Popular Posts!
-
Credit@ Ko Nge အခုနှစ်တွေမှာ နိုင်ငံခြားသားတွေ ပါးစပ်ဖျားထဲမှာ မြန်မာဆိုတဲ့အသံလေးတွေကို တော်တော်များများ ပြောဆိုနေကျတာကို သင်တို့သတိထားမိ...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
"Alan Caplan Ruby" Origin of name “Alan Caplan Ruby” also known as the “Mogok Ruby” gets its name from Alan Caplan the famous...
-
IOS 7.1 မှာ ဇ်ာဂျီဖောင့် ပြဿနာတက်တောသူများအတွက် (Zawgyi Font problem in IOS 7.1 အသစ် upgradeလုပ်နည်းလေးပါ IOS 7.1 အသစ်တင်လိုက်လို့ အို...
-
..... 09 Burmese Export-Oriented Growth Strategy for Myanmar: Joining Production Networks in East Asiasia ... Policy Review...
-
We make tools Your make do! Share Files from Mac OS X to Windows PC’s Easily If you have a mixed network of Mac and Windows P...
-
အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ ... Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း ယောက်ျား တစ်ယောက် လိင်တံဟာ လိင်ဆက်ဆံဖို့အတွ...
-
ယိုးဒယား မုန့်ဟင်းခါး (၇ ပွဲ) ယိုးဒယား (ထိုင်း) လူမျိုးတွေကတော့ အုန်းနို့ထည့်ပြီးချက်သလို၊ အုန်းနို့မပါပဲလည်း ချက်ကြပါတယ်။ အုန်းနို့ ပါ...
Sunday, December 19, 2010
ဂေါ်ဖီထုပ်
ဂေါ်ဖီထုပ်Posted by ပုထုစဉ် on November 14, 2010 at 6:09pm
View ပုထုစဉ်'s blog
ဂေါ်ဖီထုပ်ဟာ မြန်မာလူမျိုးများရဲ့ နေ့စဉ်စားသုံးတဲ့ ဟင်းလျာတွေထဲမှာ ရင်းနှီးပြီးဖြစ်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေဟာ လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုသလိုပဲ ဂေါ်ဖီဟာလည်း ကျန်းမာရေးအတွက် အလွန်အရေးပါလှတဲ့  ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်တာ မဆန်းလှပါဘူး။ ဂေါ်ဖီကို အစားအစာတစ်ခုအနေနဲ့သာမက ဆေးဝါးအဖြစ်ပါ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မှီဝဲစားသုံးခဲ့ကြပါတယ်။ ဂေါ်ဖီထုပ်မှာဆိုရင် ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဗီတာမင် ဘီအုပ်စုတွေနဲ့ အခြားသော သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ကျန်းမာရေး အထောက်အကူပြု အာဟာရဓါတ်တွေ ပါဝင်နေတဲ့ ဂေါ်ဖီထုပ်ကို တကမ္ဘာလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် စားသုံးလျက်ရှိကြပါတယ်။ ကမ္ဘာပေါ်မှာ ဂေါ်ဖီအများဆံုံုံး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံတွေကတော့ တရုတ်၊ အိန္ဒိယ နဲ့ ရုရှားနိုင်ငံတို့ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ တရုတ်နိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်ခဲ့တဲ့ ဂေါ်ဖီအလေးချိန်မှာ မက်ထရစ်တန်ချိန်ပေါင်း ၃၆၃၃၅၀၀၀ ထိ ရှိခဲ့ပါတယ်။ ဂေါ်ဖီထုပ်မှာဆိုရင် Sulforaphaneဆိုတဲ့ ဓါတ်တမျိုးပါဝင်ပါတယ်။ အဆိပ်တောက်ပစ္စည်းတွေကို ဖယ်ရှားပေးတဲ့ အင်ဇိုင်းတွေနဲ့ ဓါတ်တိုးဆန့်ကျင် အင်ဇိုင်းတွေဟာ လူခန္ဓာကိုယ်အတွက် အင်မတန် အရေးပါလှပါတယ်။ အဲဒီ Sulforaphane ဟာ အထက်ပါ အင်ဇိုင်းတွေ ထွက်ရှိစေဖို့အတွက် အထောက်အကူပြုပါတယ်။ ဒါကြောင့် ဂေါ်ဖီစားသုံးခြင်းဖြင့် ခန္ဓာကိုယ်ရှိ မလိုလားအပ်တဲ့  အဆိပ်တောက်တွေကို ဖယ်ရှားစေနိုင်ပါတယ်။ ဂေါ်ဖီဟာ ဗီတာမင် စီ ကြွယ်ဝတဲ့အစာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို မြင့်တက်စေပြီး ရောဂါပိုးများအလွယ်တကူဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အနာကျက်မြန်စေတဲ့  အစွမ်းသတ္တိလည်းရှိပါတယ်။ ဂေါ်ဖီဟာ အစာအိမ်အနာရှိသူတွေအတွက်လည်း အလွန် သင့်လျော်တဲ့ သဘာဝ အစားအစာတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့  နှစ်ပေါင်းများစွာ ကတည်းက ဂေါ်ဖီကြိတ်ရည်ကို အစာအိမ်အနာအတွက် အသုံပြုခဲ့ကြပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်တွင် အစာအိမ်အနာ ခံစားနေရတဲ့ အကျဉ်းထောင်အချုပ်သားများကို ဂေါ်ဖီဖျော်ရည်နဲ့ ဖန်တီးထားတဲ့ capsule ဆေးဝါးများ တိုက်ကျွေးပြီး စမ်းသပ်ခဲ့ရာမှာ ရောဂါရှိသူရဲ့ ၉၃ ရာခိုင်နှုန်းဟာ ရက်သတ္တပတ် သုံးပတ်အတွင်း အစာအိမ်အနာ သက်သာပျောက်ကင်းပြီး အနာကျက်မြန်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ဂေါ်ဖီဖျော်ရည်ကို တစ်ရက်လျှင် လေးကြိမ်သောက်သုံးပေးခြင်းဟာ အစာအိမ်အနာကို ဆယ်ရက်အတွင်း ပျောက်ကင်း စေနိုင်တယ်လို့ အမေရိကန် တိုင်းရင်းဆေးပညာအဖွဲ့အစည်းရဲ့ ဒါရိုက်တာ တစ်ဦးဖြစ်သူ Kathi Keville က ဆိုထားပါသေးတယ်။ ဂေါ်ဖီများကို သိမ်းဆည်းမယ်ဆိုရင် လှီးဖြတ်ပြီးသားအနေနဲ့ မသိမ်းဆည်းသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဂေါ်ဖီမှာရှိတဲ့ ဗီတာမင်စီရဲ့ အာနိသင် ပျောက်ပျက်သွားနိုင်စေလို့ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဂေါ်ဖီကို အထုပ်လိုက်အနေနဲ့ သိမ်းဆည်းထားပြီး မိမိတို့ စားသုံးခါနီးမှသာ လှီးဖြတ်ခြင်း ပြုပါ။ ဒါမှသာ ဗီတာမင် စီ အာနိသင်ကို အပြည့်အ၀ ရရှိပြီး အနာကျက်နှုန်းကို မြန်စေနိုင်မှာ ဖြစ်ပါတယ်။ ဗီတာမင်တွေအပြင် ဂေါ်ဖီမှာ ပါဝင်တဲ့ ကလိုရင်းနဲ့ ဆာလဖာဟာ အစာအိမ်နှင့် အူလမ်းကြောင်းကို သန့်ရှင်းစေပါတယ်။ ဆာလဖာဟာဆိုရင်လည်း မှိုရောဂါနဲ့ တခြားသော ရောဂါပိုးတွေကို တိုက်ထုတ်နိုင်စွမ်းရှိပါသေးတယ်။ ဒါ့အပြင် ဂေါ်ဖီဟာ အမျှင်ဓါတ်ကြွယ်ဝတဲ့  အစားအစာတစ်ခုဖြစ်တဲ့ အတွက် ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အူမကြီးဆိုင်ရာ ရောဂါတွေကို မဖြစ်ပေါ်စေဖို့ အထောက်အကူပြုပါတယ်။ ဂေါ်ဖီဟာ ကင်ဆာဆန့်ကျင်အစားအစာ တမျိုးဖြစ်ပါတယ်။ကင်ဆာကို တိုက်ဖျက်ရာမှာ ဂေါ်ဖီဟာ အလွန်ထိရောက်မှုရှိပါတယ်။ ဗြိတိန်နိုင်ငံ ကင်ဆာသုတေသနရဲ့ အဆိုပြုချက်အရ ဂေါ်ဖီမှာ indole-3- carbinol(I3C) ဆိုတဲ့  ဓါတ်ပေါင်းပစ္စည်းတစ်ခု ပါဝင်ပါတယ်။ အဲဒီ I3Cဓါတ်ပေါင်းဟာ ကင်ဆာဆေးဝါးများနှင့် တွဲဖက်စားသုံးလိုက်မယ်ဆိုရင် ကင်ဆာဆဲလ်များကို သေစေဖို့အတွက် များစွာ အထောက်အကူပြုပါတယ်။ အမျိုးသမီးများတွင်လည်း I3C ဟာ အီစတိုဂျင်ဟော်မုန်း ဇီဝဖြစ်စဉ်တွင် သက်ရောက်မှုရှိတဲ့အတွက် ရင်သားကင်ဆာဖြစ်ပေါ်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် ဂေါ်ဖီ၊ ပန်းမုန်လာ အစရှိတာတွေကို စားပေးခြင်းဖြင့် အူမကြီးကင်ဆာ ဖြစ်ပေါ်မှုကို ၄၉ ရာခိုင်နှုန်း လျော့ကျစေနိုင်ပါတယ်။ စင်ကာပူနိုင်ငံတွင်လည်း လေ့လာချက်စစ်တမ်းအရ ဆေးလိပ်မသောက်သုံးသူတွေမှာ ဂေါ်ဖီကိုပုံမှန်စားသုံးပေးခြင်းဖြင့် အဆုတ်ကင်ဆာ ဖြစ်ပေါ်မှုကို ၃၀ ရာခိုင်နှုန်း လျော့ကျစေနိုင်ပြီး ဆေးလိပ်သောက်သုံးသူတွေမှာတော့ ၆၀ ရာခိုင်နှုန်းထိ လျော့ကျစေနိုင်တယ်လို့ ဆိုထားပါတယ်။ ဂေါ်ဖီဟာ ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ကျစေနိုင်တဲ့အတွက်လည်း နှလုံးသွေးကြောကျဉ်းရောဂါ အစရှိတဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဂေါ်ဖီဟာ ကျန်းမာရေးအတွက် လွန်စွာမှပင် အထောက်အကူပြုပါတယ်။ ဒါပေမယ့် ရှားရှားပါးပါး သိထားရမှာတစ်ခုကတော့ ဂေါ်ဖီအလွန်အကျွံစားသုံးခြင်းဟာ လည်ပင်းကြီးရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဂေါ်ဖီ အများအပြား စားတဲ့အခါမှာ ခန္ဓာကိုယ်ရှိ သိုင်းရွိုက်ဂလင်းမှာ အိုင်အိုဒင်းစုပ်ယူမှုကို နည်းစေတတ်ပါတယ်။ isothiocyanates ဆိုတဲ့  ဓါတ်တမျိုးဟာလည်း သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းတာဝန်ကို လျော့ကျစေနိုင်တဲ့ အတွက် ဂေါ်ဖီဟာ လည်ပင်းကြီး ရောဂါကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဂေါ်ဖီစားပြီး လည်ပင်းကြိးရောဂါဖြစ်ပေါ်မှုအတွက် တိကျတဲ့  လေ့လာမှု စစ်တမ်းများတော့ မတွေ့ရှိရသေးပါဘူး။ မည်သို့ပင်ဆိုဆို ဂေါ်ဖီဟာ ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုပါတယ်။ ဂေါ်ဖီအလွှာရဲ့ အပြင်ဘက် အစိမ်းရင့် မျက်နှာပြင်ဟာ အတွင်းပိုင်း ဖျောတော့တဲ့  မျက်နှာပြင်ထက် ဗီတာမင် အေ၊ ဗီတာမင် အီး၊ ကယ်လ်စီယမ်နှင့် သံဓါတ် ပိုမိုပါဝင်ပါတယ်။ ဂေါ်ဖီမှာရှိတဲ့ အာဟာရဓါတ်တွေကိုပြည့်စွာ ရရှိစေဖို့အတွက် စနစ်တကျ ချက်ပြုတ်စားသုံးသင့်ပါတယ်။ ဂေါ်ဖီကို ချက်ပြုတ်တဲ့အခါ မီးအားအနည်းငယ်ဖြင့်သာ ချက်သင့်ပါတယ်။ ဗီတာမင် ဘီနှင့် ဗီတာမင်စီ များ ပျက်စီးသွားစေနိုင်တဲ့အတွက် ဂေါ်ဖီကို မီးအားပြင်းပြင်းနဲ့  မချက်ပြုတ်သင့်ပါဘူး။ ဒါ့အပြင် မိမိတို့မစားခင် အချိန်အတော်ကြာကတည်းက ဂေါ်ဖီကို ကြိုတင် ဆေးကြောလှီးဖြတ်မထားသင့်ပါဘူး။ စားသောက်ဖို့  အဆင်သင့်ဖြစ်မှသာ ဆေးကြောလှီးဖြတ်ပြီး လတ်လတ် ဆတ်ဆတ် စားသုံးသင့်ပါတယ်။ ပိုးကိုက်ထားသော ဂေါ်ဖီနှင့် ဂေါ်ဖီထုပ်ရှိ အကြောမျှင်များ အရောင်ပြောင်းလဲနေပါက မစားသင့်ပါဘူး။ ဂေါ်ဖီထုပ်ကို သိမ်းဆည်းထားတဲ့အခါမှာလည်း ပလပ်စတစ်ဖြင့် သေချာ ဖုံးအုပ်ပြီး ပလပ်စတစ်အိတ်တွင် အပ်ဖြင့် လေအိတ်လေးများဖောက်ကာ စနစ်တကျ သိမ်းဆည်းထားသင့်ပါတယ်။ ဂေါ်ဖီထုပ်ကို အေးမြ ခြောက်သွေ့သော နေရာတွင်ထားပါက ဗီတာမင် စီရဲ့ သက်တမ်းကို ပိုမို ထိန်းသိမ်းထားနိုင်ပါတယ်။ ဂေါ်ဖီဟာ အသားငါးတွေလို ဈေးနှုန်းမကြီးမြင့်ပါဘူး။ ဒါပေမယ့် ၎င်းမှာ ပါဝင်တဲ့ အာဟာရ တန်ဖိုးတွေကတော့ အများကြီးဖြစ်ပါတယ်။ အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့  အတိုင်း ဈေးနှုန်း သက်သာပြီး ကျန်းမာရေးအတွက် သင့်လျော် ကောင်းမွန်တဲ့ ဂေါ်ဖီကို အာဟာရရှိစွာ စားသုံးနိုင်ကြပါစေလို့ ဆန္ဒပြုရေးသားလိုက်ရပါတယ်။ အောင်အောင်

Subscribe to:
Post Comments (Atom)

No comments:
Post a Comment