Popular Posts!

Monday, September 17, 2018

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကျမှာလား တက်မှာလား

နအဖလက်ထက်၂၀၁၀-၁ထက် အချိုး ၄ဆ နှင့် ကြံ့ဖွတ်၂၀၁၅ -၁၆ ထက်အချိုး၂ဆလောက်ကိုNLD ၂၀၁၇-၁၈ လက်ထက်မှာ FDI လျော့နည်းကျဆင်း

၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၉ ဒသမ ဘီလျံကျော် ဝင်ရောက်ခဲ့သည်။ ဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်တွင် ဒသမ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး အင်န်အယ်လ်ဒီ အစိုးရလက်ထက် ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်တွင် ဒသမ ဘီလျံကျော်သာ ဝင်ရောက်ခဲ့သည်။ အစိုးရအပြောင်းအလဲနှစ်များတွင်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလေ့ရှိသည်ကို တွေ့ရသည်။


နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကျမှာလား တက်မှာလား
စက်တင်ဘာ၂၀၁၈
IMG_2339.jpeg
၂ဝ၁၇၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်ခဲ့သော ကဏ္ဍ ငါးခု။ ၂ဝ၁၇၁၈ ဘဏ္ဍာနှစ်စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၃ဝ ဒသမ ရာခိုင်နှုန်းသည် ကုန်ထုတ်လုပ်မှုကဏ္ဍသို့ ဝင်ရောက်ခဲ့သည်။
IMG_2340.jpeg
၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၉ ဒသမ ဘီလျံကျော် ဝင်ရောက်ခဲ့သည်။ ဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်တွင် ဒသမ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး အင်န်အယ်လ်ဒီ အစိုးရလက်ထက် ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်တွင် ဒသမ ဘီလျံကျော်သာ ဝင်ရောက်ခဲ့သည်။ အစိုးရအပြောင်းအလဲနှစ်များတွင်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလေ့ရှိသည်ကို တွေ့ရသည်။

မျှော်မှန်းထားသကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမှုမရှိခြင်းကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာရင်းအချက်အလက်များက ဖော်ပြနေသည်။ တစ်ဖက်တွင်လည်း ရင်းနှီးမြှုပ်နှံမှု လျော့ကျနေခြင်းကို ကုစားရန် ကုမ္ပဏီဥပဒေသစ်နှင့် အသစ်ဖွင့်ပေးလိုက်သော စီးပွားရေးကဏ္ဍများသည် ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်နိုင်အားတစ်ခုဖြစ်လာရန် အစိုးရပိုင်းက မျှော်လင့်နေသည်။

၂ဝ၁၈ (ဧပြီမှ စက်တင်ဘာအထိ) ကြားကာလနှစ် ခြောက်လတာအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သုံးဘီလျံခန့် ဝင်ရောက်လာရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မျှော်မှန်းခဲ့သည်။ ငါးလတာ ကုန်ဆုံးခဲ့ပြီးနောက်တွင်မူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ဒသမ ဘီလျံသာ ဝင်ရောက်လာသေးသည်။ သို့ဖြစ်ရာ ယခု ခြောက်လတာ ကြားကာလ ဘဏ္ဍာနှစ်တွင်လည်း လျာထားချက် ပြည့်မီရန် ခက်ခဲမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ဒသမ ဘီလျံ ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းဘဏ္ဍာနှစ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့ကျလျက်ရှိသည်။ ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ   ဒသမ ဘီလျံ၊ ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ဒသမ ဘီလျံ ဝင်ရောက်ခဲ့ပြီး ဘဏ္ဍာနှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျော့ကျခဲ့သည်။

၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ဆောက်လုပ်ရေးကဏ္ဍတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့ကျခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုပမာဏ လျော့ကျခဲ့သည်ဟု သြဂုတ်လ၊ နောက်ဆုံးရက်သတ္တပတ်အတွင်း ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂ဝ၁၇-၁၈ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

လာမည့်ဘဏ္ဍာနှစ်သစ် ၂ဝ၁၈၁၉ (၂ဝ၁၈ ခုနှစ် အောက်တိုဘာလမှ ၂ဝ၁၉ စက်တင်ဘာလအထိ) အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ လျာထားချက် အမေရိကန်ဒေါ်လာ ဒသမ ဘီလျံ သတ်မှတ်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ဆောင်ရွက်နေသည်။ ပြီးခဲ့သည့် ၂ဝ၁၇၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျာထားချက်ကို အမေရိကန်ဒေါ်လာ ခြောက်ဘီလျံခန့် မျှော်မှန်းခဲ့ခြင်းဖြစ်ရာ လာမည့်ဘဏ္ဍာနှစ်အတွက် လျာထားချက်သည် ယခင်ကထက် လျော့နည်း၍ မျှော်မှန်းခြင်းလည်း ဖြစ်လာသည်။ 

''Global Investment Trend ကိုက ကျနေတယ်။ ကျွန်တော်တို့ တစ်နိုင်ငံတည်းကျနေတာတော့ မဟုတ်ဘူး''ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အနောက်နိုင်ငံများ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် အားကိုး၍မရနိုင်သော ထိုးနှက်ချက်တစ်ရပ်မှာလည်း ရှိနေသည်။ ယင်းမှာ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခအရေးသည် အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို လျော့နည်းစေသည့်အချက်အဖြစ် အခိုင်အမာရှိနေဆဲ ဖြစ်သည်။ 

''အားလုံးသိတဲ့အတိုင်းပဲ နိုင်ငံတကာက ကျွန်တော်တို့အပေါ် တချို့ကိစ္စတွေမှာ သတင်းအမှားတွေနဲ့ အမြင်မှားနေတာတွေ ရှိနေတယ်''ဟု ဦးသန်းအောင်ကျော်က ပြောသည်။ 

ပြီးခဲ့သည့် သြဂုတ်၊ နောက်ဆုံးရက်သတ္တပတ်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂ဝ၁၇၁၈ ခုနှစ် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်အချို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလျော့နည်းနေခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆောင်ရွက်ရန် ဌာနဆိုင်ရာများကြောင့် ကြန့်ကြာမှုရှိနေခြင်းတို့အပေါ်တွင် မေးခွန်းထုတ်မှုများရှိခဲ့သည်။ 

''နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေကြောင့် အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံဖို့ တွန့်ဆုတ်နေတယ်။ ဝန်လေးနေကြတယ်။ အနောက်နိုင်ငံတွေက အစုရှယ်ယာရှင်တွေပိုင်တဲ့ ကုမ္ပဏီထက် မိသားစုပိုင်ကုမ္ပဏီတွေကို အဓိကပစ်မှတ်ထားပြီး ဆွဲဆောင်သင့်တယ်''ဟု မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။ 

အရှေ့အာရှနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုလားရာ

မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအများဆုံး ၁ဝ နိုင်ငံစာရင်းတွင် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ ဟောင်ကောင်၊ ယူကေ ကိုရီးယား၊ ဗီယက်နမ်၊ မလေးရှား၊ နယ်သာလန်နှင့် ဂျပန်နိုင်ငံတို့ပါဝင်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။ ထိပ်တန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစာရင်းအရ အရှေ့အာရှနိုင်ငံများသာ ကြီးစိုးထားပြီး ရှေ့လျှောက်မြန်မာအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ အနောက်နိုင်ငံများထက် အာရှနှင့် အာဆီယံဒေသတွင်း နိုင်ငံများထံမှ ရင်းနှီးမြှုပ်နှံမှုများကိုသာ ဆက်လက်၍ အားကိုးရမည့်အခြေအနေဖြစ်သည်။

အထူးသဖြင့် အိမ်နီးချင်းတရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည့် အခြေအနေလည်း ရှိနေသည်။ အမေရိကန်၊ တရုတ်တို့၏ ကုန်သွယ်ရေးစစ်ပွဲအသွင် ဖြစ်ပွားနေသော နှစ်နိုင်ငံကုန်သွယ်ရေး ပိတ်ဆို့မှုများကြောင့် တရုတ်နိုင်ငံမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် မြန်မာသို့ ရွှေ့ပြောင်း၍ ထုတ်ကုန်၏ Country of  Origin  Myanmar ဟု ဖော်ပြ၍ ၄င်းတို့၏ ထုတ်ကုန်များကို အမေရိကန်သို့ ဆက်လက်တင်ပို့ရန် ရည်ရွယ်မှုများ ရှိနေသည်။ 

ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ကုန်ထုတ်လုပ်ငန်း အချို့သည် အခြေခံအဆောက်အအုံများ ပြည့်စုံသည့် သီလဝါအထူးစီးပွားရေးဇုန်သို့ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည်/စက်မှုအသင်းချုပ်တို့နှင့် လာရောက်ဆွေးနွေးမှုများရှိသည်ဟု သိရသည်။

ကုန်သွယ်ရေးဂယက်ကြောင့် တရုတ်မှ ကုန်ထုတ်လုပ်ငန်းများ ရွှေ့ပြောင်းလာခြင်းနှင့် ရင်းနှီးမြှုပ်နှံပိုင်းအရ အခွင့်အရေးသာနိုင်ခြင်းတို့ ရှိနိုင်သည်ဟု စီးပွားရေးပညာရှင်ဒေါက်တာဇော်ဦးက သုံးသပ်သည်။

''ဒါက အကျိုးအမြတ်များလားဆိုတာ ပြောဖို့စောပါသေးတယ်။ ကျွန်မတို့နဲ့ကိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုကို ဆွဲယူနိုင်တယ်ဆိုရင်တော့ အကျိုးအမြတ် ရကောင်းရနိုင်တယ်။ သေသေချာချာ ဗျူဟာတွေ ခိုင်ခိုင်မာမာရှိရင်တော့ အကျိုးအမြတ် ဖြစ်ကောင်းဖြစ်နိုင်မယ်။ ဒီလိုမှမဟုတ်ရင် ဒါက ရေတိုမှာတော့ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာပြီး ဖွံ့ဖြိုးမှုနှုန်း တက်ကောင်းတက်နိုင်တယ်။ ရေရှည်မှာတော့ Sustainable (စဉ်ဆက်မပြတ်) ဖြစ်ဖို့ ခက်လိမ့်မယ်''ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (Institute for Strategy and Policy Myanmar) Lead Researcher ဖြစ်သူ ဒေါ်ခင်ခင်ကျော်ကြီးက သုံးသပ်သည်။

၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၉ ဒသမ ဘီလျံကျော် ဝင်ရောက်ခဲ့သည်။ ဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်တွင် ဒသမ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး အင်န်အယ်လ်ဒီ အစိုးရလက်ထက် ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်တွင် ဒသမ ဘီလျံကျော်သာ ဝင်ရောက်ခဲ့သည်။ အစိုးရအပြောင်းအလဲနှစ်များတွင်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလေ့ရှိသည်ကို တွေ့ရသည်။

ဥပဒေသစ်နှင့် ဖွင့်ပေးခဲ့သောကဏ္ဍများ

ယခုနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် ပညာရေးဝန်ဆောင်မှုကဏ္ဍနှင့် လက်လီ၊ လက်ကား ရောင်းချရေး ဝန်ဆောင်မှုကဏ္ဍတို့အတွက် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အရေးပေးထားသည့် ဆွဲဆောင်မှုများ ပါဝင်သော ကုမ္ပဏီဥပဒေအသစ်သည် သြဂုတ် ရက်တွင် အသက်ဝင်ခဲ့ပြီးဖြစ်သည်။ 

ပညာရေးဝန်ဆောင်မှုကဏ္ဍကို ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်ခွင့်ပေးခဲ့ပြီးနောက်တွင် စင်ကာပူအခြေစိုက် ပညာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဝင်ရောက်လာခဲ့ပြီးဖြစ်သည်။ ထို့ပြင် လက်လီ၊ လက်ကားရောင်းချရေး ဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ဂျပန်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ လာရောက်ဆွေးနွေး မှုများရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များ စီးပွားဖြစ်ထုတ်လုပ်နိုင်ကြောင်း အတည်ပြုနိုင်ပါက ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာဖွယ်ရှိသည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဥက္ကဌဦးသောင်းထွန်းက သြဂုတ် ၃ဝ တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။


''လာမယ့်ဘတ်ဂျက်နှစ်မှာတော့ ကုမ္ပဏီဥပဒေရဲ့ အားသာချက်အရလည်း လာနိုင်တယ်။ ပညာရေးလို ကဏ္ဍမျိုးတွေ ဖွင့်ထားပေးတယ်။ လာမည့်သတ်မှတ်လျာထားချက်ကို ခန့်မှန်းထားသလို ကျွန်တော်တို့လုပ်နေတာတွေလည်း အများကြီးရှိပါတယ်။ အာရှဒေသမှာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုကတော့ လုံးဝကျသွားတာမရှိဘူး''ဟု ဦးသန်းအောင်ကျော်က ပြောသည်။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!