Popular Posts!

Thursday, June 8, 2017

ကျောက်မီးသွေး (Coal) နှင့် သဘာဝပတ်ဝန်းကျင် (Natural)


 ကျောက်မီးသွေး- Coal

One tonne of burnt coal makes 3.7 tonnes of CO2. A typical (500 megawatt) coal plant burns 1.4 million tons of coal each year. The more coal we burn the more pollution we spew into the air. Our coastal has rich off natural gas. We should use natural gas for long hunger electricity. Our nations already suffered poor health. Using coal will increase more poor.



လျှပ်စစ်ဓာတ်အား ထုတ်လုပ် ပေးနိုင်သည့် လောင်စာ အမျိုးမျိုး ရှိသည့် အနက် လောင်မြိုက် နိုင်သော အနည်ကျ ကျောက်တစ်မျိုး ဖြစ်သည့် ကျောက်မီးသွေး ကို အများဆုံး သုံးစွဲနေကြ သည်။ 

ကမ္ဘာပေါ်တွင် ကျောက်မီးသွေး ဖြစ်ပေါ်မှု သည် လွန်ခဲ့သော နှစ်သန်းပေါင်း ၃ဝဝ ခန့်က စတင်ခဲ့သည်။ ယင်းအချိန်က ကမ္ဘာမြေပြင်ပေါ် တွင် သစ်ပင်ကြီး များ အများ အပြား ပါဝင်သည့် ရွှံ့ညွန်တောကြီးများ ရှိနေခဲ့သည်။ ပင်လယ်ရေပြင် ၏ နေရာအတော် များများတွင်လည်း အယ်လ်ဂျီ ခေါ် အပင်ငယ်များ ရှင်သန်နေခဲ့သည်။ ယင်း သစ်ပင် ကြီးငယ်များ သေဆုံး၍ နှစ်သန်းပေါင်း များစွာ ကြာသောအခါ အပင် ရုပ်ကြွင်းများ မြေကြီးအောက် တဖြည်းဖြည်း နစ်မြုပ်သွားသည်။ အပေါ်မှ ဖုံးနေသော ရွှံ့ညွန်နှင့် အက်စစ်ဓာတ် ပါသောရေ တို့ကြောင့် အပင် ရုပ်ကြွင်းများသည်  အောက်ဆီဂျင် ဓာတ်နှင့် မထိတွေ့နိုင်သဖြင့် ဖြည်းဖြည်းချင်း သာ အသွင်ပြောင်းကာ ဦးစွာ သစ်ဆွေး အဖြစ်သို့ ရောက်သည်။ အသွင်ပြောင်းမှု နှေးကွေးခြင်းကြောင့် ရုပ်ကြွင်းများတွင်းရှိ စွမ်းအင် သိုမှီးထားသော ကာဗွန်ဓာတ် သည်လည်း များစွာအပြောင်းအလဲ မရှိဘဲ ပင်ကို အတိုင်း တည် ရှိနိုင်ခဲ့သည်။

မြေအောက်တွင် ပြင်းထန်သော ဖိအား၊ အပူ ဓာတ်တို့နှင့် ထိတွေ့ချိန် ကြာသော အခါ ရေငွေ့ အချိုးများ၍ ကာဗွန်ဓာတ် အချိုးနည်းသော သစ်ဆွေးမြေ များသည် ကာဗွန်နှင့် စွမ်းအင် ပါဝင်မှု ပိုများသော ကျောက်မီးသွေး အဖြစ်သို့ ရောက်ရှိ သည်။

ကျောက်မီးသွေးတွင် ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ နိုက်ထရိုဂျင်တို့ အဓိက ပါဝင်ပြီး ဆာလ်ဖာလည်း အနည်းငယ် ပါသည်။ အပင်ရုပ်ကြွင်းမှ ကျောက် မီးသွေး အဖြစ် သို့ ပြောင်းရာတွင် ပြောင်းချိန် ကြာကာ ရုပ်ကြွင်းမှ ကာဗွန်အဖြစ် ပို၍များများ ပြောင်းပြီးသော သို့မဟုတ် ပို၍ နက်သော အပိုင်း သို့ရောက်နေသော ကျောက်မီးသွေး များက ယေဘုယျ အားဖြင့် စွမ်းရည် ပို၍ မြင့်သည်။

ကာဗွန် ပါဝင်မှုနှင့် အပူစွမ်းအင် ထုတ်လုပ်မှု အပေါ် မူတည်၍ အင်ထရာဆိုက် မီးသွေး၊ ဘီတူး မီးနပ်စ်မီးသွေး၊ ဆပ်ဘီတူး မီးနပ်စ် မီးသွေးနှင့် လစ်ဂ်နိုက် မီးသွေး ဟူ၍ ကျောက်မီးသွေး လေးမျိုး လေးစားရှိသည်။

အင်ထရာဆိုက် မီးသွေးသည် အမာဆုံးဖြစ် ပြီး ကာဗွန် ၈၆ ရာခိုင်နှုန်းမှ ၉၇ ရာခိုင်နှုန်း အထိ ပါသဖြင့် လောင်စာ တန်ဖိုး မြင့်မားသည်။ ဘီတူး မီးနပ်စ် မီးသွေးတွင် ကာဗွန် ၄၅ ရာခိုင်နှုန်းမှ ၈၆ ရာခိုင်နှုန်း အထိပါပြီး လျှပ်စစ် ဓာတ်ထုတ်ရာ တွင် အသုံးများသည်။ ဆပ်ဘီတူး မီးနပ်စ်မီးသွေး တွင် ကာဗွန်၃၅ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်း အထိ ပါပြီး ဘီးတူး မီးနပ်စ် ကျောက်မီးသွေးထက် အပူ စွမ်းအင် ပိုနည်းသည်။
လစ်ဂ်နိုက် မီးသွေးသည် ပျော့ကာ ကာဗွန် နည်းပြီး ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင် ပို၍ပါ သည်။ လစ်ဂ်နိုက်သည် အခြား ကျောက်မီးသွေးတို့ ထက် သက်တမ်းနု သဖြင့် ကာဗွန် ၂၅ ရာခိုင်နှုန်း မှ ၃၅ ရာခိုင်နှုန်း အထိသာ ပါသည်။ အပူစွမ်းအင် ထုတ်ပေးနိုင်မှု အနည်းဆုံးဖြစ်သည်။

ကမ္ဘာတွင် တွေ့ရှိပြီး ကျောက်မီးသွေး ပမာဏ တန်ချိန် သန်းပေါင်း ၈၄၇,ဝဝဝ ခန့်ရှိသည်။ လက်ရှိ သုံးစွဲနှုန်းနှင့် တွက်လျှင် နောက်ထပ် ပျမ်းမျှ နှစ်ပေါင်း ၁ဝဝ ကျော် သုံးနိုင် သည့် ယင်းကျောက် မီးသွေးသိုက် များသည် အမေရိကန်၊ ရုရှား၊ တရုတ်၊ သြစတေးလျနှင့် အိန္ဒိယနိုင်ငံ တို့တွင် အများဆုံးတည်ရှိသည်။

ကျောက်မီးသွေးကို တူးဖော်ရာ၌ အချို့ နေရာများတွင် မြေမျက်နှာပြင် အနီးတွင် တည်ရှိ ကြသဖြင့် လွှာ၍ တူးဖော် ထုတ်ယူကြသည်။ မြေပြင်မှ အနက် ပေ ၂ဝဝ အတွင်း၌ ရှိသော ကျောက်မီးသွေး များကို ယင်းနည်းဖြင့် တူးယူကြသည်။ လွှာ၍ တူးယူခြင်းကြောင့် မြေယာ ရှုခင်းနှင့် ဂေဟ စနစ် ပျက်စီးခြင်း ၊ မြေအောက်နှင့် မြေပေါ် ရေကြော များ ညစ်ညမ်းခြင်းတို့ ဖြစ်တတ်သည်။ နေရာ အများအပြားတွင် မူ ကျောက်မီးသွေး ကို မြေအောက် အနက်ပိုင်း အထိ တွင်းများ တူး၍ ထုတ် ယူကြရသည်။ အချို့ ကျောက်မီးသွေး တွင်း များသည် ပေ ၁ဝဝဝ ခန့်အနက်တွင် ရှိကြ သည်။
လူတို့သည် လွန်ခဲ့သော နှစ်ထောင်ပေါင်း များစွာကတည်းက နေအိမ် အဆောက်အအုံများ ကို အပူပေးရန်နှင့် ချက်ပြုတ်ရန် ကျောက်မီးသွေး ကို သုံးခဲ့ကြ သည်။ ကျောက် မီးသွေး ကို ထိရောက် စွာ အသုံးချနိုင် ခဲ့သဖြင့် လုပ်ငန်းဆောင်တာ အမျိုးမျိုးတွင် လူအား၊ တိရစ္ဆာန် အားစသည်တို့ကို သာ သုံးခဲ့ရာမှ စက်ကိရိယာ များ၊ ယာဉ်များကို တီထွင်၍ လူနေမှု အဆင့်အတန်းကို မြှင့်ပေးနိုင်ခဲ့ သည်။

ကျောက်မီးသွေးကို တူးဖော် ထုတ်လုပ်ရာ တွင် ဈေးသက်သာခြင်း၊ ကမ္ဘာ့နေရာ အတော် များများတွင် တူးဖော်နိုင်ခြင်း စသည့် အားသာ ချက် များရှိသည်။ အများဆုံး သုံးသော နိုင်ငံများမှာ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ ရုရှားနှင့် ဂျပန်တို့ ဖြစ်ကြသည်။ ယင်း ၅ နိုင်ငံ တို့သည် တစ်ကမ္ဘာ လုံးသုံးစွဲသော ကျောက်မီးသွေး ပမာဏ၏ ၇၇ ရာခိုင်နှုန်း ကို ထုတ်ယူ လောင်မြိုက်နေကြသည်။
ကျောက်မီးသွေးကို လျှပ်စစ် ဓာတ်အား ထုတ်ယူသော စက်ရုံများတွင် အများဆုံး သုံးကြ သည်။ တစ်ကမ္ဘာလုံး ထုတ်လုပ်သော လျှပ်စစ် ဓာတ် ပမာဏ စုစုပေါင်း၏ ၄၃ ရာခိုင်နှုန်းသည် ကျောက်မီးသွေးမှ ရသည်။

ကျောက်မီးသွေး မှရသော မက်သနော၊ အက်သလင်းတို့ကို ပလတ်စတစ်၊ ကတ္တရာ၊ ဓာတ်မြေသြဇာ၊ လူသုံးဆေးဝါးများ ထုတ်လုပ်ရန် အသုံးပြုကြ သည်။ ကျောက် မီးသွေး ကို အထူး မီးဖိုများတွင် ပြင်းထန်သော အပူပေး၍ ရရှိသော  ကုတ်မီးသွေးဖြင့် သံများမှ သံမဏိ ထုတ်လုပ်ရာ တွင် သုံးသည်။ ကုတ်မီးသွေးမှ ထွက် လာသော ပြင်းထန်သည့် အပူကြောင့် ခံနိုင်ရည် ကောင်းသော သံမဏိကို ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ ဘိလပ်မြေနှင့် စက္ကူများ ထုတ်လုပ်ရာ တွင်လည်း ကျောက်မီးသွေး ကို သုံး ကြသည်။

ကျောက်မီးသွေးသည် အသုံးဝင် လှသည့် လောင်စာ တစ်မျိုးဖြစ်သော်လည်း တူးဖော်ရာတွင် နှင့် အသုံးချ ရာတွင် ပတ်ဝန်းကျင်ကို ညစ်ညမ်း စေသည့် ဆိုးကျိုးများ ရှိသည်။ မျက်နှာပြင်မှ လွှာ၍ ထုတ်ယူသော ကျောက်မီးသွေး မိုင်းများ၊ တောင်ကိုဖြို၍ ထုတ်ယူသော ကျောက်မီးသွေး မိုင်းများကြောင့် အပေါ်ယံမြေဆီလွှာ ပျက်စီးခြင်း၊ မြေယာရှုခင်း ပျက်စီးခြင်း၊ ကျောက်မီးသွေး တူးရာ မှ ထွက်လာသော အနည်အနှစ်များ မြေစာများ ကြောင့် ပတ်ဝန်းကျင်ရှိ ချောင်းနှင့်မြစ် များ ကောခြင်း၊ ရေ အရည်အသွေး ကျဆင်းခြင်း တို့ ဖြစ်ပေါ်သည်။
ကျောက်မီးသွေးကို လောင်မြိုက်ခြင်း မှ အပူဓာတ် အပြင် ဆာလ်ဖာဒိုင် အောက်ဆိုဒ်၊ နိုက် ထရိုဂျင်အောက်ဆိုဒ်နှင့် ကာဗွန်ဒိုင် အောက်ဆိုဒ် များ အဓိက ထွက်ပေါ်သည်။ ကာဗွန်မိုနော့ဆိုဒ်၊ ပြာနှင့် အခြားဓာတ်ငွေ့နှင့် စွန့်ပစ် အနည်များ လည်း ထွက်သည်။

ဆာလ်ဖာဒိုင် အောက်ဆိုဒ်သည် အက်စစ်မိုး ရွာသွန်းစေခြင်းနှင့် အသက်ရှူ လမ်းကြောင်း ရောဂါများ ဖြစ်ပွားစေသည်။ နိုက်ထရိုဂျင် အောက်ဆိုဒ် များသည် မီးခိုးမြူများ ကို ဖြစ်ပေါ် စေပြီး အသက်ရှူ လမ်းကြောင်းရောဂါများ ဖြစ် ပွားစေသည်။ ကာဗွန်ဒိုင် အောက်ဆိုဒ်ကြောင့် ကမ္ဘာ့လေထုကို ပူနွေးစေကာ ရာသီဥတု ပြောင်း လဲမှု ကို ဖြစ်ပေါ်စေသည်။ လူတို့ကြောင့် လေထု တွင်းရောက်သော ကာဗွန်ဒိုင် အောက်ဆိုဒ် ပမာဏ စုစုပေါင်း၏ ၄၃ ရာခိုင်နှုန်းသည် ကျောက် မီးသွေး မှထွက်သည်။ ထို့ပြင် ကျောက်မီးသွေး စက်ရုံများ မှထွက်သော အမှုန်များကြောင့် အသက်ရှူ  လမ်းကြောင်းရောဂါနှင့် အဆုတ်ရောဂါ များကို ဖြစ်ပွားသည်။

ကျောက်မီးသွေး မှထွက်သော ပြဒါးသည် လေထုတွင်း၌ လူ့ကျန်းမာရေးကို အန္တရာယ်မပြု သော်လည်း ရေထုတွင်း ရောက်သောအခါ ဖြစ်ပေါ်လာသော မီသိုင်းမာကျူရီ သည် သက်ရှိ များအတွက် အဆိပ် ပင်ဖြစ်သည်။

ကျောက်မီးသွေးမှ ထွက်သော မလိုလားအပ် သည့် ဓာတ်ငွေ့နှင့် အမှုန်များကို ဖယ်ရှား သန့်စင် သည့် နည်းပညာများ ရှိသည်။ သို့သော် ယင်းတို့ ကို သုံးလျှင် ကုန်ကျ စရိတ် များသည်။ ယင်း ကိရိယာတို့ လည်ပတ် အလုပ်လုပ်ရန် စွမ်းအင် အမြောက်အမြား လိုသည့်အပြင် ယင်းတို့မှ ကာဗွန်ဒိုင်အောက်ဆိုဒ် လည်း ထပ်တိုးထွက် ရှိ သည်။ ယင်းတို့ ဖယ်ရှားလိုက်သော စွန့်ပစ် အနည် အနှစ်များသည် သဘာဝ ပတ်ဝန်းကျင်ကို ညစ် ညမ်းစေသည်။

ပြဿနာများ ရှိသော်လည်း ဈေးချိုခြင်း၊ အလွယ်တကူ ရနိုင်ခြင်းစသည် တို့ကြောင့် နိုင်ငံအများ အပြား၌ ကျောက်မီးသွေး အသုံး ကျယ်ပြန့် လာနေ သည်။ ၂ဝ၁၂ ခုနှစ် စာရင်း အရ တစ်ကမ္ဘာလုံး ၌ ကျောက်မီးသွေး စက်ရုံ အသစ်ပေါင်း ၁၂ဝဝ ဆောက်လုပ်ရန် ရာထားသည်။

သို့သော် ကျောက်မီးသွေး၏ သဘာဝ ပတ်ဝန်းကျင်နှင့် လူ့ကျန်းမာရေးကို ထိခိုက်စေ သည့် အချက်ကြောင့် ယင်းကိုလျှော့သုံးရန် အားထုတ်သည့် နိုင်ငံ များလည်း ရှိနေ သည်။ ကျောက်မီးသွေး စက်ရုံများကြောင့် လေထုညစ် ညမ်းမှုကို ဆိုးရွားစွာ ကြုံတွေ့နေရသော နိုင်ငံ များတွင် ကျောက်မီးသွေး အသုံးအများဆုံးဖြစ် သည့် တရုတ်နိုင်ငံ သည် ထိပ်ဆုံးမှ ပါနေသည်။

ယင်းကိစ္စကို ဖြေရှင်းရန် တရုတ်အစိုးရ သည် လေထု ညစ်ညမ်းမှု၏ ဇာစ်မြစ်ဖြစ်သည့် ကျောက်မီးသွေး စက်ရုံများကို လျှော့ချရန် ဆုံးဖြတ် လိုက်ပြီဖြစ်သည်။ တ ရုတ်နိုင်ငံတော် ကောင်စီသည် ပေကျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိုး ဒေသ များတွင် ကျောက်မီးသွေးသုံး စက်ရုံများ အသစ် ဆောက်လုပ်မှု ကို ခွင့်ပြုတော့မည် မဟုတ် ကြောင်း ကြေညာထားသည်။

ကျော်ဦး



 ကျောက်မီးသွေး အကြောင်း


ကျောက်မီးသွေးဟာ အပင်များမှ ဖြစ်ပေါ်လာသော သစ်ဆွေး(မြေ) များ ကမ္ဘာ့မြေထုအတွင်းသို့ တိုးဝင်ရောက်ရှိခဲ့ပြီး အပူချိန်နဲ့ ဖိအားဒါဏ်ကို နှစ်သန်းပေါင်းများစွာခံရပြီးနောက် ပြောင်းလဲ ဖြစ်ပေါ်လာသော မာကျောသည့် မီးသွေးခဲများဖြစ်ပါတယ်။ အဲ့လို ဖြစ်စဉ်ကို အင်္ဂ္လိပ်လို "Coalification" လို့ခေါ်ပါတယ်..။ 

ကျောက်မီးသွေးထဲမှာ လေးလံသော သတ္တု ဓါတ်များစွာပါဝင်တဲ့ အပြင် အခြားသော ခဲ၊ အာဆန်းနစ်၊ ပြဒါး၊ ဆီလီနီယံ၊ ဘိုရွန် နဲ့ Thallium ကဲ့သို့သော ဒြပ်စင်များလည်း ပါဝင်ပါတယ်။ ကျောက်မီးသွေးကို မီးရှို့တဲ့အခါ.. အဲ့ဒီ့ ဒြပ်စင်များဟာ လောင်ကျွမ်းသွားခြင်းမရှိပဲ ပြာများနှင့်အတူ လေထုထဲကို ရောက်ရှိလာပါတော့တယ်..။ အဲ့ဒီလေတွေဟာ လူကို အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်တွေပါပဲ.။


ကျောက်မီးသွေး စက်ရုံတစ်ခုရဲ့ တည်ဆောက်ပုံကို ကြည့်လိုက်တဲ့အခါ.. လေထုထဲကို ထိုအဆိပ်အတောက် ဓါတ်ငွေ့တွေ စွန့်ထုတ်ရုံမျှမကပဲ မြစ်၊ချောင်း၊ အင်း၊ အိုင် များသို့ ရေဆိုးမြောင်းမျှမှတဆင့် ဓါတ် သတ္တု တွေ ထုတ်လွှတ်ရတာကိုလည်း တွေ့ရပါတယ်။ အဲ့ဒီ့ရေကို သောက်သုံးမိတဲ့ လူ အပါအဝင် ကုန်းနေ၊ ရေနေ သတ္တဝါများဟာ အဆိပ်သင့်မှုကို တိုက်ရိုက်ခံစားရမယ့်အပြင် အဲ့ဒီ့ရေနဲ့ စိုက်ပျိုးမယ့် အပင်များမှတဆင့်လည်း စားသုံးသူများကို အဆိပ်သင့်မှုကို ခံစားရနိုင်ပါသေးတယ်။


အဆိပ်သင့်ရင် ဘာတွေဖြစ်မလဲ..? 

အာဆန်းနစ် (Arsenic) ဟာ လူတွေကို ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ အဲ့ဒါကြောင့် သူ့ကို ကာဆီနိုဂျင် (carcinogen) လို့ ခေါ်ပါတယ်။ ရေမှတဆင့် တိုက်ရိုက်သောက်သုံးမိတယ်ဆိုရင်တော့ ကင်ဆာဖြစ်ဖို့ အဆ ၆၀ဝ၀ဝ မက သေချာသွားပါပြီ။
ဆီလီနီယံကတော့ ရေသတ္တဝါများကို အဆိပ်သင့်စေပြီး.. အဲ့ဒီ့ အဆိပ်သင့်တဲ့ ငါးများကို စားသုံးမိတဲ့ လူများကတော့ အဆုတ်ယောင်ခြင်း (bronchitis)၊ ထုံကျင်ကိုက်ခဲခြင်း၊ အရေပြား ရောဂါဖြစ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

ပြဒါး နဲ့ ခဲ ကတော့ ကာဆီနိုဂျင် မဟုတ်ပေမယ့် လူရဲ့ အာရုံကြောကို ထိခိုက်မှု ရှိစေပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာဆိုရင် ပြဒါး၊ ခဲ အနည်းငယ် တွေ့ထိရုံမျှဖြင့် ဖွံ့ဖြိုးကြီးထွားမှုကို ရပ်တန့်သွားစေနိုင်ပါတယ်။
ခဲ နဲ့ Thallium ကတော့ ကိုယ်ဝန်ဆောင်စဉ်မှာ အန္တရာယ်ဖြစ်စေပြီး ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးလာတဲ့ ကလေး ကိုယ်လက်အင်္ဂ࿿ါ မစုံခြင်း စသည်တို့ကို ဖြစ်စေပါတယ်။

.............................................................................................................................

အဲ့ဒီ့အတွက်ကြောင့် နိုင်ငံတကာမှာ (အထူးသဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ) ကျော်မီးသွေးစက်ရုံတည်ဆောက်ခြင်းကို လက်မခံကြတော့ပဲ စက်ရုံ ပိတ်ပစ်ခြင်း၊ ဖျက်သိမ်းခြင်း၊ အဆိပ်သင့် လူနာများအား ပြုစုစောင့်ရှောက်ပေးခြင်း တို့ကို လုပ်ဆောင်ကြပြီး.. အချို့သော နိုင်ငံများကတော့ ဖွံ့ဖြိုးဆဲ နိုင်ငံများကို အသုံးချပြီး ကျောက်မီးသွေး စက်ရုံများကို အဆိုပါ နိုင်ငံများမှာ တည်ဆောက်လာကြပါတယ်။

ဖွံ့ဖြိုးဆဲ (သို့မဟုတ်) မဖွံ့ဖြိုးသေးသော နိုင်ငံတစ်ခုအနေနဲ့ ကျောက်မီးသွေး စက်ရုံတည်ဆောက်မှုကို လက်ခံလိုက်မည်ဆိုပါက... အထက်တွင် ဖော်ပြခဲ့သော ပြသနာများကို မုချမသွေ ရင်ဆိုင် ခံစားရမှာဖြစ်ပြီး နိုင်ငံရော၊ လူမျိုးပါ ဖွံ့ဖြိုးမှုအဆင့် ထပ်မံလျော့ကျသွားမှာပဲ ဖြစ်ပါတော့တယ်..။

.................................................................................................................................

တီကျစ် ကျောက်မီးသွေးတွင်း 


‘‘မိုင်းစတူးကတည်းကသိမ်းထားတဲ့မြေတွေကို အဲဒီကတည်းက ဆုံးရှုံးထားတယ်။ သိမ်းတဲ့အခြေအနေကလည်း လက်ရှိအစိုးရမဟုတ်ဘူး။ ပြီးခဲ့တဲ့အစိုးရဆိုတော့ သူတို့မှာဘာမှပြောခွင့်မရှိဘူး။ ဘာမှလည်းတုံ့ပြန်ခွင့်မရှိဘူးဆိုတော့ ဆုံးရှုံးတာပေါ့’’ဟု တီကျစ်ကျောက်မီးသွေးပြဿနာများကို ၂၀၁၁အတွင်းက သုတေသနပြုလုပ်ကာ စာတမ်းထုတ်ဝေခဲ့သည့် ပအိုဝ့်လူငယ်အစည်းအရုံးမှ ခွန်ဉာဏ်ထွဋ်ကပြောသည်။

မိုင်းတွင်းကြောင့် အနည်းဆုံး ကျေးရွာနှစ်ရွာ ရွှေ့ပြောင်းခံခဲ့ ရကြောင်းဒေသခံများက ပြော သည်။

ကျောက်မီးသွေးမိုင်းတွင်းကြောင့် ရွှေ့ပြောင်းခံခဲ့ရသည့် ကျေးရွာများသာ ပြဿနာကြုံ တွေ့ခြင်းမဟုတ်ဘဲ မိုင်းတွင်းနှင့် ကပ်နေသည့် အနီးဝန်းကျင်ကျေးရွာများလည်း ပြဿနာများက ပြောသည်။ ကျောက်မီးသွေးမိုင်း တွင်းလာရောက်တူးဖော်ပြီး နောက်တွင် ကျေးရွာအတွင်းရှိ ရေထွက်ပေါက်နှစ်ခုထက်မနည်း ကောသွားခဲ့ကြောင်း တီကျစ်ဒေသခံများက ပြောသည်။

‘‘ရေလုခပ်ရတာ၊ ရေလုသွင်းရတာတွေကြောင့် ပြဿနာဖြစ်ကြတာတွေရှိလာတယ်’’ဟု တီကျစ် ဒေသခံတစ်ဦးကပြောသည်။

နေ့စဉ်တန်ချိန်ထောင်ချီတူးဖော်ထားသည့်ကျောက်မီးသွေးများသည် မိုးရေဖြင့်ထိတွေ့ပါက အခိုးအငွေ့များထွက်လာလေ့ရှိပြီး ရှူရှိုက်မိသူများအတွက် အသက်ရှူလမ်းကြောင်းပြဿနာများအပါအဝင် အခြားပြဿနာများဖြစ်ပွားနိုင်ကြောင်း၊ မိုင်းတွင်း ရင်းနှီးမြှုပ်နှံမှုသူများသည်ဒေသခံတို့အတွက် လုံလောက်သည့် ကာကွယ်မှုမျိုး မပြုလုပ်ပေးကြောင်း ပအိုဝ့်လူငယ်အစည်းအရုံးမှ ခွန်ဉာဏ်ထွဋ်က ထောက်ပြဝေဖန်ခဲ့သည်။

တီကျစ်ကျောက်မီးသွေးမိုင်းတွင်းသည် နာမည်ကျော်အင်း လေးကန်နှင့် ၁၃မိုင်ခန့်သာ ကွာဝေးသောကြောင့် မိုင်းတွင်းကို ဖြတ်သန်းပြီး ထွက်လာသောရေများသည် မြစ်ချောင်းများမှတစ်ဆင့် အင်းလေးကန်အတွင်းသို့ စီးဝင်သွားမည့်အရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက စိုးရိမ်လျက်ရှိသည်။

ကျောက်မီးသွေးမိုင်းတွင်းမှ ထွက်လာသည့် ရေများထဲတွင် ကျောက်မီးသွေးအစအနများ ပါ ဝင်တတ်သည်။ အာဆင်းနစ်၊ ပြ ဒါးစသည့်သက်ရှိသတ္တဝါများကို ဘေးဥပဒ်ဖြစ်စေသည့် ဓာတုပ စ္စည်းများပါဝင်သောကြောင့်မိုင်း တွင်းစွန့်ပစ်ရေများနှင့်ပတ်သက်ပြီး လွန်စွာသတိထားကိုင်တွယ်ရကြောင်း သတ္တုမိုင်းတွင်းပညာရှင် ဦးစောမိုးမြင့်ကပြောသည်။

‘‘ဖြစ်သင့်တာက မိုင်းက ထွက်လာတဲ့ရေကို ပြင်ပကို မစီးအောင် ဆည်တမံ သဘောမျိုး လှောင်ထားသင့်တယ်။ ပြီးတော့မှ ဒီမှာမလိုလားအပ်တဲ့ ဒြပ်စင်တွေ ပျောက်သွားအောင်ဓာတုပစ္စည်း တစ်ခုထည့်ပြီးတော့ ရေသန့်စင်မှ ပဲလွှတ်သင့်တယ်။ ဟိုမှာ(တီကျစ်) တော့ အဲဒီလိုလုပ်တာမတွေ့ရ ဘူး’’ဟု ဦးစောမိုးမြင့်ကထောက် ပြသည်။

ပညာရှင်များနှင့် ဒေသခံအချို့က ထောက်ပြဝေဖန်နေသော်လည်း မည်သူက တာဝန်ယူဖြေရှင်းပေးမည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါ။ ဒေသခံများ၏အဆိုအရ မိုင်းတွင်းကို မည်သူက ပိုင်ဆိုင်ကြောင်းပင် ရှင်းရှင်းလင်းလင်း မသိရသောကြောင့် မည်သူ့ထံတွင် တောင်းဆိုရမည်ကိုပင် မသိရှိဟု ဆိုသည်။ တိုင်းပြည်၏ထိပ်တန်းကုမ္ပဏီများ၊ လက်နက်ကိုင်တပ်ဖွဲ့များ ကျောထောက်နောက် ခံပေးထားသည့် စီးပွားရေးလုပ် ငန်းများ ပါဝင်ပတ်သက်နေသည့် ကျောက်မီးသွေးမိုင်းတွင်း၏ပြ ဿနာကို ယခင်က မည်သူကမျှ ကျယ်ကျယ်လောင်လောင် မကန့် ကွက်ရဲကြောင်း ဒေသခံများက ဆိုသည်။


၂၀၁၁ အတွင်းက ပအိုဝ့်လူ ငယ်အစည်းအရုံးက ထုတ်ပြန် သည့် အစီရင်ခံစာတစ်ခုတွင် တီ ကျစ်ကျောက်မီးသွေးမိုင်းတွင်းကို ရင်းနှီးမြှုပ်နှံသူများထဲ၌ တရုတ်အမျိုးသားအကြီးစားစက်မှု လုပ်ငန်းကော်ပိုရေးရှင်း၊ ရှမ်းရိုးမနဂါးကုမ္ပဏီ၊ ME-3၊ ရွှေသံလွင်၊ အရှေ့ပိုင်းတိုးတက်ရေးကုမ္ပဏီ၊ ဧဒင်ကုမ္ပဏီ၊ အေဝမ်းကုမ္ပဏီနှင့် အထူးဒေသ(၆)စီးပွားရေးလုပ်ငန်း စုတို့က ရင်းနှီးမြှုပ်နှံသူစာရင်းထဲ တွင်ပါဝင်ကြောင်း ဖော်ပြထား သည်။

နောက်ပိုင်းတွင် ရွှေသံလွင်၊ အေဝမ်းနှင့် အထူးဒေသ(၆)စီးပွား ရေးလုပ်ငန်းစုတို့က စီမံကိန်းမှ ထွက်ခွာသွားခဲ့ကြောင်း ပအိုဝ့် လူငယ်အစည်းအရုံးက ထုတ်ပြန် သည့် အစီရင်ခံစာက ဆိုသည်။

မြန်မာအစိုးရ၏ထုတ်ပြန် ချက်များတွင် ကျောက်မီးသွေး မိုင်းတွင်းကို စီမံခန့်ခွဲသည့်ကုမ္ပဏီ ၏ အမည်ကို ရှမ်းရိုးမနဂါးကုမ္ပဏီ လီမိတက်ဟု ဖော်ပြထားသည်။

တရုတ်နိုင်ငံ အခြေစိုက်တ ရုတ်အမျိုးသားအကြီးစားစက်မှု လုပ်ငန်းကော်ပိုရေးရှင်း၏တရား ဝင်ထုတ်ပြန်ချက်တွင်လည်း မိုင်း တွင်းပိုင်ရှင်သည် ရှမ်းရိုးမနဂါး ကုမ္ပဏီဖြစ်ပြီး ゞင်းတို့က မိုင်း တွင်းဒီဇိုင်း၊ ပစ္စည်းကိရိယာ ထောက်ပံ့မှု၊ နည်းပညာနှင့် နည်း စနစ်ပံ့ပိုးမှုတို့ကို တာဝန်ယူနေ ကြောင်း ဖော်ပြထားသည်။

‘‘မိုင်းတွင်းနဲ့ စက်ရုံလာ ဆောက်လို့ အလုပ်ရတဲ့လူတွေ လည်း ရှိတယ်။ သူတို့အတွက် တော့ ကောင်းတာပေါ့။ ဒါပေမဲ့ မိုင်းတွင်းကြောင့် အိမ်မဲ့ရာမဲ့ဖြစ် ပြီး စီးပွားပျက်တဲ့လူတွေလည်း အများကြီး ရှိတယ်’’ဟု ကိုခွန်မျိုး က ဆိုသည်။

တီကျစ်ဒေသခံများအတွက် တော့ လယ်ယာမြေဆုံးရှုံးပြီး အိုး မဲ့အိမ်မဲ့ ပျက်စီးခဲ့သည့် ပြဿနာ တစ်ခုတည်းတော့ မဟုတ်။ ကျောက်မီးသွေးမှ ထွက်လာသည့် အမှုန်အမွှားများကို ရှုရှိုက်ရသည့် ပြဿနာများကလည်း ရှိသေး သည်။

မိုင်းတွင်းမှ ထွက်လာသည့် ကျောက်မီးသွေးများကို တီကျစ် ကျေးရွာအဝင်နားတွင် တည်ထား သည့်ကျောက်မီးသွေးသုံး ဓာတ် အားပေးစက်ရုံသို့ ပေးပို့လည်ပတ် စေခဲ့သည်။

ကန်ဒေါ်လာ ၄၃ သန်းခန့်နှင့် ကျပ်သန်း ၁၅၀ဝ၀ ကျော်ကုန်ကျခဲ့သည့် တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံတွင်လည်း ကျောက်မီးသွေးမိုင်းတွင် အဓိကအခန်းကဏ္ဍဍက ပါဝင်ပတ်သက်ခဲ့သည့် တရုတ်နိုင်ငံအခြေစိုက် တရုတ်အမျိုးသားအကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်းကပင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

တရုတ်အမျိုသားအကြီးစား စက်မှုလုပ်ငန်းကော်ပိုရေးရှင်းက စက်ရုံ၏ဒီဇိုင်း၊ စက်မှုဆိုင်ရာနည်းပညာ၊ ပစ္စည်းကိရိယာထောက်ပံ့တည်ဆောက်မှုနှင့် စက်တပ်ဆင်မှုကို အဓိကလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၄တွင် မြန်မာနိုင်ငံ၌ ပထမဆုံးဆောက်ခဲ့သော ကျောက် မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံဖြစ်ပြီး စက်တပ်ဆင်အား ၁၂၀ မဂ္ဂါဝပ်(၆၀ မဂ္ဂါဝပ်နှစ်လုံး) ဖြစ်သည်။ နှစ်စဉ် ကီလိုဝပ်နာရီ သန်းပေါင်း ၉၆၀ ထုတ်လုပ်ပေး လျက်ရှိကြောင်း အစိုးရက ထုတ် ပြန်ထားသည်။ တီကျစ်ကျောက် မီးသွေး လျှပ်စစ်စက်ရုံသည်လည်း ယင်းအနီးနားရှိ မိုင်းတွင်းနည်းတူ ဝေဖန်မှုများ ပြင်းထန်စွာ ခံနေရ သည်။

စက်ရုံလည်ပတ်ပါက ခေါင်းတိုင်မှ ထွက်လာသည့် အမှုန်အမွှားများသည် ပတ်ဝန်းကျင်ဒေသများသို့ ပျံ့နှံ့ခဲ့ပြီး ဒေသခံများ၏ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အ ကြီးအကျယ်ထိခိုက်နေကြောင်း ဒေသခံများနှင့် တက်ကြွလှုပ်ရှားသူများက ပြောသည်။

တီကျစ်မိုင်းတွင်းနှင့် စက်ရုံ အနီးမှ ဒေသခံအချို့၏အဆိုအရ ကျောက်မီးသွေးစက်ရုံ စတင် လည်ပတ်ပါက ဆိုးရွားလွန်းသည့် ညှော်နံ့များခံစားရပြီး အသက်ရှူ လမ်းကြောင်းပြဿနာများ၊ မွေး ဖွားသည့်ကလေးမှာ ပေါင်မပြည့်၊ လမစေ့ခြင်း စသည့် ပြဿနာများ ခပ်စိပ်စိပ် တွေ့လာရသည်ဟု ဆို သည်။

‘‘တွေ့လိုက်တဲ့ လူတွေက အသားအရောင် ဖြူဖတ်ဖြူရော် ဖြစ်တာတို့၊ အသက်ရှူလမ်း ကြောင်းပြဿနာတို့၊ သွေးတိုးတို့ နောက်ပြီး လူမပြောနဲ့ ဝက်က လေးတောင်မှ မွေးလာတဲ့အခါမှာ မအောင်ဘူး။ နှစ်ရက် သုံးရက်ဆို အကုန်လုံး ပြန်သေသွားတာတို့ အဲဒါတွေ သူတို့ လက်ရှိခံစားနေရ တာပေါ့’’ဟု တီကျစ်ဒေသကို သု တေသနပြုလုပ်ကာ စာတမ်း ထုတ်ဝေခဲ့သည့် ပအိုဝ့်လူငယ်အ စည်းအရုံးမှ ကိုခွန်ဉာဏ်ထွဋ်က ပြောသည်။

ဒေသခံများ၏ ပြောကြား ချက်ကို ကျောက်မီးသွေးအ ကြောင်း လေ့လာခဲ့သည့် ပညာ ရှင်များက ထောက်ခံခဲ့ပြီးကျောက် မီးသွေးစက်ရုံများမှ ထွက်လာ သည့် ဆာလဖာဒိုင် အောက်ဆိုက်၊ နိုက်ထရိုဂျင်အောက်ဆိုက်နှင့် အ မှုန်အမွှားများသည် လူကို အန္တ ရယ်ပြုသည့် အရာများဖြစ်ပြီး စနစ်တကျ ထိန်းချုပ်ရမည်ဖြစ် ကြောင်း ထောက်ပြခဲ့သည်။

‘‘ဒီဟာတွေ ရှူမိလို့ ရှိရင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အတွက်လည်း အန္တရာယ်ရှိနိုင် တယ်။ တီကျစ်မှာ ကြည့်ခဲ့တာ တော့ အခုနက ဆာလဖာဒိုင် အောက်ဆိုက်တို့၊ နိုက်ထရိုဂျင် အောက်ဆိုက်တို့ ဖယ်တာမတွေ့ခဲ့ ဘူး’’ဟု သတ္တုတွင်းပညာရှင် ဦး စောမိုးမြင့်က ပြောသည်။

‘‘စက်ရုံလည်ပတ်ပြီဆိုရင် အခုထိုင်နေတဲ့ နေရာက ကကြီး ခခွေးရေးလို့ရတယ်’’ဟု သူ၏ အိမ်ရှေ့ကြမ်းခင်းကို လက်ညှိုး ထိုးရင်း စက်ရုံအနီးရှိ ပြင်သာ ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

အစိုးရ၏ တရားဝင် ထုတ် ပြန်ချက်အရပင် လျှပ်စစ်ဓာတ် အားထုတ်လုပ်ရန် လောင်ကျွမ်းသည့်ပြာများမှာ တစ်ရက်လျှင်တန်ချိန် ၁၀ဝ မှ ၁၅၀ အထိ ထွက်ရှိသည်ဟုဆိုသည်။ တစ်နည်းအားဖြင့် ဘိလပ်မြေအိတ် ၂,ဝ၀ဝ မှ ၃,ဝ၀ဝကြား ပမာဏရှိသည့် ကျောက်မီးသွေးပြာများ စက်ရုံက ထွက်ရှိနေခြင်းဖြစ်သည်။

အဆိုပါပြာများသည် ဘိလပ်မြေဆန်သည့် ဂုဏ်သတ္တိရှိသောကြောင့် ပြန်လည်အသုံးပြုမည်ဆိုပါက ဒေသတွင်းတွင် ထုံးနှင့် ထုံးထင်းအဖြစ် ခုတ်ယူသည့်သစ်တောများ သက်သာရာရမည်ဟုအစိုးရသတင်းစာများက ရေး သားခဲ့ကြသည်။ သို့သော်လည်း ဒေသခံများခံစားခဲ့ရသည့် ပြဿ နာများနှင့် ပြာမှုန်ရှူရှိုက်ရသည့် အခြေအနေကိုတော့ ထည့်သွင်း ရေးသားထားခြင်း မရှိခဲ့ပါ။

ကျောက်မီးသွေး စက်ရုံမှ ပြာမှုန်လွင့်ပျံ့ရသည့် အဓိက အကြောင်းရင်းမှာ စက်ရုံမီးခိုး ခေါင်းတိုင်မှာ စံချိန်မမီခြင်း ကြောင့်ဖြစ်ကြောင်း ပညာရှင်များ က ထောက်ပြသည်။ စက်ရုံ၏မီး ခိုးခေါင်းတိုင်သည် နိုင်ငံတကာက လက်ခံထားသည့် စံနှုန်းထက်ဝက်လျှော့ချဆောက်လုပ်ထားကြောင်း ကျောက်မီးသွေးဆန့်ကျင်သူများ က ယုံကြည်နေကြသည်။

‘‘တရုတ်က ခေါင်းတိုင်အ မြင့်ကို ကုန်ကျစရိတ်သက်သာ အောင် တစ်ဝက်တိတိ ဖြတ်ချပစ် လိုက်တယ်’’ဟု တီကျစ်ကျောက် မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ကို ဝင်ရောက်စစ်ဆေးခွင့်ရခဲ့သူ ပြည်သူ့လွှတ်တော် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ ကော်မတီ အ တွင်းရေးမှူး ဦးသိန်းလွင်က ပြော သည်။

စက်ရုံတည်ဆောက်ခဲ့စဉ်က တိုင်းပြည်အတွက် နစ်နာစေသည့် ဆုံးဖြတ်ချက်အမှားအယွင်းအ မြောက်အမြားကို မြန်မာဘက်က ချမှတ်ခဲ့ပြီး အလားတူစီမံကိန်းများ ပြုလုပ်မည်ဆိုပါက တီကျစ်အ မှားများကို နမူနာယူသင့်ကြောင်း ဦးသိန်းလွင်က ပြောသည်။

စက်ရုံတွင် ၆၀ မဂ္ဂါဝပ်ထွက် သည့် စက်နှစ်လုံးကို ယှဉ်လျက် တပ်ဆင်ထားခြင်းဖြစ်သော်လည်း စက်နှစ်လုံး၏အမျိုးအစားနှင့် ပုံစံ မှာမတူဘဲဖြစ်နေသည်ကို အံ့အား သင့်ဖွယ်တွေ့ခဲ့ရကြောင်း စက်ရုံ သို့ ဝင်ရောက်စစ်ဆေးခွင့်ရခဲ့သူဦး သိန်းလွင်က ဆက်လက်ပြောကြားသည်။

‘‘စက်နှစ်လုံးကအမျိုးအစား မတူတာကိုအံ့အားသင့်ဖွယ်တွေ့ ရတယ်။ ဆန်စက်၊ဆီစက်လိုစက် မျိုးတည်ရင်တောင် အမျိုးအစား တူတာ တည်သင့်တယ်ဆိုတာ လူ တိုင်းသိတယ်။ အခြေခံကျတဲ့အ ချက်အလက်တွေကို မျက်ကွယ် ပြုပြီးတည်ထားတာ။ သဘာဝ ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ပြဿနာ တွေကို မပြောသေးဘူးနော်’’ ဟု ပြည်သူ့လွှတ်တော်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာကော်မတီအတွင်းရေး မှူး ဦးသိန်းလွင်ကပြောသည်။

သို့သော် ယနေ့တွင် လွှတ် တော်အမတ်များနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းသူများလွန်စွာ စိုးရိမ်နေသည့်အကြောင်းက တီ ကျစ်မဟုတ်ဘဲ အစိုးရက တိုင်း ပြည်အနှံ့တွင် ကျောက်မီးသွေး သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ များကို တစ်ဒါဇင်ခန့်တည်ဆောက်ရန်စီစဉ်နေခြင်းဖြစ်သည်။ အစိုးရ၏အကြောင်းပြချက်က တိုင်းပြည်တွင် လျှပ်စစ်မလုံလောက်သည့်ပြဿနာကိုကျောက်မီးသွေးဖြင့် ဖြေရှင်းရန်ဖြစ်သည်။ စက်ရုံများ ကို ရှမ်း၊ မွန်ပြည်နယ်၊ ရန်ကုန်၊ စစ်ကိုင်း၊ တနင်္သ࿿ာရီ၊ ဧရာဝတီတိုင်းတို့တွင် တည်ဆောက်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအ ချိန်၌လျှပ်စစ်ဓာတ်အားရရှိမှုမှာ နိုင်ငံတကာအဆင့်အတန်းအရအဆိုးရွားဆုံးနိုင်ငံများစာရင်းတွင် ရှိနေပြီး တစ်နိုင်ငံလုံး၏ အိမ်ထောင်စုဦးရေ ၃၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားကို ရရှိသည်။ မြန်မာနိုင်ငံ၏ အိမ်ထောင်စု ၁၀ဝ တွင် ၇၀ က အစိုးရမီးမရဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အလင်းရောင်နှင့် အပူစွမ်းအားရရှိရန် ကြိုးစားနေရခြင်းဖြစ်သည့်သဘောဖြစ်သည်။

ဒေသတွင်းနိုင်ငံများနှင့် နှိုင်း ယှဉ်ပါက မြန်မာနိုင်ငံ၏ လျှပ်စစ် ဓာတ်အားသုံးစွဲမှုမှာ လုံးဝခြားနား လျက်ရှိသည်။ အိမ်နီးချင်းထိုင်း နိုင်ငံက မြန်မာနိုင်ငံ၌ လက်ရှိသုံးစွဲ နေသည့် လျှပ်စစ်ပမာဏထက် ၁၂ ဆခန့်သုံးစွဲနေပြီး အာဆီယံ ဒေသတွင်း လူဦးရေအများဆုံး နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားက မြန် မာထက် ၁၃ ဆကျော်ခန့်ပိုမိုသုံးစွဲ လျက်ရှိသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ လျှပ်စစ်ထုတ်လုပ်မှု၏ ၂ ရာခိုင် နှုန်းခန့်သည် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ မှ ထုတ်လုပ်နေခြင်းဖြစ်သော် လည်း အနာဂတ်တွင် တိုင်းပြည် လျှပ်စစ်ထုတ်လုပ်မှု၏ သုံးပုံတစ် ပုံခန့်ကို ကျောက်မီးသွေး အားကိုး ဖြင့် ထုတ်လုပ်ရန်စီစဉ်နေသည်။

အစိုးရချပြသည့် အနာဂတ် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံများသည် အ ရာရာအကောင်းချည်းဖြစ်နေခဲ့ သည်။ ဓာတ်အားတစ်ယူနစ်ထုတ် လုပ်မှု၊ ဝယ်ယူမှု ကုန်ကျစရိတ် တွင် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားက တစ်ယူနစ်လျှင်၁၀ဝ ကျပ်ခန့်ရှိပြီး သဘာဝဓာတ်ငွေ့ သုံးစက်ရုံများမှထုတ်လုပ်သည့် စရိတ်ထက် ငါးပုံတစ်ပုံသာနေပြီး နေရောင်ခြည်စွမ်းအင်မှ ရရှိ သည့် လျှပ်စစ်၏ စရိတ်စကထက် ငါးပုံသုံးပုံသက်သာသည်ဟုဆိုသည်။

နွေတွင်ရေပြတ်သောကြောင့် လျှပ်စစ်မထုတ်နိုင်သည့် ရေအား လျှပ်စစ်လိုပြဿနာမျိုး ကျောက် မီးသွေးတွင် ရှိမည်မဟုတ်ဟု လည်းဆိုသည်။

စက်ရုံအတွက်လိုအပ်မည့် ကုန်ကြမ်းဖြစ်သည့် ကျောက်မီး သွေးများသည်လည်း တိုင်းပြည် ထဲတွင်တန်သန်းပေါင်း ၅၀ဝ ကျော်ရှိနေပြီး လိုအပ်မည့်ပြည် တွင်းအရင်းအမြစ် ကျောက်မီး သွေးများကို ထုတ်သုံးမည်ဖြစ်ပြီး လိုအပ်မည့် အခြားကျောက်မီးသွေး များကို အင်ဒိုနီးရှားနိုင်ငံနှင့် သြစ တြေးလျတို့မှ တင်သွင်းမည်ဟုဆို သည်။

စောင့်ကြည့်သူများစိုးရိမ်သည့် အချက်မှာ ပြည်ပမှတင်သွင်းလာ သည့် ကျောက်မီးသွေးသာမက ကျောက်မီးသွေးသုံးဓာတ်အားပေး စက်ရုံများ အရေးလည်းပါဝင် သည်။

တရုတ်နိုင်ငံသည် ထောင် နှင့်ချီသော ကျောက်မီးသွေးလျှပ် စစ်ဓာတ်အားပေးစက်ရုံများကို ပိတ်သိမ်းကာ စက်အဟောင်းများ ကို အိမ်နီးချင်းနိုင်ငံများသို့ ထုတ် ရောင်းမည့် အစီအစဉ်တစ်ခုကို စ တင်ခဲ့သည်။ အရည်အသွေးနိမ့် ပြီး လူကိုအန္တရာယ်ပြုသည့်စက်အ ဟောင်းများ၏ ဈေးကွက် မြန်မာနိုင်ငံဖြစ်လာမည်ကို ကျောက်မီး သွေးသုံးစွဲမှုများအပေါ် ကန့်ကွက်သူများက အကြီးအကျယ်စိုးရိမ်လျက်ရှိသည်။

လက်ရှိအချိန်တွင် ကန်ဒေါ် လာ ၄၃ သန်းခန့်နှင့် ကျပ်သန်း ၁၅,ဝ၀ဝ ကျော်ကုန်ကျခဲ့သည့် တီကျစ် ကျောက်မီးသွေးစက်ရုံ သည် မကြာခဏ ပြုပြင်မှုများပြု လုပ်နေရဆဲဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံးဖြစ်သည့် တီကျစ် ကျောက်မီးသွေးစက်ရုံသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများသာမက နေရာဒေသများ၏ လူမှုဘဝပြဿနာများအတွက်ပါ အငြင်းပွားမှုများဖြစ်ပွားနေသည့် စီမံကိန်းတစ်ခုဖြစ်သည်။

မြန်မာအစိုးရ၏အနာဂတ်စီ မံကိန်းထဲတွင် တီကျစ်ထက် ၁၀ ဆအထိကြီးမားသည့်ကျောက်မီး သွေးသုံးဓာတ်အားပေးစက်ရုံများ ကို တိုင်းပြည်တွင်တည်ဆောက်ရန် ထည့်သွင်းရေးဆွဲထားသည်။

‘‘နောက်တစ်ခါ ထပ်မခံရသင့်တော့ဘူး။ တီကျစ်လိုအမှားမျိုး၊ အဖြစ်အပျက်မျိုး ထပ်မဖြစ်ဖို့ လိုတယ်’’ဟု ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော် မတီအတွင်းရေးမှူး ဦးသိန်းလွင်ကဆိုသည်။

By - ထွန်းခိုင်










ကျောက်မီးသွေးကို မီးတိုက်လျှင်



ကျောက်မီးသွေးကို မီးတိုက်လျှင် -၁-


ကျောက်မီးသွေးကို မီးတိုက်လျှင် ဓါတ်ငွေ့(၃) မျိုး ပါသည့် မီခိုးများကို ထုတ်လွှတ်ပါတယ်

(၁)ကာဘွန်ဒိုင်အောက်ဆိုက်
(၂)ဆာလဖါဒိုအောက်ဆိုက်
(၃)နိုက်ထရိုဂျင်အောက်ဆိုက်

၎င်းဓါတ်ငွေ့များသည် သဘာဝပါတ်ဝန်းကျင် နှင့် လူ ကို များစွာ ဒုက္ခ ပေးပါတယ်။

အကြမ်းအားဖြင့် အဆင့်မှီ ကျောက်မီးသွေး တန်တဝက်ကို မီးတိုက်လျင် လျပ်စစ်ဓါတ်အား ၁မဂ္ဂါဝပ်ကို ၁ နာရီ ကြာ ရမည်။ တနှစ်လျင် နာရီပေါင်း ၈၇၆၀ အတွက် ၁မဂ္ဂါဝပ် ရရန် ကျောက်မီးသွေးတန်ချိန် ငါးထောင်ခန့်ကို မီးတိုက်ရမည်ဖြစ်သည်။

 ၁ မဂ္ဂါဝပ်……………….. ၁နာရီ……………..၀.၅တန်ချိန်(ကျောက်မီးသွေး)
 ၁ မဂ္ဂါဝပ်…….တနှစ်…..၈၇၆၀နာရီ………..၅၀၀၀.၀တန်ချိန်(ကျောက်မီးသွေး)
 ၅၀၀ မဂ္ဂါဝပ်…တနှစ်………………………….၂သန်းခွဲတန်ချိန်(ကျောက်မီးသွေး)

တနှစ်ပါတ်လုံး ၅၀၀မဂ္ဂါဝပ် လျပ်စစ်ဓါတ် ထုတ်လွှတ်ပေးမဲ့ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ သည် နာရီတိုင်းတွင် ကျောက်မီးသွေးတန်ချိန်၃၀၀ခန့်ကို မီးတိုက်နေမည် ဖြစ်ပြီး

၎င်းမှ အောက်ပါ ပမာဏရှိ ဓါတ်ငွေ့များကို နာရီတိုင်း ထုတ်လွှတ်ပေးပါလိမ့်မယ်။ 


(၁)ကာဘွန်ဒိုင်အောက်ဆိုက် တန်ချိန် ၁၁၀၀ တန်
(၂)ဆာလဖါဒိုအောက်ဆိုက် တန်ချိန်  ၄တန်
(၃)နိုက်ထရိုဂျင်အောက်ဆိုက် တန်ချိန် ၁တန်ခွဲ

ဓါတ်ငွေ့ (၃)မျိုးစလုံး မိုးရေနှင့် တွေ့လျင် ပျော်ဝင်ပေါင်းစပ်ကာ အက်စစ်မိုး (acid rain)ကို ဖြစ်စေပါတယ်။

အက်စစ်မိုးသည် သစ်တောသစ်ပင်၊ကောက်ပဲသီးနှံ နှင့်ရေထဲက ငါးနှင့်ငါးဥ တို့ကို ဖျက်စီးပါတယ်။

 အက်စစ်မိုးသည် အပျော့စား အက်စစ်ဖြစ်သော်လည်း ထိုအပျော့စား၏ သတ္တိကပင် စွမ်းအားကြီးကြီးနှင့် ဖျက်နိုင်စွမ်းရှိပါတယ်။

ကာဘွန်ဒိုင်အောက်ဆိုက်ဟာ ကမ္ဘာကြီးပူနွေးလါစေခြင်း၏ အဓိက လက်သည်ဖြစ်ပါတယ်။

ဆလဖါဒိုင်အောက်ဆိုက် နှင့် နိုက်ထရိုဂျင်အောက်ဆိုက် တို့သည် အသက်ရှူလမ်းကြောင်းနှင့်ဆိုင်သည့်ရောဂါအပေါင်းကို ( ပန်းနာရင်ကြပ် မှ အဆုတ်ကင်ဆာထိ)  ဖြစ်စေပါတယ်။


ကျောက်မီးသွေးကို မီးတိုက်လျှင် -၂-

ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ တို့သည် အက်စစ်ဓါတ်ငွေ့များအပြင် ပြာ(ash) နှစ်မျိုးကိုလည်း ထုတ်လွှတ်ပါသေးတယ်။

အကြမ်းအားဖြင့် နေ့စဉ်နေ့တိုင်း….. ၅၀၀မဂ္ဂါဝပ် စက်ရုံတခုမှ.....Bottom Ash ၃၀၀တန်........Fly Ash.......၃တန်


Fly ashတွင် ပြဒါး၊ အာစင်းနစ်၊ ခဲ၊ ကက်ဒမီယံ နှင့် အခြား Heavy Metalများ အနည်းငယ်စီ ပါဝင်ပါတယ်။

Fly Ash သည် စက်ရုံခေါင်းတိုင်ထိပ်မှ အက်စစ်မီးခိုးငွေ့များ နှင့် အတူလိုက်ပါကာ လေ ခေါ်ဆောင်ရာ အရပ်၈မျက်နှာသို့ ပျံဝဲပြီး မြေပေါ်သို့ကျပါတယ်။
မြစ်ချောင်းအင်းအိုင် ရေတွင်းရေကန်များ အတွင်းသို့ကျလျင် မြစ်ချောင်းအင်းအိုင် ရေတွင်းရေကန် တို့ကို ကြီးစွာအဆိပ်သင့်စေပါတယ်။
မြစ်ချောင်းအင်းအိုင် အတွင်းမှ ရေသတ္တဝါ တို့ကိုအဆိပ်သင့်စေပါတယ်။ အဆိပ်သင့်သော ရေသတ္တဝါကို စားသူကိုလည်း အဆိပ်သင့်စေပြန်ပါတယ်။

မြေပေါ်သို့ကျရောက်ခဲ့သော ပြာများကို မိုးရေက ဖျော်ယူပြီး မြေကြီးအတွင်းသို့စိမ့် ဝင်ကာ မြေအောက်ရေ ကို ညစ်ညမ်းစေပါတယ်။

မြေကြီးအတွင်း သို့ မစိမ့်ဝင်ဖြစ်သော မိုးရေတို့သည် ဆည်မြောင်း ချောင်းကန်များအတွင်းသို့ စီးဝင်ခြင်းဖြင့် မြေပေါ်ရေကို အဆိပ်သင့်စေပါတယ်။ 
အဆိပ်သင့် နေသော ရေတွင်းရေကန် ချောင်း မြစ် အတွင်း မှ ရေကို သောက်သုံးသော သူတို့၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်းခြင်း အဆိပ်သင့်စေကာ ရောဂါဘယများ ထူပြောစေမည်ဖြစ်ပါတယ်။

(၁) လက်ဒ် ( ခဲ) အဆိပ်သည် ကလေးသူငယ်အား ဖွံ့ဖြိုးမှု နှေးကွေးစေပြီး ဥာဏ်ပညာ ထုံထိုင်းစေပါတယ်။ အရွယ်ရောက်ပြီးသူများကို ကျောက်ကပ်နှင့်သွေးတိုး ရောဂါများ ဖြစ်စေနိုင်ပါတယ်။

(၂) အာဆင်းနစ် ( စိန်)သည် အရေးပြားနာ များဖြစ်စေခြင်း၊ ကင်ဆာဖြစ်စေခြင်း

(၃) မာကြူရီ( ပြဒါး)သည် ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်ကင်ဆာဖြစ်စေခြင်း

(၄) ကက်ဒမီယံ သည်ကျောက်ကပ်ကို ပျက်စီးစေခြင်း။

(၅) အက်စစ်ငွေ့ များ နှင့် ပြာများ လွှင့်ထုတ်မှု လျော့ပါးစေရန် Smog Scrubber စံနစ် များတတ်ဆင်ကြပါတယ်။

ဂျပန်နိုင်ငံ၏ ကျောက်မီးသွေးဓါတ်အားပေး စက်ရုံများ၏ Smog Scrubber စံနစ်မှာ အတော်ကောင်းသည်ဟု ဆိုရပါမည်။
အမေရိကန် နှင့် ကနေဒါနိုင်ငံများတွင် ဆလဖါ နှင့် နိုက်ထရိုဂျင် အက်စစ်ငွေ့များကို 1kWh လျှပ်စစ် အားထုတ်လိုက်တိုင်း 3.3 gm နှုံး လွှတ်ထုတ် ပါတယ်။

ဂျပန်မှာတော့ 0.2 gm နှုံး သာလွှတ်ထုတ်တဲ့အတွက် ဂျပန်ရဲ့ ကျောက်မီးသွေးဓါတ်အားပေး စက်ရုံများဟာ အဆိပ်ငွေ့များအတွက် အတော်ပင် ဂရုတစိုက် စီမံထားတာကို တွေ့ရပါတယ်။

အကယ်၍ ကျောက်မီးသွေးဓါတ်အားပေး စက်ရုံ တခုမှာ Smog Scrubber စံနစ် တတ်ဆင်ထားခြင်းမရှိရင် အဆိပ်ဓါတ်ငွေ့များနှင့် အဆိပ်ပြာများကို အချိန်နှင့် အမျှ တသွင်သွင် လွှတ်ထုပ် နေမည်မှာ သေချာပေါက်ဖြစ်ပါတယ်။



ကျောက်မီးသွေးကို မီးတိုက်လျင်-၃- 



လူကိုဒုက္ခ လှလှပေးမည့် အဆိပ်ဓါတ်ငွေ့များကို ထိန်းချုပ်ရန် Smog Scrubber နှင့် Bag House များတတ်ဆင်ကြပါတယ်
Smog Scrubber ကို သုံးလျင် ထုံး lime အများအပြားလိုပါတယ်
သမရိုးကျ မဂ္ဂါဝပ် ၅၀၀စက်ရုံတရုံ အတွက် တနှစ်လျှင် ထုံး တန် ၂သိန်းနီးပါး လိုပါတယ်။

ဆာလဖါ ဓါတ်ငွေ့များ ပါသော မီးခိုးများ ခေါင်းတိုင်မှ မထွက်မှီ ထုံးရည်အတွင်းသို့ ဖြတ်သန်း ဓါတ်ပြုစေခြင်းဖြင့် ဆာလဖါ ဓါတ်ငွေ့ လွှင့်ထုတ်ခြင်းကို ၉၀%ထိ ထိန်းချုပ်ယူကြပါတယ်။

နိုက်ထရိုဂျင် ဓါတ်ငွေ့ကိုမူ အာမိုးနီးယား နှင့် ထိန်းချုပ်ကြပါတယ်။

တဖန် Fly Ash တွင် ပါသော အာဆင်းနစ်(စိန်) နှင့် ခဲတို့ကို Bag houses များသုံးကာ စစ်ထုတ်ခြင်းဖြင့် လျော့ပါးစေနိုင်ပါတယ်။      

ပြဒါးကို Activated carbon injection နည်းဖြင့် စစ်ထုတ်ကြပါတယ်။

အဆိပ်ငွေ့ အဆိပ်ပြာများကို နည်းပညာများသုံးကာ လျော့ပါးစေရန် ကြိုးစားဆောင်ရွက်ကြသည့်အခါ ကုန်ကြစရိတ် မြင့်တက်လာမှုမှာ ကြောက်ခမန်းလိလိပင်ဖြစ်လာပါတယ်။


သမရိုးကျ ၅၀၀ မဂ္ဂါဝပ် စက်ရုံတရုံ တည်ဆောက်ရန် ဒေါ်လာ သန်းပေါင်း၅၀၀ လိုအပ်သည်ဆိုပါစို့။ အဆိပ်ငွေ့ အဆိပ်ပြာများကို ထိန်ချုပ်သည့် စံနစ်များ တတ်ဆင်လိုက်သည်နှင့် ကုန်ကျစရိတ်မှာ
ဒေါ်လာ သန်းပေါင်း၁၀၀၀သို့မြင့်တက်သွားမည်ဖြစ်ပါတယ်။

သို့နှင့်မပြီးပြတ်သေးပါ။
နေ့စဉ် ထွက်လာသည့် Bottom Ash ပြာ၊ ကန့်+ထုံး နှစ်ရည် တန်ချိန် မြောက်မြားစွာနှင့် Bag House များတွင် စစ်ထုတ်သိမ်းယူထားသော Fly Ash များကို စွန့်ပစ်ဖို့လိုလာပါတယ်။


၅၀၀မဂ္ဂါဝပ် စက်ရုံတခုဟာ နေ့စဉ် Bottom Ash ၃၀၀တန်၊ ကန့်+ထုံးနှစ်ရည် ၄၀၀တန် နီးပါး ရပါမယ်။ ဒါတွေကို အနီးအနားက မြစ်ထဲ၊ ပင်လယ်ထဲ၊ သွန်ချလေ့ရှိပါတယ်။ မြေပေါ်တွင် ကန်တူး ပြီး စွန့်ပစ်ကြတာလဲရှိပါတယ်။ အဲဒီဒေသတဝိုက်က မြေအောက်ရေ Ground Water ကို တဖြည်းဖြည်းစိမ့်ဝင်မှာ သေချာပေါက်ပါဘဲ။ အဲဒီစက်ရုံ အိုလို့ ပိတ်လိုက် ရင်တောင်မှ၊ ကျောက်မီးသွေး စွန့် အညစ်အကြေးတွေက ကမ္ဘာတည်သရွေ့ အဲဒီ နေရာမှာဘဲတည်နေပါတော့မယ်။


 ကျောက်မီးသွေးကို မီးတိုက်လျှင် -၄-

ကျောက်မီးသွေးသည် လေါင်စာစွမ်းအင်ရှိသမျှထဲတွင်ဈေးအချိုဆုံးဖြစ်ပြီး သယ်ယူပို့ဆောင်ရ အလွယ်ကူဆုံးဖြစ်ပါတယ်။
သို့သော် သူသည် အညစ်ပတ်ဆုံးဖြစ်နေပါတယ်၊ သူ့အထဲတွင် ရှိသမျှ ဒြပ်အားလုံးသည် ဘာတခုမျှကေားင်တာမပါ။
ကန့်၊ ပြဒါး၊ စိန်၊ ခဲ။ အခြား Heavy Metal များ ပါ ရှိပါသေးတယ်။

ကျောက်မီးသွေးကို မီးတိုက်၍ရသည့် အပူဓါတ်ဖြင့် ဘွိုင်လါတွင်းမှ ရေကို ဆူစေပူစေပါတယ်။
ထိုရရှိသည့် အပူရှိန်ပြင်း ရေနွေးငွေ့အားဖြင့် တာဘိုင်ကိုလည်ပတ်စေကာ လျှပ်စစ်ကို ထုတ်ယူခြင်းဖြစ်ပါတယ်။
ဆူရှိန်ပြင်း ပူရှိန်ပြင်း ရေနွေးငွေ့သည် တာဘိုင်ကို လည်ပတ်ပြီးသည့်တိုင် အလွန်အမင်း ပူဆဲဖြစ်ရာ
ရေအလုံးအရင်းကို စုပ်ယူ၍ ရေနွေးငွေ့ကို အအေးခံရပါတယ်။ သို့သော်ငြား အအေးခံ၍ရသည့် ရေသည် ပူလောင် နေဆဲပင်ဖြစ်ပါတယ်။ ထိုရေပူသည်နဂိုရ် မြစ်ရေ၏အပူချိန်ထက် ၁၀ စင်တီဂရိတ်ခန့် အမြဲမြင့်နေတတ်သည်။
၎င်းပူလောင်နေသောရေကို မြစ်အတွင်းသို့ ပြန်လည်စွန့်ပစ်ရာ မြစ်ရေ၏ မူလအေးမြသော သဘာဝကို စတင် ထိခိုက်စေပါတော့တယ်။ Thermal pollution ဖြစ်ပါတယ်။

ကျောက်မီးသွေးဓါတ်အားပေးစက်ရုံတို့သည် ရေအမြောက်အများလိုတဲ့ အတွက် ရေများများရနိုင်သော မြစ်၊ ပင်လယ်ကမ်းစပ် တို့တွင် ကျောက်မီးသွေးဓါတ်အားပေး စက်ရုံကို တည်ဆောက်လေ့ရှိပါတယ်။ 

လျှပ်စစ် ၁ မဂ္ဂါဝပ် တနာရီ ထုတ်နိုင်ရန် ရေဂါလံ ၂၀၀၀၀ အနည်းဆုံး လိုပါတယ်။

၅၀၀မဂ္ဂါဝပ် စက်ရုံတရုံသည် ၁၀,၀၀၀,၀၀၀(၁၀သန်း) လိုပါတယ်။

မဂ္ဂါဝပ်များများထုတ်လေ၊ ရေများများစုပ်ရလေ၊ မြစ်အတွင်းမှ ငါးဥများ ငါးပေါက်ကလေးများ များများ စုပ်ယူခံရလေ၊ ဖြစ်ရသည်သာမက
ရေပူများကိုပြန်လက်ခံရသည့် မြစ်ရေပူတွင် ငါးဥမချ၊ ချပြန်သော်လည်း သားမပေါက်။

ဤသို့ဖြင့် မြစ်သဘာဝ၊ ချောင်းသဘာဝ၊ ပင်လယ်ကမ်းခြေသဘာဝ တို့ကို ပျက်စီးစေပါတယ်။သမရိုးကျ မဂ္ဂါဝပ် ၅၀၀ ထုတ်စက်ရုံတရုံသည် တနှစ်လျင်ရေဂါလံပေါင်း ဘီလီယံ ၇၀ မှ ၁၈၀ ကိုစုပ်ယူမည်ဖြစ်ပြီး၊ ၁ ဘီလီယံခန့်ကိုသာ သုံးစွဲမည်ဖြစ်သည်။

ကျန်ပမာဏကို မူလကရယူခဲ့သော မြစ်ထဲ ပင်လယ်ထဲသို့ ပြန်လည်သွန်ချမည်ဖြစ်သည်။ 
အေးမြသော ရေကို စုပ်တင်ခဲ့ပြီး ပူလောင်နေသော ရေကို ပြန်လည်သွန်ချ ပေးတာပါ။
တာဘိုင်မှ ထွက်လာခဲ့သော ရေနွေးငွေ့ကို အအေးခံ၍ ပြန်လည်သုံးသည့် နည်းစံနစ်ဟာ
ရေသုံးစွဲမှုကို လျော့ပါးစေနိုင်သော်လည်း နည်းစံနစ် ပိုမိုရှုတ်ထွေးပြီး စရိတ်စက ကြီးသဖြင့် လုပ်ငန်းရှင်များက မနှစ်သက်ကြပါဘူး။


ကျောက်မီးသွေးကို မီးတိုက်လျှင် -၅-

အလွန်ညစ်ပတ်သော ကျေက်မီးသွေးကိုမီးမတိုက်မှီ ရေဆေးကြောပေးကြရပါတယ်

လေထုညစ်ညမ်းမှု သက်သာလျှော့နည်းအောင် လုပ်ဆောင်ကြခြင်းဖြစ်ပါတယ်။
ရေပမာဏ အမြောက်အများသုံးစွဲပြီးရေဆေးကြောသည့် တိုင်အောင် ကန့် ကို၃၀%မျှသာ လျှော့ပါးစေနိုင်ကြပါတယ်။
ဆေးကြောရေများမှာ ကျောက်မီးသွေး အဖြုံးများ နှင့် ကန့်များ ပါဝင်နေပြီး ၄င်းရေဆိုးအမြောက်အများကို စက်ရုံအနီးတဝိုက် အနိမ့်ပိုင်းသို့ မြောင်းများချောင်းများသို့စွန့်ပစ်ကြပြီး။ ထိုမှတဆင့် ရေဆိုးများမြစ်ထဲသို့ တဖြေးဖြေးစီးဝင်ကာ Surface Water ကို ညစ်ညမ်းစေပါတယ်။

ကျောက်မီးသွေးဓါတ်အားပေးစက်ရုံများသည် မြစ်ရေချို များကို အမြောက်အများ စုပ်တင်ခဲ့ပြီး ရေပူများ ရေဆိုးများကိုသာ ပြန်လည် ထုတ်ပေးကြတာပါ။

အင်းနားမွန်ဂိုလီယား မြစ်များအတွင်းသို့ တရုပ်ကျောက်မီးသွေးဓါတ်အားပေးစက်ရုံများမှ ရေပူ ရေဆိုးများကို တသွင်သွင်စွန့်ခဲ့မှုကြောင့် မြစ်ကမ်းများရှိ မြက်ခင်းလွင်ပြင်များသည် ကန္တာရ အဖြစ်သို့ ပြောင်းလဲသွားခဲ့ရတယ်လို့ဆိုပါတယ်

အိန္ဒိယတွင်မှု တောင်သူများသုံးစွဲရမည့် ရေအမြောက်အမြားကို ကျောက်မီးသွေးဓါတ်အားပေးစက်ရုံသို့လွှဲပြောင်းရယူသွားသဖြင့်
ထောင်းပေါင်းများစွာသော တောင်သူများက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး၊ အချို့က ကိုယ့်ကိုကိုယ် အဆုံးစီရင်ကန့်ကွက်ခဲ့ကြသည် အထိ ဖြစ်ပွားခဲ့ပတယ်။ 

တရုပ်နိုင်ငံ၏ ကျောက်မီးသွေးစက်ရုံများ၏ ရေသုံးစွဲမှုမှာ နိုင်ဂါရာ ရေတခွန်ကြီး၏ တနှစ်တာအတွင်း သွန်ချခဲ့သော ရေပမာဏ နှင့် အတူတူပါဘဲ ဟုဆိုလျင် ယုံကြည် နိုင်စရာမရှိ သော်လည်း ပညာရှင်များက တွက်ချက် ထောက်ပြခဲ့ပြီးဖြစ်ပါတယ်။

တရုပ်နိုင်ငံမှာ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံ များကြောင့် ၁၉၉၀ခုနှစ်များကစလို့ မြစ်ငယ်ပေါင်း၂၈,၀၀၀ ပျက်စီးကွယ်ပျောက်သွားပါပြီ။

အဲဒီနိုင်ငံရဲ့ Ground Water အတော်များများလည်း ပျက်စီးသွားပါပြီ။ မြောက်ပိုင်းလွင်ပြင်ရဲ့ လေးပုံ ပုံ တပုံမျှသာ အကောင်းကျန်တော့တယ်လို့ သူ့နိုင်ငံရဲ့ ရေအရင်းအမြစ်ဌာနကြီးက ထုပ်ဖေါ်ပြောဆိုနေပါပြီ။
တောင်ပိုင်းမှရေချိုများကို မြောက်ပိုင်းကို လွှဲယူမဲ့ ဧရာမစီမံကိန်းကြီးတောင်စတင်နေရပါပြီ။

ကျောက်မီးသွေးဓါတ်အားပေးစက်ရုံများကြောင့် အလုပ်ဖြစ် ချောင်လည်ချမ်းသာလါပေမဲ့ တဖက်မှာ ကျမ္မာရေးနုံချာကျဆင်းသွားတာ သဘာဝမြစ်ချောင်းများပျက်စီးဆုံးရှုံးသွားတာ မြေပေါ်တွင်မက မြေကြီးအောက်ရှိ ရေအရင်းအမြစ်တွေ ပျက်စီးသွားပြီး သောက်စရာရေ ရှားပါးလာတာဟာ ချောင်လည်ချမ်းသာလါတာနဲ့ ကာမိပါရဲ့လား ဆိုတာ နဖူးပေါ်လက်တင် ကြာကြာစဉ်းစားစရာမလိုပါ။

ဒါဖြင့် လျှပ်စစ်အားချို့တဲ့စွာနဲ့ နေသွားရမှာလား ဆိုရင်တော့။  အဲဒီလိုတော့ မဟုတ်ပါ။

လျှပ်စစ်စက်ရုံကြီးများကိုတည်ဆောက်ထားပါ။ ကမ်းလွန်က သဘာဝဓါတ်ငွေ့တွေ တကွက်ပြီး တကွက် ပေါ်လာတော့မှာပါ။

ခပ်ကြွားကြွားလေးပြောရရင် မြန်မာ့ကမ်းရိုးတန်း မိုင်၁၀၀၀ကျော်မှာ ဘယ်နေရာတူးတူး Gas က ပြေးမလွတ်ပါဘူး။


ကျောက်မီးသွေးကို မီးတိုက်လျှင် -၆-

၂၀၀၈ခုနှစ်က အမေရိကန်နိုင်ငံ တန်နင်ဆီပြည်နယ် ရှိ ကျောက်မီးသွေးဓါတ်အားပေး စက်ရုံ ၏ Fly Ash များပါဝင်သော ရွှံနုံးနှစ်များ လှောင်သည့်ကန်ကြီး ကျိုးပေါက်ခဲ့ရာ ၁ဘီလီယံ ဂါလံခန့် သော ရွှံနုံးနှစ်ရည်များ အံကျလာပြီး အနီးဝန်းကျင်တဝှိုက် ဧက ၄၀၀ကျယ် အမြင့်၎ပေမှ ၆ပေရှိ ရွှံပြင်ကျယ် ကြီး ဖုံးလွှမ်းသွားခါ၊ အနီးအနားရှိ မြစ်ချောင်းများ အတွင်းသို့ စီးဆင်းခြင်းဖြင့် မြစ်ရေကို အကြီးအကျယ်ညစ်ညမ်းစေခဲ့ပါတယ်။

သြဂုတ်လ ၁၂ရက် အလဲဗင်း အွန်လိုင်းသတင်းတွင် ကလေးမြို့အဆင့်မြင့် ကျောက်မီးသွေးဓါတ်အားပေး စက်ရုံ ကို ချင်းတွင်းမြစ်ကမ်းနှင့် ၁မိုင်မျှအကွာတွင် တည်ဆောက်မည်ဟု ဖတ်ရပါတယ်။

သာမန် ကျောက်မီးသွေးဓါတ်အားပေး စက်ရုံသည် အဆိပ်ပြာများကို မီးခိုးခေါင်းတိုင်မှ မီးခိုးများနှင့် အတူ ကျဲချမည် ဖြစ်ရာ အဆင့်မြင့် လိုက်သည်နှင့် အဆိပ်ပြာများခေါင်းတိုင်မှမထွက်လာတော့ဘဲ အဆိပ်ပြာများကို ရေ သို့မဟုတ် ထုံးရေထဲသို့ ဖြတ်သန်းစေခြင်းဖြင့် ”ထိန်းထား” ပါလိမ့်မယ်။
အဆိပ်များပါသော ထိုပြာရည်ပြစ် ကို ဘယ်မှာစွန့် ပစ်မည်လဲ။
ကျင်းများ ချိုင့်များအတွင်းသို့ ပစ်ဖို့ ကြမည်လား။
မြေကန်ကြီးများတူးဖေါ်၍ သိမ်းဆည်းသိုလ်လှောင်ထားမည်လော။
ဘယ်နေရာမှာဘယ်လိုပင် သိမ်းဆည်းသိမ်းဆည်း ပြာရည်များမြေအောက်သို့ စိမ့်ဝင်ပါမယ်။ ချင်းတွင်းမြစ်အတွင်းသို့လည်းစိမ့်ဝင်ပါမည်။ မြစ်ရေကို နေ့စဉ်အဆိပ်ခပ်ပေးနေ ပါလိမ့်မယ်။

၎င်းဓါတ်အားပေးစက်ရုံသည် အချိန်ပြည့် မြစ်ရေများကို အလုံးအရင်းဖြင့် စုပ်တင်အသုံးပြုပါလိမ့်မယ်။

နွေရာသီမှာ ချင်းတွင်းမြစ်အတွင်း ရေယာဉ်စီးသူတွေ ရေယာဉ် သောင်နဲ့ ငြိနေလို့ ဆင်း ဆင်း တွန်းနေ ရတာ တကယ်ဘဲမို့၊ ကျောက်မီးသွေးစက်ရုံက ရေတွေ ယူလိုက်ပြီ ဆိုရင် ဆင်းပြီး တွန်းရတာလေးတောင် လုပ်ဖို့ အခွင့်အလမ်းလေး ပျောက်သွားပါလိမ့်မယ်

ပြီးတော့ ရေပူ ရေဆိုးတွေကို မြစ်ထဲဘဲ သွန်ချမှာပါ။ ရေပူရေဆိုးများတွင် Dissolved Oxygen မရှိတော့ပါ။ မြစ်တို့၏သဘာဝ စွမ်းပကားဖြစ်သည့် ကိုယ်တိုင်သန့်စင်ခြင်း Self-purification အတွက် Dissolved Oxygen သည် မရှိမဖြစ်လိုအပ်ပါတယ်။ Dissolved Oxygen မရှိလျင်  မြစ်သည် Self-purification လုပ်နိုင်မည်မဟုတ်တော့ပါ။ Self-purification မလုပ်တော့ လျင်မြစ်ရေသည် ညစ်ညမ်းလာပါမယ်။ သဘာဝတခုပျက်လျင်နောက်သဘာဝကထပ်ချပ်လိုက်ပျက်မည်။ ချင်းတွင်း ပျက်မည်။

ချင်းတွင်းပျက်ရင် ဧရာဝတီ ပျက်ပါသည်။ မြေကြီးလက်ခတ်မလွဲပါ။

ထားဝယ် ရေနက်ဆိပ် ကမ်းမှာလည်း မကြာသေးခင်က clean coal အသံတွေထွက်နေပါသည်။ဂျပန်ရဲ့အကူအညီကို မျော် ပြီးပြောနေဟန်တူပါတယ်။

ဂျပန်ရဲ့ clean coal ကတော့ အံ့မခန်းပါဘဲ။ သူတို နှစ်ပေါင်းများစွာ ကတည်းက ကျောက်မီးသွေးကို သုံးခဲ့သူတွေပါ။ မကောင်းမှန်းသိတော့ အမြော်အမြင် ကြီးကြီးနဲ့ လူထု ကို ထိခိုက်စေမှု နည်းနိုင်သမျှနည်းအောင် ကြံစည်ကြိုးကုပ်လို့ clean coal ဘဝရာက်လာခဲ့တာပါ။
ဂျပန်က clean coal နဲ့ လုပ်ပေးရင်ဟန်ကျတာပေါ့။

ဘုတ်ပြင်းမှာလည်း ခပ်ကြီးကြီး တလုံးတည်မည်။ အဆင့်မြင့်မည်ပြောသည်။ ဘယ်လောက်မြင့်မှာလဲ? ပင်လယ်နဲ့နီးတော့ ပြာနှစ်ရည်တွေ ပင်လယ်ထဲကို ခပ်လွယ်လွယ်သွန်ချလိုက်မှာလား။

မောင်းမကန်ကမ်းခြေ၊ မြိတ်ကျွန်းစုတို့ကို နှစ်ကြာလါရင် ထိခိုက်လာလိမ့်မည်။

ရန်ကုန်တိုင်းမှာ ၅၀၀ မဂ္ဂါဝပ် တလုံး ကျောက်တန်းမှာ တည်မယ်လို့ လဲသိရပါတယ်။

မြောက်ယွန်းယွန်းမှာ ရှိတဲ့ ရန်ကုန်ကို ရေပေးနေတဲ့ လှော်ကား ဖူးကြီး ဂျိုးဖြူ နဲ့ ငမိုးရိပ်ထဲကို fly ash တွေကြဲချမှာပါ။ ရန်ကုန် နဲ့ ရန်ကုန်နား တဝိုက် ကို ကျိန်းသေ နေ့စဉ်ကျဲမှာပါ။ တချို့က ငါးမိုင် တဝှိုက် လို့ ခပ်ပေါ့ပေါ့ ပြောကြတယ်။ မကပါဘူး။ လေအား နဲ့ လွှင့် မှာဗျာ။ ရောက်ချင်ရာရောက်ကျချင်ရာကျမှာ။ ကျပြီးတော့ မရပ်သေးဘူး။ မိုးရေ က မြေကြီးထဲ က ground water ထဲအထိခေါ် သွားမှာ။ ground water source လဲ နှစ်ကြာလာရင် ပျက်မှာဘဲ။ ခြောက်တာမဟုတ်ပါဘူး။

တရုပ်ပြည်မြောက်ပိုင်းလွင်ပြင်ရဲ့ မြေအောက်ရေလေးပုံတပုံ ပျက်ပြီးပြီ လို့ တရုတ် အာဏာပိုင်တွေ ဝန်ခံနေကြပါပြီ။

ဧရာဝတီ တိုင်းမှာလဲ နှစ်လုံး တည်မည်လို့ဆိုပါတယ်။

အဲဒီ စက်နှစ်လုံးကထုတ် လိုက်မဲ့ Fly ash တွေကိုအနောက်တောင် မုတ်သုန်လေ အားကောင်းတဲ့အချိန်မှာတော့ တော်တော်ဝေးဝေးကို သယ်ယူပို့ဆောင်ပေးမှာလဲ သေချာပေါက်ပါဘဲ။ ဧရာဝတီတိုင်းရဲ့ ပေါများလှတဲ့ မြစ်ငယ်ချောင်းငယ်တွေရဲ့ ငါးများစွာတို့ ဟာ ကျောက်မီးသွေးစက်ရုံက ကျလာမဲ့ပြာမှုန် တွေကို စားစရာအမှတ်နဲ့ စားသုံးကြမှာပါ။ ဒီငါးများကို လူတွေက်စားကြမယ်။ ငပိ ငခြောက် လုပ်ကြမှာပါ။  ငပိ ငခြောက်မှာ ဒြါး ခဲ နှင့် စိန် တို ပါလာတော့မှာပါ။

အဆင့်မြင့်စက်ရုံဖြစ်ဦးတော့ ပြာနှစ်ရည်များကို သိမ်းဆည်းဘို့ ဘယ်လို စီစဉ်မှာလဲ? မိုးတွင်းရေကြီးလာလျင် ပြာနှစ်ရည် လှောင်ကန်များ မကျိုးပေါက်ဘဲနေမည်လား။

နိုင်ငံတချို့မှာ ကျောက်မီးသွေးကို လျှော့ပြီး နေ နဲ့ လေ အားတွေကနေ လျှပ်စစ်ကို ယူဘို့ ဆိုင်းပြင်းအားထုတ် နေကြပါပြီ။

(ဂျပန်မှာ ၂၀၁၃နှစ် ပထမ ၃လ ပါတ်မှာတင် နေစွမ်းအားကနေ မိဂ္ဂါဝပ် ၃၀၀၀ ထုတ်ဖို့ ဆောင်ရွက်ပြီးစီးပါပြီတဲ့။ နည်းပညာရော ငွေကြေးပါ ကြွယ်ဝကြလေတော့ ပေါက်မြောက်အောင်မြင် ပြီးမြောက်ကြသပေါ့။)

အခြားသူတွေ ကျောက်မီးသွေးကို လျော့ချနေချိန်မှာ ကျောက်မီးသွေးအိမ်မက် မက်မနေဘဲ နှစ်များမကြာမှီ ပေါ်လာတော့မဲ့ Gas ကို ဘဲအာရုံထားကြဘို့ တိုက်တွန်းလိုပါတယ်။ 

Gas က မသေချာ ဘူး လို့ ခပ်ကြောင်ကြောင် အကြောင်းပြသူတွေရှိပါတယ်။ မြန်မာ့ ကမ်းရိုးတမ်း က Gas တွေ နဲ့  ယိုဒယား တိန်တိန်မြည်နေတာ ကြာပါပြီ။ တရုပ် စပြီး တိန်တိန်မြည်ပါပြီ။

ဒေသတွင်း စွမ်းအင်လုပ်ငန်းအကြံပေးတစ်ဦးဖြစ်သူ Collin Reynolds က  မြန်မာနိုင်ငံမှာ တွေ့ရှိထားတဲ့ သဘာဝဓါတ်ငွေ့သိုက်တွေဟာ စိတ်မချရကြောင်း ပြောတယ်လို့ RFA မှာဖတ်ရပါတယ်။ ဘယ်လို လူတွေကို အကြံပေးခန့်ထာပါလိမ့် လို့ တွေးမိပါတယ်။ ကျောက်မီးသွေး ရောင်းချင်သူများက ထုတ်လွှင့်တဲ့လေသံဖြစ်ဖို့များပါတယ်။ ဘယ်နှယ်ဗျာ။ ရခိုင်မှာ ထွက်နေတာ မျက်မြင်။ 

အောက်ဘက်မှာ မိုက်ကယ်မိုးမြင့် အကွက်။ သူ့အောက်ဖက်မှာ ရတနာ ရဲတံခွန်။  မုတ္တမပင်လယ်ကွေ.မှာလဲအပြည့်။ ၁၉ရ၄ ခုလောက်က MOC ရဲ့ off-shore rig တခု မီးလောင်ဆုံးရှုံး ရတာ ဒီဓါတ်ငွေ့ပေါ့။ြ့ပီးတော့ ဇောတိက။ ဒါက တနင်္သာရီ ကမ်းမြောင်။ ရှိသမျှ ကမ်းရိုးတမ်း လက်ညိုးထိုးမလွဲ။
ဒါကို မသေချာဘူးပြောတဲ့ သူ ကတော့ ကျောက်မီးသွေးကုမ္ပဏီနဲ့ ပင်းပြီးပြောတာဘဲ ဖြစ်ရပါမယ်။

ကမ်းလွန် Deepwater မှာ Giant ကုမ္ပဏီ ကြီးတွေမြိုင်မြိုင်ဆိုင်ဆိုင်တူးကြရင် Gas က အောက်ထစ်ထွက်လာမှာပါ၊
သုံးမကုန်နိုင်ဖြစ်မှာ တကယ်ပါ။ ကမ်းရိုးတမ်း မိုင် ၁၀၀၀ ဘယ်နေရာတူးတူး Gas က ပြေးမလွတ်ပါဘူး။
သဘာဝ ဓါတ်ငွေ့ သုံး ဓါတ်အားပေးစက်ရုံများ ကိုဘဲစဉ်စားကြဘို့ မေတ္တာရပ်ခံပါတယ်။

အကြမ်းအားဖြင့်….
၅၀၀ မိဂ္ဂါဝပ် သဘာဝဓါတ်ငွေ့ဓါတ်အားပေး စက်ရုံတရုံဟာ..................... ဒေါ်လာသန်း ၂၅၀။ 
၅၀၀ မိဂ္ဂါဝပ်ကျောက်မီးသွေးဓါတ်အားပေး စက်ရုံတရုံ(နဲနဲ Clean)ဟာ……. ဒေါ်လာသန်း ၆၅၀။
(http://www.jcmiras.net/surge/p130.htm)

ကျောက်မီးသွေးဓါတ်အားပေး စက်ရုံ တလုံးတည်မဲ့ ငွေဟာ ဓါတ်ငွေ့ နဲ့ လည်မဲ့ စက်ရုံနှစ်လုံးကောင်းရပါတယ်။ သိပ်ရှည်ရှည်ဝေးဝေး စဉ်စားစရာမလိုပါဘူး။ 
သဘာဝဓါတ်ငွေ့ကိုဘာမှ Clean လုပ်စရာမလိုပါဘူး။

ပူးတွဲ ဓါတ်ပုံက ဇယား မှာ ကြည့်ရင်ရှင်းပါတယ်။ 

အပူထုတ်လွှတ်မှုအား တခုကိုမူတည်ပြီး ဓါတ်ငွေ့၊ မီးထိုးဆီ၊ ကျောက်မီးသွေး တို့ကို နှိုင်းယှဉ်တဲ့အခါမှာ..

သဘာဝဓါတ်ငွေ့မှာ ပြဒါး(Mercury)လုံးဝ မပါဘူးဆိုတာတွေရပါမယ်။
ဒီတခုထည်းနှင့် သဘာဝဓါတ်ငွေဟာ အတော်ချစ်စရာကောင်းနေပြီ။
ကန့် လဲ မပါသလောက်ဘဲ။ ဒုတိယ ချစ်စရာ။
နိုက်ထရိုဂျင် ကလဲ မဆိုစလောက်ဘဲပါတယ်။
ကာဘွန် ကတော့ ပါသပေါ့။ ဒါပေမဲ့ ကျောက်မီးသွေးနဲ့စာရင် တဝက်ဘဲရှိတာပါ။

ဒါကြောင့် Gas တာဘိုင်များကိုဘဲ စဉ်စားကြရင်မကောင်းပေဘူးလား။

မကြာသေးခင်က သတင်းတပုဒ်မှာ၊ မြန်မာတွေ ကင်ဆာဖြစ်တာ ကမ္ဘာမှာ ဒုတိယ လို့ဆိုပါတယ်။
ဒီလို ကျမ်းမာရေး နုံချာပြီးသား ပြည်သူတွေကို ကျောက်မီးသွေးက
ပထမ နေရာကို တွန်းပို့မှာ သေချာပေါက်ပါ။

လျှပ်စစ် ချို့တဲ့ခဲ့လို့ အောက်တန်းနောက်တန်းကျခဲ့တာ မှန်ပေမဲ့၊
ချောင်းတဟွတ်ဟွတ်နဲ့ ချောင်လည် ကြွယ်ဝမဲ့ နည်းကို မရွေးမိကြဘို့လိုပါတယ်။

(တရုပ်တွေ ချောင်းတဟွတ်ဟွတ်နဲ့ ချမ်းသာနေပါတယ်။)

ကျနော်တို့မှာ သဘာဝ ဓါတ်ငွေ့တွေ အမြောက်အမြားရှိတာ သေချာနေပါပြီ။ သဘာဝဓါတ်ငွေ့ ”အား” ဖြင့် ဆင်းရဲတွင်းက လွတ်ကင်းအောင် ကြံဆ သင့်ပါတယ်။

(ကျောက်မီးသွေးအကြောင်းကို ရေးသားခဲ့ရာမှာ အောက်ပါ ဝက်ဆိုဒ်ကြီးများနှင့် အခြား ဝက်ဆိုက်ငယ်များကို ကိုးကားခဲ့ပါတယ်။)
http://www.sourcewatch.org/
http://www.ucsusa.org/
http://www.epa.gov/
http://www.eia.gov/


Future Energy Costs: Coal and Gas Technologies

How technology innovation is anticipated to reduce the cost of energy in Europe from new gas CHP plants
and coal plants retro-fitted with upgraded technology.

http://www.innoenergy.com/wp-content/uploads/2016/09/CleanCoal_BF.pdf








Clean Coal ဆိုတာမရှိပါ ဒါပေမဲ့ Clean Coal Technology တော့ရှိပါတယ်

Written by ထွန်းထွန်း(သတ္တုတွင်း) Monday, June 05 2017 

အခုတလောစာစောင်တွေနဲ့ လူမှုကွန် ရက်ဖြစ်တဲ့ Facebook စာမျက်နှာတွေမှာ ကျောက်မီးသွေးဟာ သဘာဝပတ်ဝန်းကျင် ကိုပျက်စီးစေနိုင်တယ်၊ ရာသီဥတုတွေဖေါက် ပြန်သွားစေနိုင်တယ်၊ Clean Coal ဆိုတာမရှိ ဘူး။ ဒါကြောင့် ကျောက်မီး သွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံတွေမဆောက်ကြပါနဲ့။ မဆောက်ဖြစ်အောင် ပြည်သူတွေကဝိုင်းဝန်း တားဆီးကြပါဆိုတာတွေကို ဆက်တိုက်ဆို သလို ဖတ်ရ၊ ကြားရနေပါတယ်။ Clean Coal ဆိုတာမရှိပါဘူး။ မှန်ပါ တယ်။ ဘယ်တွင်းထွက်သယံဇာတမှ မြေကြီး ထဲကထွက်လာရင်သန့်စင်တယ်။ Clean ဖြစ် တယ်ဆိုတာမရှိပါဘူး။ ဒါပေမဲ့ သူတို့ကိုသန့် စင်အောင်ပြုပြင်လို့ရပါတယ်။ ကျောက်မီး သွေးနဲ့ပတ်သက်ရင် Clean Coal Technology ဆိုတာရှိပါတယ်။

ဒီနည်းပညာကိုထိထိ ရောက်ရောက်သုံးစွဲပြီး ကျောက်မီးသွေးကို လောင်စာအဖြစ်သုံးလို့ရပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ အင်္ဂ࿿္လန်၊ သြ စတြေးလျ၊ ဂျာမနီ၊ ရုရှား၊ ဂျပန်၊ တရုတ်စတဲ့ နိုင်ငံတွေမှာ တွင်တွင်ကျယ်ကျယ်သုံးနေကြပါ တယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဘင်္ဂ࿿္လားဒေ့ရှ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်စတဲ့နိုင်ငံ တွေမှာလည်း Clean Coal Technology သုံးပြီး ကျောက်မီးသွေးလောင်စာသုံးစက်ရုံ တွေတည်ဆောက်နေကြပါပြီ။ 
ဒီတော့ Clean Coal Technology ဆိုတာ ဘာလဲသိကြ ရ အောင် ကျွန်တော်နားလည်ထားသလောက် တင်ပြပေးပါရစေ။

သန့်စင်ကျောက်မီးသွေးနည်းပညာများ


ဒီနေ့အထိအောင်မြင်ပြီးနည်းပညာ (Proven Technology)လို့ပြောလို့ရတဲ့ Clean Coal Technology ၁၆ ခုရှိပါတယ်။ ဒါတောင် ၁၆ ခုမြောက်ဖြစ်တဲ့(CCS) Carbon Capture and Storage နည်းပညာ ကို ဒီနေ့အထိကျောက် မီးသွေး သုံးဓာတ် အား ပေးစက်ရုံတွေမှာ ကျယ်ကျယ်ပြန့်ပြန့်မသုံးနိုင် သေးပါဘူး။ ကျန်တဲ့ ၁၅ ခုကတော့ လက်ရှိ သုံးစွဲနေကြပြီဖြစ်တဲ့ သန့်စင်ကျောက်မီးသွေး နည်းပညာများဖြစ်ပါတယ်။

(1) Wet Scrubbers(Wet FGD)FGD= Flue Gas Desulfurization
(2) Dry Scrubbers(Dry FGD)
(3) Dry Sorbent Injection(DSI)
(4) Low-NOX Burners(LNB)
(5) Low-NOX Burners with Overfire Air(LNB with OFA)
(6) Selective Non-catalytic Reduction (SNCR)
(7) Selective catalytic Reduction(SCR)
(8) Actinvated Carbon Injection (ACI)
(9) Halogenated ACI(HACI)
(10) Fabric Filter SysTems/Baghouses
(11) electrostaticPrecipitatiors (ESPs)
(12) (ESPs) with Baghouse
(13) Supercritical Boilers
(14) Ultra-Supercritical Boilers(USC)
(15) Intigrated Gasification Combined Cycle (IGCC)
(16) Carbon Capture and Storage(CCS)

အမှတ်စဉ် 1-3 က SOx(SO2) ကိုဖယ် ထုတ်တာပါ။ ၇၅ ရာခိုင်နှုန်းကနေ ၉၈ ရာ ခိုင်နှုန်းလောက်အထိဖယ်နိုင်ပါတယ်။ အမှတ် စဉ် 4-5 -6-7 ကတော့ NOx(NO2) ကိုဖယ် တာပါ။ 
4 -ကNOx ၄၀ ရာခိုင်နှုန်းလောက် ဖယ်နိုင်ပြီး၊
5 -ကတော့ NOx ၇၀ ရာခိုင်နှုန်း လောက်အထိဖယ်နိုင်ပါတယ်။
6 -က ၃၅ ရာ ခိုင်နှုန်းလောက်နဲ့ 
7 -ကတော့ NOx ၉၀ ရာ ခိုင်နှုန်းဖယ်နိုင်ပြီး (SCR)ပါပေါင်းစပ်တည် ဆောက်ရင် Sox(၈၀ ရာခိုင်နှုန်း)နဲ့ Mercury ပြဒါးကိုပါ ဖယ်နိုင်ပါတယ်။ 
အမှတ်စဉ် 8-9 ကတော့ Mercury ပြဒါးကို ၉၀ ရာခိုင်နှုန်း လောက်အထိဖယ်တာပါ။ 
အမှတ်စဉ် 10-11-12 ကတော့ PM(Particulate Matter) အမှုန်အမွှားတွေကိုဖယ်တာပါ။ 
10 နဲ့ 11 ဆိုရင် ၉၉ ဒသမ ၉ ရာခိုင်နှုန်း လောက်အထိ ဖယ်နိုင် ပါတယ်။ 
အမှတ်စဉ် 12 မှာ Sorbent Injection ကိုပါ ထည့်သွင်းလိုက်ရင် Mercury ပြဒါးကိုပါ ၉၀ ရာခိုင်နှုန်းလောက်အထိ ဖယ် ထုတ်နိုင်ပါတယ်။ 
အမှတ်စဉ် 13-15-16 တွေက တော့ thermal efficiencies တက်လာ အောင် လုပ်ပြီး ကျောက်မီးသွေးအသုံးကျ သွားစေတဲ့အတွက် CO2 ထုတ်လွှတ်မှုကို ပုံမှန်စက်တွေ ထက် ၁၀ ရာခိုင်နှုန်းကနေ ၃၀% လောက်အထိ လျှော့ချနိုင်ပါတယ်။ Carbon Capture and Storage(CCS) ကိုတော့ ကျောက်မီး သွေးသုံး ဓာတ်အားပေးစက်ရုံတွေမှာ ကျယ်ကျယ်ပြန့် ပြန့် မသုံးနိုင်သေး ပါဘူး။ အဓိကအကြောင်း ကတော့(CCS)ကိုထည့်မယ်ဆိုရင် စက်ရုံတည် ဆောက်မှု ကုန်ကျစရိတ်ရဲ့ ၄၀ ရာခိုင်နှုန်း ကနေ ၉၀ ရာခိုင်နှုန်းလောက်အထိ ကုန်ကျ စရိတ်ထပ်မံ အပိုကုန်မှာဖြစ်လို့ စီးပွားရေးအရ မလုပ်နိုင်ကြသေးပါဘူး။ small scale demonstration plant လေးတွေဆောက် ပြီးစမ်းသပ်ကြတုန်းပဲရှိပါတယ်။ အဓိကပြော ချင်တာကတော့ Clean Coal Technology ထဲက တစ်ခုလောက် သာထည့်ပြီး ကျွန် တော်တို့၊ ကျွန်မတို့ရဲ့စက်မှာ Clean Coal Technology ကိုသုံးပါတယ်ဆိုတာကိုလက် ခံရင်တော့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လွော့်ခ်လို့ရမွာမဟုတ္ပါဘူး။
၁၅ ခုထဲက PM, SO2(SOX), NO2 (NOX), Mercury CO2 လျှော့ချနိုင်တဲ့ Clean Coal Technology အများဆုံးပါ၊ မပါ စစ်ကြဖို့လိုပါ့မယ်။ မပါရင်ခွင့်မပြုဘဲပါ တယ်ဆိုရင်တော့ ခွင့်ပြုသင့်သလို။ ပြည်သူတွေ စိတ်မှာသံသယ ကင်း အောင် စနစ်တကျရှင်းလင်း ချပြဖို့တော့လိုပါမယ်။ Clean Coal Technology ပေါ်လာတဲ့အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာတော့ ကျောက်မီး သွေးသုံးစက်ရုံတွေကတော့ ရှိနေမှာပါ။

ဘာကြောင့်ကျောက်မီးသွေး ကို လောင်စာအဖြစ်သုံးနေရတာလဲ။


ကမ္ဘာမှာဒီနေ့အထိတွေ့ရှိပြီး ကျောက် မီးသွေးတန်ချိန်ဟာ ၂၀၁၁ ခုနှစ်မှာ တန်ချိန် သန်းပေါင်း ၈၃၁၈၂၄ ရှိတယ်လို့ Europe's energy Potal က ထုတ်ပြန်ထားပါတယ်။ နှစ်တစ်နှစ်ရဲ့ သတ္တုသိုက်လက်ကျန်နဲ့ ထုတ်လုပ်မှု တန်ချိန် အချိုး Reserves-to- Production Ratio), (R/P) အရတွက်ရင် ကျောက်မီးသွေးကို နောင်နှစ်ပေါင်း ၁၁၂ နှစ် အထိသုံးနိုင်ဦးမှာပါ။
ရုပ်ကြွင်းလောင်စာတွေထဲက ရေနံဆို ရင် ၄၆ နှစ်စာ။ သဘာဝဓာတ်ငွေ့ဆိုရင် ၅၄ နှစ်စာပဲရှိပါတော့တယ်။ ထပ်မတွေ့ဘူး ဆိုရင်တော့ ကမ္ဘာမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တွေ နောက်နှစ် ၅၀ ကျော်ရင်ကုန်ပါပြီ။ ထပ် တွေ့လာရင် တော့တစ်မျိုးပေါ့။ ဒါကြောင့် လည်း ရေရှည်အတွက်ကတော့ ကျောက်မီး သွေးကိုပဲသုံးနေကြရတော့မှာပါ။ ဒီတော့ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင်လည်း ကြိုးစားနေကြရမှာပါ။

Clean 1

ကမ္ဘာမှာကျောက်မီးသွေးသတ္တုသိုက် အများဆုံးပိုင်ဆိုင်တာက အမေရိကန်ပါ။ တန် ချိန်သန်းပေါင်း ၂၃၇၂၉၂ သန်းရှိပါတယ်။ ဒုတိယက ရုရှားပါ။ တန်ချိန်သန်းပေါင်း ၁၅၇၀ဝ၇ သန်းရှိပါတယ်။ တတိယကတော့ တရုတ်ပါ။ တန်ချိန်သန်း ပေါင်း ၁၁၄၄၉၉ သန်း ရှိပါတယ်။ ဒီတော့ ဒီနိုင်ငံတွေဟာ ဒီသယံဇာတ တွေကို သဘာဝပတ်ဝန်းကျင်ထိခိုက်လို့ဆိုပြီး မတူးဘဲမသုံးဘဲနေမှာမဟုတ်ပါဘူး။ တူးကြ သုံးကြမှာပါ။ ဒါပေမဲ့ ဒီအတိုင်းတော့မဟုတ်ပါဘူး။ သဘာဝပတ်ဝန်း ကျင်ထိခိုက်ပျက် စီးမှု အနည်း ဆုံးဖြစ်အောင် နည်းပညာတွေထည့်သွင်း အသုံးချကြမှာပါ။ ဒါကြောင့်လည်း အထက် ကပြောခဲ့တဲ့ Clean Coal Technology ဆို တာပေါ်လာတာပါ။

ကျွန်တော်တို့နိုင်ငံမှာကော သုံးနေသလား ?


ဒီတော့ ကျွန်တော်တို့နိုင်ငံမှာကောသုံး ချင်သလား။ သုံးချင်ရင်တော့ အဲဒီနည်းပညာ ပါတဲ့စက်မျိုးတွေဖြစ်ရပါမယ်။ ဒါ့အပြင် စနစ် တကျစောင့်ကြည့်စစ်ဆေးတဲ့ အစိုးရအဖွဲ့ အစည်းရှိရပါမယ်။ အစိုးရအဖွဲ့အစည်းလို့ ပြောရတာက အရေးယူစရာ ရှိလာ ရင် ထိထိ ရောက်ရောက်အရေးယူနိုင်ဖို့ပါ။ ဒါအပြင် လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုနဲ့ သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်း မှုတွေ ကိုကာ ကွယ်ဖို့ စံနှုန်းသတ်မှတ်ချက်တွေဥပဒေ၊ နည်းဥပဒေ တွေရှိဖို့နဲ့ တိကျဖို့လိုပါလိမ့်မယ်။ ဒါတွေပြည့် စုံအောင် အရင် လုပ်ပြီးရင်တော့ ကျောက်မီး သွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ မတည်ဆောက်နိုင်စရာအကြောင်း မရှိပါဘူး။ နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အရ ထုတ္လုပ္မှုကုန္က်စရိတ࿿သက࿿သာတဲ့ကျောက် မီးသွေးသုံး လျှပ်စစ် ဓာတ် အားပေးစက်ရုံတွေ တည်ဆောက်ရပါမယ်။

နောက်တစ် ချက်ကတော့ ကျောက်မီး သွေးပါ။ အကြမ်းဖျင်းနှစ်မျိုးခွဲခြားထာပါတယ်။ Hard Coal နဲ့ Soft coal (Low Rank Coal) ပါ။ Hard Coal မှာ Anthracite Coal နဲ့ Bituminous Coal နှစ်မျိုးပါပါတယ်။ Energy Content အနေနဲ့ 25 million BTU/ton (11300 BTU/lb) နဲ့ 24 million BTU/ton (10900 BTU/lb) အသီးသီးရှိပါတယ်။ Soft coal မှာ Subbituminous Coal နဲ့ Lignite Coal တွေပါပါတယ်။Energy Content အနေနဲ့ 17-18 million BTU/ton (7700- 8300 BTU/lb) နဲ့ 13 million BTU/ton (5900 BTU/lb) အသီးသီးရှိပါတယ်။


Clean 2


Hard Coal ဖြစ်တဲ့ကျောက်မီးသွေး အကောင်းစားကို လျှပ်စစ်ဓာတ်အားထုတ်ဖို့ မသုံးကြပါဘူး။ စက်မှုလုပ်ငန်း အထူးသဖြင့် သံနဲ့သံမဏိလုပ်ငန်းတွေမှာ အများဆုံးသုံး ပါတယ်။ ကျောက်မီးသွေးလောင်စာသုံးစက်ရုံတွေ ဟာ Low Rank Coal(Soft coal) ကိုပဲ သုံး ကြတာဖြစ်ပါတယ်။ Low Rank Coal တွေမှာ Ash ပါဝင်မှုများပါတယ်။
Ash များတဲ့အတွက် ကျောက်မီးသွေးကို မီးလောင်တဲ့အခါမှာလည်း ကျောက်မီးသွေးပြာ Fly Ash တွေ အမြောက် အမြားထွက် လာမှာ ပါ။ ဒါတွေဟာ အလွန်ထိန်းသိမ်းဖို့ခက်တဲ့ အတွက် ပြန်လည်အသုံးချနိုင်အောင်ပြုလုပ် တဲ့အစီအစဉ်ကိုပါ လျှပ်စစ်စက်ရုံ တည်ဆောက် ရေးနဲ့ တစ်ပါတည်းတွဲဖက်ပါဝင်စေရပါမယ်။ အထက်မှာတင်ပြခဲ့တဲ့နည်းပညာတွေမပါဘူး ဆိုရင်တော့ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ် အားပေးစက်ရုံဟာ မလုပ်သင့်ဘူးလို့ပဲပြောရ ပါမယ်။
ဒါပေမဲ့ နည်းပညာတွေပါအောင်ထည့် ခိုင်းပြီး ကျောက်မီးသွေးလောင်စာသုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေ ကိုခွင့်ပြုပေးရပါမယ်။
Dry Scrubber ဆိုတာကိုနည်းနည်းရှင်း ပြပါမယ်။ Dry Scrubber ကိုဟိုးအချိန်က တည်းကသုံးခဲ့ကြတာပါ။ ပထမပိုင်းမှာ ရိုးရိုး Baghouses တွေနဲ Flue Gas များမှာပါလာတဲ့ Fly Ash တချို့နဲ့ P M တွေကိုဖမ်းတာပါ။ Fly Ash တချို့နဲ့ P M တွေလို့ပြောရတာက ကျောက်မီးသွေးကိုအမှုန့်ဖြစ်အောင်ကြိတ်နိုင် တဲ့စနစ်နဲ့ Coal Burner တွေ မပေါ်ခင်က ကျောက် မီးသွေးအတုံးလေးတွေကို ထုံး ကျောက်အတုံးလေးတွေနဲ့ မီးလောင်ခန်းထဲပို့ လွှတ်တဲ့ Fluidized Coal Combustion (FBC) စနစ်ဆိုတော့ ကျောက်မီးသွေးမီးလောင် ပြီးရင် Flue Gas မှာ ကျောက်မီးသွေးပြာက သိပ်မပါဘူး။ သူကအောက်မှာပဲ အခဲအနေနဲ့ ချော်အဖြစ်ကျန်ခဲ့တာပါ။ နောက်တော့ ကျောက် မီးသွေးကို ကိုယ်လိမ်း ပေါင်ဒါလောက် အထိ အမှုန့်ကြိတ်ပြီးတော့ အဲဒီအမှုန့်ကို Coal Burner တွေသုံးပြီး မီးရှိတဲ့ Pulverize Coal Combustion ကိုသုံးလာတဲ့အခါမှာ ကျောက် မီးသွေးပြာ Fly Ash အားလုံးလောက်လောက် က Flue Gas နဲ့ရောတက်လာပါတော့တယ်။ အဲဒီ Fly Ash နဲ့ P M တွေကိုဖမ်းဖို့ Dry Scrubber တွေအပြင်Electrostatic Precipitators(E S Ps) ကိုပါပေါင်းပေးလိုက်ရတာ ပါ။

Clean 3


ဒီလိုပေါင်းထည့်လိုက်တော့ Fly Ash နဲ့ PM ၉၉ ဒသမ ၉ ရာခိုင်နှုန်းအထိဖမ်းနိုင် တယ်ဆိုတာကို EPA(Environmental Protection Agency) ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီတော့Clean Coal Technology ၁၅ ခုထဲကအတော် များများကို စနစ်တကျ ပေါင်းစပ်ပြီးပါဝင်စေတဲ့စက်ရုံဆိုရင်သုံးသင့် ပါတယ်။ အဲဒီမှာလည်း ရိုးရိုး Boilers ကိုသုံး တာထက် Supercritical Boilers ဒါမှမဟုတ် Ultra-Supercritical Boilers ကိုသုံးမယ်ဆို ရင် ကျောက်မီးသွေး အသုံးနှုန်း ကျသွားပြီး လေထဲကို CO2 ထုတ်လွှတ်မှုကို ၃၀ ရာခိုင် နှုန်းလောက်အထိ လျော့ကျသွားစေမှာပါ။ ဒီ နေ့အမေရိကန်အပါအဝင် ဖွံ့ဖြိုးပြီးနိုင်ငံတွေ မှာ ကျောက်မီးသွေးလောင်စာသုံးစက်ရုံတွေ ဟာ အထက်ကပြောခဲ့တဲ့ Clean Coal Technology တွေကို စက်ရုံအသစ်တွေမှာ မထည့် မဖြစ်ထည့်ရသလို စက်ရုံအဟောင်းတွေမှာ လည်း ထည့်လို့ရအောင်စီမံပြီး ပြန်လည် တည် ဆောက်လည်ပတ်နေကြတာပါ။
ကျောက်မီးသွေးစက်ရုံတွေ ဖျက်တယ်ဆိုတာက ပြောခဲ့တဲ့နည်း စနစ်တွေထည့်ပြီး ဆက်လက်လည် ပတ်ဖို့ စက်ရုံရဲ့လက်ရှိဒီဇိုင်းအရ မဖြစ် နိုင်တာ၊ ခက်ခဲတာ၊ ငွေကြေးစိုက် ထုတ်ရမှာနဲ့ မကာမိတာတွေကြောင့် ဖျက်ကြတာပါ။ ဒီတော့ မြန်မာပြည် မှာ လည်း သူတို့လို Clean Coal Technology အပြည့်အဝပါတဲ့စက် တွေနဲ့ လျှပ်စစ်ဓာတ်ထုတ်ရမှာပါပဲ။ ဒါပေမဲ့ ပြည်တွင်းကကျောက်မီးသွေး ကိုသုံးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ 
တကယ်တမ်းပြောရရင် မြန်မာပြည် မှာသတ္တုတွင်းအဖြစ် တည် ဆောက် ထုတ်လုပ်ဖို့ ကျောက်မီးသွေးများများ စားစားမရှိပါဘူး။ဒီနေ့အထိမြန်မာပြည်မှာရှာဖွေတွေ့ရှိပြီး ကျောက်မီး သွေးတန်ချိန်ဟာ သန်း ၂၀ဝ လောက် ပဲရှိပါတယ်။ တူးဖော်ထုတ်လုပ်လို့ရ နိုင်တဲ့တန်ချိန်က ဒီထက်နည်းပါ တယ်။ ပြီးတော့ရှိတာက တစ်စုတစ် စည်းတည်းမဟုတ်ဘဲ ဟိုနည်းနည်း ဒီနည်းနည်း ပါ။ 
ဒီတော့ ကျောက်မီး သွေးကို အင်ဒိုနီးရှားကပဲဝယ်ရပါ မယ်။ ဒီလိုဝယ်ရတော့မယ်ဆိုရင် တော့ ကျောက်မီးသွေးချဆိပ်ကမ်းက အကြီးကြီးလိုအပ်ပါမယ်။ ကျောက်မီး သွေးကိုတစ်ကြိမ်မှာ တန်ချိန် ၃၀ဝဝဝ ကနေ ၅၀ဝဝဝ အထက် သင်္ဘ࿿ောကြီး များနဲ့သာ သယ်ပို့လေ့ရှိကြလို့ပါ။နောက်တစ်ချက်ကတော့ ကျောက် မီးသွေးတန်ချိန် တစ်သိန်းကနေ သုံး သိန်းလောက်အထိ စုပုံနိုင်တဲ့နေရာ လိုပါမယ်။ ၆၀ဝ မဂ္ဂါဝပ် လောက်လျှပ်စစ်ဓာတ်အားထုတ်ပေးနိုင်တဲ့ စက်ရုံတစ်ခုအတွက် အပူစွမ်းအင်(CV) 10500 Btu/llb လောက်ရှိတဲ့ ကျောက်မီးသွေးကိုသုံးမယ်ဆိုရင် တစ် နှစ်ကို ကျောက်မီးသွေးတန်ချိန်တစ် သန်းလောက်လိုမှာပါ။

Clean 4


ဒီတော့တစ်လကို ကျောက်မီး သွေးတန်ချိန်တစ်သိန်းကျော်သုံးမှာ ဖြစ်တော့ အနည်းဆုံးလေးလစာ လောက်စုရမှာပါ။ ဒါကြောင့် ကျောက် မီးသွေးစုပုံနိုင်ဖို့ကလည်း အတော်နေ ရာယူပါလိမ့်မယ်။ နောက်တစ်ချက် ကတော့ ကျောက်မီးသွေးကို တွင်း ထွက်(ROM) အတိုင်း တန်းအမှုန့် ကြိတ်လို့မရပါဘူး။ သူနဲ့အတူ ပူးတွဲ ပါလေ့ရှိတဲ့ သဲနဲ့ရွှံ့တွေကိုကြိတ်ခွဲ၊ ရေ ဆေးဆန်ခါချပြီး သန့်စင်ပေးရပါမယ်။ ဒီလိုလုပ်တဲ့အတွက် ထွက်လာမယ့် ရေဆိုးတွေကို အနယ်ထိုင်ကန်တွေ မှာစုပြီး အနယ်ထိုင်စေရပါမယ်။ ပျမ်းမျှခြင်း ၁၀ ရာခိုင်နှုန်းလောက် အထိထွက်လာမှာဖြစ်လို့ အဲဒီသဲနဲ့ ရွှံ့တွေကို တစ်နည်းနည်းနဲ့အသုံးချတဲ့စနစ်ပါမှရပါမယ်။ ဒါတွေဟာစနစ် တကျလုပ်မယ်ဆိုရင် လုပ်လို့ရတာ တွေဖြစ်တော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်မယ့် ကျောက် မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်လို့ရပါ တယ်။ မရနိုင်စရာမရှိပါ။
ဒီတော့ နိုင်ငံ တိုးတက်ဖို့အ တွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်ဓာတ်အားအတွက် ကျောက် မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေး စက် ရုံတွေတည်ဆောက်မှာကို သဘာဝ ပတ်ဝန်းကျင်အကြောင်းပြချက်နဲ့ ပြည် သူတွေကို နားယောင်အောင် လုပ်ပြီး မတားဆီး သင့်ဘူးလို့ မြင်ပါတယ်။ ကမ္ဘာမှာဖွံ့ဖြိုးတိုးတက်ပြီးဖြစ် တဲ့ အမေရိကန်၊ အင်္ဂ࿿္လန်၊ သြစတြေး လျ၊ ရုရှား၊ တရုတ် စတဲ့နိုင်ငံတွေဟာ သူတို့နိုင်ငံအသီးသီးအတွက် လိုအပ် တဲ့လျှပ်စစ်ဓာတ်အားကို ကျောက်မီး သွေးလောင်စာသုံး လျှပ်စစ် ဓာတ်အား ပေးစက်ရုံတွေကနေ အများဆုံးထုတ် ယူနေကြတာဖြစ်ပြီး နောင်ကိုလည်း ဆက်လက်သုံးနေကြဦးမှာပါ။ 
ဟိုတစ် နေ့ကပဲ အမေရိကန်သမ္မတဒေါ်နယ် ထရန့်ဟာ အရင်ကကန့်သတ်ထားတဲ့ ကျောက်မီးသွေးသုံးစွဲမှုနဲ့ပတ်သက် တာတွေကို ဖြေလျှော့တဲ့ဥပဒေကို လက်မှတ်ထိုးပြီး ကန့်သတ်ချက်တွေ ကို ပယ်ဖျက်ခဲ့ပြီးပါပြီ။ကျွန်တော်တို့နိုင်ငံလို ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံတွေထဲက နိုင်ငံ ငယ်လေးတစ်ခုက ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမရှိရ လေအောင် ကိုယ့်နိုင်ငံတိုးတက်တက် မှုကိုလျစ်လျူရှုပြီး ကျောက်မီးသွေး သုံးစက်ရုံနဲ့တော့ လျှပ်စစ် ဓာတ် အား ထုတ်တာခွင့်မပြုဘူးဆိုတာ ဖြစ်သင့် သလား ချင့်ချိန်ကြည့်ကြပါ။Refrence:
(1) Clean Coal
(2) Coal and Clean Energy
(3) Pulverized Coal Techno- logies
(4) Higher Efficiency Power Generation Reduces Emissions
(5) Advance Coal Technologies
(6) Pulverized Coal-Fired Boiler
(7) Converting Coal into Electricity
(8) Improving Efficiencies
(9) Australia's Electricity
(10) Coal-fired power genera-tion is garnering renewed interest
(11) Coal power in the United States
(12) Countries with the big-gest coal reserves
(13) World coal statistics
(14) United States leads world in coal reserves
(15) Coal
(16) Properties of coal
(17) Reserves-to-production ratio
(18) Types and Composition of Coal
(19) Coal Mining& the En-vironment
(20) National Economic Council approves Bangladesh power plant
(21) Philippines: NEGROS ENERGY to invest P 14 billi-on for a 150 MW coal-fired power plant
(22) India: 1320 MW thermal Powertech Krishnapatnam Coal Plant

……………………………………………………………………………………………………………………………
.

မြန်မာ့ကျောက်မီးသွေး (Coal)


ကျောက်မီးသွေးကို ကမ္ဘာ့ ထင်းမီးဟု ခေါ်ဆိုနိုင်သည်။ ကမ္ဘာပေါ်တွင် ထင်းမီးအဖြစ်ဖြင့် အသုံးပြုလျှက်ရှိကြသော ဝတ္ထုပစ္စည်းများတွင် ကျောက်မီးသွေးသည် လူသိအများဆုံး အထင်ရှားဆုံးဖြစ်သည်။ အပူဓာတ်ကို ပေးရာတွင် ကျောက်မီးသွေးသည် အင်အားကြီးမား၍ တန်ခိုးကြီး ပစ္စည်းတစ်ခုဖြစ်ပေသည်။
ရှေးပဝေသဏီကပင် လူများသည် ကျောက်မီးသွေးကို မတွေ့ကြသေး၊ ယင်း၏အသုံးဝင်ပုံကိုလည်း မသိကြသေးချေ။ ထိုနောက် အင်္ဂ࿿္လန်နှင့် စကော့တလန်ပြည်ရှိ လူအချို့သည် ကျောက်မီးသွေးဟူ၍ မသိဘဲ "ကန့်ကျောက်" တစ်မျိုးဟု ခေါ်ဆိုကြပြီးလျှင် ကျောက်မီးသွေးကို မြေအောက်မှ တူးဖော်၍ ထင်းမီးအလို့ငှာ စတင်အသုံးပြုလာကြသည်။ ထိုမှ တစ်စတစ်စ ယင်း၏အသုံးဝင်ပုံကို သိ၍ လာကြပြီးလျှင် ကျောက်မီးသွေးမှာ ထင်ရှားလာခဲ့သည်။ အင်္ဂ࿿္လန်၊ အမေရိကန်၊ ဂျာမနီ၊ ရုရှားနိုင်ငံ၊ ပြင်သစ်နိုင်ငံ အီတလီနိုင်ငံ၊ အိန္ဒိယ ၊ ဂျပန်စသောအရှေ့ဘက် အနောက်ဘက်နိုင်ငံကြီးများရှိ စက်ရုံ၊ အလုပ်ရုံများလိုလို ကျောက်မီးသွေးကို အသုံးပြုခဲ့ကြသည်။

< ကျောက်မီးသွေး (Coal)ဖြစ်ပေါ်လာပုံ >

ရှေးးပဝေသဏီက ကမ္ဘာကြီး၏ နေရာအနှံ့အပြားရှိ ရွံ့ညွန်ပျောင်းများနှင့် ရေတိမ်ရာ အရပ်များတငင် အလွန်မြင့်မားသော သစ်တောကြီးများပေါက်ရောက် ဖုံးအုပ်လျက်ရှိခဲ့လေသည်။ အပင်ကြီးများသေ၍ လဲကျလျင် အပင်သစ်များ ထပ်မံပေါက်ပြန်၏။ ဤသို့ဖြင့် ပထမ လဲကျသွားသော အပင်တို့၏ အကြွင်းအကျန်များသည် ရေတွင်နစ်မြုပ်၍ ကာလကြာသော် သဘာဝအလျောက် ဓာတ်ပြောင်းလဲမှုများဖြစ်လာသသည်။ လက်ဦးတွင် ထိုအကြွင်းအကျန်များသည် ရွံ့နွံထူထပ်သော စိမ့်မြေများတွင် တွေ့ရသော သစ်ဆွေး မီးသွေးများကဲ့သို့ ဖြစ်လာကြ၏။ 
ထို့နောက် မြေကြီးသည် အောက်သို့မြုပ်ဆင်းသွားပြီးသော် ရေအိုင်များ၊ တိမ်သော ပင်လယ်များ၏ အောက်ခင်းပြင်များ ဖြစ်လာသည်။ နှစ်ပရိစ္ဆေဒ အလွန်ကြာသောအခါ ထိုအောက်ခင်းပြင်ပေါ်၌ ရွံ့များ၊ သဲများအပြင် အချို့ဒေသများတွင် ခရု၊ ကမာကောင်၊ သန္တာကောင်မှစ၍ အခွံမာသော ပင်လယ်သတ္တဝါ ကောင်တို့၏ အခွံများ စုပေါင်းဖုံးအုပ်၍ အပေါ်ယံ ကျောက်ထပ်ဖြစ်လာသည်။ 
ထိုကျောက်ကပ်သည် ပေပေါင်း ရာထောင်မက ထူ၏။ အဆိုပါ ရွံသဲများနှင့် ကျောက်များ၏ အလွန်လေးလံသော အလေးချိန်သည် ထိုသစ်ရွက်ဆွေး မြေပေါ်တွင် ကာလကြာရှည်စွာ ဖိနှိပ်ထားမှုကြောင့် သစ်ဆွေး မီးသွေး ဘဝမှ နောက်ဆုံး ကျောက်မီးသွေးဘဝ အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။ သို့သော် ကျောက်မီးသွေး ဖြစ်လာရသော လမ်းစဉ်သည် အလွန်နှေး၍ အလွန်ကြာ၏။ အကောင်းဆုံးကျောက်မီးသွေးကို ကျောက်မီးသွေးခေတ်က မြေလွှာများမှ ရရှိ၍၊ ထိုကျောက်မီးသွေး ခေတ်ကို ရှေးနှစ်သန်းပေါင်း ၂၀ဝ မှ ၂၈၀ လောက်ခေတ်ကဟူ၍ ဘူမိဗေဒပါရဂူများက ယူဆကြလေသည်။
ယခင်က ကျောက်မီးသွေးအကြောင်းကို နည်းငယ်မျှသာသိကြသေးသဖြင့် အနည်းငယ်မျှသာ တူးဖော်သုံးစွဲခဲ့ကြ၏။ သို့သော် စက်ကိရိယာများ ပေါ်ပေါက်ခေတ်စားသည့် ၁၈ ရာစုနှစ်မှစ၍ ကျောက်မီးသွေးများကို အကြီးအကျယ် တူးဖော်လုပ်ကိုင်လာခဲ့ကြလေသည်။
ကျောက်မီးသွေးမှာ စက်မှုလုပ်ငန်း အရပ်ရပ်၏ အသက်အသွေးခဲ ဖြစ်၍ ကျောက်မီးသွေးတူးဖော်သည့် လုပ်ငန်းမှာ ယခုခေတ်အခါတွင် ကမ္ဘာ့ထိပ်တန်း လုပ်ငန်းကြီး တစ်ရပ်အဖြစ်ရပ်တည်လျက်ရှိသည်။

< ကျောက်မီးသွေးအများဆုံး တည်ရှိရာနေရာများ >


တကမ္ဘာလုံးကို ခြုံကြည့်လျှင် ကျောက်မီးသွေးအမြောက်အမြား တည်ရှိသည့် ဒေသများမှာ အဓိကအားဖြင့် ဥရောပတိုက်၊ အာရှတိုက်နှင့် မြောက်အမေရိကတိုက်တို့ ဖြစ်ကြသည်။ အာဖရိကတိုက်၊ နယူးဇီလန် ကျွန်များနှင့်ဩစတေးလီးယားတိုက်များ၌လည်း ကျောက်မီးသွေးတွင်းများ ရှိလေသသည်။ ကမ္ဘာတွင် ကျောက်မီးသွေးအကြီးအကျယ်ထွက်သည့် တိုင်းနိုင်ငံများမှာ အမေရိကန်ပြည်ထောင်စု၊ အင်္ဂ࿿္လန်၊ ဂျာမနီ၊ ပြင်သစ်နိုင်ငံ၊ ဗဲလဂျီယမ် နှင့် ရှရှားနိုင်ငံတို့ ဖြစ်ကြသည်။

- မြန်မာနိုင်ငံတွင် အောက်ပါအနည်ကျ ချိုင့်ဝှမ်းများရှိရာ ဒေသများတွင် ကျောက်မီးသွေးများကို အများအပြား တွေ့ရှိရပါသည် -

၁. ချင်းတွင်းချိုင့်ဝှမ်း (တမူး၊ မော်လိုက်၊ ကလေးဝ၊ ကလေး၊ ပလူဇဝ၊ ကောလင်း-ကြို့ပင်၊ ပင်လည်ဘူး)

၂. မင်းဘူးချိုင့်ဝှမ်း (ပေါက်၊ ဆိပ်ဖြူ၊ မြောင်ဦး၊ စေတုတ္တရာ၊ စလင်း)

၃. လားရှိုးချိုင့်ဝှမ်း (ဟာပွတ်၊ မန်ပန်၊ မုံးမ၊ ဆင်တောင်၊ နားကွန်-ကုန်းပေါင်၊ နမ္မား၊ နားလျှံ)

၎. တီကျစ်ချိုင့်ဝှမ်း (တီကျစ်၊ ခိုလန်၊ မခေါ်)

၅. ကျေးသီးချိုင့်ဝှမ်း (ကျေးသီး-မံစံ)

၆. ကလော-ပင်လောင်းချိုင့်ဝှမ်း (ကလော၊ အောင်ပန်း၊ ပင်လောင်း)

၇. ကျိုင်းတုံချိုင့်ဝှမ်း (ဝမ်ကျန့်-နမ့်လပ်၊ ဟိုခို)

၈. မိုင်းဆတ်ချိုင့်ဝှမ်း (မိုင်းခုတ်)

၉. မိုင်းယန်းချိုင့်ဝှမ်း (ဆီလူး၊-ဝမ်ကိန်း၊ ပန်ကူ-ကျောက်ဂူ)

၁၀. တနင်္သ࿿ာရီချိုင့်ဝှမ်း (ကောမပြင်၊ မောတောင်၊ သဘော့လိပ်ကြီး)

၁၁. ဘန်းချောင်းချိုင့်ဝှမ်း (ဘန်းချောင်း၊ ကတောက်နီ၊ ကမီ၊ မေတ္တာ၊ ထိဝါဆိုချောင်း)

၁၂. ကရသူရိချိုင့်ဝှမ်း (ကရသူရိ၊ ထန်းဒင်၊ လေညှာ)

၁၃. ဟူးကောင်းချိုင့်ဝှမ်း (တနိုင်း၊ ရှင်ဗွေယန်)

၁၄. လွယ်ဂျယ်ချိုင့်ဝှမ်း (မိုးမောက်၊ လွယ်ဂျယ်)

၁၅. ထီးချရားချိုင်းဝှမ်း (မြဝတီ၊ ထီးချရား၊ ဝလု)

၁၆. လွိုင်ကော်ချိုင့်ဝှမ်း (လောပိတ၊ မိုင်းဝိုင်၊ နန်းပီ)

၁၇. အင်္ဂ္ပူချိုင်ါဝှမ်း (အင်္ဂ္ပူ)
- Mesozoic Coal (Jurassic Coal) ကို မန္တလေးတိုင်း သာစည် ကြပ်စခန်းတွင်တွေ့ရှိပါသည်။

< ကျောက်မီးသွေး (Coal) အမျိုးအစားများ >


 ကျောက်မီးသွေးအမျိုးမျိုးရှိရာတွင် ကာဗွန်ရာခိုင်နှုန်း ၉၃ မှ ၉၇ပါဝင်သော ကျောက်မီးသွေးသည် အမာဆုံးဖြစ်၍ အကောင်းဆုံးဖြစ်သည်။ အလတ်စားကျောက်မီးသွေးတွင် ကာဗွန်ရာခိုင်နှုန်း ၉၀နီးပါး ပါဝင်၍ အပျော့စားခေါ် အသုံးများအများဆုံး ကျောက်မီးသွေးတွင် ကာဗွန်ရာခိုင်နှုန်း ၈၀ အထိပါဝင်သည်။ ထို့ထက် တစ်ဆင့်လျော့သောပျော့စား ကျောက်မီးသွေးတွင်းကာဗွန် ရာခိုင်နှုန်း၆၇ မျှ ပါဝင်၍ သစ်ဆွေးမီးသွေးတွင်မူ ကာဗွန်ရာခိုင်နှုန်း ၅၀ ခန့်သာ ပါဝင်သည်။

ကျောက်မီးသွေးကို

1.Heating value

2.Volatile matter

3.Moisture

4.Ash:

5.Fixed carbon: တို့
ပါဝင်မှုပေါ်မူတည်၍ အဓိကအမျိုးအစား (၄) မျိုးခွဲခြားထားသည်။ ၄င်းတို့မှာ

(၁) သစ်ဆွေး ( Peat )

(၂) လစ်ဂ်နိုက် ( Lignite )

(၃) ဘိုင်ကျူးမီးနပ်စ် ( Bituminous)

(၄)အန်သရာဆိုက် (Anthracite) တို့ဖြစ်ပါသည်။

ထိုလေးမျိုးတွင်မှ လစ်ဂ်နိုက်နှင့် ဘိုင်ကျူးမီးနပ်စ်များကို ထပ်မံခွဲခြားပြီးခေါ် ဆိုသုံးနှုန်းကြသည်ကိုလည်းတွေ့ရပါသည်။ 
လစ်ဂ်နိုက်ကို အဆင့်နိမ့်လစ်ဂ်နိုက်(Low grade Lignite ) နှင့် အဆင့်မြင့် လစ်ဂ် နိုက်( High grade Lignite ) ဟု ထပ်မံခွဲခြားနိုင်သလို ဘိုင်ကျူးမီးနပ် ကိုလည်း ဆပ်ဗ်ဘိုင်ကျူးမီးနပ်စ်( Sub- bituminous) နှင့် ဘိုင်ကျူးမီးနပ်စ်( Bituminous )ဟုလည်းထပ်မံခွဲခြားခေါ်ဆိုကြပါသည်။ 
သစ်ဆွေး( Peat )သည်အမျိုးအစား အ ညံ့ဆုံးကျောက်မီးသွေးဖြစ်ပြီး လစ်ဂ်နိုင် (Lignite)သည်အနည်းငယ်ညံ့သော်လည်းအသုံးပြု၍ ရသောအမျိုးအစားဖြစ်ပါသည်။ 
ဘိုင် ကျူးမီးနပ်စ် (Bituminous)သည်အသင့် အတင့်ကောင်းမွန်သောကျောက်မီးသွေးအမျိုးအစားဖြစ်ပြီး အန်သရာဆိုက်(Anthracite) သည်အကောင်းဆုံးကျောက်မီးသွေးအမျိုးအစားဖြစ်ပါသည်။
ကျောက်မီးသွေးအမျိုးအစားများ သာမန်အရပ်သားများအတွက် ကျောက်မီးသွေး ကောင်း/မကောင်းအလွယ်တကူသိရှိနိုင်ရန် အတွက် မြန်မာဘူမိဗေဒပညာရှင်များမှ" မဲ ပြောင် ပေါ့ လက်" ဟုသုံးနှုန်းခဲ့ကြပါသည်။

< ကျေက်မီးသွေး ရှာဖွေရေးလမ်းညွှန် >
-

 ယေဘုယျအားဖြင့် ဘူမိဓာတုနည်းကို အသုံးမပြုပါ။
- 
ဘူမိရူပဗေဒ ရှာဖွေရေးနည်းစဉ်ကို အသုံးချနိုင်ပါသည်။ ကျောက်မီးသွေးသည် သိပ်သည်းဆနည်း၍ Resistivity တန်ဖိုး မြင့်နိုင်ပါသည်။ မြေပေါ်ရှာဖွေရေးနည်းစဉ်များအဖြင့်
direct-current profiling,
refraction and reflection seismic
gravity နည်းစဉ်တို့ကို အသုံးပြုနိုင်ပါသည်။
- မြေအောက်ရှာဖွေရာတွင်
bore-hole techniques (include gamma logs, neutron logs, gamma-gamma density logs, sonic logs, resistivity logs
and caliper logs.) ဘူမိရူပဗေဒ ရှာဖွေရေးနည်းစဉ်ကို အသုံးပြု နိုင်ပါသည်။
- အခြားရှာဖွေရေးလမ်းညွှန်များမှာ ကျောက်မီးသွေး အစအနများ ပေါ်ထွက်နေသော အနည်ကျကျောက် တောင်စောင်း၊ တောင်စွယ်များ၊
nonmarine sediments၊ သေးငယ်သော ရေနံ စိမ့်ထွက်ရာနေရာများတွင် ရှာဖွေနိုင်ပါသည်။

< ကျောက်မီးသွေး (Coal) အသုံးပြုပုံ >



 ကျောက်မီးသွေးကို အိမ်များတွင် ထမင်းဟင်း ချက်ပြုတ်ရန်နှင့် မီးလှုံရန်အတွက် အသုံးပြုကြ၏။ စက်ရုံ အလုပ်ရုံကြီးများတွင် သတ္တုများ
ကျိုရန်နှင့်ရေနွေးငွေ့အားအင်ဂျင် စက်များကို ခုတ်မောင်းရန် အတွက် အသုံးပြုကြ၏။ မီးရထား၊ မီးသင်္ဘ࿿ော စသောယာဉ်များတွင်လည်း ကျောက်မီးသွေး မပါလျှင် မဖြစ်ချေ။ ကျောက်မီးသွေး၏ အသုံးဝင်ပုံများကား များလှပေသည်။ အမှန်စင်စစ် ကျောက်မီးသွေးသာ မရှိပါက ကမ္ဘာပေါ်ရှိ ဆောက်အဦးများ၊ ယာဉ်ရထားနှင့် စက်မှုလုပ်ငန်း အရပ်ရပ်တို့သည် ယခုလောက် တိုးတက်ရန် လမ်းမရှိချေ။ ကျောက်မီး သွေးကို "စိန် နက်" သို့မဟုတ် " မြေအောင်းအလင်းရောင်" ဟူ၍လည်း ဥရောပတိုက်တွင် ခေါ်ကြ၏။ ကျောက်မီးသွေး တူးဖော်သည့် လုပ်ငန်းသည် စက်ကိရိယာ လူသူ အမြောက်များစွာနှင့် လုပ်ကိုင်ရသည့် လုပ်ငန်းကြီး ဖြစ်သည့်အတိုင်း ကျောက်မီးသွေးထွက်သည့် နေရာများသည် မကြာမီ မြို့ကြီးပြကြီးများ ဖြစ်လာကြလေသည်။ ကျောက်မီးသွေးကို ထင်းမီးအဖြစ်ဖြင့်သာ အသုံးပြုကြရသည်မဟုတ်၊ ကျောက်မီးသွေးမှ မီးထွန်းဓာတ်ငွေ့၊ ကုတ်မီးသွေး၊ ကျောက်မီးသွေး ကတ္တရာ စသော ပစ္စည်းများကိုလည်း ထုတ်ယူရရှိနိုင်သေးသည်။ ယခုအခါ ကျောက်မီးသွေးကို အခြေပြု၍ ဓာတ်ဆီကိုပင် ချက်လုပ်နိုင်ပြီးဖြစ်သည်။ ကျောက်မီးသွေး ကတ္တရာမှတစ်ဖန် ရာထောင်မကသော ဓာတ်ပစ္စည်းများ၊ ဆေးဖက်ဝင် ပစ္စည်းများကို ပြုလုပ်ထုတ်ယူနိုင်သည်။
ကျောက်မီးသွေး (၁)ပေါင်ကို မီးတိုက်လျင် လျပ်စစ်ဓါတ် 1KWH ရပါတယ်။
တနည်းအားဖြင့်
လျပ်စစ်ဓါတ် 1MW တနာရီရဘို့ ကျောက်မီးသွေး (၁၀ဝ၀)ပေါင်ကို မီးတိုက်ရပါမယ်။
၅၀ဝမဂ္ဂါဝပ်ဓါတ်အားတနာရီရဘို့ ကျောက်မီးသွေး တန်၂၅၀ကို မီးတိုက်ရမှာပါ။
၅၀ဝမဂ္ဂါဝပ်ဓါတ်အားပေးစက်ရုံဟာ
တနာရီတိုင်းမှာ ကျောက်မီးသွေးတွေတန်၂၅၀ကို လောက်မြိုက်ပေးနေမှာပါ။

< ကျောက်မီးသွေး (Coal)၏ ဆိုးကျိုးများ>

 ကျောက်မီးသွေးမှ ထွက်သော မလိုလားအပ် သည့် ဓာတ်ငွေ့နှင့် အမှုန်များကို ဖယ်ရှား သန့်စင် သည့် နည်းပညာများ ရှိသည်။ သို့သော် ယင်းတို့ ကို သုံးလျှင် ကုန်ကျ စရိတ် များသည်။ ယင်း ကိရိယာတို့ လည်ပတ် အလုပ်လုပ်ရန် စွမ်းအင် အမြောက်အမြား လိုသည့်အပြင် ယင်းတို့မှ ကာဗွန်ဒိုင်အောက်ဆိုဒ် လည်း ထပ်တိုးထွက် ရှိ သည်။ ယင်းတို့ ဖယ်ရှားလိုက်သော စွန့်ပစ် အနည် အနှစ်များသည် သဘာဝ ပတ်ဝန်းကျင်ကို ညစ် ညမ်းစေသည်။


ပြဿနာများ ရှိသော်လည်း ဈေးချိုခြင်း၊ အလွယ်တကူ ရနိုင်ခြင်းစသည် တို့ကြောင့် နိုင်ငံအများ အပြား၌ 
ကျောက်မီးသွေး အသုံး ကျယ်ပြန့် လာနေ သည်။ ၂ဝ၁၂ ခုနှစ် စာရင်း အရ တစ်ကမ္ဘာလုံး ၌ ကျောက်မီးသွေး စက်ရုံ အသစ်ပေါင်း ၁၂ဝဝ ဆောက်လုပ်ရန် ရာထားသည်။

သို့သော် ကျောက်မီးသွေး၏ သဘာဝ ပတ်ဝန်းကျင်နှင့် လူ့ကျန်းမာရေးကို ထိခိုက်စေ သည့် အချက်ကြောင့် ယင်းကိုလျှော့သုံးရန် အားထုတ်သည့် နိုင်ငံ များလည်း ရှိနေ သည်။ကျောက်မီးသွေး စက်ရုံများကြောင့် လေထုညစ် ညမ်းမှုကို ဆိုးရွားစွာ ကြုံတွေ့နေရသော နိုင်ငံ များတွင် ကျောက်မီးသွေး အသုံးအများဆုံးဖြစ် သည့် တရုတ်နိုင်ငံ သည် ထိပ်ဆုံးမှ ပါနေသည်။
ယင်းကိစ္စကို ဖြေရှင်းရန် တရုတ်အစိုးရ သည် လေထု ညစ်ညမ်းမှု၏ ဇာစ်မြစ်ဖြစ်သည့် ကျောက်မီးသွေး စက်ရုံများကို လျှော့ချရန် ဆုံးဖြတ် လိုက်ပြီဖြစ်သည်။ 
တ ရုတ်နိုင်ငံတော် ကောင်စီသည် ပေကျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိုး ဒေသ များတွင် ကျောက်မီးသွေးသုံး စက်ရုံများ အသစ် ဆောက်လုပ်မှု ကို ခွင့်ပြုတော့မည် မဟုတ် ကြောင်း ကြေညာထားသည်။

.................................................................................................................................

သန့်ရှင်းသော ကျောက်မီးသွေးနည်းပညာဆိုတာ တကယ်ရှိရဲ့လား (အပိုင်း-၁)


သိပ္ပံစာရေးဆရာကိုကိုအောင်

ကမ္ဘာ့လူသားတို့အနေဖြင့် စွမ်းအင်ရရှိရေးအတွက် မြေလွှာ အောက်မှ တူးဖော်ရယူ သုံးစွဲခဲ့ကြသည့် လောင်စာများထဲတွင် ကျောက်မီးသွေးသည် အစောဆုံး သုံးစွဲခဲ့သော တွင်းထွက်ပစ္စည်း ဖြစ်သည်။ မှတ်တမ်း အထောက်အထားများ အရ ကျောက်မီးသွေး ကို ဘီစီ ၁ဝဝဝ ပြည့်နှစ် ဝန်းကျင်လောက်ကတည်းက စတင်သုံးစွဲ ခဲ့ကြောင်း တွေ့ရှိရသော်လည်း ၁၈ ရာစုအလယ်ပိုင်း ကာလအထိ ထင်းသာလျှင် အဓိကလောင်စာဖြစ်ခဲ့သည်။

ကမ္ဘာပေါ်တွင် ကျောက်မီးသွေးကို စတင်တူးဖော် သုံးစွဲခဲ့သောနိုင်ငံမှာ ဗြိတိန် ဖြစ်ပြီး ၁၇ ရာစု တစ်ခုလုံးတွင် ဗြိတိသျှတို့က ကျောက်မီးသွေးကို စဉ်ဆက်မပြတ် သုံးစွဲခဲ့ကြသည့်တိုင် တစ်နိုင်ငံလုံး၌ ကျယ်ကျယ် ပြန့်ပြန့် မဖြစ်ခဲ့ပေ။
ထိုစဉ်ကာလများက ဗြိတိသျှတို့အပါအဝင် ဥရောပ တိုက် တစ်ဝန်းလုံး၌ ထင်းကိုသာ အဓိက သုံးစွဲခဲ့ကြပြီး ကျောက်မီးသွေး သုံးစွဲမှုက မတွင်ကျယ်ခဲ့ပေ။ ဥရောပတိုက်သားတို့သည် မြေလွှာ အောက်မှ တူးဖော်ရမည်ဖြစ်သော ကျောက် မီးသွေးထက် မြေပေါ် ၌ပင် လွယ်လင့်တကူ ရရှိနိုင်သော ထင်းကိုသာ ပို၍ စိတ်ဝင်တစား ရှိခဲ့ကြသည်။

ဥရောပတိုက်သားတို့၏ ရှေးအစဉ်အဆက် ထင်းသုံး စွဲမှု မည်မျှတွင်ကျယ်ခဲ့သည်ကို ဥရောပသစ်တောများက သက်သေပြခဲ့ကြသည်။ ၅ ရာစု နှောင်းပိုင်းကာလများက သစ်တော ဖုံးလွှမ်းမှု ၉၅ ရာခိုင်နှုန်းမျှ ရှိခဲ့သော ဥရောပတိုက်သည် ၁၇ ရာစုသို့ရောက်သည့်အခါ သစ်တောဖုံးလွှမ်းမှုက ၂ဝ ရာခိုင် နှုန်းသာလျှင် ကျန်ရှိတော့သည်။ နောက်ပိုင်းတွင် ထင်း သို့မဟုတ် အလားတူ ဇီဝဒြပ်ထုများ နှင့် အလေးချိန်ချင်းတူလျှင် စွမ်းအင်ပမာဏ သုံးဆခန့်အထိ ထုတ်ပေးနိုင်သော ကျောက်မီးသွေး၏စွမ်းရည်ကို သိလာကြ သည့်အခါ ကျောက်မီးသွေးသည် စွမ်းအင်ကဏ္ဍဍအတွက် အဓိက ကျပြီး အလွန်အရေးပါသော လောင်စာအဖြစ် ရှေ့တန်းသို့ ရောက်လာခဲ့သည်။

စက်မှုတော်လှန်ရေး အစပြုရာဒေသဖြစ်သော ဗြိတိန်နိုင်ငံတွင် ကျောက်မီးသွေး သုံးစွဲမှု အဆမတန် မြင့်တက် လာခဲ့ရာ ၁၇၅ဝ ပြည့်နှစ်တွင် ဗြိတိန်အပါအဝင် ဥရောပတိုက် ၏ ကျောက်မီးသွေးတူးဖော် ထုတ်လုပ်သုံးစွဲမှုသည် တန်ချိန် ၄ ဒသမ ၇ သန်းအထိ ရှိလာခဲ့သည်။ ထိုစဉ်က ကမ္ဘာ့လူဦးရေ သည် သန်းပေါင်း ၇ဝဝ မျှသာရှိခဲ့ပြီး ၁၉ဝဝ ပြည့်နှစ်သို့ ရောက်ရှိလာမှသာ သန်းပေါင်း ၁၆ဝဝ အထိ တိုးပွားလာခဲ့သည်။

တိုးပွားလာသော က္ဘာ့လူဦးရေနှင့်အညီ ကျောက်မီးသွေး သုံးစွဲမှုကလည်း မြင့်တက်လာခဲ့ရာ ၁၈ဝဝ ပြည့်နှစ်တွင် တစ်က္ဘာလုံး၏ ကျောက်မီးသွေးအသုံးမှာ တန်ချိန် ၁ဝ သန်းဖြစ် လာခဲ့ပြီး ၁၈၅ဝ ပြည့်နှစ် အရောက်တွင်မူ တန်ချိန်သန်းပေါင်း ၅ဝ အထိပင်ရှိလာခဲ့သည်။ နောက်ပိုင်းတွင် ရေနံစိမ်းကို ချက် လုပ်ရာမှရရှိသော ရေနံဆီကို လောင်စာအဖြစ် သုံးလာနိုင်သည့် အခါ သယ်ယူရွှေ့ပြောင်း ထားသိုရာတွင် ကျောက်မီးသွေးလောက် ကရိကထမများသော ရေနံဆီကို ပို၍ အကြိုက်တွေ့လာကြသည်။ ထိုမှတစ်ဆင့် အတွင်းပေါက်လောင်အင်ဂျင်များ ပေါ်ပေါက် လာပြီး ရေနံထွက်ပစ္စည်းများ ဖြစ်ကြသည့် ဓာတ်ဆီနှင့် ဒီဇယ်ဆီ တို့ကို သုံးစွဲမှု သိသိသာသာတွင်ကျယ်လာသည်။ တဖြည်း ဖြည်းနှင့် ရေနံသုံးစွဲမှုက တဟုန်တိုးမြင့်တက်လာပြီး အခြား တစ်ဖက်၌လည်း ကျောက်မီးသွေးသုံးစွဲမှုက လျော့ကျသွားခြင်း မရှိခဲ့ပေ။
မည်းနက်သော သို့တည်းမဟုတ် ညိုမည်းသော အဆင်းရှိ သည့် ကျောက်မီးသွေးသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၃ဝဝ ခန့်က က္ဘာ့မြေလွှာအောက်၌ စတင်ဖြစ်တည်ခဲ့ကြောင်း သုတေသီတို့က ဆိုကြသည်။

မီးရှို့လျှင် ကောင်းစွာလောင်ကျွမ်း နိုင်သော အနည်ကျကျောက်တစ်မျိုးဖြစ်သည့် ကျောက်မီးသွေး တွင် သက်ရှိများနှင့် ဆက်စပ်နေသည့် အော်ဂဲနစ်ပစ္စည်းများ အဓိကပါဝင် ဖွဲ့စည်းနေသည်။ လွန်ခဲ့သော နှစ်သန်းပေါင်း ၃ဝဝ ခန့်က က္ဘာ့မြေပြင်ပေါ်၌ သစ်ပင်ကြီးငယ်တို့ ပေါက်ရောက်နေ သည့် ရွှံ့နွံတောကြီးများ ထူထပ်စွာ ရှိနေခဲ့သည်။ ထိုအပင်ကြီးငယ်တို့ သေဆုံးပြီးနောက် နှစ်ပေါင်း သန်းနှင့်ချီ ၍ ကြာမြင့်သည့်အခါ အပင်ရုပ်ြ<ွကင်းများမှာ မြေကြီးအောက်သို့ နစ်ဝင် ရောက်ရှိသွားကြသည်။ အပင်ရုပ်ကြွင်းတို့သည် အပေါ်မှ ဖုံးနေသော ရွှံ့နွံထုကြီးကြောင့် အောက်ဆီဂျင်ဓာတ်နှင့် ထိတွေ့ခွင့်မရဘဲ သစ်ဆွေးအဖြစ်သို့ ရောက်ရှိသွားသည်။ ရေငွေ့ပါဝင်မှု အချိုးအစားများပြီး ကာဗွန်ပါဝင်မှု အချိုးအစား နည်းသော သစ်ဆွေးမြေများသည် ပြင်းထန်သော ဖိအားနှင့် အပူဓာတ်တို့ကြောင့် နှစ်ပရိ္ဆေဒ ကြာမြင့်လာသည့်အခါ ကာဗွန်နှင့်စွမ်းအင် သိုမှီးထားမှု ပမာဏများပြားသော ကျောက် မီးသွေးအဖြစ်သို့ ရောက်ရှိသွားသည်။

ကျောက်မီးသွေးတွင် ကာဗွန်၊ ဆာလ်ဖာ၊ ဟိုက်ဒရိုဂျင်နှင့် နိုက်ထရိုဂျင်တို့ အဓိကပါဝင် ဖွဲ့စည်းနေကြသည်။ တူးဖော်ရရှိ သော ကျောက်မီးသွေးများကို ကာဗွန်ပါဝင်မှု အချိုးအစားနှင့် အပူစွမ်းအင် ထုတ်ပေးနိုင်သည့် ပမာဏတို့အပေါ် မူတည်ကာ အင်သရာဆိုက်(Anthracite) ၊ ဘီတူးမီးနပ်စ် (Bituminous)၊ ဆပ်ဘီတူးမီးနပ်စ် (Subbituminous) နှင့် လစ်ဂ်နိုက် (Lignite) ဟူ၍ လေးမျိုး ခွဲခြားထားသည်။

အင်သရာဆိုက်သည် သက်တမ်းအရင့်ဆုံးနှင့် မာကျော ကျစ်လျစ်မှုအမြင့်ဆုံး ကျောက်မီးသွေးအမျိုးအစားဖြစ်ကာ ကာဗွန်ပါဝင်မှု ၈၆ ရာခိုင်နှုန်းမှ ၉၇ ရာခိုင်နှုန်းအထိရှိသည့် အတွက် လောင်စာတန်ဖိုး မြင့်မားသည်။ ဘီတူးမီးနပ်စ်သည် ကာဗွန်ပါဝင်မှု ၄၅ ရာခိုင်နှုန်းမှ ၈၆ ရာခိုင်နှုန်းအထိ ရှိသော ကျောက်မီးသွေး အမျိုးအစားဖြစ်ကာ၊ ယင်းကျောက်မီးသွေး အမျိုးအစားကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာ၌ အဓိကထား၍ အသုံးပြုသည်။

ဆပ်ဘီတူးမီးနပ်စ် ကျောက်မီးသွေး အမျိုးအစား ၌မူ ကာဗွန်ပါဝင်မှုက ၃၅ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းအထိသာရှိပြီး အပူစွမ်းအင် ထုတ်ပေးနိုင်မှု နည်းပါးသည်။ ကျောက်မီးသွေး အမျိုးအစားများထဲတွင် သက်တမ်းအနုဆုံးမှာ လစ်ဂ်နိုက်ဖြစ်ပြီး၊ ကာဗွန်ပါဝင်မှုကလည်း ၂၅ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ သာရှိကာ အပူစွမ်းအင် ထုတ်ပေးနိုင်မှုအနည်းဆုံး အမျိုးအစား လည်းဖြစ်သည်။
လက်ရှိအားဖြင့် က္ဘာ့ကျောက်မီးသွေးသုံးစွဲမှု ပမာဏမှာ နှစ်စဉ် တန်ချိန်သန်းပေါင်း ၈ဝဝဝခန့် ရှိနေသည်။ ကျောက်မီး သွေးကို က္ဘာ့ဒေသအနှံ့တွင် တူးဖော်တွေ့ ရှိနိုင်ပြီး ကျောက်မီး သွေးသိုက် အကြီးမားဆုံး တည်ရှိရာနေရာများမှာ အမေရိကန် ပြည်ထောင်စု၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သြစတြေးလျ၊ တရုတ် နှင့် အိန္ဒိယနိုင်ငံတို့ဖြစ်ကြသည်။ က္ဘာပေါ်ရှိ ကျောက်မီး သွေးသိုက် တချို့သည် က္ဘာ့မြေမျက်နှာပြင်အောက် ပေ ၂ဝဝ ခန့်တွင် တည်ရှိကြပြီး တချို့ကမူ ပေ ၁ဝဝဝ ခန့် အနက်တွင် တည်ရှိနေကြသည်။

တိမ်သော ကျောက်မီးသွေးတွင်းများ တည်ရှိသည့် ဖွံ့ဖြိုးပြီး နိုင်ငံအချို့ တွင် ကျောက်မီးသွေးကို စိတ်ကြိုက် တူးဖော်ရယူပြီး သည့်အခါ တိမ်သောတွင်းများကို ပြန်လည်ဖို့ပြီး မူလ မြေယာ ရှုခင်းများအတိုင်း ပြန်လည် ဖန်တီး ပြုပြင်ပေးထားခဲ့ကြသဖြင့် နှောင်းလူတို့က ကျောက်မီးသွေး တူးခဲ့သောနေရာဟု မသိနိုင် ကြတော့ပေ။ တူးဖော်ထုတ်ယူပြီးသော ကျောက်မီးသွေး များကို သန့်စင်စက်ရုံများသို့ ပို့ဆောင်ပြီး ကျောက်မီးသွေး၌ ရောနှော ပါဝင်နေသည့် မြေသားများ၊ ခဲများ၊ ဆာလ်ဖာအမှုန်များ စသည်တို့ကို ဖယ်ရှားစစ်ထုတ်သည်။ သန့်စင်ပြီးသော ကျောက် မီးသွေးများကို သယ်ယူပို့ဆောင်ရာ၌ ရထား၊ ကားနှင့် သင်္ဘ࿿ော တို့ကို အဓိကထားကာ အသုံးပြုလေ့ရှိကြသည်။ အချို့သော ပို့ဆောင်ရေးစနစ်၌မူ ကျောက်မီးသွေးကို အမှုန့် အဖြစ်ချေကာ ရေနှင့်ရောပြီး ပိုက်လိုင်းမှတစ်ဆင့် စက်စွမ်းအားဖြင့်တွန်း၍ ပို့ဆောင်ကြသည်။

မျက်မှောက်ကာလတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သော လုပ်ငန်းများ၌ ကျောက်မီးသွေးကို အများဆုံး အသုံးပြုလျက် ရှိနေကြသည်။ ထိုစက်ရုံများတွင် စွမ်းအင် ပိုမိုရရှိရေးအတွက် ကျောက်မီးသွေးကို အမှုန့်ပြုလုပ်ကာ သုံးစွဲကြသည်။ အချို့သော ခေတ်မီ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၌ မူ ကျောက်မီးသွေးကို ရေ၊ အောက်ဆီဂျင် ဓာတ်ငွေ့တို့ဖြင့် ရောနှောကာ အပူပေးခြင်းဖြင့် ဆင်းဓာတ်ငွေ့(Syngas) အဖြစ် သို့ ပြောင်းလဲပြီး အပူဓာတ် ထုတ်ပေးနိုင်မှုစွမ်းအား ပိုမိုမြင့်မား သည့် အဆိုပါဓာတ်ငွေ့ဖြင့် ရေကိုဆူပွက်စေကာ လျှပ်ထုတ် တာဘိုင်စက်များကို လည်ပတ်စေသည်။

ကျောက်မီးသွေးကို စွမ်းအင်ထုတ်ယူသုံးစွဲရာ၌ အသုံးပြုနိုင်သလို...ယင်းမှရရှိသော မက်သနောနှင့် အက်သလင်းတို့ကို ပလတ်စတစ်၊ ဓာတ်မြေသြဇာ၊ ကတ္တရာစေးနှင့် လူသုံးဆေးဝါး စသည်တို့ကို ထုတ်လုပ်ရာ၌ အသုံးပြုကြသည်။ ထို့ပြင် ကျောက်မီးသွေးကို ပြင်းထန်စွာ အပူပေးခြင်းဖြင့် ရရှိလာသော ကုတ်မီးသွေး (Coke) ကို အသုံးပြုကာ အရည်အသွေးကောင်း သည့် သံမဏိများကို ထုတ်လုပ်ကြသည်။

ကျောက်မီးသွေးကိုမီးရှို့ပြီး လောင်မြိုက်စေသည့်အခါ ဆာလ်ဖာဒိုင်အောက်ဆိုက်၊ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် နိုက်ထရိုဂျင်အောက်ဆိုက် စသော မလိုလားအပ်သည့် ဓာတ်ငွေ့ များ ထွက်ရှိလာသည်။ လျှပ်စစ်ဓာတ်အား မီဂါဝပ် ၅ဝဝ ထုတ် လုပ်သည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တစ်ရုံသည် တစ်နှစ်လျှင် လေထုထဲသို့ ဆာလ်ဖာဒိုင်အောက်ဆိုက် တန်ချိန် ၁ဝဝဝဝ၊ ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၃၇ဝဝဝဝဝ၊ နိုက်ထရိုဂျင်အောက်ဆိုက် တန်ချိန် ၁ဝ၂ဝဝ၊ ကာဗွန်မိုနော့ဆိုက် တန်ချိန် ၇၂ဝ၊ အမှုန်အမွှား တန်ချိန် ၅ဝဝ၊ ပြာမှုန် တန်ချိန် ၁၂၅ဝဝဝ နှင့် အခြားသော ဓာတ်ငွေ့အချို့ကို စွန့်ထုတ်သည့် အပြင် စွန့်ပစ် အနည်များလည်း အများအပြားထွက်ရှိသည်။

ဆာလ်ဖာဒိုင်အောက်ဆိုက်သည် အက်စစ်မိုးရွာသွန်းမှုကို ဖြစ်ပေါ်စေပြီး နိုက်ထရို ဂျင်အောက်ဆိုက်ကမူ မီးခိုးမြူများကို ဖြစ်ပေါ်စေကာ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာများကို ဖြစ်ပွားစေသည်။ ကာဗွန်ဒိုင်အောက်ဆိုက်သည် က္ဘာကြီးကို ပိုမိုပူနွေးစေပြီး ရာသီဥတု ပြောင်းလဲမှုများကိုပါ ဖြစ်ပေါ်စေသည်။ ကျောက်မီးသွေး စက်ရုံများမှ ထွက်ရှိလာသော အမှုန်အမွှားများ ကလည်း အနီးပတ်ဝန်းကျင် ရှိ ဒေသခံပြည်သူများကို အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် အဆုတ်ရောဂါများကို ဖြစ်ပွားစေသည်။ ကမ္ဘာ့လေထုထဲသို့ ရောက်ရှိနေသော ကာဗွန်ဒိုင်အောက် ဆိုက် ဓာတ်ငွေ့စုစုပေါင်း၏ ၄၃ ရာခိုင်နှုန်း ခန့်မှာ ကျောက်မီး သွေးကိုမီးရှို့ရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် ကျောက်မီး သွေးကို လောင်မြိုက်စေခြင်းကြောင့် ထွက်ပေါ်လာသော ပြဒါး သည် လေထုထဲမှတစ်ဆင့် ရေထုအတွင်းသို့ ရောက်ရှိသည့်အခါ မီသိုင်းမာကျူရီ (Methylmercury)အဖြစ် ပြောင်းလဲသွားပြီး ရေသတ္တဝါများကို အဆိပ်ဖြစ်စေ သည်။ မီသိုင်းမာကျူရီ ပါဝင် ကိန်းအောင်းနေသော ငါးကိုစားသုံးမိပါက ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နှင့် အဆုတ်တို့ကို ပြင်းထန်စွာ ထိခိုက်စေသည်။

က္ဘာပေါ်ရှိ ကျောက်မီးသွေးတွင်းများအနက် နက်ရှိုင်း သော ကျောက်မီးသွေး တွင်းများကို တူးဖော်သည့်အခါ မီသိန်း ဓာတ်ငွေ့များ ထွက်ပေါ်လာ ပြီး လေထုထဲသို့ရောက်ရှိကာ က္ဘာကြီးကို ပိုမိုပူနွေးစေသလို ကျောက်မီးသွေး တွင်းများမှ ထွက်လာသော ရေများကလည်း အက်စစ်ဓာတ် လွန်ကဲနေမှု ကြောင့် ရေနေသတ္တဝါများကို သေကျေပျက်စီးစေသည်။ ကျောက်မီးသွေးကို လောင်စာအဖြစ် အသုံးပြုသော စက်ရုံများ၌ ကြွင်းကျန်သော ပြာမှုန်များထဲ တွင်လည်း ယူရေနီယံနှင့် သိုရီယံစသော ရေဒီယိုသတ္တိကြွ အနည်မှုန် စွန့်ပစ်ပစ္စည်းများ ပါဝင်နေရာ အချို့သော ကျောက်မီးသွေးစက်ရုံထွက် ပြာမှုန် များသည် နျူကလီးယားစက်ရုံထွက် စွန့်ပစ်ပစ္စည်းအချို့ထက်ပင် ရေဒီယို သတ္တြိ<ွကနှုန်း မြင့်မားနေတတ်သည်။

ကျောက်မီးသွေးစက်ရုံများမှ ထွက်ပေါ်လာသော ဘေးထွက် ပစ္စည်းများဖြစ်ကြသည့် အခိုးအငွေ့၊ အမှုန်အမွှားနှင့် အနည်အနှစ်များသည် လေထု၊ ရေထုနှင့် မြေထုများအတွင်းသို့ ပျံ့နှံ့ရောက်ရှိကာ လူတို့၏ ကျန်းမာရေးကို ခြိမ်းခြောက်လျက် ရှိနေသလို တိရ္ဆာန်မျိုးစိတ် အများအပြားကိုလည်း မျိုးသုဉ်း မည့် အ္တရာယ်အထိ ကျရောက်စေလျက် ရှိနေသည်။ ဘေးထွက် ပစ္စည်း စွန့်ပစ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် ဥပဒေ စည်းမျဉ်းများ အလွန်တင်းကျပ်သည့် အမေရိကန်ပြည်ထောင်စုတွင် ကျောက် မီးသွေးစက်ရုံထွက် ပစ္စည်းစွန့်ပစ်မှုနှင့် ပတ်သက်၍ ၂ဝ၁၄ ခုနှစ်အတွင်းက ပြဿနာတစ်ရပ် ဖြစ်ပွားခဲ့ဖူးသည်။ မြောက်ကာရို လိုင်းနား ပြည်နယ်အတွင်းရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံမှ ကျောက်မီးသွေးပြာ တန်ချိန်ပေါင်း ၈၂ဝဝဝ ခန့်မှာ ပတ်ဝန်းကျင်ရှိ ရေထုထဲသို့ မတော်တဆ ရောက်ရှိသွားခဲ့ရာ အဆင့်မြင့် နည်းပညာများသုံး၍ အလျင်အမြန် ကာကွယ်တားဆီး နိုင်ခဲ့သောကြောင့် ပြည်သူ လူထု၏ ကျန်းမာရေးကို သိသာစွာ ထိခိုက်မှု မရှိခဲ့သော်လည်း သဘာဝပတ်ဝန်းကျင် ညစ်ညမ်း အောင် လုပ်ဆောင်မှုဖြင့် အရေးယူခြင်းခံခဲ့ရသည်။

ကျောက်မီးသွေးစက်ရုံတို့၏ သဘောသဘာဝအရ ရေ ပမာဏအများအပြားကို သုံးစွဲကြရသည်ဖြစ်ရာ၊ တစ်နေ့တခြား ရေကြည်ရေသန့် ရှားပါးလာနေသော မျက်မှောက်ကာလ၏ ရေအရင်းအမြစ် ထိန်းသိမ်းကာကွယ်ရေးကို စိန်ခေါ်လျက် ရှိနေသည်။ လျှပ်စစ်ဓာတ်အား မီဂါဝပ် ၅ဝဝ ထုတ်လုပ်သော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တစ်ရုံသည် တစ်နှစ် လျှင် ရေလီတာပေါင်း သန်း ၈ဝဝဝ မျှ သုံးစွဲ နေရသည်။
ထို့ပြင် ကျောက်မီးသွေးစက်ရုံများမှ ထွက်ပေါ်လာသော စွန့်ပစ်ရေများ စီးဝင်ရာ မြစ်၊ချောင်း၊ ကန်တို့၏ ရေအပူချိန်ကလည်း ပျမ်းမျှ အားဖြင့် ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ခန့် တိုးလာသဖြင့် ရေပေါ်ရေ အောက်ရှိ အပင်ငယ်များနှင့် ရေနေသတ္တဝါတို့၏ ရှင်သန်မှုကို သိသာစွာ ထိခိုက်ပြီး ဂေဟစနစ်ကို ပျက်ယွင်းစေလျက်ရှိသည်။



" Coal မပါတဲ့လျှပ်စစ် ကုန်ထုတ်လုပ်ဖို့ ဖြစ်ပါ့မလား "



"No Coal" သမားကနေ " Essential Coal" အဖြစ်.. လူမုန်းခံပြီး ပြောင်းလဲ လက်ခံလိုက်တာဟာ.. ကျနော့မှာ ခိုင်လုံတဲ့ အကြောင်းပြချက် တွေရှိနေလို့ပါပဲ။ No Coal မိတ်ဆွေများ ဆဲချင်ရင် ကျနော့ကိုဆဲကြပါ။ ကိုယ့်ရဲ့ ယုံကြည်မှုအတွက် အံကြိတ်ခံပါ့မယ်။

■ ကျနော်ကတိပေးပါတယ်။ Coal Power Plant(CPP) တွေရောက်လာရင် အဲမှာ ကျနော်အလုပ် မလုပ်ပါဘူး။ ရှယ်ယာဝင်ဖို့လည်း အဆင့်မရှိဘူး။ ဒီဇယ်နဲ့ မီးပေးစားတဲ့ မိသားစုအလုပ်တောင် ပြုတ်သွားအုံးမှာ။ ကိစ္စမရှိဘူး။ နိုင်ငံတိုးတက်လာရင် တခြားအလုပ် ရှာလုပ်ယူမယ်။ ကိုယ့်စားခွက် ပျောက်မှာစိုးပြီး ပြောသင့်ပြောထိုက်တာကို ထုတ်မပြောဘူးဆိုရင် နိုင်ငံရဲ့ အနာဂါတ်အပေါ် သစ္စာဖောက်ရာကျမယ်။

■ ကျောက်မီးသွေးစက်ရုံ(CPP) တွေကို ဘယ်နေရာမှာ တည်ပါ၊ ဘယ်လောက် မဂ္ဂါဝပ်တည်ပါလို့ ကျနော် မပြောလိုဘူး။ အဲလိုပြောရအောင် ကိုယ်က ပညာရှင်လည်းမဟုတ်ဘူး။ ဒါပေမဲ့ မြန်မာပြည်ထဲမှာ CPP တည်မှရမယ် ဆိုတာကိုတော့ ကောင်းကောင်း သိတယ်။
"Coal ဟာ USDPခေတ်က အန္တရာယ်များပြီး၊ NLD ခေတ်မှာ သန့်စင်သလား?" လာမရွဲ့ပါနဲ့။ အဲဒီခေတ်က 10000 MW ထားဝယ်မှာတည်ပြီး ထိုင်းပို့မှာ မို့လို့ ကိုယ်တိုင် ကန့်ကွက်ခဲ့ပါတယ်။ ဒါတောင် 4000 MW ပဲဆိုပြီး လိမ်ပြောသေးတယ်။ (ပုံတွင်ရှု)

■ Coal မဆောက်ပဲ Hydro လုပ်လို့ မရဘူးလား? မေးစရာရှိတယ်။ နွေရာသီ ရေခမ်းရင် ဘယ်လိုလုပ်မလဲ ပြန်မေးရမှာပဲ။ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေကတော့ ထိခိုက်မှုနည်းအောင် Small Dam ပဲလုပ်ပါဆိုပြီး တိုက်တွန်းလေ့ ရှိပါတယ်။ လက်တွေ့မှာကျတော့ Hydro က MW နည်းရင် စီးပွားရေးတွက်ခြေမကိုက်လို့ ဘယ်သူမှ လာမလုပ်ဘူး။ ဒါဆို Small Dam ဘာလို့ခေတ်စားနေလဲ ?? လျှပ်စစ်လုံလောက်ပြီးသား တိုင်းပြည်တွေမှာ ချမ်းသာတဲ့အစိုးရရဲ့ ပံ့ပိုးမှုနဲ့ လုပ်ကြတာပါ။

■ လျှပ်စစ်ဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၆ အမြင့်ဆုံး မီးသုံးအား 2700 MW ၊ ယခုနစ် 3000 MW ကျော်တယ်။ အိမ်သုံးလျှပ်စစ်ပဲ ရှိတာတောင် တစ်နှစ် 300 MW ကျော်တိုးလာတယ်။ ကုန်ထုတ်လုပ်ငန်းပါ လုပ်မယ်ဆိုရင် တစ်နှစ် 500MW နှုန်းတိုးလာပါမယ်။ ဝေးဝေးမစဉ်းစားဘဲ နောက် ၅ နှစ်အတွက်ပဲ စဉ်းစားကြရအောင်။ နောက်ထပ် 2500 MWလိုမယ်။ ဘာနဲ့ ထပ်ထုတ်မလဲ?

■ ကမ္ဘာ့နိုင်ငံ ၈၀ % ကျော်ဟာ နိုင်ငံ့လျှပ်စစ်ကို Hydro+Gas+Solar+Coal ဆိုတဲ့ ၄- မျိုးကိုပဲ Generation Mix လုပ်ပြီး သုံးပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ဒီ(၄)မျိုးထဲက ရေအားနဲ့ ဂက်စ် (၂)မျိုးတည်း အဓိကသုံးထားတော့ ခြေနှစ်ဖက် ပြတ်နေတဲ့ ဆင်ကြီးလို ဖြစ်နေတာပါ။ ဒါကြောင့် ကျောက်မီးသွေးရော၊ ဆိုလာရော အချိုးညီညီ ထပ်မံတည်ဆောက်ဖို့ ပြောနေရတာပါ။

■ မြန်မာပြည်မှာ ၅နှစ်အတွင်း ထပ်လိုတဲ့ 2500 MW ကို ဘယ်လိုထုတ်မလဲ စဉ်းစားကြည့်ရအောင်ပါ။
(၁)-ရေအား။ ။ ဆောက်လက်စ Hydro တွေ ဘတ်ဂျက် ရရင်တောင် 1000 MW ရဖို့ မလွယ်ဘူး။ ဒါပေမဲ့ 1000 MW ရမယ် ထားလိုက်။

(၂)-ဂက်စ် ။ ။ ၅ နှစ်အတွင်း တွင်းသစ်မရှိဘူး။ ရတနာနဲ့၊ ရဲတံခွန် ထွက်နှုန်းကျလာပြီ။ ဒါပေမဲ့ ထိုင်းနဲ့တရုတ်ကို အသနားခံပြီး ပြန်ဝယ်တောင်းလို့ 500 MW ရမယ် ထားလိုက်။
(၃)ဆိုလာ ။ ။ ဆိုလာအားသန်သူများက မင်းဘူးနဲ့ မြင်းခြံမှာ solar -200 MW ကို မဖြစ် ဖြစ်အောင် ဆောက်။ solar နဲ့ 200 M ရမယ် ထားလိုက်။ 1700 MW တော့ရပြီ။

(၄) Coal ။ ။ကျန်တဲ့ 800 MW ကိုဘာနဲ့ ဆောက်မလဲ? Coal ကလွဲပြီး အခြားရွေးချယ်စရာ လုံးဝ(လုံးဝ) မရှိပါခင်ဗျာ။ Nuclear ကလည်း ကိုယ်နဲ့အဝေးကြီး မို့လား။

■ အဓိက အရေးကြီးဆုံးကတော့ ကိုယ့်အလုပ်ကိုယ် တာဝန်ကျေဖို့ပါ။
- solar/ပတ်ဝန်းကျင် သမားတွေက ၅ နှစ်အတွင်း ဆိုလာနဲ့ 200 MW ပြည့်အောင်ထုတ်ဖို့ပဲ ကြိုးစား။ Coal နဲ့ Hydro တွေ ဘာဖြစ်တယ်၊ ညာဖြစ်တယ် လိုက်ပြောမနေနဲ့။ ဒီဘက်ခေတ်မှာ ပတ်ဝန်းကျင် ထိမ်းရမဲ့ကိစ္စ ကလေးကအစ သိတယ်။
- Hydro ဆရာသမားတွေ ကလည်း 1000 MW ရအောင် အရင် လှော်ထား။ Global Warming တွေဘာတွေ ပြောနေရမဲ့အချိန် မဟုတ်သေးဘူး။
- Coal သမားကလည်း လူပြောလွတ်အောင် ပတ်/ထိမ်း ဥပဒေနဲ့အညီ တိတိကျကျလုပ်။ Renewabl Energy ကို ရိသလိုလို၊ ရွဲ့သလိုလို မလုပ်ကြနဲ့ဗျ။

■ Coal ကြိုက်သူရော၊ မကြိုက်သူရော.. ကျနော်တို့ ပြန်စဉ်းစားကြည်ရအောင်။
မနက်အိပ်ရာထတာနဲ့ Colgate နဲ့ သွားတိုက်တိုက်ပြီး စူပါကော်ဖီလေး သောက်လိုက်တယ်။ ညအိပ်တဲ့အထိ တစ်နေကုန်စားသောက် ခဲ့တဲ့အထဲမှာ မြန်မာပြည်ထုတ်ကုန် ဘယ်နှစ်ခုပါသလဲ။ ဦးထုပ်ကနေ ဖိနပ်အထိ အသုံးအဆောင်ပစ္စည်းတွေ အားလုံးနီးပါးဟာ ထိုင်းနဲ့တရုတ် ပစ္စည်းတွေချည်းပဲမဟုတ်လား။ အဲဒီပစ္စည်းတွေ တစ်ဝက်လောက်က ကျောက်မီးသွေးသုံးပြီး ထုတ်ထားတယ်ဆိုတာ မေ့နေကြသလား။

■ အနီးစပ်ဆုံး စဉ်းစားကြည့်မယ်။ မြန်မာပြည်ကငါး၊ မြန်မာပြည်ကလူ၊ ဘန်းချာင်းက ကျောက်မီးသွေးနဲ့ ငါးသေတ္တာဗူးတွေထုတ်။ ပြီးရင် မြန်မာပြည်ကိုတင်သွင်း။
နောက်တစ်ခု..မြန်မာပြည်နယ်စပ်က မြေစေးတွေတူး၊ မြန်မာ့ကျောက်မီးသွေးသုံးပြီး ဘိလပ်မြေထုတ် ၊ကြွသေီးထုတ်၊ မြန်မာပြည်တင်သွင်း။ ကျနော်တို့က ပျော်ပျော်ဂျီး ဝယ်သုံး။ ညာဏ်ကြီးရှင် မြန်မာဒွေ။

■ တနင်္သ࿿ာရီ မောတောင်မှာ ကျောက်မီးသွေး ရှိခဲ့ပေမဲ့
" မသန့်ဘူး" ဆိုပြီး အိငြောင်အိငြောင် လုပ်နေချိန်မှာပဲ Italian-Thai က လာတူးသွားတယ်။ မောတောင်ကျောက်မီးသွေး တစ်တွင်းလုံးအတွက် "မန္တလေး အမရပူရလေဆိပ်သစ် တစ်ခုပဲ ရလိုက်တယ်" လို့ကြားဖူးတယ် ။ ညာဏ်ကြီးရှင် မြန်မာဒွေ။

■ ကျွန်တော်တို့က မြန်မာပြည်ကျောက်မီးသွေးဟာ "စတုတ္တတန်းစားတွေပါ" လို့ ပြောဆို ငြင်းခုံနေစဉ်မှာပဲ..
ထားဝယ် ဘန်းချောင်းမှာ ထိုင်းငထုံတွေ လာတူးနေကြတာ.. ကုန်တော့မယ်။ အဲဒီ စတုတ္ထတန်းစား တွေကို ဩဇီပထမတန်းစားcoal နဲ့ mix လုပ်ပြီး သုံးသတဲ့။ ဒီထိုင်းဒွေ မကြောက်ကြဘူးလား မသိ။
ဒီမှာကတော့ "Coal ဆိုရင် No ပါ" လုပ်နေတုန်း။ ညာဏ်ကြီးရှင် မြန်မာဒွေ။

■ ဟိုလီဖီးဟာ မိုက်တိုင်စန်ကို နိုင်လိုက်တယ်ဆိုပေမဲ့ မိုက်တိုင်စန်ရဲ့ လက်သီးချက်တွေကို တော်တော်ခံစား လိုက်ရပါတယ်။ ဂျပန်ဟာ ယနေ့အထိ ကျောက်မီးသွေးရဲ့ ဆိုးကျိုးအနည်းငယ်ကို ကြံ့ကြံ့ခံရင်း ထိပ်တန်းအဆင့်မှာ ရပ်တည်နေတယ်။ မြန်မာပြည် တိုးတက်ချင်ရင်လည်း နည်းနည်းတော့ အနာခံရမှာပဲ။ လင်လိုချင်ရင်တော့ အပျိုစဉ်ဘဝကို စွန့်ရမှာပဲ။ ကျောက်မီးသွေး ဆိုတဲ့အသံကို မကြားချင်ဘူး ဆိုရင်တောင်မှ နားလေးခဏပိတ်ထားပြီး.. ဖားကန့်မှာ ရေမဆေးကျောက် ရှာနေသူတွေ၊ ထိုင်းမှာ ကျွန်ခံနေရ သူတွေရဲ့ မျက်နှာကိုတော့ မြင်အောင် ကြည့်ပေးကြပါ။

■ နောက်ဆုံးအချက်အနေနဲ့ .. စက်မှုဇုန်တွေ အောင်မြင်ဖို့အတွက် အကြံပြုချင်တယ်။
"မိမိဇုန်သုံးလျှပ်စစ်ကို မိမိဇုန်အတွင်း သင့်ရာနည်းလမ်းဖြင့် ထုတ်ယူသုံးစွဲရမည်"
ဆိုပြီး ကြေငြာချက်ထုတ်ပေးလိုက်ပါ။ အစိုးရငွေ တစ်ပြားမှစိုက်စရာမလိုဘဲ လျှပ်စစ်စက်ရုံတွေ ပေါ်လာလိမ့်မယ်။ သူ့ဇုန်မှာ သူ့လျှပ်စစ် လုံလောက်ပြီဆိုရင် TOYOTA , HONDA နဲ့ အခြားကုမ္ပဏီကြီးတွေ ပြေးလာကြလိမ့်မယ်။

ဒေါက်တာ ဝင်းထိန်(9.6.17)


ကျောက်မီးသွေးစက်ရုံCleaner coal နဲ့ carbon captured and storage (CCS) နည်းပညာတွေ ဘာလဲ ဘယ်လိုလဲ ?


Cleaner coal နဲ့ carbon captured and storage (CCS) နည်းပညာတွေ ဘာလဲ ဘယ်လိုလဲ သိဖို့ လိုလာပါတယ်။

CO2 ကို ဘယ်လို ဖမ်းလဲ 
------------------------------

ဖမ်းနည်း ၃ နည်း ရှိပါတယ်။ ပထမနည်းက ကျောက်မီးသွေး မီးရှို့ပြီး ထွက်ပေါ်လာတဲ့ CO2 ကို အရည်တမျိုးထဲ ဖြတ်ခိုင်းပြီး CO2 ကို စုတ်ယူထားလိုက်တယ်။ ဒီ အရည်ကို ပြန်အပူပေးရင် CO2 ပြန်ထွက်လာကာ ဖမ်းယူ သိမ်းရတယ်။ ဒုတိယနည်း ကျောက်မီးသွေး မီးမရှို့ခင် အောက်ဆီဂျင်လွှတ်ပြီး syngas ကာဗွန်မိုနောက်ဆိုက်နဲ့ ဟိုက်ဒြိုဂျင် ဖြစ်စေတဲ့ နည်းလည်း ရှိပါတယ်။ ဒီ syngas ကို ရေငွေ့နဲ့ပေါင်းစေပြီး CO2 ပြန်ဖြစ်စေပြီး စုယူတယ်။ နောက် ဆုံး တနည်းကတော့ ကျောက်မီးသွေး အောက်ဆီဂျင်ထဲမှာ မီးရှို့ပါတယ်။ ရေငွေ့နဲ့ CO2 ထွက်လာပြီး အအေးခံကာ ပြန်ခွဲပါတယ်။

CO2 တွေ ဘယ်လို သိမ်းထားမလဲ ?
------------------------------------------

CO2 တွေကို ဖိအားပေးပြီး ပိုက်များနဲ့ ချိတ်ဆက်ပို့လွှတ်ပြီး သိုလှောင်သိမ်းဆည်းပါတယ်။ သူတို့ကို ရေနံတွင်းဟောင်း ဓာတ်ငွေ့တွင်းဟောင်းတွေထဲ၊ တူးဖော်မှု မပြုလုပ်နိုင်တဲ့ ကျောက်မီးသွေးကျောတွေ အောက်၊ ဆားအောင်းလွှာတွေအောက် ပို့လွှတ် သိမ်းဆည်းပါတယ်။ ဒီနေရာတွေ ရောက်အောင် ပိုက်လိုင်းဖြင့် သွယ်ယူပါတယ်။

ဒါဆို Cleaner coal တွေ ဆောက်ကြမလား ?
---------------------------------------------------
အနောက်နိုင်ငံတွေကတော့ ပိုကုန်ကျတဲ့ ကျောက်မီးသွေး CCS (carbon capture and storage) တွေ ဆောက်မယ့် အစား gas စက်ရုံ ဆောက်တာပဲ ပိုအားသန်ကြပါတယ်တဲ့...။ ဓာတ်ငွေ့ ဈေးဟာ အခု တယူနစ် ၂ ဒေါ်လာပါ။ ဓာတ်ငွေ့ဈေး တယူနစ် ၇ ဒေါ်လာထက် မြင့်လာမှပဲ ဒီလို စက်ရုံတွေ ဆောက်ကြလိမ့်မယ်လို့ တွက်ချက်ပါတယ်။ အိုဘားမားကတော့ ကျောက်မီးသွေး စက်ရုံတွေဟာ သူတို့ ထုတ်လွှင့်တဲ့ CO2 ၄၀% ကို ဖမ်းပေးနိုင်တယ်ဆိုရင် တည်ဆောက်ခွင့်ပေးပါတယ်။

အကြီးဆုံး အခက်အခဲတွေက ဘာလဲ ?

--------------------------------------------
ကုန်ကျစရိတ်ပါ။ သာမာန်ကျောက်မီးသွေး စက်ရုံထက် ၇၅% ကုန်ကျစရိတ် ပိုစေပါတယ်။ CO2 တွေ သယ်ယူပြီး သိုလှောင်မယ့်အခြေခံ အဆောက်အအုံ အတွက် အကြီးအကျယ် ကုန်ကျစရိတ်တက်ပါတယ်။ ဒါတွေ တတ်ဆင် ထားပေမယ့်လည်း စစ်ဆေးမှု မရှိမချင်း စက်ရုံတွေဟာ လူမသိ သူမသိ လေထုထဲကို CO2 တွေ လွှင့်ထုတ် နိုင်ပါတယ်။ (CCS process အတွက် လျှပ်စစ်လိုပါတယ်။ စက်ရုံရဲ့ထုတ်လုပ်လိုက်တဲ့ လျှပ်စစ်ရဲ့ ၂၅% ကို အသုံးပြုရမှာပါ)

CCS ပါတဲ့ စက်ရုံတွေ တကယ်ကောင်းပြီလား?
-----------------------------------------------------

ဒီနည်းပညာဟာ ကာဗွန်နဲ့ လေထု ညစ်ညမ်းမှုကို သက်သာစေတာဖြစ်ပြီး အခြား အဆုတ်ရောဂါ၊ ပန်းနာ နဲ့ နှလုံးရောဂါ အတွက်တော့ မကာကွယ် နိုင်ပါဘူး။ တောင်အလုံးလိုက်ဖျောက်တဲ့ မိုင်းတူးမှုနဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကုန်ကျမှုလည်း လျော့ မကျသွားဘူး။ (ကျောက်မီးသွေးမိုင်းဟာ ကမ္ဘာကြီး အပူချိန် မြင့်တက်စေတဲ့ GHG ဓာတ်ငွေ့ တမျိုးဖြစ်တဲ့ မီသိန်း ဒုတိယအထွက်ဆုံးနေရာဖြစ်ပြီး (ပထမ --> သဘာဝဓာတ်ငွေ့ တူးဖော်မှု) အသက်အန္တရာယ်အများဆုံး မိုင်းတူးဖော်မှုဖြစ်တယ်၊ မကြာခင်ကတင် အီရန်မှာ ကျောက်မီသွေးတွင်း မီသိန်း ပေါက်ကွဲမှုကြောင့် ၂၄ ဦးသေဆုံးပြီး တရုတ်မှာ ရထားဥမှင်လှိုင်တူးတဲ့ အဖွဲ့ ကျောက်မီးသွေးကြောမှ မီသိန်းနဲ့တိုးကာ မီးလောင်ပေါက်ကွဲလို့ ၁၁ ယောက်သေပါတယ်) CCS မှာ ရေနံပါ ပါဝင်ပတ်သက်ရရင် ရေနံအတွက်လည်း ပတ်ဝန်းကျင် ညစ်ညမ်းမှု ကုန်ကျစရိတ်ပိုပါတယ်။

သိမ်းဆည်းထားတဲ့ CO2 တွေ စိမ့်ထွက်နိုင်မလား?
------------------------------------------------------------

စွမ်းအင်ပါရဂူတွေ အပြောအရ စိမ့်ထွက်နိုင်စွမ်းနည်းပေမယ့် စိမ့်ထွက်တာလည်း ဖြစ်နိုင်ပါတယ်။ ရေနံတွင်းဟောင်းတွေ မှာ သိမ်းဆည်တာဟာ မမြင်ရနိုင်တဲ့ အပေါက်များလည်း ရှိနိုင်ပါတယ်.။ ဒီက စိမ့်ထွက်လာတဲ့ CO2 ဟာ မြေအောက်ရေ ကို ညစ်ညမ်းစေပြီး လေထုထဲကို ပြန်ရောက်လာနိုင်ပါတယ်။ ၁၉၈၆ ကင်မရွန်းမှာ မီးတောင်ပေါက်ကွဲရာက မြေအောက်မှ CO2 တိုးထွက်လာက တိမ်တိုက်ကြီးအသွင် ဖုံးလွှမ်းခဲ့လို့ လူ ၁၇၀ဝ ဟာ အသက်ရှု မရဖြစ်ကာ သေဆုံးခဲ့ပါတယ်။ ကောင်းမွန်တဲ့ သိုလှောင်မယ့် နေရာ ရှာဖွေရတာတင် အချိန်များစွာကြာမှာပါ။


"ဆိုလာ၊လေအားအားကိုးလောက်သလား "
https://www.facebook.com/win.htein.9/posts/1352903991454550


Solar လျှပ်စစ်ဟာ ကမ္ဘာတည်သရွေ့ အကောင်းဆုံးအစွမ်းအင် ဖြစ်နေမယ်ဆိုတာကို အားလုံး လက်ခံထားကြတယ်။ ယနေ့ခေတ်မှာ ဆိုလာပြားတွေ ဈေးပေါပြီး ပမာဏများများလည်း ထုတ်နိုင်လာတာ တွေ့ရပါတယ်။
 လေးစားရတဲ့ ဆရာDr.ဦးထွန်းလွင် နဲ့ ဒုဝန်ကြီး Dr. Tun Naing တို့ရဲ့ မနေ့က fb Post တွေကိုဖတ်ရလို့ ကိုယ်တွေ့ Solar အကြောင်း ရေးဖြစ်တာပါ။

■ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက နိုင်ငံပေါင်းစုံမှ ဆိုလာလျှပ်စစ်ထုတ် ကုမ္ပဏီပေါင်းများစွာ မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံဖို့ လာရောက် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ယနေ့အထိ မြန်မာပြည်မှာ (၁)မဂ္ဂါဝပ်ပြည့်အောင် ထုတ်နိုင်တဲ့ ဆိုလာစက်ရုံတောင် တစ်ခုမှ မရှိသေးပါဘူး။ ဘာဖြစ်လို့လဲ ?

■ နိုင်ငံတကာ ဆိုလာကုမ္ပဏီကြီးတွေဟာ လျှပ်စစ်ငတ်မွတ် ခေါင်းပါးနေတဲ့ မြန်မာပြည်ကို အားတက်သရော ချီတက်လာကြပြီး လျှပ်စစ်ဝန်ကြီးဌာန လူကြီးတွေနဲ့ officially သွားတွေ့ကြပါတယ်။ တာဝန်ရှိသူတွေက တစ်ယူနစ် ပြည်သူ့ရောင်းဈေး ၃၅ ကျပ်ပဲရှိတဲ့အတွက် (၁၅၀)ကျော်ရင် ဝယ်ယူဖို့ အခက်အခဲရှိတယ်လို့ ရှင်းပြတယ်လို့ ဆိုပါတယ်။ ဒီတော့ အသာလေး နောက်ဆုတ်သွားကြတယ်။

■ဇွဲကောင်းတဲ့တစ်အဖွဲ့ တချို့ဟာ (တစ်ယူနစ် ၃၀ဝ ကျော်ပေါက်ဈေးရှိတဲ့) တနင်္သ࿿ာရီတိုင်းကို ရောက်လာတတ်ပါတယ်။ တိုတိုပြောရရင်တော့ နောက်ဆုံး ဒီဇယ်နဲ့ မီးပေးစားနေတဲ့ "ကျနော်တို့" ဆီ ရောက်လာပါတယ်။ solarအဖွဲ့ပေါင်း ၂၀-၃၀ မက တွေ့ဆုံ ဆွေးနွေး ဖူးပါတယ်။ ကမ္ဘာ့အဆင့် ကုမ္ပဏီကြီးတွေ ပါသလို၊ လိပ်စာကဒ် မခြောက်သေးတဲ့ကုမ္ပဏီ လည်းပါပါတယ်။

■ လာတဲ့အဖွဲ့တိုင်းက "ဒီဇယ်နဲ့ တစ်ယူနစ် ထုတ်လုပ်မှုစရိတ် ဘယ်လောက်ကျသလဲ" မေးပါတယ်။ "(၂၀ဝ)ကျော်ခန့် ကျတယ်" ပြန်ဖြေတဲ့အခါ..
"solar နဲ့ဆိုရင် (၁၅၀)ခန့်သာ ကျသင့်တယ်" လို့ ပြောပါတယ်။ အဲဒီတော့ ကျနော်က..
"ခင်ဗျားတို့ ကုမ္ပဏီက ကိုယ့်ဘာသာ solar နဲ့လာထုတ်ပါ။ ၁-၁၀ မဂ္ဂါဝပ်အတွင်း ထွက်သလောက် ဝယ်မယ်" ဆိုပြီးပြန်ပြောပါတယ်။ ဒါပေမဲ့ အဲဒီsolar အဖွဲ့တွေ နောက်တစ်ကြိမ် ပြန်လာလေ့ မရှိဘူး။ ဆိုလာ crazy တော်တော်များများကလည်း တစ်ယူနစ် ၁၅၀ ကျပ်လောက်နဲ့ ရနိုင်တယ်ဆိုပြီး ပြောကြပါတယ်။
အမှန်က ဒီလောက်အထိ မသက်သာပါဘူး။ ဒီလောက်လည်း မလွယ်ဘူး။

■ ဒါနဲ့ပါတ်သက်ပြီး ဥပမာတစ်ခု ပေးပါမယ်။
အူစိန်ဘော့ ဟာ 'မီတာ ၁၀ဝ ကို ၉.၅၈ စက္ကန့်' နဲ့ ပြေးနိုင်တယ်ဆိုပေမဲ့ "မီတာ ၁၀ဝ၀ဝ ကို ၉၅၈ စက္ကန့်" နဲ့ ပြေးနိုင်တယ်လို့.. ပြောလို့မရဘူး။
ဆိုလာစက်ရုံဟာလည်း ဒီအတိုင်းပဲ။ ၅ မဂ္ဂါဝပ် solar farm ဟာ တစ်နေ့ခင်းလုံး ၅ မဂ္ဂါဝပ် ထွက်နေတာမဟုတ်ဘူး။ ဒီတော့ ၅ MWလိုရင် ၈ MW လောက် တည်ရတယ်။ ဆိုတော့ ရင်းနှီးမြုပ်နှံမှုစရိတ်က များလာတယ်။

■ ဒီဇယ်+ဆိုလာ Hybrid လုပ်ပါလား မေးစရာရှိတယ်။
တွက်ခြေမကိုက်လို့ မလုပ်တာပါလို့ ဖြေရမှာပဲ။ 8MW အတွက်တောင် ဒေါ်လာ ၁၀ သန်းကျော် လိုတဲ့အတွက် အတိုးမဲ့ ငွေချေးပေးမယ် ဆိုရင်တောင် မရင်းရဲဘူး။ ဘာလို့လဲဆိုတော့.. မဂ္ဂါဝပ်နည်းရင် လက်တွေ့မှာ ဒီဇယ်ထက် ထုတ်လုပ်မှုစရိတ် ပိုများသွားပါတယ်။ နိုင်ငံတော်အစိုးရကဆီက အကူအညီရမလား ဆိုတော့လည်း ပြည်မမှာတောင် လျှပ်စစ် နပ်မမှန် သေးဘူး။

■ ကိုယ့်ဒေသ/နယ်ပယ်ဖြစ်တဲ့ တနင်္သ࿿ာရီတိုင်းမှာ ဒီဇယ်လျှပ်စစ်ကို အစားထိုးလိုတဲ့အတွက် ထိုင်းနိုင်ငံက နေအား၊လေအား၊အမှိုက် စတဲ့အသေးစား လျှပ်စစ်စက်ရုံ အတော်များများကို သွားရောက်ဆွေးနွေး လေ့လာဖူးပါတယ်။ EGAT(Electricity Generating Authority of Thailand)က အကြီးဆုံးပုဂ္ဂိုလ်နဲ့လည်း သွားဆွေးနွေးဖူးပါတယ်။ ပြီးခဲ့တဲ့ မေလကလည်း ထားဝယ်ကုန်သည် အသင်းနဲ့အတူ
(3 farm × 8 MW) solar farm နဲ့ 150 MW coal power plants တို့ကို (ကိုယ့်စရိတ်နဲ့ကိုယ်) သွားရောက် လေ့လာခဲ့ပါတယ်။

■ Solar farm က တာဝန်ရှိသူတွေနဲ့ သေသေချာချာ ဆွေးနွေး ခဲ့ပါတယ်။ 8 MW တစ်ရုံဟာ မြိတ်/ထားဝယ်အတွက် ကွက်တိ မို့လို့ ထားဝယ်ပြန်ရောက်တော့လည်း ဒီsolar ကုမ္ပဏီနဲ့ ထပ်ဆက်သွယ် ပါသေးတယ်။ သူတို့ဆီက ပြန်မေးတဲ့ မေးခွန်းတွေကို နားလည်သလို ပြန်ပြောရရင်..

■ EGAT လိုမျိုး တစ်ယူနစ် ၆ ဘတ် (၂၄၀ကျပ်) နဲ့ ဝယ်နိုင်သလား? ။
- 24 MW လောက်တည်မှ စီးပွါးရေးအရ တွက်ခြေကိုက်မှာမို့လို့ (မြိတ်မြို့နေ့ခင်းသုံး 10MW ထက်ပိုလျှံတဲ့လျှပ်စစ်ကို) National Grid ထဲပို့ပြီး ရောင်းလို့ရသလား?။
- အနည်းဆုံး နှစ်- ၃၀ စာချုပ် ချုပ်ပေးနိုင်မလား? တဲ့ ။
(ပြည်တွင်းက ဆိုလာနဲ့ နီးစပ်သူများ ကူဖြေပေး/ထောက်ပြပေးစေလိုပါတယ်)
(150 ကျပ်လောက်နဲ့ မရနိုင်ဘူးလား ဈေးဆစ်ကြည့်တော့ .. ၁၅၀ လောက်နဲ့ရရင် သူတို့ တခြားအလုပ်မလုပ်ဘဲ solar ချည်းလုပ်ပြီး EGAT ကို ရောင်းစားမှာပေါ့ တဲ့ ။)

■ ဒီတော့ solar/wind/အမှိုက် စတဲ့ renewable energy (only) နဲ့ပဲ လျှပ်စစ်ထုတ်ဖို့ တိုက်တွန်းနေသူတွေကို ပြန်မေးချင်ပါတယ်။ တစ်ယူနစ် ၃၅ ကျပ်ကနေ ၁၀ဝ ကျပ်တက်ဖို့တောင် ညှိမရ ဖြစ်နေတဲ့ မြန်မာပြည်မှာ... မီတာခတစ်ယူနစ် ၂၄၀ ကျော်တန် renewable လျှပ်စစ်တစ်မျိုးတည်းနဲ့ တိုင်းပြည် တည်ဆောက်လို့ ရနိုင်ပါ့မလား?

■ တရားပြဆရာတော်တွေ ဟောတဲ့အထဲမှာ မှတ်သားဖူးတဲ့ စကားလေးတစ်ခု ရှိပါတယ်။ လက်တွေ့ တရားအားထုတ်တဲ့အခါ .."စာခံများရင် ညဏ်စဉ်တက်ရခက်" တတ်သတဲ့။ ဒီလိုပဲ Renewable တစ်ခုတည်းနဲ့ တိုင်းပြည်တည်ဆောက်ဖို့ ပြောနေသူများကိုလည်း "သီအိုရီတွေ၊ စာခံတွေ" မများကြဖို့ တိုက်တွန်းလိုပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်ခန့်ကတည်းက ခွင့်ပြုပေးထားပြီးဖြစ်တဲ့ မင်းဘူးနဲ့ မြင်းခြံ 100 MW solar power plant တွေဟာ အခုထိ ဘာမှဖြစ်မလာသေးတဲ့ အကြောင်းအရင်းကို အနီးကပ်လေ့လာ ဖို့လိုပါမယ်။

■ အခု ပြည်သူအချို့ ဖြစ်ပျက်နေပုံက renewable လျှပ်စစ် ကိုပဲလိုတယ်၊ မီးအားပြည့်ပြီး ဝန်ဆောင်မှု ကောင်းကောင်းကိုလည်း လိုချင်သေးတယ်။ မီတာခကိုကျတော့ ၃၅ ကျပ်ထက် တိုးမပေးချင်ကြဘူး။ စက်မှုနိုင်ငံကလည်း ထူထောင်ချင်သေးတယ်။ လက်တွေ့မှာကျတော့ အကောင်းချည်း ရချင်လို့ ဖြစ်နိုင်ပါ့မလား။
■ ယနေ့ခေတ် မြန်မာပြည်သူအားလုံးဟာ မြန်မာပြည်ကိုချစ်သလို သဘာဝပတ်ဝန်းကျင်ကိုလည်း "နှလုံးသားနဲ့ရင်းပြီး" ချစ်တတ်ကြပါတယ်။ တကယ့်လက်တွေ့ဘဝမှာ "နှလုံးသားတစ်ခုတည်းနဲ့" ချစ်တာဟာ လုံလောက်ပါ့မလား။ ကျနော့အနေနဲ့ကတော့ "ဦးနှောက်နဲ့ ချင့်ချိန်ပြီး နှလုံးသားနဲ့ ချစ်" မှသာလျှင် ကောင်းကျိုးလိုရာ ရောက်လိမ့်မယ်လို့ ယူဆပါတယ်။

ဒေါက်တာ ဝင်းထိန် (4.6.17)သြစကြေးလျအစိုးရအနေဖြင့် ကျောက်မီးသွေး ဓာတ်အားပေးရုံကို နိုင်ငံတကာ ညစ်ညမ်းမှုလျှော့ချရေး သဘောတူညီချက်နှင့်အညီသာ ဆောင်ရွက်ရလိမ့်မယ်လို့ အဖွဲ့အစည်းအများအပြားက ထောက်ပြ ခဲ့ကြပါတယ်။

ကျောက်မီးသွေးကို သန့်စင်ပြီး စွမ်းအင်ထုတ်ပါက လျှပ်စစ်မီဂါဝပ်နာရီ တစ်ယူနစ်ကို သြစတြေးလျ ၃၅၂ ဒေါ်လာ ကုန်ကျလိမ့်မည် ဖြစ်ကြောင်း အဆိုပါ စရိတ်သည် လေစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင်တို့ထက် သုံးဆများလိမ့်မည်ဖြစ်ကြောင်း တွက်ချက်ပြခဲ့ပါတယ်။

ဆစ်ဒနီအခြေစိုက် BNEF မှ Leonard Quong က “ တကယ်လို့ အစိုးရက ကျောက်မီးသွေးကို လုပ်ငန်းတစ်ခုလုံးစာအတွက် အန္တရာယ်ဖြစ်စေမှုလျှော့ချ ပြီး၊ အနာဂါတ်ကာလ ဆိုးကျိုးတွေအတွက်ပါ အကုန်အကျခံပေးခဲ့မယ်ဆိုရင် တောင် မီဂါဝပ်နာရီ တစ်ယူနစ်ကို သြတြေးလျ ဒေါ်လာ ၉၄ ကုန်ကျမှာ ဖြစ်ပြီး ဒါဟာလည်း လေအား၊ နေရောင်ခြည် နဲ့ ဓာတ်ငွေ့တို့ထက် ပိုမိုမြင့်မားလိမ့်မှာ ဖြစ်ပါတယ် ” လို့ပြောကြားခဲ့ပါတယ်။
သြစတြေးလအမျိုးသားတက္ကသိုလ် မှ Frank Jotzo ကလည်း အဆိုပါ အချက်အလက်များအတိုင်း ထောက်ခံရေးသားခဲ့ပါတယ်။

မဲလ်ဘုန်မ်းစွမ်းအင် အင်စတီကျူ့မှ Dylan McConnell ကလည်း သန့်စင်သော ကျောက်မီးသွေး ဓာတ်အားပေးရုံ တည်ဆောက်ထုတ်လုပ် ခြင်းဟာ အမေရိကန်ဒေါ်လာ ၆၂ ဘီလျံ ကုန်ကျမှာဖြစ်ပြီး၊ ကျောက်မီးသွေး ညစ်ညမ်းမှုလျှော့ချရေးအတွက် ၂၇ ရာခိုင်နှုန်း ကို အသုံးပြုရလိမ့်မယ်လို့ ထောက်ပြထားပါတယ်။ကျွန်တော် လွန်ခဲ့ တဲ့ ၃ နှစ် က ရေးခဲ့သော solar generation အကြောင်း ( ဗဟုသုတပါ )
Solar generation ကို အရမ်း သဘော ကျလို့ လေ့လာတာပါ၊

ဒါပေမဲ့ မြန်မာ ပြည်မှာ Solar ချည်ပဲ အားကိုး လို့ မရကြောင်း ပါ၊ ကျောက်မီးသွေး ရေအား တွေ နဲ့ အတူ သွားရမှာပါ ။
တိုင်းပြည် တိုးတက်လာ ရင် အခုလို မီး ပြတ်လို့ မရကြောင်းပါ။


Solar power energy system ( အပိုင်း ၁ )




အနာဂါတ်မှာ ပြည့် ဖြိုး စွမ်းအင် ဖြစ်တဲ့ solar energy system တွေ ကို အများကြီးတွေ့ရမှာပါ ။ solar system မှာ ၂ မျိုးတွေ့ရပါတယ်။
1-Photovoltaics ( PV )
2- Concentrated solar power( CSP )
Photovoltaics ( PV ) ဆိုတာကတော့ နေရောင်ခြည် ကနေ solar cell ပြားတွေ ပေါ်တိုက်ရိုက်ကျ တဲ့နေရောင် ခြည် နေ လျပ်စစ်ဓါတ် ထွက်ပြီး ထွက်လာတဲ့ လျပ်စစ် တွေကို လိုအပ်သလို controller ကနေ ထိန်းချုပ်ပြီး တိုက်ရိုက်သုံး နဲ့ battery cell တွေထဲ ကို အားသွင်း ပြီး သုံးတာပါ ။
Concentrated solar power( CSP ) ကတော့ နေရောင် ခြည် အပူတွေ ကို စုပြီးရေ ကိုဆူအောင် လုပ် ရလာတဲ့ steam တွေနဲ့ turbine တွေမောင်းပြီး power generation ထုတ်ယူတာပါ။
Photovoltaics ( PV ) system
Photovoltaics ( PV ) ကိုတော့ ကျွန်တော်တော်တော် များများ installation လုပ် ဖူးပါတယ်။ Remote area လို့ခေါ်တဲ့ Power generation တွေ နဲ့ အလှမ်းဝေးတဲ့ industrial site တွေမှာ solar cell တွေတပ်ဆင်ပြီး သုံးရပါတယ်။ဘာတွေ ပါဝင်လဲဆိုတော့ solar cell , voltage controller , battery cells , inverter တွေ နဲ့ တည်ဆောက်ထားပါတယ်။
Solar cell ကိုတော့ Location အရ သတ်မှတ်တဲ့ ဒီကရီ အတိုင်းတပ်ထားပြီး လိုအပ်တဲ့ voltage ရအောင် series ဆက်ပေးပါတယ်။ ဘယ်လောက် angle တပ်ရမလဲ ဆိုတာ solar calculator ရှိပါတယ်။ ဆိုတာ နောက် သတ်မှတ်တဲ့ power ရအောင် parallel ဆက်ပေးရပါတယ်။ cell တခု ကနေထုတ်တာက 0.5 VDC ပါ။
Design ဆွဲတဲ့ အခါ မှာတော့ အဓိ ကကတော့ autonomy ဘယ်လောက် ထားမှာလဲ က အရေးကြီးပါတယ်။ တပတ် ရက်လောက်ထိ နေ မထွက် လဲ သုံးလို့ခံနိုင်အောင် တွက်ထားရပါတယ်။ အဲဒီ အတွက် က solar battery sizing နဲ့ တည်ဆောက်မဲ့ နေရာ ရဲ့ နေရောင်ခြည် ရ နိုင် စွမ်း အားကို အဓိကထားပါတယ်။ solar batter cell တွေ ကိုတော့ deep cycle လို့ ခေါ်တဲ့ solar သုံးတွေ ကိုပဲ တပ်ရပါတယ် ။ deep cycle lead acid battery တွေ ပဲ အသုံးများပါတယ်။ နေဖက် ၈နာရီလောက် အားသွင်း ပြီးရင် ကျန်တာ က ပြန်သုံးနေတာပါ။
Charger controller ကတော့ solar cell တွေကနေ ထွက်လာတဲ့ voltage တွေ ကို setting လုပ်ထားတဲ့ အတိုင်း Voltage ကို constant ဖြစ်အောင် ထုတ်ပေးနေတာပါ။
ဥပမာ
24 VDC system မှာဆိုရင် solar က အများအားဖြင့် 30 VDC ထက် များ ပြီး ထုတ်ပေးနေတာပါ ။ အဲဒါကို 28 VDC အတွက် ချိန်ထားရင် အဝင် ဘယ်လောက် ရှိရှိ out put ကို 28 VDC ကို ထုတ်ပေးနေတာပါ။
Inverter ကတော့ AC power သုံး ဖို့အတွက် DC ကနေ sin wave AC ပြန်ထုတ်ပေးတာပါ။
Maintenance
အဓိကအားဖြင့် solar cell မျက်နှာပြင်တွေ ကို ညစ်ပတ်တာတွေ များပြီး သန့် ရှင်းရေး လုပ်ပေးပါတယ်။ အဓိကကတော့ အပေါ် က နေ ဆပ်ပြာ ရေ နဲ့ ဆေးတာပါပဲ ။ တတ်နိုင်ရင်တော့ glass cleaning နဲ့ဆေးတာ ပိုကောင်းပါတယ် ။
နောက် solar cell connection တွေ ကို tighten လုပ်ပါတယ် ။ Cell တခုခြင်းစီ ရဲ့ out put ကိုတိုင်းပါတယ် ။ မကောင်းတာတွေ တွေ့ရင် လဲပါတယ် ။
နောက် controller out put ကိုတိုင်းပြီး maximum out put adjust ပြန်လုပ်ပေးပါတယ်။
Battery တွေ ကိုလဲ battery maintenance လုပ်ပေးပါတယ် ။
Frequency အားဖြင့်တော့ 6 monthly လုပ် ပါတယ်။
အားနဲ ချက်တွေ ကတော့ နေရောင် ရမှ Power ထုတ်လို့ ရတာပါပဲ ။ ဒါကြောင့်မို့ တခြား energy generation တွေ နဲ့တွဲဖက် ပြီး Hybrid system တွေလုပ်ထားရပါတယ်။



Solar power energy system ( အပိုင်း ၂ )


2- Concentrated solar power( CSP )



နေရောင်ခြည် အပူမှ ဓါတ်အားထုတ်ယူခြင်း
နေရောင် ခြည် အပူတွေ ကို စုပြီးရေ ကိုဆူအောင် လုပ် ရလာတဲ့ steam တွေနဲ့ turbine တွေမောင်းပြီး power generation ထုတ်ယူတာပါ။ နေရောင် စုတဲ့ မှန်ချပ်တွေ နဲ့ နေရောင် ကို စုပြီး ရေ ကို ဆူစေပါတယ်။ နေရောင်ခြည် ဘက် ကို အဲဒီ မှန်တွေ လိုက်လှည့်တဲ့ tracking system တွေ ကို သုံးရပါတယ်။
ကိုယ်တိုင် တော့ မလုပ်ဖူးပါဖူး ။ သူနဲ့ ဆင်ဆင် steam turbine တွေတော့ လုပ်ဖူးပါတယ် ။ waste heat recovery turbine သဘော နဲ့ဆင်ပါတယ်။
တကယ့် solar plant ကြီးတွေ မှာ ဒီနည်း ကို သုံးပါတယ်။ သုံးတာပါ။ solar ရဲ့ နေ့ပိုင်းမှာ ပဲ ရတဲ့ အားနဲချက်ကြောင့် သူ့ ချည်းထက် တခြား system တွေ နဲ့ပေါင်းပီး မှ သာထုတ်လုပ်ပါတယ်။
Concentrated solar power( CSP ) မှာ Power generation ထုတ်တဲ့ နည်းမြောက်များစွာ ရှိပါတယ် ။ အဲဒီ ထဲ က ရိုးရှင်းတဲ့ နည်းတခု အကြောင်း သိသလောက် ရေးပြလိုက်ပါတယ်။
System တခုမှာဆိုရင် ရေဆူဖို့ ကို solar နဲ့ neutral gas ကို ပေါင်းသုံးပြီး steam turbine တွေ ကို 24 hours run ပါတယ်။ solar နဲ့ ရသလောက် boiler ထဲ ကရေ ကို ဆူ ပြီး အကယ် ရ်ျ temperature/ pressure တွေ လိုချင်တဲ့ အတိုင်း မပြည့်ခဲ့ရင် gas ကနေ ဖြည့်ပေးပါတယ် ။ နေရောင် မရတဲ့ အခါ မှာ neutral gas ကနေ ပဲ boiler ကို ဆူစေပြီး ဆက်မောင်းပေးပါတယ် ။
ရေ ကိုဆူစေတဲ့ အခါ မှာ လည်း တိုက်ရိုက်ထက် special oil တချို့ ကိုသာ နေရောင် နဲု့ တိုက်ရိုက် ပူစေပြီး နောက် မှ ရေ ကို heat transfer လုပ် ဆူစေတဲ့ နည်း ကို သုံးပါတယ်။
အဲဒီ system မှာဘာတွေ ပါမလဲဆိုရင် အပူစုတဲ့ မှန်ပြားတွေ ။ solar tracking system တွေ ။ အပူတွေ ကနေ steam ထုတ်ပေး မဲ့ steam generator တွေ။ substation တွေ ။ ပြန် အအေးခံ မဲ့ condener unit တွေ ။ cooling tower တွေ ။ အထောက် အကူပြုမဲ့ supplementary boiler unit တွေ ။ steam turbine တွေ။ Alternator တွေ ။ Pump unit တွေ အစရှိသဖြင့် ပါဝင်ပါတယ် ။ unit တခုလုံး ကို auto control system နဲ့ ထိန်း ချုပ် ရမှာ ဖြစ်ပါတယ်။ Generation and distribution အပိုင်း ကတော့ အရင် အတိုင်းပါပဲ ။
Solar + Neutral gas + Coal တွေ ကို thermal heating generation အတွက် လောလော ဆယ် hybrid အတွဲ ညီညီ လုပ်ထားရင်တော့ ကျွန်တော်တို့ လိုနေတဲ့ လျပ်စစ်ဓါတ် ဖူလုံ နိုင်မယ်ထင်ပါတယ်။ ပတ်ဝန်းကျင် အတွက်လဲ အကောင်းဆုံး မဟုတ်တောင် အဆိုး ဆုံး တော့ မဖြစ်နိုင်ပါဖူး ။ solar ကိုနေ့ မောင်း ပြီး transit မှာ gas ကို သုံး ညပိုင်းမှာ ကျောက်မီးသွေး သုံးမယ်ပေါ့ ။ ရေအားတွေ မရခင် အထိပေါ့။

Solar power energy system ( အပိုင်း ၃)


Hybrid solar Pumped hydro energy storage system
တချိ့ နိုင် ငံတွေ မှာ peak load နဲ့ Low load အချိန်ကို balance လုပ်တဲ့ hydro power ကို အခြေပြုထားတဲ့ system ဖြစ်ပါတယ်။
Main function ကတော့ hydro power turbine motor ( Generation ရော motor ရော သုံးလို့ရတဲ့ Generator ) ကိုတည်ဆောက်ထားပြီး Load နဲတဲ့ အချိန် မှာ ( ည နက် အချိန် ၁၂ နာ ရီ နောက်ပိုင်း) တခြား တနေရာ ကနေပိုနေတဲ့ electrical power ကိုပြန်သုံးပြီး အပေါ် ရေ reservoir dam ထဲ ကို ရေ ပြန် သိုလှောင်တာပါ ။ ညနေ ၄ နာရီ ကနေ ည ၁၁ က peak load အချိန်မှာ ပြန်သုံးတာပါ။ Pumped hydro energy storage system, ( PHES ) လို့ သုံးပါတယ်။

Hybrid solar Pumped hydro energy storage system


Solar system တွေ performance ကောင်းလာတော့ PV system ကို သုံးပြီး power generation ထုတ်တယ် ။ အဲဒီ အထဲမှာ ရေအား ကထုတ်လိုက်တဲ့ ရေတွေ ကို Solar power သုံး pump တွေ နဲ့ရေပြန်တင်တယ်။ အဲဒါကို Hybrid solar Pumped hydro energy storage system လို့သုံးကျတယ်။
အဓိ က function က နေရောင် ရတဲ့ အချိန်မှာ upper reservoir က generation က ထုတ်လိုက်တဲ့ ရေ ကို အောက် reservoir မှာစုပြီး ရေ upper reservoir ထဲ ကို solar pump တွေ သုံးပြီး energy storage အနေ နဲ့ ပြန်စုထားပါတယ်။ ညနေ ဖက် မှာ peak load အချိန် မှာ စုထားတဲ့ ရေအား နဲ့ generation ပြန်လုပ်ပါတယ်။ နေရောင် အား ကို အမှန် လိုအပ်တဲ့ ညနေ peak မှာ တဖက်လှည့် နဲ့ ပြန် သုံးပါတယ်။ အဲဒါကို Hybrid solar pumped hydro power storage system လို့ခေါ်ပါတယ်။
မြန်မာ ပြည်မှာလည်း နွေ ရာသီ reservoir တွေ ရေ နည်းလာရင် သုံးလို့ရနိုင်ပါတယ်။

Solar power energy system ( အပိုင်း ၄)


molten salt storage system ( ဆားပျော်ရည် ဖြင့် အပူထိန်းခြင်း )
Concentrated solar power( CSP ) တွေ မှာ ၂၄ နာရီ လည်နိုင်ဖို့ အတွက် အပူ ကို စုဆောင်း ဖို့ နည်း လမ်းတွေ ရှာ ကျပါတယ် ။ အခုတော့ molten salt storage system ကို အသုံးပြုပြီး ၂၄ နာရီ ထုတ်နိုင် ပါတယ် ။
အဓိက function ကတော့ ဆားရည် ကို အပူပေးပြီး insulated tank ထဲမှာ သိုလှောင်ထားတာပါ။ နေရောင် မရတဲ့ အခါ အဲဒီ အပူကို storage hot tank ထဲကနေ ထုတ်ယူပြီး သုံးတာပါ။
System မှာဘာတွေ ပါလဲဆိုတော့ solar collector တွေ ကို ပတ်ပတ်လည်ဆောက်ထားပါတယ်။ နောက်ပြီး အလည်မှာ မြင့်မားတဲ့ heat tower ကြီးဆောက်ထားပြီး အဲ ဒီ ကို အပူတွေ နဲ့ လှမ်းထိုးပါတယ်။ အဲ ဒီ အပူတွေ ကို အမြင့် မှာထားတဲ့ heat tower ကတဆင့် hot tank လို့ခေါ်တဲ့ insulation တွေ ပတ်ထားတဲ့ tank ထဲမှာ သိုလှောင်ထားပါတယ် ။ နောက် အဲဒီက တဆင့် steam generator / heat exchanger ကို သွားပြီး ရေ ကိုဆူစေပါတယ် ။ ရေပူတွေ က 100 bars လောက် ရှိပါတယ်။ နောက် အေးလာတဲ့ ဆားရေပူတွေ က cold tank ထဲနောက် အပေါ် heat tower ထဲ ပြန်သွားပါတယ်။
steam generator / heat exchanger ထွက်လာတဲ့ ရေနွေးငွေ့တွေ နဲ့ ထုံးစံ အတိုင်း turbine ကိုလည်စေပါတယ် ။ ပြန်လာတဲ့ ရေ နွေးငွေ့တွေ ကို အအေးခံပြန် သုံးပါတယ်။ အဲဒါတွေ ကတော့ Normal steam turbine တွေ အတိုင်းပါပဲ။
hot tank ဆားရေတွေ က အပူချိန် ၅၅၀ ဒီဂရီလောက် ရှိပါတယ်။ cold tankဆားရေတွေ က အပူချိန် ၂၉၀ ည ဒီဂရီလောက် ရှိပါတယ်။ အဲဒီ tank တွေ က Thermal battery တွေ လို့ ခေါ်ပါတယ်။ molten ဆားရေ ကို saltpeter လို့ ခေါ်ပြီး ၆၀ က ဆိုဒီယမ် နိုက်ထရိတ် နဲ့ ၄၀ % က ပိုတက်ဆီယံ နိုက်ထရိတ် ပေါင်းထားတာကို အဓိကသုံးပါတယ်။
အခုနောက်ပိုင်း ၂၀ဝ၉ အလွန်မှာတော့ solar generation မှာ molten salt storage system နဲ့ သုံးတာများလာပါတယ်။ ဘာမှ အထောက် အကူမလိုပဲ ၂၄ နာရီ ပတ်လုံး မနားပဲမောင်း လို့ရပါတယ် ။ နောက်ပိုင်းမှာ အသုံးများလာမှာပါ။
မြန်မာပြည်မှာ ဆောက်မဲ့ solar က အဲသလိုsystem ပဲ ဖြစ်စေချင်ပါတယ်။ နောက် မှ ဆောက်တော့ နောက်ဆုံး Technology ရတာပေါ့။
ဒါပေမဲ့ မသိနားမလည်သူတွေ က ဦးဆောင်ပြီး သူများလွင့်ပြစ့်မဲ့ ဟာတွေ ကို မစူးစမ်း မလေ့လာပဲ ဆောက်တော့ efficiency မကောင်းတာ တွေနဲ့ လွင့်ပြစ်လိုံ လဲမရ မောင်းရင်လဲ cost ကတက် ။ 

စုတ်လဲစူး စားလဲရူး ။မှန်ကန်တဲ့ management တွေ ပေးနိုင်တဲ့ သူတွေ ပဲ ဦးဆောင်ပါစေ ။

Kyaw Oo
E & I engineering

Solar system တွေမှာ energy storage device ကို battery တွေသုံးရင် ကုန်ကျစရိတ်အရမ်းများပါတယ်၊ သက်တမ်းလဲတိုပါတယ်၊ သက်တမ်းရှည်တာကြတော့လဲ့ဈေးကြီးပါတယ်၊ 
၁၀နှစ်သက်တမ်း solar system အတွက် solar panel + controller + inverter သုံးခုပေါင်းတန်ဖိုးထက် battery တန်ဖိုးက သုံးဆ လေးဆ လောက်ပိုပါတယ်၊ ပြောချင်တာက solar system မှာ battery တွေသုံးတာ economy မဖြစ်ပါဘူး။
အဲဒါကြောင့်ဆရာကျော်ဦးပြောသလို battery မလိုတဲ့ molten salt storage system ကိုမြန်မာနိုင်ငံမှာအသုံးပြုသင့်ပါတယ်။  အိမ်သုံးအတွက်တော့အဆင်မပြေဘူးပေါ့!
....................................................................................................................................

ဖယောင်းတိုင်မီးဖြင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဆီသို့



နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်း၊ ဆင်းရဲမွဲတေမှုလျော့ချနိုင်ခြင်း၊ ပညာရေး၊ ကျန်းမာရေး စတဲ့အညွှန်းကိန်းတွေနဲ့ အကဲဖြတ်လေ့ရှိပါတယ်။ အဲ့ဒီအညွှန်းကိန်းတွေ တက်လာဖို့ မြန်မာနိုင်ငံမှာ အရေးတကြီး အလိုအပ်နေဆုံးအရာတစ်ခုက ဘာလဲ။
လူတစ်ယောက်ရပ်တည်နိုင်ဖို့အတွက် ကျောရိုးက တောင့်ခံပေးထားသလို၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက တောင့်ခံပေးမယ့် ကျောရိုးဟာ လျှပ်စစ်စွမ်းအားလို့ ပြောနိုင်ပါတယ်။ လျှပ်စစ်ဓါတ်အား လုံလောက်စွာ ရရှိလာတာနဲ့အမျှ တိုင်းပြည်ဖွံ့ဖြိုးမှု အညွှန်းကိန်းတွေဟာ ကျွဲကူးရေပါ တပြိုင်တည်း တိုးတက်လာမှာပါ။

လက်ရှိအနေအထား


********************

မြန်မာ့လျှပ်စစ်ကဏ္ဍဍရဲ့ လက်ရှိကာလပြသနာတွေကို အကြမ်းဖျင်းသုံးသပ်ရရင် ပထမဆုံးပြသနာက ထုတ်လုပ်မှုရဲ့ ၇၀% ဝန်းကျင်ဟာ ရေအားပေါ်မှာ မှီခိုရပါတယ်။ ရေအားလျှပ်စစ်ပေါ် မှီခိုရတာများတဲ့အတွက် နွေရာသီကာလမှ ရေအားအလုံအလောက်မရှိတဲ့အတွက် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုကိုဖြစ်စေပြီး ၂၀၁၃ခုနှစ်ရဲ့ မှတ်တမ်းအရ ထုတ်လုပ်နိုင်မှုရဲ့ ၂၅ရာခိုင်နှုန်း(၅၀ဝမဂ္ဂါဝပ်) ခန့် ပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။ 
ဒုတိယပြသနာကတော့ လက်ရှိဓါတ်အားစနစ်မှာ အသုံးပြုနေတဲ့ အစိတ်အပိုင်းပစ္စည်းတွေဟာ အတော်လေး အိုမင်းဟောင်းနွမ်းနေတာပါ။ 
၂၀၁၂ခုနှစ်မှာ တပ်ဆင်အား(Installed capacity) ၃၉၀ဝမဂ္ဂါဝပ်ရှိပေမယ့် ဓါတ်အားစနစ်မှာရှိတဲ့ အိုးမင်းဟောင်းနွမ်းနေပြီဖြစ်တဲ့ အစိတ်အပိုင်းများ ၊ အပူစွမ်းအင်သုံးဓါတ်အားစနစ်(Thermal Power Grneration)အတွက် လောင်စာပြတ်တောက်မှု နှင့် ရေအားစနစ်အတွက် နွေရာသီရေရရှိမှုပေါ်မူတည်ပြီး အမှန်တကယ်ထုတ်လုပ်နိုင်တဲ့ လျှပ်စစ်ပမာဏဟာ (၃၃-၄၇)ရာခိုင်နှုန်းသာရှိတယ်လို့ ဆိုပါတယ်။
တတိယပြသနာအနေနဲ့ Power Transmission(ဓါတ်အားပေးပို့ခြင်း) နဲ့ Distribution (ဖြန့်ဖြူးခြင်း) အပိုင်းတွေမှာ ဆုံးရှုံးမှု(Lossess) ဟာ ၂၀၁၂ကာလမှာ ၂၅%ခန့်( Transmisionn 7% and Distribution 18%) ခန့်ရှိခဲ့ပါတယ်။ 
အိမ်နီးချင်းထိုင်း၊ဗီယက်နမ်တို့နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အတော်များတဲ့ ပမာဏလို့ ဆိုရပါမယ်။ ၂၀၁၅ ခုနှစ်ကာလမှာ ဆုံးရှုံးမှုပမာဏကို ၂၁% အထိ လျော့ချနိုင်ခဲ့ပေမယ့်၊ ဆုံးရှုံးမှုပမာဏ များပြားနေဆဲဖြစ်ပါတယ်။

ဓါတ်အားပြတ်တောက်မှုအတွက်အဖြေ


*************************************

အထက်ပါပြသနာရပ်တွေအရ ရာသီဥတုပေါ် မမှီခိုတဲ့ အပူစွမ်းအင်သုံးလျှပ်စစ်(Termal Power) တွေဟာ ဓါတ်အားပြန်တောက်မှု(shortage) ကို လျော့ကျစေဖို့ အကောင်းဆုံးအဖြေတစ်ခုဖြစ်နေမှာပါ။ နောက်တစ်ခုအနေနဲ့ ဓါတ်အားဆုံးရှုံးမှု(Power lossess )တွေကိုလျော့ချနိုင်ဖို့အတွက် သတ်မှတ်အရည်အသွေးမရှိတော့တဲ့ အစိတ်အပိုင်းတွေ အသစ်တပ်ဆင်ခြင်း၊ ကောင်းမွန်တဲ့ကာကွယ်ရေးစနစ်( Protection system) ထားရှိခြင်းစတဲ့ အခြေခံလိုအပ်ချက်တွေကို လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။အဆိုပါပြသနာတွေဟာ လက်ရှိကာလပြသနာများသာဖြစ်ပြီး မြန်မာ့လျှပ်စစ်ကဏ္ဍဍအနေနဲ့ ထပ်မံစဉ်းစားစရာတွေ ရှိနေပြန်ပါသေးတယ်။ လက်ရှိလျှပ်စစ်တပ်ဆင်ထားနိုင်မှုပမာဏ(Electrification)ဟာ နိုင်ငံရဲ့ ၃၀ရာခိုင်နှုန်းခန့်သာ တပ်ဆင်သွယ်တန်းပေးနိုင်ပါသေးတယ်။ ကျန်ရှိနေသေးတဲ့ ၇၀%အတွက် တစ်ဆင့်ပြီး တစ်ဆင့် လျှပ်စစ်သုံးစွဲနိုင်မှုပမာဏတိုးတက်လာအောင် လုပ်ဆောင်ရန်ရှိသလို ၊ ပြည်ပရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေကြောင့် အရေးပေါ်လိုအပ်လာမယ့် များပြားတဲ့ စက်မှုဇုံတွေအတွက် ဝန်အား(Industrial Load) ၊ ပုံမှန်တိုးတက်လာနိုင်တဲ့ အိမ်သုံးဝန်အား(Residential load) အပါအဝင် လျှပ်စစ်တိုးချဲ့တပ်ဆင်ခြင်းကြောင့် လိုအပ်လာမယ့် ဝန်အားတွေကိုပါ စဉ်းစားလာရမှာဖြစ်တဲ့အတွက် လျှပ်စစ်ဓါတ်အားတွေ များစွာထုတ်လုပ်ဖို့ လိုအပ်နေပါတယ်။
ဓါတ်အားထုတ်လုပ်ခြင်း( Generation) ကိုစဉ်းစားတဲ့အခါမှာ ဖြစ်နိုင်ခြေများစွာကို ထည့်သွင်းစဉ်းစားပြီး ရေရှည်အတွက် ဘယ်အရင်းအမြစ်တွေက ဘယ်လောက်ရာခိုင်နှုန်းထုတ်မယ်ဆိုတဲ့ Generation Mix ကို ရေးဆွဲကြရပါတယ်။ လက်ရှိနိုင်ငံရဲ့ အနေအထားနဲ့ ဖြစ်နိုင်ခြေအရှိဆုံးကို ကုန်ကျစရိတ်နဲ့အကျိုးအမြတ်နှိုင်းယှဉ်လေ့လာမှု ( Cost-Benefit Analysis) အရ သုံးသပ်ပြီး စတင်အကောင်အထည်ဖော်ကြရပါတယ်။ အဲ့ဒီလိုအကောင်အထည်ဖော်ကြတဲ့အခါ ရှုထောင့်တစ်ခုတည်းကနေကြည့်လို့မရပါဘူး။ သဘာဝပတ်ဝန်းကျင်အမြင်သာမက လက်တွေ့မှာ တကယ့်ဖြစ်နိုင်ခြေတွေကိုလည်း ထည့်စဉ်းစားဖို့လိုပါတယ်။
လျှပ်စစ်စွမ်းအားစီမံကိန်းတွေအားလုံးကို သဘာဝပတ်ဝန်းကျင်အမြင်တစ်ခုတည်းနဲ့ကြည့်ရင် ဘယ်စီမံကိန်းမှ အကောင်အထည်ဖော်ဖို့ မသင့်တာတွေ့ရပါမယ်။ မထိခိုက်ပါဘူးဆိုတဲ့ နေစွမ်းအင်၊လေစွမ်းအင်စတာတွေမှာတောင် အနည်းနဲ့အများ ထိခိုက်မှုရှိပါတယ်။ အဲ့ဒီလိုဆိုတော့ စာရေးသူတို့ အမှောင်ထဲမှာပဲ နေကြတော့မှာလား။ သေချာတာကတော့ ဖယောင်းတိုင်လေးထွန်းပြီး စက်ရုံကြီးတွေ မလည်ပတ်နိုင်ဘူး၊ လူနေမှုဘဝတွေ မမြှင့်တင်နိုင်ဘူးဆိုတာပါပဲ။
သဘာဝပတ်ဝန်းကျင်ကိုကော စဉ်းစားဖို့မလိုဘူးလားလို့ မေးရင် အင်မတန်လိုပါတယ်၊ အရေးတကြီး ထည့်စဉ်းစားရမယ့်အချက်တစ်ခုပါပဲ။ သို့သော် စာရေးသူတို့အနေနဲ့ ရှု့ထောင့်မျိုးစုံကနေ စဉ်းစားကြဖို့လိုပါတယ်။

ကာဗွန်ပြဿနာ

*************

 နောက်တစ်ခုက စာရေးသူအနေနဲ့ ထောက်ပြစရာရှိပါတယ်။ စာရေးသူတို့ငယ်စဉ်က လျှပ်စစ်မီးမရခဲ့တော့ အိမ်မှာ ထင်မီးနဲ့ချက်ပြုတ်ရ၊ မီးသွေးနဲ့ ချက်ပြတ်ရပါတယ်။ အိမ်ရဲ့ မီးဖိုခန်းမှာဆို နေရာအနှံ့ မှိုင်းတွေစွဲပါတယ်။ အဲ့ဒါတွေကကော ကာဗွန်တွေ မဟုတ်ဘူးလား။ 

ယနေ့ လက်ရှိ မီးမရရှိသေးတဲ့ ၇၀%သော ပြည်သူတွေ ဘယ်လိုချက်ပြုတ်စားသောက်နေထိုင်ကြပါလဲ။ မီးသွေးသုံးမယ်၊ ထင်းသုံးမယ် ဆိုရင် သေချာတာက သစ်တောတွေအထိုက်အလောက် ပြုန်းတီးနေခြင်း၊ ကိုယ့်အိမ်မှာ ကာဗွန်တွေထုတ်နေခြင်းဖြစ်တယ်ဆိုတာကို လေ့လာဆန်းစစ်ကြဖို့ လိုပါတယ်။ 

အသေးဆုံးကိစ္စတစ်ခုကို ထောက်ပြခြင်းသာဖြစ်ပါတယ်။ ၃၀ရာခိုင်နှုန်းတောင် မီးကောင်းကောင်းမရသေးတဲ့ နိုင်ငံအနေနဲ့ ၁၀ဝ % ရပြီးသား နိုင်ငံတွေနဲ့ ယှဉ်ပြီး စဉ်းစားလို့မရပါဘူး။ 

တည်ဆောက်မယ့် ဓါတ်အားပေးစက်ရုံတွေအတွက် သဘာဝပတ်ဝန်းကျင် စံနှုန်းနဲ့( Enviromental Impact Assessment) နဲ့ ကိုက်ညီအောင်သာ ဂရုပြုဖို့လိုပါတယ်။ 

ဂျပန်နိုင်ငံလို ချမ်းသာတဲ့နိုင်ငံမှာ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံ ၅၆ ရှိပြီး စုစုပေါင်း ပမာဏရဲ့ ၂၆% အထိရှိပါတယ်။ ပမာဏအားဖြင့် ၄၁၈၀ဝ မဂ္ဂါဝပ်ရှိပါတယ်။ ၂၀၁၆ အချက်အလက်များအရ အမေရိကန်ပြည်ထောင်စုမှာလည်း ကျောက်မီးသွေးဓါတ်အားပေးစက်ရုံ ၄၉၁ ခုရှိပါတယ်။ တပ်ဆင်အင်အားအနေနဲ့ ၂၉၉၁၀ဝ မဂ္ဂါဝပ်ရှိပြီး စုစုပေါင်းတပ်ဆင်အင်အားရဲ့ ၂၇.၉၉% ရှိပါတယ်။ တပ်ဆင်အင်အား ၂၇.၉၉% ခန့်သာဖြစ်သော်လည်း ထုတ်လုပ်ရရှိနိုင်မှုအညွှန်းကိန်း(Capacity Factor) မြင့်တဲ့အတွက် စုစုပေါင်းအသုံးပြုတဲ့ လျှပ်စစ်စွမ်းအင်ပမာဏရဲ့ ၃၈.၁၄% ကို ကျောက်မီးသွေးမှ ရတာဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံအတွက်လိုအပ်ချက်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေရဲ့ အစိတ်အပိုင်းအသေးလေးသာဖြစ်ပါတယ်။

နောက်တစ်ခုက လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့အခါမှာ တပ်ဆင်ထားတဲ့ ပမာဏအတိုင်း ၁၀ဝ% မရကြပါဘူး။ တပ်ဆင်ဓါတ်အားနဲ့ အမှန်တကယ်ထုတ်လုပ်နိုင်တဲ့ ဓါတ်အားရဲ့ အချိုးကို Capacity Factor လို့ ခေါ်ပါတယ်။ 
ဥပမာ- တစ်မဂ္ဂါဝပ်(1 MW) တပ်ဆင်ထားရင် ၁၀ဝ% ရခဲ့မယ်ဆိုရင် တစ်နှစ်အတွက်(၈၇၆၀ နာရီအတွက်) ၈၇၆၀ MWh ရရှိပါမယ်။ ဒါပေမယ့် ဘယ်စွမ်းအင်မှ ၁၀ဝ% မရပါဘူး။ အမေရိကစွမ်းအင်အဖွဲ့ US(EIA) အဖွဲ့က ထုတ်ပြန်ထားတဲ့ ပျမ်းမျှ Capacity Factor တွေက Nuclear-90.3% ၊ Coal-63.8% ၊ Natural Gas-42.5 ၊ Hydroelectric-39.8% ၊ Renewables-33.9% စသည်ဖြင့် ဖြစ်ပါတယ်။ အဆိုပါ Capacity Factor တွေဟာအမေရိကန်မှာရှိတဲ့ အနေအထားအရဖြစ်ပြီး တပ်ဆင်ပစ္စည်းများ၊ ရာသီဥတု စသည်ဖြင့် အရည်အသွေးအလိုက်ကွဲပြားနိုင်ပါတယ်။ တစ်နှစ်ပတ်လုံးအတွက် ထုတ်လုပ်ပေးနိုင်မှုပေါ် မူတည်ပါတယ်။ Efficiencyနဲ့မတူပါ။အခြေခံဝန်အားအတွက် Capacity Factor ကောင်းတဲ့ စွမ်းအင်အရင်းအမြစ်ကို ဦးစားပေးရွေးကြပါတယ်။

ရေရှည်စီမံကိန်း

****************


 နေစွမ်းအင်သုံး၊လေစွမ်းအင်သုံးတွေကိုကော မလုပ်သင့်ဘူးလားဆိုရင် လုပ်သင့်ပါတယ်။ သို့သော် လျှပ်စစ်ဓါတ်အားစနစ်ကို စဉ်းစားတဲ့အခါမှာ အခြေခံလိုအပ်ချက်ဝန်အား(Base Load) ကို အမြဲပေးနိုင်မယ့် စနစ်တစ်ခုကို စဉ်းစားကြရပါမယ်။
နူကလီးယား၊ကျောက်မီးသွေး၊သဘာဝဓါတ်ငွေ့၊ရေအား လျှပ်စစ်စတာတွေကို အသုံးပြုလေ့ရှိပါတယ်။ နေရောင်ခြည်နဲ့မရဘူးလားဆိုရင် နေရောင်မရတဲ့ ညကာလတွေအတွက် သိုလှောင်မှုစနစ်(Storage system) ဟာ စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ လေစွမ်းအင်အနေနဲ့လည်း လိုအပ်တဲ့လေတိုက်နှုန်းအတိုင်း အချိန်ပြည့် ရရှိနေဖိုခက်တဲ့အပြင် လက်ရှိနိုင်ငံအနေအထားအရ နည်းပညာအားနည်းပါတယ်။
စာရေးသူတို့နိုင်ငံမှာ အခြေခံဝန်အားကို ပေးဖို့အတွက် ရေအားလျှပ်စစ်ကို သုံးပါတယ်။ သို့သော် ရေအားလျှပ်စစ်ရဲ့ သဘောအတိုင်း နွေရာသီမှာ ရေမလုံလောက်တဲ့အတွက် ဝန်အားမနိုင်ဖြစ်ရပါတယ်။ လက်ရှိအနေအထားအရ သုံးသပ်ကြည့်ရမယ်ဆိုရင် ရေအားနဲ့ အပူစွမ်းအင်သုံးလျှပ်စစ်(Thermal Power Plants) တွေကို တွဲသုံးဖို့ အဖြေရှိလာပါတယ်။
ရေရှည်စီမံကိန်းအနေနဲ့ ဘယ်စွမ်းအင်အရင်းအမြစ်တွေကို မျှသုံးမယ်ဆိုတဲ့ Generation mix ကို စဉ်းစားတဲ့အခါ နူကလီးယား၊ ရေအား၊ဓါတ်ငွေ့၊ နေရောင်ခြည်၊လေအား၊ကျောက်မီးသွေး၊စွန့်ပစ်ပစ္စည်း၊ စတာတွေအကုန်လုံးကို ဖြစ်နိုင်ခြေပေါ် မူတည်ပြီး ရေးဆွဲအကောင်အထည်ဖော်ကြရပါတယ်။ ပညာရှင်တွေ ပူးပေါင်းပြီး အရင်းအမြစ်မျိုးစုံကနေ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့ ဆောင်ရွက်ကြရပါလိမ့်မယ်။

သေချာလေ့လာသုံးသပ်မှုမလုပ်ဘဲ “ No Dam, No Coal “ ဆိုပြီး ဆည်တွေမဆောက်ရ၊ ကျောက်မီးသွေးမသုံးရ ဆိုပြီး မျက်မိပိတ်ဆန့်ကျင်နေရင်ဖြင့် ကျောက်ခေတ်မှာပဲ နေကြရပါလိမ့်မယ်။

ဈေးကွက်စနစ်

***************


 မြန်မာ့လျှပ်စစ်ကဏ္ဍဍအတွက် လုပ်ဆောင်စရာတွေများစွာရှိနေပါတယ်။ အထက်ဖော်ပြခဲ့တာတွေဟာ ဓါတ်အားထုတ်လုပ်ခြင်း ပြသနာလေးတွေပဲရှိပါသေးတယ်။ ဓါတ်အားထုတ်လုပ်ပြီးတဲ့အခါ ပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်းတွေကို လုပ်ဆောင်ကြရဦးမှာပါ။ ကုန်ကျစရိတ်ကြီးတဲ့အတွက် နိုင်ငံတော်ဘဏ္ဍဍတစ်ခုတည်းနဲ့ အကောင်အထည်ဖော်ဖို့ အဆင်မပြေသလို ဘဏ္ဍဍာမရှိဘူးဆိုပြီး အကြောင်းပြနေလို့လည်း မရပါဘူး။ နိုင်ငံတကာနည်းတူဈေးကွက်စနစ်တစ်ခုကို တည်ထောင်နိုင်ပြီး ပုဂ္ဂလိကပိုင် ဓါတ်အားပေးလုပ်ငန်းတွေ အောင်မြင်လာမှသာ အဆင်ပြေပါလိမ့်မယ်။ လက်ရှိကာလအနေနဲ့ ပုဂ္ဂလိကဓါတ်အားပေး လုပ်ငန်းကဏ္ဍဍတွေ ပိုမိုတွင်ကျယ်လာဖို့ နည်းဥပဒေများနဲ့ လမ်းဖွင့်ပေးဖို့လိုပြီး အစိုးရနဲ့ ကုပ္မဏီများအကြား ဈေးကွက်စနစ်( Bilateral market) ကို စတင်ကျင့်သုံးပြီး မြင့်တက်သွားမယ့် လျှပ်စစ်သုံးစွဲခကို အစိုးရမှကျခံပြီး ပြည်သူထံက တဆင့်ပြီးတဆင့် တိုးမြှင့်ကောက်ခံနိုင်ပါတယ်။ အများပိုင်ဓါတ်အားပေးလုပ်ငန်းတွေ တွင်ကျယ်လာတဲ့အခါ ထိုက်တန်တဲ့အဖိုးအခကိုပေးဖို့ လိုသလို ထိုက်တန်တဲ့ဝန်ဆောင်မှုကို ရရှိလာနိုင်မှာပါ။ ဈေးကွက်အမြင်ရဖြစ်စေ၊ ပညာရှင်များအမြင်ရဖြစ်စေ လျှပ်စစ်သုံးစွဲခအနေနဲ့ မဖြစ်မနေတက်သင့်တဲ့ အနေအထားရှိပါတယ်။ အဆိုပါအနေအထားကို ပြည်သူတွေ ပိုမိုသိမြင်နားလည်လာစေဖို့ ပညာပေးဟောပြောပွဲတွေ ၊ သတင်းစာရှင်းလင်းပွဲတွေ သေချာလုပ်သင့်ပါတယ်။

နိဂုံးချုပ်ဆိုရသော တာဝန်ရှိသူတွေအနေနဲ့ ကောင်းကျို၊ဆိုးကျိုး၊ဈေးနှုန်း၊ဖြစ်နိုင်ခြေ စတဲ့ အချက်တွေပေါ်မူတည်ပြီး လုပ်သင့်လုပ်ထိုက်တာကို ပြည်သူတွေနားလည်အောင် ချပြပြီး ပြတ်ပြတ်သားသားလုပ်ဖို့လိုလာပါပြီ။ ပြည်သူတွေအနေနဲ့လည်း သက်ဆိုင်ရာ ပညာရှင်တွေ ချပြတာကို လက်ခံဖို့လိုပါတယ်။ မည်သို့ပင် ဆိုစေကာမူ ဖယောင်းတိုင်ထွန်းပြီး ခေတ်မှီနိုင်ငံတော်ကြီး တည်ဆောက်လို့ မရဘူးဆိုတဲ့အကြောင်း စေတနာထား ရေးသားတင်ပြလိုက်ရပါတယ်။

မေတ္တာဖြင့်
အုန်းဇင်လင်း
BE(EP),ME(EP)(MTU)
ME(EP)(Thailand)
Ph.D Candidate(EP)(Japan)
ကထိက
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
ရန်ကုန်နည်းပညာတက္ကသိုလ်။
မှတ်ချက်။ ။ နည်းပညာတက္ကသိုလ်တစ်ခုဧ။် နှစ်ပတ်လည်မဂ္ဂဇင်းတွင် ရေးသားခဲ့သော ဆောင်းပါးအား အခြေပြု ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။ မြန်မာ့လျှပ်စစ်ကဏ္ဍဍမှ ကိန်းဂဏန်းများ အနည်းငယ် လွဲနိုင်ပါသည်။

မြန်မာနိုင်ငံ မြို့ကြီး ၆ မြို့ရဲ့ လေထု အခြေနေက လေထုညစ်ညမ်းမှုမှာ နံမယ်ကြီးတဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့ထက် ဆယ်ဆ ပိုများနေချိန်မှာပဲ ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံတွေ ထပ်တည်ဖို့ စီစဉ်နေတာမို့ ဒီတပတ်တော့ ဒီစက်ရုံတွေရဲ့ အန္တရာယ်တွေ အကြောင်း ပြောပြပေးမှာပါ။

....................................................................................................................................

ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံရဲ့ အန္တရာယ် အပိုင်း (၁)

0:00:00 /0:07:13  တိုက်ရိုက် လင့်ခ်-https://burmese.voanews.com/a/3864745.htm

မြန်မာနိုင်ငံမှာ ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံတွေ တည်ဆောက်ဖို့ လုပ်နေ တာဟာ လာမယ့် ဆယ်စုနှစ်တွေ အတွင်း ဒေသခံ ၂ သိန်းခွဲကျော်ရဲ့ အသက်ကို ဆုံးရှုံးစေ နိုင်တယ် လို့ မေလဆန်းမှာပဲ Harvard တက္ကသိုလ်နဲ့ Greenpeace သဘာဝ ဝန်းကျင် ထိမ်းသိမ်းရေး အဖွဲ့က သူတို့ရရှိထားတဲ့ စစ်တမ်းအထောက် အထားတွေ နဲ့ ပြောခဲ့ ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ လေထု ညစ်ညမ်းမှုအခြေနေဟာ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ မှတ်တမ်းအရ မြို့ကြီး ၆ မြို့ကို တိုင်းတာကြည့်တဲ့ အခါ လေထုညစ်ညမ်းမှုမှာ နံမယ်ကြီးတဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့ထက် microscopic particles - PM လို့ ခေါ်တဲ့ အန္တရာယ်ပေးနိုင်တဲ့ အဏုမြူ ပမာဏရှိတဲ့ အမှုန်အမွှားတွေ ဆယ်ဆ ပိုများနေတယ် ဆိုတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ ကျောက်မီးသွေး သုံး ဓါတ်အားပေး စက်ရုံ ၂ ခုနဲ့ နောက်ထပ် ၈ ခု ထပ်ပြီး ဆောက်ဖို့ လုပ်နေတာတွေ ကနေ စက်ရုံ လည် ပတ်မယ့် သက်တမ်း ၄၀ အတွင်း အချိန်မတိုင်မီ သေဆုံးသူ ၇၀ဝ၀ ကျော်အပါအဝင် လူပေါင်း ၂ သိန်း ၈ သောင်း လောက် သေဆုံးဖို့ များတယ်လို့ Greenpeace အဖွဲ့က တွက်ချက်ထားပါတယ်။

ဘာ့ကြောင့် ဒီလောက် အန္တရာယ်များတယ်လို့ ပြောနိုင်တာ ပါလဲ။ အမေရိကန်နိုင်ငံ Texas ပြည်နယ်က သဘာဝဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က အခုလို ရှင်းပြပါတယ်။

ကျောက်မီးသွေးကို လောင်စာ အဖြစ်သုံးပြီး လျှပ်စစ်ထုတ်တာက ကာဗွန်ဒိုင်အောက်ဆိုက် တခုထဲ မဟုတ်ဖူး တခြားညစ်ညမ်းတဲ့ အရာတွေ အများကြီးထွက်တယ်။ အဓိက အကြောင်းကတော့ ကျောက်မီးသွေးက တွင်းထွက် တခုဖြစ်တော့ ပထမအချက်က သူကိုယ်တိုင်က လောင်ကျွမ်းမှုမှာ သိပ်ပြီးတော့ ပြည့်ပြည့်ဝဝ မလောင်ကျွမ်းနိုင်ဘူး။ လောင်ကျွမ်းအောင် အများကြီး ရှို့ရတယ်။ အဲဒီလို အများကြီး ရှို့တဲ့ အခါကျတော့ သူက အမှုန်တွေ အများကြီး ထွက်တယ်။ ထွက်တဲ့ အမှုန်တွေ ထဲမှာ သူက ဟိုးမြေအောက်ထဲက ဆိုတော့ လူကို အန္တရာယ် ဖြစ်စေတဲ့ အရာတွေ အများကြီး ပါတယ်။

လူဦီးရေ တသိန်း ၄ သောင်းလောက်ကို မီးပေးနိုင်တဲ့ မီဂါဝပ် ၅၀ဝ ထုတ် ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံ တရုံကနေ ထွက်တဲ့ ဝန်းကျင် ညစ်ညမ်းစေတဲ့ အရာတွေနဲ့ သူတို့က ပေးနိုင်တဲ့ အန္တရာယ် အတိုင်းအတာကို ကြည့်ရအောင်ပါ။

၅၀ဝ မီဂါဝပ်လောက် ဓါတ်အားပေးနိုင်တဲ့ စက်ရုံတရုံကို ကျောက်မီးသွေးနဲ့ ပေးဖို့ ဆောက်မယ် ဆိုရင် ၂ မီလျံတန် လောက်ရှိတဲ့ ကျောက်မီးသွေးကို မီးရှို့ရမယ်။ သူကနေ ထွက်လာမယ့် ကာဗွန်ဒိုင်အောက်ဆိုက်က ၃.၇ ဘီလျံ တန်ချိန် ရှိတယ်။ အများကြီးထွက်တယ်။ ထွက်လာတဲ့ ဆာလ်ဖာ ဒိုင်အောက်ဆိုက်ကလည်း တန် တသောင်းလောက် ထွက်တယ်။ အဲဒီ ဆာလ်ဖာဒိုင်အောက်ဆိုက်က အက်ဆစ်မိုးဖြစ်စေတယ်။ အဲဒီ အက်ဆစ်မိုးက သစ်တောတွေ၊ ရေကန်တွေ၊ အဆောက် အဦးတွေကို ပျက်စေတယ်။

ဒါ့အပြင် နိုက်ထရိုဂျင် အောက်ဆိုက်ကလည်း တန် တသောင်း ၂ ရာလောက် ထွက်တယ်။ အဲဒီ နိုက်ထရိုဂျင် အောက်ဆိုက်က မီးခိုးမြူ လို့ခေါ်တဲ့ smog ဖြစ်စေတယ်။ အဲဒီမီးခိုးမြူကလည်း နောက်တခါထပ်ပြီး အက်ဆစ်မိုးကို ဖြစ်စေတယ်။ နောက်တခါ အင်မတန် သေးမွှားတဲ့ အမှုန်လေးတွေ ပေါ့နော်။ အဲဒါကလည်း တန် ၅၀ဝ လောက် ထွက်တယ်။ သူကလည်း ကျန်းမာရေးကို ထိခိုက်စေတယ်။ ဘာလို့လည်း ဆိုတော့ သူက အဆုတ်ကို ပျက်စီးစေတယ်။ နောက်တခါသူက ဟိုက်ဒရို ကာဗွန်လို့ခေါ်တဲ့ ဟိုက်ဒရိုဂျင်နဲ့ ကာဗွန် မော်လီကျူးတွေ ရှိတဲ့ ဟိုက်ဒရို ကာဗွန်က တန် ၂၂၀ လောက် ထွက်တယ်။ ဘာလို့ ထွက်တာလဲ ဆိုတော့ သူက တွင်းထွက် ရုပ်ကြွင်း လောင်စာ ဖြစ်တဲ့ အတွက်ကြောင့် မီးရှို့လို့ ရှိရင် အကုန်လုံး သေချာ မလောင်နိုင်တဲ့အတွက် မလောင်တဲ့ ဟာတွေက လေထဲရောက်သွားလို့ အဲဒါဖြစ်တယ်။ ဒီဟိုက်ဒရိုကာဗွန် တွေကလည်း smog လို့ခေါ်တဲ့ မီးခိုးမြူ တွေ ဖြစ်စေတယ်။

တခါ ကာဗွန်မိုနောက်ဆိုက်ကလည်း တန် ၇၂၀ လောက် ထွက်တယ်။ ဒီ ကာဗွန်မိုနောက်ဆိုက်ကလည်း အဆိပ်ရှိတဲ့ ဓါတ်ငွေ့ဖြစ်တယ်။ ဒါတင် မကသေးဘူး သူက မီး လောင်တဲ့ အခါမှာလည်း ပြာက တန်ချိန် တသိန်း ၂ သောင်း ၅ ထောင် ထွက်တယ်။ အဲဒီ ပြာတွေကို လေဝဲပြာတွေလို့ ခေါ်တယ်။ တချို့ပြာတွေက လေးတာတွေက အောက်ထဲကို သူကျသွားတယ်။ မလေးတာတွေက မီးခိုး ခေါင်းတိုင်ကနေ ထွက်တယ်။

ထို့အတူ ထွက်လာမယ့် ဆာလ်ဖာ ဒိုင်အောက်ဆိုက်တို့ ဘာတို့ကို လေထုထဲ မရောက်အောင် ဖမ်းဖို့ ဆိုရင် ထုံးကျောက်ကို အမှုန့်ချေပြီးတော့ ရေနဲ့ရောပြီး အဲဒီက မီးခိုးတွေထဲကို ဖြတ်ရတယ်။ အဲဒီမှာ အရည်ပြစ်တွေ ဖြစ်နေပြီး ဒီအရည်ပြစ်တွေက ဘယ်လောက် ရသလဲ ဆိုတော့ တန် တသိန်း ၉ သောင်း ၃ ထောင်လောက် ထွက်တယ်။ အဲဒါတွေဟာ အစိုင်အခဲ အညစ်အကြေး ဖြစ်တယ်။ နောက်ပြီး အဲဒီလို ဖြစ်တဲ့ ပြာတွေ အနည်အနှစ်တွေမှာ ကျောက်မီးသွေး ပြာလည်း ပါမယ်။ ထုံးကျောက်လည်း ပါမယ်။ ေ
နာက်ပြီး မကောင်းတဲ့ အညစ်အကြေးတွေ၊ အထူးသဖြင့် လေးလံတဲ့ သတ္တုတွေ ဖြစ်တဲ့ ခဲတို့၊ မာကျူရီလို့ ခေါ်တဲ့ ပြဒါးတို့ ဖြစ်တယ်။ မာကျူရီ ဆိုလို့ ရှိရင် အဆိပ်ရှိတယ်။ ဒါ့အပြင် အဲဒီ ထဲမှာလည်း အာဆင်းနစ်ကလည်း ၁၁၅ ပေါင်လောက် ထွက်နိုင်တယ်။ ခဲကလည်း ၁၁၄ ပေါင်လောက် ထွက်နိုင်တယ်။ နောက် ကက်ဒမီယမ် Cadmium ကလည်း ၄ ပေါင်လောက် ထွက်တယ်၊ နောက်ပြီး တခြား အဆိပ်ရှိတဲ့ လေးလံတဲ့ သတ္တုတွေ၊ အထူးသဖြင့် ပြဒါး၊ ပြဒါးက မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်စေတယ်။ ဦးနှောက်ကိုလည်း ပျက်စေတယ်။ နောက် တခြားရောဂါတွေလည်း ဖြစ်စေတယ်။ နောက်ပြီးတော့လည်း အက်ဆစ်မိုး ရွာတဲ့ အခါမှာ အဲဒီ အက်ဆစ်မိုးက ကျောက်တုန်းတွေထဲက မာကျူရီထွက်လာအောင် လုပ်ပေးနိုင်တယ်။ အဲဒီပြဒါးကို သတ္တဝါ အကောင်သေးလေးတွေ စားလိုက်ရင် မာကျူရီက သဘာဝ ဓါတ်ပြောင်းသွားနိုင်ပြီး အဲဒါက အင်မတန်မှ အဆိပ်ပြင်းတယ်။ ဒါ့အပြင် ယူရေနီယံတို့လည်း နဲနဲလေး ထွက်တယ်။

ကျောက်မီးသွေး သုံး ဓါတ်အားပေး စက်ရုံကနေ အခုလို လူကို အန္တရာယ် ပေးနိုင်တဲ့ ဓါတု ပစ္စည်းတွေထွက်လာ နိုင်ရုံတင် မကပါဘူး၊ ဒီစက်ရုံ လည်ပတ်ရာက ထွက်လာတဲ့ အပူဓါတ်ကို ထိမ်းပေး ဖို့ လုပ်ဆောင်ရာမှာလည်း ဘေးထွက် ဆိုးကျိုးတွေ ရှိနေပါတယ်။

ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံတွေမှာ ကြီးမားတဲ့ ဓါတ်အားတွေ ထုတ်ရတဲ့ အတွက်ကြောင့် အပူဓါတ်က ထွက်လာပါတယ်။ အဲဒီအပူဓါတ်ကို အေးအောင် ရေနဲ့ အအေးခံရတယ်။ အဲဒီရေတွေကို တနေရာကနေ ယူရတယ်။ များသောအားဖြင့် မြစ်တို့ ချောင်းတို့ ပင်လယ်တို့ကနေ ယူရတယ်။ အဲဒါကို အေးအောင် အအေးခံပြီး နဂိုယူတဲ့ မြစ်တို့ ချောင်းတို့ ပင်လယ်တို့ထဲကို ပြန်ပို့ရတယ်။ အဲဒီလို ပို့တဲ့ အခါမှာ အဲဒီနေရာတွေမှာ ရေဟာ နဂိုအပူချိန်ထက် ၁၆ ဒီဂရီ ဖာရင်ဟိုက်လောက် ပိုမြင့်သွားပြီး ပူသွားတယ်။

ကျောက်မီးသွေး စက်ရုံက တနှစ်လုံးလည်မယ် ဆိုရင် သူက တနှစ်လုံး ပူနေမှာပဲ။ အဲဒီလိုပူမယ် ဆိုရင် ရေထဲမှာ နေနိုင်တဲ့ သတ္တဝါလေးတွေက တချို့နေရင်းစွဲ သတ္တဝါတွေ က မနေနိုင်ပဲ ဖြစ်သွားတယ်။ အဲဒီတော့ သတ္တဝါတွေရဲ့ ပုံစံတွေ နေနိုင်တဲ့ သတ္တဝါ အမျိုးအစားတွေက အကုန်ပြောင်းသွား တယ်။ ထုံစံကတော့ သဘာဝ ပတ်ဝန်းကျင် ကို မထိခိုက်အောင် ရေ ကိုမထိခိုက်အောင်၊ ဂေဟ စံနစ်ကို မထိခိုက် အောင် ဆိုရင် ထုတ်ယူတဲ့ ရေနဲ့ စက်ရုံလည်ပတ်ပြီး ပြန်ပြီး ချပေးတဲ့ ရေ နဲ့ အပူချိန်က ၃ ဒီဂရီ စင်တီဂရိတ်လောက် ပဲ ကွာရမယ်။ ဒါပေမယ့် တကယ့်တကယ်ကျတော့ အဲဒီလို မဟုတ်ဘူး။ ပိုကွာနေတယ်။

ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံကြောင့် ဝန်းကျင် ရေထုကို အခုလို ပုံစံမျိုးနဲ့ အန္တရာယ် ပေးနိုင်သလို လေထုထဲကို ထွက်လာတဲ့ အဆိပ်ဓါတ်ငွေ့တွေ အမှုန်အမွှားလို မျက်စိနဲ့ မမြင်နိုင်တဲ့ ဓါတုပစ္စည်းတွေရဲ့ အန္တရာယ်က သိပ်ကြီးမားတာမို့ ဒေသခံလူထုကို အသက်သေဆုံးတဲ့အထိ ဒုက္ခပေးနိုင်တာဖြစ်ပါတယ်။ ဒီလို ဝန်းကျင် လေထုထဲ မရောက်အောင် သန့်စင်တဲ့ ကျောက်မီးသွေး ထုတ်နည်းတွေနဲ့ တတ်နိုင်သမျှ နည်းပညာတွေ ဘယ်လောက်ပဲ သုံသုံး ရလာတဲ့ ပြာတွေကို စွန့်ပစ်တာတွေ၊ ပြန်သုံးတာတွေနဲ့ ဖြေရှင်းရတာ ဖြစ်ပြီး ဒီလို ဖြေရှင်းတဲ့ နေရာမှာ တိုးတက်တဲ့ နိုင်ငံတွေမှာတောင် ဘယ်လို ပြဿနာ ကြီးတွေနဲ့ ကြုံနေရတယ် ဆိုတာကို နောက်တပတ်မှာ ဆက်ပြီး ပြောပြပေးပါ့မယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ဗွံနဲ့ နည်းပညာ ကဏ္ဍဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံကနေ အဆိပ်ဓါတ်ငွေ့တွေ ထွက်တာ နဲအောင် နည်းပညာတွေသုံးလို့ ရတယ်ဆိုပေမယ့် ထွက်လာတဲ့ ပြာအပါအဝင် စွန့်ပစ်ပစ္စည်းတွေရဲ့ အန္တရာယ်က သိပ်ကြီးမားပါတယ်။ ဒီစွန့်ပစ် ပစ္စည်းတွေရဲ့ အန္တရာယ်ကို ဒီတပတ်မှာ ပြောပြပေးမှာပါ။


ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံရဲ့ အန္တရာယ် အပိုင်း ၂

0:00:00 /0:07:02 တိုက်ရိုက် လင့်ခ်-https://burmese.voanews.com/a/3882113.htm

ထိပ်တန်းအမျိုးစား ကျောက်မီးသွေးကိုသုံးရတဲ့ အဆင့်မြင့် နည်းပညာနဲ့ စွမ်းအင်ပိုရပြီး အဆိပ်ဓါတ်ငွေ့ထွက်တာ နဲအောင် လုပ်နိုင်ပါတယ်။ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တရုံကနေ အဆိပ်ဓါတ်ငွေ့တွေ တတ်နိုင်သမျှ နဲနဲပဲထွက်အောင် ကြိုးစားကြပေမယ့် ဒီလို ဓါတ်အားပေးစက်ရုံ တွေက ထွက်တဲ့ စွန့်ပစ် ပစ္စည်းတွေ၊ ပြာတွေကို စက်ရုံဝန်းကျင် သိပ်မဝေးလှတဲ့ နေရာမှာ လှောင်ကန်တွေနဲ့ လှောင်ရတဲ့အခါ အန္တရာယ် ရှိတယ်လို့ အမေရိကန် နိုင်ငံ Texas ပြည်နယ်က သဘာဝ ဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ရှင်းပြပါတယ်။

ကျောက်မီးသွေးကို လောင်ကျွမ်းမှု ကောင်းအောင် ရှို့တယ်။ ထွက်လာတဲ့ ပြာကလေးတွေကို လေထုထဲ မရောက်အောင် နည်းမျိုးစုံနဲ့ ဖမ်းတယ်။ စက်အားဖြင့် ဖြစ်စေ၊ တည်ငြိမ်တဲ့ လျှပ်စစ်အားနဲ့ဖြစ်စေ ဖမ်းတယ်။ ရလာတဲ့ အဲဒီပြာတွေကို တတ်နိုင်သမျှတော့ ပြန်သုံးကြည့်တယ်။ ဥပမာ ဘိလပ်မြေ စပ်တဲ့အခါမှာ ပြာနဲ့ ရောထားတဲ့ ဘိလပ်မြေ လုပ်တယ်။ ကွန်ကရိဖျော်တယ်။ တချို့ကလည်း အဲဒီပြာတွေကို အုတ်တွေ ဘာတွေလုပ်ရာမှာသုံးတယ်။ ဟိုးအရင်တုန်းကဆိုရင် ပြာတွေကို တာဘောင်ရိုးတွေမှာ အထဲက မံပြီးတော့ ဖို့တာမျိုးတွေ လုပ်ကြတယ်။ ပြာတွေက သိပ်ပြီးတော့ များလာတဲ့ အခါကျတော့ ဘယ်လောက်ပဲ သုံးပေးပေမယ့်လည်း ဒီပြာတွေက များလာတဲ့ အခါကျတော့ စက်ရုံတွေက သူတို့ စက်ရုံ နားမှာပဲ ပြာကန်ကြီးတွေ လုပ်ပြီးတော့ ထားထားရတယ်။ တချို့ ကလည်း မြေဖို့တောင်တွေ ပေါ့နော်။ landfill တွေ ဖို့ရတယ်။

ထွက်လာတဲ့ ပြာတွေထဲမှာ တချို့ပြာတွေက အစိုထွက်တာ။ ဘာလို့လည်း ဆိုတော့ ကျောက်မီးသွေး ကို ရေနဲ့ ပြစ်အောင်လုပ်ပြီး မီးရှို့ရတော့ ပြာတွေက ရေစိုနေတယ်။ အဲဒီတော့ ပြာတွေ အနည်ထိုင်အောင်၊ ရေတွေ ခြောက်အောင် ကန်ထဲမှာ ထားရတယ်။ ဒါတွေ များများလာရင် ကန်ရဲ့ တာဘောင်ရိုးတွေက အကြောင်း အမျိုးမျိုးကြောင့် ပျက်စီး သွားတယ်။

အဲဒီလို တာဘောင်ရိုးတွေ ပျက်စီးတဲ့ဒဏ်ကို အမေရိကန် နိုင်ငံရဲ့ ပြည်နယ်အတော်များများမှာ ကြုံနေရတာ ဖြစ်ပါတယ်။

ပြာကန်ကြီးတွေ ပျက်လို့ ပြာ အစို၊ အခြောက်တွေ အပြင်ကို ထွက်လာပြီးတော့ အနားမှာ ရှိတဲ့ မြစ်ချောင်း တွေထဲ ကျတယ်။ ကွင်းတွေထဲ ကျသွားတယ်။ တချို့ လူသေဆုံးတဲ့ အထိတောင် ရှိတယ်။ လူတွေ သေတယ်၊ ဒဏ်ရာ အနာတရ ဖြစ်တာလည်း ရှိတယ်။ ၁၉ရ၂ ခုနှစ်က ဆိုရင် ဗာဂျီးနီးယားမှာ ဖြစ်တာ ဆိုရင် လူတွေက ၁၁၅ ယောက်တောင် သေသွားတာ။ သိပ်မကြာသေးခင်က ၂၀ဝ၈ ခုနှစ်က Tennesse ပြည်နယ်မှာ ကျောက်မီးသွေးပြာကန် တာတမံကြီးက ပေါက်သွားတာ။ ကျောက်မီးသွေး ပြာတွေ ထားထားတဲ့ နေရာက ၈၄ ဧကလောက် ရှိတယ်။ ပြာရည် အပြစ်တွေက ၁.၁ ဘီလျံ ဂါလံလောက် ရှိတယ်။ အဲဒါတွေက အနားဝန်းကျင်ကို ရောက်သွားတော့ မြေရိုင်း ဧက ၂၅၀ ကနေ ၄၅၀ အထိက ရွှံ့တွေ လွှမ်းပြီး ပျက်စီးသွားတယ်။ အဲဒီအပေါ်မှာ ပြာရည်တွေက ၄ ပေ ၅ ပေလောက် တင်ကုန်တော့ အဲဒါတွေကို ပြန်သန့်ရှင်းရတာက ပိုက်ဆံ အရမ်း ကုန်သလို အကုန်ပျက်စီးသွားတာမို့ အင်မတန်မှ ဒုက္ခဖြစ်ပါတယ်။

နောက်တခါ ၂၀၁၄ ခုနှစ်တုန်းက မီးထုတ်တဲ့ ကုမ္ပဏီ တခုပဲ Duke Energy ကုမ္ပဏီ ရဲ့ ပြာကန်က ပေါက်သွားခဲ့တာပါ။ ပြာတွေက လျှံသွားပြီး ပြာတွေ မြစ်ထဲ ရောက်သွားဖြစ်ပါတယ်။ ပြာတန်ချိန် ၃ သောင်း ၉ ထောင်လောက် ရောက်သွားတာမို့ ရေ ၂၇ မီလျံဂါလံလောက် ရေနောက်တွေ ဖြစ်သွားပါတယ်။ ဒါဟာ ရေလှောင်ကန် ရှိတဲ့ နေရာနားမှာ ဖြစ်ပွါးခဲ့တာမို့ အန္တရာယ် သိပ်ကြီးတာပါ။

ပြာဟာ မြစ်ထဲကို ရောက်သွားတဲ့ အခါ မြစ်ထဲ နေထိုင်တဲ့ သတ္တဝါတွေ အပင်တွေကို အကုန်ဖုံးလွှမ်းသွားတာမို့ အားလုံး ဒုက္ခရောက်နိုင်ပါတယ်။ အဲဒီအထဲမှာ အနယ်အနှစ်တွေ မကောင်းတဲ့ အရာတွေပါနေသလို အဲဒီပြာတွေထဲမှာ အဆိပ်ဖြစ်စေနိုင်တဲ့ အရာတွေ ပါနေတဲ့အတွက် ဝန်းကျင်ညစ်ညမ်းမှုတွေ ဖြစ်စေပါတယ်။ ဒါ့အပြင် အဲဒီ ပြာတွေဟာ မြစ်ကြမ်းပြင်ကိုပါ ဖုံးလွှမ်းသွားပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ်က မြောက်ကာရိုလိုင်းနားမှာ ဖြစ်ပွါးခဲ့တာပါ။ နောက် အမေရိကန် ပြည်ထောင်စု Wisconsin ဒေသမှာ ၂၀၁၁ ခုနှစ်က ပြာကန်ကြီးရဲ့ တာဘောင်ရိုး ပျက်သွားသလို Alabama မှာတော့ ဆာလ်ဖာ ဒိုင်အောက်ဆိုက်ကို ထုံးရည်ပြစ်နဲ့ ပြန်ဖမ်းပြီး လှောင်ထားတဲ့ ကန် ထုံးရည်ပြစ်ကန် ပေါက်သွားတာပါ။ အဲဒီမှာ ထုံးရည်ပြစ် ဂါလံ တသောင်းလောက် ပေါက်ထွက်သွားပါတယ်။

တချို့နေရာတွေမှာ ဆို လှောင်ထားတဲ့ ကန်နေရာမှာ ဂလိုင်ပေါက်ကြီးတွေ ဖြစ်သွားတတ် ပါတယ်။ sinkhole လို့ခေါ်ပါတယ်။ အောက်ကို ကျွံကျသွားတာပါ။ ၄ ဧက လောက်ကို အောက်ကို ကျွံကျသွား တာက Georgia ပြည်နယ်မှာ ၂၀ဝ၂ ခုနှစ်က ဖြစ်ပွါးခဲ့ပါတယ်။ တချို့နေရာတွေမှာဆို မိုးရွာပြီး မိုးကြီးလို့ ပြာကန်တွေ လျှံကုန်သလို တချို့နေရာတွေ မှာတော့ လှောင်ထားတဲ့ ကန်တွေ လုံးဝ ပျက်စီးသွားတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီ အခါမှာ အနားမှာ ရှိတဲ့ မြစ်တွေ ချောင်းတွေ ထဲ ရောက်ကုန်တာမို့ အန္တရာယ် ရှိပါတယ်။

အဲဒီလို အန္တရာယ် ရှိတဲ့ ပြာကန်တွေ အတွက် ပြာကန်ကို စံနစ်တကျ ထိမ်းသိမ်းဖို့ အမေရိကန် အစိုးရက စည်းကမ်း တွေ တင်းတင်းကြပ်ကြပ် ချထားပါတယ်။ စည်းကမ်းတွေ တင်းကြပ်ထားတဲ့ ကြားက ပြာကန် ကျိုးပေါက်မှုတွေ အများအပြား ဖြစ်ပွါးခဲ့ပြီး ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ တည်ထောင်သူ တွေကို ဒဏ်ငွေ သန်းနဲ့ ချီပေးဆောင်စေတဲ့ အပြင် ပတ်ဝန်းကျင် ပြန်လည်သန့်စင်အောင် လုပ်ပေးဖို့ပါ ပြဌာန်းထားပါတယ်။ မြောက်ကာရိုလိုင်းနားက ပြာကန် ကျိုးပေါက်မှုကြောင့် Duke Energy ကုမ္ပဏီကဆို ဒေါ်လာ သန်းပေါင်းများစွာ လျှော်ကြေး ပေးခဲ့ရသလို မြစ်ချောင်းတွေ ပြန်လည်သန့်ရှင်း ပေးရတာနဲ့ ဒေသခံတွေသောက်သုံးဖို့ပါ ရေပေးဝေ ခဲ့ရပါတယ်။

ဒီစွန့်ပစ်ပြာတွေနဲ့ ပတ်သက်ပြီး နောက်အန္တရာယ်တွေ ကြုံရနိုင်ပါသလဲ။ ပြာတွေ စွန့်ပစ်ဖို့ နောက်ဆက်တွဲ လိုအပ်ချက်တွေက ဘာတွေပါလဲ။

စွန့်ပစ်ပြာတွေက အမေရိကန်ပြည်မှာဆိုရင် ပြာတွေက များလွန်းအားကြီးလို့ ထွက်သလောက် မသုံးနိုင်ပဲ၊ ဒီလို မသုံးနိုင်တဲ့ ပြာတွေ ကိုထားဖို့ မြေနေရာ အများကြီး လိုအပ်ပါတယ်။

မြေလိုအပ်ချက်အပြင် လျှပ်စစ်ဓါတ်အားပေးတဲ့ စက်ရုံနားမှာ လူတွေနေမယ်ဆိုရင် အဲ့ဒီကနေပြီးတော့ ပေါက်တာကွဲတာ တခုခုဖြစ်လို့ ထွက်လာရင် ပြာစိုဖြစ်ဖြစ် ပြာခြောက်ဘဲဖြစ်ဖြစ် လူတွေအတွေက် အင်မတန် အန္တရာယ်ရှိပါတယ်။ ဂေဟစနစ်မှာလည်း နောက်ဆုံးဘိတ် ပြာတွေ မြစ်ချောင်းထဲ ရောက်သွားအုန်း ဒီမှာရှိတဲ့ပင်တွေ သတ္တဝါတွေ သေကြေကြမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ မူလ သဘာဝဝန်းကျင်ဟာ လုံးဝပြောင်းလဲ သွားနိုင်ပါတယ်။ အဲ့ဒါဟာ သိပ်ကို အရေးကြီး ပါတယ်။ ဒါကြောင့် ပြာကန်တွေကို သေသေချာချာ စောင့်ကြည့် ထိမ်းသိမ်းဖို့ လိုအပ်ပါတယ်။ အမြဲတန်း ပြာကန်တွေကို စစ်နေတဲ့ ကြားထဲကပဲ လူသေဆုံးမှုတွေ ကြုံရတတ်ပါတယ်။

မြန်မာပြည် အတွက် ဆိုရင်တော့ မြေငလျင်ရပ်ဝန်းထဲ ကျနေတာမို့ ပြာကန်တွေ ထားဖို့ ဘယ်နေရာမှာ ရွေးမလဲ ဆိုတာက သိပ်ကို အရေးကြီးပါတယ်။ အင်ဂျင်နေရာတွေ အနေနဲ့လည်း ပြာကန်တွေရဲ့ အလေးချိန်၊ တာရိုး အနေအထား စတာတွေကို အမြဲတမ်း စောင့်ကြည့် စစ်ဆေးနေဖို့လိုပါတယ်။ ဒီပြာကန် ထားတဲ့ ကိစ္စအတွက် လွယ်လွယ်လေးနဲ့တော့ ကိုင်တွယ်လို့ ရတာမဟုတ် ပါဘူး သေသေချာချာ အမြဲမပြတ် စောင့်ကြည့် နေရမှာဖြစ်တယ်။ ဒါ့အပြင် လေထုထဲကို အညစ်အကြေးတွေ ရောက်မသွားအောင် ထိမ်းပေမယ့် ရေထုထဲ၊ မြေထုထဲကိုပါ ရောက်နိုင်တာပါ။ ဒါ့ကြောင့် လေထုထဲ သန့်စင်တဲ့ ကျောက်မီးသွေး ထုတ် နည်းပညာ ဆိုပေမယ့် ထွက်သမျှ အကုန်လုံးကို မပြန့်နှံ့အောင် သိမ်းလို့ ရတာတော့ မဟုတ်ပါဘူး။ ဒီ အညစ်အကြေးတွေကို လေထဲ၊ ရေထဲမှာ ရောက်မသွားအောင် သေသေချာချာ မလုပ်နိုင်ရင် မြန်မာနိုင်ငံတွင်းက မြစ်ချောင်းအင်းအိုင်တွေက အကုန်လုံးမှာ အန္တရာယ် ဖြစ်လာနိုင်ပါတယ်။

ဟုတ်ပါတယ်။ နျူကလီယား လောင်စာသုံး ဓါတ်အားပေး စက်ရုံတွေ တစုံတခု ဖြစ်ရင် ကြုံရတဲ့ အန္တရာယ် သိပ်ကြီးတာကို သိသိသာသာ မြင်နိုင်ပေမယ့် ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံတွေ ကနေ ရလာမယ့် အန္တရာယ်ကိုတော့ ချက်ချင်း မမြင်နိုင်တဲ့အတွက် သိပ်မကြောက်ကြပါဘူး။ နောက်တပတ် မှာတော့ နောက်ဆက်တွဲ ကြုံ လာနိုင်တဲ့ အန္တရာယ်တွေ အကြောင်း ဆက်ပြီး တင်ပြပေးပါ့မယ် ဆိုတာကိုမြန်မာနိုင်ငံမှာ ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံတရုံ တည်မယ်ဆိုရင် ဘာတွေ ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ် ဆိုတာတွေကို ဒီတပတ်မှာ ပြောပြပေးမှာပါ။

ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံရဲ့ အန္တရာယ် အပိုင်း ၃

0:00:00 /0:07:07 တိုက်ရိုက် လင့်ခ်-https://burmese.voanews.com/a/3896479.html

လျှပ်စစ် စွမ်းအင်ထုတ်ယူတဲ့ ကျောက်မီးသွေးသုံး စက်ရုံကနေ မျက်စိနဲ့ အလွယ်တကူ မမြင်နိုင်တဲ့ အဆိပ်သင့် ဓါတ်တွေ ထုတ်ပေးနိုင်တာ အပြင် စက်ရုံရဲ့ စွန့်ပစ်ပြာတွေ သိုလှောင်ရာမှာ ကြုံရတဲ့ အန္တရာယ် တွေ အကြောင်း တင်ပြပေးခဲ့ ပြီးပါပြီ။

မြန်မာနိုင်ငံရဲ့ ၂၀၁၆ စွမ်းအင်စီမံကိန်းက ၂၀၃၀ မှာ ကျောက်မီးသွေးကနေ ရာနှုန်း ၂၀ ယူဖို့ လျာထားတာပါ။ မက်ထရစ်တန်ချိန် ၅၀ဝ လောက် ရှိမယ်လို့ ၂၀၁၁ က ခန့်မှန်းကြတဲ့ မြန်မာနိုင်ငံထွက် ကျာက်မီးသွေးဟာ အရည်သွေးညံ့တဲ့ lignite အမျိုးစားမို့ အဆင့်မြင့် နည်းသုံးရာမှာ လိုအပ်တဲ့ အကောင်းစားကို ပြည်ပကနေ တင်သွင်းဖို့ လိုပါတယ်။

ရန်ကုန်- ကျောက်တန်းက ကျောက်မီးသွေး စက်ရုံတည်မယ့် ကိစ္စကို မကြာသေးခင်က ပယ်ချခဲ့ ပေမယ့် လက်ရှိ လည်ပတ်နေတဲ့ အင်းလေးနားက တီကျစ်နဲ့ တနင်္သ࿿ာရီတိုင်း ကော့သောင်က စက်ရုံတွေ နဲ့အတူ နောက်ထပ် ရခိုင်ကျောက်ဖြူ၊ မွန်ပြည်နယ် ရေး၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း တွေမှာ ဆက်တည်မယ့် စီမံကိန်းတွေ အများကြီး ရှိနေပါသေးတယ်။
အန္တရာယ်ကြုံရမှာကို ချက်ချင်း မမြင်နိုင်တဲ့ ကျောက်မီးသွေးသုံး စက်ရုံတွေ တည်ဆောက် တော့မယ် ဆိုရင် ကဏ္ဍဍစုံက နေ စဉ်းစားဖို့ လိုအပ်တယ်လို့ အမေရိကန်နိုင်ငံ Texas ပြည်နယ်က သဘာဝ ဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပါတယ်။

ကျောက်မီးသွေး စက်ရုံတွေ ဆောက်မယ် ဆိုရင် လေထုထဲကို အမှုန်အမွှားတွေ ဓါတ်ငွေ့တွေ ရောက်မသွားအောင် အင်မတန်ကောင်းတဲ့ နည်းပညာတွေ သုံးဖို့ လိုတယ်။ အဲဒီလို နည်းပညာတွေ သုံးတာတောင်မှ လေထုထဲကို ရောက်အုံးမှာပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ သူက အရမ်းထွက်တာကိုး။ နောက်တချက်က ကျောက်မီးသွေးက မီးလောင်တတ်တယ်။ ဥပမာ- ၂၀၁၄ ခုနှစ်က ဂျပန်မှာ ရှိတဲ့ ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံ။ သူက ကျောက်မီးသွေးကို အမှုန့်ကြိတ်တဲ့ အခါမှာ မီးက ထပြီး ကူးလို့ ၂ နာရီလောက် မီးလောင်နေတယ်။ အဲဒီတော့ အဲဒီ စက်ရုံကြီးကို ရပ်လိုက်ရတယ်။ မြန်မာပြည် မှာဆို ပူလည်းပူတယ်။ ကျောက်မီးသွေးကို ပုံထားတာပဲ ဖြစ်ဖြစ်၊ ကြိတ်တဲ့ အခါပဲ ဖြစ်ဖြစ် မီး ထလောင်နိုင်တယ်။ ဒါကြောင့် အဲဒီ မီးပြဿနာလည်း ရှိပါတယ်။

နောက် တချက်က ကျောက်မီးသွေးကို ပုံထားမယ် ဆိုရင် လေလွင့်နိုင်ပါတယ်။ လေလွင့်ရင် ကျောက်မီးသွေးရဲ့ အမှုန်လေးတွေဟာ အင်မတန်မှ သေးငယ်ပါတယ်။ သိပ်သေးငယ်ရင် အမှုန်တွေရဲ့ သဘာဝက အဆုပ်ထဲကို ရောက်သွားတာပါ။ အဆုပ် အတွင်းပိုင်းထဲ ရောက်သွားပြီး အဲဒီက သွေးကြောလေးတွေကနေ တဆင့် တခြား သွေးကြောတွေထဲ ရောက်သွားမယ် ဆိုရင် နှလုံးမှာ သွားပြီး ထိခိုက်တာ၊ ဦးနှောက် သွေးကြောပိတ်တာ တို့ ဖြစ်တတ်ပါတယ်။ ဒီလို ဖြစ်တာမျိုးကို အမေရိကန်နိုင်ငံမှာတော့ ကျောက်မီးသွေးကို တူးဖေါ်တဲ့ လူတွေ၊ ကျောက်မီးသွေးကို ကိုင်တွယ်ရတဲ့ လူတွေမှာ အဲဒီအမှုန်ကလေးတွေကနေ သူတို့ အခေါ် Black Lung Disease ဆိုတဲ့ အဆုပ်မဲ ရောဂါ ဖြစ်တတ်ပါတယ်။ ဘာကြောင့် အခုလို ခေါ်ရသလဲ ဆိုတော့ အဆုပ်ထဲမှာ ရှိတဲ့ လေလမ်းကြောင်း လေးတွေ၊ သွေးကြောလေးတွေက အမှုန်တွေနဲ့ ပိတ်သွားပြီး အဆုပ်က အလုပ်မလုပ်ပဲဖြစ်သွားတဲ့ အခါ အဲဒီလူဟာ အရမ်း ပင်ပမ်း နွမ်းနယ်ပြီး နောက်ဆုံး သေဆုံးတဲ့ အဖြစ်ရောက်သွားတတ်ပါတယ်။ ဒါဟာ ချက်ချင်း မသိနိုင်ပဲ နှစ်ပေါင်း များစွာ ကြာမှ သိနိုင်တာ ဖြစ်ပါတယ်။

ကျောက်မီးသွေးကို ကိုင်တွယ်လုပ်ကိုင်သူ မဟုတ်ပေမယ့် ဒီကျောက်မီးသွေးမှုန်တွေကို သေသေချာချာ လေထဲ မရောက်အောင် မလုပ်ဖူးဆိုရင် အနီးနား ဝန်းကျင်မှာ နေထိုင်သူတွေ အနေနဲ့ ဘယ်နည်းနဲ့ မဆို ဒီအမှုန်တွေကို ရှုရှိုက်ရမှာ ဖြစ်တဲ့အတွက် ထိခိုက်နိုင်မှာပါ။ နောက်တချက်ကတော့ ကျောက်မီးသွေးဟာ အက်ဆစ်မိုး ဖြစ်စေပါတယ်။

ဟုတ်ပါတယ်။ စက်ရုံတည်ဖို့ စဉ်းစားတဲ့ ထဲမှာ အက်ဆစ်မိုး အန္တရာယ်ကို ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။
လူတွေက အက်ဆစ်မိုး ဆိုရင် မိုးရွာမှပဲ ဖြစ်တယ်လို့ ထင်တယ်။ မဟုတ်ဖူး။ အက်ဆစ်မိုးက မိုးရွာတဲ့ အထဲမှာ ပါလာသလို အခြောက်လည်း ရွာတာပါ။ ဒီလို အခြောက်ရွာရင် ရွာမှန်းတောင် မသိနိုင်ပါဘူး။ ဒီအက်ဆစ်မိုးကြောင့် ဒေသတွင်း ပျက်စီးမှုတွေ ကြုံရနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ စေတီပုထိုးတွေ ရှေးဟောင်း အဆောက်အဦးတွေက ဆယ်စုနှစ်မကဘူး နှစ်ပေါင်း ထောင်နဲ့ ချီ ရှိနေပါတယ်။ အမေရိကန်မှာ ဆို သမိုင်းဝင် ပစ္စည်းတွေက ပြန်ကြည့်မယ် ဆိုရင် အမေရိကန် သမိုင်းက သိပ်မကြာသေးတော့ ထောင်နဲ့ချီ မရှိပါဘူး။ အက်ဆစ်မိုးရွာတဲ့ အခါ မှာ အဆောက်အဦးတွေ၊ ရုပ်ထုတွေက အစ ကျိုးပဲ့ ပျက်စီးကုန်ပါတယ်။ မြန်မာပြည်မှာကတော့ သမိုင်းဝင် ပစ္စည်းတွေက နှစ်ပေါင်းထောင်နဲ့ချီ ရှိနေတာ ဖြစ်ပြီး ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံတွေ တည်ဆောက်လိုက်မယ် ဆိုရင် ကြုံလာရမယ့် အက်ဆစ်မိုးကြောင့် သမိုင်း အမွေအနှစ်တွေ ဘာဖြစ်ကုန်မယ် ဆိုတာကို ထည့်စဉ်းစာ ဖို့ လိုပါတယ်။ အက်ဆစ်မိုးရွာရင် အဆောက်အဦးတွေ ကားတွေ မှာ သုတ်ထားတဲ့ ဆေးတွေပျက်စီး တတ်သလို လူတွေမှာလည်း အဆုပ်ကို ထိခိုက်နိုင်ပါတယ်။

နောက်ပြီး ကျောက်မီးသွေး စက်ရုံဆိုတာ နဲနဲပါးပါး သေးသေးကွေးကွေး ဆောက်ရုံနဲ့ မီးမလုံလောက်တဲ့အတွက် ကြီးကြီးမားမား ဆောက်ရတာ မျိုးပါ။ နောက် ကျောက်မီးသွေး စက်ရုံဆောက်တိုင်း ကာဗွန် ဒိုင်အောက်ဆိုက်တွေ ပိုပို များလာရင် ရာသီဥတုကလည်း ပိုပိုပြီး ပူလာမှာ ဖြစ်ပါတယ်။ ဒါကို ပတ်ဝန်းကျင်က ခံစားရမှာ ဖြစ်သလို ကျောက်မီးသွေး စက်ရုံက ထွက်တဲ့ အညစ်အကြေးတွေ ဟာ တပြည်နယ်ကနေ နောက်တပြည်နယ်ကို ကူးနိုင်တဲ့အတွက် အားလုံး ဒဏ်ခံ ကြရမှာမို့ ဒါတွေကို သတိထားဖို့ လိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်း အမျိုးမျိုးဖြစ်တဲ့ ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်း၊ စက်မှု လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းတွေ မှာလည်း သွားပြီး သက်ရောက်နိုင်ပါတယ်။ တကယ်လို့ ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံတွေကို အင်မတန်မှ အထွက်ကောင်းတဲ့ သီးနှံပင်တွေ စိုက်ပျိုးရာ နားမှာ သွားတည်ဆောက်မိရင် အသီးအနှံတွေ၊ အရွက်တွေမှာ အရည်အသွေး ညံ့လာတတ်ပါတယ်။ ဥပမာ လက်ဖက် စိုက်တဲ့ နေရာမျိုးမှာ စက်ရုံ သွားတည်တာ မျိုးပါ။ အခုအင်းလေးလို ခရီးသွားတွေ အများကြီးလာကြတဲ့ နေရာနဲ့ သိပ်မဝေးတဲ့ နေရာမှာ တီကျစ် ကျောက်မီးသွေး စက်ရုံ တည်ထားတာပါ။ အဲဒီမှာ မြစ်ချောင်းတွေ တိမ်ကောမယ့် အန္တရာယ် ရှိနိုင်ပါတယ်။

ဒါတွေ ထက် အရေးကြီးတာက မတိုးတက်သေးတဲ့ မြန်မာနိုင်ငံမှာ လေထု ညစ်ညမ်းမှု အတိုင်းအတာ နဲ့ အန္တရာယ်ကို သေသေချာချာ သိအောင် မလုပ်နိုင် သေးတာ ဖြစ်ပြီး ကဏ္ဍဍစုံက ပါဝင် ဆောင်ရွက်ဖို့ လိုနေတာပါ။

မြန်မာပြည်မှာ လေထုထဲကို မကောင်းတဲ့ အညစ်အကြေးတွေ ဘာတွေ ရောက်နေသလဲ၊ ဘယ်လောက် အတိုင်းအတာအထိ ရောက်နေသလဲ၊ ဆိုတာကို အခုထိ တိတိကျကျ တိုင်းတာတဲ့ ကရိယာတွေ မရှိသေးသလို စာရင်းဇယား တွေလည်း မရှိသေးပါဘူး။ ဒါကြောင့် လေထုထဲမှာ ညစ်ညမ်းမှု ဖြစ်နေတာဟာ ကျောက်မီးသွေး စက်ရုံ တခုထဲမကပဲ တခြားတွေလည် အများကြီး ရှိနေနိုင်တာမို့ လူတွေအတွက် ကျန်းမာရေး သိပ်ထိခိုက်နိုင်တာမို့ အရေးကြီးပါတယ်။ အဓိကက မာကျူရီ ပြဿနာပါ။ ငါးတွေဆီ ရောက်သွားမယ် ဆိုရင် ခန္ဓာကိုယ်ထဲကနေ မာကျူရီက မထွက်တော့တဲ့ အတွက် ဒီငါးကို လူတွေ စားမိရင် အန္တရာယ် ရှိပါတယ်။ ဒါ့ကြောင့် ငါးလုပ်ငန်းကလည်း ဒီကိစ္စကို အလေးထားဖို့ လိုပါတယ်။

ငါးလုပ်ငန်းတင်မကပါဘူး ခရီးသွားလုပ်ငန်း ဆိုရင်လည်း ခရီးသွားတွေ လာလေ့ရှိတဲ့ ရှေးဟောင်း အမွေအနှစ်တွေ ရှိတဲ့ နေရာတွေနားမှာ ကျောက်မီးသွေး စက်ရုံတွေ များလာလို့ လေထု ညစ်ညမ်းမှု ဖြစ်မယ် ဆိုရင် အဆင်မပြေမှုတွေ ကြုံရနိုင်ပါတယ်။ အထူးသဖြင့် လူအများ နားနေတဲ့ ပန်းဥယာဉ်တွေ၊ နိုင်ငံတော် ဥယာဉ်တွေ၊ သစ်တောတွေနားမှာ ရှိရင် လေထုညစ်ညမ်းမှုတွေ ဖြစ်လာမယ်။ ဒါကြောင့် တခုထည်းအတွက် စဉ်းစားလို့ မရပါဘူး။ ကဏ္ဍဍစုံအတွက် စဉ်းစားဖို့ လိုပါတယ်။

အင်ဂျင်နီယာတွေ အနေနဲ့ လည်း ကဏ္ဍဍစုံက ပူးပေါင်း ဆောင်ရွက်ရမှာ ဖြစ်ပြီး လျှပ်စစ်၊ စက်မှု၊ မြို့ပြ၊ အီလက်ထရောနစ်ဆိုင်ရာ အင်ဂျင်နီယာ ကဏ္ဍဍမျိုးစုံ အထောက်အပံ့ကို ရယူဖို့ လိုပါတယ်။ ဒါ့အပြင် မိုးလေဝဿ ပညာရှင်တွေကလည်း အရေးကြီးပါတယ်။ ကျောက်မီးသွေးစက်ရုံ ခေါင်းတိုင်ကနေ ထွက်တဲ့ အခိုးအငွေ့တွေ အမှုန်အမွှားတွေဟာ လေထဲမှာချက်ချင်း ပျောက်မသွားနိုင်ပါဘူး။ ဘယ်ဘက်ကို လွင့်သွားမယ်၊ ဘယ်နေရာမှာ အမှုန်တွေ ကျမယ်၊ ဆိုတာတွေကို တွက်ချက်ရမှာ ဖြစ်တဲ့ အပြင် လူတွေရဲ့ အသက်ရှု လမ်းကြောင်းထဲ ဘယ်လောက်အထိ ရောက်သွား နိုင်တယ် ဆိုတာ တွေကိုပါ ကွန်ပြူတာ နည်းတွေနဲ့ တွက်ချက်တိုင်းတာ ရပါတယ်။ ဒါကြောင့် အဖက်ဖက်ကနေ ပူးပေါင်း လုပ်ဆောင်ဖို့ လိုတာပါ။ ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံတရုံ ဘေးကင်းကင်းနဲ့ ရှိအောင် လုပ်ဖို့ ဆိုတာ ထင်သလောက် မလွယ်ကူပါဘူး။ 

အများကြီး သတိထားပြီး လုပ်မှ ဖြစ်မှာပါ။ ဒီလို မလုပ်ရင် အခြေနေဆိုးတွေနဲ့ ရင်ဆိုင်ရနိုင်ချေ ရှိပါတယ်။
သဘာဝ ဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည် ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ဗံနဲ့ နည်းပညာ ကဏ္ဍဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။ဟဲခိနန် အဆင့်မြင့် နည်းပညာသုံး ကျောက်မီးသွေး အသုံးပြု ဓာတ်အား ထုတ်လုပ်ရေးစနစ်......

ဟဲခိနန် အဆင့်မြင့် နည်းပညာသုံးကျောက်မီးသွေး အသုံးပြု ဓာတ်အားထုတ်လုပ်ရေးသည့် စက်ရုံကို သွားရောက်လေ့လာကြသည်။

Chubu (ချူဘူး) လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကုမ္ဗဏီ၏ ဟဲခိနန် (Hekinan) အဆင့်မြင့်နည်းပညာသုံး ကျောက်မီးသွေးအသုံးပြု လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံသည် ဂျပန်နိုင်ငံ၏ အဓိကစက်မှုမြို့တော် တစ်ခုဖြစ်သည့် နာဂိုယာမြို့ တောင်ဘက်မိုင်လေးဆယ်အကွာ ကင်အူရာ (Kinuura) ပင်လယ်ကွေ့တွင် တည်ရှိ သည်။ စက်ရုံပတ်ဝန်းကျင်တွင် လူဦးရေ ခုနှစ်သောင်းခန့်နေထိုင်သည်။

စက်ရုံကို စတုရန်းမီတာ ၂ ဒသမ ဝ၈ သန်း အကျယ်အဝန်းရှိ မြေနေရာပေါ်တွင် တည်ဆောက်ထားသည်။ စက်ရုံကို ၁၉၉၁ ခုနှစ်တွင် စတင်တည်ဆောက်သည်။ ၇၀ဝ မီဂါဝပ် ထုတ်နိုင်သော စက်သုံးလုံးပါဝင်ပြီး ၁၉၉၃ ခုနှစ်တွင် စက်သုံးလုံးလုံး စတင် လည်ပတ်သည်။

ဂျပန်နိုင်ငံအတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို  ဖြည့်ဆည်းပေးနိုင်ရန် အတွက် ၁၀ဝ၀ မီဂါဝပ် ထုတ်လုပ် နိုင်သော စက်သုံးလုံးကို ၂၀ဝ၁ ခုနှစ် နှင့် ၂၀ဝ၂ ခုနှစ် တွင် တိုးချဲ့တပ်ဆင်ခဲ့သည်။ ယခုအခါ ဟဲခိနန် သည် ဂျပန်နိုင်ငံတွင်အကြီးဆုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်သည့် စက်ရုံဖြစ်ပြီး နေ့စဉ် ၄၁၀ဝ မီဂါဝပ် ကို ထုတ်လုပ်လျက် ရှိ သည်။

ထိုပမာဏသည့် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ထုတ်လုပ်ပြီး မဟာဓာတ်အားလိုင်း မှ ဒေသအနှံ့ ဓာတ်အား ဖြန့်ဖြူးနေသည့် လျှပ်စစ်ဓာတ်အားပမာဏာ၏ နှစ်ဆနီးပါး၊ ရန်ကုန်မြို့တော်တွင်သုံးစွဲနေသည့် လျှပ်စစ် ဓာတ်အား ပမာဏ၏ လေးဆနီးပါးဖြစ် သည်။

ဟဲခိနန်လျှပ်စစ်ဓာတ်အားစက်ရုံသည် ကျောက်မီးသွေးကို အသုံးပြုပြီး လျှပ်စစ် ဓာတ်အားထုတ်လုပ်ရာတွင် လိုက်နာရမည့် နိုင်ငံတကာသဘာဝပတ်ဝန်းကျင်ထိန်း သိမ်းမှုဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက် နေခြင်းဖြစ်သည်။

ထို့ပြင် စက်ရုံပတ်ဝန်းကျင်တွင် နေထိုင်နေသည့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ကျန်းမာရေးကို ထိခိုက်မှု မရှိစေရန်အတွက် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်လျက်ရှိပြီး စက်ရုံပတ်ဝန်းကျင်တွင် စိုက်ပျိုးရေး လုပ်ငန်းများ၊ ငါးဖမ်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် ဆောင်ရွက်ချက်များ အနေဖြင့် ဆာလဖာဓာတ်ငွေ့ ထုတ်လုပ်မှု မရှိစေရန်အတွက် ဆာလဖာအောက်ဆိုဒ်ကို ထုံးကျောက်နှင့် ဓာတ်ပြုစေပြီး ဂျစ်ပဆမ်  (Gypsum) အဖြစ် ပြောင်းလဲခြင်း၊ နိုက်ထရိုဂျင်အောက်ဆိုဒ်ဓာတ်ငွေ့ကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိသည့် နိုက်ထရိုဂျင်နှင့် ရေအဖြစ်ပြောင်းလဲခြင်း၊  ကျောက်မီးသွေးစုပုံထားသည့် နေရာများတွင် လေတိုက် ခတ်မှုကြောင့် အမှုန်များ ပြန့်လွင့်မှုမရှိစေရန် အတွက် ပေ ၆၀ ကျော်မြင့် မားသည့် လေကာတံတိုင်းများ ကာရံထားခြင်း၊ လိုအပ်ပါက ကျောက်မီးသွေးပုံများကို ရေဖြန်းခြင်း၊  ကျောက်မီးသွေးများကို သဘောင်္ပ࿿ေါ်မှ ရွှေ့ပြောင်းချိန်တွင် လည်းကောင်း၊ စုပုံနေရာမှ စက်ရုံတွင်းသို့ပို့ဆောင်ရာတွင်လည်းကောင်း အမှုန်များ ပြန့်လွင့်မှု မရှိစေရန်အတွက် အကာအကွယ်များ တပ်ဆင်ထားခြင်း၊ စက်ရုံအတွင်း အမှုန်အမွှား များ၊ ဖုန်မှုန့်များကို စုတ်ယူသန့်ရှင်းရန်အတွက် Electrostatic Dust Collectors , Wet Electrostatic Dust Collectors များကို အသုံးပြုခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းစေရန်အတွက် ရေဆိုးစွန့်ပစ်စနစ်ကို စနစ်တကျ တည်ဆောက်ထားခြင်း၊ စက်ရုံပတ်ဝန်းကျင်ရှိ ပင်လယ်ရေ အပူချိန်မြင့် တက်မှုမရှိစေရန်အတွက် ဆောင်ရွက် ထားခြင်း၊ ပတ်ဝန်းကျင်လေထုအတွင်းရှိ ဆာလဖာဒိုင်အောက်ဆိုဒ်နှင့် နိုက်ထရိုဂျင် အောက်ဆိုဒ်ပမာဏာကို အဆက် မပြတ်တိုင်းတာနေပြီး  ဒေသခံလူထုအနေဖြင့် အဆိုပါ တိုင်းတာချက်များကို အချိန် မရွေးကြည့် ရှုနိုင်အောင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ထားခြင်း၊ စက်ရုံမှ ထွက်ရှိလာသည့် အသုံးပြုပြီး ကျောက်မီး သွေးပြာ ၉၀% ခန့်ကို ဘိလပ်မြေပြန်လည်ထုတ်လုပ်ရာတွင် အသုံးပြုခြင်း၊ ကျန်ရှိသည့် ကျောက်မီး သွေး ပြာများကို မြေအောက်ရေနှင့် ပင်လယ်ရေများ ညစ်ညမ်းမှုမရှိစေရန်အတွက် အဆင့်မြင့်နည်းပညာအသုံးပြုပြီး ထိန်းသိမ်းထားခြင်း၊ စက်ရုံဧရိယာ၏ ၂၅% ကို စိမ်းလန်းနယ်မြေအဖြစ်ထိန်းသိမ်းထားခြင်း တို့ ဆောင်ရွက် ကြောင်း သိရသည်။

ဟဲခိနန်စက်ရုံတွင် တစ်လလျှင် ကျောက်မီးသွေးတန် ရှစ်သိန်းရှစ်သောင်းခန့် အသုံးပြုနေပြီး ကျောက်မီး သွေးများကို သြစတေးလျနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှာ သယ်ယူလျက်ရှိသည်။ ဟဲခိနန်စက်ရုံသည် ၁၉၉၃ နှစ်မှ စတင်၍  ၂၄ နာရီ လည် ပတ်လျက်ရှိပြီး  ချို့ယွင်းမှု လုံးဝ မရှိခဲ့ကြောင်း၊  မြေငလျင်ကြောင့်ဖြစ်စေ၊ ဆူနာမီ ကြောင့်ဖြစ်စေ စက်ရုံရပ်ဆိုင်းရခြင်း မရှိခဲ့ကြောင်း သိရသည်။

စက်ရုံကို လေ့လာကြည့်ရှုပြီးနောက် စက်ရုံတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်အတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးသည် အရေးကြီး ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ရေအား လျှပ်စစ်ထုတ်လုပ်နိုင်သည့် အရင်းအမြစ် များစွာရှိသော်လည်း ရေအားလျှပ်စစ်သည် ရာသီဥတုအပေါ်မူတည်နေသည့်အတွက် အပြည့်အဝ အားကိုး၍ မရနိုင်ကြောင်း။

ထို့ကြောင့် သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့သည် အဓိကလျှပ်စစ် ဓာတ်အားထုတ်လုပ်ရာ အရင်း အမြစ်များဖြစ်လာကြောင်း၊ နေရောင်ခြည်နှင့် လေစွမ်း အင်တို့သည် အနာဂတ်အတွက် အလား အလာ ရှိသော်လည်း ထုတ်လုပ်မှု ကုန်ကျ စရိတ်မြင့်မားသည့်အတွက် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပင် အပြည့်အဝ အသုံးမချနိုင် သေးကြောင်း၊   ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားစက်ရုံများသည် အလျင်အမြန် တည်ဆောက် နိုင်ပြီး ထုတ်လုပ်မှုစရိတ်လည်းနည်းပါးကြောင်း။

ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေ သည့် ဂျပန်နိုင်ငံ၏ အတွေ့အကြုံနှင့် နည်းပညာများကို မိမိတို့အသုံးပြုလိုကြောင်း၊  ချူဘူး ကုမ္ဗဏီ အနေဖြင့်လည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံ မှုများ ပြုလုပ်စေလိုကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယမြောက်လျှပ်စစ်ဓာတ်အားအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး မီဂါဝပ် သုံးသိန်းခန့်ထုတ်လုပ်လျှက်ရှိသည်။ ဂျပန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၂၅% ကို ကျောက်မီး သွေးမှ ထုတ်လုပ်နေခြင်းဖြစ် သည်။

၂၀၁၁ ခုနှစ် မတ်လက ဖြစ်ပွားခဲ့သည့် ဆူနာ

ထို့ပြင် အနာဂတ်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် နောက်ထပ် ကျောက်မီးသွေး သုံးလျှပ် စစ်ဓာတ်အားစက်ရုံ ၇ ခုကိုလည်း တည်ဆောက်လျက်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံလျှပ်စစ်လိုအပ်ချက်၏ ၂၆% ကို ကျောက်မီးသွေးမှ ထုတ်လုပ်မည်ဆိုပါက နောက်ထပ် ကျောက်မီးသွေး သုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၄၅ ရုံထပ်မံဆောက်လုပ်ရမည်ဟု ခန့်မှန်းထားသည်။ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံ၏ ကာဘွန်ထုတ်လုပ်မှုမြင့်မားခြင်းမရှိစေရန်အတွက် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားစက်ရုံများတွင် အဆင့်မြင့်နည်းပညာများ အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။










Ref: Ko Nge



Post a Comment

Gadget

This content is not yet available over encrypted connections.

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!