Popular Posts!

Thursday, July 19, 2012

ကမ္ဘာပေါ်ရှိ နေထိုင်စားသောက်ကုန်ကျစရိတ် အမြင့်ဆုံး မြို့ကြီးများစာရင်းတွင် ရန်ကုန်မြို့ အဆင့် ၃၅ အထိခုန်တက်

ကမ္ဘာပေါ်ရှိ နေထိုင်စားသောက်ကုန်ကျစရိတ် အမြင့်ဆုံး မြို့ကြီးများစာရင်းတွင် ရန်ကုန်မြို့ အဆင့် ၃၅ အထိခုန်တက် လူတစ်ဦးချင်း ၀င်ငွေများစွာမြင့်မားသည့် မီလန်၊ ပဲရစ်၊ ရောမ၊ ဗီယင်နာ၊ မက်ဒရစ်၊ ဘာစီလိုနာ၊ မြူးနစ်၊ ဘာလင်၊ ဒူဘိုင်းအပါအ၀င် ကမ္ဘာ့မြို့ကြီးပေါင်း ၁၂၀ ကျော်ကို ၂ နှစ်ဆက်တိုက် ဖြတ်ကျော်မြင့်တက်ခဲ့ခြင်းဖြစ်
ကမ္ဘာပေါ်ရှိ နေထိုင်စားသောက် ကုန်ကျစရိတ် အမြင့်ဆုံး မြို့ကြီးများ စာရင်းတွင် ရန်ကုန်မြို့မှာ အဆင့် ၃၅ အထိ ခုန်တက်လာခဲ့ကြောင်း ဈေးကွက်သုတေသနဆိုင်ရာ ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော Mercer တွင် ဖော်ပြထားသည်။ ၂၀၁၀ ပြည့်နှစ်က မြန်မာနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးနှင့် စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် နေထိုင်စားသောက် ကုန်ကျစရိတ်မှာ ကမ္ဘာ့မြို့ကြီးများစာရင်းတွင် အဆင့် ၁၅၉ အထိသာ ရှိခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင်မူ အဆင့် ၇၀ သို့ ခုန်တက်ခဲ့ပြီး ၂၀၁၂ ခုတွင်မူ အဆင့် ၃၅သို့ ဆက်တိုက် ခုန်တက်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့နာမည်ကျော် မြို့ကြီးများဖြစ်သည့် မီလန်၊ ရိုးမား၊ ဗီယင်နာ၊ မက်ဒရစ်၊ ဘာစီလိုနာ၊ မြူးနစ်၊ ဘာလင်၊ ဒူဘိုင်းကဲ့သို့သော မြို့ကြီးများကို နှစ်နှစ်အတွင်း ဆက်တိုက်ဖြတ်ကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ယခုစာရင်းမှာ ၂၀၁၂ မတ်လအထိ သုတေ သနပြု ကောက်ယူထားသည့် စာရင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တွက်ချက်ရာတွင် နိုင်ငံတစ်နိုင်ငံ၏ အဓိကမြို့တစ်မြို့တွင် သယ်ယူပို့ဆောင်ရေး၊ အိမ်ငှားနှုန်း၊ အိမ်ခြံမြေ ဈေးနှုန်း၊ အစားအသောက်ဈေး၊ အ၀တ်အထည်၊ လူသုံးကုန်ပစ္စည်း ဈေးနှုန်း၊ အပန်းဖြေ ကုန်ကျစရိတ်များ အပါအ၀င် အချက်ပေါင်း ၂၀၀ အား ထည့်သွင်း တွက်ချက်ခြင်းဖြစ်ကြောင်း၊ နယူးယောက်မြို့ကို ကုန်ကျစရိတ်ကို အခြေခံပြီး အခြားနိုင်ငံစုံမှ မြို့ကြီး ၂၁၄ မြို့အတွက် တွက်ချက်ထားချက်များအရ ထွက်ပေါ်လာသည့် စာရင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ကမ္ဘာ့ကုန်ကျစရိတ် အမြင့်ဆုံးမြို့မှာ ဂျပန်နိုင်ငံ တိုကျိုမြို့ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံမှာလည်း ကမ္ဘာ့ကုန်ကျစရိတ် အမြင့်ဆုံးမြို့ကြီးများစာရင်းတွင် ၂၀၁၁ ခုနှစ်တွင် အဆင့် ၈ မှ ၂၀၁၂ ခုနှစ်တွင် အဆင့် ၆ သို့ ခုန်တက်ခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့အနေဖြင့် ယခုအခါတွင် လန်ဒန်မြို့နှင့် အဆင့် ၁၀ ဆင့်သာ ကွာခြားပြီး နယူးယောက်မြို့နှင့် အဆင့်နှစ်ဆင့်သာ ကွာခြားသည်အထိ မြင့်တက်ခဲ့ကြောင်း အဆိုပါစာရင်းတွင် ဖော်ပြထားသည်။ ထူးခြားချက်အနေဖြင့် နှစ်နှစ်အတွင်း မြန်မာနိုင်ငံ ရန်ကုန်မြို့၏ ကုန်ကျစရိတ်မှာ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊အင်ဒိုနီးနား၊
တရုတ် စသည့်ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများ၏ မြို့ကြီးများကို ကျော်တက်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ကုန်ကျစရိတ် အမြင့်ဆုံးမြို့ကြီး ၅၀ စာရင်းတွင် အာရှမှဆိုပါက မြန်မာနိုင်ငံအပါအ၀င် ၆ နိုင်ငံသာ ပါရှိပြီး အဆိုပါ ၆ နိုင်ငံမှ မြို့ကြီး ၁၁ မြို့သာပါဝင်ပြီး တရုတ်နှင့်စင်ကာပူမှလွဲ၍ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း၊ ဒေသတွင်းဟူသည့် နိုင်ငံမှမြို့ကြီးများ ပါဝင်ခြင်းမရှိကြောင်း တွေ့ရှိရသည်။ ဘန်ကောက်၊ မနီလာ၊ ကွာလာလမ်ပူ၊ မွမ်ဘိုင်း၊ နယူးဒေလီ၊ ဟန်နွိုင်း၊ ဒါကာမြို့ကြီးများသည်ပင် ရန်ကုန်မြို့ Cost of Living ကဲ့သို့ မြင့်မားသည့် အဆင့်တွင် ရှိမနေကြောင်း သိရသည်။
Mercer မှ ထုတ်ပြန်ထားသည့်အပေါ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ Project Appraisal And Progress Reporting ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ
ဝါ၀ါမောင်က ''Mercer ရဲ့ ထုတ်ပြန်ချက်က တကယ်တော့ မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုတာ မဟုတ်ဘူး။ ရန်ကုန်မြို့ရဲ့ Cost of Living ကိုပဲ အဓိကပြောတာလို့ မြင်ပါတယ်။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူ တစ်ဦးလာရောက်နေထိုင်မယ်ဆိုရင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရဲ့ ကုန်ကျစရိတ်က ဒါရှိတယ်ဆိုတာ တွက်ပြထားတာလို့ မြင်ပါတယ်။ ရန်ကုန်မြို့ရဲ့ Cost of Living မှာလဲ အဓိက မြင့်တက်တာကတော့ စားသောက်စရိတ်ပိုင်းထက် Living Cost ကတော့ တကယ်ကို မြင့်တက်လာတာပါ။ သူများနိုင်ငံတွေထက်ကို မြင့်တာရှိတယ်။ ငှားရမ်းခ၊ အိမ်ခြံမြေဈေးတွေ အဓိက မြင့်တက်တယ်။ ဟိုတယ်စရိတ်ဆိုလည်း မြန်မာနိုင်ငံရဲ့ ဟိုတယ်ခက အခြားနိုင်ငံတွေထက် မြင့်တက်နေတယ်။ အဲဒီ Living Cost ကြောင့် ရန်ကုန်က Cost of Living မှာ ဒီအဆင့်ထိ မြင့် တက်သွားတာလို့ မြင်ပါတယ်''ဟု သုံးသပ်ပြောကြားခဲ့သည်။


''Cost of Living မြင့်တက်တာနဲ့အညီ နိုင်ငံသားတွေ ၀င်ငွေရပြီး လိုက်ပါနေထိုင်နိုင်ဖို့ လိုပါတယ်။ ဒီလိုဖြစ်ဖို့အတွက်ဆိုရင် အရင်ဆုံး အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ လိုက်လျောညီထွေတဲ့ သင့်တင့်လျောက်ပတ်တဲ့ အလုပ်အကိုင်တွေ ဖြစ်ဖို့လိုတယ်၊ နောက်တစ်ချက်က Decent Pay ဆိုတာကတော့ နိုင်ငံသားတွေ တစ်ရက်ဝင်ငွေနဲ့ မြင့်တက်လာတဲ့ Cost of Living နဲ့ လိုက်လျောညီထွေနေထိုင်နိုင်တဲ့ သင့်တော်တဲ့ လစာဝင်ငွေဖြစ်ဖို့လည်း လိုတယ်။ လူတစ်ဦး ချင်းဝင်ငွေ မြင့်တက်ရုံနဲ့ ဒါကိုမြင့်တက်လာတယ်လို့ ပြောလို့မရဘူး၊ တစ်အိမ်ထောင်ချင်း ၀င်ငွေမြင့်တက်မှ ၀င်ငွေမြင့်တက်တယ်လို့ ပြောလို့ရတာပါ။ ဥပမာ-မြန်မာနိုင်ငံရဲ့ GDP ဆိုတာ လုံးပေါင်းကြီးကို တွက်ထားတာ။ ဒီလို လုံးပေါင်း GDP ကိုပြန်တွက်တဲ့ လူတစ်ဦးချင်းဝင်ငွေဟာ မြန်မာတစ်နိုင်ငံလုံး ပျမ်းမျှ
ဝင်ငွေဖြစ်ပြီး လူတစ်ဦးချင်းပေါ်မှာ ကိုယ်စားမပြုပါဘူး။ သူဌေးတစ်ယောက်က တစ်ယောက်တည်း တစ်လကို ကျပ်သိန်းပေါင်းများစွာ ၀င်ငွေရနေပြီး ကျေးလက်ကလူက တစ် လကို နှစ်သောင်း၊ သုံးသောင်းပဲ ၀င်ငွေရှိနေတာတွေ ဖြစ်နေတာမျိုးကျတော့ အားလုံးပျမ်းမျှပြီး လူတစ်ဦးချင်းဝင်ငွေ ဒီလောက်ရှိပါတယ်ဆိုတာကို ပြောလို့မရပါဘူး။ ဒီတော့ တကယ်တမ်း မြင့်တက်လာတဲ့ Cost of Living နဲ့အညီ နိုင်ငံသားတွေလိုက်ပါ နေထိုင်နိုင်မယ့်ဝင်ငွေဆိုတာ Household Income ကိုပဲ ပြောရမှာပါ။ သင့်တင့်လျောက်ပတ်တဲ့ အလုပ်၊ နေ့စဉ် ကုန်ကျစရိတ်နဲ့ကိုက်ညီတဲ့ လစာငွေရှိဖို့အထိ လုပ်ရမယ်။ နောက်တစ်ချက် အလုပ်လုပ်နိုင်တဲ့ အသက်အရွယ် Working Ace အပိုင်းအခြားထဲမှာ ရှိတဲ့သူတိုင်း သင့်တော်တဲ့အလုပ်ရဖို့အထိ လုပ်ရမယ်''ဟု ဒေါက်တာဝါ၀ါမောင်က ပြောပြခဲ့သည်။
ရန်ကုန်မြို့၏ Cost of Living မြင့်တက်ခြင်းမှာ ရန်ကုန်မြို့တွင် နေ ထိုင်လုပ်ကိုင်ရသူနိုင်ငံသားများအပေါ် တွင်ပါသက်ရောက်မှုရှိကြောင်း၊ သုံး နှစ်အတွင်း နေထိုင်စရိတ် နှစ်ဆမြင့် တက်ခြင်း၊ စားသောက်ကုန်ကျစရိတ် နှစ်ဆထိတိုးလာခြင်း၊ အခြားရေမီးနှင့် သယ်ယူပို့ဆောင်စရိတ်မြင့်တက်လာ ခြင်း၊ အလုပ်အကိုင်ပုံမှန်မရှိခြင်းများ ကြောင့်သက်ရောက်မှုရှိခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တွင် လုပ်ကိုင်နေသည့် နယ်ပယ်စုံမှဝန်ထမ်းလုပ်သားများက ပြောပြခဲ့သည်။
နေ့စားဆေးသုတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက''ကျွန်တော့်ဆီမှာ ငြမ်းတက်ဆေးသုတ် ကျွမ်းကျင်ဆို တစ်ရက် ၆၀၀၀ ရတယ်။ ကျွမ်းကျင်ဆို ၄၅၀၀ နဲ့ မကျွမ်းကျင်တဲ့သူ ၃၅၀၀ ကျပ်ပေးထားရတယ်။ သူတို့ အလုပ် စဆင်းတာနဲ့ တစ်ယောက်ကို ကျပ် ၅၀၀ မနက်စာစားဖို့ ထုတ်ပေးရတယ်။ နေ့လည်ထမင်းဖိုး ထုတ်ပေးရတယ်။ ညနေကျမှ လုပ်အားခထဲက ပြန်နုတ်ရတယ်။ တစ်ယောက်ကို အနည်းဆုံး တစ်ရက်ကို ကျပ် ၂၅၀၀ ကတော့ အားလုံး ကုန်ကျတာချည်းပဲ။ ဒါတောင် နေစရိတ်သက်သာလို့ မဟုတ်ရင် ဒီထက်ပိုကုန်တယ်။ တစ်ခုတော့ရှိတယ် အလုပ်မပြတ်ဖို့လိုတယ်။ အလုပ်ပြတ်လပ်သွားရင် နားနေကြရသေးတယ်''ဟု ပြောပြခဲ့သည်။
''ကျွန်တော်က ကုမ္ပဏီဝန်ထမ်းပါ။ လစာရင်းက တစ်လကို ကျပ် ၁၃၈,၀၀၀ ရပါတယ်။ တစ်လကို အနည်းဆုံး ၈၀၀၀၀ ကျော်ကုန်တယ်။ အိမ်ငှားနေရတဲ့အတွက်ပါ။ ဒါတောင် သူငယ်ချင်းတွေစုပြီး သုံးလေးယောက် ငှားနေရတာ''ဟု ကုန်ပစ္စည်းစစ်ဆေး ရေး ကုမ္ပဏီတစ်ခုမှ ၀န်ထမ်းတစ်ဦးက ပြောပြခဲ့သည်။
''ကျွန်မက တစ်လကို ၇၀,၀၀၀ ရတယ်။ ကျွန်မထက် နည်းနည်းနိမ့်တဲ့သူက ၆၀,၀၀၀ ကစရတယ်။ ၁၁၀,၀၀၀ လောက်အထိ ရတဲ့သူရှိတယ်။ အိမ်မှာစားတဲ့ စရိတ်ပါထည့်တွက်ရင် တစ်ရက်ကျပ် ၁၄၀၀လောက်တော့ ကုန်တယ်''ဟု ဒဂုံစင်တာတွင် လုပ်ကိုင်နေသူ အရောင်းစာရေးမ တစ်ဦးက ပြောပြခဲ့သည်။
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၏ လူတစ်ဦးချင်းဝင်ငွေ
စင်ကာပူ၅၉၇၁၁
ဘရူနိုင်း၄၉၃၈၄
မလေးရှား၁၅၅၆၈
ထိုင်း၉၃၉၆
တရုတ်၈၃၈၂
သီရိလင်္ကာ၅၆၇၄
အင်ဒိုနီးရှား၄၆၆၆
ဖိလစ်ပိုင်၄၀၇၃
အိန္ဒိယ၃၆၉၄
ဗီယက်နမ်၃၃၅၉
လာအို၂၆၅၉
ကမ္ဘောဒီးယား၂၂၁၆
ဘင်္ဂလားဒေ့ရှ်၁၆၉၃
မြန်မာ၁၃၂၅
ထမင်း တစ်နပ်ဝယ်၊ တစ်နပ်ချက်စားရသည့် မိသားစုရှိသော ကုန်ပစ္စည်းစစ်ဆေးရေး ကုမ္ပဏီဝန်ထမ်းတစ်ဦး၏ ရန်ကုန်မြို့ တစ်ရက်ကုန်ကျစရိတ်
အကြောင်းအရာကုန်ကျငွေ(ကျပ်)
အလုပ်သွားပြန်၄၀၀
ထမင်းစရိတ်နှင့် အဆာပြေ၁၇၀၀
အခြားအသုံးစရိတ်၂၀၀ မှ ၃၀၀
နေစရိတ်၁၈၀၀ မှ ၂၂၀၀
(မိသားစုရှိ၍ တစ်လ ကျပ် ၄၀၀၀၀ မှ ၆၀၀၀၀ တန် အခန်းငှားရမ်းနေထိုင်ရ။ ရေမီးစည်ပင်ခွန်များ တစ်လ အနိမ့်ဆုံး ကျပ် ၁၀၀၀၀ ထပ်ကုန်သည်)
ထမင်းဝယ်စားရသည့် နေ့စား ဆေးသုတ်လုပ်သားတစ်ဦး၏ ရန်ကုန်မြို့ တစ်ရက်ကုန်ကျစရိတ်
အကြောင်းအရာကုန်ကျငွေ(ကျပ်)
အလုပ်အသွားအပြန်၄၀၀
(ဘတ်စကား)ထမင်းစရိတ်၁၆၀၀
(မနက်၊ ည)နံနက်နှင့်နေ့လည် အဆာပြေ၈၀၀ မှ ၁၀၀၀
အခြားအသုံးစရိတ်၂၀၀ မှ ၃၀၀
နေစရိတ်၅၀၀
(မြို့ပြင်တွင် အနိမ့်ဆုံးဈေးဖြင့် အခန်းကျဉ်းစုငှားခ၊ လူပျိုလူလွတ် တစ်ဦးအတွက်၊ မိသားစုရှိက ပိုမိုကုန်ကျ)
အများစုလုပ်ကိုင်နေရသည့် အလုပ်အကိုင်အချို့၏ ပျမ်းမျှ လစဉ်ဝင်ငွေ၊ အနိမ့်ဆုံး မဖြစ်မနေ လစဉ်ကုန်ကျငွေပြဇယား(ကျပ်)
လူပျို၊ အပျိုတစ်ဦး ရရှိသမျအား အချွေတာဆုံးသုံးသည့် ရန်ကုန်မြို့ ကုန်ကျစရိတ်
အလုပ်အမျိုးအစားလစဉ်ဝင်ငွေလစဉ်ကုန်ကျငွေ
အမြင့်ဆုံးအနိမ့်ဆုံးအမြင့်ဆုံးအနိမ့်ဆုံး
ကုန်ပစ္စည်းစစ်ကုမ္ပဏီဝန်ထမ်း၁၃၈၀၀၀၁၂၆၀၀၀၁၀၅၀၀၀၈၄၀၀၀
အရောင်းစာရေး၁၀၀၀၀၀၆၀၀၀၀၇၀၀၀၀၄၅၀၀၀
နေ့စားဆေးသုတ်လုပ်သား၁၈၀၀၀၀၁၀၅၀၀၀၁၀၅၀၀၀၇၅၀၀၀
နေ့စားပန်းရံလုပ်သား၁၈၀၀၀၀၉၀၀၀၀၁၀၅၀၀၀၆၀၀၀၀
ကမ္ဘာ့မြို့ ကြီးများထဲတွင် Cost of Living အမြင့်ဆုံး မြို့ ၅၀ စာရင်း
၂၀၁၂ အဆင့်၂၀၁၁ အဆင့်မြို့အမည်နိုင်ငံ
တိုကျိုဂျပန်
လူအန်ဒါအန်ဂိုလာ
အိုဆာကာဂျပန်
မော်စကိုရုရှား
ဂျနီဗာဆွစ်ဇာလန်
ဇူးရစ်ဆွစ်ဇာလန်
စင်ကာပူစင်ကာပူ
အင်န်ဒီဂျေမီနာချက်
ဟောင်ကောင်ဟောင်ကောင်
၁၀၁၁နာဂိုရာဂျပန်
၁၁၁၄ဆစ္ဒနီဩစေၾတးလ်
၁၂၁၀ဆော်ပေါ်လိုဘရာဇီး
၁၃၁၂ရီယိုဒီဂျနီယိုဘရာဇီး
၁၄၁၆ဘန်းန်ဆွစ်ဇာလန်
၁၅၂၁မဲလ်ဘုန်းဩစတြေးလျ
၁၆၂၁ရှန်ဟိုင်းတရုတ်
၁၇၂၀ဘေဂျင်းတရုတ်
၁၈၁၅အော်စလိုနော်ဝေ
၁၉၃၀ပါးတ္ဩစေၾတးလ်
၂၀၁၂လစ်ဘာဗယ်လ်ဂါဗွန်
၂၁၁၇ကိုဗင်ဟေဂင်ဒိန်းမတ်
၂၂၁၉ဆိုးလ်တောင်ကိုရီးယား
၂၃၃၄ကန္ဘာရာဩစေၾတးလ်
၂၄၃၁ဘရစ္စဘိန္းဩစေၾတးလ်
၂၅၁၈လန်ဒန်အင်္ဂလန်
၂၆၄၄ခါးတွန်မ်ဆူဒန်
၂၇၄၆အဒီလိတ္ဩစေၾတးလ်
၂၈၂၉စိန့်ပီတာစဘတ်ရုရှား
၂၉၅၁ကာရကတ်စ်ဗင်နီဇွဲလား
၃၀၄၃ရှန်ဇန်းတရုတ်
၃၁၃၈တဲလ်အဗစ်အစ္စရေး
၃၁၃၈ကွမ်ကျိုးတရုတ်
၃၃၃၂နယူးယောက်အမေရိကန်
၃၄၂၃နိုက်ယားမေးနိုင်ဂျာ
၃၅၇၀ရန်ကုန်မြန်မာ
၃၆၆၁ကင်ရှာစာကွန်ဂို
၃၇၂၇ပဲရစ်ပြင်သစ်
၃၈၂၅မီလန်အီတလီ
၃၉၄၁လာဂို့စ်နိုင်ဂျီးရီးယား
၃၉၆၃ဘမာကိုမာလီ
၄၁၆၇အဘစ်ဂျန်အိုင်ဗရီကို့စ်
၄၂၃၄ရောမအီတလီ
၄၃၅၅ဘရာဇာဗယ်လီကွန်ဂို
၄၄၃၉ဂျီဘိုးဒီဂျီဘိုးဒီ
၄၅၃၃ဘရာဇီးလီးယားဘရာဇီး
၄၆၃၉စတော့ဟုမ်းဆွီဒင်
၄၇၃၇နူမီယာနယူးကယ်လီဒိုးနီးယား
၄၈၃၆ဗီယင်နာဩစတြီးယား
၄၉၄၈ဘာကုအဇာဘိုင်ဂျန်
၅၀၂၅ဗစ်တိုးရီးယားချီလီ
၅၀၄၄ဒါကာဆီနီဂေါ


နောက်ဆက်တွဲ- စင်္ကာပူနှင့်ရန်ကုန်လူနေမှုစရိတ်တွေကို နှိုင်းယှဉ်ထားတာကိုကြည့်လိုက်ပါအုံး!

Cost of living comparison between Yangon (Myanmar) and Singapore(Singapore)

Ref:neweleven

1 comment:

Ko Nge said...

Can be return Myanmar or not?

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!