Popular Posts!

Friday, January 20, 2017

ကြက်သားမှုန့်က အချိုမှုန့်ထက်ပင် ဘေးထွက်ဆိုးကျိုးများဟု စားသုံးသူ ကြိုတင် ကာကွယ်ရေးအသင်းပြော..

ကြက်သားမှုန့် - Chicken Seasoning Powder

 ကြက်သားမှုန့်က အချိုမှုန့်ထက်ပင် ဘေးထွက်ဆိုးကျိုးများဟု စားသုံးသူ ကြိုတင် ကာကွယ်ရေးအသင်းပြော..

ဟိုတစ်နေ့ ကြက်သားမှုန့် အကြောင်း ထုတ်ပြန်စာတစ်ခုကို ဖတ်မိ လိုက်ရာကို အခြေခံပြီး စာဖတ်သူများကို ကျွန်မရဲ့  အမြင်လေးကို တင်ပြချင်တာနဲ့ ဒီစာကို ရေးရတာပါ။ သက်ဆိုင်ရာ တာဝန်ရှိသူများ အတွက် အကြံပြုစာဆို ရင်လဲမှန်ပါတယ်ရှင်။ 

ကြက်သားမှုန့် ကိစ္စကို အစားအသောက်စီမံကွပ်ကဲမှု (Food Management) ရှုထောင့် ကနေကြည့်ပြီး အောက်ပါအတိုင်း ကိုင်တွယ် ဖြေရှင်း သင့်တယ်လို့ ကျွန်မ ကတော့ အကြံပြုချင်ပါတယ်။

ပထမဦးစွာ ဘာကြောင့်  ကြက်သားမှုန့် ဟာအချိုမှုန့် ထက်ဆိုးတယ် ဆိုတာ ကို စားသုံးသူများကို အချက်အလက်စုံစုံလင်လင်နဲ့ အောက်ပါ အတိုင်း အသိပေးသင့်တယ်လို့ အကြံပြုပါတယ်။ Knowledge is Power တဲ့ အသိပညာဟာ စွမ်းအင်တစ်ခု ပါဆိုတဲ့ အင်္ဂလိပ် စကားပုံအတိုင်း စာသုံးသူများကို အချက်အလက်စုံစုံလင်လင်နဲ့  အသိပေးချင်းဟာ စွမ်းအင်ပေးချင်းနဲ့ အတူတူပါဘဲ။ ဒါ့ကြောင့် ဒီအရာကတော့ မကောင်းဘူး ဆိုတာနဲ့ တင်ရပ်မထားဘဲ ဘာကြောင့်မကောင်းဘူးဆိုတာလေးကို ပါအကျယ်တဝင် ရှင်းပြရင် ပိုကောင်းတယ်လို့ ကျွန်မကတော့ ထင်ပါတယ်ရှင်။ အဲ့ဒီတော့ ကျွန်မက အောက်ပါအတိုင်း ကြက်သားမှုန့်ဟာ အချိုမှုန့် ထက်ဘာကြောင် ပိုဆိုးသလဲဆိုတာလေးကို နံပါတ်စဉ် အလိုက်တင်ပြပါ့မယ်။

    ကြက်သားမှုန့် ထဲမှာ တကယ်ကြက်သားမှုန့် ပါဝင်နှုန်းကနည်းလေတော့  အနံ့ အရသာနဲ့ ပြည့် စုံအောင် Flavouring (အနံ့ ) ကိုထဲ့ရပါတယ်။ Natural flavour ( သဘာဝ အနံ့ ) ဈေးကြီးလေတော့ artificial flavour ( အနံ့ တု) ကိုအများအားဖြင့်သုံးကြပါတယ်။ အချိုမှုန့် ထဲမှာ အနံ့ မပါပါ ။ 

     နောက်တစ်ခု ကဈေးကွက်ထဲက ကြက်သားမှုန့် များဟာအမျိုး အစားပေါ်မူတည်ပြီး MSG (အချို မှုန့် ) အနည်းအများဆိုသလို ပါပါတယ်။
    ကြက်သားမှုန့် အများစုဟာ တာရှည်ခံအောင် စီမံထားရတော့ အနည်းနဲ့ အများဆိုသလို တာရှည်ခံဆေး ( preservatives) တွေပါ ပါတယ်။ အဲ့ဒါတွေ အချိုမှုန့်ထဲမှာမပါပါ။

    နောက်ပြီး တချို့ ကြက်သားမှုန့် တွေဟာ No MSG လိုကြော်ငြာပြီး MSG အစားထိုးတွေကို သုံးပါတယ်။ ဥပမာ E-627, E-631တို့  yeast extract တို့ဖြစ်ပါတယ်။ အဲ့ဒီအရာတွေ ဟာ sodium ပါဝင်နှုန်းများ တဲ့အတွက် MSG in disguise ( MSG ကိုနာမည်ဝှက်ထားတာ) လို့ကျွန်မတို့  အစားအသောက် သိပ္ပံသမားတွေ ကခေါ်ကြပါတယ်။

    နောက်ပြီး  yeast extract ( တံဆေး)ကလည်း များများစားသုံးလျင် မကောင်းပါ။ သူတို့ကို ဘယ်က ရသလဲဆိုတော့ မုန့်ဖုတ်တဲ့ နေရာနဲ့ (beer) ဘီယာ လုပ်တဲ့ နေရာတွေက အပိုထွက် ( by products ) အဖြစ်နဲ့ရပါတယ်။ သူတို့ထဲ့ထားတဲ့ မုန့်နဲ့ဘီယာ တွေတောင် ကျွန်မတို့ စားသောက် လို့ရတာ သူတို့ကိုလည်း ကျွန်မတို့ စားလို့ ရတာပေါ့။ အဲ့ဒီနေရာက ပြသနာမရှိပါ ။ အမှန်တကယ် ပြသနာက သူ့မှာလည်း အချို့ မှုန့်နဲ့ ဆတူ sodium (ဆိုဒီယမ်) တွေပါလို့ မကောင်းပါ။

     နောက်ဆုံး တစ်ခု အချိုမှုန့် အစား ပင်လယ်ရေညှိ တစ်မျိုးရဲ့ အမှုန့်ကို အသုံးပြု တာပါ။ ဒါပေမဲ့ ပင်လယ်ရေညှိဟာ ဈေးကြီးလေတော့ ကြက်သားမှုန့် ထဲမှာထဲ့လဲ အနည်းအကျည်းဘဲ ဖြစ်နိုင်တာမို့ ကျန်တဲ့ဟာ အများစုက အထက်ကပြောထားတဲ့ အချိုမှုန့် အစားထိုးတွေဘဲ ဖြစ်ဖို့ များပါတယ်။  အဲ့တော့ တာဝန် ရှိသူများ အနေနဲ့  ဒီကိစ္စ ဘယ်လို ကိုင်တွယ်သင့်လဲ ဆိုတာလေးကို ကျွန်မက ဒီကနေ အကြံပေးချင် ပါတယ်။ 

၁- ပထမဦးစွာ Chicken flavoured ( flavored) လို့ ကြော်ငြာထားတဲ့ တံဆိပ်တွေကို စိစစ်ပါ။ chicken flavoured လို့ ပြောချင်းဟာ ကြက်သားမှုန့် စစ်စစ်ကလာတဲ့ အနံအရသာလို့ ဆိုလိုပါတယ်။ တခြားအနံ့များ မပါဝင် သင့်ပါ။ ပါဝင်ပါက flavoured အစား flavour့လို သုံးရမှာဖြစ်ပါတယ်။ ဒါမှ စားသုံးသူတွေကဒီအနံ့ အရသာဟာ ကြက်သားမှုန့် အစစ်က လာသလား အညွှန်းကိုဖတ်ရုံနဲ့ သိရှိနိုင်မှာ ဖြစ်ပါ တယ်။

၂- No MSG လို့  ကြော်ငြာတဲ့ တံဆိပ်တွေထဲ မှာ အချိုမှုန့်  အစားထိုး တွေပါသလား စိစစ်ပါ။ ပါရင် No MSG (အချို မှုန့်မပါ)အစား MSG replaced (အချိုမှုန့် အစားထိုး) လို့ ပြောင်းရေးခိုင်းပါ။ အဲ့ဒါကို ထုတ်လုပ်သူတွေက မလိုက်နာနိုင်ရင်တော့ အများ ပြည်သူလူထုကို အထင်မှား စေတဲ့ No MSG claim ( အချိုမှုန်မပါ စာတမ်း) ကိုသုံးခွင့်မပေးသင့်ပါ။

၃- နောက်တစ်ခု ကတော့ ပါဝင်ပစ္စည်းတွေကို ရာခိုင်နှုန်းနဲ့ တကွ အညွှန်းပေါ်မှာ ဖော်ပြခိုင်းတာပါ။ အထူးသဖြင့်  ကြက်သားမှုန့်
လို့ခေါ်ရင် ကြက်သားမှုန့် တကယ် ဘယ်လောက် ပါသလဲ ဆိုတာကို အညွှန်းပေါ်မှာ ရေးခိုင်းတာပါ။  ဒီနည်းကို လုပ်ခြင်းဖြင့် စားသုံးသူတွေ အနေနဲ့ အညွှန်းကို ဖတ်ပြီး ဘယ်တံဆိပ် ကတော့ ကြက်သားမှုန့် ဘယ်လောက် ပိုပါတယ် စသည်ဖြင့် ချင့်ချိန်ဝယ်ယူနိုင် မှာဖြစ်ပါတယ်။

၎- နောက်ဆုံး အနေနဲ့ ကတော့ အစားအသောက်တွေထဲမှာ အချို မှုန့်နဲ့ အချိုမှုန့် အစားထိုး အရာများ ပါဝင်နှုန်း ထားကို သတ်မှတ်တာပါ။ (ဥပမာ အစားအသောက် ၁၀၀ဂရမ် မှာ မည်ရွေ့ မည်မျှထက် ပိုမပါရဘူး) လို့ စံနှုန်း သတ်မှတ် တာဘဲ ဖြစ်ပါတယ်။ အဲ့ဒီလို သတ်မှတ်ချင်း အားဖြင့် ထုတ်လုပ်သူတွေ အနေနဲ့ စားသုံးများ အတွက် ဥပါဒ် ဖြစ်နိုင်လောက် တဲ့အထိ အချိုမှုန့် အများအပြား ထဲ့ခြင်းကို မလုပ်နိုင် တော့တဲ့  အတွက် စားသုံးသူများကို ကာကွယ်ရာ ရောက်ပါတယ်။ အများ စားသုံးသူများ ကောင်းကျိုးအတွက် ရည်ရွယ်ပြီး ကိုယ်တတ်တဲ့ ပညာရပ်နဲ့ လဲ ပတ်သက်တဲ့ အတွက် ဒီအကြံပြုစာကို ရေးခြင်းသာ ဖြစ်ပါတယ်။ ဘယ်ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ဘယ်အဖွဲ့အစည်း ကိုမှ ထိခိုက် စေလိုခြင်း အလျဉ်းမရှိပါလို့ ဒီနေရာကနေ ပြောပါရစေရှင်။



Credit:  မြန်မာအစားအသောက်စားသုံးသူအခွင့်အရေးကာကွယ်ရေးနှင့်ပညာပေးရေး


Chicken flavored broth and health risks ကြက်သားမှုန့် နဲ့ ကျန်းမာရေး

ကြက်သားမှုန့်များသည် နာမည်အမျိုးမျိုးနဲ့လာသည်။ Chicken flavored broth powder, Chicken Broth စတာတွေရှိတယ်။ အရောင်းကုမ္ပဏီတွေကတော့ စီးပွါးရေးသဘောအရ အကောင်းချည်းရေးထားပါတယ်။ ကျန်းမာရေးဘက်ကနေ အပြစ်ရှာကြည့်သင့်ပါတယ်။

ကြက်သားမှုန့်မှာ No MSG, 100% Natural လို့ဆိုထားပါတယ်။ ထောက်ပြတာတခုကတော့ Chicken Broth: No MSG Labels Are False ကြက်သားမှုန့် - ဟင်ချိုမှုန့်မပါဆိုတာ မှားပါတယ်တဲ့။ ကြက်သားမှုန့်က ပိုကောင်းတယ်။ ဟင်းချိုမှုန့်မပါ ဆိုတဲ့သဘောက ဟင်းချိုမှုန့်မကောင်းတာကို စီးပွါးရေးသမား အချင်ချင်း (ဘူဘူချင်း) ကျောတဲ့သဘောဖြစ်နေပါတယ်။

ဟင်းချိုမှုန့်ထဲမှာပါတဲ့ MSG ဆိုတာ Neurotoxin အာရုံကြောအဆိပ်ဖြစ်တယ်လို့ ကြက်သားမှုန့် ဆန့်ကျင်ရေးသမားက ဆိုပါတယ်။ ဦးနှောက်ထဲမှာရှိတဲ့ (ဟိုက်ပိုသဲလမတ်စ်) မှာရှိတဲ့ (နူရုမ်း) တွေကို ပျက်စီး စေတယ်လို့ ထောက်ပြထားတာ ဖတ်ရပါတယ်။ MSG ကို ကြွက်တွေကိုကြွေးတော ဝလာတယ်၊ လူတွေမှာ ခေါင်းကိုက်တာနဲ့ (မိုက်ဂရင်း) ဖြစ်စေတယ်။

Yeast Extract တဆေးကထုတ်လုပ်သည်လို့လဲ ကြော်ညာပါသေးတယ်။ အမှန်က တဆေးဆိုတာ မုန့်ဖုတ်ရာ မှာသာ ကောင်းတာပါ။ အိမ်မှာတင် ကြက်သားကို အဲလိုလုပ်ရင် တဆေးသွားမထည့်ပါလေနဲ့။ လူရီစရာ ဖြစ်ပါမယ်။

Organic Spices လို့လဲကြော်ညာပြန်ပါသေးတယ်။ ထုတ်လုပ်သူတွေက Spice mix ထဲမှာ MSG 50% ထက် နည်းပါရင် မပါဘူးလို့ရေးနိုင်တယ်။

ချုပ်ပြောရရင် ကြက်သားမှုန့်ဆိုတာလဲ ဟင်းချိုမှုန့်သာဖြစ်ပါတယ်။ အကောင်း-အဆိုး ဆတူလောက်ရှိပါမယ်။ သုတေသန နည်းပါသေးတယ်။ Ajinomoto ဟင်းချိုမှုန့်ကို ဖတ်နိုင်ပါတယ်။

ကြက်သားမှုန့်က အချိုမှုန့်ထက်ပင် ဘေးထွက်ဆိုးကျိုးများဟု စားသုံးသူ ကြိုတင် ကာကွယ်ရေးအသင်းပြော


Organic Spices လို့လဲကြော်ညာပြန်ပါသေးတယ်။ ထုတ်လုပ်သူတွေက Spice mix ထဲမှာ MSG 50% ထက်နည်းပါရင် မပါဘူးလို့ရေးနိုင်တယ်။ ချုပ်ပြောရရင် ကြက်သားမှုန့်ဆိုတာလဲ ဟင်းချိုမှုန့်သာဖြစ်ပါတယ်။ အကောင်း-အဆိုး ဆတူလောက်ရှိပါမယ်။ သုတေသန နည်းပါသေးတယ်။ သွေးတိုး၊ ဆီးချိုရှိသူတွေနဲ့ မသင့်ပါ။

Dashi ဒက်ရှီဂျပန်စာဆိုတာ Soup စွပ်ပြုပ်လုပ်ရာမှာနဲ့ ခေါက်ဆွဲစတာတွေကို ချက်ပြုပ်ရာမှာ သုံးတယ်။ Kelp ခေါ်တဲ့ အညိုရောင် ပင်လယ်ရေညှိကနေ ထုတ်လုပ်တယ်။ Niboshi ခေါ်တဲ့ဆာဒင်းငါးပေါက်စနဲ့ Shiitake ခေါ်မှိုတမျိုးကိုလည်း သုံးတယ်။ ၁၉ဝ၈ ကတည်းက ပေါ်တယ်။ ကျန်းမာရေးအတွက် လေ့လာထားတာ မတွေ့သေးပါ။


ဒေါက်တာတင့်ဆွေ


MONOSODIUM GLUTAMATE (MSG): Maggi, Knorr, Royco infact it is in all the seasoning cubes 

 I have been very particular about the type of seasoning my wife uses and this led me to a study on Monosodium Glutomate (you remember Vedan and Ajinomoto?) and its effect on the body. It was all in the news some years ago in Nigeria that we needed to avoid Vedan and Ajinomoto because the seasoning is made with Monosodium Glutomate (MSG). White maggi!

What I discovered lately is that MSG is part of the ingredient used to make all the seasoning cubes in the market in Nigeria from Maggi, Knorr, Royco etc. Even the Noodles makers in Nigeria use it in their seasoning. I even checked some products made “by Supreme Spice” and discovered MSG as one of their ingredients.

Monosodium glutamate (MSG) is a flavor enhancer added to thousands of foods you and your family regularly eat. It's also one of the worst food additives on the market.  The more you use MSG flavor enhancer in your food, the more you are likely to experience its side effects.MSG is an excitotoxin, which means it overexcites your cells to the point of damage or death, causing brain damage to varying degrees, and potentially even triggering or worsening learning disabilities.Some of the Monosodium Glutamate side effects on body include: 

Rashes, itching, burning, numbness;
Migraines, headaches;
Asthma;
Irritable bowel syndrome symptoms;
Chest tightness, heart palpitations, heart arrhythmia, anxiety;
Irritability, restlessness, sleep disturbance; and

Children are more vulnerable to MSG dangers than adults. In fact, MSG and other flavor enhancers are not permitted in foods produced specifically for infants and young children who are 12 months old or less.

OSES IS TALKING says let us return to our roots. Make a decision to avoid MSG in your diet as much as possible. Prepare food at home, using fresh, locally grown ingredients like “Iru or dawadawa”.(African locust beans).



MSG Criticisms Should Be Taken With A Grain Of Salt ဟင်းချိုမှုန့် သတင်း 

ဟင်းချိုမှုန့် ဆေးသုတေသနသတင်း လန်ဒန်နေသူငယ်ချင်းက တင်ထားတယ်။ ကျွန်တော်လည်း ဟင်းချိုမှုန့်၊ အသားမှုန့်စာတွေရေးထားလို့ သေချာဖတ်ရတယ်။ အဲဒီသတင်းက ၂၆-ဂ-၂ဝ၁၄ နေ့ကထွက်ခဲ့တာပါ။ သတင်းခေါင်းစဉ်က MSG Chinese Food တရုပ်လုပ် ဟင်းချိုမှုန့်လို့ ရေးထားတာနဲ့ ဟင်းချိုမှုန့်ခေါ် Monosodium glutamate (MSG) သမိုင်းကို လှန်ရတယ်။

ဟင်းချိုမှုန့်မှာ အဓိကပါတဲ့ Glutamic acid (ဂလူတားမစ် အက်စစ်) ကို ၁၈၆၆ ကတည်းက ဂျာမန်ပညာရှင် တွေ့ထားတယ်။ ၁၉ဝ၈ မှာ Kikunae Ikeda (အိုင်ကီးဒါး) ဂျပန် ဘုရင့်တက္ကသိုလ်ကနေ အရာသာဓါတုပစ္စည်းအဖြစ် ဖေါ်ထုတ်ပါတယ်။ Laminaria japonica ပင်လယ် ရေမှော်ပင်ကနေ ထုတ်ယူတာပါ။ Katsuobushi နဲ့ Kombu အရသာမှုန့်တွေကိုလည်း (အိုက်ကီဒါး) ကနေ တွေ့တာပါ။ Dashi လို့ခေါ်တယ်။ အရသာသစ်ဟာ ချိုတာလည်း မဟုတ်၊ ငန်တာလည်း မဟုတ်၊ ချဉ်တာလည်း မဟုတ်၊ ခါးတာလည်း မဟုတ်ပါ။ လူတွေက ကြိုက်ကြတယ်။

Aji-no-moto (အာဂျီနိုမိုတို) လို့ခေါ်တဲ့ ကနေ့လူသုံးများလွန်းလှတဲ့ ဟင်းချိုမှုန်ကိုတော့ ၁၉ဝ၉ ခုနှစ်ကတည်းက ဂျပန် Suzuki ဆူဇူးကီး ညီအကိုကနေ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ တရုပ်တယောက်မှ မပါခဲ့ပါ။

ဟင်းချိုမှုန့်သုံးစွဲလွန်းလို့ရလာတဲ့ရောဂါကိုတော့ Chinese Food Syndrome (Chinese Restaurant Syndrome) တရုပ်စာဆင်ဒရုမ်းခေါ်ပါတယ်။ ဖြစ်ရင် ခေါင်းကိုက်မယ်၊ ပျို့ချင်မယ်၊ နှလုံးတုန်မယ်။

ဟင်းချိုမှုန့်သုံးစွဲနေခဲ့ကြတာ နှစ်ပေါင်း ၁ဝဝ ကျော်ပါပြီ။ သုတေသနတွေလည်းလုပ်ကြတာများပါပြီ။ အခုထိတော့ မသုံးစွဲသင့်၊ သုံးလည်းဘာမှမဖြစ် အမျိုးမျိုးရှိတယ်။ စွဲစေတာတော့ မှန်တယ်။ မသုံးရမနေနိုင်သူတွေ၊ အဲတာမပါ ဟင်းမချက်တတ်သူတွေ ရှိတယ်။ အဲတာမပါပဲ ချက်တတ်၊ စားတတ်သူတွေလည်းရှိတယ်။

ဆုံးဖြတ်ချက်ကတော့ လူကြီးမင်းတို့နဲ့ ဂုဏ်သရေရှိအမျိုးသမီးတို့ သဘောပါခင်ဗျား။ ကျွန်တော့်အိမ်မှာတော့ ဧည့်သည်လာလို့ စားချင်သူဆိုရင် ပေးဘို့သာ ဝယ်ထားပါတယ်။

Ajinomoto ဟင်းချိုမှုန့် http://doctortintswe.blogspot.com/…/…/sweetening-agents.html
Ajinomoto ဟင်းချိုမှုန့် http://doctortintswe.blogspot.com/2014/12/ajinomoto.html
Chicken flavored broth and health risks ကြက်သားမှုန့် နဲ့ ကျန်းမာရေး http://doctortintswe.blogspot.com/…/chicken-flavored-broth-…
Chicken flavored broth and health risks ကြက်သားမှုန့် နဲ့ ကျန်းမာရေး http://doctortintswe.blogspot.com/…/chicken-flavored-broth-…
Dashi and Sweetening Agents ဟင်းခပ်မှုန့်များ http://doctortintswe.blogspot.com/2015/03/ajinomoto.html

ဒေါက်တာတင့်ဆွေ

၃ဝ-၉-၂ဝ၁၆

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!