ပို့ကုန်မှ နိုင်ငံခြား ဝင်ငွေ တိုး မြှင့်ရရှိလာ အောင်နှင့် ပြည်ပပို့ကုန်မှ နိုင်ငံ ခြားဝင်ငွေများရရှိလာအောင် ဆောင်ရွက် ကြရန်ဖြစ် ပါသည်။ (ဥပမာ- အာရှကျား များ၏ Gross Domestic Saving နှင့် Gross Domestic Investment တို့ကို တစ်နှစ်ထက်တစ်နှစ် တိုး၍ ရရှိလာအောင် ဆောင်ရွက်ခဲ့ပုံ)
၂။ ဒုတိယအဆင့်မှာ ရင်းနှီးမြှုပ်နှံမှုအတွက် ငွေကြေးပိုမိုစုဆောင်းရရှိစေရန် ပြည်ပမှ ချေးငွေနှင့် ထောက်ပံ့ငွေတို့ကိုရယူ ဆောင်ရွက်လေ့ရှိပါသည်။ Official Development Assistant ကို အဓိကမှီခို အားထားခဲ့ကြပါသည်။ မူလက စက်မှု ဖွံ့ဖြိုး ပြီးနိုင်ငံများက ၄င်းတို့ GDP ၏ ၁ ရာခိုင်နှုန်းအထိ ထောက်ပံ့နိုင်ခဲ့ခြင်း မရှိခဲ့ပါက (ဥပမာ- ၄င်းနိုင်ငံ များ၏ ၂၀ဝ၉ GDP မှာ ဒေါ်လာ ၄၁,၆၀ဝ ဘီလီယံဖြစ် ခဲ့ပါတယ်။ (၁ ရာခိုင်နှုန်း=၄၁၆)) လက်ရှိ တွင် စုစုပေါင်း ဦဗ မှထောက်ပံ့ပေးခဲ့သည့် ငွေပမာဏမှာ ဒေါ်လာ ၁၂၀ ဘီလီယံခန့်သာ ရှိပါ၍ ၄င်းတို့ GDP ၏ ဝ ဒသမ ၂၅ ရာခိုင်နှုန်းခန့်သာ ထောက်ပံ့ပေးခဲ့ပါသည်။
ပြည်ပမှ ODA ကို မျှော်ကိုး၍ နိုင်ငံ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးလာအောင် စွမ်း ဆောင်ပေးနိုင်မှု များစွာမရှိပါ။ ထို့ကြောင့် ပြည်ပမှချေးငွေနှင့်ထောက်ပံ့ငွေရ ယူဆောင်ရွက်ခြင်းကိုပေါင်းကူးတံတား အဆင့်တစ် ခုအနေဖြင့်သာ ထားရှိ ဆောင် ရွက်လေ့ရှိကြပါသည်။ CBC Bailroom (ဆရာစံပလာဇာ)၊ ဆရာစံလမ်းနှင့် တက္ကသိုလ်ရိပ်သာ လမ်းသစ်ထောင့်
၃။ တတိယအဆင့်မှာ ပြည်ပမှချေးငွေနှင့်ထောက်ပံ့ငွေဆောင်ရွက်သည့် အဆင့်ကို ပေါင်းကူးတံတား အနေဖြင့်သာ ထားရှိပြီး မိမိကိုယ်တိုင် ကမ္ဘာ့ ငွေကြေးဈေး ကွက်သို့ ဝင်ရောက်၍ Bond Market မှ ငွေကြေးစုစည်းခြင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်း နှီးမြှုပ်နှံမှု (FDI) ပိုမိုစီးဝင်လာအောင် ဆောင်ရွက်ခြင်း၊ ပြည်တွင်းရှိဘဏ်များပိုမို စွမ်းဆောင်ရည် တိုးမြှင့်လာအောင်ကြိုးပမ်း ဆောင်ရွက်ပြီး ဘဏ်များမှချေးငွေတိုး၍ ရရှိလာအောင် ဆောင်ရွက်ခြင်းနှင့်ပြည် တွင်း၌ အများပိုင်ကုမ္ပဏီ (Public Company Limited) များ ကြီးထွားလာ အောင်ဆောင်ရွက်ပြီး စတော့ဈေးကွက်များ ထူထောင်၍ ရင်းနှီးငွေများ တိုး၍ ရရှိလာ အောင်ဆောင်ရွက်ခြင်း စသည်တို့ဖြစ်ကြပါ သည်။
စင်ကာပူနိုင်ငံသည် ၁၉၇၉ ခုနှစ် မှအစပြု၍ အာရှဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့မှ ကူညီ ထောက် ပံ့ငွေကိုရပ်ဆိုင်းခဲ့ပါသည်။ အလားတူပင်ကိုရီးယား၊ မလေးရှားနှင့် ထိုင်း နိုင်ငံတို့သည် လည်း ၁၉၈၅ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အတွင်း အလားတူ နိုင်ငံတကာ ဘဏ်များမှချေးငွေ ရယူခြင်းကို ရပ်ဆိုင်းခဲ့ ကြပြီး ကမ္ဘာ့ငွေကြေး ဈေးကွက်သို့  ၀င်ရောက်၍ တိုက်ရိုက် လိုအပ်သည့် ငွေကြေးများကို ချေးယူခဲ့ကြပါသည်။
၂၀ဝ၉-၂၀၁၀ ပြည့်နှစ်တွင်ကမ္ဘာ့ ငွေကြေးဈေးကွက်မှ စုစုပေါင်းဒေါ်လာ ၂၄၇ ဒသမ ၁ ထရီလီယံခန့်စုစည်းရရှိခဲ့ ကြောင်းတွေ့ရှိရပါသည်။ ၄င်းတို့အနက်-
စတော့မားကက်မှ ဒေါ်လာ ၃၉ ထရီလီယံ၊ Bond Market မှ ဒေါ်လာ ၉၁ ဒသမ ၂ ထရီ လီယံ၊ Bank Credit မှ ဒေါ်လာ ၉၈ ဒသမ ၅ ထရီလီယံ၊ FDI Inward Stock မှဒေါ်လာ ၁၈ ဒသမ ၄ ထရီလီယံ အသီးသီးဖြစ်ကြပါသည်။ ထိုကဲ့သို့ စုစုပေါင်း စုစည်းရရှိသည့် ငွေကြေးများအနက် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် စက်မှုဖွံ့ဖြိုး ပြီး နိုင်ငံများ ခွဲဝေရရှိသည့် အချိုး အစားမှာ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ဒေါ်လာ ၅၀ ဒသမ ၃ ထရီလီယံဖြစ်ပါသည်။ (စုစု ပေါင်း ၂၀ ဒသမ ၄ ရာခိုင်နှုန်း) စက်မှုဖွံ့ဖြိုး ပြီး နိုင်ငံများအနေဖြင့် ဒေါ်လာ ၁၉၆ ဒသမ ၈ ထရီလီယံ (စုစုပေါင်း၏ ၇၉ ဒသမ ၆ ရာခိုင်နှုန်း)။
အထက်ပါအတိုင်း စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများက ကမ္ဘာ့ငွေကြေးဈေးကွက်မှ ပိုမို စုစည်း ရရှိသည်နှင့်အညီ ၄င်းတို့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုကိုလည်း တိုး၍တိုး၍ ရင်းနှီး မြှုပ်နှံနိုင် ခဲ့ကြသည်ကို တွေ့ရှိရပါသည်။ ၂၀ဝ၉ ခုနှစ် ကမ္ဘာ့စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ ဒေါ်လာ ၁၁ ဒသမ ၇၄ ထရီလီ ယံဖြစ်ပြီး ၄င်းတို့အနက် ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် ဒေါ်လာ ၄ ဒသမ ၆၆ ထရီလီယံ (စုစုပေါင်း၏ ၃၉ ဒသမ ၇ ရာခိုင်နှုန်း)၊ ဖွံ့ဖြိုးပြီးနိုင်ငံများ အနေဖြင့် ဒေါ်လာ ၇ ဒသမ ဝ၇ ထရီလီယံ (စုစုပေါင်း ၆၀ ဒသမ ၃ ရာခိုင်နှုန်း) အသီးသီး ဖြစ်ကြပါသည်။
ဤသို့ ၂၀ဝ၉ ခုနှစ်တွင် ကမ္ဘာ့ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၁ ဒသမ ၇၄ ထရီ လီယံ အဖြစ် ရင်းနှီးမြှုပ်နှံခဲ့သည့် အတိုင်း ကမ္ဘာ့အသားတင်ကုန်ထုတ်လုပ်မှု (GDP) တန်ဖိုး စုစုပေါင်းမှာ ဒေါ်လာ ၅၈ ဒသမ ၂၆ ထရီလီယံအထိ တိုးတက် ဖွံ့ဖြိုး လာခဲ့ပြီး ၄င်းအနက် ဖွံ့ဖြိုးဆဲနိုင်ငံများအနေ ဖြင့် ၁၆ ဒသမ ၆၅ ထရီလီယံ (စုစုပေါင်း၏ ၂၈ ဒသမ ၆ ရာခိုင်နှုန်း)၊ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများအနေဖြင့် ဒေါ်လာ ၄၁ ဒသမ ၆၁ ထရီလီယံ (စုစုပေါင်း ၏ ၇၁ ဒသမ ၄ ရာခိုင်နှုန်း) အသီးသီး အကျိုး ခံစားခွင့်ရရှိခဲ့ ကြပါသည်။ အဓိပ္ပာယ်မှာ စက်မှု ဖွံ့ဖြိုးပြီး နိုင်ငံများအနေဖြင့် ဖွံ့ဖြိုး ဆဲနိုင်ငံများထက် များစွာ တိုးချဲ့ရင်းနှီးမြှုပ်နှံနိုင် ခဲ့သည့်နှင့် အညီ ကမ္ဘာ့စုစုပေါင်း အသားတင်ကုန်ထုတ် လုပ်မှု (GDP) တန်ဖိုးတွင်လည်း ပိုမိုအကျိုး ခံစားခွင့် ရရှိခဲ့ခြင်းဖြစ်ပါသည်။ အခြားတစ် ဖက်မှကြည့်မည်ဆိုလျှင် စက်မှု ဖွံ့ဖြိုးပြီးနိုင်ငံ များက ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံခဲ့သည်မှာလည်း ၄င်းနိုင်ငံများအနေဖြင့် ကမ္ဘာ့ငွေ ကြေးဈေးကွက်မှ ရင်းနှီးမြှုပ်နှံရန်အတွက် ငွေကြေး ပိုမိုစုစည်းရရှိခဲ့၍ဖြစ်ကြောင်း ထင်ရှားစွာတွေ့ ရှိရမည်ဖြစ်ပါသည်။
ထို့ကြောင့် ကမ္ဘာ့ငွေကြေးဈေး ကွက်မှ ငွေကြေးပိုမိုစုဆောင်းရရှိမှု၊ တိုး၍ ရင်းနှီး မြှုပ်နှံနိုင် မှုနှင့် စီးပွားရေးတိုးတက် ဖွံ့ ဖြိုးလာမှုတို့မှာ တစ်ခုနှင့်တစ်ခုဆက်နွှယ် လျက်ရှိကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။ ထိုကဲ့သို့ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ များက တိုး၍တိုး၍ ရင်းနှီးမြှုပ်နှံ လာသည်နှင့်အညီ ကမ္ဘာ့စုစုပေါင်းအကျိုး ခံစားရမှုတွင် လည်း ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား များစွာကွာဟလာစေခဲ့ ပါသည်။ အကျိုးခံ စားရမှု၊ ကွာဟမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
အထက်ပါအချက်များက ဖော်ညွှန်းပြသသည်မှာ စက်မှုဖွံ့ဖြိုးနိုင်ငံများက ငွေကြေး စုစည်း ရရှိမှုကို ပိုမိုတိုး၍ရရှိလာ အောင်ဆောင်ရွက်ပြီး ၄င်းတို့၏ရင်းနှီးမြှုပ်နှံမှုကို ဖွံ့ဖြိုးဆဲနိုင်ငံ များထက်များစွာတိုးချဲ့ ရင်းနှီးမြှုပ်နှံနိုင်ခဲ့ခြင်းကြောင့် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများက အကျိုး ခံစားမှုပိုမိုရရှိခဲ့ခြင်းဖြစ် သည်ကို တွေ့ရှိကြရမည်ဖြစ်ပါသည်။
ပြည်ပပို့ကုန်တွန်းအားပြု စီးပွားရေးတိုးတက်ဖွံ့ဖြိုး လာမှုအခြေအနေ
(Export-Led Growth)
.........................................................................................
Export-Led Growth တွင် အဆင့်သုံးဆင့်ပါရှိပါသည်။ ၄င်းတို့မှာ -
၁။ လယ်ယာကဏ္ဍကို သိပ္ပံနည်းအရခေတ် မီတိုးတက်အောင် ဆောင် ရွက်ပြီး လယ် ယာကဏ္ဍ Export-oriented Agricultural Products တိုးချဲ့ထုတ် လုပ်ပေးမှု
၂။ အဆင့် ၂ တွင် စက်မှုကဏ္ဍတိုးတက် ဖွံ့ဖြိုးလာအောင် (Industriali-zation) ဆောင်ရွက်ပြီး စက်မှုကဏ္ဍမှ Export Oriented Industrial Product များတိုးချဲ့ထုတ်လုပ်ပေးမှု
၃။ လယ်ယာကဏ္ဍနှင့် စက်မှုကဏ္ဍတို့မှ Exportable Surplus များရရှိလာသည်နှင့် အညီ နိုင်ငံ၏ပို့ကုန်တိုးချဲ့ တင်ပို့လာခြင်းကို ဆောင်ရွက်မှု
၎င်းအဆင့်သုံးဆင့်ကို Three Dimension Export-Led Growth ဟု စီးပွားရေး ပညာရှင် များက ဖော်ညွှန်းပြော ကြားလေ့ရှိကြပါသည်။ ကမ္ဘာ့စီးပွားရေးသမိုင်းကို ပြန် လည်စိစစ်သုံးသပ်ကြည့်မည်ဆိုပါကလက်ရှိ ကမ္ဘာပေါ်တွင် စီးပွားရေး ထိပ်ဆုံး၌ ရောက် ရှိနေသော Group of Seven စက်မှုဖွံ့ဖြိုး ပြီးနိုင်ငံများ ယခု ကဲ့သို့ စီးပွားရေးအရှိန် အဟုန်ဖြင့် တိုးမြင့်လာခဲ့ခြင်းသည် ၄င်းတို့ အနေဖြင့် Export-Led Growth နည်း ဗျူဟာကို အသုံးပြုခဲ့ကြ၍ဖြစ်ပါသည်။
အလားတူပင် အာရှကျားများအပါ အဝင် ထွန်းသစ်စစက်မှုဖွံ့ဖြိုးစနိုင်ငံသစ်များ (Nwely Industrializing Countries) သည်လည်း စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများ နည်းဗျူဟာကို အတု ယူ၍ (Export-Led Growth နည်းဗျူဟာ) ၄င်းတို့၏စီးပွားရေး အရှိန်အဟုန်ဖြင့် တိုးမြင့် လာစေရန် ဆောင် ရွက်ခဲ့ကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် ပင်လျှင် ၁၉၈၀ ပြည့် လွန်နှစ် များနောက်ပိုင်း တရုတ်နိုင်ငံ၏ စီးပွားရေးသည် အရှိန်အဟုန်ဖြင့် တိုးမြင့်လာခဲ့ ရခြင်းမှာ လည်း အာရှကျားများကို အတုယူ၍ Export -Led Growth နည်းဗျူဟာအတိုင်း ကျင့်သုံး ဆောင်ရွက်ခဲ့၍ဖြစ်ပါသည်။
အထက်ဖော်ပြပါနည်းဗျူဟာကို အသုံးပြုခဲ့ကြရာတွင် အထူးစီးပွားရေးစက်မှုဇုန်များ (Special Economic Zone) တည်ထောင်၍ ဆောင်ရွက်ခြင်းသည် ပြည်ပပို့ကုန် တိုးချဲ့ တင်ပို့ရေးတွင် များစွာ အထောက်အကူပြုခဲ့ကြောင်း တွေ့ရှိရပါသည်။
.......................
၂၀၁၈ ခုနှစ်၊ ဧပြီလထုတ် Myanmar B2B Magazine တွင် သံအမတ်ကြီး ဒေါက်တာလှ မောင် (ဘောဂ) အနေဖြင့် 'ကမ္ဘာ့ငွေရေး ကြေးရေးနှင့် ကမ္ဘာ့စီးပွားရေးတို့ ဆက်နွှယ်မှု အခြေအနေ' စီးပွားရေးဆောင်းပါးကို ပြုစု ရေးသားတင်ပြထားခဲ့ပါသည်။ ၎င်းဆောင်းပါး၏ ဒုတိယပိုင်း ကိုယခုဆက်လက်ရေးသား တင်ပြသွားပါမည်။
ပြီးခဲ့သည့်လဆောင်းပါးတွင် မိမိပြု စုရေးသားတင်ပြထားခဲ့သည်ကို ဆက်စပ်မှု ရှိစေရန် အနည်းငယ်အကျဉ်းချုံး၍ တင်ပြလို ပါသည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိတို့နိုင်ငံ ၏ စီးပွားရေးအရှိန်အဟုန်ဖြင့် တိုးမြင့်လာစေ ရန်အတွက် ရင်းနှီးမြှုပ်နှံမှုကို တစ်ဆင့်ပြီးတစ် ဆင့်တိုးချဲ့ရင်းနှီးမြှုပ်နှံသွားရန် လိုအပ်ပါ မည်။ နိုင်ငံတကာ၏ စီးပွားရေးသမိုင်းအစဉ် အလာကို ပြန်လည်ဆန်းစစ်ကြည့်ရှုမည်ဆိုပါ က နိုင်ငံစီးပွားရေးတိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် အဆင့်သုံးဆင့်ထားရှိ၍ဆောင်ရွက် ခဲ့ကြသည်ကိုတွေ့ရှိရ မည်ဖြစ်ပါသည်။ ပထမအဆင့်မှာ ကိုယ့်အားကိုယ်ကိုးစနစ်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအတွက်လိုအပ်သည့်ငွေကြေး ကိုအဓိကအားဖြင့် ပြည်သူတို့၏စုဆောင်း ငွေနှင့် ပြည်ပပို့ကုန်မှရရှိလာသည့် နိုင်ငံခြား ၀င်ငွေတို့ဖြင့် ရှာဖွေစုစည်း၍ ရင်းနှီးမြှုပ်နှံခဲ့ ကြပါသည်။ ဒုတိယအဆင့်တွင် ငွေကြေးပိုမိုစု ဆောင်းရရှိလာစေရန် ပြည်ပမှ ချေးငွေနှင့် ထောက်ပံ့ငွေ (Offical Development Assistance) တို့ကို လက်ခံရယူ၍ဆောင် ရွက်လေ့ရှိကြပါသည်။ တတိယအဆင့်တွင်မူ ပြည်ပမှချေးငွေနှင့်ထောက်ပံ့ငွေရယူမှုကို ပေါင်းကူးတံတား အနေဖြင့်သာထားရှိပြီး မိမိကိုယ်တိုင် ကမ္ဘာ့ငွေကြေးဈေးကွက်သို့ဝင် ရောက်၍ စတော့ဈေးကွက်၊ Bond ဈေး ကွက်၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI နှင့် ဘဏ်များမှ ချေးငွေ (Bank Credit) စသည်တို့ကို တိုး၍စုစည်းရရှိ အောင် ရှာဖွေလျက်မိမိတို့၏ ရင်းနှီးမြှုပ်နှံမှု ကို အရှိန်အဟုန်ဖြင့် တိုးချဲ့ရင်းနှီးမြှုပ်နှံခဲ့ကြ ပါသည်။ ထိုသို့အားဖြင့် ၂၀၀၉-၂၀၁၀ ပြည့် နှစ်တွင် တစ်ကမ္ဘာလုံးအနေဖြင့် ကမ္ဘာ့ငွေကြေးဈေးကွက်မှ စုစုပေါင်းစုစည်းရရှိသည့် ငွေကြေးပမာဏမှာ ဒေါ်လာ ၂၄၇ ဒသမ ၁ ထရီလီယံခန့်ဖြစ်ပြီး ၎င်းင်းတို့အနက်
- Stock Market မှဒေါ်လာ ၃၉ ဒသမ ၀ ထရီလီယံ
- Bond Market မှဒေါ်လာ ၉၁ ဒသမ ၂ ထရီလီယံ
- Bank Credit မှဒေါ်လာ ၉၈ ဒသမ ၅ ထရီလီယံ
- FDI Inwards Stock မှဒေါ်လာ ၁၈ ဒသမ ၄ ထရီလီယံ
အသီးသီးဖြစ်စေပါ သည်။
အထက်ဖော်ပြပါ ကမ္ဘာ့ငွေကြေး ဈေးကွက်မှု စုစုပေါင်းစုစည်းရရှိသည့်ဒေါ်လာ ၂၄၇ ဒသမ ၁ ထရီလီယံအနက် ၈၀ ရာခိုင် နှုန်းခန့်မှာ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများမှဖြစ်ပြီး ၂၀ ရာခိုင်နှုန်းခန့်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ် ကြောင်းရေးသားတင်ပြထားခဲ့ပါသည်။ ယခု ဒုတိယပိုင်းဤဆောင်းပါးတွင်မူ အထက်ဖော် ပြပါကမ္ဘာ့ငွေကြေးဈေးကွက်မှစုစုပေါင်းစုစည်းရရှိသည့်ငွေကြေးပမာဏများအနက်မှ ကမ္ဘာ့စက်မှုဖွံ့ဖြိုးပြီးထိပ်တန်းခုနစ်နိုင်ငံ (Group of Seven) အနေဖြင့်လည်းကောင်း၊ အာရှတိုက်မှရွေးချယ်ထားသော ထွန်းသစ်စ ခုနစ်နိုင်ငံတို့အနေဖြင့်လည်းကောင်း ကမ္ဘာ့ ငွေကြေးဈေးကွက်မှ မည်သို့မည်ပုံရှာဖွေစု စည်းရယူကြပြီး ၎င်းင်းတို့နိုင်ငံများ၏ ရင်းနှီး မြှုပ်နှံမှုကို မည်သို့မည်ပုံတိုးချဲ့ရင်းနှီးမြှုပ်နှံ နိုင်ခဲ့သည်ကို ဆက်လက်တင်ပြသွားပါမည်။
Group of Seven အဖွဲ့ဝင်နိုင်ငံ များ၏ ၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့ငွေကြေးဈေး ကွက်မှ ငွေကြေးစုစည်းရရှိ နိုင်မှုအခြေအနေ ကို ဇယား- ၁ တွင် ဖော်ပြထားပါသည်။
အထက်ပါဇယားက အောက်ဖော်ပြပါအရေးကြီးပြီး အဓိကကျသည့်အချက်များကို ဖော်ညွှန်းပြသ လျက်ရှိပါသည်။
- ၂၀၀၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ အနေဖြင့် ကမ္ဘာ့ငွေကြေးဈေးကွက်မှငွေ ကြေးစုစည်းရရှိမှု အခြေအနေမှာ စတော့ဈေးကွက်မှ ဒေါ်လာ ၁၁ ဒသမ ၇၄ ထရီလီယံ၊ Bond ဈေးကွက်မှဒေါ်လာ ၃၁ ဒသမ ၀၁ ထရီလီယံ၊ ဘဏ်များမှချေးငွေမှ ၃၂ ဒသမ ၅၄ ထရီလီယံ၊ FDI စုစုပေါင်းစီးဝင်မှုမှာ ဒေါ်လာ ၃ ဒသမ ၀၀ ထရီလီယံရှိသဖြင့် စုစုပေါင်း ငွေကြေးစုစည်းရရှိနိုင်မှုမှာ ဒေါ်လာ ၇၈ ဒသမ၂၈ ထရီလီယံခန့်ဖြစ်ပြီး ဖော်ပြပါ ၂၀၀၉ ခုနှစ် အမေရိကန်နိုင်ငံ GDP ၏ ၅ ဒသမ ၅၅ ဆခန့်ထိတိုး၍စုစည်း ရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။
- အလားတူပင် ဂျပန်နိုင်ငံအနေဖြင့် ၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့ငွေကြေးဈေးကွက်မှ စုစုပေါင်းငွေ ကြေးစုစည်းရရှိမှုမှာ ဒေါ်လာ ၃၁ ဒသမ၂၅ ထရီလီယံခန့်ရှိပြီး ၂၀၀၉ ခုနှစ် ၎င်းင်းနိုင်ငံ GDP ၏ ၆ ဒသမ ၁၆ ဆ ခန့်အထိ တိုး၍စုစည်းရရှိခဲ့ကြောင်း တွေ့ရှိရ ပါသည်။
- ၂၀၀၉ ခုနှစ်တွင် ကျန် Group of Seven အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကမ္ဘာ့ ငွေကြေးဈေးကွက်မှ ငွေကြေးစုစည်းရရှိမှု အခြေအနေများမှာ ဗြိတိန်နိုင်ငံအနေဖြင့် ဒေါ်လာ ၁၃ ဒသမ ၂၈ ထရီလီယံ (GDP ၏ ၆ ဒသမ ၁၀ ဆ) ၊ ဂျာမနီနိုင်ငံအနေဖြင့် ဒေါ်လာ ၁၁ ဒသမ ၁၇ ထရီလီယံ ( GDP ၏ ၃ ဒသမ ၃၅ ဆ)၊ ပြင်သစ်နိုင်ငံအနေဖြင့် ဒေါ်လာ ၁၁ ဒသမ ၀ ထရီလီယံ (GDP ၏ ၄ ဒသမ ၁၅ ဆ ) ၊ ကနေဒါနိုင်ငံအနေဖြင့် ဒေါ်လာ ၃ ဒသမ ၉၃ ထရီလီယံ (GDP ၏ ၂ ဒသမ ၉၄ ဆ) ဖြစ်ပြီး အီတလီနိုင်ငံအနေ ဖြင့် ဒေါ်လာ ၈ ဒသမ ၀၇ ထရီလီယံ (GDP ၏ ၃ ဒသမ၈၂ ဆ) အသီးသီးဖြစ်ကြောင်း တွေ့ရှိရပါမည်။
၂၀၀၉ ခုနှစ်တွင် Group of Seven အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့၏နှစ်စဉ် ပြည်တွင်းစုဆောင်းမှုမှ ရရှိငွေနှင့် ပြည်ပပို့ ကုန်မှရရှိသည့် နိုင်ငံခြားငွေများဖြင့် ပေါင်းစပ်လျက် အထက်ဖော်ပြပါအတိုင်း ကမ္ဘာ့ငွေ ကြေးဈေးကွက်မှ ဒေါ်လာထရီလီယံနှင့်ချီ၍ ငွေကြေးများစုစည်းရရှိကြသဖြင့် ၎င်းင်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို တစ်နှစ်ထက်တစ်နှစ် အရှိန်အဟုန်ဖြင့်တိုးမြှင့်၍ ရင်းနှီးမြှုပ်နှံနိုင်ခဲ့ ကြောင်း တွေ့ရှိရပါသည်။ ၎င်းင်းအဖွဲ့ဝင်နိုင်ငံ များအနေဖြင့် ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ် အချိန်ကာလအတွင်း အရှိန်အဟုန်ဖြင့် တိုး ချဲ့ရင်းနှီးမြှုပ်နှံနိုင်ခဲ့သည့် အခြေအနေများကို အောက်ပါအတိုင်း တင်ပြလိုပါသည်။
- အမေရိကန်နိုင်ငံ၏ စုစုပေါင်းရင်း နှီးမြှုပ်နှံမှုမှာ ၁၉၈၀ ပြည့်နှစ်တွင်ဒေါ်လာ ၆၇၂ ဒသမ ၄ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၃ç၅၇၆ ဒသမ ၆ ဘီလီယံ (ဒေါ်လာ ၃ ဒသမ ၅၈ ထရီလီယံ) ခန့်အထိ ဖော်ပြပါ အချိန်ကာလနှစ်ခုအတွင်း ၅ ဒသမ ၃ ဆခန့်တိုးချဲ့ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပါသည်။
- ဂျပန်နိုင်ငံ၏စုစုပေါင်းရင်းနှီးမြှုပ်နှံ မှုမှာ ၁၉၈၀ ပြည့်နှစ်တွင် ဒေါ်လာ ၃၄၃ ဒသမ ၀ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ် တွင်ဒေါ်လာ ၈၉၄ ဒသမ ၁ ဘီလီယံခန့်အထိ ဖော်ပြပါ အချိန်ကာလနှစ်ခုအတွင်း ၂ ဒသမ ၆ ဆခန့်တိုးချဲ့ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပါသည်။
- ဂျာမနီနိုင်ငံ၏စုစုပေါင်းရင်းနှီး မြှုပ်နှံမှုမှာ ၁၉၈၀ ပြည့်နှစ်တွင် ဒေါ်လာ ၂၄၅ ဒသမ ၃ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင်ဒေါ်လာ ၆၆၉ ဒသမ ၇ ဘီလီယံခန့် အထိ ဖော်ပြပါ အချိန်ကာလနှစ်ခုအတွင်း ၂ ဒသမ ၇ ဆခန့် တိုးချဲ့ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပါ သည်။
- ပြင်သစ်နိုင်ငံ၏စုစုပေါင်းရင်းနှီး မြှုပ်နှံမှုမှာ ၁၉၈၀ ပြည့်နှစ်တွင် ဒေါ်လာ ၁၇၁ ဒသမ ၃ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင်ဒေါ်လာ ၅၂၀ ဒသမ ၃ ဘီလီယံ ခန့်အထိဖော်ပြပါ အချိန်ကာလနှစ်ခုအတွင်း ၃ ဒသမ ၀ ဆခန့် တိုးချဲ့ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပါ သည်။
- အီတလီနိုင်ငံ၏စုစုပေါင်းရင်းနှီး မြှုပ်နှံမှုမှာ ၁၉၈၀ ပြည့်နှစ်တွင် ဒေါ်လာ ၁၂၀ ဒသမ ၆ ဘီလီယံခန့်ရှိခဲ့ရာမှ၂၀၁၅ ခုနှစ်တွင်ဒေါ်လာ ၃၀၃ ဒသမ ၂ ဘီလီယံခန့် အထိဖော်ပြပါ အချိန်ကာလနှစ်ခုအတွင်း ၂ ဒသမ ၅ ဆခန့်တိုးချဲ့ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပါ သည်။
- ဗြိတိန်နိုင်ငံ၏စုစုပေါင်းရင်းနှီးမြှုပ် နှံမှုမှာ ၁၉၈၀ ခုနှစ်တွင် ဒေါ်လာ ၁၂၁ ဒသမ ၄ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ် တွင် ဒေါ်လာ ၄၈၄ ဒသမ ၂ ဘီလီယံခန့်အထိ ဖော်ပြပါ အချိန်ကာလနှစ်ခုအတွင်း ၄ ဒသမ ၀ ဆခန့်တိုးချဲ့ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပါသည်။
- ကနေဒါနိုင်ငံ၏စုစုပေါင်းရင်းနှီး မြှုပ်နှံမှုမှာ ၁၉၈၀ ပြည့်နှစ်တွင် ဒေါ်လာ ၆၅ ဒသမ ၀ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင်ဒေါ်လာ ၃၆၁ ဒသမ ၆ ဘီလီယံခန့် အထိ ဖော်ပြပါ အချိန်ကာလနှစ်ခုအတွင်း ၅ ဒသမ ၆ ဆခန့်အသီးသီးရှိကြောင်းတွေ့ရှိရ ပါသည်။
အထက်ဖော်ပြပါအတိုင်း Group of Seven အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းင်း နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုကို အရှိန်အဟုန် ဖြင့် တိုးချဲ့ရင်းနှီးမြှုပ်နှံလာနိုင်သည်နှင့်အညီ ၎င်းင်းနိုင်ငံများ၏ စီးပွားတိုးတက်ဖွံ့ဖြိုးမှုအခြေ အနေမှာလည်း အရှိန်အဟုန်ဖြင့် တိုးမြင့်လာ ခဲ့သည်ကို တွေ့ရှိရပါမည်။ ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အချိန်ကာလအတွင်း ၎င်းင်းအဖွဲ့ ၀င်နိုင်ငံများ၏ အသားတင်ကုန်ထုတ်လုပ်မှု တန်ဖိုး (GDP) အရှိန်အဟုန်ဖြင့် တိုးမြင့်လာ မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါ သည်။
- အမေရိကန်နိုင်ငံ၏ GDP အရှိန် အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးလာမှုအခြေအနေ မှာ ၁၉၈၀ ပြည့်နှစ်တွင် ဒေါ်လာ ၂ç၈၆၃ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင်ဒေါ်လာ ၁၈,၀၃၇ ဘီလီယံခန့်အထိ ဖော်ပြပါအချိန် ကာလနှစ်ခုအတွင်း ၆ ဒသမ ၃ ဆခန့်တိုး တက်ဖွံ့ဖြိုးလာခဲ့ပါသည်။
- ဂျပန်နိုင်ငံ၏ GDP အရှိန်အဟုန် ဖြင့် တိုးတက်ဖွံ့ဖြိုးလာမှုအခြေအနေမှာ ၁၉၈၀ ပြည့်နှစ်တွင် ဒေါ်လာ ၁ç၀၈၇ ဒသမ ၀ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၄,၁၂၃ ဒသမ ၀ ဘီလီယံခန့်အထိ ဖော်ပြပါ အချိန်ကာလနှစ်ခုအတွင်း ၃ ဒသမ ၈ ဆခန့် တိုးတက်ဖွံ့ဖြိုးလာခဲ့ပါသည်။
- ဂျာမနီနိုင်ငံ၏ GDP အရှိန်အဟုန် ဖြင့် တိုးတက်ဖွံ့ဖြိုးလာမှုအခြေအနေမှာ ၁၉၈၀ ပြည့်နှစ်တွင် ဒေါ်လာ ၉၄၇ ဒသမ ၀ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၃,၃၆၃ ဒသမ ၀ ဘီလီယံခန့်အထိ ဖော်ပြပါ အချိန်ကာလနှစ်ခုအတွင်း ၃ ဒသမ ၆ ဆခန့် တိုးတက်ဖွံ့ဖြိုးလာခဲ့ပါသည်။
- ပြင်သစ်နိုင်ငံ၏ GDP အရှိန် အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးလာမှုအခြေအနေ မှာ ၁၉၈၀ ပြည့်နှစ်တွင် ဒေါ်လာ ၇၀၄ ဒသမ ၀ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ် တွင်ဒေါ်လာ ၂,၄၁၉ ဒသမ ၀ ဘီလီယံခန့် အထိ ဖော်ပြပါ အချိန်ကာလနှစ်ခုအတွင်း ၃ ဒသမ ၄ ဆခန့်တိုးတက်ဖွံ့ဖြိုးလာခဲ့ပါသည်။
- အီတလီနိုင်ငံ၏ GDP အရှိန် အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးလာမှုအခြေအနေ မှာ ၁၉၈၀ ပြည့်နှစ်တွင် ဒေါ်လာ ၄၇၆ ဒသမ ၀ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၁,၈၂၁ ဒသမ ၀ ဘီလီယံခန့်အထိ ဖော်ပြပါ အချိန်ကာလနှစ်ခုအတွင်း ၃ ဒသမ ၈ ဆခန့် တိုးတက်ဖွံ့ဖြိုးလာခဲ့ပါသည်။
- ဗြိတိန်နိုင်ငံ၏ GDP အရှိန်အဟုန် ဖြင့် တိုးတက်ဖွံ့ဖြိုးလာမှုအခြေအနေမှာ ၁၉၈၀ ပြည့်နှစ်တွင် ဒေါ်လာ ၅၆၅ ဒသမ ၀ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၂,၈၅၈ ဒသမ ၀ ဘီလီယံခန့်အထိ ဖော်ပြပါ အချိန်ကာလနှစ်ခုအတွင်း ၅ ဒသမ ၁ ဆခန့် တိုးတက်ဖွံ့ဖြိုးလာခဲ့ပါသည်။
- ကနေဒါနိုင်ငံ၏ GDP အရှိန် အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးလာမှုအခြေအနေ မှာ ၁၉၈၀ ပြည့်နှစ်တွင်ဒေါ်လာ ၂၇၄ ဒသမ ၀ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၁,၅၅၁ ဒသမ ၀ ဘီလီယံခန့်အထိ ဖော်ပြပါ အချိန်ကာလနှစ်ခုအတွင်း ၅ ဒသမ ၇ ဆ အသီးသီးဖြစ်ကြကြောင်းတွေ့ရှိရပါ သည်။
အထက်ဖော်ပြပါအတိုင်း Group of Seven အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းင်း နိုင်ငံများ၏ရင်းနှီးမြှုပ်နှံမှုကို တစ်နှစ်ထက် တစ်နှစ် တိုးချဲ့ရင်းနှီးမြှုပ်နှံလာနိုင်သည်နှင့် အညီ ၎င်းင်းအဖွဲ့ဝင်နိုင်ငံများ အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး GDP များမှာလည်း အရှိန်အဟုန်ဖြင့် တိုးမြင့်လာခဲ့သည်ကို တွေ့ ရှိရပါမည်။ ထိုကဲ့သို့ ဖော်ပြပါနိုင်ငံများ၏အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးတိုးမြင့် လာခဲ့သည်နှင့်အညီ ၎င်းင်းနိုင်ငံများ၏လယ်ယာ ထွက်ကုန်တန်ဖိုးများနှင့် စက်မှုထွက်ကုန်တန် ဖိုးများမှာလည်း အရှိန်အဟုန်ဖြင့်တိုးမြင့်လာ ခဲ့ကြောင်းတွေ့ ရှိရပါသည်။ ထိုကဲ့သို့လယ်ယာ နှင့် စက်မှုကုန်ထုတ်လုပ်မှုများ တိုးချဲ့ထုတ် လုပ်လာနိုင်သည်နှင့်အညီ ၎င်းင်းကဏ္ဍနှစ်ခုတို့ မှပြည်တွင်းစားသုံးမှုမှာ ပိုလျှံသည့်အပြင် ပြည်ပတင်ပို့နိုင်ရန်အတွက် Exportable Supplus များ တစ်နှစ်ထက် တစ်နှစ်တိုးချဲ့ရရှိ လာခဲ့ပါသည်။ ထိုသို့အားဖြင့် Group of Seven အဖွဲ့ ၀င်နိုင်ငံများအနေဖြင့် ၎င်းတို့ ၏ပြည်ပပို့ကုန်များကိုလည်း တစ်နှစ်ထက် တစ်နှစ်အရှိန်အဟုန်ဖြင့် တိုးချဲ့တင်ပို့နိုင်ခဲ့ ကြောင်းတွေ့ရှိရပါသည်။ ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ် အချိန်ကာလအတွင်း ၎င်းင်းအဖွဲ့ ၀င်နိုင်ငံများ၏ ပြည်ပပို့ကုန်တန်ဖိုး (Export) အရှိန်အဟုန်ဖြင့် တိုးချဲ့တင်ပို့လာ နိုင်မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ် ပါသည်။
- အမေရိကန်နိုင်ငံ၏ ပြည်ပပို့ကုန် တန်ဖိုး (Export) အရှိန်အဟုန်ဖြင့် တိုးချဲ့ တင်ပို့နိုင်မှုအခြေအနေမှာ ၁၉၈၀ ပြည့်နှစ် တွင် ဒေါ်လာ ၂၂၆ ဒသမ ၀ ဘီလီယံခန့်ရှိခဲ့ ရာမှ ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၁,၄၅၅ ဒသမ ၀ ဘီလီယံခန့်အထိ ဖော်ပြပါအချိန် ကာလနှစ်ခုအတွင်း ၆ ဒသမ ၄၀ ဆခန့်တိုး ချဲ့တင်ပို့လာနိုင်ခဲ့ပါသည်။
- ဂျပန်နိုင်ငံ၏ပြည်ပပို့ကုန်တန်ဖိုး အရှိန်အဟုန်ဖြင့် တိုးချဲ့တင်ပို့နိုင်မှုအခြေ အနေမှာ ၁၉၈၀ ပြည့်နှစ်တွင် ဒေါ်လာ ၁၃၀ ဒသမ ၀ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင်ဒေါ်လာ ၆၄၅ ဒသမ ၀ ဘီလီယံ ခန့်အထိဖော်ပြပါ အချိန်ကာလနှစ်ခုအတွင်း ၄ ဒသမ ၉၆ ဆခန့်တိုးချဲ့တင်ပို့လာနိုင်ခဲ့ပါ သည်။
- ဂျာမနီနိုင်ငံ၏ပြည်ပပို့ကုန်တန်ဖိုး အရှိန်အဟုန်ဖြင့်တိုးချဲ့တင်ပို့နိုင်မှုအခြေ အနေမှာ ၁၉၈၀ ပြည့်နှစ်တွင် ဒေါ်လာ ၁၉၃ ဒသမ ၀ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၁,၃၄၀ ဒသမ ၀ ဘီလီယံ ခန့်အထိ ဖော်ပြပါ အချိန်ကာလနှစ်ခုအတွင်း ၆ ဒသမ ၉၄ ဆခန့်တိုးချဲ့တင်ပို့လာနိုင်ခဲ့ပါ သည်။
- ပြင်သစ်နိုင်ငံ၏ပြည်ပပို့ကုန်တန် ဖိုးအရှိန်အဟုန်ဖြင့်တိုးချဲ့တင်ပို့နိုင်မှုအခြေ အနေမှာ ၁၉၈၀ ပြည့်နှစ်တွင် ဒေါ်လာ ၁၁၆ ဒသမ ၀ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင်ဒေါ်လာ ၅၀၁ ဒသမ ၀ ဘီလီယံ ခန့်အထိ ဖော်ပြပါအချိန်ကာလနှစ်ခုအတွင်း ၄ ဒသမ ၃၂ ဆခန့်တိုးချဲ့တင်ပို့လာနိုင်ခဲ့ပါ သည်။
- အီတလီနိုင်ငံ၏ပြည်ပပို့ကုန်တန် ဖိုးအရှိန်အဟုန်ဖြင့်တိုးချဲ့တင်ပို့နိုင်မှုအခြေ အနေမှာ ၁၉၈၀ ပြည့်နှစ်တွင် ဒေါ်လာ ၇၈ ဒသမ ၀ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ် တွင်ဒေါ်လာ ၄၆၂ ဒသမ ၀ ဘီလီယံခန့်အထိ ဖော်ပြပါအချိန်ကာလနှစ်ခုအတွင်း ၅ ဒသမ ၉၂ ဆခန့်တိုးချဲ့တင်ပို့လာနိုင်ခဲ့ပါသည်။
- ဗြိတိန်နိုင်ငံ၏ပြည်ပပို့ကုန်တန်ဖိုး အရှိန်အဟုန်ဖြင့်တိုးချဲ့တင်ပို့နိုင်မှုအခြေ အနေမှာ ၁၉၈၀ ပြည့်နှစ်တွင် ဒေါ်လာ ၁၁၀ ဒသမ ၀ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင်ဒေါ်လာ ၄၀၉ ဒသမ ၀ ဘီလီယံခန့် အထိ ဖော်ပြပါအချိန်ကာလနှစ်ခုအတွင်း ၃ ဒသမ ၇၂ ဆခန့်တိုးချဲ့တင်ပို့လာနိုင်ခဲ့ပါသည်။
- ကနေဒါနိုင်ငံ၏ပြည်ပပို့ကုန် တန် ဖိုးအရှိန်အဟုန်ဖြင့် တိုးချဲ့တင်ပို့နိုင်မှုအခြေ အနေမှာ ၁၉၈၀ ပြည့်နှစ်တွင် ဒေါ်လာ ၆၈ ဒသမ ၀ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ် တွင်ဒေါ်လာ ၃၉၀ ဒသမ ၀ ဘီလီယံခန့်အထိ ဖော်ပြပါ အချိန်ကာလနှစ်ခုအတွင်း ၅ ဒသမ ၇၄ ဆခန့်အသီးသီးတိုးချဲ့တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။
အထက်ဖော်ပြပါအတိုင်း Group of Seven အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းင်း အဖွဲ့ဝင်နိုင်ငံ များ၏ရင်းနှီးမြှုပ်နှံမှု၊ အသား တင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) နှင့် ပြည်ပပို့ကုန်တန်ဖိုး (Export) တို့ကို တစ် နှစ်ထက်တစ်နှစ် အရှိန်အဟုန်ဖြင့် တိုးတက် ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်လာနိုင်ခဲ့သည် နှင့်အညီ ၎င်းင်းအဖွဲ့ဝင်နိုင်ငံများ၏ လူတစ်ဦး ပျမ်းမျှဝင်ငွေ (Per Capita Income) မှာလည်း တစ်နှစ်ထက်တစ်နှစ် အရှိန်အဟုန်ဖြင့် တိုးမြင့်လာလျက်ရှိသည်ကိုတွေ့ရှိရပါမည်။ ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အချိန်ကာလ အတွင်း လူတစ်ဦးတစ်နှစ်ပျမ်းမျှဝင်ငွေ (Per Capita Income) အရှိန်အဟုန်ဖြင့် တိုးချဲ့တင်ပို့လာနိုင်မှု အခြေအနေမှာအောက်ပါ အတိုင်းဖြစ်ပါသည်။
- အမေရိကန်နိုင်ငံ၏လူတစ်ဦး တစ် နှစ်ပျမ်းမျှဝင်ငွေ (Per Capita Income) အရှိန်အဟုန်ဖြင့် တိုးမြင့်လာမှုအခြေအနေမှာ ၁၉၈၀ ပြည့်နှစ်တွင် ၁၂,၅၉၈ ဒေါ်လာရှိခဲ့ ရာမှ ၂၀၁၆ ခုနှစ် တွင် ဒေါ်လာ ၅၇,၆၃၈ ဒေါ်လာအထိ ဖော်ပြပါအချိန်ကာလနှစ်ခု အတွင်း ၄ ဒသမ ၅၈ ဆခန့် တိုးမြင့်လာခဲ့ ကြောင်း တွေ့ရှိရပါသည်။
- ဂျပန်နိုင်ငံ၏လူတစ်ဦးတစ်နှစ်ပျမ်း မျှဝင်ငွေအရှိန်အဟုန်ဖြင့် တိုးမြင့်လာမှု အခြေအနေမှာ ၁၉၈၀ ပြည့်နှစ်တွင် ၉,၄၁၇ ဒေါ်လာရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင်ဒေါ်လာ ၃၈,၉၀၁ ဒေါ်လာအထိ ဖော်ပြပါအချိန်ကာလ နှစ်ခုအတွင်း ၄ ဒသမ ၁၃ ဆခန့်တိုးမြင့်လာခဲ့ ကြောင်းတွေ့ရှိရပါသည်။
- ဂျာမနီနိုင်ငံ၏လူတစ်ဦးတစ်နှစ် ပျမ်းမျှဝင်ငွေအရှိန်အဟုန်ဖြင့် တိုးမြင့်လာ မှု အခြေအနေမှာ ၁၉၈၀ ပြည့်နှစ်တွင် ၁၂,၀၉၂ ဒေါ်လာရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၄၂,၀၇၀ ဒေါ်လာအထိ ဖော်ပြပါ အချိန်ကာလ နှစ်ခုအတွင်း ၃ ဒသမ ၄၈ ဆခန့် တိုးမြင့်လာခဲ့ကြောင်း တွေ့ရှိရပါသည်။
- ပြင်သစ်နိုင်ငံ၏လူတစ်ဦးတစ်နှစ် ပျမ်းမျှဝင်ငွေအရှိန်အဟုန်ဖြင့် တိုးမြင့်လာမှု အခြေအနေမှာ ၁၉၈၀ ပြည့်နှစ်တွင် ၁၂,၇၁၃ ဒေါ်လာရှိခဲ့ ရာမှ ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၃၆,၈၅၅ ဒေါ်လာအထိ ဖော်ပြပါအချိန်ကာလ နှစ်ခု အတွင်း ၂ ဒသမ ၉၀ ဆခန့်တိုးမြင့်လာခဲ့ ကြောင်းတွေ့ရှိရပါသည်။
- အီတလီနိုင်ငံ၏လူတစ်ဦးတစ်နှစ် ပျမ်းမျှဝင်ငွေအရှိန်အဟုန်ဖြင့် တိုးမြင့်လာမှု အခြေအနေမှာ ၁၉၈၀ ပြည့်နှစ်တွင် ၈,၄၂၉ ဒေါ်လာရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၃၀,၆၇၅ ဒေါ်လာအထိ ဖော်ပြပါအချိန်ကာလ နှစ်ခုအတွင်း ၃ ဒသမ ၆၄ ဆခန့်တိုးမြင့်လာခဲ့ ကြောင်းတွေ့ရှိရပါသည်။
- ဗြိတိန်နိုင်ငံ၏ လူတစ်ဦး တစ်နှစ် ပျမ်းမျှဝင်ငွေ အရှိန်အဟုန်ဖြင့် တိုးမြင့်လာ မှု အခြေအနေမှာ ၁၉၈၀ ပြည့်နှစ်တွင် ၁၀,၀၃၂ ဒေါ်လာရှိခဲ့ရာ မှ ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၄၀,၃၄၁ ဒေါ်လာအထိ ဖော်ပြပါ အချိန်ကာလနှစ်ခုအတွင်း ၄ ဒသမ ၀၂ ဆခန့်တိုးမြင့်လာခဲ့ကြောင်းတွေ့ရှိရပါသည်။
- ကနေဒါနိုင်ငံ၏လူတစ်ဦးတစ်နှစ် ပျမ်းမျှဝင်ငွေအရှိန်အဟုန်ဖြင့် တိုးမြင့်လာမှု အခြေအနေမှာ ၁၉၈၀ ပြည့်နှစ်တွင် ၁၁,၁၃၅ ဒေါ်လာရှိခဲ့ရာ မှ ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၄၂,၁၅၈ ဒေါ်လာအထိ ဖော်ပြပါ အချိန်ကာလနှစ်ခုအတွင်း ၃ ဒသမ ၇၉ ဆ ခန့်တိုးမြင့်လာခဲ့ကြောင်းတွေ့ရှိရပါသည်။
လွန်ခဲ့သည့် ၁၉ ရာစုနှစ်အစပိုင်း မှလက်ရှိ ၂၁ ရာစုအထိ ကမ္ဘာ့နိုင်ငံအသီးသီး တို့၏ နှစ်စဉ် ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးအခြေအနေ၊ နှစ်စဉ်ပြည်ပပို့ကုန်တန်ဖိုး အခြေအနေနှင့် နှစ်စဉ်လူတစ်ဦးပျမ်းမျှဝင်ငွေအခြေအနေ တို့ကို Group of Seven ဖွံ့ဖြိုးပြီးအဖွဲ့ဝင် နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ရှုမည်ဆိုပါက ၎င်းင်း Group of Seven အဖွဲ့ဝင်နိုင်ငံများ၏ အခြေအနေမှာ ထိပ်ဆုံးပိုင်းတွင် ရောက်ရှိလျက်ရှိနေသည်ကို တွေ့ရှိနိုင်ကြမည်ဖြစ်ပါသည်။ ထိုအခြေအနေများကို ပိုမိုပေါ်လွင် ထင်ရှားစွာတွေ့မြင်နိုင်ကြစေရန်အတွက် ဖော်ပြပါ Group of Seven အဖွဲ့ဝင်နိုင်ငံ များ၏ ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၅-၂၀၁၆ အခြေအနေအထိ အချိန် ကာလနှစ်ခုအတွင်း ၎င်းင်းတို့၏ရင်းနှီးမြှုပ်နှံမှု၊ အသားတင်ကုန် ထုတ်လုပ်မှု၊ ပြည်ပပို့ကုန်နှင့် လူတစ်ဦးပျမ်း မျှဝင်ငွေအခြေအနေများ အဆပေါင်းများစွာ အရှိန်အဟုန်ဖြင့် တိုးမြင့်လာခဲ့သည်ကို စာရင်းဇယားများဖြင့် အထက်တွင် ရှင်းလင်း တင်ပြခဲ့ပြီးဖြစ်ပါသည်။
ထိုကဲ့သို့ Group of Seven စက်မှုဖွံ့ဖြိုးပြီးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းင်းတို့၏ စီးပွားရေး အခြေအနေများ ထိပ်ဆုံးပိုင်းအထိ ရောက်ရှိလာစေရန် အဓိကပံ့ပိုးပေးခဲ့သည့် အကြောင်းအချက်များအနက်မှ အရေးကြီးပြီး အဓိကကျသည့်အကြောင်းရင်းခံတစ်ရပ်မှာ ၎င်းင်းအဖွဲ့ဝင်နိုင်ငံများ၏ရင်းနှီးမြှုပ်နှံမှုကို တစ်နှစ် ထက်တစ်နှစ် အရှိန်အဟုန်ဖြင့် တိုးချဲ့ရင်းနှီးမြှုပ်နှံနိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ထိုကဲ့သို့ တိုးချဲ့ရင်းနှီးမြှုပ်နှံ လာနိုင်စေရန် အဓိက ထောက်ပံ့ကူညီပံ့ပိုးပေးခဲ့သည်မှာ ၎င်းင်းအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့ရင်းနှီး မြှုပ်နှံမှုအတွက် လိုအပ်သောငွေကြေးကို ပြည်တွင်းစုဆောင်းမှုနှင့် ပြည်ပပို့ကုန်မှရရှိသည့် နိုင်ငံခြားဝင်ငွေ တို့ဖြင့်သာ ရောင့်ရဲတင်းတိမ်မနေဘဲ ကမ္ဘာ့ငွေရေးကြေးရေးဈေးကွက်မှ ထပ်မံရရှိနိုင်မည့်ငွေကြေးများကို ပိုမိုစုစည်းရ ရှိလာနိုင်အောင်ကြိုးပမ်းလုပ်ကိုင်ဆောင်ရွက် နိုင်ခဲ့ခြင်းကြောင်ဖြစ်ပါသည်။ ၎င်းအခြေအနေကို ပိုမိုပေါ်လွင်ထင်ရှားစွာသိရှိနိုင်စေ ရန် ဇယား ၁ တွင်း Group of Seven အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကမ္ဘာ့ငွေကြေး ဈေးကွက်မှမည်သို့မည်ပုံငွေကြေးများပိုမိုစု စည်းရရှိအောင်ဆောင်ရွက်ခဲ့သည်ကို ရှင်း လင်းတင်ပြထားခဲ့ပြီးဖြစ်ကြောင်း တင်ပြအပ် ပါသည်။
Ref : Various Annual Reports of
- Bank for International Settlements
- International Capital Market Association
- Securities Industry and Financial Markets
Association
- World Economic Outlook (IMF)
- World Development Report (World Bank)
- World Development
Indicators (World Bank)
- International Financial Statistics (IMF)
- OECD Economic Outlook (OECD)
- World Investment Report (UN)
- World Economic and Social Survey (UN)
- Asian Development Outlook (ADB) and
- Internet & T.V News
ထွန်းသစ်စနိုင်ငံများ၏ အခြေအနေကို ဆက်လက်ဖော်ပြသွားပါမည်။
သံအမတ်ကြီး ဒေါက်တာလှမောင် (ဘောဂ)
Myanmar B2B Management Magazine,July2018
ကမ္ဘာ့ငွေရေးကြေးရေးနှင့် ကမ္ဘာ့စီးပွားရေးတို့ ဆက်နွှယ်မှုအခြေအနေ (၁)
ကမ္ဘာ့ငွေရေးကြေးရေးနှင့် ကမ္ဘာ့စီးပွားရေးတို့ ဆက်နွှယ်မှုအခြေအနေ (၂)