Popular Posts!

Showing posts with label ခရီးသွား. Show all posts
Showing posts with label ခရီးသွား. Show all posts

Tuesday, September 30, 2014

၂၀၃၅ခုနှစ်မှာ စီးရတော့မဲ့ မဟာမြိုတော်ဟောင်းရန်ကုန်ရဲ့ ခေတ်မှီမြို့ပတ်ရထားစီမံကိန်း!

 ၂၀၃၅ ခုနှစ်မှာ အပြီးအစီး ရန်ကုန် မြို့ပတ်ရထား အတွက်အကောင်အထည်ဖော်ဖို့ အခု ဒီနှစ်ထဲမှာ တင်ဒါလေးတွေ ခေါ်နေပါပြီ၊
 နောက်ထက် အနှစ် ၂၀ လောက်ဆိုစီးရတော့မယ်လို့ မျော်လင့်ရတာပါ...အဲဒီအချိန်ဆို...

ဒါပေမဲ့ အခုထိတော့ လျှပ်စစ်မီးတောင်ကောင်းကောင်းမပေးနိုင်သေးဘူး၊ လျှပ်စစ်ဓာတ်အားပြတ်လို့မရ ဘူးလေ....အများပြည်သုတွေကတော့ အိမ်မက်ကလေးလိုမျော်လင့်တော့တနေတုန်းဘဲ.....


Plans for a Yangon subway system?

Yangon subway map (ရန်ကုန် မြေအောက်ရထား စီမံကိန်း မြေပုံ)
The online community has been abuzz about potential plans for a Yangon subway system, when a map showing different lines connecting Yangon emerged late last last year.
On February 15 this year, Reuters made this report:
“We are now talking with international companies for the construction of both a skytrain and underground train system for the commercial capital Yangon,” the minister, Aung Min, told Reuters in an interview.
“There is no such project planned for Naypyitaw,” he said, referring to the small, newly built capital.
Aung Min said the train systems in Bangkok and Beijing were models for the planned Yangon system.
“The (interested) companies are Singaporean, Japanese and Germany and American … We are now talking with them.” Asked how long it might take to build the system, he said: “We will implement this on a build, operate and transfer policy, so it depends on the terms.”
The Irrawaddy added that Siemens (which built Bangkok’s SkyTrain system) may be among the prospective contractors.
Earlier in February, local media, such as The Voice, reported that a Ministry of Rail Transport said this:
The online map has nothing to do with the Ministry. An outsider drew this plan.
အွန်လိုင်းမြေပုံက ဝန်ကြီးဌာနနဲ့ မသက်ဆိုင်ပါဘူး။ ပြင်ပက တစ်ယောက် ဆွဲတာပါ ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။
This [map] may just be part of a scheme by businessmen to speculate and manipulate the market prices of Yangon’s real estate nowadays.
မြေပုံသည် ယခုရက်ပိုင်း ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေဈေးကို စီမံကိန်းများ မက်လုံးပြ၍ ဆွဲတင်နေသည့် စီးပွားရေး သမားများ၏ လုပ်ကြံ ဈေးကစားမှု ဖြစ်နိုင်ကြောင်း မီးရထား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ် ပြောကြားသည်။
The article also notes that plans for a subway system are in special economic zone proposals for Yangon city’s economic plan (perhaps referring to the 30-year Yangon Concept Plan). Minister Aung Min also confirmed these plans at a recent parliamentary hearing. And the quoted ministry official did say this:
“The plan must be done. [...] We’ve started to negotiate with the Japanese and Norwegians. But we’re only in the stage of stage of preliminary discussions.”
” စီမံကိန်းလုပ်ရမယ် [...]  ဂျပန်၊နော်ဝေတို့ကိုစသည်ဖြင့် ကမ်းလှမ်းထားတယ်၊ ပြောဆိုဆွေးနွေးဆဲ အဆင့်ဘဲရှိသေးတယ်။


Purported plans for Naypyidaw's subway
But, in August of last year, Russian media reported that Russian contractors were in plans to construct a 50 kilometer subway line in Naypyidaw. A month later, the Ministry of Rail Transportation shelved such plans, considering them economically unfeasible and unnecessary for the enormous 7,000 square kilometer city (the size of Delaware, an American state and almost 7× the size of Yangon). And yet building Naypyidaw, at an estimated cost of $4-5 billion USD was a necessary expense.
There’s even a Facebook page ‘Yangon Subway Project‘, with already 1,074 fans. Its about page says this:
Officials of the Railway Transport Ministry have said that there are Yangon Subway plans. This FB page intends to relay news relating to the Burmese railways, news on Yangon’s developments, stories about international subways as well as imaginary plans, as seen fit.
Yangon Subway စီမံကိန်းရှိသည်ဟု မြန်မာ့မီးရထားမှတာဝန်ရှိသူများ ပြောကြာထားပါသည်။ ဒီ Fan Page မြန်မာ့ မီးရထားနှင့်ပတ်သက်သော သတင်းများ၊ ရန်ကုန်မြို့ဖွံ့ဖြိုးရေးနှင့်ဆိုင်သောသတင်းများ နိုင်ငံတကာမှတကာမှာ Subway များအကြောင်း၊ Yangon Subway နှင့်ပတ်သက်သော စိတ်ကူးယှဉ်မှုများအကြောင်း စသည်တို့ကို အလင်းသင့် သလိုတင်ပြသွားပါမယ်။
Videos by optimistic fans also posted (the earliest upload I could find was dated to July 2011) on Facebook and Youtube:

Some of the commenters were more or less skeptical. One wrote:
When a blackout happens, people underground will be in trouble. :)
မီးပျက်သွားမှဖြင့် မြေအောက်မှာ ဒုက္ခရောက်နေပါအုံးမယ်...
It’ll be interesting to see how this development shapes up and who wins the bid to the Build-Operate-Transfer agreement.

Ref:http://viss.wordpress.com/

gicc2014_20140814_172305



ရန်ကုန်မီးရထားလမ်း အသစ်အတွက် အားရစရာပါ အခုမှာတင်ဒါခေါ်လို့ကောင်းတုန်းဘဲဗျ....



THE GOVERNMENT OF THE REPUBLIC OF THE UNION OF MYANMAR
MINISTRY OF RAIL TRANSPORTATION
MYANMA RAILWAYS
COMPREHENSIVE DEVELOPMENT FOR YANGON CENTRAL RAILWAYS STATION COMPLEX

Myanma Railways has invited Expression of Interest (EOI) from reputable local, international and joint venture developers on 26 April 2014 to undertake design and build works for Yangon Central Railways Station Area Comprehensive Development.
Total of 34 EOI’s received from potential Developers from 12 different countries (Myanmar, Malaysia, Italy, Korea, Qatar, France, Taiwan, Japan, China, Singapore, Canada and Vietnam) on the date of 26 May 2014. Potential Developers from 12 countries have participated.


These shortlisted developers
1.Malaysian Resources Corporation Berhad (MRCB)
2.Solari Di Udine Spa
3.LOTTE Asset Development Co.,Ltd.
4.Ooredoo Myanmar Ltd.
5.Kajima Corporation
6.The First Branch of the International Construction Engineering Company
7.(a) Amona China Railway Group ; (b)M.M.M Construction Co., Limited     
8.(a)Daiwa House Industry Co. ,Ltd.; (b)Fujita Corporation Shoichi Inoue
9.Uptron  Pte., Ltd.
10.(a)Yunnan Construction Engineering Group Co., Ltd.; (b) Mega Resources Co.,Ltd.
11.(a) Active Business Consolidation Servieces  Co., Ltd.;
(b) All Nippon Airways Co., Ltd.;
(c)Ryobi Holdings Co., Ltd. ;
(d) Takashimaya Group Co., Ltd.
12.(a) Bloomsky Co., Ltd. ;
(b) Hexagone Co., Ltd.
13.China Harbor Engineering Company Ltd.(CHEC)
14.ITOCHU Corporation
15.Shwe Taung Development Co.,Ltd.
16.Radium Life Technology Co., Ltd.
17.(a) Meinhardt (Singapore) ;
(b) Silver Wave Development Pte., Ltd.
18.(a) Bright Ruby Resources Pte Limited ;
(b) Silver Wave Development Pte Ltd.
19.Mitsubishi Corporation
20.(a) Fortune International Ltd.;
(b) New Day Energy Co., Ltd.;
(c) China CAMC Engineering Co., Ltd.
(d) Phu Long Real Estate Corporation
21.(a) Glorious Myanmar Co., Ltd;
(b) Zhongxinfang West Coast Urban Investment Co.
22.(a) Glorious Myanmar Co., Ltd.;
(b) Ever Bright International
23.Win & Win Co., Ltd.
24.(a) Dawn (Ah Yone Oo) Construction Co., Ltd. ;
(b) Hexagon Co., Ltd
25.Ayeyar Hin Tha Construction Co., Ltd.
26.Family United Power Co., Ltd.
27.Hongkong Land International Holdings Limited
28.(a) Shwe Than Lwin Group of Company ;
(b) Azusa Sekkei Co., Ltd.   


12345
Layout Plan 1Layout Plan 2Layout Plan 3Layout Plan 4Layout Plan 5
6730318
Layout Plan 8Layout Plan 7Layout Plan 8Layout Plan 9Yangon City Station
910111214
Yangon City StationSurrounding AreaSurrounding AreaFuture Image of YCSFuture Image of YCS
1516171819
Future Image of YCSFuture Image of YCSFuture Image of YCSFuture Image of YCSRoute to First Floor
2021222324
Route to First FloorRoute to First FloorRoute to First FloorFirst Floor Sample 1First Floor Sample 2
2526272829
Second Floor SampleRoute to Third FloorRoute to Third FloorThird Floor SampleNew Station Sample


၂၀၃၅ခုနှစ် ရန်ကုန်အတွက် ဂျပန်က ရေးဆွဲတင်ပြထားပေးတဲ့ ရထားလိုင်း ပုံစံအသစ်လေးပါ ၊ ဖြစ်လာ မဖြစ်တော့ အစိုးရကလူထုတွေအပေါ်ထားတဲ့ စေတနာကို စောင့်ကြည့်လိုက်ကျပါနော်....


2035 Yangon Transportation plans by JICA



Saturday, September 20, 2014

မြန်မာနိုင်ငံရှိ ဒေသ ၁၅၃ ခုကို နိုင်ငံခြားသားများ သွားရောက်လျှင် ခွင့်ပြုချက်တောင်းရမည်

နေပြည်တော်အပါအ၀င် မြန်မာနိုင်ငံရှိ ဒေသ ၁၅၃ ခုကို နိုင်ငံခြားသားများ သွားရောက်လျှင် ခွင့်ပြုချက်တောင်းရမည်

Written by  သီဟကိုကို
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားများ ခရီးသွားလာလျှင် ခွင့်ပြုချက် တောင်းခံရမည့်ဒေသ ၁၅၃ ခု သတ် မှတ်ထားသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့စွမ်းအားဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ညောင်ဦးမြို့ ပုဂံရှေးဟောင်း ဘုရားသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားဧည့်သည်များအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
Traveller-Foreigner
နိုင်ငံခြားခရီးသွားများ သွားရောက်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခုမှ မြို့ပြင် ဧရိယာနှင့် မြို့ဧရိယာ များကို ခွဲခြားကာ ခွင့်ပြုချက်တောင်းခံရမည့် မြို့နယ်၊ မြို့နယ်ခွဲများကို သတ်မှတ်ပေးထားခြင်းဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ရှိ ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေး၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဒက္ခိဏ သီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ မြို့နယ်ရှစ်ခုတွင် မြို့ပြင်ဧရိယာများသို့ သွားရောက်မည်ဆိုလျှင် သက်ဆိုင်ရာမှ ခွင့်ပြုချက်တောင်းခံရန် လိုသည်ဟု သတ်မှတ်ခြင်းဖြစ်သည်။
ကချင်ပြည်နယ်တွင် ပူတာအို၊ မချမ်းဘော၊ ဒေါ့ဖုန်းယန်၊ နယ်စပ်ကုန်သွယ်ရေး စခန်း ဖွင့်လှစ်ထားသည့် ကန်ပိုက်တီးမြို့နယ် တို့ပါဝင်သည်။ မြို့နယ်ကိုးခု၏ မြို့ပြင်ဧရိယာများ၊ နောင်မွန်၊ တနိုင်း၊ ကျောက်စိမ်း ထွက်ရှိသည့် ဖားကန့်တို့ အပါအ၀င် မြို့နယ်၊ မြို့နယ်ခွဲ ဧရိယာ ၁၂ ခုကို ခွင့်ပြုချက် တောင်းရမည်ဖြစ် သည်။
ကယားပြည်နယ်တွင် နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားသည့် ဒီမောဆိုးမြို့၊ ဖရူးဆိုး မြို့ပြင်ဧရိယာများကို ခွင်ြ့ပုချက်တောင်းခံရမည်ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းသစ် ဖွင့်လှစ်မည့် မဲ့ဆယ်မြို့တို့ ပါဝင်သည့် မြို့ ငါးမြို့သို့ သွားရောက်လျှင်လည်း ခွင့်ပြုချက်တောင်းရမည်ဖြစ်သည်။
ကရင်ပြည်နယ်တွင် ကော့ကရိတ်၊ ကျုံဒိုး၊ လှိုင်းဘွဲ့၊ သံတောင်ကြီး စသည့်မြို့နယ်ရှစ်ခုတို့၏ မြို့ပြင်ဧရိယာ များနှင့် ဖာပွန်၊ ကြာအင်း ဆိပ်ကြီးမြို့များသို့ သွားရောက်လျှင် ခွင့်ပြု ချက်တောင်းခံရမည်ဟု သတ်မှတ်ထား သည်။
နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားသည့် ချင်းပြည်နယ်တွင် တီးတိန်၊ ဖလမ်း၊ ဟားခါး တို့ပါဝင်သည့် မြို့ ခုနစ်ခု၏ မြို့ပြင်ဧရိယာများကို ခွင့်ပြုချက်တောင်းခံရန် လိုအပ်ပြီး ပလက်ဝ၊ မတူပီ စသည့်မြို့နယ်လေးခုသို့ သွားရောက်မည်ဆိုလျှင် ခွင့်ပြုချက်တောင်း ရမည်ဖြစ်သည်။
စစ်ကိုင်းတိုင်းတွင် မြို့ပြင်ဧရိယာ သွားရောက်ခွင့်အတွက် မြို့ ၁၂ မြို့၊ ဘုတ်ပြင်းမြို့နှင့် အခြားမြို့ သုံးမြို့များသို့ သွားရောက်ရန် ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကာ မန္တလေးတိုင်းတွင် ကျောက်မျက်ရတနာများ ထွက်ရှိရာ မိုးကုတ်မြို့ကို သွားရောက်ရန် ခွင့်ပြု ချက်တောင်းခံရမည်ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် မြို့နယ်သုံးခု မြို့ပြင်ဧရိယာများကို ခွင့်ပြုချက်တောင်းရမည် ဖြစ်ပြီး ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များအနက် ကိုကိုးကျွန်းသို့ သွားရောက်မည်ဆိုလျှင် ခွင့်ပြုချက်တောင်းရမည်ဖြစ်သည်။
ရှမ်းပြည်နယ်သို့ နိုင်ငံခြားခရီးသွားများသွားရောက်မည်ဆိုလျှင် မြို့ပြင်ဧရိယာသွားရောက်ခွင့်အတွက် ခွင့်ပြုချက်တောင်းခံရမည့်မြို့ အများဆုံးဖြစ်ပြီး မြို့ ၇၂ မြို့ကို ခွင့်ပြုချက်တောင်းရမည်ဖြစ်သည်။ ကျန်ရှိ သည့် ပြည်နယ်၊ တိုင်းဒေသကြီးများတွင်မူ ခွင့်ပြုချက်တောင်းခံရန် မလိုပေ။

Ref:mizzima

Tuesday, September 2, 2014

မြန်မာ နိုင်ငံခြားသား ခရီးသွားများအနေဖြင့် နိုင်ငံပေါင်း၄၂နိုင်ငံမှ အီးဗီဇာစတင်

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လိုသော နိုင်ငံခြားသား ခရီးသွားများအနေဖြင့် နိုင်ငံပေါင်း၄၂နိုင်ငံမှ အီးဗီဇာ (အွန်လိုင်းမှတဆင့် လျောက်ထားသော ဗီဇာ)ကို စက်တင်လာလ ၁ရက်နေ့မှ စတင်လျှောက်ထားနိုင်ပြီး

မေဦးမောင်

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လိုသော နိုင်ငံခြားသား ခရီဿးသွားများအနေဖြင့် နိုင်ငံပေါင်း၄၂နိုင်ငံမှ အီးဗီဇာ (အွန်လိုင်းမှတဆင့် လျောက်ထားသော ဗီဇာ)ကို စက်တင်လာလ ၁ရက်နေ့မှ စတင်လျှောက်ထားနိုင်ပြီး ဖြစ်ကြောင်း park royalဟိုတယ်တွင် ယနေ့ကျင်းပသော အီးဗီဇာစနစ် စတင်အကောင်အထည်ဖော်မှု ပွဲတွင် ပြည်ထောင်စု ၀န်ကြီးဦးခင်ရီ ကပြောသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စတင်သွားမည်ဖြစ်ပြီး အီးဗီဇာ ဖြင့် ၀င်ရောက်လာသူများသည် လတ်တလောတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှသာ ၀င်ရောက်နိုင်အုန်းမှာဖြစ်ပြီး ၊မကြာမီကာလာအတွင်း မန္တလေး အပြည်ပြာ်ဆိုင်ရာလေဆိပ် နေပြည်တော်လေဆိပ်များနှင့် နယ်စပ်ဝင်ပေါက်များတွင်ပါ ဆောင်ရွက်သွားမည်ဟု သိရသည်။ နိုင်ငံတော် အကြီးအကဲတွေကလည်း စက်တင်ဘာ ၁ရက်နေ့မှာ စတင်နိုင်ဖို့ ညွှန်ကြားထားတဲ့အတိုင်း ဆောင်ရွက်ခဲ့တယ်။ခုခွင့်ပြုပြီး ၄၁နိုင်ငံအပြင် နောက်ထပ် ဥရောပနိုင်ငံတခုကိုလည်း ခုပဲထပ်တိုးပေးလိုက်ပါမယ်ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။ အီးဗီဇာလျှောက်ထားမှု့တွင် မြန်မာနိုင်ငံတွင် သံရုံး အခြေစိုက်နှင့် မြန်မာနိင်ငံသို့ အလည်အပတ်အများဆုံးသော နိုင်ငံများကို ဦးစွာ လျှောက်ထားခွင့်ပြုခဲ့ရာ မြောက်ကိုရီးယားနိုင်ငံမှလည်း မြန်မာနိုင်ငံသို့ အွန်လိုင်းစနစ်ဖြင့် ဗီဇာလျှောက်ထားနိုင်မည်ဖြစ်သည်။ အီးဗီဇာလျှောက်ထားရာတွင် နိုင်ငံကူးလက်မှတ် အနည်းဆုံး သက်တမ်း၆လ၊အပြန်လေယာဉ်လက်မှတ်နှင့်ဓာတ်ပုံ အခြားလိုအပ်သည်များ ရှိရမည်ဖြစ်ပြီး အွန်လိုင်းမှ ဗီဇာကြေး အမေရိကန်ဒေါ်လာ ၅၀ကို ပေးသွင်းရမည်ဖြစ်ပြီး ဗီဇာလျှောက်ထားမှု လက်ခံရရှိကြောင်း အကြောင်းကြားစာကို ၁နာရီ အတွင်း အကြောင်းပြန်သွားမည်ုဖြစ်ပြီး ဗီဇာ ခွင့်ပြုကြောင်း ခွင့်မပြုကြောင်းကို အလုပ်ချိန်၅ရက်အတွင်း အကြောင်းပြန်သွားမှာ ဖြစ်သည်။ ဗီဇကြေး ကို visa /master card များဖြင့်ပေးချေနိုင်မည်ဖြစ်ပြီး ဗီဇာကြေးကို ပြန်လည်ရရှိမှာ မဟုတ်ကြောင်း ၊အီးဗီဇာ ကို လျှောက်ထားပြီး ၃လအတွင်း အသုံးပြုနိုင်ပြီး ဗီဇာသက်တမ်း ၂၈ရက်ပြည့်ပြီး သက်တမ်းတိုး လုပ်ဆောင်ခွင့် ကို ပြည်တွင်းမှဆောင်ရွက်ခွင့် ပြုမည်မဟုတ်ကြောင်း သိရသည်။ အီးဗီဇာ လျှောက်ထားရာတွင် မြန်မာနိုင်ငံမှ အမည်မည်း စာရင်းအပြင် အင်တာပိုမှပေးပို့ထားသော အမည်မည်းစာရင်းများကိုပါ တိုက်ဆိုင်စစ်ဆေးပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှ ခွင့်ပြုသွားမှာဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ပထမဆုံး အကောင် အထည်ဖော်ဆောင်ရွက်သည့် အွန်လိုင်းဗီဇာ စနစ်ကို ပြည်တွင်း ပြာ်ပ နည်းပညာကုမ္မဏီနှင့်BOT စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ E-Visa နှင်ပတ်သတ်ပြီးလျှောက်ထားလိုပါ www.evisa.moip.gov.mm တွင် သွားရောက်လျှောက်ထားရမည်ဖြစ်ပြီး စမ်းသပ်ကာလအတွင်း အီးဗီဇာ လျှောက်ထားမှုပေါင်း ၅၈၄ဦးရှိပြီး ၄၈ဦး ၀င်ရောက်ပြီး ဖြစ်ကြောင်း သိရသည

Ref:thestreetview

Credit @ Ko Nge

Monday, August 25, 2014

အလွန်အမြတ်အစွန်းများတဲ့ ဟိုတယ်လုပ်ငန်းများမှာဘဲ နိုင်ငံတကာက စိတ်ဝင်စားတာပါ...

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ပြည်တွင်းထက်ပြည်ပရင်းနှီးမြုပ်နှံမှုပိုများ


အခုအရင်ဆုံး မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းနဲ့ပက်သက်တဲ့ သတင်းကိုကြည့်ရအောင်ပါ။ ခရီးသွားလုပ်ငန်းတွေဟာ ၃ နှစ်အတွင်းဖွံ့ဖြိုးလာတာနဲ့အမျှဟိုတယ်လုပ်­ငန်း၊ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းနဲ့ အခြားဆက်စပ်တဲ့ လုပ်ငန်းတွေလည်းအခြေအနေကောင်းလာပါတယ်။ ဒီအပေါ်မှာ ပြည်ပလုပ်ငန်းရှင်ကြီးတွေ လွှမ်းမိုးသွားမှာကို ပြည်တွင်းကတိုင်းရင်းသားလုပ်ငန်းရှင်တချို­့ စိုးရိမ်နေပါတယ်။ ဒါဟာတကယ်ပဲစိုးရိမ်စရာဖြစ်နေပြီလား၊ ကိုအောင်သူရက ဆက်ပြီးပြောပြပေးသွားမှာဖြစ်ပ­ါတယ်။ 

Myanmar Tourism Showcase (3 minutes 40 seconds) -- myanmar branding video

Sunday, January 26, 2014

ခရီးသွားလုပ်ငန်း ဘေးထွက်ဆိုးကျိုးအတွက် အဖြေဘယ်လိုထုတ်မလဲ?

အမှန်တကယ် ခရီးသွားလာမှုလုပ်ငန်းဆိုတာ  တရားဝင်လိုင်းဝင်ရ အမျိုးသမီးလိင်လုပ်ငန်းတခုပါဘဲ...

ရွှေမြန်မာတွေ တအားကို အထင်ကြီးနေတဲ့ အမိမြေမှာ လာအခြေစိုက်ကျတဲ့ အများသောဂျပန်တွေဟာ လူကောင်းတွေတယောက်မှာ မပါကျပါဘူးဆိုတာသိသင့်ပါတယ်၊ သူတို့ရဲ့နောက်ကြောင်းတွေကို ပြန်ကြည့်လိုက်ရင် ကမ္ဘာ့နာမည်ကြီး ယာကူဆာတွေဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ အိမ်နီးချင်း ယိုးဒယားထက် ပိုရောဂါကင်းစင်သန့်စင်တဲ့ပိုဈေးပေါတဲ့ ရွှေမမလေးတွေကို ပိုနှစ်သက်ကျပြီး လုပ်ငန်းလဲရ အနီးကပ် အပြုစုပေးကောင်းတဲ့ ရွှေမမလေးတွေလဲရတဲ့ လုပ်ငန်းတွေပါ၊ တချို့ဆိုရင်  ရွှေတွေကိုတောင် ပေးမ၀င်တဲ့ ကလပ်တွေတောင်ရှိနေပါပြီလို့ကြားနေရပါတယ်.....

7dayjournal မှကူးယူဖော်ပြလိုက်တာပါ...

Photo
လှပသောကမ်းခြေများ၊ ရှေးဟောင်းစေတီ ပုထိုးများဖြင့် ကမ္ဘာကျော်သော မြန်မာနိုင်ငံ သို့ စီးပွားရေးလုပ်ကိုင်ရန်၊ အလည် အပတ်နှင့် အပန်းဖြေရန်၊ စူးစမ်းလေ့လာရန် နိုင်ငံအသီးသီးမှ ဧည့်သည်များ အလုံး အရင်းဖြင့် ၀င်ရောက်နေသည်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန် ပြတင်းတံခါး အားလုံးကို ဖွင့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် လေကောင်းလေသန့်နှင့် အတူ အမှိုက်သရိုက် များလည်း ရောထွေး ပါဝင်လာမည်ဖြစ်သည်။

နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှုစာရင်းကို စနစ်တကျပြုစုထားသော ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ အဆိုအရ ၂၀၁၃ နှစ်ကုန်တွင် ခရီးသည်နှစ်သန်းကျော် ၀င်ရောက်လာခဲ့သည်ဟုဆိုသည်။ ၂၀၁၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၀င်ရောက်မှုသည် တစ်သန်းနီးပါးမြင့်တက်လာသည်ကို တွေ့ရသည်။ ယခုနှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည် သုံးသန်းဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။

မီးခိုးမထွက်သော စီးပွားရေးလုပ်ငန်းဟု တင်စားသတ်မှတ်ထားသော ခရီးသွားလုပ်ငန်းကြီး၏ နောက်ကွယ်၌ မိမိနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသားများ ပျော်ပါးရန် ၀န်ဆောင်မှုပေးနေရသော အမျိုးသမီးလိင်လုပ်ငန်းလည်း ပိုမိုကြီးမားလာသည်။

ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့နှုန်းမြင့်မားနေသော မြန်မာနိုင်ငံတွင် ၀င်ငွေအလွယ်တကူရရှိနိုင်သော လိင်ဖျော်ဖြေရေးလုပ်ကိုင်သူ အမျိုးသမီးငယ်များနှင့် ပျော်ပါးသုံးစွဲလိုသော နိုင်ငံခြားသားဧည့်သည်များ ထိတွေ့ဆက်ဆံမှုဈေးကွက် ကျယ်ပြန့်လာခြင်းသည် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းတွင် ရင်ဆိုင်ရမည့် ဘေးထွက်ဆိုးကျိုး ပြဿနာတစ်ရပ်ဖြစ်သည်။ 

“နိုင်ငံခြားသားခရီးသည် ၀င်ရောက်တာနဲ့အမျှ လိင်လုပ်ငန်းကလည်း တိုးတက်ကောင်းတိုးတက်နိုင်တယ်။ ဒါပေမဲ့ ဘယ်လောက်ထိရှိသလဲဆိုတာကို ခန့်မှန်းလို့မရနိုင်ဘူး”ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်း အတွင်းရေးမှူးကပြောသည်။

ခြောက်သိန်းကျော်အရေအတွက်ရှိသော လိင်လုပ်သားများအနက် အသက်မပြည့်သေးသူများနှင့် အသက်(၂၀)၀န်းကျင်ရှိ အမျိုးသမီးငယ်များကိုသာ နိုင်ငံခြားသားခရီးသွားများက အသုံးပြုသည်ဟု ယင်းလုပ်ငန်းအသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။ဟိုတယ်များ၊ နိုက်ကလပ်များနှင့် အနှိပ်ခန်းများသည် နိုင်ငံခြားသားများအလိုရှိသော လိင်ဖျော်ဖြေရေးဝန်ဆောင်မှုများအတွက် ချိတ်ဆက်ပေးနေသော နေရာများအဖြစ် ရပ်တည်နေသည်။

“ဧည့်သည်က လိုချင်တယ်ဆိုရင် ဟိုတယ်ဘေးက ကလပ်ကိုသွားပြီး ကလပ်မန်နေဂျာနဲ့ ပြောဆိုရတယ်။ တစ်လကို ၁၀ ခါ၊ ၁၅ ခါလောက်တော့ ကြုံရတာပဲ။ ခေါ်ရင်လည်း အသက်(၂၀)ကျော်ဆိုတာ အကြီးဆုံးပဲ”ဟု ရန်ကုန်မြို့ရှိ နာမည်ကြီးဟိုတယ်တစ်ခုတွင် လုပ်ကိုင်နေသူ ကိုမျိုးက သူ၏အတွေ့အကြုံကိုပြောသည်။တရုတ်၊ ဂျပန်နှင့် ထိုင်းလူမျိုးများက အများဆုံးအသုံးပြုသည်ဟု သူကပြောသည်။ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသော ဧည့်လမ်းညွှန်များ၊ ခရီးသွားလုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်သူများက အထက်ပါကဲ့သို့ပင်ပြောသည်။ 

 “ဒီကိစ္စကို ခရီးသွားကုမ္ပဏီအစီအစဉ်နဲ့ လာတဲ့သူတွေမှာ သိပ်မတွေ့ရဘူး။ တစ်ဦးချင်းလာတဲ့သူတွေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလာလုပ်တဲ့ နိုင်ငံခြားသားတွေကတော့ စိတ်ဝင်စားနိုင်တယ်”ဟု အီတလီဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုအောင်ထွန်းလင်းကပြောသည်။ လိင်ဖျော်ဖြေရေးလုပ်ကိုင်သော အမျိုးသမီးများသည် နိုင်ငံခြားသားတစ်ဦးနှင့် တစ်ကြိမ်ဆက်ဆံပါက ပျမ်းမျှအားဖြင့် ဒေါ်လာ ၃၀ မှ ၅၀ အထိ ၀န်ဆောင်ခရရှိကြသည်ဟု အဆိုပါလုပ်ငန်းအသိုင်းအ၀ိုင်းမှ သိရသည်။ 

“ဖော်ရိန်နာနဲ့နေရမယ်ဆိုပြီး သူဌေး (အနှိပ်ခန်းပိုင်ရှင်)က ပြောတယ်။ သုံးသိန်းရမယ်ဆိုလို့ နေလိုက်တယ်”ဟု ရန်ကုန်မြို့အနှိပ်ခန်းတစ်ခုတွင် လုပ်ကိုင်လျက်ရှိသော မမြတ်နိုးက လွန်ခဲ့သည့်တစ်နှစ်က ၎င်း၏အတွေ့အကြုံကိုပြောသည်။ ၎င်းသည် ယခင်က အထည်ချုပ်အလုပ်သမတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သော်လည်း မိသားစုစားဝတ်နေရေး ပြေလည်မှုအတွက် အနှိပ်ခန်းတွင် ပြောင်းလဲလုပ်ကိုင်ခဲ့ရသည်။ 

၎င်း၏အပျိုစင်ဘ၀ ပထမဆုံးအတွေ့အကြုံကို နိုင်ငံခြားသားနှင့် စတင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အသက်(၂၁)နှစ်အရွယ်သာရှိသေးသည်ဟု မမြတ်နိုးက ပြန်လည်ပြောပြသည်။ ပြည့်တန်ဆာလုပ်ငန်းအား တရားမ၀င်ဟု မြန်မာနိုင်ငံတွင် သတ်မှတ်ထားသော်လည်း အဆိုပါလုပ်ငန်း၌ နစ်မျောနေကြသော မြန်မာအမျိုးသမီးအရေအတွက်က ဒုနှင့်ဒေး။ ဘာသာတရား၏ အဆုံးအမ၊ ယဉ်ကျေးမှု၏ ကန့်သတ်ချက်များဖြင့် တားမြစ်ထားသော်လည်း အလုပ်အကိုင်အခွင့်အလမ်းရှားပါးပြီး ဘ၀အခက်အခဲအတွက် မနှစ်သက်သော်လည်း ရွေးချယ်စရာထွက်ပေါက်တစ်ခုအဖြစ် ရှိနေသည်။ 

 မြန်မာကဲ့သို့ ယဉ်ကျေးမှု၊ ဘာသာတရားအရ တားမြစ်ထားသော်လည်း နိုင်ငံ၏ခရီးသွားလုပ်ငန်းတွင် လိင်ဖျော်ဖြေရေးသည် ဆွဲဆောင်စရာတစ်ခုအဖြစ် ရပ်တည်နေသည်မှာ အိမ်နီးချင်းထိုင်းနိုင်ငံဖြစ်သည်။ 

တစ်နှစ်လျှင် ထိုင်းနိုင်ငံရှိ လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် လာရောက်ပျော်ပါးသည့် နိုင်ငံခြားသားဦးရေမှာ ငါးသန်းပတ်ဝန်းကျင်ထိရှိသည်ဟု အရှေ့တောင်အာရှဒေသတွင်း လိင်ဖျော်ဖြေရေးလုပ်ငန်းများကို သုတေသနပြုလုပ်ထားသော (Women In The New Asia) အဖွဲ့၏ စာရင်းများတွင် ဖော်ပြထားသည်။ “ရန်ကုန်မြို့ရဲ့ တချို့နေရာတွေမှာ နိုင်ငံခြားသားတွေအတွက် လိင်ဖျော်ဖြေရေးလုပ်ငန်းတွေ တွင်ကျယ်နေတာကို တွေ့ခဲ့တယ်။ အခြားနေရာတွေမှာ ထပ်မရှိပါစေနဲ့လို့ မျှော်လင့်ပါတယ်”ဟု မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်အတွင်း လာရောက်လည်ပတ်ခဲ့သည့် ထိုင်းနိုင်ငံသားတစ်ဦးက မှတ်ချက်ပြုသည်။ ခရီးသွားလုပ်ငန်းတိုးတက် လာသည်နှင့်အမျှ လိင်ဖျော်ဖြေရေးလုပ်ငန်းသည်လည်း တွင်ကျယ်လာနိုင်ရာ နိုင်ငံတကာမှာ နာမည်ဆိုးမထွက်အောင် ဥပဒေဖြင့်တားမြစ်သင့်သည့်အပိုင်းများကို ထိန်းသိမ်းတားမြစ်သင့်သည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးတစ်ဦးကသုံးသပ်သည်။

 မြန်မာနိုင်ငံတွင်လည်း လိင်ဖျော်ဖြေရေးကိစ္စကို ထိုင်းနိုင်ငံကဲ့သို့ တရားဝင်လုပ်ကိုင်ခွင့်ပြုမည်ဆိုပါက ထိုင်းနိုင်ငံကို သေချာစွာလေ့လာပြီး ဆောင်ရွက်သင့်ကြောင်း ဧည့်လမ်းညွှန်များအသင်း၏ အတွင်းရေးမှူးကဆိုသည်။ နိုင်ငံခြားဧည့်သည် ၀င်ရောက်မှုများပြားလာသည်နှင့်အမျှ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ မပြန့်ပွားရေးနှင့် အသက်မပြည့်သေးသူများကို လိင်လုပ်သားအဖြစ် အသုံးပြုမှုများမရှိစေရန်အတွက် သက်ဆိုင်ရာက ဥပဒေများပြဋ္ဌာန်း၍ ထိန်းချုပ်ရမည်ဟု ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များဖြစ်သော WHO၊ UNICEF တို့က တိုက်တွန်းမှုများ ပြုလုပ်ထားသည်။ 

လိင်ဖျော်ဖြေရေးခရီးသွားလုပ်ငန်းကြောင့် လူကုန်ကူးမှုကြီးထွားလာပြီး ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲနှင့် ဆင်းရဲသောနိုင်ငံများ ရင်ဆိုင်နေရသည့် အဓိကပြဿနာတစ်ရပ်ဖြစ်ကြောင်း မဲခေါင်ဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့အစည်းကြီးက ပြောကြားထားသည်။ ယဉ်ကျေးမှုနှင့် ဘာသာတရားအရ တားမြစ်ထားသော်လည်း ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံအချို့မှာ လိင်ဖျော်ဖြေရေး ခရီးသွားလုပ်ငန်းများ တွင်ကျယ်လျက်ရှိပါသည်။ တစ်နှစ်ထက်တစ်နှစ် ခရီးသွားဧည့်သည်ဝင်ရောက်မှု တိုးတက်လာသော မြန်မာနိုင်ငံတွင် အဆိုပါကိစ္စ၏ နောက်ဆက်တွဲဆိုးကျိုးများကို ရင်ဆိုင်ရန် အသင့်ပြင်ထားပြီလောဟု မေးခွန်းထုတ်ရပါမည်။ 

Ref:7daynewsjournal

Monday, January 21, 2013

ဖန်လုံးအလင်းတန်းအကလေး

    စကာင်္ပူရဲ့ Changi Airport Termainal  1 လေယာဉ်ကွင်းမှာတွေ့ရပြီး ဖန်လုံးအလင်းတန်းတွေနှင့် သီချင်းတီးလုံးလေးတွေလို  အနုပညာပါပါ လေလိုင်းလေးတွေလို မြင့်တက်လိုက် လျောချလိုက် အလှပြကစားပြနေတာကို လှလွန်းလို့ အမှတ်တရဗီဒီယိုရိုက်ကူးလိုက်ရပါတယ်၊  ကမ္ဘာခရီးသွား ဧည်သည် တွေကို ဖျော်ဖြေနေလိုက်တာကို ကြည့်လိုက်ပါအုံး! ဒီကို လာလည်တဲ့ ခရီးသွားဧည့်သည်တွေရဲ့ ပါးစပ်ဖျား တွေမှာ ပြောစရာကျန်ခဲ့အောင် ဆွဲဆောင်ထားပုံကိုက ပညာသားပါလွန်းပါတယ်လေ၊ ဒါကြောင့် ဒီ terminal 1 က နေ့ညမပြတ် ၂၄ နာရီလုံး ကမ္ဘာခရီးသွားဧည့်သည်တွေနှင့်လူစည်ကားနေတဲ့ လေဆိပ်လေးပါ၊ ဒီလိုမှ မလုပ်ရင် ကမ္ဘာခရီးသွားဧည့်သည်မှာစိတ်ဝင်စားမှုရှိ မှာမဟုတ်လို့ဘဲပေါ့၊

Credit@ Ko Ng

Sunday, June 17, 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ East Asia 2012 Wold Economic From

ဒေါ်အောင်ဆန်းစုကြည်ရဲ့ World Economic Form ဟောပြောချက်တွေနှင့်အင်တာဗျူးတွေပါ၊
East Asia 2012 - A Conversation with Daw Aung San Suu Kyi


DASSK Press Confeeence@EF Bankok-DVB 16-01DVB TV 1st June 2012 - ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲ မြင်ကွင်း (အစအဆုံး)

Thursday, June 7, 2012

ငွေသန်းချီ၍သုံးဖြုံးနေကျသူများ အပိုင်း(၂)

ငွေသန်းချီ၍သုံးဖြုံးနေကျသူများ
ခရီးသွားမှတ်တမ်း- Credit@KoNge- Jun 1-3,12
     ဒုတိယရက်မှာ မနက်စာကို ဟိုတယ်က ကျွှေးတဲ့ ဘူဖေးကို အ၀စားပြီး...........

တနေကုန် ကားအပြတ်ငှားပြီးကျွှန်ကြီး (၆) ကျွှန်းကိုလျှောက်လည်ပါတယ်၊ ဘာမှတော့ထွေထွေထူးထူးမတွေ့ရပါဘူး၊

 Batam မြို့အကြောင်းလေးနဲနဲပြောပြချင်ပါတယ်....







Batam ဆိုတာက ကျွှန်းပေါင်း ၃၀၀၀ လောက်ရှိပြီး စကာင်္ပူကနေ ၂၀ ကီလိုဘဲကွာဝေးသော ဆင်းရဲတဲ့သဘာဝကျေးရွာတွေကို ၁၉၈၉ခုနှစ်မှာ Free Trade Zone လုပ်ပြီး ကျွှန်းတွေကိုအဆင့်မြင့် ပြင်ဆင်မူတွေကို နှစ်အနည်းငယ်မှာ အိမ်ရာ အသစ်ေ တွ နှင့် ခေတ်သစ်လဆိပ်တွေကိုလုပ်ပြီး ခရီးသွားဧည့်သည်တွေလာအောင်စွဲဆောင်လုပ်ပြီး၊ စီးပွားရေး အဆောက်အအုံသစ်တွေနှင့် စကာင်္ပူပုံစံအတိုင်း တူအောင်လုပ်ထားတာပါ၊ နောက်ပြီး အရှေ့တောင် အာရှမှာအကြီးဆုံးဆိပ်ကမ်းကြီး နှင့် နိုင်ငံတကာ ကုန်သွယ် မူ့ ဆိပ် ကမ်း ၊ စက်မှုဇုံဖြစ် အောင်ရည်ရွယ်ပြီး မလကာရေလက်ကြားလမ်းကြောင်း အတိုင်း စကာင်္ပူကူညီနေတာဖြစ်ပြီး အင်ဒိုနီးရှားစီးပွားရေးစီမံကိန်း ပူးပေါင်း၍ အဓိက ၁၉၉၀ခုနှစ် အာရှစီးပွားရေးအကျပ်အတည်းအတွင်းနှင့်အပြီးမှ ရပ်နားသွားတာဘဲလို့သိရတယ်၊
                                                                           မူရငိးကဒီမှာကြည့်ပါ-http://www.batam.com
  • အဲဒီလိုလုပ်လို့ ခရီးသွားဧည့်သည်တွေလျင်မြန်စွာများလာပြီး (၇)ခုမြှောက် Beach Resort တွေ ၊အဆင့်မြင့်ဟိုတယ်ကြီးတွေ၊ ဂေါက်ကွင်း တွေနှင့်တိုးတက်လာပြီး၊ စင်္ကာပူကနေ သဘောင်္ငယ်ဖြင့် အလွန်လျင်မြန်စွာ မိနစ် ၄၀ ဘဲသွားရလို့ အလွန်များပြား သော ခရီးသွားဧည့်သည်တွေ အတွက် ရွှေးချယ်ရာတနေတိုးလာတာက Batam မြို့ဖြစ်လာပါတော့တယ်။

  • ဒါတွေကြောင့် ကျွှန်တော်လဲသွားလည်ကြည့်တာပါ၊ မြို့သစ်လုံးချင်းအိမ်ရာစီမံကိန်းအသစ် IDR 400-500Milion(S$540,000-650,000)ဆိုတော့တွေက စင်္ကာပူထက် တ၀က်ကျော်လောက် သက်သာနေတာ ကိုတွေ့ရပါတယ်၊ ဗမာပြည်ထက်လဲလုံးချင်းအိမ်တွေသက်သာနေတာကိုတွေ့ရတယ်၊ နောက်ပြီးမီးမှန်မှန်ရတယ်၊ အလုပ်သမားခလဲသက်သာတော့ စင်္ကာပူကစက်ရုံတွေတော်တော်များများလဲ ပြောင်း သွားကျတာ ဒါကြောင့်ကိုး၊ ငွေဈေးကကွာတာကိုး!
“အဲ! ပြောချင်တာက ဗမာပြည်က လူပြောများနေကျပြီး အထင်ကြီးနေကျသော  ဆိပ်ကမ်းဇုန်တွေ  အလုပ်ဖြစ်လိမ့်မယ်မထင်ပါဘူး?
ဒီကဆိပ်ကမ်းဇုန်တွေ ထင်သလောက်အလုပ်မဖြစ်လို့ရပ်ဆိုင်းထားနေပြီ Malaca နှင့် Batam  Project တွေ တော်တော်များများ လဲ စီးပွားရေးကပ်ဆိုဒ်တော့ ခဏရပ်နားထားတာကိုတွေ့ရတယ်  ”
အဲ!မြို့ထဲမှာလဲ ဈေးဆိုင်ခန်းအသစ်တွေ အများကြီး တွေတွေ့ရပြီး တချို့နေရာတွေမှာဖွင့်တောင် မဖွင့်ကျ သေးဘူး၊ Waterfront Ferry City အသစ်မှာလဲအတူတူဘဲ တချို့ဆိုင်ခန်းတွေ မဖွင့်သေးဘူး၊
မြို့ထဲလူတော်တော်စည်တဲ့ Nagoya Shopping Mall ဘေးကဆိုင်ခန်းသစ်တွေလဲ ဆောက်လက်စနှင့် ဆောက်ပြီးသားတွေကိုတွေ့ရတယ်၊ တချို့ဆိုဖွင့်တောင်မဖွင့်သေးဘူး၊ မြို့ထဲရှိနေရာတိုင်းရဲ့အောက်ထပ်တွေမှာ ဘဲဆိုင်ခန်းအဖြစ် ဖွင့်ရောင်းနေတာတွေ့ ရ တယ်၊            




နောက်ပြီး ဆိုင်ကယ်တွေနှင့်ကားသမားတွေလဲ စည်းကမ်းမရှိ ကျပါ ဘူး၊ မောင်းချင်သလိုမောင်းနေတာဘဲ၊ အဲ! မီးပွင့်မှာတော့ မော်တော်ပီကယ် အဆောက်အအုံနှင့် ကား၊ ဆိုင်ကယ် ကိုတွေ့ရတယ်၊
လိုင်းကားကိုတော့ မီနီဘတ်လေးဘဲတွေ့ရတယ်၊ ကျွှန်းတွေရဲ့ကားလမ်းဘေးမှာလဲ ဘာမှာစီးပွားရေးလုပ်တာ မတွေ့ရပါဘူး ဆီအုံးခြံနှင့်အုတ်ဖုတ်တာ ဘဲတွေ့ရတယ်၊ ရွာတွေကို မတွေ့လိုက်ရဘူး၊ ကျွှန်း ၆ ကျွှန်းကို ဆက်သွယ်နေတဲ့ တံတား ၆ခုလောက်ကို ဘဲ ဖြတ်သန်းသွားဘူးတာဆိုတော့...

Barelang Bridge နာမည်ကျော်ကြိုးတံတား ကိုရောက်တော့ ဓါတ်ပုံတွေရိုက်ကျတယ်၊ အဲဒီမှာ ဆိုင်ကယ်လှည်းတွေ ဒီမှာဘဲတွေ့ဖူးတယ် (တခြားနိုင်ငံမှာလဲမတွေ့ဖူး)နှင့် အကျော်တွေ လင်ပန်းတွေနှင့် လက်မကြီး တွေနှင့် ပင်လယ်ဂဏာန်း တွေကို ရောင်းနေတာကိုတွေ့လို့ဝယ်စားချင်တာကို ကားသမား ပြောလို့မသန့်ဘူးဆိုလို့ဝယ်မစားဖြစ်ဘူး၊ အဲဒါကိုကမှားသွားတာ မြို့ထဲမှာ ဒီလို ဂဏန်းမျိုးမတွေ့ရ တော့ ဘူးလေ၊ အဲဒီမှာပြဿနာစတော့တာဘဲ! မနေ့က အင်ဒိုစာတွေစားကောင်းတာနှင့် (ငရုတ်သီးထောင်း လေး တွေ)တ၀စားထားတာဆို ဗိုက်ကဆန္ဒ တွေပြတော့တာပေါ့၊ ဒါနဲ့အိမ်သာသွားတာ IDR2,000($0.27) လောက် ပေး လိုက်ရတယ် ရေလောင်းအိမ်သာပါ ၊ အသန့်ကြီးတော့မဟုတ်ဘူးပေါ့နော်၊ ဒါပေမဲ့ ဗိုက်ကရစ် နေ တော့ သွားရတာပေါ့၊ “ဟီးဟီး”..

 ဗီယက်နမ်ဒုက္ခသည်တွေကို ကယ်ဆယ်ရေးလုပ်ထားတဲ့ Galang ကျွှန်း နေရာဟောင်းလေးတခုဘဲရောက် လိုက်သေးတယ်၊ အဲဒီမှာကားသမားလိုက်ပြလို့ ကြည့်လိုက်တာ! ဗီယက်နမ် လူတွေဘယ်လိုလူမျိုးလဲလားလို့၊ မမြင်ဖူးဘူးလေ !
(ဘာလိုလဲဆိုတော့ အင်ဒိုလူမျိုးတွေကို မလေးလို အသားမဲမယ်လို့ထင်ထားတာ မဟုတ်ဘူးလေ၊ ဗမာလိုဘဲ အသားညိုတယ် မျက်ခုံးကောင်းတယ် မိန်းခလေးကိုဘဲ ကြည့်မိလိုပါ).... ဟဲဟဲ...









အဲဒီမှာ လူကိုမတွေ့ရဘဲ လူအစားမျောက်တွေကိုတွေ့ရတယ်၊ အဲ! မေးကြည့်တော့ အကုန်ပြန် ကုန်ပီတဲ့၊ ပေ၂၀လောက်ဘဲရှိတဲ့လှေငယ်နှင့်ပင်လယ် ကိုဖြတ်ကျော်ခဲ့တာတော့ တော်တော် အံ့အော်ဖို့တော့ကောင်းတယ်၊ ကုန်တွင်းသွားလှေဘဲ၊ အန္တရယ်အလွန်များပါတယ် ခေတ်ကပျက် နေတုံး ဆိုတော့မပြောတတ်ဘူးလေ၊ သမိုင်းဝင်အနေနှင့်တော့ထားထားပါတယ်၊ အခုတော့ မျောက်တွေဘဲရှိတော့တယ်လေ၊ ကားလာရင် အစာလာတောင်းတတ်ပါတယ်၊ ဗီယက်နမ်မျောက်ပေါ့နော်!ဟီးဟီး......












နောက်ပြီး Beach Resort ကမ်းခြေဟိုတယ် တွေကိုလိုက်ပြတယ် စင်္ကာပူကိုမြင်ရတဲ့နေရာတွေပါ၊
နေလယ် ၂နာရီလောက်မြို့ထဲပြန်ရောက်ပြီး နေ့လည်စာကို မှာ တရုတ်ဆိုင်မှာစားတာ ဂဏာန်းသေးသေးလေးတကောင်ရယ်၊ခရုခွက်၈ကောင်လောက်ပါတဲ့ဟင်းတခွက်၊ ပြည်ကြီးငါးကျော်၊ ကြက်ဟင်းခါးသီးကြက်ဥကျော်၊ ကြက်ဟင်းခါးသီးပုဇွန်ချက်နှင့် အုန်းရည်တွေကို IDR 500,000($67) ဈေးကြီးတာဘဲရှိတယ် အင်ဒိုစာ လောက်စားလို့မကောင်းဘူး၊ ကားသမားကပြောတယ်ဈေးပေါတဲ့ Shopping Mall ကိုပြမယ်ဆိုလို့သွားတာ ပင်ရင်းတွေရောင်းတဲ့ဆိုင်တန်းတွေဆီရောက်တယ် ဒါပေမဲ့တံဆိပ်ကောင်းကောင်းတွေမတွေ့ရပါဘူး ဒါပေမဲ့ BOSS အတုတွေကိုတော့ တွေ့ခဲ့ရတယ်၊ အင်ဒိုစက်ရုံထွက်တွေများတယ် အင်္ကျီအသားတွေ တော့ ကောင်း ပါတယ်၊ မမြင်ဘူးတဲ့တံဆိပ်တွေများတယ်၊ ဈေးကလဲ သိပ်မပေါပါဘူး။


အဲ! ညဖက်ရောက် ကားသမားပြောတယ် Night Club ၀င်ကြေးက IDR 4,000($6) ကျတယ်ဆိုလို့ ဈေးပေါတာနှင့်သွားကျမယ်ပေါ့၊ ဒါနှင့်ဟိုတယ်ပြန်ရေမိုးချိုးပြီးတာနှင့် ၉နာရီလောက်မှာ ညစာစားသောက် ကျတယ်၊ အဲဒီမှာပြဿနာတက်တော့တာဘဲ Harbort Bay အကောင်းဆုံးတရုတ်စားသောက်ဆိုင်က ၁၀ နာရီပိတ်တာကို စားပွဲထိုးတွေက ဟင်းမှာတော့ဘာမှမပြောကျဘူး နာရီဝက်လောက်မှာနောက်ထပ်ဟင်းတွေ မှာတော့မှ ဆိုင်ကပိတ်ပြီးတဲ့ ကားသမားပြောတုန်းက မနက် ၃-၅နာရီထိရတယ်ဆိုလို့ ဒီဆိုင်ကိုဝင်တာ ဒီဆိုင်ကမဟုတ်ဘူးလေ၊ ဘေးကဆိုင်တွေအားလုံးက ရတယ်၊ ဆိုင်မှားဝင်မှီတာလေ၊ ဒါနှင့် ၁၁နာရီ ခွဲလောက်မှာအပြီးသတ်လိုက်ရတယ်၊ နောက်ပြီးတရုတ်ဆိုင်က ငမန်းတောင်ဟင်းချို တပွဲတင် IDR 300,000 ပေးရပြီး၊ ငါးဟင်းတခွက်ရယ်၊ ကိုက်လန် တခွက်ရယ်၊ ပုဇွန်ဟင်းတခွက်ရယ်ဘဲ ဈေးကြီးပြီး IDR 600,000($87)လောက်ကျပါတယ်၊ အဲ! ၀ယ်လာတဲ့အရက်ကိုယူသွားတာ IDR 10,000($1.30) ပေးလိုက်ရသေးတယ်၊ အချိန်မရှိတော့ ဘယ်လို လုပ်ပြီး သောက်ရတာဖီလင်ရှိတော့မှာလဲဟင်? ဒါက အသောက်သမားတွေ ဘဲ   သိပါတယ် ၊သောက်ပြီးရင် ရစ်ရမှလေ! ဟုတ်တယ်မဟုတ်လား????....

        ဒါနှင့် Batam City ကအကောင်းဆုံးပြောတဲ့ Night Club ကို ရောက်တယ် စီးကရက်တဘူးဘဲပေးတယ် အထဲရောက်တော့ အရက်မှာတာ ပုလင်းလိုက်ဘဲရောင်းတယ်တဲ့ ဒါနှင့် ခွက်နှင့်ရောင်းတဲ့ဘာမှန်းမသိအရက်ကို သူငယ်ချင်းကမှာပြီးသောက်သေးတယ်၊ အထဲက DJ က မကောင်း ပါဘူး ဘေ့ထုနေတာဘဲရှိတယ် ဘာသီချင်းတွေမှန်ူတောင်မသိရဘူး လူတွေလဲကနေတသိပ်မရဘူး လိုက်ကြည့်လိုက်တော့ ဆေးချနေကျတာနှင့် ဆေးလာရောင်းတဲ့ မိန်းခလေးတွေ ၁၅မိနစ်လောက်တခါလာမေးတာကိုတွေ့ရတယ်၊



ဒါကြောင့်ကားသမားကပြောတာမ၀င် ခင်မှာ ဆေးတွေရတယ်ဆိုလို့ ၊ ညနက်လောက်ရောက်မှ ကတဲ့ ခပ်ချောချောဆံပင်ရှည်ကောင်မလေး ၅ ယောက်တွေနှင့် DJ မိန်းခလေးပြောင်းမှ အင်ဒိုသီချင်းဘဲဖွင့်ပြီးနဲနဲမြူးလာကျပြီး အနဲငယ်ကလာကျပါတယ်၊ အင်ဒိုမတွေတော်တော်ချောပါတယ် မဲတာတွေမတွေ့ရလို့! ကျွှန်တော်မြင်တာကိုပြောတာနော်! ဟဲဟဲ???
    နောက်တတိယရက် ပြန်မဲ့ရက်မှာ အခန်းကို နေ့လည် ၁၂ နှင့် ၁နာရီကြားမှာအပ်ရပါတယ်၊ နေ့လည်စာ စားဖို့ကားသမာကို အင်ဒို အစာတွေရောင်းတဲ့ဆိုင် ကိုလိုက်ပို့ခိုင်းပါတယ် ဆိုင်က တခါပြင်ကြိုက်တဲ့ ဟင်း တွေယူပြီးမှာရှင်းရတဲ့ ဆိုင်လေးပါ ဈေးတော်တော် ပေါပါတယ်၊ဆိုင်ကလူအပြည့်ဘဲ ၊    ဆိတ်စွတ်ခွက်ကြီးတခွက်မှ IDR 20,000($3) နှင့် ဆိတ်သားကင်တချောင်းကို IDR 4000($0.50) လူတယောက်မှ    IDR -15,000-20,000($2-3)   လောက်ဘဲကျတော့ အားလုံးစားမှ IDR 160,000 ($21) ဘဲ  ကျ ပါတယ် ၊ နောက်သူငယ်ချင်းလိုချင်တဲ့ ဆိတ်သားနှင့်ငါးရှဉ့်လိုက်ရှာတာ မနက်ဈေးတွေ ပိတ်ကုန်လို့ဘယ်မှရှာမရတာနှင့် NAGOYA Super Mark မှာ ငါးရှဉ့်အရှင်ရလိုက်ပြီး ဆိုင်မှာရေပြုတ်လုပ်ခိုင်းဖို့ IDR 20,000($3)ပေးလိုက်ရတယ်၊ ငါးကင်တွေလဲ ၀ယ်လိုက်သေးတယ်၊

နောက် NAGOYA အပြင်ဆိုင်တန်းက အင်ဒိုပါတိပ်ဆိုင်မှာ     ဟာဝိုင်ရီိပိုးပါတိပ်လေး IDR 199,000($ 27) နှင့်ဈေးကလည်းမဆိုးဘူးဆိုတော့ဒီဇိုင်းလှတာနှင့် ၂ထည်ဝယ်ဖြစ်သွားတယ်၊ ဒီဇိုင်းက တမျိုးတထည်ဘဲရှိတာလေ!
      
သန့်တယ်လို့ကားသမားပြောတဲ့ Harbour Bayသဘောင်္ဆိုဒ်အသစ်ကိုသွားပြီး လက်မှတ်ဝယ်တာ ဘာမှ ကြိုတင်လက်ဝယ်မထားတော့ ည ၉း၄၀ နာရီ နောက်ဆုံးသဘောင်္ဘဲရတယ်လေ၊ အဲ! မေ့နေတာက လာတုံးက သောကြာနေ့ဆိုတော့လက်မှတ်ကလွယ်တယ် ပြန်တော့တနင်္ဂနွေဆိုတော့ ပြန်တဲ့လူများတာကိုသတိ မထားမိ ကျဘူးလေ! ပြီးတော့ သဘောင်္ဆိုဒ်ကအသစ်ဆိုတော့ ဘေးမှာဆိုင်တန်း တွေရှိ စားသောက် ဆိုင်တန်းလဲရှိဆိုတော့သန့်လဲသန့်တော့ ဒီဆိုဒ်ကမ်းကိုရွှေးလိုက်တာ သဘောင်္လိုင်း အစုံ မရှိဘူးလေ!


အချိန်၅နာရီပိုနေတာနှင့် ကားသမားက လုံးချင်းအိမ်ရာ တွေစီခေါ်သွားပါတယ်၊ ၂ ထပ်လုံးချင်းတွေကို ပေ68x126လောက်ကို IDR 400-500 Milion(S$40,000-60,000),ပေ 158x200ကို IDR 100 Milion(S$70,000)နှင့် ပေ158x344မှIDR 1,500 Milion(S$200,000)လောက်ဘဲရှိတယ်တဲ့၊ “ဒီဈေးကဗမာပြည်မှာ တောင်မရနိုင်တဲ့ဈေး တွေဘဲ!”


ပင်လယ်ပြင်ကို မျက်နှာမူပြီး လသာနေပုံကို ကတော်တော်လှတဲ့Cosatarina ကိုသွားပြီးအချိန်ဖြန်းနေ ရတယ်၊ ပင်လယ်ကမ်းစပ်လေးတွေမှာတန်းစီပြီး ဆိုင်ကယ်လေးတွေနှင့် အီစီကလီလေး တွေ၊ အတွဲတွေ တော်တော်များတယ် ရင်ခုန်စရာတွေ!







ဒါက စကာင်္ပူကို ပြန်ရောက်လို့ရိုတ်ထားတာလေ၊
ညနက်၁၂ နာရီမှာရောက်တော့ ရထားတကြောင်းဘဲမှီတယ် နောက် တနေရာ မှမ မှီလို့ အိမ်ကို တက်စီငှားပြန်ရတယ်လေ!
အဲဒါပါဘဲ BATAM ခရီးသွားရတာ ဘယ်တွေမြင်ခဲ့သလဲဆိုတာတွေ!
အဲမေ့လို့! အလည်ခေါ်တဲ့ သူငယ်ချင်း ကိုအောင်နှင့်ချစ်မညီးလေးမိန်မိန်းတို့ကို အထူးကျေးဇူးတင်ပါကြောင်း ဒီဘလော့ကနေပြောလိုက်ပါရစေ..............

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!