Popular Posts!

Tuesday, September 1, 2015

နေပြည်တော်မှာ မြေဝယ်လျှင် ဆောင်ရန်ရှောင်ရန်များ

နေပြည်တော်မှာ မြေဝယ်လျှင် ဆောင်ရန်ရှောင်ရန်များ
*****************************************************
နေပြည်တော် ရှိမြို့သစ်အများစု သည် စံနစ်တကျတည်ဆောက်ထားသည်နှင့်အညီ ဧရိယာအတိအကျ သတ်မှတ်ထားပါသည်။
မြို့သစ်ဖြစ်သည့် အလျောက် ပိုင်ရှင်အဆက် အစပ်လည်းမများလှပေ ။ လိုအပ်ချက်ရှိလျှင် မြေကွက်များဧ။် ၉၀ % ခန့်သော ပိုင်
ရှင်များကို ပြန်လည် ဆက်သွယ်နိုင်သေးသည်။ ရန်ကုန် မန္တလေးမြို့ကြီးများ နည်းတူ မြို့တော်စည်ပင် ရှိ၍ မြို့မြေ အများစုကို
စည်ပင် မှပင် ကိုင်တွယ်စီမံပါသည်။ ရွာမြေအများစုကို မြေစာရင်းနှင့် ထွေအုပ် မှစီမံခန့်ခွဲပါသည်။ နေပြည်တာ် ကောင်စီနယ်မြေတွင်
မြို့နယ် ၈ ခုရှိသည်။ မြို့ဟောင်း ခုဖြစ်သော ပျဉ်းမနား လယ်ဝေး တပ်ကုန်းမြို့ပေါ်မှ မြေများသည် ဘိုးဘပိုင်မြေ ၊ဂရန်မြေ၊3B မြေ၊
လယ်ယာမြေကို အခြားအသုံးပြုခွင့် ကျပြီးသော လယ-၃၀ က/ခ မြေ (ယခင် လန-၃၉)၊သာသနာပိုင်မြေ ၊အစိုးရပိုင်ဌာနဆိုင်ရာမြေ၊
လယ်မြေ ၊ယာ မြေ ၊ဥယျာဉ်ခြံမြေ၊ကားလမ်းမြေ ၊ရထားလမ်းမြေ၊မွေးမြူရေးမြေ ၊သစ်တောမြေ ၊အများပြည်သူနှင့်သက်ဆိုင်သော မြေ
ပါမစ်မြေ စသည်ဖြင့် အမျိုးမျိုး ရှိကြသည်။
မြို့သစ်၅ မြို့နယ်ဖြစ်သည့် ဒက္ခိဏသီရိ ၊ဇမ္ဗူသီရိ၊ဥတ္တရသီရိ ၊ပုဗ္ဗသီရိ နှင့် ဇေယျာ သီရိ တို့ တွင် လည်း ဘိုးဘပိုင်မြေ အနည်းငယ်မှအပ
ကျန်မြို့ဟောင်း၃မြို့နည်းတူ မြေအမျိုးစုံစွာ ရှိနေပါသည်။ဝယ်ယူသူအများစုသည် မြို့သစ်၅မြို့နယ်ရှိမြို့ ပါမစ်မြေ ၊ဂရန်မြေ များကို အရပ်
စာချုပ်ဖြင့်ဝယ်ယူကာ GP/SP ကိုယ်စားလှယ် လွှဲစာများရယူ ၍ ပိုင်ဆိုင်မှုရယူထားသည်ကို တွေ့ရများပါသည်။ ပါမစ်မြေဆိုလျှင် power
မယူပဲ တရားရုံးကျမ်းကျိန်လွှာဖြင့် အမည်ပေါက် ပြောင်းကြသူများလည်းရှိပါသည် ။ စိုက်ပျိုးမြေ များဖြစ်သည့်လယ်မြေ ယာမြေ ဥယျာဉ်ခြံ
မြေများကို မူ ဝယ်ယူပြီးနောက် သက်ဆိုင်ရာ မြေစာရင်းဌာနတွင် ၁၀၅ ထုတ်ပြီး မိမိအမည်ပေါက် ပုံစံ၇ စာအုပ်ပြုလုပ်နိုင်ပါသည် ။
သို့သော် မိမိဝယ်ယူပြီးဆိုင်ရာဌာနများသို့ သွားရောက်၍ပိုင်ဆိုင်မှုခိုင်မာစေရန် ပြုလုပ်ရာတွင် မြို့နယ်အလိုက် မြေအမျိုးအစားအလိုက်
ဝယ်ယူမှု ပုံစံမကျပါက၊စာရွက်စာတမ်းမပြည့်စုံပါက အခက်အခဲများစွာကြုံတွေ့နိုင်ပါသည်။ မြို့နယ်အလိုက် ဆောင်ရန်ရှောင်ရန်များသိရှိထား
ခြင်းဖြင့် ဝယ်ယူမှုအမှားကြုံခြင်း၊အခက်အခဲတွေ့ခြင်းများကင်းလွတ်၍ ပိုင်ဆိုင်မှု ခိုင်မာအောင်ပြုလုပ်နိုင်ကြပါစေ။
ဥတ္တရသီရိမြို့ ။ ။ ၂၀၀၇ ခုနှစ်ဝန်းကျင်က ဖေါ်ထုတ်သည်။နေပြည်တော်တည်ဆောက်ပြီးနောက် ပုဂ္ဂလိက ပိုင် အဖြစ် ပထမဆုံးဖေါ်ထုတ်
်ပေးသော မြို့သစ်ဖြစ်သည်။ ဝန်ကြီးရုံးများနှင့်အနီးဆုံးရာဇသင်္ဂဟလမ်းမကြီးဘေးတွင်တည်ရှိသည်။ ရာဇသင်္ဂဟအိမ်ယာ ၁တွင် ပေ၂၀၀ ပါတ်
လည် ၁၀၄ကွက်ရှိပြီး ဝန်ကြီးများနှင့်တိုင်းမှူးများအားချထားပေးခဲ့သည်။ ပြန်လည်ရောင်းချခွင့်မပြု။အမည်ပြောင်းခွင့်မပြု။ ယင်းမြေကွက်များ
အားအရောင်းအဝယ်ပြုလုပ်မိပါက မြေကွက်အားပြန်လည်သိမ်းဆည်းခံရမည်ဖြစ်ကြောင်းကြားသိရ၍ ထိုမြေကွက်များအား အရောင်းအဝယ်
ပြုလုပ်ခြင်းမှ ရှောင်ကြဉ်သင့်ပေသည်။ ယခုအခါ ရာဇသင်္ဂလမ်းဧ။် အရှေ့ဘက်ခြမ်းကို ပုဗ္ဗသီရိမြို့နယ် အဖြစ်သတ်မှတ်လိုက်၍ ပုဗ္ဗသီရိမြို့နယ်
အတွင်း သို့ ရာဇသင်္ဂဟ အိမ်ရာ ၁ တစ်ခုလုံး ရောက်ရှိသွားပြီဖြစ်သည်။ ရာဇသင်္ဂဟလမ်းဧ။် အနောက်ဘက်ခြမ်းတွင် ရာဇသင်္ဂဟ အိမ်ရာ အမှတ်၂
ရှိပြီး ဗိုလ်ချုပ်များနှင့်ဒုဝန်ကြီးများအားချထားပေးသော ပေ၁၅၀ပါတ်လည် ၂၅၄ ကွက်ရှိသည်။ညွှန်ချုပ်များနှင့် ကာနယ်ကြီးများနှင့်ဦးဆောင် ညွှန်ကြား
ရေမှုးများအားချထားပေးသော ပေ၁၀၀ပါတ်လည် ကွက်၃၅၀ ဝန်းကျင်ရှိသည်။ထိုရာဇသင်္ဂဟအိမ်ရာ၂ သည်ဥတ္တရမြို့နယ်တွင်တည်ရှိနေပြီး
တရားဝင် အရောင်းအဝယ်ပြုလုပ်ခွင့် အမည်ပြောင်းခွင့်မရပေ။ ရွှေပုစွန်ဧ။်မြောက်ဘက် နားတွင် ကုမ္ပဏီကြီးများအားချထားပေးသည့်၁၂၀ ပါတ်လည်
အကွက်၁၀၀ကျော်ရှိပြီး အရောင်းအဝယ် ပြုလုပ်ခွင့်ရှိသည်။အမည်ပြောင်းခွင့်ရှိသည်။ ပါမစ်ဆိုလျှင် ကျမ်းကျိန်လွှာဖြင့် အမည်ပေါက်ပြောင်းလို့ရပြီး
ဂရန်မြေဆိုလျှင် အခွန်ဆောင်+မှတ်ပုံတင်စာချုပ်ကြီးချုပ်၍ အမည်ပေါက်ပြောင်းလည်းနိုင်ပါသည်။လက်ရှိတရားဝင်သွင်းမှာ သိန်း၇၀၀ကျော် ရှိပြီး
ပေါက်ဈေးမှာ သိန်း၁၀၀၀ကျော်ရှိပါသည်။အရောင်းအဝယ်ဖြစ်မှု ရှားပါသည်။ ရွှေပုစွန်ဝန်းကျင်နှင့် ဥတ္တရသီရိဆေးရုံထိ ၁၀၀ပါတ်လည်၁၀၀၀ကျော်
ရှိပြီး တရားဝင်အရောင်းအဝယ်ပြုလုပ်လို့ရပါသည်။နောက်ဆုံးသွင်းဈေးမှာ သိန်း၅၀၀ဖြစ်ပြီ အစောဆုံးသွင်းဈေးမှာ သိန်း၃၀ သာရှိပါသည်။လက်ရှိပေါက်
ဈေးမှာ ၆၀၀မှ ၁၀၀၀ကျော်အထိ နေရာလိုက်၍ ဈေးခေါ်ကြပါသည်။CAE ကျောင်းအနီးတွင် ၈၀ပါတ်လည် အကွက်၃၀၀ကျော် ရှိပြီး ယခင်သွင်းဈေးမှာ
သိန်း၂၀ခန့်ဖြစ်ပါသည်။၈၀ပါတ်လည်ကွက်သစ်မထွက်၍ နောက်ဆုံးသွင်းဈေးမရှိပါ။ရှိလျှင်လည်းသိန်း၃၅၀ဖြစ်ပါလိမ့်မည်။ ထိုမြေကွက်များအားတရားဝင်
အရောင်းအဝယ်ပြုလုပ်နိုင်ပါသည်။ ဥတ္တရသီရိမြို့သစ်ဖေါ်ထုတ်ရာတွင်မလွတ်ကင်းသည့် ကျေးရွာ၃ခုဖြစ်သော ချင်းရွာ၊ဒိုးနွယ်၊သင်းဝင်တိုင်း ရွာများကို
၄၀ ၆၀ မြေကွက်များဖေါ်၍ ရွာသားများအားချထားပေးခဲ့ပါသည်။ ထိုမြေကွက်အများစုသည် ပါမစ်မြေ များဖြစ်၍ အမည်ပြောင်းခြင်း ဂရန်လျှောက်ခြင်း
ပြုလုပ်နိုင်သည်။တရားဝင်အရောင်းအဝယ်ပြုလုပ်နိုင်သည်။ ဈေးများမှာ သိန်း၁၀၀ကျော် ၂၀၀ကျော်မှစ၍ နေရာလိုက်၍ ၄၀၀ကျော်ထိရှိသည်။
ရာဇာသင်္ဂဟလမ်းတစ်လျှောက်တွင် ပေ၁၀၀x၂၀၀ မြေကွက်များနှင့်ဆင့်မြင့်ဈေးရှိသည်။တရားဝင်ရောင်းချ ပေါင်နှံမှုပြုလုပ်နိုင်သည်။ ပေါက်ဈေးမှာ
သိန်း၂၀၀၀ဝန်းကျင် စ၍ နေရာလိုက်ပြီးမြင့်နိုင်သည်။Terminal ဆီပန့် အနီးတွင် စီးပွားရေးလုပ်ငန်းသုံး ဧကကွက်များရှိပြီး သွင်းဈေးသိန်း၁၀၀၀ နှင့်
ရှိသည် ။Show room များအတွက်ရည်ရွယ်၍ချထားပေးသည်။၎င်းဧ။်မြောက်ဘက်တွင် ဟိုတယ်ဇုံ၂ တည်ရှိသည်။
ပုဗ္ဗသီရိမြို့ ။ ။ ဥတ္တရသီရိမြို့သစ်ဖေါ်ထုတ်ပြီးနောက် ရွာတော်မြောက်ဘက်ရှိ နေပြည်တော်ဘူတာကြီးနှင့် ကျည်တောင်ကန်
ကျေးရွာ အနောက်ဘက်တွင် ရှိသည်။ ဝန်ကြီးဌာနပေါင်းစုံမှ ဒုညွှန်ချုပ် ၊ညွှန်မှူးအဆင့်များမှစ၍ အခြား အမှုထမ်းများ အထိ ကိုပိုင်အိမ်ဖြင့်နေနိုင်စေရန်
ရည်ရွယ်၍ အထူးစီမံကိန်းတစ်ရပ်ချမှတ်ကာ ၂၀၀၈ခုနှစ်တွင် ဖေါ်ဆောင်ခဲ့သည်။ အရပ်ဘက်ဝန်ထမ်းများအားချထားပေးသော အပိုင်းကို အရပ်ပုဗ္ဗ
ဟုခေါ်ကြပြီး စစ်မှုထမ်းများကိုချထားပေးသောအပိုင်းကို တပ်ပုဗ္ဗဟုခေါ်က်ြသည်။ အရပ်ပုဗ္ဗတွင် ညွှန်မူးအဆင့်ထိ ၈၀ပါတ်လည်၊ဒုညွှန် လက်ညွှန် ဦစီးမှူး
များအတွက် ၆၀ ၈၀ ၊ အခြားအဆင့် အတွက် ၄၀ ၆၀ များကို ချထားပေးသည်။ မြေဖိုးမှာ ၄၀ ၆၀ အတွက်၃သိန်း၊၆၀ ၈၀အတွက် ၅သိန်း၊၈၀ပါတ်လည်အတွက်
၇သိန်းဖြစ်၍ အခြားမြို့သစ်များထက်လွန်စွာသက်သာခွင့်ရကြပါသည်။ အိမ်များအားမိမိအစီစဉ်ဖြင့်ဆောက်နိုင်သလို ကုမ္ပဏီများအား အပ်နှံ၍လည်းဆောက်
နိုင်သည်။ ကုမ္ပဏီဖြင့်အပ်နှံပါက အိမ်ပုံစံ၅မျိုးရှိသည် ။
{ 1..} A1 timber (738sqft) =သိန်း၃၀ ၊ ထိုA1 ပုံစံကို အုပ်ညှပ်တက်မည်ဆိုပါကကုမ္ပဏီအား ၁၅သိန်းထပ်ပေးရသည် (A1 BN =45သိန်း)
{ 2 } A2 timber (576sqft)=25သိန်း ၊ A2ကိုအုပ်ညှပ်တက်ပါက +12သိန်း ( A2 BN = 37သိန်း)
{ 3 }B1,B2 B3 timber(464sqft) =သိန်း20 ၊ B ပုံစံများကို အုပ်ညှပ်တက်ပါက+10သိန်း (B1,2,3 BN = 30သိန်း)
စသည်ဖြင့် ကုန်ကျမည်ဖြစ်သည်။အစိုးရမှထိုစီမိံန်းအတွက် သစ်၁တန်၁သိန်း။သွပ်၁ချပ် ၈၀၀ကျပ်၊ဘိလပ်မြေ၁အိတ် ၁၀၀၀ကျပ် နှုံးဖြင့် ကုမ္ပဏီများအား
ချထားပေးခဲ့၍ စရိတ်သက်သာစွာဆောက်လုပ်နိုင်ခဲ့ကြပါသည်။အခြေခံအဆောက်အအုံများဖြစ်သည့်လမ်း ရေ မီး ဈေးကျောင်း ၊ဆေးရုံ၊ရဲစခန်း မီးသတ်နှင့်
ရပ်ကွက်ပိုင် အဆောက်အဦးတို့အား ဆောက်လုပ်ပေးခဲ့ပါသည်။ပေ၁၅၀ မိန်းလမ်း၊ပေ၈၀ ကြားမိန်းလမ်းများတင်မကပဲ ပေ၆၀ ကြားလမ်းများကိုပါ ၂၄ပေ
ကျယ်သော Concrete လမ်းမျာခင်းပေးထားပါသည်။ဝန်ထမ်းများအတွက် ပုဗ္ဗ မြေကွက်များ ချထားစဉ်က ပြန်လည်ရောင်းချခြင်းမပြုရဟု စည်းကမ်း
သတ်မှတ်ထားသ်ေလည်း ယခုအခါ တရားဝင် ရောင်းဝယ်ခွင့် ၊အမည်ပြောင်းခွင့် ခွင့်ပြု ခဲ့ပြီဖြစ်သည်။ မြေကွက်ဖေါ်ထုတ်စဉ်အဆင်မပြေသောဝန်ထမ်း
မျာက ပြန်လည်ရောင်းချခဲ့ကြပါသည်။ထိုအချိန်က အရပ်စာချုပ်ဖြင့် ဝယ်ယူကြတာများသည်။ဂရံမလျှာက်ရသေးမှီ ပါမစ်များအားအလွတ်ဝယ်သူများ သည်
ယခု အခါ ဒုက္ခ လှလှတွေ့ကြပါသည်။ ပုဗ္ဗသီရိမြို့သည် ကျန်မြို့များကဲ့သို့ ပါမစ်မှ အမည်ပေါက် တန်းပြောင်းလို့မရပါ။ ဂရံထွက်ပြီးမှ ထိုဂရန်အား အခွန်ဆောင်
မှတ်ပုံတင်စာချုပ်ကြီးချုပ် ၍ သာ ပြောင်းလို့ရပါသည် ။Gp ,Sp ကိုယ်စားလှယ်လွှဲစာများနှင့်လည်း ဂရန်လျှောက်လို့မရပါ။ Gp,Sp ကိုယ်စားလှယ်လွှဲစာများ
သည် ဂရန်ထွက်ပြီး မှတ်ပုံတင်စာချုပ်ကြီးချုပ် ရာတွင် သာ အသုံးဝင်ပါလိမ့်မည် ။ ထို့ကြောင့် ပုဗ္ဗမြေများဝယ်ယူလျှင် ဂရံ ထွက်ပြီးသားကို ဦးစားပေးကြပါ။
ဂရံလျှောက်ထားဆဲဆိုလျှင် ဂရန်အတွက် ငွေ ချန် ပြီးစာချုပ် ချုပ်ပါ။ ပေးငွေက မြေတန်ဖိုး တစ်ဝက်ကျော်လျှင် Gp ယူထားပါ။ ဂရံမလျှောက်ရသေးလျှင်
စရံပေးစာချုပ်ချုပ်ရာ မှာ မူလအမည်ပေါက်ပိုင်ရှင် မှ ဂရန် လျှောက် ပေးပြီး ဂရန်ရရှိသည့် အချိန်တွင် ကျန်ငွေပေးပါ။ ဂရန်ရလျှင် အထူးကိုယ်စားလှယ်လွှဲစာ
Sp ယူပါ ။ ဂရန်အပြင် မူလအမည်ပေါက်ပိုင်ရှင်ဧ။် မှတ်ပုံတင်မိတ္တူနှင့် အိမ်ထောင်စုစာရင်းမိတ္တူ ၁စုံ မဖြစ်မနေယူထားပါ။ ပုံစံ၁၀၅/၁၀၆ ရေးကူရာတွင်
လိုအပ်လာပါလိမ့်မည် ။အထက်ပါ အရပ်ပုဗ္ဗတွင် မြေကွက်ပေါင်း ၁၀၀၀၀ ကျော်ရှိပြီး ဝန်ထမ်းမြေကွက်များ ဖြစ်ကြသည့်အလျောက်အလိမ်အညာ အလှည့်
ပတ် နည်းပါးသည်ကိုတွေ့ရပါသည်။ သို့သော်လည်း unseen ဝယ်ကြသော ကြို့ပွိုင့်ကိစ္စများတွင် အလွန်ဇယားရှုပ် ပြသနာတက်သည်ကို ကြားသိရပါသည်။
ဝယ်ယူစဉ်က စာရွက်စာတမ်း မပြည့်စုံလျှင် ဂရံမလျှောက်ရသေးလျှင်၊ power တစ်ခုခု လွှဲမထားရသေးလျှင် မူလပိုင်ရှင်များကို ပြန်လည်ဆက်သွယ် ရတတ်
ပါသည်။ ထိုအချိန်တွင် အချိုာသောမူလပိုရှင်များက ငွေများများတောင်းတတ်ကြပြီး ၊အများစုက စေတနာအသိစိတ်ဖြင့် လိုက်လုပ်ပေးကြပါသည်။
၃သိန်း/ ၅သိန်း စသည်ဖြင့် ဝယ်သူက ဂါရဝပြုကြပါသည်။ 
တပ်ပုဗ္ဗ တွင် တပ်ရင်းမှူး မှစ၍ အောက်ခြေတပ်သားများအထိ ပါဝင်ပါသည်။အရာရှိ ၈၀ပါတ်လည် ၊အရာခံ ၆၀ ၈၀၊ အကြပ် တပ်သား ၄၀ ၆၀ များ
ချထားပေးသည်။အိမ်ပုံစံကတော့ အရပ်ပုဗ္ဗအတိုင်းအတူတူဖြစ်သည်။တပုဗ္ဗတွင် မြေကွက်ပေါင်း၁၀၀၀၀ နီးပါးရှိပြီး ဈေးအချိုဆုံး မှာ သိန်း၂၀ဖြစ်သည်။
၁၀၀ ဖိုး ၄ကွက် /၅ကွက် ဝယ်လို့ရသည်။ သို့သော် တပ်ပုဗ္ဗသည် ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်ရှိနေသေးပြီး အကြောင်းကြောင်းကြောင့်တရားဝင်
အရောင်းအဝယ်ပြုလုပ်ခွင့် ပြုမထားသေးပေ။ တပ်ပုဗ္ဗသည် အရပ်ပုဗ္ဗထက် စာလျှင် စိစစ်ဝယ်ယူနိုင်မှတန်ကာကျသည်။ ဂရန် ရရနအ်ဆင့်ပေါင်းများစွာကျော်
ဖြတ်ရသည်။ ငွေကြေးမတတ်နိုင်သူ တပ်သားများအတွက် ကကထောက်ဧ။် လှည့်ပါတ်ရံပုံငွေမှ အိမ်ဖိုးစိုက်သွင်းပေးထားသည်။ တပ်သားများဧ။်လစာမှ
နှစ်ရှည် အရစ်ကျစံနစ်ဖြင့်ပြန်ဖြတ်သည်။ဥပမာ။ ။B timber သိန်း၂၀ တန်အိမ်အတွက် ၁လ ၁၇၅၀၀ ဖြင့် ၁၀နှစ်ဖြတ်သည်။ ထိုငွေကြေမှ ငွေကြေကြောင်း
ထောက်ခံစာဖြင့် နေပြည်တော်စည်ပင်မှာ ဂရန်လျှောက်ရသည်။ ငွေမကြေသေးလျှင် ကျန်ငွေကို အကြေပေး သွင်းနိုင်သည်။ဝယ်ယူသူများ အနေဖြင့်
အိမ်အပါ အိမ်ဖိုး ၁၅သိန်းကျန်နေသေးသည့် B timber သိန်း၂၀တန်၁လုံးကို ၄၅သိန်းဖြင့် ဝယ်မည်ဆိုပါစို့၊ စရံချပါ။ငွေအကြေစိုက်သွင်းပါ။ ပါဝါယူထားပါ။
အမည်ပေါက်ပိုင်ရှင်အားဂရံလျှောက်ခိုင်းပါ။ ဂရန်ရမှကျန်ငွေချေပါ။ အကယ်၍ထိုသိုမလုပ်ပဲ အိမ်အပါ၄၅သိန်တစ်ခါထဲချေပစ်ပါက သူဧ။် လစာငွေမှ အိမ်
ဖိုးကို အရစ်ကျ ဆပ်နေလျှင် ဝယ်သူလက်သို့ ၁၀နှစ်နီးပါကြာမှ ဂရန်ရောက်လာပါလိမ့်မည်။ တစ်ချို့နားမလည်သော ဝယ်သူအချို့အား ပွဲစားများက
၁၀၀ဖိုး ၄ကွက် /၁၀၀ဖိုး ၅ကွက်ဖြင့် အိမ်မပါ မြေသက်သက် ကိုဂရံမလျှောက်ပေးပဲ ရောင်းချနေကြပါသည်။ (မလေးရှား၊ထိုင်းနှင့်စင်္ကာပူတွင် သွားရောက်
လုပ်ကိုင်နေသော လူငယ်များစု ပါသည်) ။
အရပ်ပုဗ္ဗနှင့် တပ်ပုဗ္ဗရှိ မြေကွက်များသည် စာရွက်စာတမ်းမည်မျှပင်စုံစေကာမူ ၊GP ,SP Power များ ဘယ်လောက်လွှဲ
ထားစေကာမူ ဂရန်လျှောက်လျှင် မူလပိုင်ရှင်ကိုယ်တိုင်သာပြုလုပ်ပေးရပါသည်။ဂရံရှိမှလည်းပြန်ရောင်းလို့ရပါသည်။ ပိုင်ဆိုင်မှုခိုင်မာပါသည်။မိမိအမည်
်ဖောက်လို့ရပါသည်။ဂရံမပါလျှင် နောက်ဆက်တွဲဒုက္ခများ ခံစားရနိုင်ပါသည် ။ဂရံမရှိရှိ ရှိရှိ မိမိကိုယ်တိုင်နေမှာဟု အတွန့်တက်သော် ပြောစရာမရှိပါ။
ရင်းနှီးမြှုပ်နှံမှုလုပ်လိုသော် လွှဲပြောင်းရောင်းချရ လွယ်ကူရန် ဂရန်ရအောင် လုပ်ထားကြပါ။ အမြတ်ရဖို့ထက် အဆုံးအရှုံးမဖြစ်အောင် ကြိုတင်ကာကွယ်
်ထားခြင်းသည် မြေကြောင့်ဖြစ်သောစိတ်ရှုပ်စရာ များမှကျော်လွန်၍ အသီးအပွင့်များကို ခံစားရပါလိမ့်မည်။
ဒက္ခိဏသီရိ ။ ။ဒက္ခိဏသီရိသည် နေပြည်တော်အမြန်လမ်းမှအဝင် တွင်တည်ရှိသည်။၂၀၀၉ခုဝန်းကျင်တွင်ဖေါ်ထုတ်သည်။၁၂၀ပါတ်လည်၂၅၄ကွက်၊
၊၁၀၀ပါတ်လည်၄၄၅ကွက် ၊၈၀ပါတ်လည်၂၆၀၀ကျော် နှင့် ၆၀ပါတ်လည်၁၄၀၀ကျော် ရှိသည်။ စချစဉ်ကက ၁၀၀ပတ်လည်သိန်း၃၀၊၈၀ပါတ်လည် သိန်း၂၀
သာရှိသော်လည်း သွင်းဈေးများတိုးမြင့်လာပြီး၁၀၀ပါတ်လည် သွင်းဈေးသိန်း၅၀၀၊ ၈၀ပါတ်လည် သိန်း၃၅၀ ထိဖြစ်လာခဲ့သည်။ သွင်းဈေးထက် ၂ဆ ၃ဆ
ပို၍အရောင်းအဝယ်ဖြစ်ခဲ့ကြသော်လည်း ယခုအခါ ၁၂၀ပါတ်လည်နှင့် ၁၀၀ပါတ်လည်များမှအပ ၈၀ပါတ်လည်များသည်သွင်းဈေးအောက်ဖြင့်သာ ရောင်း
ဝယ်နေကြသည်။၈၀ပါတ်လည် လမ်းမတန်းများကတော့ သွင်းဈေးအထက် ရှိနေသေးသည်။ ဒက္ခိဏမြေကွက် အများစုသည်ပါမစ်မြေများဖြစ်ကြသည်။
ပါမစ်ကို ဝယ်သူအမည်ပေါက်ပြောင်းလိုလျင် ၅သိန်းသွင်းရသည်။ဂရန်ဆိုလျှင် သိန်း၂၀ ဝန်းကျင် ကုန်သည် ။ ယ္ခင်က ၆လ အတွင်း အိမ်စမဆောက်လျှင်
ပြန်သိမ်း သည် ။ယခု အိမ်ဆောက်ရန် မလိုတော့ပေ။ ခြံစည်းရိုးခတ်လျှင် ပင် ဂရံလျှောက် လို့ရသည်။ပုဗ္ဗကဲ့သို့ မူလပိုင်ရှင် မလို။လုပ်ကိုင်ရ လွယ်ကူသည်။
ဒက္ခိဏမှာမြေဝယ်လျှင် စည်ပင်မှ် ထုတ်ပေးသည့် ဓာတ်ပုံပါသော မြေပေးမိန့် ရအောင်တောင်းပါ။မြေကွက်ဖိုး သွင်းသည့် ဘဏ်ချလံမိတ္တူတောင်းထားပါ။
ရောင်းသူဧ။် စွန်လွှတ်ကြောင်း ကျမ်းကျိန်လွှာတောင်းပါ။ စည်ပင်တင်ရမည့် အမည်ပြောင်းပုံစံတွင် နှစ်ဦးသဘောတူကတိဝန်ခံချက်မှာ လက်မှတ်ထိုးခိုင်း
ထားပါ။ အဆင်ပြေပါလိမ့်မည် ။ဒက္ခိဏသည် နေပြည်တော်ဝင်ပေါက် အချက်အခြာကျသည့်နေရာတွင် တည်ရှိသော်လည်း ဥတ္တရနှင့်ပုဗ္ဗတို့ဧ။် နောက် ၂နှစ်
လောက်ကြာမှတည်ဆောက်သော မြို့ဖြစ်သည့်အတွက် ဥတ္တရနှင့်ပုဗ္ဗလောက် လူနေသိပ်သည်းဆ မရှိသေးပေ။ ယခုအခါ ဒက္ခိဏတွင်စက်မှုဇုံ ဟိုတယ်ဇုံများ
ဖေါ်ထုတ်လျှက်ရှိပြီး လမ်း ၊မီး၊ဈေး၊ကျောင်း၊ဆေးရုံ ၊ကားဂိတ်၊မီးသတ် ၊ရဲစခန်းများ ပြည့်စုံလာပြီ ဖြစ်၍ အခြေခြနေထိုင်သူများကို တွေ့မြင်စပြုလာရပြီဖြစ်
်သည်။
ဇမ္ဗူသီရိ (သပြေကုန်း၊ရွှေကြာပင်)။ ။ ဇမ္ဗူသီရိမြို့တွင် ဝန်ထမ်းအိမ်ယာ အများစုတည်ရှိသည်။ သပြေကုန်းနှင့်ရွှေကြာပင် စသော ရပ်ကွက်အနည်း
ငယ်သာ ပြည်သူပိုင် လူနေရပ်ကွက် အဖြစ်ရှိသည်။၂၀၀၆ခုနှစ် နေပြည်တော်စတည်ကာစ မှာ ဖေါ်ထုတ်သည်။ကြက်ပြေးရွာအား အိုးအိမ်ဦးစီးဌာနမှ၆၀ပါတ်
လည် မြေကွက်များရိုက်ကာ သပြေကုန်းရပ်ကွက်အဖြစ် ပြန်လည်နေရာချထားပေးသည်။ ယခုအခါ စည်ပင်ဧ။် စီမံခန့်ခွဲမှုအောက် သို့ ရောက်ရှိသွားပြီဖြစ်သည်။
သပြေကုန်းမြေကွက်များ အားဝယ်ယူလျှင် မြေချပါမစ် မူရင်း ရရန်လိုအပ်သည်။ကျမ်းကျိန်လွှာဖြင့်အမည်ပြောင်းလို့ရသည်။ အမည်ပြောင်းခ ၁၀သိန်းဖြစ်သည်။
ပုဗ္ဗ မှအပ ကျန်သီရိ၎မြို့နယ် သည် ပါမစ်မှအမည်ပြောင်းနိုင်သည်။ အမည်ပြောင်းခ ၅သိန်းဖြစ်သည်။နေပြည်တော်ဧ။် အချက်အခြာ သပြေကုန်းသည်
၂ဆပိုများသည်။ သီရိ၅မြို့နယ်မှာ တရားဝင် အရောင်းအဝယ်ပြုလုပ်၍ ရသော ပထမဆုံးရပ်ကွက်ဖြစ်သည်။
ရွှေကြာပင်ရပ်ကွက်သည် ဟိုတယ်ဇုံ၁ နှင့် ဂေါက်ကွင်းတည်ဆောက်ရာမှ မလွတ်ကင်းသောရွာများကို ကြာပင်ရွာအနီးတွင် မြို့ကွက်သစ် ဖေါ်ကာ
ပြန်ချထားပေးသောရပ်ကွက်ဖြစ်သည် ။ကျွန်းတက်ပဲ့ ၊တောင်ဒီး၊သာယာကုန်း၊ကြာပင်၊ကျောက်စောင်းအိုင်၊ပြန်ကပြေး စသည်ရွာများမှပါဝင်သည်။၆၀ပါတ်
လည်မြေ ကွက်များဖြစ်၍ တရားဝင် ရောင်းဝယ်ခွင့်ရှိသည် ။ပါမစ်မှအမည်ပြောင်းနိုင်သည်။နန်ဦးကျောင်းအနီးတွင်ချပေးသော Vip ၁၀၀ပါတ်လည်များမှာ
တရားဝင်းအရောင်းအဝယ်ပြုလုပ်ခွင့်မရှိသေးပေ။ဂေါက်ကွင်းဘေးတွင် ချပေးသော၁၀၀ပါတ်လည်များမှာ တရားဝင်အရောင်းအဝယ်ပြု၍ရကြောင်းဖြင့်
ဆောင်ရန် ရှောင်ရန်များကို သိသလောက်မျှဝေအပ်ပါသည်။
(နေပြည်တော်မြေကွက်များနှင့်ပါတ်သက်၍ ဈေးနှုံးမှအစ လုပ်ထုံးလုပ်နည်းများကို သိလိုသည်ရှိသော် ဆက်သွယ်မေးမြန်းနိုင်ပါသည်-0949205789)

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!