဖြစ်သည်။




● မာလျှင်သံချောင်း
ဒေါ်အောင်ဆန်းစုကြည်၏စိတ်ဓာတ်သည် ကိုယ်ရေးကိုယ်တာနှင့်ပတ်သက်လျှင် ပျော့ပြောင်းသော်လည်း တိုင်းပြည်နှင့်လူမျိုးအတွက်ဖြစ် လျှင် ယောက်ျားကြီးများထက်၊ စစ်ဗိုလ်ချုပ်ကြီးများထက် စိတ်ဓာတ်ခိုင်မာသည်။ မည်သူမျှ မိမိ၏မိသားစုများကို မစွန့်လွှတ်နိုင် မစွန့် လွှတ်ရက်ကြပါ။ သို့သော်ဒေါ်စုသည် မိသားစုများကိုလည်း စွန့်လွတ်နိုင်သည်၊ တစ်ယောက်တည်းနေထိုင်ပြီးမည်သူနှင်မျှမတွေ့ရ၊ စကားမ ပြောရ မည်သည့်နေရာသို့မျှ မသွားရလည်း မည်သို့မျှတုန်လှုပ်ချောက်ခြားခြင်းမရှိ။စိတ်အားမငယ်၊ စိတ်ဓာတ်မကျ၊ ပကတိအကောင်းအ တိုင်းဖြစ်သည်။ သီလသမာဓိရှိခြင်းကြောင့်ဖြစ်သည်ဟု ယူဆရပါသည်။ ဤအချက်များသည် ဒေါ်စု၏ ခိုင်မာသောစိတ်ဓာတ်ကိုပြသ ခြင်းဖြစ်သည်။



၎။ ရက်ရောသော အလှူရှင်
ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အလျောက် လှူတန်းရာတွင် အလွန်ရက်ရောသည်။ စံတင်လောက်ပါသည်။၂၁ ရာစု မြန်မာ့သမိုင်းတလျောက်လုံး ဒေါ်အောင်ဆန်းစုကြည်လောက် အလှူရက်ရောသူမတွေ့ဘူး မကြားဘူးသေးပါ။ နဝတ နအဖခေတ်တ လျောက်လုံးအချမ်းသာဆုံးဟု မြန်မာလူထုကယုံကြည်ထားသည့် နအဖဥက္ကဌကြီး ဗိုလ်ချုပ်မှူးကြီသန်းရွှေ၏လူယုံတော်ဖြစ်ဟုလည်း စီးပွား ရေးသမားများက အသိအမှတ်ပြုထားသည့် ဦးတေဇက အလှူအတန်းများများလှူသည်ဟု တခံမှမကြားဖူးပါ။ ဒေါ်စုလှူသည့်အရေအတွက်၏ ၂၅% ခန့်ပင်မရှိဟု ယူဆရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အလှူရက်ရောမှုကို ကြည့်ပါ။


ဒေါ်အောင်ဆန်းစုကြည်သည်နအဖစစ်အစိုးရကိုလက်နက်မပါ၊အကြမ်းမဖက်သောနည်းဖြင့်ဒီမိုကရေစီနှင့်လူ့အခွင့်အရေးရရှိရေးအတွက်ကိုယ်ကျိုးစွန့်အနစ်နာခံကာတိုက်ပွဲဝင်နေမှုကို ထောက်ခံအားပေးသောအားဖြင့်နိုင်ငံတကာမှ ချီးမြှင့်သောဂုဏ်ထူးဆောင်ဆုများတွင် ငွေ သားနှင့်တွဲပါသောဆုများလည်း ပါဝင်ပါသည်။ ငွေသားနှင့်တွဲပါသော ပထမဆုံးဆုသည် ၁၉၉၁ ခုနှစ်အတွက် နော်ဝေနိုင်ငံမှချီးမြှင့်သည့် အမေရိကန်ဒေါ်လာ ၁.၃ သန်း (U.S. $1.3 millions) ပါသော နိုဘယ်လ်ငြိမ်းချမ်းရေးဆု (Nobel Peace Prize) ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်က ထိုငွေများကို ၎င်း၏ကိုယ်ကျိုးအတွက်မသုံးဘဲ မြန်မာပြည်သူလူထုလိုအပ်လျက်ရှိသော ကျန်းမာရေးနှင့်ပညာရေးအတွက်အသုံးပြုမည်ဟုကမ္ဘာသိ ကြေညာခဲ့သည်။ ၎င်းပြင် လေ့လာမိသမျှ ငွေသားပါဆုများမှာ ၂၀၀၂ ခုနှစ် အောက်တိုဘာလက UNESCO – Madanjeet Singh Prize U.S.$1,00,000၂၀၀၃ ခုနှစ် ဧပြီလက အမေရိကန်အခြေစိုက် Al Neuharth Free Spirit Award $1 million၊ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလက ဆွီဒင်နိုင်ငံအခြေစိုက် Olof Palm Prize (for 2005) U.S. $50,000၊ ၂၀၀၇ ခုနှစ်၊ မတ်လက အိန္ဒိယနိုင်ငံကာ လကတ္တားမြို့မှ နေတာချီ ဆူဘတ်စ်ချန်ဒရာဘို့စ်ဆု – အိန္ဒိယ ရူပီငွေ ၁ သိန်း၊ ၂၀၀၉ ခုနှစ် မေလက တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှ Kim Dae Jung Award U.S.$ 10,000 တို့ဖြစ်ပြီး စုစုပေါင်း ချီးမြှင့်ပြီးသော ငွေသားမှာ U.S.$ 2,460,000 ဖြစ်ကြောင်း သိရပါသည်။ (အ ထက်ဖော်ပြပါ ဆုချီးမြှင့်သူ စာရင်းနှင့်ငွေစာရင်းများမှာ ပြီးပြည့်စုံသည်ဟု မယူဆပါ။ လက်လှမ်းမမီ၍ မသိလိုက်သည်များလည်းရှိနိုင်ပါ သေးသည်။
အထက်ပါ ဆုငွေအဖြစ်ရရှိသောငွေများကို ဒေါ်အောင်ဆန်းစုကြည်က ကိုယ်ကျိုးအတွက်မသုံးဘဲ တိုင်းသူပြည်သားများလိုအပ်လျက်ရှိ သောကျန်းမာရေးနှင့် ပညာရေးတို့အတွက် အသုံးပြုမည်ဖြစ်ကြောင်းကြေညာထားပြီးဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာကချီးမြှင့်သည့်ဆုငွေများကိုသာ ကျန်းမာရေး၊ ပညာရေးအတွက်လှူဒါန်းသည်မဟုတ်၊ ပြည်တွင်း ၌လည်း အခါအားလျော်စွာ ပေးကမ်းလှူဒါန်းလျက်ရှိသည်။ မကြာသေးမီကဖြစ်ပွားခဲ့သောပုသိမ်ရေဘေးဒုက္ခသည်များအား ငွေကျပ်သိန်း၂၀ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရပါသည်။
Ref:(ဧရာဝတီ၊ ၁ စက်တင်ဘာ၊ ၂၀၁၂)
 

ရန်ကုန်မြို့ဧရိယာ မြေဧကလေးသောင်း တိုးချဲ့ရန် သမ္မတခွင့်ပြု

ရန်ကုန်မြို့တော်တိုးချဲ့ရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြေဧက လေးသောင်းကို စက်တင်ဘာ ၁၄ ရက်တွင် ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအကြံပေးမြို့ပြဆောက်လုပ်ရေးပညာရှင် ဒေါက်တာ ကျော်လတ်က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆက်လက်မေးမြန်းရာ “အခုနေပြောရင် မြေဈေးတွေ တက်သွားမှာစိုးလို့ နှစ်ပတ်လောက်နေမှ ရှင်းပြပါမယ်”ဟု ဒေါက်တာကျော်လတ်က ဆိုသည်။ သို့သော် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီကြီးများကမူ ရန်ကုန်မြို့ တစ်ဖက်ကမ်းဖြစ်သော ဒလနှင့်ကြည့်မြင်တိုင် တစ်ဖက်ကမ်းတို့တွင် တိုးချဲ့နိုင်ကြောင်း ခန့်မှန်းပြောဆိုကြသည်။
ယခု လျာထားသည့် မြေဧကလေးသောင်းမှာ နှစ် ၃၀ စီမံကိန်း ဖြစ်ကြောင်းဖြင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက စက်တင်ဘာ ၁၄ ရက်တွင် ပြုလုပ်သော မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း နှစ်ပတ်လည်ပွဲ၌ ပြောကြားခဲ့သည်။
“ကြားတာကတော့ များတယ်။ နောက်ဆုံးကြားတာတော့ လှိုင်သာယာလည်းပါတယ်။ မရမ်းကုန်း၊ ဒဂုံအရှေ့၊ ဒလနဲ့ ကွမ်းခြံကုန်းတို့လည်း ပါတယ်”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦးကပြောသည်။ အဆိုပါ သတင်းများကြောင့် ယခုရက်ပိုင်းတွင် ထိုမြို့နယ်များရှိ မြေဈေးများမှာ မြင့်တက်လာကြောင်း ဦးသန်းဦးကဆိုသည်။
ရန်ကုန်မြို့ တစ်ဖက်ကမ်းတွင်ရှိသော သီလ၀ါရေနက်ဆိပ်ကမ်း၌ အထူးစီးပွားရေးဇုန် တည်ဆောက်ရန် ဧကခြောက်ထောင် လျာထားပြီး ၂၀၁၃ ခုနှစ်တွင် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ သြဂုတ်လ ၁၃ ရက်က ပြုလုပ်သော စီမံကိန်းကော်မရှင် အစည်းအဝေးတွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၏ City Plan များကို လေ့လာဆွေးနွေး အကောင်အထည်ဖော်သွားရန် ညွှန်ကြားခဲ့သည်။
Ref:7daynewsjournal

ဆားရောဂါကဲ့သို့ ပဟေဠိဆန်သောဗိုင်းရပ်စ်ပိုး အသစ်တမျိုးကြောင့် ဖျားနာ၍ (၂)ဦးသေဆုံး။

by FNG on September 25, 2012
 
2900668056922_highအောင်ပန်၊ ၊အသက် (၄၉) နှစ်အရွယ်ရှိ အမျိုးသားတဦးသည် ရက်သတ္တပါအနည်းငယ်ကဆော်ဒီအာရေဗီးယားနိုင်ငံ၊Riyadh ပြည်နယ်အတွင်း သို့အလည်အပါတ်သွား ခဲ့ရမှာ ဗိုင်းရပ်(စ)တမျိုး ကူးစက် ခဲ့ပြီး အသက်ရူခက်ခဲစေ သောဖျားနာမှု ကြောင့် ကာတာနိုင်ငံမှတဆင့် အထူးဆေးကုသ လေယာဉ်ဖြင့် လန်ဒန်ရှိဆေးရုံသို့ ဆေးကုသခံ ရန် ရောက်ရှိလာခဲ့သည်။အသက်ရှုရန်ခက်ခဲပြီး ဖျားနာ နေသောဝေဒနာရှင်အားစစ်ဆေးရာတွင်အမျိုးအမည် မသိရသောဗိုင်းရပ်စ်ရောဂါပိုးကြောင့်ဝေဒနာခံစားနေရမှုကို ကြိုးစားကုသနေရသည်။တချိန်တည်းမှာပင် အဆိုပါ ပဟေဠိဆန်သောဗိုင်းရပ်စ်ပိုးကြောင့်ဆော်ဒီအာရေဗီယားနိုင်ငံတွင်လူ (၂)ဦး သေဆုံးခဲ့သည်။ကျမ္မာရေးကာကွယ်ရေးအေဂျင်စီ(HPA) အဆိုပါ ပဟေဠိဆန်သောဗိုင်းရပ်စ်သည် လူသားမျိုးနွယ်များတွင် ဖြစ်ပွားခဲ့ဘူးသော မည်သည့်ဗိုင်းရပ်စ်ရောဂါပိုးမျိုးများနှင့်တူညီမှုမရှိဘဲ အသစ်တွေ့ရှိသောဗိုင်းရပ်စ်ရောဂါပိုးအသစ်တခုဖြစ်နေကြောင်းကြေညာလိုက်သည်။ HPA မှပရော်ဖက်ဆာ John Watson က ပဟေဠိဆန်သောဗိုင်းရပ်စ်ပိုးကြောင့် အရှေ့အလယ်ပိုင်းတွင် လူ(၂)ဦးသေဆုံးသွားခဲ့သည်မှာ မှန်ကန်ကြောင်းအတည်ပြုပြောဆိုခဲ့ပြီး လန်ဒန်တွင်ဆေးကုသခံနေသူနှင့်ဆက်နွယ်သူများကိုစစ်ဆေးခဲ့ပြီးကြောင်း ပြောဆိုခဲ့သည်။HPA ဌာနမှ ကမ္ဘာကျမ္မာရေးအဖွဲ့(WHO) သို့ အဆိုပါ ဗိုင်းရပ်စ်အားကမ္ဘာ့သို့WHO နှင့် ဥရောပနိုင်ငံမှ ထိမ်းချုပ်နိုင်ရေးအတွက် တပ်လှန်ကထားခဲ့သည်။ပဟေဠိဆန်သောဗိုင်းရပ်စ်ပိုးကို ၂၀၀၂ ခုနှစ်၊ဂျူလိုင်လကဖြစ်ပွား ဆားရောဂါကဲ့သို့ အခြားနိုင်ငံများ သို့ ကူးစက်မသွားစေရန်အတွက် အထူးထိမ်းချုပ်မှုလိုအပ်ကြောင်းပြောဆိုလိုက်သည်။ ဆားရောကို အာရှတိုက်ရှိ ဟောင်ကောင်မှ စတင်ဖြစ်ပွားခဲ့သည်ဟု ယူဆရကာ နိုင်ငံပေါင်း (၄၂)နိုင်ငံသို့ကူး စက်ပြန့့် နှံခဲ့သည်။ဆားရောဂါကို လူနာပေါင်း (၈၄၂၂) ယောက်ရောဂါဝေဒနာခံစားခဲ့ရပြီး (၉၁၆)ဦးသေဆုံးခဲ့ရသည်။
SARS
Ref:FNG

Saturday, September 22, 2012

လူထုလှုပ်ရှားမှုနှင့် ဒီမိုကရေစီပြောင်းလဲခြင်းဖြစ်စဉ်

အခုတလော လူထုဆန္ဒပြတွေ တောက်လျှောက်ပြနေကျတာကိုတွေ့လို့  ဒီမိုကရေစီနှင့်ပတ်သက်တဲ့ သတင်းဆောင်းပါးတွေကို အက်တာနက်မှာလိုက်ရှာရင်းနှင့် ခင်မမမျိုးစီမှာတွေ့လို့ ကူးယူတင်ပေး လိုက် ပါတယ်၊
 
 

လူထုလှုပ်ရှားမှုနှင့် ဒီမိုကရေစီပြောင်းလဲခြင်းဖြစ်စဉ်



ဒီမိုကရေစီဆိုတာ စနစ်တခုဖြစ်ပါတယ်။ စနစ်တခုဖြစ်တာကြောင့် တည်ဆောက် ယူရပါတယ်။ "တချို့က ဒီမိုကရေစီဆိုတာ ကို အာဏာရှင်တွေဆီက တောင်းယူလို့ ရမယ်လို့ ထင်တတ်ကြပါတယ်။"
ဒါပေမယ့် အာဏာရှင်ဆိုတာက အာဏာရှင်စနစ်ကို တည်ဆောက်နေ သူများဖြစ်တာကြောင့် အာဏာရှင်ဆီမှာ မရှိတဲ့ ဒီမိုကရေစီကို တောင်းယူလို့ မရပါ။ ဒီတော့ တောင်းယူလို့ မရရင် တိုက်ယူလို့ ရမလားလို့ မေးစရာရှိလာပါတယ်။ တိုက်ယူတယ်လို့ ဆိုရင်တော့ မရပါဘူး။ တိုက်တာကတော့ တိုက်ရပါမယ်။ လူထုတိုက်ပွဲအသွင်နဲ့ပဲဖြစ်ဖြစ်၊ လက်နက်ကိုင်တိုက်ပွဲအနေနဲ့ဖြစ်ဖြစ်၊ နိုင်ငံတကာအကူအညီ ပေါင်းစပ် ပါဝင်မှုနဲ့ပဲဖြစ်ဖြစ် တိုက်ရပါမယ်။ နိုင်ငံတကာအကူအညီ ပေါင်းစပ်ပါဝင်မှုလို့ပဲ ဆိုထားပါတယ်။ နိုင်ငံတကာတိုက်ပွဲနဲ့လို့ ဆိုလိုတာ မဟုတ်ပါ။ နိုင်ငံတကာက စစ်မျက်နှာ တခုအနေနဲ့ပဲ အသုံးဝင်ပါတယ်။ ဒီလိုတိုက်ရာမှာ အာဏာရှင်စနစ်ဆိုတဲ့ စနစ်ကို တိုက်ရပါမယ်။ စနစ်ရဲ့ ဆိုးကျိုးတွေကို ဖော်ထုတ်ရပါမယ်။ အာဏာရှင်စနစ်ကို တိုက်ပြီး ဒီမိုကရေစီစနစ် ကို တည်ဆောက်ယူရပါမယ်။ ဒီမိုကရေစီ ပြောင်းလဲခြင်း ဖြစ်စဉ်မှာက သဏ္ဍာန်အမျိုးမျိုးရှိပါတယ်။


ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်အသွင်သဏ္ဍာန်များ 
 
အချို့က ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုပေါ်မှာ အခြေတည်တဲ့ ပြောင်းလဲမှုဖြစ်စဉ်ကို လက်ခံယုံကြည်ကြပါတယ်။ ဒီဖြစ်စဉ် အရဆိုရင် ဒီမိုကရေစီစနစ် တည်ဆောက်မှု မတိုင်ခင်မှာ စီးပွားရေးတိုးတက်မှုရှိရမယ်၊ civil society အားကောင်းဖို့ လိုအပ်မယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် စီးပွားရေး၊ လူမှုရေးတိုးတက်မှုကို ဦးစားပေးလုပ်ဆောင်ရမယ်လို့ ဆိုကြပါတယ်။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ဒီမိုကရေစီ စနစ်တည်ဆောက်တဲ့အခါ ဒီလိုစီးပွားရေး၊ လူမှုရေးတိုးတက်မှုတွေ မရှိရင် ဒီမိုကရေစီစနစ်ကို ခိုင်မြဲအောင်တည်ဆောက်ဖို့ မဖြစ်နိုင်ကြောင်း ထောက်ပြပြောဆိုကြပါတယ်။ နိုင်ငံရေးပညာရှင် Lipset က စီးပွားရေးတိုးတက်လာတာနဲ့အမျှ ဒီမိုကရက်တစ် အုပ်ချုပ်ရေးစနစ် အကောင်အထည်ပေါ်လာနိုင်မယ့် အခွင့်အရေးတွေကို စီးပွားရေးတိုးတက်မှုနဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တွေနဲ့ ဆက်နွယ်ပြီး အဆိုပြုထားခဲ့ပါတယ်။
 
ပညာရှင် Huntington ကလဲ ဒီမိုကရေစီစနစ် တည်ဆောက် ဖို့အတွက် လူထုလှုပ်ရှားမှုတွေ၊ သမဂ္ဂလှုပ်ရှားမှုတွေ နည်းပါးရမယ်လို့ အဆိုပြုထားပါတယ်။ လူထုလှုပ်ရှားမှုတွေကို ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးအဖြစ် တည်ဆောက် ပြီးမှသာ ခွင့်ပြုရမယ်လို့ သူ့ရဲ့ ခေတ်သစ် modernization theory မှာ ဖော်ပြထားပါတယ်။ ပညာရှင် Moore ကကျတော့ Lipset ရဲ့ လူမှုရေး၊ စီးပွားရေး တိုးတက်မှု လိုအပ်ချက် အခြေအနေတွေကို လက်ခံထားခဲ့ပေမယ့် လူထု လှုပ်ရှားမှုတွေကလဲ အရေးကြီးကြောင်း ပထအလှိုင်း ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်လို့ ခေါ်ဆိုကြတဲ့ အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုနိုင်ငံတွေကို ဥပမာပေးပြီး ဆိုထားခဲ့ပါတယ်။ ဒီသဏ္ဍာန်ဟာ နိုင်ငံအချို့ရဲ့ ပြောင်းလဲမှုဖြစ်စဉ်မှာ မှန်ကန်ပေမယ့် ပေါ်တူဂီ၊ ဂရိ၊ ပီရူး တို့မှာကျတော့ မမှန်ကန်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံတွေမှာ စီးပွားရေး၊ လူမူရေး တိုးတက်မှု preconditions တွေ မရှိပဲ ဒီမိုကရေစီစနစ် အကောင်အထည်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံကြီးတွေဖြစ်တဲ့ အာဂျင်တီးနား၊ ဘရာဇီး၊ ချီလီ၊ တောင်ကိုးရီးယားနိုင်ငံတွေမှာကျတော့ ဒီမိုကရေစီပြောင်းလဲမှုက ဒီဖွံ့ဖြိုးဆဲနိုင်ငံလေးတွေနောက်မှာမှ စတင်ခဲ့တာဖြစ်ပါတယ်။

တချို့ကကျတော့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ဆိုတာကို transitology ဆိုတဲ့ elite တွေကပဲ ဦးဆောင်ပြောင်းလဲတဲ့ ဖြစ်စဉ်အနေနဲ့ ရှုမြင်ကြပါတယ်။ ဒီဖြစ်စဉ်မှာကျတော့ resurrection of Civil Society ဆိုတဲ့ အခြေအနေက အဓိကကျပါတယ်။ ဒီအခြေအနေက ပြည်သူလူထု၊ ကျောင်းသား၊ အလုပ်သမား၊ ဘာသာရေးအဖွဲ့အစည်းတွေအားလုံးက ကနဦးဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် (Initial democratization) ကို လူထုအားနဲ့ တွန်းအားပေးလိုက်တာဖြစ်ပါတယ်။ ဒီပြောင်းလဲမှုဖြစ်စဉ်မှာ လူထုရဲ့ အခန်းကဏ္ဍက Initial democratization ကို စတွန်းခဲ့တဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီးတွေမှာ ဆန္ဒပြပွဲတွေ၊ street theatre တွေမှာ ပါဝင်မှုဖြစ်ပါတယ်။

ဒီလိုတွန်းအားပေးလိုက်တဲ့အခါမှာ အာဏာရှင်အုပ်စုနဲ့ ဒီမိုကရေစီအုပ်စုဆိုတဲ့ အင်အားစုကြီးနှစ်ရပ်ထွက်ပေါ်လာပါတယ်။ ဒီအုပ်စုနှစ်ရပ်ကနေ ခေါင်းဆောင် elite တွေ ပေါ်ထွက်လာပါတယ်။ ဒီ elites တွေဟာ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကနေ ပေါ်ထွက်လာတာဖြစ်ရုံမက လှုပ်ရှားမှုရဲ့ ရလာဒ်ကိုပါ ထိန်းချုပ်နိုင်တဲ့ အင်အားစုတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ် ဆက်လက်အကောင်အထည် ဖော်ဆောင်နိုင်လား၊ ရပ်တန့်ပြီး political deadlock ဖြစ်သွားလာဆိုတာကတော့ ဒီမိုကရေစီဘက်က ခေါင်းဆောင်တွေဟာ လူထုတိုက်ပွဲအရှိန်ကောင်းစဉ်မှာ ဖွဲ့ရမယ့် အတိုက်အခံဦးဆောင်ကြားဖြတ်အစိုးရ (သို့မဟုတ်) အာဏာရှင်နဲ့ တွဲဖက်ဖွဲ့စည်းရမယ့် ပါဝါရှယ်ယာ ကြားဖြတ်အစိုးရ စတဲ့ကြားဖြတ်အစိုးရတွေကို ဖွဲ့စည်းနိုင်တဲ့ အရည်အချင်းနဲ့ အမြော်အမြင်ရှိမရှိ ဆိုတာမှာ မူတည်ပါတယ်။ ဒါကြောင့် ဒီပြောင်းလဲမှုဖြစ်စဉ် မအောင်မြင်ဖူးဆိုရင် ဒါဟာ လူထုကြီးကြောင့် မဟုတ်ပဲ လူထုကြီးရွေးချယ်လိုက်တဲ့ elite တွေရဲ့ အရည်အချင်း၊ အတွေးအခေါ်၊ စီမံလုပ်ကိုင်ပုံတွေနဲ့ပဲ ဆိုင်ပါတယ်။

ဒီလိုနဲ့ ဒီ elite တွေက ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို အကောင်အထည် မဖော်နိုင်တော့ဘူးဆိုတာ သေချာလာတဲ့အခါ နောက်တကြိမ် လူထုတိုက်ပွဲတွေ ထပ်မံ ပေါ်ထွက်ရပြန်ပါတယ်။ cycle of protests လို့ခေါ်ဆိုနိုင်ပါတယ်။ အဲဒီအခါမှာ ဒီလူထုတိုက်ပွဲတွေကနေ elite တွေ ထပ်ထွက်လာနိုင်ပါတယ်။ ဒီဖြစ်စဉ်မှာ တခုသတိထားစရာရှိတာက ရှေ့ပိုင်း လူုထုတိုက်ပွဲတွေက elite တွေရဲ့ အခန်းကဏ္ဍပဲဖြစ်ပါတယ်။ လူထုတိုက်ပွဲတွေဖြစ်လာပြီး ထပ်မံပေါ်ထွက်လာတဲ့ elite အသစ်တွေက ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို အောင်အောင်မြင်မြင် စတင်သွားမှာကို ရှေ့က တချို့ elite တွေက စိုးရိမ်တတ်ပါတယ်။ ဒီအခါမှာ ဒီလိုစိုးရိမ်တဲ့ elite တွေထဲမှာ လုပ်ဆောင်ပုံ ပုံစံနှစ်မျိုးထပ်ထွက်လာပါတယ်။ ပထမတမျိုးက လူထုတိုက်ပွဲတွေ ထပ်ပြီး မပေါ်လာအောင် နည်းမျိုးစုံနဲ့ တားဆီးတာဖြစ်ပါတယ်။ ရှေ့လဲမတက်၊ နောက်လဲ မဆုတ်တဲ့ ပိုနေမြဲ၊ ကျားနေမြဲပုံစံပါ။

ဒုတိယတမျိုးကတော့ လူထုလှုပ်ရှားမှု အားကောင်းလာတဲ့အခါ နေရာဝင်ယူဖို့ ကြိုးစားတာတွေဖြစ်ပါတယ်။ ခေါင်းဆောင်သစ်တွေ ထပ်မထွက်လာအောင် ရှေ့ပိုင်းကနေ ပိတ်ပင်ထားမှုတွေ လုပ်လေ့ရှိပါတယ်။ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ် မှာ political deadlock ဖြစ်သွားတဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီ အင်အားစုတွေအကြားမှာ ဖြစ်လေ့ရှိတဲ့ နေရာယူမှုတွေ၊ အချင်းချင်း တိုက်ခိုက် ပြောဆိုမှုတွေ၊ မျိုးဆက်သစ်လက်ဆင့်ကမ်းမှု အားနည်းတာတွေ၊ မအောင်မြင်ခဲ့တဲ့ အတွေ့အကြုံနဲ့ ဖြတ်သန်းမှုကိုပဲ တိုင်းတာသတ်မှတ်နေတာတွေ အားလုံးဟာ ဒီသဘောတရားမှာ အခြေတည်ပါတယ်။ ဒီမိုကရေစီအင်အားစုတွေမှာ ဒီလို elite တွေများနေရင် နောက်တကြိမ်လူထုတိုက်ပွဲကနေ ထပ်ထွက်လာမယ့် elite တွေရဲ့ အခန်းကဏ္ဍကို ကန့်သတ်လိုက်သလို ဖြစ်သွားတာကြောင့် ပြောင်းလဲမှုဖြစ်စဉ် အောင်မြင်ဖို့ ခက်ခဲတတ်ပါတယ်။ အမြော် အမြင်ကြီးမှု၊ ကိုယ်ကျိုးထက် အများအရေးကို ဦးစားပေး စဉ်းစားမှုတွေရှိဖို့က ဒီအသွင်သဏ္ဍာန်အောင်မြင်မှုရဲ့ သော့ချက်ပါပဲ။

Initial democratization စတင်သွားပြီဆိုရင်လဲ လူထုလှုပ်ရှားမှုတွေက တခြားအသွင်သဏ္ဍာန်တွေနဲ့ ဆက်ရှိနေရ မှာဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ ကနဦးဒီမိုကရေစီ စတင်ပြီးတဲ့အခါ နိုင်ငံတည်ဆောက်မယ့် ခေါင်းဆောင်တွေ ပေါ်ထွက်နေပြီအထင်နဲ့ လူထုလှုပ်ရှားမှုက အားနည်းသွားပါတယ်။ ဒါပေမယ့် ဒီခေါင်းဆောင်တွေက လူထုရဲ့ အနာဂတ် ဘ၀တိုးတက်မှုကို ဖန်တီးအားထုတ်တာ မပြုလုပ်ပဲ အာဏာလုမှုတွေ၊ ကိုယ်ကျိုးရှာမှုတွေ ပြုလုပ်လာတာလဲ ရှိနေတတ်ပါတယ်။ ဒါဟာ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်မှာတင် မဟုတ်ပါဘူး။ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တိုင်းမှာ ဖြစ်လေ့ရှိပါတယ်။ အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ ကိုလိုနီအစိုးရလက်အောက်က လွတ်မြောက်ကာစမှာ လွတ်လပ်ရေးနဲ့ အတူ ပေါ်ပေါက်လာခဲ့တဲ့ အစိုးရတွေမှာလဲ ဖောက်ပြန်တဲ့ ခေါင်းဆောင်တွေ အများကြီးပေါ်ထွက်ခဲ့ဖူးပါတယ်။

အာဏာရှင်စနစ်ကနေ ဒီမိုကရေစနစ် ပြောင်းလဲမှုဖြစ်စဉ် ကနဦးအစမှာလဲ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကို အခွင့်ကောင်းယူပြီး ခေါင်းဆောင်နေရာလုဖို့ ကြိုးစားသူတွေ၊ အာဏာရှင်ဘက်တော်သားဟောင်းတွေထဲက အုပ်ချုပ်ရေး၊ တည်ဆောက်ရေး ယန္ထရားထဲမှာ ကျန်ရစ်ခဲ့သူတွေနဲ့ ဒီမိုကရေစီဘက်တော်သားတွေအကြားက ပဋိပက္ခတွေ၊ နိုင်ငံရေးသမားအချင်းချင်း စောင်းမြောင်းတိုက်ခိုက်မှုတွေ၊ ငွေကြေးအရှုပ်အရှင်းတွေ စတဲ့ အထွေထွေ ပြဿနာတွေဟာ ပေါ်ပေါက်လာမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်ဆိုတာ လူထုဆီက အာဏာသက်ဆင်းတဲ့ စနစ်ဖြစ်တာကြောင့် ဒီလိုပြဿနာတွေကို လွတ်လပ်ပွင့်လင်းတဲ့ မီဒီယာတွေ၊ အာဏာရနိုင်ငံရေးပါတီတွေကို တခြားပါတီနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက ပြန်လှန်စောင့်ကြည့်မှုတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေကို ထိန်းချုပ်နိုင်တဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ ဖြေရှင်းသွားနိုင်မှာ ဖြစ်တယ်။

ဒီမိုကရေစီဆိုတာ စနစ်တခုဖြစ်ပြီး၊ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်ဆိုတာက တခြားစနစ်တွေကနေ ဒီမိုကရေစီစနစ်ကို ပြုပြင်တည်ဆောက်တဲ့ ဖြစ်စဉ်တရပ်သာဖြစ်တယ်။ အာဏာရှင်စနစ်နဲ့ ကွာခြားတာက အာဏာရှင်စနစ်ကို လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ အတ္တတွေ၊ လောဘ၊ မောဟက ထိန်းချုပ်မောင်းနှင်ပြီး၊ ဒီမိုကရေစီစနစ်မှာကျတော့ စနစ်ရဲ့ တန်ဖိုးတွေ၊ ယုံကြည်ချက်တွေက လူတွေရဲ့ အတ္တတွေ၊ လောဘ၊ မောဟတွေကို ထိန်းချုပ်မောင်းနှင်တာဖြစ်တယ်။ အာဏာရှင် ဘက်တော်သားတွေက မကောင်းဘူးလို့ တထစ်ချ ပြောလို့မရသလို ဒီမိုကရေစီဘက်တော်သားတွေကိုလဲ သူတော်စင်တွေလို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး။ ပိုက်ဆံလက်ထဲ မရှိခင်မှာ ဟိုလူ၊ ဒီလူ ကူညီဖို့ စဉ်းစားသူတွေဟာ လက်ထဲ ပိုက်ဆံတကယ်ရောက်လာတဲ့အချိန်မှာ ကိုယ့်အကျိုးနဲ့ ကိုယ့်မိသားစုအတွက် ပိုပြီး ဦးစားပေးကြတာပဲ။ ဒါဟာ အပြစ်ဆိုစရာမဟုတ်ဘူး။ လူ့သဘာဝပဲဖြစ်တယ်။

ဒီလို လူ့အတ္တတွေကို အာဏာရှင်စနစ်က တွန်းအားပေးတယ်။ အာဏာရယူလိုစိတ်၊ အာဏာဆုပ်ကိုင်ထားလိုစိတ်၊ အာဏာနဲ့ ပျော်မွေ့တဲ့ စိတ်တွေဟာ အာဏာရှင်စနစ်က တွန်းပို့ပေးတဲ့ စိတ်နေစိတ်ထားတွေပဲဖြစ်တယ်။ ဒီမိုကရေစီစနစ်က ကျတော့ ဒီလို လူ့အတ္တတွေကို ထိန်းချုပ်လိုက်တယ်။ လူအများ ဆန္ဒနဲ့ လူအများအကျိုးကို ဆောင်ရွက်ဖို့ လူအများက ရွေးချယ် ထားသူတွေဟာ အများအကျိုးမကြည့်ပဲ ကိုယ့်အတ္တနောက်ကိုပဲ လိုက်နေတာကို ဒီမိုကရေစီ စနစ်က ခွင့်မပြုဘူး။ ဒါကြောင့် လူထုတရပ်လုံးရဲ့ အနာဂတ်တိုးတက်ရေးကို ပြည်သူလူထုအပေါ်မှာ အခြေတည်တဲ့ ပြည်သူ့ဒီမိုကရေစီစနစ်ကသာ ဖော်ဆောင်ပေးနိုင်တာဖြစ်တယ်။

တချို့က နိုင်ငံရေးအတွေးအခေါ်နဲ့ ဘက်လိုက်မှုတွေမှာ လူကို အခြေခံပြီး စဉ်းစားဆုံးဖြတ်တတ်ကြတယ်။ စနစ်ပေါ်အခြေခံ မစဉ်းစားကြဘူး။ ဒီလိုလူမျိုးတွေဟာ ဒီမိုကရေစီအင်အားစုတွေထဲက လူတွေရဲ့ အားနည်းချက်တွေ၊ အတ္တတွေကို တွေ့လာ၊ သိလာတဲ့အခါကျတော့ ဒီမိုကရေစီလှုပ်ရှားမှုအပေါ် အထင်အမြင်လွဲလာတောတွေရှိတယ်။ ဒါဟာ လူုအပေါ်မှာ အခြေတည်စဉ်းစားမှု၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေရဲ့ ရလာဒ်တွေပဲဖြစ်တယ်။ လူ့စိတ်ဆိုတာ အင်မတန်ဆန်းကျယ်တယ်။ အချိန်၊ နေရာ၊ အခြေအနေတွေဟာ လူတွေရဲ့ စိတ်ကို လွှမ်းမိုးနိုင်တယ်။ အခြေအနေ၊ အချိန်အခါအရ လူသတ်မှုကျူုးလွန်သွားမိသူ အများစုဟာ မကျူးလွန်ခဲ့စဉ်တုန်းက လူအချင်းချင်း သတ်ဖြတ်တာဟာ မကောင်းဘူးလို့ လက်ခံခဲ့ကြသူတွေချည်းပါပဲ။ ဒါပေမယ့် အသိတခုနဲ့ မပြီးဘူး။ ဒါကြောင့် ထိန်းချုပ်ပေးဖို့ဥပဒေဆိုတာ ပေါ်လာတယ်။ ဒီမိုကရေစီ ဆိုတာလဲ ဒီလိုပဲ။ အစိုးရအုပ်ချုပ်ရေးယန္တရားနဲ့ ဒီယန္တရားထဲက လူတွေကို ထိန်းချုပ်ပေးတဲ့ စနစ်သာလျှင်ဖြစ်တယ်။

ဒီတော့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ စနစ်နဲ့ မကိုက်ညီနိုင်တဲ့ အတ္တတွေ၊ လုပ်ရပ်တွေဟာလဲ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ် စလာတဲ့အခါမှာ စနစ်က ပြန်ထိန်းချုပ်သွားမှာပဲဖြစ်တယ်။ စနစ်နဲ့ မကိုက်ညီသူတွေကို စနစ်က ဖယ်ရှားပစ်လေ့ရှိတာ ဓမ္မတာသာဖြစ်တယ်။ တိုင်းပြည်တခုမှာ စနစ်ဆိုးရှိနေရင် စနစ်ဆိုးနဲ့ မကိုက်ညီသူတွေ ပြည်ပထွက်တာများပြီး brain drain ဆိုတဲ့ ဦးနှောက် ယိုစီးမှုပြဿနာဖြစ်လေ့ရှိတယ်။ စနစ်ကောင်းကို ပြန်တည်ဆောက်တဲ့အခါ brain gain ဖြစ်လာတတ်စမြဲပါပဲ။ ဒီအခါမှာ စနစ်နဲ့ မကိုက်ညီတဲ့ လူတွေရဲ့ စိတ်တွေကို စနစ်က ပြုပြင်မှာ ဖြစ်သလို၊ ပြုပြင်လို့ မရသူတွေကလဲ စနစ်ကနေ လွင့်ထွက်သွားမှာပါပဲ။ ဒါကြောင့် လူတွေကို ကြည့်ပြီး စနစ်ရေးရာကို ဆုံးဖြတ်လို့ မရဘူးဆိုတာ လူအများ သိနားလည်ဖို့ လိုအပ်ပါတယ်။

ဒီလိုလူတွေရဲ့ အာဏာ၊ ငွေကြေးနဲ့ ပတ်သက်ပြီး ဖောက်လွဲဖောက်ပြန်ဖြစ်တတ်တဲ့ သဘာဝတွေကို ထိန်းချုပ်နိုင်တဲ့ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာဖို့ အတွက် လူထုလှုပ်ရှားမှု တွေဟာ အလွန်ပဲ အရေးကြီးပါတယ်။


လူထုလှုပ်ရှားမှုနှင့် ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်


လူထုလှုပ်ရှားမှုတွေဟာ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်တလျှောက်လုံးမှာ အလွန်ပဲ အရေးကြီးလှပါတယ်။ နိုင်ငံရေးပညာရှင်တွေက လူထုလှုပ်ရှားမှုတွေရဲ့ အခန်းကဏ္ဍကို ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် အဆင့် ငါးဆင့်ခွဲပြီး ပုံဖော်ပြသကြပါတယ်။ ပထမအဆင့်ကတော့ ဆန့်ကျင်တော်လှန်ရေး (resistance) အဆင့်ဖြစ်ပါတယ်။ မိသားစုအတွင်းမှာ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းက အစပြုလို့ အာဏာရှင်စနစ်အမြစ်တွယ်နေတဲ့ ထုံးတမ်းစဉ်လာတွေကို ဆန့်ကျင်တာ၊ နိုင်ငံရေး လှုပ်ရှားမှု ကွန်ယက်တွေတည်ဆောက်တာတွေဖြစ်ပါတယ်။ အလုပ်သမား၊ ကျောင်းသား၊ တောင်သူလယ်သမား၊ ဘာသာရေးအဖွဲ့အစည်းတွေ အပါအ၀င် လူထုလူတန်းစားအလွှာမျိုးစုံ အကြားမှာ ဒီမိုကရေစီပြောင်းလဲမှုကို ထောက်ခံ အားပေးမှုရှိလာအောင် စည်းရုံးလှုံဆော်ပေးရမှာဖြစ်ပါတယ်။ ဒီကနေတဆင့် အာဏာရှင်ဆန့်ကျင်ရေး ကွန်ယက်ကြီးကို တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒီကွန်ယက်တည်ဆောက်မှုဟာ အဆုံးအဖြတ်ပေးမယ့် လူထုတိုက်ပွဲအတွက် အလွန်ပဲ အရေးကြီးပါတယ်။ ချီလီ၊ ပိုလန်၊ အာဂျင်တီးနား နိုင်ငံတွေမှာ ဘာသာရေးအဖွဲ့အစည်းတွေက ဒီမိုကရေစီ လှုပ်ရှားမှု ကွန်ယက်တွေကို ထောက်ခံပေးခဲ့ကြတယ်။ ကွန်ယက်ချိတ်ဆက်လှုပ်ရှားမှုတွေအတွက် အထောက်အကူပေးခဲ့တယ်။

တချို့ ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာကျတော့ ဒီကွန်ယက် တည်ဆောက်မှုကို အားကောင်းအောင် မတည်ဆောက်ပဲ လူထုကို အတင်းတွန်းပြီး လှုပ်ရှားခိုင်းတတ်ကြတယ်။ ဒီအဆင့်မပါပဲ လူထုတိုက်ပွဲခေါ်တတ်ကြတယ်။ သက်ဆိုင်ရာနီးစပ်သူများနဲ့ အစုအဖွဲ့လေးတွေဖွဲ့ပြီး လူထုလှုပ်ရှားမှုကို ဇောင်းတင်ကြတယ်။ အဲဒီလို လှုပ်ရှားမှုတွေက အောင်မြင်နိုင်ချေနည်းပါးတယ်။ ဘာလို့လဲဆိုတော့ ကွင်းလယ်ခေါင်မှာ ယာယီတဲလေးတွေ သွားထိုးတာနဲ့ တူလို့ပဲဖြစ်တယ်။ လေပြင်းမုန်တိုင်း လဲကျရော ဒီယာယီတဲလေးတွေက အလွယ်တကူ ပြိုပျက်သွားပြန်ရော။ အုတ်မြစ် မခိုင်ပဲ အိမ်ဆောက်လို့ မရဘူး။ အိမ်မှာမှ အထပ်ပေါင်းများစွာပါတဲ့ တိုက်ကြီးတွေ ဆိုရင် အချိန်ယူအုတ်မြစ်ချရတယ်။ တချို့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကျတော့လဲ လူထုထဲမှာ မတည်ဆောက်ပဲ နီးရာစုပြီး အဖွဲ့ဖွဲ့ကြတာတွေ သိပ်အားသန်ပြန်ရော။ ဘာနဲ့ တူလဲဆိုတော့ အိမ်မဆောက်ပဲ ခေါင်မိုး ထုတ်လုပ်ရေးလုပ်တာနဲ့ တူတယ်။ ခေါင်မိုးတွေပဲရှိပြီး အုတ်မြစ်ရှိဖို့ နေနေသာသာ၊ အိမ်ရဲ့ structure တောင် စာရွက်ပေါ်မှာ မရှိဖြစ်နေတဲ့ လှုပ်ရှားမှုတွေ အာရှနဲ့ အာဖရိကက ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာ ရှိနေဆဲပဲဖြစ်တယ်။

ဒီလိုနဲ့ တည်ဆောက်မှုတွေ လုပ်ပြီး ကွန်ယက်တွေ ချိတ်ဆက်လာကြတဲ့ အခါ အခြေအနေကို ကြည့်ပြီး တိုက်ပွဲငယ်၊ တိုက်ပွဲလတ်၊ တိုက်ပွဲကြီးတွေ ပုံဖော်ရတယ်။ တိုက်ပွဲမဖော်ဆောင်ရင် ညီညွတ်ရေးဆိုတာ တည်ဆောက်လို့ မဖြစ်နိုင်တာကြောင့်ပဲ။ ညီညွတ်ရေးဆိုတာ တိုက်ပွဲနဲ့ ပေါင်းစပ်ပြီးမှ တည်ဆောက်ရတာ ဖြစ်တယ်။ တချို့ဒီမိုကရေစီ လှုပ်ရှားမှုတွေကျတော့ တိုက်ပွဲမရှိပဲ ညီညွတ်ရေးတည်ဆောက်မှုကို ဇောင်းပေးလုပ်ကြ၊ အချိန်ကုန်နေကြပြန်တယ်။ တိုက်ပွဲအဆင့်မရှိပဲ ညီညွတ်ပါတယ်ဆိုရင် ဒီညီညွတ်ရေးက တကယ့်ညီညွတ်ရေးတော့ ထွက်လာမှာ မဟုတ်ဘူး။ စာရွက်ညီညွတ်ရေးပဲ ဖြစ်လာမှာပဲ။ ကမ္ဘာမှာ အောင်မြင်ခဲ့တဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တွေမှာကတော့ ဒီစာရွက် ညီညွတ်ရေးပုံစံတွေ ခေတ်မစားခဲ့ဘူး။ အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ်၊ ဘာသာရေးလှုပ်ရှားမှု၊ မြို့ပြလူထု လှုပ်ရှားမှု၊ လယ်သမား လှုပ်ရှားမှုစတဲ့ တိုက်ပွဲတွေကနေတဆင့် တိုင်းပြည်တခုလုံးရဲ့ လူထူလူတန်းစားအလွှာ အသီးသီး ပါဝင်လာတဲ့ ညီညွတ်ရေးကို ဖော်ဆောင်နိုင်ခဲ့ကြတယ်။ ဒီအဆင့်ကို upsurge of mobilization အဆင့်လို့ ပညာရှင်တွေက သတ်မှတ်ကြတယ်။ ဒီအဆင့်မှာ လူထုတိုက်ပွဲအားကောင်းလာတဲ့အခါ အာဏာရှင် စနစ်ပြိုလဲသွားတယ်။

ဒါပေမယ့် အာဏာရှင်စနစ်ပြိုလဲတယ်ဆိုတာ အုပ်ချုပ်ရေးယန္တရားတခုလုံး ပြိုလဲသွားတာ မဟုတ်ဘူး။ ခေတ္တရပ်ဆိုင်း သွားတာပဲဖြစ်တယ်။ ဒါကို ပြန်ပြီး ဘယ်သူက အသက်သွင်းမလဲ။ အာဏာရှင်ဟောင်း ဘက်တော်သားတွေက အသက်သွင်းနိုင်မလား၊ ဒီမိုကရေစီဘက်တော်သားတွေက အသက်သွင်းနိုင်မလား။ အာဏာရှင်ဟောင်း ဘက်တော်သားတချို့နဲ့ ဒီမိုကရေစီ ဘက်တော်သားတချို့ ပူးပေါင်းပြီး အသက်သွင်းနိုင်မလား။ ဒီအဆင့် ကို transition to procedural democracy လို့ ပညာရှင်တွေက သတ်မှတ်ထားတယ်။ အဓိက ထွက်လာရမယ့် ရလာဒ်ကတော့ ကြားဖြတ်အစိုးရပဲ။ ကြားဖြတ်အစိုးရမထွက်လာမချင်း ဒီအဆင့်မအောင်မြင်သေးဘူးလို့ ဆိုနိုင်တယ်။ ကြားဖြတ်အစိုးရ ဆိုတာမှာလဲ ဒီမိုကရေစီဘက်တော်သားတွေက ဦးဆောင်ဖွဲ့စည်းတဲ့ ကြားဖြတ်အစိုးရ၊ အာဏာရှင်ဘက်က ပြုပြင်ပြောင်းလဲလိုသူတွေက ဦးဆောင်ဖွဲ့စည်းတဲ့ ကြားဖြတ်အစိုးရ၊ ဒီမိုကရေစီနဲ့ အာဏာရှင်ဘက်တော်သားတွေ ပူးပေါင်းဖွဲ့စည်းတဲ့ ကြားဖြတ်အစိုးရဆိုပြီးရှိသလို တခါတရံ ဘယ်လိုမှ ညှိမရတဲ့ ဘက်နှစ်ဘက်အကြားမှာ နိုင်ငံတကာက ခေတ္တလာအုပ်ချုပ်ပေးတဲ့ ကြားဖြတ်အစိုးရဆိုပြီး ပုံစံအမျိုးမျိုးရှိတယ်။
 
ဒီလိုကြားဖြတ်အစိုးရပေါ်ပေါက်လာပြီးမှ ရွေးကောက်ပွဲကျင်းပတာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးတာတွေကို လုပ်ရမှာဖြစ်တယ်။ တချို့ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာကျတော့ အဆင့်တွေက တော်တော်ကျော်ကြတယ်။ Transition to procedural democracy အဆင့်ဝေးလို့၊ upsurge of mobilization အဆင့်တောင် မရောက်သေးဘူး။ resistance အဆင့်မှာ ယာယီတဲလေးတွေ ထိုးပြီးရုံလောက်နဲ့ တွေ့ဆုံဆွေးနွေးရေး၊ ဒိုင်ယာလော့ခ်ဆိုပြီး အော်တတ်ကြတယ်။ “မုန့်ဆီကြော်ဘယ်နေမှန်းမသိ၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား” ဆိုသလို ဒိုင်ယာလော့ခ်အတွက် conditions တွေပါ ချတတ်ကြတယ်။ Upsurge of mobilization အဆင့် ဖြစ်သွားပြန်ရင်လဲ ကြားဖြတ်အစိုးရဖွဲ့စည်းရေးလိုလို၊ ဒိုင်ယာလော့ခ်လုပ်ရေးလိုလို သဲသဲကွဲကွဲမရှိကြပြန်ဘူး။ ဒိုင်ယာလော့ခ် ဆိုတာ ဘယ်လိုအခြေအနေ၊ ဘယ်လိုအဆင့်မှာ ခေါ်ရတယ်ဆိုတာလဲ နားမလည်ကြပြန်ဘူး။ Transition to procedural democracy အဆင့်မရောက်ပဲနဲ့ ဒိုင်ယာလော့ခ်ဆိုတာ ခေါ်လို့မရဘူး။ တောင်အာဖရိကမှာ ဒိုင်ယာလော့ခ်အောင်မြင်ခဲ့တယ်ဆိုတာက ဒီဖြစ်စဉ်မှာ နိုင်ငံတကာစစ်မျက်နှာ အားကောင်းမှုနဲ့ လူထုလှုပ်ရှားမှုကို မလွန်ဆန်နိုင်တော့ပဲ incumbent de Klerk အစိုးရက ကြားဖြတ် အိမ်စောင့်အစိုးရအနေနဲ့ transition to procedural democracy အဆင့်ကို အရင်ကျော်ဖြတ်ခဲ့ပြီးမှ ဒိုင်ယာလော့ခ်နဲ့ power-sharing coalition အစိုးရ ဖြစ်လာတယ်။ နောက်မှ နိုင်ငံတော်အစိုးရကို ရွေးကောက်ပွဲနဲ့ ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်တယ်။ ဒီလိုမဟုတ်ပဲ တချို့နိုင်ငံတွေကျတော့ အဆင့်တွေခုန်ခုန်ကျော်ပြီး၊ အမြင့်ဆုံးအဆင့် ကြားဖြတ်အစိုးရ၊ အနိမ့်ဆုံး ဒိုင်ယာလော့ခ်စတဲ့ မဟာဗျူဟာမျိုးတွေ ရောထွေး ချကြလေတော့ resistance အဆင့်ကတည်းက ဒိုင်ယာလော့ခ်အော်သူကအော်၊ upsurge of mobilization အဆင့်မှာ အော်သူကအော် ဖြစ်လာပါလေရော။ ဆိုးကျိုးကတော့ ကိုယ့်ဗျုဟာ၊ ရန်သူ့ဗျူဟာပြန်ဖြစ်ပြီး transition to procedural democracy အဆင့်ထိမရောက်ခင်မှာ ဒိုင်ယာလော့ခ်နဲ့ လမ်းလွဲတာတွေ ခံရတော့တာပါပဲ။

ဒီလို strategic failures တွေဟာ အာဏာရှင်တွေအတွက်တော့ အကောင်းဆုံးအသုံးချလက်နက်တွေပါပဲ။ နိုင်ငံရေးကိစ္စရပ်တွေလို လူသန်းပေါင်းများစွာရဲ့ အနာဂတ်ကံကြမ္မာကို ဖန်တီးပြောင်းလဲနိုင်တဲ့ မဟာဗျူဟာတွေ အသာထားလို့ လူတယောက်ဘ၀ အောင်မြင်တိုးတက်ရေးမှာတောင် အဆင့်ကျော် ဖြတ်လမ်းလိုက်လို့မရပါဘူး။ တက်နေချိန်မှာ မသိသာပေမယ့် ပြုတ်ကျတဲ့အချိန်မှာ တလိမ့်ခေါက်ကွေး နဲ့ ဘယ်လိုမှ ပြန်တည်ဆောက်ယူလို့မရအောင် ပြုတ်ကျတတ်ပါတယ်။ ဒါကြောင့် အခြေခံအုတ်မြစ်တည်ဆောက်မှုဟာ အရမ်းကို အရေးကြီးလှပါတယ်။

ဒီလိုနဲ့ transition to procedural democracy အဆင့်မှာ ကြားဖြတ်အစိုးရတွေလဲ ပေါ်ပေါက်ပြီး အမျိုးသားရင်ကြားစေ့ရေးတွေ၊ တွေ့ဆုံဆွေးနွေးပွဲတွေ ပေါ်ပေါက်လာပြီးတဲ့အခါကျတော့ နောက်တဆင့်ဖြစ်တဲ့ democratic consolidation အဆင့်ကို တက်လှမ်းရပါတော့တယ်။ ဒီအဆင့်အောင်မြင်ဖို့ဆိုတာကလဲ လူထုလူတန်းစားအားလုံးရဲ့ တန်းတူရည်တူအခွင့်အရေးတွေကို အာမခံချက်ပေးနိုင်မယ့် ပြည်သူ့ဒီမိုကရေစီကို စွဲစွဲမြဲမြဲယုံကြည်လက်ခံသူတွေ ပေါ်ပေါက်လာမှ ဖြစ်နိုင်ပါတယ်။ လူဆိုတာကလဲ လောဘ၊ မောဟတွေနဲ့ မကင်းနိုင်ပါဘူး။ ရာထူး၊ အာဏာ၊ ဂုဏ်သိက္ခာတွေကို သိပ်မြတ်နိုးတတ်ကြပါတယ်။ ငွေကြေးမမက်မောပါဘူး၊ အာဏာမမက်မောပါဘူး၊ နေရာမလိုချင်ပါဘူးလို့ ဘယ်လောက်ပဲပြောနေပါစေ၊ လက်ထဲ ဒါတွေ ရောက်လာတဲ့အခါ၊ လုပ်ပိုင်ခွင့်တွေ ရောက်လာတဲ့အခါကျမှ ပြောခဲ့တဲ့စကားတွေကို မေ့သွားတတ်သူတွေ တကမ္ဘာလုံးမှာ ဒုနဲ့ဒေးပဲဖြစ်ပါတယ်။

လူ့သဘာဝဆိုတာကလဲ အစွဲအလန်းက ကြှီးတတ်ပါတယ်။ တခြား ဥစ္စာ၊ အာဏာမဆိုထားနဲ့။ နေထိုင်ရာ အိမ်လေးက ထိုင်နေကျ ကုလားထိုင်လေးကို သူတပါးဝင်ထိုင်နေရင်တောင် ရက်ကြာလာတဲ့အခါ စိတ်ထဲ စနိုးစနောင့်ကတော့ ဖြစ်တတ်ကြစမြဲ။ ဘာမဟုတ်တဲ့ အလုပ်လေးမှာတောင် နာမည်လေးနဲ့ ရာထူးလေးရဲ့အပေါ်မှာ ကိုယ့်လက်မှတ်လေး ထိုးလိုက်ရတာကို အရသာတွေ့တတ်ကြစမြဲ။ အလုပ်က ထွက်လိုက်ရရင်၊ ဒါမှ မဟုတ် ပင်စင်ယူလိုက်ရတယ်ဆိုရင်တောင် တခါတရံမှာတော့ ပြန်တွေးရင်း တသသ ဖြစ်တတ်ကြစမြဲ။ ဒီလိုသဘောသဘာဝရှိနေတဲ့ လူ့လောကမှာ ရာထူး၊အာဏာ၊ လုပ်ပိုင်ခွင့်တွေကို တမ်းတမက်မောတတ်ကြတာ၊ ကုလားထိုင်တွေကို ထိုင်ပြီးရင် နေရာဖယ်မပေးချင်ကြတာ အဆန်းတော့ မဟုတ်ပါ။ ဒီအစွဲတွေဟာ ရေရှည်ကြာရင် အာဏာရှင်အသွင်ဆောင်သွားတာကြောင့် ဒီမိုကရေစီစနစ်နဲ့ ပြန်ထိန်းချုပ် ပေးကြရတာပါ။

ဒါကြောင့် ဒီအဆင့်အောင်မြင်ဖို့မှာ စာနယ်ဇင်းမီဒီယာတွေ၊ ဒီမိုကရေစီစနစ်ကို ယောင်ပြအပေါ်ယံ ယုံကြည်ချက် မဟုတ်ပဲ အမှန်တကယ်ယုံကြည်သူတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ စစ်ဘက်- အရပ်ဘက် ဆက်ဆံရေးတွေ၊ ဒီမိုကရေစီစနစ်အပေါ် အခြေတည်တန်ဖိုးထားတဲ့ နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံခြားဆက်ဆံရေး မူဝါဒတွေ၊ နိုင်ငံသုံးစရိတ်ခွဲဝေမှုတွေ၊ ဒီမိုကရက်တစ် functioning နဲ့ ကိုက်ညီမယ့် ကျင့်ထုံးတွေ၊ good governance ကျင့်ထုံးတွေ ပေါ်ထွက်လာဖို့ တည်ဆောက်ယူရပါတယ်။ အတတ်ပညာရှင်တွေနဲ့ အသိပညာရှင်တွေ အချိုးညီညီ ပေါ်ထွက်လာဖို့ လိုအပ်လှပါတယ်။ Civil Society အားကောင်းလာဖို့ လိုပါတယ်။ ဒီမိုကရေစီ စနစ်နဲ့ ကိုက်ညီမယ့် နိုင်ငံရေးယဉ်ကျေးမှု နဲ့ အတွေးအခေါ်တွေ ထွန်းကားလာအောင် ပြုပြင် တည်ဆောက်ရပါမယ်။ တချို့နိုင်ငံတွေမှာ democratic consolidation အဆင့်ရောက်ပြီးမှ အာဏာရှင်စနစ်ကို ပြန်ရောက်သွားတတ်ပါတယ်။

ဒီလို democratization's derailment ဖြစ်ရတဲ့ အကြောင်းရင်းတွေကို ပညာရှင်များက လေ့လာဖော်ထုတ်ကြရာမှာ အချက်ကြီး ငါးချက်ကို တွေ့ရှိကြရပါတယ်။ ပထမအချက်က နိုင်ငံတော်ရဲ့ ကာကွယ်ရေးအင်အားစုဖြစ်တဲ့ တပ်မတော်က နိုင်ငံရေးမှာ ၀င်ရောက်စွက်ဖက်မှုဖြစ်ပါတယ်။ ဒီလိုစွက်ဖက်နိုင်မှုတွေ ဖြစ်ပွားရတာကတော့ နိုင်ငံတော်အရေးပေါ် အခြေအနေတွေမှာ power of the command of the army ဟာ အရပ်သား နိုင်ငံတော်အကြီးအကဲ လက်ထဲမှာ မရှိလို့ပဲဖြစ်ပါတယ်။ ဒီအခြေအနေမျိုးမှာ တိုင်းပြည်ဟာ စစ်အာဏာရှင်လက်အောက်ကို ပြန်လည်ကျရောက် သွားတတ်ပါတယ်။ နောက်တချက်ကတော့ ပြည်ပနိုင်ငံများရဲ့စွက်ဖက်မှုဖြစ်ပါတယ်။ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်မှာ ပေါ်ပေါက်လာတဲ့အစိုးရဟာ ပြည်ပနိုင်ငံတခုခုရဲ့ သြဇာခံ အစိုးရဖြစ်လို့မရပါဘူး။ ပြည်သူလူထုအကျိုးကိုပဲ ပထမဦးစားပေးကြည့်ရှုတဲ့ အစိုးရဖြစ်ရပါမယ်။ ဒီလိုမဟုတ်ပဲ လက်ဝဲ၊ လက်ယာအင်အားကြီးနိုင်ငံတွေရဲ့ ရုပ်သေးအစိုးရတွေဖြစ်လာတဲ့အခါမှာ မူဝါဒရေးရာတွေမှာ conflict of interests ဖြစ်တာတွေ၊ အင်အားကြီးနိုင်ငံတွေရဲ့ မူဝါဒရေးရာ၊ ဒေသတွင်းရေးရာ အားပြိုင်မှုတွေကနေ ပေါ်လာတဲ့ proxy political conflicts တွေဖြစ်ပြီး ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ဟာ နှောင့်နှေးသွားတာတွေ ဖြစ်တတ်ပါတယ်။

နောက်တချက်ကတော့ ပြည်တွင်းစစ်ဖြစ်ပါတယ်။ ပြောင်းလဲမှုကာလမှာ ခေါင်းဆောင်တွေရဲ့ အမြော်အမြင်နဲ့ ဆုံးဖြတ်သုံးသပ်မှုတွေဟာ အလွန်အရေးကြီးပါတယ်။ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုများတဲ့ တိုင်းပြည်တွေမှာ နိုင်ငံတည်ထောင်မှုသဏ္ဍာန်နဲ့ စနစ် မှန်ကန်ဖို့ လိုပါတယ်။ state formation conflicts တွေ ရှိတဲ့အခါမှာ စနစ်တကျမဖြေရှင်းနိုင်ရင် ရေရှည် ပြည်တွင်းစစ်ဖြစ်လာပါတယ်။ ပြည်တွင်းစစ်ပွဲတွေ များလာတာနဲ့အမျှ တပ်မတော်အခန်းကဏ္ဍကလဲ တိုးမြင့်လာပါတယ်။ ကြာလာတော့ ပြည်တွင်းစစ်နဲ့အတူု တပ်မတော်က အင်အားကြီးလာပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို နောက်ပြန်ဆွဲသလိုဖြစ်ပါတော့တယ်။ စစ်အသုံးစရိတ်က ကြီးမြင့်လာတော့ စီးပွားရေးတိုးတက်မှုက နှောင့်နှေးလာပြန်ပါတယ်။ စီးပွားရေးတိုးတက်မှုနှောင့်နှေးတော့ နိုင်ငံရေး မတည်ငြိမ်မှုတွေက ဖြစ်လာပါလေရော။ ဒီလိုနဲ့ပဲ အာဏာရှင်နိုင်ငံဖြစ်လိုက်၊ ဒီမိုကရေစီနိုင်ငံဖြစ်လိုက်နဲ့ သံသရာလည်နေကြတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများကြီးပါပဲ။

နောက်တချက်က တရားဥပဒေစိုးမိုးရေးဖြစ်ပါတယ်။ အပြောလွယ်သလောက် လက်တွေ့မှာ အလွန်ခဲယဉ်းတဲ့ ကိစ္စရပ်တခုပါ။ အာဖရိကနိုင်ငံတွေရဲ့ ဒီမိုကရေပြောင်းလဲမှုဖြစ်စဉ် တုံ့နှေးနေရခြင်း အကြောင်းရင်းတွေမှာ ဒီအချက်က အဓိကဖြစ်ပါတယ်။ အာဏာရှင်စနစ်လက်အောက်မှာ နှစ်ပေါင်းများစွာ ကျရောက်ခဲ့တဲ့ နိုင်ငံတွေမှာ organized crimes တွေ ကြီးစိုးပါတယ်။ အာဏာရှင်ဘက်တော်သားတွေကော၊ ဒီမိုကရေစီဘက်တော်သားတွေပါ လူကုန်ကူးမှုတွေ၊ စိန်နဲ့ ကျောက်မျက်ရတနာ ခိုးထုတ်မှုတွေ၊ သစ်ခိုးထုတ်မှုတွေ အပါအ၀င် တခါတရံမှာ ဘိန်းကုန်ကူးမှုတွေနဲ့ပါ ဆက်စပ်တတ်တာတွေ ရှိပါတယ်။ ဥပမာဆိုရင်- အာဖရိကတိုက်မှာ အာဖရိကအနောက်ပိုင်းဒေသဟာ အရှေ့တောင်အာရှ ဘိန်းဖြူသယ်ယူရေးရဲ့ port of entry ဖြစ်ပြီး၊ အာဖရိကတောင်ပိုင်းဒေသဟာ တကမ္ဘာလုံးက ခိုးယူထားတဲ့ယာဉ်နဲ့ ယာဉ်အပိုပစ္စည်းတွေရဲ့ ကုန်သွယ်မှုဇုံဖြစ်ပါတယ်။

ဒီလို ဥပဒေပြင်ပ စီးပွားရေးတွေဟာ ဒီမိုကရေစီစနစ်နဲ့ good governance practices တွေကို လာဘ်ပေးလာဘ်ယူမှုတွေ၊ အကြမ်းဖက်မှုတွေ၊ money laundering activities တွေနဲ့ undermine လုပ်လေ့ရှိပါတယ်။ တခါတရံမှာဆိုရင် အမတ်လောင်းတွေကို နောက်ကွယ်က ကျားကန်ပေးပြီး မူဝါဒရေးရာမှာ ကြိုးဆွဲမှုတွေ ရှိလာတတ်ပါတယ်။ ဒါကြောင့် ဥပဒေပြင်ပလုပ်ငန်းတွေကို နှိမ်နင်းတဲ့အခါမှာ တရားဥပေဒေစိုးမိုးရေးပြဿနာကနေ နိုင်ငံရေး၊ လူမျိုးရေးပြဿနာ မတက်အောင် စနစ်တကျ ကိုင်တွယ်ဖြေရှင်းတတ်မှုတွေ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ရင် နိုင်ငံက စစ်ဘုရင်နိုင်ငံ (warlords state) ဖြစ်သွားတတ်ပါတယ်။ ဒီအချက်ဟာ အလွန်ပဲ အရေးကြီးလှပါတယ်။ democratic consolidation ကို ခြိမ်းချောက်မှုပေးနိုင်တဲ့ အန္တရာယ်ပဲဖြစ်ပါတယ်။

နောက်တချက်ကတော့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဖြစ်တယ်။ လူအချင်းချင်းလေးစားမှုနဲ့ လူအချင်းချင်း ကိုးကွယ်မှု အသွင်သဏ္ဍာန်မတူဘူး။ လေးစားမှုက ဒီမိုကရေစီသဘောတရားပေါ် အခြေခံပြီး၊ ကိုးကွယ်မှုက အာဏာရှင် သဏ္ဍာန်ဆန်တယ်။ လူတယောက်ကို လေးစားသူက ဆက်ဆံရေးမှာလဲ လေးစားစွာ ဆက်ဆံတယ်။ ပြုမူဆောင်ရွက်မှုတွေမှာလဲ ကိုယ့်အမြင်ကို ပြတ်ပြတ်သားသား တင်ပြတယ်။ ဝေဖန်စရာရှိရင် ဝေဖန်ရေးလုပ်တယ်။ သူတပါးဝေဖန်သံကြားရင်လဲ အပြုသဘောလား၊ အပျက်သဘောလား ခွဲခြမ်းဆုံးဖြတ်တယ်။ ကိုးကွယ်သူကျတော့ အဲလိုမဟုတ်တော့ဘူး။ ဘာလုပ်လုပ်ထောက်ခံတယ်။ စိတ်ထဲမှာ မမှန်ဘူးထင်ရင်တောင် သူလုပ်တာဆိုရင် မမှားလောက်ပါဘူး။ ငါပဲ မှားတာပါလို့ တွက်ပြန်တယ်။ ကိုယ်က မဝေဖန်သလို သူတပါးက ဝေဖန်ရင်လဲ မကြိုက်ဘူး။ ကြက်ခေါင်းဆိတ်မခံ လိုက်ထိုးနှက်တတ်တယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်လုပ်ငန်းဆောင်တာ ဆိုတာ မရှိတော့ဘူး။ ကိုးကွယ်သူရဲ့ ဆုံးဖြတ်ချက်၊ အတွေးအေခါ်၊ လုပ်ငန်းဆောင်တာကိုပဲ အတည်ပြုတယ်၊ အကောင်အထည်ဖော်တယ်။

ဒီလိုအခြေအနေမျိုးက စီးပွားရေး၊ လူမှုဆက်ဆံရေးမှာဆိုရင်တောင် လောင်းရိပ်မိနေတတ်တယ်။ မိသားစုရေးမှာတောင် သားသမီးက မိဘကို ကိုးကွယ်မှု လွန်ကဲနေရင် မိဘမရှိချိန်မှာ မလုပ်တတ်၊ မကိုင်တတ်နဲ့ မိဘလက်ငုတ်လက်ရင်း စီးပွားရေးကိုတောင် ဆက်မထိန်းနိုင်ဖြစ်တတ်တယ်။ လူဆိုတာ အသက်အရွယ်အရ ရင့်ကျက်လာရတယ်။ ငယ်စဉ်ကာလမှာ “ငါ့ဖေဖေပဲ တော်တယ်၊ တတ်တယ်“ ဖြစ်တတ်တာ သဘာဝပေမယ့် အရွယ်ရောက်လာချိန်မှာ ငါ့အဖေက ဘယ်နေရာမှာတော်တယ်၊ ဘယ်နေရာမှာ ချော်တယ်၊ ဘယ်နေရာမှာ အားသာချက်ရှိတယ်၊ ဘယ်နေရာမှာ အားနည်းချက်ရှိတယ်၊ မှန်တယ်၊ မှားတယ် ဆိုတာကို သုံးသပ်ရတော့တယ်။ သူပြောတဲ့စကားတွေထဲက ဘယ်စကားကိုဆောင်ရမယ်၊ ဘယ်စကားကို ပယ်ရမယ်ဆိုတာကိုလဲ လက်ရှိအခြေအနေနဲ့ကိုက်ညှိပြီး စဉ်းစားရတော့ မှာဖြစ်တယ်။ ဒီလိုဆိုလို ဒါဟာ မလေးစားတာ မဟုတ်ဘူး။ ဖခင်အနေနဲ့ လေးစားမှုက သပ်သပ်၊ သူ့အပြော၊ သူ့လုပ်ရပ်ကို သုံးသပ်လေ့လာမှုက သပ်သပ်ဖြစ်တယ်။ ဒီလိုမဟုတ်ပဲ မျက်ကန်းကိုးကွယ်မှုလုပ်ရင် ကိုယ့်ဘ၀၊ ကိုယ့်အခြေအနေနဲ့ မကိုက်ညီတဲ့ လိုက်နာဆောင်ရွက်မှုတွေ ဖြစ်လာတတ်တယ်။ ဒါက လူတယောက် ဘ၀ရေးရာတွေမှာတင်ဖြစ်တယ်။

လူတယောက် ဘ၀ရေးရာမှာတောင် ဒီလောက်အရေးကြီးရင် နိုင်ငံတခုကံကြမ္မာမှာကျတော့ ပိုဆိုးတယ်။ ခေါင်းဆောင်ဆိုတာ လေးစားရမယ့် လူသားတွေဖြစ်တယ်။ ဒါပေမယ့် ကိုးကွယ်ပြီး ထိုင်ကန်တော့နေရမယ့် လူတွေ မဟုတ်ဘူး။ ပြောသမျှ ကိုယ့်စိတ်က ပါပါ၊ မပါပါ ခေါင်းညိမ့်လက်ခံနေရမယ့် သူတွေ မဟုတ်ဘူး။ သူဆိုထားသမျှ လိုက်နာဖော်ဆောင်ရမယ် မဟုတ်ဘူး။ သူနှုတ်ထွက်စကားမှန်သမျှ အမိန့်မဟုတ်ဘူး။ လက်တွေ့အခြေအနေနဲ့ ကိုက်ညီသလား၊ ဖြစ်နိုင်ချေရှိသလားဆိုတာ သုံးသပ်ရမယ်။ ပြန်လှန် ဆွေးနွေးမှုလုပ်ရမယ်။ တခြားဖြစ်နိုင်ချေတွေကို စဉ်းစားရမယ်။ ဝေဖန်ဆွေးနွေးရမယ်။ အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြရမယ်။ အဲလိုမဟုတ်ပဲ ခေါင်းဆောင်ကြီးဆိုပြီး ပုဂိံ္ဂုလ်ရေး ကိုးကွယ်မှုတွေဟာ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို နှောင့်နှေးစေတတ်တယ်။ တခုက ဒီလိုကိုးကွယ်ခံရသူတွေ မရှိတော့တဲ့အခါ ဖြစ်စဉ်တရပ်လုံး ကသောင်းကနင်းဖြစ်သွားတတ်တာဖြစ်ပြီး၊ နောက်တမျိုးကတော့ “မမှားသောရှေ့နေ၊ မသေသောဆေးသမား“ ဆိုသလိုပဲ သူတို့ရဲ့ မှားနေတဲ့ အတွေးအခေါ်၊ လုပ်ရပ်တွေကို လိုက်ပါ လုပ်ဆောင်မိတာဖြစ်တယ်။

ဒီလို ဒီမိုကရေစီစနစ်အမြစ်တွယ်ခိုင်မာရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ကျော်လွှားနိုင်ပြီး democratic consolidation အဆင့်ကို ဖြတ်သန်းပြီးတဲ့အခါ expansion to post-representative democracy ဆိုတဲ့ အဆင့်ကိုရောက်ပါတယ်။ ဒီအဆင့်ကတော့ နိုင်ငံတကာ governance system ကို democratic reform ဖြစ်ရေးတွေနဲ့ နိုင်ငံတော်အဆင့်မှာ participatory democracy, deliberative democracy တွေကို စမ်းသပ်အကောင်အထည်ဖော်ပြီး representative democracy ကို transcend လုပ်တာဖြစ်ပါတယ်။

နိဂုံး


အခုဆောင်းပါးမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသဏ္ဍာန်တွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်မစခင်မှာ preconditions တွေအနေနဲ့ စီးပွားရေး၊ လူမှုရေးတိုးတက်မှုတွေ လိုအပ်တယ်ဆိုတဲ့ modernization သီအိုရီနဲ့ လူထုလှုပ်ရှားမှုကနေ Elite တွေပေါ်ထွက်လာပြီး Initial democratization စတင်နိုင်မယ့် transitology တို့ကို ဆွေးနွေးထားပါတယ်။ လူထုလှုပ်ရှားမှုနဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တို့အကြားက ဆက်နွယ်မှုတွေနဲ့ ပြောင်းလဲမှုဖြစ်စဉ် အဆင့်ဆင့်ကို တင်ပြထားသလို ဒီမိုကရေစီ စနစ် အမြစ်တွယ်ခိုင်မာမှုကို အနှောင့်အယှက်ဖြစ်စေမယ့် အကြောင်းရင်းတွေကို ထည့်သွင်းဆွေးနွေးထားပါတယ်။ တခြားမူကွဲသဏ္ဍာန်တခုဖြစ်တဲ့ political liberalization အကြောင်းကိုတော့ လူထုလှုပ်ရှားမှုနဲ့ မသက်ဆိုင်တဲ့အတွက် ထည့်သွင်းဆွေးနွေးထားခြင်းမရှိပါဘူး။ Political liberalization ကနေ democratic consolidation ကို ကူးပြောင်းရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုပုံသဏ္ဍာန်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို တော့ နောက်ထပ်ဆောင်းပါးတခုမှာ ဆက်လက်တင်ပြပေးပါမယ်။

Ref:khinmamamyo.info

ဆက်လက်ပြီး....
အာရှနိုင်ငံတွေရဲ့ဒီမိုကရေစီတွေကိုနှိုင်းယှဉ်ထားတာတွေပါ စိတ်ဝင်စားဖို့ကောင်းပါတယ် ဖတ်ကြည့်လိုက်ပါ အုံး!

(1)Singapore second last in Asia democracy index

 
(2)Different values different democracy

Differing Values Systems Require Differing Types of Democracy

by Alan Tonkin
Stratified Democracy

Introduction

In looking at the world with its widely varying values systems it is interesting to see how the word "democracy" means different things to different people. An example of this is when leaders from the Western developed world speak of democracy they generally mean constitutional democracy based on a universal franchise, multi-party system. These countries generally operate in the Blue/Orange/Green/Yellow spectrum of values systems.
However, in developing economies constitutional arrangements can vary with the values spread being across the Purple/Red/Blue/Orange/Green range. In cases such as this "democracy" means something different to the first example quoted as Purple/Red/Blue requires a modification of the type of system that is likely to be effective. In this case a firmer more directive system is likely to work best.

How Democratic Systems Vary Across Values Systems

In order to illustrate the differing types of values at the different levels it is important to make the point that "one democratic system does not fit all" as is so often demanded. If we look at the different values systems the following differences exist though each is particularly appropriate in its own environment:

Tribal System (Purple)

The Purple system covers tribal societies where there is a mutual reciprocity and kinship. This is an elegant system which on its own can be very appropriate and successful. An example of this is the tribal system still found in certain remote parts of the world which only now are being influenced by technology. It is however, still also found in the witchdoctors muti (medicine) still influencing many people in African countries as well as in other similar underdeveloped regions. It is important to note that this value system normally exists with other systems such as Red and Blue and not in isolation.

Feudal Empires (Red) - Less Developed Countries

The Red system includes many countries where following independence in the 60's there was a regression to one party states with dictators and their elites being in control. Examples include the Congo, Zimbabwe today and a variety of countries in other parts of the world. In many of these countries following the deterioration in the political climate and with the resulting deterioration in security, education and health services many of the people with the necessary skills but with opposing values systems (Blue/Orange) left these countries, thus making the practical situation on the ground even worse.

Authoritarian Democracy (Blue) - Developing Economies

The Blue system can be a friendly such as the authoritarian democracy as experienced in Singapore and latterly in China. This is the type of values system which does not encourage too much autonomy in the provinces and is based on a unitary system of government. Equally, the Blue system can be punitive and does not encourage dissent or criticism. This can result in a system which makes things work but at the same time does not encourage public debate on major issues. Strong Blue starts to soften as it acquires tinges of the Orange "Free Market" approach.

Multi-Party Democracy (Orange) - First World Developed

The Orange system allows for a multi-party system such as that found in the United States of America and the United Kingdom. This allows for significant devolution of power to the states/regions on a federal basis while at the same time providing overall benefits for citizens on key issues such as taxation, health insurance and other issues. It also results in maximising the use of assets.

Social Democracy (Green) - Developed Moving to Post-Modern

The Green System includes countries such as the Scandinavian countries and the Netherlands. This system encourages Green issues such as the environment and quality of life over other issues. At this stage Social Democracies tend to be concentrated in the European Union rather than North America even though states like Minnesota in the US have many of these values present in their society. People are seen as being able to benefit equally from the resources available within a unitary system.

Integrated Democracy (Yellow) - Post-Modern

The Yellow System is a newly emerging geo-political and economic system which has in many ways started to become more visible since the events of 11 September, 2001. A number of the actions instituted by the Western democracies since that time have shown clear indications of integrated thinking coming from the Yellow system. This requires a pulling together of all the previous systems and integrating these into one integrated system. Some examples are:

Ref:humanemergencemiddleeast.org


တရုတ်က သတို့သမီးသန်း(၂ဝဝ) လိုအပ်ချက်ရှိနေ၍ မြန်မာအမျိုးသမီးများ လူကုန်ကူး မခံရရန် ဂရုပြုသင့်


တရုတ်အစိုးရအနေဖြင့်လူကုန်ကူးမှုလမ်းကြောင်းအား အနည်းငယ်ဖွင့်ပေးထားကြောင်းသိရသည့် အတွက် မြန်မာနိုင်ငံသူနိုင်ငံ သားများ၏လုံခြုံရေးကို မိမိတို့ကိုယ်တိုင်ထိန်းသိမ်းရန် အရေးကြီးလာကြောင်း မြန်မာအမျိုးသမီးအခွင့်အရေးလှုပ်ရှားနေသူ ဒေါ်စူစန်နာ လှလှစိုးက ပြောသည်။

တရုတ်ပြည်သို့ လူကုန်ကူးခံရသူ အရေအတွက်များပြားနေခြင်းမှာ တရုတ်ပြည်အစိုးရချမှတ်ထားသော One Child ပေါ်လစီကြောင့် အိမ်ထောင်သည်အများစု ကလေးယူရာတွင်ယောက်ျားလေးသာအယူများနေ ခြင်းကြောင့်တရုတ်ပြည်တွင်သတို့သမီးသန်း၂ဝဝ)ဝန်းကျင် လိုအပ်လျှက်ရှိသည့်အတွက် အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများ လူကုန်ကူးခံနေရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
မြန်မာနိုင်ငံမှနေ၍အခြားနိုင်ငံများသို့လူကုန်ကူးခံရမှုတွင်တရုတ်နိုင်ငံသို့လူကုန်ကူးခံရခြင်းမှာအများဆုံးဖြစ်နေကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုမှစာရင်းများအရ သိရသည်။

ထိုသို့ ပြည်ပနိုင်ငံများသို့ လူကုန်ကူးခံရမှုသူများတွင် အမျိုးသမီးရာခိုင်နှုန်းမှာ (၈၅)ရာခိုင်နှုန်းရှိနေကြောင်းကိုလည်း သိရှိရသည်။  လူကုန်ကူးမှုတွင်ပုံစံခုနစ်မျိုးရှိ ရာအများ ဆုံးဖြစ်ပွားနေသည့်ပုံစံမှာ အဓမ္မထိမ်းမြား လက်ထပ်ခြင်းဖြစ်  ပြီး ၊လိင်လုပ် သား အဖြစ် အလုပ် ခံရမှုနှင့် လိင်ပိုင်း ဆိုင်ရာ အနိုင်ကျင့်မှုများမှာ နောက်ဆက်တွဲပြဿနာများ အဖြစ် ရှိနေကြောင်း သိရသည်။

''ဒီလို အမျိုးသမီးတွေ လူကုန်ကူးခံနေရတာနဲ့ပတ်သက်ပြီး ပညာပေးတွေအခုထက်ပို ပြီး လုပ်ဆောင်သင့်တယ်၊ ရန်ကုန်တင်မကဘူး နယ်တွေဘက်ကိုလည်း လုပ်ရမယ်၊ အစိုးရပိုင်းအနေနဲ့လည်း နယ်စပ်တွေမှာသေချာစိစစ်ပြီးအလုပ်နဲ့သွားတာလား၊ လူကုန်ကူးခံရသူအဖြစ်နဲ့သွားတာလားဆိုတာတွေ  သေချာစိစစ်သင့်တယ်''ဟုဒီချုပ်ပါတီမှပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းက ပြောသည်။

မြန်မာနိုင်ငံမှနေ၍တရုတ်ပြည်သို့လူကုန်ကူးခံရသူများအားနေရပ်သို့ပြန်လည်နေရာချထားပေးနိုင်သူ အရေအတွက်မှာ ၂ဝ၁၂ခုနှစ် မေလအထိ (၇၈ဝ)ဦးရှိခဲ့ပြီး၊ ထိုင်းနိုင်ငံမှ (၄၈၃)ဦးနှင့်အင်ဒိုနီးရှားနိုင်ငံမှ (၁၆)ဦးရှိကြောင်း သိရှိရသည်။

လူကုန်ကူးခံရသူများတွင်၈၅ရာခိုင်နှုန်းမှာအမျိုးသမီးများဖြစ်သကဲ့သို့လူကုန်ကူးမှုတရားခံများတွင် လည်းအမျိုးသမီးများမှာ (၆၅)ရာခိုင်နှုန်းရှိကြောင်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဗဟို၏ စစ်တမ်းများအရ သိရသည်။


မြစ်မခမီဒီယာ

Dutch Disease (ဒတ်ခ်ျရောဂါ) အကြောင်း သိကောင်းစရာ



နိဒါန်း

လူ့ကိုယ်ခန္ဓာမှာ ဖြစ်ပွားနေတဲ့ ရောဂါလက္ခဏာတွေ စတင်ပေါ်ထွက်လာတဲ့အခါ ဂရုတစိုက်စောင့်ကြပ်ကြည့်ရှုပြီး ကျွမ်းကျင်သူတွေရဲ့ အကြံဥာဏ်တွေ၊ ကုထုံးတွေကို စနစ်တကျ ခံယူဖို့ လိုအပ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေမှာလဲ ရောဂါဝေဒနာတွေ ဖြစ်ပွားလာတတ်တာကြောင့်၊ ကနဦးလက္ခဏာများ စတင် ပေါ်ထွက်လာစဉ် ကတည်းက သတိပြုမိပြီး၊ လိုအပ်သော ကုသမှုတွေ၊ ကာကွယ်မှုတွေ ပြုလုပ်ထားမယ်ဆိုရင် ဝေဒနာဆိုးတွေကနေ သက်သာစေနိုင်ပါတယ်။

နိုင်ငံတနိုင်ရဲ့ စီးပွားရေးမူဝါဒတွေမှာ အကြမ်းဖျင်းအားဖြင့် internal objectives (စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်လက်မဲ့ရာခိုင်နှုန်းနည်းပါးရေး၊ ငွေကြေးဖောင်းပွခြင်း လျော့နည်းရေးစသည်များ) ပါဝင်သလို၊ external objectives (နိုင်ငံ၏ ငွေပေးငွေယူရှင်းတမ်း- balance of payments equilibrium ဖြစ်ရေး၊ နိုင်ငံတကာ ကုန်သွယ်ရေး လုပ်ငန်းဆောင်တာများအား အားပေးဆောင်ရွက်ရေး၊ ငွေလဲလှယ်နှုန်းများ အလွန်အကျွံ အတက်အကျများမှုအား ကာကွယ်ရေး စသည်များ) လဲ ပါဝင်ပါတယ်။ ဒီလို internal objectives နဲ့ external objectives တွေ အောင်မြင်ရေးအတွက် ငွေလဲလှယ်နှုန်း (exchange rate) က အရေးကြီးပါတယ်။

ငွေလဲလှယ်နှုန်းလျော့နည်းခြင်း (depreciation of exchange rate) ဖြစ်လာတဲ့အခါ ပြည်တွင်းသွင်းကုန် တန်ဖိုးတွေ မြင့်မားလာပြီး၊ ငွေကြေးဖောင်းပွမှု (inflation) ဖြစ်လာပါတယ်။ စီးပွားရေးမှာ ပြည်ပပို့ကုန်ကဏ္ဍ အားကောင်းလာပြီး၊ သွင်းကုန်တင်သွင်းမှု လျော့နည်းလာပါတယ်။ ဒီလို ပြည်ပပို့ကုန်ကဏ္ဍ အားကောင်း လာချိန်မှာ ပို့ကုန်တွေက သဘာဝသယံဇာတအရင်းအမြစ်များ (ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ စသည်များ) ကို အခြေပြုထားခဲ့ရင်၊ ပြည်တွင်းကို နိုင်ငံခြားငွေ အများအပြား စီးဝင်လာပါတယ်။

တပြိုင်နက်တည်းမှာပဲ နိုင်ငံခြားမှ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကူညီထောက်ပံ့မှု (Overseas Development Aid) တွေကနေ တဆင့် နိုင်ငံခြားငွေတွေ အများအပြား စီးဝင်လာပါတယ်။ ဒီအခါမှာ ပြည်တွင်းမှာ exchange rate volatility ဖြစ်လာပါတယ်။ ငွေလဲလှယ်နှုန်း အဆမတန် မြင့်မားမှု (appreciation of exchange rate) ဖြစ်လာရာကနေ၊ စိုက်ပျိုးရေးနဲ့ စက်မှုကဏ္ဍများမှ ပြည်ပပို့ကုန်များရဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းအား ကျဆင်းလာပြီး၊ ပြည်ပပို့ကုန်ကဏ္ဍကို ထိခိုက်လာစေ နိုင်ပါတယ်။ အကယ်၍ နိုင်ငံတနိုင်ငံမှာ သဘာဝသယံဇာတ အရင်းအမြစ်များအား ပြည်ပသို့ ပို့ဆောင်မှု၊ ပြည်ပနိုင်ငံများအား ရောင်းချမှု စတာတွေကနေ နိုင်ငံခြားငွေ အများအပြား ၀င်ရောက်နေပြီး၊ ပုံမှန်မဟုတ်တဲ့ ငွေလဲလှယ်နှုန်း တိုးတက်မြင့်မားလာခြင်းတွေလဲ ဖြစ်နေပြီဆိုရင်၊ တနည်းဆိုရင် ပြည်တွင်းမှာ သုံးစွဲတဲ့ ငွေက ပုံမှန်မဟုတ်ပဲ မာလာပြီဆိုရင်၊ Dutch Disease ရဲ့ ကနဦးရောဂါလက္ခဏာတွေ ပြသနေပြီလို့ ဆိုနိုင်ပါတယ်။

Dutch Disease ဆိုရာဝယ်

မြောက်ပင်လယ် (North Sea) မှာ သဘာဝဓာတ်ငွေ့ တွေ့ရှိပြီးနောက်ပိုင်း၊ နယ်သာလန်နိုင်ငံရဲ့ စီးပွားရေး အဆောက်အုံကို သက်ရောက်မှုတွေအကြောင်း လေ့လာဆန်းစစ်ထားတဲ့ ဆောင်းပါးတပုဒ်ကို (၁၉၇၇) ခုနှစ်မှာ The Economist က ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးရဲ့ အမည်က “The Dutch Disease” ဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာ သဘာဝဓာတ်ငွေ့ကို ပြည်ပသို့ တင်ပို့ရာကနေ နိုင်ငံခြားငွေ အများအပြား နိုင်ငံတွင်းသို့ စီးဝင်လာခြင်း၊ စိုက်ပျိုးရေးကဏ္ဍနှင့် စက်မှုလက်မှုကဏ္ဍ အရင်းအမြစ်များ Booming sector သို့ ရွှေ့ပြောင်းသွားခြင်း စသည်များကြောင့် ဈေးနှုန်းနဲ့ ငွေလဲလှယ်နှုန်း ပြောင်းလဲသွားပုံတွေ၊ ငွေလဲလှယ်နှုန်း မြင့်မားလာတဲ့အတွက် အခြားပို့ကုန်ကဏ္ဍမှာ ဈေးကွက်ရှယ်ယာလျော့နည်းလာပြီး၊ ပို့ကုန်ထုတ်လုပ်မှုကဏ္ဍကို ထိခိုက်ပုံတွေကို မီးမောင်းထိုးပြထားခဲ့ပါတယ်။

(၁၉၅၉) ခုနှစ်က နယ်သာလန်နိုင်ငံမှာ သဘာဝဓာတ်ငွေ့ အရင်းအမြစ်တွေကို ရှာဖွေတွေ့ရှိခဲ့ပြီး natural resource sector အခြေပြုတဲ့ ပို့ကုန်ဝင်ငွေ တိုးမြင့်လာပါတယ်။ စက်မှုလက်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွေမှာ ကျဆင်းလာပြီး၊ (၁၉၇၀) ခုနှစ်တွေမှာ စက်မှုကဏ္ဍထဲမှာ လုပ်ကိုင်နေသူတွေ (၁၆) ရာခိုင်နှုန်း လျော့နည်း သွားပါတယ်။ အလုပ်လက်မဲ့ရာခိုင်နှုန်းက (.) ရာခိုင်နှုန်းကနေ (.) ရာခိုင်နှုန်းအထိ မြင့်တက်သွားပါတယ်။ တိုင်းပြည်ဝင်ငွေရဲ့ share of profits ဟာ (၁၉၆၀) ကာလတွေမှာ (၁၆.) ရာခိုင်နှုန်းရှိရာကနေ (၁၉၇၀) ကာလတွေမှာ (.) ရာခိုင်နှုန်းအထိ ထိုးကျသွားပါတယ်။

(၁၉၇၀) ကာလတွေမှာ ဗြိတိန်နိုင်ငံမှာလဲ အလားတူ စီးပွားရေးအခြေအနေတွေ ဖြစ်ပွားခဲ့ပါတယ်။ ရေနံဈေးနှုန်းတွေ လေးဆလောက်တက်နေချိန်မှာ စကော့တလန်ကမ်းခြေအနီးမှာ ရေနံရှာဖွေလာနိုင်တဲ့အတွက် ဗြိတိန်နိုင်ငံဟာ ရေနံတင်ပို့တဲ့ နိုင်ငံဖြစ်လာပါတယ်။ ဒီလို natural resource sector ကို အလေးပေး ဆောင်ရွက်တဲ့အခါ စတာလင်ပေါင် ငွေလဲနှုန်း မြင့်တက်လာပါတယ်။ သို့ပေမယ့် ဗြိတိန် အလုပ်သမားတွေရဲ့ လုပ်ခတိုးမြင့်တောင်းဆိုမှုတွေ ထွက်ပေါ်လာပြီး၊ အခြားပို့ကုန်တွေကလဲ uncompetitive ဖြစ်လာတဲ့အတွက် ဗြိတိန်မှာ recession ဖြစ်သွားပါတယ်။ ဒါဟာ Dutch Disease ရဲ့ ရောဂါလက္ခဏာတွေပဲ ဖြစ်ပါတယ်။ Angola, Nigeria, Sudan , Venezuela, Sierra Leone, Liberia နဲ့ Congo အပါအ၀င် သဘာဝသယံဇာတ အရင်းအမြစ် ပို့ကုန်ကနေ ရရှိလာတဲ့ နိုင်ငံခြားငွေကြောင့် ငွေလဲနှုန်းတိုးတက်လာတဲ့ နိုင်ငံတွေမှာ Dutch Disease ကို ခံစားနေကြရပါတယ်။

အကျိုးသက်ရောက်မှုများ

Dutch Disease ရဲ့ အကျိုးသက်ရောက်ပုံတွေနဲ့ ပတ်သက်ပြီး၊ သဘာဝသယံဇာတ အရင်းအမြစ် အမျိုးအစား တမျိုးဖြစ်တဲ့ ရေနံရဲ့ အကျိုးသက်ရောက်ပုံကို ဥပမာပေး တင်ပြလိုပါတယ်။ ရေနံက ရရှိတဲ့ တိုင်းပြည် ၀င်ငွေတွေကလဲ စီးပွားရေးအဆောက်အအုံကို လွှမ်းမိုးမှု ရှိလာတဲ့အခါ ငွေကြေးဖောင်းပွမှုနှုန်းတွေ မြင့်တက်လာပြီး၊ လူနေမှုစရိတ်စကတွေ တက်လာပါတယ်။ ဒီအချိန်မှာ တခြားစီးပွားရေးကဏ္ဍတွေ ဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လျော့နည်းလာပြီး၊ စီးပွားရေးပြိုင်ဆိုင်မှု (economic competition) ကိုပါ ထိခိုက်စေပါတယ်။

အဲဒီအခါမှာ အစိုးရဟာ ရေနံက ရရှိတဲ့ အကျိုးအမြတ်တွေကို ခံစားရလာတာနဲ့အမျှ လာဘ်စားမှုတွေနဲ့ ဖြုန်းတီးမှုတွေ ဖြစ်လာပြီး၊ တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးမှုနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်လာပါတယ်။ ရေနံက ရရှိလာတဲ့ အကျိုးအမြတ်တွေကို တိုင်းပြည်တွင်းမှာ ပြန်လည် ရင်းနှီးမြှုပ်နှံမှု မလုပ်ပဲ၊ ကိုယ်ပိုင် အကျိုးစီးပွား အတွက် နိုင်ငံခြားဘဏ်တွေမှာ အပ်နှံတာ၊ နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာတွေ ဖြစ်လာပြီး၊ တိုင်းပြည်ရဲ့စီးပွားရေးမှာ ပြန်လည် ရင်းနှီးမြှုပ်နှံခြင်း မရှိတဲ့အခါ အခြေအနေတွေက ဆိုးသထက်ပိုပြီး ဆိုးလာနိုင်ပါတယ်။

Dutch Disease ရဲ့ အကျိုးသက်ရောက်မှုတွေကို လေ့လာကြတဲ့အခါ ဘောဂဗေဒပညာရှင် Corden နဲ့ Neary တို့ ရေးဆွဲခဲ့တဲ့ core model ကို အသုံးပြုလေ့ရှိကြပါတယ်။ ဒီ model အရ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးကဏ္ဍများကို သဘာဝအရင်းအမြစ်ကဏ္ဍ (natural resource sector)၊ စိုက်ပျိုးရေးကဏ္ဍနှင့် စက်မှုလက်မှုကဏ္ဍ စသော သဘာဝအရင်းအမြစ် မဟုတ်သည့် ကုန်သွယ်မှုကဏ္ဍ (non-resource tradables sector) နှင့် ပြည်ပ ကုန်သွယ်ရေးတွင် အသုံးမပြုသော ကုန်စည်များ၊ ၀န်ဆောင်မှုများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ ပါဝင်သော ကုန်သွယ်ရေးမဟုတ်သည့်ကဏ္ဍ (non-tradables sector) ဆိုပြီး ကဏ္ဍသုံးမျိုး ခွဲခြားနိုင်ပါတယ်။

ဒီကဏ္ဍသုံးမျိုးအနက် natural resource sector နဲ့ non-resource tradables sector တွေမှာ ပါဝင်တဲ့ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဆန်စပါး၊ စက်မှုထွက်ကုန် စသည်များရဲ့ ဈေးနှုန်းတွေကို ကမ္ဘာ့ဈေးကွက်က သတ်မှတ်ပြီး၊ non-tradables sector က ကုန်စည်များနဲ့ ၀န်ဆောင်မှုများရဲ့ ဈေးနှုန်းတွေ ကိုတော့ ပြည်တွင်းဈေးကွက်က သတ်မှတ်ပါတယ်။ non- tradables တွေရဲ့ ဈေးနှုန်းနဲ့ tradables တွေရဲ့ ဈေးနှုန်းကို အချိုးချပြီး real exchange rate ကို တွက်ချက်နိုင်ပါတယ်။ အကယ်၍ non- tradables တွေမှာ ၀ယ်လိုအား မြင့်တက်လာတဲ့အခါ ငွေလဲလှယ်နှုန်းတိုးတက်မှု (appreciation of real exchange rate) ဖြစ်လာနိုင်ပါတယ်။

နိုင်ငံတနိုင်ငံမှာ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍတွေ တိုးတက်လာတဲ့အခါ ထုတ်လုပ်မှု၊ ထုတ်ကုန်နဲ့ ၀င်ငွေ တိုးတက်မြင့်မားလာပြီး၊ ငွေလဲလှယ်နှုန်းတွေပါ တိုးတက်လာပါတယ်။ ဒီအခါမှာ ငွေလဲလှယ်နှုန်း တိုးတက်မှုက ရေရှည်တည်တံ့ခိုင်မြဲပြီး၊ ၀င်ငွေမြင့်မားမှု၊ consumption မြင့်မားမှုတွေကြောင့် တိုင်းသူပြည်သူများရဲ့ လူနေမှုဘ၀ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ပါတယ်။

ဒီလိုမဟုတ်ပဲ ငွေလဲလှယ်နှုန်းတိုးတက်မှုက သဘာဝအရင်းအမြစ် သယံဇာတပစ္စည်းများအား ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်ပနိုင်ငံများသို့ ရောင်းချခြင်း အပေါ်မှာ တည်မှီပြီး ဖြစ်ပေါ်လာတာ ဆိုရင်တော့ အခြားစိုက်ပျိုးရေး ကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍများရဲ့ ပြည်ပပို့ကုန် တင်ပို့မှုကို ထိခိုက်နှောင့်နှေးစေပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးနဲ့ စက်မှုလက်မှုကဏ္ဍတွေကို နောက်ကျကျန်ရစ်ခဲ့သော ကဏ္ဍများ (lagging sector) လို့ သတ်မှတ် ခေါ်ဝေါ်ကြပါတယ်။

Corden နဲ့ Neary တို့ ရေးဆွဲခဲ့တဲ့ core model ကနေ Dutch Disease ရဲ့ အကျိုးသက်ရောက်ပုံ နှစ်မျိုးကို ခွဲခြားသတ်မှတ်နိုင်ပါတယ်။ natural resource sector က စန်းပွင့်လာတဲ့အခါ တခြားကဏ္ဍတွေမှာရှိတဲ့ capital နဲ့ labour တွေက ဒီလိုစန်းပွင့်သော ကဏ္ဍ (booming sector) ထဲကို ရောက်ရှိသွားကြပါတယ်။ ဒီအခါမှာ စီးပွားရေးအဆောက်အအုံထဲက တခြားကဏ္ဍတွေမှာ ထုတ်လုပ်မှု လျော့နည်းလာပါတယ်။ non-tradables sector မှာ ဒီလို လျော့နည်းလာတဲ့အခါ ပို့ကုန် မဟုတ်တဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ မြင့်တက်လာပါတယ်။ ဥပမာ- မြေဈေး၊ အိမ်ဈေးတွေလဲ အတိုင်းအဆမရှိ ခုန်တက်သွားတတ်ပါတယ်။ ဒီလို ပြည်တွင်းဈေးကွက်က ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်း မြင့်တက်လာတဲ့ ရာခိုင်နှုန်းတွေနဲ့အညီ tradables sector ရဲ့ နှုန်းတွေက လိုက်ပြီး မမြင့်တက်နိုင်ပါဘူး။ tradables sector က ကုန်ပစ္စည်းတွေကကျတော့ အထက်မှာ ဆိုခဲ့တဲ့အတိုင်း ကမ္ဘာ့ဈေးကွက်က သတ်မှတ်တာတွေ ဖြစ်ပါတယ်။ ဒီအခါမှာ ငွေလဲလှယ်နှုန်း တိုးတက်မှု (appreciation of real exchange rate) ဖြစ်လာတော့တာပါပဲ။ ဘောဂဗေဒ ပညာရှင်တွေက ဒါကို အရင်းအမြစ်ရွေ့လျားမှုဆိုင်ရာ အကျိုးသက်ရောက်မှု (resource-movement effect) လို့ သတ်မှတ်ကြပါတယ်။

နောက်ထပ် အကျိုးသက်ရောက်မှုတခုကတော့ သုံးစွဲမှုဆိုင်ရာ အကျိုးသက်ရောက်မှု (spending effect) ပဲ ဖြစ်ပါတယ်။ natural resource sector စန်းပွင့်လာတဲ့အခါ ၀ယ်လိုအားတွေ မြင့်တက်လာပါတယ်။ non-tradables ကဏ္ဍမှာ ၀ယ်လိုအား မြင့်တက်လာတဲ့ အခါမှာ ပြည်တွင်းဈေးကွက်ကို မူတည်တဲ့ non-tradables တွေရဲ့ ဈေးနှုန်းက မြင့်တက်လာပါတယ်။ non-resource tradables တွေကတော့ ပြည်ပဈေးကွက်ကို မူတည်တာဖြစ်တဲ့အတွက် ဈေးနှုန်းကို မြှင့်ချင်တိုင်းမြှင့်လို့ မဖြစ်နိုင်ပါဘူး။ ဒီအခါမှာ ငွေလဲနှုန်းက တိုးတက်လာ ပါတော့တယ်။

ဒီလို ငွေလဲနှုန်း တိုးတက်လာတာနဲ့အမျှ စိုက်ပျိုးရေးနဲ့ စက်မှုလက်မှုကဏ္ဍကို အခြေပြုတဲ့ ပြည်ပပို့ကုန် လုပ်ငန်းများကို ထိခိုက်လာပါတယ်။ ပြည်ပနိုင်ငံမှာ အလုပ်လုပ်နေသူတွေဆီကနေ ပြည်တွင်းကို ပြန်ပို့တဲ့ ငွေအပေါ်မှာ မှီခိုနေရတဲ့ အိမ်ထောင်စုတွေရဲ့ ရပ်တည်ရေးကိုလဲ ထိခိုက်လာနိုင်ပါတယ်။ တနည်းဆိုရင် လူလတ်တန်းစားတွေကို အများဆုံးထိခိုက်စေပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူလတ်တန်းစား (middle class) ရာခိုင်နှုန်း များလာဖို့ လိုအပ်ပါတယ်။ လူလတ်တန်းစားရာခိုင်နှုန်း လျော့နည်းလာပြီး ဆင်းရဲနွမ်းပါးတဲ့ အခြေခံလူတန်းစား ရာခိုင်နှုန်း မြင့်မားလာခြင်း၊ ရေပေါ်ဆီ လူတန်းစားတွေဖြစ်တဲ့ အုပ်ချုပ်သူများနဲ့ လုပ်ငန်းရှင်များဆီမှာသာ တိုင်းပြည်ရဲ့ ဓနဥစ္စာများကို ရယူသုံးစွဲခံစားပိုင်ခွင့် များပြားနေခြင်း စတာတွေဟာ စီးပွားရေးပြဿနာ၊ လူမှုရေးပြဿနာနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပွားစေနိုင်ပါတယ်။

Dutch Disease အား ကုစားခြင်း

Dutch Disease ရဲ့ ရောဂါလက္ခဏာတွေကို ကုစားနိုင်တဲ့ ဆေးမြီးတို နည်းလမ်းတွေ အများအပြားရှိပါတယ်။ ဒါပေမယ့် ရောဂါအန္တရာယ် ပိုပြီး မဆိုးရွားစေရန် ကာကွယ်ခြင်း၊ ကုသခြင်းတွေကို ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် macroeconomic polices (fiscal policy, monetary policy, structural policies) တွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။

() Fiscal Policy

ဒတ်ခ်ျရောဂါရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို လျော့နည်းစေဖို့အတွက် fiscal policy ကို main instrument တခု အနေနဲ့ အသုံးပြုလေ့ရှိကြပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ spending effect ရဲ့ သက်ရောက်မှုက ပိုပြီးဆိုးရွားပါတယ်။ ဒါကြောင့် အသုံးစရိတ်များ ထိရောက်ချောမွေ့စေခြင်း (smoothing of spending) ဖြင့် volatility ကို လျော့နည်းစေနိုင်ပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက် သဘာဝသယံဇာတပစ္စည်းများ (ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်၊ ကျောက်မျက်ရတနာ စသည်များ) ကနေ ရရှိတဲ့ ၀င်ငွေတွေကို စုဆောင်းခြင်း၊ ပြန်လည်ရင်းနှီးမြှုပ်နှံခြင်း ပြုလုပ်ဖို့အတွက် natural resource fund တခု ရှိဖို့လိုအပ်ပါတယ်။ volatility လျှော့ချခြင်း၊ အနာဂတ်ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံခြင်း စတဲ့ ရည်ရွယ်ချက်တွေပေါ်မှာ မူတည်ပြီး fund အမျိုးအစား (saving fund, stabilization fund, investment fund) စတာတွေကတော့ ကွဲပြားနိုင်ပါတယ်။

ဝင်ငွေတွေရဲ့ မည်၍မည်မျှသော ရာခိုင်နှုန်းကို အစိုးရအသုံးစရိတ်အတွက်အသုံးပြုပြီး၊ မည်၍မည်မျှသော ရာခိုင်နှုန်းကို natural resource fund မှာ ထည့်သွင်းထားရှိရမယ်ဆိုတာနဲ့ ပတ်သက်တဲ့ fiscal rules တွေ ချမှတ်ဖို့ လိုအပ်ကြောင်း ဘောဂဗေဒ ပညာရှင်များက အကြံပြုထားကြပါတယ်။ အစိုးရအသုံးစရိတ်တွေနဲ့ ပတ်သက်ပြီး medium-term expenditure framework ပေါ်ထွက်လာဖို့အတွက် စီးပွားရေးပညာရှင်များနဲ့ နိုင်ငံရေးသမားများက ၀ိုင်းဝန်းကြိုးပမ်းကြမယ် ဆိုရင် ပိုပြီးအသုံးဝင်နိုင်ပါတယ်။ ဒီလို ပြုလုပ်ခြင်းအားဖြင့် တိုင်းပြည်ဝင်ငွေ သုံးစွဲမှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု (transparency) ကို အားကောင်းစေရုံသာမက လာဘ်ပေးလာဘ်ယူမှု (corruption)များနဲ့ တိုင်းပြည်ဘဏ္ဍာကို အာဏာအသုံးပြု၍ အလွဲသုံးစားပြုမှုများ ကိုလဲ တိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။

ဒတ်ခ်ျရောဂါကို ကုစားဖို့အတွက် fiscal policy ကို အသုံးပြုရာမှာ ပုံမှန်ဝင်ငွေ သတ်မှတ်ချက်နည်းလမ်း (permanent income approach) ကို အသုံးပြုလေ့ရှိကြပါတယ်။ ဒီနည်းလမ်းအရ သဘာဝသယံဇာတ ပစ္စည်းတွေကနေ ရရှိလာမယ့် natural resource revenues ကို ကနဦးတွက်ချက်ပြီး၊ အစိုးရအသုံးစရိတ်အတွက် သင့်လျော်တဲ့ ပမာဏတခု ချမှတ်ပြီးတဲ့အခါ၊ ကျန်ဝင်ငွေများကို တိုင်းပြည်ဥစ္စာဓန (sovereign wealth) အဖြစ် ပြည်ပမှာ ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ခြင်းအားဖြင့် အကယ်၍ တချိန်မှာ တိုင်းပြည်ရဲ့ သယံဇာတပစ္စည်းတွေ လျော့နည်းပျောက်ကွယ်လာတဲ့အခါ တိုင်းပြည်ရဲ့ ဥစ္စာဓနတွေကို ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဘောဂဗေဒပညာရှင် Collier ဦးဆောင်တဲ့ ပညာရှင်တွေ ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပိုပြီးအသုံးဝင်နိုင်တဲ့ “optimal” fiscal rule နည်းလမ်းကို ဖော်ထုတ်ခဲ့ကြပါတယ်။ ဒီနည်းလမ်းအရ သဘာဝသယံဇာတကနေ ရရှိလာတဲ့ resource revenues တွေကို ကနဦးအစမှာ ရာခိုင်နှုန်းအနည်းငယ်သာ စုဆောင်းရင်းနှီးမှုတွေ ပြုလုပ်ပြီး၊ တိုင်းပြည်ရဲ့ စီးပွားရေးအဆောက်အအုံမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် လျော်ကန်ပေမယ့် စီးပွားရေးအဆောက်အအုံမှာ ပြန်လည် ရင်းနှီးမြှုပ်နှံတာ မဟုတ်ပဲ စစ်အသုံးစရိတ်များကြီးမားလာမှုနဲ့ အလွဲသုံးစားလုပ်မှုများကို မည်သို့မည်ပုံ ကာကွယ်နိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေကိုပါ တွဲစပ်အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။ တင်းကြပ်တဲ့ fiscal discipline မရှိပဲ ဒီနည်းလမ်းကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ ခဲယဉ်းနိုင်ပါတယ်။

() Monetary Policy
Monetary policy ဆိုရာမှာ supply of money ကို ထိန်းချုပ်ခြင်း၊ အတိုးနှုန်းများကို ထိန်းချုပ်ခြင်း စတာတွေနဲ့ သက်ဆိုင်ပါတယ်။ ပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ တိုင်းပြည်တွင်းမှာ နိုင်ငံခြားငွေ အမြောက်အမြား စီးဝင်လာတဲ့အခါ nominal exchange rate ကို တရားသေ သတ်မှတ်ထားတဲ့ monetary policy ကို ကျင့်သုံးနေရင် ဒတ်ခ်ျရောဂါရဲ့ ဆိုးကျိုးသက်ရောက်မှုများနိုင်ပါတယ်။ Taylor interest rate rule နဲ့ လိုက်လျောညီထွေရှိတဲ့ nominal exchange rate flexibilityပေါ်မှာ အခြေခံတဲ့ monetary policy ကို ကျင့်သုံးမယ်ဆိုရင် ဒတ်ခ်ျရောဂါရဲ့ ဆိုးကျိုးများကို လျှော့ချနိုင်ပါတယ်။

အတိုးနှုန်းများကို ထိန်းချုပ်မှုဆိုရာမှာလဲ ဘဏ်လုပ်ငန်းများရဲ့ တည်ငြိမ်မှု (stability) နဲ့ ထိရောက်အားကောင်းမှု (efficiency) တို့ကို သုံးသပ်ပြီး စနစ်တကျ ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ bank failure မဖြစ်သွားဖို့အတွက် အလွန်အရေးကြီးပါတယ်။ ဘဏ်လုပ်ငန်းတခုမှာ failure ဖြစ်တာနဲ့ အများပြည်သူရဲ့ ယုံကြည်မှုကို လှုပ်ခါသွားစေနိုင်ပြီး၊ တခြားဘဏ်လုပ်ငန်းတွေအပေါ်မှာပါ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဗဟိုဘဏ်ဟာ အစိုးရရဲ့ လက်အောက်မှာ မရှိပဲ independent central bank ဖြစ်လာခဲ့ရင် monetary policy ရေးရာတွေကို ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ်နိုင်ပါတယ်။

() Structural Policies
ဒတ်ခ်ျရောဂါကို ကုစားနိုင်မယ့် နောက်ထပ်မူဝါဒတခုကတော့ trade liberalization ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ခြင်းအားဖြင့် non-tradables sector မှာ ဖြစ်ပွားနေတဲ့ demand pressure ကို လျှော့ချနိုင်ပါတယ်။ နောက်ထပ်မူဝါဒတခုကတော့ အစိုးရအသုံးစရိတ်တွေကို လမ်းပန်းဆက်သွယ်မှု တိုးတက်ကောင်းမွန်ရေး၊ ကုန်စီးဆင်းမှုချောမွေ့စေသော infrastructure များ ဖွံ့ဖြိုးလာရေး၊ ပညာရေးနှင့် အရည်အချင်းတိုးမြှင့်ရေး စတာတွေမှာ အသုံးပြုခြင်းဖြစ်ပါတယ်။

အစိုးရအသုံးစရိတ်တွေကို များများစားစား အသုံးပြုစရာ မလိုတဲ့ အခြားမူဝါဒတွေကိုလဲ ချမှတ်ဆောင်ရွက် နိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းများနဲ့ဆိုင်တဲ့ ဥပဒေများ၊ နည်းဥပဒေများ ပြဌာန်းခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း၊ ပို့ကုန်သွင်းကုန် လိုင်စင်လိုအပ်ချက်များ ပယ်ဖျက်ခြင်း၊ ကြိုးနီစနစ်ကျင့်သုံးမှုများအား လျှော့ချခြင်း၊ monopolistic
barriers များ လျော့နည်းစေခြင်း စတာတွေ ဖြစ်ပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment) များကို ဖိတ်ခေါ်ခြင်းအားဖြင့်လဲ spillover effects တွေကနေ တဆင့် conditions for learning by doing ကို ဖန်တီးနိုင်ပါတယ်။

နိဂုံး

လူ့ကိုယ်ခန္ဓာမှာ ရောဂါလက္ခဏာတွေ ပြလာတဲ့အခါ ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေရဲ့ အကူအညီနဲ့ အကြံဥာဏ်တွေကို ရယူဖို့ လိုအပ်ပါတယ်။ တိုင်းပြည်တခုရဲ့ စီးပွားရေးကဏ္ဍမှာလဲ ပျက်စီးယိုယွင်းစေမယ့် ရောဂါလက္ခဏာတွေ ပြလာတဲ့အခါ ကျွမ်းကျင်တဲ့ စီးပွားရေးပညာရှင်တွေရဲ့ အကူအညီနဲ့ အကြံဥာဏ်တွေကို ရယူဖို့ လိုအပ်ပါတယ်။ ကျွမ်းကျင်တဲ့ ဆေးပညာရှင်ဆိုရာမှာလဲ ကဏ္ဍတိုင်းမှာ အလုံးစုံကျွမ်းကျင်နေသူတွေဆိုတာ မရှိတာကြောင့် ခွဲစိတ်ဆရာဝန်၊ မျက်စိအထူးကုဆရာဝန်၊ နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန် စသဖြင့် အထူးကုဆရာဝန်များစွာနဲ့ ယူနစ်များစွာ ဆေးရုံတွေမှာ ထားရှိကြရပါတယ်။

ဒီလိုပါပဲ။ စီးပွားရေးပညာရှင် ဆိုရာမှာလဲ ကဏ္ဍတိုင်းမှာ အလုံးစုံကျွမ်းကျင်နေသူတွေ မရှိနိုင်ပါဘူး။ Development Economics, Financial Economics, Labour Economics, Health Economics, Environmental Economics, Economic Growth အစရှိတဲ့ ကဏ္ဍတွေမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်ရာလိမ္မာကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ တိုင်းပြည်တွေမှာ Government Economic Services, Institute of Public Policy စတာတွေ တည်ထောင်ထားရှိခြင်း၊ တက္ကသိုလ်ဌာနများရဲ့ သုတေသနလုပ်ငန်းဆောင်တာများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်း၊ ပညာရပ်ဆိုင်ရာ ဖိုရမ်များ ကျင်းပခြင်း စတာတွေကို ပြုလုပ်နေကြတာဖြစ်ပါတယ်။

လူ့စွမ်းအားအရင်းအမြစ်များ ချို့တဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ဒတ်ခ်ျရောဂါကို ကုစားနိုင်ရေး၊ ပိုမိုဆိုးရွားမသွားစေရန် ကာကွယ်ဆောင်ရွက်ရေးအတွက် Macroeconomic policies ကဏ္ဍကို ပိုင်နိုင်ကျွမ်းကျင်သော ကမ္ဘာ့အဆင့်မှီ ပညာရှင်များ ( ဥပမာ- ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာအဆင့်မှီတက္ကသိုလ်များ၊ အပြည်ပြည်ငွေကြေးရံပုံငွေအဖွဲ့ စသည်တို့မှ သုတေသီများ) ရဲ့ အကူအညီနဲ့ အကြံဥာဏ်များကို ရယူနိုင်ဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၆၊ ၈၊ ၂၀၁၁

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!