Popular Posts!

Friday, August 17, 2018

လက်တလော အမေရိကန်ဒေါ်လာဈေးတက်လာရခြင်းအကြောင့်နဲ့ တူရကီငွေကြေး Lira နောက်ဆက်တွဲသတင်း..



လက်တလော အမေရိကန်ဒေါ်လာဈေးတက်လာရခြင်းအကြောင့်နဲ့ တူရကီငွေကြေး Lira နောက်ဆက်တွဲသတင်း..

ပြီးခဲ့တဲ့သောကြာနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တူရကီနိုင်ငံကို ကုန်သွယ်ရေးအပြောင်းအလဲတစ်ခုကို ရက်စက်စွာတင်းကျပ်ခဲ့ပါတယ်။ တူရကီဘက်မှ အမေရိကန်သို့တင်ပို့နေသော Steel and Aluminum သွင်းကုန်တွေအပေါ် မြင့်မားသောအခွန်တိုးကောက်ခဲ့ပြီး ကုန်သွယ်ရေးတင်းမာမှုကြီးဖြစ်ခဲ့ပါတယ်။ ထိုအခွန်တိုးကောက်ခဲ့မှာကြောင့် တူရကီငွေကြေး Lira မှာ နိုင်ငံသမိုင်းတွင် အနိမ့်ဆုံးဈေးထိထိုးကျခဲ့ပီး ငွေကြေးပျက်ကပ်ဆိုက်ကာ တူရကီနိုင်ငံစီးပွားရေးကို များစွာထိခိုက်ခဲ့ပါတယ်။ ထိခိုက်မှုကြောင့် တူရကီဘဏ်မှ နိုင်ငံစီးပွားရေးကိုကာကွယ်ရန် ဘဏ်တွင် အရန်သင့်ဆောင်ထားသော အမေရိကန်ဒေါ်လာ၊ ယူရိုဒေါ်လာနှင့် ရွှေများထုတ်ရောင်းခဲ့ရပါတယ်။  
တူရကီငွေကြေးဆိုးရွားစွာကျဆင်းမှုကြောင့် ယူရိုငွေကြေးပါ ဖိအားဝင်ခဲ့ကာ အမေရိကန်ဒေါ်လာဈေးတက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးပါ ဆက်တိုက်ထိုးကျခဲ့ပါတယ်။ 

ထိုထိခိုက်မှူကြောင့် တူရကီသမ္မတ Erdogan နှင့် အမေရိကန်သမ္မတ Donald Trump ကြားတွင် ကြီးမားသောတင်းမာမှုများဖြစ်ခဲ့ပါတယ်။ Erdogan က ယနေ့မှာ နိုင်ငံအတွင်း အသုံးပြုနေသော  Iphone အပါအဝင် အမေရိကန်ထုတ်ကုန် လျှပ်စစ်ပစ္စည်းအားလုံးကို သပိန်မှောက်ရန် နိုင်ငံတွင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ အမေရိကနိဘက်မှ သွင်းသော ခရီးသည်တင် မော်တော်ယာဉ်များကို အခွန် ၁၂၀%၊ ယမကာများကို ၁၄၀%၊ အမေရိကန်ဆေးရွက်ကြီး ဈေးကွက်ကို အခွန် ၆၀% ဖြင့် အခွန်နှစ်ဆ တိုးကောက်မှာဖြစ်ပါတယ်။ ထို့အပြင် အမေရိကန်ဘက်မှသွင်းသော အခြား လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဆန် နှင့်ကျောက်မီးသွေးဈေးကွက်များအားလုံးကို အခွန်နှစ်ဆ တိုးကောက်ဖို့လဲ ပြောကြားခဲ့ပါတယ်။  

လက်ရှိ အမေရိကန်နှင့် တူရကီတင်းမာမှုကြောင့် နိုင်ငံတကာမှ ငွေကြေးရင်းနှီးမြှပ့်နှံမှုလုပ်သူများအနေဖြင့် ဈေးကွက်အတွင်းဖြစ်လာနိုင်သော Risk ကို ကာကွယ်ရန် Safe heaven product အဖြစ် ဒေါ်လာကို ပြောင်းလဲရင်းနှီးမြှပ်နှံမှုများလုပ်ခဲ့ခြင်းကလည်း ကမ္ဘာ့ရွှေဈေးအတွက် ဈေးကျဖို့ ဖိအားဖြစ်စေခဲ့ပါတယ်။ 

ထို့ကြောင့်ဈေးကွက်အတွင်း တူရကီငွေကြေး Lira ဈေးနှင့် စီးပွားရေးတင်းမာမှုများလျော့မကျခင်အချိန်အထိ ဒေါ်လာဈေးဆက်တက်ဖို့ရှိနေပြီး ကမ္ဘာ့ရွှေကတော့ အကျ ဘက်ပဲသွားဖို့ရှိနေပါတယ် ခင်ဗျာ။ 

Technical ပိုင်းအနေဖြင့် ကမ္ဘာ့ရွှေ 1165 - 1170 ဈေးတန်းကို ဆက်ဆင်းနိုင်ချေရှိနေပါတယ် ။

လေးစားလျက်...

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!