Popular Posts!

Sunday, May 12, 2019

UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ်ကို UB 103 MNA Embraer 190AR နဟမန္တလေးတံတားဦးလေဆိပ်ဆင်းစဉ် Nose Landing Gear ရှေ့ဘီးချမရ


ယနေ့ ၁၂/၀၅/၂၀၁၉ ရက်နေ့ ၀၇၁၅နာရီတွင်မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ခရီးစဉ်အမှတ် UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ်ကို လေယာဉ်အမှတ် XY-AGQ , Embraer 190AR နှင့် ခရီးသည် ၈၂ ဦးတင်ဆောင်၍Captain မြတ်မိုးအောင်၊ FO ကောင်းဆက်လင်း၊ FOမျိုး သီဟအောင်၊   cabin crew များအဖြစ် မချယ်ရီမြင့်၊ မကေဂျာဆန်အောငိ၊မခိုင်ဇာလင်း၊မဥမ္မာအောင် တို့  မောင်းနှင် ပျံ သန်းရာ မန္တလေး လေဆိပ်သို့ ဆင်းချိန် ၀၈၁၇ ချိန် တွင် လေယာဉ်ဘီးချရာ Nose Landing Gear မကျ ကြောင်း တွေ့ရှိရသဖြင့် Captain မှ Emergency procedure အရ ဆောင်ရွက်ရာတွင်လည်း Nose Landing Gear သည် ကျမလာပါ။ ထို့အတွက် Captain မှ လေကြောင်းထိန်းမျှော်စင်သို့ Nose Landing Gear ကျမကျ ကြည့်ပေးပါရန် ၂ ကြိမ်ဝဲပတ်ပျံသန်းပြခဲ့ပါသည်။
ထို့နောက် လေယာဉ်ဆီကုန်စေရန် ဝဲပတ်ပျံသန်းပြီးနောက် ၀၉၀၉ နာရီ တွင် Runway 17 အတိုင်း Emergency landing ပြုလုပ်ခဲ့ရာ ပြေးလမ်း ၄၅၀၀ ပေ
တွင်
လေယာဉ်ဦးစိုက်အနေအထားနှင့်ရပ်တန့်ပြီးနောက် လေယာဉ်Cabin Crew အဖွဲ့မှ ခရီးသည်များအား Emergency Evacuations Proceduresအတိုင်း သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

ခရီးသည်၊ လေယာဉ်အဖွဲ့သားများ တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိပါ။

အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သော ခရီးသည်များကို လည်း ERP( Emergency Response Plan) နှင့်အညီ ဆောင်ရွက်ပေးခဲ့ပါသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် တင်ပြပါဖြစ်စဉ်တွင် လေယာဉ်အဖွဲ့သားများ နှင့် ညီညွတ်စွာ ဆောင်ရွက်ခဲ့သော ခရီးသည်များအားလည်းကောင်း၊ လေယာဉ်အရေးပေါ် အခြေအနေ ၌ ဆုံးဖြတ်ချက်မှန်ကန်စွာ နှင့် ဘေးကင်းစွာ မောင်းနှင်ပေးခဲ့သော Captain မြတ်မိုးအောင်၊   
FO ကောင်းဆက်လင်း၊ FOမျိုး သီဟအောင်၊  တို့အားလည်းကောင်း၊ cabin crew များအဖြစ်မချယ်ရီမြင့်၊
မကေဂျာဆန်အောင်၊ မခိုင်ဇာလင်း၊မဥမ္မာအောင်တို့အား လည်းကောင်း ကျေးဇူးတင်ရှိပါကြောင်း နှင့် ချီးကျူးမှတ်တမ်းတင် ဂုဏ်ပြု အပ်ပါကြောင်း တင်ပြလိုက်ရပါသည်။

On 12/05/2019; 0715AM, UB103 RGN-MDL, Embraer 190 XYAGQ, flew by Captain Myat Moe Aung,  FO Myo Thiha Aung, FO Kaung Set Lwin, Purser Cherry Myint and 3 cabin crew. 
Captain made RNAV approach RW17 to MDL. But Nose landing gear disagreed when landing gear down on EICAS message. Captain did emergency landing gear down procedure but still happened. He did two flight path in front of ATC to check nose landing gear down or not. 
Then Captain followed emergency procedures and did the fuel burn out to reduce the landing weight. At 0909AM, he made the safe landing with no casualties and no injuries on board. Also all cabin crew did the proper emergency evacuations to all. 

Myanmar National Airlines would like to appreciate highly and thanks a lots to all on board passengers and our crews. 

We like to keep all UB flight in higher safety standards.

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!