Popular Posts!

Friday, January 20, 2017

Myanmar’s Financial Sector A Challenging Environment for Banks


Myanmar’s Financial Sector
A Challenging Environment for Banks
(Updated Version, February 2015) 



မြန်မာနိုင်ငံတွင် GIZ ၏လုပ်ငန်းဆောင်ရွက်ချက်များ


ဂျာမနီနိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ GIZ သည် ဂျာမန်အစိုးရပိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဂျာမန်အစိုးရကိုယ်စား နိုင်ငံတကာနှ င့်ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်။ နည်းပညာဆိုင်ရာအကြံဥာဏ်များနှင့် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရန်အကူအညီပေးခြင်းတို့ဖြင့် သက်ဆိုင်ရာနိုင်ငံများတွင် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုရရှိ စေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ GIZ သည် ကမ္ဘာ့နိုင်ငံပေါင်း (၁၃၀) ကျော်တွင် ဝန်ထမ်းပေါင်း (၁၇၀၀၀) ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

GIZ သည် ဂျာမနီနိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးမှုဝန်ကြီးဌာန (BMZ) ကို ကိုယ်စားပြုလျက် (၂၀၁၂) ခုနှစ်မှ ပြန်လည်စတင်ကာ မြန်မာနိုင်ငံ၏စီး ပွားရေးရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ စီမံကိန်းသုံးခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရြှိ ပီး ၄င်းတို့မှာ (၁) ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂) စက်မှုနှင့်သက်မွေးပညာနှင့်သင်တန်းစီမံကိန်းနှင့် (၃) ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း တို့ဖြစ်သည်။

GIZ ၏ ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှာ (၂၀၁၂)ခုနှစ်တွင်စတင်ခဲ့ပြီး (၂၀၁၆) ခုနှစ်၊ဒီဇင်ဘာလတွင် ပြီးဆုံးမည် ဖြစ်သည်။ ဤစီမံကိန်းကို လုပ်ငန်းစဉ် (၄) ခုအပေါ်တွင် အခြေခံ၍အကောင်အထည်ဖော်လျက်ရှိသည်။ ယင်းလုပ်ငန်းစဉ် (၄) ခုမှာ -
၁။ ဘဏ်လုပ်ငန်းကြပ်မတ်ကွပ်ကဲရေးနှင့်ပတ်သက်၍ တည်ငြိမ်သောဥပဒေမူဘောင်များချမှတ်ခြင်းနှင့် ယင်းဥပဒေများ အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အား အကူအညီပေးသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်မှုနှင့်နည်းပ ညာဆိုင်ရာအကူအညီများပေးလျက်ရှိသည်။

၂။ ဘဏ္ဍာရေးဆိုင်ရာအစီရင်ခံစာပြုစုခြင်းနှင့်စာရင်းစစ်ခြင်းတို့နှင့်ပတ်သက်၍ ဥပဒေမူဘောင်များခိုင်မာအားကောင်းအောင် ပြုလုပ်ခြင်းနှင့် အကောင်အထည်ဖော်ေ ဆာင်ရွက်ခြင်းတို့တွင် ပါဝင်ပတ်သက်နေသူများကို အထောက်အပံ့ပေးသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံစာရင်းကောင်စီ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း စသည့်အဖွဲ့အစည်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အကူအညီ ပေးလျက်ရှိသည်။

၃။ ဘဏ်လုပ်ငန်းကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းပေးနေသောအဖွဲ့အစည်းများကို ထောက်ပံ့ပေးလျက်ရှိသည်။ အရည်အသွေးပြည့်ဝ၍ ဈေးကွက်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်သောသင်တန်းများ ပေါ်ထွန်းလာ စေရန် အကူအညီပေးသည်။ ပြည်တွင်းဘဏ်များအကြား စွမ်းေ ဆာင်ရည်ဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့အတွက်လည်း ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎။ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအား ဘဏ္ဍာရေးဆိုင်ရာကူညီပံ့ပိုးရေး (SME Finance) အတွက်လိုအပ်သော နည်းစနစ်များဖွံ့ဖြိုးတိုးတက်လာစေ ရန်ဆောင်ရွက်ရာတွင် အကူအညီပေးသည်။ ၂၀၁၄ ခုနှစ်၊ဧပြီလမှစတင်ပြီး အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သောဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင်ရန် ပြည်တွင်းဘဏ် (၃) ခုကို ရွေးချယ်ကာ အကူအညီပေးလျက်ရှိသည်။ 

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!