Popular Posts!

Tuesday, March 19, 2019

ဗျတ္တ ပန်းဆက်လမ်း ကို ကမ္ဘာ့ အရှည် ဆုံး သူတောင်း စားလမ်း မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?


ဗျတ္တပန်းဆက်လမ်းကို ကမ္ဘာ့အရှည်ဆုံး သူတောင်းစားလမ်းမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?


နံမည်ေ လးကတော့ ဗျတ္တပန်းဆက်လမ်းတဲ့။ ပုဂံခေတ်က ကိုဗျတ္တဟာ ပုပ္ပါးက ပန်းတွေကိုခူးပြီး အနော်ရထာနန်းရှိရာ ပုဂံရာမမြို့ကို ပန်းဆက်ခဲ့ရာလမ်းလေးပေါ့။

တစ်ကယ့်ကို ဒဏ္ဏာရီထဲကလွမ်းမောဘွယ်ရာ လမ်းလေးပေါ့။အခုတော့ ပြည်တွင်း Hijet ပစ်ကပ် ဘုရားဖူးကားတွေရဲ့ ကောင်းမှုကြောင့် ကမ္ဘာ့အရှည်ဆုံး သူတောင်းစားများလမ်းလို့ အမည်တွင်တော့မှာပေါ့။

လွန်ခဲ့ တဲ့ ဆယ်နှစ်စီလောက်ကအထိတော့ တောင်းစားတဲ့သူတွေ အရမ်းမများသေးပါဘူး။ အခုတော့ ညောင်ဦး ဗျတ္တလမ်းခွဲကစပြီး

ပုပ္ပါးရောက်ခါနီးအထိကီလိုမီတာ ၃၀ နီးနီး တောင်းရမ်းသူတွေနဲ့ပြည့်လာတဲ့လမ်းဖြစ်နေပါပေါ့။

ရွာမှာသက်ကြီးရွယ်အိုဒီလောက်မများနိုင်ဘူး..နောက်ကွယ်မှာဆိုင်ကယ်တွေနဲ့ခေါ်လာပြီး..ဂိုဏ်းဖွဲ့လုပ်နေသလားလို့…တောင်းနေတဲ့လူတန်းလည်းကုန်ရော..တောင်တော်မြတ်ဇာတ်လမ်းလည်းစ..အမိုက်ပုံတွေဟီးထနေတဲ့တောင်တော်မြတ်တောင်တက်လမ်းရောက်ရော…အမိုက်ပစ်စရာနေရာရှားပါးလားမသိ..

တစ်ချို့တွေများ ဆိုင်ကယ်လေးတွေတောင် သစ်ပင်ရိပ်မှာရပ်ထားပြီး အပျော်လာယတောင်းနေသလား ထင်ရတယ်။ ဟိုးအရင်တုန်းကတော့

ဒီနေရာတွေမှာ ရေမရှိလို့ လယ်လုပ်မရလို့ စတဲ့အကြောင်းပြချက်တွေနဲ့ တစ်ချို့သော ဝမ်းရေးအဆင်မပြေတဲ့သူတွေ သက်ကြီး ရွယ်အိုတွေထွက်တောင်းကြတယ်ပေါ့။

နောက်တော့ ဘိုးဘိုးအောင်ထွက်ပွဲ ပုပ္ပါးမယ်တော်ဆက်ပွဲစသဖြင့် နတ်ပွဲပေါင်းစုံကျင်းပကြ ။ အဲဒီနတ်ပွဲတွေကို အကြောင်းအမျိးမျိုးကြောင့် လာရောက်ပွဲဆက်သူ တွေကအပြန်မှာ ရွှေမိုး ငွေမိုး ရွာတယ်ဆိုပြီး ကားပေါ်ကနေ

ငွေစက္ကူ အကြွေအချို့ စပြစ်ချရာကနေ တစ်ဆငိ့နားတစ်ဆငိ့်ကြားနဲ့ ပထမတော့ အပျော်ကောက်ကြရာကနေ အခုတော့ ရွာစဉ်နီးနီး ထွက်ကောက်ကြရာကနေ မမျှော်လင့်ပဲ သူတောင်းစားလမ်းရှည်ကြီးလို့ ထင်ဖို့ရာတွေ ဖြစ်လာတော့တာပါပဲ။

အခုလို ပစ်ကပ်မျိုးစုံနဲ့ မိသားစုဘုရားဖူး ထွက်လါတဲ့သူတွေကပါ ပိုက်ဆံ ချိုချဉ် စသဖြင့်ကြဲချနေကြတော့ တစ်နေ့ တစ်နေ့ ပွဲတော်ကြီးအလားပေါ့။ နေရင်းထိုင်ရင်း ကမ္ဘာ့အရှည်ဆုံး သူတောင်းစားလမ်းကြီးလို့ နိုင်ငံတကာခရီးသွားတွေက

သတ်မှတ်ကြပြီပေါ့။ဘယ်လိုကာကွယ်ကြမတုံးတဲ့။ ပုဂံဒေသမှာရှိတဲ့ ဧည့်လမ်းညွှန်များကလည်းစုပေါင်းလို့ ကားပေါ်ကငွေ မုန့် ချိုချဉ် အစရှိသဖြင့် ပြစ်မချကြဖို့ ပန်းဖလက်တွေရိုက်ပြီး ဗျတ္တပန်းဆကိလမ်းအဝင်ကနေ

ကမ်းခဲ့ကြဖူးပါတယ် ။ ဒါပေမယိ့ ပေးတဲ့သုတွေကရှိမြဲ တောင်းတဲသူတွေကလည်းရှိမြဲ ၊ ခုဆိုပိုတောင်များလာသေး။

အဲ့တော့ဖြစ်နိုင်ရင် နိုင်ငံတော်အဆင့်အနေနဲ့ သေချာထိန်းချုပ်စေချင်ပါတယ်
တောင်းစားတဲ့သုတွေကို တောင်းစားလို့ဆိုပြီး ရဲစခန်းခေါ် ဖမ်းချုပ်ထားဖို့ကလည်း မဖြစ်လေတော့ နိုင်ငံတော်ပိုင် မြန်မာ့ရုပ်မြင်သံကြား ( ဖြစ်နိုင်ရင် MRTV 4 ,

CHENNAL 7 ) တို့ကနေ မြန်မာဘုရားဖူးခရီးသွားများကို ကားပေါ်ကနေ ငွေစက္ကူ ၊ မုန့် ၊ သကြားလုံး စသဖြင့်ပြစ်မချကြဖို့ ပြစ်ချခဲ့လို့ တွေ့ရှိခဲ့ရင် အပြစ်ဒဏ်ပြင်းပြင်း ထန်ထန်ချမှတ်မှာဖြစ်ကြောင်း ကြေငြာပေးစေချင်ပါတယ်။

ကြေငြာပြီးရင်လည်း ထိထိရောက်ရောက်လိုက်လံအရေးယူ စေချင်ပါတယ်။ တစ်ဖက်ကလည်း သက်ဆိုင်ရာ မြို့နယ် ကျေးရွာ ရပ်မိရပ်ဖ များပေါင်းလို့ မိမိတို့ရင်သွေးငယ်များ မရည်ရွယ်ပဲ သူတောင်းစားမဖြစ်သွားစေရေး

လိုက်လံပညာပေး နှိုးဆော်ပေးကြပါဦး။ တစ်ကယ်လို့ ပေးမယ့်သူသာမရှိတော့ရင် တောင်းတဲ့သူတွေလည်း တဖြည်းဖြည်းလျော့နည်းပပျောက်သွား လိမ့်မယ်ထင်မြင်မိပါကြောင်း။

Wallace Thaung Win Tun





Comment...

လွှမ်းဝေ...

မန့်တွေဖတ်ရတာ တော်တော်ဗဟုသုတနည်းတဲ့သူတွေပဲ! တောင်းစားနေတဲ့သူတွေရဲ့နောက်ကြောင်းရာဇဝင်ကိုအရင်ဆုံးစမ်းကြည့်ပါ။

 သူတို့ဘယ်လိုအဆင့်တန်းနဲ့နေနေသလည်း အနည်းဆုံးတော့ ခုမန့်နေတဲ့သူတွေရဲ့အဆင့်တန်းထက်တောါလူနေမှု့မြင့်မားတယ် ။ပိုက်ဆံရှိတယ်ချမ်းသာကြတယ်

သူတို့တွေရဲ့နောက်ကြောင်းရာဇဝင်အမှန်က ဒီလိုမတောင်းစားရရင် ခန္ဓာကိုယ်ယားယံမှု့တွေဖြစ်ပေါ်လာတယ် ကျိန်စာမိထားတဲ့သူတွေအဖြစ်နဲ့ပါ။

ရွာတွေရှိပါတယ် မတောင်းစားရင်မရလို့တောင်းစားနေရတဲ့ရွာတွေရှိတယ် လေ့လာကြည့်ပါ။

တောင်းတိုင်းသူတောင်းစားလို့မထင်နဲ့ဗျ। ပုဂံမှာအဲ့လိုရွာတွေရှိတယ်။ ဒါပေမယ့်အများစုကချမ်းသာကြတယ်။


Ye Yint Thwe

ဟုတ်တယ်ဗျာ! ပုပ္ပါးဘက်သွားရင်းတွေ့ခဲ့တယ်..တော်တော်များတယ်ဗျာ....

အစကတော့တစ်ယောက်နှစ်ယောက်ပါဘဲလေဆိုပီးစိတ်ထဲထင်ခဲ့မိတာ ခနနေတော့တစ်ယောက်နဲ့တစ်ယောက်ကိုဆက်နေကြတာဗျ।အဲ့လိုတေတောင်းရမ်းနေတော့စိတ်ထဲတော့မကောင်းဖစ်မိတယ်।ဒါပေမဲ့တစ်ချို့လူတေဆိုရင်အသက်လတ်ပိုင်းသန်သန်မာမာကြီးတေဗျ...

အဲ့တော့စိတ်ထဲသွားပီးတစ်ခုတွေးမိတယ်...တောင်ပြုံးဒေသလိုကျိန်စာများမိသလားပေါ့...ဒေသအကြောင်းသိတဲ့သူတစ်ယောက်ကိုမေးကြည့်တယ်။ ဒီဘက်ဒေသမှာတော့ အဲ့လိုတောင်းရမ်းစားသောက်ရမယ်ဆိုတဲ့ကျိန်စာတေတော့မရှိဘူးတဲ့।ဒါဆိုနောက်တစ်ခုထပ်ပီးစဉ်းစားမိပြန်တယ်।လုပ်ငန်းမရှိလို့လားပေါ့အဲ့လိုလဲမဖစ်နိုင်ပြန်ဘူးလေ। ပိုဆိုးတာကသူတို့စိတ်ထဲမှာ အဲ့လိုလေးတောင်းယုံနဲ့ပိုက်ဆံလွယ်လွယ်ရတယ်ဆိုပီးစိတ်ထဲမှာ.တွေးထားကြတာဘဲ!

တစ်ချိုကြပြန်တော့လဲအိမ်မှာရှိတဲ့အဖိုးအဖွားတေကိုတောင်းရမ်းခိုင်းကြပြန်တယ်.....ခရီးသွားတွေကလဲတောင်းတဲ့သူရှိရင်တော့လှူကြတာဘဲလေ...ပိုဆိုးတာကပုဂံပုပ္ပါးဆိုတာကကမ္ဘာအနှံကခရီးသွားတေအများဆုံးလာတဲ့နေရဆိုတော့လဲခက်သားဗျ...

.ဖြစ်စေချင်တာကတော့ဒေသသက်ဆိုင်ရာအုပ်ချုပ်သူတေကသူတို့ကိုအကျိုးအကြောင်းလေးကောင်းကောင်မွန်မွန်ရှင်းပြပြီး .မဖြစ်သင့်တာမဖြစ်ဖို့ကိုထိန်းသိမ်းစေချင်တယ်။သူတို့ကတော့ဥပဒေတေထုတ်ထားပါရဲ့ကိုယ်တိုင်မထိန်းသိမ်းဘူးဆိုရင်ဘာသက်ရောက်မှုရှိမှာလဲမဟုတ်ဘူးလေ।...

ဟုက်ကဲ့ပါဗျ...ကျေးဇူးပါ..အခုလိုတင်ပေးတဲ့အက်ထမင်ယော☺.ကျွန်တော်ဘာကောင်မှတော့မဟုတ်ပါဘူးအကြံပေးယုံပါ...

Ref:https://www.facebook.com/480651228657570/posts/2241362552586420?sfns=mo

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!