Popular Posts!

Tuesday, December 10, 2013

အတက်အဆင်းမြန်တဲ့ ထိုင်းနိုင်ငံရေး၏ နောက်ကွယ်က အားသာချက်များနဲ့ မြန်မာ့နိုင်ငံရေး၊စီးပွားရေး အရွေ

ဇော်အောင်(မုံရွာ)၊ ဒီဇင်ဘာ ၁၀၊ ၂၀၁၃


ဒီဇင်ဘာ-၁၀ရက်နေ့၊ လူထုသိန်းနဲ့ ချီပြီး လမ်းပေါ် ထွက်ဆန္ဓပြခဲ့ပြီး သည့်နောက် ထိုင်းအစိုးရ၊ အမတ်၅၀၀ ရှိသော အတိုက်ခံပါတီအမတ် ၁၅၃ ဦးနှုတ်ထွက်ခဲ့သည်။ ဝန်ကြီးချုပ်ယင်လတ်အစိုးရက ကြားဖြတ်ရွေးကောက်ပွဲ ကျင်း ပပေးမည်ဟု ကျေငြာလိုက် ရသည်။ 

ရက်များစွာကြာပြီဖြစ်သော လူထုဆန္ဒပြ ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်ဆူဘန် သည် ပါလီမန်အမတ်ရာထူးမှ နှုတ်ထွက်၊ ဆန္ဒပြခြင်းဖြစ်သည်။ အမျိုးသားရေးဝါဒကိုထိပါးလာစေ အပြစ်ဒဏ်ချခံထားရသူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ပြန်လာရန် ဥပဒေပြဌာန်းလာသောကြောင့်ဟု ဆိုသည်။ ယခုအခါ သူတို့ဆန္ဒပြမှုကို နိုင်ငံအကျိုးရှေ့ရှုပြီး အာဏာမဖယ်ပေးချင်သော အစိုးအဖွဲ့အဖို့ နိုင်ငံရေးအကျပ်အတည်းဖြစ်နေလေပြီ။ ဆန္ဒပြသူများက ကျေးလက်ဒေသများထောက်ခံပြီး ရွေးကောက်ပွဲတိုင်းအနိုင်ရသည့် သက်ဆင်၏ ညီမအရင်း ယင်လတ် ဝန်ကြီးချုပ်လုပ်သည့်အစိုးရကို အမြစ်ပြတ်အာင် လုပ်မည်ဟု ဆိုသည်။ သူတို့နိုင်ငံရေးပြသနာဖြစ်သည်။
ထိုင်းနိုင်ငံ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဘေးပတ်ဝန်းကျင်နိုင်ငံများက စိုးရိမ်ကြသည်။ စိုးရိမ်စရာမရှိပါ။ နိုင်ငံရေးတည်ငြိမ်လွန်းလျှင်သာ စိုးရိမ်စရာဖြစ်သည်။ မမျှော်လင့်ပဲ တော်လှန်ရေးကြီးများဖြစ်ပွားခြင်း၊ ပြည်သူအချင်းချင်း သတ်ဖြတ်လုယက်ခြင်းများ ဖြစ်လာနိုင်သည်။

ဥပမာ ..အီရက်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံများတွင် နိုင်ငံရေးမတည်ငြိမ်မှုသည် ပြည်သူလူထုထံသို့ ကူးစက်သွားပြီး၊ အာဏာပြိုင်ဆိုင်မှုဒဏ်ကြောင့် ပညာတတ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သူတို့ဥစ္စာကို ခိုးထုတ်ပြီး၊ တိုင်းပြည်မှထွက်ပြေးကြသည်။ တိုင်းပြည်ပိုပြီး ပျက်စီးရသည်။ ယခု ထိုင်းနိုင်ငံအခြေအနေမှာ စီးပွားရေးလောကတွင် အလွန်အခြေခံကောင်းနေပြီဖြစ်သော တိုင်းပြည်တွင် အုပ်ချုပ်သူအစိုးရသည်၊ ပြည်သူများက လူထုဆန္ဒပြခြင်းကို လေးစားမှုပြုကြောင်း ပြသနေပါသည်။ ယခင် ၂၀၀၆ ကလည်း အလွန်ဆိုးဝါးသော နိုင်ငံရေးမငြိမ်မသက်မှုကြောင့် ထိုင်းစစ်တပ်မှ ဝန်ကြီးချုပ်သက်ဆင်အစိုးရအား ဖြုတ်ချပြီး၊ အခြေခံဥပဒေအသစ်ဆွဲ၊ တနှစ်အတွင်းရွေးကောက်ပွဲပြန်ုလုပ်ပေးခဲ့ပါသည်။ ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ..စသည့် လူထုကဏ္ဍများအတွက် ထိခိုက်မှု မရှိခြင်းမှာ အံ့ဘွယ်သင်္ခန်းစာဖြစ်သည်။
ထိုင်းစီးပွားရေးလက်ရှိအခြေအနေ


(လယ်ယာ) အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံသည် စီးပွား၊လူမှုရေး၊ ပညာရေးအစစ အရာရာ ဘတ်စုံတိုးတက်ထွန်းကားနေသည်ကို မြန်မာများ မငြင်းနိုင်ပါ။ အလုပ်အကိုင်လည်း အလွန်ပေါများလှသည်။ တောင်သူလယ်သမားများအတွက် ဝင်ငွေနည်းပါးသော်လည်း အစိုးရချမ်းသာလာသောကြောင့် လယ်ယာလုပ်ငန်းကို ထောက်ပံ့ပေးနိုင်သည်။ အထူးသဖြင့် လယ်ယာလုပ်ငန်းအတွက်ဆိုလျှင် လိုအပ်သော ရေ၊ မျိုးစေ့၊ ချေးငွေ၊ ဈေးကွက်များကို အစိုးရက ဦးစီးပြီး ကူညီလုပ်ဆောင်ပေးသောကြောင့် လယ်သမားဘဝ စားဝတ်နေရေး ဖူလှုံသည်ဟု ဆိုနိုင်သည်။ လယ်သမားတိုင်း အဓိကဖြစ်သော လူ့အခွင့်အရေးကို ခံစားရပါသည်။ တိုင်းပြည်၏ စီးပွားရေးဝင်ငွေသည် စက်မှုကုန်ထုတ်လုပ်ငန်းများမှ ရရှိပြီး၊ ထိုင်းနိုင်ငံ ဂျီဒီပီ၏ ၁၅% သာရှိသော လယ်ယာကုန်ထုတ်လုပ်ငန်းသည် မြန်မာတပြည်လုံး ဂျီဒီပီ 55 billion (2012) ထက်ပင်  ပိုများနေပါသည်။
(စွမ်းအင်ကုန်ချောထုတ်) ထိုင်းနိုင်ငံစီးပွားရေးကို ကြည့်ပါက၊ အထူးသဖြင့် ခေတ်စားနေသော စွမ်းအင် Oil & Gas ထုတ်လုပ်မှုအင်အားမှာ မြန်မာပြည် ရေနံ၊ဓါတ်ငွေပေါင်း ထက် ၂ဆနီးပါး ပိုပြီးထွက်ပါသည်။ သို့သော် သူ့နိုင်ငံထွက် ရေနံ၊ဓါတ်ငွေများကို ချက်လုပ်၊သန့်စင်သည့်လုပ်ငန်းမှာ ပိုပြီးအမြတ်အစွန်းရပါသည်။ ထိုလုပ်ငန်းမှသည်လည်း မြန်မာပြည်ထက် အဆပေါင်းများစွာ ဝင်ငွေရပါသည်။ ထိုင်းနိုင်ငံ၏ PPT ရေနံကုမ္ပဏီကြီးသည် အရှေ့တောင်အာရှတွင် အကြီးဆုံး US$150 billion ခန့်တန်ဖိုးရှိပြီး၊ အရှေ့တောင်အာရှ ဒုတိယအကြီးဆုံး မလေးရှား၏ Petronet US$70 billion ထက်ပင်ကြီးမားလှပါသည်။ စင်ကာပူရေနံကုမ္ပဏီကြီး SPC မှာ စင်ကာပူတွင်းသာ ကြီးကျယ်ပါသည်။ ထိုင်း PPT ကဲ့သို့ ကမ္ဘာတလွှား လိုက်လံရင်းနှီးနိုင်စွမ်း မရှိပါ။ အဘယ့်ကြောင့်ဆိုသော ထိုင်း PPT ၏ နည်းပညာပိုင်းဆိုင်ရာသည် အရှေ့တောင်အာရှသာမက ကမ္ဘာ့အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ဗီယက်နမ်နိုင်ငံသည် ရေနံ၊ဓါတ်ငွေများစွာ မြန်မာပြည်ထက် ၃ဆပိုထွက်သော်လည်း ရေနံချက်ပညာရပ်တွင် ထိုင်းနိုင်ငံကိုသာ အားကိုးရသည်။ ထိုင်းနိုင်ငံမှာ ဘီလျှံ၂၀ကျော်ဖိုး ဗီယက်နမ်ရေနံချက်လုပ်ငန်းတွင် နည်းပညာရင်းနှီးရန် သုတေသနလုပ်ငန်းများကို လုပ်ဆောင်နေပါသည်။ ဗီယက်နမ်အစိုးရကလည်း အနောက်နိုင်ငံများနည်းပညာကို ထိုင်းနိုင်ငံက ရရှိပြီးဖြစ်သောကြောင့် အရှေ့တောင်အာရှနိုင်ငံအချင်းချင်း ပူးပေါင်းလုပ်ဆောင်ရန် ပိုမိုအားထက်သန်ခြင်းဖြစ်သည်။ ဗီယက်နမ် စားသောက်ကုန် Process Industry, ငါးပုဇွန်လုပ်ငန်း Fishery စသည့် လူများများအလုပ်ပေးနိုင်သော စက်ရုံများကို ထိုင်းနိုင်ငံမှာ စီးပွားရေးလုပ်ငန်းရှင်များလာရောက်ရင်းနှီးရင်း ဗီယက်နမ်တိုးတက်လာခြင်းဖြစ်သည်။
(ငွေကြေး) ထိုင်းစီးပွားရေးမည်မျှတိုးတက်သည်ကို ထိုင်းနိုင်ငံငွေကြေးမည်မျှ ခိုင်မာမှုဖြင့် တိုင်းတာနိုင်သည်။ ဂျပန်လေဆိပ်ရောက်ပါက ထိုင်း၊ စင်ကာပူငွေကြေး၂ မျိုးကိုသော Money Changer ငွေလဲနှုန်းပြထားသည်။ ဆန်ဖရန်စစ္စကို၊ နယူးယောက်၊ ဥရောပမြို့ကြီး လေဆိပ်များသို့ရောက်ပါက စင်ကာပူဒေါ်လာကိုပင် ငွေလဲနှုန်းတွင် မမြင်ရတော့။ ထိုင်း ဘတ်ငွေကိုသာ ငွေလဲလှယ်သည့်ဆိုင်များတွင် တွေ့နိုင်ပါသည်။ အာရှတိုက်မှာ တိုင်ဝမ်၊ ဂျပန်၊ ကိုးရီးယား၊ တရုပ်ငွေကြေးများမှာ ခိုင်မာပြီးဖြစ်သောကြောင့် နိုင်ငံတကာလေဆိပ်တွင် အလွယ်တကူလဲနိုင်သည်။ အလားတူ ထိုင်း ဘတ်ငွေလည်း ကမ္ဘာ့အဆင့် ယုံကြည်စိတ်ချရသောငွေကြေးဖြစ်နေသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ထိုင်းနိုင်ငံ၏ စတော့ရှယ်ယာဈေးကွက်သည်လည်း ကမ္ဘာ့အဆင့်၊ ယုံကြည်စိတ်ချရသော အလုံးအရင်းကြီးမားလှသည့် စီးပွားရေးမဏ္ဍိုင်ကြီးဖြစ်သည်။
(ကားထုတ်လုပ်ခြင်း) အရှေ့တောင်အာရှနိုင်ငံများသာမက၊ တစ်ကမ္ဘာလုံးတွင် ဂျပန်တိုရိုတာ မော်တော်ကားသည် အလွန်ရေပန်းစားလှသည်။ အရှေ့တောင်အာရှတွင် အသုံးပြု၊ ရောင်းချရန်အတွက် တိုယိုတာ မော်တော်ကားများအားလုံးကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်သည်။ အလွန်ကြီးမားလှသော ကုန်ထုတ်လုပ်ငန်းဖြစ်သည်။ ကမ္ဘာပေါ်တွင် စစ်လက်နက်လုပ်ငန်းပြီးလျှင်၊ လက်ရှိ အကြီးမားဆုံးဈေးကွက်ကြီးမှာ မော်တော်ကား Automobile ဖြစ်သည်။ မော်တော်ကားကုမ္ပဏီကြီးများ အကြိတ်အနယ် ဈေးကွက်လုနေသော ဘီလျှံပေါင်း ထောင်သောင်းချီသော ဈေးကွက်ကြီးတွင် တိုယိုတာသည် ထိပ်တန်းအဆင့်တွင် ရှိသည်။ မော်တော်ကားထုတ်လုပ်ခြင်းသည် အလွန်အမြတ်စွန်းရသောလုပ်ငန်းဖြစ်သောကြောင့် စက်ရုပ်များ၊ အီလက်ထရွန်းနစ်၊ ကွန်ပြူတာများဖြင့် တိကျသေသပ်စွာထုတ်လုပ်ရာတွင် နည်းပညာအလွန်အဆင့်မြင့်ဖို့ လိုအပ်ပါသည်။ ထိုင်းနိုင်ငံသားများတွင် အဆင့်မြင့်နည်းပညာရှင် များစွာရှိသောကြောင့် အဆင့်မြင့်တိုယိုတာကားများကို ပို့ကုန်အဖြစ်ထုတ်လုပ်နိုင်ပါသည်။ ပြည်ပပို့ရန်အတွက်ဆိုပါက ပြည်တွင်းသုံးလို ကိုယ့်အစိုးရထံမှ ခွင့်ပြုချက်ရရုံမက၊ ကမ္ဘာ့နည်းပညာအဖွဲ့အစည်းများနှင့်လဲ ကိုက်ညီရမည်ဖြစ်၍ Car Export လုပ်နိုင်ခြင်းသည် တရုပ်ပြည်မကြီးပင်လျှင် မတတ်နိုင်သေးပါ။ ထိုင်းနည်းပညာသည် တရုပ်ထက် သာလွန်နေဆဲဖြစ်သည်။
(စားသုံးကုန်) စားသုံးကုန်ပစ္စည်းများကို ကမ္ဘာ့အဆင့်မီ ထုတ်ပိုး Packing လုပ်နိုင်ခြင်းကြောင့် ချိုချင်၊ ကော်ဖီ၊ လက်ဘက်မှအစ၊ သားငါး၊ ဆန်၊ သီးနှံ၊ ချောကလက်၊ သီဟိုစေ၊ ပဲအမျိုးမျိုး၊ အချိုရည်၊ ဘီယာ၊ဝိုင် အစရှိသဖြင့် အနောက်နိုင်ငံများအထိ အကြီးအကျယ် ဈေးကွက်ရရှိနေပါသည်။ အမေရိကန်နှင့်ဥရောပ မြို့ကြီးများတွင် ထိုင်းစားသောက်ဆိုင်လုပ်ငန်းသည် များပြားလှသည်။ ကမ္ဘာလူမျိုးအသီးသီးတို့သည် ထိုင်းတုံရမ်းဟင်းချို၊ ထိုင်းထမင်း၊ဟင်းများအား လျှာတွေ့နေကြပြီဖြစ်သည်။ ထိုသို့ စားသောက်ကုန်လုပ်ငန်းတွင် ထိုင်းလူမျိုးများ အောင်မြင်နေခြင်းမှာ နှစ်၅၀အတွင်း လွတ်လပ်သောဈေးကွက်စီးပွားရေးကို အကောင်ထည်ဖေါ်နိုင်ခြင်းကြောင့် ဖြစ်သည်။ တနည်းအားဖြင့် အမေရိကန်စစ်တပ်ကြီးများ ဗီယက်နမ်စစ်ပွဲအတွက် ထိုင်းနိုင်ငံတွင်အခြေချစဉ်ကတည်းက အမေရိကန်၏ ပွင့်လင်းသော စီးပွားရေးစနစ်ကို ထိုင်းအစိုးရက ကျင့်သုံးခဲ့သောကြောင့်ဖြစ်သည်။ အမေရိကန်စီးပွားရေးစနစ်ကို ပထမဆုံးအောင်မြင်အောင် ပြုပြင်ပြောင်းလဲနိုင်သော နိုင်ငံသည် ဒုတိယကမ္ဘာစစ်ရှုံး ဂျပန်နိုင်ငံ နှင့် တိုင်ဝမ်နိုင်ငံတို့ ဖြစ်သည်။ ဒုတိယမှာ တောင်ကိုးရီးယားနိုင်ငံဖြစ်သည်။ တတိယမှာ တရုပ်ပြည်မကြီးနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်ကြသည်။ ၂၀၁၁တွင် မြန်မာနိုင်ငံလည်း အမေရိကန်အစိုးရ၏ စီးပွားရေးနည်းပညာအကူညီများဖြင့် ပြုပြင်ပြောင်းလဲနေပြီဖြစ်သည်။ အမေရိကန်က စီးပွားပိတ်ဆို့ထားခြင်းကို သမ္မတဦးသိန်းစိန်အစိုးရက ဦးစွာဖြေရှင်းရသည်။
ကြွယ်ဝချမ်းသာပါက စိန်ရွှေ၊လက်ဝတ်ရတနာများ
နောက်ဆုံးအဖြစ် ထိုင်းနိုင်ငံစီးပွားရေးတိုးတက်ပုံကို လက်ဝတ်ရတနာလောကဖြင့် ဆန်းစစ်ရန်ဖြစ်သည်။ နန်းစဉ်ရတနာများအကြောင်း ဆရာသန်းဝင်းလှိုင် ဆောင်းပါးကို မိုးမခစာမျက်နှာတွင် ဖတ်ခဲ့ဖူးပါသည်။ ῾ကာလီနန် ᾽ (Cullinan) စိန်ကြီး ၊  ဗြိတိလျှနန်စဉ်ရတနာ῾ ကိုဟီးနူး᾽ ( Koh –i –noor) စိန်ကြီး ၊ ῾ အာဖရိက ကြယ်ပွင့် ᾽ (Star of Africa)  ῾ရီးဂျင့် ῾ (Regent ) သို့မဟုတ် ῾ပစ် ᾽ (Pitt) ဟု အမည်တွင်ခဲ့သော စိန်ကြီး၊  ῾စိန်ပြာကြီး᾽ (Blue Diamond)၊ ပေါ်တူဂီနိုင်ငံမျ နန်းစဉ်ရတနာများ ῾ဗရာဂန်ဇာ᾽ (Braganza) ဥဿဖရားကျောက်ကြီး၊ အီတလီနိုင်ငံသည် နန်းစဉ်ရတနာ ῾လောင်ဗာဒီ ᾽ သံသရဖူ၊ ရုရှားနိုင်ငံမှ ῾အော့လော့ဗ်᾽ (Orlov) စိန်ကြီးနှင့် ῾ရှား᾽ (Shah) စိန်ကြီး၊ စသဖြင့် ဖတ်ရှုရပါသည်။
မြန်မာဘုရင့်ဘဏ္ဍာတိုက်တော်အတွင်း ရှိနှင်ပြီးသော ပတ္တမြား၊ စိန် ၊ မြ ၊ ပုလဲ၊ နီလာ ၊ ကျောက်စိမ်း စသော ရတနာမျိုးတို့သည် အနုတ်အသိမ်းမရှိ၊ အတိုးအပွားချည်းသာ ထပ်ဆင့်လာခြင်းကြောင့် သီပေါမင်းလက်ထက်တိုင် ရောက်သော် ရတနာအစုအပုံသည် များပြားလှချေပြီ။ ယင်းတို့အနက် ပတ္တမြား တစ်မျိုးတည်းကိုပင် တင်ပြရပါလျှင် အဖိုးအနဂ္ဂ ဖြတ်ရန်ခက်ခဲ လှပေသည်။ ငမောက်ပတ္တမြားကြီး၊ ကွမ်းသီးလုံးခန့် ပမာဏရှိ၍ အကွက်မဖော်ရသေးသော စင်းလုံးချော ပတ္တမြားဖြစ်သည်။ ရွှေဘိုမင်းလက်ထက်ကပင် ရှိခဲ့သည့် ရတီ ၄၀ ကျော်ရှိ လှော်ကားတင်ကြီး ခေါ် ပတ္တမြား ၊ ဗဒုံမင်းလက်ထက်ကပင် ရှိခဲ့သည့် ရတီချိန် ၂၀ ခန့်ရှိ လှော်ကားတင်ကလေး ခေါ် ပတ္တမြား ၊ ၁၀ ရတီရှိ ဆင်မတော် ခေါ် ပတ္တမြား စသဖြင့်များပြားလှပါသည်။ ယခုခေတ်တွင် ကမ္ဘာကျော် ကျောက်စိမ်း၊ ပုလဲများများထွက်နေဆဲဖြစ်သည်။ မောင်သစ်ဆင်း၏ ကြေက်စိတ် စာအုပ်ငယ်တွင် မုံရွာ၊ပုလဲဒေသမှ မြန်မာကိုကမ္ဘာသိရသည့် ပုံတောင်ရုပ်ကြွမ်း၊ ပရိုင်းမိတ်ကို မန္တလေးဘူမိဗေဒကထိက ဦးဘမော်က တွေ့ရှိပြီး၊ နိုင်ငံအကြီးအကဲ စစ်ဗိုလ်ချုပ်ဦးနေဝင်းက ခေါ်ယူတွေ့ဆုံဂုဏ်ပြုခဲ့သည်။ နောက်ပိုင်း ထို အဖိုးတန်လှသော ပရိုင်းမိတ်သည် အစပျောက်သွားလေသည်။ မြန်မာပြည်လွတ်လပ်ရေးရပြီးသည် ၁၉၄၈နောက်ပိုင်း ဗြိတိသျှအစိုးရထံမှ နန်းစဉ်ရတနာများစွာ ပြန်လည်ရယူနိုင်ခဲ့ပြီး၊ စစ်ဗိုလ်ချုပ်ဦးနေဝင်းအစပြုခဲ့သော စစ်အာဏာရှင်နှစ်၅၀ခရီးတွင် အားလုံးပျောက်ဆုံးရသည်။
မြန်မာဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို လေ့လာပါက နိုင်ငံတော်ရပိုင်ခွင့်များဖြင့် အဆုံးသပ်ထားပါသည်။ နောက်ဆုံးစာပိုဒ်သည် “ရတနာသိုက်” စာလုံးဖြင့် အဆုံးသပ်သဖြင့် မြန်မာများအတွက် ရတနာများသည် ယခုခေတ်အစိုးရ၊ လူတော်လူကောင်းများတွင် တာဝန်ရှိပါသည်။ ရတနာသိုက်ကို ဖေါ်ထုတ်ရာတွင် ဖိုထိုး၊ မန်းမှုတ်၊ အနိုင်ကျင့်၊ ဓါးပြတိုက်ယူသောနည်းလမ်းများ အစား ထိုင်းနိုင်ငံ၏ နည်းလမ်းတစ်ခုကို ရေးလိုပါသည်။
ထိုင်းနိုင်ငံရဲ့ရတနာသိုက်ကြီး
ကမ္ဘာ့အကြီးဆုံး သွေးပြီးစိန်တုံး ထိုင်းဘုရင်၏ နန်းစဉ်ရတနာအဖြစ်ရှိနေသော Golden Jubilee Diamond ဖြစ်ပါသည်။  ၅၄၅.၆၇ ကာရက်ရှိပါသည်။ ကာလီနန်စိန်ထွက်သည့် Premier mine စိန်တွင်းမှပင် ၁၉၈၅မှာ ထွက်ပါသည်။ ထိုင်းနိုင်ငံမှ De Beers group မှ 1995 ၀ယ်ယူပြီး ထိုင်းဘုရာ ဘူမိဘောကို လက်ဆောင်အဖြစ် ဆက်သခဲ့ပါသည်။ နိုင်ငံတစ်နိုင်ငံကြွယ်ဝ ချမ်းသာလာပါက ရတနာသိုက်များသည် တူးဖေါ်နေစရာမလို၊ ကိုယ့်နိုင်ငံတော် အစိုးရထံသို့ရောက်ရှိလာကြောင်း ဥပမာဖြစ်သည်။ ထိုင်းအစိုးရသည် ထို ကမ္ဘာအကြီးဆုံးစိန်ကြီးကို လိုက်ဝယ်နေစရာမလိုပါ။ ထိုင်းနိုင်ငံကြွယ်ဝချမ်းသာလာသောအခါ ကမ္ဘာ့သူဌေးကြီးများ၊ ကမ္ဘာ့ပညာတတ်များ၊ ကမ္ဘာကျော်များ ထိုင်းနိုင်ငံသို့ စုပုံရောက်လာကြမည်ဖြစ်သည်။ ရတနာသိုက်သည် အေးချမ်းပြီး၊ ရတနာများစွာရှိသော နေရာသို့ ရွှေ့ပြောင်းလာလေ့ရှိကြောင်းကို၊ ထိုင်းနိုင်ငံသည် အလွန်ချမ်းသာကြွယ်ဝနေသော အာရှတွင်သာမက၊ ကမ္ဘာ့အဆင့်သို့ ရောက်ရှိနေကြောင်း ဖြစ်ရပ်အမှန်ဖြစ်ပါသည်။
ထိုင်းနိုင်ငံ၏ အထွေထွေကဏ္ဍ
ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လူမှုဝန်ထမ်းလုပ်ငန်းများ၊ ရဲ၊ စစ်တပ်၊ တရားစီရင်ရေး ..စသည့် ထိုင်းလူမျိုးများ၏ အစိုးရဌာနဆိုင်ရာများတွင် ခြစားမှုရှိသည်။ မြန်မာနိုင်ငံနှင့်မထူးပါဘူးကွာ..ဟုပြောဆိုနေသူများရှိသည်။ မည်သို့ပင်ဖြစ်ပါစေ.. မြန်မာလူမျိုးများ တရားဝင် (၄သန်း)၊ တရာမဝင်စာရင်းအရ ၆သန်းခန့် ထိုင်းနိုင်ငံတွင် အလုပ်ပေးထားနိုင်ခြင်းမှာ အံ့ဘွယ်ရာဖြစ်သည်။ အလွန်အလုပ်အကိုင်ပေါများလှသည်။ တရားမဝင်သွားရောက်လုပ်ကိုင်သူ မြန်မာများသည် မိသားစုကိုပင် ခေါ်ထားနိုင်သည်။ မိမိစားဝတ်နေစရိတ် လောက်ငှသည့်အပြင် မြန်မာပြည်သို့ ငွေပြန်ပို့နိုင်သည်။ မြန်မာတရားမဝင်အလုပ်သမားများကို ထိုင်းရဲတပ်ဖွဲ့နှင့် လူထုမှ အနိုင်ကျင့်သည်ဟု သတင်းများကြားသိရသော်လည်း၊ ထိုင်းအစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံများမှာ အလွန်ညင်သာလှသည်။ မြန်မာများ ထိုင်းနိုင်ငံတွင် ဆူပူ၊ဆန္ဒပြခြင်းများမရှိရန် နည်းမျိုးစုံဖြင့် ချုပ်ထိန်းထားနိုင်ခြင်းသည် ထိုင်းနိုင်ငံအစိုးရ၏ တောင့်တင်းခိုင်မာနေကြောင်းကို ပြသနေပါသည်။
မြန်မာနိုင်ငံအတွက် သင်ခန်းစာများစွာ


ထိုင်းနိုင်ငံကို အားကျပြီး တပည့်ခံရန်ရေးနေခြင်းမဟုတ်ရပါခင်ဗျာ။ ညီအစ်ကိုစိတ်ထားဖြင့် မြန်မာ့မာန များကို ဘေးခဏချိတ်ထားပြီး၊ ရယူသင့်သော သခန်းစာများကို ယူနေခြင်းမှာ အနာဂါတ်မြန်မာနိုင်ငံအကျိုးအတွက် ဖြစ်သည်။ ထိုင်းနိုင်ငံတွင် မတည်ငြိမ်မှုများ ဖြစ်လာတိုင်း၊ မြန်မာများက ရယ်စရာလုပ်ကြသည်။ စစ်အာဏာရှင်မြန်မာအစိုးရ၏ ဖိနှိပ်အုပ်ချုပ်မှုများကို ခံနိုင်ရန်၊ မြန်မာများ လဘက်ရည်ဝိုင်း၊ လူစုမိတိုင်း ရယ်စရာအဖြစ် တိုးတိုးပြောရာမှ၊ ၂၀၁၁တွင် မဖြစ်မနေ၊ သမ္မတဦးသိန်းစိန်အစိုးရသစ် တက်လာခဲ့သည်။ ကမ္ဘာ့အဆင့်နှင့်အညီ တိုးတက်ရေးအတွက် အပြင်းအထန်လုပ်ဆောင်ရာတွင်၊ တရားဥပဒေစိုးမိုးရေးကို ဥပဒေများပြဌာန်းလုပ်ဆောင်သည်။ ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသောအစိုးရအဖြစ် Corruption များကို ဝန်ထမ်းလောက၊ အစိုးရအရာရှိကြီးများအား အငြိမ်းစားပေးခြင်း၊ ရွှေ့ပြောင်းခြင်းများလုပ်သည်။ ကမ္ဘာ့လာဘ်အစားဆုံး မြန်မာနိုင်ငံဘဝမှ CPI Corruption Index အဆင့် ၁၇၂ မှ ယခုနှစ်တွင် အဆင့် ၁၅၇ သို့တက်လာခဲ့သည်။


သို့သော်.... ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဌအဖြစ် ခန့်ထားပေးသည့် အခက်ခဲဆုံး နိုင်ငံတော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဖြစ်သည်။  ထို ၁၅ဦးအဖွဲ့ခေါင်းဆောင်မှာ NLD ပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး နာမည်ကြီး အတိုက်ခံ ဦးသိန်းညွန့်မှာ အဖွဲ့ဝင်ဖြစ်သညိ။ ထိုအဖွဲ့သည် ဘာလုပ်ရမည်မသိတော့ စာတမ်းတင်ရုံသာ ရှိသည်။ 10 Dec, 2013 Eleven Media မှ တရားသူကြီးများ၏ လာဘ်စားပုံများ၊ တရားရုံများ၏ တရားမဲ့ပုံ တိုင်စာ ၈၀၀၀ကျော် လက်ခံရရှိကြောင်း၊ အမည်ရေးမပြသော နိုင်ငံထိပ်တန်း၊ ပြည်နယ်တိုင်းအဆင့် တရားသူကြီးများ လာဘ်စားကြပုံ၊ သိန်း၁၅၀၀ ပေါ်ထင် လပ်ယူသော ဗီဒီယိုရိုက်ထားပြီး တိုင်မှ တရားသူကြီးတယောက် တာဝန်မှရပ်စဲခံရခြင်း၊ ထိုတရားသူကြီးကို အရေးမယူခြင်း၊ ဥပဒေအရာ တရားသူကြီးများကို ကာကွယ်ထားခြင်းများကို ရေးသာဖေါ်ပြထားပါသည်။

ထိုင်းနိုင်ငံမှာလည်း လာဘ်စားမှုရှိတာပဲ ဟုပြောပြီး၊ သင်ခန်းစာမယူပဲ ဥပက္ခာခါမပြုရန်လိုသည်။ မြန်မာနှင့်ထိုင်းနိုင်ငံတို့သည် ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများ အတူတူပင်ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံနှစ်ခုဖြစ်ည်။ အခြားအိမ်နီးချင်း အိန္နိယ၊ တရုပ်၊ ဘင်္ဂလားဒေခ်ျတို့နှင့် မတူပါ။ ကုန်းတွင်းလာအိုနိုင်ငံနှင့်လဲ မတူပါ။ ထိုင်းနိုင်ငံကိုသာ နမူနာယူရပါမည်။ နိုင်ငံခြားရင်းနှီးမှုကို မျှော်မှန်းလျှင်လည်း ထိုင်းကုမ္ပဏီများကို ဦးစားပေးရပါမည်။ ထိုင်းကုမ္ပဏီများသည် မြန်မာနိုင်ငံမှ မတရားအမြက်ထုတ်၊ ချယ်လှယ်ရန် အင်မတန်ခဲယင်းပါသည်။

 မြန်မာခရိုနီများနှင့်စစ်အာဏာရှင်ဟောင်းများကသာ မြန်မာလူထိုကို ချယ်လှယ်နိုင်ပါသည်။ ဗီယက်နမ်နိုင်ငံပြုပြင်ပြောင်းလဲစဉ်ကလည်း ထိုင်းနိုင်ငံရင်းနှီးမြှတ်နှံမှုများဖြင့် အဓိကတိုးတက် လာရပါသည်။ မြန်မာလယ်ယာထွက်ကုန်၊ သီးနှံများကို ကမ္ဘာ့အဆင့်ရောက်အောင် လုပ်ပေးနိုင်သူများ မှာလည်း ထိုင်းနိုင်ငံစီးပွားရေးကုမ္ပဏီများသာဖြစ်သည်။

အစိုးရအဖွဲ့အတွက်လည်း ထိုင်းနိုင်ငံ၊ လွှတ်တော်နှင့်အစိုးရဝန်ထမ်းများလောက် စိတ်ဓါတ်မြင့်မြတ်နိုင်မည်မဟုတ်ပါ။ မည်သို့ဖြစ်ပါစေ မြန်မာ့နိုင်ငံရေးတွင် သမ္မတဦးသိန်းစိန်၏ တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းသည် အောင်မြင်နေဆဲဖြစ်သည်။  မြန်မာနိုင်ငံတွင် ခရိုနီစီးပွားရေးစနစ် အခြေပြုထားခြင်းနှင့် လာဘ်စားမှု၊ တရားဥပဒေမစိုးမိုးများကို မြန်မာ့စစ်တပ်ခေါင်းဆောင်များက ကြားနေနိုင်ရုံမက၊ အကြံကောင်းများ ပေးရဦးမည်ဖြစ်သည်။ ထိုင်းနိုင်ငံစစ်တပ်ခေါင်းဆောင်များထံမှ သင်ခန်းစာယူနိုင်မည်ဟု မျှော်လင့်ပါသည်။ ထိုင်းနိုင်ငံကဲ့သို့ ပြည်သူများ လမ်းမပေါ်တက်လာပြီး အုပ်ချုပ်ရေးရပ်သွားခြင်း၊ အတိုက်အခံများအားလုံး လွှတ်တော်မှ နှုတ်ထွက်လွှာတင်ခြင်းတို့သည် သင်ခန်းစာကောင်းများတော့မဟုတ်ပါ။

 ဇော်အောင်(မုံရွာ)
Ref;Myanmayinsingapore

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!