Popular Posts!

Saturday, December 31, 2011

Touchscreen ကိုယ်ထည်နှင့် မော်တော်ယာဉ်သစ်အား Toyota မိတ်ဆက်ပြသ



Fun-Viiဟု အမည်ပေးထားသော မော်တော်ယာဉ်သစ် တစ်မျိုးကို Toyotaက မိတ်ဆက်ပြသခဲ့ရာ ကား၏ ကိုယ်ထည်တွင် Touchscreen နည်းပညာကို သုံးစွဲထားသည်ကို တွေ့ရ

Posted on Dec 07 11 - 01:18 PM | Hits : 856



ဂျပန် မော်တော်ကား ကုမ္ပဏီ Toyotaသည် မိုဘိုင်းလ်ဖုန်းနှင့် Tabletကွန်ပျူတာများတွင် အသုံးပြုနေသော Touchscreen နည်းပညာကို မော်တော်ကား တီထွင်ဖန်တီးမှု နယ်ပယ်ထဲ သယ်ဆောင်လာပြီဖြစ်သည်။ Fun-Viiဟု အမည်ပေးထားသော မော်တော်ယာဉ်သစ် တစ်မျိုးကို Toyotaက မိတ်ဆက်ပြသခဲ့ရာ ကား၏ ကိုယ်ထည်တွင် Touchscreen နည်းပညာကို သုံးစွဲထားသည်ကို တွေ့ရသည်။


ထိုTouchscreenကို အသုံးပြုကာ ကား၏ အသွင်အပြင် Themeကို ပြောင်းလဲနိုင်သည့်အပြင် ကားအား ရောင်းချလိုက်သည့် အရောင်းဌာန၏ ၀က်ဘ်ဆိုက်သို့ ချိတ်ဆက်ကာ ကား၏ အနေအထားကို စစ်ဆေးမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ Toyotaသည် အဆိုပါ ကားသစ်ကို တိုကျိုမော်တော်ကားပြပွဲတွင် စတင်မိတ်ဆက် ပွဲထုတ်ခဲ့သည်။ ကုမ္ပဏီ ဥက္ကဋ္ဌ အာကီရို တိုယိုတာက “ကားတစ်စင်းဟာ လူတွေရဲ့ စိတ်ကို ညှို့ယူနိုင်ရပါမယ်။ တကယ်လို့ ပျော်ရွှင်နှစ်လိုစိတ် မဖြစ်လာနိုင်စေဘူးဆိုရင် ဒါကို ကားလို့ မခေါ်ပါနဲ့”ဟု ပြောကြားသွားသည်။



Code Nameအဖြစ် FT-EV IIIဟု သတ်မှတ်ထားသော ကားသည် Toyota iQကို အခြေပြု ဖန်တီးထားသည့် လျှပ်စစ်ကားလည်းဖြစ်သည်။ လစ်သီယမ်အိုင်ယွန် ဘက်ထရီကို အသုံးပြုထားပြီး တစ်ကြိမ်အားသွင်းထားပါက (၆၅)မိုင် မောင်းနှင်နိုင်သည်။ Toyotaသည် (၂၀၁၂)ခုနှစ်အတွင်း ခရီးတိုသွားလာရန် အဆင်ပြေမည့် လျှပ်စစ်ကားသစ် တစ်မျိုးကို တီထွင်ရန် စီစဉ်လျက်ရှိသည်။ ထို့အပြင် (၂၀၁၅)ခုနှစ်တွင် Toyota၏ ကိုယ်ပိုင်နည်းပညာဖြင့် ဖန်တီးထားသည့် လျှပ်စစ်ကား ဘက်ထရီတစ်မျိုးကို ရောင်းချရန် မျှော်လင့်နေပြီး ယင်းဘက်ထရီသည် တစ်ကြိမ်အားသွင်းထားပါက မိုင်ပေါင်း(၄၃၀)မျှ ခရီးပေါက်နိုင်ဖွယ် ရှိနေကြေင်း သိရှိရသည်။
 


WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်

ကွန်ပျူတာနှင့် Laptopများမှ ထွက်ပေါ်လာသည့် Wirelessဖမ်းယူမှု လှိုင်းများသည် သုက်ကောင်များကို ပျက်စီးစေတတ်ကြောင်း သိရ
Posted on Dec 07 11 - 02:02 PM | Hits : 1682

WiFi အင်တာနက် သုံးစွဲခြင်းသည် အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ ကွန်ပျူတာနှင့် Laptopများမှ ထွက်ပေါ်လာသည့် Wirelessဖမ်းယူမှု လှိုင်းများသည် သုက်ကောင်များကို ပျက်စီးစေတတ်ကြောင်း သိရသည်။ ထို့ကြောင့် အမျိုးသားများအနေနှင့် Laptopများကို ပေါင်ပေါ်တင်ကာ သုံးစွဲပါက သုက်ပိုးများကို ပျက်စီးစေနိုင်ကြောင်း သုတေသီများက ထောက်ပြခဲ့သည်။

အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကို စမ်းသပ်လေ့လာမှုအရ ယခုသုတေသန ရလဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်သည်။ Wi-Fiလှိုင်းများသည် DNAကို အနည်းဆုံး (၃)ရာခိုင်နှုန်းမျှ ပျက်စီးထိခိုက်စေပြီး (၄)နာရီမျှ ပေါင်ပေါ်တင်သုံးပါက သုက်ကောင်များ သေဆုံးမှု ဖြစ်ပေးစေရန် (၂၅)ရာခိုင်နှုန်းမျှထိ ဖြစ်လာနိုင်ကြောင်း Fertility and Sterility ဆေးပညာ စာတမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်သည် အမျိုးသား တစ်ဦး၏ မျိုးဆက်ပျံ့ပွားရေး စွမ်းဆောင်မှုကို အကန့်အသတ် ဖြစ်စေမည်ဖြစ်သည်။ အမေရိကန်နှင် အာဂျင်တီးနားမှ ပူးပေါင်း သုတေသီ အဖွဲ့တစ်ခုသည် ပရော်ဖက်ဆာ ကွန်ရာဒို အဗန်ဒါနို ဦးဆောင်မှုဖြင့် WiFiစနစ်နှင့် သုက်ပိုးများ ထိခိုက်မှုကြား ဆက်နွယ်နေခြင်းကို အဖြေရှာခဲ့သည်။ “ကျွန်တော်တို့ တွေ့ရှိတဲ့ အချက်အလက်တွေအရ WiFiကို သုံးတဲ့အခါ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ ဆင်ခြင်သင့်တာက ပေါင်ပေါ်တင်ပြီး အချိန်ကြာကြာ Laptopသုံးတာမျိုး မလုပ်ဖို့ပါ။ ဒါဟာ သုက်သွေး DNAတွေကို ပျက်စီးစေနိုင်ပါတယ်”ဟု အဗန်ဒါနိုက ရှင်းပြခဲ့သည်။ ယခင် သုတေသန ရလဒ်များအရ ပေါင်ပေါ်တင်သုံးသော Laptopများမှ ထွက်ပေါ်သော အပူသည် အမျိုးသားများ၏ သုက်ပိုးများကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း ဖော်ထုတ်တွေ့ရှိထားပြီးဖြစ်သည်။
 

Source: DailyMail
 Ref:www.planet.com.mm

အမေရိကန်တွင် လူ့ဦးနှောက်ကို ဖျက်ဆီးစားသောက်သည့် အမီးဘားပိုးတွေ့ရှိ

ကျန်းမာရေး အာဏာပိုင်များက ထိုသူ၏အိမ်တွင် တပ်ဆင်ထားသော သောက်ရေစနစ်အတွင်း အဆိုပါ အမီးဘား ပိုးမွှားကို ရှာဖွေ တွေ့ရှိခဲ့
Posted on Aug 22 11 - 12:35 PM | Hits : 3931

    အမေရိကန်နိုင်ငံတွင် လူ့ဦးနှောက်ကို ဖျက်ဆီးစားသောက်သည့် အမီးဘား ပိုးမွှားတစ်မျိုးကြောင့် ကလေးငယ် နှစ်ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး အရာရှိများက ပြောကြားခဲ့သည်။
      ဖလော်ရီဒါတွင် နေထိုင်သော အသက်(၁၆)နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ရေကူးပြီးနောက် အပြင်းအထန် နာမကျန်းဖြစ်ရာမှ သေဆုံးခဲ့သည်။
  ထို့အပြင် ဗာဂျီးနီးယားမှ အသက်(၉)နှစ်အရွယ် ယောက်ျားလေး တစ်ဦးသည်လည်း အပျော်ငါးမျှားထွက်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ဦးနှောက်အတွင်း ပိုးဝင်ကာ သေဆုံးသွားခဲ့သည်။ ၎င်းတို့နှစ်ဦးလုံးသည် ရှားပါးလှသော ရောဂါပိုးတစ်ခု၏ ဖိစီးနှိပ်စက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဟု ကျွမ်းကျင်သူများက ဖော်ထုတ်တွေ့ရှိခဲ့သည်။
  ထိုသို့ဖြစ်ရခြင်းမှာ ဦးနှောက် အစိတ်အပိုင်းများကို စားသောက်သည့် ရေနေ အမီးဘား ပိုးကောင်တစ်မျိုးကြောင့်ဟု သိရှိရသည်။ ချာတိတ်လေးသည် အပျော်ငါးဖမ်းခရီးတွင် သောက်ခဲ့သောရေ၌ အဆိုပါပိုးမွှား ပါသွားသည်ဟု ယူဆရဖွယ်ရှိသည်။
    အလားတူ ဦးနှောက်စား အမီးဘားပိုးကောင်ကြောင့် နောက်ထပ် သေဆုံးမှု ရှိမရှိကိုမူ ကွဲကွဲပြားပြား မသိရသေးပေ။ ဇွန်လအတွင်းကလည်း အမေရိကန်တွင် အမျိုးသားတစ်ဦး ယင်းပိုးမွှားကြောင့် သေဆုံးခဲ့သေးသည်။ ကျန်းမာရေး အာဏာပိုင်များက ထိုသူ၏အိမ်တွင် တပ်ဆင်ထားသော သောက်ရေစနစ် အတွင်း အဆိုပါ အမီးဘား ပိုးမွှားကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။


Source: DailyChilli
Ref:www.planet.com.mm

Friday, December 30, 2011

မြန်မာပြည်ကဆေးရုံ ဆေးခန်းတွေမှာ တာဝန်ပေါ့လျော့မှုများ!




ရွှေဂုံတိုင်ဆေးရုံတွင် အမျိုးသမီးတစ်ဦး မီးဖွားပြီး သေဆုံးခဲ့မှုအပေါ် ဆေးရုံနှင့်ဆရာဝန်မှပြန်ရှင်း

ယမုံဖူးသစ်နှင့် ကျော်ဆုမွန်

အတွဲ ၂၈ ၊ အမှတ် ၅၅၀ ( ၃၀ ၊ ၁၂ ၊ ၂၀၁၁ - ၅ ၊ ၁ ၊ ၂၀၁၂)

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အထူးကုဆေးရုံကြီးတွင် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးမီးဖွား ပြီးနောက် ဒီဇင်ဘာလ ၁၂ ရက်နေ့က သေဆုံးခဲ့ရမှုဖြစ်ပွားခဲ့ရာ ဆေးရုံကြီးမှ တာဝန်ကျ သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်များ၏ တာဝန် ပေါ့လျော့မှုကြောင့်ဖြစ်သည်ဟု ကျန်ရစ်သည့် မိသားစုများက စွပ်စွဲခဲ့သလို ဆေးရုံဘက်မှ တာဝန်ရှိသူများကလည်း ပြန်လည် ရှင်းလင်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင် မြို့နယ်၊ ကွက်သစ်ဖြတ်လမ်းတွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် မခင်ခင်ဌေးသည် ခုနစ်လရှိပြီဖြစ်သည့် ကိုယ်ဝန်ကို အဆိုပါဆေးခန်းကြီးတွင် ပုံမှန်ထိုင်သည့် သားဖွားနှင့် မီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာတင် မောင်အေးထံတွင် အပ်နှံထားခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။
အဆိုပါ ဆရာဝန်ကြီး မရှိသည့်အခါ တွင် ၎င်း၏ လက်ထောက် ဆရာဝန် ဒေါက်တာနိုင်ဝင်းဆိုသူနှင့် ဆက်လက် ပြသခဲ့သည်ဟု သိရသည်။
ဒီဇင်ဘာလ ၉ ရက်နေ့မှစတင်ခါ ၀မ်းတွင်းမှ ကလေး၏ ပုံမှန်မဟုတ်သော အနေအထားကြောင့် မခင်ခင်ဌေးအား ဓာတ်မှန်ရိုက်ကြည့် ခဲ့ရာတွင် ၀မ်းတွင်းရှိ ခုနစ်လသားအရွယ် မိန်းကလေးငယ်မှာ လှုပ်ရှားခြင်းမရှိတော့သောကြောင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဆေးရုံ တက်ရန် ဒေါက်တာနိုင်ဝင်းမှ ညွှန်ကြားခဲ့ပြီး အဆိုပါနေ့တွင်ပင် ၀မ်းတွင်းမှ ကလေး သေဆုံးပြီဖြစ်ကြောင်း ဆရာဝန်က အတည်ပြု ပြောကြားခဲ့သည်ဟု ဆိုသည်။
"ကလေးသေနေပြီလို့ ဆရာဝန်က ပြောကြားတဲ့အတွက် အဲဒီနေ့မှာပဲ ခွဲစိတ်ပေးဖို့ မိသားစုဝင်တွေက တာဝန်ကျ ဆရာဝန်တွေ ကိုကော ဒေါက်တာ နိုင်ဝင်းကိုပါ အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် စနေနေ့ (ဒီဇင် ဘာလ ၁၀ ရက်နေ့) ညနေမှာ ဒေါက်တာနိုင်ဝင်း လာကြည့်ပြီး ခွဲဖို့ မလိုဘဲ ဆေးသွင်းပြီး ရိုးရိုး မွေးမယ်လို့ ပြောပါတယ်" ဟု မခင်ခင်ဌေး၏ အစ်ကိုရင်းဖြစ်သူ ကိုမြင့်အောင်က ပြောသည်။
ရိုးရိုးမွေးဖွားနိုင်ရန် ဆေးများသွင်းထားခဲ့ရာ နောက်တစ်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညပိုင်းအထိ ဆေးရုံမှ မည်သို့မျှ ခွဲစိတ် ကုသမှုများ မပြုလုပ်ပေးခဲ့ဘဲ ည ၁၁ နာရီ ၄၅ မိနစ်ခန့်အချိန်တွင် သားအိမ်ပွင့်ကာ ကလေးထွက်လာသည်နှင့် တစ်ပြိုင်နက် မိခင်ပါ တစ်ခါတည်း အသက်မရှူတော့ကြောင်း မခင်ခင်ဌေး၏ မိခင်ဒေါ်သီတာဝင်းက ပြောသည်။
"သမီးက အသက်မရှူတော့ဘူး။ ကလေးလည်းထွက်လာရော သူလည်း နှစ်ချက်လောက် ရှိုက်ပြီး ငြိမ်သွားတယ်။ နောက် ည ၁ နာရီကျော်မှ မေ့ဆေးဆရာ ၀န်တွေကော ဒေါက်တာ နိုင်ဝင်းပါ ရောက်လာတယ်။ သူတို့က မျိုးစုံစစ်ဆေးကြတယ်။ ဒါပေမယ့် အသက်မရှိတော့ဘူး"ဟု ၎င်းက ပြောသည်။
ဆေးရုံမှ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာဒေါ်ဌေးဌေးကြည်ကလည်း ဒီဇင်ဘာလ ၉ ရက်နေ့တွင် ၀မ်းတွင်းမှ ကလေး သေဆုံး ကြောင်း ဓာတ်မှန်ရိုက် ယူ၍ သိရှိပြီးနောက် ဒီဇင်ဘာ ၁၀ ရက် နေ့တွင် ရွှေဂုံတိုင် ဆေးရုံတွင် တက်ရောက်ခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်အစောပိုင်းတွင်သေဆုံးခဲ့သည်ဟု မြန်မာတိုင်း(မ်)ကိုပြောသည်။
သားဖွားနှင့် မီးယပ်အထူးကု ဆရာ ၀န် ဒေါက်တာနိုင်ဝင်းကလည်း ယခုကဲ့ သို့သေဆုံးမှုမှာ မခွဲစိတ်ခြင်းကြောင့် သေဆုံးရခြင်းမဟုတ် ဟုပြောသည်။
သန္ဓေသားမှာ ရက်သတ္တပတ် ၂၄ ပတ်သာရှိပြီး မိခင်မှာလည်း အသက် ၂၃ နှစ်သာရှိသေးသည့်အတွက် နောက်ထပ် ကလေး မွေးဖွားရ လွယ်ကူစေရန် သားအိမ်ပွင့်ဆေးကို အသုံးပြု၍ ရိုးရိုး မွေးဖွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာနိုင်ဝင်းက ပြောသည်။
"ပုံမှန်ဆိုရင် အပတ် ၄၀ ရှိမှ နေ့စေ့ လစေ့ဖြစ်တယ်။ အခု ကလေးက ၂၄ ပတ်ပဲရှိပြီး တစ်ပေါင် သာသာပဲရှိတယ် ဆိုတော့ ခွဲပြီး ထုတ်ရမယ့် ထုံးစံမရှိဘူး။ အမေကလည်း သားဦးဆိုတော့ အရင် ခွဲကြောင်းတွေလည်း မရှိတဲ့အတွက် ဒီလိုခွဲမွေးလိုက်ရင် နောက်တစ် ယောက်ကိုလည်း ခွဲမွေးရဖို့ များသွားပြီ။ ဒီလို လူနာမျိုးကို ၁၀၀ မှာ ၉၉ ယောက်ကို ရိုးရိုးပဲမွေးပါတယ်"ဟု ၎င်းက ပြောသည်။
ထို့ကြောင့် သားအိမ်ပွင့်ဆေးကို ထည့်သွင်းခဲ့ပြီး မွေးဖွားရန်စောင့်ဆိုင်း ခဲ့သည်ဟု၎င်းက ပြောသည်။ လူနာမှာ နာကျင်သောကြောင့် လူနာရှင်ဘက် မှ ခွဲစိတ်မွေးရန်တောင်းဆိုခဲ့သည့် အတွက် နားလည်စေရန် အခြေအနေ ကို ရှင်းလင်းပြခဲ့သည်ဟု ၎င်းက ပြောသည်။
"အိုဂျီတစ်ယောက် အနေနဲ့ ကြည့်ရင် ဒီကေ့စ်မျိုးကခွဲစိတ်ရမယ့်အထဲမှာ မပါ ပါဘူး။ မခွဲစိတ်ခဲ့တဲ့အတွက် သေဆုံးရတာ မဟုတ်ပါဘူး" ဟု ဒေါက်တာနိုင် ၀င်းက ပြောသည်။
သေဆုံးရသည့် အကြောင်းရင်းမှာ လူနာမှာ ကလေးမွေးဖွားရန် သားအိမ်ဝ ပွင့်ချိန်တွင် ရေမြွှာရေ သွေးကြောတွင်း ရောက်ရှိပြီး ထိုမှတစ်ဆင့် အဆုတ်နှင့် နှလုံးသို့ ရောက်ရှိသွားခဲ့ပြီး သွေးသွားသည့် လမ်းကြောင်းတွင် ရေများဝင်လာသည့်အတွက် သွေးကြော များမှာ ရပ်တန့်၍ ပိတ်သွားခြင်းကြောင့် ဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။
"ရောဂါကြီးကြီးမားမားလည်း မရှိ၊ ထုံဆေးထိုးတာ၊ ညှပ်ဆွဲတာတွေလည်း မရှိတဲ့အတွက် ဒါကြောင့် သေဆုံးရတာလို့ပဲ ယူဆလို့ရ ပါတယ်"ဟု ၎င်းက ပြောသည်။
"ဒီလို ကိစ္စမျိုးက ဖြစ်တောင့် ဖြစ်ခဲပါ။ မွေးလူနာတစ်သိန်းမှာ တစ်ယောက် လောက်ပဲဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပေါ့လျော့မှု ကြောင့်ဖြစ်တာ မဟုတ်ပါဘူး။ မခွဲစိတ်လို့ သေရတာလည်း မဟုတ်ပါဘူး"ဟု ၎င်းက ပြောသည်။
မိခင်ဝမ်းအတွင်း ကလေးသေဆုံး ရမှုမှာလည်း မိခင်တွင် ထိခိုက်ဒဏ်ရာ ရခြင်း၊ သွေးဆင်းခြင်း၊ သွေးသွန်ခြင်း မရှိသည့်အတွက် ကလေး၏မွေးရာပါ ချို့ယွင်းချက်ကြောင့် ဖြစ်နိုင်ကြောင်း ဒေါက်တာနိုင်ဝင်းကပြောသည်။ ဆေးရုံက သေဆုံးသည့်အကြောင်းကို သေချာစွာသိရန် ရန်ကုန်ဆေးရုံ ကြီးသို့ ပို့ဆောင်မည် ပြောသော်လည်း ဓလေ့ထုံးစံအရ ရင်ခွဲစစ်ဆေးသည်ကို မလိုလားဘဲ မိသားစုက အလောင်းကို သာ ပြန်လည်ရယူလိုသောကြောင့် ပြန်လည်သယ်ယူကြောင်း၊ ဆေးရုံက လက်မှတ်ရေးထိုးပေးခဲ့ကြောင်း ဦးမြင့်အောင်က ပြောသည်။
"ကျွန်တော်တို့ တရားလည်းမစွဲပါ ဘူး။ ဆေးရုံကို ကုန်ကျစရိတ်တွေ တွက် ပေးဖို့ ပြောတဲ့အခါ လုံးဝမယူတော့ပါဘူး။ ပေးစရာ မလိုဘူးလို့ ပြောတယ်။အိမ်ပြန်ရောက်တော့ ရပ်ကွက်က ဆရာ ၀န်တစ်ဦးဆီက သေဆုံးကြောင်း လက် မှတ်ယူပြီး နောက်တစ်နေ့မှာ ရေဝေး မှာချခဲ့ပါတယ်"ဟု ၎င်းက ပြောကြားသည်။
ဆေးကုသစရိတ်များ တောင်းခံခြင်း မရှိသောကြောင့် မခင်ခင်ဌေး အဆိုပါ ဆေးရုံတွင် တက်ရောက်ကုသခဲ့သည့် ဆေးရုံမှတ်တမ်း များလည်း မရရှိခဲ့ကြောင်း သူကဆက်ပြောသည်။ 
ထိုသို့ သေဆုံးရမှုအပေါ် စိတ်မ ကောင်းသဖြင့် ဆေးရုံဘက်မှ ကျသင့် ငွေကို တောင်းခံခြင်းမပြုခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ ဒေါ်ဌေးဌေးကြည် က ပြောသည်။
အသက် ၂၃ နှစ်အရွယ်ရှိ မခင်ခင်ဌေးသည် အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့တွင် စီးပွားရေးဆိုင်ရာ အထူးပြုဘွဲ့များ ရယူခဲ့ကာ မကြာ သေးမီးကပင် ရန်ကုန်တွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စတင်လုပ်ကိုင်ရန် အစပျိုးခဲ့သည်။

Ref:Myanmartime news

အခြားသော ဆေးရုံဆေးခန်းနှင့်ပတ်သက်သောသတင်း-
မွေးဖွား ရမည့် ရက်ကို မှားယွင်း တွက်ချက်ပြီး မွေးဖွား ခဲ့ခြင်းကြောင့် ကလေးငယ် သေဆုံး ခဲ့သည့် ကိစ္စ

သို့ဖြစ်ပါ၍ ကျွန်မ၏ နစ်နာမှုများ၊ ခံစားချက်များအား ပြည်သူလူထု တစ်ရပ်လုံး သိရှိစေရန် အတွက် ကျယ်ကျယ်ပြန့်ပြန့် ဖော် ထုတ် တင်ပြပေးပါရန် ညှိုးငယ်စွာဖြင့် တင်ပြ အပ်ပါသည်။
Ref:themyanmarpost news

Thursday, December 29, 2011

လူသိနည်းသော မိုက်ကယ်အဲရစ်၏ စွန့် လွတ်အနစ်နာခံမှု အကြောင်း တစေ့တစောင်း !



Michael Aris, Aung San Suu Kyi and their first son Alexander, in 1973 Photo: ARIS FAMILY COLLECTION/GETTY IMAGES
အပြင်မှာ ကျနေတဲ့ နှင်းဖွဲလေးတွေကို ကြည့်ရင်း နှင်းတွေဖုံးလွှမ်းနေတဲ့ ဘူတန်နိုင်ငံ က တောင်တန်းတွေ ကို ကိုယ် သတိရမိတယ်။ အဲဒီတုန်းက ကိုယ်က ဘူတန်ဘုရင်မိသားစုဝင်တွေ ကို စာသင်ပေးနေတဲ့အချိန်၊ စု ကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ သုသေသနပြုလုပ်ငန်းတွေ လုပ်နေတဲ့အချိန်ပေါ့ ။ ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ ကိုယ်တို့  နှစ်ယောက် အပူအပင် ကင်းကင်းနဲ့  အများအကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရခဲ့ ကြတယ်လေ။

မင်းကို ချစ်ရေးဆိုခဲ့တုန်းက၊ တခြားမိန်းကလေးတွေလို “ချစ်ပါတယ်” ဆိုတဲ့ အဖြေစကား မျိုး ကို အနှောင်အဖွဲ့ ကင်းကင်းနဲ့  ရခဲ့တာ မဟုတ်ပါဘူး။ “မြန်မာပြည်သူတွေရဲ့  အရေးကို ဆောင်ရွက်ဖို့  လိုအပ်လာတဲ့ အချိန်မှာ ပြည်တွင်းကို ပြန်ပြီး မြန်မာ့အရေး ဆောင်ရွက်ဖို့  ခွင့်ပြုရမယ်” ဆိုတဲ့ သဘောတူညီမှု အရင်ရပြီးမှ သာ ကိုယ့်အချစ် ကို မင်းက လက်ခံခဲ့တာလေ။ အဲဒီအချိန်ကတည်းက မင်းရဲ့ နှလုံးသားမှာ တိုင်းပြည်နဲ့  မြန်မာပြည်သူပြည်သားတွေ သာ ပထမ နေရာမှာ ရှိနေခဲ့တယ် ဆိုတာကို ကိုယ် ကောင်းကောင်း နားလည် သဘောပေါက်ခဲ့ပါတယ်။ မင်းရဲ့ မွန်မြတ်တဲ့ လုပ်ငန်းစဉ်တွေ အတွက် နားလည်မှုရှိစွာနဲ့ ပါရမီဖြည့်ပေးဖို့ လဲ ကိုယ် ဆုံးဖြတ်ခဲ့ပါတယ်။
Photo: internet
ကိုယ်တို့ ရဲ့ အိမ်ထောင်သက်တမ်း ၁၆ နှစ်သာ ကာလမှာ မင်းဟာ ဇနီးကောင်း၊ မိခင်ကောင်း ပီသစွာနဲ့  အိမ်ထောင်တာဝန်ကို နိုင်နိုင်နင်းနင်း တာဝန်ယူနိုင်ခဲ့တယ်။ အလုပ်တာဝန်က တဘက်နဲ့  အိမ်ကို အမြဲတမ်း သပ်သပ်ရပ်ရပ်၊ ရှင်းရှင်းလင်းလင်းနဲ့  ထားတတ်တဲ့ အကျင့်၊ ကလေးတွေအတွက် မွေးနေ့  တွေ၊ ပျော်ပွဲရွင်ပွဲတွေကို မပျက်မကွက် လုပ်ပေးခဲ့ အကျင့် တွေကြောင့် ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ကြားမှာ မင်းဟာ စံပြအိမ်ရှင်မ ဖြစ်လို့  နေခဲ့တယ်။
သားနှစ်ယောက် အသက် ၁၂နှစ်နဲ့  ၁၄ နှစ်အရွယ်ကို ရောက်လာတဲ့အခါ၊ မင်းမေမေ ( ဒေါ်ခင်ကြည်) နေထိုင်မကောင်း ဖြစ်တဲ့ အကြောင်း ဖုန်းရပြီး၊ မြန်မာပြည်ကို မင်းပြန်သွားခဲ့ရတယ်။ အဲဒီခရီးဟာ ကိုယ်တို့မိသားစုရဲ့ ကွဲကွာခြင်းအစလို့  ကိုယ်တို့  အားလုံး ကြိုတင် မသိထားခဲ့ကြဘူးနော်။
စုရေ မင်းဟာ…အိမ်ထောင်ရှင်မကောင်းတစ်ဦးအဖြစ်၊ မိခင်ကောင်းတစ်ဦး ဖြစ်ရုံတင်မက ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့  သမီးကောင်းတစ်ယောက် လဲ ဖြစ်လို့  နေပြန်ပါရောလား။ မေတာတရားပြည့်ဝတဲ့ မိခင်တစ်ဦးဘ၀ကနေ၊ နူးညံ့သိမ်မွေ့ တဲ့ မြန်မာအမျိုးသမီးတစ်ဦး အဖြစ်ကနေ တိုင်းပြည်က လိုအပ်လာပြီဟေ့ ဆိုတဲ့အခါမှာ ကြမ်းတမ်းတဲ့ နိုင်ငံရေးလှုပ်ရှားမှုလမ်းကြောင်းပေါ်ကို ကူးပြောင်းပြီး လူထုကို ဦးဆောင်မှုတွေ ပေးနိုင်ခဲ့ပြန်တယ်။မိခင်တစ်ဦးအနေနဲ့  ရော၊ အိမ်ထောင်ရှင်မ တစ်ဦးအနေနဲ့ ပါ သားတွေကို စွန့် ၊ ခင်ပွန်းကို ထားသွားပြီး နိုင်ငံရေးလုပ်နေတဲ့ မင်းရဲ့ ပြတ်သားတဲ့ လုပ်ရပ်ကို မင်းသူငယ်ချင်းအချို့  က နားမလည်စွာနဲ့  ပြောဆိုဝေဖန်ကြတိုင်း သားငယ်ကင်မ်က “မေမေဟာ သူလုပ်ရမယ့် အလုပ်တွေကို လုပ်နေတာပါ” လို့  ပြန်ပြောလေ့ရှိတယ်။ “ကျွန်မသားတွေ ကျွန်မကို လိုအပ်နေကြမှာကို ကျွန်မ အကြောက်ဆုံးပဲ” လို့  မင်းပြောခဲ့ဖူးတယ်။ ကျန်းမာရေးဂရုစိုက်ပြီး၊ နိုင်ငံရေးလှုပ်ငန်းတစ်ခုတည်း အပေါ်အာရုံထားဖို့ ၊ ကလေးတွေ အတွက် မပူပန်ဖို့  ဖုန်းထဲကနေ ကိုယ့်ပြောစကားတွေ ဟာ ကလေးတွေ အပေါ်တာဝန်ကျေချင်လွန်းတဲ့ မင်းအတွက် စိတ်ဖြေစရာ ဖြစ်ခဲ့လိမ့်မယ်လို့  ကိုယ်ထင်ပါတယ်။
မြန်မာပြည်တွင်းက အခြေအနေတွေ ဖရိုဖရဲ ဖြစ်နေချိန်မှာ၊ အထူးသဖြင့် ဆက်သွယ်ရေးတွေ၊ သတင်းထုတ်ပြန်မှုတွေ ညံ့ဖျင်းလွန်းတဲ့ ကာလဖြစ်တဲ့ အချိန်မှာ ကိုယ်တို့ သားအဖတွေဟာ မင်းရဲ့  လှုံခြုံရေးအတွက် အချိန်နဲ့  အမျှ စိုးရိမ်ပူပန်နေခဲ့ကြရပါတယ်။ ဖုန်းသံကြားတိုင်း မင်းဆီက ဒါမှမဟုတ် မင်းအကြောင်းပြောနိုင်တဲ့ လူတစ်ယောက်ယောက်ဆီက ဖုန်းလားလို့  အမြဲမျှော်မိခဲ့ကြတယ်။ “မေမေဘယ်တော့ ပြန်လာမလဲ” ဆိုတဲ့ ကလေးတွေ အမေးကို ခနခနဖြေရတိုင်း ကိုယ့်ရင်မှာ မချိပါဘူး။ မပြောကောင်း မဆိုကောင်း ဗိုလ်ချုပ်အောင်ဆန်းလို မင်းကို လုပ်ကြံကြမှာကိုလည်း စိုးရိမ်မိပါတယ်။ စိုးရိမ်ပူပန်ရလွန်းတဲ့ အတွက်.. မင်းကို နေအိမ်အကျယ်ချုပ်ချလိုက်ပြီ လို့  သတင်းတွေ ထွက်ပေါ်လာတဲ့ အချိန်မှာ အနည်းဆုံး အိမ်ထဲမှာ အသက်အနရာယ်တော့ မစိုးရိမ်ရတော့ဘူးပေါ့ ဆိုပြီး ကလေးတွေကို တင်းတင်းကြပ်ကြပ်ဖက်လို့  ကိုယ်ဖြေတွေးတွေးခဲ့ပါတယ်။
မကြာခနဆိုသလို မြန်မာအစိုးရပိုင် သတင်းစာတွေထဲမှာ နိုင်ငံခြားသားတစ်ယောက်ကို လက်ထပ်ထားတဲ့ အတွက် မင်းမှာ အပြစ်ရှိကြောင်း ဝေဖန်တိုက်ခိုက်တာ တွေ ပေါ်ထွက်လာတိုင်း ကိုယ့်ကြောင့် မင်းရဲ့ လှုပ်ရှားမှုတွေကို ထိခိုက်တော့မလား ဆိုပြီး စိုးရိမ်ခဲ့ရသလို၊ ကိုယ့်ကြောင့် ပြောဆိုတိုက်ခိုက်ခံနေတာကို လည်း စိတ်မကောင်းကြီးစွာဖြစ်လို့ နေခဲ့ရပါတယ်။ မြန်မာ့အရေးအတွက် ကိုယ်လဲ တတ်နိုင်တဲ့ ဘက်က ပါဝင်ဆောင်ရွက်ချင်တာမို့  မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုတွေကို နိုင်ငံတကာက ထောက်ခံအားပေးမှုတွေ ရလာအောင် နိုင်ငံရေး၊ဘာသာရေး ပိုင်းမှာ လူသိများတဲ့ ပုဂိုလ်တွေ နဲ့ ကိုယ် တိတ်တဆိတ် သွားရောက်တွေ့ ဆုံပြီး စည်းရုံး လှုံ့ ဆော်မှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ကိုယ့်ရဲ့ လှုပ်ရှားမှုတွေ ကို မြန်မာအစိုးရ က သိသွားရင် မင်းကို ပိုပြီးထိခိုက်မှာ စိုးတဲ့အတွက် လျှို့  ၀ှက်စွာနဲ့  ကိုယ်လှုပ်ရှားခဲ့ပါတယ်။ သတင်းသမားတွေ၊ အင်တာဗျူး လာတောင်းတာတွေကို လဲ ကိုယ်အတတ်နိုင်ဆုံးရှောင်ရှားခဲ့တယ်။
နေအိမ်အကျယ်ချုပ်ဘ၀နဲ့  ထိန်းသိမ်းထားတဲ့ ကာလအတွင်း၊ အထီးကျန်နေမယ့် မင်းအတွက် ကောင်းနိုးရာရာ စာအုပ်တွေ ပို့ ပေးခဲ့တယ်။ နယ်ဆလ်မင်ဒဲလားအကြောင်း၊ ဂနီအကြောင်း အစရှိတဲ့ စာအုပ်တွေ ဟာ မင်းရဲ့ လှုပ်ရှားမှုတွေကို အထောက်အကူပြုနိုင်လိမ့်မယ်လို့  ကိုယ်ထင်ပါတယ်။ အိမ်က နံရံမှာ မင်းပုံ ခပ်ကြီးကြီးတစ်ပုံကို ချိတ်ထားပြီး၊ ည့်ခန်းထဲမှာ မင်းအတွက် နိုင်ငံတကာက ချီးမြှင့်ထားတဲ့ ဆုတံဆိပ်မျိုးစုံ တွေရယ်၊ မင်းရထားတဲ့ နိုဘယ်ဆု အပါအ၀င် တခြားဆုတံဆိပ်တွေ မျိုးစုံကို ကိုယ် ဂ်ုယူစွာနဲ့  ခင်းကျင်းပြင်ဆင်ထားတယ်။
စုရေ နေအိမ်အကျယ်ချုပ်ဘ၀နဲ့  အထိန်းသိမ်းခံဘ၀ဟာ မင်းအတွက် ရော၊ ကိုယ့်အတွက် ပါ အင်မတန်ရှည်လျားတဲ့ ကာလတွေပါ။ တခါတလေ မင်းအကြောင်း ဘာသတင်းမှ မကြားရတော့ပဲ လပေါင်းများစွာကြာသွားတဲ့ အခါတွေမှာ လူမသိ သူမသိဘ၀နဲ့  မင်းသေများသွားပြီလားလို့  တွေးပူနေချိန်မှာ ဒေါ်စုအိမ်က စနရားသံကြားရတယ်လို့  သတင်းကြားလိုက်ရလို့  ကိုယ့်မှာ ပြောမပြတတ်လောက်အောင် စိတ်သက်သာရာရ သွားတဲ့ အကြိမ်တွေလဲ မနည်းခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ မင်းအသက်ရှင်နေကြောင်း မျှော်လင့်လို့ ရတဲ့ စနရားသံတောင် မကြားရတော့ဘူး ဆိုတဲ့ အချိန်မှာ ကိုယ် သွေးပျက်ခဲ့ရပါတယ်။ စနရားပျက်သွားတာပဲလား၊ ဒါမှမဟုတ် ငွေကြေးကြပ်တည်းလို့ ရောင်းလိုက်ရတာများလား ဆိုပြီး တွေးပူရသေးတယ်။ ကိုယ့်ဇနီးသည် တစ်ယောက်တည်း အားငယ်နေချိန်၊ အခက်အခဲတွေနဲ့  ရင်ဆိုင်နေရချိန်မှာ ခင်ပွန်းသည်တစ်ယောက် အနေနဲ့  ရှေ့ ကနေ မားမားမတ်မတ်ရပ်ပြီး၊ ဒါမှမဟုတ် အနားမှာ အားပေးခွင့်တောင် မပေးနိုင်တဲ့ ဘ၀ကို လဲ ငါမုန်းတီးမိပါတယ်။ ဒါပေမယ့် အများကောင်းကျိုးအတွက် သတိရှိရှိနဲ့ တိုက်ပွဲဝင်နေတဲ့ မင်းလို မိန်းမအာဇာနည်ရဲ့  ခင်ပွန်းသည်ဖြစ်ရတာကိုတော့ ကိုယ် အမြဲတမ်း ဂ်ုယူမိပါတယ်။
၁၉၉၅ ခု ရဲ့  နေ့ တစ်နေ့ မှာ ဖုန်းထဲက နေ မင်းအသံကို စကြားလိုက်ရပြီး၊ နေအိမ်အကျယ်ချုပ်ဘ၀ကနေ လွတ်မြောက်လာပြီလို့  သိလိုက်ရတော့ ကလေးနှစ်ယောက်ကို လက်ဆွဲပြီး ကိုယ်တို့ တွေ ပျော်ပျော်ပါးပါးနဲ့ မြန်မာပြည် ကို အပြေးသွားခဲ့ကြတယ်။ သားငယ်ကင်မ် က လူပျိုကြီးဖားဖား ဖြစ်နေတာကို မြင်တော့ အပြင်မှာတွေ့  ရင်တောင် ရုတ်တရက်မှတ်မိမှာ မဟုတ်ဘူးလို့ မင်းပြောခဲ့သေးတယ်နော်။ စုရေ..တယောက်တည်း အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရပေမယ့် မင်းဟာ အရင်ကထက်တောင် ပိုပြီး တည်ငြိမ်လာတာကို သတိထားမိပါတယ်။ ပန်းတွေပန်ထားတဲ့ နူးညံ့တဲ့ အပြုံးအောက်က ခိုင်မာတဲ့ယုံကြည်ချက်တွေနဲ့သံမိစိတ်ာတ်တွေကို ကိုယ်မြင်တွေ့  ခဲ့ရတယ်။ အသက်အရွယ်မရွေးပါဝင်တဲ့ မင်းရဲ့  အသင်းသူ၊ အသင်းသားတွေကို ဦးဆောင်မှုပေးနေတာ မြင်ရတော့ ငါတို့ မိသားစုတွေ ကွဲကွာနေကြရတာ အလကား မဖြစ်ဘူးဆိုတဲ့ စိတ်နဲ့  ကိုယ်ကျေနပ်ခဲ့မိပါတယ်။
အဲဒီ ၁၉၉၅ ခုနှစ် ဟာ မင်းနဲ့ ကိုယ်နဲ့  နောက်ဆုံးတွေ့ ခဲ့ကြရတာပဲနော်။ ၁၉၉၈ ရောက်တော့ ကိုယ့်မှာ ကင်ဆာဖြစ်နေပြီ၊ နောက်ဆုံးအဆင့်လို့  သိလိုက်ရတော့ ကိုယ်အရမ်းကို ချောက်ခြားသွားတယ်။ လူ့  လောကကြီးထဲ နေရဖို့  အချိန်သိပ်မကျန်တော့လို့ ၊ မသေခင်မှာ မင်းကို လူချင်းတွေ့ ပြီး နှုတ်ဆက်သွားချင်တယ်။ ဒါကြောင့် မြန်မာသံရုံး ကို သွားပြီး ဗီဇာလျှောက်ထားပေမယ့် ခွင့်မပြုခြဲ့ကဘူး။ မြန်မာအစိုးရရဲ့  ဗီဇာငြင်းပယ်မှုကို အားမလျော့ပဲ ကိုယ် ထပ်ကြိုးစားပေမယ့် နောက်ဆုံး အကြိမ်ပေါင်း ၃၀လောက်ရှိလာတော့ ကိုယ်အားလျော့လာမိပြီ၊ ခနာကိုယ်က လဲ သိသိသာသာ ကို အားနည်းလာတယ်၊ ကိုယ့်အဖြစ်ကို စာနာပြီး ပုပ်ရဟန်းမင်းကြီးနဲ့  အမေရိကန်သမတ ကလင်တန်တို့ အပါအ၀င် တခြား မိတ်ဆွေတွေက မြန်မာအစိုးရဆီကို မေတာရပ်ခံစာ ရေးခဲ့ကြပေမယ့် ဗီဇာမရခဲ့ပါဘူး။ ဆိုးဝါးရက်စက်လှတဲ့ ကံကြမ္မာကို ပဲ ကိုယ်တို့  အပြစ်တင်ခဲ့ကြရတယ်။ မင်းဆီကို စစ်အရာရှိတစ်ယောက်က လာတွေ့ ပြီး ကိုယ်နဲ့  လာတွေ့  ဖို့  အင်္ဂလန်ကို အချိန်မရွေးပြန်နိုင်ကြောင်း၊ လိုအပ်တဲ့ ဗီဇာကို ချက်ခြင်းထုတ်ပေးမယ့် အကြောင်းလာပြောတယ်ဆိုတာ ကိုယ်ပြန်ကြားရတယ်။
အမှန်အတိုင်း ပြောရင် မသေခင်၊ ဝေဒနာတွေ ခံစားနေရချိန် မှာ မင်းကို အနားမှာ သိပ်ရှိနေစေချင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်က နေထွက်လာပြီးရင် ပြည်ဝင်ခွင့်အပိတ်ခံရမှာ မို့  မင်းကိုယုံကြည်အားထားနေတဲ့ ပြည်သူလူထု ကို မင်းဘယ်လို အင်အားနဲ့ မှ ထားရက်ခဲ့နိုင်မှာ မဟုတ်ဘူးဆိုတာ ကိုယ်သိနေပြီးသားပါ။ တိုင်းပြည်နဲ့  မိသားစုအရေး ပြတ်ပြတ်သားသား ရွေးချယ်ရမယ့် အခြေအနေတစ်ခု ကို စစ်အစိုးရက အတင်းဖန်တီးနေခဲ့ပေမယ့်၊ ကိုယ်တို့  နှစ်ယောက်က အဲဒီလို အဖြစ်မခံခဲ့ကြဘူးနော်။ ကိုယ်တို့  ချစ်သူတွေ မဖြစ်ခင်ကတည်းက တိုင်းပြည်နဲ့ ပြည်သူတွေသာလျှင် ပဓာန ဆိုတာ နှစ်ယောက်စလုံးနားလည်သဘောတူခဲ့ပြီးသားမို့ ၊ မင်းပြန်လာဖို့  ဆိုတဲ့ အကြောင်းကို ကိုယ်တို့ ဆွေးနွေးစရာတစ်ခု အနေနဲ့ တောင် မယူဆခဲ့ကြဘူး။
စုရေ.. ကုစရာဆေးမရှိတဲ့ ကင်ဆာရောဂါကြောင့် နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေကို အံကြိတ်ခံစားရင်း...ဗြိတိသျှသံရုံးကနေ တဆင့် မင်းဆက်လာမယ့် ဖုန်းကို မျှော်ရင်း၊ ပြန်ဆုံကြမယ်လို့ ကြိုးစားပြီး အားခဲနေခဲ့ပေမယ့်၊ ကိုယ် လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်လောက်အောင် အားအင်တွေ ချိနဲ့ လာနေပြီ။ တကယ်လို့  ကိုယ်သေသွားခဲ့ရင် ကိုယ့်ကို လာမတွေ့  နိုင်တဲ့အတွက် မင်းစိတ်မကောင်းမဖြစ်ပါနဲ့ ၊ ကိုယ်တို့ မိသားစု အနစ်နာခံကြရတာတွေ အချည်းနှီးမဖြစ်ပါစေနဲ့ ။ မင်းကို ပိုပြီးလိုအပ်နေကြတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့  မျက်နှာကို ကြည့်ပါနော်။ ဖြစ်နိုင်ရင် မြန်မာပြည် ဒီမိုကရေစီရလာပြီး နောင်လာနောက်သားတွေ ကောင်းစားတာကို ကိုယ်မြင်တွေ့ သွားချင်ပါတယ်။ ဒါပေမယ့် ကိုယ့် အမြင်တွေ ကေ၀၀ါးလာနေပြီ..အသက်ရှုရတာလဲ ပိုပြီးခက်လာတယ်...ဟိုး ခပ်ဝေးဝေး မှာ အပြေးလှမ်းလာနေတဲ့ မင်းရဲ့  ပုံရိပ်ကလည်း ဝေးလို့ ဝေးလို့  ကျန်နေခဲ့ပြီ.....
***********************************************************************
(မိုက်ကယ်၏ အမြွာညီအစ်ကို အန်ထော်နီရဲ့  ပြောကြားချက်အရ ဒေါ်စု က ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်မသေခင် နှုတ်ဆက်စကားပြောတဲ့ ဗီဒီယို အခွေ ကို ဗြိတိသျှသံရုံးကနေ တဆင့် မိုက်ကယ့်ဆီကို ပို့ ပေးခဲ့ပေမယ့် အဲဒီခွေဟာ မိုက်ကယ်ဆုံးပြီး ၂ရက်အကြာမှ ရောက်လာခဲ့တဲ့ အတွက် မိုက်ကယ်ကြည့်ခွင့်မရလိုက်ဘူးလို့ သိရပါတယ်)
ဝန်ခံချက်၊ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် မိုက်ကယ်အဲရစ်အကြောင်း ကျွန်မဖတ်ဖူးသော စာများမှ အချက်အလက်များကို ကိုးကားပြီး မိုက်ကယ်အဲရစ်နေရာမှ ခံစားရေးသားထားခြင်းဖြစ်ပါသည်။ တစုံတရာ အမှားအယွင်းရှိခဲ့ပါက စာရေးသူရဲ့ တာဝန်သာဖြစ်ပါကြောင်း။

http://littlevoicefromburma.blogspot.com/search/label/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%80%BB%E1%80%80%E1%80%8A%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%80%B1%E1%80%9E%E1%80%AC%20%E1%80%85%E1%80%AC%E1%80%99%E1%80%BA%E1%80%AC%E1%80%B8

























1.
1 1. The untold love story of Burma's Aung San Suu Kyi By Rebecca Frayn (Telegraph, Dec 11, 2011)


re
r

ဘင်္ဂလား ပင်လယ်အော် မှ လေဖိအား နည်း ရပ်ဝန်း မုန်တိုင်းငယ် အဖြစ် ကို ရောက်ရှိဍ


by FNG on December 26, 2011
ခရစ္စမတ် အကြို တစ်ရက် နေ့ က ဘင်္ဂလား ပင်လယ် အော် အတွင်း ဖြစ် ပေါ် နေ သည့် လေဖိ
အား နည်း ရပ် ၀န်း မှ ဆက် လက် အား ကောင်း လာ ပြီး ဒီဇင်ဘာ လ ၂၆ ရက် မနက် အစော
ပိုင်း တွင် မြန်မာ နိုင်ငံ ပုသိမ် မြို့  ၏ အနောက် တောင် ဘက် ဘက် မိုင် ၇၀၀ ခန့် အကွာ ပို့ ဘ
ဘလဲ ကျွန်း ၏ အနောက် ဘက် မိုင် ၃၀၀ ခန့် အကွာ နေ ပြီး တစ်နာ ရီ ၁၅ မိုင်နှုန်း ဖြင့် မြောက်
ဘက် ဆီသို့  ဦးတည် ရွေ့ လျှား နေ သည် ဟု အမေရိကန် ရေတပ် ရာသီဥတု လေ့လာစောင့်
ကြည့် ရေး အင်တာ နက် စာ မျက် နှာ နှင့် MM Weather တို့  တွင် ဖော် ပြ ထား သည်။
မုန်တိုင်း သည် မြန်မာ နိုင်ငံ သို့  ဦး တည် ရွှေ့ လျှား ခြင်း မရှိ သော် လည်း မြန်မာ့ ပင်လယ်ပြင်
တွင်းည ရေလုပ်သား များ အနေဖြင့် အထူး သတိထား ရန် လိုအပ် သည်။
တိုင်းထွာ ချက် များ အရ 06B(SIX) ဟု အမည် ပေးထား သည့် မုန်တိုင်း သည် အိန္ဒယ နိုင်ငံ
တွင်း သို့  တီမီလ်နာဒူး ပြည်နယ် မှ တစ်ဆင့် ၀င်ရောက် နိုင် သည် ဟု Times of India သတင်း
စာ တွင် ဖော် ပြ ထား သည်။
မုန်တိုင်း သည် နောက် နှစ် ရက် အတွင်း အား ပျော့ ပျက်ပြယ် နိုင်ဖွယ် မရှိ သော် လည်း လေ
တိုက် နှုန်း တစ်နာရီ မိုင် ၆၀ ခန့် သာ ရှိ မည် ဖြစ်သည်။
Ref:freedomnewsgroup

Tuesday, December 27, 2011

နောက်ဆက်တွဲငွေလွဲလိမ်လည်မှုသတင်း(၂)

ရွှေရတနာဆိုင်ကစတဲ့ ငွေလွှဲဈေးကွက်ပြိုကွဲမှု



ဝတ်မှုံ၊ စင်ကာပူ၊ ဒီဇင်ဘာ ၂၇၊ ၂၀၁၁


အသင့်တင့်ခိုင်လုံသော သတင်းဌာနမှ သတင်းအရ၊ ရွှေရတနာမိန်းမနှင့် အဖွဲ့သည် စနေ၊ တနင်္ဂနွေနေ့များက လက်ခံရရှိသည့် ငွေလွဲရန် ငွေဒေါ်လာများကို ဒီဇင်ဘာ

၁၉ (တနင်းလာနေ့) တွင် စတိသဘော ဘဏ်တွင်သွင်းပြခဲ့ပြီး၊ တနင်းလာ၊ အင်္ဂါနေ့တွင် ထပ်မံဝင်ရောက်လာသည့် ငွေများစွာ စုစည်းပြီး အစဖျောက်သွားခဲ့သည်။

အင်္ဂါနေ့ညတွင် ခန့်မှန်းချေ စင်ကာပူ ဒေါ်လာ သန်း ၄၀ ခန့်ဖြင့် ထွက်ပြေး၊ အစဖျောက်သွားသည်။ လန်ဒန်တွင် ဖမ်းမိသည် ဆိုသည်မှာ မဟုတ်ပါ။ လွတ်နေဆဲ ဖြစ်သည်။

ထိုအမျိုးသမီး ထွက်ပြေးသွားသည်ကို လွိုင်ဟိန်း ဇနီးမောင်နှံက သိလျှက်နှင့် ပင်နီစူလာဆိုင်များမှ ငွေများကို ဆက်လက် လက်ခံယူပြီး လက်ကျန် ဒေါ်လာ ၂ သန်းခန့်ကို

လက်ကျန်ရှင်းပြီး အလစ်သုတ်၊ အစဖျောက်သွားပါသည်ဟု သတင်းများတွင် ထပ်မံပေါ်ပေါက်လာပြန်သည်။

(မှတ်ချက် – သတင်းထွက်ကာစက ဒေါ်လာ ၄ သန်း ခန့် လိမ်ခံရသည် ဟု ဆိုပြီး၊ ယခုအခါ သန်း ၄၀ ကျော် ဖြစ်လာပါသည်။ အချို့ကလည်း ဘီလျှံဒေါ်လာဟု ဖေါင်းပွပြောဆိုနေကြပါသည်။)

စူပါရိုင်ရယ် မှ အမျိုးသမီးကလည်း လန်ဒန်သို့ထွက်ပြေးသွားပြီး ပြန်လာပြီး ရှင်းရန်ရှိသည်။ သီရိမွန်မှ အမျိုးသမီးတစ်ယောက်သာ စင်ကာပူတွင် ဒိုင်ခံဖြေရှင်းနေရပါသည်။

ငွေလွှဲလုပ်ငန်းကို ဆိုင်များစွာက လုပ်ကိုင်နေရာ ထပ်ဆုံးခေါင်မှ ဒိုင်ကြီးများက ဈေးကစားပြီး သိမ်းဆည်းပါသည်။ ရွှေရတနာအမျိုးသမီးအုပ်စုက ငွေဈေး ကစားနိုင်သောကြောင့် လူများ အထင်ကြီး၊ ယုံကြည်မှုကို ရအောင်လုပ်ပြီး အပိုင် လိမ်လည်သွားခြင်းဖြစ်သည်။

မြန်မာပြည်သို့ ငွေပို့သူများ ဒေါ်လာသိန်း၊ သန်းချီသော လုပ်ငန်းရှင်ကြီးများစွာ “လူယုံသတ်” ခံလိုက်ရပါသည်။ အဓိက ရွှေရတနာဆိုင်မှာ ခပ်တည်တည် ဆက်လက်ဖွင့်ထားဆဲဖြစ်ပြီး၊ လွိုင်ဟိန်းဆိုင်မှာ ပင်နီစူလာငွေလွှဲဆိုင်အသေးများမှ ငွေ စုစုပေါင်း ၂သန်းခန့်ကို ရွှေရတနာအကြောင်းပြပြီး ထပ်မံလိမ်သွားသောကြောင့် ခရစ်စမတ်နေ့ နေ့ခင်းမှာ ဆိုင်တွင “လူလိမ်လင်မယားစာ” နှင့် “လင်မယားဓါတ်ပုံကြီး” ပါကပ်ထားခြင်းခံရပါသည်။ ညပိုင်းတွင် လုံခြုံရေးမှ ခွာယူသွားပါသည်။

စုစုပေါင်း ဒေါ်လာ (သန်း ၄ ၊ ၅ သန်း သို့မဟုတ်က) သန်း ၄၀ ခန့်မှာ မြန်မာ – စင်ကာပူနိုင်ငံ စီးပွားရေးအတွက် ထိခိုက်မှုမရှိသော်လည်း၊ ခံလိုက်ရသောသူများမှာ တသက်စာ၊ ချွေးနှီးစာ များဖြစ်ပါသည်။

မြန်မာပြည်တွင်းမှ ခံလိုက်ရသော ငွေရှင်ကြီးများကလည်း တရားစွဲရေးအတွက်၊ မည်သို့လုပ်ရမည်ကို မသိကြသေးပါ။ ထိုငွေများအား ရွှေရတနာနှင့် လွိုင်ဟိန်း

ထွက်ပြေးသွားသူများထံမှ ပြန်လည်ဖေါ်ထုတ်ရန် နည်းလမ်း ရှာနေဆဲပင်ဖြစ်သည်။

ငွေလွှဲခြင်းမှာ တရားမ၀င်လုပ်ငန်းဖြစ်သောကြောင့် သတင်းအတိအကျ ရယူစွဲဆွဲပြီး အစိုးရအမှု၊ တရားမမှု၊ ရာဇ၀တ်မှု တခုမဟုတ် တခုခု ဖြစ်ရန်မှာ ခက်ခဲနေပါသည်။

၂၆ ဒီဇင်ဘာ ရန်ကုန်မှ ELEVEN MEDIA သတင်းအရ၊ စင်ကာပူအစိုးရနယ်မြေတွင် အခြေပြု ဖြစ်ပွားသောကြောင့် စင်ကာပူအစိုးရ၏ ငွေကြေးဆိုင်ရာနံပါတ် (၁)

အဖွဲ့ကြီးဖြစ်သော M.A.S Monetary Authority of Singapore မှ တာဝန်ယူ စစ်ဆေးဖွယ်ရာ ရှိသည်ဟု ရေးသားထားပါသည်။

မြန်မာအစိုးရက အပြန်အလှန်ကူညီပြီး ငွေကြေး လောင်ဒရီ၊ ဟွန်ဒီလုပ်ငန်းများတွင် မသမာလုပ်သူများအား အရေးယူမည့် အလားအလာရှိသည်။ ထိုအမျိုးသမီးသည် စင်ကာပူနိုင်ငံသားဖြစ်ပြီး၊ တရုပ်နိုင်ငံကူးလက်မှတ်ကိုလည်း တရားမ၀င်ကိုင်ဆောင်ဟန် ရှိသောကြောင့် တရုပ်ပြည်အစိုးရနှင့်လည်း ဆက်နွယ်လျှက်ရှိသဖြင့် နိုင်ငံတကာ မသမာလုပ်ရပ်ကြီးဖြစ်သည်။

သင်ခန်းစာယူစရာအဖြစ် – ငွေကြေး၏ သားကောင်၊ လောဘသားကောင် ဖြစ်ခဲ့သူများ တခါသေဖူး ပျဉ်ဖိုးနားလည် ဆိုသကဲ့သို့ ငွေကြေးနဲ့ လောဘဇော သားကောင်များဘ၀မှ လွတ်မြောက်စေလိုပါသည်။

ယခုနှစ် ဒီဇင်ဘာလ၊ ခရစ်စမတ်ပွဲတော်အတွင်း စင်ကာပူတွင် ၀မ်းနည်း၊ ၀မ်းသာ သတင်း၂ ခုသိရသည်။ ၀မ်းသာခြင်းမှာ ကျွန်တော် အနှစ် ၂၀ ကျော် ဆောင်ခဲ့သော

ပြည်ပရောက် မြန်မာများဝင်ငွေခွန် နောက်လမှစပြီး ဆောင်စရာမလိုတော့ ဟူသောသတင်းဖြစ်ပါသည်။

ဝမ်းနည်းခြင်းမှာ မိတ်ဆွေများစွာ ငွေကြေး၏ သားကောင်ဘ၀တွင် ဒုက္ခရောက်သွားသောကြောင့် ဖြစ်သည်။

ပင်နီစူလာမှ ရွှေရတနာဆိုင် အမျိုးသမီးတဦးက ဒေါ်လာ သန်းပေါင်းများစွာနှင့် ပျောက်ဆုံးသွားခြင်း၊ သူ ပျောက်ဆုံးသွားသည်နှင့် လွိုင်ဟိန်းဆိုင်မှ ဇနီးမောင်နှံလည်း ပင်နီစူလာဆိုင်များ မှတဆင့် လွှဲပေးသည့် ငွေဒေါ်လာ သန်းဂဏန်းကို ဆက်လက်လက်ခံယူပြီး ထွက်ပြေးသွားခြင်းဖြစ်သည်။

အလုပ်သမားများ၏ ချွေးနှည်းစာလွှဲငွေများကို အခြားပင်နီစူလာဆိုင်များက မြန်မာပြည်တွင် ကျပ်ငွေဖြင့် ပြန်လည် ပေးသော်လည်း ထွက်ပြေးသွားသည့် လူလိမ်ဆိုင်များမှ ပြန်ရဖို့ တော်တော်ခက်သွားပါပြီ။ အထူးသဖြင့် ငွေနောက်လိုက်သူ များစွာ ခံလိုက်ရသည်။

ငွေလွှဲသူ အနည်းစုသာ ခံရသော်လည်း ယုံပြီး စီးပွားရေးအတွက် အပ်နှံငွေများမှာ ပလုံ ဖြစ်သွားပါတော့သည်။ ပင်နီစူလာတွင် ထိုသို့ငွေကြေးဆိုင်ရာ တရားမ၀င်လုပ်ဆောင်နေသည့် အုပ်စုအချို့ ရှိရာ ရွှေရတနာဆိုင်မှာ ငွေလွှဲအုပ်စုတခုဖြစ်သည်။ အခြားငွေလွှဲအုပ်စုများမှာ ပုံမှန်လုပ်ဆောင်လျှက်ရှိပါသည်။

လွန်ခဲ့သော ၃နှစ်မှ စတင်ပြီး မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကြောင့် ကျပ်ငွေတန်ဖိုးတက်လာသည်။ မြန်မာအစိုးရကလည်း အတိုးနှုန်း တနှစ် ၁၃ ရာနှုန်း တရားဝင် ခွင့်ပြုထားသည်။ တရားမ၀င် ငွေတိုးချေးစားသူများမှာ အတိုးနှုန်း ၃၆ ရာနှုန်းမှ လက်လီ အသေးစားချေးငွေများမှာ နေ့ပြန်တိုး ၅ကျပ်နှုန်း (၆၀ရာနှုန်း) အထိ ယူကြသည်။

စင်ကာပူရှိ ငွေစုဆောင်းထားသူများသည် ဘဏ်အတိုးနှုန်း ၀.၂ ရာနှုန်းမျှသာရပြီး၊ Fix Deposit ၂နှစ် အပ်နှံပါက အတိုးနှုန်းပိုမိုရသည်။ (Less than S$5,000 = 0.1875% p.a. More than S$5,000 to below S$50,000 = 0.30% p.a )။

သို့သော် မြန်မာနိုင်ငံမှပေးသော ၁၃ရာနှုန်း မပြောနှင့် ၃ ရာနှုန်းပင် စင်ကာပူဘဏ်များက မပေးပါ။ ထိုအခါ စင်ကာပူဒေါ်လာ သောင်းဂဏန်း စုဆောင်းမိသူများသည် မိမိတို့ငွေများကို ယုံကြည်စိတ်ချသူ ပင်နီစူလာဆိုင်ပိုင်ရှင်များ (သို့မဟုတ်) လုပ်ငန်းရှင်များထံ အပ်နှံထားရသည်။

မြန်မာပြည်တွင် လုပ်ငန်းများထူထောင်ထားသော ဟိုတယ်၊ ခရီးသွားလုပ်ငန်းများမှာ လကုန်၊ နှစ်ကုန်လျှင် ကျပ်ငွေနှင့် လစာပေးရသောကြောင့် စင်ကာပူမှဒေါ်လာများ မြန်မာပြည်သို့ လွှဲခြင်းလုပ်ငန်းမှာ ဒီဇင်ဘာလကုန်တွင် အထူးများပြားလှပေသည်။

ယုံကြည်၍ အတိုးနှုန်းများများရရန် အပ်နှံထားသောငွေများကို ထိုမိန်မက အပိုင်သိမ်းပိုက်သွားဖြင်းဖြစ်သည်။ ထိုမိန်းမ ငွေကြေးအကြပ်အတည်းဆိုက်ရောက်နေသည်ကို လုပ်ငန်းရှင်များ ရိပ်မိသော်လည်း ထိုသို့လုပ်ရက်မည် လုံးဝမထင်မှတ်ခဲ့ပါ။

နောက်ဆုံးတွင် ပိုလျှံငွေ၊ စုဆောင်းငွေများကို အတိုးနှုန်း ပိုမိုတိုးပွားရလိုသူများစွာ၏ ငွေများ၊ စုစုပေါင်း ဒေါ်လာ သန်း၄၀ ကျော်သည်ဟု ဆိုပါသည်။ (YANGON, ELEVENDIA MEDIA သတင်းအရ အမေရိကန် ဒေါ်လာ ၁၅သန်းခန့် ဟု ဆိုသည်)။

မြန်မာပြည်တွင်လည်း ငွေတိုးပေးလုပ်ငန်းလုပ်သူများကို ဖမ်းဆီးပြီး .. စင်ကာပူတွင်မူ ထိုလုပ်ငန်းမှာ တရားမ၀င်ဖြစ်သောကြောင့် ရဲက ဖမ်းဆီးလောက်သည့်အဆင့်

မရောက်သေးပါ။ ပြဿနာက ခံလိုက်ရသူများကို အလွန်ပူလောင် စိတ်သောကရောက်စေပါသည်။

သို့သော် ခပ်တည်တည်ဖွင့်နေသော ရွှေရတနာဆိုင်ကိုပင် လူအများအံ့သြနေဆဲဖြစ်သည်။

ငွေသည် ပူလောင်တတ်ပါသည်။


၂၆-ဒီဇင်ဘာ-၂၀၁၁

Ref: moemaka news

Monday, December 26, 2011

စင်္ကာပူက ငွေလွှဲသူ မြန်မာအမျိုးသမီးတဦး သိန်းထောင်ပေါင်းများစွာ ခိုးယူထွက်ပြေး!

မိုးမခအထောက်တော်၊ စင်္ကာပူ၊ ဒီဇင်ဘာ၊ ၂၂၊ ၂၀၁၁

စင်္ကာပူနိုင်ငံ၊ ပင်နဆူလာပလာဇာမှာ ဖွင့်လှစ်ထားတဲ့ "ရွှေရတနာ" မြန်မာဆိုင်ပိုင်ရှင်အမျိုးသမီးက ငွေလွှဲဖို့ အများက အပ်ထားတဲ့ ငွေ ယူအက်စ်ဒေါ်လာ ၄ သန်းမှ ၅ သန်းဖိုးကြားကို ခိုးယူပြီး အင်္ဂလန်နိုင်ငံသို့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ စင်္ကာပူမှာသာမက မြန်မာပြည်က လွှဲငွေများအပါအ၀င်ဖြစ်တာကြောင့် ရန်ကုန်က (ရွှေရတနာ) ရုံးခန်းကို အစိုးရက ချိတ်ပိတ်လိုက်ပြီလို့ ဆိုပါတယ်။

ငွေလွှဲက မိမိအကျိုးအတွက်အလွဲသုံးစားပြီး လိမ်ညာခိုးယူထွက်ပြေးတဲ့အကြောင်း စင်္ကာပူရဲကို တိုင်ကြားတဲ့အတွက် စင်္ကာပူရဲက သူ့မှတ်ပုံတင်နဲ့ လိုက်ရာမှာ အင်္ဂလန်ကို ထွက်သွားတဲ့အကြောင်း၊ လန်ဒန်မှာ တည်းခိုနေတဲ့ ဟိုတယ်လိပ်စာကို ထုတ်ဖော်နိုင်တဲ့အကြောင်း ၊ ဟိုတယ်မှာ ဖမ်းဆီးရမိပြီ ဖြစ်တဲ့အကြောင်း စင်္ကာပူက မြန်မာများအသိုင်းအ၀ိုင်းမှာ သတင်းဖြစ်နေပါတယ်။ အတည်ပြုချက်မရသေးပါဘူး။

"လူမိပြီး ပိုက်ဆံတွေ မဖမ်းမိရင်တော့၊ ငွေတွေအားလုံး လူတွေ ဆုံးကြမှာပဲ။ ပင်နဆူလာမှာ ဆူနာမိဝင်တိုက်လိုက်သလိုပဲလို့ ပြောနေကြတယ်။ မြန်မာပြည်ကို ပိုက်ဆံပို့တဲ့ စနစ်ကလည်း တရားမ၀င် Hondi နဲ့ ငွေလွှဲနေကြရတာဆိုတော့ ဘယ်လိုနည်းနဲ့မှ လုံခြုံမှုတွေ၊ အာမခံတွေ မရှိဘူးလေ။"

လို့ မြန်မာစင်္ကာပူနိုင်ငံသားတဦးက မိုးမခကို ပြောပြပါတယ်။

အဆိုပါအမျိုးသမီးကိုယ်တိုင်က ၂၀၀၅ ခုနှစ်မှာ (ရွှေမန္တလေး) အမည်နဲ့ မြန်မာဆိုင်တဆိုင် ဖွင့်ပြီး လွှဲငွေတွေကို အပိုင်စီးပြီး ထွက်ပြေးခဲ့ဘူးတယ်။ အဲသည်တုန်းက စင်္ကာပူအစိုးရကို တိုင်တာ တောတာတွေ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။ အခု (ရွှေရတနာ) အမည်နဲ့ ဆိုင်သစ်တခု ပြန်လာဖွင့်တာ ၂ နှစ်လောက်ပဲ ရှိသေးကြောင်း၊ ယခု (ရွှေရတနာ) ဆိုင်ကို ကျန်ရစ်ခဲ့တဲ့ ခင်ပွန်းသည်က ဟန်မပျက်ဖွင့်ထားတာ မနေ့ကအထိ ဖြစ်ကြောင်း၊ အဆိုပါ အမျိုးသမီးရဲ့ ဆွေမျိုးတွေကလည်း မန္တလေးမြို့က ဖြစ်ကြောင်း၊ မြန်မာပြည်က အစိုးရအသိုင်းအ၀ိုင်းထဲက အကောင်ကြီးကြီးတကောင်ရဲ့ ငွေတွေပါသွားလို့ အမှုမှာ လူသိရှင်ကြားဖြစ်ရတယ်လို့ မိုးမခမိတ်ဆွေတဦးက ဖြေကြားပါတယ်။



ဆိုင်လိပ်စာက အောက်ပါအတိုင်းဖြစ်တာကို အင်တာနက်မှာ တွေ့ရပါတယ်။

SHWE YADANAR TRADING PTE LTD, #03-52, Peninsula Plaza, Tel : 6337 0891


..........................................................................................................................................

မြန်မာများ ညီညွတ်စွာ ၀ိသမလောဘသမားများကို ခုခံရန်

ဝတ်မှုံ၊ ဒီဇင်ဘာ ၂၅၊ ၂၀၁၁

စင်ကာပူမှာ ငွေလွှဲလုပ်ငန်းလုပ်တဲ့ အသက် ၅၀ အရွယ်လောက် မိန်းမတစ်ဥိးက ယုံကြည်မှုကိုအခွင့်ကောင်းယူပြီး ငွေလွှဲသူများရဲ့ငွေ အမေရိကန်ဒေါ်လာ ၄ သန်းလောက် ခရစ်စမတ်လက်ဆောင်အနေနဲ့ လက်ခံရယူပြီး ထွက်ပြေးသွားပါတယ်။ မြန်မာနိုင်ငံက လူကြီးတဦးရဲ့ငွေတွေလဲပါသွားတော့ မြန်မာသတင်းစာထဲမှာလဲ ဟိုးလေးတကျော်ဖြစ်သွားပါတယ်။ လန်ဒန်ကိုထွက်ပြေးတယ်။ ဟိုမှ ဖမ်းမိတယ်ပြောတယ်။ လူမိပြီးငွေတွေပျောက်အောင် လူလိမ်တွေ အသာလေးလုပ်နိုင်ပါတယ်။

စင်ကာပူမှာလည်း ဆိုင်ခန်းနဲ့၊ ပြီးတော့ စင်ကာပူမှာ ကွန်ဒိုတွေလဲ ပိုင်ဆိုင်တယ်ဆိုပဲ။ လူတွေအထင်ကြီးအောင်လုပ်ပြီး စနစ်တကျ အချီကြီး ငွေလာလွှဲသူတွေများတဲ့အချိန် ထွက်ပြေးမယ် ကြံထားပြီးသားပါ။ ငွေအများဆုံး လာလွှဲချိန်ကတော့ စင်ကာပူမှာ အလုပ်သမားတွေ ငွေရွှင်တဲ့ ဒီဇင်ဘာလကုန်၊ ခရစ်စမတ်နဲ့နှစ်သစ်အတွက် ဆယ်သုံးလစာ၊ ဘောနပ်စ်တွေ ရချိန်ကို စောင့်ပြီး၊ ကွန်ဒိုတွေရောင်းပြီး မိချောင်းအပြုံးနဲ့ ပါစပ်ဟပြီးစောင့်နေတဲ့ မိန်းမပါ။

ဟိုးယခင်ကလည်း ရွှေမန္တလေးဆိုပြီး ဆိုင်ဖွင့်၊ စင်ကာပူမှာ ရဲအမှုတွေဖြစ်ပြီး မြန်မာပြည် ထွက်ပြေးရတဲ့အထိ ပြသနာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာပြည်က ၀ိသမလောဘသားများကို စည်းရုံးပြီး ခပ်တည်တည်နဲ့ စင်ကာပူမှာ ဆိုင်ကြိးဖွင့်၊ ကွန်ဒိုဝယ် လုပ်ပြတော့ လူတွေက ယုံကြည်လာကြပြန်တယ်။ လူတွေကိုက ခက်ပါတယ်။ ပိုက်ဆံနဲနဲပိုပေးတော့ သူ့ဆီကို ငွေလွှဲကြသူတွေများတယ်။

ဆိုင်နာမည်က ရွေရတနာ ဆိုပဲ။ ပင်နီစူလာပလာစာမှာ အတည်တကျဖွင့်ထားပြီး သူ့ကိုအားကိုးမိတဲ့ လင်းလဲ့၊ လွိုင်ဟိန်း၊ သီရိမွန် စတဲ့ဆိုင်များလည်း ငွေလာလွှဲသူများကို ဒီမိန်းမဆီ တဆင့်ပေးတော့ အခု လူယုံသတ်ခံရပြီး အခက်အခဲဖြစ်သွားတယ်။ တခြားဆိုင်တွေအများကြိးလည်း ဒီမိန်းမကို တဆင့်လွှဲအပ်မိလို့ ဒုက္ခရောက်ရတယ်။

ဒီမိန်းမပိုင်တဲ့ ကွန်ဒိုတွေ၊ ဆိုင်ခန်းတွေ သိမ်းမလားဆိုရင်လည်း .. အားလုံးပြန်ရောင်းပြီးသွားပြီဆိုပဲ။ ကွန်ဒိုတလုံးဆို ငွေတသိန်းလက်ငင်းပေးလိုက်ရင် အရစ်ကျနဲ့ ၀ယ်လို့ရတာပဲ။ မြန်မာပြည်လို ဒေါ်လာ၇သိန်းတန်တဲ့ အိမ်ကို လက်ငင်းပေးစရာမှမလိုတာ။ ဒီလိုပဲ အထင်ကြီးအောင် အိမ်၊ ကားကြီးတွေ ၀ယ်စီးပြီး ဘီးစနက် လုပ်ကြတာ လုပ်ရုံးထုံးစံပါပဲ။

မန္တလေးနယ်က မိန်းမဆိုတော့ နယ်ခံတွေ၊ တိုင်းရင်းသားတချို့တွေ၊ မန္တလေး၊ အထက်မြန်မာပြည်သားတွေ တော်တော်များများက ဒေသစွဲနဲ့ ဒီမိန်းမကို ယုံကြည်ကြတယ်။ အရင်က ပြသနာဖြစ်ဖူးတာ သိရက်နဲ့ နောက်တ ရလောက်ပါပြီဆိုပြီး အပြောကောင်းတဲ့ ဒိမိန်းမကို ယုံကြည်ကြတယ်။

တချို့များဆို တနှစ်လုံး စုထားတဲ့ ငွေတွေ ပါသွားတယ်။ သူဌေး သင်္ဘောမှောက်တာ အရေးမကြီးဘူး၊ သူတောင်းစားခွက်ပျောက်တာ ပိုခံရတယ် ဆိုတဲ့အတိုင်း တလ ဒေါ်လာ ၃၀၀ ရတာကို ခြစ်ချုတ်စုပြီး မိဘဆီကိုပို့ပေးတဲ့ အိမ်ဖေါ်မိန်းကလေးတဦးရဲ့ မျက်ရည်ကို ဘယ်လိုသုတ်ပေးနိုင်မလဲ…။

အဲ .. ရွှေရတနာ ဆိုတဲ့ ဆိုင်ကတော့ ဖွင့်နေတုန်းပါပဲ။ လူတွေ လာရှာတော့ အဲဒီမိန်းမရဲ့ယောက်ျား အသက်ကြီးကြီးလူကြီးက သူနဲ့မဆိုင်ကြောင်း၊ သူက ပါတနာလည်းမဟုတ်.. သူ့ဆိုင်မှာ နေရာငှားရမ်းပြီး ငွေလွှဲလုပ်ငန်း လုပ်တယ်ဆိုပြီး သူကတောာင် ဒေါသထွက်တယ် ရှိသေးတယ်။ ဒီမိန်းမနဲ့ သူနဲ့ ဘာမှမဆိုင်ဘူး၊ အရင်က လင်မယားဖြစ်ပေမဲ့ အခု ကွာရှင်းထားပြီးသား .. ဆိုပြီး.. ကွာရှင်းစာချုပ်ကြီးကိုပါ ထုတ်ပြလိုက်သေးတယ်။ ခပ်တည်တည်ပဲ။

ငွေလွှဲသူများစွာလည်း ဘာလုပ်ရမှန်း မသိဘူး။ ရဲကို တိုင်တဲ့လူလည်း တိုင်ကြတာပေါ့။ စင်ကာပူရဲကလည်း ပြောတယ်။ ငွေလွှဲလုပ်ငန်း ဟွန်ဒီလုပ်ခြင်းဟာ စင်ကာပူဥပဒေကို ချိုးဖောက်ခြင်းဖြစ်လို့ လုပ်သူကို ဖမ်းဆီးနိုင်ပါတယ်။ လုပ်သူက စင်ကာပူမှာ မရှိတော့ တိုင်ချက်ဖွင့်လိုရင် သက်သေနဲ့ဖွင့်ပါ။ ငွေလွှဲခြင်းကို တရားဝင် ရီမစ်တင့်ဆားဗစ် Remittance Service ကုမ္ပဏီနဲ့လုပ်ဆောင်ရပါတယ်။ ဥပဒေအရဆို ငွေလွှဲသူရော၊ ငွေလွှဲလက်ခံလုပ်ပေးသူရော တရားမ၀င်ပါဘူး .. စသဖြင့်ပြောဆိုတော့ တိုင်ချက်ဖွင့်တယ် လို့လည်း မကြားသေးပါဘူး။ မြန်မာပြည်မှာတော့ တိုင်ချက်ဖွင့်ထားပုံရပါတယ်။

ဘာလုပ်ကြမလဲ …။

ခံလိုက်ရသူများထဲက လူသိရှင် ကြားခံရဲသူတစ်ဦးက ဦးဆောင်ပြီး၊ ခံလိုက်ရသူများအားလုံးကို စာရင်းကောက်၊ ငွေလက်ခံဖြတ်ပိုင်းများကို စုစည်းပြီး စာရင်းလုပ်ဆောင်ရပါမယ်။ ပြီးတော့ တရားဥပဒေအရ ဘယ်လိုပြန်လည်ရယူရမလဲဆိုတာ နားလည်တဲ့ အစိုးရရှေ့နေ သို့မဟုတ် အဖွဲ့အစည်းတခုခုနဲ့ ဆက်သွယ်ရပါမယ်။

စင်ကာပူမှာ ဒါမျိုး ဒေါ်လာ၎သန်းလောက် လိမ်လည်မှုကတော့ မကြာခဏပေါ်နေတာပါပဲ။ မြန်မာများမှာတော့ သံရုံးအခွန်ဆောင်မဲ့ငွေ တသိန်းကျော်ကို ကာစီနိုကစားပြီး ထွက်ပြေးသွားတဲ့ ကိုစံဦး (၂၆နှစ်) အမှုတခု ဒီနှစ်ထဲမှာပဲ ဖြစ်ခဲ့ပါတယ်။ တစ်ယောက်ကို ဒေါ်လာ ထောင်ဂဏန်းလောက်ပဲ ဆုံးတော့ သိပ်အထိမနာလှပါဘူး။

အခုကိစ္စကတော့ တစ်ယေက်ကို ဒေါ်လာ ၄၊ ၅ရာကနေ ထောင်၊ သောင်း၊ သိန်းဂဏန်းထိ ခံလိုက်ရသူများစွာ ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ ၀ိသမလောဘသမားများဟာ (တောမီးလောင်၊ တောကြောင် လက်ခမောင်းခတ်) ကြသူတွေ ဖြစ်ပါတယ်။ ပြည်ပက သာမန်လက်လုပ်လက်စားအလုပ်သမားတွေရဲ့ စုဆောင်းငွေတွေကို အမဲဖမ်းကြတာတွေလည်း ရှိပါတယ်။

တချို့ဆို ၁၀ နှစ် လောက် စင်ကာပူမှာ ရှာဖွေထားတဲ့ ချွေးနှီးစာ ဒေါ်လာ သိန်းဂဏန်းကို ပိုက်ပြီး မြန်မာပြည်ပြန်၊ စီးပွားရေး လုပ်တယ်။ မြန်မာပြည်က ၀ိသမလောဘသမားများနဲ့ ၀ိသမမိတ်ဆွေများက ဒီဒေါ်လာသိန်းဂဏန်းကို နည်းတောင်နည်းသေးဆိုပြီး ငွေတွေကို ခုတ်ထစ် စားသောက်ပစ်ကြပါတယ်။

ဒီတော့ အဲဒီမြန်မာပြည်ပြန်သွားတဲ့လူ ဘာတတ်နိုင်မှာလဲ။ ဥပဒေစိုးမိုးမှု မရှိသေးတဲ့ နိုင်ငံမှာ ဘီးစနက်သွားလုပ်သူ ရွှေဗမာရဲ့ အမှားပါပဲ။

ဗမာပြည်ဟာ ပြည်ပရောက်မြန်မာများအတွက် ဘီးစနက်လုပ်သင့်တဲ့ အခြေအနေ မရှိသေးပါဘူး။ပြည်ပမှာ လုပ်ကိုင်ရရှိတဲ့ငွေကို ပြည်ပမှာပဲ သိမ်းထား၊ ရင်းနှီးထားပြီး မြန်မာပြည်ပြောင်းလဲမှုကို စောင့်ကြည့်၊ အလည်သွား၊ အပမ်းဖြေ၊ တတ်နိုင်သလောက် ကူညီ လှူဒါန်းဖို့ပဲ သင့်ပါတယ်။

ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်ပါ။မိမိကိုယ်တိုင်နဲ့၊ မိမိမိဆွေရင်းများ အဲဒီလိုမခံရဖို့ ယုံကြည်ရတဲ့ လမ်းပြကြယ်လို အသိုင်းအ၀ိုင်းတခု မကြာခင်ပေါ်လာမယ် လို့ မျှော်လင့်မိပါတယ်။ Independent Consumer Watch လုပ်ပေးသူတွေ၊ အဖွဲ့တွေ ပေါ်လာမယ်။ မြန်မာမီဒီယာတွေကလည်း အာမခံပြီး သတင်းထုတ်ပြန်ပေးမယ်ဆိုရင် ပိုကောင်းပါတယ်။

Ref:moemaka(၂၄-ဒီဇင်ဘာ-၂၀၁၁)

.............................................................................................................................................................


နောက်ဆက်တွဲသတင်း-


ငွေလွဲလုပ်ငန်းလုပ်ကိုင်ကြပြီး ၂၀-၁၂-၂၀၁၁ နေ.မှစပြီး ၀ယ်/ရောင်း ထားသူများအား စင်္ကာပူနိုင်ငံ ဘက်တွင် နိုင်ငံခြား ငွေ နှင့် မြန်မာနိုင်ငံ ဘက်တွင် မြန်မာကျပ်ငွေ တို.အား ပေးချေးမှုလုံးဝ မပြုလုပ်ဘဲ အမေရိကန်ဒေါ်လာ (၁)ဘီလျံ နှင့်အထက် ငွေကြေးလိမ်လည်ခဲ့ကြသည်။

http://news-eleven.com/index.php?option=com_content&view=article&id=11660:2011-12-26-05-25-59&catid=42:2009-11-10-07-36-59&Itemid=112

another Burmese couple in Singapore runs away from customers
http://moemaka.com/2011/12/another-burmese-couple-in-singapore-runs-away-from-customers/

အခြေခံလူတန်းစားများနှင့် လူလတ်တန်းစားများကို ဦးတည်၍ ငွေကျပ်တစ်သိန်းမှ ငါးသိန်း အထိအပ်နှံငွေများကို အကာအကွယ် ပေးမည့် အပ်ငွေအာမခံစနစ်ကို ပုဂ္ဂလိကဘဏ် ငါးဘဏ်စတင်ထားရှိ

အခြေခံလူတန်းစားများနှင့် လူလတ်တန်းစားများကို ဦးတည်၍ ငွေကျပ်တစ်သိန်းမှ ငါးသိန်းအထိ အပ်နှံငွေများကို အကာအကွယ် ပေးသွားမည့် အပ်ငွေအာမခံစနစ်ကို ပုဂ္ဂလိကဘဏ်ငါးဘဏ် စတင် ထားရှိထားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ အပ်ငွေအာမခံကို ဘဏ်များမှ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အာမခံထားရှိ ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အမိန့်စာထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန်အထိ ပုဂ္ဂလိကဘဏ် ငါးဘဏ်မှ အပ်ငွေအာမခံစတင် ထားရှိထားခြင်းဖြစ်သည်။
အပ်ငွေအာမခံ စတင်ထားရှိသည့် ဘဏ်များမှာ အာရှရန်ကုန်ဘဏ်၊ ရတနာပုံဘဏ်၊ စည်ပင်သာယာရေးဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့ ဖြစ်ကြသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံးအပ်ငွေ အာမခံစနစ် (Deposit Insurance) သည် မြန်မာ့အာမခံလုပ်ငန်းမှ ၀န်ဆောင်မှု ပေးလျက်ရှိသည့် အာမခံအမျိုးအစားပေါင်း ၄၆ မျိုးအပြင် ၂၀၁၁ ခုနှစ်တွင် အသစ်ထပ်မံ ၀န်ဆောင်မှု ပေးသော အာမခံအမျိုးအစား ဖြစ်ပြီး ဘဏ်များအနေဖြင့်လည်း ယခင်က ဘဏ်အဆောက်အဦ၊ ငွေပို့ငွေလွှဲ၊ ဘဏ်ပိုင်ဆိုင်မှုများကိုသာ အာမခံထားရှိကြပြီး အပ်ငွေနှင့် ပတ်သက်သော အာမခံမရှိခဲ့၍ ယခုအပ်ငွေ အာမခံစနစ်သည် မြန်မာ့အာမခံသမိုင်း တစ်လျှောက်နှင့် ဘဏ်သမိုင်း တစ်လျှောက်တွင် ပထမဦးဆုံးဆောင်ရွက်သည့် အာမခံအမျိုးအစား ဖြစ်သည်။
“ဒီအပ်ငွေအာမခံစနစ်က ထားရှိရမှာက ဘဏ်တွေကဖြစ်ပြီး အကျိုးခံစားခွင့်ရမှာက ငွေအပ်နှံထားသူတွေပါ။ ဒါကြောင့် ကျပ်တစ်သိန်း ကနေ ငါးသိန်းအထိ အပ်နှံထားတဲ့ အခြေခံလူတန်းစားနဲ့ လူလတ်တန်း စားတွေကို ကာကွယ်ပေးတဲ့ စနစ်လို့ ပြောတာပါ။ တစ်ဖက်ကလည်း အာမခံထားတဲ့ ဘဏ်တွေကို ယုံကြည်မှု ပိုစေပါတယ်”ဟု မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာ မောင်မောင်သိမ်းက ပြောပြခဲ့သည်။
အပ်ငွေအာမခံ အမျိုးအစားသည် ဘဏ်များအပေါ် ငွေအပ်နှံသူများ ယုံကြည်မှု ပိုရှိလာစေရန်နှင့် ငွေသား လုံခြုံမှုရှိစေရန်၊ ဘဏ်စနစ် ပိုမို ကောင်းမွန်စေရန် အကာအကွယ်ပေးမည့် အာမခံအမျိုးအစားဖြစ်ပြီး ယင်း အာမခံကို ထားရှိထားပါက ဘဏ်များ ဒေ၀ါလီခံရသည့်တိုင် ပြန်လည်၍ လျော်ကြေးငွေ ရရှိမည်ဖြစ်သည်ဟု သိရသည်။

 Ref:weklyelevennews

Sunday, December 25, 2011

စလုံး၊ ထိုင်း၊ မလေးတို့ကနေ မြန်မာပြည်ကို တရားဝင် ငွေလွှဲနိုင်တော့မယ်!


စင်ကာပူ၊ ထိုင်း၊ မလေးရှား ဒီသုံးနိုင်ငံ ရောက်နေတဲ့ မြန်မာပြည်သားတွေ ဘဏ်ကတဆင့် ငွေလွှဲနိုင်တော့မယ်လို့ ဆိုပါတယ်။

လုပ်ပိုင်ခွင့် ရသွားတဲ့ ဘဏ် ၄ ခု စာရင်းကို မနေ့က သတင်းစာတွေမှာ အခုလို တွေ့ရပါတယ်။

သမဝါယမဘဏ်
ကမ္ဘောဇဘဏ် (ဦးအောင်ကိုဝင်း)
ဧရာဝတီဘဏ် (ဦးဇော်ဇော်)
အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (ဦးတေဇ)


Ref:irrawaddyblogs.com

Friday, December 23, 2011

စင်ကာပူတွင် နိုင်ငံတကာကျောင်းသားများ နေထိုင်ခွင့် ရုပ်သိမ်းမည်ဆိုခြင်းသည် မြန်မာကျောင်းသားများ အတွက် ကန့်သတ်ချက်များ ဖြစ်လာနိုင်ကြောင်း သိရှိရ

Wednesday, 21 December 2011 13:39
4383

SMU

စင်ကာပူ၏ နိုင်ငံတကာကျောင်းသားများ နေထိုင်ခွင့် အီးပီအီးစီစနစ် ရုပ်သိမ်းမည်ဆိုခြင်းသည် စင်ကာပူရောက် မြန်မာကျောင်းသားများ အတွက် ကန့်သတ်ချက်များဖြစ်လာ နိုင်ဖွယ်ရှိသည်ကို စင်ကာပူ ပညာရေး ကျွမ်းကျင်သူအချို့က မှတ်ချက်ပြု ကြသည်။
“အီးပီအီးစီစနစ် ရုပ်သိမ်းမယ် ဆိုခြင်းမှာ ဒီက ၁၀ တန်းအောင်ပြီးစ ကျောင်းဆက်တက်မယ့် ကလေးတွေ မှာ ပြဿနာရှိသွားမယ်။ ဘွဲ့မရသေးခင် စင်ကာပူမှာ အလုပ်ရှာထားဖို့ကျ ပြန်တော့လည်း စင်ကာပူမှာ Fresh Degree ရတဲ့သူတွေရဲ့နေရာကကျဉ်းတယ်။ ဒီက ဘွဲ့ရမာစတာသမားတွေ သွားမှာ ပြဿနာမရှိနိုင်ပေမယ့် ၁၀ တန်းအောင်တွေ သွားမယ်ဆိုရင်တော့ နည်းနည်းခက်ခဲသွားနိုင်တယ်”ဟု Smart Resources ပညာရေး ၀န်ဆောင်မှုလုပ်ငန်းမှ မန်နေးဂျင်းဒါရိုက်တာ ဦးနေလင်းဖြိုးက ပြောပြခဲ့ပါသည်။
အီးပီအီးစီ နေထိုင်ခွင့်ဆိုခြင်းတွင် မြန်မာကျောင်းသား အများစုမှာ စင်ကာပူကျောင်းပြီး တစ်နှစ်နေထိုင်ခွင့် ရကာ အလုပ်အကိုင်ရှာဖွေနိုင်သည့် နေထိုင်ခွင့်မျိုးဖြစ်ရာ ယခုကဲ့သို့ ရုပ်သိမ်းခြင်းသည် စင်ကာပူသွားမည့် မြန်မာများအတွက် ကန့်သတ်ချက်တစ်ခုပင် ဖြစ်လာနိုင်ကြောင်းကို စင်ကာပူ SMU တွင် လက်ရှိမာစတာတန်း တက်ရောက်နေသူ မြန်မာကျောင်းသူတစ်ဦးက ပြောပြခဲ့ပါသည်။
EmploymentPass Elibigility Certificate (EPEC) ကို စင်ကာပူ MOM(Ministry of Manpower) က ဒီဇင်ဘာလ၁ရက်နေ့မှ စတင်ကာ ရုပ်သိမ်းခဲ့ပြီး စင်ကာပူအစိုးရ အသိအမှတ်ပြုထားသည့် ကျောင်းများမှ ပြီးထားသူများ၊ အခြားသတ်မှတ် အရည်အချင်း ပြည့်မီသူများကိုသာ ပေးသည့် စင်ကာပူတွင် တစ်နှစ် အလုပ်ရှာနေထိုင်ခွင့်ပေးသည့် ပတ်စ်အမျိုးအစားဖြစ်ကြောင်း သိရှိရပါသည်။
အီးပီအီးစီစနစ်အစား Long Term Visit Pass (LTVP) ကို စင်ကာပူအိုင်စီအေမှ တစ်ဆင့်ကန့်သတ်ချက်များ ပြည့်မီလျှင် လျှောက်ထားနိုင်ပြီး ယေဘုယျအားဖြင့် သုံးလသက်တမ်းသာ သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

Comments

+31#7SOL152011-12-22 12:05
သတင်းမှာလိုတာလေးတွေ ထပ်ထည့်ရေးလိုက်တာပါ။ ဆရာကြီး ဝင်လုပ်တာမဟုတ်ပါဘူးခင်ဗျ။ တော်ကြာစာဖတ်သူတွေက လူတိုင်း ကို (၃)လပဲပေးနေတယ်ထင်မှာစိုးလို့ပါ။
ဘွဲ့ သို့မဟုတ် ဒီပလိုမာ ရကျောင်းသားကျောင်းသူများအတွက် Long Term Social Visit Pass (LTVP) ကို ၂ မျိုးခွဲပြီး ပေးထားပါတယ်။ စင်္ကာပူအစိုးရရဲ့ University ကြီး (၃) ခုဖြစ်တဲ့
NUS, NTU, SMU နဲ့ အစိုးရအသိအမှတ်ပြု University SIM စင်္ကာပူအစိုးရရဲ့ ပေါ်လီကျောင်း (၅) ခု နဲ့ အခြားအသိအမှတ်ပြု University, Institute စတဲ့ ကျောင်း (၁၈) ကျောင်းက ပြီးတဲ့ ကျောင်းသား/သူတွေကို သတ်တမ်းတိုးလို့မရတဲ့ LTVP (၁) နှစ်အထိနေထိုင်ပြီး အလုပ်ရှာခွင့်ပေးထားပါတယ်။ အခြားသော private ကျောင်းများကပြီးတဲ့သူတွေကိုလဲ သက်တမ်းတိုး လို့မရတဲ့ LTVP နဲ့ (၃) လအထိ နေထိုင်အလုပ်ရှာ ခွင့်ပေး ပါတယ်။ လျှောက်ထားခွင့်ရတဲ့သူတွေအနေနဲ့ ICA online ကနေလျှောက်ထားရမှာဖြစ်ပြီး processing time တပါတ်ကြာ ပါ့မယ်။ ကိုယ်တင်ထားတဲ့လျှောက်ထားချက်အခြေအနေကို online ကနေပဲ စောင့်ကြည့်လို့ရပါတယ်။ ICA က လျှောက်ထား ချက်ကိုလက်ခံရင်တော့ ICA ရုံးမှာ လိုအပ်တဲ့စာရွက်စာတမ်း တွေယူပြီး ကိုယ်တိုင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ processing fee, Insuance fee and extension fee အဖြစ်စုစုပေါင်း S$130 ကုန်ပါမယ်။ ICA ကလိုအပ်ခဲ့ရင် လျှောက်ထားသူပေါ် မူတည် ပြီးတော့ လုံခြုံရေးအာမခံအဖြစ် ပမာဏတစ်ခုသော ငွေကို deposit တောင်းခံကောင်းတောင်းခံနိုင်ပါတယ်။

အသေးစိတ်ထပ်မံသိလိုတဲ့သူများကတော့ http://www.ica.gov.sg/services_centre_overview.aspx?pageid=396
သွားကြည့်နိုင်ပါတယ်ခင်ဗျာ။

Ref:news-eleven.com

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!