အာဆီယံဆန်အသင်း (ASEAN Rice Cartel) ဖွဲ့စည်းရန် အဖွဲ့ဝင် (၅) နိုင်ငံက သဘောတူ
မြို့ပြ ဆင်ခြေဖုံးက စပါးစိုက်ခင်းများ | |
သို့သော် ကမ္ဘာ့ လူဦးရေ တိုး လာသလို မြို့ပြနှင့် စက်မှုနယ်ပယ် က ကျယ်ဝန်းပါသည်။ စိုက်ပျိုးမြေ များကလည်း ကျုံ့ကျုံ့လျော့ပါးလာ နေသည်။ အချို့အချို့သော နိုင်ငံများ တွင် စက်မှုနှင့် အရောင်းအဝယ် ကောင်းသော်လည်း လယ်ယာစိုက်ပျိုး မှု၏ ဧရိယာရော၊ စိုက်ပျိုးထုတ်လုပ် သူပါ လျော့လာနေသည်။ ထိုအခြေ အနေမျိုးတွင် ပြည်ပက ဆန်စပါး တင်သွင်းနေရသည်။ မတင်သွင်းရ သော နိုင်ငံများမှာလည်း တင်သွင်းရ မည့် အရိပ်အရောင်တွေပြလာသည်။ စင်ကာပူနိုင်ငံအနေဖြင့် စပါး စိုက်ပျိုးရေးကို ပထမဦးစားပေး စဉ်း စားရန်တော့မဟုတ်ပါပေ။ သို့သော် လည်း စင်ကာပူ နိုင်ငံသည်လည်း အခြားသော အာရှနိုင်ငံများကဲ့သို့ပင် ဆန်နှင့် စပါးမှာ မရှိမဖြစ် လိုအပ် သော အစားအစာ ဖြစ်နေပါသည်။ စင်စစ် ဆန်စပါးသည် ဒေသရှိ လူ သားအားလုံး ၏ အစားအစာအတွက် သာ အရေးပါသည်မဟုတ်ပေ။ ဤ သေးငယ်သော နိုင်ငံကလေး၏ ယဉ် ကျေးမှုနှင့် ရိုးရာဓလေ့၏ အစိတ် အပိုင်းအဖြစ်လည်း အရေးပါသော ကဏ္ဍတစ်ခု ဖြစ်နေသည်ဟု ဆိုကြ ပါသည်။ စပါးမှသာ ဆန်အဖြစ်သို့ ပြောင်းသွားပြီး စင်ကာပူသားတို့ ဝမ်း အာဟာရဖြည့်ဆည်းဖို့ နေ့နေ့ညည စားသော ထမင်းအိုး၏ ဆူပွက်သော ရေနွေးအတွင်း မည်သို့သော အဆင့် ဆင့်ကို ကျော်လွှားရောက်ရှိလာခဲ့ပုံကို စင်ကာပူနိုင်ငံသားတွေ ဂရုတစိုက် အလေးအနက် စဉ်းစားနိုင်အောင် အစိုးရက ကြိုးပမ်းခဲ့ခြင်းဖြစ်ပါ သည်။ စင်ကာပူနိုင်ငံ ဗဟို သိပ္ပံပညာ ဌာနနှင့် အပြည်ပြည်ဆိုင်ရာ ဆန် စပါး သုတေသနဌာနတို့ပူးပေါင်း၍ Lee Foundation ထောက်ပံ့ငွေဖြင့် ၂ဝ၁ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ ကမ္ဘာ့ရိက္ခာနေ့တွင် ဆန် စပါးပြပွဲနှင့် ပညာရေး အစီအစဉ်ကို စီစဉ်လုပ်ဆောင်ပြသခဲ့ပါသည်။ စပါးနှင့် လူ့ဘဝ သံသရာ ဟူ သော Rice and Cycle of Life ကို ခံယူလျက်ပြပွဲတွင် စင်ကာပူသားတို့ အား စပါးပင်၏ခန္ဓာဗေဒ-Anatomy, စပါးမျိုးအမျိုးမျိုး-Different Rice Varieties, လယ်လုပ်ကိရိယာများ၊ လူတွေ ဆန်ကို အမျိုးမျိုးသော စား သောက်ဖွယ်ရာအမယ်မျိုးစုံတွင် မည် သို့ထည့်သွင်းအသုံးပြုခဲ့ပုံများပါ ခင်း ကျင်ပြသထားခဲ့ပါသည်။ လာရောက် လေ့လာသူများအနေဖြင့် စပါးကို အခွံ ချွတ် (ဖွဲကြမ်းအခွံ) ဖယ်ထုတ်မှု စမ်းသပ်ခွင့်ရကြသည်။ အိန္ဒိယတိုင်း ရင်းသားတို့ ရိုးရာ အဆင်တန် ဆာတစ်ခုဖြစ်သော ဆန်မှုန့်ရောင်စုံ ဖြင့် ပန်းပွင့်ဖော်ထားသည့် Rangoli ခေါ်သော အလှပန်းချီကိုလည်း အစမ်းဖော်ကြည့်ခွင့်ရကြသည်။ စင် ကာပူသိပ္ပံပညာဗဟိုဌာန SCS သည် IR.64 စပါးစေ့ ငါးဂရမ် တစ်ထုပ်နှင့် အတူ စပါးကို မိမိနေအိမ်ဝင်းအတွင်း စိုက်ပျိုးစမ်းသပ်နိုင်ရန် လမ်းညွှန် စာအုပ်များကို လက်ဆောင်အဖြစ် ဝေငှပေးပါသည်။ ဤထူးခြားသော ပုံမှန် မဟုတ် သည့် သင်ကြားမှုကိုထပ်လောင်း ဖြည့်တင်းရန်အတွက် စင်ကာပူ အစိုးရအထက်တန်းကျောင်းများမှာ ပထဝီဝင်သင်ကြားမှု ကျွမ်းကျင်သူ ဆရာများကိုလည်း Science Centre of Singapore-SCS က ဖွင့်လှစ်ပေး သော အလုပ်ရုံ ဆွေးနွေးပွဲကိုလည်း တက်ရောက်စေခဲ့သည်။ ဤသို့ လုပ် ဆောင်ခြင်းအားဖြင့် ဆန်စပါး စိုက် ပျိုးရေးပညာသည် စင်ကာပူ စာသင် ကျောင်း သင်ရိုးညွှန်းတမ်းတွင်ပါ တရားဝင် ထည့်သွင်းပူးပေါင်းပြီး ဖြစ်သွားပါသည်။ စာရေးသူတို့ နိုင်ငံ မှာတော့ ယခင်ရှိခဲ့သော Agri-bias ကျောင်းတွေပင် မရှိတော့ပေ။ ဤမည် သော လှုပ်ရှားမှုများသည် စင်ကာပူ နိုင်ငံသား မျိုးဆက်သစ်များအနေဖြင့် သူတို့ စားသောက်နေသော အစား အစာ (အထူးသဖြင့် ဆန်စပါး)နှင့် ပတ်ဝန်းကျင် ရာသီဥတုပြောင်းလဲမှု အခြေအနေအကြား မည်သို့ ဆက် စပ်ပတ်သက်နေကြောင်းကို သဘော ပေါက် နားလည်စေရန် ကြီးစွာသော အထောက်အကူဖြစ်မည်ဟု အစိုးရက ယုံကြည်နေပါသည်။ တစ်ဆက် တည်းပင် လူငယ်မျိုးဆက်သစ်များ ကို သစ်တောသစ်ပင်နှင့် လယ်ယာ သီးနှံတို့ကို စိတ်ဝင်တစားရှိလာပြီး Plant Scientist ရုက္ခဗေဒပညာရှင်၊ စိုက်ပျိုးရေး ပညာရှင်များဖြစ်လာစေ ရန်လည်း ရည်ရွယ်ရင်းရှိသည်ဟု ဆို ပါသည်။ စကားဆက်စပ်၍ ရေးသား ဖော်ပြရလျှင် စာရေးသူတို့၏ နိုင်ငံ မှာပင် ဆန်ကို ဆန်အိုးထဲက ရသည်။ ဆန်ကုန်လျှင် ဈေးထဲ သွားဝယ်လို့ ရသည်။ ပိုက်ဆံရှိဖို့က အဓိကဟု သဘောထားနေကြသည်။ မိမိတို့ ကိုယ်တိုင် ပညာတတ်များ၊ နိုင်ငံ အကျိုးလိုလားသူ မျိုးချစ်များဟု ယူဆထားသူအချို့၌ပင် ထိုအမြင် မျိုးရှိနေသေးသည်ဟု ဆိုချင်ပါသည်။ မကြာသေးမီကပင် ထိုအတွေး အခေါ်မျိုးရှိသူဟုယူဆရသူ တစ်ဦး က လယ် ၁ဝ ဧကလောက် စိုက်ပျိုး ရုံနှင့် ဘာမျှအကျိုးကျေးဇူး မရှိလှပါ ဘူး။ စက်ရုံတစ်ရုံ တည်လိုက်လျှင် လူ ရာထောင်ချီပြီး အလုပ်ပေးနိုင် သည်ဟု လူသိရှင်ကြား ပြောခဲ့သေး ကြောင်း သတင်းမီဒီယာများမှ တစ် ဆင့် ကြားခဲ့ရပါသည်။ ကမ္ဘာ့စက်မှု နိုင်ငံကြီးများတွင်ပင် ငွေကြေးဓန အတော်အတန်ပြည့်စုံ၍ ပြည်ပမှ စား နပ်ရိက္ခာ တင်သွင်းနိုင်သော ဓန စွမ်း အင်ရှိပါလျက် မိမိတို့နိုင်ငံတွင်းက လယ်သမား၊ ယာသမားများ လယ် ယာ လုပ်ခွင်မှာ အခြေတကျ နေထိုင် ပြီး စိုက်ပျိုးထုတ်လုပ်နေကြစေရန်၊ နေပျော်အောင် စိုက်ပျိုးထုတ်လုပ်မှုမှာ မြဲနေစေရန် ပြည်ပက ရိက္ခာကို တတ် နိုင်သမျှ မတင်သွင်းဘဲ ထိန်းထားပါ သည်။ ပြည်တွင်းထုတ်လုပ်သူများ မနစ်နာအောင် ထောက်ပံ့ကြေးများ ပံ့ပိုးထားကြပါသည်။ ဂျပန်နိုင်ငံမှာ လယ်သမားငယ် များ လယ်ယာမြေကို ချမ်းသာသူ တို့ထံ လက်လွှဲရောင်းချပြီး မြို့ပေါ် တက်လာကာ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပ ဏီဝန်ထမ်းတွေဖြစ်မလာအောင် ကြိုး စား ထိန်းကျောင်းနေပါသည်။ အနိမ့် ဆုံး အစီအစဉ်တစ်ခုကို ဖော်ပြရလျှင် ဂျပန်ကျေးလက် လယ်သမား လူ ရွယ်တွေကို ဂျပန်မိန်းကလေးတွေ လက်မထပ်ချင်ကြ။ လယ်ထဲ၊ ရေ ထဲ၊ ရွှံ့ထဲမှာ လယ်သမားဇနီးဘဝ ဖြင့် အဆုံးမသတ်ချင်ကြပါ။ ထို ကိစ္စအတွက် ဂျပန်လယ်သမားများ နှင့် လက်ထပ်နိုင်မည့် အခြား အာရှ နိုင်ငံများမှ အမျိုးသမီးငယ်များကိုပင် ခေါ်ယူခဲ့သည်ဟု ကြားဖူးပါသည်။ မီဒီယာတွေမှာလည်း ဖတ်ဖူးပါသည်။ မြို့ပြတွေ ချဲ့ထွင်လာသော် လည်း အခြေအနေ မြေ၏အနိမ့်အမြင့် ရေစီးရေလာအရ မူလက နှစ်ရှည် လများ လယ်မြေအဖြစ် စိုက်ပျိုးနေ သောမြေများကို ချန်လှပ်ကျော်လွှား၍ အိမ်ရာတိုက်တာ ဆောက်သွားကြ သည်ရှိရာ ကြားလပ်ပြီး ကျန်နေသော ကြိုကြား ကြိုကြား လယ်ယာမြေ များကို စပါးနှင့် အခြားသီးနှံ စိုက် ပျိုးခြင်းကို ဓာတ်မြေသြဇာ အလွန်အကျွံသုံးမှု၊ ပိုးသတ်ဆေး အလွန်အကျွံ သုံးမှုကို တော့တားမြစ်ရပါမည်။ မြို့ပြသောက် သုံးရေကြော- Civil Used Aquiter ထဲသို့ Chemical တွေ မရောက်ဖို့ လိုပါသည်။ သို့သော် လယ်ယာသုံး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးက လွဲလျှင် ဓာတ်မြေသြဇာကြောင့် Pollution သည် စက်ရုံ အလုပ်ရုံနှင့် ဟိုတယ်များမှစွန့်ထုတ်သော Waste Material လောက်တော့ အန္တရာယ် မကြီးနိုင်ပါ။ မြို့ပြတွင် အရွယ်အစား မကြီးမားသော Small lots of crop area သီးနှံခင်းများရှိခြင်းသည် မြို့ပြ လူသားတို့၏ နေ့စဉ် စွန့်ထုတ်သော ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ဖမ်းဆီး စုပ်ယူရာ လေသန့် လုပ်ငန်းတစ်ခု အနေဖြင့် မြင်တတ်ဖို့ လိုသလို လမ်း သွားလမ်းလာတို့အတွက် စိမ်းစိုသော စပါးခင်းများကို မြင်ရလျှင် ကြည်နူး ဝမ်းသာ ထမင်းအဆာပင် ပြေစရာ ဖြစ်ပါသည်။ စာရေးသူ ရောက်ဖူးသော မနီလာမြို့ကြီးသည် Down Town ခေါ်သည့်အရောင်းအဝယ် စည်ကားဆုံး စီးပွားရေးရပ်ကွက်ကလွဲလျှင် ရွာ ငယ်များအဖြစ် တည်ဆောက်ထား သည်ကို တွေ့ရပါသည်။ ဥပမာ-လူနေရပ်ကွက်တစ်ခု Plam Village, San lorengo village စသည်ရှိရာ တစ်ဆက်တည်းမဟုတ်ဘဲ မိုင်ဝက် မှ တစ်မိုင်ခန့်စီလောက် ကွာဝေးရာ ကြားတွင် စပါးစိုက်ခင်းများ၊ နွေရာ သီတွင် ဖရဲ၊ သခွားခင်းများကို ဖြတ် ကျော်သွားရသည်မှာ လေကောင်းလေ သန့်လည်းရသည်။ မျက်စိပသာဒ လည်းရှိပါသည်။ စာရေးသူ မန္တလေး တိုင်းတွင် တာဝန်ထမ်းဆောင်စဉ်က ယခု မနော ရမံဒေသတွင် ဆောက်လုပ်ရေး လုပ် ငန်းများအတွက် သိမ်းယူထားသော လယ်ယာမြေများရှိပါသည်။ မန္တလေး မြို့မှ ပြင်ဦးလွင် လမ်းဘက် အထွက် လမ်းမကြီးနှင့် ၃၅ လမ်းအကြား ထိုလမ်းမကြီးမြောက်ဘက် ပုသိမ် ကြားလမ်းဆုံမှာ နန်းဦးလွင်မှ ပြင်ဦး လွင် လမ်းကြားမြေများကို ၁၉၉၄ မတိုင်မီက ကွက်လပ်ဖြစ်နေသည်။ လယ်သမားတွေက စိုက်လိုသော် လည်း မြေကွက်ကို ရယူပိုင်ဆိုင်ခွင့် ရှိသူတွေက စိုက်ခွင့်မပေးကြပေ။ ၁၉၉၄-၉၅ စိုက်ပျိုးရာသီတွင် စာ ရေးသူက တိုင်းမှူး တိုင်းငြိမ်ဝပ်ပိ ပြားရေး ကော်မတီဥက္ကဋ္ဌအား တင်ပြရာ ဒေသဆိုင်ရာ မြို့နယ်၊ ရပ်ကွက် အာဏာပိုင်များနှင့် ညှိနှိုင်း၍ စပါး စိုက်ခွင့်ရခဲ့ဖူးပါသည်။ မန္တလေးမြို့ ချမ်းမြသာစည်နှင့် တံခွန်တိုင်အကြား တွင် ကျယ်ဝန်းသော အစိုးရဌာန ပုဂ္ဂလိက ကုမ္ပဏီပိုင် ရုံးဌာန၊ ခြံကြီး များတွင် ကွက်လပ်များ၌ စပါးစိုက် ပျိုးထားသည်ကို လေယာဉ်အဆင်း၊ အတက်တွင် မြင်ရပါသည်။ အထက် တစ်နေရာက ရေးသားခဲ့သော ယခင် Agri-bias School များ၏ လယ်မြေ တွေလည်း မစိုက်ပျိုးဘဲ ထားသည် ကများပါသည်။ စပါးနှင့် ရာသီ သီးနှံစိုက်သင့်ပါသည်။ ဆန်စပါးသည် ကမ္ဘာ့လူသား ၆ဝ ရာခိုင်နှုန်းလောက်၏ အဓိက အစားအစာဖြစ်ပါသည်။ အခြားသော ဂျုံ၊ ပြောင်းတို့ထက် ချက်ရပြုတ်ရ လွယ်ကူပါသည်။ ဆိုလိုသည်မှာ စပါးစေ့မှစားဖြစ်အောင် ထမင်းချက် သည်အထိ အသုံးပြုရသော အပူ စွမ်းအင် Heat Energy သည် ဂျုံနှင့် နှံစားပြောင်းမှ လူစားလို့ရအောင် ပြုလုပ်ရသော အပူစွမ်းအင် Heat Energy ထက် များစွာ သက်သာပါ သည်။ ထို့ပြင် လူလုပ်အားလည်း သက်သာပါသည်။ စင်ကာပူသားတွေ ဆန်စပါးအရေး တွေးလာခြင်းသည် ဆန်စပါး ပေါပေါများများ ထုတ်လုပ်နေသူတွေ၏ အေးအေးဆေးဆေး သဘောထားလာနေမှုကို သတိပြုနေ၍လား မပြောတတ်ပေ။ ဆန်စပါးသည် လူသားတွေရှိနေသမျှ အဓိက စားသုံးသီးနှံဖြစ်နေဦးမည်။ မြို့ကြီးပြကြီးများပင်ဖြစ်စေ ရှိသမျှ လယ်ကွက်များတွင် မြို့သုံးစွန့်ပစ် (မိလ္လာရေမပါ) Domestic Waste Water ဖြစ်ပင်ဖြစ်က ဆန်စပါး တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းကို ကြို ဆိုသင့်ပါသည်။ ၁၉၇၄-၇၅ ခုနှစ်က သုဝဏ္ဏ တွင် စပါးပြီးစပါး နွေစပါးကို မြို့ပြစွန့်ပစ်ရေ Civil Domestic Waste Sater ဖြင့် စိုက်ပြခဲ့ဖူးပါ သည်။ စပါးကား လူသားအသက်ဟု ဆိုလျှင် လွန်ရာမရောက်ဟုထင်ပါသည်။ သုတကျော် Source: Rice in the city: Rice-today. Ref:zaygwet အခြားဆက်ဆပ်သတင်များ- (၁) ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေး၏ အဓိကမောင်းနှင်အားများ! (2) More-About-Rice! |
Popular Posts!
-
မောင်ကျေးရေ ကယ်လီဖိုးနီယား ဇန္န၀ါရ်ီလ ၅၊၂၀၁၃။ စကားဦး သတ္တုတွင်းမျာ၏ ဘေးထွက်ဆိုးကျိုးများသည် လူနှင့်သဘာဝပတ်ဝန်းကျင်အများစုကို နှစ်က...
-
တရုတ်နှင့်မြန်မာလူကြီးတွေက အနောက်နိုင်ငံကြီးတွေကို နိုင်ငံရေးကစားကွက်လေး တအားလှ ပါတယ်ဗျ..... ဘယ်သူတွေ ဘာဖြစ်ကျန်ခဲ့မလဲတော့ မသိသေးပါဘူး...
-
Do you dare smash your phone with a hammer? If you have this screen protector on, you'd probably won't either but this person did...
-
မြင့်လှိုင်၊ စက်တင်ဘာ ၂၈ ရက်၊ ၂၀၁၂ အမေရိကန်ဘဏ်ကြီးများ ဖြစ်ကြတဲ့ Bank of America ၊ JPMorgan Chase ၊ Wells Fargo ၊ US Bank နဲ့ PNC ...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
Hakka people https://en.wikipedia.org/wiki/Hakka_people တရုတ်ကြီး ဦးနေဝင်း၊ တရုတ်မြေး အေးနေဝင်း(မိဘဘိုးဘွား ဇာတိမှန်ကို ဖုံးကွယ်ခြင်းသ...
-
(၁) ဆရာသမီးကကျီးဘောင်ဖြစ်နေတာပါသမီးဂုတ်မှာဖြစ်နေတာပါ။ သမီးဆေးကုနေတာစုံနေပါပြီ။ သမီးက အရမ်း အကြောတတ်တာပဲ။ အမြဲနှိပ်နေရတယ်ဆရာ။ နည်လမ်းလေးသမ...
-
How Much Do You Need To Earn To Survive In Singapore? Do you earn enough to survive in Singapore? I did some calculations to try to fi...
Tuesday, September 11, 2012
မြို့ပြ ဆင်ခြေဖုံးက စပါးစိုက်ခင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment