Saturday,16 October 2010, 19:09
ကိုယ်ခန္ဓာ တစ်ခုလုံး၏ လှုပ်ရှားမှုကို ထိန်းချုပ် ထားသော ဦးနှောက်သည် ဆန်းကြယ် ရှုပ်ထွေးသော အစိတ် အပိုင်းများဖြင့် တည်ဆောက် ထားပြီး အသိဉာဏ် မှတ်ဉာဏ် အပြုအမူများအား ထိန်းချုပ်သည့် နေရာ၊ လက်လှုပ်၊ ခြေလှုပ်စသည့် လှုပ်ရှားမှုများအား ထိန်းချုပ်သည့်နေရာ၊ စကားပြော အမြင်အာရုံအား ထိန်းချုပ်သည့်နေရာ လည်းဖြစ်သည်။ ထိုကဲ့သို့ လှုပ်ရှားမှုအား ထန်းချုပ်ထားသည့် ဦးနှောက်တွင် ပြဿနာ တစ်ခုခုဖြစ်ပါက ထိုလှုပ်ရှားမှု စနစ်များ ပျက်ယွင်းသွားလေ့ရှိသည်။
ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဌာနသို့ ရောက်လာသည့် လူနာများ၏ ၆၀ ရာခိုင်နှုန်းမှာ ပုံမှန်အားဖြင့် ဦးနှောက်တွင် မတော်တဆ ထိခိုက်မှု တစ်ခုခုကြောင့် ရောက်လာသည့် လူနာများဖြစ်ပြီး ဒုတိယအများဆုံးမှာ ဦးနှောက်တွင် အကျိတ်ဖြစ်သည့် လူနာများ ဖြစ်ကြောင်း ရန်ကုန် ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဌာနမှ ခွဲစိတ်အထူးကု ဆရာဝန် ပါမောက္ခ ဦးဝင်းမြိုင် ကပြောသည်။ "ဒီဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုဌာန နှစ်ထပ်လုံးမှာ ဦးနှောက် အကျိတ်ရောဂါရှင် တစ်လကို အယောက် ၂၀ကနေ ၃၀ကြားခွဲစိတ် နေရတယ်" ဟု အဆိုပါ ဆရာဝန်က ပြောသည်။
ဦးနှောက်တွင် အကျိတ်ဖြစ်ခြင်းသည် ကလေးလူကြီး မရွေးဖြစ်ပွားနိုင်ပြီး နေထိုင်မှုပုံစံ၊ အစားအသောက် မျိုးရိုးများနှင့် သက်ဆိုင်ခြင်း မရှိကြောင်း သိရသည်။ "ဦးနှောက်အကျိတ် ဖြစ်တာက အဲဒါတွေနဲ့ ဆက်စပ်မှု ရှိမရှိ ဆိုတာတော့ အခုအချိန်ထိ မသိနိုင်သေးပါဘူး" ဟု ပါမောက္ခ ဦးဝင်းမြိုင်ကပြောသည်။ ဦးနှောက်တွင် အကျိတ်ဖြစ်သည့် အခါ ကလေးများတွင် များသောအားဖြင့် ကင်ဆာ အမျိုးအစား ထဲတွင် ပါဝင်လေ့ရှိသည်။ လူကြီးများတွင် ရိုးရိုးအကျိတ်နှင့် ကင်ဆာအကျိတ်များ ဖြစ်ပွားလေ့ ရှိကြောင်းသိရသည်။
ကလေးများ၏ ဦးနှောက်တွင် အကျိတ်ဖြစ်ပေါ် သည့်အခါ စကားမပြောနိုင်သည့် အရွယ်တွင် ကလေးမှာ ငိုနေခြင်း၊ ဂျီကျခြင်း၊ မှိန်းခြင်း၊ အန်ခြင်း၊ လမ်းလျှောက်တတ် သည့်အရွယ်တွင် လမ်းမလျှောက် နိုင်၍ လဲကျခြင်းတို့မှာ ဦးနှောက် အကျိတ်ရောင်ခြင်း၏ လက္ခဏာ များဖြစ်သည်။ လူကြီးများတွင်လည်း ခေါင်းကိုက်ခြင်း၊ အရှိန်ဖြင့်အန်ခြင်း၊ မျက်စိများေ၀၀ါးခြင်း၊ ပုံရိပ်များ ထပ်ခြင်း၊ လေဖြတ်သကဲ့သို့ ခန္ဓာကိုယ်တစ်ခြမ်း လေးလံခြင်း၊ တက်ခြင်းတို့မှာ ဦးနှောက်အကျိတ် ရောင်ခြင်း၏ ရောဂါလက္ခဏာ များဖြစ်ကြောင်း ဒေါက်တာဦးဝင်းမြိုင် ကပြောသည်။
"လူကြီးတွေမှာ အကျိတ်ကြောင့် ခေါင်းကိုက်တဲ့ ပုံစံက သိသာတယ်။ မနက်အိပ်ရာထ တဲ့အချိန်တိုင်း နေ့တိုင်းဖြစ်ပြီး ကျန်တဲ့အချိန်မှာတော့ ခေါင်းကိုက်တာ မျိုးမရှိဘူး။ ပြီးတော့ အကျိတ်ဖြစ် ပေါ်တဲ့နေရာ ပေါ်မူတည်ပြီး ရောဂါလက္ခဏာ တွေပြသတယ်" ဟု အဆိုပါ ဆရာဝန်က ပြောသည်။ အချိန်မီ ဆေးကုသမှု မရှိသည့်အခါ လူနာသည် တဖြည်းဖြည့် မှိန်းလာပြီး နောက်ဆုံး အဆင့်တွင် အသက်ဆုံးရှုံး သည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ "အရင်ကတည်းက ဒီရောဂါ ဖြစ်ပွားနေတာ။
ဒါပေမယ့် အရင်တုန်းက မသိကြတဲ့ အတွက် နယ်မှာဆိုရင်လည်း ကိုယ်တစ်ခြမ်း လေးလာရင် လေဖြတ်တယ်ဆိုပြီး မြန်မာဆေး ဆရာတွေ၊ အနှိပ်သည်တွေနဲ့ ပြသရင်း နောက်ဆုံးအသက်သေ သွားကြတာတွေ ရှိတယ်" ဟု ဒေါက်တာဦးဝင်းမြိုင်က ပြောသည်။ ဦးနှောက်တွင် အကျိတ်ဖြစ်ပါက ဦးနှောက် ဓာတ်မှန်ရိုက်၍ သိနိုင်ပြီး၊ ဦးနှောက် အကျိတ်တွင် အစိုင်အခဲအကျိတ်နှင့် အရည်အိတ် အကျိတ် နှစ်မျိုး ရှိကြောင်း သိရသည်။
အကျိတ်အတိုင်း ခွဲစိတ်ကုသမှသာ သက်သာနိုင် သော်လည်း ၂စင်တီမီတာ ထက်သေးငယ်သော အကျိတ်များအား ဆေးနှင့်ပင် ကုသ၍ အရည်အိတ်၊ အကျိတ်မျိုးမှာ ခေါင်းတွင် အပေါက်ဖောက်၍ ကုသရပြီး၊ အစိုင်အခဲ အကျိတ်မှာ ဦးခေါင်းဖွင့်၍ အကြီးစားခွဲစိတ်မှုများ ဆောင်ရွက်ရကြောင်း သိရသည်။ "ကင်ဆာကြောင့် ဖြစ်တာဆိုလည်း ခွဲစိတ်ပြီး နောက်ပိုင်း ဆေးနဲ့ကုသတာတွေ၊ ဓာတ်ကင်တဲ့နည်း တွေနဲ့လည်း ဆက်လက်ကုသ ရပါတယ်"ဟု အဆိုပါ ဆရာဝန်ကပြောသည်။
ယခုနောက်ပိုင်း ဦးနှောက် ရောဂါရှာဖွေသည့် စက်များကောင်းမွန်ခြင်း၊ လူအများတွင် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ပြားလာခြင်း၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုဌာန များတိုးချဲ့ ဖွင့်လှစ်လာခြင်း တို့ကြောင့် ဦးနှောက်အတွင်း အကျိတ်ဖြစ်သည့် လူနာများ ပိုမိုတွေ့ရှိလာရကြောင်း သိရသည်။ "ကျွန်တော့ညီမလေး ဦးနှောက်မှာ အကျိတ်ဖြစ်လို့ ဆေးရုံမှာ တက်နေရတဲ့ အချိန်မှာ ဘေးနားမှာလည်း အဲဒိလိုလူနာတွေ အများကြီး တွေ့ရတယ်"ဟု မန္တလေးမြို့နေ အသက် ၅၀ခန့် အမျိုးသား တစ်ဦးကပြောသည်။
ဦးနှောက်တွင် အကျိတ်ဖြစ်ခြင်းသည် စတင်ဖြစ်ပွားသည့် အချိန်၌ ရောဂါလက္ခဏာ မပြသည့်အတွက် ဆေးရုံရောက် သည့်အချိန်တွင် အကျိတ်ကြီး ပြီးနောက်ကျမှ ရောက်လာမှုများ လေ့ရှိကာ အကျိတ်ကြောင့် မျက်စိေ၀၀ါးလာသည့် အခါ မျက်စိမှုန်၍ မျက်စိဆရာဝန်နှင့် သွားရောက်ပြသ သည့်အခါမှ မျက်စိဆရာဝန်မှ တစ်ဆင့် ရောက်လာသူ များကြောင်းသိရသည်။ ဦးနှောက် အကျိတ်ခွဲစိတ်မှုအား ထိုင်းနိုင်ငံတွင် သွားရောက် ခွဲစိတ်ကုသပါက ကျပ်သိန်း ၂၅၀ခန့် ကုန်ကျနိုင်ပြီး ပြည်တွင်းတွင် ခွဲစိတ်ပါက ကျပ်၅သိန်း ခန့်ကုန်ကျနိုင်ကြောင်း သိရသည်။
စာရေးသူ - ၀တ်ရည်အောင်
Subscribe
Popular Posts!
-
How To Spot A Fake Pair Of Vintage Levi's Jeans Often spotting a fake can be harder than it seems, but if you're equipped with so...
-
Hakka people https://en.wikipedia.org/wiki/Hakka_people တရုတ်ကြီး ဦးနေဝင်း၊ တရုတ်မြေး အေးနေဝင်း(မိဘဘိုးဘွား ဇာတိမှန်ကို ဖုံးကွယ်ခြင်းသ...
-
Thursday, December 15, 2011 သွေးတိုး ရောဂါသည် တိတ်တစ်စိတ် လာ၍ လူကို သတ်နိုင်သော ရောဂါကြီး တစ်ခု ဖြစ်သော် လည်း ကမ္ဘာ့ လူသားများ ...
-
facebook ရဲ့ Nyan lin Htike မှာ စကာင်္ပူ ပညားရေးအကြောင်းကိုရေးထားတကိုတွေ့လို့ ကူးယူဖော်ပြလိုက်ပါတယ်... ရွှေမြန်မာတွေ သိထားသင့်တဲ့ စင်...
-
စင်္ကာပူနိုင်ငံတွင် အခြေစိုက်သော DBS Bank နှင့် မြန်မာနိုင်ငံ မှ ဧရာဝတီဘဏ်(AYA Bank )တို့ အကျိုးတူပူးပေါင်း၍ Internet မှ တဆင့် ငွေလွှဲဝ...
-
Q :မြန်မာလူမျိုးတွေ စေတနာကောင်းတယ်...ဒါပေမယ့် ဘာလို့ အများစုဆင်းရဲနေကြလဲ? ကောင်းလိုက်တဲ့ မေးခွန်း.. ဒါကို လူတစ်ယောက်က ဒီလိုဖြေသွားပါတ...
-
(ခြင်ကျားပူး တရုတ်လေသံနှင့်) စင်္ကာပူရဲ့ ပင်မနိုင်ငံဝင်ငွေဖြစ်တဲ့ နိုင်ငံတကာခရီးသွားဧည်သည့်တွေလာရောက်မှု ၂၀၁၅ ခုနှစ်မှာ ၅၅.၄သန်းကို စင်္ကာပ...
-
Photo - Soe Min Lwin အထူးအဆင့်မြင့် ခရီးသည်တင်ယာဉ်ကြီး၏ ဆိုဖာထိုင်ခုံပေါ်တွင် ကိုတင်ထွန်းတစ်ယောက် ဟိုရှာသည်ရှာနှင့် အလုပ်ရှုပ်နေသည်။ ကား...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment