Popular Posts!

Tuesday, June 20, 2017

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ညောင်နှစ်ပင်တွင်တည်ရှိမည့် စက်မှုဇုန်တည်ဆောက်ခွင့် စီမံကိန်းသည် ဧက ၅၇၀ ကျယ်ဝန်းပြီး မြန်မာနိုင်ငံ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန MOA နှင့် ကိုရီးယားနိုင်ငံ L&H Company တာင်ကိုရီးယားကော်ပိုရေးရှင်း ရရှိ

ရန်ကုန်မြို့မြောက်ဘက်တွင် စတုရန်းမီတာ ၂ ဒသမ ၃၇ သန်းရှိ စက်မှုဇုန်တည်ဆောက်ခွင့် တောင်ကိုရီးယားကော်ပိုရေးရှင်း ရရှိ


Tuesday, June 20, 2017

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့၏ မြောက်ဘက် ၁၀ ကီလိုမီတာအကွာတွင် စတုရန်းပေ ၂ ဒသမ ၃၇ သန်းရှိ စက်မှုဇုန်တည်ဆောက်ခွင့်ကို တောင်ကိုရီးယားအစိုးရပိုင် ကော်ပိုရေးရှင်းတစ်ခု ဖြစ်သော Korea Land & Housing Corporation (LH) ရရှိခဲ့ကြောင်း Business Korea သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ စက်မှုဇုန်အတွက် သဘောတူညီမှု လက်မှတ်ရေးထိုးပွဲကို တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူကျွန်းတွင် ဇွန် ၁၆ ရက်က ပြုလုပ်ခဲ့ကာ နှစ်နိုင်ငံတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ယင်းစီမံကိန်း ဆောင်ရွက်ရန်အတွက် ၂၀၁၃ ခုနှစ်ကတည်းက စတင်ဆွေးနွေးခဲ့ပြီး ၂၀၁၅ တွင် နားလည်မှု စာချွန်လွှာရေးထိုးနိုင်ခဲ့ကာ ယခု ၂၀၁၇ တွင် သဘောတူညီမှု ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းစက်မှုဇုန်သည် လူဦးရေခြောက်သန်း နေထိုင်သည့် ရန်ကုန်မြို့နှင့်နီးကပ်စွာ တည်ရှိပြီး မြန်မာနိုင်ငံ၏ အချက်အချာနေရာများဖြစ်သော နေပြည်တော်နှင့် မန္တလးသို့ သွားရောက်ရာလမ်းများအနီးတွင် တည်ရှိကာ ရန်ကုန်လေဆိပ်နှင့် မိနစ် ၃၀ အကွာ၊ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများနှင့် တစ်နာရီအကွာခရီးတွင် တည်ရှိသည်ဟု ဖော်ပြထားသော်လည်း နေရာအတိအကျနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏကို မထည့်သွင်းထားပေ။

ယင်းစီမံကိန်းသည် တောင်ကိုရီးယား-မြန်မာ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ သဘောတူညီမှု ရလဒ်ကောင်းဖြစ်ပြီး ကိုရီးယားကုမ္ပဏီများ မြန်မာနိုင်ငံသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံရန်အတွက် အခွင့်အလမ်းကောင်းများ ဖြစ်စေမည်ဟု မျှော်မှန်းထားသည်။ သဘောတူညီမှု လက်မှတ်တွင် မြန်မာအစိုးရနှင့် LH တို့အကြား အကျိုးတူ ပူးပေါင်းမှုဆိုင်ရာ အသေးစိတ် အချက်အလက်များ ပါဝင်ပြီး လမ်း၊ လျှပ်စစ်၊ ရေကဲ့သို့ အခြေခံအဆောက်အအုံ တည်ဆောက်ရေး ကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုနည်းလမ်းများ၊ ယှဉ်ပြိုင်နိုင်စွမ်းကောင်းမွန်ရေး ကိစ္စများပါဝင်ကြောင်း သိရသည်။

LH ဥက္ကဋ္ဌဌ Park Sang-woo က “ကိုရီးယားနဲ့ မြန်မာနိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့နဲ့ ကိုရီးယား ကုမ္ပဏီတွေ မြန်မာဈေးကွက်ထဲ ဝင်ရောက်နိုင်အောင် ကူညီနိုင်ဖို့ ဒီစက်မှုဇုန်ကို ကျွန်တော်တို့ (LH) အတွေ့အကြုံတွေ အသုံးပြုပြီး ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားပါမယ်” ဟု ပြောကြားသည်။

အဆိုပါစက်မှုဇုန်စီမံကိန်းသည် အလုပ်အကိုင်အခွင့်အလမ်း ငါးသောင်းမှ တစ်သိန်းအထိ ရှာဖွေပေးနိုင်မည်ဖြစ်ပြီး ကိုရီးယားနိုင်ငံ သွင်းကုန်-ထုတ်ကုန်ဘဏ်မှ ဘဏ္ဍဍာရေးဆိုင်ရာ ထောက်ပံ့မှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန် ၁၆ ရက် နံနက် ၁၁ နာရီခွဲတွင် KENSINGTON JEJU HOTEL ၌ကျင်းပသည့် မြန်မာနိုင်ငံ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန MOA နှင့် ကိုရီးယားနိုင်ငံ L&H Company တို့အကြား Korea Myanmar Industrial Complex Project နှင့်ပတ်သက်ပြီး နားလည်မှုသဝဏ်လွှာ လက်မှတ်ရေးထိုးပွဲကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နားလည်မှု သဝဏ်လွှာစာချုပ်ကို မြို့ပြနှင့်အိမ်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်နှင့် L&H Company CEO Mr. Park Sang Woo တို့လက်မှတ်ရေးထိုးကြသည်။

အဆိုပါစီမံကိန်းသည် ဧက ၅၇၀ ကျယ်ဝန်းပြီး ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ညောင်နှစ်ပင်တွင်တည်ရှိမည့် စက်မှုဇုန်စီမံကိန်းဖြစ်ပြီး နိုင်ငံတော်အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း ငါးသောင်းမှ တစ်သိန်းအထိ ရှာဖွေပေးနိုင်မည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇွန် ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးသည် SHELLA JEJU HOTEL တွင် ကိုရီးယားနိုင်ငံ Korea EXIM BANK မှ ဥက္ကဋ္ဌဌ Mr. Jong Ku Choi နှင့်အဖွဲ့အားတွေ့ဆုံ၍ ယခုဆောင်ရွက်မည့် ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်းအတွက် ကိုရီးယားနိုင်ငံ သွင်းကုန်- ထုတ်ကုန်ဘဏ်အနေဖြင့် ဘဏ္ဍဍာရေးဆိုင်ရာ ထောက်ပံ့မှုများပြုလုပ်မည့် အစီအစဉ်များနှင့် ဘဏ္ဍဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

စည်သူအောင်၊ ဆန်းထူးအောင်
Eleven Media Group

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!