Popular Posts!

Thursday, June 22, 2017

ကျောက်မီးသွေးသာ ရွေးချယ်ရာ!

ဝမရှိဘဲ ဝီလုပ်ခြင်သူတွေ....

လေထုအသန့်စင်ဆုံးနဲ့..လျှပ်စစ်ထုတ်ပေးနိုင်တဲ့.... ရေအားလျှပ်စစ်ကိုလည်း.. သပိတ်သပိတ်.. မှောက်မှောက်..လုပ်နေသူများပေါ့..။

အဲ! အညစ်ပါတ်ဆုံးဖြစ်တဲ့.. ကျောက်မီးသွေးက လျှပ်စစ်ထုတ်တာကျ.. အူကြောင်ကြောင်ဖြစ်သူဖြစ်.. နဲ့.. ခပ်ညစ်ညစ်.. 

ဂက်စ်..သဘာဝဓာတ်ငွေ့ကထုတ်တာကျ..အိုကေကြပုံရသား..။

နောက်ပြီး.. ဘာတဲ့..Renewable Energy တဲ့..။

ဖွံ့ဖြိုးပြီးနိုင်ငံတွေတောင်.. အားပြည့်မလုပ်နိုင်သေးတဲ့.. နေ..လေက..လျှပ်စစ်ထုတ် တာမျိုးကို.. လုပ်ပါလုပ်ပါ..လုပ်ကြပါ တိုက်တွန်းတဲ့ ပညာရှင်ဆိုသူတွေ လည်းရှိသေး....။

ဒီတော့ solar/wind/အမှိုက် စတဲ့ renewable energy (only) နဲ့ပဲ လျှပ်စစ်ထုတ်ဖို့ တိုက်တွန်းနေသူတွေကို ပြန်မေးချင်ပါတယ် ? 

တစ်ယူနစ် ၃၅ ကျပ်ကနေ ၁၀ဝ ကျပ်တက်ဖို့တောင် ညှိမရ ဖြစ်နေတဲ့ မြန်မာပြည်မှာ... မီတာခတစ်ယူနစ် ၂၄၀ ကျော်တန် renewable လျှပ်စစ်တစ်မျိုးတည်းနဲ့ တိုင်းပြည် တည်ဆောက်လို့ ရနိုင်ပါ့မလား?

Solar system တွေမှာ energy storage device ကို battery တွေသုံးရင် ကုန်ကျစရိတ်အရမ်းများပါတယ်၊ သက်တမ်းလဲတိုပါတယ်၊ သက်တမ်းရှည်တာကြတော့လဲ့ဈေးကြီးပါတယ်၊ ၁၀နှစ်သက်တမ်း solar system အတွက် solar panel + controller + inverter သုံးခုပေါင်းတန်ဖိုးထက် battery တန်ဖိုးက သုံးဆ လေးဆ လောက်ပိုပါတယ်၊ ပြောချင်တာက solar system မှာ battery တွေသုံးတာ economy မဖြစ်ပါဘူး။

အဲဒါကြောင့်ဆရာကျော်ဦးပြောသလို battery မလိုတဲ့ molten salt storage system ကိုမြန်မာနိုင်ငံမှာအသုံးပြုသင့်ပါတယ်။ အိမ်သုံးအတွက်တော့အဆင်မပြေဘူးပေါ့!

ပါးစပ်ဝဲပေါက်မှာမကြောက်ပြောရက်လေတယ်..။
ရယ်စရာ၂ခုက... မြန်မာဟာ သူ့ဂျီဒီပီနဲ့ တွက်ရင် ကမ္ဘာမှာ ကာဗွန်ထုတ်မှုအနည်းဆုံး တိုင်းပြည် တခု ဖြစ်နေ တာပါပဲ..။

ဒါပေမယ့် မုန်တိုင်းတွေကျ၊ရေကြီး၊ရေခန်းတာကျ ထိပ်ဆုံးက အခံရဆုံးတနိုင်ငံပါ ၊ ကောင်းပါလေ့။

မိုးတွေရွာရင်ရေတွေကြီးလို့ နွေရောက်ရင်ရေကျခမ်းတဲ့၊
ဧရာဝတီ/ချင်းတွင်း/စစ်တောင်း/သံလွင် မြစ်ကြီးတွေဘေးကနေ။

ငတို့မြန်မာတွေ.. 
"ကမ္ဘာကြီးကို ကယ်တင်ခဲ့သည် ကယ်တင်သည် " 
လို့ .ရေနံကထုတ်တဲ့ ချိုင်းနားပြည်လုပ်ဖယောင်းတိုင်လေးများ ဆက်ထွန်းရင်း ...ဆန္ဒပြခြင်းကို.. ဆက်လုပ်ကြစို့.. လုပ်ကြစို့..။

တိုးတင်တဲ့ စက်မှုနိုင်ငံကြီးတွေမှာတောင် Clean Coal ကျောက်မီးသွေး စက်ရုံတွေ လျှပ်စစ် စွမ်း အင် အရေးကြီးစွာလိုအပ်နေမှုကြောင့် ထပ်တောင်တိုးချဲ့ တည်ဆောက်နေကျသေးတာကို ဘာမှ မဟုတ်သေးတဲ့ အခုမှစတောင်မစရသေးဘူး ဆန္ဒပြနေကျပြီဆိုတော့....


တကယ်တန်းသဘာဝပတ်ဝန်းကျင်သန့်ရှင်းစင်ကြယ်စေဖို့ဆိုတာက သဘာဝသယံဇာတတွေ သစ်တောတွေ မဖြုန်းတီးအောင် အရင် ကာကွယ်ဖို့ လုပ်ယူရမဲ့ တာဝန်က အစိုးရတွေရဲ့ တာဝန်မဟုတ်ဖူးလားဗျ။

အခုသဘဝဘေးအန္တရာယ် မိုးကြီးရေကြီး ဖြစ်ရတာ ဘာကြောင့်လဲ? 
သဘာဝ တောတောင်သစ်တောတွေဖြုန်းတီးခဲ့လို့ပေါ့ဗျ၊ သဘာဝဘယံဇတ မြေပေါ်မြေအောက် ဖားကန်ကျောက်တွေ ၊ ရေ့တွင်းတွေ၊ ကြေးနီတွေ တခြားသတ္တုတွေ စည်းကမ်းမရှိ ဘာရမ်းဘာတာ တောင်တွေဆို နေမြင် ညပျောက် တူးဖော်ခဲ့လို့ပါဘဲ၊ 
ဒါလဲအရင် အုပ်ချုပ်သူတွေကိုယ်တိုင် လူတအုပ်စု အတွက် ကြံရာပါ အလိုတူအလိုပါ ကိုယ့်ကျိုးတူးဖော်ခဲ့လို့မဟုတ်ဖူးလားဗျ။ 
အခုထိ သစ်ခိုးထုတ်နေတာ တရက်တရက် ရာဂဏာန်းလောက်ရျှိတဲ့ တရုတ်သစ်ကားတွေ တလဟောခိုးထုတ်တောတွေကို မတားစီးကျဘဲနှင့် တော့ ဘယ်လို ပြည်သူတွေက ဘယ်လိုမှဘဘောတူကျမှာ မဟုတ်ဘူးဗျ။

အရင်အစိုးရတုန်းက တရုတ်ကျောက်မီးသွေးထုတ်လုပ်မှုကို စည်းကမ်းမရှိ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ လုပ်ခြင်သလိုလုပ်တော့ ဒေသခံတွေ မခံစားနိုင်တော့ ကန့်ကွက်ကျတာပေါ့ဗျ။

နည်းစနစ်သစ်ရဲ့ သူတို့ရဲ့ဘေးထွက်ဆိုးတွေကို ဂျပန်နည်းအတိုင်း စနစ်တကျ ပတ်ဝန်းကျင်ထိန်းသိမ်းပြီး သေချာကြီးကြပ်စွာ ထုတ်လုပ် ခိုင်းရင်တော့ လက်ခံလာမှာပါ။

အဓိက နေရာတကာ တရုတ်တွေချည်းကြီးစိုး နေကျ တော့ အစိုးရကလဲ ဘာတခုမှ ပြည်သူတွေအတွက် ထည့်မစဥိးစားခဲ့ဘူးလို့လဲ? ဒါကြောင့် လက်ဝါးကြီးအုပ် တရုတ်မုန်းနေကျတဲ့ တိုင်းရင်သားတွေ ချည်းဖြစ်ကုန် ရတာပေါ့ဗျ !

အခုအစိုးရသစ်လက်ထက်မှာ ဂျပန်တွေ စက်ရုံလာတည်တာ ကိုယ့်ပိုင်ကျောက်မီးသွေးClean Coal Power လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနှင့်ဗျ၊ 


ဒါကိုမှ ကန့်ကွက်နေရင်တော့လဲ .......



ကျောက်မီးသွေးသာ ရွေးချယ်ရာ။


ပညာရှင်ကြီးတွေ ကမ္ဘာ့ဈေးကွက်အကြောင်း မသိသေးရင် နားလည်အောင် သေချာဖတ်ထားကျအုန်း?


လျှပ်စစ်ကိုလိုအပ်နေတဲ့ ကိုယ့်ဆီကကုန်ထုတ်လုပ်မှုလုပ်ငန်းတွေဟာ လက်ရှိအနေအထားမှာ နိုင်ငံတကာအလုပ်ခွဲဝေမှုဇယားမှာ အမြတ်အစွန်း အနည်းဆုံး ဖြစ်တဲ့ အောက်ဆုံးအဆင့် လက်ခစားဘဝမှာပဲ ရှိပါသေးတယ်။

ဒီတော့ လျှပ်စစ်ယူနစ် ဈေးကြီးလေလေ လုပ်ငန်းရှင်တွေအတွက် အကြပ်အတည်းပိုတွေ့လေလေပါပဲ။ 
နောက်ပြိး လူတွေ မျှော်လင့်နေတဲ့ ကိုယ့်ဆီမှာအကုန်ထုတ်ဆိုတာကလည်း ကုန်ကြမ်းတွေ၊ ဓာတုဗေဒ ပစ္စည်းတွေ၊ ကျွမ်းကျင်လုပ်သားတွေ ပေါပြီး ကြီးမားတဲ့ ကိုယ်ပိုင် ဈေးကွက်ကြီးရှိတဲ့ တရုတ်ပြည်မှာ ဆိုမှန်ပေမယ့် development လမ်းကြောင်း သေချာမဆွဲရသေးတဲ့ ကိုယ်တို့လို တိုင်းပြည်မျိုးမှာတော့ ဖြစ်နိုင်ဖို့ ခဲယဉ်းပါတယ်။

ဥပမာ - ထိုင်း မှာတွေ့တဲ့ သွားပွတ်တံတောင် တရုတ်က ထုတ်နေတယ်ဆိုတာ တရုတ်မှာက upstream နှင့် down stream လုပ်ငန်းတွေ ရှိနေပြီးလို့ ဖြစ်ပါတယ်။

သို့သော်လည်း ပိုက်ဆံရှိလာတဲ့ တရုတ်တွေဟာ ကုန်အမှတ်တံဆပိမှာတော့ နိုင်ငံခြား ကုန်တံဆိပ်တွေကို မယှဉ်နိုင်ခြင်းဟာ ဈေးကွက် နှင့် knowledge code တွေကို ပိုင်ဆိုင်မှု အားနည်းလို့ဆိုပြန်ပါတယ်။
ဒါကြောင့် တရုတ်၏ အဆင့်ဟာ နိုင်ငံတကာ အလုပ်ခွဲဝေမှု ဇယားမှာ အလယ်အလတ် အဆင့်ဟုသာဆိုနုင်ပါသေးတယ်။

ဒီလို အခြေအနေ မှာ ဓာတ်အားတွေ ထွက်လာလို့ ကိုယ့်ဆီက လူတွေအလုပ်အကိုင် အခွင့်အလမ်း တိုးမယ် ဆိုတာ % တစ်ခု သာ မှန်ပါတယ်။

အများအပြား မျှော်လင့်လို့ရမရပါဘူး။

ယနေ့ အချိန် မှာ လျှပ်စစ် မိးနေ့တိုင်းလာတဲ့ ထိုင်းက စက်ရုံတွေ  တစ်ပတ် ကို မိးသုံးရက်လောက်ပဲ လာတဲ့ တရုတ်ကမ်းရိုးတန်းဒေသ က စက်ရုံတွေ ကို မယှဉ်နိုင်လို့ ထိုင်းသူဌေးတွေတောင် တရုတ်ပြေးပြီး ရင်းနှီးမြှပ်နှံနေရပါတယ်။

ဒါကြောင့် မြန်မာပြည်လို နိုင်ငံတကာ အလုပ်ခွဲဝေမှု ဇယားမှာ အောက်ဆုံးအဆင့်ဖြစ်နေတဲ့ တိုင်းပြည် တစ်ခုအတွက် လျှပ်စစ်ကို ဈေးနှုန်းချိုသာစွာ ထုတ်နိုင်တဲ့ အရင်းအမြစ်တွေ က ထုတ်ယူနိုင်ဖို့ကြိုးစားဖို့လိုပါတယ်။

လက်ရှိအခြေအနေ မှာ လျှပ်စစိကို ဈေးချိုချိုဖြငိ့ ထုတ်နိုင်တာ ရေအားနှင့် ကျောက်မီးသွေးသာ ရှိပါသေးတယ်။

ကျောက်မီးသွေး၏ ကို ကြည့်မယ်ဆိုရင် အစဦး ရင်းနှီးမြှပ်နှံမှု ပမာဏာနည်းတယ်။ ဒါပေမယ့် ရေရှည်မှာ ထုတိလုပ်မှု စရိတ်ကြိးတာ
ပတ်ဝန်းကျင်ပိုညစ်တာနိုင်ငံခြားငွေပါ နေ့စဉ်ထွက်နေ တာတွေ က အားနည်းချက်တွေ ရှိနေပါတယ်။

ရေအားကတော့ ပြည်တွင်းက အရင်းအမြစ်ကို လျှစ်စစ်အဖြစ်ပြောင်းတာ ဆိုတော့ ကနဥိးရင်းနှိးမြှပ်နှံမှု များပေမယ့် ရေရှည်မှာ တော့ ကျောက်မိးသွေးထက် တိုင်းပြည်ကို အကျိုးစီးပွား ဖြစ်စေတာ အမှန်ပါ။
ဒီတော့ ရေအား က ထုတ်တာ သီအိုရီအရ သဘာဝ ပိုကျနေတာအမှန်ပါ။

အခြားတိုင်းပြည်တွေကို နမူနာယူကြည့်ရင် မြန်မာပြည်နှင့် ရေခံမြေခံ ကော ပထဝီမြေအနအထားအရကော တူတဲ့ အီတလီ ကို ကြည့်လိုက်တဲ့ အခါ ၁၉၆၀ လောက်အထိ ရေအားကို ၉၀% လောက် အားကိုးပြီး လျှပ်စစ်ထုတ်ခဲ့တာ တွေ့ရပါတယ်။

၁၉၆၀ နောက်ပိုင်း ရေအား က ထုတ်နိုင်တာတွေလည်း အကုန်ဆောက်ပြီးသလောက် ဖြစ်သွားတော့ အာဖရိက က gas ကို ယူသုံးတယ်။

သူတို့တိုင်းပြည်မှ ကျောက်မီးသွေးမထွက်ပေမယ့် အခြားတိုင်းပြည်တွေက ကျောက်မိးသွေး ကို ဝယ်ပြီး သုံးနေတယ်လို့လို့ဆိုတယ်။

ယခုအချိန်မှာ ကျောက်မီးသွေး က ၂၀%၊ သဘာဝဓာတ်ငွေ့ က ၅၀%၊ ရေအားက ၂၀% နှင့် ကျန်တာက ပြည်ပကသွင်းတာနှင့် အခြား sources တွေက ထုတ်တယ်ဟု ဆိုတယ်။

ဘရာဇီးကို ကြည့်တဲ့အခါမှာ လက်ရှိ အခြေအနေအထိ ရေအားကို ပဲ ၉၀% အားကိုးနေဆဲဟု ဆိုပါတယ်။
အထက် ပါ ဥပမာ များကလည်း ရေအား နှင့် ကျောက်မိးသွေး ယှဉ်ရင်လည်း တစ်ယူနစ် ထုတ်လုပ်မှုစရိတ်သက်သာတဲ့ ရေအားကိုသာ ပိုမို အားကိုးသင့်ကြောင်း မီးမောင်းထိုးပြနေပါတယ်။

သို့သော် လျှပ်စစ်အသုံးများတဲ့ ရန်ကုန် မှာတော့ လက်ရှိအနေအထားအရ လာမည့်လေးနှစ်အတွင်း ပြိးစီးနိုင်မယ့် ရေအားလျှပ်စစ် စက်ရုံကလည်းတရုံမှမရှိ သော်လည်း လျှပ်စစ်သုံးစွဲမှုကလည်း မြင့်တက်နေပါတယ်။

ဒီတော့ ရန်ကုန်မြို့ကြိးကို လျှပ်စစ်အလုံအလောက်ပေးနိုင်ဖို့ အချိန်တို အတွင်း တည်ဆောက်နိုင်တဲ့ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံသာ တည်ဆောက်မှ အဆင်ပြေမည်ဖြစ်ရာ လက်ရှိအခြေအနေမှာ ကျောက်မီးသွေး သာ ပထမ ဖြစ်နေတာတော့ မတတ်နိုင်ဖူးပေါ့ဗျာ။

(ရန်ကုန်တိုင်းမှာကျောက်မိးသွေးစက်ရုံကြီး တစ်ရုံ အမြန်ဆုံးပေါ်ပေါင်လာပြီး ရန်ကုန်သူ ရန်ကုန်သားတွေ မိးပျက်တိုင်း ဆဲရသည် ဝဋ်ဒုက္ခ မှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေဟု ဆုတောင်းရင်း ရေးလိုက်ပါတယ်။

Ref:https://www.facebook.com/maw.myat/posts/10213056418022153

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!