Popular Posts!
-
မောင်ကျေးရေ ကယ်လီဖိုးနီယား ဇန္န၀ါရ်ီလ ၅၊၂၀၁၃။ စကားဦး သတ္တုတွင်းမျာ၏ ဘေးထွက်ဆိုးကျိုးများသည် လူနှင့်သဘာဝပတ်ဝန်းကျင်အများစုကို နှစ်က...
-
တရုတ်နှင့်မြန်မာလူကြီးတွေက အနောက်နိုင်ငံကြီးတွေကို နိုင်ငံရေးကစားကွက်လေး တအားလှ ပါတယ်ဗျ..... ဘယ်သူတွေ ဘာဖြစ်ကျန်ခဲ့မလဲတော့ မသိသေးပါဘူး...
-
Do you dare smash your phone with a hammer? If you have this screen protector on, you'd probably won't either but this person did...
-
မြင့်လှိုင်၊ စက်တင်ဘာ ၂၈ ရက်၊ ၂၀၁၂ အမေရိကန်ဘဏ်ကြီးများ ဖြစ်ကြတဲ့ Bank of America ၊ JPMorgan Chase ၊ Wells Fargo ၊ US Bank နဲ့ PNC ...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
Hakka people https://en.wikipedia.org/wiki/Hakka_people တရုတ်ကြီး ဦးနေဝင်း၊ တရုတ်မြေး အေးနေဝင်း(မိဘဘိုးဘွား ဇာတိမှန်ကို ဖုံးကွယ်ခြင်းသ...
-
(၁) ဆရာသမီးကကျီးဘောင်ဖြစ်နေတာပါသမီးဂုတ်မှာဖြစ်နေတာပါ။ သမီးဆေးကုနေတာစုံနေပါပြီ။ သမီးက အရမ်း အကြောတတ်တာပဲ။ အမြဲနှိပ်နေရတယ်ဆရာ။ နည်လမ်းလေးသမ...
-
How Much Do You Need To Earn To Survive In Singapore? Do you earn enough to survive in Singapore? I did some calculations to try to fi...
Friday, March 18, 2016
Wednesday, March 16, 2016
တရားဝင်မြန်မာပြည်ငွေလွဲနည်းလေးတွေ Transfer Money to Myanmar (Remittabce Agants)
အခုရက်ပိုင်း နာမည်ကြီးနေတဲ့ တရားမ၀င် ရွှေဗမာ ငွေလွဲဆိုင်တွေ ထွက်ပြေးနေတာဆိုရင် နှစ်တိုင်းလို တဆိုင်မဟုတ်တဆိုင် လိမ်လည်ထွက်ပြေးနေကျလိုဖြစ်နေပြီဗျ!
လွန်ခဲ့တဲ့ ၂နှစ်က ၃ထပ်ဆိုင်တဆိုင် နှင့် လွန်ခဲ့၃နှစ်လာက်ကလိမ်လည်ထွက်ပြေးတာ အများဆုံးဖြစ်တဲ့ သန်းပေါင်းများစွာပါသွားတဲ့ ရွှေမြန်မာနှင့် လွိုင်ဟိန်း လဲ အခုဘာသတင်းမှမကြားရတော့ဘူး! ပလုံဘဲ…
မနှစ်က ဘွန်လေးက ရွှေဗမာဆိုင်တဆိုင်ရယ် အခု ရက်ပိုင်းက ပင်နာဆူလာကကဆိုင်တဆိုင်ပါဆိုရင် တခါဖြစ်လိုက်ရင် ဒေါ်လာ သိန်းဂဏန်းတွေချည်းဗျ!
ဒီကြားထဲ သတင်းနည်းနည်းစီထွက်ထွက်နေတဲ့ ပင်နာဆူလာကရွှေဗမာဆိုင်၂-၃ ဆိုင်လောက်လဲရှိသေးတယ်နော် သတိထားပြီးငွေလွဲကျပေတော့ဗျ…
ဒါကြောင့် တရားဝင် ဘယ်လိုငွေလွဲကျရမလဲဆိုတာ သိရသလောက်တင်ပေးလိုက်ပါတယ်!
တတ်နိုင်တော့ ကြိုးစားပြီးတရာဝင်နည်းနှင့် ငွေလွဲကျပေါ့ဗျ!
အဲ…ငွေအမောက်များများ tycoon ကုန်သည်တွေအတွက်တော့ သိဘူးဗျနော်…
ေ ရွှတွေအတော်ကိုစွန့်စားရဲတဲ့တွေဘဲလား? တတ်နိုင်ရင်မိမိကိုယ်တိုင် ဘဏ်တွေကနေကြိုးစား လွဲကြည့်ကျစမ်းပါ…
ဘဏ်မရှိတဲ့နယ်က မြိုငယ်လေးတွေအတွက်တော့ ပြောတတ်တော့ဘူးဗျ၊ ဒီငွေလွဲဆိုင်တွေကို အားကိုးနေရတုန်းဘဲထင်ပါရဲ့နော်…
ဘာလို့များ စိတ်မချရသော တရားမ၀င်တဲ့ ရွှေဗမာငွေလွဲဆိုင်တွေမှာငွေ လွဲနေကျသေးလဲဗျ! အခုလိုဖြစ်ရင် ဘာမှမတတ်နိုင်ပါဘူး!
ဘာမှအာမခံမရှိတဲ့ ရွှေဗမာငွေလွဲဆိုင်တွေ ငွေလိမ်ပြေးတဲ့ ပြဿနာတွေနှစ်တိုင်းလိုလိုဖြစ်နေလို့ သတိပေးလိုက်ပါတယ်!
ငွေဈေးနည်းနည်းလေးဘဲကွာတာပါ…အနည်းဆုံး ၅-၁၀ ကျပ်လောက်တော့ကွာတတ်ပါတယ်နော်၊ ဒါပေမဲ့ မိမိချွေးနဲနှင့်ရှာထားတဲ့ငွေအတွက်စိတ်ချမ်းသာစေချင်ပါတယ်၊ မိမိကပ်စီးနည်းတတ်တဲ့အတ္တလေး လောဘဇောလေးနှင့်တော့ ထိန်းထားစေချင်ပါတယ်…
မြန်မာ့ပြည်က မိမိလွဲချင်တဲ့လူတွေဆီကို မြန်မာ့ပြည်က AYA ဧရာဝတီဘက်နှင့်,MOB မြန်မာ့အရှေ့တိုင်းဘဏ်အကောင့်ထဲကို စကာင်္ပူက POSB ,DBS ဘဏ်တွေကနေ Bill Payment ကနေ ငွေပို့လို့ ရနေပြီ၊ လက်ခံမဲ့လူက မြန်မာပြည်က ဘဏ်အကောင့်လိုအပ်ပါတယ်။
အမိမြေမြန်မာပြည်က AYA Bank ဧရာဝတီဘဏ်နှင့် MOB Bank မြန်မာ့အရှေ့တိုင်းဘဏ်ကို လွဲတဲ့နေ့သက်ဆိုင်ရာဘဏ်ငွေပေါက်ဈေးကိုကြည့်ပြီး (သို့) တွက်ချက်ပြီး တရက်ကို အနည်းဆုံး စင်္ကာပူ ဒေါ်လာ ၁၀၀ ကနေ အများဆုံး ဒေါ်လာ ၅၀၀၀ ထိ လွှဲခွင့်ရှိပါတယ်၊ ဒီက စကာင်္ပူဘဏ်တွေက Bill Payment ကနေ မိမိလွဲချင်တဲ့မြန်မာပြည်က ဘဏ်အကောင့်ထဲကို လွဲရတာပါ၊
မိမိလွဲမဲ့နေ့ မြန်မာပြည်ကဘဏ်ငွေဈေးကိုပြီး နောက်နေ့ 24 နာရီကြာရင်ထုတ်လို့ရနေပါပြီဗျ၊
အဲ… ဝန်ဆောင်ခ ကတော့ တစ်ခါငွေလွှဲတိုင်း သုံးထောင်ကျပ် (၃၀၀၀ ကျပ်) ပါနော်!
အေး…ဒါပေမဲ့ လဲမဲ့သူတွေ internet banking ကိုတော့သုံးတတ်မှဖြစ်မှာပါ၊
တခြားဘဏ်တွေကိုလွဲသလို မိမိဘဏ်တိုကင်တို့ မိမိဖုန်းတိုကင်တွေတော့လိုတာပေါ့နော်၊ တိုကင်တွေမရှိသေးရင်လဲ သက်ဆိုင်ရာဘဏ်မှာလျှောက်ထားတောင်းလို့ရပါတယ်၊ ဘဏ်ကတိုကင်တွေအလကားပို့ပေးပါတယ် ၊ မိမိဖုန်းကိုလာတတ်တဲ့ဖုန်းတိုကင်ဆိုရင်လဲလျှောက်လို့ရပါတယ်၊
အဲ … တချို့ရွှေမမလေးဆို internet banking ကို သိတောင်မသိကျဘူးနှင့်တူတယ်နော်!
တချို့က Work Permit သမားနှင့် Foreginers domestic workerသမား တွေ လက်ရှိမိမိ အကောင့်ကနေ မရရင် ibanking လျှောက်ရမှန်းမသိသူတွေကို ထပ်လမ်းညွှန့်ပေးလိုက်ပါမယ်!
DBS/POSB saving-S$500 ပေးပြီး current A/C-ချက်လက်မှတ် အကောင့် ထပ်ဖွင့်လို့ ရပါသေးတယ်နော် သိကျလား! စကာင်္ပူဘဏ်တွေမှာ ibanking အကောင့်ကို ဘဏ်တွေမှာ ထပ်ပြန်လျှောက်လို့ရတာပါတယ်ကြိုးစားကြည့်လိုက်ကျပါအုန်းဗျ!
You, the employer as stated on the FDW’s work permit card, must have an existing DBS/POSB Savings/Current Account. This account will be the debiting account for the monthly contribution into this POSB FDW Savings Account every month.
ရွှေဗမာတွေအားလုံးစိတ်အေးလက်အေး မိမိဘဏ်အကောင့်ကနေလွဲကျစမ်းပါဗျ! 💸
ဒါက လျှောက်လွှာပုံစံတွေပါဗျ!
https://www.posb.com.sg/personal/deposits/bank-with-ease/posb-ibanking
http://www.dbs.com.sg/personal/forms/ib/apply/Pages/default.page
အဲ…ဘဏ်မရှိတဲ့နယ်က မြိုငယ်လေးတွေအတွက်တော့ ပြောတတ်တော့ဘူးဗျနော်… 🤑
ဒီငွေလွဲဆိုင်တွေကို အားကိုးနေရတုန်းဘဲထင်ပါရဲ့နော်…😰
နောက်တမျိုးက အမိမြေက ဘဏ်အတော်များများနှင့်ချိတ်ဆက်ထားတဲ့ Western Union agent ကနေတရားဝင်ငွေလွဲလို့ရသေးတယ်နော်! သိကျရဲ့လားဗျ…💸
Western Unionကနေမြန်မာနိုင်ငံရှိဘဏ်များနှင့်နိုင်ငံတကာငွေလွှဲပြောင်းဝန်ဆောင်မှုများ
Work Permit သမားတွေ အိမ်ဖော်တွေ ibanking မရှိရင်တော့ …
တရားဝင်ငွေလွဲလို့ရတဲ့ ဒီ Western Union Agent တွေရှိပါသေးတယ်၊ ငွေလွဲခက ဘယ်လောက်လွဲလွဲ $10ပါ၊ သူလဲငွေ အများကြီးလွဲလို့မရပါဘူး ကန့်သတ်ထားပါတယ်၊
အဲ … ပုံမှန်ဆိုရင် နာရီဝက်တနာရီလောက်ဆိုရင်ထုတ်လို့ရနေပါပြီ၊ တခါတရံနယ်ဆိုရင်၂၄နာရီကျော်ကြာတတ်တယ်နော်၊
မှတ်ချက်- (အပေါ်က DBS Bank တွေကနေ AYA,MOB Banks ibanking ငွေလွဲတာမှ ကျပ် ၃,၀၀၀ဘဲကျတာ)
ခက်တာက စကာင်္ပူကနေ မြန်မာပြည်ကို internet ငွေပေးချေတဲ့စနစ်မရှိသေးဘူးဗျ၊ ပိတ်ထားတယ်… Agent တွေဆီကနေဘဲလွဲလို့ရပါတယ်…
ငွေဈေးတွေကြည့်ချင်ရင်တော့ ဒီကြည့်လိုက်ပါ....
ဒီစကာင်္ပူက နေ မိမိနီးစပ်ရာ Western Union Agent ဆိုင်ခွဲကနေ (သို့) နီးစပ်ရာ စကာင်္ပူစာတိုက် Singapore post (Western Union)ကနေငွေလွဲလို့လဲရပါသေးတယ်နော်! သိကျရဲ့လားဗျ...
နောက်အမိမြေက မြို့ ကြီးတွေမှာ Myanmar Western Union Agent
ဆိုင်တွေရှိနေပါပြီ နီးစပ်ရာဆိုင်ကိုလွဲပြီးထုတ်လို့ရနေပါပြီ…
အမိမြန်မာပြည်က ပုဂ္ဂိုလ်ကဘဏ်ပေါင်း (၁၁) ဘဏ် လောက်ဖြစ်သော
ကမ္ဘာဇဘဏ် KBZ Bank,ဧရာဝတီဘ AYA Bank, မြန်မာ့အရှေ့တိုင်းဘ MOB Bank,သမ္မ၀ါယမဘဏ် CB Bank ,ကမ္ဘာရတနာဘဏ် GLOBAL TREASURE Bank,မြန်မာ့ရှေဆောင်ဘဏ် MAB Apex Bank, ရိုးမဘဏ်YOMA Bank, Unite Amara Bank, အာရုစိမ်းလန်းရေးဘဏ်AGD Bank, ထွန်းဖောင်ဒေရှင်းဘဏ်Tun Foundation Bankဘဏ်တွေပုဂ္ဂိုလ်က ဘဏ်အားလုံးနီးပါးကို Western Union ကနေတရားဝင်ငွေလွဲလို့ရပြေီ…
လက်ခံမဲ့ရဲ့သူရဲ့ဘဏ်အကောင့် တွေ နာမည်၊ မှတ်ပုံတင်နံပတ်၊လိမ်စာတွေလိုအပ်ပါတယ်၊
မြန်မာပြည် ရန်ကုန်မှာရှိတဲ့ ဘဏ်တွေ...http://locations.westernunion.com/search/myanmar+(burma)/yangon+region/
Ref; Ko Nge
Subscribe to:
Comments (Atom)