Popular Posts!

Saturday, May 11, 2019

April 2019 မှာ IMF ကထုတ်ပြန် တဲ့မြန်မာ့ စီးပွားရေး သုံးသပ်ချက်-လက်ရှိမှာ စီးပွားရေးကျဆင်းနေကြောင်း

April 2019 မှာ IMF ကထုတ်ပြန် တဲ့မြန်မာ့ စီးပွားရေး သုံးသပ်ချက် အပြည့်အစုံမှအချို့စာမျက်နှာများကို တင်ပြပေးလိုက်ပါတယ်။

နှစ်လတ်နဲ့နှစ်ရှည်မှာ မြန်မာ့စီးပွားရေးတိုးတက်မှုမြင့်မား ဖွယ်အခြေအနေရှိပေမဲ့ လက်ရှိမှာ စီးပွားရေးကျဆင်းနေကြောင်း ရေးသားဖော်ပြထားတဲ့ထိုသုံးသပ်ချက် အစီ ရင် ခံစာမှာ IMF ကမီးမောင်းထိုးပြတဲ့မြန်မာ့အဓိက စီးပွား ရေးပြဿနာများနဲ့ ရှေ့ဆက်လုပ်ဆောင်ရန်အကြံပြုချက် များဟာ စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။

IMF ရှုမြင်တဲ့အဓိကပြဿနာများအနက် ရခိုင်အရေးမှ အပ စီးပွားရေးနဲ့ပတ်သက်တဲ့ပြဿနာတွေအပေါ် တင်ပြ ရာမှာ ဘဏ်လုပ်ငန်း stability risks ကို အတော်အလေး ပေးဖော်ပြတာတွေ့ရပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်များလိုက်နာရန် regulations ၄ ခုထုတ်ပြန်ခဲ့ရာမှ ပြည်တွင်းဘဏ်တွေရဲ့ ချေးငွေနဲ့ profitability ထိခိုက်ကျဆင်းကြောင်း တိုင်းပြည်စီးပွားရေးပါနှေးကွေးကြောင်း ပြည်တွင်းဘဏ် တွေအနေနဲ့ non-performing loans ပြဿနာကို ရင် ဆိုင်နေရဆဲဖြစ်ပြီး ၄င်းတို့မတည်ငွေရင်းခိုင်မာစွာတိုးမြှင့် ရန် အခက်အခဲများပိုရင်ဆိုင်နေရကြောင်း နိုင်ငံခြားဘဏ် များက exporters သို့ချေးငွေထုတ်ချေးခြင်းကြောင့် ပြည်တွင်းဘဏ်များကထုတ်ချေးငွေကျဆင်းခြင်းကို ဆည်မိနိုင်ခဲ့ကြောင်း သို့သော် ပြည်တွင်းဘဏ်များ ခိုင်မာရေးပြဿနာဟာ ဘဏ်စနစ်တစ်ရပ်လုံးရဲ့ တည်ငြိမ် မှုကိုထိခိုက်စေမယ့် စိန်ခေါ်မှုဖြစ်မလာစေရန် သတိပြု ရမှာဖြစ်ကြောင်း  financial stability နဲ့ financial deepening အတွက် ဦးတည်ဆောင်ရွက်သင့်ပြီး exchange rate ကို market-determined rate ဖြစ်စေရန်တက်လက်ဆောင်ရွက်သင့်ကြောင်း ၂၀၁၈ တွင် usd ဖြင့်လဲလှယ်ရာ၌ ကျပ်ငွေတန်ဖိုး 14% ကျော်ကျ ဆင်းခဲ့ကာ ပြည်တွင်း inflation မှာ 5% ခန့်မှ 8% ကျော်သို့မြင့်တက်လာကြောင်း အတိုးနှုန်းကို ဖြေ လျှော့ ပေးသင့်ကြောင်း အစိုးရဘတ်ဂျက်လိုငွေကို ဗဟို ဘဏ် ထံမှချေးငွေဖြင့်ဖြည့်ဆည်းခြင်းကို ဆက်လက်မလုပ် ဆောင်သင့်ကြောင်း သဘာဝဓါတ်ငွေ့မှဝင်ငွေကျဆင်း၍ အစိုးရရငွေ ကျဆင်းနေသည်ကိုတွေ့ရပြီး အစိုးရဘတ် ဂျက်လိုငွေအချိုး ပြန်မြင့်တက်လာရာ public finance management ပိုမိုဂရုတစိုက်ဆောင်ရွက်ရန်လိုကြောင်း second wave reforms နဲ့ capacity development မြှင့်တင်လုပ်ဆောင်ရနါအရေးကြီးကြောင်း စသည်ဖြင့် IMF Staff Report တွင်ဖော်ပြသည်ကိုတွေ့ရပါတယ်။

သုံးသပ်ချက်တွေစိတ်ဝင်စားစရာကောင်းပါတယ် ဒါပေမဲ့ ဗဟိုဘဏ်က ဘဏ်များခိုင်မာမှုကောင်းစေရန်အတွက် ဟုဆိုကာ regulations ၄ ခုထုတ်ပြန်စဉ်က IMF Technical Assistance  ရယူဆောင်ရွက်တယ်လို့ လည်းဆိုထားပြီး ယခု staff report မှာ IMF က ထို regulations များကို ဗဟိုဘဏ်မှထုတ်ပြန်ခဲ့ပြီး နောက် ဘဏ်တွေအားနည်းလာခဲ့တယ်လို့ဆိုတဲ့အတွက် ဒီပြဿနာအပေါ် IMF ရဲ့ ထိုအမြင် ၂ ရပ်ဟာ မရှင်းဘူး လို့ခံစားမိပါတယ်။

တဖန် financial stability and deepening အတွက် လုပ်ပါလို့ IMF ကပြောပြန်ပါတယ်။

မှန်ပါတယါ စီးပွားရေးတိုးတက်မှုအတွက်တော့ financial stability and deepening ဟာ essentials ပါ  but  it is easier said than done -given the constaints in the financial system how shall we build these two essentials?  

ဘယ်ကစမလဲ reforms ကစရပါမယ် ကျမတို့နိုင်ငံရဲ့ စီးပွားရေးစနစ်ပုံစံကို ဈေးကွက်စနစ်သို့ပြောင်းဖို့ထိုစနစ် နဲ့ လိုက်လျောညီထွေပြီး နိုင်ငံရဲ့စီးပွားရေးလိုအင်အ တွက် မှန်ကန်တဲ့ စီးပွားရေးဥပဒေသကို ဦးစွာခင်းကျင်း ရပါတယ် ဒါကြောင့် စီးပွားရေးဆိုင်ရာဥပဒေတွေပြင် ဆင်ပြဌာန်းရာမှာ ဘဏ်ဥပဒေတွေပါပြုပြင်ပြီး ဘဏ် စနစ်ကိုလည်းပြုပြင်တည်ဆောက်လျက်ရှိပါတယ် ဒါပေမဲ့ တည်ဆဲ Financial Institutions Law ဟာ အမှားတွေ အားနည်းချက်တွေများနေပြီး financial reforms ကို အကောင်အထည်ဖော်ရာမှာ အထောက် အကူကောင်းမရ နိုင်ပါ financial stability အတွက် ငွေကြေးဈေးကွက်မှာ ဗဟိုဘဏ်လုပ်ဆောင်ရမယ့် အရေးပါသောအခန်းကဏ္ဍကို ထိရောက်စွာဖော်ဆောင်ရန် အဆိုပါဥပဒေရဲ့ပေးထားချက်ဟာ အလွဲကြီးဖြစိနေ ပါ တယ် ဒါကိုပြင်ရပါမယ် တခါ  financial deepening ဆိုတဲ့အချက်ဟာလည်း ငွေရေးကြေးရေးစနစ် ခိုင်မာ အားကောင်းစေရန် မဖြစ်မနေလုပ်ဆောင်ရမယ့်ကိစ္စ့ ဖြစ် ပါတယ် ယခုလက်ရှိ အထက်ပါဥပဒေမှာ financial deepening အတွက် ဆောင်ရွက်ရန်ပေးထားချက် များ ဟာ အမှားတွေ မရှင်းမလင်းဖော်ပြချက်တွေ မပြည့် စုံတာတွေနဲ့ မို့ ဒီဥပဒေနဲ့ခရီးဆက်လို့ကတော့ stability ရော deepening ရော အဝေးကြီးမှာသာရှိနေပါလိမ့်မယ် ဒီ Law ဟာ professionally prescibed လုပ်ထားတာ မဟုတ်ပါဘူး ဒါကို ကျမအား တရားဝင်ဖိတ်ကြား အကြံ ဥာဏ်တောင်းတဲ့အစည်းမဝေးတွေမှာတင်ပြခဲ့ပေမဲ့ မပြင်ခဲ့ကြပါ ဥပဒေကစလွဲမှတာ့ ဘဏ်လုပ်ငန်းမူဝါဒ တို့ regulations တို့ အားနည်းပါတော့တယ်။

ဘဏ်နဲ့ငွေရေးကြေးရေးလုပ်ငန်းဟာ တိုင်းပြည်စီးပွား ရေးမှာ မဏ္ဍိုင်သဖွယ် အရေးပါတာဖြစ်လို့ ဒါတွေလွဲလို့ ကတော့ ကျန်တာလည်းမအောင်မြင်နိုင်ပါ။

exchange rate regime ကို ၂၀၁၂ မှစပြီး reform လုပ်စဉ်ကတည်းက လုပ်ရမယ့် process တွေရှိပြီးသား စတင်ခဲ့ပြီးသားဖြစ်ပါတယ် ဒါပေမဲ့ government team တွေပြောင်းသွားပြီးနောက် reform process lost its steam  ၄င်းနောက် ကချွတ်ကချော်တွေဖြစ်ခဲ့ကာ exchange rate distorted ဖြစ်ခဲ့ ပါတယ်  usd strong ဖြစ်လို့ ကျပ်ငွေတန်ဖိုးကျပါတယ် ရယ်လို့ ဆိုနိုင်ပေမဲ့ တခြား currency တွေထက်ပိုပြီး ကျပ်ငွေတန်ဖိုးကကျခဲ့ပါတယ် exchange rate reform လုပ်သလို interest rate reform လည်း လုပ်ဖို့လိုတယ်လို့ IMF ကပြောတာမှန်ပါတယ် နိုင်ငံတစ်နိုင်ငံမှာ ဈေးနှုန်းတွေတက်ကျပြောက်းလဲတာ ဟာ ကုန်စည်ဈေးနှုန်းကိုအဓိကရည်ညွှန်းကြပေမဲ့ ငွေလဲနှုန်း(ငွေကြေးရောင်းဝယ်ဈေးနှုန်း) အတိုးနှုန်း (ချေးငွေ ရဲ့ဈေးနှုန်း) လုပ်ခလစာ(လုပ်အားဈေးနှုန်း)  မြေ အိမ်ရာဈေးနှုန်း( Asset prices) တို့ဟာ အပြန်အလှန်ဆက်နွယ်နိုင်တဲ့ ဈေးနှုန်းတွေဖြစ်ပါတယ် အိမ်ရာဈေးကွက်ကျဆင်းရင် တိုင်းပြည်စီးပွားရေးကို ပါထိခိုက်တဲ့နိုင်ငံတွေများစွာတွေ့ရပါတယ် စီးပွားရေး ထိခိုက်ရင် အတိုးနှုန်း ငွေလဲနှုန်း လုပ်ခလစာနဲ့  ကုန် ဈေးနှုန်းတို့ကိုပ့ထိခိုက်နိုင်ပါတယ် ဒါကြောင့် ဈေးနှုန်း များတည်ငြိမ်ပြီး စီးပွားရေးတိုးတက်အောင် မေခရိုစီး ပွားရေးစီမံခန့်ခွဲရာမှာ ဘဏ္ဍာရေးမူဝါဒ ငွေကြေး မူဝါဒနဲ့ စီးပွားရေးမူဝါဒတို့အားလုံး အပြန်အလှန် ပေါင်း စပ် ညှိနှ်ုင်းမှုဟာ အရေးကြီးတာဖြစ်ပါတယ် မူဝါဒတွေဟာ logical and realistic ဖြစ်ဖို့လိုသလို လုပ်သင့်တဲ့ချိန် (right timing) ဖြစ်ဖို့နဲ့  မူဝါဒ အရည်အသွေးကောင်းဖို့ လည်းအထူးလိုအပ်ပါတယ်

fiscal policy front မှာ အစိုးရအသုံးစရိတ်နဲ့ တိုင်းပြည် စီးပွားရေးကို stimulate လုပ်ရမယ့်အချိန်မှာ austerity ပုံစံနဲ့သွားရတဲ့အခြေအနေဖြစ်ပေါ်တာ နိုင်ငံရဲ့ ပကတိ အခြေအနေများအရ အစိုးရဘတ်ဂျက်အသုံးစရိတ်ကို ယာယီသာ  ထိန်းနိုင်ပြီးရငွေပိုင်းက အသုံးစရိတ် တိုးတက် နှုန်းကို အလျင်မမီနိုင်တာ  ဖွံ့ဖြိုးဆဲနိုင်ငံရဲ့သဘာဝပါပဲ ဝင်ငွေတိုးတက်ရရှိဖို့က  financial system ကို ဈေးကွက်စနစ်ပုံစံအတိုင်းမတည်ဆောက်ဘဲ မဖြစ်နိုင်ပါ ဒါကြောင့် IMF က second wave reform သွားခိုင်း တာဖြစ်ပါတယ် development financial institutions တွေနဲ့ capital market တို့မရှိရင် ဒီလိုပဲ limited fiscal space နဲ့ အခက်အခဲတွေထဲမှ ရုန်းထွက် ရခက်နေဦးမှာပါ ဒီနေရာမှာလည်း အထက်မှာပြောခဲ့တဲ့ ဥပဒေဟာ အတားအဆီးဖြစ်စေတာတွေများစွာ ရှိနေ ပါတယ်။

ဒါတွေအရင်ပြင်ရပါမယ် အဲ့ဒီလိုပြုပြင်ပြီးနောက် financial stability နဲ့ deepening ကို အစဉ်တစိုက် တည်ဆောက်မယ့် mechanism တွေ institutions တွေ နဲ့ financial system ရော economy ရော sustainable development ရနိုင်ပါလိမ့်မယ်။ 

ဒါတွေမပြင်ဘဲဆက်သွားရင် ဘာ Master Plan တွေလုပ်လုပ် အချီးနှီးသာဖြစ်ပါမယ်လို့ တင်ပြလိုက်ပါ တယ်။

2018 ARTICLE IV CONSULTATION—MYANMAR by Let's Save Myanmar on Scribd


ဒီနေ့ရေးတာလည်းအများအကျိုးအတွက်ပါ 

Myanmar Investment Fund တစ်ခုသတင်းကို မနေ့က fb မှာကျမတင်ပေးခဲ့ပါတယ် သတိပြုဆင်ခြင် စရာ ငွေကြေးမူဝါဒဆိုင် ရာပြည်ပသတင်းအချို့ ကို လည်း တင်ပေးခဲ့ပါတယ်

 ထိုသတင်းများနဲ့ဆက်စပ်စဉ်းစားသင့်တာတွေအကျဉ်းမျှ မျှဝေလိုတဲ့အတွက် ဒီစာကိုရေးလိုက်ပါတယ်

မြန်မာဈေးကွက်ကတော့ ဒီလို ငွေရေးကြေးရေးအဖွဲ့အ စည်းမျိုးရဲ့လုပ်ငန်းတွေနဲ့ထဲထဲဝင်ဝင် အကျွမ်းတဝင်ရှိ ဖို့အချိန်ယူရပါဦး မယ် အဲဒီ gap ကျဉ်းလာပြီး financial market ဖွံ့ဖြိုးအောင်ဦးစွာအပတ်တကုတ် လုပ်ရမှာပါ မြန်မာ့ငွေရေး ကြေးရေးစနစ်ဟာ ကမ္ဘာမှာ/အာဆီယံ ၅ နိုင်ငံမှာ အများလက်ခံကျင့်သုံးတဲ့ စနစ် များ ကဲ့သို့ပုံစံတကျ လုပ်ဆောင်နိုင်ခြင်းမရှိသေးပါ 

စီးပွားရေးအတွက် ငွေကြေးအရင်းအမြစ်/ဘဏ္ဍာအရင်း အမြစ်တွေကို ထိရောက်စွာ စုစည်းခွဲဝေအသုံးချနိုင်စွမ်း အားနည်းနေ တယ်ဆိုတာကို မငြင်းနိုင်ပါ 

ပြည်တွင်းစုဆောင်းမှုအချိုး ရင်းနှီးမြှုပ်နှံမှုအချိုးများဟာ ဒေသတွင်းနိုင်ငံများတွင် အနိမ့်ဆုံးဖြစ်ခြင်း ဘဏ်စနစ်ကို အသုံးပြုသူ လူဦးရေဟာ စုစုပေါင်းလူဦးရေရဲ့ ၁၀% ဝန်း ကျင်ခန့်သာရှိခြင်း တစ်ဆက်တည်းမှာ တရားဝင်ဖွဲ့စည်း လုပ်ဆောင်သော ငွေကြေးဈေးကွက်ကို အားထားတဲ့ ဦးရေထက် တရားမဝင် ငွေကြေးဈေးကွက်ကို အားထား သူဦးရေက များစွာပိုမိုကြီးမားခြင်း ပြည်တွင်း ငွေကြေး ဈေးကွက် နဲ့ အရင်းအနှီးဈေးကွက်တို့ဟာ ဥပဒေ  နည်းဥပဒေ  လုပ်ထုံးလုပ်နည်း  လုပ်ငန်းဆိုင်ရာလက်သုံး ကိရိယာများ  နည်းစနစ်များ  အလုပ်အကိုင်ခွဲခြား လုပ် ကိုင်မှုအခြေအနေအဆင့်အတန်းများ  ငွေရေးကြေးရေး ဈေးကွက်ဆိုင်ရာ အတတ်ပညာ နဲ့ ကျွမ်းကျင်မှု အခြေ အနေများ ဈေးကွက်အခြေခံအဆောက်အအုံများကို ပြုပြင်တည်ဆောက်နေသည့်တိုင် တိုးတက်မှုနှေးကွေး နေခြင်း တို့ဟာ မြန်မာ့ငွေရေးကြေးရေးစနစ် ဖွံ့ဖြိုးမှု ဆက်လက်အားနည်းနေသေးခြင်းကို အလွယ်တကူမြင် သာစေတဲ့ အချင်းအရာများဖြစ်ပါတယ် 

ငွေရေးကြေးရေးစနစ်တစ်ရပိကို ပြုပြင်တည်ဆောက် ရာမှာ အဓိကကျတဲ့ငွေရေး ကြေးရေးအဖွဲ့အစည်းများ ဥပဒေ မှန်ကန် ထိရောက်ရေးကို မလုပ်ဆောင်သေးဘဲ အချိန်ဆွဲနေသမျှကာလပတ်လုံး  ပုံစံတကျ လုပ်ဆောင်နိုင် မယ့်  ဈေးကွက်ဖြစ်ထွန်းလာရေးဟာ အလှမ်းဝေးနေဦး မှာဖြစ်ပြီး  ထိုအခြေအနေမှာ နိုင်ငံခြားဘဏ် များပါဝင် ဆောင်ရွက်ရေး  ခေတ်မီနည်းပညာ အသုံးပြုမှု တိုးမြှင့်၍  ဘဏ်လုပ်ငန်းစနစ်  ပိုမိုကြီးထွားစေရေး အတိုးနှုန်းမူဝါဒ ပြုပြင်ရေး  ဘဏ်လုပ်ငန်းကြီးကြပ်ထိန်းကျောင်းမှု ပိုမို ကောင်းမွန်ရေးစတဲ့ ကြိုးပမ်းမှုတွေဟာ ခိုင်မာတဲ့ အောင်မြင်မှုရရှိဖို့ အာမခံနိုင်မယ့်အနေအထားမရှိပါ  ဥပမာ  ငွေကြေး ဈေးကွက်ပီပီပြင်ပြင် လုပ်ဆောင်ဖို့ လိုအပ်တဲ့ ဈေးကွက်အစိတ်အပိုင်းတွေ ယန္တယားစနစ်တွ မဖန်တီးနိုင်ဘဲ ဈေးကွက်အတွင်း ပုံစံအမျိုးမျိုးဖြင့် ရှိနေတဲ့  ငွေကြေးဝယ်လိုအားနဲ့ ရောင်းလိုအား အခြေ အနေများ ယင်းတို့ရဲ့ ပြောင်းလဲတက်ကျမှုများ ယင်းတို့ အပေါ်  ပြည်တွင်းပြည်ပ စီးပွားရေးမူဝါဒတွေ အကြောင်း တရားတွေရဲ့ ရိုက်ခတ်မှုအခြေအနေများနဲ့ ယင်းတို့ရဲ့ တုန့်ပြန်မှုများ တို့ကို  မှန်မှန်ကန်ကန် မြင်တွေ့နိုင်ချေ  အချိန်မီသိရှိမြင်တွေ့နိုင်ချေများလည်း လွန်စွာအားနည်း မှာ ဖြစ်ပါတယ် ခရက်ဒစ်ဗြူရို တစ်ခုထဲနဲ့လည်း မစွမ်း ဆောင်နိုင်ပါ ခရက်ဒစ်ဗြူရိုကောင်းစွာ အလုပ်လုပ် နိုင်ဖို့ ပင် အချိန်ယူရပါဦးမယ် ဈေးကွက်မှာ ရှိအပ်တဲ့ ငွေကြေး လုပ်ငန်းအမျိုးမျိုး ယင်းတို့အတွက်ချေးငွေများနဲ့ သက် တမ်းအမျိုးမျိုး စူးစိုက်မှုရည်ရွယ်ချက် အမျိုးမျိုးဖြင့် ဆောင်ရွက်သော အတိုးနှုန်းအမျိုးမျိုးကို မဖန်တီးနိုင် ဘဲဖြင့် မူဝါဒချမှတ်သူတွေက  ဈေးကွက်အခြေအနေကို ကျယ်ပြန့် လုံလောက်တဲ့ကြိုတင် လေ့လာသုတေသနပြု လုပ်မှုလည်းမရှိဘဲ  စေတနာတစ်ခုဖြင့်  အတိုးနှုန်းဆိုင်ရာပြုပြင်မှုကိုဆောင်ရွက်ခြင်းဟာ  အဆောက်အအုံကြီး နေတဲ့နာတာရှည် ရောဂါကို ဆေးမြီးတိုသုံး ကုသ သလို သာဖြစ်ပါလိမ့်မယ် 

 financial inclusion 10% လောက်သာရှိတယ် ဆိုတာ ဟာ ငွေကြေးမူဝါဒလုပ်ဆောင်ရင်တောင် မူဝါဒရဲ့ တိုက် ရိုက်လွှမ်းမိုးမှုဟာ  စုစုပေါင်းငွေကြေးဈေးကွက်လုပ် ငန်း များအပေါ် ၁၀ % အောက်အတိုင်းအတာသာ ရှိမယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်  လက်ရှိအနေအထားဖြင့်  ငွေကြေး မူဝါဒတွေ ဘဏ္ဍာရေးမူဝါဒတွေ လုပ်ဆောင်ရင် ထိရောက် အောင်မြင်နိုင်မယ့် အလားအလာဟာနည်းပါး မယ်ဆိုတာ ကို ဒီအချက်က ထောက်ပြနေပါတယ်

ဒါ့အပြင် အတိုးနှုန်းမူဝါဒ မှန်ကန်ထိရောက်ဖို့ဆိုရာမှာ လုပ်ငန်းသဘာဝနဲ့ စီးပွားရေးလိုအင် အမျိုးမျိုး ကွဲပြား တည်ရှိမှုအရ မတူကွဲပြားဖြစ်ပေါ် ပြောင်းလဲသော ငွေကြေးနဲ့ချေးငွေ ဝယ်လိုအား ရောင်းလိုအားတို့အပေါ် မူဝါဒက ဆီလျော်စွာလွှမ်းမိုး ထိန်းကျောင်းနိုင်ရ မှာဖြစ် ပါတယ် ထိုအရာတွေမရှိပါဘဲနဲ့  အဆိုပါ ဝယ်လိုအား ရောင်းလိုအားကို ဈေးကွက်အခြေခံတဲ့နည်းနဲ့ ဘယ်လို လုပ်ပြီးသိရှိနိုင်ပါ့မလဲ ဒါတွေကိုမှန်မှန်ကန်ကန်မသိဘဲ  ဈေးကွက်မှာရော တိုင်းပြည်ငွေကြေးစီမံခန့်ခွဲမှုမှာရော အတွေ့ အကြုံ နဲ့အသိအတတ်ပညာ very limited ဖြစ်သူတွေချည်းဖြင့်  ပုဂ္ဂဆန္ဒရှေ့မှာထားပြီးလုပ်ဆောင် တာတွေဟာ အမှောင်မှာ စမ်းတဝါးဝါး ခရီးသွားသည့် နှယ်သာရှိမှာဖြစ်ပါတယ်

 မှားယွင်းမှုများ ရှင်းလင်းတိကျခြင်းမရှိမှုများ အခြေခံ ကျတာတွေပင်မပြည့်စုံမှုများဖြင့် တည်ဆဲ FIM Law က ဒါကိုဖော်ဆောင် မပေးနိုင်ပါ ထို့ပြင်  အကိုင်အတွယ် မှားပြီး တိုင်းပြည်စီးပွားတိုးတက်ရေးမှာ အဟန့်အတား ပင်ဖြစ်စေနိုင်တဲ့ဥပဒေဖြစ်ပါတယ် ဒါကိုမှန်မှန် ကန် ကန်ဖြစ်စေရန်ပြင်င်ဖို့ လိုအပ်လှပါတယ်   

 ခုတလော ဘဏ်အတိုးနှုန်းအကြောင်းအရာမှာ လုပ် ဆောင်တာ အရပ်သဘောဆွေး နွေးကြတာ တွေ့မြင်ရလို့  လက်ရှိကမ္ဘာ့ စီးပွားရေးမြေပြင်မှာ ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးဆိုင်ရာဖြစ် ပေါ်မှုတွေမှာလည်း သင်ခန်းစာ ယူစရာတွေ တွေ့နေရတာလည်းရှိ လို့  ထိုအကြောင်းအ ရာတွေနဲ့ပတ်သက်တဲ့ သတင်းတချို့ကို တင်ပေးခဲ့ပါ တယ်  အထူးသဖြင့် အတိုးနှုန်းမူဝါဒဟာ ဆီလျော် မှန်ကန် စွာမကျင့်သုံးနိုင်ရင် စီးပွားကျကပ်ငယ် ကိုဖြစ်စေ တဲ့ အကြောင်း နောက်ထပ်လည်းထပ်ဖြစ်စေမယ့် အခြေအ နေတွေ ပေါ် ပေါက်နေကြောင်း  အမေရိကန် ဗဟိုဘဏ် သတင်း  တောင်ကိုရီးယားနိုင်ငံအတွေ့အကြုံသတင်း  ကမ္ဘာ့စီးပွားရေးအလားအလာအပေါ် IMF ရဲ့ ခန်းမှန်း ချက်အစီရင်ခံစာ စသည်တို့မှတဆင့် မြင်တွေ့နိုင်ပါတယ် 

 ယခုဆက်စပ်ရေးသားတဲ့ Myanmar Investment Fund သတင်းဟာ မြန်မာ့ငွေရေးကြေးရေး ဈေးကွက်အ တွက် အပြုသဘော လက္ခဏာ ရှိတာကြောင့်တင်ပေး လိုက်တာလည်း ဖြစ်ပါတယ် သို့သော် ဘယ်လောက် ခိုင်ခိုင်မာမာ အန္တရာယ်နည်းနည်းနဲ့ မြန်မာ့စီးပွားရေးအ တွက် ဒီလို Fund ကို အသုံးပြုနိုင်မလဲ သေချာ နားလည် ကြပါသလား ဒါတွေနဲ့ လက်တွဲကခုန်ဖို့ ကခုန်ရာမှာ ဟန်ချက်မပျက်သွက်လက် မှန်ကန်စေမယ့် တေးသွားနဲ့ စည်းချက်တွေကို ပိုင်ပိုင်နိုင်နိုင် စဉ်းစားပြင်ဆင်ထားပြီးပြီ လားဆိုတာကို ရိုးရိုးသားသား တွေးဆ သတိရှိကြစေချင် လို့  ဒီစာတိုကိုရေးလိုက်ရပါတယ်။
Ref:Yin Mya FB

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!