Popular Posts!

Tuesday, June 13, 2017

MYANMAR MAID JUMPS TO HER DEATH @ DEPOT ROAD !


ဒီလိုအသက်မပြည့် မရင့်ကျက်သေးတဲ့ ဘာသာစကားမရတဲ့ အိမ်ဖော်မလေးတွေလို  
အဖြစ်ဆိုးနှင့် သေရတာ အမိမြေက အစိုးရသစ်မှာ ဘာတာဝန်မှ မရှိကျတော့ ဘူးဗျ....

ဘယ်လို မှတ်ပုံတင်၊ဘယ်လို ပတ်စပို့နှင့် ဗမာစကားတောင် ကောင်းကောင်းမရတဲ့ ခလေးမက လေဆိပ်ကနေ ဘယ်လိုထွက်လာလဲဗျ...

အိမ်ဖော်မတွေ ပိတ်ထားတယ်ပြောပြီး ချင်ဂီလေဆိပ်မှာ တရက် အိမ်ဖော်မတွေ ၃၀၊ ၅၀ကြားရောက်နေတာတွေ့ရတယ်...

အစိုးရသစ်ကြီးမှာ တာဝန်အရှိဆုံးပါ....

ထိထိရောက်ရောက် အရေးယူပေးရန်လိုအပ်နေတယ်....


MYANMAR MAID JUMPS TO HER DEATH @ DEPOT ROAD !

A 25 year-old foreign domestic helper from Myanmar jumped to her death from atop The Interlace condominium yesterday evening. She was found motionless at the bottom of the block and pronounced dead by paramedics on the scene.

According to reports, a man and a woman had tried to persuade the maid to go back down to safety. They asked her about her home country and even tried to offer her water to drink. The domestic worker responded to the woman, but did not reach for the drink.

She eventually decides to let go and jump off the ledge she was perched on.

The police are investigating the case as unnatural death.



စလုံးFB မှကူးယူဖော်ပြထားတာပါ....

မြန်မာအိမ်အကူလေးဟာ မိမိကိုယ်ကိုယ် အဆုံးမစီရင်ခင် စကားပြန်ပြောနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ သူ့ကို ကယ်တင်ဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့တာပါ။

စင်ကာပူ 180 Depot Road ရှိ Interlace Condo တွင် အလုပ်လုပ်နေသော မြန်မာအိမ်အကူလေးတစ်ဦးသည် ဇွန် ၁၂ ရက် ည ၇ နာရီခန့်တွင် ၁၉ လွှာမှ ခုန်ချပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ပေါ်မှခုန်ချပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သူ မြန်မာအိမ်အကူလေးနှင့် ပတ်သက်ပြီး သွားရောက်ကြည့်ရှုခဲ့သူ ဒေါ်ခင်လေး၏ ပြောပြချက်ကို အောက်တွင် ဖတ်ရှုနိုင်ပါပြီ။  မေန့ (12-06-2017) ညေန၇:ဝ၀ အချိန် လောက်က၂၄ ထပ်ရှိသော တိုက်ရဲ့ ၁၈ထပ္မွ ခုန္ခ်ကာသဆုံးခဲ့သော ညီမငယ်ကို ...

ဒီနေ့(13-06-2017) နံနက် ၁၀းဝဝ နာရီလောက်မှာ စင်္က࿿ာပူ အတွေထွေရောဂါကုဆေးရုံရှိ အဆောင် ၉ မှာြ မန်မာသံရုံးရှိ တာဝန်ရှိသူ နှစ်ဦးနှင့်အတူသွားရောက် ကြည့်ရှူ့ခွင့် ရခဲ့ပါတယ်။

စိတ်မကောင်းစရာ မြင်ကွင်းဖြစ်ပေမယ့် စိတ်ဆင်းရဲစရာများအတွက် ခဏတာစိတ်ဆုံးဖြတ်ချက် အမှားနဲ့အတူ ဘဝတစ်ခုလုံး လဲယူသွားတဲ့ ညီမလေး အတွက် နောင်ဘဝဆက်တိုင်း ဒီအဖြစ်ဆိုးမျိုးမဖြစ်ဖို့ဆုတောင်းပေးဖြစ်ခဲ့ပါတယ်။တစ်ကယ်တော့ ဒီညီမလေးကို ခင်လေးအနေနဲ့ အသက်ထင်ရှားရှိနေစဉ်မှာ မသိကျွမ်းခဲ့ပါဖူး။

မနေ့က အလုပ်လုပ်စဉ်အတွင်းထိခိုက်ဒါဏ်ရာရခဲ့သောမောင်ငယ်တစ်ယောက်အတွက်ဆေးရုံသို့ လိုက်ပို့ပေးရင်းအိမ࿿အျပန္မွာ ပြီးခဲ့သော (27-05-2017) နေ့ကဘူဂစ်ပါမိုင်း အရပ်ရှိ ၉လွှာမှ  ကျကာ ၇ လွှာမှာ တင်နေသည့်မြန်မာ အိမ်အကူလေးအတွက်သတင်းပေးခဲ့သော ညီမငယ်မှည ၇းဝဝ ကျော်ကျော်လေးမှာ"အစ္မ မြန်မာ ညီမလေး ခုန်ချပြန်ပြီ တဲ့ . . .

ဘယ်တုန်းကလည်းလို့မေးတော့  အခုတဲ့လေ" ကြားလိုက်ရတဲ့ စကားနဲ့တင်ပိုမောသွားပြီး ရင်တွေ မကောင်းဖြစ်လိုက်တာ။ သူရော ကိုယ်ရောပေါ့။သေဆုံးသူ ညီမငယ်သည် ညနေ ၅း၃၀ လောက်ကတည်းက တိုက်ရဲ့ အစွန်းမှာ ထိုင်နေခဲ့တာဖြစ်ပြီး တစ်ကယ် ခုန်ချ သေဆုံးချိန် က ည ၇းဝဝလောက်ပါ။ 

စုစုပေါင်း အချိန် မိနစ် ၉၀ လောက် ဖြောင်းဖြ ပြောဆိုနိုင်ချိန် ရခဲ့ပြီး အသက်ကယ်ဖို့ကြိုးစားခဲ့သူများ အနေနှင့်မြန်မာစကားပြောကာပြောဆို ဖြောင်းဖြ နိုင်မယ့် သူကိုရှာဖွေကာ ကူညီဖို့ အဆင်သင့်ရှိပေမယ့် ထိုညီမငယ္မွ သူ၏ အခင္မင္ဆုံး သူငယ်ချင်းဖြစ်သူ အင်ဒိုနီးရှား မလေးနဲ့သာ စကားပြောချင်ကြောင်း ပြောဆိုခဲ့သည့်အတွက် ထို ညီမငယ်နှစ်သက်ရာ ကိုသာပြောဆိုပေးစေခဲ့တာပါ။ မိနစ် ၉၀ အတွင်း အပြန်အလှန်ပြောဆိုနေကြရင်း အသက်ကယ်သူများ အနေနှင့် မိမိတို ဘက် ပါလာသယောင် ရှိနေသော အခြေအနေမှာနံရံကို ကန်ကာ အရှိန်ယူပြီးခုန်ချ သွားခဲ့ခြင်း ဖြစ်ပါသည်တဲ့။ 
ထို မိနစ် ၉၀ အတွင်းအသက်ကယ်သူများအနေနှင့်ပြုတ်ကျလာနိုင်ချေ ရှိသည့်နေရာများကို လေမွှေ့ယာများလေဘောလုံးများ ချထားကာကူညီခဲ့ကြပေမယ့်..

 ၂၀၁၅ ခုနှစ်မှာ  "World Building of the Year(2015) Urban Habitat Award" ,
 "World Architecture Festival Award" တြေရရှိခဲ့တဲ့ အဆောက်အဦးကြီးရဲ့အေနအထားကေတာ့ခုန်ချဖို့ ပြင်နေတဲ့ ညီမငယ်အတွက် အသက်ကယ်ခွင့်ရဖို့ရာမစွမ်းသာဖြစ်ခဲ့ရပါတယ်။ 

အခုအချိန်မှာ fb တစ်ခွင် ပြန့်နှံ့နေသော၇ စက္ကန့် စာရှိသည့်တုန်လှုပ်ဖွယ်ရာ ရှော့ဗွီဒီယိုလေးရဲ့လူတစ်ယောက် နောက်ဆုံးအချိန် နောက်ဆုံး ထိတွေ့သံကို ရင်နှင့်အမျှ  ကြားယောင်ရင်း တရားမဝင် အိမ်အကူများ တင်ပို့ပေးနေသောအေးဂျင့်များ အနေဖြင့်တာဝန်ယူ တာဝန်ခံမှု့ ရှိသောလူမှု့ ပါတ်ဝန်းကျင်တစ်ခုတည်ဆောက်သင့်ပြီဟုထင်မြင်ယူဆမိပါကြောင်း။    
Ref;စလုံးFB

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!