Popular Posts!
Wednesday, December 6, 2017
အတုမြင် အတတ်သင် တဲ့ ကလေးတွေ ကို မေတ္တာသာ သင်ပြပေးကျပါ
ဒါခြင်ကျာပူးက အိမ်ရှင်တွေ အကျင့်ဆိုးတွေပါဗျ....တပုံစံထဲဗျ....
အတုမြင် အတတ်သင် တဲ့ ကလေးတွေ ကို မေတ္တာသာ သင်ပြပေးသင့်ပါတယ်။
ဒီ ပညာပေး Video လေးကို ကြည့်ကြည့်ပါ။
နောင်တ လုံးဝ ရမှာ မဟုတ်ပါဘူး။ 😊
Make your home happy.Show repect,communicate and remenber that everyone deserves a day off.
သင့်အိမ်ကို ပျော်အောင်ထားပါ၊လေးစာမှုပြသ၊စကားပြောဆိုပြီး လူတိုင်း အားလပ်ရက် ရှိတာ သတိရပါ။
ဆဲလ်ဖုန်းတာဝါတိုင် သင့်အနီးနာမှာ၇ှိရင် အမြန်သေဖိုက ၈၀% ၇ှိပြီ!
သင့်အိမ်နားမှာဆဲလ်ဖုန်းတာဝါတိုင် ရှိသလား?
ဆက်သွယ်ရေးနည်းစနစ်တွေလျင်မြန်စွာတိုးတက်လာခြင်းနှင့်အတူလူသားတွေဟာအားကောင်းတဲ့ ကြိုးမဲ့
မိုက္ကရိုဝေ့ဖ် လိုင်းတွေရဲ့ရိုက်ခတ်မူကိုများပြားစွာခံစားလာရပါတယ်။
အပြည်ပြည်ဆိုင်ရာကြိုးမဲ့ဆက်သွယ်ရေးအဖွဲ့ကြီး၏ ခန့်မှန်းချက်အရကမ္ဘာတစ်ဝန်းမှာဆဲလ်ဖုန်းသုံးစွဲသူပေါင်း (3) ဘီလီယံကျော်တယ်လို့ဆိုပါတယ်။
ဒါကြောင့်ဒီခေတ်လူသားတွေဟာဘိုးဘွားတွေထက်လျှပ်စစ်သံလိုက်လိုင်း အဆပေါင်းသန်းတစ်ရာလောက်ပိုမိုထိတွေ့ခံစားနေရပါတယ် အဆိုပါလျှပ်စစ်သံလိုက်ဓါတ်တွေများပြားလာရခြင်းဟာ အဓိကအရေးပါတဲ့ အကြောင်းကိစ္စတစ်ရပ်ဖြစ်ပါတယ်။
အများအားဖြင်းဆဲလ်ဖုန်းတာဝါတိုင်တွေကို ကုန်းမြင့်တောင်တန်းပေါ်မှာတည်ဆောက်ကျလေ့ရှိပြီး ယခုအခါမှာတော့ လူနေဧရိယာထဲမှာပါတည်ဆောက်လာကြပါတယ် လျှပ်စစ်သံလိုက်စက်ကွင်း Electronic Megnetic Fielts တွေဟာလူသားတွေနဲ့ တိရစ္ဆာန်တွေရဲ့ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေပါတယ်။
လ့လာမူတွေအရ လျပ်စစ်သံလိုက်စက်ကွင်းထွက်ရှိတဲ့ပင်မဓါတ်အားပေးတာဝါများနှင့်ဆဲလ်ဖုန်းတာဝါများအနီး နေထိုင်သူတွေဟာ "စိတ်ဖိစီးမှု အိပ်စက်မူဆိုင်ရာ ပြဿနာများကလေးမရနိုင်ခြင်း ကင်ဆာမှသည်အယ်လ်ဇိုင်းမားရောဂါအထိဖြစ်ပွားကြောင်းသိရပါသည်”
ဆဲဖုန်းတာဝါတိုင်များမှထုတ်လွှင့်သောလိုင်းပမာဏဆဲဖုန်းတာဝါတိုင်တွေမှာလျှပ်စစ်သံလိုက်လိုင်းတွေကို ဖမ်းယူမူ ထုတ်လွှင့်မူ အချက်ပြမှုတွေကိုပြုလုပ်ရပါတယ်။
ဖုန်းတာဝါတိုင်တွေထုတ်လွှင့်တဲ့မိုက်ခရိုဝေးလ်ကြိမ်နှုန်း Frequency ဟာ(1900 MHZ) ရှိပါတယ် ဒါဟာအလွန်အန္တရာယ်များတဲ့ပမာဏဖြစ်ပါတယ် ယခုလတ်တလောလေ့လာချက်တွေအရ ဖုန်းတာဝါတိုင်တွေရဲ့
၁ စတုရန်းကီလိုမီတာပတ်လည်အတွင်းရှိနေတဲ့ မည်သည့်သက်ရှိကိုမဆိုထိခိုက်မှုရှိကြောင်းသိရပါတယ်။
လူ့ခန္ဓာကိုယ်ဟာလည်းလျှပ်စစ်သံလိုက်ဓါတ်ရှိပြီးကြိမ်နှူန်း (10 HZ)လောက်ရှိပါတယ် လူခန္ဓာကိုယ်ကလပ်စည်းဆဲလ်တခုခြင်းဆီမှာလည်း လျှပ်စစ်သံလိုက်ဓါတ်ရှိပါတယ် အဆိုပါကလပ်စည်းအတွင်းကလျှပ်စစ်သံလိုက်ဓါတ်ကိုမျှခြေဖြစ်နေအောင်ထိန်းသိမ်းခြင်းဟာ ကျန်းမာရေးအတွက်အရေးကြီးပါတယ်။
ဆယ်စုနှစ်နှင့်ချီပြီးလေ့လာခဲ့တဲ့သုတေသနတွေအရခန္ဓာကိုယ်တွင်းကလျှပ်စစ်သံလိုက်ဓါတ်ကြိမ်နှုန်း (10HZ)ထက်ပိုများတဲ့မည်သည့်လျပ်စစ်သံလိုက်ကြိမ်နှုန်းမဆို လူသားရဲ့ခန္ဓာကိုယ်ကိုပြင်းထန်တဲ့ဖိစီးမှု  နှင့်ကျန်းမာရေးပြဿနာများပေးနိုင်သည်ထိတွေ့ရသည့်သံလိုက်လှိုင်းကြိမ်နှုန်းပိုမြင့်မားလေလေ ထိခိုက်မှုပိုများလေလေဖြစ်ပါတယ်။  
မိုဘိုင်းဖုန်းတာဝါတိုင်တွေကထုတ်လွှုင့်တဲ့ကြိမ်နှုန်း (1900MHZ)နှင့်  နှိုင်းယှဉ်စဉ်းစားကြည့်နိုင်ပါတယ်။
အဲဒီလိုမြင့်မားတဲ့EM Frequencyတွေဟာခန္ဓာကိုယ်ထဲကChemical and Molecular Bonds ဓာတုဗေဒနှင့် မော်လီကျူး ဆိုင်ရာဖွဲ့စည်းပုံတွေကိုဖျက်ဆီးပြစ်နိုင်ပါတယ်။
လျှပ်စစ်သံလိုက်ကြိမ်နှုန်းတွေကြောင့်.....
-အင်ဇိုင်းများ
-DNA
-ကိုယ်တွင်းဇီဝဖြစ်ပျက်မှု (Metabolism)
– မျိုးဗီဇ
-အခြားအရာများ ကို ထိခိုက်စေနိုင်ပါသည်
ခံစားရလေ့ရှိသောရောဂါများ
-ခေါင်းကိုက်ခြင်း
-မှတ်ဥာဏ်နည်းလာခြင်း
-မေ့တတ်လာခြင်း
-သုတ်ပိုးကောင်ရေကျဆင်းခြင်း
– ကင်ဆာ
-ကိုယ်အင်္ဂါချို့ယွင်းသောကလေးမွးဖွားခြင်း(လမစေ့ပေါင်မပြည့်အပါအဝင်)
-နှလုံးရောဂါ
-သတိမေ့ရောဂါ
နာက်ထပ်ပြဿနာတခုကတော့အဆိုပါထိခိုက်ပျက်စီးမူတွေဟာလျှပ်စစ်သံလိုက်လိုင်းတွေရဲ့ဂုဏ်သတ္တိတွေကတစ်ရှူးတွထဲမှာကြွင်းကျန်စုပုံနေရစ်ပြီးဆယ်စုနှစ်လောက်ထိဆက်လက်ဒုက္ခပေးနိုင်ပါသည်။
Ref: ခိုင်မွန်ကျော်ကို
Comment....
Kyaw Myat Thu 
RF and Microwave frequency bands upto 300GHz ကို non-ionization freq bands လို့ခေါ်ပါ တယ်။ Biological tissue ကိုမပျက်ဆီးစေနိုင်ပါဘူး။ XRays နဲ့ Gamma rays တွေကတော့ ionization    ဖြစ်စေပါတယ်။ ဒါပေမယ့် RF နဲ့ MW freq ကနေထုတ်လွှင့်တဲ့ signal power ကို FCC လို regulations   တွေချမှတ်တဲ့ အဖွဲ့အစည်းတွေက အန္တရာယ်ဖြစ်စေနိုင်တဲ့ ပမာဏကို ကန့်သတ်ပေးပါတယ်။ 
သတ်မှတ်ပမာဏ ထက် အချိန်ကာလ တစ်ခုကြာအောင် radiation ခံယူရင် အပူကြောင့် bio tiussue    ပျက်ဆီးစေပါတယ်။ Theory အရတော့ cellular tower ကထုတ်လွှင့်တဲ့ power density က အန္တရာယ် မဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့် ပါတ်ဝန်းကျင်မှာ radiation ထုတ်လွှင့်မှုများနေရင် တိုင်းတာသင့်ပါတယ်။  တိုင်းတာမှု မှန်ကန်ဖို့တော့လိုတာပေါ့။
Ref:Aung N Htwe FB
Tuesday, December 5, 2017
我爱你胜过你爱我~ I love you better than you love me
冷漠 - 我爱你胜过你爱我(vs. 杨小曼)
Leng mo - Wo ai ni sheng guo ni ai wo (vs. yang xiao man )
作词:笑天
zuo ci xiao tian
作曲:笑天
zuo qu xiao tian
请别说爱上我是一个错
qing bie shuo ai shang wo shi yi ge cuo
哪怕注定没结果
na pa zhu ding mei jie guo
我不是故意对你冷漠
wo bu shi gu yi dui ni leng mo
也不想让你难过
ye bu xiang rang ni nan guo
也许我太过自我
ye xu wo tai guo zi wo
让你受尽了折磨
rang ni shou jin liao zhe mo
我现在只想对你说
wo xian zai zhi xiang dui ni shuo
我爱你胜过你爱我
wo ai ni sheng guo ni ai wo
如何快乐怎么快乐
ru he kuai le zen me kuai le
窗外在下着雨我的眼泪在滴
chuang wai zai xia zhuo yu wo de yan lei zai di
爱一个人如何能抓住她的心
ai yi ge ren ru he neng zhua zhu ta de xin
天长地久到白头
tian chang di jiu dao bai tou
难过的时候我学会了独自承受
nan guo de shi hou wo xue hui liao du zi cheng shou
为什么你变得不再温柔
wei shi me ni bian de bu zai wen rou
想你的时候你是否也能感受
xiang ni de shi hou ni shi fou ye neng gan shou
爱错了你也不回头
ai cuo liao ni ye bu hui tou
请别说爱上我是一个错
qing bie shuo ai shang wo shi yi ge cuo
哪怕注定没结果
na pa zhu ding mei jie guo
我不是故意对你冷漠
wo bu shi gu yi dui ni leng mo
也不想让你难过
ye bu xiang rang ni nan guo
也许我太过自我
ye xu wo tai guo zi wo
让你受尽了折磨
rang ni shou jin liao zhe mo
我现在只想对你说
wo xian zai zhi xiang dui ni shuo
我爱你胜过你爱我
wo ai ni sheng guo ni ai wo
如何快乐怎么快乐
ru he kuai le zen me kuai le
窗外在下着雨我的眼泪在滴
chuang wai zai xia zhuo yu wo de yan lei zai di
爱一个人如何能抓住她的心
ai yi ge ren ru he neng zhua zhu ta de xin
天长地久到白头
tian chang di jiu dao bai tou
难过的时候我学会了独自承受
nan guo de shi hou wo xue hui liao du zi cheng shou
为什么你变得不再温柔
wei shi me ni bian de bu zai wen rou
想你的时候你是否也能感受
xiang ni de shi hou ni shi fou ye neng gan shou
爱错了你也不回头
ai cuo liao ni ye bu hui tou
请别说爱上我是一个错
qing bie shuo ai shang wo shi yi ge cuo
哪怕注定没结果
na pa zhu ding mei jie guo
我不是故意对你冷漠
wo bu shi gu yi dui ni leng mo
也不想让你难过
ye bu xiang rang ni nan guo
也许我太过自我
ye xu wo tai guo zi wo
让你受尽了折磨
rang ni shou jin liao zhe mo
我现在只想对你说
wo xian zai zhi xiang dui ni shuo
我爱你胜过你爱我
wo ai ni sheng guo ni ai wo
我现在只想对你说
wo xian zai zhi xiang dui ni shuo
我爱你胜过你爱我
wo ai ni sheng guo ni ai wo
I love you better than you love me
    Please do not say that it is a mistake to fall in love with me
    Even if doomed to no result
    I did not mean to you indifferently
    Do not want to make you sad
    Maybe I'm too self
    Let you suffered torture
    I just want to say to you now
    I love you better than you love me
    How happy how happy
    The window is raining and my tears are dripping
    How can a person love her?
    Forever
    When I was sad I learned to live alone
    Why you become no longer gentle
    You can feel it when you miss you
    Love you wrong do not look back
    Please do not say that it is a mistake to fall in love with me
    Even if doomed to no result
    I did not mean to you indifferently
    Do not want to make you sad
    Maybe I'm too self
    Let you suffered torture
    I just want to say to you now
    More more detailed lyrics in
    I love you better than you love me
    How happy how happy
    The window is raining and my tears are dripping
    How can a person love her?
    Forever
    When I was sad I learned to live alone
    Why you become no longer gentle
    You can feel it when you miss you
    Love you wrong do not look back
    Please do not say that it is a mistake to fall in love with me
    Even if doomed to no result
    I did not mean to you indifferently
    Do not want to make you sad
    Maybe I'm too self
    Let you suffered torture
    I just want to say to you now
    I love you better than you love me
    I just want to say to you now
    I love you better than you love me
刚好遇见你 Just met you
刚好遇见你
Just met you
我們哭了
We're sobbing
我們笑著
We're laughing
我們抬頭望天空 星星還亮著幾顆
We look up to the sky to find that the stars are still shining
我們唱著
We're singing
時間的歌
The song of time
才懂得相互擁抱 到底是為了什麼
Then we understand why we hug each other
因為我剛好遇見你
Because I happen to have met you
留下足跡才美麗
Which is why leaving my footprints is beautiful
風吹花落淚如雨
Wind blows; flowers fall; Tears drops like rain
因為不想分離
Because I don't want to be apart from you
因為剛好遇見你
Because I happen to have met you
留下十年的期許
And leave a 10-year-wish
如果再相遇 我想我會記得你
I think I would remember you if we meet again
我們哭了
We're sobbing
我們笑著
We're laughing
我們抬頭望天空 星星還亮著幾顆
We look up to the sky to find that the stars are still shining
我們唱著
We're singing
時間的歌
The song of time
才懂得相互擁抱 到底是為了什麼
Then we understand why we hug each other
FMI ရှယ်ယာပိုင်သည့် MM Myanmar ကုမ္ပဏီ စင်ကာပူစတော့အိတ်ချိန်းသို့ ၀င်ရောက်မည်
ရန်ကုန်စတော့အိတ်ချိန်းတွင် ဈေးနှုန်းများကို ပြသထားစဉ် (ဓာတ်ပုံ − အေအက်ဖ်ပီ)
MM Myanmar ကုမ္ပဏီကို စင်ကာပူSHC ကုမ္ပဏီ သို့ လွှဲပြောင်းပေး၍ စင်ကာပူ စတော့အိတ်ချိန်းတွင် စာရင်း ကုမ္ပဏီအဖြစ် ၀င်ရောက်မည်ဟု FMI ကုမ္ပဏီက ဒီဇင်ဘာ ၁ ရက် တွင် သတင်းထုတ်ပြန်သည်။ 
အဆိုပါလွှဲပြောင်းမည့် MM Myanmar ကုမ္ပဏီကို FMI ပိုင် ဆိုင်သည့် Yoma Strategic Holdings (YSH)နှင့် Exemplary Venture Ltd(EVL)တို့ အကျိုး တူပိုင်ဆိုင်ခြင်းဖြစ်ပြီး ပိုင်ဆိုင် သည့်ရှယ်ယာအားလုံးကို စင်ကာ ပူကုမ္ပဏီသို့ လွှဲပြောင်းကုမ္ပဏီ နာမည်ပြောင်းကာ စင်ကာပူ စတော့အိတ်ချိန်းတွင် ရှယ်ယာအ သစ်များရောင်းချမည်ဟု ဆို သည်။
စင်ကာပူစတော့အိတ်ချိန်း တွင် စာရင်းဝင်ရန်နှင့် ရှယ်ယာ ရောင်းချရန် SHC ကုမ္ပဏီနှင့် Memories Group ဟုပြောင်းလဲပြီး ဒီဇင်ဘာ ၅ ရက်၌ စင်ကာပူစတော့အိတ်ချိန်းတွင် စာရင်းဝင်ရောက်မည်ဟု FMI က ဆိုသည်။ ထိုနာမည်ပြောင်းလိုက် သည့် စင်ကာပူကုမ္ပဏီတွင် FMI ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိမ်းဝေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ် ကြောင်း FMI ကဆိုသည်။
‘မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံမှုများထပ်မံ ၀င်ရောက်လာစေရန် အထောက် အကူပြုမည်ဖြစ်ကြောင်း’ဦးသိမ်းဝေက ပြောကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ FMI ကုမ္ပဏီသည် စင်ကာပူ ကုမ္ပဏီ SHC တွင်ရှယ်ယာ ၁၃ ဒသမ ၆ ရာခိုင်နှုန်းပိုင်ဆိုင်မည် ဖြစ်သည်။
Memories Group ၏ ကန ဦးလုပ်ငန်းများသည် ပုဂံရှိ Ba-lloons over Bagan နှင့်အင်းလေး ရှိ Balloons over Inle, Pun Hlaing Lodge ဟိုတယ်၊ Hpa An Lodge ဟိုတယ်၊ Asia Holiday ခရီးသွားလုပ်ငန်းနှင့်အ ခြားခရီးသွားလုပ်ငန်းအဆောက် အအုံတစ်ခုဖြစ်ကြောင်း  ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ MM Myanmar ကုမ္ပဏီသည် Yoma Strategic Holdings (YSH)နှင့် EVL က ရှယ်ယာ ၆၃ ဒသမ ၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။
မြန်မာနိုင်ငံ FDI ခွင့်ပြုနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ ကန်ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိ လုပ်ငန်း ၂၈၀ ပယ်ဖျက်
September 1,17
မြန်မာနိုင်ငံတွင် ခွင့်ပြုခဲ့ သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ် ငန်းများအနက် အမေကန်ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိ လုပ်ငန်း ၂၈၀ ခုကို ပယ်ဖျက်ခဲ့ကြောင်း မြန်မာနိုင် ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၆-၁၇ ဘဏ္ဍဍာနှစ် ဆောင် ရွက်မှု အစီရင်ခံစာ၌ ဖော်ပြထား သည်။
September 1,17
မြန်မာနိုင်ငံတွင် ခွင့်ပြုခဲ့ သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ် ငန်းများအနက် အမေကန်ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိ လုပ်ငန်း ၂၈၀ ခုကို ပယ်ဖျက်ခဲ့ကြောင်း မြန်မာနိုင် ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဆောင် ရွက်မှု အစီရင်ခံစာ၌ ဖော်ပြထား သည်။
အဆိုပါလုပ်ငန်းများသည် လုပ်ငန်းသက်တမ်းကုန်ဆုံးခြင်း၊ ရပ်ဆိုင်းခြင်းနှင့် လုပ်ငန်းဆက် လက် မလုပ်ဆောင်ခြင်းကြောင့် ပယ်ဖျက်ခဲ့သည်ဟု အဆိုပါအ စီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၁၉၈၈ မှ ၂၀၁၇ မတ်လ ၃၁ ရက်အထိနိုင် ငံခြား ရင်းနှီးမြှုပ်နှံမှု ၁,၂၄၆ ခု ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ကန် ဒေါ်လာ ၇၀ ဘီလီယံရှိခဲ့သည်။ သို့သော်အထက်ပါ လုပ်ငန်း ၂၈၀ ပယ်ဖျက်ပြီး နောက်လက်ရှိ နိုင်ငံတွင် လုပ်ကိုင်နေသည့်  လုပ်ငန်း ၉၆၆ ခုရှိကာ စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၅၉ ဒသမ ၆ ဘီလီယံကျန်ရှိကြောင်း ကော်မရှင်က ဆိုသည်။
ထို့အတူ နိုင်ငံသားရင်းနှီး မြှုပ်နှံမှုအနေဖြင့် လုပ်ငန်း ၂၇၃ ခုကို ပယ်ဖျက်ခဲ့ပြီး တန်ဖိုး ကန်ဒေါ် လာ သန်း ၅၀၀ ခန့်နှင့် ကျပ်ငွေ ၅၈၃ ဘီလီယံရှိသည်ဟု ကော်မ ရှင်က ထုတ်ပြန်ထားသည်။ ထို့ကြောင့် လက်ရှိတွင် နိုင်ငံသားရင်းနှီးမြှုပ်မှု ၉၆၈ ခု လည်ပတ်နေသည်ဟု ကော်မရှင်က ဆိုထားသည်။
‘‘လုပ်ငန်းအများစုက လုပ် ငန်းတင်ပြပြီးရင် လာလုပ်ကြတာ များပါတယ်။ ဒါပေမဲ့ လေးငါးနှစ်  ကြာလောက် လုပ်ပြီးမှ အရှုံးပေါ် လို့ စာရင်းရှင်းပြီး ပြန်ကြတယ်။ Nike ဆိုရင် ပဲခူးဘက်မှ သေချာ စီစဉ်ပြီးတော့မှ ကမ္ဘာမှာ စျေး ကွက်ကျနေတော့၊ အော်ဒါမရှိ တော့ လုပ်ငန်းကို ပြန်အပ်သွား တာ ဒါမျိုးလည်းရှိတယ်’’ ဟု ရင်း နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန်းအောင်ကျော် ကပြောသည်။
လက်ရှိအစိုးရလက်ထက်  တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အနက် ပထမဆုံးဘဏ္ဍာနှစ် ၂၀၁၆-၁၇ ၌ ခွင့်ပြုခဲ့သည့် လုပ်ငန်းပေါင်း ၁၃၈ ခု ပါဝင်သည်ဟု ကော်မရှင်က ဆိုသည်။ ထိုလုပ်ငန်း ၁၃၈ ခုမှ အခွန်နှင့်မြေ ငှားရမ်းခ ကန်ဒေါ်လာသန်း ၃၂၀ နှင့် ကျပ်ငွေ ၁၂ ဘီလီယံကျော် ရရှိခဲ့သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်လာမှု များကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများ၌ ဗြိတိန်၊ ပြင်သစ်နှင့် နယ် သာလန်စသည့် ဥရောပနိုင်ငံများ ဝင်ရောက်လာသည်။ ထို့အပြင် ၁၀ နှစ်ကျော်အတွင်း ရင်းနှီးမြှုပ်နှံ မှု ရပ်တန့်နေသည့် သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ကနေဒါနိုင်ငံ တို့မှ ဝင်ရောက်မှုများရှိသည် ဟု ကော်မရှင်ကဆိုသည်။
Marketing (ဈေးကွက်ထိုးဖောက်ခြင်း) and Marketing (3.0) ခေတ်သစ်ဈေးကွက်မဟာဗျူဟာ (Video)
Marketing (ဈေးကွက်ထိုးဖောက်ခြင်း)
ယနေ့ခေတ်... Marketing ဈေးကွက်ထိုးဖောက်မှုပုံစံများ...
- Personal Marketing အောင်မြင်သူများနှင့်မှီလျှက် ဈေးကွက်ထိုးဖောက်ခြင်း...
- Organization Marketing အဖွဲ့အစည်းများနှင့်ချိတ်ဆက်လျှက် ဈေးကွက်ထိုးဖောက်ခြင်း...
- Social Media Marketing သတင်းမီဒီယာ အွန်လိုင်းများနှင့် ဈေးကွက်ထိုးဖောက်ခြင်း...
- Case Marketing လက်တလောလူစိတ်ဝင်စားမှုများနှင့် ဈေးကွက်ထိုးဖောက်ခြင်း...
- Place Marketing လူအများရှိရာနေရာများ ပြပွဲများနှင့် ဈေးကွက်ထိုးဖောက်ခြင်း...
- Relationship Marketing ရင်းနှီးဆက်သွယ်ချိတ်ဆက်မှုနှင့် ဈေးကွက်ဖောက်ခြင်း
စတဲ့ Marketing Ways နည်းလမ်းများကို တင်ပြဆွေးနွေးထားပါတယ်။
Marketing (1.0) - ၁၉ ရာစု၊ စက်မှုထွန်းကားသောခတ်၊ ထုတ်ကုန် ဦးစားပေးထုတ်လုပ်ပြီး ဈေးကွက်များ ဖော်ဆောင်တာကို ရည်ရွယ်ပါတယ်။
Marketing (2.0) - ၂၀ ရာစု၊ လျှပ်စပ်ထုတ်ကုန်များ ထွန်းကားသောခေတ်၊ ဖောက်သည်ဝန်ဆောင်မှုကို ဦးစားပေးပြီး ဈေးကွက်များ ဖော်ဆောင်လာတာကို ရည်ရွယ်ပါတယ်။
Marketing (3.0) - ၂၁ ရာစု၊ နည်းပညာထွန်းကားလာတဲ့ခေတ်၊ ခေတ်ပြိုင် ဖောက်သည်များကို တန်ဖိုးထား ဦးစားပေးပြီး ဈေးကွက်များ ဖော်ဆောင်လာတာကို ရည်ရွယ်ပါတယ်။
Marketing (1.0) (2.0) (3.0) ရဲ့ မတူညီတဲ့ ဈေးကွက်ထိုးဖောက်နည်းလမ်းတွေကို တင်ပြဆွေးနွေးထားပါတယ်။
ခတ်ပြိုင်ဖြစ်လာတာနဲ့အညီ Customization ဖောက်သည်အခြေပြုလာတဲ့ခေတ်ဖြစ်တာမို့...
4-P = 4-C ဆိုတဲ့... ရောင်းသူ-ထုတ်လုပ်သူဘက်မှ 4-P နှင့် ၀ယ်သူ-ဖောက်သည်ဘက်မှ 4-C ကို စဉ်းစားပြီး...
Product = Customer Satisfy (ထုတ်ကုန်သည် ဖောက်သည်စိတ်ကျေနပ်မှုပုံစံ)
Price = Customer Cost (ဈေးနှုန်းသည် ဖောက်သည်ပေးနိုင်တဲ့သတ်မှတ်မှု)
Place = Customer Convenience (နေရာသည် ဖောက်သည်အဆင်ပြေနိုင်မှု)
Promotion = Customer Communication (အရောင်းမြင့်တင်မှုသည် ဖောက်သည်သိစေရန်ဆောင်ရွက်မှု)
စတဲ့ ရောင်သူ-၀ယ်သူ စဉ်းစားသော ဈေးကွက်ဖော်ဆောင်မှုပုံစံများကို တင်ပြဆွေးနွေးထားပါတယ်။
Marketing Principle ဖြစ်တဲ့...
Specialization လုပ်ငန်းအားသာချက်တခုခုအား အထူးပြုခြင်းဖြင့်...
Differentiation အများနဲ့မတူညီတဲ့ ကွဲပြားခြားနားမှု ဖန်တီးပုံဖော်မှုဖြင့်...
Segmentation ဖောက်သည်အပေါ် ခွဲခြမ်းစိတ်ဖြာပြီး လိုအပ်တဲ့ဝန်ဆောင်မှုဖြင့်...
Concentration ဈေးကွက်သို့ အာရုံစူးစိုက်မှုနှင့် ခေတ်နဲ့အညီပြောင်းလဲဖော်ဆောင်မှုတိုးဖြင့်...
Differentiation is Better & Faster အများနဲ့မတူညီတဲ့အချက်တွေနဲ့ ပိုမိုကောင်းမွန်ပြီး မြန်ဆန်တိုးတက်ဖန်တီးဖို့ရယ်...
ဈးကွက်ကို Crate & Generate ဖန်တီးဖို့နဲ့ ဈေးကွက်သစ်ချဲ့ထွင်ပြီး လုပ်ငန်းတိုးတက်စေဖို့ အကြံပေးတင်ပြထားပါတယ်။
အနာဂတ်မှာ ဈေးကွက်ဖော်ဆောင်မှု အခွင့်အလမ်းများစွာရှိလာပါပြီ၊
Current Market လက်ရှိဈေးကွက် နဲ့အတူ
Target Market ဦးတည်လို့ရတဲ့ ဈေးကွက်ကိုဖော်ဖို့
Available Market ရနိုင်ချေရှိတဲ့ ဈေးကွက်ကို ထပ်ချဲ့ဖို့
Potential Market ဖြစ်လာနိုင်ချေရှိတဲ့ဈေးကွက်ကို တွက်ချထားဖို့နဲ့
Future Market အနာဂတ် ဈေးကွက်တွေကို စဉ်းစားပြီး Marketing ဈေးကွက်တိုးတက် ဖော်ဆောင်နိုင်ဖို့ အကြံပေးတင်ပြထားပါတယ်။
လတ်တလောမှာ သိထားသင့်တဲ့ လိုအပ်လာတဲ့ အချက်များကိုလည်း ဟောပြောတင်ဆက်ပေးထားပါတယ်။
- Business Plan (စီးပွားရေး အစီအစဉ်ရေးဆွဲမှု ဟောပြောချက်များ)
- HR Management (၀န်ထမ်းရေးရာ စီမံခန့်ခွဲမှု ဟောပြောချက်များ)
- Facebook Marketing (ဖေ့ဘုတ်မှ ဈေးကွက်ထိုးဖောက်နည်း ဟောပြောချက်များ) အား
ဆက်လက်လေ့လာလိုပါက http://esmemm.com/elearning တွင် လေ့လာနိုင်ပါတယ်။
၂၁ ရာစု ပညာခေတ်အတွက် - အသိပညာဦးဆောင်မှုဖြင့် အခွင့်အလမ်းသစ်များဖန်တီးဖို့ အားပေးရင်း...
မန်မာနိုင်ငံအနှံ့ မြို့ကြီးပေါင်း (၂၅) မြို့ကျော်တွင် သင်တန်းများပို့ချပေးထားသော...
Myanmar Entrepreneur SME Institute (MESI) သင်တန်းကျောင်း
(ရန်ကုန်၊ မန္တလေး၊ မကွေး၊ တောင်ကြီး၊ ပဲခူး၊ ကလေး၊ မြစ်ကြီးနား)
www.EntrepreneurSME.com (အွန်လိုင်းစီးပွားရေး အခမဲ့မဂ္ဂဇင်း)
Marketing (3.0) ခေတ်သစ်ဈေးကွက်မဟာဗျူဟာ (Video)    
--------------------------------------------------------------------
ယနေ့ခေတ် Marketing နည်းလမ်းများနှင့် Marketing (1.0) (2.0) (3.0)
ယနေ့ခေတ် အသစ်ဖြစ်လာတဲ့ Marketing 3.0 ရဲ့ ပုံစံကတော့တိုးတက်လာတဲ့ ခေတ်ရဲ့ နည်းပညာကို Collaborate ပေါင်းစပ်အသုံးပြုနိုင်ဖို့ရယ်
စီးပွားရေး တိုးတက်ပြောင်းလဲမှုရဲ့ Cultural စီးပွားရေးရဲ့ ယဉ်ကျေးမှုကို နားလည်ပြီး လူမှုဝန်းကျင်းတိုးတက်လာမှုနဲ့ Spiral လူတိုင်းရဲ့ရင်ထဲမှာ တန်ဖိုးတရားရရှိသွားအောင် ဖန်တီးပေးနိုင်ဖို့ဖြစ်ပါတယ်။
Marketing (1.0) - ၁၉ ရာစု၊ စက်မှုထုတ်ကုန်များ ထွန်းကားသောခေတ်၊ ထုတ်ကုန်ရောင်းချမှုကို အခြေခံပြီး ဈေးကွက်ဖော်ဆောင်လာခြင်းဖြစ်ပါတယ်။
Marketing (2.0) - ၂၀ ရာစု၊ လျှပ်စပ်ထုတ်ကုန်များ ထွန်းကားသောခေတ်၊ ဖောက်သည်ဝန်ဆောင်မှုကို ဦးစားပေးပြီး ဈေးကွက်များ ဖော်ဆောင်လာခြင်းဖြစ်ပါတယ်။
Marketing (3.0) - ၂၁ ရာစု၊ နည်းပညာထွန်းကားလာတဲ့ခေတ်၊ ခေတ်ပြိုင်ဖြစ်လာပြီး ဖောက်သည်များကို CSV တန်ဖိုးတရားဖန်တီးပေးပြီး ဈေးကွက်ဖော်ဆောင်လာခြင်းဖြစ်ပါတယ်။
Steve Jobs က ဆိုပါတယ် >> The best way to create value in the 21st Century is to connect Creativity with Technology. (၂၁ ရာစုမှာ တန်ဖိုးဖန်တီးဖို့ အကောင်းဆုံးနည်းလမ်းကတော့ တီထွင်ဖန်တီးမှုတွေကို နည်းပညာနဲ့ ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်ခြင်းပင်ဖြစ်ပါတယ်)
ယနေ့ခေတ်မှာ ယခင် နှင့် မတူညီတဲ့ Marketing နည်းလမ်းမျိုးစုံကို စဉ်းစားလာကြပါပြီ...
- Personal Marketing အောင်မြင်သူများ၏ ထင်ပေါ်ကြော်ကြားမှုနှင့် ဈေးကွက်ထိုးဖောက်ခြင်း...
- Organization Marketing အဖွဲ့အစည်းများနှင့် ဆက်သွယ်ချိတ်ဆက်ဈေးကွက်ထိုးဖောက်ခြင်း...
- Social Media Marketing ယနေ့ခေတ်ပေါ်ပေါက်လာတဲ့ အွန်လိုင်းများနှင့် ဈေးကွက်ထိုးဖောက်ခြင်း...
- Case Marketing တနိုင်ငံလုံးမှ လူစိတ်ဝင်စားသောအခြေအနေများနှင့်တွဲပြီး ဈေးကွက်ထိုးဖောက်ခြင်း...
- Place Marketing လူအများရှိသော နေရာများသို့ ဆက်သွယ်ချိတ်ဆက်ပြီး ဈေးကွက်ထိုးဖောက်ခြင်း...
- Event Marketing ပွဲလမ်းသဘင် အခမ်းအနားများနှင့် လုပ်ငန်းမိတ်ဆက်လျှက် ဈေးကွက်ထိုးဖောက်ခြင်း
စတဲ့ နည်းလမ်းမျိုးစုံကိုလည်း ယနေ့ခေတ်ပြိုင်မှာ ပေါင်းစပ်ပြီး Market Leadership ဈေးကွက်ဦးဆောင် ဖန်တီးလာနိုင်ဖို့ အကြံပြုဆွေးနွေးပေးထားပါတယ်။ Business has only two functions – Marketing and Innovation (စီးပွားရေးမှာ အရာ (၂) ခုပဲ ရှိပါတယ်၊ ဆန်းသစ်တီထွင်မှု နဲ့ ဈေးကွက်ထိုးဖောက်ခြင်းပါပဲ) Peter Drucker က ဆိုပါတယ်။
Marketing 3.0 မှာ အဓိကတင်ပြချင်တာတော့.....
ခေတ်မှီပေါ်လာတဲ့ နည်းပညာကို အသုံးချနိုင်ဖို့ လိုအပ်လာပါတယ်။
ဖောက်သည်တွေကို CSR/ CSV ပိုမိုတန်ဖိုးထားဖို့ လိုအပ်လာပါတယ်။
B2C ထက် B2B ပုံစံနဲ့ ဈေးကွက်ပေါင်းစည်းချိတ်ဆက်မှု လိုအပ်လာပါတယ်။
ဈေးကွက်ပညာရှင်ကြီး Philip Kotler ရဲ့ အကြံပေးချက်အရ…
Good Companies will meet Need ကောင်းမွန်တဲ့ ကုမ္ပဏီတွေက လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတယ်
Grate Companies will create Market ကြီးကြယ်မြင့်မြတ်တဲ့ ကုမ္ပဏီတွေက ဈေးကွက်တွေကို ဖန်တီးပေးတယ်
Everything is Marketing - အရာရာဟာ ဈေးကွက်ဖော်ဆောင်မှုပါပဲ၊ The More you Give . . . The More you Get များများပေးလေလေ... များများရရှိလေလေ ဆိုတဲ့ သဘောရှိပါတယ်။ If you want the “Best” do the Best အကောင်းဆုံးကို မျှော်လင့်ရင် အကောင်းဆုံးကြိုးစားဖန်တီိးဖို့ အကြံပေးဟောပြောရင်း…
လေးစားလျှက်
ဇင်ဖြိုးပိုင် (MESI Institute)
------------------------------------
Marketing, HR, Entrepreneurship and Management ဟောပြောချက်များကို MESI Page ၏ https://www.facebook.com/pg/EntrepreneurSME/videos/?ref=page_internal တွင် (ကြည့်ရှုလေ့လာနိုင်ပါတယ်)
MESI ရန်ကုန်-မန္တလေး-တောင်ကြီး သင်တန်းကျောင်းများမှာ အားပေးတက်ရောက်နေကြတဲ့ EDBM ဒီပလိုမာ (Batch 1, 2, 3, 4, 5, 6, 7, 8, 9) တန်းခွဲများနှင့် မြန်မာနိုင်ငံအနှံ့မှ ဖောက်သည်အဖွဲ့အစည်းအားလုံးသို့ ကျေးဇူးတင်ရင်း - အွန်လိုင်းမှ အသိပညာလေ့လာနေကြသူများအားလုံးသို့ အထူးပင်ကျေးဇူးတင်ရှိပါတယ်။
အခွင့်အလမ်းသစ်များ ဖန်တီးပုံဖော်ရင်း အားလုံးတိုးတက်နိုင်ပါစေ >> Thanks for your Time (ကျေးဇူးအထူးတင်ပါတယ်)
Friday, November 24, 2017
Very Nice Music....Indonisa Sasando instrument Oceania !
မြန်မာပြည်က ဗန်ဒါပင်တွေ ရွှေဖြစ်ပြီ
“ဗန်ဒါသီး”စေ့ အကြောင်းသိကောင်းစရာ
မြန်မာပြည်မှာ ဗန်ဒါပင်(ဗန်ဒါသီး)လို့အလွယ်ခေါ်လေ့ရှိတာကြောင့်၊“ဗာဒံပင်” ဆိုတဲ့ သူ့မူလအမည် ပျောက်ကွယ်နေပါတယ်။အင်္ဂလိပ်အမည်ကတော့ Indian Almond ပါတဲ့။
ဗာဒံစေ့နဲ့ပတ်သက်ပြီးလူနဲ့တည့်တယ်၊ ကျန်းမာရေးကောင်း တယ်၊ အသားအရေကို ကောင်းစေတယ်စတဲ့အခြေခံ ဗဟုသုတလောက်တော့လူတိုင်းသိကြမှာပါ။ သို့သော် ဗာဒံစေ့နဲ့ပတ်သက်ပြီး၊ ကျန်းမာရေးအကျိုးကျေးဇူးတွေ ဘယ်လောက်တောင်များပြားတယ် ဆိုတာသိနိုင်ကြပါစေရန် မျှဝေရေးသားလိုက်ရပါ တယ်။
ဗာဒံပင်ကအကြီးမြန်ပြီး၊အရွက်တွေ ကလည်းတဆင့်ပြီးတဆင့် အတက်မြန်တာကြောင့် မြန်မာနိုင်ငံမှာ အရိပ်ရအပင်အဖြစ် စိုက်ပျိုးလေ့ရှိကြပါတယ်။ အပင်ကိုပေါပေါများများမြင်တွေ့နေရတာရယ်၊ အပင်အောက်မှာ ကလေးငယ်အချို့ကြွေကျလာတဲ့ အသီးကို အုတ်နီခဲအကျိုးဖြင့် ထုခွဲစားနေကြတာရယ်ကြောင့် အရိပ်ရပင်မှရတဲ့အစေ့ရဲ့ကျန်းမာရေးတန်ဖိုးကို သတိမမူမိကြပါ ဘူး။
ယနေ့နိုင်ငံ တကာမှာတော့ ဗာဒံစေ့နဲ့ ၎င်းမှရတဲ့အဆီကို တန်ဖိုးထားစားသုံးနေကြပါပြီ။ ဗဟုသုတအနေဖြင့် မျှဝေရပါလျှင် ဂရိ နိုင်ငံရဲ့ မင်္ဂလာဆောင်တွေမှာ ဗာဒံစေ့ကို “wedding sweets” အဖြစ်အထူးတလည်ဧည့်ခံနေကြပါတယ်။
အီရန်နိုင်ငံမှာ တော့ NewYear ပါတီပွဲတို့လို ထူးထူးခြားခြားနှစ်ပတ်လည် ဧည့်ခံပွဲတွေမှာပင်လယ်မှ ဆားဖြင့်အငံဖောက်ထားတဲ့ဗာဒံစေ့ လှော်နဲ့ဧည့်ခံလေ့ရှိပါတယ်တဲ့။ မော်ရော့ကိုနိုင်ငံရဲ့ အရေးကြီးအခမ်းအနား များမှာဗာဒံစေ့မှုန့်ရောထားတဲ့ နွားနို့က မပါ လျှင်မပြီးပြန်ပါဘူး။ pasanda-style (ခေါ်) အိန္ဒိရိုးရာဟင်းလျာမှာလည်း ဗာဒံစေ့ကိုဟင်းခတ် အမယ်အဖြစ် ထဲ့ချက်ပေးရပါတယ် တဲ့။
ဗာဒံစေ့ကအေးမြစေတဲ့အစွမ်းသတ္တိရှိတာကြောင့်လည်းပူပြင်းခြောက်သွေ့တဲ့ပါကစ္စတန်နိုင်ငံရဲ့နွေရာသီများမှာ ဗာဒံစေ့ နဲ့ဖော်စပ်ထားတဲ့ Almond sherbet ဖျော်ရည်ကို summer drink အဖြစ် အထူးတလည်သောက်သုံးကြတယ်လိုသိရပါတယ်။
ကမ္ဘာ့အသိအမှတ်ပြု USDA ရဲ့ ဓာတ်ခွဲစမ်းသပ်ချက်များအရ ၁ဝဝ-ဂရမ်အလေးချိန် ရှိတဲ့ ဗာဒံစေ့ထဲမှာ၊ လူသားတို့ကျန်းမာရေး ကိုကောင်းကျိုးဖြစ်စေတဲ့ ခွန်အား ၅၇၆ ကယ်လိုရီ၊ ကစီဓာတ် ၂၁.၆၉ ဂရမ်၊ကော်ဓာတ် ဝ.၇၄ ဂရမ်၊ သကြား ၃.၈၉ ဂရမ်၊ ချေဖျက်လွယ်သောအမျှင်ဓာတ် ၁၂.၂ဝဂရမ်၊ အဆီဓာတ် ၄၉.၄၂ ဂရမ်၊ ပရိုတင်း ၂၁.၂၂ ဂရမ်၊ လိုင်စင်း ဝ.၅၈ဝရမ်၊ရေဓာတ် ၄.၇ ဂရမ်၊ ဗီတာမင်အေ ၁ IU၊ သီအာမင်(ခေါ်) ဗီတာမင်ဘီ(၁) ၁၈%၊ ရီဘိုဖလာဗင်(ခေါ်)ဗီတာမင်ဘီ(၂) ၈၅%၊ င်္နအာစင်း (ခေါ်) ဗီတာမင်ဘီ(၃) ၂၃%၊ဗီတာမင်ဘီ(၅) ၉%၊ ဗီတာမင်ဘီ(၆) ၁၁%၊ ဖောလိပ်(ခေါ်) ဗီတာမင်ဘီ(၉) ၁၃%၊ ချိုလင်း ၁၁%၊ ဗီတာမင်အီး ၁၇၅%၊ ကယ်လ်စီယမ် ၂၆%၊ သံဓာတ် ၂၉%၊ မဂ္ဂနီစီယမ် ၇၅%၊ မဂ္ဂနီးစ် ၁ဝ၉%၊ ဖော့စဖရက် ၆၉%၊ ပိုတက်စီယမ် ၁၅% နဲ့ ဇင့် ၃၂% တို့အသီးသီးပါရှိကြပါတယ်။
ဒါကြောင့်လည်း ဗာဒံစေ့တွေဟာ အသားအရေနုကို ပြန်လည်ပျိုစေကာ၊ မှတ်ဉာဏ်စွမ်းအားများလည်း ကောင်းစေလို့ကျား/မ အရွယ်(၃)ပါးအားလုံး စားသုံးပေးကြရန် USDA က အကြံပြုထားပါတယ်။
အူသိမ်၊ အူမများနဲ့ အတွင်းပိုင်းအကျဆုံး အူများအားလုံးကိုသန့်စေပါတယ်။ လူတစ်ယောက်ရဲ့အသားအရေဟာ သူစားသုံးလိုက်သောအစာချေဖျက်အင်္ဂါ အဖွဲ့အစည်းရဲ့အလုပ်လုပ် နိုင်စွမ်းအားနဲ့တိုက်ရိုက်အချိုးကျနေပါတယ်။
အစာချေဖျက် အင်္ဂါများအားနည်းလာတဲ့အခါဝမ်းချုပ်ခြင်းကိုဖြစ်စေပြီး၊ဝက်ခြံစို/ဝက်ခြံခြောက် တွေပေါက်လာစေပါတော့တယ်။ ဗာဒံစေ့ကိုမှန်မှန်စားပေးခြင်းဖြင့် အစာအိမ်ထဲရှိအကျိုးပြု ဗက်တီးရီးယားများကိုလှုံ့ဆော်ပေးတာကြောင့်အစာချေဖျက်မှုကိုအားပေးကာ၊ ဝမ်းပုပ်များသက်စေပြီး၊ အစာချေအင်္ဂါ အဖွဲ့အစည်းသန့်စင်သွားတာကြောင့်၊ အသားအရေတွေလည်း မညစ်ညမ်းတော့ပါဘူး။ ဗီတာမင်အီး ရရှိရာအရင်းအမြစ်ကိုပြပါဆိုရင် ဗာဒံစေ့ကိုသာ လက်ညှိးထိုးလိုက်ပါ။
ဝက်ခြံစို/ဝက်ခြံခြောက်/ဆားဝက်ခြံ အမျိုးမျိုးနဲ့မျက်နှာပေါ်ရှိအမည်းစက်များ၊အမာရွတ်များအတွက် ဘယ်လိုပင်မိတ်ကပ်ကောင်းကောင်းလိမ်းပါသော်လဲ မပျောက်နိုင်တဲ့အခါ စိတ်ညစ်ရပြီး၊ငွေကြေးတတ်နိုင်သူများလည်း အရေပြားအထူးကု ဆရာဝန်တွေနဲ့ပြသကြည့်ကြရာ၊ဆရာဝန်တိုင်းက အသားအရေကောင်းစေဖို့ ဗီတာမင်အီး ဆေးတောင့်လေးတွေ တိုက်ကျွေး လေ့ရှိပါတယ်။ အဲဒီဗီတာမင်အီး ဆေးတောင့်တွေနဲ့ဗီတာမင်အီးဓာတ်ပါတဲ့ ဆေးတွေအားလုံးကို Alpha-Tocopherol ဓာတ် ပစ္စည်းနဲ့ဖော်စပ်ထားတာကြောင့် အသားအရေကို ကြည်လင်ဝင်းမွတ်တောက်ပလာစေပါတယ်။
ဗာဒံစေ့ဟာ ဗီတာမင်အီး ကြွယ် ဝရာအရင်းအမြစ်ဖြစ်တာကြောင့် ဝက်ခြံပေါက်သူတွေသာမက၊ အရေပြားရောဂါရှိ သူများလည်း မဖြစ်မနေစားသင့်ပါတယ်။ အရွယ်နုပျိုဆေးသဖွယ် အားကိုးထိုက်ပါတယ်။
ဗာဒံစေ့ကို မှန်မှန်စားတဲ့အပြင်၊ ဗာဒံစေ့ဆီနဲ့ပါမျက်နှာကို အသာအယာနှိပ်နယ်ပေးခြင်းဖြင့် အရွယ်မတိုင်မီ မျက်နှာအရေးကြောင်းတွေမဖြစ်စေတော့ပါဘူး။ အသားအရေလည်း ပိုညက်ညောလာပါတယ်။ မျက်ကွင်းညိုသူတွေ မျက်လုံးအောက်တဝိုက် ဗာဒံဆီမှန်မှန် လိမ်းပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်း မျက်ကွင်းညိုများသိသိသာသာ လျော့ပါးသွားစေပါတယ်။
(မျက်လုံးထဲ ဆီမဝင်အောင် ဂရုစိုက်လိမ်းပါ)
နှလုံးအတွက် သူငယ်ချင်းကောင်းလို့ဆိုရမှာပါဘဲ။ အရိုးရှင်းဆုံးပြောရရင် ဗာဒံစေ့က နှလုံးရောဂါဖြစ်ခြင်းမှကာကွယ်ပေးပါတယ်။ ဗာဒံစေ့ထဲမှာပါတဲ့ အမျှင်ဓာတ်တွေဟာ ခန္ဓာ ကိုယ်က အစားအစာထဲမှာ ပါလာတဲ့ပြင်ပအဆီတွေစုပ်ယူခြင်းကို ပိတ်ပင်ဟန့်တားပေးပါတယ်။
ဒါ့ပြင်ဗာဒံစေ့ထဲမှာ ဗီတာ မင်အီး၊ ပြည့်ဝဆီများ၊ မဂ္ဂနီစီယမ် နဲ့ခန္ဓာကိုယ်အကျိုးပြုဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ အလုံအလောက်ပါဝင်နေတာမို့နှလုံးသွေးလည်ပတ် စီးဆင်းမှုအားကောင်းစေပါတယ်။ ဒါတင်မကသေးပါဘူး။သွေးထဲရှိ ကိုလက်စထရောပမာဏကို ချပေး တာကြောင့်နှလုံးကျမ္မာလာစေပါတယ်။
မှတ်ဉာဏ်နဲ့ကိုယ်ခံစွမ်းအားတွေတိုးပွားစေပါတယ်။ အယ်လ်ဇိုင်းမား(ခေါ်)ဦးနှောက်ဇရာကြိုရောဂါသက်သာဆေးများ၊ကိုယ်ခံစွမ်းအားကောင်းဆေးနဲ့မှတ်ဉာဏ်ကောင်းဆေးတွေကို ရီဘိုဖလာဗင်၊မဂ္ဂနီစီယမ်ဓာတ်တွေနဲ့ဖော်စပ်ထားခြင်းဖြစ်ပါတယ်။ အဲဒီဓာတ်တွေအလုံအလောက်ပါတဲ့ ဗာဒံစေ့ကိုစားပေး ခြင်းဖြင့် တစ်နေကုန်လန်းဆန်းလာစေပါတယ်။
အယ်လ်ဇိုင်းမားဝေဒနာရှင်များ ဗာဒံစေ့ကိုဖြည့်စွက်စာအားဆေးအဖြစ် မဖြစ် မနေ စားပေးသင့်ပါတယ်။
ဝဖြိုးခြင်း ကိုတားဆီးပေးပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်၊ကစီဓာတ်တွေနဲ့ အာဟာရသိဒ္ဓိပြည့်ဝတဲ့ဗာဒံစေ့ကိုစားလိုက်တဲ့အခါ၊ နောက်ထပ်အစာစားချင်စိတ်ကိုချိုးနှိမ်ပေးတာမို့အချိန်တော်တော်ကြာအောင် အဆာခံနိုင်သွားပါတယ်တဲ့။ ဒါ့ပြင် ဗာဒံစေ့ထဲမှာပါရှိတဲ့ အကျိုးပြုပြည့်ဝဆီများက ဗိုက်ခေါက်အဆီများကိုချပေးနိုင်တာကြောင့် ဝဖြိုးသူများနဲ့အဆီတွေအိတွဲကျသူများ ဗာဒံစေ့ကို စားပေးကြပါလို့ USDA ကအကြံပြုထားပါတယ်။
Via:ကိုထွန်း
Ref:http://www.sashalin.today/8271
ဘုရားမဟုတ် ညာတင်ကုတ် – မသိသူကျော်သွား…သိသူဖော်စား ရှယ် သွားလိုက်ပါ။
ဘုရားမဟုတ် ညာတင်ကုတ် – မသိသူကျော်သွား…သိသူဖော်စား ရှယ် သွားလိုက်ပါ။
ဘုရားမဟုတ် ညာတင်ကုတ်
ဘုရားမဟုတ် ညာတင်ကုတ်
ဒီတစ်ခါတော့ လောကီဗဟုသုတ အကြောင်းလေးပြောပြပါမယ် မိမိမှာရှိခဲ့ရင်လည်း ဘာလုပ်ရမှာလည်း ဆိုတာ သိရအောင်လို့ပါ😁
ဘုရားမဟုတ် ညာတင်ကုတ် ကိုင်ကြည့်လက်တစ်ဆုပ် ပညာခန်း တစ်ခန်းမြုပ် လူပ်ကြည့်တကုတ်ကုတ် သိသူဖော်စား မသိသူကျော်သွား…တဲ့
ဒီအကြောင်းပြောရရင် ရာဇဝင်များတယ် တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုဘဲ အယူဆများပါတယ်။
တစ်ချို့ကလည်း ဆေးညာတင်ကုတ်ဆိုပြီး ရှိပြန်ပါတယ်။ အမျိုးမျိုးပေါ့။
ညာတင်ကုတ် ဆိုတာ ရှေးလောကီပညာရှင်တွေက စီမံခဲ့တာပါ။ ဘုရားမဟုတ်ပါ။ ဂမ္ဘီရ ပစ္စည်းတစ်ခုသာဖြစ်ပါသည်။ အဓိက ကတော့ အဂ္ဂိရတ်သမားတွေတွက်လို့ပြောပါတယ်။ အတုတွေလည်းပေါပ ။မြန်မာနိုင်ငံမှာတော့ စျေးကြှီးပေးဝယ်ကြပါတယ်။
သူ့ရဲ့အစွမ်းက အစစ်ဆိုရင် လိုတရတယ်လို့တောင်ပြောပါတယ်။ တစ်ချို့ကလည်း ဘာပြီးညာပြီးလို့ ပြောကြပါတယ်။ မြန်မာပြည်မှာ တစ်ချို့က ၁၃ခု တစ်ချို့က ၁၂ခု တစ်ချို့ကလည်း ၃ခု ၅ခု ၂ခုဘဲရှိတယ်လို့ပြောကြပါတယ် စာရေးသူလည်းအသေချာမသိပါ။သိသလောက်ပြောရရင် (စာတွေ့ပါ)
ညာတင်ကုတ် မှာ ပြဒါးရည် အလိုက် အဖြူ အနီကွဲပါတယ်။၄.၆စင်တီမီတာရှိတယ်လို့လည်းပြောကြပါတယ်။ထုပ်တန်းပေါတင် ဆွမ်းကပ်ပါက မျက်နှာတစ်ဖက်လွဲသွားပါတယ်တဲ့။ ပြဒါးရည် ပြဒါးရှင်နှင့်ပြုလုပ်ထားတဲ့တွက် အစွမ်းထက်ပါတယ်။
အထဲမှာပြဒါးလုံးရှိပါတယ်။ဖယောင်းတိုင်မီးကပ်ဆွဲပါက ၃ပေကျော်ထိလိုက်ပါတယ်တဲ့။
ရွှေထည့်ရင်ဖြူကာ ငွေထည့်ကနီသောရပ်ထုများလည်းရှိပါတယ်။
ပြဒါးခဲသောရုပ်ထုသည် ပလ္လင် အောက်၌ပြဒါး၅ကျပ်သား တင်ခဲနိုင်သော သပိတ်ခြမ်းပါသည်ဟု ပြောကြပါသည်။ရုပ်ထု၌မခဲ့ပါ။
မိူကိုးချက်ပါသည်ဟုပြောကြပါသည်။အင်းကွက်ပါခြင်းပလ္လင်အောက်၌ လက်ဗွေရာပါရှိခြင်း ကျော်ဘက်၌ စ.ဓ.ဗ.ဝအင်းပါသည်ဟုပြောကြပါသည်။ယခုပု့တစ်ချို့မှာက ရင်ဘက်၌သာတွေ့ရပါသည်။မမြင်ဘူး၍မသိပါ။
ထူခြားမူက လုံထဲထည့်ကျိုပြီး အခြားလုံဆေါင်တစ်ခုထဲသို.လောင်းထည့်ပါက ပုံစံတူအတိုင်းပြန်ရပါသည်။
၃ခါလုပ်က ၃ခုရသည့်သဘောပါ။စက်နိူးထားသော ကားဒက်ဘုရ်ပေါ် တင်ပါက ကားစက်သေပါသည်။
ကားစက်ပြန်နိူးမရပါ။ပြဒါး၅၀သားထည့်ထားသော စတီးကျိုင့်ထဲ့ ထည့်ပါ က မလဲဘဲ ဘေးဘယ်ညာသို့ပြောင်းထိုင်ခြင်း ထိုင်နေသောခါ မင်းကိုယ် ရောင်းခွင့်မရှိပါက ထူးခြားမူ့ပြပါဟု ပြောပါက ပြဒါးထဲသို့ ဝင်သွားပါလိမ့်မည်။
သိမ်ဝင်အပ်နဲ့ထိုးပါက အပ်ခေါင်းပေါ်မှာဝဲခြင်း ဖြစ်ပါလိမ့်မည်။ထိုးစိုက်မရပါ။
ပြဒါးအဖြူသေထက် အနီသေက ပိုစွမ်းပါသည်။
သို့သော်အဖြူကို တွေ့ရခဲပါသည်။ပြဒါးအဖြူသေကို ညာတင်ကုတ် အဖြူဟုခေါ်ပါသည်။
သာမာန်လူသုံးစွဲပါက မိမိလိုအပ်သောသူကို အရုပ်ကိုင်ပြီး ပါးစပ်ကပြောပါက နောက်နေ့ရောက်လာ၏။လိုရာ ဖြည့်ဆည်း ပေး၏။သာမာန်လူများအဖို့ကား သီလသမာဓိ ကိုယ်မှာရှိရ၏။
အစစ်သည် မိူကိုးချက် လေးကွက်အင်း လက်ဗွေရာများရှိသည်။အရည်လောင်းသော်လည်း အေးပါက ဤအတိုင်းပြန်ဖြစ်သည်။
၎င်းပစ္စည်းသည် သိဒွိဝင်ပစ္စည်းဖြစ်၍ ဘုရားတည်ကျောင်းဆောက် သာသနာပြုလုပ်ငန်းများ၌များစွာအသုံးဝင်သည်။သာမာန်လူအဖို့ကား ပီယ ဓန ပီယသျို မျှသာ အသုံးဝင်လိမ့်မည်။ လောကီလမ်းဘက်သာ အားပေးသည်ဟုသိရသည်။
အစစ်ဖြစ်ပါက ဝိသမ လောဘသားများ ရောင်းဝယ်ပါကမိသားစုအားခိုက်၏။ အန္တရာယ် များ၏။သတိထားပါ။လက်ထဲကိုင်ထား ပြီးလောဘနှင့်လိုက်မရောင်းရပါ။
ပြဒါးကပ်တယ် မီးဆွဲတယ် အသားပြရင် မျက်နှာလွဲတယ် အပ်ဝဲတယ် အင်းကွက်ပါတယ်
ဝယ်သူလာရင် အိပ်မက်ပေးတယ်။ဝယ်သူလာရင် အစွမ်းမပြဘူး။မီးနှင့်ပခုံးပေါ် ဝိုက်ဆွဲပါက ကြား၌ သက်တန့် ရောင်ထွက်သည်။
မှတ်ချက် ။ ။ ဖတ်ဖူးသမျှကိုသာ မျှဝေခြင်းဖြစ်ပါသည်။
ဘာမှမသိပါ။ ဗဟုသုတ အလိုငှါတင်ပြခြင်းဖြစ်ပါသည်။
မူရင်းတင်းပြပေးသူများအား လေးစားစွာ Credit ပေးပါသည်။
ငွေမဲကြီးစိုးတဲ့ မြန်မာ့ဈေးကွက်
16 နိုဝင်ဘာ၊ 2017 
လွန်ခဲ့တဲ့ အောက်တိုဘာလမှာ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံကို ရောက်စဉ်က ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်းနဲ့ လျှပ်စစ်စွမ်းအင်လုပ်ငန်းတွေမှာ (၂) နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှု စာချွန်လွှာကို လက်မှတ်ထိုးပါတယ်။ နိုဝင်ဘာလရောက်တော့ ရူပီးငွေ (၅၀၀) တန်နဲ့ (၁၀၀၀) တန်တို့ကို အသုံးမဝင်တော့ကြောင်း အိန္ဒိယအစိုးရက ကြေညာပါတယ်။ အိန္ဒိယနိုင်ငံသား (၅၀) ရာခိုင်နှုန်းမှာ ဘဏ်စာရင်းမရှိတဲ့အတွက် ငွေမဲနဲ့ ငွေတု ပပျောက်အောင်လုပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ငွေမဲကို ခဝါချလို့ တရားဝင် ငွေကြေးဖြစ်လာရင် ပုံမှန်စီးပွားရေးမှာ ဝင်ဆံ့သွားပြီး အရင်းအနှီး ဖြစ်လာလို့ စီးပွားရေးကို တိုးတက်စေသလို ထင်ရပါတယ်။
ဒါပေမဲ့ ရေရှည်အတွက် မကောင်းပါဘူး။ တိုင်းပြည်စီးပွားရေး အစိတ်အပိုင်း တော်တော်များများဟာ ခဝါချထားတဲ့ ငွေမဲနဲ့ မသမာငွေကြေးအဖြစ် လူတစု လက်ထဲရောက်နေတာဟာ စီးပွားရေး ကမောက်ကမ ဖြစ်စေပါတယ်။ ဈေးနှုန်းအဆမတန် မြင့်မားမှု၊ မမျှတတဲ့ ပြိုင်ဆိုင်မှု၊ အဂတိလိုက်စားမှု စတာတွေကြောင့် ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားလာပါတယ်။ မူးယစ်ဆေးကရတဲ့ ငွေမဲကို ခဝါချပြီး သုံးနေတာဟာ စီးပွားရေး တိုးတက်မှုနှုန်းကို ဆုတ်ယုတ်စေတယ်လို့ ဆိုပါတယ်။ ငွေမဲခဝါချမှုကြောင့် ငွေကြေးအဝင်အထွက် မမှန်းဆနိုင်လို့ ငွေဖလှယ်မှုနဲ့ ဘဏ်တိုးနှုန်း မတည်မငြိမ် ဖြစ်ရတယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးကရတဲ့ ငွေမဲဟာ စစ်အစိုးရရဲ့  ဈေးကွက်စီးပွားရေးမှာ တရားဝင် အရင်းအနှီး ဖြစ်လာပါတယ်။ မူးယစ်ဆေး ထုတ်လုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ အစိုးရတပ် အပစ်အခတ် ရပ်စဲလိုက်တဲ့အခါမှာ သူတို့ရဲ့  ငွေမဲကို စစ်အစိုးရက တရားဝင် အသိအမှတ်ပြုပါတယ်။ မူးယစ်ဆေးနဲ့ ကျောက်မျက်မှောင်ခိုတွေ     ကြီးပွားလာပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး နဲ့ မူးယစ်ဆေး ရောထွေယှက်တင် ဖြစ်လာပါတယ်။ ပြည်သူစစ်နဲ့ ဘိန်းမှောင်ခိုတဖြစ်လဲ လော်စစ်ဟန်ဟာ စစ်တပ်ကို အကျိုးပြုနိုင်တဲ့အတွက် စစ်အစိုးရက အခွင့်ထူးပေးလို့ အချမ်းသာဆုံး ဖြစ်လာပါတယ်။ လော်စစ်ဟန်ရဲ့  Asia World ကုမ္ပဏီကို သားဖြစ်သူ Steven Law (ခေါ်) ဦးထွန်းမြင့်နိုင်က ဆက်ခံပါတယ်။ နေပြည်တော် တည်ဆောက်မှု နဲ့ အခြားလုပ်ငန်းတွေမှာ Asia World အဓိက ပါဝင်ပြီး ရန်ကုန် အလုံဆိပ်ကမ်းတခုလုံးကိုလည်း ပိုင်ပါတယ်။
ဈေးကွက်ခေတ် ပုဂ္ဂလိက ဘဏ်တည်ထောင်ခွင့်ပေးချိန်မှာ ငွေရင်းထုတ်နိုင်သူဟာ ဘိန်းမှောင်ခိုနဲ့ အခွင့်ထူးခံ ခရိုနီတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တည်ထောင်ထားတဲ့ဘဏ်မှာ ငွေကြေးခဝါချတာ မဆန်းပါဘူး။ ကိုးကန့်တရုတ် ဦးအိုက်ထွန်းရဲ့  အာရှဓနဘဏ်နဲ့ ရှမ်းတရုတ် ဦးကျော်ဝင်းရဲ့  Mayflower ဘဏ်ကို ၂၀၀၅ မှာ ပိတ်လိုက်ပါတယ်။ ဦးအိုက်ထွန်းဟာ ရွှေတောင်ကုမ္ပဏီကို တည်ထောင်ပြီး လုပ်ငန်းမျိုးစုံမှာ     ရင်းနှီးမြုပ်နှံနေပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရန်ကုန်မြို့ က အဓိက အချက်အချာကျတဲ့ မြေနေရာတွေကို ရွှေတောင်ကုမ္ပဏီက ဆက်တိုက်ရရှိခဲ့ပါတယ်။ ငွေမဲကြောင့် နေ့ချင်းညချင်း ဦးအိုက်ထွန်း ချမ်းသာလာတာလို့ ဆိုပါတယ်။ တချို့ ကလည်း တရုတ်ကုမ္ပဏီကိုယ်စား စီးပွားရှာနေတာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဦးတေဇလို အခွင့်ထူးမရဘူးလို့ ဦးအိုက်ထွန်းက ညည်းတွားကြောင်း သိရှိရပါတယ်။
အခုတော့ ဗိုလ်ချုပ်မှူးကြီးတွေနဲ့ ရင်းနှီးသူအဖြစ် လူသိများတဲ့ ဦးအောင်ကိုဝင်းရဲ့  ကမ္ဘောဇဘဏ်ဟာ မြန်မာပြည်မှာ အကြီးဆုံး ပုဂ္ဂလိကဘဏ် ဖြစ်လာပြီး၊ ကျောက်မျက်လုပ်ငန်းနဲ့ လေကြောင်းလိုင်းကိုပါ တည်   ထောင်ထားပါတယ်။ ရှမ်းပြည်နယ်မှာ ဗိုလ်ချုပ်ကြီးမောင်အေး တိုင်းမှူးလုပ်စဉ်က ဦးအောင်ကိုဝင်းဟာ      ကျောက်မျက်လုပ်ငန်းမှာ အခွင့်ထူး ခံစားရသူ ဖြစ်ပါတယ်။ စစ်အုပ်စု ရရှိထားတဲ့ မသမာငွေကြေးကို ခရိုနီပိုင်ဘဏ်တွေက ခဝါပေးတယ်လို့ မယုံသင်္ကာ ဖြစ်သူတွေလည်း ရှိပါတယ်။ ကမ္ဘောဇဘဏ်ဟာ ငွေကြေးခဝါချမှုကို ဟန့်တားရမယ့်တာဝန်ကို ကောင်းကောင်းသိပုံ မရဘူးလို့ FATF – Financial Action Task Force က ကြေညာထားတာ ရှိပါတယ်။ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးထွန်းမြင့်နိုင်၊ ဇေကမ္ဘာဦးခင်ရွှ၊ ယုဇနဦးဌေးမြင့်၊ ဦးမိုးမြင့်၊ ဦးအိုက်ထွန်းစတဲ့ ခရိုနီကြီးတွေကို လူသိများပါတယ်။
အိန္ဒိယလိုပဲ မြန်မာပြည်မှာ ဘဏ်တိုက်မှာ မအပ်တဲ့ငွေတွေ အများကြီး ရှိတယ်လို့ မတ်လထုတ် အမေရိကန်နိုင်ငံခြားရေးဌာန “နိုင်ငံတကာ မူးယစ်ဆေး ချုပ်ကိုင်ရေး မဟာဗျူဟာအတွဲ (၂)” မှာ ဖော်ပြထားပါတယ်။ ငွေကြေးခဝါချမှုနဲ့ ဘဏ္ဍာရေးပြစ်မှု Money Laundering and Financial Crime ကို သီးသန့်ဖော်ပြထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှု မရှိတဲ့အပြင် အရေးယူခံရမယ့် အလားအလာနည်းတာဟာ    ငွေကြေးခဝါချဖို့ အခြေအနေပေးတာ ဖြစ်ပါတယ်။ ကမ္ဘာမှာ ဘိန်းဖြူ ဒုတိယအများဆုံး ထုတ်လုပ်ပြီး၊ ဒေသတွင်းမှာ စိတ်ကြွဆေး အများဆုံးထုတ်နေတာ မြန်မာပြည်ပါ။
အရွယ်ရောက်သူ မြန်မာပြည်သားတွေထဲမှာ ဘဏ်စာရင်းရှိသူက (၂၅) ရာခိုင်နှုန်းပဲ ရှိပါတယ်။ လက်ငင်းငွေချေပြီး စီးပွားရေးလုပ်ကိုင်ကြတာမို့ မသမာငွေကြေးကို ဖမ်းဆီးနိုင်ဖို့ ခက်ခဲပါတယ်။ ဥပဒေအရ ဖွင့်ခွင့်မရှိပေမယ့် မြန်မာ-တရုတ်နယ်စပ်မှာ Casino ကစားဝိုင်း (၅) ခု ရှိပါတယ်။ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအတွက် ကွန်ပြူတာစနစ် အားကောင်းဖို့ လိုပေမယ့် မြန်မာပြည်မှာ စာရွက်စာတမ်း အားကိုးနေရတုန်း ဖြစ်ပါတယ်။ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအတွက် လိုအပ်တဲ့ စွမ်းရည်တွေ မြန်မာအဖွဲ့အစည်းတွေမှာ     ချို့ တဲ့နေသေးကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန “နိုင်ငံတကာ မူးယစ်ဆေး ချုပ်ကိုင်ရေး မဟာဗျူဟာ အတွဲ (၂)” မှာ ဖော်ပြထားပါတယ်။
*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***
ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!