Popular Posts!

Monday, July 28, 2014

မော်တော်ယာဉ်အခွန် စည်းကြပ်မှုဆိုင်ရာ နှုန်းထားများ


စဉ်ယာဉ်အမျိုးအစား အချက်အလက်များCD 
Rate
CT
Rate
HS Heading
BUS (ယာဉ်မောင်းအပါအ၀င်လူ(၁၀) နှင့် အထက်
စီးနိုင်ပါသည်။)
၃%၅%87.02
Motor-homes Saloon, Wagon,Hatchback, Van, Double Cab.(engine displacement 2000 cc အထိ)၃၀%၂၅%87.03
Motor-homes Saloon, Wagon,Hatchback, Van, Double Cab.(engine displacement 2000 cc အထက်)၄၀%၂၅%87.03
Ambulance engine (cc) ခွဲခြားမှုမရှိ၁%၅%87.03
Pick up, Truck, Box Truck,Heavy Truck, Dump Truck,etc:Motor Vehicles for the Transport of goods၃%၅%87.04
Crane Lorries, Mobile drilling derrilcks Fire fighting Vehicles, Concrete-mixer Lorries (Special purpose motor vehicle)၁%၅%87.05
Bulldozers, Excavator, Wheel ,Loader, Motor Graders, Road
Roller etc;(Heavy Vehicles)
၁%၅%84.29
မှတ်ချက်။   အမှတ်စဉ် (2 နှင့် 3) ပါ engine displacement 2000 CC အထက်နှင့် 2000 CC အောက်
                မော်တော်ယာဉ်များအား အဌားယာဉ် (Taxi) အဖြစ်တင်သွင်းမည်ဆိုပါက CD 3% နှင့်
                CT 25% ပေးဆောင်ရပါမည်။
                မီးသတ်ယာဉ်နှင့် နိဗ်ဗာန်ယာဉ်များ တင်သွင်းမည်ဆိုပါက CD/CT (0%) ဖြစ်ပါသည်။
စဉ်ယာဉ်အမျိုးအစား အချက်အလက်များကနဦးမှတ်ပုံတင်ခ
ကုန်တင်ယာဉ်များ (Light Truck, Truck, Dumper, Tanker, Refrigerated Van, Box Truck, Crane Truck, Logging Truck, Container Carrier Truck, Tractor Head)၅%
ခရီးသည်တင်ယာဉ် (ဘတ်စ်) ၊
(ယာဉ်မောင်းအပါအ၀င် ၁၅ ဦးနှင့် အထက်)
၅%
လူစီးယာဉ် (Saloon, Jeep, Station Wagon, Pick-Up, Micro Bus, Van, MPV, SUV)
(၁၃၅၀ CC နှင့်အောက်)၅၀%
(၁၃၅၁ CC မှ ၂၀၀၀ CC ထိ)၈၀%
(၂၀၀၁ CC မှ ၅၀၀၀ CC ထိ)၁၀၀%
(၅၀၀၁ CC နှင့်အထက်)၁၂၀%
စဉ်ယာဉ်အမျိုးအစား အချက်အလက်များကနဦးမှတ်ပုံတင်ခ 
လျော့ပေါ့မှု
"ပ" အက္ခရာအထိ အပ်နှံရန်ကျန်ယာဉ်များ၄၀%
"ဗ" အက္ခရာမှ အနှစ် ၂၀ ​ကျော် အပ်နှံရန်ကျန်ယာဉ်များ၆၀%
စီမံချက်တွင်မပါသော အက္ခရာ Taxi ယာဉ်အဖြစ်အသုံးပြုရန်၈၀%
ကုမ္မဏီများမှ တင်သွင်းယာဉ်များ (အငှားယာဉ်)၅၀%
အစိုးရနှင့် ပုဂ္ဂလိကအကျိုးတူတင်သွင်းယာဉ် (အငှားယာဉ်)၅၀%
အစိုးရနှင့် ပုဂ္ဂလိကအကျိုးတူတင်သွင်းယာဉ် (အငှားယာဉ်မဟုတ်)၃၀%
လေလံမှတ်ပုံတင်ယာဉ်အပ်နှံ၍အစားထိုးတင်သွင်းယာဉ်၆၀%

ကားဟောင်းအပ်ခွင့် မူဝါဒသစ်..

ကားဟောင်းအပ်ခွင့် မူဝါဒသစ်...
မြ၀တီသတင်းစာမှာ ပါလာပါပြီ။

"စက်မှုဇုံကား"
(၁၄.၇.၂၀၁၄) မှာ ဇုံကားတွေ အအပ်လက်ခံပြီး CIF15000 နှင့်အောက်တွေဆို က.ည.နခွန်မှာ 20% လျှော့ပေါ့ပေးမယ်။ (CIF ကန့်သတ်ချက်ရှိတာ သတိပြုစေချင်ပါတယ်။)

"သုံးဘီးကား"
(၁.၈.၂၀၁၄) မှာ သုံးဘီးယာဉ် (သုံးဘီးဆိုင်ကယ်မပါ) အအပ်လက်ခံပြီး CIF10000 အောက် အင်ဂျင်ပါဝါ 1350cc အောက် လူစီးယာဉ်ကို 20% လျှော့ပေါ့ပေးပါမယ်။

"ပျက်စီးကား"
(၁.၈.၂၀၁၄) မှာပဲ ပျက်စီးနေတဲ့ကားများကို အအပ်လက်ခံပြီး ထိုကားနဲ့
CIF တန်ဖိုးတူမည့် ကားကို 10% လျှော့ပေါ့ပေးပါမယ်။ ဇုံကားနဲ့ သုံးဘီးကားလည်း တိုက်ထားတဲ့ကားတွေဆို ဒီအုပ်စုထဲ အကျုံးဝင်ပါမယ်။

"နှစ်(၂၀)ကျော်ကား"
(၁.၉.၂၀၁၄) မှာ နှစ်(၂၀)ကျော် အက္ခရာမရွေး အအပ်လက်ခံပြီး က.ည.နခွန်မှာ 20% လျှော့ပေါ့ပေးပါမယ်။

"ရာနှုန်းမလျှော့တော့"
(၁.၁.၂၀၁၅) ကျရင်တော့ ယာဉ်အစားထိုး တင်သွင်းခွင့်ပြုပေမယ့် အခွန်ရာနှုန်းမှာတော့ လျှော့ပေါ့ပေးတော့မည် မဟုတ်ပါ။

ကိုထွဋ်ထိပ် ( Distinct Trading Co., Ltd. )
Ref:https://www.facebook.com/CarMarketInMyanmar

Credit @ Ko Nge

အမေရိကန်ရောက် အမှန်တွေပြောနေတတ်တဲ့ ဇာဂနာ

မြန်မာပြည်က မတရားမှုတွေကို ရင်ဆိုင်ဆန့်ကျင်မယ့်သူ

ဓာတ်ပုံ-အေအက်ဖ်ပီ

စစ်အာဏာရှင်   လက်အောက်  နှစ်ပေါင်းများစွာ   နေခဲ့ရစဉ်အတွင်း ဇာဂနာက ပြည်သူများကို စိတ်နှလုံးရွှင်ပြုံးစေသူတစ်ဦး ဖြစ် ပါသည်။    ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေး ဖြစ်သူဦးသန့်မြင့်ဦးက ဇာဂ နာသည် စိတ်ပညာအရ အရေးပါသော ကဏ္ဍက ပါဝင်ခဲ့သည်ဟုဆိုပါသည်။
‘‘၁၉၈၈ အစပိုင်းမှာလူတွေ က နိုင်ငံရေးအရ ခေါင်းဆောင် ပေးမယ့်သူတွေကို    ရှာတဲ့အခါ သူက ရုပ်ရှင်နယ်က ထွက်လာပြီး အဲဒီလစ်ဟာနေတဲ့ နေရာကို ဖြည့်ပေးခဲ့တယ်။ သူက တကယ့်ကို နာ မည်ကြီးတယ်။ စစ်တပ်မဟုတ်တဲ့ ပရိသတ်တွေတင် မကဘူး။ သာ မန်လူတွေနဲ့ စစ်တပ်ကလူတွေ ကြားထဲမှာပါ သူ့ကိုမကြိုက်ဘဲ နေဖို့ဆိုတာ အတော်ခက်တယ်’’ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ဟောင်း မစ္စဗစ်ကီဘိုး မင်းက ထောင်ထဲမှာ ဇာဂနာရှိနေစဉ်က ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းများက ဒဏ္ဍာရီပုံပြင်ဆန်လှသည်ဟု ဆိုသည်။
‘‘ထောင်ထဲမှာတော့ သူက မင်းသားတစ်ပါးလိုပဲ။ သူကနာ မည်ကြီးပဲ။ အစောင့်တွေကတောင် သူ့ကိုသဘောကျတယ်’’
လန်ဒန်တွင်နေခဲ့သူ စီးပွား ရေးလုပ်ငန်းရှင် ဦးမိုးကျော်ကမူ
‘‘လူတွေက သူ့ကိုတလေး တစား နေရာပေးထားတယ်။ စစ်ဗိုလ်ချုပ်တွေ    အကြောင်း မကောင်းပြောချင်ရင် ဇာဂနာကို ကိုးကားပြောကြတယ်။ စစ်ဗိုလ် တွေကို ဟာသလုပ်ချင်ရင် သူ့ကို အသုံးချကြတယ်။ စစ်ဗိုလ်တွေအ ကြောင်း ဟာသပြောချင်ရင် သူ လုပ်တာ မဟုတ်တာတောင် လူ တွေက ဒါဇာဂနာလုပ်တဲ့ ဟာသ လို့ ပြောတယ်။ စစ်သားတွေက တောင် အဲဒီလိုပြောတယ်’’ဟု ပြောခဲ့သည်။
ဦးမိုးကျော်က မြန်မာပြည် မှာ ပထမဆုံး စီးပွားရေးလမ်း ညွှန်ဖြစ်သည့် အ၀ါရောင်စာမျက် နှာများကို ထုတ်ဝေခဲ့သူ ဖြစ် သည်။ သူက ကြော်ငြာများ ရိုက် ကူးသည့်အခါ ရုပ်သံကြော်ငြာ နောက်ခံစကားပြောသူ  ဇာဂနာနှင့် တစ်ခါတစ်ရံ အတူအလုပ် လုပ်ခဲ့ရသည်။
ဇာဂနာနှင့် ရုပ်ရှင်နှင့် ကြော်ငြာများ  တွဲလုပ်ခဲ့ဖူးသည့် မိတ်ဆွေနှစ်ဦးနှင့်အတူ ယခုနှစ်ဇွန် လမှာ ဦးမိုးကျော်က ပဒုမ္မာစားသောက်ဆိုင်သို့ ကျွန်တော်တို့ကို ခေါ်သွားသည်။   ထိုအထဲတွင် ဦးသန်းထိုက်က ဇာဂနာကို ၁၉၈၀လောက်ကတည်းက သိနေခဲ့သူ ဖြစ်သည်။
သူက အကြံဉာဏ်ကောင်း တွေ ချက်ချင်းထွက်တတ်တယ်။ အဲ့ဒါသူ့ရဲ့ သွေးဗီဇထဲမှာကို ရှိနေ တာ။ သူက   နိုင်ငံရေးမှာရော ဟာသမှာရောပဲ။
သည်နေရာမှာ ဦးမိုးကျော် က ကြားဖြတ်ဝင်ပြောလိုက်ပါ သည်။
‘‘သူက  ခင်ဗျားကို သြဇာ မပေးဘူး။ သူဘယ်လောက်ခံစား ခဲ့ရသလဲဆိုတာ ခင်ဗျာသိပါ တယ်။ ဒါပေမဲ့ သူက ခင်ဗျားကို  ပြုံးပဲ ပြုံးပြတယ်’’
ဇာဂနာပြန်လွတ်လာသည့် ၂၀၁၁ အောက်တိုဘာ ၀န်းကျင်သည် မြန်မာနိုင်ငံကို စောင့်ကြည့်သူအားလုံး တအံ့တသြ ဖြစ်ခဲ့ရသည်။ ဆယ်စုနှစ်များစွာ ဖိနှိပ်မှုများအပြီးမှာ နိုင်ငံရေးစနစ်က ရုတ်တရက်   အရှိန်အဟုန်   ပြင်းစွာ ပွင့်လင်းပြောင်းလဲလာခဲ့သည်။ ၂၀၁၁ ခုနှစ် နွေရာသီမှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်နှင့်    တွေ့ဆုံခဲ့၏။ သမ္မတဦးသိန်းစိန်ကို ယုံကြည်ရ သောသူဟု ဒေါ်အောင်ဆန်းစု ကြည်ကဆိုခဲ့သည်။
အာရပ်နိုင်ငံတွေမှာ ဖြစ်ခဲ့ သော အာရပ်နွေဦးလှုပ်ရှားမှုတွေ ကဲ့သို့ မြန်မာ၏ ပြုပြင်ပြောင်းလဲမှု များက အနောက်သို့ ပြန်လှည့် မသွားပါချေ။ သို့သော် တောက်ပ သော အရောင်တွေကတော့ ကွာ ကျလာပြီဖြစ်သည်။ တိုင်းရင်းသား နှင့် ဘာသာရေးအကြမ်းဖက်မှု များ ဒဏ်ကို တိုင်းပြည်က ခံစား နေရသည်။ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများ ရုပ်သိမ်းခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုး လာပြီး တိုင်းပြည်၏ နည်းပညာ ချို့တဲ့မှုများ၊ အခြေခံအဆောက် အအုံများ၊ ပညာတတ်လုပ်အား များပေးလာနိုင်မည်ဟု မျှော်လင့် ရသည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ ခြားသားဖြစ်သော သားများ ကြောင့် ၂၀၁၅ မှာ သမ္မတအဖြစ် ရွေးကောက်ဝင်ပြိုင်ခွင့်ကို ပိတ် ဆို့ထားခြင်းကလည်း အဆိုးမြင်မှု တွေကို တိုးလာစေသည်။ ထို့အ တူ အခြေခံဥပဒေပြောင်းလဲမှုကို ဟန့်တားနိုင်သည့် လွှတ်တော်အ တွင်း စစ်တပ်ကိုယ်စားလှယ် ၂၅ ရာ ခိုင်နှုန်းကို စစ်တပ်ကစွန့်လွှတ် မည်ဟုလည်း အများစုက မထင် ကြ။
မြန်မာက အတောက်ပဆုံး အခြေအနေဟု ပြောလို့ရသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ လည်း အမည်းရောင်များ စွန်း ထင်းလာပြီး ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်လာပါပြီ။ လက်နက်ကိုင်အုပ် စု ဆယ့်နှစ်ခုကျော်ကလည်း တဲတဲလေးရှိသည့် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးထားသည်က အမှန် ပဲ ဖြစ်သည်။ သို့ရာတွင် လက်နက်ကိုင်အုပ်စုအများ စုက တစ်နိုင်ငံလုံးအနှံ့ အပစ်အ ခတ်ရပ်စဲရေး သဘောတူညီချက် က သူတို့၏ သြဇာအာဏာလွှမ်း မိုးမှုကို အဆုံးသတ်လိုက်မှာ၊ ဗဟိုအစိုးရက သူတို့ဒေသ၏ သဘာဝသယံဇာတ အရင်းအမြစ် တွေ ရယူမှာကို စိုးရိမ်ကြသည်။ စိုးရိမ်စရာကောင်းတာက နောက်ဆုံးသဘောတူညီချက်ကို မရောက်ရှိပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ခုလုံး နောက်ပြန်လှည့်သွား နိုင်သည်။ ၂၀၁၅တွင် ရွေးကောက်ခံရမည့် အစိုးရက အားလုံးကို အစက ပြန်လုပ်ရမည့် အခြေအနေသို့ ရောက်သွားနိုင်သည်။
ဇာဂနာကတော့ မြန်မာကို အုပ်ချုပ်နေသည့် အစိုးရ၏ ဆင် ခြေများကို မယုံကြည်သူ ဖြစ် သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် ပတ်သက်၍သူက ယခုလို ပြောသည်။
‘‘စစ်သားဆိုတာ သူတို့ရဲ့ ပြဿနာအားလုံးကို သေနတ်နဲ့ ပဲ ရှင်းတဲ့သူတွေ။ စားပွဲဝိုင်းထိုင် ရှင်းသူတွေ မဟုတ်ဘူး’’
ထို့အတူ အစိုးရအကြံတွေ ကို လိုက်မီဖို့ ဒေါ်အောင်ဆန်းစု ကြည်မှာလည်း အင်အားမရှိဟု ဆိုပါသည်။
‘‘သူတို့က သရုပ်ဆောင်သိပ် ကောင်းတဲ့သူတွေ ဦးသိန်းစိန်က သူ့ကိုယ်သူ ကြားနေတဲ့၊  ပျော့ ပျောင်းတဲ့ လူပုံမျိုးဖြစ်အောင် ကြိုးစားထားတယ်။ သူက အရမ်း တော်တယ်။ အမြဲတမ်းပြုံးနေပြီး မိဘပြည်သူများ ခင်ဗျာလို့ပြော တယ်။ ဒါက ကစားပွဲကြီးပါ။ ကျွန်တော် အဲဒီကစားပွဲထဲမှာ ပါရမှာ သိပ်ကြောက်တယ်။ ဘယ်နေရာကပဲဖြစ်ဖြစ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကစားသူတစ်ယောက်ပဲ။ ဒါပေမဲ့ သူအကွက်ရွှေ့ဖို့ မလွယ်ဘူး။ သူကစား လို့ မရနိုင်ဘူး။ ဘယ်မှာလဲ အဖြေက။ သူကလူတွေကို ဘာအဖြေမှ မပြနိုင်ဘူး’’
မြန်မာအစိုးရကတော့ တိုင်း ပြည်အနှံ့ဖြစ်ပေါ်နေသော ပြဿ နာများကနေ အကျိုးအမြတ်တွေ ရနေပြီဟု သူကဆိုပါသည်။
‘‘သူတို့က ကောင်းကောင်း ထိန်းနိုင်တယ်။ သည်နိုင်ငံအ ကြောင်းကို သူတို့က ကောင်း ကောင်းသိတယ်။ သူတို့မှာ ကစားစရာ ကတ်တွေအများကြီးရှိ တယ်’’
ထိုအရာတွေထဲမှာ ရခိုင် ဒေသက ရိုဟင်ဂျာမွတ်စလင် များနှင့်ပတ်သက်သော အကြမ်း ဖက်မှုများလည်း ပါပါသည်။
‘‘ဒီပြဿနာက ကျွန်တော် တို့ တိုင်းပြည်အတွက် ချိန်ကိုက် ဗုံးပဲ’’
သူက အစိုးရအနေဖြင့် သည်ပြဿနာကို နောက်နှစ် ရွေး ကောက်ပွဲနီးကပ်လာသည့်အခါ ပြည်သူများ မုန်းတီးခံစားမှုများ နှိုးဆွရန်အတွက် အသုံးပြုမှာကို စိုးရိမ်နေသူ ဖြစ်သည်။ စစ်တပ် နောက်ခံပေးထားသော ကြံ့ခိုင် ရေးပါတီက ဗုဒ္ဓဘာသာကို အပြင်းအထန်ကာကွယ်သူများအဖြစ် မဲများရသွားနိုင်သည်။ အောင်ဆန်းစုကြည်ကိုယ်တိုင်သည် ပြဿနာနှင့်ပတ်သက်ပြီး သတိထားနှုတ်ဆိတ်နေရသည်ဟု ဆိုသည်။
‘‘ဗုဒ္ဓဘာသာက အရမ်းငြိမ်း ချမ်းတဲ့ဘာသာတစ်ခုပါ။ ဒါပေမဲ့ တချို့ ဘုန်းကြီးတွေက အရမ်း အစွန်းရောက်တယ်။ သူတို့က မွတ်စလင်တွေကို မုန်းတယ်။ သည်ဟာတွေနောက်မှာ စစ်တပ် က လူတွေက ကြိုးကိုင်နေတယ်’’ ဟု ဇာဂနာက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်ချက်များနှင့်ပတ် သက်၍ သူကဝေဖန်သော်လည်း ၂၀၁၂ ခုနှစ် သရွေးကောက်ပွဲဝင် တုန်းက ဇာဂနာက အနီးကပ်ရှိခဲ့သူ ဖြစ်သည်။
‘‘ကျွန်တော်တို့ သူ့ကိုချစ် တယ်။ သူကကျွန်တော်တို့ရဲ့ မိခင်လိုပါပဲ’’
ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် နောက်နှစ်ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ၀င်ရောက် အရွေးခံရန် မဖြစ်နိုင်ဟု သူကဆိုပါသည်။
‘‘၂၀၁၅ တော့ မဖြစ်နိုင် တော့ဘူး။ ကျွန်တော့်မိတ်ဆွေ တွေကို ပြောထားတယ်။ ကျွန်တော်တော့ ၂၀၂၀ ကို မျှော်နေပြီ။ ၂၀၁၅ မဟုတ်ဘူးလို့။ ကျွန်တော်တို့က သူ့ကိုချည်းပဲ လုံးဝအားမကိုးချင်တော့ဘူး။ သူက အသက်ကြီးလာပြီလေ။ ကျွန်တော်တို့ တိုင်းပြည်အတွက် မျက်နှာသစ်တွေ၊ ခေါင်းဆောင်အသစ်တွေ တင်ပေးရမယ်’’
ဇာဂနာအနေဖြင့် ယခုအ ချိန်မှာ သူ၏ဟာသပညာထက် လှုပ်ရှားမှုတွေကိုရော နိုင်ငံရေးကို ပါ မျိုးဆက်သစ်များအား သင်ကြား ပြသဖို့ အချိန်ပေးအားထုတ်နေပါ သည်။
သူ့အတွက်ကကော ဆူးလေ ဘုရားက ငှက်ကလေးတွေလို သူ ကလည်း ဆက်လက်လှုပ်ရှားနေ ဦးမှာလား။ ထောင်ထဲဝင်ချည် ထွက်ချည် လုပ်နေဦးမှာလား။ သူက ယခုလိုအပြင်မှာ လွတ် လွတ်လပ်လပ် ဆက်လက်နေခွင့် ရဖို့ အခွင့်အရေးက ၅၀-၅၀ ရာ နှုန်းပဲ မျှော်မှန်းထားပါသည်။
တိုင်းပြည်ကို တိုးတက် အောင်လုပ်သူ မည်သူမဆို တွဲလုပ်မည်ဖြစ်ကြောင်း သူက တိုင်းပြည်အုပ်ချုပ်နေသူ စစ်ဗိုလ်ချုပ် ဟောင်းများကို ပြောထားပါသည်။
‘‘ကျွန်တော်နိုင်ငံကို ချစ် တယ်။ ခင်ဗျားလည်း ကျွန်တော့် နိုင်ငံကို ချစ်တယ်။ ဒါကျွန်တော် တို့ရဲ့ တူညီတဲ့ အခြေခံပဲ’’ဟု ဇာဂနာက သူတို့ကိုပြောကြားခဲ့ သည်။
သည်အချက်က လုံလောက် ပြီဟု သူမျှော်လင့်ထားသည်။ သို့ မဟုတ်ပါက ဇာဂနာ၏ အသံဝါ ကြီးနှင့် ဟာသပြက်လုံးများက ပြန်လည်တစ်ပတ်လည်လာပါ လိမ့်မည်။
  (နိုင်ငံရေး အကျဉ်းသား ဟောင်း လူရွှင်တော် ဇာဂနာနှင့် တွေ့ဆုံရေးသားထားသည့် The Financial Times မှ အာရှရေး ရာအယ်ဒီတာ David Pilling: ၏  The Comedian Zarganar Stands up to Tyranny in Myanmar ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)
စစ်ဘေးဒုက္ခသည်တွေ ကချင်၊ကရင်တိုင်းရင်းသားတွေကို နိုင်ငံတကာက လျစ်လျှူ ရူထားကျတာ...

ဝဍ်ဆိုတာပြန်လည်တတ်ပါတယ်..




ပြန်ရင်တောင် ဘာဖြစ်မယ်မသိပါဘူးတဲ့...


Best Newcomer Director - The Art of Freedom Festival 2012 Directed by Aung Zaw Moe(19)

Best Documentary Film - The Art of Freedom Festival 2012 Directed by Sai Kyaw Khine

Best Short Film - The Art of Freedom Festival 2012 Directed by Minn Theik t

Credit @ Ko Nge

တိုဖူးဖြူဝက်သားပေါင်းကင်(ရှမ်းအစားအစာ)


Danuphyu Daw Saw Yee(London) မှကြိုက်တတ်တဲ့ အစားအစားတွေကို ကူးယူဖော်ပြလိုက်တာပါ....

တိုဖူးဖြူဝက်သားပေါင်းကင်(ရှမ်းအစားအစာ)
IMG_0016
ကျမရဲ့ ရင်နှီးချစ်ခင်ရပါသော ပြင်သစ်က ရှမ်းမလေး လင်းပေးတဲ့နည်းလေးပါရှင်။ အလွန်ကောင်းပါတယ်၊ ရှမ်းသွေး ပါတဲ့ကျမအမျိုးသား ( ထင်လဲမထင်ရဘူးနော် ) ကအဲဒီ တိုဖူးဝက်သားလေးကို တထိုင်တည်းနဲ့ ကောင်းလိုက်တာ ကောင်းလိုက်တာဆိုပြီး စားပလိုက်ပါတယ်ရှင်။ အရမ်းကောင်းတဲ့ ဒီနည်းလွယ်လွယ်လေးကို ကြည့်ရအောင်

ပါဝင်ပစ္စည်းများ
-၀က်သားအဆီနဲနဲပါတာ တောက်၂စင်း ၃၀၀ ဂရမ်
-တိုဖူးဖြူတုံး ၂၀၀ ဂရမ်
-ဖက်ဖယ်ရွက်၊ ရှမ်းနံနံပင် ၊ နံနံပင်၊ ကြက်သွန်မိတ်၊ ပင်စိမ်းရွက် (လက်တဆုပ်မရှိတရှိစီ)
-ငရုတ်သီးစိမ်း ၅တောင့်
-ဆီ ၃ဇွန်း(စားပွဲတင်)
-ဆား အနဲငယ်
-ဟင်းခတ်မုံ့ ၁ဇွန်း(အချိုဇွန်း)
-ကြက်သွန်ုဖြူ ၃မွှာ ထောင်းထား
-ဂျင်းအနည်းငယ်ထောင်း ၁ဇွန်း(အချိုဇွန်း)
-ငရုတ်ကောင်း ဇွန်းဝက်(အချိုဇွန်း)

IMG_0002 IMG_0010IMG_0005
ဝက်သားအဆီပါတာကို နုတ်နုတ်စင်းထားပါ။ တိုဖူးလေးများကိုလဲ တောက်တောက်စင်းထားပေးပါ။
IMG_0011
ဖက်ဖယ်ရွက်၊ ရှမ်းနံနံပင် ၊ နံနံပင်၊ ကြက်သွန်မိတ်၊ ပင်စိမ်းရွက် ၊ငရုတ်သီး အရွက်စုံတွေကို နုတ်နုတ်စင်း ပြီး ဇလုံတခုထဲထဲ့ ကျန်ပါဝင်ပစ္စည်းများအားလုံး ကို ပုံကာထဲ့ပြီး ဆား ဟင်းခတ်မုံ့ ဆီရွှဲရွှဲထဲ့ကာ နယ် ငှက်ပျောဖက်နဲ့ထုပ်ပြီး ၄၅မိနစ်ခန့်ပေါင်းပေးပါ။

IMG_0012 IMG_0014
ပြီးမှ ၁၀မိနစ်ခန့်ကင်လိုက်ရင်း စားလို့အလွန်ကောင်းပြီး မွှေးနေသော
ဝက်သားတိုဖူးဖြူပေါင်းကင် ရပြီပေါ့နော်။ (ကျမကတော့ တထုတ်ပဲကြီးကြီးထုတ်လိုက်ပါတယ် ၊ အထုတ် သေးလေးတွေထုတ်ချင်လဲရပါတယ်)

IMG_0015 IMG_0019
Ref:http://htetfamily.com/

ငါးချဉ်ပေါက်ဟင်း( ရခိုင်ဟင်း)

ကျန်းမာရေးနှင့်ညီညွှတ်တဲ့ စားချင်စရာချဉ်စပ်ငါးဟင်းလေး
ဓနုဖြူဒေါ်စောရီ(လန်ဒန်)မှကူးယူဖော်ပြလိုက်တာပါ....

ငါးချဉ်ပေါက်ဟင်း( ရခိုင်ဟင်း)
IMG_0047
ဒီငါးချဉ်ပေါက်ဟင်းကို ကျမ အမျိုးသား အလွန်နှစ်သက်ပါတယ်။ များသောအားဖြင့် သူက ငါးကို ကြော်ရင်ကြော် မကြော်ရင်ပေါင်း စသည်ဖြင့်စားလေ့ရှိပြီး ငါးဟင်းကိုတော့ ငါးမြင်းဟင်းကိုသာ ဂဂျီဂဂျောင်မကျပဲ စားလေ့ရှိပါတယ်။ ဒီ ငါးချဉ်ပေါက်ဟင်းကိုတော့ သူက တော်တော်လေး ကြိုက်ပြီး သင်ပေးတဲ့ အန်တီကိုလဲ ကျေးဇူးတင်ကြောင်းပြောခိုင်းတာပါ။ငါးကတော့ ကကတစ်၊ ကကူရံ တို့နဲ့ ချက်တာအကောင်းဆုံးလို့ပြောပါတယ်။ အရည်ကျဲကျဲလေးနေနဲ့ သောက်စမ်းချဉ်ရည်လေးတမျိုးပါရှင်။
ပါဝင်ပစ္စည်းများ
-ငါးအသားဆူဆူ တကောင် ၅၀၀ ဂရမ်ခန့်
-ကြက်သွန်နီ တလုံးကြီးကြီး
-ငပိ စိမ်းစား ၁ဇွန်း(အချိုဇွန်း)
-ဆနွမ်း ပါလေကာ ဇွန်း ၃ပုံ ၁ပုံ (အချိုဇွန်း)
-ဆား ၁ဇွန်း(အချိုဇွန်း)
-အသားမှုန့် ၂ဇွန်း (အချိုဇွန်း)
-မကျည်းသီး(သို့) မရမ်းသီးခြောက် ကိုရေစိမ်ထားပါ။
-ငရုတ်သီးစိမ်း ၅ တောင့်ခန့်
-နံနံပင်
ငါးများကို သန့်စင်ပြီး အတုံးညီညီ တုံးထားပေးပါ။ ဆားနယ်ထားပါ။
ကြက်သွန်နီကိုပါးပါးလေးများလှီးထားပေးပါ။ ငရုတ်သီးစိမ်းလေးများကို ထက်ခြမ်းခွဲထားပါ။ 
ငါး၊ကြက်သွန်၊ဆနွမ်း၊ ငပိ ကိုရေဖျောထားတာတို့ကို အိုးထဲ ဆီပါလေကာ ထဲ့ပြီး မီးဖိုပေါ်တွင်လုံးပေးပါ။

IMG_0001
၃ မိနစ် ခန့်အကြာမှာ အသားမှုန့်၊ ရေ ၁၀၀ ဂရမ်ထဲ့ပြီး အဖုံအုပ်ထားပေးပါ။
IMG_0002

ဆူလာရင် မကျည်းရေ( သို့) ရေစိမ်ထားသော မရမ်းသီးခြောက် ၄ -၅ပြားကိုရော စိမ်ထားသောရေပါလောင်းထဲ့ပါ။ (မကျည်းရည် သုံးမယ်ဆိုရင် အချဉ်ကို လိုချင်သလောက်ချိန်ထဲ့ပါရှင်)။ ရေပြန်ပွက်လာတာစောင့်ပြီး ငရုတ်သီးစိမ်း ထက်ခြမ်းကွဲများ ထဲ့ပါ။

IMG_0003
အရသာအပေါ့အငံမြည်းကာ မီးပိတ်ပြီး နံနံပင် ခတ်လိုက်ရင် ချဉ်ချဉ်စပ်စပ် ငရုတ်နံ့မွှေးမွှေး ငါးချဉ်ပေါက် ရခိုင်ရိုးရာဟင်းတခွက်အဆင်သင့်စားသုံးနိုင်ပါပြီရှင်။
IMG_0005
Ref:htetfamily.com

Saturday, July 26, 2014

ဒေါက်တာ လွင်သန့် (ဆေး-၂)




ကလေးငယ်များ အရိုးအဆစ် ရောင်ရခြင်း မှာ ရောဂါကြောင့် ထက် ထိခိုက် ဒဏ်ရာ ရခြင်းကြောင့် ဖြစ်တတ်သည်။ အမြင့်ပေါ်မှ ခုန်ချခြင်း၊ ကစားရင်း ချော်လဲခြင်း၊ တစ်ခုခုနှင့် မတော်တဆ ထိခိုက် မိခြင်းကြောင့် အရိုး အဆစ်များ ရောင်တတ်သည်။

ထိခိုက် ဒဏ်ရာရလျှင် အရိုးအဆစ် များ ရုတ်တရက် ရောင်လာ တတ်သည်။ အရိုး သို့မဟုတ် အဆစ် တစ်ဝိုက်တွင် ရှိသော အရိုး အမြှေးပါး နာ၍ဖြစ်စေ၊ အဆစ် တစ်ဝိုက်မှ အကြောအရွတ် တို့ ပွန်းပဲ့ပြီး ဒဏ်ဖြစ် သွား၍ ဖြစ်စေ ရောင်ရမ်းခြင်း ဖြစ်တတ်သည်။ ရောဂါ ကြောင့် အဆစ်အမျက် ရောင်ပါက လေးဖက်နာ ရောဂါ ဖြစ်သည်။

လေးဖက်နာသည် အသက် ၅ နှစ်မှ ၁၂ နှစ် အရွယ်အတွင်း ဖြစ်ပွားပါက ကလေးအဖျား ကြီးပြီး အဆစ်များ ရောင်လာမည်။ လက်တွင် လက်ကောက်ဝတ်၊ ခြေထောက်တွင် ဒူးဆစ်များ ရောင်ပြီး နာလာမည်။ ခြေချင်းဝတ်၊ တံတောင်ဆစ်များ ဆီသို့ ရောက်နိုင် သကဲ့သို့ အဆစ်အားလုံး လိုလို ရောင်ပြီး နာလာမည်။

ကလေးများ မကြာခဏ အာသီးရောင်လျှင် ဖြစ်ပေါ်သည့် စထရပ်ကောကပ် ပဋိပစ္စည်းများ သွေးထဲ ရောက်ကာ နှလုံးရောဂါ ဖြစ်လာ နိုင်သည်။ နှလုံးရောင်၊ အဆစ်ရောင် လာတတ်သည်။ ပင်နီဆီလင်ဗွီ စားဆေး နေ့စဉ် နံနက် တစ်လုံး၊ ညတစ်လုံးဖြင့် ခုနစ်ရက်မှ ၁ဝ ရက် သို့မဟုတ် လနှင့်ချီပြီး ခြောက်လမှ ရှစ်လ အထိ တိုက်ကျွေး ရမည်။ သွေးထဲတွင် အေအက်စ်အို ( ASO ) စစ်ဆေးပြီး လျော့ကျလာမှ ပင်နီဆီလင် ကို လျှော့ချရမည်။

အခြား အဆစ်ရောင် တစ်မျိုးမှာ အတိအကျ မရှိသည့် အဆစ်ရောင် ခြင်းဖြစ်ပြီး လေးဖက်နာ ရောဂါကဲ့သို့ ဒူးဆစ်နှင့် ခြေချင်းဝတ် အဆစ်တို့တွင် ရောင်တတ်၍ အခြားအဆစ် သို့ ခုန်ကူး ရောင်ခြင်း မရှိပါ။ ဒူးဆစ်ရောင်လျှင် တစ်မျိုးတည်း၊ တစ်ဖက်တည်း ရောင်မည်။

အဆစ်အတွင်း အရည်ဝင်သည့် လက္ခဏာ တွေ့နိုင်သည်။ အိပ်ရာ ထခါစ နံနက်မှာ အဆစ်များ တောင့်တင်း နေတတ်သည်။ အများအား ဖြင့် ကလေး အသက်နှစ်နှစ်မှ လေးနှစ် အရွယ် ယောက်ျား လေးများ ပို၍ ဖြစ်တတ်သည်။ ရက် အတော်ကြာ အဖျားတက် နေတတ်သည်။

မျိုးရိုးလိုက် သွေးမတိတ်၊ သွေးယိုရောဂါ သည် ယောက်ျားလေး များ၌ စတင် ဖြစ်ခဲ့ချိန် မှစပြီး အဆစ်များ အတွင်းေ သွးယို၍ အဆစ်ရောင် ရောဂါ ပေါ်လာနိုင်သည်။ အဆစ်အတွင်းသို့ ဘက်တီးရီးယား တစ်မျိုးမျိုး ဝင်၍ ပြည်တည်နာ ဖြစ်လျှင်၊ အဆစ်အနီး၌ အရိုးနာ ဖြစ်ခဲ့လျှင်၊ အဆစ်အတွင်း တီဘီ ရောဂါ စွဲကပ်လျှင် အဆစ်ရောင် လာသည်။ ပြည် သို့မဟုတ် အရည်ဝင်လျှင် ရောင်ကိုင်းကာ ကိုယ်ပူပြီး ဖျားတတ်သည်။

အချို့ ကလေးများမှာ ဝမ်းလျှော၊ ဝမ်းကိုက်၊ အူရောင် ငန်းဖျားနှင့် ဂျိုက်သိုး ရောဂါဖြစ်လျှင် အဆစ်ရောင် ရောဂါ ရလာကြသည်။ အဆစ်ရောင်ပြီး နာလာလျှင် သို့မဟုတ် မရောင်ဘဲနာ လာလျှင် ဆေးမြီးတိုဖြင့် မကုဘဲ တတ်ကျွမ်းသည့် ဆရာဝန်နှင့် ပြသပြီး ကုသမှု ခံယူခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများ မခံစားရဘဲ သက်သာစွာ ကုသနိုင်မည် ဖြစ်သည်။ ပိုးကြောင့် ဖြစ်သော အဆစ်ရောင်မှာ အဆစ်များ ရောင်လာပြီး မြန်မြန် ပျောက်အောင် ကုသ၍ မရပါ၊ မကုသလျှင်လည်း နှလုံးရောဂါ ဖြစ်နိုင်သည်။

ကလေးမှာ ကြာမြင့်စွာ အဆစ်ရောင်၍ အဆစ် မှ ကြွက်သားများ အားနည်းကာ မသန်မစွမ်း ကလေးငယ် ဘဝသို့ ရောက်ရှိ စေနိုင်သည်ကို ဂရုပြု သင့်ပါသည်။ ။

Ref:lyhealthcare.com

Credit @ Ko Nge

ရွာသာကြီး ကုန်းတွင်းကုန်သေတ္တာစခန်းအနီး မြေကွက်တွေ ၀ယ်ယူမှုများလာ




ရွာသာကြီး ကုန်းတွင်းကုန်သေတ္တာစခန်းအနီး မြေကွက်တွေ ၀ယ်ယူမှုများလာ

ဒဂုံအရှေ့ပိုင်းက ရွာသားကြီးကုန်းတွင်းကုန်သေတ္တာစခန်းအနီးက မြေကွက်တွေက လက်ရှိပေါက်ဈေးထက် တစ်ဆခန့်မြင့်တက်သွားတယ်လို့ အကျိုးဆောင်တစ်ချို့ထံကနေ သိရပါတယ်။

'ဒဂုံအရှေ့ပိုင်းမှာက စက်မှုဇုန်နဲ့လည်း နီးတယ်၊ ရွာသာကြီးမှာ ကုန်းတွင်းကုန်သေတ္တာစခန်းဆောက်မယ်ဆိုပြီး သတင်းစာထဲမှာ ပါလာကတည်းက အဲဒီနားက ၁၁၈ ရပ်ကွက်ကနေ ၁၆၀ နားက မြေကွက်တွေ အရောင်းအ၀ယ်သွက်လာတယ်၊ ဈေးကလည်း ၁၅၀ ကနေ ၃၀၀ အထိ နောက်တစ်ဆ ထပ်တက်သွားတယ်' လို့ မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ ဦးအောင်မိုးကျော်က ပြောပါတယ်။

အဓိက အရောင်းအ၀ယ်ဖြစ်နေတဲ့ ရပ်ကွက်ကတော့ ၁၁၈၊ ၁၁၉၊ ၁၂၀၊ ၁၂၁၊ ၁၂၃၊ ၁၂၄ တို့ဖြစ်ပြီး ၁၂၆၊ ၁၂၇၊ ၁၂၉၊ ၁၆၀၊ ၁၅၉ ရပ်ကွက်တွေက စီမံကိန်းနဲ့ ပိုနီးတာကြောင့် အရောင်းအ၀ယ် ဖြစ်နေပြီး ဈေးတက်လာတယ်လို့ သိရပါတယ်။

'လောလောဆယ် ၀ယ်တဲ့သူတွေက ၀ယ်ရောင်း တော်တော်များများ ဖြစ်ပါတယ်၊ ၀ယ်တဲ့သူတွေကလည်း ဒီမှာကုန်သေတ္တာစခန်း တည်ဆောက်မယ်ဆိုတာကြောင့် စည်လာမယ်၊ နောက်ပိုင်းမှာ လူနေများလာမယ်ဆိုရင် ဈေးက လက်ရှိမှာ ၁၅၀ ကနေ ၃၀၀ လောက် ဖြစ်နေပေမဲ့ နောက်ပိုင်းမှာ ကျပ်သိန်း ၇၀၀၊ ၈၀၀ လောက်အထိ အကြမ်းဖျင်းတက်လာနိုင်တယ်' လို့ ကောင်းကင်(၂) အိမ်ခြံမြေ အကျိုးဆောင်မှ တာဝန်ရှိသူက ပြောပါတယ်။

နောက်ပိုင်းမှာ လူနေစည်ကားပြီး အစိုးရက လမ်းတွေဖောက်တာ၊ ဓာတ်တိုင်စိုက်တာမျိုးဆိုရင်လည်း ပိုအလားအလာ ကောင်းနိုင်လာလို့ ၀ယ်ရောင်းတွေ စိတ်ဝင်စားမှုများပြီး ၀ယ်လာကြတာ ဖြစ်တယ်လို့ သိရပါတယ်။ စီမံကိန်းနဲ့ အနည်းငယ်ဝေးတဲ့နေရာတွေကတော့ အရင်ပေါက်ဈေးထက် ကျပ်သိန်း ၁၀၀ ၀န်းကျင်လောက် ဈေးတက်လာတယ်လို့ သိရပါတယ်။
Ref: kumudra



ရန်ကုန်မြို့၏ အိမ်ခြံမြေ အရောင်းနှင့် အငှားဈေးကွက် ကျဆင်း နေသော်လည်း ဈေးနှုန်းများ ဆက်လက် မြင့်တက်နေဆဲ ဖြစ်

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်အတွင်း အိမ်ခြံမြေနှင့် ကွန်ဒိုတိုက်ခန်းများ အရောင်း အ၀ယ်ပြု လုပ်ခြင်းများမှာ ယခင်ကဲ့သို့ သွက်လက်မှုမရှိသော်လည်း အိမ်ခြံမြေ ဈေးနှုန်းများမှာ မြို့နယ် အလိုက် ဈေးများမြင့်တက်နေသေးကြောင်း ရန်ကုန်မြို့ရှိ အိမ်ခြံမြေအကျိုးဆောင်များက ပြော သည်။

"ရန်ကုန်မြို့ရဲ့ အိမ်ဈေး၊ မြေဈေးကတော့ ကျသွားတယ်ဆိုတာ မရှိပါဘူး။ အရင်တုန်းက တစ်ရှိန် ထိုးမြင့်တက်ခဲ့တဲ့ ဈေးနှုန်းတွေက လည်း ကျမသွားတဲ့အပြင် အမြင့်ဈေးတွေကို ခေါ်နေတုန်းပဲ။ တကယ်အရောင်းအ၀ယ် ဖြစ်နိုင်တဲ့ဈေးထက် အမြင့်ဈေးကို အရင်ပိုခေါ်ကြတယ်။ ဒီကအိမ်ဈေး၊ မြေဈေးတွေက ကြာရင်ကြာသလို တန်ဖိုးကတက်နေတော့ မြေပိုင်ရှင်၊ အိမ်ပိုင်ရှင်တွေကလည်း ဈေးတွေ ကို အမြင့်မှာပဲထားတယ်။ ဈေးတွေကလည်း တစ်နှစ်ထက်တစ်နှစ် ပိုတက်လာတယ်" ဟု မြပန်းသခင် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ အကြီးတန်းအကျိုးဆောင် ကိုမင်း မင်းစိုးက ပြောသည်။

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်တွင် အိမ်ခြံမြေရောင်းဝယ်ဖောက်ကားမှု များပြား ပြီး မြေရင်းနှီး မြှုပ်နှံမှု အများအပြား ပြုလုပ်ခဲ့ကြသည့် မြို့နယ်များ၏ အိမ်ခြံမြေဈေးနှုန်းများမှာ တစ်ဟုန်ထိုးမြင့် တက်ခဲ့ကြပြီး ယခုလက်ရှိဈေးနှုန်းများမှာလည်း ဈေးအမြင့်ကိုသာ ဦးတည်နေကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်း အိမ်ခြံမြေဈေးနှုန်း များကောင်းမွန်ခဲ့သည့် ဒဂုံမြို့သစ် (မြောက် ပိုင်း)၊ တောင်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်းနှင့် ဒလ အစရှိသည့် မြို့နယ်များတွင်လည်း လက်ရှိ မြေဈေးများ ကောင်းမွန်လျက်ရှိကာ စီးပွား ရေးနှင့် အခြေချနေထိုင်လိုသူများ၏ ၀ယ်လိုအားလည်း များပြား လျက်ရှိသေးကြောင်း အိမ်ခြံမြေ အကျိုးဆောင်များကပြောသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မြေဈေးနှုန်းများမှာ ပျမ်းမျှအားဖြင့် မြေကွက် သေး ပေ ၄၀x၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၈၀၀ နှင့် ၁,၀၀၀ ကြားရှိပြီး မြေကွက်ကျယ် များမှာ သိန်းထောင်ချီလျက်ရှိသည်။ တောင်ဥက္ကလာပမြို့နယ်တွင်မူ ပျမ်းမျှ မြေဈေးမှာ ပေ ၄၀x၆၀ မြေကွက် တစ်ကွက် ကို ကျပ်သိန်း ၄,၀၀၀ နှင့် ၅,၀၀၀ ကြား ရှိသည်။ ဒဂုံဆိပ်ကမ်းမြို့နယ် တွင်မူ မြေကွက်အကျယ်အ၀န်းပေါ်မူတည်ကာ ကျပ် သိန်း ၅၀ မှ ၁၂၀ အထိရှိကြောင်း အကျိုးဆောင် များက ပြောသည်။

"ရန်ကုန်မြို့ရဲ့မြေဈေးတွေက တန်ဖိုးကျသွားတယ်ဆိုတာမျိုး မရှိဘူးဖြစ်နေတော့ မြေပိုင်ရှင် တွေကလည်း ၀ယ်မယ့်သူမရှိ လည်း ဈေးကိုမပြောင်းလဲဘူး။ တကယ် လည်း ရန်ကုန်မြို့ရဲ့ မြေဈေးက တစ်နှစ်လောက် ကြာသွားတာနဲ့ ဈေးကနှစ်ဆလောက် မြင့် တက်သွားတယ်။ ပြီးခဲ့ တဲ့နှစ်က သိန်း ၃,၀၀၀ ၀န်းကျင် မြေဈေးတွေက ဒီနှစ်လောက် မှာ သိန်း ၆,၀၀၀ လောက်ဖြစ် လာကြတယ်။ တကယ်လိုအပ်လို့ ၀ယ်တဲ့သူနဲ့တွေ့ရင် ဒီဈေးတွေက အကျိုးအမြတ်ဖြစ်လာတာ ဆိုတော့ ရန်ကုန်မြို့ကမြေဈေးတွေက ကျဦးမှာမဟုတ်သေးဘူး" ဟု အိမ်ခြံမြေ လုပ်ငန်းကျွမ်းကျင် သူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ မြေကွက်ဈေးနှုန်းများ ဆက် တိုက်မြင့်တက်နေမှုများကြောင့် အိမ်ခြံမြေ အရောင်း အ၀ယ်လုပ်ငန်းများမှာ နှေးကွေး လျက်ရှိရာ ယခုအခါတွင် ဈေးကွက်အတွင်း အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းများ ထက်ဝက်နီးပါးခန့် ကျဆင်းသွားပြီး အိမ် မြေ အရောင်းအ၀ယ် လုပ်ငန်းများ အပြင် အိမ်၊ ကွန်ဒိုနှင့် တိုက်ခန်းများ ငှားရမ်းသည့် လုပ်ငန်းများပါ ကျဆင်းလာကြောင်း ကိုမင်းမင်းစိုးက ပြောသည်။

"ကျွန်တော်တို့ဆီကို လုပ်ငန်းလာအပ်တဲ့သူတွေက တော်တော်နည်းသွားတယ်။ အကျိုးဆောင် လုပ်ငန်းတွေ များပြားလာတာလည်းပါသလို ၀ယ်မယ့်သူတွေကလည်း အရင်လိုမဟုတ်တော့ဘဲ စဉ်းစားချင့်ချိန်ပြီးတော့ ၀ယ်လာကြတယ်။ ဈေးတွေကလည်း တစ်နေ့တစ်မျိုးပြောင်းလဲပြီး ဈေး အမြင့်ကိုပဲ ခေါ်နေကြတယ်။ ၀ယ်ရောင်းလုပ်ငန်းရော အငှားလုပ်ငန်းတွေပါ တော်တော်အေးသွား တယ်။ ဈေးကွက်ပြန့်သွားတာလည်း ဖြစ်နိုင်ပါ တယ်။ အကျိုးဆောင်လုပ်ငန်းတွေရဲ့ ဈေးကွက်ထဲ မှာတော့ လုပ်ငန်းတွေ တော် တော်အေးသွားပါတယ်" ဟု ၎င်းက ပြောသည်။

ယခင်က ရန်ကုန်မြို့တွင် နိုင်ငံခြားသား များ၏ အိမ်၊ ကွန်ဒိုနှင့် တိုက်ခန်းငှားရမ်းမှုနှုန်းမှာ မြင့်မား လျက်ရှိရာ ယခုအခါတွင် ကွန်ဒိုတိုက်ခန်းငှားရမ်းမှုနှုန်း ကျဆင်းလာကြောင်း Phoniex အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ကိုထွန်းထွန်းက ပြောကြားသွား ခဲ့သည်။

"ကျွန်တော်တို့ဆီမှာ သင်္ကြန်ပြီးလောက် ကတည်းက လုပ်ငန်းကအရမ်းအေးနေခဲ့တာပါ။ အခု ၀ါဝင်သွားတော့ ပိုပြီးအေးသွား ပါတယ်။ ကွန်ဒိုတိုက်ခန်း အငှားတွေလည်း ရှားသွားတယ်။ အရင် က နိုင်ငံခြားသား ဖောက်သည်တွေ တစ်လကို လေး၊ ငါး၊ ၁၀ ဦးလောက် ကွန်ဒိုတိုက်ခန်းတွေ ငှားကြ တယ်။ အခု အငှားဈေးကွက်က တော်တော်နည်းသွားတယ်။ နောက်ပြီး အိမ်ပိုင်ရှင်တွေ ကလည်း ငှားမယ်လို့ပြောလိုက်တာနဲ့ ဈေးပို ခေါ်ကြတယ်။ တချို့တွေကျတော့ ဈေးမြင့်တာတွေ ကြောင့် မငှားကြတာတွေ ရှိတယ်" ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့ရှိ ကွန်ဒိုအရောင်းဈေးနှုန်းများ မှာလည်း ကွန်ဒိုတည်ရှိရာနေရာနှင့် ၀န်ဆောင်မှုများ ပေါ်မူတည်ကာ တစ်ခန်းလျှင်ကျပ်သိန်း ၃၅၀ နှင့် ၄၀၀ ၀န်းကျင်၊ သိန်း ၈၀၀ နှင့် ၁,၀၀၀ မှ သိန်း ၂,၀၀၀ ခန့် အထိ ပေါက်ဈေးရှိကြောင်း အကျိုးဆောင် များကပြောသည်။

"ကွန်ဒိုဈေးတွေကလည်းမြင့်တော့ အငှား ဈေးတွေကလည်း မြင့်တယ်။ ဈေးနှုန်းတွေက ကွန်ဒို အမျိုးအစားပေါ်မူတည်ပေမယ့် ဒီက ကွန်ဒိုတော်တော်များများကတော့ ဓာတ်လှေကား ပါတာနဲ့ ကွန်ဒိုလို့ပြောပြီး ဈေးတွေတင်နေကြတာပါပဲ။ နိုင်ငံခြားသား တော်တော်များများကတော့ ကွန်ဒို တွေမှာ ငှားနေကြတာများတယ်" ဟု ကိုထွန်းထွန်းကပြောသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် နိုင်ငံခြားသား များ၏ နေထိုင်ခွင့်ကို ငါးနှစ်သက်တမ်းတိုးမြင့်ပေးသွားရန် စီစဉ်နေသည့်အတွက် သက်တမ်းပိုမိုရရှိပါက ယခုထက်ပို၍ ကွန်ဒို တိုက်ခန်းအငှားဈေးကွက် ကောင်းမွန်လာ နိုင်ကြောင်း ရန်ကုန်မြို့ရှိ အိမ်ခြံမြေ အကျိုး ဆောင်များက သုံးသပ်သည်။

Ref:shweproperty

Credit @ Ko Nge

အကောက်ခွန်က ကားတင်သွင်းမှုဒဏ်ကြေး ပြောင်းလဲ၊ ပါမစ်ပါ မော်ဒယ်နှစ်ထက် နှစ်နှစ်နိမ့်လျှင် ကားသိမ်းမည်


ကားပါမစ်နောက်ဆက်တွဲသတင်းများ..



ကားတင်သွင်းမှုဆိုင်ရာ အကောက်ခွန်ဒဏ်ကြေး ပြောင်းလဲထားရာ ပါမစ်ပါ မော်ဒယ်နှစ်ထက် နှစ်နှစ်နိမ့်ပြီး တင်သွင်းလျှင်ကားကို သိမ်းဆည်းသွားမည်ဖြစ်သည်ဟု အကောက်ခွန်ဦးစီးဌာနက ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 



အကောက်ခွန်ဦးစီးဌာန၏ ဇွန်လ ၁၇ရက်တွင် ထုတ်ပြန်သည့်ရုံးတွင်းညွှန် ကြားချက်(၁၁/၂၀၁၄)ကို ပြန် လည်ပြင်ဆင်ခြင်းဖြစ်ပြီး မော်ဒယ်/နှစ် ခွင့်ပြုသည့် သတ်မှတ်ဘောင်ထက် အနိမ့်တင်သွင်းလာခြင်းနှင့် ပတ်သက်၍ ပြစ်ဒဏ်များကို တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ 



အဆိုပါသတ်မှတ်ချက်သည်လာမည့် အောက်တိုဘာ ၁ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ရာ ကားတင် သွင်းခွင့်ပါမစ် လျှောက်ထားသောခုနှစ်ထက် တစ်နှစ်နိမ့်ပါက ဒဏ်ကြေးအဖြစ် CIF တန်ဖိုး၏ လေးပုံ တစ်ပုံပေးဆောင်ရန် သတ်မှတ်ပြီးပါမစ် လျှောက်ထားသောခုနှစ်ထက် နှစ်နှစ်နိမ့်ပါက ကားကို သိမ်းဆည်း မည်ဖြစ်သည်။ 



လက်ရှိဒဏ်ကြေးနှုန်းထားမှာ တစ်နှစ်နိမ့်ဆိုပါက ဒဏ်ကြေးကင်းလွတ်ခွင့်ပြုထားပြီး နှစ်နှစ်နိမ့်ပါက CIF တန်ဖိုး ထက်ဝက်ကောက်ခံသည်။ ထို့အတူ သုံးနှစ်နိမ့်ဆိုပါ က CIF တန်ဖိုးအတိုင်း ဒဏ်ကြေးပေးဆောင် ရမည်ဖြစ်ပြီး လေးနှစ်နိမ့်ဆိုပါက ကားကိုသိမ်းဆည်းသည်အထိ အရေးယူနေခြင်းဖြစ်ရာ ယခု အကောက် ခွန်ဦးစီးဌာန၏ ဒဏ်ကြေးပြင်ဆင်သတ်မှတ်မှုသည် ယခင်ကထက် ပြင်းထန်နေသည်။ 



မြန်မာနိုင်ငံတွင်ကား၏ မော်ဒယ်ခုနှစ်ကို သတ်မှတ်ရန် Chassis No သို့မဟုတ် Vin Code No ဖြင့် စစ် ဆေးခြင်းဖြစ်ပြီး ဂျပန် နိုင်ငံတွင် ကား၏မော်ဒယ်ကို ပထမဦးဆုံး လိုင်စင်မှတ်ပုံတင်သည့်ခုနှစ်ဖြင့်သတ် မှတ် ဖော်ပြခြင်းဖြစ်သောကြောင့် အခက်အခဲများဖြစ်နိုင်သည်ဟု ကားတင်သွင်းရောင်းချနေသည့် လုပ်ငန်း ရှင်များက ဆိုသည်။ 



ထိုသို့ ဂျပန်နိုင်ငံမှ ကားထုတ်လုပ်သည့် ခုနှစ်နှင့် လိုင်စင်ဝင်သည့် ခုနှစ်လွဲနေသည့် ကားမျိုးတင်သွင်းမိပါ က မြန်မာအကောက်ခွန်ဦးစီးဌာနက Chassis No နှင့်သာ စစ်ဆေးမည်ဖြစ်ခြင်းကြောင့် အချို့ကားများ လေလံစာရွက်ပါ မော်ဒယ်ထက်တစ်နှစ်နိမ့်ပါက ဒဏ်ကြေးပေးဆောင်ရတော့မည်ဖြစ်သည်ဟု Distinct Trading Co., Ltd မှ ကိုထွဋ်ထိပ်က ပြောသည်။ 



“ အဲဒါမျိုးကိုလာမယ့် အောက်တိုဘာမှာဆို 1 year down အဖြစ်သတ်မှတ်ပြီး ဒဏ်ကြေးဟာ CIF ရဲ့ လေးပုံတစ်ပုံ (၂၅ ရာခိုင်နှုန်း) ပေးဆောင်ရပါတော့မယ်။ နားမလည်လို့ပဲဖြစ်ဖြစ်၊ မှားယွင်းသွား လို့ပဲ ဖြစ် ဖြစ် ကံဆိုးလွန်းပြီး 2 years down ဖြစ်သွားလို့ကတော့ ပေါ်လစီသစ်အရ ကားပါအသိမ်း ခံရပါတော့မယ် ” ဟု ၎င်းက ဆိုသည်။ 

ယိုးဒယား မုန့်ဟင်းခါး

ယိုးဒယား မုန့်ဟင်းခါး (၇ ပွဲ)
ယိုးဒယား (ထိုင်း) လူမျိုးတွေကတော့ အုန်းနို့ထည့်ပြီးချက်သလို၊ အုန်းနို့မပါပဲလည်း ချက်ကြပါတယ်။ အုန်းနို့ ပါရင် ပိုစားလို့ကောင်းတာမို့ အုန်းနို့ကို ထည့်ပြီး ချက်စေချင်ပါတယ်။ကျွန်မကတော့ အမျိုးသားက အုန်းနို့နဲ့ ချက်ရင် မကြိုက်တဲ့ အတွက် အုန်းနို့မပါတဲ့ နည်းကို ချက်ထားပါတယ်။

***...ယိုးဒယား မုန့်ဟင်းခါး ဟင်းရည် ချက်ရန် လိုအပ်တာလေးတွေ…

1. ရေ – 1100 ml
2. အရမ်းမစပ်သည့် ငရုတ်သီးအခြောက်တောင့် – 1 cup (250 ml) ခန့်
3. ပါးပါးလှီးထားသော ပဒဲကော(galangal) – လက်မအရွယ်ခန့်
4. အခွံမာများခွါပစ်ကာ ပါးပါးလှီးထားသော စပါးလင် – ၂ ချောင်း
5. ကြက်သွန်ဖြူ အတက်ကြီး – ၄ တက်
6. fingerroot (krachai, galingale, Chinese ginger) – 1 cup (250 ml) ခန့်
7. ပါးပါးလှီးထားသော ရှောက်ရွက် (kaffir lime leaves) – ၆ ရွက်
8. လေးစိတ်ကွဲ လှီးထားသော ကြက်သွန်နီ အရွယ်လတ် – ၁ လုံး
9. အရိုးမပါသော swordfish (သို့) ကြိုက်နှစ်သက်ရာငါး – 200 g (၁၃ ကျပ်သား)
10. ရေ – 400 ml (အုန်းနို့ထည့်ချက်လိုလျှင် ရေ မထည့်ပဲ အုန်းနို့ 400 ml ထည့်ပေးပါ။)
11. ငါးငံပြာရည် – ထမင်းစားဇွန်း ၈ ဇွန်း ( (ချင့်ချိန်ထည့်ပေးပါ။)
12. သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
13. ငါးပိရည် အနှစ် (pickled fish cream (paste)) – ထမင်းစားဇွန်း ၁ ဇွန်း
14. ၂ ခြမ်းခွဲကာ လှီးထားသော ငါးဆုပ်လုံး (ready made fish ball) – အလုံး ၂၀

ပွက်ပွက်ဆူနေသော ရေ (1100 ml)ထဲ ငရုတ်သီးခြောက်၊ ပဒဲကော၊ စပါးလင်၊ ကြက်သွန်ဖြူ၊ fingerroot, ရှောက်ရွက် နှင့် ကြက်သွန်နီ တို့ကို ထည့်ပြီး အိုးအဖုံး ဖုံးကာ medium heat ဖြင့် ၇ မိနစ်ခန့် ပြုတ်ပေးပါ။
ပြီးလျှင် ငါးထည့်ကာ အိုးအဖုံး ဖုံးပြီး ၃ မိနစ်ခန့် ဆက်ပြုတ်ပေးပါ။
ပြုတ်ထားသည့်အဖတ်များအားလုံးကို ဆယ်ထုတ်ပြီး ကြိတ်စက်ထဲထည့်ကာ ကြေသွားအောင် ကြိတ်ပေးပါ။ (ထောင်းလို့လည်း ရပါတယ်။)
ကြိတ်ထားသော ဟင်းအနှစ်များကို ကျန်သည့်ပြုတ်ရည်ထဲ ရေ (400 ml) ထပ်ထည့်ကာ ပြန်ဆူအောင် တည်ထားသည့် ဟင်းရည်အိုးထဲ ထည့်ပါ။ (အုန်းနို့ဖြင့်ချက်လျှင် ရေ (400 ml)မထည့်ပဲ အုန်းနို့ (400 ml)ကို ထပ်ထည့်ပေးပါ။)
ငါးငံပြာရည်၊ သကြား နှင့် ငပိရည်အနှစ်ကို ထည့်ကာ အနည်းငယ် မွှေပေးပါ။ (ငပိရည်အနှစ်မရှိလျှင် ကျိုထားသော ငပိရည်၊ စိမ်းစားငပိ (ရေအနည်းငယ်ဖြင့်ဖျော်ထားပါ) ကိုထည့်နိုင်ပါတယ်။)
ငါးဆုပ်လုံးများကိုပါ ထည့်ပြီးနောက် အိုးအဖုံး ဖုံးကာ ၅ မိနစ်ခန့် တည်ပြီးလျှင် ပူစပ်သော အရသာ နှင့် ခပ်ပျစ်ပျစ်ဟင်းရည်လေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
မုန့်တီဖတ် နှင့် ဟင်းရည် ထည့်ပြီးနောက် ကြံမဆိုင်(sour pickled mustard)၊ ငရုတ်သီး အခြောက်တောင့်ကြော်၊ ပါးပါးလှီးထားသော (ပဲသီးစိမ်း၊ ဂေါ်ဖီထုပ်၊သခွါးသီး ……….)၊ နံနံပင်၊ ပူစီနံ(mint)၊ ပင်စိမ်းရွက် (Thai Basil)၊ ပဲပင်ပေါက်……….. အစရှိသဖြင့် မိမိကြိုက်နှစ်သက်ရာ အသီးအရွက်များကို ထည့်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
ရေဆေးပြီး ရေစစ်ထားသော ကြံမဆိုင် နှင့် ငရုတ်သီး အခြောက်တောင့်ကြော်ကိုတော့ မဖြစ်မနေ ထည့်ပေးစေချင်ပါတယ်။
Like
Ref:Chaw Su's Food Friends

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!