Popular Posts!

Tuesday, December 27, 2016

Yadanar Hnin Si Rssidence ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရောင်းချမည်

 ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရောင်းချမည်


ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ဧရာဝဏ်လမ်းနှင့် ရတနာလမ်းမကြီးဘေးနှစ်ဖက်မှာ စုစုပေါင်း မြေဧက ၂၂ဝ ပေါ်တွင် အဆင့်မြင့်အိမ်ရာစီမံကိန်း ၄၉ လုံး ဆောက်လုပ်နေ ကြောင်း သိရသည်။ ယခုအခါ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူတည်ဆောက် ခဲ့သော ရတနာနှင်းဆီအမည်ဖြင့် တိုက်တစ်လုံးလျှင် အခန်း ပေါင်း ၂၇၆ ခန်းပါရှိသည့် ၁၈ ထပ်တိုက် ငါးလုံး၊ အခန်းပေါင်း ၁,၃၈ဝ ပြီးနေပြီဖြစ်၍ စတင်ရောင်းချပေးတော့မည်ဖြစ်ကြောင်း သိရသည်။ 

ရတနာအဆင့်မြင့် အိမ်ရာစီမံကိန်းတည်နေရာမှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ဧရာဝဏ်လမ်းနှင့် ရတနာလမ်းမကြီးဘေးနှစ်ဖက်တွင်တည်ရှိပြီး စီမံကိန်းအကျယ်အဝန်းမှာ ဧရာဝဏ်ဘက်ခြမ်းတွင် ဧက ၁၂ဝ ခန့်၊ ရတနာဘက်ခြမ်းတွင် ဧက ၁ဝဝ ခန့် စုစုပေါင်း ဧက ၂၂ဝ ခန့်ရှိသည်။ ဧရာဝဏ်ဘက် ခြမ်းတွင် Parcel ခြောက်ခုနှင့် Building ၂၇ လုံးရှိပြီး ရတနာဘက်ခြမ်းတွင် Parcel ငါးခုနှင့် Building ၂၂ လုံး စုစုပေါင်း Parcel ၁၁ ခုနှင့် Building ၄၉ လုံးကို ကုမ္ပဏီ ၃၂ ခုဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂ဝ၁၅ ခုနှစ် မတ်လအထိ Super Structure အပေါ်ထည်တည်ဆောက်မှု ၁၅ လုံးခန့် ပြီးစီးနေ သည်။ ကျန် ၃၄ လုံးမှာလည်း Pile Cap လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ကြီးကြပ်ကွပ်ကဲပြီး Parcel(G) ရှိ ၁၈ ထပ်အဆောက်အအုံ ငါးလုံးကို ဆောက်လုပ် ရေးအထူးအဖွဲ့ (၁) မှ တစ်လုံး၊ ဆောက်လုပ်ရေးအထူးအဖွဲ့ (၂) မှ တစ်လုံးနှင့် ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်မှ သုံးလုံး ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောက်လုပ်ခြင်းကြောင့် ယခုရတနာနှင်းဆီအဆင့်မြင့်အိမ်ရာကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါတိုက်ခန်းများ ဆောက်လုပ်ရောင်းချပေးရခြင်း၏ရည်ရွယ်ချက်မှာ ပြည်သူလူထု၏ အိမ်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်၊ နိုင်ငံတကာအဆင့်မီ မြို့ပြအိမ်ရာစီမံကိန်းများ ပေါ်ပေါက်လာစေရန်နှင့် လူနေမှုအဆင့်အတန်း မြှင့်တင်နိုင်ရန်နှင့် နိုင်ငံသားလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်သော ခေတ်မီဆောက်လုပ်ရေးနည်းပညာများ ရရှိစေရန်တို့ဖြစ်ကြောင်း သိရသည်။

တည်ဆောက်ချိန်ကာလ နည်းခြင်း၊ အရည်အသွေးကောင်းမွန်ခြင်း၊ ကုန်ကျစရိတ်ဈေးနှုန်းသက်သာခြင်း စသော အချက်များ ကို အဓိကထား၍ ငလျင်ဒဏ်နှင့် မုန်တိုင်းဒဏ်ခံနိုင်စွမ်းရှိရန်အတွက် Semi-Precast System ကို အသုံးပြု ဆောက်လုပ်ထားေ ကြာင်း သိရသည်။ အခန်းတစ်ခန်း၏ ပျမ်းမျှ အကျယ်အဝန်းမှာ စတုရန်းပေ ၆ဝဝရှိ အိမ်ခန်းပေါင်း ၁၅၂ ခန်း နှင့် စတုရန်းပေ ၁၂ဝဝ ရှိ ၁၂၄ ခန်း စုစုပေါင်း ၂၇၆ ခန်း ပါဝင် သည်။ အခြားဝန်ဆောင်မှုခန်းများလည်း ပေါင်းစပ်ပါဝင်သည်။

စီမံကိန်းဧရိယာတစ်ခုလုံးအတွက် လိုအပ်သောလျှပ်စစ် ဓာတ်အားကို (230/66 KV) (100 MVA) ဓာတ်အားခွဲရုံတစ်ရုံ ဆောင်ရွက်ဆဲဖြစ်ပြီး (66/11KV) (2 _ 30 MVA) ဓာတ်အားခွဲရုံနှစ်ရုံ တည်ဆောက်ပြီးစီးပြီဖြစ်ပါသည်။ ယင်းခွဲ ရုံများမှတစ်ဆင့် Parcel တစ်ခုချင်းရှိ (11 KV) Transformer သို့ ပေးပို့ပြီး Building များအား ဓာတ်အားဖြန့်ဝေမည် ဖြစ်သည်။

စီမံကိန်းဧရိယာအတွင်း သောက်သုံးရေရှိရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လဂွမ်းပြင် ရေလှောင်ကန်မှ သီလဝါသို့ပေးပို့သော ရေပိုက်လိုင်း တည်ဆောက်ပြီးစီးမည့် ၂ဝ၁၈ ခုနှစ်မတိုင်မီ မြေအောက်ရေ ထုတ်ယူ သုံးစွဲမည်ဖြစ်ပြီး အဆောက်အအုံတစ်လုံးအတွက် ရှစ်လက်မ အဝီစိတွင်း နှစ်တွင်းမှ တစ်နေ့ရေဂါလန် ၈ဝ,ဝဝဝ Ground Tank နှင့် မီးသတ်ကန် ၃ဝ,ဝဝဝ ဂါလန်သို့ ရေပေးပို့ စုဆောင်းထားနိုင်မည်ဖြစ်ပြီး ခေါင်မိုးထပ်တွင်လည်း ရေဂါလန် ၁ဝ,ဝဝဝ ဆံ့ Fiber Tank လေးလုံး ထားရှိပါသည်။ မြေအောက်ရေကိုWater Treatment System ပြုလုပ်၍ သုံးရေအဆင့်ရရှိစေရန်  ဆောင်ရွက်ထားသည်ဟု သိရသည်။

ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာတည်ရှိရာ ဧရာဝဏ်၊ ရတနာ အထပ်မြင့်အိမ်ရာစီမံကိန်းဝန်းကျင်တွင် Bus Terminal ၊ စာသင်ကျောင်း၊ အားကစားကွင်း၊ ဆေးရုံနှင့် Shopping Mall များ ပေါင်းစပ်ပါဝင်ဖွဲ့စည်းတည်ဆောက်ထားကြောင်း သိရသည်။ အဆောက်အအုံတိုင်းတွင် Refuse Chute ပါဝင်ပါသည်။ (Y.C.D.C) မှ အမှိုက်သိမ်းစနစ်နှင့် ချိတ်ဆက်၍ စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရေးဆောင်ရွက်နိုင် ပြီး စီမံကိန်းအကျယ် ၁၈ ဧကခန့်ရှိပြီး ကားအစီးရေ ၆ဝဝ ကျော် မြေပြင်တွင်ရပ်နားရန် Car Parking နေရာ ပါရှိပါသည်။ ကားအလုံအလောက်ရပ်နားနိုင်ရန်အတွက် Multi Storied Car Park Buildingများ ထည့်သွင်းဆောက်လုပ်ထားသည်ဆို၏။

အဆိုပါစီမံကိန်းတစ်ခုလုံးကို လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး လုပ်ငန်းများ၊ လမ်းတည်ဆောက်ရေးလုပ်ငန်းများနှင့် ရေစီးရေလာကောင်းမွန်ရေး Infrastructure လုပ်ငန်းများကို နိုင်ငံတော်ငွေလုံးငွေရင်းမှ ၃၈ ဒသမ ၄ ဘီလီယံခန့် ကျခံသုံးစွဲထားပြီး အဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ လည်ပတ်ရန်ပုံငွေမှ လည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD) တို့မှ ဆောက်လုပ်ရေးချေးငွေ ရယူ၍လည်းကောင်း ၁၉၂ ဒသမ ၆ ဘီလီယံ ကျခံသုံးစွဲ တည်ဆောက်ထားခြင်းဖြစ်သည်။ 

စတုရန်းပေ ၆ဝဝ ရှိ အခန်း ၇၆ဝ နှင့် စတုရန်းပေ ၁၂ဝဝ ရှိ အခန်း ၆၂ဝ စုစုပေါင်း အခန်း ၁၃၈ဝ ရောင်းချမည်ဖြစ်ပြီး တိုက်ခန်းဝယ်ယူသူများသည် ၃ဝ ရာခိုင်နှုန်း ကနဦးငွေပေးသွင်းပြီး ကျန် ၇ဝ ရာခိုင်နှုန်းကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD Bank) နှင့် ချိတ်ဆက်၍ လစဉ်အရစ်ကျ ရှစ်နှစ်မှ ၁၅ နှစ်အထိ ပေးသွင်း ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားသလို ကျန်ငွေကို တစ်နှစ် အတွင်း အပြီးပေးချေ၍လည်းကောင်း တိုက်ခန်းတန်ဖိုးအပြီး လက်ငင်းဝယ်ယူပါက ငါးရာခိုင်နှုန်းသက်သာခွင့် Discount ရရှိမည်ဖြစ်ကြောင်းနှင့်  တိုက်ခန်းတစ်ခန်း၏ တန်ဖိုးမှာ စတုရန်း   ပေ ၆ဝဝ ရှိ အခန်း တစ်ခန်းကို ငွေကျပ်သိန်း ၆ဝဝ ဖြစ်ပြီး စတုရန်းပေ ၁၂ဝဝ ရှိ အခန်းကို ငွေကျပ်သိန်း ၁၂ဝဝ ဖြစ်သည်ဟု သိရသည်။ (ဈေးကတော့ တစ်ပေ ၁သိန်းနှုန်းထား မြို့ပြင်မှာနော်)

ယခုရောင်းချတော့မည့် ရတနာနှင်းဆီ အဆင့်မြင့်စီမံကိန်းမှ တိုက်ခန်းများရှိရာနေရာသည် ပဲခူးမြစ်ကြီးကိုလည်း အပေါ်စီးမှ လှမ်းတွေ့နေရသည်။ ရွှေတိဂုံစေတီတော်ကြီးနှင့် ကျိုက်ခေါက် ဘုရားတို့ကို လှမ်းဖူးမြင်ရမည်။ ထို့ကြောင့် မြန်မာပြည်တွင် ပထမဆုံးသောအစိုးရ၏ Condominium အဆောက်အအုံ များဖြစ်သလို Precast စနစ်ဖြင့် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းပြီး PPP (Public Private Partnership) စနစ် အခြေခံ၍ ပေါ်ပေါက်လာသော အထပ်မြင့်အဆောက်အအုံများဖြစ်ကြောင်းကို ရေးသားတင်ပြလိုက်ရပေသည်။

၁။ အိမ်ရာချေးငွေအတွသတ်မှတ်ချက်များ

   (က) ကာလ             ~ ၈/၁၀/၁၂/၁၅ နှစ် လစဉ်
    (ခ) အတိုးနှုန်း           ~ တနှစ်လျှင် (၁၂%)
    (ဂ) ဘဏ်ဝန်ဆောင်ခ ~ ချေးငွေအပေါ် (၁%)


၂။စာရင်ရှင်စာရင်ဖွင့်ခှစ်ခြင်း

  အိမ်ရာချေးငွေစနစ်ဖြင့် တိုက်ခန်းဝယ်ယူလိုသူများသည် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံဖြိုးရေးဘဏ်တွင် စာရင်းရှင်စာရင်းဖွင့် Current AC ဖွင့်လှစ်ထားရှိရပါမည်၊ ချေးငွေပြန်လည်ပေးဆပ်နိုင်မှုအခြေနေ Repayment Capacity ကို ဘဏ်မှာစိစစ်နိုင်ရန် အောက်ထော်ပြပါ အေထောက်အထားများကို ဘဏ်သို့ပေးပို့ရပါမည်။


၃။ ချေးငွေအတွက် တင်ပြရမည့်သက်သေအထောက်အထားများ

    (က) ဘဏ်စာရင်းရှင်စာရင်း( Current AC) လက်ကျန်ငွေပမာဏာ
    (ခ)   ပြည်တွင်း မိသားစုလစဉ်ဝင်ငွေ (Household income) 
(၁) အစိုးရ၀န်ထမ်း (ဌာနဆိုင်ရာအကြီးအကဲ၏ထောက်ခံချက်)
(၂) အငြိမ်းစား(ပင်စင်လစာငွေ၊ပင်စင်ာအုပိမိတ္တူ)
(၃) ကုမ္ဗဏီဝန်ထမ်း(ကုမ္ဗဏီအကြီးအကဲ၏ထောက်ခံချက်)
(၄) အခြားသူများ(၀င်ငွေရရှိကြောင်းအထော်မထား(သို့) လုပ်ငန်းလုက်ကိုင်နေကြောင်းနှင့်နေထိုင်ကြာင်း   
                 ရပ်ကွက်ထောက်ခံချက်)
(၅) အိမ်ထောင်စုစာရင်းမိတ္တူ
(၆) နို်င်ငံသားကဒ်မိတ္တူ
    (ဂ) ပြည်ပတွင် အလုပ်လုပ်ကိုင်နေသောမြန်မာနိုင်ငံသားများအတွက်
(၁) အလုပ်အကိုင်အတွက် အထောက်အထား(Updaded Employment Certificate)
(၂) ၀င်ငွေရရှိကြောင်းအထောက်အထား(Updaded Salary Recommendation)
(၃) Passport Copy
(၄) Identification Card Copy
     
၎။ အိမ်ရာချေးငွေစနစ်ဖြင့် တိုက်ခန်းဝယ်ယူခွင့်ရရှိပြီးနောက် ငွေချေးသူက လိုက်နာရန်အချက်များ

(က) လက်ငင်းပေးသွင်းငွေ Down Payment နှင့် ဘဏ်ဝန်ဆောင်ခ Service Change  ပေးသွင်း၍ ချေးငွေစာချုပ် 
                   ချူပ်ပြီးပါက တိုင်ခန်းတွင် တင်ရောက်နေထိုင်ခွင့်ပြုပါမည်၊
(ခ) လစဉ်အရစ်ကျပေးဆပ်ငွေကို လဆန်း (၅)ရက်အတွင်း မပျက်မကွက်ပေးသွင်းရန်၊
(ဂ) လဆန်း(၅) ရက်ကျော်ပါက သတ်မှတ်ဒဏ်ကြေးနှင့် နောက်ကျကြေးတစ်ရက်လျှင်(၀.၀၄%)ပေးဆောင်ရန်၊
(ဃ) (၄)ကြိမ်(၄)လ တဆက်နည်းပျက်ကွက်ပါက စာချုပ်ပါသတ်မှတ်များအတိုင်း အရေးယူခြင်းကိုလိုက်နာရန်၊
(င) မီးနှင့်သဘာဝလေးမန္တရယ်အာမခံကိုနှစ်စဉ်ထားရှိရန်နှင့် ကျသင့် Premiuကြေးကိုပေးဆောင်ရန်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အိမ်ရာချေးငွေစနစ် ငွေပေးချေမှုအစီအစဉ်


ရတနာနှင်းဆီအိမ်ရာစီမံ့ကိန်း


(၁) ၃၀% ငွေသွင်းပြီးပါက အခန်းတက်ရောက်နေထိုင်ခွင့်ပြုပါမည်။
(၂) တိုက်ခန်းဝယ်ယူမည်ဆိုလျှင်  CHDB Bank တွင် ငွေစုစာအုပ်ပြုလုပ်ရပါမည်။
(၃) အရစ်ကျပေးသွင်းမည့်ငွေများအား ငွေစုစာအုပ်မှ နုတ်ယူပါမည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြိ့ပြနှင့်အိမ်ယာဖွံ့ဖြိုမူဦးစီးဌာန၏ ရတနာနှင်းဆီ ၁၈ထပ် အဆင့်မြင့်အိမ်ရာစီမံကိန်း
24/Dec/2016 တွင် စတင်ရောင်းချပေးမည်ဖြစ်ပါသည်၊ 

CHD Bank ၏ ၁၀နှစ် နှစ်ရှည်ချေးငွေဖြင့် ဝယ်ယူနိုင်ပါသည်၊စိတ်ဝင်စားသူများ လာရောက်လေ့လာကြပါလို့ လေးစားစွာဖိတ်ခေါ်ပါသည်၊ အသေးစိတ် သိရှိလိုပါက CHD Bank ရုံးချုပ် & ဘဏ်ခွဲများ သို့ဖုန်းဆက်မေးမြန်းနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာတွေကတော့…

ရုံးချုပ် - ဒဂုံဘဏ်ခွဲ - အမှတ်(၆၀)၊ေ၇ွှတိဂုံဘုရားလမ်း၊ ယောမင်းကြီးရပ်ကွက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း- ၀၁-၃၇၁၈၅၆၊ ၀၁-၃၇၁၅၆၈၊ ၀၁-၃၇၁၂၅၄၊ ၀၁-၃၇၁၃၄၈ လိုင်းခွဲ (၁၀၄)၊ ၀၉-၇၇၀၄၉၆၂၇

ဗိုလ်တထောင်ဘဏ်ခွဲ - အမှတ် (၂၂၈/ ၂၃၄)၊ ဗိုလ်ချုပ်လမ်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း- ၀၁-၃၇၁၃၂၁၊ ၀၁-၃၇၁၉၁၁


မင်္ဂလာတောင်ညွန့်ဘဏ်ခွဲ - ဂျိုးဖြူလမ်းနှင့် ကန်တော်လေးလမ်းထောင့်၊ ဖဆပလရပ်ကွက်၊ မင်္ဂလာတောင် ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၁-၃၇၀၁၂၄၊ ၃၇၀၁၂၅

ရွှေပေါက်ကံဘဏ်ခွဲ- တိုက်အမှတ်-၁၈၊ အခန်း ၀၀၄၊ ကုန်းဘောင်လမ်း၊ (၁၄)ရပ်ကွက် ၊ ရွှေပေါက်ကံမြို့သစ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၁-၆၉၅၄၅၆၊ ၀၁-၆၉၅၄၅၇


နယ်ရုံးခွဲတွေကတော့…

နေပြည်တော်ဘဏ်ခွဲ - မြို့ပြနှင့်ဒေသဖွံ့ဖြိုးရေးစီမံကိန်းရုံး (မြေညီထပ်)၊ ဗဟိုစာတိုက်ကြီးနှင့်မြို့မဈေးအနီး၊ နေပြည်တော်။ ဖုန်း- ၀၆၇-၄၂၂၃၇၄

မန္တလေးဘဏ်ခွဲ - အမှတ်- ၂၁၈၊ ၂၇လမ်း (၈၂ x ၈၃) လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။ ဖုန်း - ၀၂-၈၆၆၆၃၊ ၀၂-၈၆၆၆၄

ပုသိမ်ဘဏ်ခွဲ - ကုန်သည်လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ နာရီစင်အနီး၊ ပုသိမ်မြို့။ ဖုန်း - ၀၄၂- ၂၁၃၄၁၊ ၀၄၂-၂၁၃၄၂

မော်လမြိုင်ဘဏ်ခွဲ - ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ ပြည်တော်သာဝင်း၊ ဖက်တန်းရပ်ကွက်၊ မော်လမြိုင်မြို့။ ဖုန်း - ၀၅၇- ၂၅၇၁၀
















Credit@ Ko Nge






No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!