Popular Posts!

Monday, September 10, 2018

၂၁၀၇ -၂၀၁၈ Citizen’s Budget ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ စာရင်းအင်းဆိုင်ရာအချက်အလက်


ပြည်တွင်းဖြစ်ကို အစိုးရက အားပေးမှ မြန်မာဂျီဒီပီ (စီးပွားရေး) တိုးတက်မှာပါ။ ပြည်ပကို ကုန်ချော Export လုပ်နိုင်တဲ့ အကောင်းဆုံး ကမ္ဘာ့ အဆင့်မီ ပစ္စည်းကတော့ Grand Royal အရက်ပါပဲ။ နောက်တခု ကတော့ MYANMAR BEER  ဖြစ်လာမှာပါ။ ...တခြားအိတ်စပို့ export ကုန်တွေကတော့ အကြမ်းထည်တွေ ချည်းပါပဲ။ လယ်ယာသားငါး ထွက်ကုန်အားလုံး၊ နဲ့ ရေနံဓါတ်ငွေ၊ ကြေးနီ၊ နိကယ်၊ ရွှေ၊ ငွေ၊ ကျောက်စိမ်း၊ ပုလဲ၊ ပတ္တမြား အားလုံးနီးပါးက ကုန်ကြမ်း Raw Material တွေ နည်းပါပဲ။ ....
.
Ye Htut ပြန်ကြားရေးဝန်ကြီးဟောင်း ရှယ်လုပ်ထားတာ ကိုစစ် ဆိုသူ မေးမြန်းချက်ကို ဖြေလိုက်ပါတယ်။ 
.
အမေး 
Sitt Naing Aung ဒါ​လေး​ပြောချင်​​နေတာကြာပြီ ။ အခုကြုံ​တော့အဆင်​​ပြေသွားတယ်​ ။ ဒီဝန်​ကြီး​ဟောင်း​ပြောတဲ့ ​ငွေအ​မောင့်​ အတိုင်းဘဲ ​ပြောမှာပါ ....

1988 မတိုင်​မှီ ဦး​နေ၀င်းလက်​ထက်​မှာနိုင်​ငံခြား​ကြွေးမှီ 5288 သန်းရှိတယ်​ ။ 1988 က​နေ 2010 အထိ စစ်​အစိုးရလက်​ထက်​မှာ 4150 သန်းရှိတယ်​ ။ အဲ့ဒိအစိုးရ နှစ်​ရပ်​လက်​ထက်​မှာ စုစု​ပေါင်း​ကြွေးမှီ ​ဒေါလာ သန်း​ပေါင်း 9300 ​ကျော်​တင်​ခဲ့တယ်​ ။ 


ဦးသိန်းစိန်​လက်​ထက်​​ရောက်​​တော့ ပထမအ​စောပိုင်းကာလ​တွေမှာ ​ကြွေးမှီ​တွေကဘယ်​သူမှ ​လျှော်​​ပေးတာ ​လျှော့​ပေးတာမရှိ​သေးဘူး ။ ဒီမိုက​ရေစီအသွင်​ကူး​ပြောင်းတဲ့နိုင်​ငံတစ်​ခုမှာ အတိုက်​အခံနိုင်​ငံ​ရေးသမား​တွေကိုဖမ်းဆီအကျဉ်းချတယ်​ဆိုတဲ့လုပ်​ရပ်​က ပြဒါးတစ်​လမ်းသံတစ်​လမ်းဖြစ်​​နေတာရယ်​ ၊ နိုင်​ငံတကာမှယုံကြည်​မှု့ရ​အောင်​နိုင်​ငံတကာသိ DASSK ကိုလွတ်​လပ်​ခွင့်​​ပေးရင်​ ရရှိလာမဲ့ အ​ထွေ​ထွေအကျိုးအမြတ်​ကိုတွက်​ပြီး DASSK ကိုလွှတ်​​ပေးလိုက်​တာ​ကြောင့်​ နိုင်​ငံတကာက ဒီမိုက​ရေစီ တိုးတတ်​​ရေးအတွက်​ ဆန်​ရှင်​​တွေ​လျှော့​ပေးကြသလို တစ်​ခြား အကူအညီ​ပေးတဲ့အထဲမှာ အ​ကြွေး​တွေဝိုင်း​လျှော်​​ပေးခဲ့တာ​တွေလဲရှိခဲ ကြပါတယ်​ ။ အဲ့ဒိ​လျှော်​​ပေးတဲ့​ကြွေးမှီစုစု​ပေါင်း က ​ဒေါ်လာသန်း​ပေါင်း ၅၉၅၅ ။ သန်း​ပေါင်း ၆၀၀၀ နီးနီးလို့​ပြောလဲရတယ်​... ဆို​တော့ 

ယခင်​ မဆလ ဦး​နေ၀င်းနဲ့ စစ်​အာဏာရှင်​​အစိုးရ ၂ ရပ်​လက်​ထက်​မှာ တင်​ခဲ့တဲ့ သန်း​ပေါင်း 9300 ထဲက အခု​လျှော်​​ပေးလိုက်​တဲ့ သန်း ၆၀၀၀ ကိုနတ်​လိုက်​ရင်​ မြန်​မာပြည်​က ဦးသိန်းစိန်​လက်​ထက်​အ​စောပိုင်းကာလ မှာ ပြည်​ပ​ကြွေးမှီ သန်း ၃၀၀၀ ၀န်းကျင်​ဘဲ ကျန်​​တော့မယ်​ ။ ဒါ​ပေမဲ့ ဦးသိန်းစိန်​ အစိုးရမှ nld အစိုးရကိုလက်​လွဲ​ပေးချိန်​မှာ ပြည်​ပ​ကြွေးမှီ သန်း​ပေါင်း 10000 ​ကျော်​ပြန်​လွဲ​ပေးသွားတယ်​ ။ အဲ့ဒါဘယ်​လိုဖြစ်​တာလဲ ...

အခု ဒီဝန်​ကြီး​ဟောင်း​ပြော​တော့ ဦးသိန်းစိန်​လက်​ထက်​ သန်း ၂၀၀၀ ​ကျော်​ဘဲအ​ကြွေးယူခဲ့ပါတယ်​ တဲ့ ။ သူဆိုလိုချင်​တာက ယခင်​ အ​ကြွေး သန်း ၉၀၀၀ ​ကျော်​နဲ့ ဦးသိန်းစိန်​ သန်း ၂၀၀၀ ​ကျော်​​ပေါင်းလို့ သန်းတစ်​​သောင်း​ကျော်​လို့ဆိုလိုချင်​တာ ။ ဒါဆို သူယခု vdo file ထဲမှာ​ပြောခဲ့တဲ့ ပြည်​ပ​မှ ​လျှော်​​ပေးလိုက်​တဲ့အ​ကြွေး သန်း ၆၀၀၀ ( အတိအကျဆို 5956 . 6 သန်း ) က ဘယ်​​ရောက်​သွားလဲ ...

မရှင်းလို့ ​ဖြေ​ပေးပါ .... ။

အဖြေ (မိမိ အမြင်နှင့်ဖြေပါသည်)။ 
၂၀၁၈ ခုနှစ် ၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွှက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွှေစာရင်းနှင့် ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍငွေငအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ငွေကြေးဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာ အမှတ်စဉ်(၃/၂၀၁၈)
.
ပြည်ထောင်စုလွှတ်တော် ၀က်ဆိုဒ်မှာ ဒေါင်းလုပ်ကြည့်နိုင်ပါတယ်။ 
.Link....
https://pyidaungsu.hluttaw.mm/uploads/pdf/post/O9ISFj_(3-2018)Budget%20Report%20Final%20All%20Down%20Update-ilovepdf-compressed.pdf
.
Attached အစိုးရ ပြည်တွင်း၊ ပြည်ပ ကြွေးမြီတွေ အစီရင်ခံစာကို လေ့လာနိုင်ပါတယ်။ အလွန်တာဝန်ရှိ၊ တာဝန်ယူသူ လွှတ်တော်ငွေကြေးကောမတီက တင်ပြထားခြင်းပါ။ ဒိ စာရင်းကို ကြည့်ရင် ကိုစစ် သိချင်တဲ့ ဒေါ်လာသန်း၆၀၀၀ ဘယ်ရောက်သွားသလဲ အကြမ်း သိနိုင်မှာပါ။ 
.
1.  အဲဒီ ဒေါ်လာသန်း၆ထောင်က ရှော်ပစ်တဲ့အတွက် ပေးစရာမလိုတဲ့ မဆလ အစိုးရ (ဦးနေ၀င်း ရဲ့အကြွေးတွေ) ဖြစ်ပါတယ်။ မြန်မာတွေကို သနားလို့ အခုခေတ် အစိုးရခေါင်းဆောင်များကို သနားလို့..အရှင်းဆုံးရေးရရင်.. ဒေါ်အောင်ဆန်းစုကြည်ကို သနားလို့ ရှော်ပစ်တာပါ။ 
2. ကြွေးဟောင်းတွေ ရှော်ပစ်တော့ ကြွေးအသစ်တွေ ယူလို့ရပါပြီ။ ဒါပေမဲ့ IMF ရဲ့ အကြွေးငွေကြေး စီမံခန့်ခွဲမှု အဖွဲ့ (လွှတ်တော် ငွေကြေးကော်မတီ နဲ့ အစိုးရ စီမံဘဏ္ဍာ ငွေကြေးကော်မတီ) တို့ကို စနစ်တကျ ဖွဲ့စည်းပြီး အကြွေးသစ် တွေ ယူရပါတယ်။ 
.
3. ပြည်ပအကြွေးတွေက ထက်စာရင် ပြည်တွင်းကြွေးတွေက ပိုများသလိုပါ။ ပြည်ထောင်စု လွှတ်တော် ငွေကြေးအစီရင်ခံစာ စာ-၁၁ ကို ကြည့်နိုင်ပါတယ်။ 

.
4/ အခု နောက်ပိုင်း အကြွေးတွေ ယူတာ အာဏာပိုင် (အထူးသဖြင့် လုပ်ပိုင်ခွင့်ရှိတဲ့ ညွန်မှုး၊ ညွန်ချုပ် တွေနဲ့ ပေါင်းပြီး ကုမဏီကြီးတွေက လုပ်စား လာကြပါတယ်။ B.O.T ဆိုတဲ့ P.P.P အကြွေးတွေ အများကြီး အထူးသဖြင့် အဆောက်အဦ၊ အထပ်မြင့်၊ကွန်ဒို၊ ရှော့ ပင်စင်တာများမှာ ဈေးကြီးကြီးနဲ့ ဘဏ်တိုးများများ နဲ့ လုပ်လာကြပါတယ်။ ဒါတွေကို ဥပမာ အတိုး ၁၃ရာနှုန်း နဲ့ ချေးပေး၊ ရောင်းပေးတာကို ပြည်တွင်း ကုမဏီလေးတွေ လိမ့်ပိန့်အောင် ခံနေရပါတယ်။ သွင်းကုန်-ထုတ်ကုန် ပေါ်လစီ၊ လျှပ်စစ်ပေါ်လစီ အစရှိတဲ့ ပေါ်လစီ နဲ့ ဥပဒေများက ဘယ်လိုပဲ ရေးထားပါစေ၊ စီးပွားရေးကို Macro (System) နဲ့ Micro (Man) လူနဲ့စနစ် ကောင်းစွာ မထိန်းချုပ်နိုင်သေးပါဘူး။ 
.
နိဂုံး .. အဖြေ ကတော့ နားလည်ပြီး၊ လောဘကြီးသူ ၀ိသမ သူဌေးကြီးများစွက ဌာနဆိုင်ရာ ၀န်ထမ်းအကြီးအကဲ တွေရဲ့ နားမလည်မှု + လောဘ + မလုပ်မရှုပ်မပြုတ် (အလုပ်ပြုတ်၊ ပင်စင်လေးပြုတ်မှာစိုး) တွေကို အသုံးချပြီး ပိုချမ်းသာနေတာ ..ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းရဲ့ သဘော သဘာဝ ဖြစ်ပါတယ်။ တရုပ်ပြည်၊ ဗီယက်နမ် ပြောင်းလဲချိန်လဲ အလားတူပါပဲ။ လူလည် စစ်ဗိုလ်ဟောင်းကြီးတွေ ကတော့ ကုမဏီပိုင်ရှင်ကြီး၊ သူဌေးကြီးတွေ ဖြစ်နေတယ် ..ဒါပါပဲ ဆရာ ကိုစစ်ရေ... TSP. series
......
.
မိမိ သုံးသပ်ချက် (တစ်ဦးချင်း ဘာလုပ်ရမလဲ)
လျှပ်စစ် ကဏ္ဍ နည်းပညာနဲ့ ပေါ်လစီအကြောင်းများ ရေးခြင်းကနေ ၊ ဘတ်ဂျတ်နဲ့ စက်မှုဖွံ့ဖြိုးရေး တိုးတက်မှုများကို သုံးသပ်ရေးသားရပါတယ်။ မိမိ ကိုယ်တိုင် ၀င်ငွေကို မထိမ်သိမ်းနိုင်တဲ့ ၊ မိမိ စုဆောင်းငွေကို တိုးပွားအောင် မလုပ်နိုင်တဲ့ အတွက် မိမိ ပြည်ပမှာ မိမိပညာရပ်နဲ့ အသက်မွေး ရငွေများ တိုးပွားသင့်သလောက် မတိုးပွားခဲ့ပါဘူ။ နိုင်ငံ တနိုင်ငံ ရဲ့ ဘဏ္ဍာရေး ကို ထိမ်းဖို့ ဆိုတာ မိမိ မိသားစု ဘဏ္ဍာရေးကို ထိမ်းကြောင်း နိုင်ခြင်းက အခြေခံပါတယ်။ ဒါကြောင့် အခု လူတွေ ဝေဖန်ခံနေရတဲ့ ပြန်ကြားရေး ၀န်ကြီး ဦးဖေမြင့် (ဆရာဝန်၊ စာရေးဆရာ) ဘာသာပြန်ခဲ့တဲ့ ဘေဘီလုန်မှ အချမ်းသာဆုံး ပုဂ္ဂိုလ် The Richest Man in Babylon တကယ့်အဖြစ်အပျက် စာအုပ်က စီးပွားထူးချွန်သူများ ရဲ့ လက်တွေ့ ကျင့်သုံးနည်းလမ်း ဖြစ်ပါတယ်။ 



.
မြန်မာနိုင်ငံကို လက်တွေ တိုးတက်ဖွံ့ဖြိုးဖို့ ကတော့ ပညာရေးနည်းလမ်း ပဲ ရှိတာကို လူတိုင်း သိကြပါတယ်။ လက်ရှိ DASSK အစိုးရလဲ ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်နေပါတယ်။ ဆရာတွေကို တင်းကြပ်နေတယ်။ လုပ်ရင်း၊ အမှားတွေ ပြင်ရင်း ..ကောင်းသထက်ကောင်းအောင် လုပ်ရမှာပါ။ 
.
မိမိတို့လည်း မိမိ မိသားစုရဲ့ ပညာရေး၊ စီးပွားရေး တွေမှာ ကုမဏီ ဘတ်ဂျတ်တစ်ခုကို ကိုင်တွယ်သလို ကျင့်သုံးနိုင်ရပါမယ်။ ငွေဆိုတာ အလွန်တန်ခိုး ကြီးပါတယ်။ မိမိ ကိုယ်ပိုင်ငွေ မဟုတ်ပဲ ဌာနပိုင်ငွေ၊ ကုမဏီပိုင်ငွေ လက်ထဲ ခဏ ကိုင်လိုက်ရရင်ကို အိတ်ဖောင်းတော့ စိတ်ပြောင်း ဆိုသလို လူက လေထဲ တလူလူ လွင့်နေအောင် စိတ်ဘ၀င် မြင့်တတ်ပါတယ်။ 
.
မိမိ မိသားစု ငွေကြေးစီမံခန့်ခွဲမှု ဟာ ရေတိုမဟုတ်ပါ။ ရေရှည်ဖြစ်ပါတယ်။ မိမိ ကိုယ်တိုင်လဲ Rich Dad , Poor Dat စာအုပ်ကို အသက်၄၀ အရွယ်မှာ ဖတ်မိပြီး Do or Die စီးပွားရေး လုပ်ချင်လာမိပါတယ်။ မိမိ သားဖြစ်သူလဲ အဲဒီ စာအုပ်ကို ဖတ်မိတော့ သူ့ဘ၀ လမ်းကြောင်း ယိမ်းယိုင်သွားခဲ့တယ်။ အဓိကတော့ ငွေကို စီမံခန့်ခွဲမှု ညံ့ဖျင်းရင် အခုခေတ်ကြီးမှာ ကြီးပွားတိုးတက်ဖို့ မလွယ်ပါဘူး။ 
.
အကြွေးမယူမိကြဖို့၊ အကြွေးမှာ အိမ်ကြွေး၊ ပညာရေးအကြွေး တွေက ကောင်းပေမဲ့ လှချင်၊ ပချင်၊ ဖုန်း၊ တီဗွီ၊ အိမ်၊ ကား မတန်မရာ ၀ယ်မိရင် အကြွေးပိ သွားနိုင်ပါတယ်။ မြန်မာအစိုးရက Debt Management System ကို ဘဏ္ဍာရေး ၀န်ကြီးဟောင်း ဦးဝင်းရှိန် ပြောပြတာ တစ်ဦးချင်း မိမိ မိသားစုအတွက် သခန်းစာ ယူနိုင်ရင် ကောင်းကြောင်း၊ သုံးသပ်လိုက်ရပါတယ်။ 
.
ဇော်အောင် (မုံရွာ) ၂၁.သြဂုတ်. ၂၀၁၈



No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!