မြေယာ
မြန်မာနိုင်ငံသည် မြေယာပိုင်ဆိုင်မူ့များအတွက် သိသာသည့် အကျိုးဆက်များနှင့် အတူ လျှင်မြန်သည့် စီးပွားရေးနှင့် လူမူ့ရေး ပြောင်းလဲမူ့များ၏ အလယ်တွင် တည်ရှိနေပါသည်။ မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်ကတည်းက အုပ်ချုပ်ခဲ့သော စစ်အစိုးရ လက်အောက်တွင် အစိုးရသည် တိုက်ရိုက် သို့မဟုတ် (၁၉၈၈ နောက်ပိုင်းတွင်) ကိုယ်စားလှယ် ကုမ္ပဏီ များမှ တဆင့် အဓိက မြေပိုင်ရှင် ဖြစ်ခဲ့သည်။ လက်ရှိ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အငယ်စား လုပ်ငန်းလုပ်ကိုင်သူများသည် ယင်းတို့၏ ဥပဒေ အကြောင်းအရ မြေယာအခွင့် အရေးများအား ပြန်လည် တောင်းဆိုလာကြပြီး တချိန်တည်းမှာပင် နိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံ မူများ ဝင်ရောက်မူ့ များပြားလာရာ ယခင် မြေယာအသုံးချမူ အစီအမံ များမှာ ပိုမို ဖိအားပေး ခံလာရသည်။
စပါး စိုက်ပျိုးချိန် စပါးခင်း ထဲတွင် အလုပ်ရှုပ်နေသော ဧရာဝတီ မြစ်ဝှမ်းရှိ ဖားလိတ်ဝ ရွာမှ ယောင်္ကျား မိန်းမများPhoto from and Food Security Trust Fund (LIFT), published 17 May 2016. Copyright LIFT, non-commercial.
မြန်မာနိုင်ငံ သည် အရှေ့တောင်အာရှတွင် အကြီးဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေး လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်လျှက်ရှိကြောင်းသိရသည်။1 ထွန်ယက်စိုက်ပျိုးနိုင်သည့် မြေယာမြေများ မှာ နိုင်ငံနယ်နမိတ် နှင့် နှိုင်းယှဉ်ပါက အလွန် နည်းပါးပြီး ၁၉ ရာခိုင်နှုန်းသာ ရှိကြောင်းသိရသည်။2 တချိန်က အာရှတွင် အကြီးမားဆုံး ဆန်စပါး တင်ပို့သည့် နိုင်ငံ ဖြစ်ခဲ့ပြီး စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် နှစ်များအတောအတွင်းတွင် မြန်မာနိုင်ငံသည် ထုတ်လုပ်မူ့ ကျဆင်းခဲ့ရသည်။ ယခုအခါ တွင် သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမူ နှင့် မြေယာနှင့် ပတ်သတ်သည့် ရင်းနှီးမြှပ်နှံမူများ စီးဝင်ရောက်ရှိလာမူများ က လယ်ယာစိုက်ပျိုးရေး အား ချိန်းခြောက်နေလျှက်ရှိပါသည်။ မြေယာ အသုံးပြုမူများမှာ ဆန်စပါးပေါကြွယ်ဝသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ အလယ်ပိုင်း အပူပိုင်းခြောက်သွေ့ဇုန် နှင့် တောင်တန်းဒေသများ ကို မှီတင်းနေထိုင်သည့် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးသည့် တိုင်းရင်းသား လူနည်းစုများ ကြားတွင် အမျိုးမျိုး ကွဲပြားခြားနားပါသည်။ အဆိုပါ ဒေသများသည် ယခုအခါ အိုးမဲ့အိမ်မဲ့ များနှင့် ပဋိပက္ခ အသစ်များကို ဖြစ်ပွားစေသည့် မြေယာ လုပ်ပိုင်ခွင့်ရ နေရာ အများအပြား နှင့် သဘာဝ သယံဇာတ ထုတ်ယူသည့် စီမံကိန်းများ ဖြစ်နေပါသည်။3
မြေယာမူဝါဒ နှင့် စီမံခန့်ခွဲခြင်း
မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀ဝ၈) က ပုဂ္ဂလိက ပိုင်ဆိုင်မူ အတွက် အခွင့်ရေး ပေးထားရာ အဆိုပါ မြေယာများ အား ထိန်းသိမ်းသည့် အနေဖြင့် အစိုးရသည် မြေယာအားလုံးနှင့် သဘာဝ သယံဇာတ အားလုံး၏ အဆုံးစွန်ဆုံး ပိုင်ရှင် ဖြစ်ပြီး စီးပွားရေး အင်အားစုများက အစိုးရပိုင် သဘာဝ သယံဇာတများ ထုတ်ယူမူနှင့် အသုံးပြမူများအား ကြီးကြပ်ကွပ်ကဲ မည် ဖြစ်သည်။4 မြေယာစီမံခန့်ခွဲ အုပ်ချုပ်မူ ဥပဒေ (၃၀)ကျော် ရှိပြီး ယင်းတို့ထဲမှ အချို့မှာ ၁၉ ရာစုနှစ် ဗြိတိသျှ ကိုလိုနီ လက်ထက် ကတည်းက ပြဌာန်းခဲ့သည့် ဥပဒေများဖြစ်သည်။ အနည်းဆုံး အစိုးရ အေးဂျင်စီ ၂၀ မှ ပြည်ထောင်စု အဆင့်နှင့် ပြည်နယ် အဆင့် နှစ်ခုစလုံးတွင် ရှုပ်ထွေးသော ပုံစံ အမျိုးမျိုးဖြင့် မြေယာကိစ္စရပ်များတွင် ပါဝင်ပတ်သတ် လျှက်ရှိပါသည်။5 တိုင်းရင်းသား လူနည်းစု ဒေသများတွင် ဒေသဆိုင်ရာ အစိုးရများနှင့် စစ်တပ်အရာရှိများသည် မြေယာ မူဝါဒများအပေါ် သိသိသာသာ ဩဇာလွှမ်းမိုးမူ များရှိရာ ဥပမာအားဖြင့် ကရင် အမျိုးသား အစည်းအရုံး၌ ပြည်ထောင်စု အစိုးရက အသိအမှတ် ပြုထားခြင်း မရှိသော်လည်း ゞင်း၏ ကိုယ်ပိုင် မြေယာ အသုံးပြုခြင်းဆိုင်ရာ မူဝါဒနှင့် မှတ်ပုံတင်ခြင်း လုပ်ထုံးလုပ်နည်းများ ရှိနေ ပါသည်။6
တွံတေးမြို့နယ် အိမ်ကြီး ကျေးရွာ အဓိက လမ်းမကြီးဘေးရှိ စပါးခင်းကွက်များ Photo from San Thein, Gret Land Tenure Study Team, published 19 May 2016. Copyright LIFT, non-commercia
မြေယာစီမံခန့်ခွဲမူတွင် မြေနိမ့် စိုက်ပျိုး မြေများအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် ကုန်းမြင့် သစ်တော မြေများအတွက် သဘာဝ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန တို့ အကြား တာဝန်များ ခွဲခြားထားပါသည်။ လူနေအိမ်မြေ များအတွက်မူ မြို့အဆင့် စီမံခန့်ခွဲပါသည်။ အစိုးရသစ်အနေဖြင့် ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် သဘာဝ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အပါအဝင် ဥပဒေ အသစ်များ ပြဌာန်းခဲ့ပြီး အဖွဲ့အစည်းအသစ်များ ဖွဲ့စည်းခဲ့ ရာ လျှင်မြန်သည့် နိုင်ငံရေး အကူးအပြောင်း က တိုင်းပြည်အား စီမံခန့်ခွဲရာတွင် မနိုင်ဝန် ဖြစ်စေခဲ့သည်။7 ၂၀၁၂ ခုနှစ်တွင် ပြဌာန်းခဲ့ သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲရေး ဥပဒေ၊ နိုင်ငံခြား ရင်းနှီးမြှပ်နှံမူ့ ဥပဒေ နှင့် လယ်ယာမြေ ဥပဒေ များအားလုံးမှာ ရင်းနှီးမြှပ်နှံမူ တိုးတက်ရန်၊ အကြီးစား မြေယာ အသုံးချမူ များအား အားပေးအားမြှောက်ပြုရန်နှင့် လယ်ယာ စိုက်ပျိုးရေး ဝင်ငွေမြှင့်တင်ရန် တို့ အတွက် ပုံစံ ချမှတ်ခဲ့ခြင်းဖြစ်သည်။8အဆိုပါ ဥပဒေများသည် အသေးစား လုပ်ကိုင်သည့် လယ်သမားများ၏ မြေယာပိုင်ဆိုင်မူ လုံခြုံရေးထက် ရင်းနှီးမြှပ်နှံသူများ၏ အကျိုးစီးပွားအား ထောက်ပံ့ရန်၊ တောင်ယာလုပ်ကိုင်သူများ ပုံမှန် စိုက်ပျိုးနေသော သို့မဟုတ် အလှည့်ကျ (ရာသီစာသီးနှံ) စိုက်ပျိုးနေသော လစ်လပ် မြေ သို့မဟုတ် ပလပ် ထားသည့် မြေယာများအား သိမ်းဆည်းရန် သို့မဟုတ် ပြန်လည် ခွဲဝေရန် ဖြစ်သည်ဟု ဝေဖန်ခဲ့ကြပါသည်။9
၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ လက်ထက်) လွှတ်တော်က ပြည်သူ လူထုကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလျှက်ရှိသည့် အမျိုးသား မြေယာအသုံးပြုမူ မူဝါဒ သစ်အား အတည်ပြုခဲ့သည်။ အဆိုပါ မူဝါဒ သစ်သည် တည်ဆဲဥပဒေများနှင့် ကိုက်ညီမူရှိရန်နှင့် မြေယာ ဥပဒေ အသစ် ဖြွံ့ဖြိုးရေးအတွက် လမ်းညွှန်ပြသရန် ရည်ရွယ်ခြင်းဖြစ်သည်။10 အဆိုပါ မူဝါဒ တွင် ဓလေ့ထုံးတမ်း များနှင့် ကျား မ တန်းတူရေး ကို ထည့်သွင်း စဉ်းစားထားပြီး မြေယာအနည်းငယ် တွင်လုပ်ကိုင်သူများနှင့် မြေယာမဲ့ သူများအတွက် သာတူညီမျှ မြေယာ အသုံးချခွင့် ကို အာမခံထား သည်။ 11 ရပ်ရွာလူထု အကျိုးစီးပွားကို ကျော်ပြီး ရင်းနှီးမြှပ်နှံသူများ ကိုသာ မျက်နှာသာ ပေးထားသည့် အဆိုပါ အမျိုးသား မြေယာအသုံးပြုမူ မူဝါဒ သစ် အား တိုင်းရင်းသား အဖွဲ့အစည်းများ အပါအဝင် ဝေဖန်မူများ ရှိနေစဉ်တွင် အချို့သော လူထုအခြေပြု အဖွဲ့အစည်းများနှင့် အလှုရှင် များက အဆိုပါ မူဝါဒ သစ် ၏ ညှိနှိုင်းတိုင်ပင်ခြင်း လုပ်ငန်းစဉ် နှင့် အောက်ခြေလူတန်းစားများအတွက် ရှေ့ရူ လုပ်ဆောင်ခြင်းများအပေါ် ချီးမွှမ်းခဲ့ကြသည်။ 12 ထိုကဲ့သို့ အငြင်းပွားမူ ဆုံးဖြတ်ချက်နှင့် တာဝန်ခံ မူရှိ စေရန် ၂၀၁၂ ခုနှစ် ဥပဒေများ ကြီးကြပ်မူ ကော်မတီများအဖြစ်၊ ရှေးဦးစွာ ကျန်ရှိနေသေးသည့် မေးခွန်းများမှာ ဘယ်လိုမူဝါဒ အကောင်အထည် ဖေါ်လိမ့်မလဲ နှင့် ဆက်စပ်အဖွဲ့အစည်းများက မည်သို့ လက်ခံလိမ့်မလဲ ဖြစ်သည်။13၂၀၁၆ ခုနှစ် မေလတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ်သည် မြေယာ သိမ်းဆည်းခံရခြင်းများနှင့် လက်လွတ်ဆုံးရှုံးမူများ၏ ရှုပ်ထွေးမူများအား ဖြေရှင်းရန်ရည်ရွယ်ပြီး သိမ်းဆည်းခံ မြေယာများနှင့် အခြား မြေယာများပေါ် ပြန်လည်စမ်းစစ်ခြင်း ဗဟိုကော်မတီအား ဖွဲ့စည်းခဲ့သည်။14
မြေယာ ပြဿနာ များအပါအဝင် အမျိုးသား မြေယာအသုံးပြုမူ မူဝါဒ သစ် တိုင်ပင်ဆွေးနွေးမူ လုပ်ငန်းစဉ် က မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုလုပ်ရန် ခွင့်ပြုသည့် နေရာလပ်များ အဖြစ် ထင်ဟပ် လာခဲ့သည်။ အဆိုပါ နေရာများ အား အရပ်ဖက် လူမူအဖွဲ့အစည်းများလှုပ်ရှားမူများက မြေယာအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ထောက်ခံအားပေးမူ့များ ပြုရာတွင် အသုံး ပြုခဲ့ကြသည်။ တောင်သူလယ်သမား အသင်းအဖွဲ့များနှင့် အခြားအောက်ခြေ အဖွဲ့အစည်းများသည် တိုင်းပြည်၏ ဒေသ အသီးသီး တွင် ပေါ်ပေါက်ခဲ့သည်။15 လယ်ယာမြေ အုပ်စု အား မတူကွဲပြားသည့် အရပ်ဖက် လူမူအဖွဲ့အစည်း အုပ်စုများကြား ညှိနှိုင်းသည့် အခန်းကဏ္ဍဍ မှ ပါဝင်ရန် လယ်ယာမြေအုပ်စုအား ၂၀၁၁ ခုနှစ်တွင် ရန်ကုန်၌ ပြည်တွင်းနှင့် နိုင်ငံတကာ NGO များနှင့် သက်ဆိုင်သူ အသီးသီးက ဖွဲ့စည်းခဲ့ကြသည်။16
မြေယာအမျိုးအစား ခွဲခြားမူ
နိုင်ငံရေး အကူးအပြောင်း မတိုင်မီက မြန်မာနိုင်ငံရှိ မြေယာ အများစုမှာ ဓလေ့ ထုံးစံအရ သို့မဟုတ် အလွတ်သဘော သဘောတူညီချက်များ ဖြင့်သာ အများအားဖြင့် ရှိခဲ့ကြသည်။ စာချုပ်စာတမ်းများကို မြို့နယ်ရုံးများတွင် မှတ်ပုံတင်ခဲ့ကြ သော်လည်း လူဦးရေ တဝက်နည်းပါးသာ မှတ်တမ်းတင်ခဲ့ကြသည်။ စံချိန်ထိန်းသိမ်းမူ နှင့် မြေပုံများ သည် မှန်ကန် ပြည့်စုံခြင်း မရှိပဲ ခေတ်နောက်နေကျ ပြီ ဖြစ်ပါသည်။17 ၂၀၁၂ ခုနှစ် မြေယာ ဥပဒေက မိရိုးဖလာ စပါးစိုက်ပျိုး ခဲ့သော ခရိုင်အတွင်းရှိ တောင်သူများအဘို့ လွှဲပြောင်းနိုင်သော၊ အမွေဆက်ခံနိုင်သော နှင့် ပေါင်နှံနိုင်သော မြေယာ အသုံးပြု အာမခံ လက်မှတ်များ ထုတ်ပေးမည့် အပြောင်းအလဲ ဖြစ်သည်။18 ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် GRET ၏ ရှာဖွေလေ့လာမူ အရ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ နမူနာ မြေပိုင်ရှင် ၇၁ ရာခိုင်နှုန်းမှာ မြေ ပိုင်ဆိုင်ခွင့်များ ရရှိခဲ့သလို အပူပိုင်း ခြောက်သွေ့ဇုန် ဒေသရှိ မြေပိုင်ရှင် ၈၀ ရာခိုင်နှုန်းမှာလည်း မြေပိုင်ဆိုင်ခွင့်များ ရရှိခဲ့သည်။19 သို့သော် အခြားဒေသများတွင် မြေပိုင်ဆိုင်ခွင့် ရရှိမူ နည်းပါးလျှက် ရှိသည်။ မြေယာအပေါ် စိတ်ဝင်စားမူ မြင့်မားသည့် ကျေးလက်နေ အိမ်ထောင်စုများ၏ ၂၀ ရာခိုင်နှုန်းမှာ လယ်ယာမြေ ၆၉ ရာခိုင်နှုန်းအား ကြီးကြပ် ကွပ် လျှက်ရှိပြီး ၂၀ ဟတ်တာ သို့မဟုတ် ထို့ထက် ပိုပြီးကြီးမားသော မြေပိုင်ရှင်များ၏ အရေအတွက် တိုးပွားလျှက်ရှိသည်။ မြေယာမဲ့ အိမ်ထောင်စုများမှာ ဒေသအသီးသီးတွင် ခန့်မှန့်ခြေ ၂၀ မှ ၆၀ ရာခိုင်နှုန်းအတွင်း ရှိကြောင်း သိရသည်။
အောက်ဖေါ်ပြပါ ဇယားသည် မြန်မာနိုင်ငံ စာရင်းအင်း သတင်းအချက်အလက်များ ဝန်ဆောင်မှုမှ မြေဧရိယာ အမျိုးအစားများကို ဖေါ်ပြထားခြင်းဖြစ်သည်။
ပိုင်ဆိုင်ခွင့် လျှောက်ထားရာတွင် “လယ်ယာမြေ” အဖြစ်သာ လျှောက်ထားနိုင်ပြီး သစ်တောမြေများ သည် ဓလေ့ ထုံးတမ်း အခွင့် အရေးများတွင် အကျုံးမဝင် ကြောင်း သိရသည်။20 တောင်ယာအများစုနှင့် စားကျက်မြေများသည် မြေပုံနှင့် ဖေါ်ပြထားခြင်း သို့မဟုတ် မှတ်ပုံတင်ထားခြင်း မရှိပေ။ ကုန်းမြင့်ဒေသများတွင် မြေယာအမျိုးအစား ခွဲခြားမူသည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ၏ သမိုင်းတစ်လျှောက် ပြည်တွင်းရေး ပဋိပက္ခ များအကြား ပြည်သူများ အကြိမ်ကြိမ် ပြောင်းရွှေ့မူများကို ဖြစ်စေ သဖြင့် ရှုပ်ထွေးလျှက် ရှိပါသည်။21ကုန်းမြင့်ဒေသတွင် နေထိုင်သူများသည် မြစ်ဝကျွန်းပေါ် နှင့် အပူပိုင်းတွင် နေထိုင်သူများလောက် မြေယာနှင့် ပတ်သတ်သည့် အခွင့်အရေးများ ရရှိခြင်း မရှိချေ။
ဓလေ့ထုံးတမ်း အခွင့်အရေးများအား အနက်အဓိပ္ပါယ် ရှင်းလင်းစွာ ဖွင့်ထားသည့် စည်းကမ်းချက်များ မပါဝင် ပဲ ဓလေ့ထုံးတမ်း ဥပဒေနှင့် လုပ်ပိုင်ခွင့် ကို အထပ်ထပ် ဖော်ပြထားသည့် အမျိုးသား မြေယာအသုံးပြုမူ မူဝါဒ သစ်တွင် ပထမဆုံးအကြိမ် တရားဝင်အသိအမှတ်ပြုခဲ့သည်။ 25 အမျိုးသား မြေယာအသုံးပြုမူ မူဝါဒ သစ်တွင် ဒေသခံ လူမူ အသိုင်းအဝိုင်းမှ အသိအမှတ် ပြုထားသော တရားဝင် မြေယာပိုင်ဆိုင်မူ အခွင့်အရေးများ အား အသိအမှတ်ပြု ကာကွယ် စောင့်ရှောက်ပြီး ဥပဒေများနှင့် အညီ မှတ်ပုံတင်ကြရမည်ဟုလည်း ဖော်ပြထားသည်။22 ဤသည် က FAO ၏ ပွင့်လင်းအရင်းအမြစ် မိုဘိုင်း အပလီကေးရှင်း ကဲ့သို့ အထူးပြု မြေပုံ ဆော့ဖ်ဝဲများ ရရှိခြင်းသည် လုပ်ငန်းများတွင် ချောမွေ့စေ သည်ဖြစ်ရာ မြေပုံနှင့် စာရွက်စာတမ်းများ ရရန် ကြိုးပမ်းအားထုတ် သည့် အသိုက်အဝန်းအား စိတ်ဝင်စားစေရန် လှုံ့ဆော်ပေးပါသည်။ 23
အမျိုးသား မြေယာအသုံးပြုမူ မူဝါဒ သစ် ၏ လုပ်ငန်းစဉ်များတွင် အစိုးရသည် နည်းပညာ ပံ့ပိုးမူ့၊ UNHABITAT ၏ မြေယာ အုပ်ချုပ်မူနှင့် စီမံခန့်ခွဲမူ အစီအစဉ် Land Administration and Management Program (LAMP) နှင့် LIFT အဖွဲ့အစည်း ကဲ့သို့ အလွှူရှင် အမျိုးမျိုး၏ ရန်ပုံငွေ များ ရရှိပါသည်။ မြေယာအုပ်ချုပ်ရေးသို့ အခြားအလှုရှင်များတွင် USAID နှင့် ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွစ် အေဂျင်စီ (SDC) တို့ ပါဝင်ပါသည်။24 ဆွစ်အေဂျင်စီသည် ၂၀၁၅ ခုနှစ် ကတည်းမှ Bern တက္ကသိုလ်၏ ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စင်တာ နှင့် လယ်ယာကိစ္စရပ်များတွင် ပွင့်လင်းမူ ဖြစ်စေသည့် အချက်အလက်များ ရှာဖွေနိုင်သည့် OneMap စီမံကိန်း စတင်ရန် ပြုလုပ်နေသည့် လယ်ယာမြေ အဖွဲ့များအား ငွေကြေး ထောက်ပံ့ပေးခဲ့ပါသည်။25
မြေယာလွှဲပြောင်းခြင်းနှင့် လူထုအား မြေယာ ငှားရမ်းခြင်း
၂၀၁၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ သည့် ဗဟို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲရေး ကော်မတီ ၏ တာဝန်မှာ မြေလွတ်၊ မြေလပ်များအား ပြည်တွင်းနှင့် နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများ ထံသို့ နှစ် (၃၀)မှ နှစ် (၇၀) ကာလ အသုံး ပြုနိုင်ရန် လွှဲပြောင်းပေးရန်ဖြစ်သည်။ အခြားကော်မတီ တစ်ခုဖြစ်သည့် မြန်မာ ရင်းနှီးမြှပ်နှံမူ ကော်မရှင်သည် လည်း နိုင်ငံခြား ရင်းနှီးမြှပ်နှံ သူများအား မြေယာ လွှဲပြောင်း ပေးအပ် ရန် တာဝန်ယူထားရသည်။26 စီးပွားရေး အဖွင့်ပွဲနှင့် ရင်းနှီးမြှပ်နှံမူ မြှင့်တင်ရေး ၏ လက်ရှိအခြေအနေကို ထင်ဟပ်ရန် အဆိုပါ ဥပဒေများကို ဗြိတိသျှ ကိုလိုနီ ခေတ်ထုံးတမ်း အစဉ်အလာ ယူ ၁၉၈၄ မြေယာ သိမ်းမူအက်ဥပဒေမှ “အများပြည်သူအတွက် ရည်ရွယ်သော” “စွန့်ပစ်မြေ” ကို နိုင်ငံနှင့် သင့်လျော်မူ ရှိအောင် ပြန်လည် ပြင်ဆင်ထားသည်။ မြန်မာနိုင်ငံရှိ မြေယာများ၏ ၂၀ ရာခိုင်နှုန်းအား မြေယာလုပ်ပိုင်ခွင့် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ကာ မြေယာအားလုံး၏ ၇.၅ ရာခိုင်နှုန်း (ဟတ်တာ ငါးသန်း) အား နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများနှင့် အကျိုးတူ ရင်းနှီးမြုပ်နှံသူများအား ပေးခဲ့ပြီး ဖြစ်သည်။27
Source: Myanmar Information Management Unit. Created by ODI June 2016. Licensed under CC BY-SA 4.0. Explore the data.
No comments:
Post a Comment