Popular Posts!

Saturday, August 3, 2013

Zawgyi Myanmar Keyboard ကို Mac OS X မှာသုံးကြည့်ရအောင်!


အခုမှ MAC OSX မှာ ZawGyi လက်ကွက်တွေ ဒုက္ခလှလှကြီးတွေတော့တာဘဲ!အဆင်မပြေပါဘူး blogs တွေမှာစာရေးတာ၊Blogs တွေမှာ စာရိုက်ရတာ Zawgyi လက်ကွက်လိုရိုက်ရပြီး ဘာစာတွေ ပေါ်လဲ မသိဘူးဗျာ..

Post တွေမှာ Zawgyi စာတွေကောင်းစွားမမြင်ရပါဘူး အကုန်ရိုက်ပြီးမှ Blogs ဆိုဒ်မှာဘဲ စာတွေမှားမှန် ပြန်ကြည့်နေမှပါဘဲ Blogs ဆိုဒ်မှာဘဲကောင်းစွာမြင်ရပြီး စာရိုက်ရတာ အဆင်ကိုမပြေပါဘူး...


zawgyi logoZawgyi Keyboard for Mac OS X ရပါပြီ။ ကျွန်တော် အချိန်အတော်လေး နောက်ကျနေခဲ့တာကို နားလည်စောင့်ဆိုင်းပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ဦးစွာ ပထမ ပြောကြားလိုပါတယ်။ ကျွန်တော် စမ်းသပ်သမျှ အ၀၀ကို ကူညီပေးခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း နားငြီးလို့နေပါပြီ။ ဒီဗားရှင်းကိုတော့ Beta Version လို့ ပဲ သတ်မှတ်ကြစေလိုပါတယ်။ အမှားပါက ခွင့်လွှတ်ရန် စကားချီးခံထားပါကြောင်း။


ဇော်ဂျီ လက်ကွက် - Mac OS X Installation Manual


ကျွန်တော့် ကီးဘုတ်/လက်ကွက် သွင်းဖို့အတွက် ပုံစံ နှစ်မျိုးလုပ်ထားပါတယ်။ Installation Package (.mpkg) ဖိုင် ၁မျိုး နှင့် DMG (disk image) ဖိုင် ၁မျိုးဆိုပြီး ရှိပါတယ်။

သတိပြုရန် အချက်များ


၁။ ဗာဟီရ မများချင်တဲ့၊ သက်တောင့်သက်သာ သွင်းချင်တဲ့၊ လူများက .mpkg ကို သွင်းသင့်ပါတယ်။ သတိပြုရန်မှာ Mac OS X 10.4 နှင့် အထက်လူများသာ အဲ့ဒီ mpkg version ကို သုံးလို့ရပါမယ်။ တခြား OS X ဗားရှင်း သမားများကတော့ အောက်က အချက်ကို ဖတ်ပါ။

၂။ ကျွန်တော့် installation package ကို မယုံသော၊ security paranoid များ အပြင် ဘယ် Mac Users မဆို .DMG Version ကို သုံးနိုင်ပါတယ်။

၃။ ဘယ်ဗားရှင်း မဆို သွင်းတဲ့ အခါ၊ Admin Access လိုပါတယ်။ ပြီးရင် Log-out တခါလုပ်ပြီး Log-in ပြန်ဝင်ရပါမယ်။

၎။ ဖွင့်ထားသော Application များကို ကြိုတင် ပိတ်ထားလျှင် အကောင်းဆုံး ဖြစ်မှာပါ။

၅။ လက်ကွက်သည် ၀င်းဒိုးဗားရှင်းနှင့်တူတူပဲဖြစ်ပါတယ်။ ပါတ်ဆင့်များကို Ctrl + Alt အစား Alt ၁ခုထဲသုံးပါ။ Ctrl + Alt + Shift အစား Alt + Shift သာ သုံးပါ။


စဉ်းစားပြီးသွားရင် အောက်မှာ ပြထားတဲ့ iCon ၂ ခုထဲက ကြိုက်တဲ့ ဗားရှင်းကို အရင် ဒေါင်းလုပ်လုပ်ကြပါ။ Primary Source နှင့် အတူ Mirror ၂ခုစီလည်း တင်ထားပေးပါတယ်။







Package Version


DMG Version





Package (.mpkg) Users များ လုပ်ဆောင်ရန်

Package ကို သွင်းတဲ့လူတွေအနေနှင့် ဒေါင်းလုပ်လုပ်ထားတဲ့ ဇစ်ဖိုင်ကို ဖြန့်ချလိုက်ပါ။ .mpkg နှင့် ဆုံးတဲ့ ဖိုင်လေး ၁ခု ထွက်လာပါလိမ့်မယ်။ Double click နှိပ်ပြီး ဖွင့်လိုက်ရင် အောက်မှာပြထားတဲ့ ပုံနှင့် ဆင်တူတဲ့ Wizard လေး ၁ခုပေါ်လာပါမယ်။ အဆင့်ဆင့်ကို Next , OK နှင့် ရွေးလိုက်ယုံပါပဲ။ Admin access ကို Authenticate လုပ်ခိုင်းရင် သင့်ရဲ့ Password ထည့်ပြီး ဆက်သွားပါ။ နောက်ဆုံး Finish လုပ်ပြီးရင် Log Out လုပ်ဖို့ ပြောပါမယ်။ Log Out လုပ်၊ ပြန်ဝင်ပြီးရင် အောက်က Final Flow ကို ဆက်ဖတ်ပါ။




zgInstallpkgsmall1zgInstallpkgsmall2








Disk Image (.dmg) Users များ လုပ်ဆောင်ရန်
dmgInstallSmall
.dmg ဖိုင်ကို အရင် ဒေါင်းလုပ်လုပ်ပြီးရင် double-click နှိပ်ပြီး ဖွင့်လိုက်ပါ။ အောက်မှာပြထားတဲ့ ပုံနှင့် ဆင်တူတဲ့ ၀င်းဒိုး ၁ခု တက်လာပါမယ်။ သက်ဆိုင်ရာ ဖိုလ်ဒါတွေထဲ မျှားပြထားတဲ့အတိုင်း Drag & Drop ဆွဲထည့်လိုက်ပါ။ Admin Access Password တောင်းရင် သင့် Password ထည့်ပေးလိုက်ပါ။ နောက်ပြီးရင် Log Out လုပ်ပါ။ ပြီးရင် Log In ပြန်ဝင်ပြီး အောက်က Final Flow ကို ဆက်ဖတ်ပါ။




Final Flow - Final Steps for All Users

အခုလို Log In ပြန်ဝင်လာပြီးသွားရင် ကီးဘုတ်လေးအောက်နှင့် ဖွန့်က စက်ထဲကို ၀င်သွားပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ဝင်းဒိုးစ်မှာ သုံးသလို Language Bar လေးကနေပြောင်းပေးတာမျိုး၊ Short Keys လေး တွေ နှိပ်လိုက်တာနှင့် မြန်မာ ကနေ အင်္ဂလိပ် ပြောင်း သွားတာမျိုးတွေလုပ်ရပါဦးမယ်။ အောက်က အဆင့်တွေကို ဆက်သွားပေးပါ။

၁။ ပထမ International Preferences ( System Preferences အောက်က International ပါ။ ) ကို ဖွင့်ပါမယ်။ သွားရခက်တယ်ထင်တဲ့လူတွေက ဘာမှ ထွေထွေထူးထူးလုပ်မနေပဲ အောက်က Screenshot မှာ ပြထားသလို သင်တို့ OS X Screen ရဲ့ ညာဘက်အပေါ်ထောင့်က Spotlight ကို သာ သုံးလိုက်ပါ။ မှန်ဘီလူး ပုံလေးကို တစ်ချက်နှိပ်ပြီး၊ International လို့ ရိုက်ပြီး၊ ခဏစောင့်ပါ။ ပေါ်လာရင် ကလစ်နှိပ်လိုက်ပါ။


international1


international2၂။ International Preferences တက်လာပါမယ်။ LanguagFormats ၊ Input Menu ဆိုပြီး Tab သုံးမျိုးတွေ့ပါမယ်။ Input Menu ကို ကလစ်လိုက်ပါ။ ပြီးရင် ဒုတိယ Screenshot မှာ ပြထားတဲ့ အတိုင်း Input Menu List ကြီးတွေ့ပါလိမ့်မယ်။ ပုံထဲကအတိုင်း Zawgyi KB ကို ရှာပြီး အမှန်ခြစ်လေးခြစ်လိုက်ပါ။ Show Input Menu in Menu Bar ကိုလည်း အမှန်ခြစ်ခြစ်ပါ။ နောက် Allow a different input source for each document လည်း ရွေးထားလိုက်ပါ။






InputMenu1

၃။ အဲ့ဒီအပေါ်က Screenshot မှာ Select Next Input Source in Menu ဆိုပြီး ကီးဘုတ် shortcuts နှင့် ပတ်သက်တဲ့ အပိုင်းကို ကျွန်တော် အနီရောင် ၀ိုင်းထားတာတွေ့ရပါမယ်။ အဲ့ဒါ ကီးဘုတ် ခလုတ်တွဲ ၁ခု နှိပ်တိုင်း Input Language ပြောင်းဖို့ပါ။ တချို့ ယူဆာတွေ က အဲ့ဒီနေရာမှာ Conflict ရှိတယ်လို့ ပြောကြပါတယ်။ Conflict ရှိနေရင် အ၀ါရောင် exclamation mark လေး ၁ခုတွေ့ ပါလိမ့်မယ်။ Select Previous Input Source ရဲ့ default key shortcut က Apple Key + Space ပါ။ Select Next Input Source ရဲ့ default shortcut က Apple Key + Alt Key + Space ပါ။ များသောအားဖြင့် Select Previous Input Source ဘေးမှာ Conflict icon လေး ပေါ်နေပါလိမ့်မယ်။ အဲ့ဒါဘာလို့လဲဆိုတော့ Spotlight ကိုခေါ်တဲ့ shortcut နှင့် သွားရှုပ်နေလို့ပါ။ အဲ့ဒီအချက်ကိုပြင်ဖို့ Keyboard Shortcuts ဆိုတဲ့ Button ကြီးကို နှိပ်လိုက်ပါ။
InputMenu2

၎။ Keyboard & Mouse Preferences Pane ပေါ်လာပါလိမ့်မယ်။ Keyboard Shortcuts Tab ကို နှိပ်ပါ။ အောက်က Screenshot ကို တချက်ကြည့်ပေးပါ။ ပုံမှာ ပြထားတဲ့အတိုင်း Input Menu ကို တွေ့အောင်ရှာပါ။ ကျွန်တော်ကတော့ Select Next Input Source ၁ခုထဲကို ရွေးထားပါတယ်။ အဲ့ဒါပိုကောင်းပါတယ်၊ စမ်းသုံးကြည့်ပါ။ ကီး ချိန်းချင်ရင် အဲ့ဒီ ကီးပေါ်မှာ Double Click နှိပ်ပြီး ကြိုက်တဲ့ ကီးတွဲကို နှိပ်ထည့်ပါ။ နောက် ခုနက ပြဿနာတက်နေတဲ့ Spotlight ကိုလည်းတွေ့ပါလိမ့်မယ်။ သူ့ shortcut ကို သူ့ default ဖြစ်တဲ့ Apple Key + Space ပဲ ထားတာကောင်းပါတယ်။ ပြီးရင် Keyboard Pref ကို ထွက်လိုက်လို့ရပါပြီ။


KeyboardShortcuts
၅။ အားလုံးပြီးပါပြီ။ သင့်ရဲ့ Menu Bar မှာ အမေရိကန် အလံလေး ပေါ်လာပါလိမ့်မယ်။ သူ့ကိုနှိပ်လိုက်ရင် List လေးကျလာပြီး မြန်မာအလံကိုရွေးပြီး မြန်မာလိုစရိုက်လို့ရပါပြီ။ ကီးဘုတ် shortcut ကိုလည်း စမ်းကြည့်ပါဦး။



ChangeInputSource

Notes:
- Installation Environment Tested and Demoed was on Mac OS X 10.4 Tiger.
- Offline PDF version of this manual will be online tomorrow.

Future Fixes:
- Admin Access မလိုဘဲ သွင်းလို့ရအောင် ပြင်ရေးပေးပါ့မယ်။
- Zawgyi Font နောက်ဆုံးဗားရှင်း ဟုတ်မဟုတ်ကျွန်တော်လည်း မသေချာပါဘူး။ အသစ်ထွက်မယ်ဆိုထားတဲ့ ဗားရှင်းထွက်တာနှင့် ပြန်တင်ပေးပါ့မယ်။
- Automation Workflow ၁ရပ်အနေနှင့် အဆင့်တွေအများကြီးသက်သာသွားအောင် ကျွန်တော် ကြိုးစားကြည့်ပါမယ်။

Last words:
- ကျေးဇူးတင်ထိုက်သူ အားလုံးကို ထပ်မံ ကျေးဇူးအထူးတင်ပါကြောင်းနှင့် သုံးတဲ့လူအားလုံး အိုကေနိုင်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။ အချိန်မရွေး ကျွန်တော့် အီးမေးလ်ကို ပို့ပြီး ဆက်သွယ် ဆဲဆို၊ ကြိမ်းမောင်းနိုင်ပါတယ်။ ခုတော့ မနက် ငါးနာရီထိုးတော့မယ်a အိပ်တော့မယ်ဗျိုး။ ....


လေးစားစွာဖြင့်
WaiPhyoK
Ref:edwardwitten.blog




Myanmar Unicode Keyboard Layout in Mac OS X Lion for who love to use Mac :)

• For Normal Keys & together with Shift Key



• For together with Control & Alter key



Enjoy!!! using Myanmar Unicode with Mac OS X Lion...



MAC OSX
Here is the instruction Video for how to download and install Zawgyi Font (Burmese) in a MAC OSX (Apple Computer). Keyboard layout is the same with Windows, but do research yourself when you are trying to use (Alt) key in OSX (press and hold “Option”key down)  instead of (Atl+Tide) key in Windows. ထပ်ဆင့်စာလုံးတွေရိုက်ချင်ရင် “Option” key ကို ဖိထားရင်းရိုက်ရပါတယ်။ တစ်ချို့ကို “Option+Shift” သုံးရပါတယ်။

Update #1
OSX Lion “Zawgyi Font Problem” Trouble Shooting
Anyone who are getting trouble with Burmese Font in New OSX Lion, (like on Facebook) right after your installation of Zawgyi Font; (Zawgyi Font သွင်းပြီးသော်လည်း Facebook ပေါ်တွင် ပြသနာရှိနေသေးသူများ အောက်ပါနည်းအတိုင်း ဖြေရှင်းနိုင်ပါသည်)
Open “Application>Font Book” (or) type “Font Book” in Spotlight,
look for Myanmar MN and Myanmar Sangam MN in the Font pane.
You can either Disable or Remove those. Restart your MAC. Then you will be fine on Safari.
If you want to make sure on Safari,
Update #2
Fixed Zawgyi Keyboard for ပတ်ဆင့် ”္ပ ” နဲ့ “ု” ကို ပြန်ပြင်ထားပါတယ်။

(1) Extract downloaded zip file down to (Zawgyi.keylayout)
(2) Copy Zawgyi.keylayout
(3) Replace at (Your Hard Drive – MAC HD > Library > Key Layouts > Zawgyi.keylayout)
(4) Enter your password for Admin Access
This process might disable your Input Sources (eg. Language Flag will disappear)
(5) Setting > Keyboard > Input Sources > Check mark “Zawgyi KB” again
(6) Restart your MAC and try to type (Option + y) , you will see ” ၸ “

Ref:unobusa.org

“Safari> Preferences> Appearance> change both Fonts to Zawgyi-One” 

MAC က Safari>Perference > က Appearance ကို MAC Mountain Lion OSX မှာ ရှာလို့မတွေ့ပါဘူး Zaygyi font ကို install ထပ်သွင်းတော့လဲ  Error ပြနေပါတယ် ဒီလိုဘဲ Myanmar 3 font ကိုလဲ Error
 ပြနေတယ်လေ....
ဒါကို install သွင်းထားတာ Facebbok တွေမှာဘဲ Zawgyi ကောင်းကောင်းရေးလို့ရတယ်...ဒါပေမဲ့ Blogs  Post စာရေးတဲ့ စာမျက်နှာတွေမှာ Zawgyi စာက ကောင်းစွာ မပေါ်ပါဘူးလေ....အဲ.... ရေးပြီးလို့ Blogs အားလုံးရဲ့ စာမျက်နှာတွေမှာတော့ Zawgyiလိုတော့ ကောင်းစွာစာဖတ်လို့တော့ ရနေတာကိုတွေ့ရတယ်
လေ...
ဒါကြောင့် အဆင်မပြေတာနှင့် Parallels 8 နှင့် Window 8 ကို ၀ယ်သုံးလိုက်ရပါတယ်ဗျာ...


မောင်စေတန်မှာ ရေးထားတာကို တွေ့လို့ကူးးယူဖော်ပြလိုက်ပါတယ်...

Myanmar Web Font

Google Web Font ကိုသဘောကျရင်းနဲ့ စဉ်းစားမိတာက မြန်မာ Unicode တွေကော အဲလို လုပ်လို့မရဘူးလားပေါ့။ အဲလိုမျိုး လုပ်ဖို့ စဉ်းစားနေတာ ကြာတော့ ကြာနေပြီ။ ပြဿနာက ဘာလဲဆိုတော့ Mac OS X ပြဿနာပဲ။ Mac မှာက Master Piece ပဲ အလုပ်လုပ်တယ်။ font embed လုပ်လိုက်ရင် အခြား unicode font နဲ့ ရေးထားတာတွေ Mac မှာ ဖတ်လို့မရတော့ဘူး။ နောက်ပြီး iPhone iPad မှာ ဖတ်လို့မရတော့ဘူး။ Mac မှာဆိုရင်တော့ မြန်မာ Unicode အတွက် font embed မလုပ်တာ အကောင်းဆုံးပဲ။ ဘာလို့လည်းဆိုတော့ Rendering တွေ အလုပ်မလုပ်တော့လို့ပါ။ iPhone , iPad မှာဆိုရင် Masterpiece Uni Sans ပဲ အလုပ်လုပ်ပါတယ်။
Firefox မှာ ဆိုရင်တော့ ပြဿနာ တစ်ခုက Cross Domain ပဲ။ Blogspot မှာ ကျွန်တော်ပေးထားတဲ့ Script ထည့်မရဘူးဆိုတာက cross domain ကြောင့်ပါ။ Firefox က domain မတူတာကနေ request လုပ်တဲ့အခါမှာ font ကို မပြပေးဘူး။ အဲဒီတော့ font မမြင်ရတာတွေဖြစ်ကုန်တယ်။ မနေ့က Google App Engine ကို စမ်းရေးကြည့်မယ်ဆိုပြီး ရေးဖြစ်လိုက်တယ်။
http://mywebfont.appspot.com
အဲဒီပြထားတဲ့ CSS အတိုင်း အသုံးပြုရင် iPhone , iPad တွေဆိုရင် Masterpiece နဲ့ ပြောင်းအောင်လည်း လုပ်ထားပေးပါတယ်။ IE ဆိုရင်လည်း EOT ကို font embed ပြန်လုပ်ထားတယ်။ Chrome နဲ့ Mac OS ကိုတော့ support မလုပ်ဘူး။

နောက်ပြီး အကြံပေးချင်တာက Unicode font ကို သုံးမယ်ဆိုရင် Masterpiece ကို ရှေ့ဆုံးမှာ ထားစေချင်တယ်။ ဒါမှ iPhone , iPad မှာ မြင်ရပါလိမ့်မယ်။ နောက်ပြီး Mac OS နဲ့ website ကြည့်တဲ့ သူတွေကို အဆင်ပြေစေပါတယ်။
h1 { font-family:”Masterpiece Uni Sans”,Yunghkio,Myanmar3; }
ဇော်ဂျီ သမားတွေအတွက်လည်း Zawgyi ကို font embed လွယ်လွယ် ကူကူ ထည့်လို့ရအောင် လုပ်ထားပေးပါတယ်။ ဇော်ဂျီ font မရှိတဲ့သူတွေလည်း လွယ်လွယ် ကူကူ ကြည့်လို့ရအောင် embed လုပ်နိုင်ပါတယ်။ OFL မဟုတ်တဲ့ font တွေက Embed လုပ်ခွင့်မရှိပါဘူး။ ဒါကြောင့် OFL ရတဲ့ font တွေကိုသာ css link ထုတ်ထားပေးတာပါ။ ဘယ်လို အသုံးပြုလို့ရလဲ ဆိုတာ အောက်မှာ လေ့လာကြည့်လိုက်ပါအုံး။

Demo
Code:
<html>
<head>
    <link href='http://mywebfont.appspot.com/css?font=yunghkio' rel='stylesheet' type='text/css'>
    <link href='http://mywebfont.appspot.com/css?font=myanmar3' rel='stylesheet' type='text/css'>
    <link href='http://mywebfont.appspot.com/css?font=padauk' rel='stylesheet' type='text/css'>
    <link href='http://mywebfont.appspot.com/css?font=parabaik' rel='stylesheet' type='text/css'>
    <link href='http://mywebfont.appspot.com/css?font=zawgyi' rel='stylesheet' type='text/css'>
    <style>
        .yunghkio {
            font-family:"Masterpiece Uni Sans",Yunghkio;
        }
        .myanmar3 {
            font-family:"Masterpiece Uni Sans",Myanmar3;
        }
        .padauk {
            font-family:"Masterpiece Uni Sans",Padauk;
        }
        .zawgyi {
            font-family:Zawgyi-One;
        }
        .parabaik {
            font-family:"Masterpiece Uni Sans",Parabaik;
        }
    </style>
</head>
<body>
    <p class="yunghkio">Yunghkio မြန်မာစာ</p>
    <p class="myanmar3">Myanmar 3 မြန်မာစာ</p>
    <p class="padauk">Padauk မြန်မာစာ</p>
    <p class="parabaik">Parabaik မြန်မာစာ</p>
    <p class="zawgyi">နေကောင်းလား</p>
</body>
</html>

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!