ဖိုးဝလုံး
အတွဲ ၂၇ ၊ အမှတ် ၅၂၅ ( ၈ - ၁၄ ၊ ၇ ၊ ၂၀၁၁)
ဒီတစ်ပတ် အိုင်တီဗဟုသုတအဖြစ် အသုံးဝင်လှတဲ့ Movefile နဲ့ Pendmovesအသုံးပြုနည်းကို ဖော်ပြလိုက်ပါတယ်။
Movefile နဲ့ Pendmove Tools က ၀င်းဒိုး Restart ပြန်လုပ်ပြီး Login လုပ်လိုက်တာနဲ့ ကိုယ်ဖျက်ဖို့ ကြေညာထားတဲ့ဖိုင်တွေကို ဖျက်ပေးနိုင်စွမ်းရှိပါတယ်။
ကွန်ပျူတာကို ဗိုင်းရပ်စ်ဝင်တဲ့ အခါ Registry ရဲ့ Startup နဲ့ Run နေရာတွေမှာ ဗိုင်းရပ်စ်ပရိုဂရမ်ကို မောင်းနှင်ပေးထားတဲ့အတွက် Registry ကိုပြန်ပြင်လို့ မရ ဖြစ်ရပါတယ်။
ဘာကြောင့်လဲဆိုတော့ ကွန်ပျူတာရဲ့ Memory ပေါ်မှာ ဗိုင်းရပ်စ် က Run နေသေးတာကြောင့် လိုအပ်မယ့် ကြေညာချက်တွေကို Registry မှာ ပြန်ချရေး လို့ဖြစ်ပါတယ်။
ဒီအခက်အခဲကို Movefile နဲ့ Pendmoves Tools က ဖြေရှင်း ပေးနိုင်ပါတယ်။
အင်တာနက်လိပ်စာ http://technet.microsoft.com/en-us/sysinternals/bb897556 မှာ အခမဲ့ရယူနိုင်ပါတယ်။
ဖိုင်ကိုအင်တာနက်က ယူပြီးရင် Drive တစ်ခုက ဖိုလ်ဒါတစ်ခုခုမှာ Zip ဖိုင်ကို ဖြေချထားပါ။
ဥပမာ C:\pstools\ ထဲမှာ ထည့်ထားပါ။
အရင်ဆုံးကိုယ်ဖျက်ချင်တဲ့ဖိုင်၊ ဒါမှမဟုတ် နေရာရွှေ့လိုတဲ့ဖိုင်ကို Movefile Tools ကို အရင်အသုံးပြုရမှာဖြစ်ပါတယ်။
အသုံးပြုနည်းက Command Prompt ကနေ လုပ်ရမှာဖြစ်တယ်။
ဥပမာ C:\Windows\System32\cc.exe ဖိုင်ကို ဖျက်ချင်တယ်ဆိုပါစို့-
C:\pstools\movefile C:\windows\system32\cc.exe "" [Double Quote - နှစ်ခု] လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
ရိုက်တာမှန်ရင် Move successfully scheduled လို့ပြပါလိမ့်မယ်။
Pendmoves က ဘယ်ဖိုင်တွေကို ဖျက်ဖို့ကြေညာထားသလဲဆိုတာ ပြန်ကြည့်လို့ ရပါတယ်။ အသုံးပြုနည်းက Command Prompt ကနေ Pendmoves လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
ဖျက်ဖို့ကြေညာချက်တွေကို ဖော်ပြပါလိမ့်မယ်။ ပြီးရင် Restart လုပ်လိုက်ပါ။ Login လုပ်လိုက်တာနဲ့ ကြေညာထားတဲ့ဖိုင်တွေကို ဖျက်သွားပါလိမ့်မယ်။
ကြေညာထားတဲ့ဖိုင်တွေကို ပြန်ဖျက်ချင်ရင် Registry မှာ သွားဖျက်ရမှာဖြစ်ပါတယ်။
HKLM\System\CurrentControlSet\Control\Session Manager \PendingFileRenameOperations ရဲ့ Value မှာ ဖျက်ပစ်နိုင်ပါကြောင်း ဖော်ပြလိုက်ပါတယ်။
Ref:Myanmartimenews
Popular Posts!
-
Do you dare smash your phone with a hammer? If you have this screen protector on, you'd probably won't either but this person did...
-
တရုတ်နှင့်မြန်မာလူကြီးတွေက အနောက်နိုင်ငံကြီးတွေကို နိုင်ငံရေးကစားကွက်လေး တအားလှ ပါတယ်ဗျ..... ဘယ်သူတွေ ဘာဖြစ်ကျန်ခဲ့မလဲတော့ မသိသေးပါဘူး...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
ဒါက f lash drive s တွေနှင့် Window နှင့် MAC OSတွေကို တွဲသုံးချင်သူတွေတွက်ပါ... Format မတူတာကိုပြထားတာပါ.... NTFS vs FAT vs exFAT ...
-
တိဗက်၏ ကျင့်စဉ်တခုဖြစ်သည့် " တူနှစ်ကိုယ် ကျင့်စဉ် " နှင့်ပက်သက်ပြီး " ဒလိုင် လားမား " အပေါ် ဆန့်ကျင် ကန့်ကွက်မှုမ...
-
ဤစာမျက်နှာတွင် ရေးသားထားသော ဆေးဝါးများအကြောင်းသည်သူနာပြု၊ ဆေးမှူး၊ ဆေးခန်းလက်ထောက်၊ လူထု-ကျန်းမာရေး-လုပ်သားများ အတွက်နှင့် ဆရာဝန်မှဆေးညွှန်းလ...
-
WHY... ....????? မိန်းမတွေ ဘာကြောင့် ဖောက်ပြန်ကြသလဲ? လောကကြီးမှာ အမျိုးသားတွေချည်းပဲ ဖောက်ပြန်တတ...
-
A lover knows only humility, he has no choice. He steals into your alley at night, he has no choice. He longs to kiss every lock of your hai...
Thursday, July 14, 2011
Subscribe to:
Post Comments (Atom)
No comments:
Post a Comment